Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

ကောင်​စုတ်​​လေးရဲ့ဥာဏ်​နီဥာဏ်​နက်

အပိုင်း(၁၃)

" LiNa မုန့်​သွားစားရ​အောင်​.."

" LiNa အဝိုင်းဖက်သွားထိုင်​ရ​အောင်​.."

" LiNa..ကန်​တင်းသွားမယ်​..."

"Li Na..​​မော်​ကွန်းထိန်းဖက်​ငါနဲ့ခဏ​လောက်​.. "

"LiNa ..ငါနဲ့..Li Na LiNa.."

ဒါက​တော့ သူတို့နှစ်​​ယောက်​ရဲ့ ငြိမ်းချမ်း​ရေးမမည်​တဲ့ ငြိမ်းချမ်း​ရေးအပြီးရဲ့ ​နောက်​ဆက်​တွဲရလဒ်​ပင်​ဖြစ်​သည်​။ ဟိုသ​ကောင့်​သား​လေးက သူLiNaနှင့်​အတူရှိသည့်​အခါတိုင်း အ​ကြောင်းအမျိုးမျိုးနှင့်​ LiNaကို​ခေါ်​ခေါ်ထုတ်​သွားတတ်​သည်​။ ထိုအခါတိုင်း..မထူးသည့်​အ​ခြေအ​နေမလို့ သူပါလိုက်​ရ​တော့သည်​။

"ကျစ်​.. ဒါအဲ့​ကောင်​တမင်​ကိုလုပ်​​နေတာ.. "

ခုလဲ LiNaနှင့်​ Yan Yi Junက မျက်​နှာချင်းဆိုင်​ထိုင်​​နေရင်း သူမသိတဲ့သူတို့ငယ်​ဘဝအ​ကြောင်း​တွေကို ​ပြောရင်းရယ်​​မော​နေကြပြန်သည်​။ LiNaက သူ့​ဘေးမှာထိုင်​​နေ​ပေမယ်​လို့ ဒီအ​ခြေအ​နေက လုံးဝမဟုတ်​သေး..​ဟို​ကောင်​ရှိ​နေရင်​.. LiNaက ပခုံးပင်​အဖက်​မခံသည်​အပြင်​ သူတို့နှစ်​​ယောက်​စကားဝိုင်းထဲ သူမပါဖြစ်​တာများသည်​မလို့ မသိရင်​..သူကပင်​ LiNaနဲ့ Yan Yi Jun အတွဲကြားလိုက်​ဝင်​ရှုပ်​​နေသည့်​သူလိုလို ဘာလိုလို..

" ​တောက်.. မဟုတ်​​သေးပါဘူး.. အဲ့​ကောင်​တမြင်​လုပ်​​နေတာ..သူချိုး​နေတဲ့​စောင်​ချိုးကိုသိသိကြီးနဲ့ငြိမ်​ခံ​နေရမှာလား.."

သူရန်​ရီကျွင်းကို သည်းခံဖို့စဉ်းစားထား​ပေမယ့်​ ဒီ​ကောင်​​လေးက သူ့ရဲ့ ခန္တီတရားကို တစတစလာလာ ချိုးဖျက်​​နေသည်​..

" မင်းကြည့်​ရတာ အခုတ​လောအ​တော်​အားယား​နေပုံပဲ.."

မ​ကျေနပ်​မှု​တွေက စကားလုံး​တွေအဖြစ်​ထွက်​သွား​တော့..ရန်​ရီကျွင်းက နှုတ်​ခမ်းတစ်​ချက်​မဲ့လိုက်​ရင်း..

" အဲ့ဒါ မင်းအလုပ်​မဟုတ်​ပါဘူး.."

" မင်းဘာသ​ဘောနဲ့ ဒါမျိုး​တွေလုပ်​​နေတာလဲ.."

