Part-8 ( order )
Unicode
ပန်းချီကားထက်မှာ အသက်နှစ်ဆယ်ကျော်အရွယ် အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး နက်မှောင်သောဆံနွယ် တောက်ပသောအနက်ရောင်မျက်ဝန်းတစ်စုံကအသက်ဝင်လွန်းလှသည်။
ထိုပုံတူပန်းချီမှလူသည် သူတို့ရဲ့ဘိုးဘေး လုံနိုင်ငံတော်ကိုတည်ထောင်စောင့်ရှောက်ခဲ့သူဟု စာလွှာထဲတွင်အသေအချာဖော်ပြထားသည်။
သန့်စင်သောအနှိုင်းမဲ့နတ်ဘုရားရဲ့ရုပ်သွင်မှာ သူတို့ရဲ့ယုအာလေးနဲ့ထပ်တူကျနေသည်။
တော်ဝင်တေးဟာ အနှိုင်းမဲ့နတ်ဘုရားရဲ့တေးသီချင်းဖြစ်ကြောင်းလည်းစာလွှာထဲတွင်ဖော်ပြထားသေးသည်။
"နေမင်း လမင်း
ပထဝီ ရေရှင်
သေခြင်း ရှင်ခြင်း
သူနိုးထလာချိန်....."
ပုံတူဘေးမှထိုစာပိုဒ်ရဲ့အဓိပ္ပါယ်ကိုသူတို့နားမလည်ကြ။
အတွေးများနဲ့သူတို့တွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းညအချိန်ကိုတောင်ရောက်လာသည်။
ထိုအကြောင်းကို ယုအာအားအသိမပေးရန်နှင့် မိသားစုအတွင်းမှာပင်လျှို့ဝှက်ထားရန်တိုင်ပင်ပြီးမှ ကိုယ့်အဆောင်တော်ကိုယ်ပြန်ခဲ့ကြပေမယ့်အိပ်မပျော်ခဲ့ကြ။
အနှိုင်းမဲ့နတ်ဘုရားနဲ့တူပေမယ့် ယုအာကသိပ်ကိုနုနယ်သေးပြီး သူတို့ရဲ့ကာကွယ်မှုကိုလိုအပ်သည်။
တော်ဝင်လုံမျိုးဆက်တွေထဲမှာ ယုအာကဒုတိယမြောက်မျက်ဝန်းနက်ဆိုတာကိုတော့ယုံကြည်လက်ခံလိုက်ကြသည်။
စာလွှာထဲမှာရေးထားသည့် အထူးဆန်းဆုံးအကြောင်းအရာက တည်ထောင်သူဟာ ထီးနန်းကိုမယူဘဲ အုပ်ချုပ်သူတစ်ယောက်ထားပြီး သာမန်ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းခဲ့ကာ နိုင်ငံကိုကာကွယ်ရန်အချိန်ကျလျှင် ပြန်လည်ပေါ်ထွက်လာလိမ့်မည်တဲ့...
ဒါဆို ယုအာမွေးဖွားလာရတာက လုံနိုင်ငံတစ်ခုခုဖြစ်တော့မှာမို့ ကာကွယ်ဖို့လား.....
အရှင်မင်းကြီးမှာ ထိုအတွေးတွေနဲ့ သလွန်ထက်တွင်ဟိုဘက်လှည့်သည်ဘက်လှည့်နှင့်ဂဏာမငြိမ်.....
ယုအာကိုမွေးဖွားခဲ့သည့်ညက ဘာကြယ်တာရာနက္ခတ်မှ မရှိဘဲ လမင်းသာရှိနေခဲ့သည်။
တကယ်ဆို ယုအာမွေးဖွားလာကတည်းကဆန်းကြယ်မှန်းသူတို့တွေသတိထားခဲ့မိသင့်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယုဖုန်းမနက်ခင်းအလင်းရောင်တောင်မမြင်ရသေးချိန်မှာ နိုးထလာပြီး တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းကာ မနေ့က ဝေဒနာခံစားခဲ့ရတာကိုပင်သတိမရတော့.....
သူမှတ်မိတာဆိုလို့ ပူပြီးအိပ်ပျော်သွားသည်ဟူ၍ပင်။
ပန်းပွင့်လွှာတွေကျဲထားသည့် သူ့အဆောင်မှ ရေကန်ထဲတွင် စိမ်ရင်းဇိမ်ကျနေတုန်း ပြတင်းပေါက်မှတစ်စုံတစ်ယောက်ခိုးဝင်လာသည်ကိုမြင်လိုက်ရသည်။
ရေထဲကနေထပြေးပြီးအော်ဖို့ကြံရသည်။
"လာကြပါ.........
အွန်း!!!"
အော်သံလေးထွက်ခါစရှိသေး ပါးစပ်ကိုလက်နဲ့အပိတ်ခံလိုက်ရတော့ ယုဖုန်းမျက်စိစုံမှိတ်ကာရုန်းသည်။
ရေစိမ်နေချိန်မှာ တစ်ယောက်မှအနားမထားတတ်သည့် သူ့အကျင့်ကအခုတော့ဒုက္ခနဲ့လှလှတွေ့ပြီထင်။
"ယုအာ...."
ရင်းနှီးသည့်ခပ်တိုးတိုးခေါ်သံကြောင့် ဆက်မရုန်းဘဲမျက်လုံးဖွင့်ကြည့်လိုက်သည်။
"ရိရိ....."
"အင်း...ကိုယ်ပါ.....
နေရတာဘယ်လိုနေသေးလဲဟင်.....
ပူနေသေးလား..... "
ယုဖုန်းရဲ့ လက်မောင်း လေးတွေ ပုခုံးလေးတွေကိုစမ်းရင်း ထျန်းရိမေးလိုက်သည်။
"မပူတော့ဘူး......
ယုအာနေကောင်းသွားပြီ......
ဒါနဲ့ ရိရိကဘာလို့ခိုးဝင်လာတာလဲ......"
"အခုကမနက်အစောကြီးရှိသေးတယ်လေ....
ယုအာဆီကိုဒီအချိန်လာခွင့်မှမရှိတာ.....
မနေ့ကယုအာ နာလို့ငိုနေတာမြင်ပြီး....
ကိုယ်အိပ်လို့တောင်မရလို့ လာကြည့်တာ....."
ထျန်းရိကပြောလဲပြော ယုဖုန်းခန္ဓာကိုယ်လေးကိုလည်း ဟိုလှည့်သည်လှည့်နှင့်သေချာစစ်ဆေးသည်။
"စိတ်မပူနဲ့တော့....
ယုအာအဆင်ပြေသွားပြီ......"
မနေ့ကနဲ့မတူညီစွာ နွမ်းလျနေသည့်ထျန်းရိဟာ ယုဖုန်းကိုစိတ်ပူစိတ်ကတော့မလျော့သွားသေး....
၁၅ နှစ်ကျော်ထျန်းရိက အရပ်တော်တော်ရှည်ကာ နေ့တိုင်း လေ့ကျင့်မှုတွေဆောင်ရွက်ရသောကြောင့် တောင့်တင်းသည့်ကိုယ်ခန္ဓာတည်ဆောက်ပုံရှိရာ ယုဖုန်းကိုဖက်လိုက်ချိန်မှာတော့ သူ့ရင်ခွင်ထဲမှ ထိုခန္ဓာကိုယ်လေးပျောက်သွားသလားထင်ရအောင်မြုပ်ဝင်သွားတတ်သည်။
"ရိရိ ယုအာအဝတ်ဝတ်အုံးမယ်လေ....."
ဖက်ထားတာလည်းအတော်ကြာနေပြီမို့ ယုဖုန်းပြောလိုက်မှသာ ထျန်းရိကအသိဝင်လာသလို ယုအာကိုယ်လေးကိုငုံ့ကြည့်သည်။
ယုဖုန်းလည်းအယောင်ယောင်အမှားမှားနှင့် မယ်တော်ပေးခဲ့သည့်အမွေသူ့ရတနာလေးကိုလက်နှင့်အုပ်လိုက်မိတော့ ရိရိက ရယ်သည်။
ရိရိက သူ့ရဲ့အဝတ်မပါတဲ့ကိုယ်ကို အရင်ကလည်းမြင်ဖူးပြီး အရွယ်မရောက်သေးသည့် သူ့ရတနာလေးကိုသေးသည်ဟုစတတ်တာကလည်း အကျင့်လိုပင်ဖြစ်နေပြီ။
သူငါးနှစ်သား ရိရိ ကိုးနှစ်တုန်းကတောင် ရှူးရှူးပေါက်တာဘယ်သူအဝေးပိုရောက်လည်းအမြဲပြိုင်ခဲ့ကြဖူးသည်။
"ယုအာအရွယ်ရောက်ရင် ရိရိထက်ကြီးမှာကြည့်နေ!"'
ခါတိုင်းလိုမာန်ပါပါတစ်ချက် ကျုံးဝါးလိုက်ပေမယ့် ထျန်းရိမျက်လုံးထဲမှာတော့ မာန်ဖီနေသည့် ကြောင်လေးနှင့်သာတူနေခဲ့သည်။
ထျန်းရိလည်း ပုံမှန်ယုအာအခြေအနေကိုမြင်ရပြီမို့ စိတ်အေးသွားကာ ယုအာနဖူးပြင်ထက်ခပ်ဖွဖွလေးနမ်းပြီး ပြန်ထွက်သွားခဲ့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယုဖုန်းကျောင်းတော်ကိုသွားရန်ပြင်ဆင်ပြီးချိန်မှာ ခမည်းတော်ကမနက်စာအတူစားဖို့အခေါ်လွှတ်လို့သွားရပြန်သည်။
အစ်မတော် ၁ ကလွဲရင် အကုန်စုံနေကြပြီး ဝင်လာကတည်းက ခမည်းတော်အပါအဝင်အားလုံးကသူ့ကိုခိုးကြည့်နေကြသည်။
မျက်လုံးတွေကလည်းမအိပ်ရတဲ့ပုံတွေဖြစ်နေပြီး စိတ်နဲ့လူနဲ့ရောကပ်ကြရဲ့လားမသိ။
"မနေ့ကနေမကောင်းဖြစ်တာ ယုအာလေ....
ဘာလို့ ခမည်းတော်တို့ကလူမမာရုပ်ဖြစ်နေရတာလဲ...."
ယုဖုန်းမနေနိုင်တော့လို့ လက်ထဲကတူကိုချပြီးမေးလိုက်တော့ ဘာမှပြန်မဖြေဘဲ တန်းစီပြီးသက်ပြင်းတွေချကြရော။
"ယုအာ...."
ခမည်းတော်စီကစကားသံထွက်လာပြီမို့ ယုဖုန်းတည်ငြိမ်စွာကြည့်လိုက်သည်။
"ကိုယ်ခံပညာနဲ့အတိုက်အခိုက်သင်ပါတော့လားဟင်....."
ကိုယ်ခံပညာနဲ့အတိုက်အခိုက်ကအတူတူပဲမဟုတ်ဘူးလားဟင်.....
ယုဖုန်းမျက်နှာ ရှုံ့မဲ့မဲ့နဲ့ဘဲခေါင်းရမ်းသည်။
အဲ့ပညာက ကိုယ်လည်းခံရမယ် သူများလည်းနာဦးမယ်လို့ ယုဖုန်းထင်သည်။
"ယုအာ.....
သားတော်က တော်ဝင်မင်းသားနော်.....
ဒီပညာတွေကိုတတ်မြောက်ထားမှဖြစ်မှာပေါ့...
သားကိုယ်သားတောင်မကာကွယ်နိုင်ရင် တိုင်းပြည်ကိုဘယ်လိုလုပ်ကာကွယ်နိုင်ပါ့မလဲ....."
ခမည်းတော်ကငါ့များစစ်တပ်ထဲပို့မလို့လား.....
"ယုအာမှမသင်ချင်တာကို....."
"မရဘူး ယုအာ.....
သင်ကိုသင်ရမယ်....."
ယုဖုန်းအကူအညီရလိုရငြား မယ်တော်တွေဆီရောအစ်မတော်တွေဆီကိုပါ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြပေမယ့် တစ်ယောက်မှဝင်မပြော....
"ရှီချန်းကျောင်းတော်နောက်ဆုံးအဆင့်စာမေးပွဲအောင်ပြီးပြီကို ကျောင်းကဆက်သွားစရာမှမလိုတော့တာ.....
မနက်ဖြန်ကစပြီး စစ်သူကြီးလီဟော်ဆီမှာ ကိုယ်ခံပညာသွားသင်ရမယ်......"
"ခမည်းတော်....
ယုအာမသင်"
"ဒါအမိန့်ပဲ မင်းသားယုဖုန်း!!!"
ဟိန်းထွက်လာသည့် ခမည်းတော်ရဲ့ အမိန့်ဆိုသည်က ယုဖုန်းကိုထိတ်လန့်စေသည်။
ခမည်းတော်ကသူ့အပေါ်ဘယ်တုန်းကမှလေသံမမာဖူးသလို ဘာမဆိုသူ့စိတ်တိုင်းကျဖြစ်စေခဲ့သည်မို့ ပထမဆုံးကြုံတွေ့ရသည့်ဤအခြေအနေကြောင့် ယုဖုန်း ဝမ်းနည်းစိတ်ကထိန်းမရ။
အစ်ကိုတော်အစ်မတော်တွေရော မယ်တော်တွေကပါ မသိချင်ယောင်ဆောင်နေရာ သူခမည်းတော်ကိုတောင်နှုတ်မဆက်တော့ဘဲ ထိုနေရာကနေထွက်လာခဲ့တော့သည်။
ဖုန်းဟွာလို့အမည်ပေးထားသည့် သူ့ဓားကိုသာဒေါသတကြီးဆုပ်ကိုင်ရင်း နန်တော်အပြင်သို့ရောက်လာသည်။
မင်းသားလေးရဲ့စိတ်အခြေအနေမကောင်းသည်ကိုသိသော ကိုယ်ရံတော်တွေမှာလည်း အနောက်ကနေ တိတ်တဆိတ်ပဲလိုက်လာကြသည်။
ရိရိရှိရာ မုအိမ်တော်ကိုရောက်တော့ ဓားရေးကျင့်နေသည့် ရိရိနားတန်းပြေးသွားမိသည်။
ရုတ်တရက်သူ့နားပြေးလာနေသည့်ယုအာကြောင့် ထျန်းရိလက်ထဲမှဓားကိုယုအာအား မထိခိုက်စေရန် ခပ်လှမ်းလှမ်းပြစ်ထုတ်လိုက်သည်။
ရင်ခွင်ထဲတန်းဝင်လာပြီး သူ့ခါးအားဖက်တွယ်ကာ ယုအာကငိုသည်။
"ဘာဖြစ်လာတာလဲ ယုအာ.....
ဘယ်သူကယုအာကိုငိုအောင်လုပ်တာလဲ....."
မေးတာလည်းမဖြေငိုသာငိုနေသည့် ကလေးငယ်ကို ထျန်းရိပွေ့ချီလိုက်ကာ ကျောလေးကိုပွတ်သပ်ပြီးချော့ရသည်။
ငိုလို့မောသွားသည့် ယုအာကိုပွေ့လျက်ပဲ ခုံမှာဝင်ထိုင်လိုက်ကာ မျက်ရည်တွေနှင့်ပေတလူးနေသည့်မျက်နှာလေးကို ပုဝါဖြင့် အသာအယာသုတ်ပေးပြီး နှပ်ချေးတွေညှစ်ခိုင်းရသည်။
"ရေသောက်လိုက်ဦး....."
သူတိုက်သည့်ရေကိုယုအာက အသာတကြည်ဘဲသောက်သည်။
"ကဲ အခုပြောတော့.....
ယုအာကိုဘယ်သူအနိုင်ကျင့်လိုက်တာလဲ"
သူ့ဝတ်ရုံရင်ဘက်နားကို ကိုင်ထားသည့်ယုအာက မဖြေဘဲ မျက်နှာဝှက်လိုက်တော့ ထျန်းရိ အနားမှ ကိုယ်ရံတော်တွေကိုမေးရတော့သည်။
"ဘာဖြစ်လာတာလဲ ကိုယ်ရံတော်ဘင်းဝမ်"
"အရှင်မင်းကြီးက မင်းသားလေးကိုအမိန့်ပေးလိုက်တယ်....
မနက်ဖြန်ကစပြီး ကိုယ်ခံပညာသင်ရမယ်တဲ့...
ပြီးတော့ အရှင်မင်းကြီးအသံကအရမ်းကျယ်ပြီး အော်လိုက်သလိုကြီးမို့ မင်းသားလေးဝမ်းနည်းသွားတာထင်ပါတယ်......"
"ဟုတ်လား ယုအာ...."
ရင်ခွင်ထဲကကလေးငယ်က ခေါင်းလေးညိတ်ပြသည်။
"ယုအာကိုယ်ခံပညာမသင်ချင်တာကို
ခမည်းတော်ကသင်ကိုသင်ရမယ်တဲ့....ဟင့်...
တော်သေးတာပေါ့ သင်ပေးမယ့်ဆရာကဟော်ဟော်မို့လို့....."
"လီဟော်လား....."
"အင်း...."
ထျန်းရိပိုပြီးရင်ပူသွားပြီ။
ယုအာကတော်သေးတယ်လို့ပြောပေမယ့် သူ့အတွက်တော့ မတော်တော့ဘူး.....
"မနက်ဖြန်ကျရင်ယုအာနဲ့လိုက်ခဲ့ပေးရမလား...."
"တကယ်လား.....
လိုက်ခဲ့ပေးနော်.....
ရိရိပါရင်ယုအာပိုအားရှိတယ်....."
"အင်း အဲ့တာဆိုလိုက်ခဲ့မယ်"
ဘုရင့်အမိန်မို့ လွန်ဆန်လို့မရတော့ပေမယ့် သူယုအာအနားမှာရှိနေရင်တော့ စိတ်ပူရတာနည်းနည်းသက်သာမည်ထင်။
ကိုယ်ရံတော်တွေကတော့ ထျန်းရိကိုကြည့်ပြီးသနားနေကြသည်။
ဪ သခင်လေးမုခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအဖေကြီးကို ဖြစ်နေရတာပါလားလို့တွေးမိသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ပန္းခ်ီကားထက္မွာ အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ အနီေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားၿပီး နက္ေမွာင္ေသာဆံႏြယ္ ေတာက္ပေသာအနက္ေရာင္မ်က္ဝန္းတစ္စုံကအသက္ဝင္လြန္းလွသည္။
ထိုပုံတူပန္းခ်ီမွလူသည္ သူတို႔ရဲ႕ဘိုးေဘး လုံနိုင္ငံေတာ္ကိုတည္ေထာင္ေစာင့္ေရွာက္ခဲ့သူဟု စာလႊာထဲတြင္အေသအခ်ာေဖာ္ျပထားသည္။
သန့္စင္ေသာအႏွိုင္းမဲ့နတ္ဘုရားရဲ႕႐ုပ္သြင္မွာ သူတို႔ရဲ႕ယုအာေလးနဲ႕ထပ္တူက်ေနသည္။
ေတာ္ဝင္ေတးဟာ အႏွိုင္းမဲ့နတ္ဘုရားရဲ႕ေတးသီခ်င္းျဖစ္ေၾကာင္းလည္းစာလႊာထဲတြင္ေဖာ္ျပထားေသးသည္။
"ေနမင္း လမင္း
ပထဝီ ေရရွင္
ေသျခင္း ရွင္ျခင္း
သူနိုးထလာခ်ိန္....."
ပုံတူေဘးမွထိုစာပိုဒ္ရဲ့အဓိပ္ပါယ်ကိုသူတို႔နားမလည္ၾက။
အေတြးမ်ားနဲ႕သူတို႔ေတြတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းညအခ်ိန္ကိုေတာင္ေရာက္လာသည္။
ထိုအေၾကာင္းကို ယုအာအားအသိမေပးရန္ႏွင့္ မိသားစုအတြင္းမွာပင္လွ်ို႔ဝွက္ထားရန္တိုင္ပင္ၿပီးမွ ကိုယ့္အေဆာင္ေတာ္ကိုယ္ျပန္ခဲ့ၾကေပမယ့္အိပ္မေပ်ာ္ခဲ့ၾက။
အႏွိုင္းမဲ့နတ္ဘုရားနဲ႕တူေပမယ့္ ယုအာကသိပ္ကိုႏုနယ္ေသးၿပီး သူတို႔ရဲ႕ကာကြယ္မႈကိုလိုအပ္သည္။
ေတာ္ဝင္လုံမ်ိဳးဆက္ေတြထဲမွာ ယုအာကဒုတိယေျမာက္မ်က္ဝန္းနက္ဆိုတာကိုေတာ့ယုံၾကည္လက္ခံလိုက္ၾကသည္။
စာလႊာထဲမွာေရးထားသည့္ အထူးဆန္းဆုံးအေၾကာင္းအရာက တည္ေထာင္သူဟာ ထီးနန္းကိုမယူဘဲ အုပ္ခ်ဳပ္သူတစ္ေယာက္ထားၿပီး သာမန္ဘဝကိုေအးေအးခ်မ္းခ်မ္းျဖတ္သန္းခဲ့ကာ နိုင္ငံကိုကာကြယ္ရန္အခ်ိန္က်လွ်င္ ျပန္လည္ေပၚထြက္လာလိမ့္မည္တဲ့...
ဒါဆို ယုအာေမြးဖြားလာရတာက လုံနိုင္ငံတစ္ခုခုျဖစ္ေတာ့မွာမို႔ ကာကြယ္ဖို႔လား.....
အရွင္မင္းႀကီးမွာ ထိုအေတြးေတြနဲ႕ သလြန္ထက္တြင္ဟိုဘက္လွည့္သည္ဘက္လွည့္ႏွင့္ဂဏာမၿငိမ္.....
ယုအာကိုေမြးဖြားခဲ့သည့္ညက ဘာၾကယ္တာရာနကၡတ္မွ မရွိဘဲ လမင္းသာရွိေနခဲ့သည္။
တကယ္ဆို ယုအာေမြးဖြားလာကတည္းကဆန္းၾကယ္မွန္းသူတို႔ေတြသတိထားခဲ့မိသင့္သည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ယုဖုန္းမနက္ခင္းအလင္းေရာင္ေတာင္မျမင္ရေသးခ်ိန္မွာ နိုးထလာၿပီး တစ္ကိုယ္လုံးေပါ့ပါးလန္းဆန္းကာ မေန႕က ေဝဒနာခံစားခဲ့ရတာကိုပင္သတိမရေတာ့.....
သူမွတ္မိတာဆိုလို႔ ပူၿပီးအိပ္ေပ်ာ္သြားသည္ဟူ၍ပင္။
ပန္းပြင့္လႊာေတြက်ဲထားသည့္ သူ႕အေဆာင္မွ ေရကန္ထဲတြင္ စိမ္ရင္းဇိမ္က်ေနတုန္း ျပတင္းေပါက္မွတစ္စုံတစ္ေယာက္ခိုးဝင္လာသည္ကိုျမင္လိုက္ရသည္။
ေရထဲကေနထေျပးၿပီးေအာ္ဖို႔ႀကံရသည္။
"လာၾကပါ.........
အြန္း!!!"
ေအာ္သံေလးထြက္ခါစရွိေသး ပါးစပ္ကိုလက္နဲ႕အပိတ္ခံလိုက္ရေတာ့ ယုဖုန္းမ်က္စိစုံမွိတ္ကာ႐ုန္းသည္။
ေရစိမ္ေနခ်ိန္မွာ တစ္ေယာက္မွအနားမထားတတ္သည့္ သူ႕အက်င့္ကအခုေတာ့ဒုကၡနဲ႕လွလွေတြ႕ၿပီထင္။
"ယုအာ...."
ရင္းႏွီးသည့္ခပ္တိုးတိုးေခၚသံေၾကာင့္ ဆက္မ႐ုန္းဘဲမ်က္လုံးဖြင့္ၾကည့္လိုက္သည္။
"ရိရိ....."
"အင္း...ကိုယ္ပါ.....
ေနရတာဘယ္လိုေနေသးလဲဟင္.....
ပူေနေသးလား..... "
ယုဖုန္းရဲ႕ လက္ေမာင္း ေလးေတြ ပုခုံးေလးေတြကိုစမ္းရင္း ထ်န္းရိေမးလိုက္သည္။
"မပူေတာ့ဘူး......
ယုအာေနေကာင္းသြားၿပီ......
ဒါနဲ႕ ရိရိကဘာလို႔ခိုးဝင္လာတာလဲ......"
"အခုကမနက္အေစာႀကီးရွိေသးတယ္ေလ....
ယုအာဆီကိုဒီအခ်ိန္လာခြင့္မွမရွိတာ.....
မေန႕ကယုအာ နာလို႔ငိုေနတာျမင္ၿပီး....
ကိုယ္အိပ္လို႔ေတာင္မရလို႔ လာၾကည့္တာ....."
ထ်န္းရိကေျပာလဲေျပာ ယုဖုန္းခႏၶာကိုယ္ေလးကိုလည္း ဟိုလွည့္သည္လွည့္ႏွင့္ေသခ်ာစစ္ေဆးသည္။
"စိတ္မပူနဲ႕ေတာ့....
ယုအာအဆင္ေျပသြားၿပီ......"
မေန႕ကနဲ႕မတူညီစြာ ႏြမ္းလ်ေနသည့္ထ်န္းရိဟာ ယုဖုန္းကိုစိတ္ပူစိတ္ကေတာ့မေလ်ာ့သြားေသး....
၁၅ ႏွစ္ေက်ာ္ထ်န္းရိက အရပ္ေတာ္ေတာ္ရွည္ကာ ေန႕တိုင္း ေလ့က်င့္မႈေတြေဆာင္႐ြက္ရေသာေၾကာင့္ ေတာင့္တင္းသည့္ကိုယ္ခႏၶာတည္ေဆာက္ပုံရွိရာ ယုဖုန္းကိုဖက္လိုက္ခ်ိန္မွာေတာ့ သူ႕ရင္ခြင္ထဲမွ ထိုခႏၶာကိုယ္ေလးေပ်ာက္သြားသလားထင္ရေအာင္ျမဳပ္ဝင္သြားတတ္သည္။
"ရိရိ ယုအာအဝတ္ဝတ္အုံးမယ္ေလ....."
ဖက္ထားတာလည္းအေတာ္ၾကာေနၿပီမို႔ ယုဖုန္းေျပာလိုက္မွသာ ထ်န္းရိကအသိဝင္လာသလို ယုအာကိုယ္ေလးကိုငုံ႕ၾကည့္သည္။
ယုဖုန္းလည္းအေယာင္ေယာင္အမွားမွားႏွင့္ မယ္ေတာ္ေပးခဲ့သည့္အေမြသူ႕ရတနာေလးကိုလက္ႏွင့္အုပ္လိုက္မိေတာ့ ရိရိက ရယ္သည္။
ရိရိက သူ႕ရဲ႕အဝတ္မပါတဲ့ကိုယ္ကို အရင္ကလည္းျမင္ဖူးၿပီး အ႐ြယ္မေရာက္ေသးသည့္ သူ႕ရတနာေလးကိုေသးသည္ဟုစတတ္တာကလည္း အက်င့္လိုပင္ျဖစ္ေနၿပီ။
သူငါးႏွစ္သား ရိရိ ကိုးႏွစ္တုန္းကေတာင္ ရႉးရႉးေပါက္တာဘယ္သူအေဝးပိုေရာက္လည္းအၿမဲၿပိဳင္ခဲ့ၾကဖူးသည္။
"ယုအာအ႐ြယ္ေရာက္ရင္ ရိရိထက္ႀကီးမွာၾကည့္ေန!"'
ခါတိုင္းလိုမာန္ပါပါတစ္ခ်က္ က်ဳံးဝါးလိုက္ေပမယ့္ ထ်န္းရိမ်က္လုံးထဲမွာေတာ့ မာန္ဖီေနသည့္ ေၾကာင္ေလးႏွင့္သာတူေနခဲ့သည္။
ထ်န္းရိလည္း ပုံမွန္ယုအာအေျခအေနကိုျမင္ရၿပီမို႔ စိတ္ေအးသြားကာ ယုအာနဖူးျပင္ထက္ခပ္ဖြဖြေလးနမ္းၿပီး ျပန္ထြက္သြားခဲ့သည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ယုဖုန္းေက်ာင္းေတာ္ကိုသြားရန္ျပင္ဆင္ၿပီးခ်ိန္မွာ ခမည္းေတာ္ကမနက္စာအတူစားဖို႔အေခၚလႊတ္လို႔သြားရျပန္သည္။
အစ္မေတာ္ ၁ ကလြဲရင္ အကုန္စုံေနၾကၿပီး ဝင္လာကတည္းက ခမည္းေတာ္အပါအဝင္အားလုံးကသူ႕ကိုခိုးၾကည့္ေနၾကသည္။
မ်က္လုံးေတြကလည္းမအိပ္ရတဲ့ပုံေတြျဖစ္ေနၿပီး စိတ္နဲ႕လူနဲ႕ေရာကပ္ၾကရဲ႕လားမသိ။
"မေန႕ကေနမေကာင္းျဖစ္တာ ယုအာေလ....
ဘာလို႔ ခမည္းေတာ္တို႔ကလူမမာ႐ုပ္ျဖစ္ေနရတာလဲ...."
ယုဖုန္းမေနနိုင္ေတာ့လို႔ လက္ထဲကတူကိုခ်ၿပီးေမးလိုက္ေတာ့ ဘာမွျပန္မေျဖဘဲ တန္းစီၿပီးသက္ျပင္းေတြခ်ၾကေရာ။
"ယုအာ...."
ခမည္းေတာ္စီကစကားသံထြက္လာၿပီမို႔ ယုဖုန္းတည္ၿငိမ္စြာၾကည့္လိုက္သည္။
"ကိုယ္ခံပညာနဲ႕အတိုက္အခိုက္သင္ပါေတာ့လားဟင္....."
ကိုယ္ခံပညာနဲ႕အတိုက္အခိုက္ကအတူတူပဲမဟုတ္ဘူးလားဟင္.....
ယုဖုန္းမ်က္ႏွာ ရႈံ႕မဲ့မဲ့နဲ႕ဘဲေခါင္းရမ္းသည္။
အဲ့ပညာက ကိုယ္လည္းခံရမယ္ သူမ်ားလည္းနာဦးမယ္လို႔ ယုဖုန္းထင္သည္။
"ယုအာ.....
သားေတာ္က ေတာ္ဝင္မင္းသားေနာ္.....
ဒီပညာေတြကိုတတ္ေျမာက္ထားမွျဖစ္မွာေပါ့...
သားကိုယ္သားေတာင္မကာကြယ္နိုင္ရင္ တိုင္းျပည္ကိုဘယ္လိုလုပ္ကာကြယ္နိုင္ပါ့မလဲ....."
ခမည္းေတာ္ကငါ့မ်ားစစ္တပ္ထဲပို႔မလို႔လား.....
"ယုအာမွမသင္ခ်င္တာကို....."
"မရဘူး ယုအာ.....
သင္ကိုသင္ရမယ္....."
ယုဖုန္းအကူအညီရလိုရျငား မယ္ေတာ္ေတြဆီေရာအစ္မေတာ္ေတြဆီကိုပါ မ်က္လုံးေလးပုတ္ခတ္ပုတ္ခတ္လုပ္ျပေပမယ့္ တစ္ေယာက္မွဝင္မေျပာ....
"ရွီခ်န္းေက်ာင္းေတာ္ေနာက္ဆုံးအဆင့္စာေမးပြဲေအာင္ၿပီးၿပီကို ေက်ာင္းကဆက္သြားစရာမွမလိုေတာ့တာ.....
မနက္ျဖန္ကစၿပီး စစ္သူႀကီးလီေဟာ္ဆီမွာ ကိုယ္ခံပညာသြားသင္ရမယ္......"
"ခမည္းေတာ္....
ယုအာမသင္"
"ဒါအမိန့္ပဲ မင္းသားယုဖုန္း!!!"
ဟိန္းထြက္လာသည့္ ခမည္းေတာ္ရဲ႕ အမိန့္ဆိုသည္က ယုဖုန္းကိုထိတ္လန့္ေစသည္။
ခမည္းေတာ္ကသူ႕အေပၚဘယ္တုန္းကမွေလသံမမာဖူးသလို ဘာမဆိုသူ႕စိတ္တိုင္းက်ျဖစ္ေစခဲ့သည္မို႔ ပထမဆုံးႀကဳံေတြ႕ရသည့္ဤအေျခအေနေၾကာင့္ ယုဖုန္း ဝမ္းနည္းစိတ္ကထိန္းမရ။
အစ္ကိုေတာ္အစ္မေတာ္ေတြေရာ မယ္ေတာ္ေတြကပါ မသိခ်င္ေယာင္ေဆာင္ေနရာ သူခမည္းေတာ္ကိုေတာင္ႏႈတ္မဆက္ေတာ့ဘဲ ထိုေနရာကေနထြက္လာခဲ့ေတာ့သည္။
ဖုန္းဟြာလို႔အမည္ေပးထားသည့္ သူ႕ဓားကိုသာေဒါသတႀကီးဆုပ္ကိုင္ရင္း နန္ေတာ္အျပင္သို႔ေရာက္လာသည္။
မင္းသားေလးရဲ႕စိတ္အေျခအေနမေကာင္းသည္ကိုသိေသာ ကိုယ္ရံေတာ္ေတြမွာလည္း အေနာက္ကေန တိတ္တဆိတ္ပဲလိုက္လာၾကသည္။
ရိရိရွိရာ မုအိမ္ေတာ္ကိုေရာက္ေတာ့ ဓားေရးက်င့္ေနသည့္ ရိရိနားတန္းေျပးသြားမိသည္။
႐ုတ္တရက္သူ႕နားေျပးလာေနသည့္ယုအာေၾကာင့္ ထ်န္းရိလက္ထဲမွဓားကိုယုအာအား မထိခိုက္ေစရန္ ခပ္လွမ္းလွမ္းျပစ္ထုတ္လိုက္သည္။
ရင္ခြင္ထဲတန္းဝင္လာၿပီး သူ႕ခါးအားဖက္တြယ္ကာ ယုအာကငိုသည္။
"ဘာျဖစ္လာတာလဲ ယုအာ.....
ဘယ္သူကယုအာကိုငိုေအာင္လုပ္တာလဲ....."
ေမးတာလည္းမေျဖငိုသာငိုေနသည့္ ကေလးငယ္ကို ထ်န္းရိေပြ႕ခ်ီလိုက္ကာ ေက်ာေလးကိုပြတ္သပ္ၿပီးေခ်ာ့ရသည္။
ငိုလို႔ေမာသြားသည့္ ယုအာကိုေပြ႕လ်က္ပဲ ခုံမွာဝင္ထိုင္လိုက္ကာ မ်က္ရည္ေတြႏွင့္ေပတလူးေနသည့္မ်က္ႏွာေလးကို ပုဝါျဖင့္ အသာအယာသုတ္ေပးၿပီး ႏွပ္ေခ်းေတြညွစ္ခိုင္းရသည္။
"ေရေသာက္လိုက္ဦး....."
သူတိုက္သည့္ေရကိုယုအာက အသာတၾကည္ဘဲေသာက္သည္။
"ကဲ အခုေျပာေတာ့.....
ယုအာကိုဘယ္သူအနိုင္က်င့္လိုက္တာလဲ"
သူ႕ဝတ္႐ုံရင္ဘက္နားကို ကိုင္ထားသည့္ယုအာက မေျဖဘဲ မ်က္ႏွာဝွက္လိုက္ေတာ့ ထ်န္းရိ အနားမွ ကိုယ္ရံေတာ္ေတြကိုေမးရေတာ့သည္။
"ဘာျဖစ္လာတာလဲ ကိုယ္ရံေတာ္ဘင္းဝမ္"
"အရွင္မင္းႀကီးက မင္းသားေလးကိုအမိန့္ေပးလိုက္တယ္....
မနက္ျဖန္ကစၿပီး ကိုယ္ခံပညာသင္ရမယ္တဲ့...
ၿပီးေတာ့ အရွင္မင္းႀကီးအသံကအရမ္းက်ယ္ၿပီး ေအာ္လိုက္သလိုႀကီးမို႔ မင္းသားေလးဝမ္းနည္းသြားတာထင္ပါတယ္......"
"ဟုတ္လား ယုအာ...."
ရင္ခြင္ထဲကကေလးငယ္က ေခါင္းေလးညိတ္ျပသည္။
"ယုအာကိုယ္ခံပညာမသင္ခ်င္တာကို
ခမည္းေတာ္ကသင္ကိုသင္ရမယ္တဲ့....ဟင့္...
ေတာ္ေသးတာေပါ့ သင္ေပးမယ့္ဆရာကေဟာ္ေဟာ္မို႔လို႔....."
"လီေဟာ္လား....."
"အင္း...."
ထ်န္းရိပိုၿပီးရင္ပူသြားၿပီ။
ယုအာကေတာ္ေသးတယ္လို႔ေျပာေပမယ့္ သူ႕အတြက္ေတာ့ မေတာ္ေတာ့ဘူး.....
"မနက္ျဖန္က်ရင္ယုအာနဲ႕လိုက္ခဲ့ေပးရမလား...."
"တကယ္လား.....
လိုက္ခဲ့ေပးေနာ္.....
ရိရိပါရင္ယုအာပိုအားရွိတယ္....."
"အင္း အဲ့တာဆိုလိုက္ခဲ့မယ္"
ဘုရင့္အမိန္မို႔ လြန္ဆန္လို႔မရေတာ့ေပမယ့္ သူယုအာအနားမွာရွိေနရင္ေတာ့ စိတ္ပူရတာနည္းနည္းသက္သာမည္ထင္။
ကိုယ္ရံေတာ္ေတြကေတာ့ ထ်န္းရိကိုၾကည့္ၿပီးသနားေနၾကသည္။
ဪ သခင္ေလးမုခမ်ာ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ကေလးအေဖႀကီးကို ျဖစ္ေနရတာပါလားလို႔ေတြးမိသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro