Part-22 ( evolution )
Unicode
အဆက်မပြတ်ကျနေသည့် နှင်းတွေကြောင့် နေရာတိုင်းတွင် အဖြူရောင်တွေသာဖြစ်နေပြီး နန်းတော်အတွင်းအပြင်မှာလည်း အဖြူရောင်အလံတွေ လွှင့်ထူထားသည်။
စစ်သူကြီး လီစွန်း၏ ဇာပနပြီးသွားသော်လည်း တစ်လတိတိ အလံဖြူတွေကို ဘုရင်က မဖယ်ရှားခိုင်းခဲ့။
နန်းကျမင်းသား နေခဲ့သည့် နန်းဆောင်အနီး ချယ်ရီပင်အောက်တွင်တော့ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုစိုက်ထူထားသည်။
"ယုအာ....."
လီဟော် ဖုန်းဟွာဓားကို ပွေ့ဖက်ထားရင်း နှင်းတောထဲမှာထိုင်နေခဲ့သည်။
အရှင်သခင်ဖြစ်သူကို ထီးမိုးပေးရင်း ဖူရဲ့ဝူ ထိုနေရာမှာ ရပ်နေတာ အတော်ကြာပြီဖြစ်သည်။
မင်းသားယုဖုန်း သေဆုံးသွားခဲ့တာ တစ်လကျော်ကြာခဲ့ပြီဖြစ်ပြီး ရေနတ်ဆိုး၏အစာဖြစ်သွားခဲ့တာမို့ အလောင်းကိုလည်း သူတို့ပြန်မရခဲ့ကြ။
သေမင်းကမ်းပါးအနီးသစ်ပင်အောက်မှာ ထောင်ထားခဲ့သည့် ဖုန်းဟွာဓားကိုသာ သူတို့ပြန်သယ်ခဲ့ကြရသည်။
ဖခင်ဖြစ်သူ၏ အလောင်းကိုမြင်တာတောင် မတုန်မလှုပ်ရှိနေခဲ့သည့် သူတို့သခင်က ထိုဓားအားဖက်ကာ ငိုကြွေးနေခဲ့သည်။
မင်းသားယုဖုန်းသေဆုံးခဲ့သည့်နေ့မှာ စကျခဲ့သည့် နှင်းမိုးကလည်း ယခုအထိမရပ်တန့်သေးပေ။
သူတို့သခင်က သခင်မ လီဟွာအား မသတ်ခဲ့ပေမယ့် သူမ၏ရာထူးအားလုံးရုတ်သိမ်းခံရကာ ဝူကုန်သည်အဖွဲ့၏သခင်မအဖြစ်သာ နေခွင့်ရပြီး နန်းတော်အတွင်းအရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။
မုထျန်းရိကတော့ သူတို့သခင်ထက်အခြေအနေဆိုးစွာပဲ စိတ်ကယောင်ကတမ်းဖြစ်ကာ ဖခင်အရင်းကိုပင် သတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ဘဲ ပိတ်လှောင်ခံထားရသည်။
ဖူရဲ့ဝူ အေးစက်စက်နှင်းတောထဲမှာ သူ့သခင်ဖြစ်သူကို မျက်နှာလွှဲထားမိပြီး တိုးသဲ့စွာ သက်ပြင်းချမိသည်။
တစ်ချို့အချစ်တွေက ဝဋ်ကြွေးကြီးလွန်းတယ်....
◾◽◾◽◾◽◾◽◾◽◾◽◾◽
"အမေ....
ဆေးသောက်ရအောင်နော်...."
"မသောက်ဘူး!
လျန်အာ ကိုခေါ်ပေး!!"
"လျန်အာက ဆေးမြစ်သွားတူးတယ်လေ"
"လိမ်နေတာ!
လျန်အာကို အခုခေါ်ပေး!!"
"အမေ လျန်အာက ခဏနေဆိုရင်ပြန်လာတော့မှာနော် သူပြန်လာလို့မှ အမေဆေးမသောက်ရသေးရင် သူအမေ့ကိုစိတ်ဆိုးလိမ့်မယ်....."
ရန်ရှို့ စကားကို သူ့အမေက နောက်ဆုံးတော့ စိတ်မပါလက်မပါနှင့် လက်ခံလိုက်ကာ ဆေးခွက်ကို ရှုံ့မဲ့မဲ့နှင့်မော့သောက်လိုက်သည်။
"ငါဆေးသောက်တယ်နော်.....
လျန်အာ စိတ်ဆိုးအောင်လျှောက်မပြောနဲ့..."
"ဟုတ်ပါပြီ....."
သူ့မိခင်ဟာ ဖွင့်ထားသည့် အခန်းတံခါးမှ ခြံဝင်းပေါက်ကိုသာ မျှော်ကြည့်နေရင်း တဖြည်းဖြည်း မျက်ဝန်းတွေမှေးစင်းလာသည်။
"အမေ.....
အိပ်ချင်နေရင် အိပ်လိုက်ပါလား....
လျန်အာ ပြန်ရောက်ရင် သားနှိုးမယ်လေ...."
သူ့မိခင်က အိပ်ရာထက်လှဲလိုက်ပေမယ့် တံခါးပေါက်ဘက်ကို မျက်နှာမူထားဆဲ။
"ငါ့ကို သေချာပေါက်နှိုးနော်"
ရန်ရှို့ ခေါင်းညိတ်လျက် ခြေရင်းမှ စောင်ကိုယူကာ ခြုံပေးလိုက်သည်။
အိပ်ပျော်သွားသည့် မိခင်ဖြစ်သူ၏ လက်ထဲတွင် ခရမ်းရောင်ကြာပန်းပုံ ပန်းထိုးထားသော အဖြူရောင်ပုဝါတစ်ထည်ရှိနေပြီး ထိုပုဝါ၏ အနားထောင့်တွင်တော့ ရန်လျန် ဟုရေးထိုးထားသည်။
ရန်လျန်.....
အိမ်ပြန်မလာနိုင်တော့တဲ့ သူ့ရဲ့ညီငယ်လေး......
လွန်ခဲ့သည့် ရှစ်လက ရွာထဲမှရွယ်တူအပေါင်းအဖော်များနှင့်အတူ တောင်ပေါ်ဆေးမြစ်သွားတူးချိန် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသည့်အထဲကိုသူ့ညီလေး ပါသွားခဲ့သည်။
ငါးယောက်သွားသည့်အဖွဲ့မှာ နှစ်ယောက်သာ လွတ်မြောက်ခဲ့ပြီး သူ့ညီလေးအပါအဝင် ကျန်နှစ်ဦး၏ အလောင်းကို ခြောက်ရက်ကြာအောင် သူတို့လူအင်အားသုံးပြီး တူးဆွခဲ့သည့်နောက်ရှာတွေ့ခဲ့ကြသည်။
ရွာအပြင်မှာသာ အလောင်းတွေကို သင်္ဂြိုဟ်ခဲ့ပြီး ထိုအချိန်မှစ၍ သူ့မိခင်၏စိတ်မှာပုံမှန်မဟုတ်တော့ပေ။
သူတို့မိသားစုက သမားတော်မျိုးရိုးမှဆင်းသက်လာတာဖြစ်ပြီး ရောဂါပေါင်းများစွာကိုကုသနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာရောဂါမှာတော့ သူတို့လည်းမစွမ်းသာကြ။
"ရန်ရှို့! ရန်ရှို့!!"
ခြံဝန်းထဲပြေးဝင်လာပြီး သူ့နာမည်အော်ခေါ်နေသံက ကျယ်လောင်တာမို့ သူ့မိခင်မနိုးသွားစေရန် ရန်ရှို့ အမြန်အိမ်အပြင်သို့ ထွက်လာခဲ့သည်။
"ဘာဖြစ်လာတာလဲ"
"မြစ်ကမ်းဘေးမှာ!
အကောင်ကြီးတဲ့!!"
"ဘာကောင်ကြီးလဲ...."
"ငါလည်းမသိဘူး.....
သူများတွေသွားကြည့်ကုန်ကြပြီ.....
လာမြန်မြန်!"
သူ့သူငယ်ချင်းဖြစ်သည့် ယဲ့အန်းက စိတ်မရှည်စွာ သူ့လက်ကိုဆွဲပြီး ပြေးတော့သည်။
မြစ်ကမ်းဘေးတွင်တော့ တစ်ရွာလုံးလာကြည့်ဟန်ရှိသည်မို့ လူအုပ်ကြီးကို သူတို့မနည်းကျော်ဖြတ်ရသည်။
"အော့!!"
မြစ်ရေစပ်မှာ လာတင်နေသည့် ဧရာမငါးကြီးတစ်ကောင်ကို မြင်လိုက်ရပြီး ထိုအနားတွင် နှာခေါင်းနှင့်ပါးစပ်ကို အဝတ်စည်းထားသော သူ့ဖခင်နှင့် ရွာအကြီးအကဲတစ်ချို့ရှိနေသည်။
လေအဝှေ့တွင် လှိုင်လှိုင်ထလာသည့် အပုပ်နံ့ကြီးကြောင့် ယဲ့အန်းအပါအဝင် တော်တော်များများအန်ကုန်ကြပြီး ငါးကြီးနှင့်ခပ်လှမ်းလှမ်းမှာသာရပ်ကျန်နေခဲ့ကြသည်။
"အဖေ....."
ရန်ရှို့ အတွင်းအိတ်ထဲမှာအသင့်ပါသည့် အဝတ်စကိုဖြုတ်ကာ နှာခေါင်းနှင့်ပါးစပ်လုံအောင် စည်းလိုက်ပြီး သူ့ဖခင်အနားပြေးသွားသည်။
အနီးကပ်ကြည့်မှ ငါးကြီး၏ ဝမ်းဗိုက်နားတွင် ဖားခြေလက်နှင့်တူသည့် ခြေလက်တွေရှိနေသည်။
ဒါကြီးက သူတို့ကြားဖူးသည့် ရေနတ်ဆိုးကြီးလား.....
ရန်ရှို့ မနေနိုင်စွာ စိမ်းပြာရောင်အကြေးခွံချပ်ကြီးတွေကို ကိုင်ကြည့်မိသည်။
"ရှို့အာ.....
အကြေးခွံတွေခွာလိုက်"
ရန်ရှို့ သူ့ဖခင်ပေးလာသည့် ဓားမြှောင်အားယူကာ အကြေးခွံချပ်ကြီးတစ်ခုကြားထဲကို ကန်လန့်ထိုးထည့်ပြီး လှန်လိုက်သည်။
ပုပ်ပွနေသည့် အသားတွေကြောင့် အကြေးခွံချပ်တွေကို ခွာရသိပ်မခက်ပေ။
ဗိုက်နားရှိ အကြေးခွံတွေကို ခွာနေစဥ် ရုတ်တရက် ဗိုက်အတွင်းထဲမှ လှုပ်ရှားမှုတစ်ခုကို လက်မှခံစားလိုက်ရပြီး ရန်ရှို့အနောက်ဆုတ်လိုက်သည်။
"အဖေ!
ဗိုက်ထဲမှာတစ်ခုခုရှိနေတယ်"
သမားတော်ရန် သူ့သားပြောသည့်နေရာကို လက်နှင့်စမ်းကြည့်လိုက်တော့ အတွင်းထဲမှ တိုးတိုက်နေသည့်လှုပ်ရှားမှုကိုခံစားလိုက်ရသည်။
"အထဲမှာ သက်ရှိတစ်ကောင်ရှိနေတယ်"
ရွာအကြီးအကဲတွေကိုပြောလိုက်ပြီး သူတို့အမြန် ဗိုက်မှအကြေးခွံတွေကို ဝိုင်းခွာလိုက်ကြသည်။
"ရှို့အာ....အနောက်ဆုတ်နေ"
ငါးကြီး၏ ဗိုက်သားထူထူအား ဓားမြှောင်နှင့်ထိုးခွဲလိုက်သည်နှင့် ရေများကလီစာများ ချက်ချင်းထွက်လာတော့သည်။
ထိုအရာများကြားထဲတွင်တော့ ကြီးမားသည့် အဖြူရောင်အလုံးကြီးတစ်ခုကို သူတို့တန်းတွေ့လိုက်ရသည်။
"ဘာကြီးလဲ"
"ဥလား....."
ဥနှင့်တူသည့် အရာကြီးအား ကိုင်ကြည့်ရာ နွေးထွေးသည့် အဝတ်ပါးတစ်ခုလိုပင်။
"လှုပ်တယ်ဟ!"
ရွာအကြီးအကဲတွေက အလန့်တကြားနောက်ဆုတ်သွားကြပြီး ရန်ရှို့နှင့် သူ့ဖခင်သာ ထိုအနားကျန်နေခဲ့သည်။
သမားတော်ရန် ခုနက ငါးဗိုက်ကိုခွဲထားသည့် ဓားမြှောင်နှင့် ထိုဥကြီးအား ထိုးလိုက်သည်။
အခွံမာမဟုတ်ဘဲ ဥ၏အပြင်လွှာကြီးက အဝတ်တစ်ခုအားဆွဲဖြဲလိုက်သလို ကွာကျသွားတော့သည်။
"ဘုရားရေ!!!"
ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည့် လူများမှာ အံ့ဩတကြီး ရှေ့တိုးလာကြသည်။
"လူဟ!!!"
တစ်စစီဖြစ်နေသည့် အနက်ရောင်အဝတ်စများကြားတွင် အဖြူရောင်အဝတ်ပါးဝတ်ထားသည့် လူသားတစ်ဦးရှိနေခဲ့သည်။
ခန္ဓာကိုယ်အားကွေးထားပြီး မျက်ဝန်းတွေပိတ်ထားသည့် ထိုလူသားလေး၏ ဆံပင်ရှည်တွေမှာ ရွှေရောင်ဖြစ်နေသည်။
"ဆံပင်က ရွှေရောင်!
လှလိုက်တာ....."
"မိန်းကလေးလား ယောက်ျားလေးလား"
"ဘယ်သိမလဲ"
တဖြည်းဖြည်း ရှေ့တိုးလာသည့် လူအုပ်ကြီးမှ စကားသံတွေကလည်း ဆူညံလှသည်။
သမားတော်ရန် ထိုကလေး၏ နှာခေါင်းအနားသို့ လက်ညှိုးအားထားကာ အသက်ရှူမရှူစမ်းလိုက်သည်။
"ရှို့အာ.....
ကလေးကို သယ်ခဲ့"
"ဟုတ်"
ရန်ရှို့ အမြန်ပဲ ထိုခန္ဓာကိုယ်လေးအား ပွေ့ကာ ဝိုင်းကြည့်ပြီး လမ်းဖယ်ပေးကြသည့် လူအုပ်ကြီးကိုဖြတ်၍ သူ့ဖခင်အနောက်လိုက်ခဲ့တော့သည်။
အပုပ်နံ့တွေနှင့် ဝေးလာတော့ ရင်ခွင်ထဲရှိ ကလေးငယ်ဆီမှ သင်းပျံ့သောရနံ့ကို သူသတိထားလိုက်မိသည်။
ကြာပန်းနံ့....
သူတို့အိမ်ခြံဝင်းအတွင်းရှိ ကုသဆောင်အခန်းထဲမှ အိပ်ရာထက်ကို ထိုကလေးငယ်အားချလိုက်သည်။
သူ့ဖခင်က ထိုကလေး၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်သည်။
"ယောက်ျားလေး...."
"သူက အိပ်ပျော်နေတာလား...."
"အင်း.....
အဆိပ်လက္ခဏာမရှိဘူး....."
ကောင်လေး၏လက်ဖဝါးထဲတွင် တစ်စုံတစ်ခုအား တင်းတင်းဆုပ်ကိုင်ထားသည်။
သမားတော်ရန် ထိုကလေး၏ လက်ချောင်းလေးတွေကို ဖြည်းဖြည်းချင်းဖြေလိုက်သည်။
အနီရောင်ဆံထိုးတစ်ချောင်း......
"ရှားပါးတဲ့အနီရောင်ကျောက်စိမ်းနဲ့လုပ်ထားတာပဲ"
ဆံထိုးအားသေချာကြည့်ရင်းမှ သမားတော်ရန် သူ့သားအားပြောပြနေသည်။
"ဒီကလေးက အင်အားကြီးတဲ့ မိသားစုတစ်ခုကဖြစ်နိုင်တယ်
ရွှေရောင်ဆံပင်ရှိတဲ့လူကို အဖေ့ဘဝမှာဒါပထမဆုံးမြင်ဖူးတာပဲ"
ကောင်လေးဝတ်ထားသည့် အဖြူရောင်အဝတ်ပါးမှာ ဓားခုတ်ရာလို အပြဲတွေရှိနေတာမို့ ခန္ဓာကိုယ်အားစစ်ဆေးကြည့်လိုက်ရာ ဘာပြတ်ရှရာမှ ရှိမနေ။
ထိုကောင်လေးက သူတို့လျန်အာနှင့် အသက်တူတူလောက်ပင်။
"လျန်အာရဲ့ အဝတ်တစ်စုံသွားယူလာခဲ့"
ရန်ရှို့ သူ့ညီလေး၏ အခန်းထဲမှ အပြာရောင်အဝတ်တစ်စုံအား ယူသွားလိုက်ပြီး သူ့ဖခင်အားကူကာ ထိုကောင်လေးအားဝတ်ပေးလိုက်သည်။
"သူက ဘယ်လိုလုပ် ရေနတ်ဆိုးဗိုက်ထဲ ရောက်နေရတာလဲ"
"အဲ့တာတော့ အဖေလည်းမသိဘူး....
သူနိုးလာမှ မေးကြည့်တာပေါ့"
သမားတော်ရန်က သူ့သားအား စောင့်ကြည့်ထားရန် မှာထားခဲ့ပြီး ရွာအကြီးအကဲတွေနှင့်စကားပြောဖို့အတွက် ထွက်လာခဲ့သည်။
သူတို့ခြံဝင်းအပြင်ဘက်မှာ စောင့်နေကြသည့်လူအုပ်ကြီးကိုလည်း ကိုယ့်အိမ်ကိုယ်ပြန်ခိုင်းရသေးသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ရက်နှစ်ဆယ်ကြာပြီးနောက်....
ရန်ရှို့ ယခုအထိ အိပ်ပျော်နေသေးသော ကောင်လေးအား လုပ်နေကျအတိုင်း ရေဝတ်တိုက်ပြီး အဝတ်အစားလဲပေးလိုက်သည်။
အစာမစား ရေမသောက်ဘဲ အိပ်ပျော်နေဆဲဖြစ်ပေမယ့် ကောင်လေး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကပုံမှန်အတိုင်း လည်ပတ်နေပြီး ဘာပြဿနာမှရှိမနေပေ။
ရွှေရောင်ဆံပင်တွေက ရှုပ်ထွေးမနေပေမယ့် ရန်ရှို့ကတော့ ဘီးနှင့် ဖြီးပေးနေဆဲဖြစ်သည်။
"အထူးအဆန်းလေး.....
မင်းဘယ်တော့မှ နိုးလာမှာလဲ......"
"........"
"မင်းနိုးလာရင်.....ငါ့ညီလေးလုပ်မလား.....
ငါမင်းကို လိုချင်တာတွေဝယ်ပေးမယ်လေ....
အဖေမသိအောင် မြို့ထဲသွားပြီး ငါဖော်ထားတဲ့ဆေးတွေရောင်းရင် ငွေစတွေအများကြီးရတာသိလား....."
အိပ်ပျော်နေတဲ့လူကို စကားပြောပြီး ရန်ရှို့ အရူးလိုလုပ်နေသည့် မိမိကိုယ်ကို ရယ်မိတော့သည်။
နေလှမ်းထားသည့် ဆေးမြစ်တွေကို ဟိုဘက်သည်ဘက်လှန်ပေးရန် သူအပြင်ပြန်ထွက်ခဲ့သည်။
ဆေးကုသဆောင်တံခါးအား အသာပြန်စေ့လိုက်ချိန်မှာပဲ အထဲမှ ပြေးလာသည့် ခြေသံနှင့်အတူ တံခါးကို တွန်းဖွင့်လာသည်။
"အထူးအဆန်းလေး......"
ရွှေရောင်ဆံပင်တွေနှင့် ကောင်လေး၏ မျက်ဝန်းတွေက ခရမ်းဖျော့ရောင်တွေဖြစ်ပြီး သူ့အား တွန်းဖယ်ကာ ပြေးသွားသည်။
"ဟေး ဟေး
ဘယ်သွားတာလဲ
မပြေးနဲ့လေ...."
ရန်ရှို့ အထူးအဆန်းကောင်လေး ပြေးသွားရာသို့ အမြန်လိုက်ရတော့သည်။
ယုဖုန်း မျက်လုံးဖွင့်ဖွင်းချင်း မြင်ရသည့် မရင်းနှီးသော ပတ်ဝန်းကျင်ကြောင့် အလန့်တကြားထပြေးခဲ့မိသည်။
တံခါးဖွင့်ဖွင့်ချင်းတွေ့ရသော ခရမ်းရောင်ရင့်ရင့်မျက်ဝန်းတွေနှင့် လူကြီးက သူ့ကိုတားမည့်ဟန်ရှိတာမို့ တွန်းကာ ထွက်ပြေးတော့သည်။
ခြေဦးတည့်ရာကို ပြေးရင်း လမ်းတစ်လျှောက်တွေ့သမျှလူတိုင်းက သူ့အားလိုက်ကြည့်နေသည်။
လူသူကင်းသည့် ကြာကန်ကြီးတစ်ခုအနားရောက်တော့ ရေတွေကိုမြင်ပြီး ယုဖုန်း သူရေထဲပြုတ်ကျသွားသည်မှ စ၍ အားလုံးကို မှတ်မိလာတော့သည်။
"ရရဲ့လား....
ခေါင်းမူးနေလား...."
သူ့အနောက်ကပြေးလိုက်လာဟန်ရှိသည့် ထိုလူက ယိုင်နဲ့နဲ့သူ့ခန္ဓာကိုယ်အားသူ့လက်မောင်းနှစ်ဖက်မှ ကိုင်၍ထိန်းပေးသည်။
သူနောက်ဆုံးမှတ်မိသည်က ရေနတ်ဆိုးပါးစပ်ထဲသူရောက်သွားခဲ့တာပဲ။
ယုဖုန်း သူ့လက်မောင်းပေါ်မှ လက်တွေကို ဖယ်ချကာ ထိုလူနှင့် ခွာလိုက်သည်။
"မကြောက်နဲ့နော်.....
အစ်ကို မင်းကို ဘာမှမလုပ်ပါဘူး....."
ယုဖုန်း မိမိကိုယ်ကို ငုံ့ကြည့်လိုက်တော့ ဝတ်ထားသည့် အဝတ်တွေက သူ့ဟာဟုတ်မနေသည့်အပြင် ခါးအထိနီးပါးရှည်သည့် သူ့ဆံပင်တွေကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားမိသည်။
ရွှေရောင်တွေ......
နံဘေးမှ ရေကန်ဆီ ငုံ့ကြည့်လိုက်ရာ သူ့၏လက်ရှိပုံစံကို ထင်ထင်ရှားရှားမြင်လိုက်ရတော့သည်။
ရွှေရောင်ဆံပင်တွေအပြင် သူ့မျက်လုံးအရောင်ကလည်း ခရမ်းဖျော့ရောင်ဖြစ်နေသည်။
"ညီလေး.....ဘာတွေဖြစ်ပြီး ရေနတ်ဆိုးဗိုက်ထဲရောက်နေခဲ့တာလဲဆိုတာ မှတ်မိလား..."
ယုဖုန်း ထိုလူ့ကို ကြည့်လိုက်ပေမယ့် ဘာမှပြန်မဖြေ။
"ညီလေး.....နာမည်ကရော"
"......."
"မမှတ်မိဘူးလား.....
ဘယ်မှာနေတာလဲရော မှတ်မိလား....."
ဘာမှပြန်မဖြေသည့် ကောင်လေးကြောင့် စကားမပြောတတ်ဘူးဟု ရန်ရှို့ထင်လိုက်သည်။
ထိုကောင်လေးအား အိမ်ကိုပြန်ခေါ်လာပြီး ရန်ရှို့ ဖခင်ဖြစ်သူနှင့် တိုင်ပင်ရတော့သည်။
"သူဘာမှလည်း မှတ်မိပုံမပေါ်ဘူး....
ဘယ်လိုလုပ်ကြမလဲ အဖေ...."
"မမှတ်မိမှတော့ ဘယ်တတ်နိုင်မလဲ ....
သူ့ကိုအဖေတို့ဆီမှာပဲ နေခိုင်းပြီး မှတ်မိလာမှ
ပြန်ပို့ပေးကြတာပေါ့"
"ဟုတ်ကဲ့"
သတိရရခြင်း ဖိနပ်မပါဘဲ ပြေးခဲ့သည့် အကျိုးကြောင့် ကောင်ငယ်လေး၏ ခြေဖဝါးမှာ သွေးတွေရှိနေတာမို့ ရေနွေးစွတ်ထားသည့် အဝတ်သန့်တစ်ထည်နှင့် သန့်ရှင်းပေးဖို့လုပ်လိုက်သည်။
ယုဖုန်း ထိုလူလုပ်သမျှကို ဘာမှမပြောဘဲ ငြိမ်သာနေခဲ့သည်။
ခြေဖဝါးမှ ဖုန်များနှင့်သွေးတွေကို သုတ်လိုက်သည့်အခါ ရန်ရှို့ အလန့်တကြားထရပ်ပြီး ကောင်ငယ်လေးကို အံ့ဩတကြီးကြည့်လိုက်မိသည်။
"အဖေ!!"
ခြံဝင်းထဲမှာ အကြမ်းရည်သောက်နေသည့် သူ့အဖေနားကို ထပ်ရောက်သွားပြန်သည်။
"ဘာဖြစ်တာလဲ!
အလန့်တကြားနဲ့...."
"မရှိဘူး!"
"ဘာမရှိတာလဲ!"
"သူ့ခြေဖဝါးက ခဲရှတဲ့ဒဏ်ရာတွေ....
မရှိဘူး...."
"ဟမ်!"
"သွေးတွေပဲကျန်တယ်.....
ဒဏ်ရာတွေလုံးဝမရှိတော့ဘူး"
သမားတော်ရန် ကုသဆောင်အခန်းထဲပြေးသွားပြီး ထိုကောင်လေး၏ ခြေဖဝါးတွေကို ကိုင်ကြည့်လိုက်သည်။
"ဘုရားရေ...."
သူ့မိခင်က ပြောပြဖူးခဲ့သည်။
သူတို့ရွာလေးနှင့် ဝေးကွာလွန်းလှသည့် လုံတိုင်းပြည်မှာ ကုသခြင်းအစွမ်းကိုပိုင်ဆိုင်ကြသော နတ်ဘုရားမျိုးနွယ်ရှိသည်တဲ့။
ခရမ်းနုရောင်ဟုထင်ရပေမယ့် သေချာကြည့်လျှင် အနီရောင်တစ်ချို့ရောစပ်နေသော မျက်ဝန်းတွေနှင့် ကောင်ငယ်လေးက နူးညံ့ကာကျိုးပဲ့လွယ်ဟန်ပေါ်ပေမယ့် ခံစားချက်မရှိသည့်အကြည့်တွေနှင့်ရောစပ်လိုက်သောအခါ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူက နတ်ဘုရားလား နတ်ဆိုးလား.....
◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
အဆက္မျပတ္က်ေနသည့္ ႏွင္းေတြေၾကာင့္ ေနရာတိုင္းတြင္ အျဖဴေရာင္ေတြသာျဖစ္ေနၿပီး နန္းေတာ္အတြင္းအျပင္မွာလည္း အျဖဴေရာင္အလံေတြ လႊင့္ထူထားသည္။
စစ္သူႀကီး လီစြန္း၏ ဇာပနၿပီးသြားေသာ္လည္း တစ္လတိတိ အလံျဖဴေတြကို ဘုရင္က မဖယ္ရွားခိုင္းခဲ့။
နန္းက်မင္းသား ေနခဲ့သည့္ နန္းေဆာင္အနီး ခ်ယ္ရီပင္ေအာက္တြင္ေတာ့ အထိမ္းအမွတ္ ေက်ာက္တိုင္တစ္ခုစိုက္ထူထားသည္။
"ယုအာ....."
လီေဟာ္ ဖုန္းဟြာဓားကို ေပြ႕ဖက္ထားရင္း ႏွင္းေတာထဲမွာထိုင္ေနခဲ့သည္။
အရွင္သခင္ျဖစ္သူကို ထီးမိုးေပးရင္း ဖူရဲ႕ဝူ ထိုေနရာမွာ ရပ္ေနတာ အေတာ္ၾကာၿပီျဖစ္သည္။
မင္းသားယုဖုန္း ေသဆုံးသြားခဲ့တာ တစ္လေက်ာ္ၾကာခဲ့ၿပီျဖစ္ၿပီး ေရနတ္ဆိုး၏အစာျဖစ္သြားခဲ့တာမို႔ အေလာင္းကိုလည္း သူတို႔ျပန္မရခဲ့ၾက။
ေသမင္းကမ္းပါးအနီးသစ္ပင္ေအာက္မွာ ေထာင္ထားခဲ့သည့္ ဖုန္းဟြာဓားကိုသာ သူတို႔ျပန္သယ္ခဲ့ၾကရသည္။
ဖခင္ျဖစ္သူ၏ အေလာင္းကိုျမင္တာေတာင္ မတုန္မလႈပ္ရွိေနခဲ့သည့္ သူတို႔သခင္က ထိုဓားအားဖက္ကာ ငိုေႂကြးေနခဲ့သည္။
မင္းသားယုဖုန္းေသဆုံးခဲ့သည့္ေန႕မွာ စက်ခဲ့သည့္ ႏွင္းမိုးကလည္း ယခုအထိမရပ္တန့္ေသးေပ။
သူတို႔သခင္က သခင္မ လီဟြာအား မသတ္ခဲ့ေပမယ့္ သူမ၏ရာထူးအားလုံး႐ုတ္သိမ္းခံရကာ ဝူကုန္သည္အဖြဲ႕၏သခင္မအျဖစ္သာ ေနခြင့္ရၿပီး နန္းေတာ္အတြင္းအေရးကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္ခြင့္ မရွိေတာ့ေပ။
မုထ်န္းရိကေတာ့ သူတို႔သခင္ထက္အေျခအေနဆိုးစြာပဲ စိတ္ကေယာင္ကတမ္းျဖစ္ကာ ဖခင္အရင္းကိုပင္ သတ္ဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ဘဲ ပိတ္ေလွာင္ခံထားရသည္။
ဖူရဲ႕ဝူ ေအးစက္စက္ႏွင္းေတာထဲမွာ သူ႕သခင္ျဖစ္သူကို မ်က္ႏွာလႊဲထားမိၿပီး တိုးသဲ့စြာ သက္ျပင္းခ်မိသည္။
တစ္ခ်ိဳ႕အခ်စ္ေတြက ဝဋ္ေႂကြးႀကီးလြန္းတယ္....
◽◾◽◾◽◾◽◾◽◾◽◾◽◾
"အေမ....
ေဆးေသာက္ရေအာင္ေနာ္...."
"မေသာက္ဘူး!
လ်န္အာ ကိုေခၚေပး!!"
"လ်န္အာက ေဆးျမစ္သြားတူးတယ္ေလ"
"လိမ္ေနတာ!
လ်န္အာကို အခုေခၚေပး!!"
"အေမ လ်န္အာက ခဏေနဆိုရင္ျပန္လာေတာ့မွာေနာ္ သူျပန္လာလို႔မွ အေမေဆးမေသာက္ရေသးရင္ သူအေမ့ကိုစိတ္ဆိုးလိမ့္မယ္....."
ရန္ရွို႔ စကားကို သူ႕အေမက ေနာက္ဆုံးေတာ့ စိတ္မပါလက္မပါႏွင့္ လက္ခံလိုက္ကာ ေဆးခြက္ကို ရႈံ႕မဲ့မဲ့ႏွင့္ေမာ့ေသာက္လိုက္သည္။
"ငါေဆးေသာက္တယ္ေနာ္.....
လ်န္အာ စိတ္ဆိုးေအာင္ေလွ်ာက္မေျပာနဲ႕..."
"ဟုတ္ပါၿပီ....."
သူ႕မိခင္ဟာ ဖြင့္ထားသည့္ အခန္းတံခါးမွ ၿခံဝင္းေပါက္ကိုသာ ေမွ်ာ္ၾကည့္ေနရင္း တျဖည္းျဖည္း မ်က္ဝန္းေတြေမွးစင္းလာသည္။
"အေမ.....
အိပ္ခ်င္ေနရင္ အိပ္လိုက္ပါလား....
လ်န္အာ ျပန္ေရာက္ရင္ သားႏွိုးမယ္ေလ...."
သူ႕မိခင္က အိပ္ရာထက္လွဲလိုက္ေပမယ့္ တံခါးေပါက္ဘက္ကို မ်က္ႏွာမူထားဆဲ။
"ငါ့ကို ေသခ်ာေပါက္ႏွိုးေနာ္"
ရန္ရွို႔ ေခါင္းညိတ္လ်က္ ေျခရင္းမွ ေစာင္ကိုယူကာ ၿခဳံေပးလိုက္သည္။
အိပ္ေပ်ာ္သြားသည့္ မိခင္ျဖစ္သူ၏ လက္ထဲတြင္ ခရမ္းေရာင္ၾကာပန္းပုံ ပန္းထိုးထားေသာ အျဖဴေရာင္ပုဝါတစ္ထည္ရွိေနၿပီး ထိုပုဝါ၏ အနားေထာင့္တြင္ေတာ့ ရန္လ်န္ ဟုေရးထိုးထားသည္။
ရန္လ်န္.....
အိမ္ျပန္မလာနိုင္ေတာ့တဲ့ သူ႕ရဲ႕ညီငယ္ေလး......
လြန္ခဲ့သည့္ ရွစ္လက ႐ြာထဲမွ႐ြယ္တူအေပါင္းအေဖာ္မ်ားႏွင့္အတူ ေတာင္ေပၚေဆးျမစ္သြားတူးခ်ိန္ ႐ုတ္တရက္မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိဳသည့္အထဲကိုသူ႕ညီေလး ပါသြားခဲ့သည္။
ငါးေယာက္သြားသည့္အဖြဲ႕မွာ ႏွစ္ေယာက္သာ လြတ္ေျမာက္ခဲ့ၿပီး သူ႕ညီေလးအပါအဝင္ က်န္ႏွစ္ဦး၏ အေလာင္းကို ေျခာက္ရက္ၾကာေအာင္ သူတို႔လူအင္အားသုံးၿပီး တူးဆြခဲ့သည့္ေနာက္ရွာေတြ႕ခဲ့ၾကသည္။
႐ြာအျပင္မွာသာ အေလာင္းေတြကို သျဂၤိုဟ္ခဲ့ၿပီး ထိုအခ်ိန္မွစ၍ သူ႕မိခင္၏စိတ္မွာပုံမွန္မဟုတ္ေတာ့ေပ။
သူတို႔မိသားစုက သမားေတာ္မ်ိဳးရိုးမွဆင္းသက္လာတာျဖစ္ၿပီး ေရာဂါေပါင္းမ်ားစြာကိုကုသနိုင္ေပမယ့္ စိတ္ပိုင္းဆိုင္ရာေရာဂါမွာေတာ့ သူတို႔လည္းမစြမ္းသာၾက။
"ရန္ရွို႔! ရန္ရွို႔!!"
ၿခံဝန္းထဲေျပးဝင္လာၿပီး သူ႕နာမည္ေအာ္ေခၚေနသံက က်ယ္ေလာင္တာမို႔ သူ႕မိခင္မနိုးသြားေစရန္ ရန္ရွို႔ အျမန္အိမ္အျပင္သို႔ ထြက္လာခဲ့သည္။
"ဘာျဖစ္လာတာလဲ"
"ျမစ္ကမ္းေဘးမွာ!
အေကာင္ႀကီးတဲ့!!"
"ဘာေကာင္ႀကီးလဲ...."
"ငါလည္းမသိဘူး.....
သူမ်ားေတြသြားၾကည့္ကုန္ၾကၿပီ.....
လာျမန္ျမန္!"
သူ႕သူငယ္ခ်င္းျဖစ္သည့္ ယဲ့အန္းက စိတ္မရွည္စြာ သူ႕လက္ကိုဆြဲၿပီး ေျပးေတာ့သည္။
ျမစ္ကမ္းေဘးတြင္ေတာ့ တစ္႐ြာလုံးလာၾကည့္ဟန္ရွိသည္မို႔ လူအုပ္ႀကီးကို သူတို႔မနည္းေက်ာ္ျဖတ္ရသည္။
"ေအာ့!!"
ျမစ္ေရစပ္မွာ လာတင္ေနသည့္ ဧရာမငါးႀကီးတစ္ေကာင္ကို ျမင္လိုက္ရၿပီး ထိုအနားတြင္ ႏွာေခါင္းႏွင့္ပါးစပ္ကို အဝတ္စည္းထားေသာ သူ႕ဖခင္ႏွင့္ ႐ြာအႀကီးအကဲတစ္ခ်ိဳ႕ရွိေနသည္။
ေလအေဝွ႕တြင္ လွိုင္လွိုင္ထလာသည့္ အပုပ္နံ႕ႀကီးေၾကာင့္ ယဲ့အန္းအပါအဝင္ ေတာ္ေတာ္မ်ားမ်ားအန္ကုန္ၾကၿပီး ငါးႀကီးႏွင့္ခပ္လွမ္းလွမ္းမွာသာရပ္က်န္ေနခဲ့ၾကသည္။
"အေဖ....."
ရန္ရွို႔ အတြင္းအိတ္ထဲမွာအသင့္ပါသည့္ အဝတ္စကိုျဖဳတ္ကာ ႏွာေခါင္းႏွင့္ပါးစပ္လုံေအာင္ စည္းလိုက္ၿပီး သူ႕ဖခင္အနားေျပးသြားသည္။
အနီးကပ္ၾကည့္မွ ငါးႀကီး၏ ဝမ္းဗိုက္နားတြင္ ဖားေျခလက္ႏွင့္တူသည့္ ေျခလက္ေတြရွိေနသည္။
ဒါႀကီးက သူတို႔ၾကားဖူးသည့္ ေရနတ္ဆိုးႀကီးလား.....
ရန္ရွို႔ မေနနိုင္စြာ စိမ္းျပာေရာင္အေၾကးခြံခ်ပ္ႀကီးေတြကို ကိုင္ၾကည့္မိသည္။
"ရွို႔အာ.....
အေၾကးခြံေတြခြာလိုက္"
ရန္ရွို႔ သူ႕ဖခင္ေပးလာသည့္ ဓားျမႇောင္အားယူကာ အေၾကးခြံခ်ပ္ႀကီးတစ္ခုၾကားထဲကို ကန္လန့္ထိုးထည့္ၿပီး လွန္လိုက္သည္။
ပုပ္ပြေနသည့္ အသားေတြေၾကာင့္ အေၾကးခြံခ်ပ္ေတြကို ခြာရသိပ္မခက္ေပ။
ဗိုက္နားရွိ အေၾကးခြံေတြကို ခြာေနစဥ္ ႐ုတ္တရက္ ဗိုက္အတြင္းထဲမွ လႈပ္ရွားမႈတစ္ခုကို လက္မွခံစားလိုက္ရၿပီး ရန္ရွို႔အေနာက္ဆုတ္လိုက္သည္။
"အေဖ!
ဗိုက္ထဲမွာတစ္ခုခုရွိေနတယ္"
သမားေတာ္ရန္ သူ႕သားေျပာသည့္ေနရာကို လက္ႏွင့္စမ္းၾကည့္လိုက္ေတာ့ အတြင္းထဲမွ တိုးတိုက္ေနသည့္လႈပ္ရွားမႈကိုခံစားလိုက္ရသည္။
"အထဲမွာ သက္ရွိတစ္ေကာင္ရွိေနတယ္"
႐ြာအႀကီးအကဲေတြကိုေျပာလိုက္ၿပီး သူတို႔အျမန္ ဗိုက္မွအေၾကးခြံေတြကို ဝိုင္းခြာလိုက္ၾကသည္။
"ရွို႔အာ....အေနာက္ဆုတ္ေန"
ငါးႀကီး၏ ဗိုက္သားထူထူအား ဓားျမႇောင္ႏွင့္ထိုးခြဲလိုက္သည္ႏွင့္ ေရမ်ားကလီစာမ်ား ခ်က္ခ်င္းထြက္လာေတာ့သည္။
ထိုအရာမ်ားၾကားထဲတြင္ေတာ့ ႀကီးမားသည့္ အျဖဴေရာင္အလုံးႀကီးတစ္ခုကို သူတို႔တန္းေတြ႕လိုက္ရသည္။
"ဘာႀကီးလဲ"
"ဥလား....."
ဥႏွင့္တူသည့္ အရာႀကီးအား ကိုင္ၾကည့္ရာ ႏြေးေထြးသည့္ အဝတ္ပါးတစ္ခုလိုပင္။
"လႈပ္တယ္ဟ!"
႐ြာအႀကီးအကဲေတြက အလန့္တၾကားေနာက္ဆုတ္သြားၾကၿပီး ရန္ရွို႔ႏွင့္ သူ႕ဖခင္သာ ထိုအနားက်န္ေနခဲ့သည္။
သမားေတာ္ရန္ ခုနက ငါးဗိုက္ကိုခြဲထားသည့္ ဓားျမႇောင္ႏွင့္ ထိုဥႀကီးအား ထိုးလိုက္သည္။
အခြံမာမဟုတ္ဘဲ ဥ၏အျပင္လႊာႀကီးက အဝတ္တစ္ခုအားဆြဲၿဖဲလိုက္သလို ကြာက်သြားေတာ့သည္။
"ဘုရားေရ!!!"
ခပ္လွမ္းလွမ္းမွ ၾကည့္ေနၾကသည့္ လူမ်ားမွာ အံ့ဩတႀကီး ေရွ႕တိုးလာၾကသည္။
"လူဟ!!!"
တစ္စစီျဖစ္ေနသည့္ အနက္ေရာင္အဝတ္စမ်ားၾကားတြင္ အျဖဴေရာင္အဝတ္ပါးဝတ္ထားသည့္ လူသားတစ္ဦးရွိေနခဲ့သည္။
ခႏၶာကိုယ္အားေကြးထားၿပီး မ်က္ဝန္းေတြပိတ္ထားသည့္ ထိုလူသားေလး၏ ဆံပင္ရွည္ေတြမွာ ေ႐ႊေရာင္ျဖစ္ေနသည္။
"ဆံပင္က ေ႐ႊေရာင္!
လွလိုက္တာ....."
"မိန္းကေလးလား ေယာက္်ားေလးလား"
"ဘယ္သိမလဲ"
တျဖည္းျဖည္း ေရွ႕တိုးလာသည့္ လူအုပ္ႀကီးမွ စကားသံေတြကလည္း ဆူညံလွသည္။
သမားေတာ္ရန္ ထိုကေလး၏ ႏွာေခါင္းအနားသို႔ လက္ညွိုးအားထားကာ အသက္ရႉမရႉစမ္းလိုက္သည္။
"ရွို႔အာ.....
ကေလးကို သယ္ခဲ့"
"ဟုတ္"
ရန္ရွို႔ အျမန္ပဲ ထိုခႏၶာကိုယ္ေလးအား ေပြ႕ကာ ဝိုင္းၾကည့္ၿပီး လမ္းဖယ္ေပးၾကသည့္ လူအုပ္ႀကီးကိုျဖတ္၍ သူ႕ဖခင္အေနာက္လိုက္ခဲ့ေတာ့သည္။
အပုပ္နံ႕ေတြႏွင့္ ေဝးလာေတာ့ ရင္ခြင္ထဲရွိ ကေလးငယ္ဆီမွ သင္းပ်ံ့ေသာရနံ႕ကို သူသတိထားလိုက္မိသည္။
ၾကာပန္းနံ႕....
သူတို႔အိမ္ၿခံဝင္းအတြင္းရွိ ကုသေဆာင္အခန္းထဲမွ အိပ္ရာထက္ကို ထိုကေလးငယ္အားခ်လိဳက္သည္။
သူ႕ဖခင္က ထိုကေလး၏ လက္ေကာက္ဝတ္ကို စမ္းသပ္ၾကည့္သည္။
"ေယာက္်ားေလး...."
"သူက အိပ္ေပ်ာ္ေနတာလား...."
"အင္း.....
အဆိပ္လကၡဏာမရွိဘူး....."
ေကာင္ေလး၏လက္ဖဝါးထဲတြင္ တစ္စုံတစ္ခုအား တင္းတင္းဆုပ္ကိုင္ထားသည္။
သမားေတာ္ရန္ ထိုကေလး၏ လက္ေခ်ာင္းေလးေတြကို ျဖည္းျဖည္းခ်င္းေျဖလိုက္သည္။
အနီေရာင္ဆံထိုးတစ္ေခ်ာင္း......
"ရွားပါးတဲ့အနီေရာင္ေက်ာက္စိမ္းနဲ႕လုပ္ထားတာပဲ"
ဆံထိုးအားေသခ်ာၾကည့္ရင္းမွ သမားေတာ္ရန္ သူ႕သားအားေျပာျပေနသည္။
"ဒီကေလးက အင္အားႀကီးတဲ့ မိသားစုတစ္ခုကျဖစ္နိုင္တယ္
ေ႐ႊေရာင္ဆံပင္ရွိတဲ့လူကို အေဖ့ဘဝမွာဒါပထမဆုံးျမင္ဖူးတာပဲ"
ေကာင္ေလးဝတ္ထားသည့္ အျဖဴေရာင္အဝတ္ပါးမွာ ဓားခုတ္ရာလို အၿပဲေတြရွိေနတာမို႔ ခႏၶာကိုယ္အားစစ္ေဆးၾကည့္လိုက္ရာ ဘာျပတ္ရွရာမွ ရွိမေန။
ထိုေကာင္ေလးက သူတို႔လ်န္အာႏွင့္ အသက္တူတူေလာက္ပင္။
"လ်န္အာရဲ႕ အဝတ္တစ္စုံသြားယူလာခဲ့"
ရန္ရွို႔ သူ႕ညီေလး၏ အခန္းထဲမွ အျပာေရာင္အဝတ္တစ္စုံအား ယူသြားလိုက္ၿပီး သူ႕ဖခင္အားကူကာ ထိုေကာင္ေလးအားဝတ္ေပးလိုက္သည္။
"သူက ဘယ္လိုလုပ္ ေရနတ္ဆိုးဗိုက္ထဲ ေရာက္ေနရတာလဲ"
"အဲ့တာေတာ့ အေဖလည္းမသိဘူး....
သူနိုးလာမွ ေမးၾကည့္တာေပါ့"
သမားေတာ္ရန္က သူ႕သားအား ေစာင့္ၾကည့္ထားရန္ မွာထားခဲ့ၿပီး ႐ြာအႀကီးအကဲေတြႏွင့္စကားေျပာဖို႔အတြက္ ထြက္လာခဲ့သည္။
သူတို႔ၿခံဝင္းအျပင္ဘက္မွာ ေစာင့္ေနၾကသည့္လူအုပ္ႀကီးကိုလည္း ကိုယ့္အိမ္ကိုယ္ျပန္ခိုင္းရေသးသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ရက္ႏွစ္ဆယ္ၾကာၿပီးေနာက္....
ရန္ရွို႔ ယခုအထိ အိပ္ေပ်ာ္ေနေသးေသာ ေကာင္ေလးအား လုပ္ေနက်အတိုင္း ေရဝတ္တိုက္ၿပီး အဝတ္အစားလဲေပးလိုက္သည္။
အစာမစား ေရမေသာက္ဘဲ အိပ္ေပ်ာ္ေနဆဲျဖစ္ေပမယ့္ ေကာင္ေလး၏ ခႏၶာကိုယ္အတြင္းရွိ ေသြးေၾကာမ်ားကပုံမွန္အတိုင္း လည္ပတ္ေနၿပီး ဘာျပႆနာမွရွိမေနေပ။
ေ႐ႊေရာင္ဆံပင္ေတြက ရႈပ္ေထြးမေနေပမယ့္ ရန္ရွို႔ကေတာ့ ဘီးႏွင့္ ၿဖီးေပးေနဆဲျဖစ္သည္။
"အထူးအဆန္းေလး.....
မင္းဘယ္ေတာ့မွ နိုးလာမွာလဲ......"
"........"
"မင္းနိုးလာရင္.....ငါ့ညီေလးလုပ္မလား.....
ငါမင္းကို လိုခ်င္တာေတြဝယ္ေပးမယ္ေလ....
အေဖမသိေအာင္ ၿမိဳ႕ထဲသြားၿပီး ငါေဖာ္ထားတဲ့ေဆးေတြေရာင္းရင္ ေငြစေတြအမ်ားႀကီးရတာသိလား....."
အိပ္ေပ်ာ္ေနတဲ့လူကို စကားေျပာၿပီး ရန္ရွို႔ အ႐ူးလိုလုပ္ေနသည့္ မိမိကိုယ္ကို ရယ္မိေတာ့သည္။
ေနလွမ္းထားသည့္ ေဆးျမစ္ေတြကို ဟိုဘက္သည္ဘက္လွန္ေပးရန္ သူအျပင္ျပန္ထြက္ခဲ့သည္။
ေဆးကုသေဆာင္တံခါးအား အသာျပန္ေစ့လိုက္ခ်ိန္မွာပဲ အထဲမွ ေျပးလာသည့္ ေျခသံႏွင့္အတူ တံခါးကို တြန္းဖြင့္လာသည္။
"အထူးအဆန္းေလး......"
ေ႐ႊေရာင္ဆံပင္ေတြႏွင့္ ေကာင္ေလး၏ မ်က္ဝန္းေတြက ခရမ္းေဖ်ာ့ေရာင္ေတြျဖစ္ၿပီး သူ႕အား တြန္းဖယ္ကာ ေျပးသြားသည္။
"ေဟး ေဟး
ဘယ္သြားတာလဲ
မေျပးနဲ႕ေလ...."
ရန္ရွို႔ အထူးအဆန္းေကာင္ေလး ေျပးသြားရာသို႔ အျမန္လိုက္ရေတာ့သည္။
ယုဖုန္း မ်က္လုံးဖြင့္ဖြင္းခ်င္း ျမင္ရသည့္ မရင္းႏွီးေသာ ပတ္ဝန္းက်င္ေၾကာင့္ အလန့္တၾကားထေျပးခဲ့မိသည္။
တံခါးဖြင့္ဖြင့္ခ်င္းေတြ႕ရေသာ ခရမ္းေရာင္ရင့္ရင့္မ်က္ဝန္းေတြႏွင့္ လူႀကီးက သူ႕ကိုတားမည့္ဟန္ရွိတာမို႔ တြန္းကာ ထြက္ေျပးေတာ့သည္။
ေျခဦးတည့္ရာကို ေျပးရင္း လမ္းတစ္ေလွ်ာက္ေတြ႕သမွ်လူတိုင္းက သူ႕အားလိုက္ၾကည့္ေနသည္။
လူသူကင္းသည့္ ၾကာကန္ႀကီးတစ္ခုအနားေရာက္ေတာ့ ေရေတြကိုျမင္ၿပီး ယုဖုန္း သူေရထဲျပဳတ္က်သြားသည္မွ စ၍ အားလုံးကို မွတ္မိလာေတာ့သည္။
"ရရဲ႕လား....
ေခါင္းမူးေနလား...."
သူ႕အေနာက္ကေျပးလိုက္လာဟန္ရွိသည့္ ထိုလူက ယိုင္နဲ႕နဲ႕သူ႕ခႏၶာကိုယ္အားသူ႕လက္ေမာင္းႏွစ္ဖက္မွ ကိုင္၍ထိန္းေပးသည္။
သူေနာက္ဆုံးမွတ္မိသည္က ေရနတ္ဆိုးပါးစပ္ထဲသူေရာက္သြားခဲ့တာပဲ။
ယုဖုန္း သူ႕လက္ေမာင္းေပၚမွ လက္ေတြကို ဖယ္ခ်ကာ ထိုလူႏွင့္ ခြာလိုက္သည္။
"မေၾကာက္နဲ႕ေနာ္.....
အစ္ကို မင္းကို ဘာမွမလုပ္ပါဘူး....."
ယုဖုန္း မိမိကိုယ္ကို ငုံ႕ၾကည့္လိုက္ေတာ့ ဝတ္ထားသည့္ အဝတ္ေတြက သူ႕ဟာဟုတ္မေနသည့္အျပင္ ခါးအထိနီးပါးရွည္သည့္ သူ႕ဆံပင္ေတြကို ျမင္လိုက္ရသည့္အခါ ထိတ္လန့္သြားမိသည္။
ေ႐ႊေရာင္ေတြ......
နံေဘးမွ ေရကန္ဆီ ငုံ႕ၾကည့္လိုက္ရာ သူ႕၏လက္ရွိပုံစံကို ထင္ထင္ရွားရွားျမင္လိုက္ရေတာ့သည္။
ေ႐ႊေရာင္ဆံပင္ေတြအျပင္ သူ႕မ်က္လုံးအေရာင္ကလည္း ခရမ္းေဖ်ာ့ေရာင္ျဖစ္ေနသည္။
"ညီေလး.....ဘာေတြျဖစ္ၿပီး ေရနတ္ဆိုးဗိုက္ထဲေရာက္ေနခဲ့တာလဲဆိုတာ မွတ္မိလား..."
ယုဖုန္း ထိုလူ႕ကို ၾကည့္လိုက္ေပမယ့္ ဘာမွျပန္မေျဖ။
"ညီေလး.....နာမည္ကေရာ"
"......."
"မမွတ္မိဘူးလား.....
ဘယ္မွာေနတာလဲေရာ မွတ္မိလား....."
ဘာမွျပန္မေျဖသည့္ ေကာင္ေလးေၾကာင့္ စကားမေျပာတတ္ဘူးဟု ရန္ရွို႔ထင္လိုက္သည္။
ထိုေကာင္ေလးအား အိမ္ကိုျပန္ေခၚလာၿပီး ရန္ရွို႔ ဖခင္ျဖစ္သူႏွင့္ တိုင္ပင္ရေတာ့သည္။
"သူဘာမွလည္း မွတ္မိပုံမေပၚဘူး....
ဘယ္လိုလုပ္ၾကမလဲ အေဖ...."
"မမွတ္မိမွေတာ့ ဘယ္တတ္နိုင္မလဲ ....
သူ႕ကိုအေဖတို႔ဆီမွာပဲ ေနခိုင္းၿပီး မွတ္မိလာမွ
ျပန္ပို႔ေပးၾကတာေပါ့"
"ဟုတ္ကဲ့"
သတိရရျခင္း ဖိနပ္မပါဘဲ ေျပးခဲ့သည့္ အက်ိဳးေၾကာင့္ ေကာင္ငယ္ေလး၏ ေျခဖဝါးမွာ ေသြးေတြရွိေနတာမို႔ ေရႏြေးစြတ္ထားသည့္ အဝတ္သန့္တစ္ထည္ႏွင့္ သန့္ရွင္းေပးဖို႔လုပ္လိုက္သည္။
ယုဖုန္း ထိုလူလုပ္သမွ်ကို ဘာမွမေျပာဘဲ ၿငိမ္သာေနခဲ့သည္။
ေျခဖဝါးမွ ဖုန္မ်ားႏွင့္ေသြးေတြကို သုတ္လိုက္သည့္အခါ ရန္ရွို႔ အလန့္တၾကားထရပ္ၿပီး ေကာင္ငယ္ေလးကို အံ့ဩတႀကီးၾကည့္လိုက္မိသည္။
"အေဖ!!"
ၿခံဝင္းထဲမွာ အၾကမ္းရည္ေသာက္ေနသည့္ သူ႕အေဖနားကို ထပ္ေရာက္သြားျပန္သည္။
"ဘာျဖစ္တာလဲ!
အလန့္တၾကားနဲ႕...."
"မရွိဘူး!"
"ဘာမရွိတာလဲ!"
"သူ႕ေျခဖဝါးက ခဲရွတဲ့ဒဏ္ရာေတြ....
မရွိဘူး...."
"ဟမ္!"
"ေသြးေတြပဲက်န္တယ္.....
ဒဏ္ရာေတြလုံးဝမရွိေတာ့ဘူး"
သမားေတာ္ရန္ ကုသေဆာင္အခန္းထဲေျပးသြားၿပီး ထိုေကာင္ေလး၏ ေျခဖဝါးေတြကို ကိုင္ၾကည့္လိုက္သည္။
"ဘုရားေရ...."
သူ႕မိခင္က ေျပာျပဖူးခဲ့သည္။
သူတို႔႐ြာေလးႏွင့္ ေဝးကြာလြန္းလွသည့္ လုံတိုင္းျပည္မွာ ကုသျခင္းအစြမ္းကိုပိုင္ဆိုင္ၾကေသာ နတ္ဘုရားမ်ိဳးႏြယ္ရွိသည္တဲ့။
ခရမ္းႏုေရာင္ဟုထင္ရေပမယ့္ ေသခ်ာၾကည့္လွ်င္ အနီေရာင္တစ္ခ်ိဳ႕ေရာစပ္ေနေသာ မ်က္ဝန္းေတြႏွင့္ ေကာင္ငယ္ေလးက ႏူးညံ့ကာက်ိဳးပဲ့လြယ္ဟန္ေပၚေပမယ့္ ခံစားခ်က္မရွိသည့္အၾကည့္ေတြႏွင့္ေရာစပ္လိုက္ေသာအခါ အႏၱရာယ္အေငြ႕အသက္ကို ခံစားလိုက္ရသည္။
သူက နတ္ဘုရားလား နတ္ဆိုးလား.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro