Part-9 ( martial art )
Unicode
"ချွမ်..... ချွင်!!!"
ခပ်စိတ်စိတ်ကြားနေရသည့် ဓားချင်းထိခတ်သံတွေဟာ ယုဖုန်းခြေလှမ်းတွေရှေ့ရောက်တိုင်းပိုကျယ်လာနေတာမို့ နားတွေကိုပိတ်ထားချင်မိသည်။
သူ့ဘယ်လက်ထဲမှ သူ့ရဲ့ အနက်ရောင်ဓား ဖုန်းဟွာကိုတင်းတင်းဆုပ်ကိုင်ထားသလို ညာဘက်လက်မှာတော့ လက်ချောင်းတွေချိတ်တွယ်နေသည့် ထျန်းရိလက်ဖဝါးကြီးကြီးကရှိနေသည်။
ထောင့်ချိုးတစ်ခုကိုဖြတ်သန်းပြီးနောက် စစ်သူကြီးလီဟော်နှင့်သူ့လက်ထောက်ရဲ့ ဓားရေးယှဉ်ပြိုင်လေ့ကျင့်မှုကိုတွေ့ရသည်။
ယုဖုန်းတို့ရောက်လာမှန်းသိပေမယ့် ဓားရေးကိုသာအာရုံစိုက်ထားသည့် ထိုနှစ်ဦး၏ ဓားသွားများကအရှိန်ပြင်းပြင်းထိခတ်သွားတိုင်း မီးပွားငယ်တွေဖြစ်ပေါ်ကာ ထွက်ပေါ်နေသည့် ထိုအသံတွေကိုယုဖုန်းသဘောမကျ။
တိုက်ခိုက်နေသည့် ထိုအသံမျိုးတွေကြားတိုင်း ယုဖုန်းတစ်ကိုယ်လုံးကြက်သီးထသလိုယားယံမှုကိုခံစားရသည်။
သူ့ခံစားချက်ကိုရိပ်မိသည့်ရိရိကတော့ သူ့လက်ကိုအသာပုတ်ကာ နှစ်သိမ့်ပေးသည်။
အချိန်အတော်ကြာမှ လက်ထောက်ဖြစ်သူ၏ဓားလွင့်ထွက်သွားကာ ယှဉ်ပြိုင်မှုအဆုံးသတ်တော့သည်။
"ကြိုဆိုပါတယ် မင်းသားယုဖုန်း"
ဂါရဝပြုခြင်းမရှိဘဲ သာမန်နှုတ်ဆက်ခြင်းဆန်သည့်လီဟော်ရဲ့အပြုအမူက ထျန်းရိနှင့်ဘင်းဝမ်တို့ကိုမျက်မှောင်ကျုံ့စေသည်။
ယုဖုန်းကတော့ ပုံမှန်အတိုင်းဘဲ လီဟော်နဲ့မျက်နှာချင်းဆိုင် စားပွဲတစ်ဖက်မှခုံတွင်ဝင်ထိုင်လိုက်ပြီး ထျန်းရိကိုပါသူ့နံဘေးတွင်ထိုင်စေသည်။
"ကျွန်တော်မျိုးရထားတဲ့အမိန့်က
မင်းသားယုဖုန်းကိုပဲ သင်ပေးဖို့မလား.....
ဘာအကြောင်းကြောင့် လူပိုခြောက်ယောက်ကပါလာရတာလဲ....."
လူပိုအဖြစ်အပြောခံလိုက်ရသည့် ဘင်းဝမ်တို့တွေဒေါသထွက်လာပေမယ့် အံကြိတ်သည်းခံထားသလို ထျန်းရိကတော့ အေးစက်စက်ဘဲ လီဟော်ကိုကြည့်လိုက်သည်။
"ကိုယ်ရံတော်ငါးဦးက ခမည်းတော်ရဲ့အမိန့်နဲ့ ယုအာအနားမှာ တာဝန်ကျတဲ့သူတွေ......
ယုအာရဲ့အရိပ်လိုပဲ.....
ရိရိကတော့ ယုအာသူငယ်ချင်း....."
ယုဖုန်းရဲ့ရှင်းပြမှုအဆုံး လီဟော့်နှုတ်ခမ်းတွေတွန့်ချိုးသွားသည်။
ဒီလူပြုံးလိုက်တာကိုယုဖုန်းအခုမှပထမဆုံးမြင်ဖူးခြင်းပင်။
"အာ.....သူငယ်ချင်းလား......"
ထျန်းရိကိုကြည့်ပြီး ခပ်ပြုံးပြုံးပြောလိုက်သည့် ထိုစကားလေးက ထျန်းရိကိုခံပြင်းစေကာ လှောင်နေသည်ဟုခံစားရသည်။
"မင်းသားယုဖုန်းက ကျွန်တော်မျိုးတပည့်ဖြစ်သွားပြီမို့ ကျွန်တော်မျိုးရဲ့ လမ်းညွှန်မှုတွေကို လိုက်နာစေချင်ပါတယ်....."
"ဟုတ်ကဲ့ပါ........ဆရာ....."
လီဟော်ရဲ့နှုတ်ခမ်းတွေတစ်ဖန်တွန့်ချိုးသွားပြန်သည်။
"ဒါဆို......
စကြတော့မလား....."
"ဟုတ်....."
အရင်ဆုံးကိုယ်ခံပညာရဲ့အခြေခံတိုက်ကွက်များကို လီဟော်ကစတင်သင်ကြားသည်။
စုတ်တံနှင့်တူရိယာတွေကိုသာကိုင်ခဲ့သည့် ယုဖုန်းလက်တွေကို လီဟော်ကသေချာကိုင်ကြည့်လာသည်။
ခပ်လှမ်းလှမ်းမှကြည့်နေသည့် ထျန်းရိတို့ကတော့ ထိုအပြုအမူကြောင့် မျက်မှောင်တွေကျုံ့လာကြပြန်သည်။
"မင်းလက်တွေကအရမ်းကိုနုလွန်းနေတယ်....
ဓားရောကိုင်နိုင်ပါ့မလား...... "
"ကျွန်တော်ကိုင်နိုင်ပါတယ် ဆရာ....."
"ကောင်းပြီလေ......
သစ်သားဓားနဲ့အရင်စတာပေါ့......"
လှမ်းပစ်ပေးသည့် သစ်သားဓားကိုယုဖုန်းအမြန်ဖမ်းလိုက်ပြီး လီဟော်ပြသည့် အကွက်တွေအတိုင်းလိုက်လုပ်ပေမယ့် အမှားတွေချည်းလုပ်မိနေရာ သူ့ခြေတွေလက်တွေရဲ့အနေအထားတွေကိုလီဟော်ကပြင်ပေးသည်။
"ခန္ဓာကိုယ်ကိုတောင့်တောင့်ကြီးလုပ်မထားနဲ့..
ရန်သူနဲ့တိုက်ခိုက်တဲ့အချိန်မှာ ဓားနဲ့ခန္ဓာကိုယ်ကလိုက်လျောညီထွေဖြစ်နေရမယ်"
ပထမဆုံးနေ့မှာ သုံးကွက်သာသင်ပေးပြီး ထိုသုံးကွက်ထဲကိုထပ်ကာထပ်ကာလေ့ကျင့်ခိုင်းသည်။
နေ့လည်စာကိုစစ်သူကြီးလီအိမ်မှာသာယုဖုန်းစားရသည်။
"မင်းသားယုဖုန်း"
"ဟုတ်ကဲ့....."
"မနက်ဖြန်ကစပြီး လူပိုတွေခေါ်မလာပါနဲ့..."
မျက်နှာပျက်နေသည့် ဘင်းဝမ်တို့နှင့် ရိရိကို မြင်ပေမယ့် ယုဖုန်း ဆရာဖြစ်သူရဲ့စကားကိုနာခံရသည်။
"ဟုတ်ကဲ့ပါ ဆရာ....."
သစ်သားဓားကိုတစ်နေကုန်တင်းနေအောင်ကိုင်ခဲ့တာမို့ နန်းတော်ပြန်ရောက်တော့ အောင့်နေသည့် လက်တစ်ဖက်ကိုဆေးလိမ်းရတော့သည်။
ခမည်းတော်ကအခုထိသူနဲ့မျက်နှာချင်းမဆိုင်သေးသလို အစ်မတော်တွေကလည်းသူ့ဆီမလာဘဲငြိမ်နေကြသည်မို့ သူ့နန်းဆောင်ဟာခြောက်ကပ်နေသည်။
ဟိုဟာသည်ဟာတွေလည်းသူကြာကြာမတွေးနိုင်တော့ဘဲ ပင်ပန်းမှုကြောင့် အိပ်ပျော်သွားတော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယုဖုန်းဆရာဖြစ်သူ၏စကားအတိုင်း ထျန်းရိကိုသူနဲ့အတူမခေါ်တော့သလို ဘင်းဝမ်တို့ကိုလည်း စစ်သူကြီးအိမ်တော်အပြင်မှာသာနေရစ်စေခဲ့သည်။
ယနေ့ ယုဖုန်း မြင်းစီးသင်ရသည်။
စစ်သူကြီးအိမ်တော်အနောက်မှာ မြင်းစီးဖို့ တောအုပ်လေးနှင့် ကွင်းပြင်ကျယ်ကြီးရှိသလို မြှားပစ်ဖို့ လေ့ကျင့်ရေးကွင်းတွေပါရှိသည်။
စစချင်း ယုဖုန်းမြင်းပေါ်ကို အတုန်တုန်အယင်ယင်နှင့်တက်ကာ ပြုတ်ကျမည်စိုး၍ ခါးကုန်းလျက် မြင်းကိုသာဖက်ထားမိသည်။
"ကောင်းကောင်းထိုင်လေ ယုအာ......"
ဆရာ ဖြစ်သူက သူ့ကိုယုအာလို့ခေါ်လိုက်လို့ ယုဖုန်းမျက်ဝန်းလေးတွေတောက်ပသွားကာ မြင်းဇက်ကြိုးကိုကိုင်ပေးထားသည့် လီဟော်ကိုရယ်ပြနေမိသည်။
မင်းသားယုဖုန်းဆိုတာထက် ယုအာလို့အခေါ်ခံရသည်ကို သူနှစ်သက်သည်။
"ခါးကိုမတ်မတ်ထား.....
ကုန်းကုန်းကြီး လုပ်မနေနဲ့.....
ငါ့ကိုကြည့်ထား....."
နံဘေးမှမြင်းကြီးပေါ်ကို လီဟော်အမြန်တက်ခွလိုက်ကာ မြင်းဇက်ကြိုးကိုကိုင်လိုက်သည်။
"ဇက်ကြိုးကိုသေချာကိုင်ထား မလွှတ်လိုက်နဲ့......"
လီဟော်ရဲ့လှုပ်ရှားမှုတွေအတိုင်းယုဖုန်းကတစ်သွေမတိမ်းလိုက်လုပ်သည်။
"နည်းနည်းလေးမြန်မြန်လျှောက်ခိုင်းကြည့်ရအောင် "
ယုဖုန်းကိုင်ထားသည့်ဇက်ကြိုးကိုလျော့လိုက်ရင်း ထိုင်နေရာမှ ဟန်ချက်ပျက်သွားရာ ပြုတ်ကျမည်စိုး၍ အလန့်တကြားကြိုးကိုပြန်ဆွဲကာ မြင်းဗိုက်ကိုကန်မိသလိုဖြစ်သွားသည်။
"ဟီး!"
"အား...!!!"
အသံကျယ်ကျယ်တစ်ချက်ဟီပြီး မြင်းက ကဆုန်ပေါက်ပြေးရာ ယုဖုန်းမှာ ကြောက်လန့်တကြားအော်ပြီး မြင်းကိုသာအသေအလဲဖက်ထားမိတော့သည်။
"ဆရာ လုပ်ပါဦး!!
အီးဟီး! ဆရာ!!"
ယုဖုန်းမျက်စိစုံမှိတ်ကာ ကြောက်လန့်တကြားငိုမိတော့သည်။
အရှိန်ပြင်းပြင်းပြေးနေသည့် ယုဖုန်းမြင်းနားကို လီဟော်ရဲ့မြင်းကအမှီကပ်လိုက်လာပြီး တစ်ဖက်မြင်းပေါ်သို့ လီဟော်ကခုန်ကူးလိုက်သည်။
ယုဖုန်းအနောက်မှာ လီဟော်ကနေရာယူပြီးသည်နှင့် မြင်းဇက်ကြိုးကိုပြန်ထိန်းကာ မြင်းကိုအရှိန်လျော့စေသည်။
"ဆရာ....."
ယုဖုန်း ခါးကိုလှည့်ကာ ဆရာဖြစ်သူလီဟော်ကို အားကိုးတကြီးဖက်ထားမိတော့သည်။
"ယုအာ အရှေ့ကိုပြန်လှည့်ပြီး သေချာထိုင်စမ်း!
တစောင်းကြီး ပြုတ်ကျလိမ့်မယ်"
ယုဖုန်း နာခံစွာဘဲ တည့်တည့်ပြန်ထိုင်ကာ မျက်ရည်တွေကိုသုတ်လိုက်သည်။
"မြင်းဇက်ကြိုးကိုပြန်ကိုင်"
"မကိုင်ချင်ဘူး....."
မျက်နှာငယ်လေးနှင့် အနောက်ပြန်မော့ကြည့်သည့် ယုဖုန်းမျက်ဝန်းထဲမှာ ကြောက်ရွံ့မှုတွေကထင်ရှားနေသည်ကို မြင်တော့ လီဟော်ကသက်ပြင်းချသည်။
"ငါရှိတယ် မကြောက်နဲ့....."
ယုဖုန်းမြင်းဇက်ကြိုးကိုပြန်ကိုင်လိုက်တော့ အနောက်မှလီဟော်က သူ့လက်တွေပေါ်ထပ်ကိုင်ပေးထားလေသည်။
တဖြည်းဖြည်းအကြောက်ပြေလာတော့ မြင်းဇက်ကြိုးကိုတင်းလိုက်လျော့လိုက် နှေးလိုက်မြန်လိုက်လုပ်ရင်း ယုဖုန်းပျော်လာသလိုပင်။
နေ့လည်စာကိုဆရာဖြစ်သူနဲ့အတူစားရင်း ယုဖုန်း ရိရိကိုလွမ်းလာသည်။
တစ်နေကုန်မြင်းစီးကျင့်ပြီးချိန်ညနေပိုင်းရောက်တော့ ယုဖုန်းပြန်ခွင့်ရရာ ခြေထောက်တွေက မုအိမ်တော်ကိုတန်းနေအောင်ပြေးသည်။
"အစ်ကို့ဆီလာတာလား ယုဖုန်း"
"အင်း...."
"အစ်ကိုက စွန်းသခင်လေးတို့အဖွဲ့နဲ့စကားပြောနေတယ်"
နံဘေးကလိုက်ပြီးစကားတွေပြောနေသည့် လင်းရှကို ယုဖုန်း လျစ်လျူရှုလျက် ရိရိရှိရာကိုသာအမြန်သွားသည်။
"မုထျန်းရိ မင်းက ထက်မြက်တဲ့သူဖြစ်ပြီး
ဘာအစွမ်းအစမှမရှိတဲ့ မျိုးမစစ် မင်းသားအနားမှာ ခစားရတယ်လို့....
မင်းအစားငါတို့ ရင်နာလိုက်တာကွာ....."
ပီပီသသကြားလိုက်ရသည့် ထိုစကားက ယုဖုန်းခြေထောက်တွေကိုရပ်တန့်သွားစေသည်။
"ဒီကောင်တွေကတော့....."
နံဘေးမှ လင်းရှက ဒေါသတကြီး သွားရိုက်မည်လုပ်နေလို့ ယုဖုန်းဆွဲပြီး တိုးတိုးနေခိုင်းကာ ဆက်နားစွင့်နေလိုက်သည်။
"ယုအာလို မြင့်မြတ်တဲ့ မင်းသားတစ်ပါးကို စော်ကားရဲရအောင်
စွန်းသခင်လေးက အဆင့်အတန်းမြင့်ပြီး မျိုးရောစစ်ရဲ့လား.....
ကျွန်တော်ကြားတာတော့ စွန်းသခင်လေးရဲ့မွေးအမေက စွန်းသခင်မကြီးမဟုတ်ဘဲ အပျော်မယ်ဆိုလား"
"မင်း!!!"
တခြားသခင်လေးတွေရှေ့မှာ အဖော်ခံလိုက်ရတော့ စွန်းသခင်လေးဆိုသူက ထျန်းရိကို ဒေါသတကြီးလက်ညိုးထိုးကာ ရိုင်းရိုင်းစိုင်းစိုင်းပြောမည်အပြု ထျန်းရိလက်က စားပွဲကိုရေခဲလွှာများလွှမ်းစေပြီး ရိုက်ချိုးပစ်လိုက်သည်။
အခြေအနေကတော်တော်တင်းမာလာပြီမို့ ယုဖုန်း ပုန်းကွယ်နေရာမှ ထွက်ကာ ခပ်ပြုံးပြုံးပဲ ထျန်းရိဆီလျှောက်သွားရသည်။
"ရိရိ"
"ယုအာ...."
ထျန်းရိရဲ့တွန့်ကွေးနေသည့် မျက်ခုံးကြောများက ယုဖုန်းကိုမြင်တော့ ပြေလျော့သွားသည်။
"အိုး.....
သခင်လေးတွေစကားပြောနေကြတာလား....
ဒီစားပွဲက ဘာဖြစ်ထားတာလဲ...."
ယုဖုန်း ဘာမှမကြားမမြင်သလို စွန်းသခင်လေးဆိုသူအား တည့်တည့်ကြည့်မေးလိုက်တော့ သကောင့်သားက ဒူးတွေတောင်တုန်နေသည်။
"မင်းသားလေး ရောက်လာလို့ ဒီကသခင်လေးတွေပြန်သင့်ပြီထင်တယ်....."
လင်းရှရဲ့ ပြုံးပြုံးလေးဆိုသည့် နှင်ထုတ်စကားနောက် သကောင့်သားက သူ့အပေါင်းအပါတစ်သိုက်နဲ့ မပြေးရုံတမယ် ထွက်သွားသည်။
"ဒီနေ့ဘာတွေသင်ခဲ့ရလဲ ယုအာ......
လင်းရှ နင်လည်းသွားတော့လေ....."
ယုဖုန်းကိုအပြုံးနဲ့မေးနေရာမှ ချက်ချင်း ရုပ်တည်ကြီးနှင့် လင်းရှကို ဟောက်လိုက်တာမို့ လင်းရှ လည်းသူတို့အနားကနေသွားရတော့သည်။
"ကိုယ်ရံတော်တွေရော...."
"အပြင်မှာထားခဲ့တယ်....."
တစ်နေ့တာသင်ယူခဲ့ရသည်များကို ရိရိအားပြောပြတော့ ရိရိက သူ့ကိုပြုံးလျက်ကြည့်ရင်းသာ နားထောင်နေတတ်သည်။
ခမည်းတော်တို့သူ့ကိုအလိုမလိုက်တော့လည်း နေပေါ့ သူ့မှာ ရိရိ ရှိနေသေးတာပဲ.....
မှောင်ရိပ်သန်းမှသာ ယုဖုန်းနန်းတော်ကိုပြန်ပြီး အနားယူတော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
(AN: ကိုယ်က ဒီ oc လေးကိုအစပိုင်းမှာ ငြိမ့်ငြိမ့်လေးသွားခဲ့တာမို့ စိတ်ဝင်စားစရာမရှိဘဲ ငြီးငွေ့ကြမယ်ထင်တယ်
ဇာတ်လမ်းကလည်း အခုမှ အစပျိုးကာစပဲရှိပါသေးတယ် သိပ်မကြာခင်အဓိကဇာတ်ကြောင်းကစတော့မှာပါ)
************************************
Zawgyi
"ခြၽမ္..... ခြၽင္!!!"
ခပ္စိတ္စိတ္ၾကားေနရသည့္ ဓားခ်င္းထိခတ္သံေတြဟာ ယုဖုန္းေျခလွမ္းေတြေရွ႕ေရာက္တိုင္းပိုက်ယ္လာေနတာမို႔ နားေတြကိုပိတ္ထားခ်င္မိသည္။
သူ႕ဘယ္လက္ထဲမွ သူ႕ရဲ႕ အနက္ေရာင္ဓား ဖုန္းဟြာကိုတင္းတင္းဆုပ္ကိုင္ထားသလို ညာဘက္လက္မွာေတာ့ လက္ေခ်ာင္းေတြခ်ိတ္တြယ္ေနသည့္ ထ်န္းရိလက္ဖဝါးႀကီးႀကီးကရွိေနသည္။
ေထာင့္ခ်ိဳးတစ္ခုကိုျဖတ္သန္းၿပီးေနာက္ စစ္သူႀကီးလီေဟာ္ႏွင့္သူ႕လက္ေထာက္ရဲ႕ ဓားေရးယွဥ္ၿပိဳင္ေလ့က်င့္မႈကိုေတြ႕ရသည္။
ယုဖုန္းတို႔ေရာက္လာမွန္းသိေပမယ့္ ဓားေရးကိုသာအာ႐ုံစိုက္ထားသည့္ ထိုႏွစ္ဦး၏ ဓားသြားမ်ားကအရွိန္ျပင္းျပင္းထိခတ္သြားတိုင္း မီးပြားငယ္ေတြျဖစ္ေပၚကာ ထြက္ေပၚေနသည့္ ထိုအသံေတြကိုယုဖုန္းသေဘာမက်။
တိုက္ခိုက္ေနသည့္ ထိုအသံမ်ိဳးေတြၾကားတိုင္း ယုဖုန္းတစ္ကိုယ္လုံးၾကက္သီးထသလိုယားယံမႈကိုခံစားရသည္။
သူ႕ခံစားခ်က္ကိုရိပ္မိသည့္ရိရိကေတာ့ သူ႕လက္ကိုအသာပုတ္ကာ ႏွစ္သိမ့္ေပးသည္။
အခ်ိန္အေတာ္ၾကာမွ လက္ေထာက္ျဖစ္သူ၏ဓားလြင့္ထြက္သြားကာ ယွဥ္ၿပိဳင္မႈအဆုံးသတ္ေတာ့သည္။
"ႀကိဳဆိုပါတယ္ မင္းသားယုဖုန္း"
ဂါရဝျပဳျခင္းမရွိဘဲ သာမန္ႏႈတ္ဆက္ျခင္းဆန္သည့္လီေဟာ္ရဲ႕အျပဳအမူက ထ်န္းရိႏွင့္ဘင္းဝမ္တို႔ကိုမ်က္ေမွာင္က်ဳံ႕ေစသည္။
ယုဖုန္းကေတာ့ ပုံမွန္အတိုင္းဘဲ လီေဟာ္နဲ႕မ်က္ႏွာခ်င္းဆိုင္ စားပြဲတစ္ဖက္မွခုံတြင္ဝင္ထိုင္လိုက္ၿပီး ထ်န္းရိကိုပါသူ႕နံေဘးတြင္ထိုင္ေစသည္။
"ကြၽန္ေတာ္မ်ိဳးရထားတဲ့အမိန့္က
မင္းသားယုဖုန္းကိုပဲ သင္ေပးဖို႔မလား.....
ဘာအေၾကာင္းေၾကာင့္ လူပိုေျခာက္ေယာက္ကပါလာရတာလဲ....."
လူပိုအျဖစ္အေျပာခံလိုက္ရသည့္ ဘင္းဝမ္တို႔ေတြေဒါသထြက္လာေပမယ့္ အံႀကိတ္သည္းခံထားသလို ထ်န္းရိကေတာ့ ေအးစက္စက္ဘဲ လီေဟာ္ကိုၾကည့္လိုက္သည္။
"ကိုယ္ရံေတာ္ငါးဦးက ခမည္းေတာ္ရဲ႕အမိန့္နဲ႕ ယုအာအနားမွာ တာဝန္က်တဲ့သူေတြ......
ယုအာရဲ႕အရိပ္လိုပဲ.....
ရိရိကေတာ့ ယုအာသူငယ္ခ်င္း....."
ယုဖုန္းရဲ႕ရွင္းျပမႈအဆုံး လီေဟာ့္ႏႈတ္ခမ္းေတြတြန့္ခ်ိဳးသြားသည္။
ဒီလူၿပဳံးလိုက္တာကိုယုဖုန္းအခုမွပထမဆုံးျမင္ဖူးျခင္းပင္။
"အာ.....သူငယ္ခ်င္းလား......"
ထ်န္းရိကိုၾကည့္ၿပီး ခပ္ၿပဳံးၿပဳံးေျပာလိုက္သည့္ ထိုစကားေလးက ထ်န္းရိကိုခံျပင္းေစကာ ေလွာင္ေနသည္ဟုခံစားရသည္။
"မင္းသားယုဖုန္းက ကြၽန္ေတာ္မ်ိဳးတပည့္ျဖစ္သြားၿပီမို႔ ကြၽန္ေတာ္မ်ိဳးရဲ႕ လမ္းၫႊန္မႈေတြကို လိုက္နာေစခ်င္ပါတယ္....."
"ဟုတ္ကဲ့ပါ........ဆရာ....."
လီေဟာ္ရဲ႕ႏႈတ္ခမ္းေတြတစ္ဖန္တြန့္ခ်ိဳးသြားျပန္သည္။
"ဒါဆို......
စၾကေတာ့မလား....."
"ဟုတ္....."
အရင္ဆုံးကိုယ္ခံပညာရဲ႕အေျခခံတိုက္ကြက္မ်ားကို လီေဟာ္ကစတင္သင္ၾကားသည္။
စုတ္တံႏွင့္တူရိယာေတြကိုသာကိုင္ခဲ့သည့္ ယုဖုန္းလက္ေတြကို လီေဟာ္ကေသခ်ာကိုင္ၾကည့္လာသည္။
ခပ္လွမ္းလွမ္းမွၾကည့္ေနသည့္ ထ်န္းရိတို႔ကေတာ့ ထိုအျပဳအမူေၾကာင့္ မ်က္ေမွာင္ေတြက်ဳံ႕လာၾကျပန္သည္။
"မင္းလက္ေတြကအရမ္းကိုႏုလြန္းေနတယ္....
ဓားေရာကိုင္နိုင္ပါ့မလား...... "
"ကြၽန္ေတာ္ကိုင္နိုင္ပါတယ္ ဆရာ....."
"ေကာင္းၿပီေလ......
သစ္သားဓားနဲ႕အရင္စတာေပါ့......"
လွမ္းပစ္ေပးသည့္ သစ္သားဓားကိုယုဖုန္းအျမန္ဖမ္းလိုက္ၿပီး လီေဟာ္ျပသည့္ အကြက္ေတြအတိုင္းလိုက္လုပ္ေပမယ့္ အမွားေတြခ်ည္းလုပ္မိေနရာ သူ႕ေျခေတြလက္ေတြရဲ႕အေနအထားေတြကိုလီေဟာ္ကျပင္ေပးသည္။
"ခႏၶာကိုယ္ကိုေတာင့္ေတာင့္ႀကီးလုပ္မထားနဲ႕..
ရန္သူနဲ႕တိုက္ခိုက္တဲ့အခ်ိန္မွာ ဓားနဲ႕ခႏၶာကိုယ္ကလိုက္ေလ်ာညီေထြျဖစ္ေနရမယ္"
ပထမဆုံးေန႕မွာ သုံးကြက္သာသင္ေပးၿပီး ထိုသုံးကြက္ထဲကိုထပ္ကာထပ္ကာေလ့က်င့္ခိုင္းသည္။
ေန႕လည္စာကိုစစ္သူႀကီးလီအိမ္မွာသာယုဖုန္းစားရသည္။
"မင္းသားယုဖုန္း"
"ဟုတ္ကဲ့....."
"မနက္ျဖန္ကစၿပီး လူပိုေတြေခၚမလာပါနဲ႕..."
မ်က္ႏွာပ်က္ေနသည့္ ဘင္းဝမ္တို႔ႏွင့္ ရိရိကို ျမင္ေပမယ့္ ယုဖုန္း ဆရာျဖစ္သူရဲ႕စကားကိုနာခံရသည္။
"ဟုတ္ကဲ့ပါ ဆရာ....."
သစ္သားဓားကိုတစ္ေနကုန္တင္းေနေအာင္ကိုင္ခဲ့တာမို႔ နန္းေတာ္ျပန္ေရာက္ေတာ့ ေအာင့္ေနသည့္ လက္တစ္ဖက္ကိုေဆးလိမ္းရေတာ့သည္။
ခမည္းေတာ္ကအခုထိသူနဲ႕မ်က္ႏွာခ်င္းမဆိုင္ေသးသလို အစ္မေတာ္ေတြကလည္းသူ႕ဆီမလာဘဲၿငိမ္ေနၾကသည္မို႔ သူ႕နန္းေဆာင္ဟာေျခာက္ကပ္ေနသည္။
ဟိုဟာသည္ဟာေတြလည္းသူၾကာၾကာမေတြးနိုင္ေတာ့ဘဲ ပင္ပန္းမႈေၾကာင့္ အိပ္ေပ်ာ္သြားေတာ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ယုဖုန္းဆရာျဖစ္သူ၏စကားအတိုင္း ထ်န္းရိကိုသူနဲ႕အတူမေခၚေတာ့သလို ဘင္းဝမ္တို႔ကိုလည္း စစ္သူႀကီးအိမ္ေတာ္အျပင္မွာသာေနရစ္ေစခဲ့သည္။
ယေန႕ ယုဖုန္း ျမင္းစီးသင္ရသည္။
စစ္သူႀကီးအိမ္ေတာ္အေနာက္မွာ ျမင္းစီးဖို႔ ေတာအုပ္ေလးႏွင့္ ကြင္းျပင္က်ယ္ႀကီးရွိသလို ျမႇားပစ္ဖို႔ ေလ့က်င့္ေရးကြင္းေတြပါရွိသည္။
စစခ်င္း ယုဖုန္းျမင္းေပၚကို အတုန္တုန္အယင္ယင္ႏွင့္တက္ကာ ျပဳတ္က်မည္စိုး၍ ခါးကုန္းလ်က္ ျမင္းကိုသာဖက္ထားမိသည္။
"ေကာင္းေကာင္းထိုင္ေလ ယုအာ......"
ဆရာ ျဖစ္သူက သူ႕ကိုယုအာလို႔ေခၚလိုက္လို႔ ယုဖုန္းမ်က္ဝန္းေလးေတြေတာက္ပသြားကာ ျမင္းဇက္ႀကိဳးကိုကိုင္ေပးထားသည့္ လီေဟာ္ကိုရယ္ျပေနမိသည္။
မင္းသားယုဖုန္းဆိုတာထက္ ယုအာလို႔အေခၚခံရသည္ကို သူႏွစ္သက္သည္။
"ခါးကိုမတ္မတ္ထား.....
ကုန္းကုန္းႀကီး လုပ္မေနနဲ႕.....
ငါ့ကိုၾကည့္ထား....."
နံေဘးမွျမင္းႀကီးေပၚကို လီေဟာ္အျမန္တက္ခြလိုက္ကာ ျမင္းဇက္ႀကိဳးကိုကိုင္လိုက္သည္။
"ဇက္ႀကိဳးကိုေသခ်ာကိုင္ထား မလႊတ္လိုက္နဲ႕......"
လီေဟာ္ရဲ႕လႈပ္ရွားမႈေတြအတိုင္းယုဖုန္းကတစ္ေသြမတိမ္းလိုက္လုပ္သည္။
"နည္းနည္းေလးျမန္ျမန္ေလွ်ာက္ခိုင္းၾကည့္ရေအာင္ "
ယုဖုန္းကိုင္ထားသည့္ဇက္ႀကိဳးကိုေလ်ာ့လိုက္ရင္း ထိုင္ေနရာမွ ဟန္ခ်က္ပ်က္သြားရာ ျပဳတ္က်မည္စိုး၍ အလန့္တၾကားႀကိဳးကိုျပန္ဆြဲကာ ျမင္းဗိုက္ကိုကန္မိသလိုျဖစ္သြားသည္။
"ဟီး!"
"အား...!!!"
အသံက်ယ္က်ယ္တစ္ခ်က္ဟီၿပီး ျမင္းက ကဆုန္ေပါက္ေျပးရာ ယုဖုန္းမွာ ေၾကာက္လန့္တၾကားေအာ္ၿပီး ျမင္းကိုသာအေသအလဲဖက္ထားမိေတာ့သည္။
"ဆရာ လုပ္ပါဦး!!
အီးဟီး! ဆရာ!!"
ယုဖုန္းမ်က္စိစုံမွိတ္ကာ ေၾကာက္လန့္တၾကားငိုမိေတာ့သည္။
အရွိန္ျပင္းျပင္းေျပးေနသည့္ ယုဖုန္းျမင္းနားကို လီေဟာ္ရဲ႕ျမင္းကအမွီကပ္လိုက္လာၿပီး တစ္ဖက္ျမင္းေပၚသို႔ လီေဟာ္ကခုန္ကူးလိုက္သည္။
ယုဖုန္းအေနာက္မွာ လီေဟာ္ကေနရာယူၿပီးသည္ႏွင့္ ျမင္းဇက္ႀကိဳးကိုျပန္ထိန္းကာ ျမင္းကိုအရွိန္ေလ်ာ့ေစသည္။
"ဆရာ....."
ယုဖုန္း ခါးကိုလွည့္ကာ ဆရာျဖစ္သူလီေဟာ္ကို အားကိုးတႀကီးဖက္ထားမိေတာ့သည္။
"ယုအာ အေရွ႕ကိုျပန္လွည့္ၿပီး ေသခ်ာထိုင္စမ္း!
တေစာင္းႀကီး ျပဳတ္က်လိမ့္မယ္"
ယုဖုန္း နာခံစြာဘဲ တည့္တည့္ျပန္ထိုင္ကာ မ်က္ရည္ေတြကိုသုတ္လိုက္သည္။
"ျမင္းဇက္ႀကိဳးကိုျပန္ကိုင္"
"မကိုင္ခ်င္ဘူး....."
မ်က္ႏွာငယ္ေလးႏွင့္ အေနာက္ျပန္ေမာ့ၾကည့္သည့္ ယုဖုန္းမ်က္ဝန္းထဲမွာ ေၾကာက္႐ြံ႕မႈေတြကထင္ရွားေနသည္ကို ျမင္ေတာ့ လီေဟာ္ကသက္ျပင္းခ်သည္။
"ငါရွိတယ္ မေၾကာက္နဲ႕....."
ယုဖုန္းျမင္းဇက္ႀကိဳးကိုျပန္ကိုင္လိုက္ေတာ့ အေနာက္မွလီေဟာ္က သူ႕လက္ေတြေပၚထပ္ကိုင္ေပးထားေလသည္။
တျဖည္းျဖည္းအေၾကာက္ေျပလာေတာ့ ျမင္းဇက္ႀကိဳးကိုတင္းလိုက္ေလ်ာ့လိုက္ ႏွေးလိုက္ျမန္လိုက္လုပ္ရင္း ယုဖုန္းေပ်ာ္လာသလိုပင္။
ေန႕လည္စာကိုဆရာျဖစ္သူနဲ႕အတူစားရင္း ယုဖုန္း ရိရိကိုလြမ္းလာသည္။
တစ္ေနကုန္ျမင္းစီးက်င့္ၿပီးခ်ိန္ညေနပိုင္းေရာက္ေတာ့ ယုဖုန္းျပန္ခြင့္ရရာ ေျခေထာက္ေတြက မုအိမ္ေတာ္ကိုတန္းေနေအာင္ေျပးသည္။
"အစ္ကို႔ဆီလာတာလား ယုဖုန္း"
"အင္း...."
"အစ္ကိုက စြန္းသခင္ေလးတို႔အဖြဲ႕နဲ႕စကားေျပာေနတယ္"
နံေဘးကလိုက္ၿပီးစကားေတြေျပာေနသည့္ လင္းရွကို ယုဖုန္း လ်စ္လ်ဴရႈလ်က္ ရိရိရွိရာကိုသာအျမန္သြားသည္။
"မုထ်န္းရိ မင္းက ထက္ျမက္တဲ့သူျဖစ္ၿပီး
ဘာအစြမ္းအစမွမရွိတဲ့ မ်ိဳးမစစ္ မင္းသားအနားမွာ ခစားရတယ္လို႔....
မင္းအစားငါတို႔ ရင္နာလိုက္တာကြာ....."
ပီပီသသၾကားလိုက္ရသည့္ ထိုစကားက ယုဖုန္းေျခေထာက္ေတြကိုရပ္တန့္သြားေစသည္။
"ဒီေကာင္ေတြကေတာ့....."
နံေဘးမွ လင္းရွက ေဒါသတႀကီး သြားရိုက္မည္လုပ္ေနလို႔ ယုဖုန္းဆြဲၿပီး တိုးတိုးေနခိုင္းကာ ဆက္နားစြင့္ေနလိုက္သည္။
"ယုအာလို ျမင့္ျမတ္တဲ့ မင္းသားတစ္ပါးကို ေစာ္ကားရဲရေအာင္
စြန္းသခင္ေလးက အဆင့္အတန္းျမင့္ၿပီး မ်ိဳးေရာစစ္ရဲ႕လား.....
ကြၽန္ေတာ္ၾကားတာေတာ့ စြန္းသခင္ေလးရဲ႕ေမြးအေမက စြန္းသခင္မႀကီးမဟုတ္ဘဲ အေပ်ာ္မယ္ဆိုလား"
"မင္း!!!"
တျခားသခင္ေလးေတြေရွ႕မွာ အေဖာ္ခံလိုက္ရေတာ့ စြန္းသခင္ေလးဆိုသူက ထ်န္းရိကို ေဒါသတႀကီးလက္ညိုးထိုးကာ ရိုင္းရိုင္းစိုင္းစိုင္းေျပာမည္အျပဳ ထ်န္းရိလက္က စားပြဲကိုေရခဲလႊာမ်ားလႊမ္းေစၿပီး ရိုက္ခ်ိဳးပစ္လိုက္သည္။
အေျခအေနကေတာ္ေတာ္တင္းမာလာၿပီမို႔ ယုဖုန္း ပုန္းကြယ္ေနရာမွ ထြက္ကာ ခပ္ၿပဳံးၿပဳံးပဲ ထ်န္းရိဆီေလွ်ာက္သြားရသည္။
"ရိရိ"
"ယုအာ...."
ထ်န္းရိရဲ႕တြန့္ေကြးေနသည့္ မ်က္ခုံးေၾကာမ်ားက ယုဖုန္းကိုျမင္ေတာ့ ေျပေလ်ာ့သြားသည္။
"အိုး.....
သခင္ေလးေတြစကားေျပာေနၾကတာလား....
ဒီစားပြဲက ဘာျဖစ္ထားတာလဲ...."
ယုဖုန္း ဘာမွမၾကားမျမင္သလို စြန္းသခင္ေလးဆိုသူအား တည့္တည့္ၾကည့္ေမးလိုက္ေတာ့ သေကာင့္သားက ဒူးေတြေတာင္တုန္ေနသည္။
"မင္းသားေလး ေရာက္လာလို႔ ဒီကသခင္ေလးေတြျပန္သင့္ၿပီထင္တယ္....."
လင္းရွရဲ႕ ၿပဳံးၿပဳံးေလးဆိုသည့္ ႏွင္ထုတ္စကားေနာက္ သေကာင့္သားက သူ႕အေပါင္းအပါတစ္သိုက္နဲ႕ မေျပး႐ုံတမယ္ ထြက္သြားသည္။
"ဒီေန႕ဘာေတြသင္ခဲ့ရလဲ ယုအာ......
လင္းရွ နင္လည္းသြားေတာ့ေလ....."
ယုဖုန္းကိုအၿပဳံးနဲ႕ေမးေနရာမွ ခ်က္ခ်င္း ႐ုပ္တည္ႀကီးႏွင့္ လင္းရွကို ေဟာက္လိုက္တာမို႔ လင္းရွ လည္းသူတို႔အနားကေနသြားရေတာ့သည္။
"ကိုယ္ရံေတာ္ေတြေရာ...."
"အျပင္မွာထားခဲ့တယ္....."
တစ္ေန႕တာသင္ယူခဲ့ရသည္မ်ားကို ရိရိအားေျပာျပေတာ့ ရိရိက သူ႕ကိုၿပဳံးလ်က္ၾကည့္ရင္းသာ နားေထာင္ေနတတ္သည္။
ခမည္းေတာ္တို႔သူ႕ကိုအလိုမလိုက္ေတာ့လည္း ေနေပါ့ သူ႕မွာ ရိရိ ရွိေနေသးတာပဲ.....
ေမွာင္ရိပ္သန္းမွသာ ယုဖုန္းနန္းေတာ္ကိုျပန္ၿပီး အနားယူေတာ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
(AN: ကိုယ္က ဒီ oc ေလးကိုအစပိုင္းမွာ ၿငိမ့္ၿငိမ့္ေလးသြားခဲ့တာမို႔ စိတ္ဝင္စားစရာမရွိဘဲ ၿငီးေငြ႕ၾကမယ္ထင္တယ္
ဇာတ္လမ္းကလည္း အခုမွ အစပ်ိဳးကာစပဲရွိပါေသးတယ္ သိပ္မၾကာခင္အဓိကဇာတ္ေၾကာင္းကစေတာ့မွာပါ)
************************************
Bạn đang đọc truyện trên: Truyen247.Pro