သူအ​တော်​တင်း​နေပြီမလို့ LiNa ရှိတာ​တွေ ဘာ​တွေဂရုမစိုက်​ချင်​​တော့..သူဆိုတဲ့ Zhang shen Wei က သူ့ကိုလာထိတဲ့သူဆို မှန်​​လောက်​သား​လောက်​​အောင်​ ဆယ်​ဆ​လောက်​ပညာပြန်​​ပေးလိုက်​ရမှ..သူဆိုတာ အဲ့လိုလူပါ..ဒါ​ပေမယ့်​ အခု LiNa မျက်​နှာ​ကြောင့်​သူအ​တော်​​အ​လျော့​ပေးထား​ပေမယ့်​ဒီ​ကောင်​​​လေးက တဖြည်းဖြည်းပိုပိုကမ်းတက်​လာသည်​။

" ဘာကိုလဲ.. မင်းဘာကို​ပြော​နေမှန်းငါသိကိုမသိဘူး.."

မထုံတက်​​တေးမျက်​နှာ​ပေးနဲ့ရန်​ရီကျွင်းကိုကြည့်​ရင်း ကျန်းရှန်​​ဝေးအ​တော်​အူယားလာသည်​​။သူ့အရင်စိတ်​အရဆိုလျှင်​ ရန်​ရီကျွင်းကို တစ်​စစီလုပ်​ပြီး​နေပြီ..

" ​တောက်​"

"​ အာ... ကိုကိုကလဲ ဘယ်​အချိန်​ထိ ဒါမျိုး​တွေလုပ်​​နေမှာလဲ..Bae စကားက ကိုကိုအတွက်​ အဲ့​လောက်​​တောင်​ အ​ရေးမပါဘူးလား.."

ကြည့်​..အဲ့ဒါသာကြည့်​..ဒီ​နေရာမှာ သူသာ လူဆိုး​ကောင်​..သူ​သာအပြစ်​သား..ဟိုကောင်​က တစ်​စက်​က​လေးပင်​ အပြစ်​မရှိတဲ့ ဘာမှ​တောင်​မသိတဲ့ သူ​လေး​ပေါ့..

သူ​တွေးရင်း​ဒေါသထွက်​လာသည်​။ ဒီ​နေရာမှာ ဆက်​​နေ​နေလျှင်​ သူပဲဟို​ကောင်​​​လေးကို ထပင်​ထိုးမိနိုင်​သည်​။

" ဒါ ဘယ်​သွားမလို့လဲ.."

သူ​ကျောပိုးအိတ်​​ကောက်​လွယ်​ရင်းမတ်​တပ်​ရပ်​လိုက်​​တော့ LiNa က ​မေးလာသည်​။

" ဒီနားမှာမထိုင်​ချင်​​တော့လို့​လေ.. ငါရှိ​နေရင်​မင်းတို့အတွက်​ အ​နှောက့်​အယှက်​ဖြစ်​​နေမလားလို့.."

သူထွက်​လာခဲ့​ပေမယ့်​ LiNaများသူ့​နောက်​ကပာလာမလားလို့ ​မျော်​လင့်​မိ​သေး​ပေမယ့်​ မမက လိုက်၍မလာ..သူငယ်​ချင်းဆိုတဲ့သူက ချစ်​သူထက်​ပိုပြီး အ​ရေးပာ​နေခဲ့တာလား..

"ဟက်​..ဟာသပဲ..အဲ့ဒါဆို ဘာလို့ငါ့ကိုချစ်​တယ်​လို့​ပြောခဲ့​သေးလဲ.."

" ​GeGe..(​ကော​ကော). ဘာဖြစ်​လာတာလဲ..LiNa​ရောဘယ်​ကျန်​ခဲ့လဲ.."

သူ့ငယ်​ငယ်​ချင်း​တွေနဲ့ LiNaသူငယ်​ချင်း​တွေက သူ့အခန်းထဲက ခုံနှစ်​ခုံမှာ ​ရှေ့ဆင့်​​နောက်​ဆင့်​ထိုင်​​နေကြသည်​။

" ဟို ရန်​ရီကျွင်းဆိုတဲ့ ​ကောင်​​လေး​ကြောင့်​ပဲ​နေမှာ​ပေါ့.."

" စိတ်​ကုန်​လွန်းလို့​ပြောကိုမ​နေချင်​​တော့တာပါဟာ..​နေပါဦး..နင်​တို့အကုန်​လုံးဒီမှာ ဘာလုပ်​​နေကြတာလဲ.."

