Part-4 ( youngest schlor )
Unicode
တော်ဝင်အပ်ချုပ်ဆောင်မှ အကြီးအကဲဖြစ်သူကိုယ်တိုင်မင်းသားလေးရဲ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းနှင့်သေချာတိုင်းတာနေသည်။
ရှီချန်းစာပေကျောင်းတော်ရဲ့ အယောက် ၃၀ ရွေးခြယ်ခြင်းနာမည်စာရင်းမှာ ယုဖုန်း ပါလာခဲ့၍ သက်မှတ်ထားသည့် ဆင်တူဝတ်စုံအားချုပ်ရမည်။
ထျန်းရိလည်းရွေးခြယ်ခံရပြီး သူ့အတွက်ဝတ်စုံကိုတော့ သူ့မိခင်ကပြင်ဆင်ပေးမည်ဖြစ်ရာ ယနေ့ယုဖုန်းထံမလာနိုင်ပေ။
"မင်းသားလေး......"
ယုဖုန်းနန်းဆောင်ထဲဝင်လာသည့် ခမည်းတော်အနားမှာခစားရသော အထိန်းတော်တန်ဂျင်း ကသူ့အားဒူးထောက်အရိုအသေပေးသည်။
"မင်းကြီးက ဥယျာဉ်တော်ကိုကြွခဲ့ဖို့အခေါ်လွှတ်လိုက်ပါတယ်...."
"ကောင်းပီ....."
တိုင်းတာခြင်းပြီးသွားပြီမို့ အပ်ချုပ်ဆောင်မှအကြီးအကဲအားပြန်ခိုင်းကာ ဥယျာဉ်တော်သို့ ယုဖုန်းခြေလှမ်းတွေပြင်သည်။
ဥယျာဉ်တော်ရဲ့ပွဲကြည့်ဆောင်ထဲမှာ ယုဖုန်းကလွဲပြီး တော်ဝင်မိသားစုတွေအားလုံးစုံနေကာ အပြုံးတွေကိုယ်စီနှင့်.....
"ခမည်းတော်ကို ယုအာ ဂါရဝပြုပါရယ်"
"ထထ......
လာခဲ့ဦး ခမည်းတော်အနားကို....."
ယုဖုန်းခမည်းတော်အနားကို ဂုဏ်ယူဝင့်ကြွားစွာပြုံးရင်းလျှောက်လှမ်းသွားသည်။
"ယုအာက.....
ရှီချန်းကျောင်းတော်ကနေတောင်ရွေးခြယ်ခံလိုက်ရတယ်ဆိုတော့....
ဟော့ဒီခမည်းတော်က ယုအာအတွက်လက်ဆောင်ပြင်ထားတယ်......"
ဘာလက်ဆောင်လဲဆိုပြီး မျက်လုံးလေးတွေလက်လာသည့် ယုဖုန်းက တကယ့်ကိုကလေးလေးသာ.....
"ဟဲပင်း.....
ယူလာခဲ့တော့......"
ခမည်းတော်ရဲ့ကိုယ်ရံတော်က အနက်ရောင်သေတ္တာရှည်ကြီးတစ်လုံးကိုယူလာသည်။
"ဖွင့်ကြည့်လေ ယုအာ......"
ယုဖုန်းလက်သေးသေးလေးတွေနှင့် ထိုသေတ္တာကိုဖွင့်လိုက်တော့ မျက်ဝန်းလေးတွေပါဝိုင်းစက်သွားသည်။
တောက်ပြောင်နေတဲ့ အနက်ရောင်ဓားတစ်လက်......
ဓားရိုးပေါ်မှာ ပျံသန်းနေတဲ့ အနီရောင်မီးငှက်တစ်ကောင်နှင့် ဓားအိမ်ထက်မှာတော့ ကျောက်တွေစီခြယ်ပြီး ရုပ်လုံးကြွနေသည့်နဂါးတစ်ကောင်......
နဂါးရဲ့မျက်လုံးတွေကိုမြင်တော့ ယုဖုန်းရေတံခွန်ထဲကမြွေကြီးရဲ့ မျက်လုံးတွေနဲ့တူသည်ဟုထင်မိသည်။
"ခမည်းတော်ရဲ့ လက်ဆောင်ကိုသဘောကျရဲ့လား......"
"ဟုတ် ကျေးကျူးတင်ပါရယ်..... "
"ဓားထုတ်ကြည့်လေ....."
ငါးနှစ်အရွယ်သာရှိသေးသည့် ယုဖုန်းအတွက် လူကြီးတွေကိုင်သည့် ဓားအရွယ်အစားကကြီးလွန်းနေသည်။
လေးပေမယ့် သေတ္တာထဲကနေထုတ်ပြီး ယုဖုန်းသေချာပိုက်ထားတော့ ဓားကအရပ်နဲ့တောင်သိပ်မကွာချင်.....
"ဝမ်ဝမ်......
ကိုင်ပေးဦးရေ....... "
ကိုယ်ရံတော်ဘင်းဝမ်က ဓားကိုသွားကိုင်ပေးလိုက်တော့မှ ယုဖုန်းလက်ကလေးနှစ်ဖက်နှင့် ဓားကိုဓားအိမ်ထဲမှဆွဲထုတ်လိုက်သည်။
"လုံယုဖုန်း....."
နှစ်ဖက်ပါတဲ့ဓားသွားတွေရဲ့အလယ်တည့်တည့် ဓားရိုးနားမှာ သူ့နာမည်ဟာထင်ရှားစွာ.....
ရိရိလိုပဲ သူ့မှာလည်းကိုယ်ပိုင်ဓားရှိသွားပြီမို့ ယုဖုန်းအရမ်းသဘောကျနေပေမယ့် ရိရိလိုတော့ဘယ်သွားသွားသယ်နိုင်မည်မဟုတ်။
ဓားကြီးကလေးလွန်းသည်လေ။
သူအရွယ်ရောက်တော့မှကိုင်မည်.....
အခုတော့သူ့နန်းဆောင်ထဲမှာအလှထားမည်။
"နောက်ထပ်လက်ဆောင်တွေရှိသေးတယ်....."
အစ်ကိုတော်အိမ်ရှေ့စံရဲ့စကားကြောင့် ယုဖုန်းအာရုံတွေပြန်စုသွားသည်။
"ရော့......
ဒါသားမယ်တော် ဟွမ်လျန်ရဲ့ဆံထိုး.....
ခမည်းတော်သိမ်းထားပေးခဲ့တာ....
အခုသားတော်ရဲ့ဆံထိုးဖြစ်သွားပြီ...."
ယုဖုန်း လက်ထဲရောက်လာသော ကျောက်စိမ်းဆံထိုးလေးကိုယုယစွာဆုပ်ကိုင်ထားသည်။
ရှားပါးတဲ့ အနီရောင်ကျောက်စိမ်းနှင့်လုပ်ထားသည့်ဆံထိုးထက်မှာ ရွှေရောင်ပန်းခတ်ငယ်တွေကိုအနုစိတ်ထွင်းထားပြီး အစွန်းဖက်မှာတော့ သက်ဝင်လှသည့် ကန္တာရဆူးနှင်းဆီတစ်ပွင့်ကိုဖန်တီးထားခြင်းသည် ပြိုင်ဘက်ကင်းခြင်းနှင့် ထက်မြက်သည့် သူ့မိခင်ကိုမြင်ယောင်စေသည်။
တဖန် အစ်မတော်တွေနှင့် မယ်တော်တွေကလက်ဆောင်တွေပေးကြသည်။
အစ်မတော် ၃ က သူ့အတွက် ကျောက်စိမ်းပုလွေလေးပေးကာ အစ်ကိုတော်က အရှားပါးဆုံး ပန်းချီဆေးရောင်စုံဘူးတွေပေးသည်။
စစ်နတ်သမီးဆိုတဲ့ အစ်မတော် ၄ ကတော့ သူ့အတွက် လေးနှင့်မြှားတွေအပြင် သူမပိုင်သော လက်နက်ဖန်တီးမှုများစာအုပ်ကိုလည်းပေးသည်။
ထိုနေ့ကယုဖုန်းလေးနန်းဆောင်ကိုပြန်တော့ ကိုယ်ရံတော်တွေနှင့် အထိန်းတော်တွေမှာ အထုတ်တွေသေတ္တာတွေတစ်ပိုက်ကြီးနှင့် ပြန်ခဲ့ရသည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
"ဝမ်ဝမ်!
ယုအာ ဘယ်ရိုနေရဲ....."
အောက်ခံအဖြူနှင့် အပေါ်မှအနက်ရောင်ဝတ်ရုံလေးထပ်ထားသော ကျောင်းဝတ်စုံကို အထိန်းတော်တွေကလဲပေးပြီးချိန်မှာတော့ မလှမ်းမကမ်းမှဘင်းဝမ်ကို ယုဖုန်းခါးလေးထောက်ပြပြီးလှမ်းမေးလိုက်သည်။
"အရမ်းကိုခန့်ညားပါတယ် မင်းသားလေး......"
"အဟီး....!"
ဘင်းဝမ်၏အဖြေကိုယုဖုန်းသဘောကျကာရယ်သည်။
"မင်းသားလေး ဆံပင်ပြန်ထုံးရအောင်ပါ....."
အထိန်းတော်တွေကိုခေါင်းအသာညိတ်ပြပြီး ကြေးမုံရှေ့မှ ခုံတွင်အသာဝင်ထိုင်လိုက်သည်။
ဆံပင်တွေကိုအကုန်စုထုံးဖွဲ့ကာ ဆံထိုးတပ်ပေးမယ်လုပ်တော့ ယုဖုန်းအသံလေးထွက်လာသည်။
"ခဏ......
ဝမ်ဝမ်.......မနေ့က မယ်တော့် ဇထိုးရေးရူပေးဦး....."
ဘင်းဝမ်ခပ်သွက်သွက်ပဲ မင်းသားလေး အိပ်ရာအနားမှ အနီရောင်ဆံထိုးလေးကိုယူပေးလိုက်သည်။
"ယုအာဂို ဒါတပ်ပေး.... "
"ဟုတ်ကဲ့ မင်းသားလေး....."
ပြောင်ရှင်းနေသည့် မျက်နှာငယ်လေးထက်မှာ ဆံနွယ်တစ်ပင်တောင်ကျမနေဘဲ ပကတိ ရှင်းသန့်ကာ မြင့်မြတ်သည့်အရှိန်အဝါတွေနှင့် ယုဖုန်းဟာ ကြေးမုံထက်မှကိုယ့်ပုံရိပ်ကိုယ်အတောက်ပဆုံးပြုံးကြည့်နေခဲ့သည်။
လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လျှောက်သွားသည့် ယုဖုန်းနောက်မှာ ကိုယ်ရံတော်ဘင်းဝမ်ကတော့ စုတ်တံနှင့်စာအုပ်တွေထည့်ထားသည့်အိတ်ကိုလွယ်ကာ မိမိဓားအပါအဝင် မင်းသားလေးရဲ့ဓားကိုပါယူလာရသည်။
ဘာဝေါယာဉ်မှမစီးချင်ဘူးဆိုပြီးခမည်းတော်ကိုငြင်းထားသည့် ယုဖုန်းက ရှီချန်းကျောင်းတော်ကိုလမ်းလျှောက်ပြီးသာသွားသည်။
လမ်းတလျှောက်မလှမ်းမကမ်းမှ အရှင်မင်းကြီးလွှတ်ပေးထားသည့် ကိုယ်ရံတော်လေးဦးကမင်းသားလေးမသိအောင်ပါလာကြသည်ကို ဘင်းဝမ်သတိထားမိပြီး အဖော်တွေရပြီမို့ကျိတ်ပျော်နေခဲ့သည်။
ရှီချန်းကျောင်းတော်ရဲ့ဝတ်စုံကိုဆင်မြန်းထားသည့် ကလေးငယ်လေးကိုအထူးအဆန်းသဖွယ်အားလုံးကမျက်စိတဆုံး လိုက်ကြည့်နေကြသေးသည်။
ကျောင်းတော်ရှေ့ရောက်ခါနီးတော့ ယုဖုန်းသူ့ထက်ဆယ်နှစ်မကကြီးသော ကျောင်းသားများကိုတွေ့ရပြီး တစ်ယောက်ထဲသူ့ကိုစောင့်နေသော ထျန်းရိကိုပါမြင်လိုက်သည်။
"ရိရိ!!"
အော်ခေါ်ပြီးယုဖုန်းလက်ပြတာကိုမြင်တော့ တည်တင်းနေသည့် ထျန်းရိမျက်နှာဟာပြုံးယောင်သန်းသွားသည်။
"လာပြီလား......ယုအာ......
မနက်စာကိုဝအောင်စားခဲ့ရဲ့လား......"
ယုအာရဲ့ပါးပြင်လေးကိုပွတ်သပ်ပြီး ထျန်းရိမေးလိုက်တော့ ပေါက်စနလေးကခေါင်းလေးကိုတဆတ်ဆတ်ညိတ်ပြသည်။
"အဲ့တာဆိုအထဲဝင်ရအောင်....."
ကိုယ်ရံတော်ဘင်းဝမ်ဆီမှ စုတ်တံဘူးနှင့် စာအုပ်တွေကိုယုဖုန်းတောင်းလိုက်တော့ ထျန်းရိကကူသယ်ပေးမည်လုပ်ပေမယ့် ယုဖုန်းကလက်မခံ.....
ကျောင်းသားတွေအကုန်လုံးက ကိုယ့်စာအုပ်ကိုယ့်စုတ်တံကိုယ်သယ်သွားကြတာကိုယုဖုန်းမြင်လိုက်သည်မို့ လက်သေးသေးတွေနဲ့ပြုတ်မကျအောင်သေချာပိုက်ထားလေသည်။
အတုခိုးလွယ်တဲ့ ယုအာကတခြားကျောင်းသားတွေလိုလိုက်လုပ်နေပြန်တော့ ထျန်းရိနှုတ်ခမ်းတွေက ဖြတ်ကနဲတွန့်ကွေးသွားသည်။
"သခင်လေးမု မင်းသားလေးကိုအပ်တယ်နော်..
ကျွန်တော်မျိုးဒီအနီးအနားကနေပဲစောင့်နေမယ်......"
စည်းကမ်းတွေအရ ဘင်းဝမ်အထဲလိုက်ခွင့်မရှိဘဲ အရိပ်ရတဲ့အပင်တစ်ပင်အောက်မှာထိုင်ရင်း အကွယ်တွေကနေထွက်လာကြသည့် ကိုယ်ရံတော်လေးဦးနှင့် မိတ်ဖွဲ့ပြီး စကားထိုင်ပြောနေခဲ့သည်။
အဝင်ပေါက်မှအစောင့်တွေကိုထျန်းရိက သူတို့နှစ်ဦး၏ ဝင်ခွင့်တံဆိပ်တွေကို ထုတ်ပြပေမယ့် မယုံသလိုအထပ်ထပ်အခါခါစစ်ပြီးမှအထဲဝင်ခွင့်ရခဲ့သည်။
ရှီချန်းကျောင်းတော်ရဲ့စာသင်ဆောင်တွေကိုငေးမောရင်း ခလုတ်တိုက်မလိုဖြစ်သွားသည့် ယုဖုန်းကို ထျန်းရိအမြန်ဖမ်းလိုက်ရသေးသည်။
အငယ်တန်းကျောင်းသားတွေသင်ကြားရမည့်စာသင်ဆောင်ထဲ သူတို့နှစ်ယောက်ဝင်လိုက်တော့ စကားပြောသံတွေတန့်သွားပြီး အကြည့်တွေကသူတို့နှစ်ဦးထံစုပုံကျလာသည်။
"ဟိုနားကနေရာလွတ်တယ်ယုအာ.....
အဲ့မှာထိုင်ရအောင်..... "
ယုအာကသူ့ကိုဟုတ်ကဲ့လို့ပြန်ဖြေပြီး သူဝင်ထိုင်လိုက်သည့် ဘေးခုံတွင်နေရာယူလိုက်သည်။
"အဲ့တစ်ယောက်က မုထျန်းရိမလား.....
သူ့ဘေးကပေါက်စနကဘယ်သူလဲ......"
ထျန်းရိရဲ့မျက်လုံးနဲ့ဆံပင်အရောင်ကြောင့် သူဘယ်သူလဲ တန်းခန့်မှန်းမိပေမယ့် ယုဖုန်းကိုတော့မှန်းဆလို့မရချေ။
"အဟမ်း!!!"
ဝင်လာသည့် ပညာရေးအမတ်ကြီးနှင့် ဆရာတွေကြောင့် အကုန်အသံတိတ်သွားသည်။
"မင်း.....မင်းသားလေး....."
ယုဖုန်းကိုမြင်တော့အံဩတကြီးထွက်သွားသည့် ပညာရေးအမတ်ကြီးရဲ့အသံက တိတ်ဆိတ်နေသည့်အခန်းတွင်းမှာကျယ်လောင်နေသလို ထျန်းရိမှလွဲ၍အကုန်မျက်လုံးအပြူးသား....
"ဒီကို....ဘယ်...ဘယ်လိုလုပ်ပြီး....."
အနားရောက်လာပြီးအပြေးအလွှားအရိုအသေပေးမည်လုပ်နေသည့် အမတ်ကြီးကို ယုဖုန်းအမြန်တားရပြီး ဝင်ခွင့်တံဆိပ်လေးကိုထုတ်ပြလိုက်တော့ အမတ်ကြီးအောက်မေးရိုးဟာပြုတ်သွားသလို ကျဆင်းသွားသည်။
"မင်းသားလေး ဝင်ခွင့်ဖြေခဲ့တာကို ကျွန်တော်မျိုးမသိခဲ့မိလို့ တောင်းပန်ပါတယ်....."
ဆက်တိုက်တောင်းပန်နေသည့်အမတ်ကြီးကြောင့် ထျန်းရိကို ယုဖုန်းအကူအညီတောင်းဟန်ကြည့်လိုက်သည်။
"ယုအာက သူ့ကိုအထူးအခွင့်အရေးပေးမှာမလိုချင်ဘူး အမတ်ကြီး.....
ယုအာကိုသာမန်ကျောင်းသားလိုပဲဆက်ဆံပေးပါ.....
အရှင်မင်းကြီးကိုယ်တိုင်ယုအာကိုခွင့်ပြုပေးပြီးသားမို့ အမတ်ကြီးလည်းပူးပေါင်းပေးပါ....."
"ဒါပေမယ့် သခင်လေးရယ်......
မင်းသားလေးလေ..... "
"မင်းကြီးအမိန့်ပဲ!
ယုဖုန်းကိုသာမန်ကျောင်းသားလိုဆက်ဆံရမယ်!"
ထျန်းရိရဲ့ အမိန့်ဆန်သည့်စကားမာမာနောက်အမတ်ကြီးလည်းအသံတိတ်ကာ ယုအာလည်းသူခုံသူပြန်ထိုင်ပြီး ထျန်းရိလက်ကိုဆွဲလို့ပြုံးနေသည်။
ရှီချန်းကျောင်းတော်မှ ဆရာတွေကဖြောင့်မတ်သူတွေမို့ ကျောင်းအတွင်းမှာ အားလုံးကိုညီတူမျှတူဆက်ဆံရာ ယုဖုန်းအတွက်သက်တောင့်သက်သာရှိသည်။
ဆရာစာသင်နေချိန် ယုဖုန်းငိုက်မြည်းလာလျှင် အသီးချိုချဥ်လေးများကို ထျန်းရိက ပါးစပ်ထဲထည့်ပေးတတ်သဖြင့် ချိုချဥ်စားချင်လာလျှင် သူငိုက်ချင်ယောင်ဆောင်တတ်လာသည်။
တစ်ကျောင်းလုံးမှာအသက်အငယ်ဆုံးဖြစ်နေသည့် ယုဖုန်းလိုစကားတောင်မပီသေးသောကလေးက ဝင်ခွင့်အောင်သည်ကို ကျောင်းသားတွေကြားမှာသံသယပွားရပြီး လူစားထိုးဖြေခိုင်းသည်ဟူသည့်ကောလဟာလတွေတိုးပွားလာတာကိုလည်း ယုဖုန်းဖြေရှင်းခြင်းမရှိ။
သူ့အရည်အချင်းစစ်မှန်တာမို့ သူ့ကိုယ်သူလိပ်ပြာလုံသလို ဆရာတွေနှင့် စီနီယာအကိုကြီးတွေကလည်း လက်ခံပေးကြပေမယ့် မနာလိုသည့်ကျောင်းသားတွေကတော့ ကောလဟာလကိုဆက်ဖြန့်နေကြဆဲ။
ခမည်းတော် အစ်ကိုတော် အစ်မတော်တွေရဲ့စောင့်ရှောက်မှုနဲ့မေတ္တာတွေကိုခံယူရင်း ရိရိနှင့်အတူအချိန်တွေကိုကုန်ဆုံးကာ သူ့ကမ္ဘာဟာ ရိုးရှင်းတိတ်ဆိတ်နေခဲ့သည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
Zawgyi
ေတာ္ဝင္အပ္ခ်ဳပ္ေဆာင္မွ အႀကီးအကဲျဖစ္သူကိုယ္တိုင္မင္းသားေလးရဲ႕ခႏၶာကိုယ္ကို ႀကိဳးတစ္ေခ်ာင္းႏွင့္ေသခ်ာတိုင္းတာေနသည္။
ရွီခ်န္းစာေပေက်ာင္းေတာ္ရဲ႕ အေယာက္ ၃၀ ေ႐ြးျခယ္ျခင္းနာမည္စာရင္းမွာ ယုဖုန္း ပါလာခဲ့၍ သက္မွတ္ထားသည့္ ဆင္တူဝတ္စုံအားခ်ဳပ္ရမည္။
ထ်န္းရိလည္းေ႐ြးျခယ္ခံရၿပီး သူ႕အတြက္ဝတ္စုံကိုေတာ့ သူ႕မိခင္ကျပင္ဆင္ေပးမည္ျဖစ္ရာ ယေန႕ယုဖုန္းထံမလာနိုင္ေပ။
"မင္းသားေလး......"
ယုဖုန္းနန္းေဆာင္ထဲဝင္လာသည့္ ခမည္းေတာ္အနားမွာခစားရေသာ အထိန္းေတာ္တန္ဂ်င္း ကသူ႕အားဒူးေထာက္အရိုအေသေပးသည္။
"မင္းႀကီးက ဥယ်ာဥ္ေတာ္ကိုႂကြခဲ့ဖို႔အေခၚလႊတ္လိုက္ပါတယ္...."
"ေကာင္းပီ....."
တိုင္းတာျခင္းၿပီးသြားၿပီမို႔ အပ္ခ်ဳပ္ေဆာင္မွအႀကီးအကဲအားျပန္ခိုင္းကာ ဥယ်ာဥ္ေတာ္သို႔ ယုဖုန္းေျခလွမ္းေတြျပင္သည္။
ဥယ်ာဥ္ေတာ္ရဲ႕ပြဲၾကည့္ေဆာင္ထဲမွာ ယုဖုန္းကလြဲၿပီး ေတာ္ဝင္မိသားစုေတြအားလုံးစုံေနကာ အၿပဳံးေတြကိုယ္စီႏွင့္.....
"ခမည္းေတာ္ကို ယုအာ ဂါရဝျပဳပါရယ္"
"ထထ......
လာခဲ့ဦး ခမည္းေတာ္အနားကို....."
ယုဖုန္းခမည္းေတာ္အနားကို ဂုဏ္ယူဝင့္ႂကြားစြာၿပဳံးရင္းေလွ်ာက္လွမ္းသြားသည္။
"ယုအာက.....
ရွီခ်န္းေက်ာင္းေတာ္ကေနေတာင္ေ႐ြးျခယ္ခံလိုက္ရတယ္ဆိုေတာ့....
ေဟာ့ဒီခမည္းေတာ္က ယုအာအတြက္လက္ေဆာင္ျပင္ထားတယ္......"
ဘာလက္ေဆာင္လဲဆိုၿပီး မ်က္လုံးေလးေတြလက္လာသည့္ ယုဖုန္းက တကယ့္ကိုကေလးေလးသာ.....
"ဟဲပင္း.....
ယူလာခဲ့ေတာ့......"
ခမည္းေတာ္ရဲ႕ကိုယ္ရံေတာ္က အနက္ေရာင္ေသတၱာရွည္ႀကီးတစ္လုံးကိုယူလာသည္။
"ဖြင့္ၾကည့္ေလ ယုအာ......"
ယုဖုန္းလက္ေသးေသးေလးေတြႏွင့္ ထိုေသတၱာကိုဖြင့္လိုက္ေတာ့ မ်က္ဝန္းေလးေတြပါဝိုင္းစက္သြားသည္။
ေတာက္ေျပာင္ေနတဲ့ အနက္ေရာင္ဓားတစ္လက္......
ဓားရိုးေပၚမွာ ပ်ံသန္းေနတဲ့ အနီေရာင္မီးငွက္တစ္ေကာင္ႏွင့္ ဓားအိမ္ထက္မွာေတာ့ ေက်ာက္ေတြစီျခယ္ၿပီး ႐ုပ္လုံးႂကြေနသည့္နဂါးတစ္ေကာင္......
နဂါးရဲ႕မ်က္လုံးေတြကိုျမင္ေတာ့ ယုဖုန္းေရတံခြန္ထဲကေႁမြႀကီးရဲ႕ မ်က္လုံးေတြနဲ႕တူသည္ဟုထင္မိသည္။
"ခမည္းေတာ္ရဲ႕ လက္ေဆာင္ကိုသေဘာက်ရဲ႕လား......"
"ဟုတ္ ေက်းက်ဴးတင္ပါရယ္..... "
"ဓားထုတ္ၾကည့္ေလ....."
ငါးႏွစ္အ႐ြယ္သာရွိေသးသည့္ ယုဖုန္းအတြက္ လူႀကီးေတြကိုင္သည့္ ဓားအ႐ြယ္အစားကႀကီးလြန္းေနသည္။
ေလးေပမယ့္ ေသတၱာထဲကေနထုတ္ၿပီး ယုဖုန္းေသခ်ာပိုက္ထားေတာ့ ဓားကအရပ္နဲ႕ေတာင္သိပ္မကြာခ်င္.....
"ဝမ္ဝမ္......
ကိုင္ေပးဦးေရ....... "
ကိုယ္ရံေတာ္ဘင္းဝမ္က ဓားကိုသြားကိုင္ေပးလိုက္ေတာ့မွ ယုဖုန္းလက္ကေလးႏွစ္ဖက္ႏွင့္ ဓားကိုဓားအိမ္ထဲမွဆြဲထုတ္လိုက္သည္။
"လုံယုဖုန္း....."
ႏွစ္ဖက္ပါတဲ့ဓားသြားေတြရဲ႕အလယ္တည့္တည့္ ဓားရိုးနားမွာ သူ႕နာမည္ဟာထင္ရွားစြာ.....
ရိရိလိုပဲ သူ႕မွာလည္းကိုယ္ပိုင္ဓားရွိသြားၿပီမို႔ ယုဖုန္းအရမ္းသေဘာက်ေနေပမယ့္ ရိရိလိုေတာ့ဘယ္သြားသြားသယ္နိုင္မည္မဟုတ္။
ဓားႀကီးကေလးလြန္းသည္ေလ။
သူအ႐ြယ္ေရာက္ေတာ့မွကိုင္မည္.....
အခုေတာ့သူ႕နန္းေဆာင္ထဲမွာအလွထားမည္။
"ေနာက္ထပ္လက္ေဆာင္ေတြရွိေသးတယ္....."
အစ္ကိုေတာ္အိမ္ေရွ႕စံရဲ႕စကားေၾကာင့္ ယုဖုန္းအာ႐ုံေတြျပန္စုသြားသည္။
"ေရာ့......
ဒါသားမယ္ေတာ္ ဟြမ္လ်န္ရဲ႕ဆံထိုး.....
ခမည္းေတာ္သိမ္းထားေပးခဲ့တာ....
အခုသားေတာ္ရဲ႕ဆံထိုးျဖစ္သြားၿပီ...."
ယုဖုန္း လက္ထဲေရာက္လာေသာ ေက်ာက္စိမ္းဆံထိုးေလးကိုယုယစြာဆုပ္ကိုင္ထားသည္။
ရွားပါးတဲ့ အနီေရာင္ေက်ာက္စိမ္းႏွင့္လုပ္ထားသည့္ဆံထိုးထက္မွာ ေ႐ႊေရာင္ပန္းခတ္ငယ္ေတြကိုအႏုစိတ္ထြင္းထားၿပီး အစြန္းဖက္မွာေတာ့ သက္ဝင္လွသည့္ ကႏၱာရဆူးႏွင္းဆီတစ္ပြင့္ကိုဖန္တီးထားျခင္းသည္ ၿပိဳင္ဘက္ကင္းျခင္းႏွင့္ ထက္ျမက္သည့္ သူ႕မိခင္ကိုျမင္ေယာင္ေစသည္။
တဖန္ အစ္မေတာ္ေတြႏွင့္ မယ္ေတာ္ေတြကလက္ေဆာင္ေတြေပးၾကသည္။
အစ္မေတာ္ ၃ က သူ႕အတြက္ ေက်ာက္စိမ္းပုေလြေလးေပးကာ အစ္ကိုေတာ္က အရွားပါးဆုံး ပန္းခ်ီေဆးေရာင္စုံဘူးေတြေပးသည္။
စစ္နတ္သမီးဆိုတဲ့ အစ္မေတာ္ ၄ ကေတာ့ သူ႕အတြက္ ေလးႏွင့္ျမႇားေတြအျပင္ သူမပိုင္ေသာ လက္နက္ဖန္တီးမႈမ်ားစာအုပ္ကိုလည္းေပးသည္။
ထိုေန႕ကယုဖုန္းေလးနန္းေဆာင္ကိုျပန္ေတာ့ ကိုယ္ရံေတာ္ေတြႏွင့္ အထိန္းေတာ္ေတြမွာ အထုတ္ေတြေသတၱာေတြတစ္ပိုက္ႀကီးႏွင့္ ျပန္ခဲ့ရသည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
"ဝမ္ဝမ္!
ယုအာ ဘယ္ရိုေနရဲ....."
ေအာက္ခံအျဖဴႏွင့္ အေပၚမွအနက္ေရာင္ဝတ္႐ုံေလးထပ္ထားေသာ ေက်ာင္းဝတ္စုံကို အထိန္းေတာ္ေတြကလဲေပးၿပီးခ်ိန္မွာေတာ့ မလွမ္းမကမ္းမွဘင္းဝမ္ကို ယုဖုန္းခါးေလးေထာက္ျပၿပီးလွမ္းေမးလိုက္သည္။
"အရမ္းကိုခန့္ညားပါတယ္ မင္းသားေလး......"
"အဟီး....!"
ဘင္းဝမ္၏အေျဖကိုယုဖုန္းသေဘာက်ကာရယ္သည္။
"မင္းသားေလး ဆံပင္ျပန္ထုံးရေအာင္ပါ....."
အထိန္းေတာ္ေတြကိုေခါင္းအသာညိတ္ျပၿပီး ေၾကးမုံေရွ႕မွ ခုံတြင္အသာဝင္ထိုင္လိုက္သည္။
ဆံပင္ေတြကိုအကုန္စုထုံးဖြဲ႕ကာ ဆံထိုးတပ္ေပးမယ္လုပ္ေတာ့ ယုဖုန္းအသံေလးထြက္လာသည္။
"ခဏ......
ဝမ္ဝမ္.......မေန႕က မယ္ေတာ့္ ဇထိုးေရး႐ူေပးဦး....."
ဘင္းဝမ္ခပ္သြက္သြက္ပဲ မင္းသားေလး အိပ္ရာအနားမွ အနီေရာင္ဆံထိုးေလးကိုယူေပးလိုက္သည္။
"ယုအာဂို ဒါတပ္ေပး.... "
"ဟုတ္ကဲ့ မင္းသားေလး....."
ေျပာင္ရွင္းေနသည့္ မ်က္ႏွာငယ္ေလးထက္မွာ ဆံႏြယ္တစ္ပင္ေတာင္က်မေနဘဲ ပကတိ ရွင္းသန့္ကာ ျမင့္ျမတ္သည့္အရွိန္အဝါေတြႏွင့္ ယုဖုန္းဟာ ေၾကးမုံထက္မွကိုယ့္ပုံရိပ္ကိုယ္အေတာက္ပဆုံးၿပဳံးၾကည့္ေနခဲ့သည္။
လက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး ေလွ်ာက္သြားသည့္ ယုဖုန္းေနာက္မွာ ကိုယ္ရံေတာ္ဘင္းဝမ္ကေတာ့ စုတ္တံႏွင့္စာအုပ္ေတြထည့္ထားသည့္အိတ္ကိုလြယ္ကာ မိမိဓားအပါအဝင္ မင္းသားေလးရဲ႕ဓားကိုပါယူလာရသည္။
ဘာေဝါယာဥ္မွမစီးခ်င္ဘူးဆိုၿပီးခမည္းေတာ္ကိုျငင္းထားသည့္ ယုဖုန္းက ရွီခ်န္းေက်ာင္းေတာ္ကိုလမ္းေလွ်ာက္ၿပီးသာသြားသည္။
လမ္းတေလွ်ာက္မလွမ္းမကမ္းမွ အရွင္မင္းႀကီးလႊတ္ေပးထားသည့္ ကိုယ္ရံေတာ္ေလးဦးကမင္းသားေလးမသိေအာင္ပါလာၾကသည္ကို ဘင္းဝမ္သတိထားမိၿပီး အေဖာ္ေတြရၿပီမို႔က်ိတ္ေပ်ာ္ေနခဲ့သည္။
ရွီခ်န္းေက်ာင္းေတာ္ရဲ႕ဝတ္စုံကိုဆင္ျမန္းထားသည့္ ကေလးငယ္ေလးကိုအထူးအဆန္းသဖြယ္အားလုံးကမ်က္စိတဆုံး လိုက္ၾကည့္ေနၾကေသးသည္။
ေက်ာင္းေတာ္ေရွ႕ေရာက္ခါနီးေတာ့ ယုဖုန္းသူ႕ထက္ဆယ္ႏွစ္မကႀကီးေသာ ေက်ာင္းသားမ်ားကိုေတြ႕ရၿပီး တစ္ေယာက္ထဲသူ႕ကိုေစာင့္ေနေသာ ထ်န္းရိကိုပါျမင္လိုက္သည္။
"ရိရိ!!"
ေအာ္ေခၚၿပီးယုဖုန္းလက္ျပတာကိုျမင္ေတာ့ တည္တင္းေနသည့္ ထ်န္းရိမ်က္ႏွာဟာၿပဳံးေယာင္သန္းသြားသည္။
"လာၿပီလား......ယုအာ......
မနက္စာကိုဝေအာင္စားခဲ့ရဲ႕လား......"
ယုအာရဲ႕ပါးျပင္ေလးကိုပြတ္သပ္ၿပီး ထ်န္းရိေမးလိုက္ေတာ့ ေပါက္စနေလးကေခါင္းေလးကိုတဆတ္ဆတ္ညိတ္ျပသည္။
"အဲ့တာဆိုအထဲဝင္ရေအာင္....."
ကိုယ္ရံေတာ္ဘင္းဝမ္ဆီမွ စုတ္တံဘူးႏွင့္ စာအုပ္ေတြကိုယုဖုန္းေတာင္းလိုက္ေတာ့ ထ်န္းရိကကူသယ္ေပးမည္လုပ္ေပမယ့္ ယုဖုန္းကလက္မခံ.....
ေက်ာင္းသားေတြအကုန္လုံးက ကိုယ့္စာအုပ္ကိုယ့္စုတ္တံကိုယ္သယ္သြားၾကတာကိုယုဖုန္းျမင္လိုက္သည္မို႔ လက္ေသးေသးေတြနဲ႕ျပဳတ္မက်ေအာင္ေသခ်ာပိုက္ထားေလသည္။
အတုခိုးလြယ္တဲ့ ယုအာကတျခားေက်ာင္းသားေတြလိုလိုက္လုပ္ေနျပန္ေတာ့ ထ်န္းရိႏႈတ္ခမ္းေတြက ျဖတ္ကနဲတြန့္ေကြးသြားသည္။
"သခင္ေလးမု မင္းသားေလးကိုအပ္တယ္ေနာ္..
ကြၽန္ေတာ္မ်ိဳးဒီအနီးအနားကေနပဲေစာင့္ေနမယ္......"
စည္းကမ္းေတြအရ ဘင္းဝမ္အထဲလိုက္ခြင့္မရွိဘဲ အရိပ္ရတဲ့အပင္တစ္ပင္ေအာက္မွာထိုင္ရင္း အကြယ္ေတြကေနထြက္လာၾကသည့္ ကိုယ္ရံေတာ္ေလးဦးႏွင့္ မိတ္ဖြဲ႕ၿပီး စကားထိုင္ေျပာေနခဲ့သည္။
အဝင္ေပါက္မွအေစာင့္ေတြကိုထ်န္းရိက သူတို႔ႏွစ္ဦး၏ ဝင္ခြင့္တံဆိပ္ေတြကို ထုတ္ျပေပမယ့္ မယုံသလိုအထပ္ထပ္အခါခါစစ္ၿပီးမွအထဲဝင္ခြင့္ရခဲ့သည္။
ရွီခ်န္းေက်ာင္းေတာ္ရဲ႕စာသင္ေဆာင္ေတြကိုေငးေမာရင္း ခလုတ္တိုက္မလိုျဖစ္သြားသည့္ ယုဖုန္းကို ထ်န္းရိအျမန္ဖမ္းလိုက္ရေသးသည္။
အငယ္တန္းေက်ာင္းသားေတြသင္ၾကားရမည့္စာသင္ေဆာင္ထဲ သူတို႔ႏွစ္ေယာက္ဝင္လိုက္ေတာ့ စကားေျပာသံေတြတန့္သြားၿပီး အၾကည့္ေတြကသူတို႔ႏွစ္ဦးထံစုပုံက်လာသည္။
"ဟိုနားကေနရာလြတ္တယ္ယုအာ.....
အဲ့မွာထိုင္ရေအာင္..... "
ယုအာကသူ႕ကိုဟုတ္ကဲ့လို႔ျပန္ေျဖၿပီး သူဝင္ထိုင္လိုက္သည့္ ေဘးခုံတြင္ေနရာယူလိုက္သည္။
"အဲ့တစ္ေယာက္က မုထ်န္းရိမလား.....
သူ႕ေဘးကေပါက္စနကဘယ္သူလဲ......"
ထ်န္းရိရဲ႕မ်က္လုံးနဲ႕ဆံပင္အေရာင္ေၾကာင့္ သူဘယ္သူလဲ တန္းခန့္မွန္းမိေပမယ့္ ယုဖုန္းကိုေတာ့မွန္းဆလို႔မရေခ်။
"အဟမ္း!!!"
ဝင္လာသည့္ ပညာေရးအမတ္ႀကီးႏွင့္ ဆရာေတြေၾကာင့္ အကုန္အသံတိတ္သြားသည္။
"မင္း.....မင္းသားေလး....."
ယုဖုန္းကိုျမင္ေတာ့အံဩတႀကီးထြက္သြားသည့္ ပညာေရးအမတ္ႀကီးရဲ႕အသံက တိတ္ဆိတ္ေနသည့္အခန္းတြင္းမွာက်ယ္ေလာင္ေနသလို ထ်န္းရိမွလြဲ၍အကုန္မ်က္လုံးအျပဴးသား....
"ဒီကို....ဘယ္...ဘယ္လိုလုပ္ၿပီး....."
အနားေရာက္လာၿပီးအေျပးအလႊားအရိုအေသေပးမည္လုပ္ေနသည့္ အမတ္ႀကီးကို ယုဖုန္းအျမန္တားရၿပီး ဝင္ခြင့္တံဆိပ္ေလးကိုထုတ္ျပလိုက္ေတာ့ အမတ္ႀကီးေအာက္ေမးရိုးဟာျပဳတ္သြားသလို က်ဆင္းသြားသည္။
"မင္းသားေလး ဝင္ခြင့္ေျဖခဲ့တာကို ကြၽန္ေတာ္မ်ိဳးမသိခဲ့မိလို႔ ေတာင္းပန္ပါတယ္....."
ဆက္တိုက္ေတာင္းပန္ေနသည့္အမတ္ႀကီးေၾကာင့္ ထ်န္းရိကို ယုဖုန္းအကူအညီေတာင္းဟန္ၾကည့္လိုက္သည္။
"ယုအာက သူ႕ကိုအထူးအခြင့္အေရးေပးမွာမလိုခ်င္ဘူး အမတ္ႀကီး.....
ယုအာကိုသာမန္ေက်ာင္းသားလိုပဲဆက္ဆံေပးပါ.....
အရွင္မင္းႀကီးကိုယ္တိုင္ယုအာကိုခြင့္ျပဳေပးၿပီးသားမို႔ အမတ္ႀကီးလည္းပူးေပါင္းေပးပါ....."
"ဒါေပမယ့္ သခင္ေလးရယ္......
မင္းသားေလးေလ..... "
"မင္းႀကီးအမိန့္ပဲ!
ယုဖုန္းကိုသာမန္ေက်ာင္းသားလိုဆက္ဆံရမယ္!"
ထ်န္းရိရဲ႕ အမိန့္ဆန္သည့္စကားမာမာေနာက္အမတ္ႀကီးလည္းအသံတိတ္ကာ ယုအာလည္းသူခုံသူျပန္ထိုင္ၿပီး ထ်န္းရိလက္ကိုဆြဲလို႔ၿပဳံးေနသည္။
ရွီခ်န္းေက်ာင္းေတာ္မွ ဆရာေတြကေျဖာင့္မတ္သူေတြမို႔ ေက်ာင္းအတြင္းမွာ အားလုံးကိုညီတူမွ်တူဆက္ဆံရာ ယုဖုန္းအတြက္သက္ေတာင့္သက္သာရွိသည္။
ဆရာစာသင္ေနခ်ိန္ ယုဖုန္းငိုက္ျမည္းလာလွ်င္ အသီးခ်ိဳခ်ဥ္ေလးမ်ားကို ထ်န္းရိက ပါးစပ္ထဲထည့္ေပးတတ္သျဖင့္ ခ်ိဳခ်ဥ္စားခ်င္လာလွ်င္ သူငိုက္ခ်င္ေယာင္ေဆာင္တတ္လာသည္။
တစ္ေက်ာင္းလုံးမွာအသက္အငယ္ဆုံးျဖစ္ေနသည့္ ယုဖုန္းလိုစကားေတာင္မပီေသးေသာကေလးက ဝင္ခြင့္ေအာင္သည္ကို ေက်ာင္းသားေတြၾကားမွာသံသယပြားရၿပီး လူစားထိုးေျဖခိုင္းသည္ဟူသည့္ေကာလဟာလေတြတိုးပြားလာတာကိုလည္း ယုဖုန္းေျဖရွင္းျခင္းမရွိ။
သူ႕အရည္အခ်င္းစစ္မွန္တာမို႔ သူ႕ကိုယ္သူလိပ္ျပာလုံသလို ဆရာေတြႏွင့္ စီနီယာအကိုႀကီးေတြကလည္း လက္ခံေပးၾကေပမယ့္ မနာလိုသည့္ေက်ာင္းသားေတြကေတာ့ ေကာလဟာလကိုဆက္ျဖန့္ေနၾကဆဲ။
ခမည္းေတာ္ အစ္ကိုေတာ္ အစ္မေတာ္ေတြရဲ႕ေစာင့္ေရွာက္မႈနဲ႕ေမတၱာေတြကိုခံယူရင္း ရိရိႏွင့္အတူအခ်ိန္ေတြကိုကုန္ဆုံးကာ သူ႕ကမၻာဟာ ရိုးရွင္းတိတ္ဆိတ္ေနခဲ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
Bạn đang đọc truyện trên: Truyen247.Pro