ထင်မှတ်မထားသောဖြစ်ရပ်တစ်ခု
အပိုင်း(၃၆)
LiNa တစ်ယောက် သူ့ weibo က comment တွေဖတ်လိုက် လည်ပင်းက ဆွဲကြိုးလေးကို စမ်းလိုက်လုပ်နေရင်း သဘောတကျပြုံးနေသည်။
" မိုးနတ်မင်းကြီးကမတရားဘူး..ဘာလို့ပြီးပြည့်စုံတဲ့ ကောင်လေးတွေက ကောင်မလေးချောချောလေးတွေအတွက်ပဲ ဖြစ်ရတာလဲ 😢😢 အဲ့လိုကောင်လေးမျိုးကိုရမယ်ဆိုရင် Gobi သဲကန္တာရကို ခြေဗလာနဲ့ဖြတ်ရဖြတ်ရ 😐😐 "
post အောက်က ပေါက်ကရ top comment ကိုအသံထွက်ဖတ်လိုက်ပြီးသူရယ်လိုက်သည်။ထိပ်ဆုံးက like အများဆုံးရထားသည့် comment တွေကလဲ သူတို့ဘယ်လောက်လိုက်ဖက်ကြောင်း ထာဝရလက်တွဲသွားနိုင်ကြစေကြောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ရေးထားတာတွေချည်းပင်။ Zhang Shen Wei လိုလူကို ပိုင်ဆိုင်ထားလို့ အားကျမိကြောင်းတွေ မြင်ရလေ..သူပို၍ ဂုဏ်ယူမိလေ။ တစ်လောကလုံးကို ဒီလူက သူ့အပိုင်ပါလို့ကို လိုက်ကြွားပစ်ချင်တော့တာ။ ။
" အမလေးNaNa ရယ်...ပါးစပ်က နားရွက်တက်ချိတ်တော့မယ်..ဘာတွေများအဲ့လောက်သဘောကျနေတာလဲ.."
"ဖတ်ဦးမလား.. သိပ်ကိုလိုက်ဖတ်ညီပြီး ချစ်စရာကောင်းလွန်းတဲ့ အတွဲလေးတစ်တွဲအကြောင်းရေးထားတာတွေဖတ်နေတာ.."
သူရယ်ကျဲကျဲပြောတော့ Qiao Lian က သူ့ကိုမျက်စောင်းပြန်ထိုးပြသည်။
" အတွဲလေးတွေနဲ့သူတွေကတော့ ကြွားထားဦးပေါ့ကွာ.. FA မလေးကတော့ အားကျရုံမှတစ်ပါး.."
" FA ?? နင်အခုတွဲနေတဲ့တစ်ယောက်နဲ့ ပြတ်သွားပီလား..ငါတောင်မသိလိုက်ရပါလား.."
" ဘယ်ကသာ..မနေ့ညကတင် အချစ်တိုက်ပွဲဆင်နွှဲခဲ့သေးတယ်..ငါပြောတဲ့ FA က Fallen Angel လေးကိုပြောတာ...😝"
" အယ်..နင်တို့ကိုတော့ တကယ်မနိုင်ဘူး..မပြောရဲတာ ရှိမှရှိရဲ့လားဟေ..မိန်းမတေ.."
ရယ်သံတွေက သူတို့အနားတစ်ဝိုက်တွင် ပျံ့လွှင့်သွားသည်။
" နားကတ်နဲ့..ဆွဲကြိုးလေးက အပြင်မှာပိုလှသားပဲ..နင်တင်ထားတုန်းက နည်းနည်းမှိန်နေတာ.."
Zhang Shen Wei အရင်နေ့က စိန်နှင့် ရွှေဖြူ ရောထားသည့် ဆွဲကြိုးနှင့် နားဆွဲတစ်ဆင်စာကို သူတို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်လက်ဆောင်အဖြစ်ပေးခဲ့သည်။
" မင်းက ကိုယ့်ရင်ထဲမှာအမြဲတမ်းအမှတ်တရဖြစ်နေမယ့် မိန်းမတစ်ယောက်ပါ..ကိုယ့်ဘေးမှာ အချိန်တိုင်းရှိနေခဲ့ပေးလို့ကျေးဇူးပါကွာ..မင်းကို ကိုယ်ဘယ်လောက်သဘောကျလဲ သိတယ်မဟုတ်လား Bae "
သူ့ပါးကို ဖွဖွလေးကိုင်ခဲ့ပြီး Zhang Shen Wei သူ့ကိုပြောခဲ့သည့်စကားတွေက အခုထိ သူ့ရဲ့နားထဲက မထွက်။ နူးညံ့ပေမယ့် နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေပါနေသယောင်အကြည့်တွေက သူမစိတ်ကို လှုပ်ရှားစေသည်။ နူးနူးညံ့ညံ့စကားသံတွေ...အနမ်းချိုချိုတွေက ပြန်တွေးမိတိုင်း သူမကို ရင်ခုန်စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ အချိန်တွေကြာလာလေလေ..သူ့ Zhang Shen Wei ကို သိပ်ချစ်မိနေပြီဆိုတာ ပိုပိုသေချာလေလေ..
" အခုတော့ ကျွန်မက ရှင့်ကြောင့်ရူးနေရတဲ့ အချစ်ရူးမလေးပေါ့.."
********
သူ့ရှေ့တွင်ခေါက်ဆွဲကို အားရပါးရ စားနေသည့်ကောင်လေးကိုကြည့်ရင်း Xu Feng(ရွှီဖုန်း) အလိုလိုပြုံးမိသည်။
" ဖြည်းဖြည်းစားပါကွာ..ဘယ်သူမှ လုမစားပါဘူး.."
" ဖူး..ဒါက ဆက်တိုက်စားမှ သိပ်မစပ်တာ Ge ရဲ့..ရပ်လိုက်ရင် ပူထူလာရော.."
Yi Jun က စားတာကို ရပ်လိုက်ရင်း သူ့ကို အမြန်ပြောသည်။ လက်တစ်ဖက်က သူ့မျက်နှာကိုသူ ခပ်နေရင်း ပျာလောင်ခတ်နေသည့် ပုံစံလေးက ချစ်စရာ။
" အရမ်းစပ်တာကို ဘာလို့စားတာလဲကွာ..ကိုယ့်ဒုက္ခကိုယ်ရှာပြီး..ရော့.."
ဖန်ခွက်ထဲကို ပဲနို့ဘူးထဲက ပဲနို့တစ်ချို့လောင်းထည့်လိုက်ရင်း Yi Jun ကိုပေးလိုက်သည်။ ပဲနို့တစ်ငုံပြီး တစ်ငုံသောက်ပြီးတာတောင် သိပ်စပ်နေသေးပုံပေါ်ပေမယ့် ကောင်လေးက ပန်းကန်ထဲက ခေါက်ဆွဲကို လက်လျော့လိုက်မည့်ပုံမရ။
" Yi Jun..တစ်လုတ်လောက်..အာ..."
ဂိမ်းဆော့နေသည့် Li Hong Yi ကို Yi Jun က မခွံ့ချင်ခွံ့ချင်နှင့် ပါးစပ်ထဲ ထည့်လိုက်တော့ Li Hong Yi မျက်နှာရှုံ့မဲ့သွားသည်။
" စပ်လိုက်တာ..Double Spicy ကြီးလား.."
" omm ရိုးရိုးဆိုရင် တစ်ထုတ်ကုန်အောင်မစားနိုင်ဘူး အီလို့.."
" ငါဖို့ တစ်ထုတ်လုပ်ပေးဦး.."
" ခွေးကောင် ခုနက မေးနေတုန်းကကြ မကြားသလိုကြားသလိုနဲ့.."
" battle ဝင်နေတာကိုးကွ..ဟီးလုပ်ပါ..JunJun လေးကလဲ.."
"မသိဘူး..ငါစားပြီးမှ လုပ်ပေးမှာ.."
မကျေနပ်လို့ ခပ်စူစူဖြစ်နေသည့် နှုတ်ခမ်းလေးတွေက အစပ်စားထားသည့် အရှိန်ကြောင့် နီထွေးနေသည်။ Yi Jun နှုတ်ခမ်းတွေ ကိုကြည်ရင်း Xu Feng ရေငတ်လာသလို ဖြစ်လာသည်။ ဒီကောင်လေးအပေါ် သူ့ခံစားချက်တွေကို အခုထိ အဖြေရှာမရ။ ရင်ခုန်သည်မဟုတ်ပေမယ့် Yi Jun နှင့်အတူရှိနေတိုင်းတော့ သူ့နှလုံးသားက နွေးထွေးနေတတ်သည်။ ဒီကောင်လေးကို သူ့မျက်စိထဲမှာ ကလေးပေါက်စနသာသာ ပဲမြင်နေပြီး သူက ကာကွယ်ပေးချင်သူကြီးကို ဖြစ်နေတော့တာ။
" ရူးပ.."
သူ့လက်တွေက သူမသိလိုက်ခင် Yi Jun နှုတ်ခမ်းလေးဆီရောက်သွားတော့ သူ့ကိုယ်သူအံ့သြ သွားသည်။
" ဟင်.."
မျက်လုံးလေးဝိုင်းသွားတဲ့ ကောင်လေးကို မြင်တော့ သူချွေးပြန်ချင်သွားပေမယ့် အပြုံးတစ်ခုကို နှုတ်ခမ်းတွေပေါ်ကောက်တင်လိုက်ရင်း..
" စားတာကလဲ ကလေးကြနေပဲ.. ပေပွနေတာ...အာပေတူးလေး.."
" ဟီး..စပ်တာနဲ့ကို သတိမထားမိတာ..xie xie Ge.."
YIJun ပုံစံက လုပ်ယူနေတာမဟုတ်ဘဲ အမှန်တကယ်ကို သူပြောတာယုံမှန်းသူသိနေသည်။ဘယ်လောက်တောင် တုံးတဲ့ ငတုံးလေးလဲ..။ ဒီလိုကောင်လေးကို Zhang Shen Wei ဆော့ကစားချင်သလို ဆော့ကစားမှာကို သူဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲလေ။
" Ge ရောစားမလား..ကျွန်တော်လုပ်ပေးမယ်လေ.."
သူ့ကိုကြည့်နေတာ နည်နည်းကြာသွားလို့ထင်သည်။ ကောင်လေးက စားလက်စလေးနှင့် ခေါင်းမော့ကြည့်လာသည်။ Xu Feng ပြုံးကာ ခေါင်းရမ်းပြလိုက်သည်။
" စားပါဗျာ..ခင်ဗျားလေးသာ အဝစားပါ..အရမ်းစပ်နေဦးမယ်..ပဲနို့ရော သောက်ဦး.."
သူကြည့်တာကို ဒီကောင်လေး အဓိပ္ပါယ်လျှောက်ကောက်သွားလေသလား..ငတုံးလေးလေ.. တကယ့်ကို ငတုံးလေး..
********
Yi Jun ကျောင်းရောက်လို့ သူထို်င်နေကြ ခုံဝိုင်းလေးမှာထိုင်နေရင်း Li Hong Yi ကိုစောင့်နေတုန်း သူ့ဆီကို Wang Zi Yu [ဝမ်ဇီယွီ] ဆီက ဖုန်းဝင်လာသည်။ အဲ့ကောင်မလေးနဲ့ သူနဲ့အတော်ရင်းနှီးနေပြီဆိုပေမယ့် ဖုန်းတော့ပြောခဲကြသည်။ မှတ်မှတ်ရရ သူတို့ ဖုန်းပြောဖြစ်တာဆိုလို့ နှစ်ခါလားပင် ရှိဦးမည်။
" Wei.."
" Yi Jun လား..တို့မင်းကိုပြောစရာရှိလို့..အခုကျောင်းရောက်ပြီလား.."
" အင်း..ရောက်ပြီရော်..ဘာလို့လဲ.."
"အဲ့ဒါဆိုရင်..Zi Yu တို့အဆောင်ဖက်ကို လာခဲ့ဦး..မင်းသိတယ်မလား Locker တွေဖက်လေ..Zi Yu လဲအခုဘာလုပ်ရမှန်းကို မသိလို့ မင်းဆီဖုန်းဆက်လိုက်တာ..Shen Wei Ge က အခုမှလာတုန်းဆိုလို့..စိတ်တွေလဲ ညစ်ပါတယ်.."
အတော်လေးကို စိတ်ရှုပ်နေပုံရတဲ့ Zi Yu အသံကြောင့် သူစိတ်ပူသွားသည်။
" ဘာဖြစ်လို့လဲ..LiNa နဲ့ တခြားသူတွေရော မရှိဘူးလား.."
"မဟုတ်ဘူး.. တို့ဖြစ်တာမဟုတ်ဘူး..LiNa ကိစ္စ။ ရောက်မှသာကြည့်တော့..အာ..Feng Ge ရောက်လာပြီ ဒါပဲနော်.."
Yi Jun ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ရင်း သူ LiNa တို့အဆောင်ရှိရာဆီကို အပြေးကလေးသွားလိုက်သည်။ LiNa တစ်ခုခုများဖြစ်တာလားဆိုသည့် စိတ်ကြောင့် သူ့တစ်ကိုယ်လုံးပင် ပူထူနေသည်။
သူ Locker တွေဖက်ရောက်တော့ လူစုစု စုစု ဖြစ်နေတာတွေ့လိုက်ရ၍ ရင်ထဲ ထိတ်သွားသည်။ သူခြေလှမ်းကျဲတွေနဲ့ အဲ့နားရောက်သွားတော့ Zi Yu က သူ့ကိုအရင်မြင်သည်။
" ရောက်ပြီလား.."
" ဘာဖြစ်တာလဲ LiNa ရော.."
သူမောနေသည့်ကြားက အသက်မရှုတမ်းမေးရင်း ဘေးဘီဝေ့ကြည့်လိုက်တော့ LiNa ရပ်နေတာကို သူတွေ့လိုက်ရသည်။
" ဟင် Xiao Jun ဘယ်လိုလုပ်ရောက်လာတာလဲ.."
" ဘာဖြစ်သွားသေးလဲ ..ဘာဖြစ်တာလဲ..စိတ်ပူလိုက်ရတာဟာ.."
" ငါ သူ့ဆီဖုန်းဆက်လိုက်တာ..."
" နင်ကလဲဟာ..ဘာမှမဟုတ်တာကို ဆက်လိုက်သေးတယ်.. ဘာမှမဖြစ်ပါဘူး Xiao Jun ရဲ့..ဒီအတိုင်း လက်အငြိမ်မနေနိုင်ကြတဲ့သူတွေ လုပ်သွားတာနေမှာပါ.."
LiNa မေးငေါ့ပြတဲ့ဖက်ကြည့်လိုက်တော့..သူမ Locker က ပွင့်နေသည်။ အထဲက စာအုပ်တွေလဲ စုတ်ပြဲနေသလို ရေလောင်းခံထားရ၍ အိကျနေသည်။ အဝဝတ်တစ်ချို့ကလဲ ကတ်ကြေးနဲ့ အစုတ်အဖြဲခံထားရပုံပေါ်သည်။ အဆိုးဆုံးက Locker မှာ မွစာတတ်အောင် ရေးထားသည့် "အမျိုးယုတ်မ"တို့ " ချက်ချင်းသေပါစေ" တို့ ကျိန်ဆဲသည့်စာတွေ။
"Wtf..ဒါနင့် Locker လား..ဘယ်သူက လုပ်ရဲတာလဲဟာ..မဟုတ်သေးပါဘူး.."
Feng Ge ကတော့ စာရွက်တွေကို အမှိုက်အိတ်ထဲ ထည့်နေရင်း သူ့ကို မော့ကြည့်လာသည်။
" ကိုယ်လဲ မြင်မြင်ချင်းတုန်းက အရမ်းအံ့သြ သွားတာ..ဒီလုပ်ရက်ကြီးက ကလေးဆန်ပြီး စိတ်ကုန်ဖို့ကောင်းလွန်းတယ်"
" ရပါတယ်..ဘာမှမဖြစ်ပါဘူး..ကွယ်ရာမှာပဲ ကိန်ရဲတဲ့ အမျိုးယုတ်လေးတွေနေမှာ..hk.."
ဘာမှမဖြစ်ဘူးသာပြောနေပေမယ့် LiNa က လက်ပိုက်ထားရင်း..လက်တစ်ဖက်က လက်သည်းကို ခပ်ဖွဖွလေးကိုက်နေသည်။LiNa ကစိတ်လှုပ်ရှားရင် လက်သည်းကိုက်တတ်သည့်အကျင့်က အခုထက်ထိ ပြောင်းလဲသေးပုံမရ။
" နင်ဒါ..ဘယ်သူလုပ်တာလို့ထင်လဲ..ဒါကြီးက လုပ်တဲ့သူကိုဖော်ပြီးသူ့အပြစ်သူ သိအောင်ကို လုပ်ပေးရမှာ.."
" ငါမသိဘူးဟာ..အရင်ကလဲ တစ်ခါမှ ဒါမျိုးမဖြစ်ခဲ့ဖူးဘူး..ငါ့ကို သေစေချင်တဲ့အထိတောင် မုန်းတဲ့သူရှိနေတာလား.."
" နင့်လိုမိန်းကလေးမျိုးကို ဘယ်သူက အဲ့လိုသဘောထားမှာလဲဟာ..လျှောက်မတွေးနဲ့..ဒါက စိတ်အနှောင့်အယှက်ဖြစ်အောင် ခြောက်လုံးပဲနေမှာပါ..စိတ်ထဲမထားနဲ့..သွားတော့..ဒါတွေအကုန် ငါတို့ရှင်းထားလိုက်မယ်..လုပ်တဲ့သူကိုလဲ သေချာပေါက်ဖော်ပြီး နင့်ကိုပြန်တောင်းပန်ခိုင်းမယ်.."
ဘေးနားက ကျောင်းသူကျောင်းသားတွေက စုရုံးရုံးနှင့် တယောက်တပေါက်ပြောနေကြသလို ဓာတ်ပုံရိုက်သူကလဲ ရိုက်နေကြသည်။
" Shit..!!"
ထွက်သွားသည့် LiNa နောက်ကျောကို ကြည့်ရင်း Yi Jun သက်ပြင်းချလိုက်သည်။ Locker မှာ ရေးထားသည့် ကျိန်ဆဲစာတွေက တကယ်ပင်မနည်းမနော။ ဘယ်သူက ဒီလို အောက်တန်းကျတဲ့ လုပ်ရက်မျိုးကို လုပ်ရဲတာလဲ ။
" Feng Ge ဖယ်တော့..ကျွန်တော်ပဲ လုပ်လိုက်တော့မယ်.."
" ရပါတယ်..ကိုယ်က လုပ်လက်စနဲ့..."
" ဘယ်လို ထင်လဲ Ge ရာ..LiNa စိတ်အတော်ရှုပ်သွားတယ်ထင်တယ်..Text book တွေအကုန်ပါတယ်ထင်တယ်..စာအုပ်တွေကလဲ Note စာအုပ်တွေရောပဲ.."
" ကိုယ်ထင်တာတော့..ဒီလို အောက်တန်းကျကျတိုက်ခိုက်တာ ယောကျာ်းလေးတစ်ယောက်တော့ မဖြစ်နိုင်ဘူးထင်တာပဲ.."
" cctv တွေ ပြန်ကြည့်ရင်တော့ ရတယ်ထင်တယ်နော်.."
" အင်း..ဒါတွေရှင်းပြီးရင် ဆရာမတွေဆီကို အရင်သွားအကြောင်းကြားရအောင်.."
တစ်စုံတစ်ယောက်ကတော့ LiNa အပေါ်ညိုးနေသည်မှာ သေချာနေပြီမလို့ LiNa ကို သူအတော်စိတ်ပူမိသည်။ လက်တွေ့အထိ လုပ်ရဲပြီးသူများကို ဒုက္ခပေးရဲသည့်သူဆိုတာက တွေးကြည့်ရုံနဲ့တင် အတော်ကို စိတ်ပူစရာကောင်းသည်မဟုတ်ပါလား။
🌟 အပိုင်း(၃၇)ဆက်ရန် 🌟
ဒီတစ်ခါကတိတည်သယ်နော် 😝 ချစ်စရာမကောင်းတဲ့ author ကို ခေါင်းလေးပုတ်ပြီး ချစ်စရာကောင်းတယ်
ပြောပေးကြပါ 😝😝 နောက်တပိုင်းလဲ မကြာပါဘူး 😘
🍑Dream-catcherr🍑
🍑29.1.2018🍑
Bạn đang đọc truyện trên: Truyen247.Pro