တစ်စုံတစ်ယောက်ကိုချစ်မိရင်
အပိုင်း(၁၉)
" Yan Yi Jun ပြန်သွားပြီလား.."
လေ့ကျင့်ချိန်ပြီးလို့ ပြန်ဖို့ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေကြားထဲမှာ ရီကျွင်းကိုမတွေ့မိ၍ ကျောင်းသားတစ်ယောက်ကို ရွှီဖုန်း မေးလိုက်သည်။ သူ နှင့် ကျန်းရှန်ဝေးက အတန်းရှိသည့်အတွက် ဒီနေ့တစ်နေ့လုံး ဒီဖက်ကို မလာဖြစ်ခဲ့...
" မသိဘူးရော်.. လေ့ကျင့်နေတုန်းကတောင် ရှိပါသေးတယ်.."
သူအဲ့ကောင်လေးကို တစ်ခုခုဝယ်ကျွေးချင်လို့ ရှာနေခါမှ ရန်ရီကျွင်းက ပျောက်ချက်သားကောင်းနေပြန်သည်။ သူအဲ့ကောင်လေးဖုန်းကို ခေါ်ကြည့်တော့လဲ ဖုန်းမကိုင်..
ဟူး ပြန်သွားပြီထင်တယ်..
" EC အဆောင်မပြန်သေးဘူးလား..ငါတို့တော့ ပြန်တော့မယ်.."
" အင်း.. နည်းနည်းပါးပားလေ့ကျင့်လိုက်ဦးမယ်.."
" အင်း.. ကျောင်းဆင်းချိန် ဘတ်စကားကျပ်မှာစိုးလို့သာ စောပြန်ရတာ.. စောတာက စောပါသေးတယ်... ကျောင်းအဆောင်နေတဲ့ သူတွေများ ဇိမ်ပဲ.."
" မဇိမ်နိုင်ပါဘူးကွာ ကျောင်းနဲ့အဆောင်နီးတာကလွဲရင် ကျန်တာတွေများ တစ်စက်မှ ပုံကိုမလာတာ.."
သူ့အိမ်ကလဲ Beijingမှာမလို့ တက္ကသိုလ်တက်ရင် ကျောင်းအဆောင်နေရလိမ့်မယ်လို့ယောင်လို့ပင် စိတ်မကူးမိခဲ့.. ဒါပေမယ့်လဲ သူ့အဖေရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် First year ထဲက ကျောင်းအဆောင်ကို ရောက်ခဲ့ရသည်။ သူတို့ အုပ်စုထဲ တွင် ကျောင်းအဆောင်နေတာဆိုလို့ သူတစ်ယောက်တည်းပင်ရှိသည်။ အိမ်မှာ မနေစေချင်လို့ အဆောင်နေခိုင်းတာများလားဆိုပြီး အဆောင်မနေဘဲ Jackson တို့နဲ့ အတူသူပါ စုနေမယ်ဆိုတော့လဲ မဟုတ်ရပြန်.. အဲ့လိုနဲ့ နောက်ဆုံးတော့လဲ ကျောင်းအဆောင်မှာပင် သောင်တင်နေတော့သည်။
လက်ထဲက ဘတ်စကတ်ဘော ဘောလုံးကို ဟိုသည်သည်ပုတ် ပုတ်ပြီးတော့ ချွေးနည်းနည်းစို့လာတာမလို့ ဝတ်ထားတဲ့ ရှပ်အကျီအနက်ကို ချွတ်လိုက်ရင်း ဘေးက ခုံတန်းပေါ်ပစ်တင်ကာ ဆက်ကစားနေလိုက်သည်။ ဆော့နေတုန်း မြည်လာတဲ့ ဖုန်းသံကြောင့် ရန်ရီကျွင်းများလားဆိုပြီး အပြေးအလွှား သွားကိုင်ပေမယ့် ဖုန်းပေါ်က နာမည်ကြောင့် သူစိတ်လေသွားသည်။
" အေး Shen Weiပြော.."
" မင်းဘယ်မှာလဲ..ငါစာအုပ်ထပ်နေတုန်းလေးကို နောက်ပြန်လှည့်ကြည့်လိုက်တော့ မရှိတော့ဘူး..ဘယ်လစ်သွားတာလဲ.."
" ငါသွားပြီနော်လို့ မင်းကိုပြောသွားသားပဲ.. မင်းဘာမင်းမကြားတာပါကွာ.."
" ဘယ်မှာလဲ အခုက.. ညနေ အပြန်ငါနဲ့ လိုက်ခဲ့ဦး.. Jackson က ငါတို့ကိုတစ်ဝိုင်းလိုက်ကျွေးမလို့တဲ့.."
" အဆောင်အကြောင်းလဲ သိရဲ့သားနဲ့ကွာ.."
" သိပ်နောက်မကျပါဘူး ယောက်ဖရာ..ငါတို့ဆုံတိုင်း မင်းမပါတာများနေပြီ.. ငါကိုယ်တို်င်အချိန်မှီပြန်လိုက်ပို့ပေးမယ် ဘာမှ ပူမနေနဲ့.."
" အေးပါကွာ.. ပြီးရော.. အခုငါ Basketball Club မှာ.."
" ဟင်..မင်းက အဲ့ကိုဘာသွားလုပ်တာလဲ.."
" ဘာလုပ်ရမှာလဲ.. ခါတိုင်းလဲ သွားလေ့ကျင့်နေကြကိုပဲကို.."
" မသိဘူးလေ.. ဒီအချိန်မှဆိုတော့.. ပြီးရောပြီးရော အဲ့မှာစောင့်နေ ခဏနေလာခဲ့မယ်.."
ရွှီဖုန်းသူ့ locker ထဲက တဘတ်တစ်ထည် ဆွဲယူလိုက်ရင်း ခန္ဓာကိုယ်အောက်ပိုင်းကို ပတ်လိုက်ကာ ရေချိုးခန်းဖက် ထွက်လာခဲ့သည်။
" လူရှိနေတာလား.."
အထဲက ရေကျသံတွေကြောင့် သူတံခါးကနေ ခေါင်းပြူပြီး အထဲကို ကြည့်လိုက်သည်။ တစ်ယောက်မှတော့ သူမတွေ့ပေမယ့် ရေကျသံကတော့ ကြားနေရဆဲ..
" ဟိုဖက်ထောင့်မှာ ချိုးနေတာနေမယ်.."
တစ်သင်းလုံး ချိုးလျှင်ပင် ဆံ့သည့် ရေချိုးခန်းရှည်ကြီးမလို့ အခန်းက အတော်ကျယ်ပင်ကျယ်သည်။ သူခြေလှမ်းနည်းနည်းလျှောက်လာလိုက်တော့ အခန်းထောင့်က ရေပန်းအောက်မှာ သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် Xu Fengသတိလက်လွတ်ဖြစ်သွားရင်း လက်ထဲက ဆပ်ပြာခွက် ကြမ်းပြင်ပေါ်ကျသွားသည်။
" ခလွမ်.."
ရေစက်တွေကြားမှာ အသက်ရှုမှားနိုင်လောက်တဲ့ ခန္ဓာကိုယ်သွယ်လျလျလေး.. လှပလွန်းတဲ့ ခြေတံလေးတွေနဲ့အတူ တင်သားလုံးလုံးလေးတွေက ဖွေးဥနေရုံမက ယောင်ယောင်လေးပင် ရဲနေသည်။ ဘာဖြစ်နေမှန်း မသိလိုက်ခင် Xu Feng မျက်နှာတွေ ပူတက်လာသည်။
" အင်?"
သူ့ဆပ်ပြာခွက်ကျသွားတဲ့ အသံကြောင့် အဲ့ခန္ဓာကိုယ်လေး သူ့ဖက်လှည့်လာတဲ့ အခါ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
" ရန်.. ရန်ရီကျွင်း?"
သူအာခေါင်တွေပါ ခြောက်လာသည်။
" Ge?"
အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ ခေါင်းပေါ်က ခေါင်းလျှော်ရည်တွေ မျက်လုံးထဲ ဝင်သွားတာမလို့ ရန်ရီကျွင်း ခုန်လိုက်သည်။
" အ.. စပ်တယ်..စပ်တယ်.."
မျက်လုံးကို အသားကုန်ပွတ်ရင်း ခုန်စွခုန်စွ လုပ်နေတဲ့ ရန်ရီကျွင်းကို ဆက်မကြည့်နိုင်တော့တာ မလို့ ရွှီဖုန်း
မျက်နှာလွှဲလိုက်သည်။မျက်နှာတစ်ခုလုံး ပူထူနေသလို ရင်ခုန်သံတွေကလဲ ကိုယ့်ကိုကို သတိထားမိလောက်အောင်ပင် ကျယ်လောင်နေသည်။
" sor.. sorry.."
သူဆပ်ပြာခွက်ကိုတောင် မကောက်နိုင်တော့ပဲ အခန်းထဲက အမြန်ထွက်လာခဲ့သည်။ အခန်းတံခါးကို မှီရင်း ဝုန်းဒိုင်းကြဲနေတဲ့ ရင်ဘတ်ကို ဖိထားလိုက်သည်။
ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေက အရမ်းမြန်သလို အစီအစဉ်မကျ...
.ဘာလို့လဲ..ဘာဖြစ်သွားတာလဲ.. သူက ဘာလို့ ရန်ရီကျွင်းကိုဆောရီးလို့ ပြောခဲ့တာလဲ..
တွေးရင်းနဲ့ခုနကသူမြင်လိုက်ရတဲ့ ရန်ရီကျွင်းက သူ့မျက်လုံးထဲ ပြန်ပေါ်လာတာမလို့ တခြားအတွေးတွေ ထပ်မတွေးမိခင် ခေါင်းအမြန်ရမ်းလိုက်သည်။
" အား.. မဟုတ်သေးပါဘူး.. ဘာလို့ Sorry လဲ.. Public Bathroom မှာ အဝတ်မပာဘဲ ရေချိုးတဲ့ ယောကျာ်းတစ်ယောက်ကို မြင်တာ ပုံမှန်ပဲလေ... အဲ့ဒါကို ဘာလို့ မျက်နှာပူပြီး ရန်ရီကျွင်းကို အားနာနေတာလဲ.. "
ရွှီဖုန်း သူ့ခေါင်းသူ ထုလိုက်သည်။
" ရူးနေပြီ.. ရူးနေပြီ.."
" ဘာဖြစ်တာလဲ.. မျက်နှာကလဲ ရဲနေတာပဲ..ရေချိုးပြီးပြီလား.. "
ဒီအချိန် Zhang Shen Wei ကို မြင်လိုက်ရတော့ သူသေချင်သွားသည်။
"အမ်..မင်းဘယ်တုန်းက ရောက်လာတာလဲ.."
" ခုလေးတင်ပဲ.. မင်းပုံကြည့်ရတာ မူမမှန်ဘူး.. မဟုတ်တာ လုပ်ထားတဲ့ ရုပ်နဲ့.."
" ဘာ.. ဘာပြောတယ်.."
" စတာပါကွာ.. ဟဟ.. စကားတွေတောင် ထစ်နေသေးတယ်.. တကယ်အဲ့ရုပ်ပေါက်နေတာတော့ အမှန်ပဲ.."
" ခွေးကောင်.."
Zhang shen Wei က သူ့အနားလာရင်း ပခုံးကို ဖက်မယ်လုပ်ပြီးခါမှ နှာခေါင်းရှုံ့လိုက်သည်။
" ချွေးတွေချည်းပဲ.. အခုလေးတင် ရေချိုးခန်းထဲက ထွက်လာတာ မဟုတ်လား.. မင်းရေမချိုးရသေးဘူးလား.."
" ကျစ်..အဲ့လိုမဟုတ်ဘူး.. "
Xu Feng စိတ်ရှုပ်စွာနဲ့ ခေါင်းကိုသာ တွင်တွင်ကုတ်လိုက်သည်။ တကယ်တမ်းစဉ်းစားကြည့်ရင် ဖြစ်ပုံက ရိုးရိုးလေး.. သူ့ဘာသာ ရေချိုးနေတဲ့သူတွေ့တာကို သူကဘာလို့ ဒီလိုဖြစ်ပြီး ထွက်လာရတာလဲ..သူမေးခွန်းတွေအတွက်
အပြေးအလွှားအဖြေရှာသော်လည်း အဖြေက ထွက်မလာ..
" သွားမယ်ကွာ.. အချိန်မရှိတော့လို့ မချိုးတော့ဘူးဆိုပြီး ပြန်ထွက်လာခဲ့တာ သွားမယ် သွားမယ်.."
သူကျန်းရှန်ဝေးကို တွန်းရင်း ဟိုကောင်လေး ရေချိုးခန်းထဲက ထွက်မလာခင် အဲ့နားကအမြန်ထွက်လာခဲ့သည်။
ဘယ်လိုလုပ်ရမလဲ.. နောက်တစ်ခါ ဟိုကောင်လေးနဲ့မျက်နှာချင်းဆိုင်မိရင်မျက်နှာပူနေတော့မှာပဲ..
Yan Yi Jun တစ်ခါထဲ ယူလာတဲ့ အဝတ်လဲပြီး အပြင်ကို ထွက်လာတဲ့ အခါမှာ ဘယ်သူမှ ရှိမနေတော့.. ခေါင်းလျှော်ရည်ဝင်သွားတဲ့ မျက်လုံးက ခပ်စပ်စပ်လေးဖြစ်နေသေးတာမလို့ သူနှုတ်ခမ်းတစ်ချက်ဆူလိုက်သည်။ သူများတွေ မရှိတော့တဲ့ အချိန်ရွေးပြီးရေချိုးပါတယ်ဆိုနေ Xu Feng က ဝင်ဖြစ်အောင်ဝင်လာသေးသည်။ အရင်က သူ့အတွက်တော့ သူများတွေနဲ့ အတူရေအတူချိုးသည့်ကိစ္စဆိုသည်မှာ ဘာမှမထူးဆန်းတဲ့ ကိစ္စတစ်ခုသာဖြစ်သည်။ ဒါပေမယ့် သူအထက်တန်းရောက်တော့ သူရေချိုးတိုင်းသူ့ကို သိသိသာသာ ကြည့်တဲ့သူတွေရယ်.. မသိမသာကြည့်တဲ့သူတွေရယ်..အဆိုးဆုံးက စားမတတ်ဝါးမတတ်ကြည့်တဲ့ အကြည့်တွေကို သည်းမခံနိုင်တော့သည့် အဆုံးသူလူအနည်းဆုံးအချိန်တွေကိုသာရွေးချိုးဖြစ်တော့သည်။ ကြာလာတော့ လူရှိလျှင်ကို မချိုးတတ်တော့သည်မလို့ ကြောက်ကြောက်နဲ့ပဲ ဘုရားစာရွတ်ရင်း ခပ်မြန်မြန်ချိုးရတော့သည်။
အဲ့ဒာ သူတို့ကြောင့်..ဘာတွေများ ထူးပြီးကြည့်စရာရှိလို့လဲ ငိုးမတွေ😒
*******
ဒီနေ့က ပိတ်ရက်မလို့ ကျန်းရှန်ဝေး LiNa ကိုခေါ်ရင်းအပြင်လျှောက်လည်ဖြစ်သည်။ ဒီနေ့ ဘယ်အရှုပ်ထုတ်မှ မပါဘဲ သူတို့နှစ်ယောက်အတူ ရုပ်ရှင်လဲ တူတူကြည့်ဖြစ်သည်မလို့ ကျန်းးရှန်ဝေး စိတ်ထဲ ဒီနေ့အတော်လွတ်လပ်နေသလို အတော်လည်းပျော်နေသည်။
" Bei ဗိုက်ဆာပြီလား.. ဘာစားချင်လဲ.."
" Sushi စားရအောင် ကို.. Bae မစားဖြစ်တာ ကြာနေပြီ.."
" ok.."
သူ ကားကို သူတို့နှစ်ယောက်စားနေကြ ဂျပန် ရိုးရာဆိုင်လေးဆီကို ဦးတည်လိုက်သည်။အသေးစိတ်လေးတွေကအစ ဂျပန်ရိုးရာပုံစံအတိုင်းအလှဆင်ထားသည်မလို့ သူတို့နှစ်ယောက်လုံး ဒီဆိုင်ကို အတော်သဘောကျကြသည်။
" အယ် nainai ဆီက ဖုန်း..Wei nainai.."
သူတို့ စားနေတုန်း LiNa ဆီဖုန်းဝင်လာသည်။
" သမီးက အပြင်ရောက်နေတာ.. nainai ရော ဘာတွေလုပ်.."
LiNa ရဲ့ ကလေးဆန်ဆန်ဖြစ်သွားတဲ့ အချွဲသံလေးကြောင့် ကျန်းရှန်ဝေး ပြုံးလိုက်သည်။ အဲ့ကောင်မလေးက ချစ်ဖို့တော့ အတော်ကောင်းသည်။
" အင်းပါ nai nai ရဲ့ စိတ်မပူပါနဲ့.. သမီးသူ့ကို သေချာပြောထားပါတယ်..သေချာပေါက် လိုက်မှာပါ.."
တမင်နားထောင်နေရယ်လို့တော့ မဟုတ်ပေမယ့် LiNa ပြောနေတာ သူ အတိုင်းသားကြားနေရသည်။
" အယ်.. nainaiက သူ့ကို ကိုယ့်မြေးထက် ပိုချစ်နေတာလား.. မြေးမလေး စိတ်ဆိုးမှာကြ မကြောက်ဖူးပေါ့.."
" အင်းပါ.. သမီးသိပါတယ်.. သူက အရပ်တော့ သိပ်ထွက်မလာဘူး..တွေ့မှသာ nainai ဘာသာ ကြည့်တော့.."
LiNa ရဲ့ အရပ်ထွက်မလာဘူးဆိုတဲ့ စကားကြောင့် သူမဆီမဆိုင် ရန်ရီကျွင်းကို ပင်ပြေးမြင်လိုက်မိသည်။
" hk.."
" ဟုတ်ဟုတ်.. ဒါပဲနော် nainai ကြိုက်တာတွေလဲ အများကြီးသယ်ခဲ့မယ်.."
" Bae အဘွားဆီသွားမလို့လား.."
" အဲ.. ဟုတ်တယ် ကိုကိုရဲ့.. နောက်တစ်ပတ်ကြရင် nainai တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ရှိလို့.. နှစ်ငါးဆယ်တောင် ပြည့်တော့မှာ ကိုကိုရဲ့.. ကိုယ်ချစ်တဲ့သူဘေးမှာ နှစ်တွေအများကြီး အတူရှိပေးရင်း ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေအကုန် မျှဝေပေးနိုင်တဲ့ ဘဝက ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ..Bae တော့အရမ်းအားကျတာပဲ.. ကိုကိုရော အဲ့လိုဘဝမျိုး မလိုချင်ဘူးလား.."
သူ LiNa ခေါင်းကို အသာကိုင်လိုက်ရင်းပြုံးလိုက်သည်။
" အဲ့ဒါကကိုယ့်ရဲ့ အိမ်မက်ပဲလေ.. ကိုယ်ချစ်တဲ့သူရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း သူ့ရဲ့ပျော်ရွှင်ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးချင်တာ.."
ပျော်ရွှင်ကြည်နူးမှုတွေပြည့်နေတဲ့ LiNa ရဲ့ မျက်လုံးတွေကို သတိထားမိလိုက်တော့ ကျန်းရှန်ဝေး အံ့သြ သွားသည်။ သူမကို ရည်ရွယ်ပြီးပြောတယ်လို့များထင်သွားသလား.. သူမက သူ့နားကပ်လာပြီး မျက်လုံးတွေ ကိုမှိတ်လိုက်ကာ သူ့နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းလာသည်။
" ကိုကို့ ကို အရမ်းချစ်တယ်.."
သူ့ဆီက တုန့်ပြန်စကားကို ငံ့လင့်နေတဲ့ LiNa ရဲ့ မျက်ဝန်းတွေက မျော်လင့်ချက်တွေနဲ့ အရောင်လဲ့နေသည်။ LiNa သူ့ဆီက ဘာကိုမျှော်လင့်နေတာလဲဆိုတာ သူသိပေမယ့် သူမလိုချင်တဲ့ အရာကိုသူ မပေးနိုင်.. ချစ်တယ်ဆိုတဲ့ စကားက နှုတ်ခမ်းဖျားမှာပင်ရှိသည်မလို့ ထုတ်ပြောလိုက်ဖို့ လွယ်ပေမယ့် ရင်ထဲကလာသည့်စကားမဟုတ်သည် မလို့ ထိုစကားက မုသားတစ်ခွန်းပင်ဖြစ်လိမ့်မည်။
" ကိုယ့်လိုလူကို ချစ်ပေးလို့ ကျေးဇူးပါပဲ.."
" Bae လိုချင်တာ အဲ့စကားမဟုတ်ဘူးကို.. ဒါပေမယ့် Bae နားလည်ပါတယ်.. ကို့ဆီက Bae ကို ချစ်ပါတယ်ဆိုတဲ့ စကားထွက်လာမယ့်အထိ Bae စောင့်နိုင်ပါတယ်.."
သူ LiNa ပါးကို ခပ်ဖွဖွလေးကိုင်လိုက်ရင်း နူးညံ့စွာပြုံးလိုက်သည်။ LiNa က သူ့အပေါ်ကောင်းလွန်းသည်။ ငယ်ငယ်တုန်းကတော့ သူ့အချစ်တွေဆိုတာ တစ်စုံတစ်ယောက်သော သူတစ်ဦးအတွက်ပဲဆိုပြီး စိတ်ကူးယဉ်စွာ တွေးခဲ့ဖူးသည်။ LiNa က အဲ့တစ်စုံတစ်ယောက်ဖြစ်ဖို့ သူ့ဦးနှောက်က ခွင့်ပြုနေပေမယ့်လဲ နှလုံးသားက ခေါင်းမာစွာ ငြင်းဆန်နေသေးသည်။ LiNa ကို သဘောကျပေမယ့် ထိုအရာက အချစ်မဟုတ်ပဲ တပ်မက်မှုတစ်ခုပဲဆိုတာ သူသိသည်။ အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ.. ဘယ်အချိန်မှာ ပေါ်လာတတ်သလဲ.. ဘယ်အရာတွေကို ကြည့်ပြီး ချစ်မိပြီဆိုတာ သိနိုင်သလဲ..ထိုမေးခွန်းတွေအတွက် သူ့မှာလုံးဝအဖြေမရှိ.. သူ တစ်ချက်ရယ်လိုက်သည်။ ရည်းစားပေါင်းများစွာ တွဲခဲ့ပေမယ့် အချစ်ဆိုတဲ့ ဘာသာရပ်အတွက်တော့သူက အောင်မှတ်အောက်ရောက်နေသေးတဲ့ ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။
သူ့ရဲ့ အရာရာအားလုံးပုံအပ်ပြီး တစ်စုံတစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်ကြည့်ချင်ပါတယ်.. သူ့အတွက် တစ်ဦးတည်းသော သူကိုပေါ့..
အပိုင်း(၂ဝ)ဆက်ရန်
😭 ခုနက ရေချိုးတာကို မြင်တာ ရွှီဖုန်း အစား လီဟုန်ရိလို့အကုန်မှား ရေးမိသွားတယ်.. ခု ပြန် edit ထားပေမယ့် လီဟုန်ရိ လို့ပဲ ပေါ်နေရင် sorry 😭 👉 # ရေချိုးတာကို မြင်သွားတာ ရွှီဖုန်းပါ #👈 author ဂေါက်နေp
🌟1.9.2017🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro