Part-3 ( don't favour a stranger more than me)
Unicode
ထျန်းရိ ဖတ်နေသည့်စာထဲကိုအာရုံမစိုက်နိုင်ဘဲ နံဘေးက ယုအာကိုခိုးကြည့်ရင်း ဟိုတစ်နေ့ပွဲထဲမှ အရာရှိလီဟော်ရဲ့ယုအာကို ကြည့်တဲ့ အကြည့်တွေအား ပြန်ပြီးမြင်ယောင်လာပြန်သည်။
" မုထျန်းရိ!
အာရုံစိုက်စမ်း!!"
ရှေ့မှဆရာက ခေါင်းတွေခါပြီး စိတ်လွင့်နေသည့် သူ့ကိုသတိထားမိသွားသည်။
"သဘက်ခါဆို ကျောင်းသားသစ်စာမေးပွဲကစတော့မယ်.....
သေချာလုပ်!"
"ဟုတ်ကဲ့....."
ဆရာကစေတနာနဲ့ပြောနေတာမို့ ထျန်းရိကလည်းနာခံစွာပင်.....
ဘေးမှယုအာကတော့ သူ့လိုပဲ စာအုပ်တစ်အုပ်ကိုဖတ်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာ စိတ်ဝင်တစားရှိလှသည်။
ယုအာအနားမှာနေတာကြာလေ အံ့ဩစရာတွေကိုပိုမြင်လာရလေပါပဲ။
သူ့ထက်လေးနှစ်တောင်ငယ်တဲ့ ယုအာက စာပေမှာသူ့ထက်တောင်ရှေ့ပြေးသည်။
စကားတောင်မပီသေးပေမယ့် ဒီကလေးငယ်ရဲ့ မှတ်ဉာဏ်ကို ဆရာရှန်းကိုယ်တိုင်ကတောင် ဩချရသည်။
သဘက်ခါမှာလုပ်မည့် ကျောင်းသားသစ်စာမေးပွဲက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်လူတန်းစားကလွဲရင် ကျန်လူတန်းစားအကုန် အသက်အရွယ်မရွေးဝင်ဖြေခွင့်ရှိပေမယ့် နှစ်စဥ်အတော်ဆုံး အယောက် ၃၀ ကိုသာရွေးခြယ်သည့် စာမေးပွဲမျိုး.....
ဘယ်လောက်အာဏာရှိရှိ လာဘ်ထိုးလာဘ်ယူလုပ်ရင် သေဒဏ်ချမည့်ဥပဒေရှိသည့်စာမေးပွဲကို တော်ဝင်မိသားစုတွေကဘယ်တုန်းကမှဝင်မဖြေခဲ့ပေမယ့် ယုအာကတော့ ချွင်းချက်ဖြစ်သည်။
နန်းတော်အပြင်ကိုစူးစမ်းချင်သည့် ယုအာက ထိုစာမေးပွဲကိုဝင်ဖြေရန် ခမည်းတော်ကိုခွင့်တောင်းထားပြီးသား....
ယုအာသာ အရွေးခံရရင် နေ့တိုင်းလိုလို ကျောင်းတက်ခြင်းကိုအကြောင်းပြုပြီး နန်းတော်အပြင်ထွက်ခွင့်ရလိမ့်မည်။
ယုဖုန်း မျက်ရိုးလေးတွေကိုက်လာတာမို့ လက်ညိုးလက်မလေးနှင့်ဖိရင်း ဘေးမှ ရိရိ ထံအကြည့်ရောက်သွားသည်။
သူ့ကိုကြည့်နေသည့် ရိရိနဲ့အကြည့်ချင်းစုံသွားတော့ ရိရိက ချက်ချင်းမျက်နှာကြီးလွှဲသွားကာ ဂုတ်တွေပွတ်နေသည်။
ယုဖုန်းနဲ့ထျန်းရိရဲ့ ဆရာဖြစ်သူကတော့ သူ့ရှေ့မှတပည့်နှစ်ယောက်ရဲ့တလှည့်ဆီဖြစ်ပျက်နေတဲ့ပုံကိုသာ စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေလိုက်တော့သည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
အထိန်းတော်ကြီးတွေဝတ်ပေးသည့် သာမာန်သခင်လေးတွေဝတ်သော ပိုးသားဝတ်စုံလေးနှင့် ယုဖုန်းဟာ စာမေးပွဲသွားဖြေရန် သိပ်ကိုတက်ကြွနေသည်။
စာရေးမည့် စုတ်တံနှင့်မှင်ကို ဘင်းဝမ်ကအိတ်နှင့်သေချာထုတ်ပိုးပြီး သယ်လာသည်။
အစ်မတော်တွေနှင့် မယ်တော်တွေကိုဝင်နှုတ်ဆက်ကာ ရိရိလက်ကိုကိုင်ဆွဲလျက် နန်းတော်ဂိတ်တံခါးဆီသို့ လှမ်းလာခဲ့သည်။
သူသိတတ်စအရွယ်ကတည်းက နန်းတော်အပြင်ကိုမရောက်ဖူးသေးသောကြောင့် စိတ်လှုပ်ရှားနေသည်။
ဂိတ်တံခါးနားရောက်ခါနီးမှာ မလှမ်းမကမ်းကလျှောက်လာနေသူနှစ်ဦးကိုမြင်တော့ ယုဖုန်းလက်ကလေးတွေဝှေ့ယမ်းလိုက်သည်။
"ဟော်ဟော်!!"
"ခွီး!!!"
ချက်ချင်းထွက်ပေါ်လာသည့် ဘင်းဝမ်ရဲ့ရယ်သံကကျယ်လောင်စွာ.....
ကြွက်ပေါက်လေးရဲ့ နှစ်လုံးဆင့်နာမည်ပေးခြင်းခံရတဲ့အတွက် ဂုဏ်ယူပါတယ်လို့သာ စိတ်ထဲကနေ ဘင်းဝမ်ကြိတ်တွေးနေသည်။
ရပ်တန့်သွားတဲ့ခြေလှမ်းတွေနဲ့ အရာရှိ လီဟော်ရဲ့ မျက်နှာဟာ ဘာအမူအရာမှမရှိတည်တင်းနေသလို အနောက်မှာကပ်ပါလာသည့် ကိုယ်ရံတော်ဖြစ်ဟန်တူသူမှာလည်းထိုနည်း ၎င်းပင်။
"နောက်ကျနေမယ်ယုအာ....."
လီဟော်ကိုသိပ်သဘောမကျသည်မို့ ထျန်းရိ ယုအာလက်ကိုပိုတိုးဆုပ်ကိုင်ရင်းပြောလိုက်ပေမယ့် ယုအာကခဏလေးဟု လက်ကာပြလေသည်။
"ခမည်းတော် ချီရာတာရား....."
ခေါင်းပဲတစ်ချက်ညိတ်သည့် လီဟော်ရဲ့အပြုအမူက ယုဖုန်းလိုတော်ဝင်မင်းသားတစ်ပါးကို ရိုင်းစိုင်းစွာပြုမူလိုက်သလိုဆိုပေမယ့် ယုဖုန်းကတော့စိတ်ထဲထားမနေ။
"ကျွန်တော်မျိုးရှေ့တန်းကိုပြန်ထွက်ရတော့မှာမို့ အရှင်မင်းကြီးကိုလာနှုတ်ဆက်ဂါရဝပြုတာပါ....."
"ဟင်!
နေစပ် တိုပန်တော့မာရား"
(နယ်စပ် ကိုပြန်တော့မှာလား)
ပါးစပ်ကမဖြေဘဲလီဟော်ကခေါင်းပဲထပ်ညိတ်တာမို့ ဘင်းဝမ်လည်းသိပ်မကြည်ချင်တော့......
ငါတို့မင်းသားလေးကို မလေးစားတာလားပေါ့.....
"ပယ်တော့ပန်ရာမာရဲ"
(ဘယ်တော့ပြန်လာမှာလဲ)
"ဒါတော့ ကျွန်တော်မျိုးလည်းမသိပါဘူး...."
ယုဖုန်းအသံတိတ်ကာတွေတွေလေးဖြစ်သွားသည်ကိုကြည့်ရင်း ထျန်းရိအခုချက်ချင်း ယုအာကိုထိုလူ့ရှေ့မှဆွဲခေါ်သွားချင်မိသည်။
ယုဖုန်းစဥ်းစားတာ အဖြေရသွားပြီး လက်မမှအနီရောင်ကျောက်လက်စွပ်လေးကိုချွတ်လိုက်သည်။
"ရော့.....
ဒီရက်ချွတ်က အန်ဒရယ် တင်းတယ်ရဲ့.....
ဟော်ဟော် ယူတွားရိုက်"
"ယုအာ...
ဒီလက်စွပ်က အရှင်မင်းကြီးပေးထားတာလေ......"
ထျန်းရိမနေနိုင်စွာထုတ်ပြောလိုက်တော့ ယုအာက ပေစောင်းစောင်းလေးကြည့်သည်။
"ယုအာ ချီမာ ညားကြီးကျန်တေးတယ်ရေ"
(ယုအာ ဆီမှာ အများကြီးကျန်သေးတယ်လေ)
"ဟော်ဟော်.....
ရော့....
ယူတွားနော်.....
ယုအာ ရက်ချောင်ပေးရာ...."
လက်ထဲကိုလက်စွပ်လေးအတင်းထည့်ပေးတဲ့ လက်သေးသေးလေးရဲ့အထိအတွေ့လေးကြောင့် လီဟော်အနည်းငယ်တုန်သွားရသည်။
" ချာမေးပွဲ ချိရို့ ယုအာ တွားတော့မယ်.."
အပြုံးနုနုလေးချိတ်ဆွဲလျက် လက်ပြနှုတ်ဆက်ရင်း ထွက်သွားသော ကျောပြင်ငယ်လေးကို လီဟော်ကြောင်အလျက် မျက်စိတစ်ဆုံးငေးကြည့်နေခဲ့သည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
နန်းတော်အပြင် ဈေးထဲကနေဖြတ်တော့ ယုဖုန်းရဲ့ခေါင်းလေးဟာ ပတ်ချာလည်ကာအကုန်ပတ်ငေးမောနေခဲ့ပြီးစကားတွေတတွတ်တွတ်ပြောနေပေမယ့် ထျန်းရိကတော့ သိပ်ကိုတိတ်ဆိတ်လွန်းနေသည်။
ရှီချန်း စာပေဋ္ဌာနကိုရောက်တော့ ဘင်းဝမ်ကအပြင်မှာနေခဲ့ရပြီး ယုဖုန်းတို့နှစ်ယောက်နာမည်စာရင်းပေးကာ အထဲဝင်ခဲ့ကြသည်။
စာမေးပွဲဖြေရမယ့်နေရာမှာ သူတို့ထုတ်ပေးတဲ့ တံဆိပ်တုံးထုထားသော စာရွက်ကလေးတွေကိုယ်စီနှင့် နေရာတကျထိုင်နေကြသော စာဖြေသူများက ယုဖုန်းကိုကြည့်ပြီးရယ်ကြသည်။
ဒီကလေးပေါက်စကဘာလာလုပ်တာလဲဆိုသည့် အကြည့်တွေနဲ့မို့ ယုဖုန်း ခါးမတ်မတ်ထိုင်ကာ ခေါင်းမော့ရင်ကော့ပြီး လူကြီးတစ်ယောက်လို ထိုင်ပြလိုက်သည်။
အစောင့်အကြပ်တွေအပြည့်နဲ့ စည်းကမ်းတွေကိုပြောပြီးချိန်မှာတော့ ချိတ်ဆွဲထားသည့် မေးခွန်းစာလိပ်ကြီးကိုဖြည်ချလိုက်သည်။
စာအုပ်တွေအများကြီးဖတ်ခဲ့တာမို့ ယုဖုန်းအတွက် ထိုမေးခွန်းတွေက အခက်ကြီးမဟုတ်ပေ။
ရိရိရှိရာသို့ လှမ်းကြည့်လိုက်တော့ ရိရိလည်းသေချာဖြေနေသည်။
အဖြေစာရွက်တွေကိုသိမ်းပြီးချိန်မှာတော့ စုတ်တံနှင်မှင်ဘူးကိုသေသေချာချာပြန်ထည့်ပြီး ရိရိနှင့်အတူအပြင်ထွက်ခဲ့ကြသည်။
"မင်းသားလေး......"
သူတို့ကိုမြင်တာနဲ့အနားပြေးလာပြီး အသံတိုးတိုးလေးနှင့်ခေါ်သည့် ဘင်းဝမ်......
"ဖြေနိုင်ရဲ့လား......."
ယုဖုန်း ယုံကြည်ချက်အပြည့်ရှိသည့် ဟန်ပန်ဖြင့် ခေါင်းမော့ရင်ကော့ထားတော့ ဘင်းဝမ်တော်တော်ပျော်သွားသည်။
သူတို့မင်းသားကြွက်ပေါက်လေး နန်းတော်အပြင်ထွက်ခွင့်ရရင် သူလည်းနည်းနည်းတော့လွတ်လပ်မည်မလား.....
"ရိရိ....."
ဘေးနားကကျောက်ရုပ်ကြီးလိုရပ်နေသည့် ထျန်းရိဝတ်ရုံအောက်နားစလေးကိုဆွဲလှုပ်လိုက်သည့် ယုဖုန်း.....
"ယုအာ....ဗိုက်ချာရယ်....."
ဘာစကားမှမပြောဘဲဈေးထဲကိုရှေ့ကနေ ထျန်းရိ ကဦးဆောင်လျှောက်သွားသည်။
"မင်းသားလေး......
မုသခင်လေးနဲ့ ရန်ဖြစ်ထားတာလား....."
အနောက်ကနေ ကုတ်ကုတ်လေးတွေလိုက်လာကြရင်း ဘင်းဝမ်ရဲ့နှစ်ယောက်ကြားသာရုံမေးခွန်းလေးကြောင့် ယုဖုန်းမျက်မှောင်လေးကျုံ့သွားသည်။
"ဖစ်ပါပူး......"
"ဟုတ်လို့လား......
မုသခင်လေးကြည့်ရတာ အရမ်းစိတ်ဆိုးနေတဲ့ပုံကြီး...... "
စားသောက်ဆိုင်တစ်ခုထဲ ထျန်းရိဝင်ထိုင်တော့ ယုဖုန်းတို့လည်းဝင်ထိုင်လိုက်ကြသည်။
ယုဖုန်းစားဖို့ပါ ထျန်းရိကသေချာမှာပေးပေမယ့် ယုဖုန်းကိုတော့စကားမပြော......
"ဝိုးးးး ပေါက်ချီ......"
စားပွဲထိုး လာချပေးသော အငွေ့တထောင်းထောင်းနှင့် ပေါက်စီဖြူဖြူတွေကို ယုဖုန်းလှမ်းယူလိုက်သည်။
"အား!...."
ပူကျစ်နေတဲ့ပေါက်စီတွေကြောင့် လက်ကလေးတွေကနီရဲတက်လာသည်။
"ကျစ်!
ဒီလောက်အငွေ့တွေထနေတာကို မမြင်ဘူးလား....."
ယုဖုန်းရဲ့ လက်ကလေးတွေကိုဆွဲယူပြီး ထျန်းရိက သူ့လက်ဖဝါးနှစ်ဖက်ထဲထည့်ကာ ရေခဲငွေ့နှင့်အအေးဓာတ်ကိုထုတ်သည်။
"ရိရိ......"
"........"
"ယုအာ ကိုချိတ်ချိုးနေတာရား......"
"........"
ထျန်းရိကပြန်မဖြေ......
သူကိုယ်တိုင်လည်း စိတ်ဆိုးရသည့်အကြောင်းအရင်းကိုသေချာမသိ.....
"ဟော်ဟော် ကို လက်ချွတ် ပေးရို့ရားဟင်...."
"........"
"ရိရိ ကိုရဲပေးမယ်ရေ.....
ချိတ်မချိုးနဲ့တော့နော်......."
"........"
"ရိရိ......"
နံဘေးမှာထိုင်နေရာကနေ ယုဖုန်းကချက်ချင်း ထျန်းရိရင်ခွင်ထဲတိုးဝင်လာသည်။
သူ့ရင်ဘက်ကိုခေါင်းဝှေ့နေသည့် ယုအာကြောင့် ထျန်းရိ တင်းထားသမျှ အရည်ပျော်သွားရသည်။
"ရိရိ.........."
အသံလေးဆွဲပြီး ခေါင်းမော့ကာ သူ့ရင်ဘက်ကို မေးစေ့လေးနှင့်ထောက်ထားသည့် ယုအာရဲ့ဆံနွယ်လေးတွေကို ထျန်းရိပွတ်သပ်ရင်းပြုံးလိုက်သည်။
"ကောင်းပြီ......
ဒီတစ်ခါတော့ထားလိုက်တော့မယ်......
နောက်တစ်ခါ သူစိမ်းတစ်ယောက်ကို အဲ့လောက်အရေးမပေးရဘူးနော် ယုအာ......"
"........"
"ပြောတာကြားလား......"
"ဟုတ်တဲ့......
ရိရိထက် ပယ်သူ့ကိုမှ ဂရုမချိုက်တော့ပူးနော်"
"အင်း....."
သူ့ရင်ခွင်ထဲကနေပြန်ထွက်သွားသည့် ယုအာကြောင့် သူ့ရင်ဘက်ထဲမှာလစ်ဟာသွားသလိုကြီးခံစားရပြန်သည်။
"ဝမ်ဝမ်......"
"ခင်ဗျာ....."
"ချားရေ....."
ဘင်းဝမ်လည်းထိုကလေးနှစ်ယောက်ကိုကြောင်ငေးနေရာမှ အခုမှစားဖို့သတိရသည်။
မင်းသားလေးနှင့် မုသခင်လေးကိုကြည့်ရင်း ဘင်းဝမ်အတွေးတွေရှုပ်ထွေးလာသလိုပင်....
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ရွေးခံရသည့်လူစာရင်းကိုညနေပိုင်းမှထုတ်ပြန်မည်မို့ ယုဖုန်းနန်းတော်ထဲမပြန်ဘဲ ထျန်းရိကို လျှောက်သွားကြဖို့ ပူဆာသည်။
"မြို့ပြင် တောအုပ်ထဲမှာတော့ အရမ်းလှတဲ့ရေတံခွန်တစ်ခုရှိတယ်......
မင်းသားလေးသွားချင်လား......"
"အင်း.....
တွားမယ် ဝမ်ဝမ်....."
တက်ကြွတဲ့ခြေလှမ်းတွေနှင့် ဘင်းဝမ်နောက်ကို ယုဖုန်းလိုက်သွားတော့ ထျန်းရိလည်းလိုက်ရသည်။
လူသူအရောက်အပေါက်နည်းတဲ့ တောအုပ်အတွင်းပိုင်းထဲကို တဖြည်းဖြည်းဝင်ခဲ့ကြပြီးနောက် တွေ့ရသည့်ရေတံခွန်ကြီးကြောင့် ယုဖုန်းခုန်ပေါက်နေသည်။
ရေတံခွန်ဆိုတာကိုလည်း စာအုပ်ထဲမှာပဲ ဖတ်ဖူးခဲ့သည့် ယုဖုန်းအတွက်တော့ထူးဆန်းနေသည်။
အဝတ်တွေချွတ်ပြီး ဘင်းဝမ်ကရေထဲခုန်ဆင်းတော့ ယုဖုန်းလည်း ချွတ်ဖို့လုပ်သည်။
"ရိရိ......
ယုအာကို ချွတ်ကူပါရားဟင်......"
အမြဲအထိန်းတော်တွေပဲလုပ်ပေးတာမို့ ယုဖုန်းအတွက် ကိုယ်တိုင်အဝတ်ချွတ်ရတာက နည်းနည်းခက်ခဲနေသည်။
ရိရိက သူ့အဝတ်တွေကိုသေချာချွတ်ပေးပြီး အတွင်းဝတ်ဘောင်းဘီလေးတစ်ထည်ကိုတော့ ဒီတိုင်းထားထားပေးရာ ယုဖုန်းကိုယ်တိုင်ပဲချွတ်ချလိုက်တော့သည်။
ဖင်တုံးလုံးလေးနှင့် ပြေးသွားသည့် ယုအာကိုကြည့်ပြီး ထျန်းရိကျိတ်ရယ်နေမိသည်။
ဘင်းဝမ်လုပ်သလို ရေထဲခုန်ချလိုက်တော့ ရေနက်ပိုင်းကြီးမို့ ပလုံကနဲတောင် မြုပ်သွားသည်။
"ယုအာ!!"
ထျန်းရိ ထိတ်လန့်စွာအော်လိုက်တော့ ခပ်လှမ်းလှမ်းမှာရေကူးနေသည့် ဘင်းဝမ်လည်း မင်းသားလေးခုန်ချလိုက်သောနေရာသို့ကူးခတ်သွားသည်။
ထျန်ရိ အမြန်ရေကြည်ကြည်အောက်မှ ယုအာရှိရာသို့ ခုန်ချလိုက်သည်။
ကြည်လင်နေသည့်ရေထဲမှာ ယုအာကရေနစ်နေသည်နှင့်မတူ မျက်လုံးလေးတွေပွင့်လျက်ကြောင်ငေးနေသည်။
ယုအာကိုယ်လေးကိုပွေ့လျက် ထျန်းရိ ရေပေါ်သို့ ကူးခတ်လိုက်ရာ ဘင်းဝမ်က ယုအာကိုအဆင်သင့် ပွေ့ချီပြီး ကျောက်ဖျာကြီးပေါ်တင်လိုက်သည်။
"အဟွတ်အဟွတ်!!"
"ယုအာ....
အဆင်ပြေရဲ့လား....."
ယုအာရဲ့ဝတ်ရုံကိုအပေါ်ကနေ လွှားခြုံပေးလိုက်ပြီး ထျန်းရိ စိုးရိမ်စိတ်တွေနှင့်မတည်ငြိမ်......
"ရိရိ......"
"အင်း.....
ငါရှိတယ်..."
"ယုအာ မြွေကြီးကြီးကိုမြင်ရိုက်တယ်....."
"ဟမ်....."
"အဲ့ရေထဲမှာ.....
မြွေကြီး ကြီးကြီးပဲ......
လက်တေနဲ့ စူးတေရော
မျက်လုံးတေက လင်းနေရာ
ယုအာကိုရေ ချိုက်ကြည့်နေရာ"
"ရေထဲမှာ ဘာမှမရှိပါဘူး ယုအာရဲ့....
ယုအာလန့်သွားပြီး အမြင်မှားတာနေမှာပါ...."
"ယုအာ တဂယ်ညင်ရိုက်ပါတယ်ဆို....."
"အင်းပါ အင်းပါ.....
ရေထဲမဆင်းတော့နဲ့နော်....."
ထျန်းရိ အဝတ်စိုတွေနဲ့ ယုအာခုန်ချခဲ့သည့်နေရာကို ပြန်ကြည့်ကြည့်သည်။
ယုအာက သူ့ကိုတော့လိမ်ပြောမည်မဟုတ်ပေမယ့် ကြည်လင်နေတဲ့ရေထဲမှာ ငါးလေးတချို့ကလွဲရင် ဘာကောင်မှရှိမနေသည်ကိုသာတွေ့ရသည်။
ယုအာဝတ်စုံကလည်းစိုစိကုန်ပြီး ထျန်းရိ အဝတ်တွေလည်းအကုန်စိုနေသောကြောင့် မုအိမ်တော်သို့ အဝတ်လဲရန်သွားကြသည်။
"ဒါ ရိရိ အိမ်ရား...."
"အင်း......"
ယုအာလက်ကလေးကိုကိုင်ထားရင်း အိမ်တော်ဝင်ပေါက်ကိုဖြတ်လိုက်တော့ အစေခံတွေက အရိုအသေပေးကြသည်။
"သားထျန်းရိ......
ဒီနေ့အစောကြီးပြန်လာပါလား.....
အဝတ်တွေကဘာဖြစ်လာတာလဲ......"
သူ့ကိုမြင်တာနဲ့ စကားတွေတရစပ်ပြောနေသည့် မိခင်ဖြစ်သူက သူဘေးနားမှယုအာနှင့် အနောက်မှ ဘင်းဝမ်ကိုမြင်တော့ နားနားကပ်မေးတာဘယ်သူတွေလဲတဲ့.....
သာမာန် အမျိုးသမီးတစ်ဦးဖြစ်သည့် သူမိခင်ဟာ အနက်ရောင်မျက်ဝန်းတွေနှင့်မို့ သူတို့ဖခင်အမတ်ကြီး သိက္ခာကျမည်ကိုစိုးရိမ်ကာ အပြင်သိပ်မထွက်တတ်ဘဲ နန်းတော်ထဲလည်းမရောက်ခဲ့ဖူးရှာတော့ ယုအာကိုမမြင်ဖူးခဲ့။
"အမေ ဒါက မင်းသားလေး ယုဖုန်း နဲ့သူ့ကိုယ်ရံတော် ဘင်းဝမ်......"
"ကျွန်တော်မျိုးမမသိလို့ ရိုင်းပြမိသွားပါတယ်မင်းသားလေး....."
ခေါင်းငုံ့ပြီးတောင်းပန်နေရှာသည့် ရိရိအမေကြောင့် ယုအာ လက်ကလေးတွေပြာပြာသလဲခါရင်း ထိုအန်တီ့လက်ကိုလှမ်းဆွဲလိုက်မိသည်။
"ရဒယ် ရဒယ်......
ယုအာ ကိုအဲ့ရိုတေ မတောင်းပန်ပါနဲ့....."
သူမလက်ကိုကိုင်ပြီး ပြုံးပြနေသည့် ဒီချစ်စဖွယ်မင်းသားလေးကို သူမမြင်မြင်ချင်းသဘောကျမိသည်။
သူ့သားထျန်းရိလို အေးစက်စက်လေးကတောင် ဒီမင်းသားလေးကိုသဲသဲလှုပ်တာမဆန်းဟုကောက်ချက်ချမိသည်။
"အမေ သားအဝတ်လဲဦးမယ်.....
ယုအာအတွက် ဝတ်စုံတစ်စုံလောက်စီစဥ်ပေးပါလား......
သားအဝတ်တွေက ယုအာနဲ့ကြီးနေလို့....."
"အင်း အင်း...."
မုသခင်မကြီးက ချက်ချင်းအစေခံခေါင်းဆောင်ကိုခေါ်ကာ မင်းသားငယ်အတွက် ပိုးထည်ဝတ်စုံလေးသွားဝယ်သည်။
ပန်းခရမ်းရောင်ဝတ်စုံလေးကိုစိတ်တိုင်းကျရွေးခြယ်ဝယ်ယူပြီး ခရမ်းနုရောင် ဆံထိုးလေးကိုတောင်သူမကဝယ်လာခဲ့သည်။
ထျန်းရိ ကိုယ်တိုင်ပဲ ယုအာကို အဝတ်လဲပေးကာ သိပ်မခြောက်ချင်သေးသော ဆံပင်ရှည်လေးတွေကို သုတ်ပေးသည်။
ဆံပင်လေးတွေကိုဖြီးပေးဖို့လုပ်တော့ ကြည့်နေသည့် အမေ့ဆီမှအသံထွက်လာသည်။
"ပေးပေး အမေလုပ်ပေးချင်လို့......"
ထျန်းရိ အောင့်သက်သက်နဲ့ ယုအာအနားမှထလိုက်ရသည်။
ယုအာဆံပင်လေးတွေကို အမေကတယုတယဖြီးပေးပြီး ခရမ်းနုရောင်ဆံထိုးလေးနှင့် ဆံထုံးလေးထုံးပေးသည်။
နီးကပ်နေသည့်အကွာအဝေးကြောင့် မင်းသားလေးထံမှ ထူးခြားသည့် ကိုယ်သင်းနံ့ကို သူမ သတိထားမိသည်။
ကြာပန်းရနံ့လေး...
" ကျေးကျူးတင်ပါရယ်..... "
သူမကိုတရိုတသေပြောနေသည့် ကလေးငယ်ကို သူမနူးညံ့စွာပြုံးကြည့်နေခဲ့သည်။
"ကိုကို....."
အနားရောက်လာသည့် ထျန်းရိရဲ့ ညီမငယ်လေးက ယုအာကိုစပ်စုနေသည်။
"ယုအာ.....
သူက လင်းရှ....."
"အင်း......"
"လင်းရှ......
မင်းသားလေး ယုဖုန်းကို နှုတ်ဆက်လိုက်လေ....."
မုသခင်မကြီး စကားကြောင့် လင်းရှက ယုဖုန်းရှေ့သွားကာ လက်ကလေးနှစ်ဖက်ရမ်းပြသည်။
"မင်္ဂလာပါ နာက မုလင်းရှ....."
သူငယ်ချင်းတွေကိုနှုတ်ဆက်သလို နှုတ်ဆက်သည့် လင်းရှလေးကြောင့် ဘင်းဝမ် အနောက်ကနေ သူ့ဓားကြီးသူပိုက်ရင်း ကြိတ်ရယ်နေသည်။
တစ်ခါမှဒီလိုနှုတ်ဆက်မခံရဖူးတာကြောင့် ယုဖုန်းအတွက်ထူးဆန်းနေပြီး သက်တောင့်သက်သာရှိတာမို့ သဘောလည်းကျကာ လက်ကလေးနှစ်ဖက်ကိုပြန်ရမ်းပြလိုက်သည်။
"မင်္ဂလာပါ..... နာက.. လုံယုဖုန်း....."
သက်တူရွယ်တူကလေးနှစ်ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက်ပြုံးရင်းနှုတ်ဆက်နေသည့် မြင်ကွင်းက ချစ်စရာကောင်းနေသည်။
ညနေအရွေးခံရသည့် လူစာရင်းကိုစောင့်ရင်း မုအိမ်တော်မှာပဲသူတို့ရှိနေခဲ့ကြသည်။
ထျန်းရိ ဘင်းဝမ်နှင့်အတူ မိခင်ဖြစ်သူနှင့် လက်ဖက်ရည်သောက်ရင်း မလှမ်းမကမ်းမှာဆော့နေသည့် လင်းရှနှင့် ယုအာကိုသိပ်မကြည်ချင်.....
ပြောတော့ ရိရိထက်ဘယ်သူ့ကိုမှဂရုမစိုက်တော့ဘူးဆိုပြီး အခုတော့ သူ့ကိုမေ့ထားပြီး သူ့ညီမနဲ့ပဲဆော့နေလေရဲ့.....
ဘင်းဝမ် သခင်လေးမုမျက်နှာကိုကြည့်ပြီး ကြိတ်ရယ်နေရပြန်သည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
Zawgyi
ထ်န္းရိ ဖတ္ေနသည့္စာထဲကိုအာ႐ုံမစိုက္နိုင္ဘဲ နံေဘးက ယုအာကိုခိုးၾကည့္ရင္း ဟိုတစ္ေန႕ပြဲထဲမွ အရာရွိလီေဟာ္ရဲ႕ယုအာကို ၾကည့္တဲ့ အၾကည့္ေတြအား ျပန္ၿပီးျမင္ေယာင္လာျပန္သည္။
" မုထ်န္းရိ!
အာ႐ုံစိုက္စမ္း!!"
ေရွ႕မွဆရာက ေခါင္းေတြခါၿပီး စိတ္လြင့္ေနသည့္ သူ႕ကိုသတိထားမိသြားသည္။
"သဘက္ခါဆို ေက်ာင္းသားသစ္စာေမးပြဲကစေတာ့မယ္.....
ေသခ်ာလုပ္!"
"ဟုတ္ကဲ့....."
ဆရာကေစတနာနဲ႕ေျပာေနတာမို႔ ထ်န္းရိကလည္းနာခံစြာပင္.....
ေဘးမွယုအာကေတာ့ သူ႕လိုပဲ စာအုပ္တစ္အုပ္ကိုဖတ္ေနၿပီး တိတ္ဆိတ္ၿငိမ္သက္စြာ စိတ္ဝင္တစားရွိလွသည္။
ယုအာအနားမွာေနတာၾကာေလ အံ့ဩစရာေတြကိုပိုျမင္လာရေလပါပဲ။
သူ႕ထက္ေလးႏွစ္ေတာင္ငယ္တဲ့ ယုအာက စာေပမွာသူ႕ထက္ေတာင္ေရွ႕ေျပးသည္။
စကားေတာင္မပီေသးေပမယ့္ ဒီကေလးငယ္ရဲ႕ မွတ္ဉာဏ္ကို ဆရာရွန္းကိုယ္တိုင္ကေတာင္ ဩခ်ရသည္။
သဘက္ခါမွာလုပ္မည့္ ေက်ာင္းသားသစ္စာေမးပြဲက တစ္နိုင္ငံလုံးမွာရွိတဲ့ ကြၽန္လူတန္းစားကလြဲရင္ က်န္လူတန္းစားအကုန္ အသက္အ႐ြယ္မေ႐ြးဝင္ေျဖခြင့္ရွိေပမယ့္ ႏွစ္စဥ္အေတာ္ဆုံး အေယာက္ ၃၀ ကိုသာေ႐ြးျခယ္သည့္ စာေမးပြဲမ်ိဳး.....
ဘယ္ေလာက္အာဏာရွိရွိ လာဘ္ထိုးလာဘ္ယူလုပ္ရင္ ေသဒဏ္ခ်မည့္ဥပေဒရွိသည့္စာေမးပြဲကို ေတာ္ဝင္မိသားစုေတြကဘယ္တုန္းကမွဝင္မေျဖခဲ့ေပမယ့္ ယုအာကေတာ့ ခြၽင္းခ်က္ျဖစ္သည္။
နန္းေတာ္အျပင္ကိုစူးစမ္းခ်င္သည့္ ယုအာက ထိုစာေမးပြဲကိုဝင္ေျဖရန္ ခမည္းေတာ္ကိုခြင့္ေတာင္းထားၿပီးသား....
ယုအာသာ အေ႐ြးခံရရင္ ေန႕တိုင္းလိုလို ေက်ာင္းတက္ျခင္းကိုအေၾကာင္းျပဳၿပီး နန္းေတာ္အျပင္ထြက္ခြင့္ရလိမ့္မည္။
ယုဖုန္း မ်က္ရိုးေလးေတြကိုက္လာတာမို႔ လက္ညိုးလက္မေလးႏွင့္ဖိရင္း ေဘးမွ ရိရိ ထံအၾကည့္ေရာက္သြားသည္။
သူ႕ကိုၾကည့္ေနသည့္ ရိရိနဲ႕အၾကည့္ခ်င္းစုံသြားေတာ့ ရိရိက ခ်က္ခ်င္းမ်က္ႏွာႀကီးလႊဲသြားကာ ဂုတ္ေတြပြတ္ေနသည္။
ယုဖုန္းနဲ႕ထ်န္းရိရဲ႕ ဆရာျဖစ္သူကေတာ့ သူ႕ေရွ႕မွတပည့္ႏွစ္ေယာက္ရဲ႕တလွည့္ဆီျဖစ္ပ်က္ေနတဲ့ပုံကိုသာ စိတ္ပ်က္လက္ပ်က္ထိုင္ၾကည့္ေနလိုက္ေတာ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
အထိန္းေတာ္ႀကီးေတြဝတ္ေပးသည့္ သာမာန္သခင္ေလးေတြဝတ္ေသာ ပိုးသားဝတ္စုံေလးႏွင့္ ယုဖုန္းဟာ စာေမးပြဲသြားေျဖရန္ သိပ္ကိုတက္ႂကြေနသည္။
စာေရးမည့္ စုတ္တံႏွင့္မွင္ကို ဘင္းဝမ္ကအိတ္ႏွင့္ေသခ်ာထုတ္ပိုးၿပီး သယ္လာသည္။
အစ္မေတာ္ေတြႏွင့္ မယ္ေတာ္ေတြကိုဝင္ႏႈတ္ဆက္ကာ ရိရိလက္ကိုကိုင္ဆြဲလ်က္ နန္းေတာ္ဂိတ္တံခါးဆီသို႔ လွမ္းလာခဲ့သည္။
သူသိတတ္စအ႐ြယ္ကတည္းက နန္းေတာ္အျပင္ကိုမေရာက္ဖူးေသးေသာေၾကာင့္ စိတ္လႈပ္ရွားေနသည္။
ဂိတ္တံခါးနားေရာက္ခါနီးမွာ မလွမ္းမကမ္းကေလွ်ာက္လာေနသူႏွစ္ဦးကိုျမင္ေတာ့ ယုဖုန္းလက္ကေလးေတြေဝွ႕ယမ္းလိုက္သည္။
"ေဟာ္ေဟာ္!!"
"ခြီး!!!"
ခ်က္ခ်င္းထြက္ေပၚလာသည့္ ဘင္းဝမ္ရဲ႕ရယ္သံကက်ယ္ေလာင္စြာ.....
ႂကြက္ေပါက္ေလးရဲ႕ ႏွစ္လုံးဆင့္နာမည္ေပးျခင္းခံရတဲ့အတြက္ ဂုဏ္ယူပါတယ္လို႔သာ စိတ္ထဲကေန ဘင္းဝမ္ႀကိတ္ေတြးေနသည္။
ရပ္တန့္သြားတဲ့ေျခလွမ္းေတြနဲ႕ အရာရွိ လီေဟာ္ရဲ႕ မ်က္ႏွာဟာ ဘာအမူအရာမွမရွိတည္တင္းေနသလို အေနာက္မွာကပ္ပါလာသည့္ ကိုယ္ရံေတာ္ျဖစ္ဟန္တူသူမွာလည္းထိုနည္း ၎ပင္။
"ေနာက္က်ေနမယ္ယုအာ....."
လီေဟာ္ကိုသိပ္သေဘာမက်သည္မို႔ ထ်န္းရိ ယုအာလက္ကိုပိုတိုးဆုပ္ကိုင္ရင္းေျပာလိုက္ေပမယ့္ ယုအာကခဏေလးဟု လက္ကာျပေလသည္။
"ခမည္းေတာ္ ခ်ီရာတာရား....."
ေခါင္းပဲတစ္ခ်က္ညိတ္သည့္ လီေဟာ္ရဲ႕အျပဳအမူက ယုဖုန္းလိုေတာ္ဝင္မင္းသားတစ္ပါးကို ရိုင္းစိုင္းစြာျပဳမူလိုက္သလိုဆိုေပမယ့္ ယုဖုန္းကေတာ့စိတ္ထဲထားမေန။
"ကြၽန္ေတာ္မ်ိဳးေရွ႕တန္းကိုျပန္ထြက္ရေတာ့မွာမို႔ အရွင္မင္းႀကီးကိုလာႏႈတ္ဆက္ဂါရဝျပဳတာပါ....."
"ဟင္!
ေနစပ္ တိုပန္ေတာ့မာရား"
(နယ္စပ္ ကိုျပန္ေတာ့မွာလား)
ပါးစပ္ကမေျဖဘဲလီေဟာ္ကေခါင္းပဲထပ္ညိတ္တာမို႔ ဘင္းဝမ္လည္းသိပ္မၾကည္ခ်င္ေတာ့......
ငါတို႔မင္းသားေလးကို မေလးစားတာလားေပါ့.....
"ပယ္ေတာ့ပန္ရာမာရဲ"
(ဘယ္ေတာ့ျပန္လာမွာလဲ)
"ဒါေတာ့ ကြၽန္ေတာ္မ်ိဳးလည္းမသိပါဘူး...."
ယုဖုန္းအသံတိတ္ကာေတြေတြေလးျဖစ္သြားသည္ကိုၾကည့္ရင္း ထ်န္းရိအခုခ်က္ခ်င္း ယုအာကိုထိုလူ႕ေရွ႕မွဆြဲေခၚသြားခ်င္မိသည္။
ယုဖုန္းစဥ္းစားတာ အေျဖရသြားၿပီး လက္မမွအနီေရာင္ေက်ာက္လက္စြပ္ေလးကိုခြၽတ္လိုက္သည္။
"ေရာ့.....
ဒီရက္ခြၽတ္က အန္ဒရယ္ တင္းတယ္ရဲ႕.....
ေဟာ္ေဟာ္ ယူတြားရိုက္"
"ယုအာ...
ဒီလက္စြပ္က အရွင္မင္းႀကီးေပးထားတာေလ......"
ထ်န္းရိမေနနိုင္စြာထုတ္ေျပာလိုက္ေတာ့ ယုအာက ေပေစာင္းေစာင္းေလးၾကည့္သည္။
"ယုအာ ခ်ီမာ ညားႀကီးက်န္ေတးတယ္ေရ"
(ယုအာ ဆီမွာ အမ်ားႀကီးက်န္ေသးတယ္ေလ)
"ေဟာ္ေဟာ္.....
ေရာ့....
ယူတြားေနာ္.....
ယုအာ ရက္ေခ်ာင္ေပးရာ...."
လက္ထဲကိုလက္စြပ္ေလးအတင္းထည့္ေပးတဲ့ လက္ေသးေသးေလးရဲ႕အထိအေတြ႕ေလးေၾကာင့္ လီေဟာ္အနည္းငယ္တုန္သြားရသည္။
" ခ်ာေမးပြဲ ခ်ိရို႔ ယုအာ တြားေတာ့မယ္.."
အၿပဳံးႏုႏုေလးခ်ိတ္ဆြဲလ်က္ လက္ျပႏႈတ္ဆက္ရင္း ထြက္သြားေသာ ေက်ာျပင္ငယ္ေလးကို လီေဟာ္ေၾကာင္အလ်က္ မ်က္စိတစ္ဆုံးေငးၾကည့္ေနခဲ့သည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
နန္းေတာ္အျပင္ ေဈးထဲကေနျဖတ္ေတာ့ ယုဖုန္းရဲ႕ေခါင္းေလးဟာ ပတ္ခ်ာလည္ကာအကုန္ပတ္ေငးေမာေနခဲ့ၿပီးစကားေတြတတြတ္တြတ္ေျပာေနေပမယ့္ ထ်န္းရိကေတာ့ သိပ္ကိုတိတ္ဆိတ္လြန္းေနသည္။
ရွီခ်န္း စာေပ႒ာနကိုေရာက္ေတာ့ ဘင္းဝမ္ကအျပင္မွာေနခဲ့ရၿပီး ယုဖုန္းတို႔ႏွစ္ေယာက္နာမည္စာရင္းေပးကာ အထဲဝင္ခဲ့ၾကသည္။
စာေမးပြဲေျဖရမယ့္ေနရာမွာ သူတို႔ထုတ္ေပးတဲ့ တံဆိပ္တုံးထုထားေသာ စာ႐ြက္ကေလးေတြကိုယ္စီႏွင့္ ေနရာတက်ထိဳင္ေနၾကေသာ စာေျဖသူမ်ားက ယုဖုန္းကိုၾကည့္ၿပီးရယ္ၾကသည္။
ဒီကေလးေပါက္စကဘာလာလုပ္တာလဲဆိုသည့္ အၾကည့္ေတြနဲ႕မို႔ ယုဖုန္း ခါးမတ္မတ္ထိုင္ကာ ေခါင္းေမာ့ရင္ေကာ့ၿပီး လူႀကီးတစ္ေယာက္လို ထိုင္ျပလိုက္သည္။
အေစာင့္အၾကပ္ေတြအျပည့္နဲ႕ စည္းကမ္းေတြကိုေျပာၿပီးခ်ိန္မွာေတာ့ ခ်ိတ္ဆြဲထားသည့္ ေမးခြန္းစာလိပ္ႀကီးကိုျဖည္ခ်လိဳက္သည္။
စာအုပ္ေတြအမ်ားႀကီးဖတ္ခဲ့တာမို႔ ယုဖုန္းအတြက္ ထိုေမးခြန္းေတြက အခက္ႀကီးမဟုတ္ေပ။
ရိရိရွိရာသို႔ လွမ္းၾကည့္လိုက္ေတာ့ ရိရိလည္းေသခ်ာေျဖေနသည္။
အေျဖစာ႐ြက္ေတြကိုသိမ္းၿပီးခ်ိန္မွာေတာ့ စုတ္တံႏွင္မွင္ဘူးကိုေသေသခ်ာခ်ာျပန္ထည့္ၿပီး ရိရိႏွင့္အတူအျပင္ထြက္ခဲ့ၾကသည္။
"မင္းသားေလး......"
သူတို႔ကိုျမင္တာနဲ႕အနားေျပးလာၿပီး အသံတိုးတိုးေလးႏွင့္ေခၚသည့္ ဘင္းဝမ္......
"ေျဖနိုင္ရဲ႕လား......."
ယုဖုန္း ယုံၾကည္ခ်က္အျပည့္ရွိသည့္ ဟန္ပန္ျဖင့္ ေခါင္းေမာ့ရင္ေကာ့ထားေတာ့ ဘင္းဝမ္ေတာ္ေတာ္ေပ်ာ္သြားသည္။
သူတို႔မင္းသားႂကြက္ေပါက္ေလး နန္းေတာ္အျပင္ထြက္ခြင့္ရရင္ သူလည္းနည္းနည္းေတာ့လြတ္လပ္မည္မလား.....
"ရိရိ....."
ေဘးနားကေက်ာက္႐ုပ္ႀကီးလိုရပ္ေနသည့္ ထ်န္းရိဝတ္႐ုံေအာက္နားစေလးကိုဆြဲလႈပ္လိုက္သည့္ ယုဖုန္း.....
"ယုအာ....ဗိုက္ခ်ာရယ္....."
ဘာစကားမွမေျပာဘဲေဈးထဲကိုေရွ႕ကေန ထ်န္းရိ ကဦးေဆာင္ေလွ်ာက္သြားသည္။
"မင္းသားေလး......
မုသခင္ေလးနဲ႕ ရန္ျဖစ္ထားတာလား....."
အေနာက္ကေန ကုတ္ကုတ္ေလးေတြလိုက္လာၾကရင္း ဘင္းဝမ္ရဲ႕ႏွစ္ေယာက္ၾကားသာ႐ုံေမးခြန္းေလးေၾကာင့္ ယုဖုန္းမ်က္ေမွာင္ေလးက်ဳံ႕သြားသည္။
"ဖစ္ပါပူး......"
"ဟုတ္လို႔လား......
မုသခင္ေလးၾကည့္ရတာ အရမ္းစိတ္ဆိုးေနတဲ့ပုံႀကီး...... "
စားေသာက္ဆိုင္တစ္ခုထဲ ထ်န္းရိဝင္ထိုင္ေတာ့ ယုဖုန္းတို႔လည္းဝင္ထိုင္လိုက္ၾကသည္။
ယုဖုန္းစားဖို႔ပါ ထ်န္းရိကေသခ်ာမွာေပးေပမယ့္ ယုဖုန္းကိုေတာ့စကားမေျပာ......
"ဝိုးးးး ေပါက္ခ်ီ......"
စားပြဲထိုး လာခ်ေပးေသာ အေငြ႕တေထာင္းေထာင္းႏွင့္ ေပါက္စီျဖဴျဖဴေတြကို ယုဖုန္းလွမ္းယူလိုက္သည္။
"အား!...."
ပူက်စ္ေနတဲ့ေပါက္စီေတြေၾကာင့္ လက္ကေလးေတြကနီရဲတက္လာသည္။
"က်စ္!
ဒီေလာက္အေငြ႕ေတြထေနတာကို မျမင္ဘူးလား....."
ယုဖုန္းရဲ႕ လက္ကေလးေတြကိုဆြဲယူၿပီး ထ်န္းရိက သူ႕လက္ဖဝါးႏွစ္ဖက္ထဲထည့္ကာ ေရခဲေငြ႕ႏွင့္အေအးဓာတ္ကိုထုတ္သည္။
"ရိရိ......"
"........"
"ယုအာ ကိုခ်ိတ္ခ်ိဳးေနတာရား......"
"........"
ထ်န္းရိကျပန္မေျဖ......
သူကိုယ္တိုင္လည္း စိတ္ဆိုးရသည့္အေၾကာင္းအရင္းကိုေသခ်ာမသိ.....
"ေဟာ္ေဟာ္ ကို လက္ခြၽတ္ ေပးရို႔ရားဟင္...."
"........"
"ရိရိ ကိုရဲေပးမယ္ေရ.....
ခ်ိတ္မခ်ိဳးနဲ႕ေတာ့ေနာ္......."
"........"
"ရိရိ......"
နံေဘးမွာထိုင္ေနရာကေန ယုဖုန္းကခ်က္ခ်င္း ထ်န္းရိရင္ခြင္ထဲတိုးဝင္လာသည္။
သူ႕ရင္ဘက္ကိုေခါင္းေဝွ႕ေနသည့္ ယုအာေၾကာင့္ ထ်န္းရိ တင္းထားသမွ် အရည္ေပ်ာ္သြားရသည္။
"ရိရိ.........."
အသံေလးဆြဲၿပီး ေခါင္းေမာ့ကာ သူ႕ရင္ဘက္ကို ေမးေစ့ေလးႏွင့္ေထာက္ထားသည့္ ယုအာရဲ႕ဆံႏြယ္ေလးေတြကို ထ်န္းရိပြတ္သပ္ရင္းၿပဳံးလိုက္သည္။
"ေကာင္းၿပီ......
ဒီတစ္ခါေတာ့ထားလိုက္ေတာ့မယ္......
ေနာက္တစ္ခါ သူစိမ္းတစ္ေယာက္ကို အဲ့ေလာက္အေရးမေပးရဘူးေနာ္ ယုအာ......"
"........"
"ေျပာတာၾကားလား......"
"ဟုတ္တဲ့......
ရိရိထက္ ပယ္သူ႕ကိုမွ ဂ႐ုမခ်ိဳက္ေတာ့ပူးေနာ္"
"အင္း....."
သူ႕ရင္ခြင္ထဲကေနျပန္ထြက္သြားသည့္ ယုအာေၾကာင့္ သူ႕ရင္ဘက္ထဲမွာလစ္ဟာသြားသလိုႀကီးခံစားရျပန္သည္။
"ဝမ္ဝမ္......"
"ခင္ဗ်ာ....."
"ခ်ားေရ....."
ဘင္းဝမ္လည္းထိုကေလးႏွစ္ေယာက္ကိုေၾကာင္ေငးေနရာမွ အခုမွစားဖို႔သတိရသည္။
မင္းသားေလးႏွင့္ မုသခင္ေလးကိုၾကည့္ရင္း ဘင္းဝမ္အေတြးေတြရႈပ္ေထြးလာသလိုပင္....
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ေ႐ြးခံရသည့္လူစာရင္းကိုညေနပိုင္းမွထုတ္ျပန္မည္မို႔ ယုဖုန္းနန္းေတာ္ထဲမျပန္ဘဲ ထ်န္းရိကို ေလွ်ာက္သြားၾကဖို႔ ပူဆာသည္။
"ၿမိဳ႕ျပင္ ေတာအုပ္ထဲမွာေတာ့ အရမ္းလွတဲ့ေရတံခြန္တစ္ခုရွိတယ္......
မင္းသားေလးသြားခ်င္လား......"
"အင္း.....
တြားမယ္ ဝမ္ဝမ္....."
တက္ႂကြတဲ့ေျခလွမ္းေတြႏွင့္ ဘင္းဝမ္ေနာက္ကို ယုဖုန္းလိုက္သြားေတာ့ ထ်န္းရိလည္းလိုက္ရသည္။
လူသူအေရာက္အေပါက္နည္းတဲ့ ေတာအုပ္အတြင္းပိုင္းထဲကို တျဖည္းျဖည္းဝင္ခဲ့ၾကၿပီးေနာက္ ေတြ႕ရသည့္ေရတံခြန္ႀကီးေၾကာင့္ ယုဖုန္းခုန္ေပါက္ေနသည္။
ေရတံခြန္ဆိုတာကိုလည္း စာအုပ္ထဲမွာပဲ ဖတ္ဖူးခဲ့သည့္ ယုဖုန္းအတြက္ေတာ့ထူးဆန္းေနသည္။
အဝတ္ေတြခြၽတ္ၿပီး ဘင္းဝမ္ကေရထဲခုန္ဆင္းေတာ့ ယုဖုန္းလည္း ခြၽတ္ဖို႔လုပ္သည္။
"ရိရိ......
ယုအာကို ခြၽတ္ကူပါရားဟင္......"
အၿမဲအထိန္းေတာ္ေတြပဲလုပ္ေပးတာမို႔ ယုဖုန္းအတြက္ ကိုယ္တိုင္အဝတ္ခြၽတ္ရတာက နည္းနည္းခက္ခဲေနသည္။
ရိရိက သူ႕အဝတ္ေတြကိုေသခ်ာခြၽတ္ေပးၿပီး အတြင္းဝတ္ေဘာင္းဘီေလးတစ္ထည္ကိုေတာ့ ဒီတိုင္းထားထားေပးရာ ယုဖုန္းကိုယ္တိုင္ပဲခြၽတ္ခ်လိဳက္ေတာ့သည္။
ဖင္တုံးလုံးေလးႏွင့္ ေျပးသြားသည့္ ယုအာကိုၾကည့္ၿပီး ထ်န္းရိက်ိတ္ရယ္ေနမိသည္။
ဘင္းဝမ္လုပ္သလို ေရထဲခုန္ခ်လိဳက္ေတာ့ ေရနက္ပိုင္းႀကီးမို႔ ပလုံကနဲေတာင္ ျမဳပ္သြားသည္။
"ယုအာ!!"
ထ်န္းရိ ထိတ္လန့္စြာေအာ္လိုက္ေတာ့ ခပ္လွမ္းလွမ္းမွာေရကူးေနသည့္ ဘင္းဝမ္လည္း မင္းသားေလးခုန္ခ်လိဳက္ေသာေနရာသို႔ကူးခတ္သြားသည္။
ထ်န္ရိ အျမန္ေရၾကည္ၾကည္ေအာက္မွ ယုအာရွိရာသို႔ ခုန္ခ်လိဳက္သည္။
ၾကည္လင္ေနသည့္ေရထဲမွာ ယုအာကေရနစ္ေနသည္ႏွင့္မတူ မ်က္လုံးေလးေတြပြင့္လ်က္ေၾကာင္ေငးေနသည္။
ယုအာကိုယ္ေလးကိုေပြ႕လ်က္ ထ်န္းရိ ေရေပၚသို႔ ကူးခတ္လိုက္ရာ ဘင္းဝမ္က ယုအာကိုအဆင္သင့္ ေပြ႕ခ်ီၿပီး ေက်ာက္ဖ်ာႀကီးေပၚတင္လိုက္သည္။
"အဟြတ္အဟြတ္!!"
"ယုအာ....
အဆင္ေျပရဲ႕လား....."
ယုအာရဲ႕ဝတ္႐ုံကိုအေပၚကေန လႊားၿခဳံေပးလိုက္ၿပီး ထ်န္းရိ စိုးရိမ္စိတ္ေတြႏွင့္မတည္ၿငိမ္......
"ရိရိ......"
"အင္း.....
ငါရွိတယ္..."
"ယုအာ ေႁမြႀကီးႀကီးကိုျမင္ရိုက္တယ္....."
"ဟမ္....."
"အဲ့ေရထဲမွာ.....
ေႁမြႀကီး ႀကီးႀကီးပဲ......
လက္ေတနဲ႕ စူးေတေရာ
မ်က္လုံးေတက လင္းေနရာ
ယုအာကိုေရ ခ်ိဳက္ၾကည့္ေနရာ"
"ေရထဲမွာ ဘာမွမရွိပါဘူး ယုအာရဲ႕....
ယုအာလန့္သြားၿပီး အျမင္မွားတာေနမွာပါ...."
"ယုအာ တဂယ္ညင္ရိုက္ပါတယ္ဆို....."
"အင္းပါ အင္းပါ.....
ေရထဲမဆင္းေတာ့နဲ႕ေနာ္....."
ထ်န္းရိ အဝတ္စိုေတြနဲ႕ ယုအာခုန္ခ်ခဲ့သည့္ေနရာကို ျပန္ၾကည့္ၾကည့္သည္။
ယုအာက သူ႕ကိုေတာ့လိမ္ေျပာမည္မဟုတ္ေပမယ့္ ၾကည္လင္ေနတဲ့ေရထဲမွာ ငါးေလးတခ်ိဳ႕ကလြဲရင္ ဘာေကာင္မွရွိမေနသည္ကိုသာေတြ႕ရသည္။
ယုအာဝတ္စုံကလည္းစိုစိကုန္ၿပီး ထ်န္းရိ အဝတ္ေတြလည္းအကုန္စိုေနေသာေၾကာင့္ မုအိမ္ေတာ္သို႔ အဝတ္လဲရန္သြားၾကသည္။
"ဒါ ရိရိ အိမ္ရား...."
"အင္း......"
ယုအာလက္ကေလးကိုကိုင္ထားရင္း အိမ္ေတာ္ဝင္ေပါက္ကိုျဖတ္လိုက္ေတာ့ အေစခံေတြက အရိုအေသေပးၾကသည္။
"သားထ်န္းရိ......
ဒီေန႕အေစာႀကီးျပန္လာပါလား.....
အဝတ္ေတြကဘာျဖစ္လာတာလဲ......"
သူ႕ကိုျမင္တာနဲ႕ စကားေတြတရစပ္ေျပာေနသည့္ မိခင္ျဖစ္သူက သူေဘးနားမွယုအာႏွင့္ အေနာက္မွ ဘင္းဝမ္ကိုျမင္ေတာ့ နားနားကပ္ေမးတာဘယ္သူေတြလဲတဲ့.....
သာမာန္ အမ်ိဳးသမီးတစ္ဦးျဖစ္သည့္ သူမိခင္ဟာ အနက္ေရာင္မ်က္ဝန္းေတြႏွင့္မို႔ သူတို႔ဖခင္အမတ္ႀကီး သိကၡာက်မည္ကိုစိုးရိမ္ကာ အျပင္သိပ္မထြက္တတ္ဘဲ နန္းေတာ္ထဲလည္းမေရာက္ခဲ့ဖူးရွာေတာ့ ယုအာကိုမျမင္ဖူးခဲ့။
"အေမ ဒါက မင္းသားေလး ယုဖုန္း နဲ႕သူ႕ကိုယ္ရံေတာ္ ဘင္းဝမ္......"
"ကြၽန္ေတာ္မ်ိဳးမမသိလို႔ ရိုင္းျပမိသြားပါတယ္မင္းသားေလး....."
ေခါင္းငုံ႕ၿပီးေတာင္းပန္ေနရွာသည့္ ရိရိအေမေၾကာင့္ ယုအာ လက္ကေလးေတြျပာျပာသလဲခါရင္း ထိုအန္တီ့လက္ကိုလွမ္းဆြဲလိုက္မိသည္။
"ရဒယ္ ရဒယ္......
ယုအာ ကိုအဲ့ရိုေတ မေတာင္းပန္ပါနဲ႕....."
သူမလက္ကိုကိုင္ၿပီး ၿပဳံးျပေနသည့္ ဒီခ်စ္စဖြယ္မင္းသားေလးကို သူမျမင္ျမင္ခ်င္းသေဘာက်မိသည္။
သူ႕သားထ်န္းရိလို ေအးစက္စက္ေလးကေတာင္ ဒီမင္းသားေလးကိုသဲသဲလႈပ္တာမဆန္းဟုေကာက္ခ်က္ခ်မိသည္။
"အေမ သားအဝတ္လဲဦးမယ္.....
ယုအာအတြက္ ဝတ္စုံတစ္စုံေလာက္စီစဥ္ေပးပါလား......
သားအဝတ္ေတြက ယုအာနဲ႕ႀကီးေနလို႔....."
"အင္း အင္း...."
မုသခင္မႀကီးက ခ်က္ခ်င္းအေစခံေခါင္းေဆာင္ကိုေခၚကာ မင္းသားငယ္အတြက္ ပိုးထည္ဝတ္စုံေလးသြားဝယ္သည္။
ပန္းခရမ္းေရာင္ဝတ္စုံေလးကိုစိတ္တိုင္းက်ေ႐ြးျခယ္ဝယ္ယူၿပီး ခရမ္းႏုေရာင္ ဆံထိုးေလးကိုေတာင္သူမကဝယ္လာခဲ့သည္။
ထ်န္းရိ ကိုယ္တိုင္ပဲ ယုအာကို အဝတ္လဲေပးကာ သိပ္မေျခာက္ခ်င္ေသးေသာ ဆံပင္ရွည္ေလးေတြကို သုတ္ေပးသည္။
ဆံပင္ေလးေတြကိုၿဖီးေပးဖို႔လုပ္ေတာ့ ၾကည့္ေနသည့္ အေမ့ဆီမွအသံထြက္လာသည္။
"ေပးေပး အေမလုပ္ေပးခ်င္လို႔......"
ထ်န္းရိ ေအာင့္သက္သက္နဲ႕ ယုအာအနားမွထလိုက္ရသည္။
ယုအာဆံပင္ေလးေတြကို အေမကတယုတယၿဖီးေပးၿပီး ခရမ္းႏုေရာင္ဆံထိုးေလးႏွင့္ ဆံထုံးေလးထုံးေပးသည္။
နီးကပ္ေနသည့္အကြာအေဝးေၾကာင့္ မင္းသားေလးထံမွ ထူးျခားသည့္ ကိုယ္သင္းနံ႕ကို သူမ သတိထားမိသည္။
ၾကာပန္းရနံ႕ေလး...
" ေက်းက်ဴးတင္ပါရယ္..... "
သူမကိုတရိုတေသေျပာေနသည့္ ကေလးငယ္ကို သူမႏူးညံ့စြာၿပဳံးၾကည့္ေနခဲ့သည္။
"ကိုကို....."
အနားေရာက္လာသည့္ ထ်န္းရိရဲ႕ ညီမငယ္ေလးက ယုအာကိုစပ္စုေနသည္။
"ယုအာ.....
သူက လင္းရွ....."
"အင္း......"
"လင္းရွ......
မင္းသားေလး ယုဖုန္းကို ႏႈတ္ဆက္လိုက္ေလ....."
မုသခင္မႀကီး စကားေၾကာင့္ လင္းရွက ယုဖုန္းေရွ႕သြားကာ လက္ကေလးႏွစ္ဖက္ရမ္းျပသည္။
"မဂၤလာပါ နာက မုလင္းရွ....."
သူငယ္ခ်င္းေတြကိုႏႈတ္ဆက္သလို ႏႈတ္ဆက္သည့္ လင္းရွေလးေၾကာင့္ ဘင္းဝမ္ အေနာက္ကေန သူ႕ဓားႀကီးသူပိုက္ရင္း ႀကိတ္ရယ္ေနသည္။
တစ္ခါမွဒီလိုႏႈတ္ဆက္မခံရဖူးတာေၾကာင့္ ယုဖုန္းအတြက္ထူးဆန္းေနၿပီး သက္ေတာင့္သက္သာရွိတာမို႔ သေဘာလည္းက်ကာ လက္ကေလးႏွစ္ဖက္ကိုျပန္ရမ္းျပလိုက္သည္။
"မဂၤလာပါ..... နာက.. လုံယုဖုန္း....."
သက္တူ႐ြယ္တူကေလးႏွစ္ေယာက္ရဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ၿပဳံးရင္းႏႈတ္ဆက္ေနသည့္ ျမင္ကြင္းက ခ်စ္စရာေကာင္းေနသည္။
ညေနအေ႐ြးခံရသည့္ လူစာရင္းကိုေစာင့္ရင္း မုအိမ္ေတာ္မွာပဲသူတို႔ရွိေနခဲ့ၾကသည္။
ထ်န္းရိ ဘင္းဝမ္ႏွင့္အတူ မိခင္ျဖစ္သူႏွင့္ လက္ဖက္ရည္ေသာက္ရင္း မလွမ္းမကမ္းမွာေဆာ့ေနသည့္ လင္းရွႏွင့္ ယုအာကိုသိပ္မၾကည္ခ်င္.....
ေျပာေတာ့ ရိရိထက္ဘယ္သူ႕ကိုမွဂ႐ုမစိုက္ေတာ့ဘူးဆိုၿပီး အခုေတာ့ သူ႕ကိုေမ့ထားၿပီး သူ႕ညီမနဲ႕ပဲေဆာ့ေနေလရဲ႕.....
ဘင္းဝမ္ သခင္ေလးမုမ်က္ႏွာကိုၾကည့္ၿပီး ႀကိတ္ရယ္ေနရျပန္သည္။
Bạn đang đọc truyện trên: Truyen247.Pro