Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-23 ( Lotus=Lian )

Unicode

"လျန်အာ!! လျန်အာ!"

သူ့ထံဦးတည်ပြေးလာသည့် အမျိုးသမီးကြီးက ယုဖုန်းလက်နှစ်ဖက်ကို အားရဝမ်းသာ ဆုပ်ကိုင်လာသည်။

"လျန်အာ ပြန်လာပြီ!
မေမေ အရမ်းလွမ်းနေတာ....."

သူ့မျက်နှာကိုပင် ထိုအမျိုးသမီးကြီးက ထိကိုင်လာတာမို့ ယုဖုန်းမျက်မှောင်ကျုံ့မိသည်။

ထိုအချိန် ဆေးရွက်ခူးပြန်လာသည့် ရန်ရှို့မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းကျိန်းသွားရသည်။

သူ့အမေကတော့ အပြစ်ပြုမိတော့မှာပဲ......

"အမေ!......
သူများကို အဲ့လို လိုက်မကိုင်ရဘူးလေ..."
"ငါ့ရဲ့ လျန်အာ...."
"သူက လျန်အာမဟုတ်ဘူး...."

ရန်ရှို့ ဘယ်လိုပြောပြော သူ့မိခင်ကမရပေ။

ယုဖုန်း ထိုအမျိုးသမီးကြီး ကိုင်ထားသည့် သူ့လက်ဖဝါးတစ်ဖက်မှ နွေးထွေးသောစီးဆင်းမှုတစ်ခုကို ခံစားလာရပြီး မြင်ကွင်းအဖြစ်အပျက်များစွာကို သူမြင်လိုက်ရတော့သည်။

""မေမေ လျန်အာ ဆေးမြစ်သွားရှာလိုက်ဦးမယ်!""
""စောစောပြန်ခဲ့နော်.....""
""ဟုတ်!!!""

ခြင်းလေးလွယ်ကာ ပြုံးရွှင်စွာဖြင့် လက်ပြနှုတ်ဆက်သွားသည့် ကောင်ငယ်လေး.....

နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့ ငိုသံများစွာနှင့် မြေကြီးထဲက ထုတ်လာသည့် အလောင်းက ထိုကောင်လေးပင်ဖြစ်နေသည်။

""လျန်အာ!.....""

နာကျင်စွာငိုကြွေးနေသည့် အမျိုးသမီးကြီး၏ အသံ......

"လျန်အာ.....နောက်ထပ်မသွားနဲ့တော့နော်..."

ယုဖုန်း မျက်ခုံးတွေပြေလျော့သွားပြီး သူ့ရှေ့မှ ထိုအမျိုးသမီးကြီးကို ခေါင်းညိတ်ပြလိုက်သည်။

"မေမေ့ကို ဖက်ပါဦး....."

ယုဖုန်း နာခံစွာပဲ သူမကို ဖက်ထားပေးလိုက်မိသည်။

"ဗိုက်ဆာနေပြီလား......
လာ မေမေတို့ ထမင်းစားရအောင်......"

သူမခေါ်ရာနောက်ကို ယုဖုန်းလိုက်လာခဲ့ပြီး ခြံဝန်းထဲ သစ်ပင်ရိပ်ရှိ ကျောက်စားပွဲတွင်ဝင်ထိုင်လိုက်သည်။

"ကျီကျင့်! ထမင်းပွဲမြန်မြန် ပြင်ပေး!!
ငါတို့ လျန်အာ ဗိုက်ဆာနေပြီ!"

အိမ်ထိန်းကြီး ကျီကျင့်မှာ ကြောင်ကြည့်နေရာမှ အမြန် မီးဖိုဆောင်ထဲပြေးသွားကာ အလုပ်သမားတွေကိုကူခိုင်းပြီး ဟင်းပွဲတွေပြင်တော့သည်။

ရန်ရှို့ကတော့ ထိုနေရာမှာ ဆေးဗန်းကြီး ကိုင်ကာ ရပ်နေဆဲ။

"ရှို့အာ! လာလေ!!"

သူ့မိခင်က သူ့နာမည်ကိုခေါ်လိုက်တာမို့ ပျော်ရွှင်မှုက လှိုက်တက်လာပြီး ဗန်းကြီးပစ်ချကာ သူ့မိခင်ထံပြေးသွားတော့သည်။

"အမေ နောက်ဆုံးတော့ သားကို မှတ်မိပြီပေါ့...."

ထိုင်နေသည့် သူ့မိခင်၏ ရင်ခွင်ထဲကို ရန်ရှို့ခေါင်းဝှေ့ကာ မေးလာသည်။

"မေမေ ဘယ်တုန်းက သားကိုမေ့လို့လဲ!"

သူ့မိခင်က ဟိုအရင်ကလိုမျိုး သူ့နဖူးအား ဖွဖွလေးထုသည်။

"ထ....သေချာ နေရာတကျထိုင်!
လူကဖြင့် ကြီးလှပြီနော်.....
ညီလေးတောင်မှ ရင့်ကျက်နေပြီ"
"ဟုတ်"

ရန်ရှို့ သူ့မိခင်ဘေးမှ ခုံတွင်ဝင်ထိုင်လိုက်ပြီး ရွှေရောင်ဆံပင်တွေနှင့် ကောင်လေးကို ကျေးဇူးတင်စွာ ပြုံးပြမိသည်။

ရန်သခင်မကြီးမှာ သားကြီးနှင့် သားငယ်၏ လက်တစ်ဖက်ဆီကို ဆုပ်ကိုင်ထားပြီး ပျော်ရွှင်နေခဲ့သည်။

"သခင်ကြီး ရှင်ပြန်လာပြီလား!
လာ! တစ်ခါတည်း အတူတူစားရအောင်!!"

သမားတော်ရန် သူ့ဇနီး၏ ပုံမှန်ဖြစ်နေသည့် စိတ်အခြေအနေကြောင့် သူ့သားကို မျက်စပစ်ကြည့်လိုက်ပေမယ့် သူ့သားရန်ရှို့ကတော့ တဟီးဟီးသာရယ်ပြနေသည်။

"လျန်အာ......
များများစားနော်.....မေမေ့သားလေးပိန်သွားတယ်"

သမားတော်ရန် အခြေအနေတွေကို အနည်းငယ်နားလည်စပြုလာသည်။

"သခင်ကြီး!
ရှင့်ရှေ့က ဟင်းတွေကို လျန်အာမမှီလောက်ဘူး.....
ထည့်ပေးလိုက်အုံးလေ!"
"ဪ...အင်း..အင်း..
လျန်အာ.....ငါးများများစား....."

သမားတော်ရန် သူ့ဇနီး သူ့သားကြီးနှင့် ထူးဆန်းစွာသူတို့ဆီရောက်လာသည့် သခင်ငယ်လေးတို့ကိုကြည့်ကာ ပြန်အသက်ဝင်လာသည့် မိသားစုအငွေ့အသက်လေးကြောင့် ကြည်နူးဝမ်းသာရသည်။

"လျန်အာ.....နောက်နေ့ကျရင် သားကြိုက်တဲ့ ဟင်းတွေကို မေမေကိုယ်တိုင် ချက်ပေးမယ်နော်"

ယုဖုန်းခေါင်းညိတ်ကာ ပန်းကန်ထဲသို့ သူမထည့်ပေးလာသည့် ဟင်းတွေကို အသာတကြည်ပဲ စားနေလိုက်ပြီး ဘာစကားမှ ဝင်မပြောပေ။

သူက အပြင်ပိုင်းအေးစက်ပေမယ့် နွေးထွေးတဲ့နှလုံးသားရှိတာမို့ နတ်ဘုရားလေးပဲဖြစ်ရမယ်.....

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန်း ရေကန်ထဲမှ ကိုယ့်ကိုကိုယ် ကြည့်ရင်း ပြုံးဖို့ကြိုးစားကြည့်ပေမယ့် သူမပြုံးနိုင်။

ရယ်ဖို့ကြိုးစားကြည့်တော့လည်း စိထားသည့်သွားတွေသာ ပေါ်လာပြီး အဆင်မပြေပေ။

အရင်က သူလွယ်ကူစွာပြုံးခဲ့ရယ်ခဲ့ပေမယ့် အခုတော့ သူ့အတွက်ခက်ခဲလွန်းနေသည်။

"ဘာလုပ်နေတာလဲ လျန်အာ....."

သူ့ပုခုံးအားလာပုတ်သည့် သူကိုယုဖုန်းလှည့်ကြည့်လိုက်သည်။

လျန်အာ......

သူ့အားခေါ်ကြသည့် သူ့အတွက်နာမည်သစ်တစ်ခု.....

သူ့မိခင်၏နာမည် လျန်နှင့် တူညီသောအဓိပ္ပါယ်ရှိသည်။

ယုဖုန်း ဤနာမည်ကိုသဘောကျတာမို့ ထိုအတိုင်းသာခေါ်ခွင့်ပြုထားခြင်းဖြစ်သည်။

"ကြာပန်းတွေက အဖူးတွေပဲရှိသေးတယ်.....
အစ်ကိုမျက်လှည့်ပြမယ်.....ကြည့်နေ..."

ရန်ရှို့ ရေကန်စပ်မှာရပ်ပြီး အနီးနားမှ ကြာရွက်တစ်ခုကို ထိတွေ့ကာ အမြစ်တွေမှတစ်ဆင့် တစ်ကန်လုံးရှိကြာဖူးတွေဆီသို့စွမ်းအင်စီးဆင်းစေလိုက်သည်။

သေးငယ်သည့် ကြားဖူးတွေကကြီးထွားလာပြီး တဖြည်းဖြည့် ပွင့်ဖက်တို့ ဖွင့်ဟလာသည်။

"လှတယ်မလား....."

ရန်ရှို့ သူ့ညီငယ်လေးက သူ့အားသဘောကျကာ အစ်ကိုကြီးတစ်ယောက်အဖြစ် ခင်တွယ်အားကိုးစေချင်တာမို့ မိမိအစွမ်းကို ဂုဏ်ယူစွာထုတ်ပြလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း သူ့ညီလေးလို နတ်ဘုရားအစွမ်းရှိသည့်သူအတွက် ဤအရာကအထူးအဆန်းဖြစ်ဟန်မရှိဘဲ နဂိုအတိုင်း ရေသေလိုတည်ငြိမ်နေသည့် မျက်နှာအမူအရာကိုသာတွေ့ရသည်။

ယုဖုန်း သူ့ရှေ့မှလူ၏ စိတ်ဓာတ်ကျသွားမှုကို ခံစားမိပြီး မျက်နှာသေနှင့်ပင် လက်ခုပ်နှစ်ခါလောက်တီးပေးလိုက်ပေမယ့် ရန်ရှို့ ကတော့တိမ်ပေါ်ရောက်သွားသလိုပင် ပျော်ရွှင်သွားတော့သည်။

သူ့ညီလေးက သူ့ကိုချီးကျူးတယ်.....

ယုဖုန်း သူသတိရလာပြီးနောက် ဆံပင်အရောင်မျက်လုံးအရောင်တွေပြောင်းလဲသွားသည့်အပြင် သူ့ဖခင်ကဲ့သို့ ကုသခြင်းအစွမ်းကိုပိုင်ဆိုင်လာပြီး လူတွေ၏စိတ်ကိုပါဖတ်နိုင်လာသည်။

သူ့ကိုစောင့်ရှောက်ပေးနေသည့် သမားတော်ရန်မိသားစုက အမှန်တကယ်ကိုလူကောင်းတွေမို့ ယုဖုန်း ထိုမိသားစု၏ လျန်အာအဖြစ်အလိုက်သင့်နေပေးမိသည်။

တစ်ခါတစ်ရံ ရန်သခင်မကြီးနှင့် အပြင်ကိုလိုက်သွားပေးတိုင်း သူ့ကိုလူထူးဆန်းလို ဝိုင်းကြည့်ခြင်းကို ခံရပြီး အကုန်လုံးက သူအားစကားမပြောတတ်တဲ့သူဟုပင်ထင်နေကြသည်။

ရန်ရှို့ ဆေးပင်စိုက်ခင်းကိုသွား၍ဆေးရွက်ခူးလျှင် ယုဖုန်း လိုက်ကူညီပေးပြီး ထိုတစ်ယောက်အဆက်မပြတ်ပြောနေသည့် စကားတွေကိုတော့ ခေါင်းညိတ် ခေါင်းခါ၍သာတုံ့ပြန်သည်။

ရွာထဲမှ ဆယ်ကျော်သက်များ လူငယ်လူရွယ်များက သူတို့​လျန်အာကယောက်ျားလေးဆိုသည်ကိုပင် မေ့လျော့နေကြသလားမသိ။

နေ့တိုင်း ရန်အိမ်တော်ခြံဝင်းရှေ့မှာ မရောင်မလည်လာလုပ်ကြပြီး ပုရွက်ဆိတ်ကိုက်လို့ရောင်သည်ကိုပင် လာပြီးဆေးကုခိုင်းသူတွေကြောင့် ရန်ရှို့ အော်မဆဲရသည့်နေ့မရှိပေ။

ထိုအထဲတွင် သူ့သူငယ်ချင်း ယဲ့အန်းလည်းပါတာမို့ သကောင့်သားကို အရေးကြီးရင် ခြံရှေ့ကပဲပြော ခြံထဲဝင်တာနှင့် ဓားနဲ့ခုတ်မည်ဟု ကြိမ်းထားရသည်အထိပင်။

ရန်ရှို့ တည်ငြိမ်စွာ အကြမ်းရည်သောက်နေသည့် သူညီလေးကိုကြည့်ကာ အသာခေါင်းညိတ်ပြီး မိုးပေါ်မှလကိုမော့ကြည့်မိတော့ ခေါင်းယမ်းသည်။

လမင်းကြီးတောင် သူ့ညီလေးနဲ့ယှဥ်လိုက်တော့ မလှတော့ဘူး.....

သမားတော်ရန်ကတော့ သူ့သားကြီး၏ ဖြစ်ပျက်နေမှုကိုကြည့်ကာ ပြုံးသာပြုံးနေမိသည်။

"ခွမ်း!!"
"လျန်အာ...."

ကြွေခွက်ငယ်ဟာ ယုဖုန်းလက်ထဲမှာ တစ်စစီကြေမွသွားပြီး လှိုက်တက်လာသည့် နာကျင်မှုနှင့် ပါးစပ်အပြည့်သွေးတွေကို ယုဖုန်းအန်ထုတ်လိုက်တော့သည်။

ခွေယိုင်ကျသွားသည့် ခန္ဓာကိုယ်လေးကို ရန်ရှို့ အမြန်ဖမ်းယူလိုက်ပြီး အခန်းထဲသို့ သယ်ခဲ့ကြသည်။

သမားတော်ရန် လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ကြည့်တော့ ပြင်းထန်သည့်အဆိပ်၏တည်ရှိမှုကို တွေ့ရှိသွားသည်။

သွေးကြောတွေပိတ်ကာ အဆိပ်ကိုထိန်းဖို့ကြိုးစားကြည့်ပေမယ့် ထူးဆန်းစွာပဲ သွေးကြောတွေကပါ ပုံမှန်ဟုတ်မနေ။

ရန်ရှို့ အလန့်တကြား ငိုနေသည့် သူ့မိခင်အားနှစ်သိမ့်ပေးနေကာ စိတ်တည်ငြိမ်စေရန် ဆေးတိုက်ရသည်။

"အား!!!"

နာကျင်စွာ အော်ဟစ်သံက ညအချိန် ရန်အိမ်မှ ထွက်ပေါ်လာပြီး တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။

တစ်ကိုယ်လုံးရှိ ချွေးပေါက်ငယ်များမှ သွေးတွေစတင်စိမ့်ထွက်လာပြီး ဝတ်ထားသည့်အဝတ်အစားသာမက အိမ်ယာခင်းတွေပါ နီရဲလာသည်။

ရုတ်တရက် ပေါ်လာသည့် ဤအဆိပ်မျိုးကို သမားတော်ရန် မကြုံဖူးခဲ့ဘဲ အမျိုးအစားလည်းမခွဲနိုင်တာမို့ ရေချိုးဇလုံထဲ ရေနွေးနွေးပြင်ခိုင်းလိုက်ပြီး ထိုအထဲကို အဆိပ်ကုသရာမှာ သုံးသည့် ဆေးမြစ်ဆေးရွက်မျိုးစုံကိုထည့်လိုက်သည်။

သူ့ဇနီးနှင့် အခြားအလုပ်သမားတွေကို အပြင်ထွက်ခိုင်းကာ နာကျင်စွာအော်ဟစ်နေသည့် လျန်အာကို အဝတ်တွေဖယ်ရှားပေးပြီး ရေချိုးဇလုံထဲ စိမ်ထားပေးသည်။

ထိုအချိန်မှာပဲ ထိုကလေး၏ ဆံပင်တွေက အနက်ရောင်ပြောင်းကာ ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားခုတ်ရာ ပြတ်ရှရာများစွာက ပေါ်လာသည်။

တဖန် ဒဏ်ရာတွေကပျောက်သွားပြန်သည်။

ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ဒဏ်ရာတွေနှင့် အဆက်မပြတ်ထွက်နေသည့် သွေးတွေကြောင့် ရေဇလုံထဲရှိရေတွေမှာ သွေးရောင်ပြောင်းလာခဲ့တော့သည်။

ရေတွေပြန်လဲ ဆေးအသစ်တွေထည့်ကာ ကလေးငယ်ကို သူတို့ပြန်စိမ်လိုက်ကြပြီး မနက်အာရုံတက်ချိန်မှ သွေးထွက်ရပ်ပြီး လျန်အာက ငြိမ်သက်သွားတော့သည်။

ဖြူဖျော့ကာ အသက်ကိုမျှင်းမျှင်းလေးရှူနေသည့် ကလေးငယ်က သတိမကပ်တော့တာမို့ ရေတွေကိုသုတ်ပေးပြီး အဝတ်သန့်တစ်စုံကို ရန်ရှို့ ဝတ်ပေးလိုက်သည်။

မနက်ခင်းနေရောင်ထွက်ပေါ်လာသည်နှင့် လျန်အာ၏အနက်ရောင်ဆံပင်တွေက ရွှေရောင်သို့ ပြန်ပြောင်းသွားတော့သည်။

တစ်ညလုံး မအိပ်ဘဲ စောင့်ဆိုင်းနေသည့် သခင်မကြီးရန်က သတိလစ်နေသည့် လျန်အာ၏ လက်ကလေးကို ဖွဖွလေးကိုင်ကာ ထိုအခန်းထဲမှာကျန်နေခဲ့ပြီး ရန်ရှို့တို့သားအဖကတော့ ဆေးကုဆောင်ထဲ သွားကာ အဆိပ်နှင့်ပတ်သက်သည့် ဆေးကျမ်းတွေကို ရှာဖွေကြသည်။

ဘိုးဘေးအစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် ဆေးကျမ်းတွေထဲသားအဖနှစ်ယောက်ခေါင်းစိုက်နေခဲ့ပြီး နေ့လည်မွန်းလွှဲချိန်ရောက်မှ ထိုထူးဆန်းသည့်အဆိပ်အကြောင်းကို ရှာတွေ့ခဲ့ကြသည်။

"ပန်းဝတ်ရည်အဆိပ်"

နာမည်နှင့်မလိုက်စွာ ထိုအဆိပ်၏ ကြောက်ဖို့ကောင်းသည့် အချက်တွေကို သေချာရေးသားထားသည်။

ထိုအဆိပ်၏ ဇစ်မြစ်က အနောက်တိုင်းကဖြစ်ပြီး အဆိပ်အမျိုးအစားပေါင်းများစွာကိုပေါင်းစပ်ထားခြင်းဖြစ်ကာ ရှားပါးလွန်းသည်။

စွမ်းအားမရှိသည့် သာမန်လူသောက်မိပါက သုံးလထက်အသက်မရှင်နိုင်။

စွမ်းအားရှိသူပင် ခံနိုင်ရည်အားနည်းပါက သွေးလွန်၍ သေစေနိုင်သည်။

အဆိပ်နိုးထချိန်တွေမှာ ထိုလူရခဲ့သည့် ပျောက်ကင်းပြီး ဒဏ်ရာတွေပြန်ပေါ်လာပြီး ထိုဒဏ်ရာတွေ၏ နာကျင်မှုကိုပါ ခံစားရမည်။

အမျိုးသားတစ်ဦးသောက်မိပါက အတွင်းခန္ဓာကိုယ်ဖွဲ့စည်းပုံပြောင်းလဲ၍ အမျိုးသမီးများကဲ့သို့ ကိုယ်ဝန်ဆောင်နိုင်မည်။

"ငါ*"

ရန်ရှို့ ထိုစာကြောင်းကိုဖတ်ပြီး အလန့်တကြားထဆဲမိသည်။

နာကျင်မှုကို အနည်းငယ်သက်သာစေမည့် ဆေးနာမည်တွေကို ဖော်ပြထားပြီး ကုသနည်း မရှိတဲ့......

"ငါ*!!"

သားအဖနှစ်ယောက် ပြိုင်တူ ဆဲလိုက်ပြီး နားထင်တွေကို ဖိထားမိကြသည်။

ထိုအချိန်ရွာထဲမှာတော့ ထူးဆန်းသည့်အလှလေးက ဆိုးဝါးသည့်ရောဂါတစ်ခုကို ခံစားနေရကြောင်းသတင်းပျံ့နေပြီဖြစ်သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

ယုဖုန်း ညနေစောင်းမှ သတိပြန်လည်လာပြီး သူ့နံဘေးမှ သူ့အား လျန်အာဟုခေါ်သည့် ရန်သခင်မကို ခံစားချက်မဲ့စွာ ကြည့်နေမိသည်။

"လျန်အာ သတိရလာပြီ...."

ယုဖုန်း သူ့အနားရောက်လာသည့် သမားတော်ရန်နှင့် ရန်ရှို့၏ မျက်ဝန်းထဲမှ သနားရိပ်တွေကို မမြင်ချင်စွာ ခေါင်မိုးကိုသာ စိုက်ကြည့်လိုက်သည်။

"လျန်အာ......နေရတာ သက်သာရဲ့လား...."

ယုဖုန်း မျက်တောင်ခတ်ကာ ခေါင်းတစ်ချက်ညိတ်သည်။

"နာနေသေးလား"

သူခေါင်းယမ်းပြသည်။

"လျန်အာ.......
ပန်းဝတ်ရည်အဆိပ်ကို ဘယ်သူတိုက်တာလဲ..
မှတ်မိလား......"

သမားတော်ရန်၏ အမေးကို ယုဖုန်းမဖြေချင်စွာ မျက်ဝန်းတွေမှိတ်ပြီး ငြိမ်နေလိုက်တော့သည်။

သမားတော်ရန် သက်ပြင်းချကာ ထိုသနားစရာ ကလေး၏ ရင်ဘက်ပေါ်မှ လက်သီးဆုပ်လေးကို နှစ်သိမ့်ဟန် ပုတ်ပေးမိသည်။

"ကောင်းပြီ......
နားလိုက်ဦးနော်......"

ဇနီးဖြစ်သူကို အနားယူရန် ချော့မော့ခေါ်သွားရပြီး ရန်ရှို့တစ်ယောက်ကိုသာ လျန်အာနားနေခိုင်းခဲ့သည်။

ယုဖုန်း စိတ်ထဲ နာမည်တစ်ခုကို မုန်းတီးစွာရေရွတ်မိသည်။

လီဟော်

သူ့လက်နဲ့ သူကိုယ်တိုင်သတ်ရမည့် စာရင်းထဲက ထိပ်ဆုံးနေရာမှာရှိသည့်သူ။

"လျန်အာ.....
ကိုကို သီချင်းဆိုပြရမလား.....ဟင်"

သူ့ကိုပြန်မဖြေဘဲ ဗလာမျက်ဝန်းတွေနှင့် ကြည့်လာသည့် ကောင်လေးထံမှ ဝမ်းနည်းခြင်းအငွေ့အသက်ကို သူခံစားရပြီး သူငယ်ငယ်ကအမေချော့သိပ်သည့် သီချင်းကို တိုးတိုးလေးဆိုလိုက်တော့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန်း နောက်တစ်နေ့မနက်ခင်းမှာ ပုံမှန်လိုပဲ ရန်ရှို့နှင့် ဆေးပင်စိုက်ခင်းထဲသွားကာ ဆေးရွက်ကူခူးသည်။

ရေကူလောင်းပေးသည်။

ရန်ရှို့ကတော့ သူ့အစွမ်းနှင့် အပင်တွေကို ပြန်လည်အဟာရဖြည့်ပေးနေသည်။

"ဝေါင်း!!"

ယုဖုန်း ဆတ်ကနဲ အသံလာရာ အနောက်​တောင်အရပ်ကို လှည့်ကြည့်လိုက်သည်။

"ဝေါင်း!!!
ဂီး!!!"

ရင်းနှီးသည့် အသံတွေ......

မလှမ်းမကမ်းမှ ရန်ရှို့နှင့် အလုပ်သမားတွေကတော့ ထိုအသံတွေကိုမကြားရဘဲ အလုပ်သာဆက်လုပ်နေကြသည်။

"ဝေါင်း!!!"

ယုဖုန်း ရေပုံးကိုချပြီး ထိုအသံလာရာသို့ ဦးတည်ကာ ပြေးတော့သည်။

"လျန်အာ!"

ပြေးရင်း အလျင်ကပိုမြန်လာပြီး ရန်ရှို့မလိုက်နိုင်ဘဲ ကျန်နေခဲ့ကာ ယုဖုန်း ရွာလမ်းတွေကိုဖြတ်ပြီး နောက်ဆုံး တောထဲရောက်ခဲ့တော့သည်။

"ရှောင်းဟိုင်....."

ယုဖုန်း မြူတွေဆိုင်းနေသည့် ပတ်ပတ်လည်ကို ကြည့်ကာ မရေရာစွာ ခေါ်လိုက်သည့်နောက် ကြီးမားသည့် အရိပ်ကြီးတစ်ခုက မြူတွေထဲမှ ထွက်လာပြီး အခြားအရိပ်တစ်ခုကလည်း သစ်ပင်ထက်မှ ဝဲဆင်းလာသည်။

အနီအနက်ကျားကြီး တစ်ကောင်နှင့် ခန္ဓာကိုယ်မှာ အစိမ်းရောင်အပြာရောင်အ​မွှေးရှိပြီး ရှည်လျားသည့် အမြီးနှင့်အတောင်ပံတွေက ရွှေရောင်ရှိသည့် ငှက်တစ်ကောင်။

ရင်းနှီးသည့် အကြည့် ရင်းနှီးသည့် အငွေ့အသက်တွေ။

ယုဖုန်း လက်ကိုဆန့်ကာ သူ့ရှေ့မှ သူ့ကိုကြည့်နေသည့် ထိုနှစ်ကောင်ကို ထိတွေ့လိုက်သည်။

"ရှောင်းဟိုင် ရှောင်ချိုး"
"သခင်!"

ရှောင်းဟိုင်နှင့် ရှောင်ချိုးက ရုတ်တရက် လူငယ်လေးနှစ်ဦးအဖြစ် ပြောင်းသွားပြီး ယုဖုန်းကို လာဖက်ကြသည်။

သူတို့နှစ်ဦး၏အရပ်က ယုဖုန်း၏ ပုခုံးလောက်သာရှိပြီး အနက်ရောင်ဝတ်ဆင်ထားသည်။

"မင်းတို့.....
အသွင်ပြောင်းနိုင်တယ်ပေါ့......"
"သခင်နိုးထလာတာနဲ့ ကျွန်တော်တို့လည်းအစွမ်းတွေရလာတယ်.....
လူလိုလည်း ပြောင်းလို့ရတယ်"
"ငါ့ကို ဘယ်လိုရှာတွေ့တာလဲ"
"သခင့်အနံ့ကို ကျွန်တော်တို့ရတယ်......
ဘယ်လောက်ဝေးဝေး သခင့်ကိုရှာနိုင်တယ်"

ယုဖုန်း ကောင်လေးနှစ်ယောက်၏ ခေါင်းတွေကို ချီးကျူးဟန် ပွတ်ပေးလိုက်သည်။

"ဘင်းဝမ်တို့ရော....."
"မသိဘူး....
သခင်ထွက်သွားတဲ့နေ့ကတည်းက မတွေ့ဘူး"

ဟွမ်နိုင်ငံပိုင်နက်ထဲမှာ သူ့အစ်ကိုတော်အပါအဝင် အားလုံးရှိ​နေနိုင်သည်။

"သူတို့ကို ရှာနိုင်မလား"

ရှောင်းဟိုင်နှင့် ရှောင်ချိုးက ချက်ချင်း ခေါင်းညိတ်သည်။

"ကောင်းပြီ......
သူတို့ကို သွားရှာခဲ့....."

ယုဖုန်း မတည်ငြိမ်သေးသည့်မိမိခန္ဓာကိုယ်အခြေအနေကြောင့် သွားမရှာနိုင်ရာ ရှောင်းဟိုင်နှင့် ရှောင်ချိုးကို အမိန့်ပေးလိုက်သည်။

ရှောင်းဟိုင်နှင့် ရှောင်ချိုးက သူ့အားနှုတ်ဆက်ကာ မူလအသွင်ပြန်ပြောင်း၍ ထွက်ခွာသွားကြတော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

"လ်န္အာ!! လ်န္အာ!"

သူ႕ထံဦးတည္ေျပးလာသည့္ အမ်ိဳးသမီးႀကီးက ယုဖုန္းလက္ႏွစ္ဖက္ကို အားရဝမ္းသာ ဆုပ္ကိုင္လာသည္။

"လ်န္အာ ျပန္လာၿပီ!
ေမေမ အရမ္းလြမ္းေနတာ....."

သူ႕မ်က္ႏွာကိုပင္ ထိုအမ်ိဳးသမီးႀကီးက ထိကိုင္လာတာမို႔ ယုဖုန္းမ်က္ေမွာင္က်ဳံ႕မိသည္။

ထိုအခ်ိန္ ေဆး႐ြက္ခူးျပန္လာသည့္ ရန္ရွို႔မွာ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေခါင္းက်ိန္းသြားရသည္။

သူ႕အေမကေတာ့ အျပစ္ျပဳမိေတာ့မွာပဲ......

"အေမ!......
သူမ်ားကို အဲ့လို လိုက္မကိုင္ရဘူးေလ..."
"ငါ့ရဲ႕ လ်န္အာ...."
"သူက လ်န္အာမဟုတ္ဘူး...."

ရန္ရွို႔ ဘယ္လိုေျပာေျပာ သူ႕မိခင္ကမရေပ။

ယုဖုန္း ထိုအမ်ိဳးသမီးႀကီး ကိုင္ထားသည့္ သူ႕လက္ဖဝါးတစ္ဖက္မွ ႏြေးေထြးေသာစီးဆင္းမႈတစ္ခုကို ခံစားလာရၿပီး ျမင္ကြင္းအျဖစ္အပ်က္မ်ားစြာကို သူျမင္လိုက္ရေတာ့သည္။

""ေမေမ လ်န္အာ ေဆးျမစ္သြားရွာလိုက္ဦးမယ္!""
""ေစာေစာျပန္ခဲ့ေနာ္.....""
""ဟုတ္!!!""

ျခင္းေလးလြယ္ကာ ၿပဳံး႐ႊင္စြာျဖင့္ လက္ျပႏႈတ္ဆက္သြားသည့္ ေကာင္ငယ္ေလး.....

ေနာက္ထပ္ျမင္ကြင္းတစ္ခုမွာေတာ့ ငိုသံမ်ားစြာႏွင့္ ေျမႀကီးထဲက ထုတ္လာသည့္ အေလာင္းက ထိုေကာင္ေလးပင္ျဖစ္ေနသည္။

""လ်န္အာ!.....""

နာက်င္စြာငိုေႂကြးေနသည့္ အမ်ိဳးသမီးႀကီး၏ အသံ......

"လ်န္အာ.....ေနာက္ထပ္မသြားနဲ႕ေတာ့ေနာ္..."

ယုဖုန္း မ်က္ခုံးေတြေျပေလ်ာ့သြားၿပီး သူ႕ေရွ႕မွ ထိုအမ်ိဳးသမီးႀကီးကို ေခါင္းညိတ္ျပလိုက္သည္။

"ေမေမ့ကို ဖက္ပါဦး....."

ယုဖုန္း နာခံစြာပဲ သူမကို ဖက္ထားေပးလိုက္မိသည္။

"ဗိုက္ဆာေနၿပီလား......
လာ ေမေမတို႔ ထမင္းစားရေအာင္......"

သူမေခၚရာေနာက္ကို ယုဖုန္းလိုက္လာခဲ့ၿပီး ၿခံဝန္းထဲ သစ္ပင္ရိပ္ရွိ ေက်ာက္စားပြဲတြင္ဝင္ထိုင္လိုက္သည္။

"က်ီက်င့္! ထမင္းပြဲျမန္ျမန္ ျပင္ေပး!!
ငါတို႔ လ်န္အာ ဗိုက္ဆာေနၿပီ!"

အိမ္ထိန္းႀကီး က်ီက်င့္မွာ ေၾကာင္ၾကည့္ေနရာမွ အျမန္ မီးဖိုေဆာင္ထဲေျပးသြားကာ အလုပ္သမားေတြကိုကူခိုင္းၿပီး ဟင္းပြဲေတြျပင္ေတာ့သည္။

ရန္ရွို႔ကေတာ့ ထိုေနရာမွာ ေဆးဗန္းႀကီး ကိုင္ကာ ရပ္ေနဆဲ။

"ရွို႔အာ! လာေလ!!"

သူ႕မိခင္က သူ႕နာမည္ကိုေခၚလိုက္တာမို႔ ေပ်ာ္႐ႊင္မႈက လွိုက္တက္လာၿပီး ဗန္းႀကီးပစ္ခ်ကာ သူ႕မိခင္ထံေျပးသြားေတာ့သည္။

"အေမ ေနာက္ဆုံးေတာ့ သားကို မွတ္မိၿပီေပါ့...."

ထိုင္ေနသည့္ သူ႕မိခင္၏ ရင္ခြင္ထဲကို ရန္ရွို႔ေခါင္းေဝွ႕ကာ ေမးလာသည္။

"ေမေမ ဘယ္တုန္းက သားကိုေမ့လို႔လဲ!"

သူ႕မိခင္က ဟိုအရင္ကလိုမ်ိဳး သူ႕နဖူးအား ဖြဖြေလးထုသည္။

"ထ....ေသခ်ာ ေနရာတက်ထိဳင္!
လူကျဖင့္ ႀကီးလွၿပီေနာ္.....
ညီေလးေတာင္မွ ရင့္က်က္ေနၿပီ"
"ဟုတ္"

ရန္ရွို႔ သူ႕မိခင္ေဘးမွ ခုံတြင္ဝင္ထိုင္လိုက္ၿပီး ေ႐ႊေရာင္ဆံပင္ေတြႏွင့္ ေကာင္ေလးကို ေက်းဇူးတင္စြာ ၿပဳံးျပမိသည္။

ရန္သခင္မႀကီးမွာ သားႀကီးႏွင့္ သားငယ္၏ လက္တစ္ဖက္ဆီကို ဆုပ္ကိုင္ထားၿပီး ေပ်ာ္႐ႊင္ေနခဲ့သည္။

"သခင္ႀကီး ရွင္ျပန္လာၿပီလား!
လာ! တစ္ခါတည္း အတူတူစားရေအာင္!!"

သမားေတာ္ရန္ သူ႕ဇနီး၏ ပုံမွန္ျဖစ္ေနသည့္ စိတ္အေျခအေနေၾကာင့္ သူ႕သားကို မ်က္စပစ္ၾကည့္လိုက္ေပမယ့္ သူ႕သားရန္ရွို႔ကေတာ့ တဟီးဟီးသာရယ္ျပေနသည္။

"လ်န္အာ......
မ်ားမ်ားစားေနာ္.....ေမေမ့သားေလးပိန္သြားတယ္"

သမားေတာ္ရန္ အေျခအေနေတြကို အနည္းငယ္နားလည္စျပဳလာသည္။

"သခင္ႀကီး!
ရွင့္ေရွ႕က ဟင္းေတြကို လ်န္အာမမွီေလာက္ဘူး.....
ထည့္ေပးလိုက္အုံးေလ!"
"ဪ...အင္း..အင္း..
လ်န္အာ.....ငါးမ်ားမ်ားစား....."

သမားေတာ္ရန္ သူ႕ဇနီး သူ႕သားႀကီးႏွင့္ ထူးဆန္းစြာသူတို႔ဆီေရာက္လာသည့္ သခင္ငယ္ေလးတို႔ကိုၾကည့္ကာ ျပန္အသက္ဝင္လာသည့္ မိသားစုအေငြ႕အသက္ေလးေၾကာင့္ ၾကည္ႏူးဝမ္းသာရသည္။

"လ်န္အာ.....ေနာက္ေန႕က်ရင္ သားႀကိဳက္တဲ့ ဟင္းေတြကို ေမေမကိုယ္တိုင္ ခ်က္ေပးမယ္ေနာ္"

ယုဖုန္းေခါင္းညိတ္ကာ ပန္းကန္ထဲသို႔ သူမထည့္ေပးလာသည့္ ဟင္းေတြကို အသာတၾကည္ပဲ စားေနလိုက္ၿပီး ဘာစကားမွ ဝင္မေျပာေပ။

သူက အျပင္ပိုင္းေအးစက္ေပမယ့္ ႏြေးေထြးတဲ့ႏွလုံးသားရွိတာမို႔ နတ္ဘုရားေလးပဲျဖစ္ရမယ္.....

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန္း ေရကန္ထဲမွ ကိုယ့္ကိုကိုယ္ ၾကည့္ရင္း ၿပဳံးဖို႔ႀကိဳးစားၾကည့္ေပမယ့္ သူမၿပဳံးနိုင္။

ရယ္ဖို႔ႀကိဳးစားၾကည့္ေတာ့လည္း စိထားသည့္သြားေတြသာ ေပၚလာၿပီး အဆင္မေျပေပ။

အရင္က သူလြယ္ကူစြာၿပဳံးခဲ့ရယ္ခဲ့ေပမယ့္ အခုေတာ့ သူ႕အတြက္ခက္ခဲလြန္းေနသည္။

"ဘာလုပ္ေနတာလဲ လ်န္အာ....."

သူ႕ပုခုံးအားလာပုတ္သည့္ သူကိုယုဖုန္းလွည့္ၾကည့္လိုက္သည္။

လ်န္အာ......

သူ႕အားေခၚၾကသည့္ သူ႕အတြက္နာမည္သစ္တစ္ခု.....

သူ႕မိခင္၏နာမည္ လ်န္ႏွင့္ တူညီသောအဓိပ္ပါယ်ရှိသည်။

ယုဖုန္း ဤနာမည္ကိုသေဘာက်တာမို႔ ထိုအတိုင္းသာေခၚခြင့္ျပဳထားျခင္းျဖစ္သည္။

"ၾကာပန္းေတြက အဖူးေတြပဲရွိေသးတယ္.....
အစ္ကိုမ်က္လွည့္ျပမယ္.....ၾကည့္ေန..."

ရန္ရွို႔ ေရကန္စပ္မွာရပ္ၿပီး အနီးနားမွ ၾကာ႐ြက္တစ္ခုကို ထိေတြ႕ကာ အျမစ္ေတြမွတစ္ဆင့္ တစ္ကန္လုံးရွိၾကာဖူးေတြဆီသို႔စြမ္းအင္စီးဆင္းေစလိုက္သည္။

ေသးငယ္သည့္ ၾကားဖူးေတြကႀကီးထြားလာၿပီး တျဖည္းျဖည့္ ပြင့္ဖက္တို႔ ဖြင့္ဟလာသည္။

"လွတယ္မလား....."

ရန္ရွို႔ သူ႕ညီငယ္ေလးက သူ႕အားသေဘာက်ကာ အစ္ကိုႀကီးတစ္ေယာက္အျဖစ္ ခင္တြယ္အားကိုးေစခ်င္တာမို႔ မိမိအစြမ္းကို ဂုဏ္ယူစြာထုတ္ျပလိုက္ျခင္းျဖစ္သည္။

သို႔ေသာ္လည္း သူ႕ညီေလးလို နတ္ဘုရားအစြမ္းရွိသည့္သူအတြက္ ဤအရာကအထူးအဆန္းျဖစ္ဟန္မရွိဘဲ နဂိုအတိုင္း ေရေသလိုတည္ၿငိမ္ေနသည့္ မ်က္ႏွာအမူအရာကိုသာေတြ႕ရသည္။

ယုဖုန္း သူ႕ေရွ႕မွလူ၏ စိတ္ဓာတ္က်သြားမႈကို ခံစားမိၿပီး မ်က္ႏွာေသႏွင့္ပင္ လက္ခုပ္ႏွစ္ခါေလာက္တီးေပးလိုက္ေပမယ့္ ရန္ရွို႔ ကေတာ့တိမ္ေပၚေရာက္သြားသလိုပင္ ေပ်ာ္႐ႊင္သြားေတာ့သည္။

သူ႕ညီေလးက သူ႕ကိုခ်ီးက်ဴးတယ္.....

ယုဖုန္း သူသတိရလာၿပီးေနာက္ ဆံပင္အေရာင္မ်က္လုံးအေရာင္ေတြေျပာင္းလဲသြားသည့္အျပင္ သူ႕ဖခင္ကဲ့သို႔ ကုသျခင္းအစြမ္းကိုပိုင္ဆိုင္လာၿပီး လူေတြ၏စိတ္ကိုပါဖတ္နိုင္လာသည္။

သူ႕ကိုေစာင့္ေရွာက္ေပးေနသည့္ သမားေတာ္ရန္မိသားစုက အမွန္တကယ္ကိုလူေကာင္းေတြမို႔ ယုဖုန္း ထိုမိသားစု၏ လ်န္အာအျဖစ္အလိုက္သင့္ေနေပးမိသည္။

တစ္ခါတစ္ရံ ရန္သခင္မႀကီးႏွင့္ အျပင္ကိုလိုက္သြားေပးတိုင္း သူ႕ကိုလူထူးဆန္းလို ဝိုင္းၾကည့္ျခင္းကို ခံရၿပီး အကုန္လုံးက သူအားစကားမေျပာတတ္တဲ့သူဟုပင္ထင္ေနၾကသည္။

ရန္ရွို႔ ေဆးပင္စိုက္ခင္းကိုသြား၍ေဆး႐ြက္ခူးလွ်င္ ယုဖုန္း လိုက္ကူညီေပးၿပီး ထိုတစ္ေယာက္အဆက္မျပတ္ေျပာေနသည့္ စကားေတြကိုေတာ့ ေခါင္းညိတ္ ေခါင္းခါ၍သာတုံ႕ျပန္သည္။

႐ြာထဲမွ ဆယ္ေက်ာ္သက္မ်ား လူငယ္လူ႐ြယ္မ်ားက သူတို႔လ်န္အာကေယာက္်ားေလးဆိုသည္ကိုပင္ ေမ့ေလ်ာ့ေနၾကသလားမသိ။

ေန႕တိုင္း ရန္အိမ္ေတာ္ၿခံဝင္းေရွ႕မွာ မေရာင္မလည္လာလုပ္ၾကၿပီး ပု႐ြက္ဆိတ္ကိုက္လို႔ေရာင္သည္ကိုပင္ လာၿပီးေဆးကုခိုင္းသူေတြေၾကာင့္ ရန္ရွို႔ ေအာ္မဆဲရသည့္ေန႕မရွိေပ။

ထိုအထဲတြင္ သူ႕သူငယ္ခ်င္း ယဲ့အန္းလည္းပါတာမို႔ သေကာင့္သားကို အေရးႀကီးရင္ ၿခံေရွ႕ကပဲေျပာ ၿခံထဲဝင္တာႏွင့္ ဓားနဲ႕ခုတ္မည္ဟု ႀကိမ္းထားရသည္အထိပင္။

ရန္ရွို႔ တည္ၿငိမ္စြာ အၾကမ္းရည္ေသာက္ေနသည့္ သူညီေလးကိုၾကည့္ကာ အသာေခါင္းညိတ္ၿပီး မိုးေပၚမွလကိုေမာ့ၾကည့္မိေတာ့ ေခါင္းယမ္းသည္။

လမင္းႀကီးေတာင္ သူ႕ညီေလးနဲ႕ယွဥ္လိုက္ေတာ့ မလွေတာ့ဘူး.....

သမားေတာ္ရန္ကေတာ့ သူ႕သားႀကီး၏ ျဖစ္ပ်က္ေနမႈကိုၾကည့္ကာ ၿပဳံးသာၿပဳံးေနမိသည္။

"ခြမ္း!!"
"လ်န္အာ...."

ေႂကြခြက္ငယ္ဟာ ယုဖုန္းလက္ထဲမွာ တစ္စစီေၾကမြသြားၿပီး လွိုက္တက္လာသည့္ နာက်င္မႈႏွင့္ ပါးစပ္အျပည့္ေသြးေတြကို ယုဖုန္းအန္ထုတ္လိုက္ေတာ့သည္။

ေခြယိုင္က်သြားသည့္ ခႏၶာကိုယ္ေလးကို ရန္ရွို႔ အျမန္ဖမ္းယူလိုက္ၿပီး အခန္းထဲသို႔ သယ္ခဲ့ၾကသည္။

သမားေတာ္ရန္ လက္ေကာက္ဝတ္ေသြးေၾကာကို စမ္းသပ္ၾကည့္ေတာ့ ျပင္းထန္သည့္အဆိပ္၏တည္ရွိမႈကို ေတြ႕ရွိသြားသည္။

ေသြးေၾကာေတြပိတ္ကာ အဆိပ္ကိုထိန္းဖို႔ႀကိဳးစားၾကည့္ေပမယ့္ ထူးဆန္းစြာပဲ ေသြးေၾကာေတြကပါ ပုံမွန္ဟုတ္မေန။

ရန္ရွို႔ အလန့္တၾကား ငိုေနသည့္ သူ႕မိခင္အားႏွစ္သိမ့္ေပးေနကာ စိတ္တည္ၿငိမ္ေစရန္ ေဆးတိုက္ရသည္။

"အား!!!"

နာက်င္စြာ ေအာ္ဟစ္သံက ညအခ်ိန္ ရန္အိမ္မွ ထြက္ေပၚလာၿပီး တစ္႐ြာလုံး လႈပ္လႈပ္ရွားရွားျဖစ္ကုန္သည္။

တစ္ကိုယ္လုံးရွိ ေခြၽးေပါက္ငယ္မ်ားမွ ေသြးေတြစတင္စိမ့္ထြက္လာၿပီး ဝတ္ထားသည့္အဝတ္အစားသာမက အိမ္ယာခင္းေတြပါ နီရဲလာသည္။

႐ုတ္တရက္ ေပၚလာသည့္ ဤအဆိပ္မ်ိဳးကို သမားေတာ္ရန္ မႀကဳံဖူးခဲ့ဘဲ အမ်ိဳးအစားလည္းမခြဲနိုင္တာမို႔ ေရခ်ိဳးဇလုံထဲ ေရႏြေးႏြေးျပင္ခိုင္းလိုက္ၿပီး ထိုအထဲကို အဆိပ္ကုသရာမွာ သုံးသည့္ ေဆးျမစ္ေဆး႐ြက္မ်ိဳးစုံကိုထည့္လိုက္သည္။

သူ႕ဇနီးႏွင့္ အျခားအလုပ္သမားေတြကို အျပင္ထြက္ခိုင္းကာ နာက်င္စြာေအာ္ဟစ္ေနသည့္ လ်န္အာကို အဝတ္ေတြဖယ္ရွားေပးၿပီး ေရခ်ိဳးဇလုံထဲ စိမ္ထားေပးသည္။

ထိုအခ်ိန္မွာပဲ ထိုကေလး၏ ဆံပင္ေတြက အနက္ေရာင္ေျပာင္းကာ ခႏၶာကိုယ္ေပၚတြင္လည္း ဓားခုတ္ရာ ျပတ္ရွရာမ်ားစြာက ေပၚလာသည္။

တဖန္ ဒဏ္ရာေတြကေပ်ာက္သြားျပန္သည္။

ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနသည့္ ဒဏ္ရာေတြႏွင့္ အဆက္မျပတ္ထြက္ေနသည့္ ေသြးေတြေၾကာင့္ ေရဇလုံထဲရွိေရေတြမွာ ေသြးေရာင္ေျပာင္းလာခဲ့ေတာ့သည္။

ေရေတြျပန္လဲ ေဆးအသစ္ေတြထည့္ကာ ကေလးငယ္ကို သူတို႔ျပန္စိမ္လိုက္ၾကၿပီး မနက္အာ႐ုံတက္ခ်ိန္မွ ေသြးထြက္ရပ္ၿပီး လ်န္အာက ၿငိမ္သက္သြားေတာ့သည္။

ျဖဴေဖ်ာ့ကာ အသက္ကိုမွ်င္းမွ်င္းေလးရႉေနသည့္ ကေလးငယ္က သတိမကပ္ေတာ့တာမို႔ ေရေတြကိုသုတ္ေပးၿပီး အဝတ္သန့္တစ္စုံကို ရန္ရွို႔ ဝတ္ေပးလိုက္သည္။

မနက္ခင္းေနေရာင္ထြက္ေပၚလာသည္ႏွင့္ လ်န္အာ၏အနက္ေရာင္ဆံပင္ေတြက ေ႐ႊေရာင္သို႔ ျပန္ေျပာင္းသြားေတာ့သည္။

တစ္ညလုံး မအိပ္ဘဲ ေစာင့္ဆိုင္းေနသည့္ သခင္မႀကီးရန္က သတိလစ္ေနသည့္ လ်န္အာ၏ လက္ကေလးကို ဖြဖြေလးကိုင္ကာ ထိုအခန္းထဲမွာက်န္ေနခဲ့ၿပီး ရန္ရွို႔တို႔သားအဖကေတာ့ ေဆးကုေဆာင္ထဲ သြားကာ အဆိပ္ႏွင့္ပတ္သက္သည့္ ေဆးက်မ္းေတြကို ရွာေဖြၾကသည္။

ဘိုးေဘးအစဥ္အဆက္ လက္ဆင့္ကမ္းလာခဲ့သည့္ ေဆးက်မ္းေတြထဲသားအဖႏွစ္ေယာက္ေခါင္းစိုက္ေနခဲ့ၿပီး ေန႕လည္မြန္းလႊဲခ်ိန္ေရာက္မွ ထိုထူးဆန္းသည့္အဆိပ္အေၾကာင္းကို ရွာေတြ႕ခဲ့ၾကသည္။

"ပန္းဝတ္ရည္အဆိပ္"

နာမည္ႏွင့္မလိုက္စြာ ထိုအဆိပ္၏ ေၾကာက္ဖို႔ေကာင္းသည့္ အခ်က္ေတြကို ေသခ်ာေရးသားထားသည္။

ထိုအဆိပ္၏ ဇစ္ျမစ္က အေနာက္တိုင္းကျဖစ္ၿပီး အဆိပ္အမ်ိဳးအစားေပါင္းမ်ားစြာကိုေပါင္းစပ္ထားျခင္းျဖစ္ကာ ရွားပါးလြန္းသည္။

စြမ္းအားမရွိသည့္ သာမန္လူေသာက္မိပါက သုံးလထက္အသက္မရွင္နိုင္။

စြမ္းအားရွိသူပင္ ခံနိုင္ရည္အားနည္းပါက ေသြးလြန္၍ ေသေစနိုင္သည္။

အဆိပ္နိုးထခ်ိန္ေတြမွာ ထိုလူရခဲ့သည့္ ေပ်ာက္ကင္းၿပီး ဒဏ္ရာေတြျပန္ေပၚလာၿပီး ထိုဒဏ္ရာေတြ၏ နာက်င္မႈကိုပါ ခံစားရမည္။

အမ်ိဳးသားတစ္ဦးေသာက္မိပါက အတြင္းခႏၶာကိုယ္ဖြဲ႕စည္းပုံေျပာင္းလဲ၍ အမ်ိဳးသမီးမ်ားကဲ့သို႔ ကိုယ္ဝန္ေဆာင္နိုင္မည္။

"ငါ*"

ရန္ရွို႔ ထိုစာေၾကာင္းကိုဖတ္ၿပီး အလန့္တၾကားထဆဲမိသည္။

နာက်င္မႈကို အနည္းငယ္သက္သာေစမည့္ ေဆးနာမည္ေတြကို ေဖာ္ျပထားၿပီး ကုသနည္း မရွိတဲ့......

"ငါ*!!"

သားအဖႏွစ္ေယာက္ ၿပိဳင္တူ ဆဲလိုက္ၿပီး နားထင္ေတြကို ဖိထားမိၾကသည္။

ထိုအခ်ိန္႐ြာထဲမွာေတာ့ ထူးဆန္းသည့္အလွေလးက ဆိုးဝါးသည့္ေရာဂါတစ္ခုကို ခံစားေနရေၾကာင္းသတင္းပ်ံ့ေနၿပီျဖစ္သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန္း ညေနေစာင္းမွ သတိျပန္လည္လာၿပီး သူ႕နံေဘးမွ သူ႕အား လ်န္အာဟုေခၚသည့္ ရန္သခင္မကို ခံစားခ်က္မဲ့စြာ ၾကည့္ေနမိသည္။

"လ်န္အာ သတိရလာၿပီ...."

ယုဖုန္း သူ႕အနားေရာက္လာသည့္ သမားေတာ္ရန္ႏွင့္ ရန္ရွို႔၏ မ်က္ဝန္းထဲမွ သနားရိပ္ေတြကို မျမင္ခ်င္စြာ ေခါင္မိုးကိုသာ စိုက္ၾကည့္လိုက္သည္။

"လ်န္အာ......ေနရတာ သက္သာရဲ႕လား...."

ယုဖုန္း မ်က္ေတာင္ခတ္ကာ ေခါင္းတစ္ခ်က္ညိတ္သည္။

"နာေနေသးလား"

သူေခါင္းယမ္းျပသည္။

"လ်န္အာ.......
ပန္းဝတ္ရည္အဆိပ္ကို ဘယ္သူတိုက္တာလဲ..
မွတ္မိလား......"

သမားေတာ္ရန္၏ အေမးကို ယုဖုန္းမေျဖခ်င္စြာ မ်က္ဝန္းေတြမွိတ္ၿပီး ၿငိမ္ေနလိုက္ေတာ့သည္။

သမားေတာ္ရန္ သက္ျပင္းခ်ကာ ထိုသနားစရာ ကေလး၏ ရင္ဘက္ေပၚမွ လက္သီးဆုပ္ေလးကို ႏွစ္သိမ့္ဟန္ ပုတ္ေပးမိသည္။

"ေကာင္းၿပီ......
နားလိုက္ဦးေနာ္......"

ဇနီးျဖစ္သူကို အနားယူရန္ ေခ်ာ့ေမာ့ေခၚသြားရၿပီး ရန္ရွို႔တစ္ေယာက္ကိုသာ လ်န္အာနားေနခိုင္းခဲ့သည္။

ယုဖုန္း စိတ္ထဲ နာမည္တစ္ခုကို မုန္းတီးစြာေရ႐ြတ္မိသည္။

လီေဟာ္

သူ႕လက္နဲ႕ သူကိုယ္တိုင္သတ္ရမည့္ စာရင္းထဲက ထိပ္ဆုံးေနရာမွာရွိသည့္သူ။

"လ်န္အာ.....
ကိုကို သီခ်င္းဆိုျပရမလား.....ဟင္"

သူ႕ကိုျပန္မေျဖဘဲ ဗလာမ်က္ဝန္းေတြႏွင့္ ၾကည့္လာသည့္ ေကာင္ေလးထံမွ ဝမ္းနည္းျခင္းအေငြ႕အသက္ကို သူခံစားရၿပီး သူငယ္ငယ္ကအေမေခ်ာ့သိပ္သည့္ သီခ်င္းကို တိုးတိုးေလးဆိုလိုက္ေတာ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန္း ေနာက္တစ္ေန႕မနက္ခင္းမွာ ပုံမွန္လိုပဲ ရန္ရွို႔ႏွင့္ ေဆးပင္စိုက္ခင္းထဲသြားကာ ေဆး႐ြက္ကူခူးသည္။

ေရကူေလာင္းေပးသည္။

ရန္ရွို႔ကေတာ့ သူ႕အစြမ္းႏွင့္ အပင္ေတြကို ျပန္လည္အဟာရျဖည့္ေပးေနသည္။

"ေဝါင္း!!"

ယုဖုန္း ဆတ္ကနဲ အသံလာရာ အေနာက္ေတာင္အရပ္ကို လွည့္ၾကည့္လိုက္သည္။

"ေဝါင္း!!!
ဂီး!!!"

ရင္းႏွီးသည့္ အသံေတြ......

မလွမ္းမကမ္းမွ ရန္ရွို႔ႏွင့္ အလုပ္သမားေတြကေတာ့ ထိုအသံေတြကိုမၾကားရဘဲ အလုပ္သာဆက္လုပ္ေနၾကသည္။

"ေဝါင္း!!!"

ယုဖုန္း ေရပုံးကိုခ်ၿပီး ထိုအသံလာရာသို႔ ဦးတည္ကာ ေျပးေတာ့သည္။

"လ်န္အာ!"

ေျပးရင္း အလ်င္ကပိုျမန္လာၿပီး ရန္ရွို႔မလိုက္နိုင္ဘဲ က်န္ေနခဲ့ကာ ယုဖုန္း ႐ြာလမ္းေတြကိုျဖတ္ၿပီး ေနာက္ဆုံး ေတာထဲေရာက္ခဲ့ေတာ့သည္။

"ေရွာင္းဟိုင္....."

ယုဖုန္း ျမဴေတြဆိုင္းေနသည့္ ပတ္ပတ္လည္ကို ၾကည့္ကာ မေရရာစြာ ေခၚလိုက္သည့္ေနာက္ ႀကီးမားသည့္ အရိပ္ႀကီးတစ္ခုက ျမဴေတြထဲမွ ထြက္လာၿပီး အျခားအရိပ္တစ္ခုကလည္း သစ္ပင္ထက္မွ ဝဲဆင္းလာသည္။

အနီအနက္က်ားႀကီး တစ္ေကာင္ႏွင့္ ခႏၶာကိုယ္မွာ အစိမ္းေရာင္အျပာေရာင္အေမႊးရွိၿပီး ရွည္လ်ားသည့္ အၿမီးႏွင့္အေတာင္ပံေတြက ေ႐ႊေရာင္ရွိသည့္ ငွက္တစ္ေကာင္။

ရင္းႏွီးသည့္ အၾကည့္ ရင္းႏွီးသည့္ အေငြ႕အသက္ေတြ။

ယုဖုန္း လက္ကိုဆန့္ကာ သူ႕ေရွ႕မွ သူ႕ကိုၾကည့္ေနသည့္ ထိုႏွစ္ေကာင္ကို ထိေတြ႕လိုက္သည္။

"ေရွာင္းဟိုင္ ေရွာင္ခ်ိဳး"
"သခင္!"

ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက ႐ုတ္တရက္ လူငယ္ေလးႏွစ္ဦးအျဖစ္ ေျပာင္းသြားၿပီး ယုဖုန္းကို လာဖက္ၾကသည္။

သူတို႔ႏွစ္ဦး၏အရပ္က ယုဖုန္း၏ ပုခုံးေလာက္သာရွိၿပီး အနက္ေရာင္ဝတ္ဆင္ထားသည္။

"မင္းတို႔.....
အသြင္ေျပာင္းနိုင္တယ္ေပါ့......"
"သခင္နိုးထလာတာနဲ႕ ကြၽန္ေတာ္တို႔လည္းအစြမ္းေတြရလာတယ္.....
လူလိုလည္း ေျပာင္းလို႔ရတယ္"
"ငါ့ကို ဘယ္လိုရွာေတြ႕တာလဲ"
"သခင့္အနံ႕ကို ကြၽန္ေတာ္တို႔ရတယ္......
ဘယ္ေလာက္ေဝးေဝး သခင့္ကိုရွာနိုင္တယ္"

ယုဖုန္း ေကာင္ေလးႏွစ္ေယာက္၏ ေခါင္းေတြကို ခ်ီးက်ဴးဟန္ ပြတ္ေပးလိုက္သည္။

"ဘင္းဝမ္တို႔ေရာ....."
"မသိဘူး....
သခင္ထြက္သြားတဲ့ေန႕ကတည္းက မေတြ႕ဘူး"

ဟြမ္နိုင္ငံပိုင္နက္ထဲမွာ သူ႕အစ္ကိုေတာ္အပါအဝင္ အားလုံးရွိေနနိုင္သည္။

"သူတို႔ကို ရွာနိုင္မလား"

ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက ခ်က္ခ်င္း ေခါင္းညိတ္သည္။

"ေကာင္းၿပီ......
သူတို႔ကို သြားရွာခဲ့....."

ယုဖုန္း မတည္ၿငိမ္ေသးသည့္မိမိခႏၶာကိုယ္အေျခအေနေၾကာင့္ သြားမရွာနိုင္ရာ ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးကို အမိန့္ေပးလိုက္သည္။

ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက သူ႕အားႏႈတ္ဆက္ကာ မူလအသြင္ျပန္ေျပာင္း၍ ထြက္ခြာသြားၾကေတာ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽





Bạn đang đọc truyện trên: Truyen247.Pro