Part-26 ( foretold is true )
Unicode
နှစ်ရက်ကြာခရီးဆက်ခဲ့သည့်နောက် ဟွမ်နိုင်ငံပိုင်နက်အတွင်းရှိ ထူထပ်သည့်တောအုပ်ကြီးထဲမှ သူတို့၏အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြတော့သည်။
မြင့်မားသည့် တောင်နံရံကြီးတစ်ခုရှေ့မှာ ဘင်းဝမ်တို့ရပ်လိုက်ကြပြီး ကျောက်တောင်ကြီးမှ လျှို့ဝှက်တံခါးကိုခလုတ်တစ်ခုမှတစ်ဆင့် ဖွင့်လိုက်ကြသည်။
"ဝေါ!"
လျှောတိုက်သံတစ်ခုနှင့်အတူ တောင်နံရံကြီးမှာ ဘေးသို့ရွေ့သွားသည်။
"ငါ*"
ရန်ရှိူ့ အလန့်တကြားနှုတ်ကထွက်သွားပြီးမှ အယောင်ယောင်အမှားမှားနှင့် ကိုယ့်ပါးစပ်ကိုယ် လက်နှင့်အုပ်ထားမိသည်။
သူတို့တွေအထဲကိုဝင်လိုက်သည်နှင့် တံခါးကပြန်ပိတ်သွားသည့်နောက် ကလေးလူကြီးအရွယ်စုံသော လူအုပ်ကြီးက သူတို့ကို စောင့်ကြိုနေသည်။
လူအုပ်ကြီးရဲ့အရှေ့ဆုံးမှာတော့ ကွမ်းမင် ရုံရှင်းနှင့် ဟဲပင်းအပါအဝင် ယခင်ကိုယ်ရံတော်ဟောင်းအချို့ကိုပါတွေ့ရသည်။
ကွမ်းမင် အနက်ရောင်ကျားပေါ်မှ လူငယ်လေးကိုတွေ့ပေမယ့် သူတို့ရဲ့မင်းသားငယ်ကိုသာ လိုက်ရှာနေမိသည်။
"အစ်ကိုကြီး အရှင့်သားက ရထားလုံးထဲမှာလား!"
ဘင်းဝမ်ကို လှမ်းမေးလိုက်တော့ ဘင်းဝမ်တို့က သူ့ကို ငတုံးဟူသည့်အကြည့်တွေနှင့် ကြည့်လာကြပြီး ကုန်ပစ္စည်းတွေကို ချကြတော့သည်။
ယုဖုန်း ရှောင်းဟိုင်ကျောပေါ်မှ ဆင်းလိုက်ပြီးနောက် သူ့အရှေ့မှ မေးခွန်းတွေအပြည့်နှင့် လူတွေရဲ့ အတွေးတွေကြောင့် သက်ပြင်းသာချမိတော့သည်။
"ငါဒီမှာ"
ယုဖုန်း မျက်နှာဖုံးကြိုးကို ဖြည်လိုက်သည်။
"အားးးး!!!"
ကွမ်းမင် မျက်လုံးပြူးကြီးနှင့်အလန့်တကြားထအော်ရာ ရုံရှင်းကသူ့ခေါင်းကိုပိတ်ရိုက်ပစ်သည်။
"အရှင့်သားကို အရိုအသေပေးပါတယ်!"
ဟဲပင်း၏အသံထွက်ပေါ်လာသည့်နောက် ရထားလုံးပေါ်မှဆင်းလာသည့် လောင်းရှန်းတို့မြေးအဖိုးတွေအပါအဝင် လူအုပ်ကြီးတစ်ခုလုံးက ယုဖုန်းကို ဒူးထောက်အရိုအသေပေးလာကြသည်။
"အရှင့်သားကို အရိုအသေပေးပါတယ်!!!!!"
တောင်နံရံကိုရိုက်ခတ်သွားသည့် လူအုပ်ကြီး၏အသံနောက် ရန်ရှို့လည်း ထိုလူများနှင့်အတူ ဒူးထောက်လိုက်မိသည်။
သူ့ညီလေး ရန်လျန်အဖြစ်သက်မှတ်ထားသည့် ဤကောင်ငယ်လေး၏ သရုပ်မှန်ကို ရန်ရှို့ မှန်းဆလို့ရသွားပြီဖြစ်သည်။
"ထကြ"
တည်ငြိမ်စွာထွက်ပေါ်လာသည့် ယုဖုန်း၏အသံနောက် လူအုပ်ကြီးက မတ်တပ်ပြန်ရပ်လိုက်ပေမယ့် နှိမ့်ချစွာ ခေါင်းတွေကို ငုံ့ထားကြသည်။
နန်းလုချိန်မှာ အသက်ပေးခဲ့ရသည့် အရာရှိမိသားစုတွေမှ ရှောင်တိမ်းကာအသက်ရှင်ကျန်ရစ်သူတွေကို ဟဲပင်းကစုဆောင်းထားခြင်းဖြစ်သည်။
"သက်တောင့်သက်သာနေကြ"
ခွင့်ပြုချက်ရသည်နှင့် ယုဖုန်းကိုသာ အားလုံးကကြည့်နေကြပြီး ထိုအထဲတွင် အဆိုးဆုံးကတော့ ကွမ်းမင်ဖြစ်ကာ ယုဖုန်းကို ပတ်ပတ်လည်ကြည့်နေသည်။
အသံနှင့်အရပ်အမောင်းက တူညီပေမယ့် ဆံပင်နှင့် မျက်လုံးတွေကြောင့် ဇဝေဇဝါဖြစ်နေသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ဘင်းဝမ် စုဝေးခန်းထဲမှာ ဟဲပင်းတို့အား ယုဖုန်းအစား ရှင်းလင်းရေးလုပ်ပေးနေရပြီး အာတွေလည်းပေါက်တော့မည်ဟု ခံစားနေရသည်။
"အရှင့်သားက ဟွမ်နိုင်ငံဆီကို အကြောင်းမကြားဖို့ အမိန့်ပေးထားသေးတယ်"
"ဘာလို့လဲ....."
"မသိဘူး....."
ထိုအချိန်တွင်ယုဖုန်းကတော့ စခန်းကိုပတ်ကြည့်နေပြီး နံဘေးမှာ ရှောင်းဟိုင်နှင့် ရှောင်ချိုးရှိနေကာ ရန်ရှို့လည်း လိုက်ပါလာသည်။
ပတ်ပတ်လည် မြင့်မားလွန်းသည့် တောင်နံရံကြီးနှင့် မတ်စောက်သောတောင်တန်းတွေကြားမှ သီးသန့်ဖြစ်နေသည့် နယ်မြေကို ကြည့်နေမိသည်။
ဤစခန်းမှာ ယခင်က ဓားပြကြီးတွေရဲ့အခြေစိုက်ရာဖြစ်ပြီး ဟွမ်တော်ဝင်စစ်တပ်၏သုတ်သင်ရှင်းလင်းခြင်းခံရပြီးနောက် ဖုံးကွယ်ထားခဲ့သည့် သူ့ဦးရီးတော်ဟွမ်ဘုရင်၏လျှို့ဝှက်ပိုင်နက်တစ်ခုလည်းဖြစ်သည်။
ရွှေမိုင်းတွင်းမှာ အလုပ်လုပ်နေသည့် လူငယ်များက ယုဖုန်းတို့ကိုမြင်တော့ အရိုအသေပေးပြီး အလုပ်ဆက်လုပ်နေကြသည်။
မိုင်းတွင်းအလွန်မှာတော့ တောင်ကျချောင်းလေးတစ်ခုရှိနေပြီး ထိုချောင်းအလွန် တောအုပ်ထဲကိုရောက်တော့ အကာအကွယ်စည်းချထားသည်ကို ယုဖုန်းတွေ့လိုက်ရသည်။
အန္တရာယ်အငွေ့အသက်ကို ခံစားမိတာမို့ ယုဖုန်းစည်းထဲမှမထွက်သေးဘဲ အနောက်ကိုလှည့်ကာ ရန်ရှို့ကိုကြည့်လိုက်သည်။
"အစ်ကို စခန်းကိုပြန်နှင့်
ကျွန်တော်နောက်ဆက်မလိုက်နဲ့...."
"ဘာလို့လဲ"
"ဒီအရောင်လက်နေတဲ့ အကြည်လွှာလေးကိုမြင်လား......
ဒါအကာအကွယ်စည်းပဲ....."
ရန်ရှို့ ထိုအကာအကွယ်စည်းကိုမမြင်ဖူးတာမို့ အနီးကပ်ကြည့်ကာ လက်နှင့်ထိတွေ့ကြည့်မိတော့ အငွေ့တွေလိုဖြစ်နေပြီး ထိလို့မရပေ။
"အကာအကွယ်စည်းအတွင်းက လူကအပြင်ကိုထွက်လို့ဝင်လို့ရပေမယ့် အခြားအပြင်ကဘယ်အရာမှ ဝင်လာလို့မရအောင် စီမံထားတာ.....
စည်းတစ်ဖက်မှာ အန္တရာယ်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ......
အဲ့တာကြောင့် ဆက်မလိုက်လာနဲ့တော့....."
ရန်ရှို့ ငြင်းဆန်ချင်ပေမယ့် သူ့ညီလေးရဲ့စကားကို မလွန်ဆန်နိုင်ဘဲ အင်တင်တင်နှင့်ပင် စခန်းဆီပြန်လှည့်လာရတော့သည်။
ရန်ရှို့ ပြန်သွားတာသေချာမှ ယုဖုန်း စည်းအပြင်သို့ ထွက်လိုက်တော့သည်။
စည်းတစ်ဖက်ရှိ လေထုနှင့်မတူညီစွာ တိုက်ခတ်လာသောလေထဲမှ သွေးညှီရနံ့ကိုသယ်ဆောင်လာသည်။
မလှမ်းမကမ်းမှ နာကျင်မှုကြောင့် တအီအီညည်းညူသံထွက်ပေါ်ရာကို ပြေးကြည့်မိတော့ ဒဏ်ရာအပြင်းအထန်ရပြီး သွေးများထွက်ကာ မချိမဆန့်ခံစားနေရသည့် ဝံပုလွေများကိုတွေ့လိုက်ရသည်။
ယုဖုန်း လေထုအထက်မှ လှုပ်ရှားမှုတစ်ခုကို သတိပြုလိုက်မိပြီး ရှောင်းဟိုင်နှင့် ရှောင်ချိုးကို တွန်းကာ မိမိကိုယ်တိုင်လည်း အမြန် ဘေးကိုရှောင်လိုက်စဥ် အနက်ရောင်သတ္တဝါကြီးတစ်ကောင်က ခုန်ဆင်းလာသည်။
ရှောင်းဟိုင်နှင့် ရှောင်ချိုးက ချက်ချင်း မူလပုံစံပြောင်းကာ တိုက်ခိုက်ဖို့ အသင့်ဖြစ်သွားသည်။
နှာမှုတ်ကာ မာန်ဖီသံပြုလာသည့် ထိုအရာက ရှောင်းဟိုင်နှင့်မတိမ်းမယိမ်းလောက်ရှိသည့် ကျားသစ်နက်ကြီးတစ်ကောင်ပင်။
ယုဖုန်း ကျားသစ်နက်နှင့် မျက်လုံးချင်းစုံအောင်ကြည့်ပြီးနောက် ရှောင်းဟိုင်နှင့် ရှောင်ချိုးကို အမိန့်ပေးလိုက်တော့သည်။
"သတ်ပစ်လိုက်.....
ငါသူ့အရေခွံကို လိုချင်တယ်"
ဟိန်းဟောက်သံတွေထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်နှစ်ခုက လုံးထွေးသွားတော့သည်။
ရှောင်ချိုး ထက်မြနေသည့် ခြေသည်းတွေနှင့် ကျားသစ်နက်၏ မျက်လုံးတွေကို ကုတ်ဆွဲပစ်လိုက်သည့်အခါ ရှောင်းဟိုင်အတွက်ပို၍လွယ်ကူသွားတော့သည်။
ဝံပုလွေအုပ်မှာ ယခင်ကတည်းက ဤနေရာမှာ ကျက်စားနေခဲ့ခြင်းဖြစ်ပြီး လူတွေကိုဒုက္ခမပေးဘဲ သီသန့်နေထိုင်ကြပေမယ့် ဟဲပင်းက ကြိုတင်ကာကွယ်သည့်အနေနှင့် စည်းချထားခဲ့ခြင်းဖြစ်သည်။
ထိုကျားသစ်နက်က တောင်တန်းတွေ၍တစ်ဖက်မှ နယ်ကျွံလာခြင်းဖြစ်ပြီး မြင်မြင်သမျှကို အမဲလိုက်သတ်ဖြတ်နေသည့် အကောင်ဖြစ်သည်။
လူတွေမှာ စည်းမျဥ်းဥပဒေတွေများစွာရှိပေမယ့် တောရိုင်းတိရစ္ဆာန်တွေမှာတော့ စည်းမျဥ်းဥပဒေနှစ်ခုသာရှိသည်။
'တစ်-စားဖို့သတ်တာ နဲ့ နှစ်-အစားခံရမှာစိုးလို့သတ်တာ'
ဒီကောင်ကြီးကတော့ စည်းကမ်းဖောက်ဖျက်ကာ အပျော်တမ်းလိုသတ်နေခြင်းဖြစ်သည်။
ကျားသစ်နက်ကြီးကို ရှောင်းဟိုင်တို့နှစ်ကောင်နှင့် ထားခဲ့ကာ ဒဏ်ရာရနေသည့် ဝံပုလွေတွေကို ယုဖုန်းစတင်ကုသပေးတော့သည်။
အသက်မျှင်းမျှင်းလေးသာရှိကြတော့တာမို့ ယုဖုန်းလုပ်သမျှကို ငြိမ်ကာသာကြည့်နေကြသည်။
တစ်ကောင်ပြီးတစ်ကောင် အကောင်းအတိုင်းပြန်ဖြစ်လာပြီး ထပြေးကာ ရှောင်းဟိုင်တို့နှစ်ကောင်နှင့်အတူ ကျားသစ်နက်ကြီးကို ဝိုင်းတိုက်ခိုက်ကြတော့သည်။
ယုဖုန်း၏အမိန့်အတိုင်း အရေခွံကိုမထိခိုက်စေရန် ကျားသစ်နက်ကြီး၏ ကျောပြင်ကို ရှောင်ကာ ကျန်နေရာများကို သွားစွယ်များနှင့် ပြေးကိုက်နေကြသည်။
လုံးဝအသက်မဲ့နေသည့် ဝံပုလွေတစ်ကောင်၏ ခေါင်းကို ယုဖုန်း ထိတွေ့လိုက်ပြီး အတွေးတစ်ခုဝင်လာသည်။
ဟောကိန်းထဲကလို သေခြင်းရှင်ခြင်းကိုပါ ငါက ဆုံးဖြတ်ပေးနိုင်မလား......
