ကိုယ့်အတတ်ကိုယ်စူးမိခြင်း
အပိုင်း(၁၄)
" ရော့ ကိုကို.. သော့.. ကိုကိုပဲ မောင်းလိုက်တော့နော်..."
" ....."
သုံးယောက်စီးမဖြစ်တဲ့သူ့ရဲ့ပြိုင်ကားကြောင့်..ဝမ်ဇီယွီကားကိုပဲ ငှါးလိုက်ရပြီး သူ့ကားသော့ကို ဝမ်ဇီယွီကို ပေးလိုက်ရသည်။ သူက သူ့ကားကိုသူများမောင်းတာပင်လုံးဝမကြိုက်..ဒါပေမယ့်လဲ ဘယ်တတ်နိုင်မှာလဲ..အဲ့ကောင်လေးကိုက ရှုပ်တာ..
သူကားမှန်ကနေ ဟိုကောင်လေးဆီကို မကျေနပ်မှုတွေနှင့်ကြည့်လိုက်တော့ ဟိုကောင်လေးက သူ့ကို စူပုတ်ပုတ်ပြန်ကြည့်နေသည်။ သူစူးစူးစိုက်စိုက်ကြည့်ပေးလိုက်တော့ ဟိုကောင်လေးက ပါးစပ်က ပွစိပွစိတခုခုရွတ်လိုက်ပြီး သူ့ဆီကနေ အကြည့်လွှဲသွားသည်။
" ကျစ်.. ဘယ်လိုဟာလေးမှန်းကိုမသိတာ..Wei.. Bae မဝင်သေးဘူးလား..သွားမှဖြင့်သွားကြရအောင်လေ.."
သူစိတ်မရှည်စွာနဲ့ အပြင်မှာဖုန်းတစ်လုံးနှင့်ရစ်သီရစ်သီလုပ်နေတဲ့ LiNa ကိုခေါ်လိုက်သည်။
" အော်.. အင်းပါ ကိုကိုရဲ့.. Wei..အဲ့ဒါဆို ဒါပဲလေနော်.. ငါသွားတော့မှာမလို့ ဖုန်းချလိုက်တော့မယ်.."
Li Na ဖုန်းပြောပြောပြီးချင်းကနောက်ခန်းဖက်က တံခါးဆီကိုင်လိုက်တော့ ကျန်းရှန်ဝေး မျက်မှောင်ကြုံ့သွားသည်။
" Bae ကလဲ ရှေ့လာထိုင်လေကွာ.. "
ကျန်းရှန်ဝေးရဲ့ ခေါ်သံကိုကြားတော့ LiNaအတွန့်ပြန်တက်လိုက်ချင်ပေမယ့် စိတ်ရှုပ်နေပုံပေါ်နေတဲ့ ကျန်းရှန်ဝေးရဲ့ မျက်နှာကြောင့် သူမဘာမှပြန်မပြောတော့ပဲ ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်သည်။
" ငါရှေ့မှာပဲ ထိုင်လိုက်တော့မယ်နော် Xiao Jun.."
LiNaစကားကြောင့် ကျန်းရှန်ဝေးက ကဲလိုက်ရန်ကောဆိုတဲ့ ပုံစံနဲ့ တစ်ချက်မဲ့လိုက်သည်။ ရှေ့မှာတစ်ယောက်ထဲနေပြီး မောင်းပေးရအောင် သူက သူတို့နှစ်ယောက်ရဲ့ Driverမှမဟုတ်ပဲ..နည်းနည်းကြာတဲ့အထိ ကစားကွင်းသွားမလား Shopping ပဲထွက်မလားဆိုပြီး မမက စဉ်းစားနေတာမပြီးတာမလို့ သူစိတ်တစ်စက်မှမရှည်ချင်တော့.. အမှန်အတိုင်းပြောရရင် အစထဲက သူက မသွားချင်တဲ့သူ..
" ဘယ်သွားချင်လဲ Xiao Jun..ကစားကွင်းသွားမလား..ဈေးဝယ်ထွက်ရင်းရုပ်ရှင်ကြည့်မလား.."
" နင့်သဘောလေ.. ငါက ဘာဖြစ်ဖြစ်အဆင်ပြေတယ်ရယ်.."
" ဟင့်..ငါစဉ်းစားရခက်လို့မေးပါတယ်ဆိုမှ..ဘယ်သွားရင်ကောင်းမလဲကို.."
အဓိပ္ပါယ်ကို မရှိတာ..ကိုယ့်ရည်းစားကို အရင်မမေးပဲ..သူ့သူငယ်ချင်းကိုအရင်မေးတဲ့ LiNaအချိုးက မဟုတ်သေး..သူသူမအပေါ် သစ္စာဖောက်မိတာတွေအတွက် အနုနည်းနဲ့ တမြင်ပြန်ပညာပြနေသလားပင်ထင်ရသည်။
" APM ကိုပဲသွားရအောင်လေ.. ကိုယ်လဲ ဝယ်စရာတွေရှိသေးတယ်.."
" ok အဲ့ဒါဆို အဲ့ပဲသွားစို့..Let's Go!"
LiNa တစ်ယောက်ထဲက သာတက်ကြွနေပေမယ့် ကျန်နှစ်ယောက်ကတော့ တစ်စက်မှမလှုပ်ပဲ ကိုယ့်အတွေးနဲ့ကိုယ်ပါလာခဲ့ကြသည်။ ရန်ရီကျွင်း Beijing ပြန်ရောက်တာ တစ်လကျော်နှစ်လလောက် ရှိတော့မယ်ဆိုပေမယ့် အခုသွားနေတဲ့ လမ်းတွေဖက်ကို မရောက်ဖြစ်သေးတာကြောင့် သူလမ်းမှာမြင်သမျှအရာတိုင်းကို ငေးမောနေမိသည်။ ငါးနှစ်ဆိုတဲ့ အချိန်လေးဆိုပေမယ့် လက်ရှိ Beijingက အရင်ငါးနှစ်က Beijingနှင့်ပင်မတူတော့.. အသစ်သစ်သော အဆောက်အအုံကြီးတွေ လမ်းတစ်လျှောက်ပိုပြီးနေရာယူလာသလို ဒိဇိုင်းတွေကလဲ ဆန်းပြားလာသည်။
" ရောက်ပြီ... .ဒါက အသစ်ဆိုတော့ နင်ရောက်ဖူးဦးမှာမဟုတ်ဘူး.."
ကြီးမားသော အဆောက်အအုံကြီးက အဝင်အထွက်လူများဖြင့်စည်ကားနေသည်။ မြေအောက်ကားပါကင်မှာ ကားထိုးပြီး သူတို့ဓာတ်လှေကားနှင့်အပေါ်တက်လာခဲ့သည်။
" PaPaပေးထားတဲ့ မုန့်ဖိုးဘာမှမသုံးရသေးတာဆိုတော့ အေးဆေးပဲ.. ဒီဇိုင်းအသစ်လေးတွေ စိတ်ကြိုက်ဝယ်ရမယ်.."
" အဝတ်တွေအရမ်းဝယ်တာ မနမျောဘူးလား.. နင်ဝတ်လိုက်ရင် ဈေးကြီးတာတွေချည်းပဲ..ပိုက်ဆံကို မကုန်သင့်တဲ့ နေရာမှာမကုန်ရအောင် ချွေတာ စမ်းပါဟာ.."
" haha.."
" ငါ့ဘာသာ LiNaကို ပြောနေတာကို မင်းကဘာရယ်တာလဲ.."
သူ့အိမ်က mamaလေသံနဲ့ရန်ရီကျွင်းလေသံလာတူနေတာမလို့သူရယ်မိသွားပေမယ့် ကောင်စုတ်လေးရဲ့စကားကြောင့် Zhang Shen Wei မျက်နှာချက်ချင်းတည်သွားရသည်။
" ငါ့ပါးစပ်နဲ့ငါ ရယ်တာပဲ မင်းဆီက ခွင့်ပြုချက်တောင်းနေရဦးမှာလား.."
ရုတ်တရက် သူတို့ကြားမှာအန္တရယ်အငွေ့အသက်တွေရလာတာမလို့ LiNa ကျန်းရှန်ဝေးရဲ့ ဘယ်ဘက်မှာနေနေရင်း လမ်းလျှောက်နေရာမှ ညာဖက်ကို ပြောင်းလိုက်ရင်း Yan Yi Jun နဲ့ Zhang Shen Wei ကြားဝင်လိုက်သည်။
" နင်တို့နှစ်ယောက်ကလေ တွေ့လိုက်တိုင်း ရန်စောင်မယ်ဆိုတာကြည့်ပဲ.. ဒီနေ့လေးတော့ ငါစိတ်ချမ်းချမ်းသာသာနေပါရစေဟယ်.. တောင်းပန်ပါတယ်.."
" မင်းလုပ်နေတာတွေ မဟုတ်သေးဘူးနော် Bae..ကိုယ့်ကိုကိုလည်း ပြန်စဉ်းစားကြည့်ဦး.."
ကျန်းရှန်ဝေးစကားကြောင့် LiNa စူပုတ်သွားရင်း..
" ကိုကိုက Bae ကိုအပြစ်မြင်နေတာလား.. ကိုကိုတို့နှစ်ယောက်အဆင်ပြေနေတာပဲ မြင်ချင်မိတာ အပြစ်ဖြစ်နေပြီလား.."
ဆက်ပြောပြန်ရင်လဲ ရန်ဖြစ်ရတော့မည်။ အမှားအယွင်းနည်းနည်းလေးမှမခံတာက မိန်းမတိုင်းရဲ့ သဘာဝ အလားပင်အောက်မေ့ရသည်။ ကိုယ်က တစ်ခွန်းပြောလိုက်မိတာနဲ့ သူတို့ဆီက နောက်ဆက်တွဲ စကားလုံးတွေက ထွက်လာဖို့က အသင့်.. စိတ်ရှုပ်သည်။ LiNaဘေးက အရှုပ်ထုတ်ကြောင့်လဲသူစိတ်ရှုပ်မိသည်။ ဒီအတိုင်းဆို LiNa နဲ့ ရှေ့ဆက်လက်တွဲသင့်မတွဲသင့်ကို သူပြန်စဉ်းစားဖို့ လိုလာပြီထင်သည်။
"" အယ် စိတ်ဆိုးတာလား.. မျက်နှာကြီးကလဲ.."
LiNa က သူ့လက်မောင်းကို ခိုမှီလာရင်း..
" Bae က အားလုံးကောင်းဖို့အတွက်ပြောတာပါကိုကိုရဲ့.. တစ်ယောက်နဲ့ တစ်ယောက်အဆင်ပြေကြရင် ဘ်ာလောက်စိတ်ချမ်းသာစရာ ကောင်းလဲ.."
ဘေးက ပူးကပ်ပြီး အကဲပိုကာ လမ်းလျောက်နေကြတဲ့ အတွဲကိုကြည့်ရင်း သူလိုက်လာမိတာ မှားပြီလားလို့ ရန်ရီကျွင်းတွေးလိုက်မိသည်။ ကျန်းရှန်ဝေးကို အမြင်ကတ်လို့သာ တမြင်လိုက်လာရတာ.. ဒီလို အတွဲဘေးမှာ တစ်ယောက်ထဲ နေနေရတာက ကြောင်တောင်တောင် နိုင်သလိုနေရလဲ ခက်သည်။
" Wei.. ဒီဆိုင်ခဏဝင်မယ်.."
Givenchy ဆိုင်ရှေ့ရောက်တော့ LiNaက သူ့ကိုလက်တို့လာသည်။ အဲ့ ဆိုင်ကဈေးကြီးတဲ့ Branded ဆိုင်မလို့ သူကတော့ LiNa ဖြုန်းလိုက်မယ့် ပိုက်ဆံတွေအတွက် ကြိုနမျောနေမိသည် ။
" ညီမလေး မလာတာတောင်ကြာပေါ့.. ဟိုတပတ်က Milan Fashion Week က design တွေ ဒီကိုရောက်နေပြီနော် ညီမလေး.."
" ဟုတ်တယ်အမရေ.. ညီမလဲ အခုတလော ကျောင်းဖွင့်နေလို့ သိပ်မအားတာနဲ့.."
LiNaက မိန်းကလေးအဝတ်အစားတွေဖက်မသွားသေးပဲ သူ့ရှေ့ကယောကျာ်းလေးအဝတ်အစားများကို တစ်ထည်ခြင်း သေချာကြည့်နေသည်။
" ကိုကို.. ဒီ Leather jacket လေးအတော်မိုက်တယ် လာကြည့်..ကိုကိုနဲ့ အတော်ကြည့်ကောင်းမှာ.."
" မဆိုးပါဘူး.. ဒီဇိုင်းပုံစံလဲ မိုက်ပါတယ်..."
" ဟုတ်တယ်..အစ်ကို.. ဒါကလဲ ဒီဇိုင်းအသစ်ပဲ... အစ်ကိုက ခန္ဓာကိုယ်လဲ ရှိပြီးသားဆိုတော့ ဝတ်လိုက်ရင် သေချာပေါက် စမတ်ကျနေမှာ.."
အရောင်းစာရေးမလေးကြောင့် ကျန်းရှန်ဝေးပြုံးလိုက်ရင်း မှန်ရှေ့မှာ အကျီကို သေချာဝတ်ကြည့်လိုက်သည်။
" Woww.. perfect.. ကိုကို ကလေဘယ်လိုတောင် ကုသိုလ်ကံကောင်းတာလဲ.. ဘာဝတ်ဝတ်ကို ကြည့်ကောင်းနေတော့တာ.."
" ကောင်မစုတ်လေး..လူကို လာမြှောက်နေတယ်.. "
မှန်ထဲက နေပြီးသူLiNaဆီကနေ Yan yi Jun ဆီကို အကြည့်ရွှေ့လိုက်တော့ ကောင်လေးက သူ့ကိုစူပုတ်ပုတ်နှင့်ကြည့်နေသည်။ သူနှင့် အကြည့်ချင်းဆုံလိုက်တိုင်း အဲ့တစ်ယောက်က အမြဲတမ်းအဲ့ဒီ့ မျက်နှာပုတ်နှင့် သူ့ကိုပြန်ကြည့်မြဲ..ဘာတွေအလိုမကျနေမှန်းကို မသိတာ..
သူနောက်ဖက်ကိုလှည့်လိုက်ကာ ရန်ရီကျွင်းဖက်ဆီ ကြည့်လိုက်တော့ ကောင်လေးက သူ့ဆီိုကမကြည့်တော့ပဲ နောက်ကျောပေးသွားရင်း အဝတ်အစားတွေ ချိတ်ထားသည့် အဝတ်စင်ထဲ ဟိုဟိုသည်သည် မွှေနေတော့သည်။
" ကိုကို အဲ့ဒါပဲယူမှာလား.. တခြားရွေးဦးမလား.. ကိုကို့အတွက် Baeတစ်ထည်ဝယ်ပေးမယ်.."
" ဟင်.. အင်း.. ဒါပဲယူလိုက်တော့မယ်.."
" Xiao Jun.. နင်ကြိုက်တာတွေ့ပြီလား..ငါနင့်အတွက်လဲ တစ်ထည်လက်ဆောင်ဝယ်ပေးမယ်.."
" တော်ပါ.. အပို..ပိုက်ဆံကုန်တယ်..ပေးရတာကအများကြီး..ဝတ်ရတော့ တစ်ထည်ထဲ.."
Yan yi Jun စကားကြောင့် LiNaဘေးက အရောင်းစာရေးမလေးကို အားတုံ့အားနာနဲ့ သွားဖြီးပြလိုက်သည်။
" နင်ဟာလေ.. ပြောချင်ရင်စွတ်ပြောတော့တာပဲ.. ရှေ့ပြောနောက်ကြည့်တဲ့.. စကားပုံတောင်ရှိသေးတယ်.. "
သူခပ်တိုးတိုးပြောတော့ Yan yi Junက သူ့ကိုတစ်ချက်မဲ့ပြစည်။
" ဘယ်သူ့ဂရုစိုက်ရမှာလဲ.. မဟုတ်တာပြောနေတာမှမဟုတ်ပဲ.."
" တော်ပြီတော်ပြီ.. နင့်ကိုတော့လက်လန်တယ်.."
Dinnerတွေ ပါတီတွေအတွက်ဆိုပြီး LiNa Dressလေးတွေ ရွေးတော့ သူLiNaဘေး ရောက်သွားသည်။ ဝတ်စုံလေးတွေက Branded အဝတ်အစားလို့မပြောရ..ချုပ်ပုံချုပ်သားအသေးစိတ်ကအစ သေသပ်လွန်းသည်။ အဖြူနဲ့ အနက်စပ်ထားတဲ့ တလက်လက်နဲ့ အတို ဝတ်စုံလေးက လှလွန်းတာမလို့ သူသဘောတကျနှင့် အသေအချာကြည့်နေမိသည်။
" ဒါလေးအတော်လှတာပဲ.."
" ဟုတ်တယ်မောင်လေး.. ဒါလေးအတော်လူကြိုက်များနေတယ်..ဟိုတလောက Fan bingBing လဲ ပွဲတခုမှာ ဝတ်သွားသေးတယ်..."
" အယ်.. လှလိုက်တာ.. ငါ့အတွက်ရွေးထားတာလား.. နင်အတော်ရွေးတတ်တာပဲ.."
သူ့လက်ထဲက ဝတ်စုံကို ဖျတ်ခနဲယူသွားပြီး LiNaက သူ့ကိုယ်နှင့်ကပ်လိုက်သည်။
" လှလား.."
သူစိတ်မပါတစ်ပါနှင့် ခေါင်းငြိမ့်လိုက်ရသည်။ သူဘယ်လောက်သဘောကျကျ ဝယ်ခဲ့ရင်တောင်အဲ့ဝတ်စုံက သူ့ဘီရိုထဲနေ အပြင်ကို ထွက်ခွင့်ရှိမှာမှမဟုတ်ပဲ.. သူစုထားတဲ့ မိန်းကလေးအဝတ်အစားတွေပင် အိမ်မှာ ဗီရိုတစ်လုံးအပြည့်ပင်ရှိသေးသည်။ အစက သူသဘောကျတာလေးတွေတွေ့တိုင်း ဝယ်ဖြစ်ပေမယ့် နောက်ပိုင်းတော့ သူသိပ်မဝယ်ဖြစ်တော့.. ပိုက်ဆံချွေတာရမည်မဟုတ်ပါလား.. သူ့အဖေကိုလဲ နောက်ထပ်အားမကိုးချင်တော့တါမလို့ လက်ထဲမှာရှိတာနဲ့ပဲ အဆင်ပြေအောင်နေသွားဖို့ကိုစဉ်းစားထားသည်။
နောက်ထပ်ဆိုင်နှစ်ဆိုင်သုံးဆိုင်ဝင်ပြီးတော့.LiNa ဝယ်တဲ့အဝတ်အိတ်တွေက မနည်းမနောမလို့ သူပါကူဆွဲပေးရသည်။ သူကတော့ သိပ်ဈေးမများတဲ့Ports က
ကျောပိုးအိတ်တစ်လုံးသာဝယ်ခဲ့သည်။ကျန်းရှန်ဝေးကလဲ ဝယ်တာမနည်းမနော.. ဘာလို့သူတို့တွေ အဝတ်အစားအတွက်အဲ့လာက်အကုန်ခံကြမှန်းစဉ်းစားလို့ကိုမရ..LiNa ဝယ်တဲ့ဝတ်စုံ တစ်စုံဆိုယွမ်16000ကျော်တာပင်ပါသေးသည်..အဲ့လောက်ဈေးကြီးတာဝတ်ရအောင်ကိုယ်က celebrityလဲမဟုတ် ဘာမဟုတ်.. အဲ့ဒါကို အဲ့အရူးတွေက မျက်တောင်တစ်ချက်မခတ်ပဲ တစ်စုံပြီးတစ်စုံဝယ်ချလာတာကို သူတစ်ကယ်လက်ဖျားခါမိသည်။
" Waaa..ရုပ်ရှင်ကြည့်ရအောင်..Annabelle Creation ပြနေပြီ.."
ကျန်းရှန်ဝေးနားကပ်ပူဆာနေတဲ့ LiNa လက်ညိုးထိုးပြနေတဲ့ နေရာဆီ ကြည့်လိုက်တော့ Yan Yi Jun မျက်နှာ ချက်ချင်းပျက်သွားသည်။
" ကြည့်လေ.. ကိုယ်လဲကြည့်ချင်နေတာ.."
" သရဲကားကြီး.."
" အော်.. ဟုသား.. ငါမေ့သွားတယ်..Yan yi Junက သရဲကားမှမကြည့်ရဲတာ.."
LiNa စကားကြောင့်..ကျန်းရှန်ဝေးရဲ့ အထင်သေးသလိုလို လှောင်သလိုလိုအကြည့်တွေက သူ့ဆီရောက်လာသည်။
" ဟုတ်လား..ယောကျာ်းဖြစ်ပြီး သရဲကားမကြည့်ရဲတဲ့သူအတော်တော့ ရှားမယ်နော်..မကြည့်ရဲလဲ ရတယ်လေ.. ဆိုင်တစ်ဆိုင်ဆိုင်မှာစောင့်နေလိုက်..ငါတို့ပြီးရင်လာခေါ်မယ်.."
ခနဲ့တဲတဲ့ စကားကြောင့် သူ့ရင်ထဲ ကလိကလိဖြစ်လာသည်။ ဖြစ်နိုင်ရင် အဲ့မျက်နှာကြီးကို သွားရိုက်ပုတ်ပစ်ချင်တာ..
" ယောကျာ်းဖြစ်တာနဲ့ သရဲမကြောက်ရတော့ဘူးလား.."
" အဲ့လိုတော့မရှိပေမယ့်..သရဲကားတောင်မကြည့်ရဲအောင်ကြောက်တဲ့ ယောကျာ်းလေးဆိုတာတော့ ရှားတာအမှန်ပဲ."
" မကြည့်ရဲဘူးလို့ ဘယ်သူပြောလို့လဲ.."
သူအသံစူးစူးနဲ့ အော်လိုက်တော့ ကျန်းရှန်ဝေးပြုံးသွားသည်။ LiNaကတော့ သူ့ကိုလာရိုက်သည်။
" တိုးတိုးလုပ်ပါဟဲ့.. နင်မကြည့်ချင်ရင် ငါတို့လဲမကြည့်တော့ဘူး.."
" Bae ကလဲ ကြည့်မှာပေါ့.. သူတောင်ကြည့်ရဲပါတယ်လို့ ပြောနေပြီပဲ.. ကိုယ်သုံးစောင်သွားဖြတ်လိုက်မယ်နော်..".
ထွက်သွားတဲ့ ကျန်းရှန်ဝေးကျောကို ကြည့်ရင်း သူအာခေါင်ခြစ်ပြီး အော်ပစ်လိုက်ချင်တာပဲသိသည်။သူငယ်ချင်းတွေ အဲ့ဇာတ်ကားအကြာင်းပြောတာကို ကြားဖူးတာမလို့..သူ အဲ့သရဲမကို သူသိသည်။ အဲ့တုန်းကဆို အဲ့တစ်ညလုံးအိပ်မပျော်ပဲ ဟိုဟိုသည်သည်က အသံကြားတိုင်း သူ့မှာလန့်လိုက်ရတာဆိုတာ..Twitter တို့ Facebook တို့သုံးတုန်း သူများတွေတင်လို့ အဲ့ပုံ သူ့ timelineမှာတွေ့ရင်တောင် သူမျက်နှာလွှဲပြီး ဖုန်းကိုအမြန်ပွတ်ပစ်မြဲ.. သူ့ရဲ့ အားနည်းချက်တစ်ခုက သရဲအရမ်းကြောက်တတ်သည်။ သရဲကား မကြည့်ရဲတာထက်သရဲရုတ်တရက်ပေါ်လာခါနီး အခန်းတွေဆို အရမ်းလန့်လန့်သွားတာမလို့ သရဲကားဆို သူဝေးဝေးက ရှောင်သည်။
.. မကြည့်ရဲဘူးလို့ဘယ်သူပြောလို့လဲလို့
ဘာလို့ထွက်သွားတာလဲ.. ဒီပါးစပ်ကြီးက..#@$¿*#
စိတ်ပျက်လက်ပျက်နဲ့ခုံတန်းမှာထိုင်နေရင်း posterက အရုပ်သရဲမ ဆီအကြည့်ရောက်ရောက်သွားတော့
လက်ဖျားတွေပင် အေးစက်လာသည်။
" ရပြီ.. မနည်းတန်းစီလိုက်ရတယ်.."
လက်မှတ်သုံးစောင်ကို ထောင်ပြရင်း ကျန်းရှန်ဝေးကသူ့ကို လှောင်ပြုံးပြုံးပြနေသည်။လက်မှတ်မရပါစေနဲ့လို့ တောင်းခဲ့တဲ့သူ့ဆုတောင်းလေး မပြည့်ခဲ့..Yan Yi Jun ငိုချင်သလိုလိုပင်ဖြစ်လာသည်။
Just f**ck off and leave me alone 😭!
အပိုင်း(၁၅)ဆက်ရန်
ဒီတပိုင်းရေးရတာတော့ အကြာကြီးပဲ.. update နည်းနည်းကြာသွားလို့ ပိုပြီးရှည်ရှည်ရေးပေးထားတာ..hee... နောက်တပိုင်းတော့ နောက်ရက်ပဲ ဖြစ်ဖြစ်တင်ပေးပါ့မယ်..xiexie nimen.. ကလေးတွေကိုလဲ ချစ်ပေးကြပါလို့ 😘
🌟13.8.2017🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro