Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

blue waves

အတိတ်လမ်းပေါ်ရိပ်ကနဲပြေးသွားတဲ့ ကားပေါ်ကကက်ဆက်မှာ လာနေတာက ရာသီဥတုအခြေအနေကတော့ မျက်ရည်တိမ်တွေအုံ့ပါတယ်တဲ့
ပျော်ခဲ့ဖူးတဲ့ကာလတွေကို တသသတွေးရင်း
အခုရောမပျော်လို့လားဆိုတဲ့မေးခွန်းကို
ခွဲခြမ်းစိတ်ဖြာနေခဲ့တာ ညနေခင်းတွေမနည်း..
​ဘယ်နေရာမှာ မှားခဲ့ကြတာလဲဆိုတဲ့မေးခွန်းရဲ့
အဖြေ.. ဘယ်နှစ်ယောက်များ ရှာတွေ့ပြီးကြပြီလဲ
အထီးကျန်ခြင်းဆိုတာ တမြေ့မြေ့ဆက်တိုက်လောင်နေပေမယ့် ကုန်သွားမှသိတဲ့ လောင်စာလိုမျိုး
ဆုံမှတ်တစ်ခုရောက်တဲ့အခါ ငါ့ရင်ဘတ်ကို
ခပ်ကြမ်းကြမ်း ဆောင့်ကန်သွားခဲ့တာ
အရှိန်ကြောင့် လဲကျသွားတဲ့နေရာမှာပဲ ငါဆက်ထိုင်
ရင်းတွေးခဲ့မိတာကတော့
သိပ်လွမ်းတဲ့အကြောင်းတွေပေါ့ ဂျက်

မပျော်ခဲ့ရတဲ့ အထက်တန်းကျောင်းအချိန်တွေရော
ရန်ခဏခဏဖြစ်ခဲ့ရတဲ့ သူငယ်ချင်းတွေရော
အနာတရတွေပဲပေးခဲ့တဲ့ အချစ်ဦးကိုရော
မြန်မြန်ပြောင်းချင်ခဲ့ရတဲ့ အိမ်ဟောင်းလေးအထိ အသေးစိတ် အနုအရွကို လွမ်းနေခဲ့တာပဲ
သူငယ်ချင်းများစွာဆိုတဲ့သီချင်းက ကျောင်းကားပေါ်က ရေဒီယိုမှာလာတော့ ငါငိုခဲ့ဖူးတယ်
ရင်းနှီးခဲ့လားတောင်မသေချာပေမယ့် အကြာကြီးအတူရှိခဲ့ဖူးတာလေးနဲ့တင် ငါကရေစီးကမ်းပြိုတွေ.. သူတို့လမ်းသူတို့လျှောက်နေကြတဲ့သူငယ်ချင်းဟောင်းများကိုတွေ့ရင် ငါအရမ်းခံပြင်းတာပဲ
ဘေးချင်းကပ် ဓါတ်ပုံရိုက်ရမှာ ရှက်ကိုးရှက်ကန်းဖြစ်နေဖို့တစ်ခုအတွက်နဲ့ ငါတို့ရဲ့နုပျိုမှုတစ်ခုလုံး
ရင်းခဲ့လိုက်ရတာ...

ထိုးဖောက်မြင်နိုင်တဲ့ အပြုံးလှလှတွေကို ငါတွေ့တိုင်း နှလုံးသားတစ်ခုလုံးနဲ့ရယ်နေတဲ့
ငါ့ပုံရိပ်တွေက ဦးနှောက်အနောက်ဘက်ခြမ်းမှာ
ပြေးနေတတ်တယ်
ငါ့စိတ်ရင်းမပါတဲ့စကားတွေ နှုတ်ခမ်းဝမှာ
တစ်နေတဲ့အခါတိုင်း နင့်ကိုအရမ်းမုန်းတာပဲဆိုတဲ့ကလေးငယ်ရဲ့အော်သံတစ်ခုဟာ ငါ့အတွက်တော့ တူရိယာပဲ

ဆီချက်တစ်ပွဲစားဖို့ နှစ်ရက်စုခဲ့ရတဲ့နေ့တွေကနေ အပတ်တိုင်းလိုချင်တာဝယ်နေတဲ့နေ့တွေရောက်လာတဲ့အခါ ငါ့နုပျိုခြင်းတွေကခမ်းလုနေပါပြီ
မပို့ဖြစ်ပဲ ပြန်ဖျက်ခဲ့ရတဲ့စာတိုတွေ၊
တစ်ယောက်တည်းမျက်ရည်သုတ်ပြီး ကြေအေးပေးလိုက်ရတဲ့ တစ်ဖက်သတ်စိတ်မကောင်းဖြစ်မိခြင်းတွေ များနေပြီး
​မသိချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်ခဲ့ရတဲ့ဆက်ဆံရေးတွေလည်း မနည်းတော့တဲ့အခါ
ငါဝင်ရောက်ပုန်းခိုနေနိုင်မယ့် ထောင့်ငယ်လေးတစ်ခုက လွမ်းနေဖို့ပဲရှိခဲ့ပါတယ် .. ။

Bạn đang đọc truyện trên: Truyen247.Pro

Tags: #poetry