" Xu Feng(ရွှီဖုန်း)​လေ.. သူ့အခန်းထဲ ဒီ​နေ့နှစ်​ချိန်​ဆက်​တိုက်​အားတယ်​ဆိုပြီး ​ခေါ်ထားလို့.."

"အဲ့တစ်​​ယောက်​​လေ..ကိုယ်​​တော့ သူ့ကိုလုံးဝသ​ဘောမကျဘူး.. ဟို​နေ့ကလဲ ကိုယ့်​ကို ပြန်​​ပြောတာများ လက်​လန်​စရာကို​ကောင်းတယ်​..ဘယ်​လို​ပြောရမလဲ.. အဆင့်​အတန်းမရှိသလိုမျိုး.."

ဟို​နေ့က ရန်​ရီကျွင်းနဲ့ စကားများထားတဲ့ ညီနှစ်​​ယောက်​ထဲက တစ်​​ယောက်​က ခပ်​မဲ့မဲ့​ပြော​နေသည်​။ ကျန်​တဲ့ သူ့ညီမကလဲ သ​ဘောတူဟန်​ အားရပါးရ​ခေါင်းငြိမ့်​​နေသည်​။

" LiNaကလဲ ဘယ်​လိုလူနဲ့ ​ပေါင်း​နေမှန်းကိုမသိဘူး..ငါက​တော့ သူအဲ့တစ်​​ယောက်​နဲ့ ရှိရင်​ သူ့ဆီသွားကိုမသွားချင်​တာ.. သူကလဲ အဲ့တစ်​​ယောက်​ရှိရင်​ ငါတို့ကို ရှိတယ်​လို့​တောင်​မထင်​​တော့ဘူး..Li naအချိုး​တွေအရမ်း​ပြောင်း​နေတယ်​.. သူ့ကိုနည်းနည်းပါးပါး​ပြောဦးGe Ge"

" ​နင်​ကလဲ..ကျန်းရှန်​​ဝေးရဲ့ အခုဖြစ်​​နေတဲ့မျက်​နှာကိုမြင်​ပြီးတာ​တောင်​ သ​ဘောမ​ပေါက်​​သေးဘူးလား.. ဒါနဲ့​လေ..နင်​တို့ မိန်က​လေး​တွေက အ​တော့်​ကိုအတင်းတုပ်​ကြမ်းကြတယ်​​နော်​ haha ..ခါတိုင်းမိန်းက​လေးချင်းကိုပဲ တုပ်​​နေကြ..အခု ​ယောကျာ်း​လေးပါတိုးလာပြီ​"

" သူ့ပုံစံကိုလဲကြည့်​ဦး​လေ..Jacksonရယ်​.. ငါ​တော့တစက်​မှကြည့်​မရပါ.."

" ​ဘာလို့ အမြင်​မကြည်​ဖြစ်​​နေကြတာလဲ..​ကောင်​​လေးပုံစံက ချစ်​စရာ​လေးပါ.."

Xu feng ရဲ့ စကား​ကြောင့်​ အကုန်​လုံးရဲ့ အကြည့်​​တွေက သူ့ဆီ​ရောက်​လာသည်​။

" Xu Feng..မင်းဘူးတာ​လေး​တွေ နည်းနည်း​လျော့ကွာ.."

"လိ..ဘူး.. ငါက ​ယောကျာ်း​လေးချင်းကိုဘူးစရာလား.."

" မသိဘူး​လေ.. မင်းက ​ချော​ချောလှလှ​လေး​တွေအကုန်​အလွတ်​မ​ပေးချင်​တဲ့သူဆို​တော့လဲ..အဲ့​ကောင်​​လေးက ​ချောတာ​တော့ အ​တော်​​ချော်​​နော်​..သူ​ချောပုံက မိန်းက​လေး​ချော​ချောတာ.."

" သူက ​ပြောသ​လောက်​ကြီးလည်းမဆိုးပါဘူး..ငါသူနဲ့စကား​ပြောကြည့်​တာ​တော့...ရန်​ရီကျွင်းက ​ဖော်​​ရွေပုံ​ပေါက်​ပါတယ်​.."

ဝမ်​ဇီယွီစကား​ကြောင့်​ သူ့ကိုကျန်​တဲ့သူ​တွေက တစ်​​ယောက်​တစ်​​ပေါက်​ဝိုင်း​ပြောကြပြန်​သည်​။

" အာ.. မင်း​တို့ကလဲ ဒီ​နေ့သူ့အ​ကြောင်း​ပြောတာ ပြီးဦးမှာလား.. ကျက်​သ​ရေတုံးလို့ထွက်​လာပါတယ်​ဆို..သူ့အ​ကြောင်းထပ်​ကြား​နေရဦးမှာလား!"

ကျမ်းရှန်​​ဝေး​ဟောက်​လိုက်​​တော့ အကုန်​လုံးက တစ်​ချက်​ငြိမ်​သွားကြသည်​။

" သွား​..သွား​..ကိုယ့်​အတန်းကိုပြန်​ကြ..ခဏ​နေဆရာလာ​တော့မှာ."

သူနှင်​လိုက်​​တော့ အလျှိုလျိုပြန်​ကုန်​ကြမှ ကျန်းရှန်​​ဝေး​ခေါင်းနည်းနည်းပြန်​ကြည်​သွားသည်​။

" အခုမှပဲ..​အေး​ဆေးသွား​တော့တယ်​..နားကိုညည်းတယ်​..တစ်​​ယောက်​တစ်​​ပေါက်​နဲ့.."

သူ​ရေရွတ်​လိုက်​​ရင်း ​ကျောပိုးအိတ်​ထဲက ​နောက်​သင်​မယ့်​ စာအုပ်​တစ်​အုပ်​နဲ့ ​ဘောပင်​တစ်​​ချောင်းကိုထုတ်​လိုက်​သည်​။ Xu Feng ကိုကြည့်​လိုက်​​တော့ သူကသူ့ကိုပြုံးကြည့်​​နေသည်​။

" မင်းဘာဖြစ်​​နေတာလဲ.. ပြုံးစိစိနဲ့.."

" ဒီလိုပါပဲ..ဟားဟား.."

သူ့အထာနဲ့ သူဘာ​တွေသ​ဘောကျရယ်​​နေမှန်းမသိတဲ့ Xu Feng ကိုကြည့်​ရင်းသူ​ခေါင်းရမ်းလိုက်​သည်​။ အခုတ​လော သူဘာ​တွေ ကြုံ​နေမှန်းကိုမသိတာ..

*******

ရန်​ရီကျွင်း အ​အေးဝယ်​ပြီးပြန်​အလာ..သူတို့အ​ဆောင်​​အောက်​ထပ်​က ​လှေကားနားမှာ ရပ်​​စောင့်​​နေတဲ့ LiNaကို ​တွေ့​တော့ သူအံ့သြသွားသည်​​။

" ဟင်​..နင်​ ဒီမှာဘာလုပ်​​နေတာလဲ.."

သူ​မေးပြီးမှ ကျန်းရှန်​​ဝေးလဲ ဒီအ​ဆောင်​ကပဲဆိုတာ သတိရသွား​တော့ သူတစ်​ချက်​မဲ့လိုက်​သည်​။

" ခုနက ငါနင့်​အခန်းထဲ​ရောက်​​သေးတယ်​..နင့်​သူငယ်​ချင်းက နင်​အ​အေးသွားဝယ်​တယ်​​ပြောလို့.."

သိပ်​မတိုတဲ့ miniskirt ပန်း​ရောင်​​လေးနဲ့ အ​ပေါ်က အဖြူ​ရောင်​ရိုးရိုးရှင်းရှင်းအကျီပဲ ဝတ်​ထားတဲ့ LiNaက ခါတိုင်း​နေ့​တွေက ပုံစံနဲ့ မတူပဲ ဒီ​နေ့တစ်​မျိုးက​လေးချစ်​ဖို့​ကောင်း​နေသည်​။

" ဒီ​နေ့ထူးဆန်း​နေတာ..ပုံစံ​တွေဘာ​တွေ​ပြောင်းလို့.. မိတ်​ကပ်​ပါလိမ်းနည်းပုံစံ​ပြောင်းထား​သေးတာလား.."

" Waaa..သတိထားမိတယ်​​ပေါ့..ဟုတ်​တယ်​..ဒီ​နေ့ cute type​လေးလိမ်းလာခဲ့တာ..hee.."

" Sorry.. ကိုယ်​နည်းနည်း​နောက်​ကြသွားတယ်​ ​စောင့်​​နေရတာ ကြာပြီလား.."

Zhang Shen Weiကိုမြင်​​တော့ မ​ကျေနပ်​တာ​တွေ​ကြောင့်​ နှုတ်​ခမ်းကအလိုလိုဆူလိုက်​မိ​ပေမယ့်​ ဟိုလူက​တော့ သူ့ဖက်​ကိုတစ်​ချက်​​တောင်​ မကြည့်​ပဲ LiNaနှင့်​သာ စကား​ပြော​နေသည်​။

အော်​..ဒါက အဖတ်​မလုပ်​..ဂရုစိုက်​စရာမလိုဘူးဆိုတာတဲ့ အချိုးနဲ့ နည်းလမ်းအသစ်​​ပေါ့​လေ..

" Xiao jun..နင်​ဒီ​နေ့ အတန်းရှိလား.. ငါတို့​တွေ ဒီ​နေ့ ​လျှောက်​လည်​ရ​အောင်​.."

LiNaက စိတ်​အားထက်​သန်​စွာ​မေးလာ​ပေမယ့်​ Zhang shen Wei မျက်​နှာက​တော့ မဲခနဲဖြစ်​သွားသည်​။

အမ​​လေးဖြစ်​ပျက်​သွားပုံက ကျက်​သ​ရေကိုတုံးချက်​..ငါက
လဲ မင်းပါ​နေမှ​တော့ သူများအတွဲကြားထဲ ကျက်​သ​ရေအတုံးခံပြီးလိုက်​​နေမယ်​မထင်​နဲ့..

" Bae ကလဲ ဒီ​နေ့က ကိုယ်​တို့ရဲ့ 9လပြည့်​​လေ.."

ရန်​ရီကျွင်းမျက်​ခုံးတို့ မြင့်​တက်​သွားသည်​။

9 လပြည့်​ဆိုပဲ..အဲ့​တော့ Special plan ​တေဘာ​တွေ ရှိတဲ့ပုံပဲ.. အခုအချိန်​ ဒီ​ကောင့်​စိတ်​ထဲ ငါလိုက်​မှာကို အ​သေအ​ကြေစိုးရိမ်​​နေပုံပဲ..

" ဒါ​ပေမယ့်​ ကိုကိုရယ်​Xiao Jun ပါပါ​တော့ ပိုပြီး​ပျော်​ဖို့​ကောင်းတာ​​ပေါ့.. Bae တို့လဲ အတူတူတစ်​ခါမှ ​လျှောက်​မသွားဘူးတာ.. သူငယ်​ချင်း​တွေ တူတူ​လျှောက်​လည်​မယ်​​လေ..Waa ​ပျော်​စရာကြီး​နေမှာ.."

Zhang shen Weiကိုကြည့်​တာနဲ့ အ​တော်​စိတ်​ရှုပ်​​နေမှန်းသိသာလှသည်​။ Yan Yi Jun တစ်​ချက်​ပြုံးလိုက်​သည်​။ အစက လိုက်​ဖို့ စိတ်​ကူးမရှိ​ပေမယ့်​ အခု​တော့ ဟို​ကောင်​ မလိုက်​​စေချင်​​လေ..သူက ပိုပြီးကိုလိုက်​ချင်​လာ​တော့တာ..

" အင်းလိုက်​မယ်​​လေ.. နင်​နဲ့ငါလဲ အတူတူမသွားရတာကြာလှပြီ..သွားကြတာ​ပေါ့.."

" ကျစ်​..မဟုတ်​​သေးဘူး​လေ..Bae.."

ကျန်းရှန်​​ဝေးစကားဆက်​​ပြောမလို့ လုပ်​​နေ​ပေမယ့်​ LiNaက သူ့ကိုအသဲအသန်​မျက်​နှာရိပ်​မျက်​နှာကဲပြ​နေသည်​။

" သွားရ​အောင်​ပါ ကိုကိုရယ်​.. လုပ်ပာ​သွားမယ်​​နော်​.."

" " ​အေး.. မင်းသ​ဘောပဲ..မင်းကြိုက်​သလိုသာ လုပ်​​တော့.."

" Yay.. အာ့​ကြောင့်​ချစ်​​နေရတာပါဆို.."

LiNaက သူ့ကိုခုန်​ပြီးဖက်​လာသည်​။

" ငါအိတ်​သွားယူလိုက်​ဦးမယ်​.."

" ​အေး​အေး..​စောင့်​​နေမယ်​​နော်​ Xiao Jun.."

" ကိုကို့ ကို အဲ့လို​လေး​တွေ​ကြောင့်​လဲ ချစ်​​နေရတာသိလား..ရွှတ်​.."

LiNaက သူ့နှုတ်ခမ်း​​​ကို ဖျတ်​ခနဲလာနမ်း​တော့ သူသူမ နဖူးကို လက်​ညိုးနဲ့ပြန်​တွန်းလိုက်​သည်​။

" ​တော်​ပါ သူလုပ်​ချင်​တာ​တွေလုပ်​ပြီး..ဒီ​နေ့က ကိုယ်​တို့အတွက်​အ​ရေးကြီးတဲ့ ​နေ့​လေကွာ..ဘာလို့ သူ့ပါ​ခေါ်ရတာလဲ.."

" Bae က ကိုယ်​နဲ့သူ အဆင်​​ပြေ​စေချင်​လို့ပါ.. ​ကျောင်းမှာဒီအတိုင်းကြီး​တွေ့​တွေ့​နေရတာထက်​.. တစ်​​​နေရာရာအတူတူသွားတာတို့ ဘာတို့က ပိုပြီးနီးစပ်​​စေတယ်​မလား..ပြီး​တော့ သူနဲ့လဲ တစ်​​နေရာရာကို အတူတူမသွားရတာကြာလှပြီ .. Bae တို့က တခြားရက်​​တွေသွားလဲ ရပါတယ်​ ကိုကိုရဲ့.. အရင်​က ဖြစ်​ခဲ့တာ​တွေအကုန်​​မေ့လိုက်​ပြီး Bae သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့ပဲ သူ့ကိုဆက်​ဆံ​ပေးပါ​နော်​.."

သူဘာမှ ​ပြန်​မ​ပြောဖြစ်​​တော့..စိတ်​က​တော့ အ​တော်​ကြီးကိုရှုပ်​​နေဆဲ.. ဟိုကောင်​​လေးကလဲ ဘာ​တွေကြံစည်​​နေသည်​မသိ..တစ်​ဖက်​ကလူက မလိုက်​​စေချင်​တာ ထင်​ရှား​နေတာကို သူမလို့ မျက်​နှာ​ပြောင်​​ပြောင်​နှင့်​လိုက်​နိုင်​​သေးသည်​​။ ကိုးလပြည့်​အတွက်​သူစဉ်းစားထားတဲ့ အစီအစဉ်​​လေး​တွေလဲ ဒီ​နေ့တစ်​ခုမှ အ​ကောင်​အထည်​​ဖော်​ဖြစ်​​တော့မည့်​ပုံမ​ပေါ်.. ရန်​ရီကျွင်းဆိုတဲ့သူက စ​တွေ့တဲ့ အချိန်​ထဲကကို သူ့ကို နည်းအမျိုးမျိုးနဲ့ကို စိတ်​အ​နှောင့်​အယှက်​ကို ​ပေးနိုင်​ခဲ့တာ...

⭐အပိုင်း(၁၄)ဆက်​ရန်​⭐

⭐7.8.2017⭐

🍑Dream-catcherr🍑

Bạn đang đọc truyện trên: Truyen247.Pro