Part-24 ( departure )
Unicode
ယုဖုန်း ကြည်လင်နေသည့် မြစ်ရေထဲကို ငုပ်လျှိုးလိုက်ပြီးနောက် သူ့ရှေ့မှာပေါ်လာသည့် အစောင့်အရှောက်နဂါးက သူ့ကိုလာရစ်ပတ်လိုက်သည့်အခါ ရေ၏ဖိအားကိုမခံစားရတော့ဘဲ ပေါ့ပါးသွားသည်။
ရွှေရောင်နဂါး၏ဆူးတောင်တွေကို သူထိကြည့်လိုက်တော့ ရေမှော်ပင်ကိုထိရသလိုပင် ချောမွေ့နေသည်။
ယုဖုန်းရေထဲမှာကြာလာပေမယ့် အသက်ရှူကြပ်ခြင်းကိုလည်းမခံစားရပေ။
အိမ်မွေးတိရစ္ဆာန်လေးလိုမျိုး သူ့လက်တွေကြားခေါင်းတိုးဝှေ့နေသည့် ဤဒဏ္ဍာရီလာ သတ္တဝါကြီးက ယုဖုန်းအတွက်တော့ ယဥ်ပါးလွန်းနေသည်။
အဆိပ်ဒဏ်ကို လတိုင်း ခံစားရပြီးချိန်တိုင်း ယုဖုန်းမြစ်ထဲကိုလာလေ့ရှိသည်။
သူ့အစောင့်အရှောက်နဂါးနှင့်တွေ့ပြီးရင် သူ့ခန္ဓာကိုယ်က ပိုကောင်းလာသလို ခံစားရမြဲဖြစ်သည်။
အချိန်အတော်ကြာမှ ယုဖုန်း ရေထဲကပြန်တက်လာခဲ့ကာ အဝတ်တွေပြန်ဝတ်လိုက်ပြီး ရွာထဲကိုပြန်လာခဲ့သည်။
"လျန်အာ! ဘယ်ကပြန်လာတာလဲ....."
ယုဖုန်း အရေးမစိုက်ဘဲ မကြားသလိုဆက်လျှောက်သွားတော့ သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲခြင်းခံလိုက်ရသည်။
"ငါကယဲ့အန်းလေ.....
မင်းအစ်ကို သူငယ်ချင်း"
ယုဖုန်း ထိုလူ၏လက်တွေကို အားနှင့် ဖြုတ်ချလိုက်ပြီး မနှစ်မြို့မှုကြောင့် အံကိုကြိတ်ထားမိသည်။
'မာနလာကြီးပြနေတယ်.....
ကိုယ့်ကိုကိုယ် ဘယ်သူမှန်းတောင်မသိတဲ့ အအကများ'
ထိုလူ၏လက်ကို ထိမထားပေမယ့် မျက်လုံးမှတစ်ဆင့် ကြားလိုက်ရသည့် ထိုလူ၏အတွေးတွေ......
ယုဖုန်း ကိုယ့်ကိုကိုယ် သည်းခံဖို့ ဖိအားပေးရင်း လှည့်ထွက်လိုက်စဥ် ပြေးလိုက်လာသံနှင့် သူ့ခေါင်းကိုအနောက်မှ အရိုက်ခံလိုက်ရသည်။
နာကျင်မှုနှင့် တစ်ချက်မူးဝေသွားပြီး သူလဲကျသွားချိန် ယဲ့အန်းက သူ့ကိုပွေ့ချီလာသည်။
"ငါကမင်းနဲ့နည်းနည်းလောက်ကစားချင်ရုံပါ"
ခပ်အုပ်အုပ် ချုံပုတ်တွေရဲ့အနောက်မှာ ယုဖုန်းကို လွှတ်ချလိုက်ပြီး ထိုလူ၏မျက်နှာက ငုံ့ကိုင်းကျလာသည်။
မူးဝေမှုက တဖြည်းဖြည်းပျက်ပြယ်လာပြီး နာကျင်မှုလည်းသက်သာလာရာ ယုဖုန်းထိုလူဘာဆက်လုပ်မလဲဆိုတာကို ငြိမ်ကြည့်နေလိုက်သည်။
"အော်ချင်ရင်အော်လို့ရတယ်နော်......
ဘယ်သူမှတော့ကြားမှာမဟုတ်ဘူး"
"........"
"မင်းက ငါမြင်ဖူးသမျှထဲမှ အလှဆုံးပဲ.....
မင်းသာမိန်းကလေးဆို.....ငါ့ကလေးကိုမွေးခိုင်းပြီး ငါ့မိန်းမလုပ်ရမှာ သိလား......."
ထိုလူ၏ ရွံစရာမျက်နှာကို ယုဖုန်း စိုက်ကြည့်လိုက်ချိန်မှာ မြင်လိုက်ရသည့် မြင်ကွင်းတွေက......ရန်လျန်......
ရန်မိသားစု၏ မူလဒုတိယသားရန်လျန်ကို ဤယဲ့အန်းဆိုသူက ကြံစည်ဖူးခဲ့ပြီး ဘယ်သူ့မှမပြောရန်ခြိမ်းခြောက်ထားခဲ့သည်။
ရန်လျန် တောင်ပေါ်သို့သွားစဥ်က သူ့သူငယ်ချင်းတွေနှင့် လူစုကွဲသွားစဥ်မှာ အနောက်ကခိုးလိုက်လာသည့် ယဲ့အန်းနှင့် ရုန်းရင်းဆန်ခက်ဖြစ်ခဲ့သည်။
နှစ်ဖွဲ့ခွဲပြီးလိုက်ရှာသည့် သူငယ်ချင်းနှစ်ယောက်ရောက်လာပြီး တွေ့သွားတာမို့ ယဲ့အန်းနှင့် ရန်ဖြစ်ကြသည်။
အသက်ငါးနှစ်ကျော်မျှကွာသည့် ယဲ့အန်းကို ရန်လျန်တို့သုံးယောက်ပေါင်းတာတောင်မနိုင်နိုင်ပါ။
ထိုအချိန်မှာပဲ မုန်တိုင်းကျလာခဲ့ပြီး မြေစပြိုချိန်မှာ ရန်လျန်အပါအဝင် သူ၏သူငယ်ချင်းနှစ်ယောက်လုံးကိုပါ နံဘေးချောက်ထဲသို့ ယဲ့အန်းကတွန်းချပစ်ခဲ့သည်။
တောင်၏အခြားတစ်ဖက်မှာ ရန်လျန်ကိုသွားရှာသည့်နှစ်ယောက်သာ အသက်ရှင်လျက်ရွာကိုပြန်နိုင်ခဲ့ပြီး ထိုအဖြစ်အပျက်ကို မသိခဲ့ကြပေ။
ယဲ့အန်း၏အဖေက ရွာအကြီးအကဲတစ်ယောက်ဖြစ်တာမို့ ဖခင်အားကိုးနှင့် ယန်အန်းကတကယ့်ကို အတွင်းပုပ်လူယုတ်မာတစ်ယောက်ဖြစ်နေမှန်း ထိုလူ၏မှတ်ဉာဏ်များထဲမှ ယုဖုန်းတွေ့ရှိသွားသည်။
သူ့ခန္ဓာကိုယ်ကို ပွတ်သပ်နေသည့် လက်တွေက ဝတ်စုံပေါ်မှ ကြိုးကိုဆွဲဖြည်လိုက်ပြီး ယုဖုန်း၏လည်တိုင်ကို ပြင်းထန်စွာနမ်းရှိုက်လာသည်။
"လျန်အာ...... မင်းကအရမ်းမွှေးတာပဲ"
"ဟုတ်လား...."
သူ့ဘောင်းဘီပေါ်ရောက်လာသည့်လက်ကို ယုဖုန်းဖမ်းကိုင်လိုက်ကာ သူ့ကိုအံ့ဩစွာကြည့်နေသည့် ယဲ့အန်းကိုဘေးသို့ ကန်ချလိုက်သည်။
"မင်း...မင်း စကားပြောတတ်တယ်......"
ယုဖုန်း ဝတ်စုံမှကြိုးကို ပြန်ချီပြီး မတ်တပ်ထရပ်ကာ ဖုန်ခါလိုက်သည်။
"မင်းပြောတော့.....
ရန်ရှို့က မင်းသူငယ်ချင်းဆို....."
ယဲ့အန်း ထဖို့လုပ်လိုက်ပေမယ့် သူ့ဗိုက်ကို အကန်ခံရထားသည့် အားကပြင်းတာမို့ မလှုပ်နိုင်ပေ။
"မင်းသူငယ်ချင်းရဲ့ ညီကို.....
ဘယ်လိုတောင်.....ယုတ်မာခဲ့ရတာလဲ....."
ယုဖုန်း သူ့ရှေ့မှ ယဲ့အန်းကို မျက်ဝန်းတွေမှေးစင်းကာကြည့်လိုက်ရာ ယဲ့အန်း တုန်ရီလာပြီး ချွေးတွေထွက်လာသည်။
"မင်း ဘာတွေလာပြောနေတာလဲ!"
"ရန်လျန်နဲ့ သူ့သူငယ်ချင်းတွေကိုမင်းသတ်လိုက်တာလေ!!"
ယုဖုန်း ဒေါသတကြီး ယဲ့အန်းကို ပိတ်ကန်ပစ်တော့သည်။
နေရာအနှံ့ဆက်တိုက်ကန်နေပြီး ယဲ့အန်းနာကျင်စွာကိုယ်ကိုကွေး၍အော်ဟစ်နေရသည်။
အော်သံရပ်သွားပြီး ယဲ့အန်းသတိလစ်သွားချိန်မှာ ယုဖုန်း ထိုင်ချလိုက်ပြီး ထိုလူ၏ခေါင်းအားကိုင်ကာ ကုသခြင်းအစွမ်းကိုသုံးလိုက်သည်။
ယဲ့အန်း သတိပြန်ရလာပြီး သူ့ရှေ့မှကောင်လေးကိုမြင်တာနဲ့ အလန့်တကြား လက်အုပ်ချီကာ တောင်းပန်တော့သည်။
"ငါမှားသွားပါတယ်! ငါ့ကိုမသတ်ပါနဲ့!
တောင်းပန်ပါတယ်!! မသတ်ပါနဲ့!"
"မင်းတောင်းပန်တော့ရော......
ရန်လျန်ကပြန်ရှင်လာမှာမို့လား....."
ယုဖုန်း တဖန် ထိုလူ့အား ဘောလုံးတစ်လုံးလို စိတ်ရှိတိုင်း ကန်ပြန်သည်။
ပါးစပ်ကသွေးတွေထွက်ကာ သတိလစ်သွားပြန်တော့ ယုဖုန်းပြန်ကုပေးကာ ထပ်ကန်ပြန်သည်။
"ငါမှားသွားပါတယ်! မှားသွားပါတယ်!!"
ယုဖုန်း သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ မျက်ဝန်းတွေက အနက်ရောင်ပြောင်းသွားကာ ယဲ့အန်း၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
"ငါမင်းကိုမသတ်ပါဘူး......
ငါကမင်းနဲ့နည်းနည်းလောက်ကစားချင်ရုံပါ..."
ယဲ့အန်း သူ့အား အေးစက်စက်ပြောကာ စိုက်ကြည့်နေသည့် ကောင်လေး၏အရောင်ပြောင်းသွားသော အနက်ရောင်မျက်ဝန်းတွေကို စိုက်ကြည့်မိချိန်မှာ သွေးရူးသွေးတမ်းကြောက်လန့်စွာအော်ဟစ်တော့သည်။
"အား!!!!! မကောင်းဆိုးဝါး!!!"
ယဲ့အန်းကို ယုဖုန်းလွှတ်ပေးလိုက်ချိန်မှာဘဲ ထိုလူက ဂနာမငြိမ်ဖြစ်ကာ နားနှစ်ဖက်ကို လက်တွေနှင့်ပိတ်ပြီး မျက်လုံးတွေကလည်းတောင်ကြည့်မြောက်ကြည့်ဖြစ်နေသည်။
ယဲ့အန်းစိတ်ကိုယုဖုန်းဖတ်ကြည့်လိုက်ချိန်မှာပဲ မိမိကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်သွားရသည်။
ယဲ့အန်းမှတ်ဉာဏ်တွေက ပျက်စီးကုန်ပြီး ကြောက်ဖို့ကောင်းသည့် ပုံရိပ်တွေကိုသာ မြင်ယောင်နေကာ ထိုလူကရူးသွားခဲ့ပြီ။
ငါမှတ်ဉာဏ်တွေကိုဖျက်နိုင်တယ်......
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယဲ့အန်း၏ ရူးသွားမှုကြောင့် သမားတော်ရန်နှင့် ရန်ရှို့မှာ အလုပ်ရှုပ်သွားရပေမယ့် စိတ်ရောဂါမို့ သူတို့မကုနိုင်ကြောင်း ရွာလူကြီးကိုပြောရသည်။
ယဲ့အန်းက တောစောင့်တောင်စောင့်နတ်တွေကို အပြစ်ပြုမိလို့ ရူးသွားရတယ်လို့လည်း ရွာထဲမှာပြောနေကြသည်။
"ယဲ့အန်းအတွက် စိတ်မကောင်းလိုက်တာ....
နော...လျန်အာ....."
ယုဖုန်း တုတ်တစ်ချောင်းနှင့် မြေကြီးပေါ်မှာ ရေးလိုက်သည်။
""သူ့ပြုသမျှကံ သူပြန်ခံရမယ်""
ရန်ရှို့ မြေပြင်ထက်မှ သူ့ညီလေး၏ လက်ရေးကိုကြည့်ကာ လက်ခုပ်တီးမိတော့သည်။
"လျန်အာ့ လက်ရေးကလှလိုက်တာ!
စာရေးနည်းတွေကို မှတ်မိလာပြီလား...."
ယုဖုန်းခေါင်းညိတ်ပြလိုက်သည်။
"ကောင်းလိုက်တာ....."
ရန်ရှို့ ဝမ်းသာမိပေမယ့် လျန်အာ့ကို မှတ်ဉာဏ်တွေလည်းပြန်မရစေချင်ပေ။
လျန်အာက အကုန်ပြန်မှတ်မိသွားပြီး သူ့အိမ်သူပြန်သွားမှာကို ရန်ရှို့မလိုချင်တော့။
ဒီအတိုင်းလေး သူ့ညီလေး လျန်အာအဖြစ်ပဲ သူတို့နှင့် တစ်သက်လုံး နေလျှင်ကောင်းမည်။
ယုဖုန်း ရန်ရှို့၏ အတွေးတွေကို ကြားနေရပြီး သတိလက်လွတ်ရပ်နေသည့် ထိုလူကို ထားခဲ့ကာ အိမ်သို့အရင်ပြန်ခဲ့တော့သည်။
"လျန်အာ......
သားလာ.....ဒီဝတ်စုံ အသစ်တွေကို ဝတ်ကြည့်ပါဦး!"
သူမကိုယ်တိုင် ချုပ်ထားသည့် ဝတ်စုံသုံးစုံကို လျန်အာအားဝတ်ကြည့်ခိုင်းကာ ရန်သခင်မကြီးကျေနပ်နေသည်။
"ကျွန်မတို့ လျန်အာက ဘာဝတ်ဝတ် လိုက်ဖက်နေရောပဲ.....
ဟုတ်တယ်မလား သခင်ကြီး!"
ခပ်လှမ်းလှမ်းမှထိုင်ကြည့်နေသည့် ရန်သမားတော်ကြီးကလည်း သူ့ဇနီး၏စကားကို ခေါင်းညိတ်ကာ ထောက်ခံနေသည်။
ယုဖုန်း ပျော်ရွှင်မှုတွေနှင့်ပြည့်နေသည့် ရန်မိသားစုကို ကြည့်ကာ သူ့ရဲ့ တစ်ချိန်က ကိုယ်ပိုင်မိသားစုကိုလွမ်းမိသည်။
သူ့အစ်မတော်တွေနှင့် သူငြင်းခုံဆော့ကစားနေတိုင်း ပြုံးရွှင်စွာ ကြည့်နေတတ်သည့် သူ့ခမည်းတော်နှင့် မယ်တော်တွေ.....
သူလိုချင်တာတွေရှိတိုင်းရအောင်လုပ်ပေးတတ်ပြီး သူ့ကိုအမြဲအလိုလိုက်ခဲ့သည့် သူ့မိသားစု.....
ယုဖုန်း၏ ခရမ်းနုရောင်မျက်ဝန်းတွေမှာ အေးစက်သထက်အေးစက်လာနေသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
"ရွာထဲရောက်ရင် အပြောအဆို သတိထား..."
ဘင်းဝမ်၏အမိန့်ကို ပိုင်မင်တို့အားလုံးနာခံကြသည်။
ရွာအဝင်နားနီးလာသောကြောင့် သူတို့တွေမြင်းပေါ်မှ ဆင်းကာ မြင်းဇက်ကြိုးကိုသာဆွဲ၍လမ်းလျှောက်လာကြသည်။
ရှောင်းဟိုင် နှင့် ရှောင်ချိုးလည်း လူအသွင်ပြန်ပြောင်းလိုက်ပြီးနောက် သူတို့နှစ်ဦးမှ ဦးဆောင်၍ရွာထဲသို့ဝင်ခဲ့ကြတော့သည်။
"ဘယ်ကလာတဲ့လူတွေလဲ"
"တစ်ခါမှ မမြင်ဖူးဘူး"
သူတို့အဖွဲ့ကို လူတွေကထွက်ကြည့်နေကြသည်။
ရှောင်းဟိုင် ခေါင်းကိုမော့ကာ လေထဲမှ သခင်ဖြစ်သူ၏ရနံ့နောက်လိုက်ခဲ့ပြီး နောက်ဆုံးတော့ ရန်အိမ်တော်ခြံဝန်းရှေ့ရောက်ခဲ့တော့သည်။
"ဆေးလာကုတာလားဗျ"
ရန်ရှို့ ခြံဝန်းရှေ့မှ လူစိမ်းတစ်ဖွဲ့ကို မသင်္ကာစွာမေးလိုက်သည်။
"ကျွန်တော်တို့ရဲ့ သခင်လေးကို လာခေါ်တာပါ"
"သခင်လေး? ဘယ်သူလဲ....."
သမားတော်ရန်ပါ ဆေးကုဆောင်ထဲမှထွက်လာသည့်နောက် ယုဖုန်းလည်းအပြင်မှ အသံတွေကြောင့် စာဖတ်နေရာမှ ထွက်လာခဲ့သည်။
"သခင်!"
ရှောင်းဟိုင်နှင့် ရှောင်ချိုးက အမြန် ယုဖုန်းအနားရောက်လာကာ သူ့ရှေ့ခေါင်းလေးတွေငုံ့၍ တိုးဝှေ့လာသောကြောင့် ယုဖုန်းအသာပွတ်ပေးလိုက်ရာ ကျေနပ်သွားကြသည်။
"သခင်လေးကို ဂါရဝပြုပါတယ်!!!"
သူ့ကို ဒူးထောက်အရိုအသေပေးလာသည့် ကွမ်းမင်နှင့် သူ၏ကိုယ်ရံတော်ငါးဦး......
ရန်မိသားစုဝင်တွေကတော့ ဘေးမှ ရပ်ကြည့်နေပြီး ခြံဝန်းအရှေ့မှာလည်း ရွာသားတွေစုရုံးနေသည်။
"ထကြ"
တည်ငြိမ်စွာ ထွက်ပေါ်လာသည့် လျန်အာ၏အသံကြောင့် ရန်ရှို့တို့မှာ အံ့ဩသွားရသည်။
"လျန်အာကစကားပြောတတ်တယ်!"
ရန်ရှို့လက်ကိုသူ့ဖခင်ကဆွဲကာ ကောင်ငယ်လေးစီသွားမည့်ခြေလှမ်းတွေကို တားဆီးလိုက်သည်။
ယုဖုန်း ဘင်းဝမ်တို့၏ စိတ်ထဲမှတစ်ဆင့် အစ်ကိုတော်တို့ဘေးကင်းစွာရှိနေကြောင်းသိလိုက်ရသည်။
"ရန်သခင်ကြီး"
ယုဖုန်း သမားတော်ရန် ထံလျှောက်သွားလိုက်သည်။
"ဒီတစ်ည ကျွန်တော့အမှုထမ်းတွေကို
ဒီမှာ တည်းခွင့်ပေးဖို့ တောင်းဆိုပါတယ်"
သမားတော်ရန်က ဤကလေးတောင်းဆိုသမျှကို လိုက်လျောဖို့ ဆန္ဒရှိသူမို့ ခွင့်ပြုလိုက်တော့သည်။
"ရတယ်....
ကျီကျင့် အခန်းတွေပြင်ထားလိုက်!
ညစာအတွက်ပါပြင်!"
"ဟုတ်ကဲ့"
အိမ်တော်ထိန်းနှင့် အလုပ်သမားတွေအားလုံး ပြင်ဆင်ဖို့ ထွက်သွားကြသည်။
"ကျေးဇူးတင်ပါတယ်"
ယုဖုန်း ကျေးဇူးတင်စကားဆိုပြီးနောက် ဘင်းဝမ်တို့၏မြင်းတွေကို နေရာတကျထားရန် မြင်းဇောင်းရှိရာသို့ ခေါ်လာခဲ့သည်။
"ဆံပင်တွေရော မျက်လုံးအရောင်ကရော
ဘယ်လိုဖြစ်တာလဲ အရှင့်သား"
ယုဖုန်း ခြေလှမ်းတွေရပ်ကာ ဘင်းဝမ်တို့နှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ငါ့ကို အရှင့်သားလို့မခေါ်နဲ့.....
မျက်စိနဲ့ နားတွေက နေရာတိုင်းမှာ ရှိတယ်"
"ဟုတ်ကဲ့!
သခင်လေးလို့ပဲခေါ်ပါ့မယ်"
"ငါ့နာမည်အစစ်ကို လုံးဝနှုတ်မဟမိစေနဲ့
နားလည်လား"
"ဟုတ်ကဲ့ နားလည်ပါပြီ သခင်လေး"
မြင်းဇောင်းမှာ မြင်းတွေကို နေရာချထားပြီး အစာကျွေးထားခဲ့ကာ သူတို့ စကားပြောဖြစ်ကြသည်။
"ငါ သေမင်းကမ်းပါးကနေ ပြုတ်ကျခဲ့တာ..."
"သေမင်းကမ်းပါး?
မဟုတ်မှ ဟိုရေနတ်ဆိုးအသိုက်လား!"
"အင်း.....အဲ့နောက် ငါသတိမေ့သွားပြီးနိုးလာတော့ ဒီလိုပုံစံနဲ့ ဒီရွာကိုရောက်နေပြီ....."
"သခင်လေး ဘယ်လိုလုပ်အသက်ရှင်နိုင်ခဲ့တာလဲ......
သေမင်းကမ်းပါးကပြုတ်ကျရင် ရေနတ်ဆိုးအစာဖြစ်ပြီး ဘယ်သူမှအသက်မရှင်နိုင်ဘူးလေ"
"ငါ့ကိုလည်းရေနတ်ဆိုးက စားခဲ့တယ်
ဒါပေမယ့် ရေနတ်ဆိုးကသေပြီး မြစ်ဘေးမှာ လာတင်နေလို့ ဗိုက်ကိုခွဲပြီး ရန်သခင်ကြီးကငါ့ကိုကယ်ခဲ့တာ....."
"ဝါး......"
ကိုယ်ရံတော်အဖွဲ့ကြီးက ယုဖုန်းပြောပြတာတွေကို ပါးစပ်အဟောင်းသားနှင့်နားထောင်နေရှာသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ညစာကို ရန်သခင်ကြီးက ကျောက်စားပွဲအရှည်ကြီးမှာခင်းခိုင်း၍ အားလုံးအတူစားကြဖို့တောင်းဆိုသည်။
ယုဖုန်း ခါတိုင်းလိုပဲ ရန်သခင်မကြီး ဘေးမှာထိုင်လိုက်ပြီး ရန်ရှို့ကတော့ သူနှင့်မျက်နှာချင်းဆိုင်မှာထိုင်နေကာ မျက်နှာမကောင်းပေ။
"အားမနာနဲ့ စားကြနော်"
ရန်သခင်ကြီးက ဧည့်ဝတ်ကျေပေမယ့် မှုန်ကုပ်နေသည့် ရန်သခင်လေးကြောင့် သူတို့မှာစားရတာ နင်နင် နေသည်။
"ပြော! မင်းနာမည်အရင်းကဘာလဲ"
ရန်ရှို့ မနေနိုင်စွာ ထမေးလိုက်တော့ စားပွဲအောက်မှသူ့ဖခင်က သူ့ကိုလှမ်းကန်သည်။
"လျန်....
ငါ့နာမည်က လျန်..."
"လျန်.....ဟုတ်လို့လား"
အရှင့်သားက သူ့နာမည်အရင်းကို ဖုံးကွယ်ထားသည်မို့ လျန်ဟူသည့်နာမည်မှာ နာမည်အရင်းဖြစ်ကြောင်း ဝိုင်းထောက်ခံသည့်အနေဖြင့် ဘင်းဝမ်တို့ ခေါင်းတွေညိတ်ကြသည်။
"မျိုးရိုးနာမည်ကရော"
"မရှိဘူး"
"ဟမ်! မျိုးရိုးနာမည်မရှိတာဖြစ်နိုင်လို့လား"
"ရှို့အာ တော်တော့!"
ရန်သခင်မကြီး ဝင်ဟန့်လိုက်မှ ရန်ရှို့ ငြိမ်ငြိမ်လေး ပြန်ထိုင်လိုက်သည်။
ညစာစားပြီး ဘင်းဝမ်တို့ သွားနားကြချိန်မှာ ခါတိုင်းလိုပဲ သူတို့လေးယောက်သာ အကြမ်းရည်သောက်ရင်း ကျန်နေခဲ့သည်။
"ကျွန်တော် မနက်ဖြန်မနက်.....
သူတို့နဲ့ လိုက်သွားတော့မယ်"
ယုဖုန်း သူ့လက်ကိုတင်းတင်းဆွဲထားသည့် ရန်သခင်မကြီး၏ လက်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်...."
"လျန်အာ.....မေမေသိပါတယ်......
သားကအမေမွေးထားတဲ့ လျန်အာမဟုတ်မှန်း.....
ဒါပေမယ့်.....သားကိုမေမေ တကယ်သားအရင်းလေးလို ချစ်တာပါ"
"ကျွန်တော်သိပါတယ်"
ယုဖုန်း သူ့လက်ကိိုကိုင်ကာ မျက်ရည်တွေကျလာသည့် ရန်သခင်မကြီးကို ပွေ့ဖက်ကာနှစ်သိမ့်ပေးမိသည်။
သူမစိတ်ပုံမှန် ပြန်ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပြီး ၄င်းကိုလည်း ယုဖုန်းသိပြီးသားဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အမေ...
အမေလို့ ခေါ်လို့ရတယ်မလား....."
ရန်သခင်မကြီးက ဝမ်းသာစွာ ခေါင်းညိတ်သည်။
"ပြီးတော့ အဖေနဲ့ အစ်ကိုရန်ရှို့ ကိုလည်း ကျေးဇူးတင်ပါတယ်"
ရန်ရှို့ သူ့ညီငယ်လေးကို သူတို့ဆီကနေ ထွက်မသွားစေချင်ပေမယ့် သူညီလေးက ထွက်သွားဖို့ အသင့်ဖြစ်နေဟန်ရှိသည်။
"မင်းမသွားလို့မရဘူးလား......"
ရန်ရှို့ အသနားခံကြည့်ပေမယ့် လျန်အာ၏မျက်ဝန်းတွေက ခံစားချက်မဲ့နေဆဲ။
"ကျွန်တော့်မှာ တာဝန်တွေရှိတယ်"
"ဒါဆို ငါမင်းနဲ့ လိုက်မယ်......
သားလျန်အာနဲ့ လိုက်သွားချင်တယ် အဖေ"
သူ့ဖခင်က မငြင်းပေမယ့် ခွင့်ပြုချင်ဟန်လည်းမရှိပေ။
"အဆိပ်တက်ချိန်ရောက်ရင် လျန်အာ့အနားမှာ သားရှိမှ ဖြစ်မှာလေ......
သားလိုက်သွားပါရစေနော် အမေ"
"လျန်အာ......သားအစ်ကိုကို ခေါ်သွားလို့ အဆင်ပြေလား....."
"ဟုတ်ကဲ့"
"ကောင်းပြီ......
မင်းသဘောပဲ လိုက်ချင်လိုက်သွား.....
ဒါပေမယ့် မင်းညီလေးကို သေချာဂရုစိုက်ရမယ်နော် ရှို့အာ....."
"သားကတိပေးတယ် အဖေ"
သမားတော်ရန်က သူသိမ်းထားသည့် ဆံထိုးအနီလေးကို ယုဖုန်းလက်ထဲပြန်ပေးခဲ့သည်။
လျန်အာ အတွက် သူမချုပ်ပေးထားသည့် အဝတ်တွေကို ရန်သခင်မကြီးကိုယ်တိုင်သေချာ ထုပ်ပိုးပေးခဲ့ပြီး လမ်းခရီးမှာ စားရန် အခြောက်အခြမ်းနှင့် အချိုမုန့်တွေကိုလည်း ညတွင်းချင်းသူမက ပြင်ဆင်ပေးခဲ့သည်။
သမားတော်ရန်ကလည်း ယုဖုန်းအတွက်လိုအပ်မည့် ဆေးပစ္စည်းများစွာနှင့် ဆေးပင်မျိုးစေ့အချို့ကိုပါ သယ်ယူရလွယ်စေရန် ရန်ရှို့နှင့်အတူ ထုတ်ပိုးခဲ့ကြသည်။
မနက်အာရုံတက်ချိန်မှာ သူတို့စတင်ထွက်ခွာကြသည်။
ယုဖုန်း သူခြောက်လကျော်နေထိုင်ခဲ့သည့် ရွာလေးကို ကြည့်ကာ သက်ပြင်းချပြီး ကျောခိုင်းလိုက်တော့သည်။
"လျန်အာ......လာကိုကို့မြင်းပေါ်တက်"
ယုဖုန်း ရှောင်းဟိုင်ရှောင်းချိုးတို့နှစ်ဦးနှင့် လမ်းလျှောက်လိုက်လာတာမို့ ရန်ရှို့က ခေါ်ခြင်းဖြစ်သည်။
"ရတယ်.....ကျွန်တော့်မှာစီးစရာရှိတယ်"
ရွာပြင်တောထဲကို ရောက်သည်နှင့် ရှောင်ဟိုင်နှင့် ရှောင်ချိုးက ခပ်လှမ်းလှမ်းကို ပြေးသွားကာ ချက်ချင်း မူလသွင်ပြင်ကိုပြောင်းလိုက်ကြသည်။
"ငါ*!!"
ရန်ရှို့ လန့်သွားသည့် မိမိမြင်းကို မနည်းထိန်းလိုက်ရပြီး မိမိကိုယ်တိုင်လည်း မြင်းပေါ်ကပြုတ်ကျမတတ် လန့်သွားခဲ့ရသည်။
ဘင်းဝမ်တို့ကတော့ ကြုံဖူးပြီးသားမို့ ရန်ရှို့ကိုကြည့်ပြီးဝိုင်းရယ်နေကြသည်။
"ရှောင်ချိုး!
မင်းအရှေ့ကသွားနှင့်ပြီး ငါ့အတွက်သင့်တော်မယ့် မျက်နှာဖုံးရှာခဲ့ပေး!"
ယုဖုန်းသူ့မျက်နှာကို ဖုံးကွယ်ထားချင်သည်။
စူးရှသည့် အော်သံတစ်ချက်ပြု၍ ရွှေရောင်ငှက်ကြီးက အဝေးကို ပျံသန်းသွားတော့သည်။
"ငါတို့လည်း သွားကြမယ်!"
ယုဖုန်း ရှောင်းဟိုင်၏ ကျောပေါ်တက်လိုက်ပြီးနောက် အနီအနက်ရောင် ကျားကြီးက မြင်းတွေနှင့်အတူ ပြေးလွှားတော့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
(AN: ကိုယ်ရန်ရှို့ကို ချစ်စနိုးနဲ့ နာမည်လေးပေးထားတယ် ငါ*မင်းသား လို့🤣🤣)
************************************
Zawgyi
ယုဖုန္း ၾကည္လင္ေနသည့္ ျမစ္ေရထဲကို ငုပ္လွ်ိုးလိုက္ၿပီးေနာက္ သူ႕ေရွ႕မွာေပၚလာသည့္ အေစာင့္အေရွာက္နဂါးက သူ႕ကိုလာရစ္ပတ္လိုက္သည့္အခါ ေရ၏ဖိအားကိုမခံစားရေတာ့ဘဲ ေပါ့ပါးသြားသည္။
ေ႐ႊေရာင္နဂါး၏ဆူးေတာင္ေတြကို သူထိၾကည့္လိုက္ေတာ့ ေရေမွာ္ပင္ကိုထိရသလိုပင္ ေခ်ာေမြ႕ေနသည္။
ယုဖုန္းေရထဲမွာၾကာလာေပမယ့္ အသက္ရႉၾကပ္ျခင္းကိုလည္းမခံစားရေပ။
အိမ္ေမြးတိရစ္ဆာန္ေလးလိုမ်ိဳး သူ႕လက္ေတြၾကားေခါင္းတိုးေဝွ႕ေနသည့္ ဤဒ႑ာရီလာ သတၱဝါႀကီးက ယုဖုန္းအတြက္ေတာ့ ယဥ္ပါးလြန္းေနသည္။
အဆိပ္ဒဏ္ကို လတိုင္း ခံစားရၿပီးခ်ိန္တိုင္း ယုဖုန္းျမစ္ထဲကိုလာေလ့ရွိသည္။
သူ႕အေစာင့္အေရွာက္နဂါးႏွင့္ေတြ႕ၿပီးရင္ သူ႕ခႏၶာကိုယ္က ပိုေကာင္းလာသလို ခံစားရၿမဲျဖစ္သည္။
အခ်ိန္အေတာ္ၾကာမွ ယုဖုန္း ေရထဲကျပန္တက္လာခဲ့ကာ အဝတ္ေတြျပန္ဝတ္လိုက္ၿပီး ႐ြာထဲကိုျပန္လာခဲ့သည္။
"လ်န္အာ! ဘယ္ကျပန္လာတာလဲ....."
ယုဖုန္း အေရးမစိုက္ဘဲ မၾကားသလိုဆက္ေလွ်ာက္သြားေတာ့ သူ႕လက္ေကာက္ဝတ္ကိုလွမ္းဆြဲျခင္းခံလိုက္ရသည္။
"ငါကယဲ့အန္းေလ.....
မင္းအစ္ကို သူငယ္ခ်င္း"
ယုဖုန္း ထိုလူ၏လက္ေတြကို အားႏွင့္ ျဖဳတ္ခ်လိဳက္ၿပီး မႏွစ္ၿမိဳ႕မႈေၾကာင့္ အံကိုႀကိတ္ထားမိသည္။
'မာနလာႀကီးျပေနတယ္.....
ကိုယ့္ကိုကိုယ္ ဘယ္သူမွန္းေတာင္မသိတဲ့ အအကမ်ား'
ထိုလူ၏လက္ကို ထိမထားေပမယ့္ မ်က္လုံးမွတစ္ဆင့္ ၾကားလိုက္ရသည့္ ထိုလူ၏အေတြးေတြ......
ယုဖုန္း ကိုယ့္ကိုကိုယ္ သည္းခံဖို႔ ဖိအားေပးရင္း လွည့္ထြက္လိုက္စဥ္ ေျပးလိုက္လာသံႏွင့္ သူ႕ေခါင္းကိုအေနာက္မွ အရိုက္ခံလိုက္ရသည္။
နာက်င္မႈႏွင့္ တစ္ခ်က္မူးေဝသြားၿပီး သူလဲက်သြားခ်ိန္ ယဲ့အန္းက သူ႕ကိုေပြ႕ခ်ီလာသည္။
"ငါကမင္းနဲ႕နည္းနည္းေလာက္ကစားခ်င္႐ုံပါ"
ခပ္အုပ္အုပ္ ခ်ဳံပုတ္ေတြရဲ႕အေနာက္မွာ ယုဖုန္းကို လႊတ္ခ်လိဳက္ၿပီး ထိုလူ၏မ်က္ႏွာက ငုံ႕ကိုင္းက်လာသည္။
မူးေဝမႈက တျဖည္းျဖည္းပ်က္ျပယ္လာၿပီး နာက်င္မႈလည္းသက္သာလာရာ ယုဖုန္းထိုလူဘာဆက္လုပ္မလဲဆိုတာကို ၿငိမ္ၾကည့္ေနလိုက္သည္။
"ေအာ္ခ်င္ရင္ေအာ္လို႔ရတယ္ေနာ္......
ဘယ္သူမွေတာ့ၾကားမွာမဟုတ္ဘူး"
"........"
"မင္းက ငါျမင္ဖူးသမွ်ထဲမွ အလွဆုံးပဲ.....
မင္းသာမိန္းကေလးဆို.....ငါ့ကေလးကိုေမြးခိုင္းၿပီး ငါ့မိန္းမလုပ္ရမွာ သိလား......."
ထိုလူ၏ ႐ြံစရာမ်က္ႏွာကို ယုဖုန္း စိုက္ၾကည့္လိုက္ခ်ိန္မွာ ျမင္လိုက္ရသည့္ ျမင္ကြင္းေတြက......ရန္လ်န္......
ရန္မိသားစု၏ မူလဒုတိယသားရန္လ်န္ကို ဤယဲ့အန္းဆိုသူက ႀကံစည္ဖူးခဲ့ၿပီး ဘယ္သူ႕မွမေျပာရန္ၿခိမ္းေျခာက္ထားခဲ့သည္။
ရန္လ်န္ ေတာင္ေပၚသို႔သြားစဥ္က သူ႕သူငယ္ခ်င္းေတြႏွင့္ လူစုကြဲသြားစဥ္မွာ အေနာက္ကခိုးလိုက္လာသည့္ ယဲ့အန္းႏွင့္ ႐ုန္းရင္းဆန္ခက္ျဖစ္ခဲ့သည္။
ႏွစ္ဖြဲ႕ခြဲၿပီးလိုက္ရွာသည့္ သူငယ္ခ်င္းႏွစ္ေယာက္ေရာက္လာၿပီး ေတြ႕သြားတာမို႔ ယဲ့အန္းႏွင့္ ရန္ျဖစ္ၾကသည္။
အသက္ငါးႏွစ္ေက်ာ္မွ်ကြာသည့္ ယဲ့အန္းကို ရန္လ်န္တို႔သုံးေယာက္ေပါင္းတာေတာင္မနိုင္နိုင္ပါ။
ထိုအခ်ိန္မွာပဲ မုန္တိုင္းက်လာခဲ့ၿပီး ေျမစၿပိဳခ်ိန္မွာ ရန္လ်န္အပါအဝင္ သူ၏သူငယ္ခ်င္းႏွစ္ေယာက္လုံးကိုပါ နံေဘးေခ်ာက္ထဲသို႔ ယဲ့အန္းကတြန္းခ်ပစ္ခဲ့သည္။
ေတာင္၏အျခားတစ္ဖက္မွာ ရန္လ်န္ကိုသြားရွာသည့္ႏွစ္ေယာက္သာ အသက္ရွင္လ်က္႐ြာကိုျပန္နိုင္ခဲ့ၿပီး ထိုအျဖစ္အပ်က္ကို မသိခဲ့ၾကေပ။
ယဲ့အန္း၏အေဖက ႐ြာအႀကီးအကဲတစ္ေယာက္ျဖစ္တာမို႔ ဖခင္အားကိုးႏွင့္ ယန္အန္းကတကယ့္ကို အတြင္းပုပ္လူယုတ္မာတစ္ေယာက္ျဖစ္ေနမွန္း ထိုလူ၏မွတ္ဉာဏ္မ်ားထဲမွ ယုဖုန္းေတြ႕ရွိသြားသည္။
သူ႕ခႏၶာကိုယ္ကို ပြတ္သပ္ေနသည့္ လက္ေတြက ဝတ္စုံေပၚမွ ႀကိဳးကိုဆြဲျဖည္လိုက္ၿပီး ယုဖုန္း၏လည္တိုင္ကို ျပင္းထန္စြာနမ္းရွိုက္လာသည္။
"လ်န္အာ...... မင္းကအရမ္းေမႊးတာပဲ"
"ဟုတ္လား...."
သူ႕ေဘာင္းဘီေပၚေရာက္လာသည့္လက္ကို ယုဖုန္းဖမ္းကိုင္လိုက္ကာ သူ႕ကိုအံ့ဩစြာၾကည့္ေနသည့္ ယဲ့အန္းကိုေဘးသို႔ ကန္ခ်လိဳက္သည္။
"မင္း...မင္း စကားေျပာတတ္တယ္......"
ယုဖုန္း ဝတ္စုံမွႀကိဳးကို ျပန္ခ်ီၿပီး မတ္တပ္ထရပ္ကာ ဖုန္ခါလိုက္သည္။
"မင္းေျပာေတာ့.....
ရန္ရွို႔က မင္းသူငယ္ခ်င္းဆို....."
ယဲ့အန္း ထဖို႔လုပ္လိုက္ေပမယ့္ သူ႕ဗိုက္ကို အကန္ခံရထားသည့္ အားကျပင္းတာမို႔ မလႈပ္နိုင္ေပ။
"မင္းသူငယ္ခ်င္းရဲ႕ ညီကို.....
ဘယ္လိုေတာင္.....ယုတ္မာခဲ့ရတာလဲ....."
ယုဖုန္း သူ႕ေရွ႕မွ ယဲ့အန္းကို မ်က္ဝန္းေတြေမွးစင္းကာၾကည့္လိုက္ရာ ယဲ့အန္း တုန္ရီလာၿပီး ေခြၽးေတြထြက္လာသည္။
"မင္း ဘာေတြလာေျပာေနတာလဲ!"
"ရန္လ်န္နဲ႕ သူ႕သူငယ္ခ်င္းေတြကိုမင္းသတ္လိုက္တာေလ!!"
ယုဖုန္း ေဒါသတႀကီး ယဲ့အန္းကို ပိတ္ကန္ပစ္ေတာ့သည္။
ေနရာအႏွံ႕ဆက္တိုက္ကန္ေနၿပီး ယဲ့အန္းနာက်င္စြာကိုယ္ကိုေကြး၍ေအာ္ဟစ္ေနရသည္။
ေအာ္သံရပ္သြားၿပီး ယဲ့အန္းသတိလစ္သြားခ်ိန္မွာ ယုဖုန္း ထိုင္ခ်လိဳက္ၿပီး ထိုလူ၏ေခါင္းအားကိုင္ကာ ကုသျခင္းအစြမ္းကိုသုံးလိုက္သည္။
ယဲ့အန္း သတိျပန္ရလာၿပီး သူ႕ေရွ႕မွေကာင္ေလးကိုျမင္တာနဲ႕ အလန့္တၾကား လက္အုပ္ခ်ီကာ ေတာင္းပန္ေတာ့သည္။
"ငါမွားသြားပါတယ္! ငါ့ကိုမသတ္ပါနဲ႕!
ေတာင္းပန္ပါတယ္!! မသတ္ပါနဲ႕!"
"မင္းေတာင္းပန္ေတာ့ေရာ......
ရန္လ်န္ကျပန္ရွင္လာမွာမို႔လား....."
ယုဖုန္း တဖန္ ထိုလူ႕အား ေဘာလုံးတစ္လုံးလို စိတ္ရွိတိုင္း ကန္ျပန္သည္။
ပါးစပ္ကေသြးေတြထြက္ကာ သတိလစ္သြားျပန္ေတာ့ ယုဖုန္းျပန္ကုေပးကာ ထပ္ကန္ျပန္သည္။
"ငါမွားသြားပါတယ္! မွားသြားပါတယ္!!"
ယုဖုန္း သူကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ မ်က္ဝန္းေတြက အနက္ေရာင္ေျပာင္းသြားကာ ယဲ့အန္း၏လည္ပင္းကို ဆုပ္ကိုင္လိုက္သည္။
"ငါမင္းကိုမသတ္ပါဘူး......
ငါကမင္းနဲ႕နည္းနည္းေလာက္ကစားခ်င္႐ုံပါ..."
ယဲ့အန္း သူ႕အား ေအးစက္စက္ေျပာကာ စိုက္ၾကည့္ေနသည့္ ေကာင္ေလး၏အေရာင္ေျပာင္းသြားေသာ အနက္ေရာင္မ်က္ဝန္းေတြကို စိုက္ၾကည့္မိခ်ိန္မွာ ေသြး႐ူးေသြးတမ္းေၾကာက္လန့္စြာေအာ္ဟစ္ေတာ့သည္။
"အား!!!!! မေကာင္းဆိုးဝါး!!!"
ယဲ့အန္းကို ယုဖုန္းလႊတ္ေပးလိုက္ခ်ိန္မွာဘဲ ထိုလူက ဂနာမၿငိမ္ျဖစ္ကာ နားႏွစ္ဖက္ကို လက္ေတြႏွင့္ပိတ္ၿပီး မ်က္လုံးေတြကလည္းေတာင္ၾကည့္ေျမာက္ၾကည့္ျဖစ္ေနသည္။
ယဲ့အန္းစိတ္ကိုယုဖုန္းဖတ္ၾကည့္လိုက္ခ်ိန္မွာပဲ မိမိကိုယ့္ကိုယ္ကို မယုံနိုင္ျဖစ္သြားရသည္။
ယဲ့အန္းမွတ္ဉာဏ္ေတြက ပ်က္စီးကုန္ၿပီး ေၾကာက္ဖို႔ေကာင္းသည့္ ပုံရိပ္ေတြကိုသာ ျမင္ေယာင္ေနကာ ထိုလူက႐ူးသြားခဲ့ၿပီ။
ငါမွတ္ဉာဏ္ေတြကိုဖ်က္နိုင္တယ္......
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယဲ့အန္း၏ ႐ူးသြားမႈေၾကာင့္ သမားေတာ္ရန္ႏွင့္ ရန္ရွို႔မွာ အလုပ္ရႈပ္သြားရေပမယ့္ စိတ္ေရာဂါမို႔ သူတို႔မကုနိုင္ေၾကာင္း ႐ြာလူႀကီးကိုေျပာရသည္။
ယဲ့အန္းက ေတာေစာင့္ေတာင္ေစာင့္နတ္ေတြကို အျပစ္ျပဳမိလို႔ ႐ူးသြားရတယ္လို႔လည္း ႐ြာထဲမွာေျပာေနၾကသည္။
"ယဲ့အန္းအတြက္ စိတ္မေကာင္းလိုက္တာ....
ေနာ...လ်န္အာ....."
ယုဖုန္း တုတ္တစ္ေခ်ာင္းႏွင့္ ေျမႀကီးေပၚမွာ ေရးလိုက္သည္။
""သူ႕ျပဳသမွ်ကံ သူျပန္ခံရမယ္""
ရန္ရွို႔ ေျမျပင္ထက္မွ သူ႕ညီေလး၏ လက္ေရးကိုၾကည့္ကာ လက္ခုပ္တီးမိေတာ့သည္။
"လ်န္အာ့ လက္ေရးကလွလိုက္တာ!
စာေရးနည္းေတြကို မွတ္မိလာၿပီလား...."
ယုဖုန္းေခါင္းညိတ္ျပလိုက္သည္။
"ေကာင္းလိုက္တာ....."
ရန္ရွို႔ ဝမ္းသာမိေပမယ့္ လ်န္အာ့ကို မွတ္ဉာဏ္ေတြလည္းျပန္မရေစခ်င္ေပ။
လ်န္အာက အကုန္ျပန္မွတ္မိသြားၿပီး သူ႕အိမ္သူျပန္သြားမွာကို ရန္ရွို႔မလိုခ်င္ေတာ့။
ဒီအတိုင္းေလး သူ႕ညီေလး လ်န္အာအျဖစ္ပဲ သူတို႔ႏွင့္ တစ္သက္လုံး ေနလွ်င္ေကာင္းမည္။
ယုဖုန္း ရန္ရွို႔၏ အေတြးေတြကို ၾကားေနရၿပီး သတိလက္လြတ္ရပ္ေနသည့္ ထိုလူကို ထားခဲ့ကာ အိမ္သို႔အရင္ျပန္ခဲ့ေတာ့သည္။
"လ်န္အာ......
သားလာ.....ဒီဝတ္စုံ အသစ္ေတြကို ဝတ္ၾကည့္ပါဦး!"
သူမကိုယ္တိုင္ ခ်ဳပ္ထားသည့္ ဝတ္စုံသုံးစုံကို လ်န္အာအားဝတ္ၾကည့္ခိုင္းကာ ရန္သခင္မႀကီးေက်နပ္ေနသည္။
"ကြၽန္မတို႔ လ်န္အာက ဘာဝတ္ဝတ္ လိုက္ဖက္ေနေရာပဲ.....
ဟုတ္တယ္မလား သခင္ႀကီး!"
ခပ္လွမ္းလွမ္းမွထိုင္ၾကည့္ေနသည့္ ရန္သမားေတာ္ႀကီးကလည္း သူ႕ဇနီး၏စကားကို ေခါင္းညိတ္ကာ ေထာက္ခံေနသည္။
ယုဖုန္း ေပ်ာ္႐ႊင္မႈေတြႏွင့္ျပည့္ေနသည့္ ရန္မိသားစုကို ၾကည့္ကာ သူ႕ရဲ႕ တစ္ခ်ိန္က ကိုယ္ပိုင္မိသားစုကိုလြမ္းမိသည္။
သူ႕အစ္မေတာ္ေတြႏွင့္ သူျငင္းခုံေဆာ့ကစားေနတိုင္း ၿပဳံး႐ႊင္စြာ ၾကည့္ေနတတ္သည့္ သူ႕ခမည္းေတာ္ႏွင့္ မယ္ေတာ္ေတြ.....
သူလိုခ်င္တာေတြရွိတိုင္းရေအာင္လုပ္ေပးတတ္ၿပီး သူ႕ကိုအၿမဲအလိုလိုက္ခဲ့သည့္ သူ႕မိသားစု.....
ယုဖုန္း၏ ခရမ္းႏုေရာင္မ်က္ဝန္းေတြမွာ ေအးစက္သထက္ေအးစက္လာေနသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
"႐ြာထဲေရာက္ရင္ အေျပာအဆို သတိထား..."
ဘင္းဝမ္၏အမိန့္ကို ပိုင္မင္တို႔အားလုံးနာခံၾကသည္။
႐ြာအဝင္နားနီးလာေသာေၾကာင့္ သူတို႔ေတြျမင္းေပၚမွ ဆင္းကာ ျမင္းဇက္ႀကိဳးကိုသာဆြဲ၍လမ္းေလွ်ာက္လာၾကသည္။
ေရွာင္းဟိုင္ ႏွင့္ ေရွာင္ခ်ိဳးလည္း လူအသြင္ျပန္ေျပာင္းလိုက္ၿပီးေနာက္ သူတို႔ႏွစ္ဦးမွ ဦးေဆာင္၍႐ြာထဲသို႔ဝင္ခဲ့ၾကေတာ့သည္။
"ဘယ္ကလာတဲ့လူေတြလဲ"
"တစ္ခါမွ မျမင္ဖူးဘူး"
သူတို႔အဖြဲ႕ကို လူေတြကထြက္ၾကည့္ေနၾကသည္။
ေရွာင္းဟိုင္ ေခါင္းကိုေမာ့ကာ ေလထဲမွ သခင္ျဖစ္သူ၏ရနံ႕ေနာက္လိုက္ခဲ့ၿပီး ေနာက္ဆုံးေတာ့ ရန္အိမ္ေတာ္ၿခံဝန္းေရွ႕ေရာက္ခဲ့ေတာ့သည္။
"ေဆးလာကုတာလားဗ်"
ရန္ရွို႔ ၿခံဝန္းေရွ႕မွ လူစိမ္းတစ္ဖြဲ႕ကို မသကၤာစြာေမးလိုက္သည္။
"ကြၽန္ေတာ္တို႔ရဲ႕ သခင္ေလးကို လာေခၚတာပါ"
"သခင္ေလး? ဘယ္သူလဲ....."
သမားေတာ္ရန္ပါ ေဆးကုေဆာင္ထဲမွထြက္လာသည့္ေနာက္ ယုဖုန္းလည္းအျပင္မွ အသံေတြေၾကာင့္ စာဖတ္ေနရာမွ ထြက္လာခဲ့သည္။
"သခင္!"
ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက အျမန္ ယုဖုန္းအနားေရာက္လာကာ သူ႕ေရွ႕ေခါင္းေလးေတြငုံ႕၍ တိုးေဝွ႕လာေသာေၾကာင့္ ယုဖုန္းအသာပြတ္ေပးလိုက္ရာ ေက်နပ္သြားၾကသည္။
"သခင္ေလးကို ဂါရဝျပဳပါတယ္!!!"
သူ႕ကို ဒူးေထာက္အရိုအေသေပးလာသည့္ ကြမ္းမင္ႏွင့္ သူ၏ကိုယ္ရံေတာ္ငါးဦး......
ရန္မိသားစုဝင္ေတြကေတာ့ ေဘးမွ ရပ္ၾကည့္ေနၿပီး ၿခံဝန္းအေရွ႕မွာလည္း ႐ြာသားေတြစု႐ုံးေနသည္။
"ထၾက"
တည္ၿငိမ္စြာ ထြက္ေပၚလာသည့္ လ်န္အာ၏အသံေၾကာင့္ ရန္ရွို႔တို႔မွာ အံ့ဩသြားရသည္။
"လ်န္အာကစကားေျပာတတ္တယ္!"
ရန္ရွို႔လက္ကိုသူ႕ဖခင္ကဆြဲကာ ေကာင္ငယ္ေလးစီသြားမည့္ေျခလွမ္းေတြကို တားဆီးလိုက္သည္။
ယုဖုန္း ဘင္းဝမ္တို႔၏ စိတ္ထဲမွတစ္ဆင့္ အစ္ကိုေတာ္တို႔ေဘးကင္းစြာရွိေနေၾကာင္းသိလိုက္ရသည္။
"ရန္သခင္ႀကီး"
ယုဖုန္း သမားေတာ္ရန္ ထံေလွ်ာက္သြားလိုက္သည္။
"ဒီတစ္ည ကြၽန္ေတာ့အမႈထမ္းေတြကို
ဒီမွာ တည္းခြင့္ေပးဖို႔ ေတာင္းဆိုပါတယ္"
သမားေတာ္ရန္က ဤကေလးေတာင္းဆိုသမွ်ကို လိုက္ေလ်ာဖို႔ ဆႏၵရွိသူမို႔ ခြင့္ျပဳလိုက္ေတာ့သည္။
"ရတယ္....
က်ီက်င့္ အခန္းေတြျပင္ထားလိုက္!
ညစာအတြက္ပါျပင္!"
"ဟုတ္ကဲ့"
အိမ္ေတာ္ထိန္းႏွင့္ အလုပ္သမားေတြအားလုံး ျပင္ဆင္ဖို႔ ထြက္သြားၾကသည္။
"ေက်းဇူးတင္ပါတယ္"
ယုဖုန္း ေက်းဇူးတင္စကားဆိုၿပီးေနာက္ ဘင္းဝမ္တို႔၏ျမင္းေတြကို ေနရာတက်ထားရန္ ျမင္းေဇာင္းရွိရာသို႔ ေခၚလာခဲ့သည္။
"ဆံပင္ေတြေရာ မ်က္လုံးအေရာင္ကေရာ
ဘယ္လိုျဖစ္တာလဲ အရွင့္သား"
ယုဖုန္း ေျခလွမ္းေတြရပ္ကာ ဘင္းဝမ္တို႔ႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"ငါ့ကို အရွင့္သားလို႔မေခၚနဲ႕.....
မ်က္စိနဲ႕ နားေတြက ေနရာတိုင္းမွာ ရွိတယ္"
"ဟုတ္ကဲ့!
သခင္ေလးလို႔ပဲေခၚပါ့မယ္"
"ငါ့နာမည္အစစ္ကို လုံးဝႏႈတ္မဟမိေစနဲ႕
နားလည္လား"
"ဟုတ္ကဲ့ နားလည္ပါၿပီ သခင္ေလး"
ျမင္းေဇာင္းမွာ ျမင္းေတြကို ေနရာခ်ထားၿပီး အစာေကြၽးထားခဲ့ကာ သူတို႔ စကားေျပာျဖစ္ၾကသည္။
"ငါ ေသမင္းကမ္းပါးကေန ျပဳတ္က်ခဲ့တာ..."
"ေသမင္းကမ္းပါး?
မဟုတ္မွ ဟိုေရနတ္ဆိုးအသိုက္လား!"
"အင္း.....အဲ့ေနာက္ ငါသတိေမ့သြားၿပီးနိုးလာေတာ့ ဒီလိုပုံစံနဲ႕ ဒီ႐ြာကိုေရာက္ေနၿပီ....."
"သခင္ေလး ဘယ္လိုလုပ္အသက္ရွင္နိုင္ခဲ့တာလဲ......
ေသမင္းကမ္းပါးကျပဳတ္က်ရင္ ေရနတ္ဆိုးအစာျဖစ္ၿပီး ဘယ္သူမွအသက္မရွင္နိုင္ဘူးေလ"
"ငါ့ကိုလည္းေရနတ္ဆိုးက စားခဲ့တယ္
ဒါေပမယ့္ ေရနတ္ဆိုးကေသၿပီး ျမစ္ေဘးမွာ လာတင္ေနလို႔ ဗိုက္ကိုခြဲၿပီး ရန္သခင္ႀကီးကငါ့ကိုကယ္ခဲ့တာ....."
"ဝါး......"
ကိုယ္ရံေတာ္အဖြဲ႕ႀကီးက ယုဖုန္းေျပာျပတာေတြကို ပါးစပ္အေဟာင္းသားႏွင့္နားေထာင္ေနရွာသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ညစာကို ရန္သခင္ႀကီးက ေက်ာက္စားပြဲအရွည္ႀကီးမွာခင္းခိုင္း၍ အားလုံးအတူစားၾကဖို႔ေတာင္းဆိုသည္။
ယုဖုန္း ခါတိုင္းလိုပဲ ရန္သခင္မႀကီး ေဘးမွာထိုင္လိုက္ၿပီး ရန္ရွို႔ကေတာ့ သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနကာ မ်က္ႏွာမေကာင္းေပ။
"အားမနာနဲ႕ စားၾကေနာ္"
ရန္သခင္ႀကီးက ဧည့္ဝတ္ေက်ေပမယ့္ မႈန္ကုပ္ေနသည့္ ရန္သခင္ေလးေၾကာင့္ သူတို႔မွာစားရတာ နင္နင္ ေနသည္။
"ေျပာ! မင္းနာမည္အရင္းကဘာလဲ"
ရန္ရွို႔ မေနနိုင္စြာ ထေမးလိုက္ေတာ့ စားပြဲေအာက္မွသူ႕ဖခင္က သူ႕ကိုလွမ္းကန္သည္။
"လ်န္....
ငါ့နာမည္က လ်န္..."
"လ်န္.....ဟုတ္လို႔လား"
အရွင့္သားက သူ႕နာမည္အရင္းကို ဖုံးကြယ္ထားသည္မို႔ လ်န္ဟူသည့္နာမည္မွာ နာမည္အရင္းျဖစ္ေၾကာင္း ဝိုင္းေထာက္ခံသည့္အေနျဖင့္ ဘင္းဝမ္တို႔ ေခါင္းေတြညိတ္ၾကသည္။
"မ်ိဳးရိုးနာမည္ကေရာ"
"မရွိဘူး"
"ဟမ္! မ်ိဳးရိုးနာမည္မရွိတာျဖစ္နိုင္လို႔လား"
"ရွို႔အာ ေတာ္ေတာ့!"
ရန္သခင္မႀကီး ဝင္ဟန့္လိုက္မွ ရန္ရွို႔ ၿငိမ္ၿငိမ္ေလး ျပန္ထိုင္လိုက္သည္။
ညစာစားၿပီး ဘင္းဝမ္တို႔ သြားနားၾကခ်ိန္မွာ ခါတိုင္းလိုပဲ သူတို႔ေလးေယာက္သာ အၾကမ္းရည္ေသာက္ရင္း က်န္ေနခဲ့သည္။
"ကြၽန္ေတာ္ မနက္ျဖန္မနက္.....
သူတို႔နဲ႕ လိုက္သြားေတာ့မယ္"
ယုဖုန္း သူ႕လက္ကိုတင္းတင္းဆြဲထားသည့္ ရန္သခင္မႀကီး၏ လက္ကို ျပန္လည္ဆုပ္ကိုင္ထားလိုက္သည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...."
"လ်န္အာ.....ေမေမသိပါတယ္......
သားကအေမေမြးထားတဲ့ လ်န္အာမဟုတ္မွန္း.....
ဒါေပမယ့္.....သားကိုေမေမ တကယ္သားအရင္းေလးလို ခ်စ္တာပါ"
"ကြၽန္ေတာ္သိပါတယ္"
ယုဖုန္း သူ႕လက္ကိိုကိုင္ကာ မ်က္ရည္ေတြက်လာသည့္ ရန္သခင္မႀကီးကို ေပြ႕ဖက္ကာႏွစ္သိမ့္ေပးမိသည္။
သူမစိတ္ပုံမွန္ ျပန္ျဖစ္ေနခဲ့တာ ၾကာၿပီျဖစ္ၿပီး ၄င္းကိုလည္း ယုဖုန္းသိၿပီးသားျဖစ္သည္။
"ေက်းဇူးတင္ပါတယ္ အေမ...
အေမလို႔ ေခၚလို႔ရတယ္မလား....."
ရန္သခင္မႀကီးက ဝမ္းသာစြာ ေခါင္းညိတ္သည္။
"ၿပီးေတာ့ အေဖနဲ႕ အစ္ကိုရန္ရွို႔ ကိုလည္း ေက်းဇူးတင္ပါတယ္"
ရန္ရွို႔ သူ႕ညီငယ္ေလးကို သူတို႔ဆီကေန ထြက္မသြားေစခ်င္ေပမယ့္ သူညီေလးက ထြက္သြားဖို႔ အသင့္ျဖစ္ေနဟန္ရွိသည္။
"မင္းမသြားလို႔မရဘူးလား......"
ရန္ရွို႔ အသနားခံၾကည့္ေပမယ့္ လ်န္အာ၏မ်က္ဝန္းေတြက ခံစားခ်က္မဲ့ေနဆဲ။
"ကြၽန္ေတာ့္မွာ တာဝန္ေတြရွိတယ္"
"ဒါဆို ငါမင္းနဲ႕ လိုက္မယ္......
သားလ်န္အာနဲ႕ လိုက္သြားခ်င္တယ္ အေဖ"
သူ႕ဖခင္က မျငင္းေပမယ့္ ခြင့္ျပဳခ်င္ဟန္လည္းမရွိေပ။
"အဆိပ္တက္ခ်ိန္ေရာက္ရင္ လ်န္အာ့အနားမွာ သားရွိမွ ျဖစ္မွာေလ......
သားလိုက္သြားပါရေစေနာ္ အေမ"
"လ်န္အာ......သားအစ္ကိုကို ေခၚသြားလို႔ အဆင္ေျပလား....."
"ဟုတ္ကဲ့"
"ေကာင္းၿပီ......
မင္းသေဘာပဲ လိုက္ခ်င္လိုက္သြား.....
ဒါေပမယ့္ မင္းညီေလးကို ေသခ်ာဂ႐ုစိုက္ရမယ္ေနာ္ ရွို႔အာ....."
"သားကတိေပးတယ္ အေဖ"
သမားေတာ္ရန္က သူသိမ္းထားသည့္ ဆံထိုးအနီေလးကို ယုဖုန္းလက္ထဲျပန္ေပးခဲ့သည္။
လ်န္အာ အတြက္ သူမခ်ဳပ္ေပးထားသည့္ အဝတ္ေတြကို ရန္သခင္မႀကီးကိုယ္တိုင္ေသခ်ာ ထုပ္ပိုးေပးခဲ့ၿပီး လမ္းခရီးမွာ စားရန္ အေျခာက္အျခမ္းႏွင့္ အခ်ိဳမုန့္ေတြကိုလည္း ညတြင္းခ်င္းသူမက ျပင္ဆင္ေပးခဲ့သည္။
သမားေတာ္ရန္ကလည္း ယုဖုန္းအတြက္လိုအပ္မည့္ ေဆးပစၥည္းမ်ားစြာႏွင့္ ေဆးပင္မ်ိဳးေစ့အခ်ိဳ႕ကိုပါ သယ္ယူရလြယ္ေစရန္ ရန္ရွို႔ႏွင့္အတူ ထုတ္ပိုးခဲ့ၾကသည္။
မနက္အာ႐ုံတက္ခ်ိန္မွာ သူတို႔စတင္ထြက္ခြာၾကသည္။
ယုဖုန္း သူေျခာက္လေက်ာ္ေနထိုင္ခဲ့သည့္ ႐ြာေလးကို ၾကည့္ကာ သက္ျပင္းခ်ၿပီး ေက်ာခိုင္းလိုက္ေတာ့သည္။
"လ်န္အာ......လာကိုကို႔ျမင္းေပၚတက္"
ယုဖုန္း ေရွာင္းဟိုင္ေရွာင္းခ်ိဳးတို႔ႏွစ္ဦးႏွင့္ လမ္းေလွ်ာက္လိုက္လာတာမို႔ ရန္ရွို႔က ေခၚျခင္းျဖစ္သည္။
"ရတယ္.....ကြၽန္ေတာ့္မွာစီးစရာရွိတယ္"
႐ြာျပင္ေတာထဲကို ေရာက္သည္ႏွင့္ ေရွာင္ဟိုင္ႏွင့္ ေရွာင္ခ်ိဳးက ခပ္လွမ္းလွမ္းကို ေျပးသြားကာ ခ်က္ခ်င္း မူလသြင္ျပင္ကိုေျပာင္းလိုက္ၾကသည္။
"ငါ*!!"
ရန္ရွို႔ လန့္သြားသည့္ မိမိျမင္းကို မနည္းထိန္းလိုက္ရၿပီး မိမိကိုယ္တိုင္လည္း ျမင္းေပၚကျပဳတ္က်မတတ္ လန့္သြားခဲ့ရသည္။
ဘင္းဝမ္တို႔ကေတာ့ ႀကဳံဖူးၿပီးသားမို႔ ရန္ရွို႔ကိုၾကည့္ၿပီးဝိုင္းရယ္ေနၾကသည္။
"ေရွာင္ခ်ိဳး!
မင္းအေရွ႕ကသြားႏွင့္ၿပီး ငါ့အတြက္သင့္ေတာ္မယ့္ မ်က္ႏွာဖုံးရွာခဲ့ေပး!"
ယုဖုန္းသူ႕မ်က္ႏွာကို ဖုံးကြယ္ထားခ်င္သည္။
စူးရွသည့္ ေအာ္သံတစ္ခ်က္ျပဳ၍ ေ႐ႊေရာင္ငွက္ႀကီးက အေဝးကို ပ်ံသန္းသြားေတာ့သည္။
"ငါတို႔လည္း သြားၾကမယ္!"
ယုဖုန္း ေရွာင္းဟိုင္၏ ေက်ာေပၚတက္လိုက္ၿပီးေနာက္ အနီအနက္ေရာင္ က်ားႀကီးက ျမင္းေတြႏွင့္အတူ ေျပးလႊားေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾
(AN: ကိုယ္ရန္ရွို႔ကို ခ်စ္စနိုးနဲ႕ နာမည္ေလးေပးထားတယ္ ငါ*မင္းသား လို႔🤣🤣🤣)
************************************
Bạn đang đọc truyện trên: Truyen247.Pro