မျော်လင့်မထားသောပြောင်းလဲမှု
အပိုင်း(၄)
အဆောင်ကြီးကြီးကြီးတစ်ခုရှေ့က ခုံတန်းလေးမှာ Yan Yi Jun [ရန်ရီကျွင်း] ထိုင်ရင်း ဖြတ်သွားဖြတ်လာလူတို့ကို စူးစမ်းနေမိသည်။ ဒီနေ့က သူ့ရဲ့ တက္ကသိုလ်ပထမဆုံးနေ့..ကိုယ်နဲ့ သိပ်မရင်းနှီးသေးသည့်နေရာဖြစ်သည့်အပြင် LiNaနှင့်လည်း ချိန်းထားတာမလို့ သူဘာနာမည်ခေါ်မှန်းမသိသော အဆောင်ကြီးကြီးရှေ့က ထိုင်စရာနေရာတစ်ခုမှာသာ ကျောက်ချထိုင်နေလိုက်သည်။ Li Na နှင့်တွေ့ရမလို့ သူအတော်ပင် ပျော်နေသည်။ Li Na က ငယ်ငယ်လေးထဲကပင် အတော်လေးလှတာမလို့.. အခုချိန် ဘယ်လောက်များလှနေမလဲဆိုတာ သူမျက်လုံးထဲ ပုံဖော်ကြည့်ရင်းပြုံးမိသည်။ Li Na ကလည်းမလာသေးတာမလို့ သူဖုန်းနားကြတ်ကို ကောက်တတ်လိုက်ရင်း လက်ရှိရောက်နေတဲ့ ကြုံရာသီချင်းကိုသာ နားထောင်နေလိုက်သည်။ ကောင်မလေးတစ်ချို့ တစ်လေက သူ့ကိုတစ်ချက်တစ်ချက်ရှိုးသွားကြသလို တချို့က ပြုံးပြသွားကြတော့ Yan Yi Jun မြောက်ချင်ချင်ဖြစ်လာသည် ။ သူ့ရဲ့ သိပ်မရှည်လှတဲ့ အရပ်ရယ်.. ယောကျာ်းမဆန်တဲ့ ရုပ်ရည်ရယ်..Six packs မပြောနဲ့ ချပ်ချပ်ရပ်ရပ် ဗိုက်သားတို့ကိုသာ ပိုင်ဆိုင်ထားသည့် သူ့ခန္ဓာကိုယ်အပြင် အာရှတိုက်သားတစ်ယောက်ဖြစ်နေသည့်အတွက် အနောက်နိုင်ငံသူတွေကြားထဲမှာ သူဘယ်တုန်းကမှ popular မဖြစ်ခဲ့... အရှေ့နှင့်အနောက်ဆိုတာကလဲ အတော်ကိုကွာခြားလွန်းသည်မဟုတ်ပါလား.. အနောက်နိုင်ငံသူတွေက ညိုချောချောပြီး ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်တောင့်တောင့် ယောကျာ်းတို့ကိုမှ သဘောကျတတ်ကြပေမယ့် အရှေ့တိုင်းသူတွေကတော့ အသားဖြူဖြူ... ပိန်ပိန်ပါးပါးနှင့် ကိုရီးယားဒီဇိုင်းဆန်ဆန်ယောကျာ်းတွေကိုမှ ပိုသဘောကျတတ်သည်မဟုတ်ပါလား..
Yi Jun ဖုန်းကင်မရာကို သူ့ဖက်လှည့်လိုက်ရင်း ဆံပင်ကို ပုံကျအောင်ပြန်သွင်းလိုက်သည်။ အနက်ရောင်အတိုင်းအုပ်အုပ်ကလေးညှပ်ထားတဲ့ သူ့ဆံပင်ကို ခါတိုင်းနောက်မှာ pony tail လေးစီးတတ်ပေမယ့် ဒီနေ့တော့ Gel နဲ့ အသေအချာပုံသွင်းကာ ထောင်လာခဲ့သည်။
" ဒီနေ့ အတော်ကို သန့်နေတာ..အဟီး.."
Yan yi Jun မှန်ထဲက သူ့ကိုယ်သူ ကြည့်ရင်းရယ်လိုက်သည်
တကယ်တော့ မျက်အိမ်ရှည်ရှည် နှင့်မျက်တောင်နက်နက်လေးတွေရယ်..နှာတံစင်းစင်း..နှုတ်ခမ်းရဲရဲဖူးဖူးလေး နှင့်Yi Junက အတော်ကို ချောပါသည်။ အသားအရည်ကလဲ တခြားသူတွေလို သာမန်ဖြူနေတာမျိုးမဟုတ်ပဲ... ဖွေးဥနေသည်။ သူ့ကိုရုတ်တရက်ကြည့်မိလျှင် မိန်းကလေးရုပ်ဟု ထင်ချင်စရာရှိပေမယ့် သေချာကြည့်ပြန်လျှင်လည်း ယောကျာ်းလေး တစ်ယောက်၏ ချောမောမှုကို သူ့မျက်နှာပေါ်တွင်မြင်နိုင်သည်။LA မှာကျန်ခဲ့သည် သူ့သူငယ်ချင်း Sarah ကတော့.. သူ့ရုပ်က ယောကျာ်းလေးနှင့် မိန်းကလေးကြားက ရုပ်ဟုအမြဲပြောသည်။ သူ့ရဲ့မျက်နှာကျနဲ့ မျက်နှာကအစိတ်အပိုင်းတွေကယောကျာ်းလေးလို့ မြင်ရင်လဲ သူ့မျက်နှာကကြည့်လို့အဆင်ပြေသလို.. မိန်းကလေးတစ်ယောက်ဟု မြင်လိုက်ရင်လဲ.. သူ့မျက်နှာက innocent ကောင်မလေးတစ်ယောက်လို ရုပ်နဲ့ဆွဲဆောင်မှုရှိလွန်းသည်တဲ့လေ..
မိန်းကလေးအဝတ်အစားတွေ ဝတ်တဲ့အခါ..မှန်ထဲက သူ့ပုံရိပ်ကသူဝတ်တဲ့ အဝတ်အစားနှင့် ထပ်တူကျစွာပဲ..မိန်းကလေးတစ်ယောက်အတိုင်းဖြစ်သွားသည့်အတွက်.. ဒီမျက်နှာကို သူသဘောကျပါသည်။ အိမ်မှာနေရင်းသာ ကိုယ့်ဘာသာ မိန်းကလေးအကျီလှလှလေးတွေဝတ်ကြည့် ရင်း ပြောင်းလဲသွားသည့် သူ့ပုံရိပ်ကို တိတ်တခိုး သဘောကျရပေမယ့် သူအပြင်ကို မိန်းကလေးပုံစံအတိုင်းတော့ တစ်ခါမှ မထွက်ဖူးခဲ့..
အဲ့လိုလုပ်ဖို့လည်း ယုံကြည်မှု..ရဲရင့်မှုနှင့် သတ္တိတွေ အလုံအလောက် သူ့ဆီမှာ မရှိသေးပါဘူး..
"..ဒါက စိတ်ကုန်စရာကောင်းလောက်အောင် လွဲမှားနေတာပဲမဟုတ်လား.."
သူ့အဖြစ်ကို သူပြန်တွေးမိသွားတာမလို့ Yi Jun မျက်နှာညိုးသွားသည်။
ဘယ်သာမန်ယောကျာ်းလေးကမှ မိန်းကလေးအကျီလှလှလေးတွေ မြင်တိုင်း လိုချင်စိတ်..သဘောကျစိတ်..ဝတ်ချင်စိတ် ပေါက်မှာမဟုတ်ပါဘူး.. ငယ်ငယ်တုန်းက Li Na အကျီလှလှလေးတွေ ဝတ်တိုင်း သူလဲ ဝတ်ချင်မိလို့အမေကို
သဘောတကျပူဆာမိသည့်အခါတိုင်း အမြဲအရိုက်ခံခဲ့ရသည်..အဲ့ဒီ့တုန်းက သူဘာကြောင့်အရိုက်ခံရလဲ မစဉ်းစားတတ်အောင်ဖြစ်ခဲ့ပေမယ့် ရိုက်ခံရတာများတော့ သူပူဆာဖို့ကို ကြောက်ခဲ့မိသည်။ အဲ့ထက် နည်းနည်းကြီးလာတော့ သာမန်ယောကျာ်းလေးတွေနှင့် မတူသည့် သူ့စိတ်ကို သူပြန်ကြောက်မိခဲ့သည်။ သူအကြိမ်ကြိမ်အမျိုးမျိုးကြိုးစားပေမယ့် ရင်ထဲက မြတ်နိုးမှုတို့က ဘယ်တုန်းကမှ ပျောက်မသွားခဲ့တာမလို့ သူနောက်ဆုံးတော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို
လက်ခံခဲ့ရသည်။ မိန်းကလေးအဝတ်အစား ဝတ်လိုက်သည့်အခါ..ကိုယ့်ကိုကို ပိုယုံကြည်မှုရှိသလို.. ပျော်ရွှင်မှုကို ခံစားရသည်။ သူမဟုတ်တဲ့ အခြားသူတစ်ယောက် ဖြစ်သွားသလို ခံစားချက်ကလဲသူ့ကိုစွဲလန်းစေသည်။ဒါပေမယ့် သူက မိန်းမစိတ်ပေါက်နေတဲ့ .ယောကျာ်းတစ်ယောက်တော့မဟုတ်ခဲ့.. သူ့ရဲ့ သွားလာလှုပ်ရှားဟန်တွေမှာလဲ.မိန်းမဆန်မှုကို ..ရှာဖွေတွေ့နိုင်မှာမဟုတ်သလို.. သူယောကျာ်းလေးတွေကိုလဲ သဘောမကျ..သူက မိန်းကလေးအဝတ်အစားကို စွဲလမ်းတတ်တာကလွဲရင်သူက သာမန်ယောကျာ်းလေးတစ်ယောက်သာဖြစ်သည်။ ဒါပေမယ့် သူက ဒီလိုပါဆိုပြီး လူတွေကို ချပြဖို့တော့ သတ္တိမရှိသည့်အတွက် ထို Cross Dressing ကိစ္စက သူတစ်ယောက်ထဲ သိသည့် လှို့ဝှက်ချက်တစ်ခု အဖြစ် အခုထက်တိုင် တည်ရှိနေသည်။
"ဟိတ်.."
သူ့ရှေ့က ခေါ်သံကြားတော့ မော့ကြည့်လိုက်တော့ ခပ်ဟော့ဟော့ ကောင်မလေးတစ်ယောက်က သူ့ကိုပြုံးကြည့်နေသည်။ကောင်မလေးကမီးခိုးရောင်ဆံပင်ကို ဂုတ်ဝဲလောက်ကိုမှ.. တစ်ဖက်တို တစ်ဖက်ရှည်ပုံစံ ညှပ်ထားသည်။ Eyeliner ကိုမျက်လုံးအစွန်းထိကော့ထားသလို... နှုတ်ခမ်းနီကလဲ ရဲတောက်နေသည်။ ကောင်မလေးက အတော်လှပေမယ့် ဒီလိုပိုစံမျိုးက သူ့ideal type တော့မဟုတ်..
" ဘာလဲဟာ.. နင်က ငါ့ကိုမမှတ်မိဘူးလား.. ငါ့မှာတော့ နင့်ကိုမြင်မြင်ချင်းနင်မှန်းတန်းသိတယ်.."
ကောင်မလေးစကားကြောင့် Yi Jun မျက်လုံးပြူးသွားသည်။ ခုနထဲက ဒီတစ်ယောက်မျက်နှာကို ရင်းနှီးနေတယ်ဟု ခံစားမိပေမယ့် ဘယ်မှာသူမြင်ဖူးမှန်း.. သူစဉ်းစားလို့ မရခဲ့..
" Li Na? တကယ်ကြီးနင်လား.."
" Li Na မဟုတ်ဘူးဟေ့..သူ့အမွှာညီမသိလား..Xiao Jun နော်..ငါနင့်အသံကို မမှတ်မိလို့ ငါ့ကို ပြန် ပညာပြတာလား.."
Yan yi Jun တစ်ယောက်..Li Na ဆံပင်တွေကို ဟိုမ သည်မလုပ်ရင်း
"အမလေး နင့်အသံကြားလို့သာ ယုံလိုက်ရတယ်.. ငါအခုထိ အရင်နင့်ရုပ်နဲ့ အခုရုပ်ကို စပ်ဆက်လို့ကို မရသေးဘူး.."
Yan Yi Jun လက်ဖျားခါမိသည် အထိ အံ့သြမိသည်။ ငယ်ငယ်တုန်းက အနေအေးပြီး ရိုးရှင်းသည့် သူမက အခုတော့ အဝတ်အစား..အနေအထိုင်..အပြင်အဆင်..အစစအရာရာတိုင်းကို ပြောင်းလဲသွားခဲ့တာ..
" ငါက ပြင်တတ်ဆင်တတ်လာရုံလေးပါ..အဟီး..နင့်သူငယ်ချင်းပိုလှလာတယ်မလား.."
Li Na စကားကြောင့် သူခေါင်းကို စိတ်ပျက်လက်ပျက်ခါရမ်းလိုက်သည်။
" ဝတ်ထားတာလဲ ကြည့်ပါဦး.. ဘောင်းဘီက ပေါင်ရင်းတက်ကပ်တော့မယ်..."
" ဟဲ့ အကောင်စုတ်.. အဲ့လိုကြီး တိုက်ရိုက်ပြောစရာလားဟဲ့.. မိန်းကလေးတွေရဲ့ စိတ်ကို တစ်စက်မှလဲ မသိဘူး..အဲ့ဒါကြောင့် နင်အခုထိ ရည်းစားမရသေးတာ.."
ပြောရင်းနဲ့ Li Na က သူ့လက်မောင်းကို တစ်ဖျတ်ဖျတ်လာရိုက်သည်။
" တော်တော့ .. နာတယ်ဟ..သူများကို တဖတ်ဖတ် ရိုက်တတ်တဲ့ အကျင့်ကတော့ အခုထိ မပျောက်သေးဘူးပဲ.. ငါက ရည်းစားမရတာ မဟုတ်ဘူး.. မထားတာ.. မထားတာ ရှင်းပြီလား..နင်လိုကောင်မလေးတွေနဲ့ တွေ့မှာစိုးလို့.."
" မယုံပေါင်.."
" မယုံလဲ နေပေါ့.."
" ထားပါ..ရောက်နေတာကြာပီလား.. ငါနည်းနည်းနောက်ကျသွားတယ်.. Sorry.. "
" " ရပါတယ်.. သိပ်မကြာသေးပါဘူး... ဒီနားထိုင်နေရင်း ဟိုဟိုသည်သည်ကြည့်နေတာ... စိမ်းစိမ်းစိုစိုနဲ့ ဆိုတော့ မျက်လုံးအေးတယ်.."
" နင် ကျောင်းကို လှည့်ပတ်ကြည့်ပြီးပြီလား.. နင့်အဆောင်ဖတ်ကိုရော ရောက်ပြီးပြီလား.. နင်တို့အဆောင်နားက ပိုတောင်လှသေးတယ်ဟ.. နင်တို့အဆောင်ပေါ်က ကြည့်ရင် ရှုခင်းက လုံးဝအဖိုင်းပဲ.."
" ငါဘယ်မှကို မရောက်သေးတာဟ.. စာအုပ်လဲ မထုတ်ရသေးဘူး..နင်က စောင့်နေဆိုလို့ ထိုင်စောင့်နေတာ.."
" ဒါမျိုးကြ စိတ်ချရတယ်.. "
Li Na ရဲ့ မျက်စောင်းတစ်ချက်က သူ့ဆီရောက်လာတော့ သူသွားဖြီးပြလိုက်သည်။ သူမကို ကြည့်ရသည်ကို အခုထိ သူကျင့်သားမရသေး.. အရင်က Li Na ရဲ့ သိမ်မွေ့နူးညံမှု .. အေးဆေးမှုတွေ သူမထံတွင် ရှာမတွေ့နိုင်တော့..သူမပုံစံက သွက်လက်ရဲတင်းလွန်းလှသည်။ လူတစ်ယောက်က တခြားလူတစ်ယောက်ပုံစံ ဖြစ်သွားသည်အထိကို လွယ်လွယ်ပြောင်းလဲ နိုင်ကြသည်လား..
" Xiao Jun ထထ..ငါ ဗိုက်ဆာတယ်.. ကန်တင်းသွားရအောင်.. ပြီးရင် နင့်ကို ကျောင်းအနှံ့လိုက်ပြပေးမယ်.."
" " ဟာ..တစ်ကယ်ရီး.. နင်အရပ်ဒီလောက်ပဲ ရှည်တယ်ပေါ့ Xiao Jun..ငါက နင့်ကို အရပ်ရှည်လာမယ်ထင်ထားတာ.."
သူခုံတန်းလေးပေါ်က ထလိုက်သည့်အချိန်မှာ..Li Na က သူ့ဘေးကို ဖျတ်ခနဲရောက်လာပြီး သူနှင့် အရပ်လာတိုင်းနေသည်။
" အမလေး.. မမရယ်.. မသိရင်ငါက 5ပေပတ်လည်ပဲ ရှိတဲ့ လူပုလေးကြလို့.. နင့်ထက်တော့ အများကြီးရှည်ပာ သေးတယ်.."
" ဒီမှာကြည့် ငါနင့် နားရွက်လောက်ရောက်တယ်တွေ့လား.. အလွန်ဆုံးကွာ သုံးလက်မပဲရှိမှာ.. နင့်အရပ်ဘယ်လောက်လဲ "
Yan YiJun [ရန်ရီကျွင်း] စိတ်မပါလက်မပါလေသံဖြင့်
" 5 ပေ 9"
" ငါတောင်5ပေ6ရှိတယ် haha Xiao Jun လေးသနားပါတယ်.."
Li Na က သူ့ကို ပြောင်စပ်စပ်ရုပ်လုပ်ပြနေသည်။
" ငါဒေါက်ဖိနပ်စီးရင် နင့်ကို အသာလေးမှီတယ်..သိလား ကောင်လေး.. "
" "တော်စမ်းပါ.. "
" ငါ့ဘဲဘဲဆိုရင် 6 ပေ 3 တောင်ရှိတယ်သလား.. သူဖက်လိုက်ရင် ငါ့တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲ နစ်ဝင်သွားတာ.. "
Li Na စကားကို သူမကြားဟန်ပြုရင်း Yi Jun လမ်းသာ ဆက်လျှောက်လာခဲ့သည်။ Li Na ကို တွေ့တွေ့ချင်းထဲက သူ့ရင်ထဲဘယ်လိုမှမနေ.. ကြည့်ရတာ..လူပျိုပေါက်ဘဝကစိတ်ကစားမှုတွေက လူပျိုပေါက်ဘဝမှာပဲ
ကျန်ခဲ့သည် ထင်ပါရဲ့.. အဲ့ဒါကလဲ လက်ရှိချစ်သူရည်းစားရှိနေတဲ့ Li Na အပေါ်သူရိုးသားနိုင်မည့်အပြင် သူတို့ကြားက Friendshipကိုလည်း ဖြူစင်နိုင်မည့်အတွက် ခပ်ကောင်းကောင်းပင်မဟုတ်ပါလား..
" အင်.. ကိုကို ရောက်နေပြီလား..
အင်း.. Bae တို့က ခါတိုင်းထိုင်နေကြ Canteen မှာပဲ..
ကို့ကို မိတ်ဆက်ပေးရမယ့် သူလဲ ရှိတယ်..
အင်းပါ..အင်းပါ.. ကိုကိုသာ မြန်မြန်လာခဲ့နော် Bae က အရမ်းကို လွမ်းနေတာ..
Oki ဒါပဲနော်.. Wait နေတယ်.."
ခါတိုင်းသူနဲ့ပြောနေကြအသံမဟုတ်ပဲ ချွဲညုညုအသံကြောင့် Yan Yi Jun မျက်နှာတစ်ချက်မဲ့မိသည်။ ဘယ်လိုကြောင့်လဲတော့ မသိပေမယ့် မိန်းမတွေရဲ့ အီစီကလီလို အသံမျိုးရယ်.. ယောကျာ်လေးတွေ သူတို့ကောင်မလေးတွေနဲ့ ဖုန်းပြောတဲ့အခါ ဖြစ်သွားတဲ့ ကြာကူလီလို အသံမျိုးကို သူအတော်လေး အမြင်ကတ်မိသည်။
" နင်ကတော့ ဆေးမမီတော့ဘူး.."
" ဘာလဲ မနာလိုတာလား.. မနာလိုရင်လဲ ကောင်မလေးတစ်ယောက်လောက်ရှာ.."
" တော်စမ်းပါ.. သူများအတွဲတေ မြင်တာနဲ့ကို စိတ်ကုန်နေပြီ.."
" နင့်ကို ကိုကိုနဲ့ မိတ်ဆက်ပေးမယ်.. သူက ပေါင်းရ သင်းရခက်တဲ့သူလို့ ထင်ရပေမယ့် တကယ်ပေါင်းကြည့်ရင် စိတ်ရင်းအရမ်းကောင်းပြီး သူငယ်ချင်းတွေအပေါ်ဆို အရမ်းဂရုစိုက်တတ်တာ.."
အမှန်အတိုင်း ပြောရရင်.. Yan yi Jun .. LiNa ရည်းစားဆိုသူကို တွေ့ချင်သည်တော့မဟုတ်.. တစ်ယောက်ယောက် မိတ်ဆက်ပေးလို့ ခင်ရတာတွေက နည်းနည်းကြောင်တောင်တောင် နိုင်သည်လို့ သူထင်မိသည်။
" ကိုကို Bae တို့ဒီမှာ.."
Li Na လက်လှမ်းပြနေတဲ့ ဖက်ဆီကြည့်လိုက်တော့ သူမြင်လိုက်ရတဲ့ လူတစ်ယောက်ကြောင့် သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားသည်။ အဲ့ဒီ့လူက သူအရင်လက ဟိုတယ်မှာတွေ့ခဲ့သည့် မိန်းမလိုက်စားပြီး အချိုးတစ်စက်မှ မပြေသည့် နာမည်က Zhang ဘာဆိုလား ဆိုတဲ့သူ..အခု အဝတ်အစားနဲ့ ဘာနဲ့ဖြစ်နေပေမယ့် ဒီလူက အဲ့နေ့ကသူတွေ့ခဲ့သည့် သူဆိုတာကို သူအသေအချာမှတ်မိနေသည်။ မဖြစ်နိုင်တာ.. အဲ့လူက Li Na ရဲ့ ရည်းစားတော့ မဟုတ်ဘူးမလား..
သူတွေးနေရင်းပင် အဲ့လူက သူတို့ဖက်ဆီ လျှောက်လာတာမို့ Yan Yi Jun မျက်ခုံးတို့ ပိုပိုတွန့်ချိုးလာသည်။ ဘာလို့ ဒီဖက်လျှောက်လာတာလဲဟ..
သူနဲ့ အဲ့ဒီ့လူ မျက်လုံးချင်းဆုံသွားတော့ Zhang Shen Wei [ကျန်းရှန်ဝေး] ရဲ့ မျက်နှာမှာ ဒေါသလိုအရိပ်အယောင်နဲ့ အံ့သြမှုလို အရိပ်အယောင်တွေပေါ်လာသည်။ မျက်ခုံးထူထူ နှစ်ခုကလဲ Yan Yi Jun နည်းတူ တွန့်ချိုးလာသည်။
" ကိုကို..Bae က အရမ်းကို သတိရနေတာသိလား.."
ခုံပေါ်က ထသွားလိုက်ရင်း ထိုZhang မျိုးရိုး ရင်ခွင်ထဲကို ပြေးဝင်သွားသည့် Li Na ကြောင့် Yan Yi Jun တစ်ကိုယ်လုံးက သွေးတို့ ငယ်ထိပ်စောင့်တက်သွားသလို ခံစားလိုက်ရသည်။
" ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ.."
=====>
✨😁 ဆက်ရန် ✨
✨ လူဇိုးရီးနဲ့ ဟိုကောင်လေးတော့ နောက်တစ်ကြိမ်တွေ့ကြပြန်ပီ.. နောက်ထပ် ဘယ်လို စိတ်ဝင်စားစရာတွေ ဖြစ်လာမလဲ 😁 .. ဒီလို type တေ သိပ်မရေးတတ်ပေမယ့် ကြိုးစားရေးနေပါတယ်လို့ 😘✨
🌟19.6.2017🌟
Bạn đang đọc truyện trên: Truyen247.Pro