ကဗျာမဆန်ခဲ့သောတွေ့ဆုံမှု(၁)
✨ DESTINED✨
👭👬Be proud of WHO YOU ARE ,
and not ashamed of
how someone else sees you 👬👭
(အပိုင်း(၁) )
ကားလမ်းကျယ်ပေါ်တွင် ကားအမျိုးအစားအမျိုးမျိုးတို့က အနှေးတစ်မျိုး အမြန်တစ်မျိုးနှင့် အလျှိုလျှို ပြေးလွှားနေကြသည်။ လမ်းဘေးက ပလက်ဖောင်းကျယ်ဘေးက သစ်ပင်လေးတွေပေါ်မှာ မီးရောင်စုံလေးများဖြင့် အလှဆင်ထားတာကြောင့် လမ်းဘေးဝဲရာ တဝိုက်က အလှကြီးလှနေလေသည်။ ညလေညှင်းလေးတစ်ချက်တိုက်ခတ်လာတော့ စိမ့်ခနဲတစ်ချက်ဖြစ်သွားတာကြောင့် အနွေးထည် ခပ်ပားပားပဲ ဝတ်လာခဲ့တဲ့ သူ့ကိုယ်သူ Yan Yi Jun [ရန်ရီကျွင်း] တစ်ချက်ကျိန်ဆဲလိုက်သည်။
ခုနက hot pot စားခဲ့လို့ ခန္ဓာကိုယ်က ခပ်နွေးနွေးဖြစ်နေ၍ ပင်တော်သေးသည်။ မဟုတ်ရင် Beijing ရဲ့ ညအအေးဓာတ်က သူ့ရဲ့ ကြည်နေတဲ့ စိတ်ကလေးတွေကို အပြီးတိုင် ချေဖျက်ပစ်လိုက်မယ့်ပုံ..
" ကျစ်..နွေဦးကို ဘာလို့ဒီလောက်အေးရတာလဲကွာ.."
တကယ်တော့ သူဒီက ရာသီဥတုတော်တော်များများကို သဘောမကျလှ... ဆောင်းဦးနှင့် ဆောင်းရာသီဆို သူနဲ့ရန်ဖက်သဖွယ်..နွေဦးလဲ သိပ်မကြိုက်ချင်..အေးသေးသည်မဟုတ်ပါလား.. သူအအေးဓာတ်ကိုသိပ်သဘောမကျလှ.. အပြင်သွားရင် အနွေးထည်တွေ နှစ်ထည်သုံးထပ်ဝတ်ရတာကို သူအဓိက မုန်းတာဖြစ်နိုင်သည်။
" နွေဦးရယ် အမြန်ကုန်ပါတော့...ငါမိုးစက်လေးတွေကို လွမ်းလှပြီ.."
လမ်းလျောက်နေရင်းဟို်တယ်က အခန်းနွေးနွေးလေးကို စဉ်းစားလိုက်မိတော့ ခြေလှမ်းတွေက ပို၍သွက်လာခဲ့သည်။ ညဆယ့်တစ်နာရီဆိုပေမယ့် လမ်းပေါ်နဲ့ လမ်းဘေးက ဆိုင်တွေက လူတွေစည်ကားဆဲ.. ကားလမ်းပေါ်က တတီတီဟွန်းသံနဲ့ ကားမီးစူးစူးတို့ကြောင့်သူလမ်းနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပြီး ပလက်ဖောင်းဘေးက ကပ်လျှောက်လာခဲ့သည်။ ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်ကလေးတွေက မှိတ်တုပ်မှိတ်တုပ်နှင့် လမင်းကြီးကလဲ ဝိုင်းစက်လို့.. ဒါပေမယ့် လမင်းရဲ့ အလင်းရောင်က မာကျူရီမီးတွေကြားမှာ သိမ်ငယ်စွာနဲ့ တိုးဝင်ပျောက်ကွယ်နေကြသည်။ ဒီအချိန် မြို့ပြက လူဘယ်နှစ်ယောက်ကများ.. ကောင်းကင်က လမင်းကြီးကို သတိတရ မော့ကြည့်မိကြမှာတဲ့လဲ..
သူလက်ရှိတည်းနေတဲ့ ဟိုတယ်ဆီရောက်တော့ ညဆယ့်တစ်နာရီခွဲတိတိ.. နာရီဝက်လမ်းလျှောက်လာခဲ့တာရယ်.. စားလာတဲ့ အစားအစာတွေရယ်ကြောင့် လူကပင်ပန်းပြီး မျက်လုံးတွေပင် စင်းကျလာသည်။ ဘာလိုလိုနဲ့.. သူ တရုတ်ကိုပြန်ရောက်တာ ခြောက်ရက်တိတိပင် ရှိခဲ့ပြီ.. သူနေမယ့် တိုက်ခန်းကို သူ့စိတ်ကြိုက်ပြင်ဆင်တာတွေ..အလှဆင်တာတွေ မပြီးသေးတာမလို့ လက်ရှိတော့ သူဟိုတယ်မှာပဲနေရင်း အလယ်တန်းတုန်းကသူငယ်ချင်းတွေနဲ့တွေ့လိုက်..Shopping ထွက်လိုက်..ဟိုဟာဒီဟာ စားလိုက်နဲ့.. တကယ့်လွတ်လပ်မှု ရဲ့ခံစားချက်ကို သူအကျေနပ်ကြီး ကျေနပ်နေသည်။ အနည်းဆုံးတော့ သူ့ကို တွေ့တိုင်းအဆူစကား အမြဲထွက်တတ်တဲ့ ဖခင်နဲ့ ဝေးရာမှာ သူ့ကိုယ်ပိုင်ဘဝတစ်ခုကို သူကိုယ်တိုင်စတင်ဖန်တီးပုံဖော်တော့မည်လေ.. သူတရုတ်မှာပဲ ကျောင်းတက်ရင်း အပြီးနေပါရစေတော့လို့ အဖေ့ဆီ ခွင့်တောင်းတုန်းက အဖေတစ်ချက်တော့ အံ့သြသွားပုံရပေမယ့် သူ့ကိုကြည်ကြည်ဖြူဖြူပင် သဘောတူပေးခဲ့သည်။ နိုင်ငံခြားအမျိုးသမီးငယ်တစ်ယောက်နဲ့ နောင်အိမ်ထောင်ကျထားတာ မကြာသေးတဲ့အပြင် သူ့ကိုအစထဲက အမြင်မကြည်တဲ့သူ့အဖေအတွက်တော့ ဒါက ထီဆယ်ခါပေါက်တာထက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာ ကိစ္စတစ်ခု ဖြစ်ချင်ဖြစ်နေမှာပေါ့..
ဓာတ်လှေကားက ဆယ့်တစ်တစ်လွှာရောက်တော့ တံခါးပွင့်သွားသည်။ Yan Yi Jun သူ့အခန်းဖက်ရှိရာ လမ်းချိုးလေးဆီကွေ့ဝင်လိုက်သည်။ အခုအခန်းရှိရာကို မှတ်မိသွား၍ တော်သေးသည်။ ရောက်စ တစ်ရက်နှစ်ရက်ကဆို သူအခန်းကို မနည်းပင်ရှာလိုက်ရသေးသည်။
" အင့်..."
သူအခန်းနားဆီကောက်ခါမှ သူ့ကိုဝင်တိုက်လာတဲ့ မိန်းမတစ်ယောက်ကြောင့် သူဟန်ချက်ပျက်သွားသည်။ ထိုမိန်းမကတော့ ကြမ်းပြင်ပေါ်ကို လဲပင်လဲသွားသည်။
" အာ..တောင်းပန်ပါတယ်နော်..ထနိုင်ရဲ့လား.."
သူထူပေးမလို့ပြင်လိုက်စဉ်မှာပဲ ထိုအမျိုးသမီးက ကြမ်းပြင်ပေါ်ကျနေတဲ့ ပစ္စည်းတစ်ချို့ကို သူမပိုက်ဆံအိက်ထဲ အမြန်ကောက်ထည့်ရင်း ခပ်သွက်သွက်ထလိုက်သည်။ သူမကြည့်ရတာ အလွန်ပင်လောနေပုံ.. သူမ အခန်းထဲက ထွက်ထွက်လာချင်းထဲက သူမြင်သည်။ အခန်းတခါးကို အမြန်ဆွဲပိတ်ရင်း နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ပျာနေတဲ့ သူမက သူ့ကိုဝင်တိုက်ဖြစ်အောင်ပင် တိုက်လိုက်သေးသည်။
Eyeliner ကို sexy ကျကျဒီဇိုင်းဆွဲထားပြီး နှုတ်ခမ်းနီရဲရဲနှင့်သူမက အတော်လှသည်။ သူ မျက်လုံးကို အောက်ရွေ့လိုက်တော့ သူမလည်တိုင်ပေါ်က တလက်လက်တောက်နေတဲ့ လည်ဆွဲနဲ့ Sexy ဖြစ်လွန်းတဲ့ အနီရောင် Dress လှလှလေးက သူ့မျက်လုံးထဲ ဝင်လာသည်။ သူဆက်ကြည့်လိုက်တော့ သွယ်လျလွန်းတဲ့ ခြေတံရှည်ရှည်လေးတွေရယ် .. ငွေရောင်တစ်လက်လက်တောက်နေတဲ့ ဒီဇိုင်းဆန်းဆန်းနဲ့ high heel လှလှလေးတစ်ရံ...
" ရပါတယ်..ကျွန်မ အမှားပါ..တောင်းပန်ပါတယ်နော်.."
ထိုအမျိုးသမီးအသံကြားတော့မှ Yan Yi Jun အတွေးတို့ပြတ်တောက်သွားသည်။ ထိုအမျိုးသမီးက ခပ်မြန်မြန်စကားတို့ကို ပြောသွားရင်း သူ့နားကနေ မပြးရုံတမည်ခြလှမ်းများဖြင့် ထွက်သွားသည်။သူမက ခေါင်းကို အတင်းငုံ့ထားရင်း သူ့ကို တစ်ချက်မကြည့်ပဲ ပြောသွားတာကို သတိထားလိုက်မိသည်။
" ဘာတွေများ အဲ့လောက်လောနေပါလိမ့်.."
ထိုအမျိုးသမီးထွက်လာခဲ့တဲ့ အခန်းတံခါးဆီကို မျက်လုံးရောက်သွားတော့..အခန်းက သူ့အခန်းနဲ့ တစ်ခန်းကျော်ဆိုတာကို သတိထားလိုက်မိသည်။
" တံခါးက ဟလျက်ကြီးပါလား.. တံခါးကို သေချာလဲပိတ်မသွားဘူး.."
သူခေါင်းတစ်ချက်ရမ်းလိုက်ရင်း သူ့အခန်းရှိရာကို သွားမယ်လုပ်တော့ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ပစ္စည်းတစ်ခုကို သူသိထားမိသွားသည်။
" ဟေ့ဟေ့ ပိုက်ဆံအိတ်ကျန်ခဲ့တယ်.."
သူပိုက်ဆံအိတ်ကို အမြန်ကောက်ပြီး အော်လိုက်ပေမယ့် ခုနက အမျိုးသမီးရဲ့ အရိပ်အယောင်ကိုပင် မမြင်ရတော့.. အမလေး မြန်လိုက်တာနော်..
" ဒါယောကျာ်းပိုက်ဆံအိတ်မဟုတ်ဘူးလား.."
သူသေချာအောင်ပိုင်ဆံအိတ်အပါးကို ရှေ့နောက်လှန်ကြည့်တော့ ဒါသေချာပေါက်ယောကျာ်းလေးတစ်ယောက်အိတ်မှန်းငြင်းမရ..
" ခုနက တစ်ယောက်ကျခဲ့တာမဟုတ်ဘူးလား.."
ခုနက ပစ္စည်းတွေပြန့်ကျဲသွားစဉ်မှာ ဒီအိတ်ထွက်သွားတာ ဖြစ်နိုင်သည်။ သူပိုက်ဆံအိတ်ကို ဖြဲကြည့်တော့ card ကြီးcard ငယ်အသွယ်သွယ်နဲ့ ပိုက်ဆံအထပ်လိုက်က မြင်ကွင်းထဲ ဝင်လာသည်။
" Name : Zhang Shen Wei [ကျန်းရှန်ဝေး]
Date Of Birth : 14.2.1997"
ယာဉ်မောင်းလိုင်စင်က ဂဏန်းတစ်ချို့ကို ရွတ်လိုက်ရင်း Yan Yi Jun တစ်ချက်ပြုံးလိုက်သည်။ 14ရက် 2 လ ?haha !
Photoထဲက အဲ့ဒီ့ Zhang Shen Wei [ကျန်းရှန်ဝေး] ဆိုတဲ့ သူကအတော်လေးကို ချောသည်။ နက်မှောင်ထူထဲတဲ့ မျက်ခုံးတွေက စူးရှပြီး ညို့အားပြင်းပုံရတဲ့ မျက်လုံးတွေနဲ့ လိုက်ဖက်မှုရှိသည်။ ဓာတ်ပုံထဲမှာတောင် မျက်လုံးတွေက သူ့ရဲ့ စိတ်ဝိညာဉ်ထဲအထိ ထိုးဖောက်ပြီး ကြည့်နေသလားပင် ထင်မှတ်ရသည်။ နှာတံနဲ့ နှုတ်ခမ်းကလဲ အတော်လေးပင် သေသပ်လှပသည်။ မျက်နှာကျ ပုံစံကလဲ နိုင်ငံခြား မင်းသားတွေရဲ့ ပုံစံလိုမျိုး..
"ဘာလဲ အဲ့လောက်ချောတာ..ဒီတစ်ယောက်က မင်းသားလား မော်ဒယ်လားဟ.. "
Ying Ying!!"
ကြားလိုက်ရတဲ့ ခပ်ကျယ်ကျယ် အသံအောင်အောင် တစ်သံကြောင့် Yan Yi Jun တစ်ချက်တွန့်သွားသည်။ သူအသံလာရာကို မှန်းဆကြည့်လိုက်ချိန်မှာ နောက်ထပ်အော်သံတစ်သံ က ခုနက တံခါးပွင့်လျက်ဖြစ်နေတဲ့ ခုနက အမျိုးသမီး ထွက်လာခဲ့တဲ့ အခန်းထဲက ထွက်လာတာကို သူသေချာကြားလိုက်ရသည်။
" တောက်!"
တောက်ခါက်သံကျယ်တစ်ခုနှင့်အတူ သူမရှေးမနှောင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Yi Jun ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" Body က မိုက်လိုက်တာ.."
six packs အပြည့်ရှိတဲ့ ခန္ဓာကိုယ်တောင့်တောင့်မှာ ဆပ်ပြာမြုပ်တွေ.. ရေစက်တွေက တွဲခိုနေသည်။ ခန္ဓာကိုယ် အောက်ပိုင်းမှာတော့ တစ်ပတ်အဖြူတစ်ထည်ကို ဖြစ်သလို ပတ်ထားတာကြောင့် အမြင်နဲ့တင် သန်မာကြောင်း 100% ပြောလို့ရနိုင်တဲ့ ပေါင်တံနဲ့ ခြေသလုံးတို့က ဖြူဝင်းစွာ..
သူနောက်ဆုံးမှ မျက်နှာကို တစ်ချက်ရှိုးဖို့ သတိရလိုက်တော့ အဲ့မျက်နှာပိုင်ရှင်က သူကိုင်ထားတဲ့ ပိုက်ဆံအိတ်ရဲ့ ထဲကလူ ဆိုတာ သူဒက်ခနဲ ချက်ချင်းသိလိုက်သည်။ ဓာတ်ပုံ ထဲကထက် ချောလွန်းပါတယ်ထက်ပို ပိုပြီးချော၍နေတာ.. အဲ..ဒါပေမယ့် ခုနက ဓာတ်ပုံထဲမှာ သူမြင်ထားတဲ့ မျက်ခုံးနက်နက်တွေကတော့ တွန့်ချိုးနေသည်။
" .ဟို..ဟို..ဒီမှာ.."
သူပြောဖို့ စကားမထွက်သေးခင်မှာပဲ အဲ့ Zhang Shen Wei ဆိုတဲ့ သူက သူ့ဘေးကနေ ခြေလှမ်ကျယ်ကြီးများဖြင့် ဖြတ်သွားသည်မှာ သူလေးကို တစ်ချက်လေးမှပင် စောင်းငဲ့ကြည့်မသွား.. LA မှာ နိုင်ငံခြားသားတေကြား တချိန်လုံးဖြတ်သွားဖြတ်လာ လုပ်တုန်းက သူ့ကိုယ်သူပုတယ်လို့ တခါမှ မထင်ခဲ့တဲ့ Yan Yi jun အခု ပထမဆုံးတစ်ခေါက် သူ့ကိုယ်သူ ကမ္ဘာပေါ်က အပုဆုံးလူသားလို ခံစားလိုက်ရသည်။ သူ့ဘေးနားဖြတ်သွားတဲ့ အဲ့လူက သူ့ထက် ခေါင်းတစ်လုံးလောက်ကို သာနေခဲ့တာ..
" ငါတော်တော်များပုနေပြီလား.."
Yan Yi Jun ခပ်တိုးတိုးသာ ရေရွတ်လိုက်မိသည်။
Bạn đang đọc truyện trên: Truyen247.Pro