ယုဖုန်း မျက်ဝန်းတွေကိုမှိတ်ကာ စိတ်ကို စုစည်းလိုက်တဲ့အခါ ပတ်ဝန်းကျင်က ဘာသံကိုမှ မကြားရတော့ဘဲ မလှမ်းမကမ်းမှ အသက်ဝိညာဥ်တစ်ခုကို အာရုံခံမိသည်။
""ပြန်လာ""
သူ့အမိန့်နောက် လက်ဖဝါးအောက်မှ အသက်မဲ့နေသည့် ဝံပုလွေမှာ တစ်ဖန်အသက်ပြန်ရှူလာတော့သည်။
ယုဖုန်း အမြန်ပဲ အခြားအသေကောင်တွေကိုပါ ထိုနည်းအတိုင်း စမ်းသပ်ကြည့်သည်။
တစ်ချို့သော ဝံပုလွေတွေကတော့ သေဆုံးချိန်ကြာမြင့်လွန်းနေပြီမို့ ၄င်းတို့၏ဝိညာဥ်ကအနီးအနားမှာမရှိတော့ရာ အသက်ပြန်သွင်း၍မရပေ။
ကျားသစ်နက်ကြီး အသက်မဲ့သွားချိန်မှာ ဒဏ်ရာထပ်ရသည့် ဝံပုလွေတွေက ယုဖုန်းအနားကိုရောက်လာကြတာမို့ ထပ်ကာကုသပေးရသည်။
အားလုံးအကောင်းအတိုင်းပြန်ဖြစ်သွားချိန်မှာ ယုဖုန်း၏ခန္ဓာကိုယ်ကတော့ အင်အားတွေယုတ်လျော့ကာ ဖြူဖတ်နေပြီး သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်ကိုမှီကာ ထိုင်နေရသည်။
"သခင် အဆင်ပြေရဲ့လား....."
လူအသွင် ပြန်ပြောင်းထားသည့် ရှောင်ချိုးကို ယုဖုန်း ခေါင်းသာညိတ်ပြလိုက်သည်။
အကောင်အရွယ်အစားစုံလင်သည့် ဝံပုလွေအုပ်ကြီးက ယုဖုန်းကို ထိုင်သာကြည့်နေကြပြီး ရှောင်းဟိုင်နှင့် ရှောင်ချိုးကတော့ ကျားသစ်နက်ကြီးကို စခန်းသို့သယ်ရန်နွယ်ကြိုးတွေနှင့် ချည်နေကြသည်။
ယုဖုန်း တောင်ကျချောင်းလေးကို သတိရသွားပြီး ရှောင်းဟိုင်းတို့ကို အရင်ပြန်ခိုင်းလိုက်သည်။
အကာအကွယ်စည်းတစ်ဖက်မှာ ဝံပုလွေအုပ်ကြီးက ရပ်ကြည့်ကာကျန်နေခဲ့ပြီး အတော်ကြာမှ တောအတွင်းသို့ဝင်သွားကြသည်။
တောင်ကျချောင်းလေးအောက်ဘက် ကျောက်တုံးကြီးများကြားမှ ရေအနည်းငယ်နက်သည့်နေရာသို့ ယုဖုန်းဆင်းလိုက်တော့သည်။
ရွှေရောင်နဂါးကရစ်ပတ်လာသည့်နောက် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အားအင်တွေပြန်ပြည့်လာတော့သည်။
'နေမင်း လမင်း
ပထဝီ ရေရှင်
သေခြင်း ရှင်ခြင်း
သူနိုးထလာချိန်'
သူသေမင်းကမ်းပါးက ပြုတ်ကျချိန်မှာ နေမဝင်သေးဘဲ လထွက်ခါစညနေစောင်းအချိန်ဖြစ်ပြီး ပထဝီမြေကြီးနှင့် ရေရှင်ရှိရာနေရာမှာ သူ့ခန္ဓာကိုယ်က သေခြင်းရှင်ခြင်းကြားမှာရုန်းကန်နေရကာ သူ့အစွမ်းတွေနိုးထခဲ့သည်။
ဟောကိန်းကမှန်တယ်......
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန်း စစ်တပ်တစ်ခုကို ဖွဲ့စည်းဖို့ အားလုံးနှင့်အတူ အစီအစဥ်ဆွဲကာ စတင်လုပ်ဆောင်တော့သည်။
ပထမဆုံး စခန်းကို အဆောက်အအုံသစ်တွေတိုးချဲ့ကာ ဆောက်လုပ်ကြပြီးနောက် ပန်းပဲဖိုတွေကို ပြန်လည်လုပ်ဆောင်စေသည်။
ရိက္ခာသိုလောင်ရုံတွေလည်း ထပ်ဆောက်ကာ လေ့ကျင့်ရေးကွင်းများပြင်ဆင်သည်။
တတ်ကျွမ်းသည့်အမျိုးသမီးကြီးများကိုဦးဆောင်စေကာ အဝတ်အထည်တွေနှင့် လိုအပ်မည့် စောင်အိပ်ရာလိပ်တွေကိုပါ ချုပ်လုပ်စေသည်။
ပြင်ဆင်မှုများပြီးနောက် ရှောင်ချိုးကို လွှတ်ကာ ကျွန်ကုန်သည်တွေ၏လမ်းကြောင်းကို ထောက်လှမ်းပြီးနောက် လမ်းမှ ဖြတ်ကာ ဘင်းဝမ်တို့က ဝင်တိုက်ပြီး ကျွန်တွေကိုခေါ်လာသည်။
စခန်းအဝင် ကျောက်တံခါးကြီးရှေ့မှ ယုဖုန်းက စောင့်ဆိုင်းနေပြီး ဘင်းဝမ်တို့ခေါ်လာသည့် ကြောက်ရွံ့နေသည် လူအုပ်ကြီးကို စစ်ဆေးသည်။
မိန်းကလေး အနည်းငယ်သာပါသည့် လူအုပ်ကြီးမှာ အများစုက မွေးကတည်းက ကျွန်လူတန်းစားကဖြစ်ပြီး အချို့ကတော့ သာမန်လူတန်းစားမှဖြစ်ကာ ရောင်းစားခံရခြင်းဖြစ်သည်။
"အိမ်ကိုပြန်ချင်တဲ့သူရှိရင် ပြန်လို့ရတယ်..."
ပြန်ဖို့ဆုံးဖြတ်တဲ့သူကို သဘောအတိုင်းပြန်စေမှာဖြစ်ပေမယ့် ယနေ့အဖြစ်အပျက်နှင့်ပတ်သက်သည့် မှတ်ဉာဏ်တွေကိုတော့ ယုဖုန်းကဖျက်ပစ်မှာဖြစ်သည်။
သူတို့တွေမှာ အိမ်မရှိပေ။
သူတို့ကိုဝယ်လိုက်သည့် သခင်ကသာ သူတို့အိမ်ဖြစ်သည်။
လူအုပ်ကြီးက အသံမထွက်ဘဲ ရွှေရောင်ဆံပင်တွေနှင့် ငွေရောင်မျက်နှာဖုံးတပ်ထားသူကိုသာငေးကြည့်နေကြသည်။
တောင်နံရံကို ဖွင့်လိုက်ချိန်မှာတော့ အားလုံးက ပါးစပ်အဟောင်းသားလေးတွေနှင့် အထဲဝင်ကြသည်။
အဝတ်သစ်တစ်စုံစီ ပေးပြီးနောက် အားလုံးကို ကိုယ်လက်သန့်စင်စေကာ ကွင်းပြင်မှာစုဝေးစေသည်။
"ဒီစခန်းမှာ စည်းမျဥ်းနှစ်ခုရှိတယ်!!
တစ်!ဖြောင့်မတ်ရမယ်!!
နှစ်! သစ္စာရှိရမယ်!!
စည်းမျဥ်းနှစ်ခုကို လိုက်နာနေသရွေ့!
မင်းတို့ကို ကာကွယ်ပေးမယ်!!!"
"ကျွန်တော်တို့က ဘာလုပ်ရမှာလဲ....."
ကောင်လေးတစ်ယောက်က မရဲတရဲလေးမေးလာသည်။
ယုဖုန်း အရှေ့ထွက်လာသည်။
"မင်းတို့က လုံမိသားစုအတွက် တိုက်ခိုက်ပေးရမယ်....."
"ကျွန်တော်တို့က အလုပ်ကြမ်းတွေပဲလုပ်တတ်တာပါ သခင်...."
"အလုပ်လည်း လုပ်ရမယ့်အပြင်
ငါတို့ မင်းတို့ကို စာသင်ပေးမယ်
တိုက်ခိုက်နည်းတွေ စစ်မက်ရေးရာတွေ သင်ပေးမယ်.....
မင်းတို့က အခုကျွန်တွေမဟုတ်တော့ဘူး.....
စစ်သည်တော်တွေဖြစ်သွားပြီလို့မှတ်ထားပါ
မနက်ဖြန်မနက်မှာ မင်းတို့အတွက်သင်ကြားရေးတွေစမယ်"
ယောက်ျားလေးတွေကို အသစ်ဆောက်ထားသည့် အိပ်ဆောင်တွေဆီသို့ ကွမ်းမင်က ဦးဆောင်ခေါ်သွားကာနေရာချပေးပြီး မိန်းကလေးတွေကိုတော့ ရုံရှင်းကဦးဆောင်ခေါ်သွားသည်။
ယုဖုန်း အိပ်မပျော်နိုင်ဘဲ မိမိအိပ်ဆောင်၏ ပြတင်းပေါက်ဘောင်ပေါ်မှာ ထိုင်နေခဲ့သည်။
သူ့အိမ်ဆောင်ဘယ်ဘက်ဘေးမှာ ရန်ရှို့၏အိပ်ဆောင်နှင့်တွဲထားသည့် ဆေးကုသဆောင်ရှိကာ စိုက်ပျိုးထားသည့်ဆေးပင်ပေါင်းများစွာက လရောင်အောက်မှာ စိမ်းလန်းနေသည်။
ညာဘက်တွင်တော့ လောင်ရှန်းတို့ မြေးအဖိုးသုံးယောက်၏ အိပ်ဆောင်ရှိကာ မီးလင်းနေသေးတာမို့ ယခုထိမအိပ်ကြသေးပုံပင်။
မနက်အတွက်စာသင်ဖို့ရန် လောင်ရှန်းတစ်ယောက်စိတ်လှုပ်ရှားနေသည်ထင်။
လှမ်းမြင်နေရသည့် ရုန်ရှင်းတို့အိပ်ဆောင်နှင့် ဘင်းဝမ်တို့၏အိပ်ဆောင်တွေကတော့ မီးရောင်မရှိဘဲတိတ်ဆိတ်နေသည်။
"အူဝူးဝူး!!!!!"
အနောက်ဘက်တောအုပ်ထဲမှ စောင့်ကျက်နေသည့် ဝံပုလွေတွေ၏အူသံကလည်း ယခင်ညတွေလိုပဲ ပုံမှန်ထွက်ပေါ်လာကာ ဘာအန္တရာယ်မှကျူးကျော်လာခြင်းမရှိကြောင်း အချက်ပြနေသည်။
လူအသွင်နှင့် အိပ်ပျော်နေကြသည့် ရှောင်ချိုးတို့နှစ်ယောက်ကလည်း ဟောက်သံတွေထွက်နေကြသည်။
ယုဖုန်း လကိုမော့ကြည့်ကာ မိမိလက်ထဲမှအနီရောင်ဆံထိုးလေးကို ပြန်ငုံ့ကြည့်မိသည်။
"ခမည်းတော် .....
မနက်ဖြန်ဆိုရင် ယုအာတို့ လုံတော်ဝင်စစ်တပ်ကို ပြန်စတင်ကြတော့မှာ"
ယုဖုန်း တစ်ယောက်တည်း စကားတွေပြောနေခဲ့သည်။
အချိန်တစ်ခုပဲလိုတာပါ.....
သူနဲ့သက်ဆိုင်တာတွေကို ပြန်ယူဖို့အတွက်...
သူနဲ့သက်ဆိုင်တဲ့ တစ်စုံတစ်ယောက်အနားကို ပြန်ရောက်ဖို့အတွက်......
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ႏွစ္ရက္ၾကာခရီးဆက္ခဲ့သည့္ေနာက္ ဟြမ္နိုင္ငံပိုင္နက္အတြင္းရွိ ထူထပ္သည့္ေတာအုပ္ႀကီးထဲမွ သူတို႔၏အေျခစိုက္စခန္းသို႔ ေရာက္ရွိခဲ့ၾကေတာ့သည္။
ျမင့္မားသည့္ ေတာင္နံရံႀကီးတစ္ခုေရွ႕မွာ ဘင္းဝမ္တို႔ရပ္လိုက္ၾကၿပီး ေက်ာက္ေတာင္ႀကီးမွ လွ်ို႔ဝွက္တံခါးကိုခလုတ္တစ္ခုမွတစ္ဆင့္ ဖြင့္လိုက္ၾကသည္။
"ေဝါ!"
ေလွ်ာတိုက္သံတစ္ခုႏွင့္အတူ ေတာင္နံရံႀကီးမွာ ေဘးသို႔ေ႐ြ႕သြားသည္။
"ငါ*"
ရန္ရွိူ႕ အလန့္တၾကားႏႈတ္ကထြက္သြားၿပီးမွ အေယာင္ေယာင္အမွားမွားႏွင့္ ကိုယ့္ပါးစပ္ကိုယ္ လက္ႏွင့္အုပ္ထားမိသည္။
သူတို႔ေတြအထဲကိုဝင္လိုက္သည္ႏွင့္ တံခါးကျပန္ပိတ္သြားသည့္ေနာက္ ကေလးလူႀကီးအ႐ြယ္စုံေသာ လူအုပ္ႀကီးက သူတို႔ကို ေစာင့္ႀကိဳေနသည္။
လူအုပ္ႀကီးရဲ႕အေရွ႕ဆုံးမွာေတာ့ ကြမ္းမင္ ႐ုံရွင္းႏွင့္ ဟဲပင္းအပါအဝင္ ယခင္ကိုယ္ရံေတာ္ေဟာင္းအခ်ိဳ႕ကိုပါေတြ႕ရသည္။
ကြမ္းမင္ အနက္ေရာင္က်ားေပၚမွ လူငယ္ေလးကိုေတြ႕ေပမယ့္ သူတို႔ရဲ႕မင္းသားငယ္ကိုသာ လိုက္ရွာေနမိသည္။
"အစ္ကိုႀကီး အရွင့္သားက ရထားလုံးထဲမွာလား!"
ဘင္းဝမ္ကို လွမ္းေမးလိုက္ေတာ့ ဘင္းဝမ္တို႔က သူ႕ကို ငတုံးဟူသည့္အၾကည့္ေတြႏွင့္ ၾကည့္လာၾကၿပီး ကုန္ပစၥည္းေတြကို ခ်ၾကေတာ့သည္။
ယုဖုန္း ေရွာင္းဟိုင္ေက်ာေပၚမွ ဆင္းလိုက္ၿပီးေနာက္ သူ႕အေရွ႕မွ ေမးခြန္းေတြအျပည့္ႏွင့္ လူေတြရဲ႕ အေတြးေတြေၾကာင့္ သက္ျပင္းသာခ်မိေတာ့သည္။
"ငါဒီမွာ"
ယုဖုန္း မ်က္ႏွာဖုံးႀကိဳးကို ျဖည္လိုက္သည္။
"အားးးး!!!"
ကြမ္းမင္ မ်က္လုံးျပဴးႀကီးႏွင့္အလန့္တၾကားထေအာ္ရာ ႐ုံရွင္းကသူ႕ေခါင္းကိုပိတ္ရိုက္ပစ္သည္။
"အရွင့္သားကို အရိုအေသေပးပါတယ္!"
ဟဲပင္း၏အသံထြက္ေပၚလာသည့္ေနာက္ ရထားလုံးေပၚမွဆင္းလာသည့္ ေလာင္းရွန္းတို႔ေျမးအဖိုးေတြအပါအဝင္ လူအုပ္ႀကီးတစ္ခုလုံးက ယုဖုန္းကို ဒူးေထာက္အရိုအေသေပးလာၾကသည္။
"အရွင့္သားကို အရိုအေသေပးပါတယ္!!!!!"
ေတာင္နံရံကိုရိုက္ခတ္သြားသည့္ လူအုပ္ႀကီး၏အသံေနာက္ ရန္ရွို႔လည္း ထိုလူမ်ားႏွင့္အတူ ဒူးေထာက္လိုက္မိသည္။
သူ႕ညီေလး ရန္လ်န္အျဖစ္သက္မွတ္ထားသည့္ ဤေကာင္ငယ္ေလး၏ သ႐ုပ္မွန္ကို ရန္ရွို႔ မွန္းဆလို႔ရသြားၿပီျဖစ္သည္။
"ထၾက"
တည္ၿငိမ္စြာထြက္ေပၚလာသည့္ ယုဖုန္း၏အသံေနာက္ လူအုပ္ႀကီးက မတ္တပ္ျပန္ရပ္လိုက္ေပမယ့္ ႏွိမ့္ခ်စြာ ေခါင္းေတြကို ငုံ႕ထားၾကသည္။
နန္းလုခ်ိန္မွာ အသက္ေပးခဲ့ရသည့္ အရာရွိမိသားစုေတြမွ ေရွာင္တိမ္းကာအသက္ရွင္က်န္ရစ္သူေတြကို ဟဲပင္းကစုေဆာင္းထားျခင္းျဖစ္သည္။
"သက္ေတာင့္သက္သာေနၾက"
ခြင့္ျပဳခ်က္ရသည္ႏွင့္ ယုဖုန္းကိုသာ အားလုံးကၾကည့္ေနၾကၿပီး ထိုအထဲတြင္ အဆိုးဆုံးကေတာ့ ကြမ္းမင္ျဖစ္ကာ ယုဖုန္းကို ပတ္ပတ္လည္ၾကည့္ေနသည္။
အသံႏွင့္အရပ္အေမာင္းက တူညီေပမယ့္ ဆံပင္ႏွင့္ မ်က္လုံးေတြေၾကာင့္ ဇေဝဇဝါျဖစ္ေနသည္။
◾◽◽◾◽◾◽◾◽◾◽◾◽◾
ဘင္းဝမ္ စုေဝးခန္းထဲမွာ ဟဲပင္းတို႔အား ယုဖုန္းအစား ရွင္းလင္းေရးလုပ္ေပးေနရၿပီး အာေတြလည္းေပါက္ေတာ့မည္ဟု ခံစားေနရသည္။
"အရွင့္သားက ဟြမ္နိုင္ငံဆီကို အေၾကာင္းမၾကားဖို႔ အမိန့္ေပးထားေသးတယ္"
"ဘာလို႔လဲ....."
"မသိဘူး....."
ထိုအခ်ိန္တြင္ယုဖုန္းကေတာ့ စခန္းကိုပတ္ၾကည့္ေနၿပီး နံေဘးမွာ ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးရွိေနကာ ရန္ရွို႔လည္း လိုက္ပါလာသည္။
ပတ္ပတ္လည္ ျမင့္မားလြန္းသည့္ ေတာင္နံရံႀကီးႏွင့္ မတ္ေစာက္ေသာေတာင္တန္းေတြၾကားမွ သီးသန့္ျဖစ္ေနသည့္ နယ္ေျမကို ၾကည့္ေနမိသည္။
ဤစခန္းမွာ ယခင္က ဓားျပႀကီးေတြရဲ႕အေျခစိုက္ရာျဖစ္ၿပီး ဟြမ္ေတာ္ဝင္စစ္တပ္၏သုတ္သင္ရွင္းလင္းျခင္းခံရၿပီးေနာက္ ဖုံးကြယ္ထားခဲ့သည့္ သူ႕ဦးရီးေတာ္ဟြမ္ဘုရင္၏လွ်ို႔ဝွက္ပိုင္နက္တစ္ခုလည္းျဖစ္သည္။
ေ႐ႊမိုင္းတြင္းမွာ အလုပ္လုပ္ေနသည့္ လူငယ္မ်ားက ယုဖုန္းတို႔ကိုျမင္ေတာ့ အရိုအေသေပးၿပီး အလုပ္ဆက္လုပ္ေနၾကသည္။
မိုင္းတြင္းအလြန္မွာေတာ့ ေတာင္က်ေခ်ာင္းေလးတစ္ခုရွိေနၿပီး ထိုေခ်ာင္းအလြန္ ေတာအုပ္ထဲကိုေရာက္ေတာ့ အကာအကြယ္စည္းခ်ထားသည္ကို ယုဖုန္းေတြ႕လိုက္ရသည္။
အႏၱရာယ္အေငြ႕အသက္ကို ခံစားမိတာမို႔ ယုဖုန္းစည္းထဲမွမထြက္ေသးဘဲ အေနာက္ကိုလွည့္ကာ ရန္ရွို႔ကိုၾကည့္လိုက္သည္။
"အစ္ကို စခန္းကိုျပန္ႏွင့္
ကြၽန္ေတာ္ေနာက္ဆက္မလိုက္နဲ႕...."
"ဘာလို႔လဲ"
"ဒီအေရာင္လက္ေနတဲ့ အၾကည္လႊာေလးကိုျမင္လား......
ဒါအကာအကြယ္စည္းပဲ....."
ရန္ရွို႔ ထိုအကာအကြယ္စည္းကိုမျမင္ဖူးတာမို႔ အနီးကပ္ၾကည့္ကာ လက္ႏွင့္ထိေတြ႕ၾကည့္မိေတာ့ အေငြ႕ေတြလိုျဖစ္ေနၿပီး ထိလို႔မရေပ။
"အကာအကြယ္စည္းအတြင္းက လူကအျပင္ကိုထြက္လို႔ဝင္လို႔ရေပမယ့္ အျခားအျပင္ကဘယ္အရာမွ ဝင္လာလို႔မရေအာင္ စီမံထားတာ.....
စည္းတစ္ဖက္မွာ အန္တရာယ်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ......
အဲ့တာေၾကာင့္ ဆက္မလိုက္လာနဲ႕ေတာ့....."
ရန္ရွို႔ ျငင္းဆန္ခ်င္ေပမယ့္ သူ႕ညီေလးရဲ႕စကားကို မလြန္ဆန္နိုင္ဘဲ အင္တင္တင္ႏွင့္ပင္ စခန္းဆီျပန္လွည့္လာရေတာ့သည္။
ရန္ရွို႔ ျပန္သြားတာေသခ်ာမွ ယုဖုန္း စည္းအျပင္သို႔ ထြက္လိုက္ေတာ့သည္။
စည္းတစ္ဖက္ရွိ ေလထုႏွင့္မတူညီစြာ တိုက္ခတ္လာေသာေလထဲမွ ေသြးညွီရနံ႕ကိုသယ္ေဆာင္လာသည္။
မလွမ္းမကမ္းမွ နာက်င္မႈေၾကာင့္ တအီအီညည္းၫူသံထြက္ေပၚရာကို ေျပးၾကည့္မိေတာ့ ဒဏ္ရာအျပင္းအထန္ရၿပီး ေသြးမ်ားထြက္ကာ မခ်ိမဆန့္ခံစားေနရသည့္ ဝံပုေလြမ်ားကိုေတြ႕လိုက္ရသည္။
ယုဖုန္း ေလထုအထက္မွ လႈပ္ရွားမႈတစ္ခုကို သတိျပဳလိုက္မိၿပီး ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးကို တြန္းကာ မိမိကိုယ္တိုင္လည္း အျမန္ ေဘးကိုေရွာင္လိုက္စဥ္ အနက္ေရာင္သတၱဝါႀကီးတစ္ေကာင္က ခုန္ဆင္းလာသည္။
ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက ခ်က္ခ်င္း မူလပုံစံေျပာင္းကာ တိုက္ခိုက္ဖို႔ အသင့္ျဖစ္သြားသည္။
ႏွာမႈတ္ကာ မာန္ဖီသံျပဳလာသည့္ ထိုအရာက ေရွာင္းဟိုင္ႏွင့္မတိမ္းမယိမ္းေလာက္ရွိသည့္ က်ားသစ္နက္ႀကီးတစ္ေကာင္ပင္။
ယုဖုန္း က်ားသစ္နက္ႏွင့္ မ်က္လုံးခ်င္းစုံေအာင္ၾကည့္ၿပီးေနာက္ ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးကို အမိန့္ေပးလိုက္ေတာ့သည္။
"သတ္ပစ္လိုက္.....
ငါသူ႕အေရခြံကို လိုခ်င္တယ္"
ဟိန္းေဟာက္သံေတြထြက္ေပၚလာၿပီး အနက္ေရာင္ပုံရိပ္ႏွစ္ခုက လုံးေထြးသြားေတာ့သည္။
ေရွာင္ခ်ိဳး ထက္ျမေနသည့္ ေျခသည္းေတြႏွင့္ က်ားသစ္နက္၏ မ်က္လုံးေတြကို ကုတ္ဆြဲပစ္လိုက္သည့္အခါ ေရွာင္းဟိုင္အတြက္ပို၍လြယ္ကူသြားေတာ့သည္။
ဝံပုေလြအုပ္မွာ ယခင္ကတည္းက ဤေနရာမွာ က်က္စားေနခဲ့ျခင္းျဖစ္ၿပီး လူေတြကိုဒုကၡမေပးဘဲ သီသန့္ေနထိုင္ၾကေပမယ့္ ဟဲပင္းက ႀကိဳတင္ကာကြယ္သည့္အေနႏွင့္ စည္းခ်ထားခဲ့ျခင္းျဖစ္သည္။
ထိုက်ားသစ္နက္က ေတာင္တန္းေတြ၍တစ္ဖက္မွ နယ္ကြၽံလာျခင္းျဖစ္ၿပီး ျမင္ျမင္သမွ်ကို အမဲလိုက္သတ္ျဖတ္ေနသည့္ အေကာင္ျဖစ္သည္။
လူေတြမွာ စည္းမ်ဥ္းဥပေဒေတြမ်ားစြာရွိေပမယ့္ ေတာရိုင္းတိရစ္ဆာန္ေတြမွာေတာ့ စည္းမ်ဥ္းဥပေဒႏွစ္ခုသာရွိသည္။
'တစ္-စားဖို႔သတ္တာ နဲ႕ ႏွစ္-အစားခံရမွာစိုးလို႔သတ္တာ'
ဒီေကာင္ႀကီးကေတာ့ စည္းကမ္းေဖာက္ဖ်က္ကာ အေပ်ာ္တမ္းလိုသတ္ေနျခင္းျဖစ္သည္။
က်ားသစ္နက္ႀကီးကို ေရွာင္းဟိုင္တို႔ႏွစ္ေကာင္ႏွင့္ ထားခဲ့ကာ ဒဏ္ရာရေနသည့္ ဝံပုေလြေတြကို ယုဖုန္းစတင္ကုသေပးေတာ့သည္။
အသက္မွ်င္းမွ်င္းေလးသာရွိၾကေတာ့တာမို႔ ယုဖုန္းလုပ္သမွ်ကို ၿငိမ္ကာသာၾကည့္ေနၾကသည္။
တစ္ေကာင္ၿပီးတစ္ေကာင္ အေကာင္းအတိုင္းျပန္ျဖစ္လာၿပီး ထေျပးကာ ေရွာင္းဟိုင္တို႔ႏွစ္ေကာင္ႏွင့္အတူ က်ားသစ္နက္ႀကီးကို ဝိုင္းတိုက္ခိုက္ၾကေတာ့သည္။
ယုဖုန္း၏အမိန့္အတိုင္း အေရခြံကိုမထိခိုက္ေစရန္ က်ားသစ္နက္ႀကီး၏ ေက်ာျပင္ကို ေရွာင္ကာ က်န္ေနရာမ်ားကို သြားစြယ္မ်ားႏွင့္ ေျပးကိုက္ေနၾကသည္။
လုံးဝအသက္မဲ့ေနသည့္ ဝံပုေလြတစ္ေကာင္၏ ေခါင္းကို ယုဖုန္း ထိေတြ႕လိုက္ၿပီး အေတြးတစ္ခုဝင္လာသည္။
ေဟာကိန္းထဲကလို ေသျခင္းရွင္ျခင္းကိုပါ ငါက ဆုံးျဖတ္ေပးနိုင္မလား......
ယုဖုန္း မ်က္ဝန္းေတြကိုမွိတ္ကာ စိတ္ကို စုစည္းလိုက္တဲ့အခါ ပတ္ဝန္းက်င္က ဘာသံကိုမွ မၾကားရေတာ့ဘဲ မလွမ္းမကမ္းမွ အသက္ဝိညာဥ္တစ္ခုကို အာ႐ုံခံမိသည္။
""ျပန္လာ""
သူ႕အမိန့္ေနာက္ လက္ဖဝါးေအာက္မွ အသက္မဲ့ေနသည့္ ဝံပုေလြမွာ တစ္ဖန္အသက္ျပန္ရႉလာေတာ့သည္။
ယုဖုန္း အျမန္ပဲ အျခားအေသေကာင္ေတြကိုပါ ထိုနည္းအတိုင္း စမ္းသပ္ၾကည့္သည္။
တစ္ခ်ိဳ႕ေသာ ဝံပုေလြေတြကေတာ့ ေသဆုံးခ်ိန္ၾကာျမင့္လြန္းေနၿပီမို႔ ၄င္းတို႔၏ဝိညာဥ္ကအနီးအနားမွာမရွိေတာ့ရာ အသက္ျပန္သြင္း၍မရေပ။
က်ားသစ္နက္ႀကီး အသက္မဲ့သြားခ်ိန္မွာ ဒဏ္ရာထပ္ရသည့္ ဝံပုေလြေတြက ယုဖုန္းအနားကိုေရာက္လာၾကတာမို႔ ထပ္ကာကုသေပးရသည္။
အားလုံးအေကာင္းအတိုင္းျပန္ျဖစ္သြားခ်ိန္မွာ ယုဖုန္း၏ခႏၶာကိုယ္ကေတာ့ အင္အားေတြယုတ္ေလ်ာ့ကာ ျဖဴဖတ္ေနၿပီး သစ္ပင္ႀကီးတစ္ပင္ရဲ႕ ပင္စည္ကိုမွီကာ ထိုင္ေနရသည္။
"သခင္ အဆင္ေျပရဲ႕လား....."
လူအသြင္ ျပန္ေျပာင္းထားသည့္ ေရွာင္ခ်ိဳးကို ယုဖုန္း ေခါင္းသာညိတ္ျပလိုက္သည္။
အေကာင္အ႐ြယ္အစားစုံလင္သည့္ ဝံပုေလြအုပ္ႀကီးက ယုဖုန္းကို ထိုင္သာၾကည့္ေနၾကၿပီး ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးကေတာ့ က်ားသစ္နက္ႀကီးကို စခန္းသို႔သယ္ရန္ႏြယ္ႀကိဳးေတြႏွင့္ ခ်ည္ေနၾကသည္။
ယုဖုန္း ေတာင္က်ေခ်ာင္းေလးကို သတိရသြားၿပီး ေရွာင္းဟိုင္းတို႔ကို အရင္ျပန္ခိုင္းလိုက္သည္။
အကာအကြယ္စည္းတစ္ဖက္မွာ ဝံပုေလြအုပ္ႀကီးက ရပ္ၾကည့္ကာက်န္ေနခဲ့ၿပီး အေတာ္ၾကာမွ ေတာအတြင္းသို႔ဝင္သြားၾကသည္။
ေတာင္က်ေခ်ာင္းေလးေအာက္ဘက္ ေက်ာက္တုံးႀကီးမ်ားၾကားမွ ေရအနည္းငယ္နက္သည့္ေနရာသို႔ ယုဖုန္းဆင္းလိုက္ေတာ့သည္။
ေ႐ႊေရာင္နဂါးကရစ္ပတ္လာသည့္ေနာက္ သူ႕ခႏၶာကိုယ္က တျဖည္းျဖည္း အားအင္ေတြျပန္ျပည့္လာေတာ့သည္။
'ေနမင္း လမင္း
ပထဝီ ေရရွင္
ေသျခင္း ရွင္ျခင္း
သူနိုးထလာခ်ိန္'
သူေသမင္းကမ္းပါးက ျပဳတ္က်ခ်ိန္မွာ ေနမဝင္ေသးဘဲ လထြက္ခါစညေနေစာင္းအခ်ိန္ျဖစ္ၿပီး ပထဝီေျမႀကီးႏွင့္ ေရရွင္ရွိရာေနရာမွာ သူ႕ခႏၶာကိုယ္က ေသျခင္းရွင္ျခင္းၾကားမွာ႐ုန္းကန္ေနရကာ သူ႕အစြမ္းေတြနိုးထခဲ့သည္။
ေဟာကိန္းကမွန္တယ္......
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန္း စစ္တပ္တစ္ခုကို ဖြဲ႕စည္းဖို႔ အားလုံးႏွင့္အတူ အစီအစဥ္ဆြဲကာ စတင္လုပ္ေဆာင္ေတာ့သည္။
ပထမဆုံး စခန္းကို အေဆာက္အအုံသစ္ေတြတိုးခ်ဲ့ကာ ေဆာက္လုပ္ၾကၿပီးေနာက္ ပန္းပဲဖိုေတြကို ျပန္လည္လုပ္ေဆာင္ေစသည္။
ရိကၡာသိုေလာင္႐ုံေတြလည္း ထပ္ေဆာက္ကာ ေလ့က်င့္ေရးကြင္းမ်ားျပင္ဆင္သည္။
တတ္ကြၽမ္းသည့္အမ်ိဳးသမီးႀကီးမ်ားကိုဦးေဆာင္ေစကာ အဝတ္အထည္ေတြႏွင့္ လိုအပ္မည့္ ေစာင္အိပ္ရာလိပ္ေတြကိုပါ ခ်ဳပ္လုပ္ေစသည္။
ျပင္ဆင္မႈမ်ားၿပီးေနာက္ ေရွာင္ခ်ိဳးကို လႊတ္ကာ ကြၽန္ကုန္သည္ေတြ၏လမ္းေၾကာင္းကို ေထာက္လွမ္းၿပီးေနာက္ လမ္းမွ ျဖတ္ကာ ဘင္းဝမ္တို႔က ဝင္တိုက္ၿပီး ကြၽန္ေတြကိုေခၚလာသည္။
စခန္းအဝင္ ေက်ာက္တံခါးႀကီးေရွ႕မွ ယုဖုန္းက ေစာင့္ဆိုင္းေနၿပီး ဘင္းဝမ္တို႔ေခၚလာသည့္ ေၾကာက္႐ြံ႕ေနသည္ လူအုပ္ႀကီးကို စစ္ေဆးသည္။
မိန္းကေလး အနည္းငယ္သာပါသည့္ လူအုပ္ႀကီးမွာ အမ်ားစုက ေမြးကတည္းက ကြၽန္လူတန္းစားကျဖစ္ၿပီး အခ်ိဳ႕ကေတာ့ သာမန္လူတန္းစားမွျဖစ္ကာ ေရာင္းစားခံရျခင္းျဖစ္သည္။
"အိမ္ကိုျပန္ခ်င္တဲ့သူရွိရင္ ျပန္လို႔ရတယ္..."
ျပန္ဖို႔ဆုံးျဖတ္တဲ့သူကို သေဘာအတိုင္းျပန္ေစမွာျဖစ္ေပမယ့္ ယေန႕အျဖစ္အပ်က္ႏွင့္ပတ္သက္သည့္ မွတ္ဉာဏ္ေတြကိုေတာ့ ယုဖုန္းကဖ်က္ပစ္မွာျဖစ္သည္။
သူတို႔ေတြမွာ အိမ္မရွိေပ။
သူတို႔ကိုဝယ္လိုက္သည့္ သခင္ကသာ သူတို႔အိမ္ျဖစ္သည္။
လူအုပ္ႀကီးက အသံမထြက္ဘဲ ေ႐ႊေရာင္ဆံပင္ေတြႏွင့္ ေငြေရာင္မ်က္ႏွာဖုံးတပ္ထားသူကိုသာေငးၾကည့္ေနၾကသည္။
ေတာင္နံရံကို ဖြင့္လိုက္ခ်ိန္မွာေတာ့ အားလုံးက ပါးစပ္အေဟာင္းသားေလးေတြႏွင့္ အထဲဝင္ၾကသည္။
အဝတ္သစ္တစ္စုံစီ ေပးၿပီးေနာက္ အားလုံးကို ကိုယ္လက္သန့္စင္ေစကာ ကြင္းျပင္မွာစုေဝးေစသည္။
"ဒီစခန္းမွာ စည္းမ်ဥ္းႏွစ္ခုရွိတယ္!!
တစ္!ေျဖာင့္မတ္ရမယ္!!
ႏွစ္! သစၥာရွိရမယ္!!
စည္းမ်ဥ္းႏွစ္ခုကို လိုက္နာေနသေ႐ြ႕!
မင္းတို႔ကို ကာကြယ္ေပးမယ္!!!"
"ကြၽန္ေတာ္တို႔က ဘာလုပ္ရမွာလဲ....."
ေကာင္ေလးတစ္ေယာက္က မရဲတရဲေလးေမးလာသည္။
ယုဖုန္း အေရွ႕ထြက္လာသည္။
"မင္းတို႔က လုံမိသားစုအတြက္ တိုက္ခိုက္ေပးရမယ္....."
"ကြၽန္ေတာ္တို႔က အလုပ္ၾကမ္းေတြပဲလုပ္တတ္တာပါ သခင္...."
"အလုပ္လည္း လုပ္ရမယ့္အျပင္
ငါတို႔ မင္းတို႔ကို စာသင္ေပးမယ္
တိုက္ခိုက္နည္းေတြ စစ္မက္ေရးရာေတြ သင္ေပးမယ္.....
မင္းတို႔က အခုကြၽန္ေတြမဟုတ္ေတာ့ဘူး.....
စစ္သည္ေတာ္ေတြျဖစ္သြားၿပီလို႔မွတ္ထားပါ
မနက္ျဖန္မနက္မွာ မင္းတို႔အတြက္သင္ၾကားေရးေတြစမယ္"
ေယာက္်ားေလးေတြကို အသစ္ေဆာက္ထားသည့္ အိပ္ေဆာင္ေတြဆီသို႔ ကြမ္းမင္က ဦးေဆာင္ေခၚသြားကာေနရာခ်ေပးၿပီး မိန္းကေလးေတြကိုေတာ့ ႐ုံရွင္းကဦးေဆာင္ေခၚသြားသည္။
ယုဖုန္း အိပ္မေပ်ာ္နိုင္ဘဲ မိမိအိပ္ေဆာင္၏ ျပတင္းေပါက္ေဘာင္ေပၚမွာ ထိုင္ေနခဲ့သည္။
သူ႕အိမ္ေဆာင္ဘယ္ဘက္ေဘးမွာ ရန္ရွို႔၏အိပ္ေဆာင္ႏွင့္တြဲထားသည့္ ေဆးကုသေဆာင္ရွိကာ စိုက္ပ်ိဳးထားသည့္ေဆးပင္ေပါင္းမ်ားစြာက လေရာင္ေအာက္မွာ စိမ္းလန္းေနသည္။
ညာဘက္တြင္ေတာ့ ေလာင္ရွန္းတို႔ ေျမးအဖိုးသုံးေယာက္၏ အိပ္ေဆာင္ရွိကာ မီးလင္းေနေသးတာမို႔ ယခုထိမအိပ္ၾကေသးပုံပင္။
မနက္အတြက္စာသင္ဖို႔ရန္ ေလာင္ရွန္းတစ္ေယာက္စိတ္လႈပ္ရွားေနသည္ထင္။
လွမ္းျမင္ေနရသည့္ ႐ုန္ရွင္းတို႔အိပ္ေဆာင္ႏွင့္ ဘင္းဝမ္တို႔၏အိပ္ေဆာင္ေတြကေတာ့ မီးေရာင္မရွိဘဲတိတ္ဆိတ္ေနသည္။
"အူဝူးဝူး!!!!!"
အေနာက္ဘက္ေတာအုပ္ထဲမွ ေစာင့္က်က္ေနသည့္ ဝံပုေလြေတြ၏အူသံကလည္း ယခင္ညေတြလိုပဲ ပုံမွန္ထြက္ေပၚလာကာ ဘာအႏၱရာယ္မွက်ဴးေက်ာ္လာျခင္းမရွိေၾကာင္း အခ်က္ျပေနသည္။
လူအသြင္ႏွင့္ အိပ္ေပ်ာ္ေနၾကသည့္ ေရွာင္ခ်ိဳးတို႔ႏွစ္ေယာက္ကလည္း ေဟာက္သံေတြထြက္ေနၾကသည္။
ယုဖုန္း လကိုေမာ့ၾကည့္ကာ မိမိလက္ထဲမွအနီေရာင္ဆံထိုးေလးကို ျပန္ငုံ႕ၾကည့္မိသည္။
"ခမည္းေတာ္ .....
မနက္ျဖန္ဆိုရင္ ယုအာတို႔ လုံေတာ္ဝင္စစ္တပ္ကို ျပန္စတင္ၾကေတာ့မွာ"
ယုဖုန္း တစ္ေယာက္တည္း စကားေတြေျပာေနခဲ့သည္။
အခ်ိန္တစ္ခုပဲလိုတာပါ.....
သူနဲ႕သက္ဆိုင္တာေတြကို ျပန္ယူဖို႔အတြက္...
သူနဲ႕သက္ဆိုင္တဲ့ တစ္စုံတစ္ေယာက္အနားကို ျပန္ေရာက္ဖို႔အတြက္......
◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro