Part-6 ( growth )
Unicode
"ကျွန်တော်မျိုးမ သားရဲ့အပြုအမူအတွက် ကျွန်တော်မျိုးမကပဲကိုယ်စားတောင်းပန်ပါတယ် မင်းသားလေး......"
မုသခင်မကြီး၏တောင်းပန်သံကိုပင် ယုဖုန်းဂရုမစိုက်အားဘဲ ထျန်းရိထွက်သွားရာသို့ အလျင်အမြန်လိုက်သွားတော့သည်။
"ရိရိ"
"......."
သိပ်မလှမ်းတော့သည့်အကွာအဝေးမှထျန်းရိကိုမှီရန် ယုဖုန်းပြေးလိုက်နေပေမယ့် ရှည်လျားသည့် ထျန်းရိခြေတံတွေရဲ့လျှောက်လှမ်းနှုန်းကြောင့် တဖြည်းဖြည်းမောလာသည်။
"ရိရိ ရပ်ဦး!"
"......."
"ရိရိ!! ယုအာဘာအမှားလုပ်မိလို့လဲ!!"
တုန့်ခနဲရပ်သွားသည့် ထျန်းရိ ခြေလှမ်းတွေ....
ယုဖုန်းထိုအခွင့်အရေးကိုလက်လွှတ်မခံဘဲ ထျန်းရိခါးကိုအနောက်ကနေပြီး လက်နှစ်ဖက်နှင့်ခပ်တင်းတင်းဖက်လိုက်သည်။
"ရိရိ......
ယုအာကိုစကားပြန်ပြောပါဦး.....
ယုအာဘာအမှားလုပ်မိလို့ဒေါသထွက်နေတာလဲဟင်......
ရိရိပြောပြရင် ယုအာနောက်ထပ်မလုပ်တော့ဘူးလေ......"
သူ့လက်နှစ်ဖက်ကိုဖြုတ်ပြီး ရိရိကလှည့်လာကာ သူ့မျက်နှာကိုငုံ့ကြည့်သည်။
အခုချိန်ထိ ရိရိမေးရိုးတွေကတင်းနေဆဲမို့ ယုဖုန်းတဖန် ထျန်းရိခါးကိုဖက်ကာ ရင်ခွင်ထဲမျက်နှာဝှေ့လိုက်သည်။
"ရိရိ.......
ယုအာကိုစိတ်မဆိုးပါနဲ့တော့...... "
သူ့ရင်ဘက်ကိုခေါင်းလေးတိုးဝှေ့နေသည့် ယုအာကိုထျန်းရိကြည့်နေရင်းမှ မျက်ဝန်းတွေကိုမှိတ်ချလိုက်သည်။
"ရိရိ......"
ထျန်းရိနောက်တစ်ကြိမ်ငုံ့ကြည့်လိုက်တော့ အရည်လဲ့နေသည့် မျက်ဝန်းနက်တစ်စုံနှင့် ဆုံသွားကာ သူအကြည့်မလွှဲနိုင်တော့ပေ.....
"ယုအာ......"
"ဟုတ်......"
"လင်းရှကို သဘောကျနေတာလား......"
"အင်း...သဘောကျတယ်လေ..."
ယုဖုန်း၏ ပုခုံးနှစ်ဖက်ကို ထျန်းရိတင်းကျပ် စွာဆုပ်ကိုင်လိုက်ပြီး အံကြိတ်ထားမိသည်။
နဂိုကတည်းကရေခဲဓာတ်ရှိသည့် ထျန်းရိကိုယ်က မတည်ငြိမ်သည့်စိတ်အခြေအနေကြောင့် ပို၍အေးစက်လာသည်ကို ထိကပ်နေသည့်ယုဖုန်းကခံစားမိသွားသည်။
"မဟုတ်ဘူး မဟုတ်ဘူး!!
ယုအာပြောတဲ့ သဘောကျတယ်ဆိုတာက...
ညီမလေးလို သူငယ်ချင်းလိုမျိုးကိုပြောတာနော်...."
သူ့ပုခုံးပေါ်မှ ရိရိလက်တွေအားလျော့သွားသည်။
"တကယ်လား"
"တကယ်!..
လင်းရှကို ယုအာကစတာပါ.....
တကယ်ပြောတာမဟုတ်ပါဘူး....
ပန်းတွေက ရိရိ အမေကိုပေးဖို့ ခူးလာတာ...
မုသခင်မကြီးက ပန်းကြိုက်တယ်လေ...
ပြီးတော့ ရိရိက သူများတွေ့ရှေ့မှာ လင်းရှကိုဆူတော့ သူရှက်သွားပြီးဝမ်းနည်းနေလို့ ယုအာကပေးလိုက်တာ......."
"တကယ်လား....."
"ယုအာတကယ်ပြောတာပါ.....
လင်းရှက ရိရိညီမလေးမို့ ယုအာညီမလေးလို့ပဲသဘောထားတာ......
ဘယ်သူက ကိုယ့်ညီမကို လက်ထပ်မှာလဲ..."
ထျန်းရိ ထိုအခါမှစိတ်လျော့သွားကာ ယုဖုန်းကို လွှတ်ပေးလိုက်သည်။
ရိရိက လင်းရှနဲ့ပတ်သက်ပြီး စနောက်လျှင်မကြိုက်ဟုယုဖုန်းစိတ်ထဲမှတ်သားလိုက်ကာ နောက်မဖြစ်အောင်သတိထားရမည်။
"လင်းရှမှမဟုတ်ဘူး.....
ဘယ်မိန်းကလေးကိုမှ အဲ့လိုစနောက်လို့မဖြစ်ဘူးနော်.....
သူတို့စိတ်ထဲမှာတစ်မျိုးထင်သွားနိုင်တယ်....."
"ဟုတ်ကဲ့ ယုအာမှတ်သားထားပါ့မယ်....."
ထျန်းရိအခုမှ စိတ်သက်သာရာရပြီး ယုအာပါးလေးနှစ်ဖက်ကို ညှစ်ပစ်လိုက်တော့ အကောင်ပေါက်က အပြစ်ကင်းစွာပဲရယ်သည်။
မလှမ်းမကမ်းအကွယ်နေရာမှကြည့်နေကြသည့် ဘင်းဝမ်တို့ငါးယောက်မှာလည်း အခုမှ သက်ပြင်းချနိုင်ကြသည်။
တဖြည်းဖြည်းအရွယ်ရောက်လာသည့် မင်းသားလေးနှင့် သခင်လေးမုကို သူတို့နားမလည်ကြတော့.....
သူတို့ငါးယောက်ကပဲဉာဏ်ရည်နိမ့်နေတာလားမသိ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
"အိုး ချစ်ဖို့ကောင်းလိုက်တာ!!"
အစ်ကိုတော်အိမ်ရှေ့စံလက်ထဲမှ အနှီးထုပ်ထဲတွင်ရှိနေသည့် မွေးကင်းစနီတာရဲလေးက အစ်ကိုတော့်ရဲ့သားဦးလေး....
အစ်ကိုတော့်လိုပဲ နက်ပြာရောင်မျက်ဝန်းတွေနှင့်ကလေးလေးကိုကြည့်ရင်း ယုဖုန်းအူတွေယားနေသည်။
"ယုအာ ချီကြည့်ချင်လား....."
ယုဖုန်းခေါင်းကိုချက်ချင်းတဆတ်ဆတ်ညိတ်ကာ အစ်ကိုတော့်နားပိုတိုးကပ်သွားလိုက်သည်။
လက်ထဲအသာလွှဲပြောင်းပေးသည့်အနှီးထုတ်လေးကိုယုဖုန်းတယုတယထွေးပွေ့ထားရင်း အရူးလေးလိုပြုံးနေမိသည်။
"ကိုယ်တော်တို့ယုအာကအခုဆို ဦးရီးတော်ဖြစ်ပြီ..... "
ခမည်းတော်ရဲ့စကားကယုဖုန်းကိုပိုပျော်သွားစေကာ အပြုံးကပိုကြီးလာသည်။
"ခမည်းတော်လည်း အဖိုးဖြစ်ပြီလေ....ဟီးဟီး....."
ယုဖုန်း မျက်လုံးလေးတွေမှေးစင်းပြီးအိပ်ပျော်နေသည့် တူတော်လေးရဲ့ပါးကိုအားရပါးရ နမ်းပြီးမှသာ သူ့အဆောင်တော်ကိုပြန်ခဲ့သည်။
အဆောင်တောင်ပြန်ရောက်ရောက်ချင်းမှာဘဲ အမတော် ၁ ရဲ့ခင်ပွန်း မြို့စားကျိုးအိမ်တော်မှ သတင်းပို့ရောက်လာသည်။
အစ်မတော် ၁ မှာကိုယ်ဝန်ရှိနေပြီတဲ့......
ယုဖုန်း အားရပါးရကို တစ်ကိုယ်လုံးလှုပ်ရမ်းပြီးတောင်ကမိသည်။
ဦးရီးတော်နှစ်ထပ်ကွမ်းဖြစ်ရမည့် ဂုဏ်ကသေးသလား......
ယုဖုန်းတက်ကြွစွာပဲ ထျန်းရိရှိရာ လေ့ကျင့်ရေးကွင်းသို့ ခုန်ပေါက်သွားတော့သည်။
ခါတိုင်းလိုပဲ ရိရိနားတန်းပြေးသွားမယ်လုပ်လိုက်တော့ ဝမ်ဝမ်က သူ့လက်ကိုဆွဲကာတားသည်။
"ဘာဖြစ်လို့လဲ....."
"မုသခင်လေးက ရေခဲစွမ်းအားစမ်းသပ်နေပါတယ်မင်းသားလေး....."
ရိရိနားအခုလိုပြေးသွားလိုက်မိလျှင် သူထိခိုက်သွားလိမ့်မည်။
ယုဖုန်း အရိပ်ရသည့် နေရာမှာသာထိုင်ချလိုက်ပြီး လေ့ကျင့်နေသည့် ရိရိကို ငေးနေလိုက်သည်။
မြှားနှင့် ဓားလှံတွေကိုရေခဲအစွမ်းသုံးကာ ကျိုးကြေသွားအောင်လေ့ကျင့်နေသည့် ရိရိကိုကြည့်ရင်း ယုဖုန်းမှာပါးစပ်လေးကိုဟလို့.....
"ရိရိ ကမိုက်လိုက်တာ.....
ယုအာမှာလည်းအစွမ်းရှိရင်ကောင်းမယ်......"
ယုဖုန်း သူ့လက်ဖဝါးတွေကိုပြန်ကြည့်ရင်း တစ်ယောက်တည်းရေရွတ်လိုက်ပေမယ့် ဘင်းဝမ်တို့ကတော့ကြားသည်။
"မင်းသားလေးမှာလည်းအစွမ်းရှိပါတယ်....
သင်ယူနိုင်စွမ်းမြင့်မားတာကမင်းသားလေးရဲ့အစွမ်းပဲလေ....."
"အဲ.....ဟုတ်သားပဲနော....."
ဘင်းဝမ်ရဲ့အားပေးမှုကအလုပ်ဖြစ်ကာ သူတို့မင်းသားလေးကခေါင်းလေးညိတ်လို့ရယ်သည်။
"ယုအာ....."
လေ့ကျင့်မှုပြီးလို့ သူ့အနားအပြေးရောက်လာသည့် ရိရိနဖူးထက်မှချွေးတွေကို ယုဖုန်းခြေဖျားလေးထောက်ကာ သုတ်ပေးလိုက်သည်။
"မောနေလား...."
လက်ကလေးနှစ်ဖက်နှင့် သူ့ကိုယပ်ခတ်ပေးသည့် ကောင်လေးကိုမြင်ကတည်းက ထျန်းရိအမောပြေပြီးဖြစ်သည်။
သူ့လက်ကိုကိုင်ဆွဲလို့ ဘေးကနေစကားတွေတတွတ်တွတ်ပြောနေသည့် ယုအာကိုငေးကြည့်ရင်း မင်းသားလေးအဆောင်သို့ပြန်လာခဲ့ကြသည်။
ပုံမှန်လုပ်နေကြအတိုင်း မက်မွန်ပင်အောက်မှာစာဖတ်ကြတော့ ယုအာက ဒီနေ့စိတ်ပျော်လွန်းနေသည်မို့ ကျောက်စိမ်းပုလွေလေးကို ဂီတသံတွေဖန်ဆင်းပေးသည်။
ထျန်းရိကတော့ တိတ်တဆိတ်ပဲ ယုအာထံမှာ သူစိတ်အာရုံကိုပုံအပ်ထားသည်။
"ရိရိ...."
"ဟင်....."
သူ့ပေါင်ကိုခေါင်းအုံးပြီး လှဲအိပ်လိုက်သည့်ယုအာက ဘာမှမပြောဘဲ သူ့ကိုအချိန်အတော်ကြာကြည့်နေသည်။
"ယုအာတို့တွေ ဒီလိုလေးပဲတစ်သက်လုံးနေသွားကြမှာမလားဟင်....."
"ဒါပေါ့......"
ထျန်းရိ ပြုံးလိုက်ပြီး ယုအာရဲ့ ပါးပြင်လေးကို ပွတ်သပ်နေမိသည်။
မလှမ်းမကမ်းမှမင်းသားလေးကိုစောင့်ရှောက်ရင်း ဖဲထိုင်ရိုက်နေသည့် ကိုယ်ရံတော်ငါးဦးကထိုမြင်ကွင်းမျိုးကို မကြာခဏမြင်နေကြမို့ မထူးဆန်းတော့ပေ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ရှီချန်းကျောင်းတော်မှာ ငါးနှစ်စာပေသင်ယူပြီးနောက် ယုဖုန်းအသက် ဆယ်နှစ်ကျော်မှာ အမြင့်ဆုံးအတန်းသို့ရောက်ရှိခဲ့သည်။
ဤအဆင့်ကိုကျော်လွန်ပြီးလျှင် ရာထူးတစ်နေရာကိုတာဝန်ယူရတာပုံမှန်ပေမယ့် ယုဖုန်းကငယ်လွန်းနေသေးသည်မို့ သိပ်မသေချာပေ။
ကျောင်းတော်ရဲ့အမြင့်ဆုံးအတန်းမှာ သူ့ထက်အသက်ကြီးသည့် ကျောင်းသားကြီးတွေနှင့်ပေါင်းပြီး ယုဖုန်းကဗရုတ်သုတ်ခတွေစလုပ်တတ်လာသည်။
အရွယ်ရောက်သူတွေသာဖတ်ရသည့် ဟိုဒင်းစာအုပ်တွေကို ထိုပေါက်စနဖတ်နေသည်ကို စမြင်လိုက်ရတုန်းက ထျန်းရိသွေးတွေဆောင့်တက်သွားသလိုပင်။
သူတောင်ကြားပဲကြားဖူးပြီး တစ်ခါမှမဖတ်ဖူးခဲ့ပေမယ့် ယုအာကတော့ဖတ်ပြီးသမျှ ထိုစာအုပ်ထဲမှအကြောင်းအရာတွေကို အားရပါးရသူ့ကိုပြောပြခဲ့ရာ ထျန်းရိမျက်နှာကြီးနီရဲနေလို့ ယုအာကရယ်သည်။
လူလေးလက်တောက်လောက်နဲ့ နှာပိုးတွေထလာသလားထင်ရသည့် ယုအာက နန်းတော်အပြင်မှာတွေ့သမျှ မိန်းကလေးတွေကိုလှလို့ကတော့ မျက်စိမှိတ်ပြရတာနဲ့ ဟေ့ရွှတ်ရွှတ်လုပ်ရတာနဲ့ ......
ထျန်းရိမှာသာတစ်နေ့ပြီးတစ်နေ့ဒေါသထွက်ရလွန်းပြီး ခေါင်းတွေကိုက်ရသည်။
ယခုလည်းသူမသိအောင် ကျောင်းမှစီနီယာများနှင့် အပျော်မယ်ဂေဟာလိုက်သွားပြီး မူးမှောက်နေ၍ ဘင်းဝမ်တို့မှာ နန်းတော်မပြန်ရဲဘဲ သူ့အိမ်တော်ကိုခေါ်လာကြသည်။
နှုတ်ခမ်းဆိုးဆေးတွေဟိုတစ်ကွက် သည်တစ်ကွက်ပေနေသည့် ဝတ်ရုံကိုထျန်းရိဒေါသတကြီးဆွဲဖြဲခဲ့ပေမယ့် သကောင့်သားလေးကတော့ မျက်စိမပွင့်ဘဲ နှုတ်ခမ်းကြီးထော်ပြီး တမွမွလုပ်နေရင်း ပါးစပ်ကလည်းပေါက်ကရတွေအော်နေသည်။
"အလှလေး!!
လာပါဦး အနမ်းလေးပေးရအောင်!!"
ဗလုံးဗထွေးအော်ပြီး ထော်လာပြန်သည့်နှုတ်ခမ်းလုံးလေးကို ထျန်းရိအမြင်ကတ်ကတ်နှင့် ကုန်းကိုက်ပြစ်လိုက်သည်။
တင်ပါးလေးတွေကို လေးငါးချက်အားပါပါရိုက်ထည့်လိုက်တော့မှ ပေါက်စနကငြိမ်ငြိမ်လေးအိပ်ပျော်သွားတော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
"ဝမ်ဝမ်.....
ညကဘာတွေဖြစ်ခဲ့သေးလဲဟင်.....
ယုအာ နှုတ်ခမ်းပေါက်နေတယ် တင်ပါးတွေလည်းနီရဲနေတာပဲ......"
မနေ့ညကမုသခင်လေးလက်ထဲမင်းသားလေးကိုမထည့်ပေးလိုက်ခင်က သေချာပေါက်မင်းသားလေးနှုတ်ခမ်းတွေအကောင်းအတိုင်းရှိနေခဲ့ပေမယ့် အခုတော့ အောက်နှုတ်ခမ်းလေးမှာပေါက်ပြဲနေရှာသည်။
"ကျွန်တော်မျိုးတို့လည်းမသိပါဘူး မင်းသားလေး......."
ကိုယ်ရံတော်ငါးယောက်လုံးတစ်သံတည်းသာထွက်လာကြပြီး ဓားရေးလေ့ကျင့်နေသည့် မုသခင်လေးရဲ့ ဓားချက်တွေက သူတို့ကိုခုတ်နေသလိုခံစားလာရသည်။
အပျော်မယ်ဂေဟာလိုက်သွားသည့်မင်းသားလေးကို အစကသူတို့တားပေမယ့် ဟိုရောက်တော့ သူတို့ကိုယ်တိုင်ပါ အလှလေးတွေကိုငမ်းခဲ့ကြသည်မလား။
မုသခင်လေး၏ပြင်းထန်သည့်ဓားချက်ကြောင့် ပြတ်ထွက်သွားသည့် သစ်ကိုင်းကိုကြည့်ရင်း ကိုယ့်လည်ပင်းကိုယ်အယောင်ယောင်အမှားမှားအုပ်ကာ တံတွေးမြိုချလိုက်မိကြသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
"ကြၽန္ေတာ္မ်ိဳးမ သားရဲ႕အျပဳအမူအတြက္ ကြၽန္ေတာ္မ်ိဳးမကပဲကိုယ္စားေတာင္းပန္ပါတယ္ မင္းသားေလး......"
မုသခင္မႀကီး၏ေတာင္းပန္သံကိုပင္ ယုဖုန္းဂ႐ုမစိုက္အားဘဲ ထ်န္းရိထြက္သြားရာသို႔ အလ်င္အျမန္လိုက္သြားေတာ့သည္။
"ရိရိ"
"......."
သိပ္မလွမ္းေတာ့သည့္အကြာအေဝးမွထ်န္းရိကိုမွီရန္ ယုဖုန္းေျပးလိုက္ေနေပမယ့္ ရွည္လ်ားသည့္ ထ်န္းရိေျခတံေတြရဲ႕ေလွ်ာက္လွမ္းႏႈန္းေၾကာင့္ တျဖည္းျဖည္းေမာလာသည္။
"ရိရိ ရပ္ဦး!"
"......."
"ရိရိ!! ယုအာဘာအမွားလုပ္မိလို႔လဲ!!"
တုန႔္ခနဲရပ္သြားသည့္ ထ်န္းရိ ေျခလွမ္းေတြ....
ယုဖုန္းထိုအခြင့္အေရးကိုလက္လႊတ္မခံဘဲ ထ်န္းရိခါးကိုအေနာက္ကေနၿပီး လက္ႏွစ္ဖက္ႏွင့္ခပ္တင္းတင္းဖက္လိုက္သည္။
"ရိရိ......
ယုအာကိုစကားျပန္ေျပာပါဦး.....
ယုအာဘာအမွားလုပ္မိလို႔ေဒါသထြက္ေနတာလဲဟင္......
ရိရိေျပာျပရင္ ယုအာေနာက္ထပ္မလုပ္ေတာ့ဘူးေလ......"
သူ႕လက္ႏွစ္ဖက္ကိုျဖဳတ္ၿပီး ရိရိကလွည့္လာကာ သူ႕မ်က္ႏွာကိုငုံ႕ၾကည့္သည္။
အခုခ်ိန္ထိ ရိရိေမးရိုးေတြကတင္းေနဆဲမို႔ ယုဖုန္းတဖန္ ထ်န္းရိခါးကိုဖက္ကာ ရင္ခြင္ထဲမ်က္ႏွာေဝွ႕လိုက္သည္။
"ရိရိ.......
ယုအာကိုစိတ္မဆိုးပါနဲ႕ေတာ့...... "
သူ႕ရင္ဘက္ကိုေခါင္းေလးတိုးေဝွ႕ေနသည့္ ယုအာကိုထ်န္းရိၾကည့္ေနရင္းမွ မ်က္ဝန္းေတြကိုမွိတ္ခ်လိဳက္သည္။
"ရိရိ......"
ထ်န္းရိေနာက္တစ္ႀကိမ္ငုံ႕ၾကည့္လိုက္ေတာ့ အရည္လဲ့ေနသည့္ မ်က္ဝန္းနက္တစ္စုံႏွင့္ ဆုံသြားကာ သူအၾကည့္မလႊဲနိုင္ေတာ့ေပ.....
"ယုအာ......"
"ဟုတ္......"
"လင္းရွကို သေဘာက်ေနတာလား......"
"အင္း...သေဘာက်တယ္ေလ..."
ယုဖုန္း၏ ပုခုံးႏွစ္ဖက္ကို ထ်န္းရိတင္းက်ပ္ စြာဆုပ္ကိုင္လိုက္ၿပီး အံႀကိတ္ထားမိသည္။
နဂိုကတည္းကေရခဲဓာတ္ရွိသည့္ ထ်န္းရိကိုယ္က မတည္ၿငိမ္သည့္စိတ္အေျခအေနေၾကာင့္ ပို၍ေအးစက္လာသည္ကို ထိကပ္ေနသည့္ယုဖုန္းကခံစားမိသြားသည္။
"မဟုတ္ဘူး မဟုတ္ဘူး!!
ယုအာေျပာတဲ့ သေဘာက်တယ္ဆိုတာက...
ညီမေလးလို သူငယ္ခ်င္းလိုမ်ိဳးကိုေျပာတာေနာ္...."
သူ႕ပုခုံးေပၚမွ ရိရိလက္ေတြအားေလ်ာ့သြားသည္။
"တကယ္လား"
"တကယ္!..
လင္းရွကို ယုအာကစတာပါ.....
တကယ္ေျပာတာမဟုတ္ပါဘူး....
ပန္းေတြက ရိရိ အေမကိုေပးဖို႔ ခူးလာတာ...
မုသခင္မႀကီးက ပန္းႀကိဳက္တယ္ေလ...
ၿပီးေတာ့ ရိရိက သူမ်ားေတြ႕ေရွ႕မွာ လင္းရွကိုဆူေတာ့ သူရွက္သြားၿပီးဝမ္းနည္းေနလို႔ ယုအာကေပးလိုက္တာ......."
"တကယ္လား....."
"ယုအာတကယ္ေျပာတာပါ.....
လင္းရွက ရိရိညီမေလးမို႔ ယုအာညီမေလးလို႔ပဲသေဘာထားတာ......
ဘယ္သူက ကိုယ့္ညီမကို လက္ထပ္မွာလဲ..."
ထ်န္းရိ ထိုအခါမွစိတ္ေလ်ာ့သြားကာ ယုဖုန္းကို လႊတ္ေပးလိုက္သည္။
ရိရိက လင္းရွနဲ႕ပတ္သက္ၿပီး စေနာက္လွ်င္မႀကိဳက္ဟုယုဖုန္းစိတ္ထဲမွတ္သားလိုက္ကာ ေနာက္မျဖစ္ေအာင္သတိထားရမည္။
"လင္းရွမွမဟုတ္ဘူး.....
ဘယ္မိန္းကေလးကိုမွ အဲ့လိုစေနာက္လို႔မျဖစ္ဘူးေနာ္.....
သူတို႔စိတ္ထဲမွာတစ္မ်ိဳးထင္သြားနိုင္တယ္....."
"ဟုတ္ကဲ့ ယုအာမွတ္သားထားပါ့မယ္....."
ထ်န္းရိအခုမွ စိတ္သက္သာရာရၿပီး ယုအာပါးေလးႏွစ္ဖက္ကို ညွစ္ပစ္လိုက္ေတာ့ အေကာင္ေပါက္က အျပစ္ကင္းစြာပဲရယ္သည္။
မလွမ္းမကမ္းအကြယ္ေနရာမွၾကည့္ေနၾကသည့္ ဘင္းဝမ္တို႔ငါးေယာက္မွာလည္း အခုမွ သက္ျပင္းခ်နိဳင္ၾကသည္။
တျဖည္းျဖည္းအ႐ြယ္ေရာက္လာသည့္ မင္းသားေလးႏွင့္ သခင္ေလးမုကို သူတို႔နားမလည္ၾကေတာ့.....
သူတို႔ငါးေယာက္ကပဲဉာဏ္ရည္နိမ့္ေနတာလားမသိ.....
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"အိုး ခ်စ္ဖို႔ေကာင္းလိုက္တာ!!"
အစ္ကိုေတာ္အိမ္ေရွ႕စံလက္ထဲမွ အႏွီးထုပ္ထဲတြင္ရွိေနသည့္ ေမြးကင္းစနီတာရဲေလးက အစ္ကိုေတာ့္ရဲ႕သားဦးေလး....
အစ္ကိုေတာ့္လိုပဲ နက္ျပာေရာင္မ်က္ဝန္းေတြႏွင့္ကေလးေလးကိုၾကည့္ရင္း ယုဖုန္းအူေတြယားေနသည္။
"ယုအာ ခ်ီၾကည့္ခ်င္လား....."
ယုဖုန္းေခါင္းကိုခ်က္ခ်င္းတဆတ္ဆတ္ညိတ္ကာ အစ္ကိုေတာ့္နားပိုတိုးကပ္သြားလိုက္သည္။
လက္ထဲအသာလႊဲေျပာင္းေပးသည့္အႏွီးထုတ္ေလးကိုယုဖုန္းတယုတယေထြးေပြ႕ထားရင္း အ႐ူးေလးလိုၿပဳံးေနမိသည္။
"ကိုယ္ေတာ္တို႔ယုအာကအခုဆို ဦးရီးေတာ္ျဖစ္ၿပီ..... "
ခမည္းေတာ္ရဲ႕စကားကယုဖုန္းကိုပိုေပ်ာ္သြားေစကာ အၿပဳံးကပိုႀကီးလာသည္။
"ခမည္းေတာ္လည္း အဖိုးျဖစ္ၿပီေလ....ဟီးဟီး....."
ယုဖုန္း မ်က္လုံးေလးေတြေမွးစင္းၿပီးအိပ္ေပ်ာ္ေနသည့္ တူေတာ္ေလးရဲ႕ပါးကိုအားရပါးရ နမ္းၿပီးမွသာ သူ႕အေဆာင္ေတာ္ကိုျပန္ခဲ့သည္။
အေဆာင္ေတာင္ျပန္ေရာက္ေရာက္ခ်င္းမွာဘဲ အမေတာ္ ၁ ရဲ႕ခင္ပြန္း ၿမိဳ႕စားက်ိဳးအိမ္ေတာ္မွ သတင္းပို႔ေရာက္လာသည္။
အစ္မေတာ္ ၁ မွာကိုယ္ဝန္ရွိေနၿပီတဲ့......
ယုဖုန္း အားရပါးရကို တစ္ကိုယ္လုံးလႈပ္ရမ္းၿပီးေတာင္ကမိသည္။
ဦးရီးေတာ္ႏွစ္ထပ္ကြမ္းျဖစ္ရမည့္ ဂုဏ္ကေသးသလား......
ယုဖုန္းတက္ႂကြစြာပဲ ထ်န္းရိရွိရာ ေလ့က်င့္ေရးကြင္းသို႔ ခုန္ေပါက္သြားေတာ့သည္။
ခါတိုင္းလိုပဲ ရိရိနားတန္းေျပးသြားမယ္လုပ္လိုက္ေတာ့ ဝမ္ဝမ္က သူ႕လက္ကိုဆြဲကာတားသည္။
"ဘာျဖစ္လို႔လဲ....."
"မုသခင္ေလးက ေရခဲစြမ္းအားစမ္းသပ္ေနပါတယ္မင္းသားေလး....."
ရိရိနားအခုလိုေျပးသြားလိုက္မိလွ်င္ သူထိခိုက္သြားလိမ့္မည္။
ယုဖုန္း အရိပ္ရသည့္ ေနရာမွာသာထိုင္ခ်လိဳက္ၿပီး ေလ့က်င့္ေနသည့္ ရိရိကို ေငးေနလိုက္သည္။
ျမႇားႏွင့္ ဓားလွံေတြကိုေရခဲအစြမ္းသုံးကာ က်ိဳးေၾကသြားေအာင္ေလ့က်င့္ေနသည့္ ရိရိကိုၾကည့္ရင္း ယုဖုန္းမွာပါးစပ္ေလးကိုဟလို႔.....
"ရိရိ ကမိုက္လိုက္တာ.....
ယုအာမွာလည္းအစြမ္းရွိရင္ေကာင္းမယ္......"
ယုဖုန္း သူ႕လက္ဖဝါးေတြကိုျပန္ၾကည့္ရင္း တစ္ေယာက္တည္းေရ႐ြတ္လိုက္ေပမယ့္ ဘင္းဝမ္တို႔ကေတာ့ၾကားသည္။
"မင္းသားေလးမွာလည္းအစြမ္းရွိပါတယ္....
သင္ယူနိုင္စြမ္းျမင့္မားတာကမင္းသားေလးရဲ႕အစြမ္းပဲေလ....."
"အဲ.....ဟုတ္သားပဲေနာ....."
ဘင္းဝမ္ရဲ႕အားေပးမႈကအလုပ္ျဖစ္ကာ သူတို႔မင္းသားေလးကေခါင္းေလးညိတ္လို႔ရယ္သည္။
"ယုအာ....."
ေလ့က်င့္မႈၿပီးလို႔ သူ႕အနားအေျပးေရာက္လာသည့္ ရိရိနဖူးထက္မွေခြၽးေတြကို ယုဖုန္းေျခဖ်ားေလးေထာက္ကာ သုတ္ေပးလိုက္သည္။
"ေမာေနလား...."
လက္ကေလးႏွစ္ဖက္ႏွင့္ သူ႕ကိုယပ္ခတ္ေပးသည့္ ေကာင္ေလးကိုျမင္ကတည္းက ထ်န္းရိအေမာေျပၿပီးျဖစ္သည္။
သူ႕လက္ကိုကိုင္ဆြဲလို႔ ေဘးကေနစကားေတြတတြတ္တြတ္ေျပာေနသည့္ ယုအာကိုေငးၾကည့္ရင္း မင္းသားေလးအေဆာင္သို႔ျပန္လာခဲ့ၾကသည္။
ပုံမွန္လုပ္ေနၾကအတိုင္း မက္မြန္ပင္ေအာက္မွာစာဖတ္ၾကေတာ့ ယုအာက ဒီေန႕စိတ္ေပ်ာ္လြန္းေနသည္မို႔ ေက်ာက္စိမ္းပုေလြေလးကို ဂီတသံေတြဖန္ဆင္းေပးသည္။
ထ်န္းရိကေတာ့ တိတ္တဆိတ္ပဲ ယုအာထံမွာ သူစိတ္အာ႐ုံကိုပုံအပ္ထားသည္။
"ရိရိ...."
"ဟင္....."
သူ႕ေပါင္ကိုေခါင္းအုံးၿပီး လွဲအိပ္လိုက္သည့္ယုအာက ဘာမွမေျပာဘဲ သူ႕ကိုအခ်ိန္အေတာ္ၾကာၾကည့္ေနသည္။
"ယုအာတို႔ေတြ ဒီလိုေလးပဲတစ္သက္လုံးေနသြားၾကမွာမလားဟင္....."
"ဒါေပါ့......"
ထ်န္းရိ ၿပဳံးလိုက္ၿပီး ယုအာရဲ႕ ပါးျပင္ေလးကို ပြတ္သပ္ေနမိသည္။
မလွမ္းမကမ္းမွမင္းသားေလးကိုေစာင့္ေရွာက္ရင္း ဖဲထိုင္ရိုက္ေနသည့္ ကိုယ္ရံေတာ္ငါးဦးကထိုျမင္ကြင္းမ်ိဳးကို မၾကာခဏျမင္ေနၾကမို႔ မထူးဆန္းေတာ့ေပ။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ရွီခ်န္းေက်ာင္းေတာ္မွာ ငါးႏွစ္စာေပသင္ယူၿပီးေနာက္ ယုဖုန္းအသက္ ဆယ္ႏွစ္ေက်ာ္မွာ အျမင့္ဆုံးအတန္းသို႔ေရာက္ရွိခဲ့သည္။
ဤအဆင့္ကိုေက်ာ္လြန္ၿပီးလွ်င္ ရာထူးတစ္ေနရာကိုတာဝန္ယူရတာပုံမွန္ေပမယ့္ ယုဖုန္းကငယ္လြန္းေနေသးသည္မို႔ သိပ္မေသခ်ာေပ။
ေက်ာင္းေတာ္ရဲ႕အျမင့္ဆုံးအတန္းမွာ သူ႕ထက္အသက္ႀကီးသည့္ ေက်ာင္းသားႀကီးေတြႏွင့္ေပါင္းၿပီး ယုဖုန္းကဗ႐ုတ္သုတ္ခေတြစလုပ္တတ္လာသည္။
အ႐ြယ္ေရာက္သူေတြသာဖတ္ရသည့္ ဟိုဒင္းစာအုပ္ေတြကို ထိုေပါက္စနဖတ္ေနသည္ကို စျမင္လိုက္ရတုန္းက ထ်န္းရိေသြးေတြေဆာင့္တက္သြားသလိုပင္။
သူေတာင္ၾကားပဲၾကားဖူးၿပီး တစ္ခါမွမဖတ္ဖူးခဲ့ေပမယ့္ ယုအာကေတာ့ဖတ္ၿပီးသမွ် ထိုစာအုပ္ထဲမွအေၾကာင္းအရာေတြကို အားရပါးရသူ႕ကိုေျပာျပခဲ့ရာ ထ်န္းရိမ်က္ႏွာႀကီးနီရဲေနလို႔ ယုအာကရယ္သည္။
လူေလးလက္ေတာက္ေလာက္နဲ႕ ႏွာပိုးေတြထလာသလားထင္ရသည့္ ယုအာက နန္းေတာ္အျပင္မွာေတြ႕သမွ် မိန္းကေလးေတြကိုလွလို႔ကေတာ့ မ်က္စိမွိတ္ျပရတာနဲ႕ ေဟ့႐ႊတ္႐ႊတ္လုပ္ရတာနဲ႕ ......
ထ်န္းရိမွာသာတစ္ေန႕ၿပီးတစ္ေန႕ေဒါသထြက္ရလြန္းၿပီး ေခါင္းေတြကိုက္ရသည္။
ယခုလည္းသူမသိေအာင္ ေက်ာင္းမွစီနီယာမ်ားႏွင့္ အေပ်ာ္မယ္ေဂဟာလိုက္သြားၿပီး မူးေမွာက္ေန၍ ဘင္းဝမ္တို႔မွာ နန္းေတာ္မျပန္ရဲဘဲ သူ႕အိမ္ေတာ္ကိုေခၚလာၾကသည္။
ႏႈတ္ခမ္းဆိုးေဆးေတြဟိုတစ္ကြက္ သည္တစ္ကြက္ေပေနသည့္ ဝတ္႐ုံကိုထ်န္းရိေဒါသတႀကီးဆြဲၿဖဲခဲ့ေပမယ့္ သေကာင့္သားေလးကေတာ့ မ်က္စိမပြင့္ဘဲ ႏႈတ္ခမ္းႀကီးေထာ္ၿပီး တမြမြလုပ္ေနရင္း ပါးစပ္ကလည္းေပါက္ကရေတြေအာ္ေနသည္။
"အလွေလး!!
လာပါဦး အနမ္းေလးေပးရေအာင္!!"
ဗလုံးဗေထြးေအာ္ၿပီး ေထာ္လာျပန္သည့္ႏႈတ္ခမ္းလုံးေလးကို ထ်န္းရိအျမင္ကတ္ကတ္ႏွင့္ ကုန္းကိုက္ျပစ္လိုက္သည္။
တင္ပါးေလးေတြကို ေလးငါးခ်က္အားပါပါရိုက္ထည့္လိုက္ေတာ့မွ ေပါက္စနကၿငိမ္ၿငိမ္ေလးအိပ္ေပ်ာ္သြားေတာ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"ဝမ္ဝမ္.....
ညကဘာေတြျဖစ္ခဲ့ေသးလဲဟင္.....
ယုအာ ႏႈတ္ခမ္းေပါက္ေနတယ္ တင္ပါးေတြလည္းနီရဲေနတာပဲ......"
မေန႕ညကမုသခင္ေလးလက္ထဲမင္းသားေလးကိုမထည့္ေပးလိုက္ခင္က ေသခ်ာေပါက္မင္းသားေလးႏႈတ္ခမ္းေတြအေကာင္းအတိုင္းရွိေနခဲ့ေပမယ့္ အခုေတာ့ ေအာက္ႏႈတ္ခမ္းေလးမွာေပါက္ၿပဲေနရွာသည္။
"ကြၽန္ေတာ္မ်ိဳးတို႔လည္းမသိပါဘူး မင္းသားေလး......."
ကိုယ္ရံေတာ္ငါးေယာက္လုံးတစ္သံတည္းသာထြက္လာၾကၿပီး ဓားေရးေလ့က်င့္ေနသည့္ မုသခင္ေလးရဲ႕ ဓားခ်က္ေတြက သူတို႔ကိုခုတ္ေနသလိုခံစားလာရသည္။
အေပ်ာ္မယ္ေဂဟာလိုက္သြားသည့္မင္းသားေလးကို အစကသူတို႔တားေပမယ့္ ဟိုေရာက္ေတာ့ သူတို႔ကိုယ္တိုင္ပါ အလွေလးေတြကိုငမ္းခဲ့ၾကသည္မလား။
မုသခင္ေလး၏ျပင္းထန္သည့္ဓားခ်က္ေၾကာင့္ ျပတ္ထြက္သြားသည့္ သစ္ကိုင္းကိုၾကည့္ရင္း ကိုယ့္လည္ပင္းကိုယ္အေယာင္ေယာင္အမွားမွားအုပ္ကာ တံေတြးၿမိဳခ်လိဳက္မိၾကသည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
Bạn đang đọc truyện trên: Truyen247.Pro