Part-5 ( a secret )
Unicode
လေးနှစ်တာအချိန်ကုန်ဆုံးသွားပြီးနောက် ယုဖုန်းရဲ့စကားသံတွေဟာ ပီသလာခဲ့ပြီး သူ့စာပေအရည်အချင်းနှင့်ပတ်သက်ကာ ဘယ်သူတစ်ဦးတစ်ယောက်မှမဝေဖန်ရဲအောင် သူသက်သေပြနိုင်ခဲ့သည်။
အဖြူအနက်ရှီချန်းကျောင်းဝတ်စုံကိုဆင်မြန်းကာ ကျောက်စိမ်းဆံထိုးအနီရောင်နှင့် အနက်ရောင်ဓားတစ်လက်ကိုကိုင်ဆောင်ထားတတ်သည့် ထိုကလေးငယ်ဟာ အတိုက်အခိုက်ပညာကိုသင်ယူဖို့တော့ အသေအလဲငြင်းဆန်နေဆဲပင်။
ရှီချန်းကျောင်းဝန်းအတွင်း အပင်ကြီးတွေအောက်မှာ ကျောင်းသားတွေဟိုတစ်စုသည်တစ်စုဝိုင်းဖွဲ့နေကြပြီး ထျန်းရိနှင့် ယုဖုန်းလည်း ခပ်ပုပုအပင်ရဲ့ပင်စည်ကိုမှီကာ စာဖတ်နေကြသည်။
"ရိရိ..."
"အင်း......"
"ယုအာပျင်းတယ်....."
ထျန်းရိ ဖတ်နေသည့် စာအုပ်ကို ယုဖုန်းကယူပိတ်လိုက်သည်။
"ဘာလုပ်ချင်လို့လဲ....."
"ရေတံခွန်သွားရအောင်လေ....."
"ဟိုတစ်နေ့ကမှသွားထားတာမဟုတ်ဘူးလား...."
"သွားထားလည်း ယုအာထပ်သွားချင်တယ်လေ......
နော်.... ရိရိ....သွားရအောင်ပါ....."
"ရေအကြာကြီးမဆော့ရဘူးနော်......"
"ဟုတ်!
သွားကြမယ်ကွ..."
နှစ်ယောက်သားကျောင်းအပြင်ထွက်လိုက်သည်နှင့် ဘင်းဝမ်အပါအဝင်တခြားကိုယ်ရံတော်လေးယောက်ပါ အနားရောက်လာသည်။
"ရေသွားကူးကြမယ် ဝမ်ဝမ်!"
သခင်လေးမုထျန်းရိနဲ့ လက်ချင်းတွဲပြီး ရှေ့ကနေအမြန်ထွက်သွားသည့် မင်းသားလေးနောက်သူတို့ငါးယောက်လည်းအမြန်လိုက်ရသည်။
"ဝူ ဟူး!!!"
အဝတ်တွေအကုန်ချွတ်ပြီး ဆံထိုးကိုဖြုတ်ကာ ရေထဲခုန်ချသွားသည့်ယုအာက ငါးနှစ်သားလေးတုန်းကလို ရေထဲပလုံမသွားဘဲ ရေပေါ်မှာသာဖားကူးကူးနေသည်။
သူတို့ပဲသိသည့်နေရာမို့ သူစိမ်းတွေမလာကြရာ ဘင်းဝမ်တို့လည်းအဝတ်တွေချွတ်ပြီး ခုန်ဆင်းသည်။
မကြီးမငယ်အသေအလဲဆော့နေသည့် ကိုယ်ရံတော်တွေကြားမှယုအာက ထျန်းရိကိုလက်ယက်ခေါ်သည်။
ထျန်းရိခေါင်းယမ်းပြတော့ နှုတ်ခမ်းထော်ပြီး ရေထဲငုတ်သွားသည်။
ယုဖုန်းသူနဲ့မလှမ်းမကမ်းမှ ခါတိုင်းလိုပဲသူ့ကိုကြည့်နေသည့်မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းစုံလိုက်သည်။
မလှုပ်မယှက်သူ့ကိုကြည့်နေသည့် ထိုအရာက သူမြွေကြီးလို့ထင်ခဲ့မိသည့် နဂါးတစ်ကောင်။
သူတစ်ယောက်တည်းသာမြင်ရပြီး တခြားသူတွေကိုပြောရင်သူ့ကိုအမြင်မှားသည်ပဲထင်ကြမည်မို့ သူမပြောတော့။
ပထမဆုံးရေနစ်တုန်းက ပထမဆုံးစတွေ့ခဲ့ပြီး လန့်သွားပေမယ့် ထိုအရာကသူ့ကို အန္တရာယ်ပြုခြင်းမျိုးမရှိဘဲဒီအတိုင်းသာကြည့်နေတတ်သည်။
စီးဆင်းနေသည့် မြစ်ရေ ချောင်း ရေတံခွန် အစရှိသည်တွေထဲမှာ သူရေငုတ်လိုက်တိုင်း သူ့ကိုစောင့်ကြည့်နေသည့် နဂါးတစ်ကောင်ကိုတွေ့ရတတ်ပြီး နန်းတော်မှသူ့ရေချိုးကန်နှင့် ရေသေကန်တွေထဲမှာတော့ မရှိကြောင်းလည်းသူရှာဖွေတွေ့ရှိထားသည်။
ယုဖုန်းလက်ကလေးတစ်ဖက်ကိုဝေ့ယမ်းပြပြီးမှ ရေပေါ်ပြန်တက်လာခဲ့သည်။
ထျန်းရိ ကျောက်ဖျာပေါ်မှာထိုင်ရင်း ယုအာကိုသာကြည့်နေခဲ့သည်။
ရေစိုနေတဲ့အနက်ရောင်ဆံနွယ်ရှည်တွေနှင့် ရယ်မောနေသည့် ထိုကလေးငယ်ဟာ တစ်နေ့ထက်တစ်နေ့တောက်ပလာနေသည်။
စတွေ့တုန်းကအတိုင်းသူ့အနားမှာပွတ်သီးပွတ်သပ်လုပ်တတ်တဲ့ထိုကလေးငယ်နဲ့ အမြဲဒီတိုင်းလေးနေသွားချင်မိပေမယ့် ယုအာကဘုရင့်သားတော်တစ်ပါးလေ.....
တစ်နေ့အရွယ်ရောက်လာတာနဲ့ တာဝန်တွေကိုထမ်းရမယ့် ထိုကောင်လေးဟာ ချစ်ရတဲ့ဇနီးလည်းရှိလာလိမ့်မည်ကိုတွေးမိပြီး သူဟာသက်ပြင်းမောကိုချရပြန်သည်။
"ယုအာ.....တော်လောက်ပြီ.....
တက်ခဲ့တော့!!"
သူလှမ်းခေါ်တာကိုမကြားချင်ယောင်ဆောင်ပြီး ကိုယ်ရံတော်တွေနှင့်ဆက်ဆော့နေတာမို့ ထျန်းရိအသံကိုမာလိုက်သည်။
"ယုအာ!!!"
"အင်းပါ! အင်းပါ!! လာပြီ.....
စိတ်ချည်းပဲ....."
မျက်စောင်းတွေထိုးရင်း ပါးစပ်ကလည်းမကျေနပ်မှုတွေကိုပွစိပွစိရေရွတ်ကာ အဝတ်တွေပြန်ဝတ်နေသည့် ယုအာဆံပင်တွေကို ထျန်းရိလက်နဲ့ပဲ ဖီးပေးသည်။
"ဗိုက်ဆာလာပြီ......
နေ့လည်စာကို မုအိမ်တော်မှာစားချင်တယ်.....
နော် ရိရိ......"
သူ့အိမ်ကိုသွားဖို့သူ့ကိုယုအာကမျက်တောင်ပုတ်ပုတ်ခတ်လုပ်ရင်း ခွင့်တောင်းလာပြန်တော့ ထျန်းရိလည်းခေါင်းသာညိတ်ပြလိုက်သည်။
"ဒါဆို ကျွန်တော်မျိုး အရင်သွားအကြောင်းကြားလိုက်ပါ့မယ်....."
ဘင်းဝမ်ကအရိုအသေပေးပြီး သူ့စွမ်းရည်လျှပ်စီးလိုလျင်မြန်မှုကိုသုံးကာ အနားမှပျောက်သွားလေသည်။
ကျန်ကိုယ်ရံတော်လေးယောက်ကတော့ ယုဖုန်းနှင့်ထျန်းရိကို ဝန်းရံလျက်မုအိမ်တော်သို့ခပ်ဖြည်းဖြည်းပဲ ဦးတည်လာကြသည်။
"ခဏ...."
တောထဲမှထွက်ခါနီးမှာ ယုဖုန်းခြေလှမ်းတွေရပ်တန့်သွားပြီး သဘာဝအလျောက်ပေါက်နေသော အနံ့သင်းသည့် ရောင်စုံပန်းအချို့ကိုဓားနှင့် ခပ်ရှည်ရှည်ဖြတ်ယူလိုက်သည်။
"ပန်းတွေကိုဘာလုပ်မလို့လဲ ယုအာ......"
ထျန်းရိအမေးကိုပြန်မဖြေဘဲ ယုအာကခပ်ပြုံးပြုံးသာ....
လက်မှပိုးကြိုးကိုဖြုတ်ပြီး ပန်းတွေကိုအရိုးမှစုစည်းကာပြင်လိုက်သည်။
"ရပြီ သွားမယ်......"
လက်တစ်ဖက်ကရောင်စုံပန်းစည်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အနက်ရောင်နဂါးဓားကိုဆုပ်ကိုင်ထားသည့် ယုအာက သူ့လက်ကိုတွဲဖို့မအားသလို သတိရပုံလည်းမရှိတာမို့ ထျန်းရိ မေးရိုးတွေတင်းနေသည်။
တစ်နာရီကျော်လောက် လမ်းလျှောက်ခဲ့ရပြီးချိန်မှာတော့ မုအိမ်တော်ရှေ့သို့ သူတို့ရောက်လာကာ ဘင်းဝမ်ကအသင့်စောင့်ကြိုနေသည်။
"မုသခင်မကြီးက မင်းသားလေးအတွက်နေ့လည်စာကိုပြင်ဆင်နေပါတယ်....."
ယုဖုန်းနားလည်ကြောင်းခေါင်းတစ်ချက်ညိတ်ပြကာ အိမ်တော်ထဲလှမ်းဝင်လာခဲ့သည်။
"ယုဖုန်း!"
တခြားအိမ်တော်သခင်မလေးများနှင့် အဆောင်ထဲမှထွက်လာသည့် မုလင်းရှကယုဖုန်းကိုမြင်တော့ပြေးလာသည်။
"မုလင်းရှ!
အနေအထိုင်ဆင်ခြင်စမ်း!
မင်းသားတစ်ပါးကိုဘယ်လိုတောင်ရိုင်းပြတာလဲ!"
မျက်မှောင်ကျုံ့လျက် အေးစက်စက်ပြောလာသည့် ထျန်းရိရဲ့ ပြစ်တင်စကားကြောင့် မုလင်းရှထိတ်လန့်စွာတုန်ယင်သွားရှာသည်။
"မင်းသားကိုအရိုအသေပြုပါတယ်......
လင်းရှ အပြုအမူအတွက်ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ်......"
ခေါင်းငုံ့ပြီးယုဖုန်းကိုလင်းရှကအရိုအသေပေးကာ တောင်းပန်သည်ကိုလည်း ထျန်းရိကစူးစိုက်ကြည့်နေပြန်သည်။
"ရတယ်.....ရတယ်......
ငါဗွေမယူပါဘူး.......
ရိရိကလည်း လင်းရှကိုအဲ့လောက်မပြောပါနဲ့...."
မလှမ်းမကမ်းမှာတခြားသခင်မလေးတွေရှိနေတာမို့ လင်းရှကိုအရှက်ကွဲသလိုခံစားရစေမှာမျိုး ယုဖုန်းမလိုလား.....
"မင်းသားငယ်ကို အရိုအသေပေးပါတယ်!!!"
အနားရောက်လာပြီးအရိုအသေပေးကြသည့် သခင်မလေးများ၏မျက်ဝန်းအကြည့်တော်တော်များများက ထျန်းရိဆီမှာမို့ ယုဖုန်းနှာခေါင်းရှုံ့ကာ လက်ကိုဝှေ့ရမ်းပြီး အားလုံးကိုထစေလိုက်သည်။
ထျန်းရိ၏မိခင် မုသခင်မကြီးကို ပေးဖို့ယူလာသည့် ပန်းစည်းကို လင်းရှ အရှက်ပြေစေရန်ပေးလိုက်ဖို့ ယုဖုန်းတွေးမိသည်။
"ရော့...လင်းရှ.....
နင့်အတွက်......"
ယုဖုန်းလက်ထဲမှပန်းစည်းကိုမြင်တော့ လင်းရှမျက်ဝန်းလေးတွေဝိုင်းသွားကာ ပျော်ရွှင်မှုဖြင့်ပြုံးသည်။
"ကျေးဇူးတင်ပါတယ် မင်းသားလေး....."
လက်နှစ်ဖက်နှင့်ယူလိုက်ပြီး နှာခေါင်းနားကပ်ကာ နမ်းရှိုက်ကြည့်တော့ ပန်းရနံ့သင်းသင်းကသူမကိုပိုပျော်ရွှင်သွားစေပြီး မျက်ဝန်းတွေပိတ်ကျသွားအောင်ကိုပြုံးလေသည်။
ထိုအချိန်တခြားအိမ်တော်သခင်မလေးများကမုအိမ်တော်မှထွက်ခွာသွားကြပြီး နံဘေးမှကိုယ်ရံတော်တွေကတော့ သခင်လေးမုထျန်းရိရဲ့ လူသတ်ချင်တဲ့အကြည့်တွေကိုသတိမထားမိဘဲ မင်းသားလေးနှင့်ရယ်ရယ်မောမောစကားတွေပြောနေသည့် မုသခင်မလေးအစားကြက်သီးတွေထရင်း ခြေဖျားလက်ဖျားတွေပင်အေးလာကြသည်။
သခင်မကြီးပြင်ဆင်ပေးသည့် နေ့လည်စာဝိုင်းမှာ ထျန်းရိနှင့်ယုဖုန်းထိုင်နေပြီး ကိုယ်ရံတော်ငါးဦးကတော့သီးသန့်ဝိုင်းမှာစားရသည်။
မုသခင်မကြီးနှင့်လင်းရှက ယုဖုန်းတို့စားနေသည့်နံဘေးမှာထိုင်ကာ ဟင်းတွေထည့်ပေးရင်း ပြုံးပြုံးရွှင်ရွှင်စကားတွေပြောကြသည်။
အစားစားရင်းစကားမပြောရ စည်းမျဉ်းမျိုးကို ယုဖုန်းကဘယ်တုန်းကမှမလိုက်နာခဲ့သူမို့ စားရင်းသောက်ရင်းပြန်ပြောသည်။
"သခင်မလေးတွေအများကြီးစုပြီးဘာလုပ်ကြတာလဲ လင်းရှ......"
"ပန်းထိုးရင်း ဟိုအကြောင်းသည်အကြောင်းစကားပြောကြတာပါ...."
"နင်ပန်းထိုးတတ်ပြီပေါ့...."
"အရမ်းမလှပေမယ့် ထိုးတော့ထိုးတတ်ပြီ....."
"တော်သားပဲ....."
တူကိုင်ထားသည့်ထျန်းရိလက်တွေတုန်လာသည်ကိုယုဖုန်းသတိထားမိလိုက်ကာ မေးရိုးတွေထောင်နေသည်ကိုပါမြင်လိုက်တော့ သူစိုးရိမ်သွားသည်။
"ရိရိ.....ဘာဖြစ်လို့လဲ......
နေမကောင်းဘူးလား......"
မုထျန်းရိဒေါသတွေက ယုအာရဲ့အမေးသံကြောင့်လျှောကျသွားသည်။
"ဘာမှမဖြစ်ပါဘူး....."
"ခုနကလက်တွေတုန်နေတာမလား......"
"ဗိုက်အရမ်းဆာနေလို့ပါ......"
"ဪ.....
ဒါဆိုများများစားလေ....."
သူကြိုက်တတ်သည့် အသားဟင်းတွေကိုသူ့ပန်းကန်ထဲယုအာကထည့်ပေးလာတော့ ထျန်းရိနှုတ်ခမ်းတွေပြန်လည်ပြုံးယောင်သန်းလာသည်။
သူ့မိခင်ထည့်ပေးထားသည့်အသားဟင်းတွေကိုမထိဘဲ ယုအာထည့်ပေးသည့်အသားကိုဝါးကာ စိတ်လိုလက်ရပြုံးလိုက်သည်။
မုသခင်မကြီးကတော့နံဘေးမှ မင်းသားလေးအပေါ်သံယောဇဉ်ကြီးလွန်းသော သူမ သားကြီးနှင့်သမီးငယ်ကိုကြည့်ကာ သက်ပြင်းတွေချနေမိသည်။
"လင်းရှ.....နင်ဂီတနဲ့အနုပညာရောသင်နေပြီလား...."
သူ့အမေးကိုပြန်မဖြေဘဲလင်းရှကသူမဝတ်ရုံကိုသာခေါင်းငုံ့ရင်းကြည့်နေသည်။
"သူမသင်နေတာ နှစ်လလောက်ရှိပါပြီမင်းသားလေး....
ဒါပေမယ့်...... တိုးတက်မှုမရှိသေးဘူး...."
မုသခင်မကြီးကဝင်ပြောတော့ လင်းရှခေါင်းလေးကပိုလို့တောင်ငုံ့သွားသည်။
"ဘာလို့ရှက်နေတာလဲ.....
ဂီတနဲ့အနုပညာမှာမထူးချွန်တော့ရောဘာဖြစ်လဲ......"
ယုဖုန်းရဲ့စကားကြောင့်လင်းရှကအားတက်သရောခေါင်းလေးမော့လာသည်။
"ဘာလဲ.....
နင့်ကိုလက်ထပ်မယ့်သူမရှိမှာကြောက်နေတာလား...."
အထက်တန်းလွှာအမျိုးသမီးတွေရဲ့ အဆင့်အတန်းသက်မှတ်ရာမှာ ဂီတနဲ့အနုပညာတက်ကျွမ်းမှုကလည်းအရေးပါတာမို့ သူမစိုးထိတ်နေသည်မှန်းယုဖုန်းရိပ်မိသည်။
ထို့အပြင်လင်းရှကလည်း သူ့လို့မျက်ဝန်းအနက်နှင့်သာမာန်လူမို့ သူမကိုသူကိုယ်ချင်းစာသည်။
သူနှင့် လင်းရှက ကစားဖော်ကစားဖက်တွေမို့ ဟိုဟာသည်ဟာတွေတွေးမနေဘဲ ယုဖုန်းရွှတ်နောက်နောက်နှင့် စလိုက်သည်။
"မပူပါနဲ့......
သူတို့နင့်ကိုမလိုချင်ရင်တောင်.....
နင်ငါ့ဇနီးလုပ်လို့ရတာပဲ....."
"ခွမ်း!!!!"
"အား!!"
စားပွဲပေါ်ရှိ ကြွေပန်းကန်တွေအကုန်လုံး ကွဲကြေသွားသည့်အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး လင်းရှရဲ့ထိတ်လန့်တကြားအော်သံပါထွက်ပေါ်လာရာ ကိုယ်ရံတော်တွေလည်းအခန်းထဲပြေးဝင်လာကြသည်။
ယုဖုန်းသူ့အရှေ့မှ ထျန်းရိရဲ့ စိမ်းပြာရောင်တောက်ပနေသည့်မျက်ဝန်းတွေနှင့် အေးစက်သည့်အကြည့်တွေကြောင့် တုန်လှုပ်သွားရသည်။
သူစလိုက်တာကိုရိရိကဘာလို့ဒေါသတွေထွက်နေရတာလဲ......
"မင်းသားလေး အဆင်ပြေရဲ့လား.....
ထိခိုက်သွားသေးလား....."
ယုဖုန်းကိုထိခိုက်မှုရှိမရှိစစ်နေသည့်ကိုယ်ရံတော်တွေက ရေခဲသားတွေတက်ပြီး ကွဲကြေနေသည့် ကြွေပန်းကန်တွေကိုတစ်လှည့် ထျန်းရိကိုတစ်လှည့်ကြည့်လာကြသည်။
မုသခင်မကြီးမှာလည်း သူမသားကရေခဲအစွမ်းကိုထုတ်သုံးကာ မင်းသားလေးကိုထိတ်လန့်စေလိုက်တာမို့ ဘာလုပ်ရမလဲမသိဘဲကြောင်အနေမိသည်။
"မုသခင်လေး!!
ဘာကြောင့် ရေခဲအစွမ်းကိုသုံးရတာလဲ!
မင်းသားလေးကိုထိခိုက်သွားစေနိုင်မှန်းမသိဘူးလား....."
ဘင်းဝမ်ရဲ့စကားကိုအရေးမစိုက်ဘဲထျန်းရိက သူ့ညီမရဲ့ ထိတ်လန့်နေသည့်မျက်နှာကိုတစ်ချက်စိုက်ကြည့်ကာ ထွက်သွားလေသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ေလးႏွစ္တာအခ်ိန္ကုန္ဆုံးသြားၿပီးေနာက္ ယုဖုန္းရဲ႕စကားသံေတြဟာ ပီသလာခဲ့ၿပီး သူ႕စာေပအရည္အခ်င္းႏွင့္ပတ္သက္ကာ ဘယ္သူတစ္ဦးတစ္ေယာက္မွမေဝဖန္ရဲေအာင္ သူသက္ေသျပနိုင္ခဲ့သည္။
အျဖဴအနက္ရွီခ်န္းေက်ာင္းဝတ္စုံကိုဆင္ျမန္းကာ ေက်ာက္စိမ္းဆံထိုးအနီေရာင္ႏွင့္ အနက္ေရာင္ဓားတစ္လက္ကိုကိုင္ေဆာင္ထားတတ္သည့္ ထိုကေလးငယ္ဟာ အတိုက္အခိုက္ပညာကိုသင္ယူဖို႔ေတာ့ အေသအလဲျငင္းဆန္ေနဆဲပင္။
ရွီခ်န္းေက်ာင္းဝန္းအတြင္း အပင္ႀကီးေတြေအာက္မွာ ေက်ာင္းသားေတြဟိုတစ္စုသည္တစ္စုဝိုင္းဖြဲ႕ေနၾကၿပီး ထ်န္းရိႏွင့္ ယုဖုန္းလည္း ခပ္ပုပုအပင္ရဲ႕ပင္စည္ကိုမွီကာ စာဖတ္ေနၾကသည္။
"ရိရိ..."
"အင္း......"
"ယုအာပ်င္းတယ္....."
ထ်န္းရိ ဖတ္ေနသည့္ စာအုပ္ကို ယုဖုန္းကယူပိတ္လိုက္သည္။
"ဘာလုပ္ခ်င္လို႔လဲ....."
"ေရတံခြန္သြားရေအာင္ေလ....."
"ဟိုတစ္ေန႕ကမွသြားထားတာမဟုတ္ဘူးလား...."
"သြားထားလည္း ယုအာထပ္သြားခ်င္တယ္ေလ......
ေနာ္.... ရိရိ....သြားရေအာင္ပါ....."
"ေရအၾကာႀကီးမေဆာ့ရဘူးေနာ္......"
"ဟုတ္!
သြားၾကမယ္ကြ..."
ႏွစ္ေယာက္သားေက်ာင္းအျပင္ထြက္လိုက္သည္ႏွင့္ ဘင္းဝမ္အပါအဝင္တျခားကိုယ္ရံေတာ္ေလးေယာက္ပါ အနားေရာက္လာသည္။
"ေရသြားကူးၾကမယ္ ဝမ္ဝမ္!"
သခင္ေလးမုထ်န္းရိနဲ႕ လက္ခ်င္းတြဲၿပီး ေရွ႕ကေနအျမန္ထြက္သြားသည့္ မင္းသားေလးေနာက္သူတို႔ငါးေယာက္လည္းအျမန္လိုက္ရသည္။
"ဝူ ဟူး!!!"
အဝတ္ေတြအကုန္ခြၽတ္ၿပီး ဆံထိုးကိုျဖဳတ္ကာ ေရထဲခုန္ခ်သြားသည့္ယုအာက ငါးႏွစ္သားေလးတုန္းကလို ေရထဲပလုံမသြားဘဲ ေရေပၚမွာသာဖားကူးကူးေနသည္။
သူတို႔ပဲသိသည့္ေနရာမို႔ သူစိမ္းေတြမလာၾကရာ ဘင္းဝမ္တို႔လည္းအဝတ္ေတြခြၽတ္ၿပီး ခုန္ဆင္းသည္။
မႀကီးမငယ္အေသအလဲေဆာ့ေနသည့္ ကိုယ္ရံေတာ္ေတြၾကားမွယုအာက ထ်န္းရိကိုလက္ယက္ေခၚသည္။
ထ်န္းရိေခါင္းယမ္းျပေတာ့ ႏႈတ္ခမ္းေထာ္ၿပီး ေရထဲငုတ္သြားသည္။
ယုဖုန္းသူနဲ႕မလွမ္းမကမ္းမွ ခါတိုင္းလိုပဲသူ႕ကိုၾကည့္ေနသည့္မ်က္ဝန္းတစ္စုံႏွင့္အၾကည့္ခ်င္းစုံလိုက္သည္။
မလႈပ္မယွက္သူ႕ကိုၾကည့္ေနသည့္ ထိုအရာက သူေႁမြႀကီးလို႔ထင္ခဲ့မိသည့္ နဂါးတစ္ေကာင္။
သူတစ္ေယာက္တည္းသာျမင္ရၿပီး တျခားသူေတြကိုေျပာရင္သူ႕ကိုအျမင္မွားသည္ပဲထင္ၾကမည္မို႔ သူမေျပာေတာ့။
ပထမဆုံးေရနစ္တုန္းက ပထမဆုံးစေတြ႕ခဲ့ၿပီး လန့္သြားေပမယ့္ ထိုအရာကသူ႕ကို အႏၱရာယ္ျပဳျခင္းမ်ိဳးမရွိဘဲဒီအတိုင္းသာၾကည့္ေနတတ္သည္။
စီးဆင္းေနသည့္ ျမစ္ေရ ေခ်ာင္း ေရတံခြန္ အစရွိသည္ေတြထဲမွာ သူေရငုတ္လိုက္တိုင္း သူ႕ကိုေစာင့္ၾကည့္ေနသည့္ နဂါးတစ္ေကာင္ကိုေတြ႕ရတတ္ၿပီး နန္းေတာ္မွသူ႕ေရခ်ိဳးကန္ႏွင့္ ေရေသကန္ေတြထဲမွာေတာ့ မရွိေၾကာင္းလည္းသူရွာေဖြေတြ႕ရွိထားသည္။
ယုဖုန္းလက္ကေလးတစ္ဖက္ကိုေဝ့ယမ္းျပၿပီးမွ ေရေပၚျပန္တက္လာခဲ့သည္။
ထ်န္းရိ ေက်ာက္ဖ်ာေပၚမွာထိုင္ရင္း ယုအာကိုသာၾကည့္ေနခဲ့သည္။
ေရစိုေနတဲ့အနက္ေရာင္ဆံႏြယ္ရွည္ေတြႏွင့္ ရယ္ေမာေနသည့္ ထိုကေလးငယ္ဟာ တစ္ေန႕ထက္တစ္ေန႕ေတာက္ပလာေနသည္။
စေတြ႕တုန္းကအတိုင္းသူ႕အနားမွာပြတ္သီးပြတ္သပ္လုပ္တတ္တဲ့ထိုကေလးငယ္နဲ႕ အၿမဲဒီတိုင္းေလးေနသြားခ်င္မိေပမယ့္ ယုအာကဘုရင့္သားေတာ္တစ္ပါးေလ.....
တစ္ေန႕အ႐ြယ္ေရာက္လာတာနဲ႕ တာဝန္ေတြကိုထမ္းရမယ့္ ထိုေကာင္ေလးဟာ ခ်စ္ရတဲ့ဇနီးလည္းရွိလာလိမ့္မည္ကိုေတြးမိၿပီး သူဟာသက္ျပင္းေမာကိုခ်ရျပန္သည္။
"ယုအာ.....ေတာ္ေလာက္ၿပီ.....
တက္ခဲ့ေတာ့!!"
သူလွမ္းေခၚတာကိုမၾကားခ်င္ေယာင္ေဆာင္ၿပီး ကိုယ္ရံေတာ္ေတြႏွင့္ဆက္ေဆာ့ေနတာမို႔ ထ်န္းရိအသံကိုမာလိုက္သည္။
"ယုအာ!!!"
"အင္းပါ! အင္းပါ!! လာၿပီ.....
စိတ္ခ်ည္းပဲ....."
မ်က္ေစာင္းေတြထိုးရင္း ပါးစပ္ကလည္းမေက်နပ္မႈေတြကိုပြစိပြစိေရ႐ြတ္ကာ အဝတ္ေတြျပန္ဝတ္ေနသည့္ ယုအာဆံပင္ေတြကို ထ်န္းရိလက္နဲ႕ပဲ ဖီးေပးသည္။
"ဗိုက္ဆာလာၿပီ......
ေန႕လည္စာကို မုအိမ္ေတာ္မွာစားခ်င္တယ္.....
ေနာ္ ရိရိ......"
သူ႕အိမ္ကိုသြားဖို႔သူ႕ကိုယုအာကမ်က္ေတာင္ပုတ္ပုတ္ခတ္လုပ္ရင္း ခြင့္ေတာင္းလာျပန္ေတာ့ ထ်န္းရိလည္းေခါင္းသာညိတ္ျပလိုက္သည္။
"ဒါဆို ကြၽန္ေတာ္မ်ိဳး အရင္သြားအေၾကာင္းၾကားလိုက္ပါ့မယ္....."
ဘင္းဝမ္ကအရိုအေသေပးၿပီး သူ႕စြမ္းရည္လွ်ပ္စီးလိုလ်င္ျမန္မႈကိုသုံးကာ အနားမွေပ်ာက္သြားေလသည္။
က်န္ကိုယ္ရံေတာ္ေလးေယာက္ကေတာ့ ယုဖုန္းႏွင့္ထ်န္းရိကို ဝန္းရံလ်က္မုအိမ္ေတာ္သို႔ခပ္ျဖည္းျဖည္းပဲ ဦးတည္လာၾကသည္။
"ခဏ...."
ေတာထဲမွထြက္ခါနီးမွာ ယုဖုန္းေျခလွမ္းေတြရပ္တန့္သြားၿပီး သဘာဝအေလ်ာက္ေပါက္ေနေသာ အနံ႕သင္းသည့္ ေရာင္စုံပန္းအခ်ိဳ႕ကိုဓားႏွင့္ ခပ္ရွည္ရွည္ျဖတ္ယူလိုက္သည္။
"ပန္းေတြကိုဘာလုပ္မလို႔လဲ ယုအာ......"
ထ်န္းရိအေမးကိုျပန္မေျဖဘဲ ယုအာကခပ္ၿပဳံးၿပဳံးသာ....
လက္မွပိုးႀကိဳးကိုျဖဳတ္ၿပီး ပန္းေတြကိုအရိုးမွစုစည္းကာျပင္လိုက္သည္။
"ရၿပီ သြားမယ္......"
လက္တစ္ဖက္ကေရာင္စုံပန္းစည္းကိုကိုင္ထားၿပီး က်န္လက္တစ္ဖက္ကေတာ့ အနက္ေရာင္နဂါးဓားကိုဆုပ္ကိုင္ထားသည့္ ယုအာက သူ႕လက္ကိုတြဲဖို႔မအားသလို သတိရပုံလည္းမရွိတာမို႔ ထ်န္းရိ ေမးရိုးေတြတင္းေနသည္။
တစ္နာရီေက်ာ္ေလာက္ လမ္းေလွ်ာက္ခဲ့ရၿပီးခ်ိန္မွာေတာ့ မုအိမ္ေတာ္ေရွ႕သို႔ သူတို႔ေရာက္လာကာ ဘင္းဝမ္ကအသင့္ေစာင့္ႀကိဳေနသည္။
"မုသခင္မႀကီးက မင္းသားေလးအတြက္ေန႕လည္စာကိုျပင္ဆင္ေနပါတယ္....."
ယုဖုန္းနားလည္ေၾကာင္းေခါင္းတစ္ခ်က္ညိတ္ျပကာ အိမ္ေတာ္ထဲလွမ္းဝင္လာခဲ့သည္။
"ယုဖုန္း!"
တျခားအိမ္ေတာ္သခင္မေလးမ်ားႏွင့္ အေဆာင္ထဲမွထြက္လာသည့္ မုလင္းရွကယုဖုန္းကိုျမင္ေတာ့ေျပးလာသည္။
"မုလင္းရွ!
အေနအထိုင္ဆင္ျခင္စမ္း!
မင္းသားတစ္ပါးကိုဘယ္လိုေတာင္ရိုင္းျပတာလဲ!"
မ်က္ေမွာင္က်ဳံ႕လ်က္ ေအးစက္စက္ေျပာလာသည့္ ထ်န္းရိရဲ႕ ျပစ္တင္စကားေၾကာင့္ မုလင္းရွထိတ္လန့္စြာတုန္ယင္သြားရွာသည္။
"မင္းသားကိုအရိုအေသျပဳပါတယ္......
လင္းရွ အျပဳအမူအတြက္ခြင့္လြတ္ေပးဖို႔ ေတာင္းပန္ပါတယ္......"
ေခါင္းငုံ႕ၿပီးယုဖုန္းကိုလင္းရွကအရိုအေသေပးကာ ေတာင္းပန္သည္ကိုလည္း ထ်န္းရိကစူးစိုက္ၾကည့္ေနျပန္သည္။
"ရတယ္.....ရတယ္......
ငါေဗြမယူပါဘူး.......
ရိရိကလည္း လင္းရွကိုအဲ့ေလာက္မေျပာပါနဲ႕...."
မလွမ္းမကမ္းမွာတျခားသခင္မေလးေတြရွိေနတာမို႔ လင္းရွကိုအရွက္ကြဲသလိုခံစားရေစမွာမ်ိဳး ယုဖုန္းမလိုလား.....
"မင္းသားငယ္ကို အရိုအေသေပးပါတယ္!!!"
အနားေရာက္လာၿပီးအရိုအေသေပးၾကသည့္ သခင္မေလးမ်ား၏မ်က္ဝန္းအၾကည့္ေတာ္ေတာ္မ်ားမ်ားက ထ်န္းရိဆီမွာမို႔ ယုဖုန္းႏွာေခါင္းရႈံ႕ကာ လက္ကိုေဝွ႕ရမ္းၿပီး အားလုံးကိုထေစလိုက္သည္။
ထ်န္းရိ၏မိခင္ မုသခင္မႀကီးကို ေပးဖို႔ယူလာသည့္ ပန္းစည္းကို လင္းရွ အရွက္ေျပေစရန္ေပးလိုက္ဖို႔ ယုဖုန္းေတြးမိသည္။
"ေရာ့...လင္းရွ.....
နင့္အတြက္......"
ယုဖုန္းလက္ထဲမွပန္းစည္းကိုျမင္ေတာ့ လင္းရွမ်က္ဝန္းေလးေတြဝိုင္းသြားကာ ေပ်ာ္႐ႊင္မႈျဖင့္ၿပဳံးသည္။
"ေက်းဇူးတင္ပါတယ္ မင္းသားေလး....."
လက္ႏွစ္ဖက္ႏွင့္ယူလိုက္ၿပီး ႏွာေခါင္းနားကပ္ကာ နမ္းရွိုက္ၾကည့္ေတာ့ ပန္းရနံ႕သင္းသင္းကသူမကိုပိုေပ်ာ္႐ႊင္သြားေစၿပီး မ်က္ဝန္းေတြပိတ္က်သြားေအာင္ကိုၿပဳံးေလသည္။
ထိုအခ်ိန္တျခားအိမ္ေတာ္သခင္မေလးမ်ားကမုအိမ္ေတာ္မွထြက္ခြာသြားၾကၿပီး နံေဘးမွကိုယ္ရံေတာ္ေတြကေတာ့ သခင္ေလးမုထ်န္းရိရဲ႕ လူသတ္ခ်င္တဲ့အၾကည့္ေတြကိုသတိမထားမိဘဲ မင္းသားေလးႏွင့္ရယ္ရယ္ေမာေမာစကားေတြေျပာေနသည့္ မုသခင္မေလးအစားၾကက္သီးေတြထရင္း ေျခဖ်ားလက္ဖ်ားေတြပင္ေအးလာၾကသည္။
သခင္မႀကီးျပင္ဆင္ေပးသည့္ ေန႕လည္စာဝိုင္းမွာ ထ်န္းရိႏွင့္ယုဖုန္းထိုင္ေနၿပီး ကိုယ္ရံေတာ္ငါးဦးကေတာ့သီးသန့္ဝိုင္းမွာစားရသည္။
မုသခင္မႀကီးႏွင့္လင္းရွက ယုဖုန္းတို႔စားေနသည့္နံေဘးမွာထိုင္ကာ ဟင္းေတြထည့္ေပးရင္း ၿပဳံးၿပဳံး႐ႊင္႐ႊင္စကားေတြေျပာၾကသည္။
အစားစားရင္းစကားမေျပာရ စည္းမ်ဥ္းမ်ိဳးကို ယုဖုန္းကဘယ္တုန္းကမွမလိုက္နာခဲ့သူမို႔ စားရင္းေသာက္ရင္းျပန္ေျပာသည္။
"သခင္မေလးေတြအမ်ားႀကီးစုၿပီးဘာလုပ္ၾကတာလဲ လင္းရွ......"
"ပန္းထိုးရင္း ဟိုအေၾကာင္းသည္အေၾကာင္းစကားေျပာၾကတာပါ...."
"နင္ပန္းထိုးတတ္ၿပီေပါ့...."
"အရမ္းမလွေပမယ့္ ထိုးေတာ့ထိုးတတ္ၿပီ....."
"ေတာ္သားပဲ....."
တူကိုင္ထားသည့္ထ်န္းရိလက္ေတြတုန္လာသည္ကိုယုဖုန္းသတိထားမိလိုက္ကာ ေမးရိုးေတြေထာင္ေနသည္ကိုပါျမင္လိုက္ေတာ့ သူစိုးရိမ္သြားသည္။
"ရိရိ.....ဘာျဖစ္လို႔လဲ......
ေနမေကာင္းဘူးလား......"
မုထ်န္းရိေဒါသေတြက ယုအာရဲ႕အေမးသံေၾကာင့္ေလွ်ာက်သြားသည္။
"ဘာမွမျဖစ္ပါဘူး....."
"ခုနကလက္ေတြတုန္ေနတာမလား......"
"ဗိုက္အရမ္းဆာေနလို႔ပါ......"
"ဪ.....
ဒါဆိုမ်ားမ်ားစားေလ....."
သူႀကိဳက္တတ္သည့္ အသားဟင္းေတြကိုသူ႕ပန္းကန္ထဲယုအာကထည့္ေပးလာေတာ့ ထ်န္းရိႏႈတ္ခမ္းေတြျပန္လည္ၿပဳံးေယာင္သန္းလာသည္။
သူ႕မိခင္ထည့္ေပးထားသည့္အသားဟင္းေတြကိုမထိဘဲ ယုအာထည့္ေပးသည့္အသားကိုဝါးကာ စိတ္လိုလက္ရၿပဳံးလိုက္သည္။
မုသခင္မႀကီးကေတာ့နံေဘးမွ မင္းသားေလးအေပၚသံေယာဇဥ္ႀကီးလြန္းေသာ သူမ သားႀကီးႏွင့္သမီးငယ္ကိုၾကည့္ကာ သက္ျပင္းေတြခ်ေနမိသည္။
"လင္းရွ.....နင္ဂီတနဲ႕အႏုပညာေရာသင္ေနၿပီလား...."
သူ႕အေမးကိုျပန္မေျဖဘဲလင္းရွကသူမဝတ္႐ုံကိုသာေခါင္းငုံ႕ရင္းၾကည့္ေနသည္။
"သူမသင္ေနတာ ႏွစ္လေလာက္ရွိပါၿပီမင္းသားေလး....
ဒါေပမယ့္...... တိုးတက္မႈမရွိေသးဘူး...."
မုသခင္မႀကီးကဝင္ေျပာေတာ့ လင္းရွေခါင္းေလးကပိုလို႔ေတာင္ငုံ႕သြားသည္။
"ဘာလို႔ရွက္ေနတာလဲ.....
ဂီတနဲ႕အႏုပညာမွာမထူးခြၽန္ေတာ့ေရာဘာျဖစ္လဲ......"
ယုဖုန္းရဲ႕စကားေၾကာင့္လင္းရွကအားတက္သေရာေခါင္းေလးေမာ့လာသည္။
"ဘာလဲ.....
နင့္ကိုလက္ထပ္မယ့္သူမရွိမွာေၾကာက္ေနတာလား...."
အထက္တန္းလႊာအမ်ိဳးသမီးေတြရဲ႕ အဆင့္အတန္းသက္မွတ္ရာမွာ ဂီတနဲ႕အႏုပညာတက္ကြၽမ္းမႈကလည္းအေရးပါတာမို႔ သူမစိုးထိတ္ေနသည္မွန္းယုဖုန္းရိပ္မိသည္။
ထို႔အျပင္လင္းရွကလည္း သူ႕လို႔မ်က္ဝန္းအနက္ႏွင့္သာမာန္လူမို႔ သူမကိုသူကိုယ္ခ်င္းစာသည္။
သူႏွင့္ လင္းရွက ကစားေဖာ္ကစားဖက္ေတြမို႔ ဟိုဟာသည္ဟာေတြေတြးမေနဘဲ ယုဖုန္း႐ႊတ္ေနာက္ေနာက္ႏွင့္ စလိုက္သည္။
"မပူပါနဲ႕......
သူတို႔နင့္ကိုမလိုခ်င္ရင္ေတာင္.....
နင္ငါ့ဇနီးလုပ္လို႔ရတာပဲ....."
"ခြမ္း!!!!"
"အား!!"
စားပြဲေပၚရွိ ေႂကြပန္းကန္ေတြအကုန္လုံး ကြဲေၾကသြားသည့္အသံက က်ယ္ေလာင္စြာထြက္ေပၚလာၿပီး လင္းရွရဲ႕ထိတ္လန့္တၾကားေအာ္သံပါထြက္ေပၚလာရာ ကိုယ္ရံေတာ္ေတြလည္းအခန္းထဲေျပးဝင္လာၾကသည္။
ယုဖုန္းသူ႕အေရွ႕မွ ထ်န္းရိရဲ႕ စိမ္းျပာေရာင္ေတာက္ပေနသည့္မ်က္ဝန္းေတြႏွင့္ ေအးစက္သည့္အၾကည့္ေတြေၾကာင့္ တုန္လႈပ္သြားရသည္။
သူစလိုက္တာကိုရိရိကဘာလို႔ေဒါသေတြထြက္ေနရတာလဲ......
"မင္းသားေလး အဆင္ေျပရဲ႕လား.....
ထိခိုက္သြားေသးလား....."
ယုဖုန္းကိုထိခိုက္မႈရွိမရွိစစ္ေနသည့္ကိုယ္ရံေတာ္ေတြက ေရခဲသားေတြတက္ၿပီး ကြဲေၾကေနသည့္ ေႂကြပန္းကန္ေတြကိုတစ္လွည့္ ထ်န္းရိကိုတစ္လွည့္ၾကည့္လာၾကသည္။
မုသခင္မႀကီးမွာလည္း သူမသားကေရခဲအစြမ္းကိုထုတ္သုံးကာ မင္းသားေလးကိုထိတ္လန့္ေစလိုက္တာမို႔ ဘာလုပ္ရမလဲမသိဘဲေၾကာင္အေနမိသည္။
"မုသခင္ေလး!!
ဘာေၾကာင့္ ေရခဲအစြမ္းကိုသုံးရတာလဲ!
မင္းသားေလးကိုထိခိုက္သြားေစနိုင္မွန္းမသိဘူးလား....."
ဘင္းဝမ္ရဲ႕စကားကိုအေရးမစိုက္ဘဲထ်န္းရိက သူ႕ညီမရဲ႕ ထိတ္လန့္ေနသည့္မ်က္ႏွာကိုတစ္ခ်က္စိုက္ၾကည့္ကာ ထြက္သြားေလသည္။
Bạn đang đọc truyện trên: Truyen247.Pro