Part-7 ( awake of phoenix )
Unicode
ယနေ့လုံနိုင်ငံရဲ့ နန်းမြို့တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
နယ်စပ်က ဂင်ဂိုတွေ၏ကျူးကျော်မှုကို နှစ်ပေါင်းများစွာတွန်းလှန်ခဲ့သည့်နောက် အနိုင်ရခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ်ချုပ်နိုင်ခဲ့သည့် အောင်မြင်မှုနှင့် တော်ဝင်စစ်တပ်ကပြန်လာမည်ကို သူတို့ကြိုဆိုရန်ပြင်ဆင်နေကြသည်။
စစ်သူကြီးလီကအနားယူသွားပြီး သူ၏သားဖြစ်သူလီဟော်က ရာထူးကိုဆက်ခံကာ အောင်မြင်ခဲ့ကြောင်းမှာ မြို့တော်တွင်အပြောအများဆုံးဖြစ်နေသည်။
"လီဟော်......"
ယုဖုန်း သူ့မှတ်ဉာဏ်ထဲမှ သလင်းရောင်နှင့်အပြာရောင်မျက်ဝန်းတစ်စုံကိုသတိရသွားသည်။
"ရိရိ.....
သူတို့ပြောနေကြတဲ့ လီဟော်ဆိုတာက....
ယုအာတို့သိတဲ့ဟော်ဟော်မလားဟင်....."
"အင်း...."
ထျန်းရိ၏စိတ်ရှုပ်နေသည့် ပုံစံကြောင့် ယုဖုန်းထပ်မမေးတော့ဘဲ သူ့အစ်ကိုတော်ရဲ့သားဖြစ်သူ တစ်နှစ်အရွယ် လုံကျင်းရှီလေးနှင့်သာဆော့နေလိုက်တော့သည်။
ကျင်းရှီလေးရဲ့မိခင် အိမ်ရှေ့စံမိဖုရားကလည်း သူ့သားတော်ကို ယုဖုန်းလုပ်ပြသည့်မျက်နှာအမူအရာအသံတွေအားကြည့်ရင်း သူ့သားငယ်လေးနှင့်အတူလိုက်ရယ်နေသည်။
"အိမ်ရှေ့စံမိဖုရား နဲ့ မင်းသားယုဖုန်းတို့ကို နန်းရင်ပြင်ကိုလာခဲ့ဖို့မင်းကြီးကမိန့်လိုက်ပါတယ်...."
"ဘာအကြောင်းကိစ္စရှိလို့လဲ....."
"စစ်သူကြီးလီနဲ့တော်ဝင်စစ်တပ်ပြန်လာတာကိုကြိုဆိုကြဖို့ပါ....."
"ကောင်းပြီ"
သတင်းပို့သည့် ကိုယ်ရံတော်ပြန်ထွက်သွားသည်နှင့် ယုဖုန်းတို့လည်းနန်ရင်ပြင်ကိုသွားရန်ပြင်ကြသည်။
လုံကျင်းရှီလေးကိုကိုယ်တိုင်ချီပြီးရှေ့ကထွက်သွားသည့် ယုဖုန်းဘေးမှာ ထျန်းရိရှိနေပြီး မလှမ်းမကမ်းတွင်တော့ အိမ်ရှေ့စံမိဖုရားနှင့် အထိန်းတော်ကိုယ်ရံတော်တစ်သိုက်လိုက်လာသည်။
နန်းရင်ပြင်ဆီရောက်တော့ တော်ဝင်မိသားစုနှင့်အမတ်အရာရှိတွေအားလုံးစုံညီနေကြသည်။
ကျင်းရှီလေးကအစ်ကိုတော့်လက်ထဲကိုရောက်သွားတော့ ယုဖုန်း အစ်မတော် ၁ ရဲ့လသားသမီးလေး ဟွားရှီနားတစ်လှည့်ရောက်သွားသည်။
ထျန်းရိ ကလေးနှစ်ယောက်နဲ့ပျော်နေသည့် သူ့ကလေးငယ်ယုအာကိုကြည့်ရင်း စိတ်ထဲမှာပိုတိုး၍သာလေးလံလာသည်။
လီဟော်ဆိုတဲ့ မျက်လုံးအရောင်နှစ်မျိုးရှိသည့်ထိုလူ၏ ယုအာကိုကြည့်ခဲ့သောအကြည့်တွေအား ကုန်ဆုံးခဲ့သည့် ခြောက်နှစ်လုံးသူလုံးဝမမေ့ခဲ့ပါ။
ပြန်မြင်ယောင်မိတိုင်း ထိုမျက်ဝန်းအစုံကိုဖောက်ထုတ်ပစ်ချင်သည်။
တခြားသူတွေအမြင်မှာ သာမာန်အကြည့်လေးလို့ပဲထင်မှတ်ကြပေမယ့် ထျန်းရိအာရုံတွေရနေသည်။
ထိုလူက သူနဲ့ယုအာကိုခွဲမည့်သူမှန်းသူ့စိတ်ကအလိုလိုသိနေသည်။
သိပ်မကြာခင်မှာဘဲ နန်းတော်အပြင်မှာ ကြိုဆိုသံတွေထွက်ပေါ်လာပြီး လုံနိုင်ငံရဲ့ နဂါးအလံကိုလွှင့်ထူထားသည့် တော်ဝင်စစ်တပ်ဟာ နန်းတော်ထဲရောက်ရှိလာသည်။
ချပ်ဝတ်တံဆာအပြည့်နှင့် မြင်းပေါ်မှဆင်းလာပြီး ခမည်းတော်ကိုအရိုအသေပြုလိုက်သူက လီဟော်......
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်!!!"
ခမည်းတော်ကပြုံးကာ စစ်သည်တွေအားလုံးအပါအဝင်လီဟော်ကိုပါထစေလိုက်ပြီး ခန်းမထဲတွင်ထိုင်စေသည်။
ယုဖုန်းလည်း အစ်မတော်လက်ထဲမှ တူမတော်လေးကို ချော့မြှူရင်းလိုက်ပါလာကာ ခန်းမအတွင်းလှေကားထစ်နားရောက်တော့ ခလုတ်တိုက်ပြီး ဟက်ထိုးလဲတော့မလိုဖြစ်သွားသည်။
အမတ်ကြီးမုအနားမှ ထျန်းရိက အမြန်ယုဖုန်းကိုလှမ်းဆွဲဖို့လုပ်လိုက်ပေမယ့် သူ့ထက်လျင်သည့် တစ်စုံတစ်ယောက်က ယုဖုန်းကိုဖမ်းကိုင်လိုက်ပြီဖြစ်သည်။
မီးဓာတ်ပိုအားသန်သည့် လီဟော်ရဲ့ခန္ဓာကိုယ်မှာ သံချပ်ကာကိုပင်ပူနွေးနေစေပြီး ယုဖုန်းလည်းထိုအပူကိုခံစားရကာ ခေါင်းကိုမော့ကြည့်လိုက်သည်။
အရောင်မတူသည့်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းစုံမိသွားတော့ ယုဖုန်းလည်းသွားလေးဖြီးကာသာရယ်ပြလိုက်သည်။
"ယုအာ.....
သွားထိုင်ကြရအောင်....."
ယုအာကျောပေါ်မှ လီဟော်ရဲ့လက်ကိုထျန်းရိဖြုတ်ချထားခဲ့ပြီး ထိုင်နေကျနေရာသို့ ယုအာကိုဆွဲခေါ်သွားတော့သည်။
အဲ့လူယုအာကိုထိတာဒါနဲ့ဆိုနှစ်ခါရှိပြီမို့ အဲ့လူရဲ့လက်တွေကိုပါထျန်းရိဖြတ်ပစ်ချင်နေခဲ့ပြီ။
သူ့နံဘေးမှာထိုင်နေသည့် ယုအာက တစ်ဖက်မျက်စောင်းထိုးနေရာမှ လီဟော်ကိုလှမ်းလှမ်းပြုံးပြနေတော့ ယုအာရဲ့လက်ဖဝါးကို ထျန်းရိဆုပ်ကိုင်ကာ ဖြစ်ညှစ်ပစ်လိုက်ရာ ယုအာကသူ့ကိုလှည့်ကြည့်လာပြီး သူ့ရင်ဘက်ကိုလက်သီးလေးနဲ့လှမ်းထိုးသည်။
ယုအာကိုတစ်မျိုးပြီးတစ်မျိုးစရင်း သူ့ဆီမှာသာ အာရုံစိုက်အောင်လုပ်ဆောင်ခြင်းကအောင်မြင်သည်။
ယုအာနဲ့အချင်းချင်းမနာအောင်ရိုက်ပုတ်နေကြရင်း မင်းကြီးက လီဟော်ကိုဆုတွေချီးမြှင့်နေသည်ကိုလည်း လှစ်လျူရှူထားလိုက်သည်။
မျက်နှာလေးတွေနီရဲလာသည့် ယုအာကတော့ သူ့ရဲ့စနောက်မှုတွေကြောင့် စိတ်တိုကာ ရေတွေချည်းသောက်နေသည်။
ယုဖုန်းတဖြည်းဖြည်းပူလာသည်ကိုခံစားမိနေရာ ရာသီဥတုကြောင့်လို့ထင်လိုက်ပေမယ့် သူ့ကိုယ်တွင်းမှာ တဖြည်းဖြည်းသွေးတွေခမ်းခြောက်လာသလိုပင်။
ရေတွေကိုသောက်နေရင်းအပူဒဏ်ကပို၍သာတိုးလာကာ ယုဖုန်း အသားအရေတွေရဲတက်လာသည်။
"ယုအာ.....
ဘာဖြစ်လို့လဲ......"
နီရဲနေသည့်ယုအာရဲ့ လက်ဖဝါးကိုလှမ်းကိုင်လိုက်သည့် ထျန်းရိပင် သူ့လက်အပူလောင်သွားသလိုခံစားလိုက်ရသည်။
"ပူတယ်....."
ယုဖုန်းခက်ခက်ခဲခဲပြောကာ ဆက်မထိုင်နိုင်တော့ဘဲလဲကျသွားသည်။
"ယုအာ!!"
ပုလ္လင်ပေါ်ကခမည်းတော်ပါဆင်းလာပြီး လူးလှိမ့်နေသည့် ယုဖုန်းကိုကိုင်ကြည့်ကာထိတ်လန့်သွားသည်။
"သမားတော် အမြန်ခေါ်ကြလေ!!"
မင်းကြီးရဲ့ဒေါသတကြီးအော်သံနောက်အားလုံးအသိဝင်လာကာ တော်ဝင်သမားတော်ဆီ ဘင်းဝမ်ပြေးတော့သည်။
"ပူတယ်!!!"
အရှင်လတ်လတ်မီးနှင့်အရှို့ခံရသလို ယုဖုန်းခံစားနေရပြီး မျက်ရည်တွေပင်စီးကျလာသည်။
ထျန်းရိသူ့ရေခဲစွမ်းအားကိုထုတ်သုံးကြည့်ပေမယ့် ယုအာအပေါ်မှာ သက်ရောက်မှုမရှိခြင်းကိုသာအံ့ဩစွာတွေ့ရှိရသည်။
လီဟော်လည်း ယုဖုန်းကိုယ်ထဲမှ အပူဓာတ်ကို သူ့မီးစွမ်းအားရောရေစွမ်းအားပါသုံးကာ ထိန်းညှိဖို့ကြိုးစားပေမယ့် အချင်းနှီးသာ.....
မင်းသမီးတွေကပါသူတို့အစွမ်းတွေနှင့်ကြိုးစားကြည့်ပေမယ့် မရ.....
မင်းကြီးရဲ့ကုသခြင်းအစွမ်းကတောင်အလုပ်မဖြစ်ပေ။
သမားတော်တွေရောက်လာတော့ ယုအာကို အမြန်အိပ်ဆောင်ဆီသို့ ဘင်းဝမ်က ပွေ့ချီပြေးသွားခဲ့သည်။
တော်ဝင်မိသားစုနှင့် သမားတော်တွေမှလွဲ၍ ကျန်အရာရှိတွေအပါအဝင် ထျန်းရိပါ အဆောင်တော်အပြင်မှသာစောင့်ဆိုင်းနေရပြီး အထဲဝင်ခွင့်မရ။
ဘင်းဝမ်လည်း အပူလောင်သလိုကြီးဖြစ်နေသည့် မင်းသားလေးကိုပွေ့ချီခဲ့သောသူ့လက်တွေကိုမယုံနိုင်စွာကြည့်နေမိသည်။
"အား!!!"
ယုဖုန်းရဲ့နာကျင်စွာအော်ဟစ်သံကအဆောင်တော်ထဲမှရံဖန်ရံခါထွက်ပေါ်လာပြီး ထျန်းရိမှာပို၍သာတုန်လှုပ်လာသည်။
လေထဲမှာ ပက်လက်ကြီးချိတ်ဆွဲခံရသလိုမြှောက်တက်သွားသည့် ယုဖုန်းကနာကျင်စွာပင်လေထဲမှာရုန်းကန်နေရှာသည်။
ထိတ်လန့်ဖွယ်ထိုမြင်ကွင်းကိုကြည့်ရင်း ဘာမှမတတ်နိုင်ရာ မင်းကြီးပင်မျက်ရည်တွေဝဲကာ မိဖုရားတွေနှင့် မင်းသမီးတွေကတော့ငိုနေကြပြီ။
သမားတော်ကြီးနှင့်သူ့တပည့်မှာလည်း ဘာရောဂါမှမရှိ ဘာအဆိပ်မှမမိသည့် မင်းသားလေးရဲ့ ဤဆန်းပြားရောဂါကိုကုသဖို့ရာမစွမ်းသာ.....
လေထဲကနေအိပ်ရာသလွန်ပေါ်ပြန်ပြုတ်ကျလာသည့် မင်းသားလေး၏ လူးလှိမ့်အော်ဟစ်သံက သနားဖို့ကောင်းလွန်းလှသည်။
"မျက်ဝန်းတွေကိုမှိတ်ထားလိုက်ပါ
ရဲရင့်ခြင်းရဲ့
တော်ဝင်နဂါးက
ကာကွယ်ပေးလိမ့်မယ်.....
ကြောက်ရွံ့မှုတွေကိုဖယ်ရှားလိုက်ပါ
အတုမရှိ လှပသည့်
မီးငှက်က
အနားမှာရှိလိမ့်မယ်......
နေ့သစ်တွေကို ကိုယ်တိုင်ဖန်ဆင်းပါ....
မင်းဟာမြင့်မြတ်တဲ့....
တော်ဝင်နတ်ဘုရားရဲ့သွေးသား...."
ရုတ်တရက် တော်ဝင်မိသားစုရဲ့ သားချော့တေးကိုထဆိုသည့်မင်းကြီးကြောင့် နန်းဆောင်ထဲကလူတွေရော အပြင်ကထျန်းရိတို့ပါ ကြောင်သွားသည်။
ထူးဆန်းစွာဘဲ မင်းသားလေးကနည်းနည်းငြိမ်ကျသွားသည်ကိုတွေ့ရကာ မိဖုရားတွေနှင့် မင်းသမီးတွေရော အိမ်ရှေ့စံပါ တော်ဝင်သွေးတေးကို စတင်ဆိုကြတော့သည်။
ညီညာစွာထွက်ပေါ်လာသည့် တော်ဝင်မိသားစု၏ တော်ဝင်တေးကြောင့် အရာရှိ အစေခံ ကိုယ်ရံတော် အထိန်းတော်အားလုံးမှာ ကြက်သီးတဖြန်းဖြန်းထရသလို့ သမားတော်နှစ်ဦးမှာလည်း လုံးဝငြိမ်ကျသွားပြီး တဖြည်းဖြည်းပုံမှန်အပူချိန်ရောက်သွားသောမင်းသားလေးကြောင့် မယုံကြည်နိုင်ခြင်းမှာပြည့်နှက်နေသည်။
"ဒီနေ့မင်းသားလေးရဲ့ ဝေဒနာနဲ့ပတ်သက်ပြီး အပြင်ကိုမပေါက်ကြားစေနဲ့!"
မင်းကြီးရဲ့ တစ်သွေးတစ်သံအမိန့်ကိုအားလုံးနာခံကြရပြီး အလျိုလျိုပြန်သွားကြပေမယ့် ထျန်းရိကတော့ ကျန်နေသေးသည်။
"သခင်လေး.....
ပြန်လိုက်ပါတော့ မင်းသားလေးကအနားယူဖို့လိုနေတယ်.....
အထဲမှာလည်းမင်းကြီးတို့တွေရှိနေတာမို့ စိတ်မပူပါနဲ့......"
ထျန်းရိလည်းသူလုပ်ပေးနိုင်ဘာမှမရှိသည်မို့ ဘင်းဝမ်ပြောသည့်အတိုင်းပြန်ခဲ့ရသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
အိပ်ရာထက်မှ ယုဖုန်းမျက်ဝန်းတွေရုတ်တရက်ပွင့်လာကာ ထထိုင်လိုက်သည်။
"ယုအာနိုးလာပြီ...."
အနားရောက်လာပြီး စစ်ဆေးနေသည့် ခမည်းတော်တို့ကိုယုဖုန်းမမြင်ပေ။
သူ့အနားမှာပျံဝဲနေသည့် မီးလောင်နေသောငှက်တစ်ကောင်ကိုသာလိုက်ကြည့်နေမိသည်။
ဒါကမီးငှက်လား......
ထိုငှက်က သူစာပေလေ့လာသည့်စားပွဲဘေးမှအောက်ဘက်နံရံတွင်ဝင်ရောက်ပျောက်ကွယ်သွားသည်။
ယုဖုန်းထိုနေရာသို့ လက်ညိုးထိုးလိုက်သည်။
"ယုအာ....."
"အဲ့နေရာမှာ....."
သူလက်ညိုးထိုးရာသို့ အားလုံးကိုကြည့်ကြလေသည်။
"အဲ့နေရာမှာ တစ်ခုခုရှိနေတယ်......"
ယုဖုန်းပြောပြီးတော့ ပင်ပန်းနွမ်းနယ်စွာ ပြန်လှဲချလိုက်တော့ တန်းအိပ်ပျော်သွားသည်။
"ဟဲပင်း.....
အဲ့နေရာ စစ်ကြည့်စမ်း"
အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်က ထိုနံရံအောက်ခြေနားကိုစစ်ဆေးကြည့်လေသည်။
ဟိုစမ်းသည်စမ်းလုပ်ရင်း ချလောက်ဆိုသည့်အသံနှင့် တစ်တောင်လောက်သာရှိသည့် အံဝှက်လေးပေါ်လာသည်။
"အရှင်မင်းကြီး.....
ပေလွှာထည့်တဲ့ဘူးတစ်ဘူးရှိပါတယ်....."
"ယူလာခဲ့"
မင်းကြီးကသူ့လက်ထဲရောက်လာသည့် ပေလွှာဘူးမှ ရွှေရောင်စာများကိုဖတ်ကြည့်လိုက်သည်။
"လုံရဲ့တည်ထောင်သူ ကာကွယ်စောင့်ရှောက်သူနတ်ဘုရား......"
အနက်ရောင်နှင့်ခတ်နှိပ်ထားသည့် တော်ဝင်အမှတ်အသားကိုမြင်တော့ ထိပ်တန်းလျှို့ဝှက်ချက်မှန်းတန်းသိကာ တော်ဝင်မိသားစုမှအပ အားလုံးကိုထွက်သွားစေပြီး နန်းဆောင်ပတ်လည် ပေတစ်ရာကို ဘယ်သူမှကပ်မလာဖို့အမိန့်ချလိုက်သည်။
ပေလွှာဘူးကိုဖွင့်လိုက်တော့ စာပေတစ်လွှာနှင့် ပန်းချီပိုးသားလိပ်တစ်ခု......
စာပေလွှာကိုဖတ်ပြီး မင်းကြီးရဲ့ခံစားချက်မျိုးစုံပြေးနေသော မျက်နှာကြောင့် ဘာအကြောင်းအရာလဲ အကုန်သိချင်နေကြသည်။
စာပေလွှာကိုတော်ဝင်မိသားစုတွေအကုန်ဖတ်ပြီးချိန်မှာတော့ အားလုံးဟာအတွေးကိုယ်စီနှင့်ငြိမ်သက်နေကြသည်။
"တော်ဝင်သမိုင်း ထဲကနေ ဒီအကြောင်းအရာကိုလျို့ဝှက်ထားကြတာပဲ......"
ပန်းချီပိုးသားလိပ်ကိုဖွင့်လိုက်ချိန်မှာတော့ မြင်လိုက်ရသည့် ပုံတူပန်းချီကိုကြည့်ကာ အံ့ဩနေသည့်မျက်ဝန်းတွေက အိပ်ရာ သလွန်ထက်မှာ ၁၁ နှစ်ကျော်အရွယ်ကလေးထံရောက်သွားကြသည်။
"အရမ်းကိုတူလွန်းတယ်....."
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ယေန႕လုံနိုင္ငံရဲ႕ နန္းၿမိဳ႕ေတာ္တစ္ခုလုံး လႈပ္လႈပ္ရွားရွားျဖစ္ေနၾကသည္။
နယ္စပ္က ဂင္ဂိုေတြ၏က်ဴးေက်ာ္မႈကို ႏွစ္ေပါင္းမ်ားစြာတြန္းလွန္ခဲ့သည့္ေနာက္ အနိုင္ရခဲ့ၿပီး ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္နိုင္ခဲ့သည့္ ေအာင္ျမင္မႈႏွင့္ ေတာ္ဝင္စစ္တပ္ကျပန္လာမည္ကို သူတို႔ႀကိဳဆိုရန္ျပင္ဆင္ေနၾကသည္။
စစ္သူႀကီးလီကအနားယူသြားၿပီး သူ၏သားျဖစ္သူလီေဟာ္က ရာထူးကိုဆက္ခံကာ ေအာင္ျမင္ခဲ့ေၾကာင္းမွာ ၿမိဳ႕ေတာ္တြင္အေျပာအမ်ားဆုံးျဖစ္ေနသည္။
"လီေဟာ္......"
ယုဖုန္း သူ႕မွတ္ဉာဏ္ထဲမွ သလင္းေရာင္ႏွင့္အျပာေရာင္မ်က္ဝန္းတစ္စုံကိုသတိရသြားသည္။
"ရိရိ.....
သူတို႔ေျပာေနၾကတဲ့ လီေဟာ္ဆိုတာက....
ယုအာတို႔သိတဲ့ေဟာ္ေဟာ္မလားဟင္....."
"အင္း...."
ထ်န္းရိ၏စိတ္ရႈပ္ေနသည့္ ပုံစံေၾကာင့္ ယုဖုန္းထပ္မေမးေတာ့ဘဲ သူ႕အစ္ကိုေတာ္ရဲ႕သားျဖစ္သူ တစ္ႏွစ္အ႐ြယ္ လုံက်င္းရွီေလးႏွင့္သာေဆာ့ေနလိုက္ေတာ့သည္။
က်င္းရွီေလးရဲ႕မိခင္ အိမ္ေရွ႕စံမိဖုရားကလည္း သူ႕သားေတာ္ကို ယုဖုန္းလုပ္ျပသည့္မ်က္ႏွာအမူအရာအသံေတြအားၾကည့္ရင္း သူ႕သားငယ္ေလးႏွင့္အတူလိုက္ရယ္ေနသည္။
"အိမ္ေရွ႕စံမိဖုရား နဲ႕ မင္းသားယုဖုန္းတို႔ကို နန္းရင္ျပင္ကိုလာခဲ့ဖို႔မင္းႀကီးကမိန့္လိုက္ပါတယ္...."
"ဘာအေၾကာင္းကိစၥရွိလို႔လဲ....."
"စစ္သူႀကီးလီနဲ႕ေတာ္ဝင္စစ္တပ္ျပန္လာတာကိုႀကိဳဆိုၾကဖို႔ပါ....."
"ေကာင္းၿပီ"
သတင္းပို႔သည့္ ကိုယ္ရံေတာ္ျပန္ထြက္သြားသည္ႏွင့္ ယုဖုန္းတို႔လည္းနန္ရင္ျပင္ကိုသြားရန္ျပင္ၾကသည္။
လုံက်င္းရွီေလးကိုကိုယ္တိုင္ခ်ီၿပီးေရွ႕ကထြက္သြားသည့္ ယုဖုန္းေဘးမွာ ထ်န္းရိရွိေနၿပီး မလွမ္းမကမ္းတြင္ေတာ့ အိမ္ေရွ႕စံမိဖုရားႏွင့္ အထိန္းေတာ္ကိုယ္ရံေတာ္တစ္သိုက္လိုက္လာသည္။
နန္းရင္ျပင္ဆီေရာက္ေတာ့ ေတာ္ဝင္မိသားစုႏွင့္အမတ္အရာရွိေတြအားလုံးစုံညီေနၾကသည္။
က်င္းရွီေလးကအစ္ကိုေတာ့္လက္ထဲကိုေရာက္သြားေတာ့ ယုဖုန္း အစ္မေတာ္ ၁ ရဲ႕လသားသမီးေလး ဟြားရွီနားတစ္လွည့္ေရာက္သြားသည္။
ထ်န္းရိ ကေလးႏွစ္ေယာက္နဲ႕ေပ်ာ္ေနသည့္ သူ႕ကေလးငယ္ယုအာကိုၾကည့္ရင္း စိတ္ထဲမွာပိုတိုး၍သာေလးလံလာသည္။
လီေဟာ္ဆိုတဲ့ မ်က္လုံးအေရာင္ႏွစ္မ်ိဳးရွိသည့္ထိုလူ၏ ယုအာကိုၾကည့္ခဲ့ေသာအၾကည့္ေတြအား ကုန္ဆုံးခဲ့သည့္ ေျခာက္ႏွစ္လုံးသူလုံးဝမေမ့ခဲ့ပါ။
ျပန္ျမင္ေယာင္မိတိုင္း ထိုမ်က္ဝန္းအစုံကိုေဖာက္ထုတ္ပစ္ခ်င္သည္။
တျခားသူေတြအျမင္မွာ သာမာန္အၾကည့္ေလးလို႔ပဲထင္မွတ္ၾကေပမယ့္ ထ်န္းရိအာ႐ုံေတြရေနသည္။
ထိုလူက သူနဲ႕ယုအာကိုခြဲမည့္သူမွန္းသူ႕စိတ္ကအလိုလိုသိေနသည္။
သိပ္မၾကာခင္မွာဘဲ နန္းေတာ္အျပင္မွာ ႀကိဳဆိုသံေတြထြက္ေပၚလာၿပီး လုံနိုင္ငံရဲ႕ နဂါးအလံကိုလႊင့္ထူထားသည့္ ေတာ္ဝင္စစ္တပ္ဟာ နန္းေတာ္ထဲေရာက္ရွိလာသည္။
ခ်ပ္ဝတ္တံဆာအျပည့္ႏွင့္ ျမင္းေပၚမွဆင္းလာၿပီး ခမည္းေတာ္ကိုအရိုအေသျပဳလိုက္သူက လီေဟာ္......
"အရွင္မင္းႀကီးကို ဂါရဝျပဳပါတယ္!!!"
ခမည္းေတာ္ကၿပဳံးကာ စစ္သည္ေတြအားလုံးအပါအဝင္လီေဟာ္ကိုပါထေစလိုက္ၿပီး ခန္းမထဲတြင္ထိုင္ေစသည္။
ယုဖုန္းလည္း အစ္မေတာ္လက္ထဲမွ တူမေတာ္ေလးကို ေခ်ာ့ျမႇူရင္းလိုက္ပါလာကာ ခန္းမအတြင္းေလွကားထစ္နားေရာက္ေတာ့ ခလုတ္တိုက္ၿပီး ဟက္ထိုးလဲေတာ့မလိုျဖစ္သြားသည္။
အမတ္ႀကီးမုအနားမွ ထ်န္းရိက အျမန္ယုဖုန္းကိုလွမ္းဆြဲဖို႔လုပ္လိုက္ေပမယ့္ သူ႕ထက္လ်င္သည့္ တစ္စုံတစ္ေယာက္က ယုဖုန္းကိုဖမ္းကိုင္လိုက္ၿပီျဖစ္သည္။
မီးဓာတ္ပိုအားသန္သည့္ လီေဟာ္ရဲ႕ခႏၶာကိုယ္မွာ သံခ်ပ္ကာကိုပင္ပူႏြေးေနေစၿပီး ယုဖုန္းလည္းထိုအပူကိုခံစားရကာ ေခါင္းကိုေမာ့ၾကည့္လိုက္သည္။
အေရာင္မတူသည့္မ်က္ဝန္းတစ္စုံႏွင့္ အၾကည့္ခ်င္းစုံမိသြားေတာ့ ယုဖုန္းလည္းသြားေလးၿဖီးကာသာရယ္ျပလိုက္သည္။
"ယုအာ.....
သြားထိုင္ၾကရေအာင္....."
ယုအာေက်ာေပၚမွ လီေဟာ္ရဲ႕လက္ကိုထ်န္းရိျဖဳတ္ခ်ထားခဲ့ၿပီး ထိုင္ေနက်ေနရာသို႔ ယုအာကိုဆြဲေခၚသြားေတာ့သည္။
အဲ့လူယုအာကိုထိတာဒါနဲ႕ဆိုႏွစ္ခါရွိၿပီမို႔ အဲ့လူရဲ႕လက္ေတြကိုပါထ်န္းရိျဖတ္ပစ္ခ်င္ေနခဲ့ၿပီ။
သူ႕နံေဘးမွာထိုင္ေနသည့္ ယုအာက တစ္ဖက္မ်က္ေစာင္းထိုးေနရာမွ လီေဟာ္ကိုလွမ္းလွမ္းၿပဳံးျပေနေတာ့ ယုအာရဲ႕လက္ဖဝါးကို ထ်န္းရိဆုပ္ကိုင္ကာ ျဖစ္ညွစ္ပစ္လိုက္ရာ ယုအာကသူ႕ကိုလွည့္ၾကည့္လာၿပီး သူ႕ရင္ဘက္ကိုလက္သီးေလးနဲ႕လွမ္းထိုးသည္။
ယုအာကိုတစ္မ်ိဳးၿပီးတစ္မ်ိဳးစရင္း သူ႕ဆီမွာသာ အာ႐ုံစိုက္ေအာင္လုပ္ေဆာင္ျခင္းကေအာင္ျမင္သည္။
ယုအာနဲ႕အခ်င္းခ်င္းမနာေအာင္ရိုက္ပုတ္ေနၾကရင္း မင္းႀကီးက လီေဟာ္ကိုဆုေတြခ်ီးျမႇင့္ေနသည္ကိုလည္း လွစ္လ်ဴရႉထားလိုက္သည္။
မ်က္ႏွာေလးေတြနီရဲလာသည့္ ယုအာကေတာ့ သူ႕ရဲ႕စေနာက္မႈေတြေၾကာင့္ စိတ္တိုကာ ေရေတြခ်ည္းေသာက္ေနသည္။
ယုဖုန္းတျဖည္းျဖည္းပူလာသည္ကိုခံစားမိေနရာ ရာသီဥတုေၾကာင့္လို႔ထင္လိုက္ေပမယ့္ သူ႕ကိုယ္တြင္းမွာ တျဖည္းျဖည္းေသြးေတြခမ္းေျခာက္လာသလိုပင္။
ေရေတြကိုေသာက္ေနရင္းအပူဒဏ္ကပို၍သာတိုးလာကာ ယုဖုန္း အသားအေရေတြရဲတက္လာသည္။
"ယုအာ.....
ဘာျဖစ္လို႔လဲ......"
နီရဲေနသည့္ယုအာရဲ႕ လက္ဖဝါးကိုလွမ္းကိုင္လိုက္သည့္ ထ်န္းရိပင္ သူ႕လက္အပူေလာင္သြားသလိုခံစားလိုက္ရသည္။
"ပူတယ္....."
ယုဖုန္းခက္ခက္ခဲခဲေျပာကာ ဆက္မထိုင္နိုင္ေတာ့ဘဲလဲက်သြားသည္။
"ယုအာ!!"
ပုလႅင္ေပၚကခမည္းေတာ္ပါဆင္းလာၿပီး လူးလွိမ့္ေနသည့္ ယုဖုန္းကိုကိုင္ၾကည့္ကာထိတ္လန့္သြားသည္။
"သမားေတာ္ အျမန္ေခၚၾကေလ!!"
မင္းႀကီးရဲ႕ေဒါသတႀကီးေအာ္သံေနာက္အားလုံးအသိဝင္လာကာ ေတာ္ဝင္သမားေတာ္ဆီ ဘင္းဝမ္ေျပးေတာ့သည္။
"ပူတယ္!!!"
အရွင္လတ္လတ္မီးႏွင့္အရွို႔ခံရသလို ယုဖုန္းခံစားေနရၿပီး မ်က္ရည္ေတြပင္စီးက်လာသည္။
ထ်န္းရိသူ႕ေရခဲစြမ္းအားကိုထုတ္သုံးၾကည့္ေပမယ့္ ယုအာအေပၚမွာ သက္ေရာက္မႈမရွိျခင္းကိုသာအံ့ဩစြာေတြ႕ရွိရသည္။
လီေဟာ္လည္း ယုဖုန္းကိုယ္ထဲမွ အပူဓာတ္ကို သူ႕မီးစြမ္းအားေရာေရစြမ္းအားပါသုံးကာ ထိန္းညွိဖို႔ႀကိဳးစားေပမယ့္ အခ်င္းႏွီးသာ.....
မင္းသမီးေတြကပါသူတို႔အစြမ္းေတြႏွင့္ႀကိဳးစားၾကည့္ေပမယ့္ မရ.....
မင္းႀကီးရဲ႕ကုသျခင္းအစြမ္းကေတာင္အလုပ္မျဖစ္ေပ။
သမားေတာ္ေတြေရာက္လာေတာ့ ယုအာကို အျမန္အိပ္ေဆာင္ဆီသို႔ ဘင္းဝမ္က ေပြ႕ခ်ီေျပးသြားခဲ့သည္။
ေတာ္ဝင္မိသားစုႏွင့္ သမားေတာ္ေတြမွလြဲ၍ က်န္အရာရွိေတြအပါအဝင္ ထ်န္းရိပါ အေဆာင္ေတာ္အျပင္မွသာေစာင့္ဆိုင္းေနရၿပီး အထဲဝင္ခြင့္မရ။
ဘင္းဝမ္လည္း အပူေလာင္သလိုႀကီးျဖစ္ေနသည့္ မင္းသားေလးကိုေပြ႕ခ်ီခဲ့ေသာသူ႕လက္ေတြကိုမယုံနိုင္စြာၾကည့္ေနမိသည္။
"အား!!!"
ယုဖုန္းရဲ႕နာက်င္စြာေအာ္ဟစ္သံကအေဆာင္ေတာ္ထဲမွရံဖန္ရံခါထြက္ေပၚလာၿပီး ထ်န္းရိမွာပို၍သာတုန္လႈပ္လာသည္။
ေလထဲမွာ ပက္လက္ႀကီးခ်ိတ္ဆြဲခံရသလိုျမႇောက္တက္သြားသည့္ ယုဖုန္းကနာက်င္စြာပင္ေလထဲမွာ႐ုန္းကန္ေနရွာသည္။
ထိတ္လန့္ဖြယ္ထိုျမင္ကြင္းကိုၾကည့္ရင္း ဘာမွမတတ္နိုင္ရာ မင္းႀကီးပင္မ်က္ရည္ေတြဝဲကာ မိဖုရားေတြႏွင့္ မင္းသမီးေတြကေတာ့ငိုေနၾကၿပီ။
သမားေတာ္ႀကီးႏွင့္သူ႕တပည့္မွာလည္း ဘာေရာဂါမွမရွိ ဘာအဆိပ္မွမမိသည့္ မင္းသားေလးရဲ႕ ဤဆန္းျပားေရာဂါကိုကုသဖို႔ရာမစြမ္းသာ.....
ေလထဲကေနအိပ္ရာသလြန္ေပၚျပန္ျပဳတ္က်လာသည့္ မင္းသားေလး၏ လူးလွိမ့္ေအာ္ဟစ္သံက သနားဖို႔ေကာင္းလြန္းလွသည္။
"မ်က္ဝန္းေတြကိုမွိတ္ထားလိုက္ပါ
ရဲရင့္ျခင္းရဲ႕
ေတာ္ဝင္နဂါးက
ကာကြယ္ေပးလိမ့္မယ္.....
ေၾကာက္႐ြံ႕မႈေတြကိုဖယ္ရွားလိုက္ပါ
အတုမရွိ လွပသည့္
မီးငွက္က
အနားမွာရွိလိမ့္မယ္......
ေန႕သစ္ေတြကို ကိုယ္တိုင္ဖန္ဆင္းပါ....
မင္းဟာျမင့္ျမတ္တဲ့....
ေတာ္ဝင္နတ္ဘုရားရဲ႕ေသြးသား...."
႐ုတ္တရက္ ေတာ္ဝင္မိသားစုရဲ႕ သားေခ်ာ့ေတးကိုထဆိုသည့္မင္းႀကီးေၾကာင့္ နန္းေဆာင္ထဲကလူေတြေရာ အျပင္ကထ်န္းရိတို႔ပါ ေၾကာင္သြားသည္။
ထူးဆန္းစြာဘဲ မင္းသားေလးကနည္းနည္းၿငိမ္က်သြားသည္ကိုေတြ႕ရကာ မိဖုရားေတြႏွင့္ မင္းသမီးေတြေရာ အိမ္ေရွ႕စံပါ ေတာ္ဝင္ေသြးေတးကို စတင္ဆိုၾကေတာ့သည္။
ညီညာစြာထြက္ေပၚလာသည့္ ေတာ္ဝင္မိသားစု၏ ေတာ္ဝင္ေတးေၾကာင့္ အရာရွိ အေစခံ ကိုယ္ရံေတာ္ အထိန္းေတာ္အားလုံးမွာ ၾကက္သီးတျဖန္းျဖန္းထရသလို႔ သမားေတာ္ႏွစ္ဦးမွာလည္း လုံးဝၿငိမ္က်သြားၿပီး တျဖည္းျဖည္းပုံမွန္အပူခ်ိန္ေရာက္သြားေသာမင္းသားေလးေၾကာင့္ မယုံၾကည္နိုင္ျခင္းမွာျပည့္ႏွက္ေနသည္။
"ဒီေန႕မင္းသားေလးရဲ႕ ေဝဒနာနဲ႕ပတ္သက္ၿပီး အျပင္ကိုမေပါက္ၾကားေစနဲ႕!"
မင္းႀကီးရဲ႕ တစ္ေသြးတစ္သံအမိန့္ကိုအားလုံးနာခံၾကရၿပီး အလ်ိဳလ်ိဳျပန္သြားၾကေပမယ့္ ထ်န္းရိကေတာ့ က်န္ေနေသးသည္။
"သခင္ေလး.....
ျပန္လိုက္ပါေတာ့ မင္းသားေလးကအနားယူဖို႔လိုေနတယ္.....
အထဲမွာလည္းမင္းႀကီးတို႔ေတြရွိေနတာမို႔ စိတ္မပူပါနဲ႕......"
ထ်န္းရိလည္းသူလုပ္ေပးနိုင္ဘာမွမရွိသည္မို႔ ဘင္းဝမ္ေျပာသည့္အတိုင္းျပန္ခဲ့ရသည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
အိပ္ရာထက္မွ ယုဖုန္းမ်က္ဝန္းေတြ႐ုတ္တရက္ပြင့္လာကာ ထထိုင္လိုက္သည္။
"ယုအာနိုးလာၿပီ...."
အနားေရာက္လာၿပီး စစ္ေဆးေနသည့္ ခမည္းေတာ္တို႔ကိုယုဖုန္းမျမင္ေပ။
သူ႕အနားမွာပ်ံဝဲေနသည့္ မီးေလာင္ေနေသာငွက္တစ္ေကာင္ကိုသာလိုက္ၾကည့္ေနမိသည္။
ဒါကမီးငွက္လား......
ထိုငွက္က သူစာေပေလ့လာသည့္စားပြဲေဘးမွေအာက္ဘက္နံရံတြင္ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။
ယုဖုန္းထိုေနရာသို႔ လက္ညိုးထိုးလိုက္သည္။
"ယုအာ....."
"အဲ့ေနရာမွာ....."
သူလက္ညိုးထိုးရာသို႔ အားလုံးကိုၾကည့္ၾကေလသည္။
"အဲ့ေနရာမွာ တစ္ခုခုရွိေနတယ္......"
ယုဖုန္းေျပာၿပီးေတာ့ ပင္ပန္းႏြမ္းနယ္စြာ ျပန္လွဲခ်လိဳက္ေတာ့ တန္းအိပ္ေပ်ာ္သြားသည္။
"ဟဲပင္း.....
အဲ့ေနရာ စစ္ၾကည့္စမ္း"
အရွင္မင္းႀကီးရဲ႕ ကိုယ္ရံေတာ္က ထိုနံရံေအာက္ေျခနားကိုစစ္ေဆးၾကည့္ေလသည္။
ဟိုစမ္းသည္စမ္းလုပ္ရင္း ခ်ေလာက္ဆိုသည့္အသံႏွင့္ တစ္ေတာင္ေလာက္သာရွိသည့္ အံဝွက္ေလးေပၚလာသည္။
"အရွင္မင္းႀကီး.....
ေပလႊာထည့္တဲ့ဘူးတစ္ဘူးရွိပါတယ္....."
"ယူလာခဲ့"
မင္းႀကီးကသူ႕လက္ထဲေရာက္လာသည့္ ေပလႊာဘူးမွ ေ႐ႊေရာင္စာမ်ားကိုဖတ္ၾကည့္လိုက္သည္။
"လုံရဲ႕တည္ေထာင္သူ ကာကြယ္ေစာင့္ေရွာက္သူနတ္ဘုရား......"
အနက္ေရာင္ႏွင့္ခတ္ႏွိပ္ထားသည့္ ေတာ္ဝင္အမွတ္အသားကိုျမင္ေတာ့ ထိပ္တန္းလွ်ို႔ဝွက္ခ်က္မွန္းတန္းသိကာ ေတာ္ဝင္မိသားစုမွအပ အားလုံးကိုထြက္သြားေစၿပီး နန္းေဆာင္ပတ္လည္ ေပတစ္ရာကို ဘယ္သူမွကပ္မလာဖို႔အမိန့္ခ်လိဳက္သည္။
ေပလႊာဘူးကိုဖြင့္လိုက္ေတာ့ စာေပတစ္လႊာႏွင့္ ပန္းခ်ီပိုးသားလိပ္တစ္ခု......
စာေပလႊာကိုဖတ္ၿပီး မင္းႀကီးရဲ႕ခံစားခ်က္မ်ိဳးစုံေျပးေနေသာ မ်က္ႏွာေၾကာင့္ ဘာအေၾကာင္းအရာလဲ အကုန္သိခ်င္ေနၾကသည္။
စာေပလႊာကိုေတာ္ဝင္မိသားစုေတြအကုန္ဖတ္ၿပီးခ်ိန္မွာေတာ့ အားလုံးဟာအေတြးကိုယ္စီႏွင့္ၿငိမ္သက္ေနၾကသည္။
"ေတာ္ဝင္သမိုင္း ထဲကေန ဒီအေၾကာင္းအရာကိုလ်ိဳ႕ဝွက္ထားၾကတာပဲ......"
ပန္းခ်ီပိုးသားလိပ္ကိုဖြင့္လိုက္ခ်ိန္မွာေတာ့ ျမင္လိုက္ရသည့္ ပုံတူပန္းခ်ီကိုၾကည့္ကာ အံ့ဩေနသည့္မ်က္ဝန္းေတြက အိပ္ရာ သလြန္ထက္မွာ ၁၁ ႏွစ္ေက်ာ္အ႐ြယ္ကေလးထံေရာက္သြားၾကသည္။
"အရမ္းကိုတူလြန္းတယ္....."
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
Bạn đang đọc truyện trên: Truyen247.Pro