Part-21 ( the curse )
Unicode
ယုဖုန်း သူ့ခမည်းတော်လည်ပင်းပေါ်ဓားတင်ထားသည့် လီစွန်းကြောင့် အရှိန်ပိုတင်ကာ ကွပ်မျက်စင်အနားရောက်သွားသည်။
"ရပ်!!"
ယုဖုန်းအသံမကြားရပေမယ့် လီစွန်း၏နှုတ်ခမ်းလှုပ်ပုံကိုကြည့်ကာ နားလည်လိုက်သည်။
"ဓားချ!"
ယုဖုန်းအံကိုကြိတ်ကာ အနားကပ်လာနေသည့် လီစွန်း၏ အထူးကိုယ်ရံတော်တွေကို တိုက်မည့်ဟန်ပြင်တော့ သူ့ခမည်းတော်လည်ပင်းထက်မှဓားက အသားထဲ အနည်းငယ်ပိုတိုးဝင်သွားသည်။
"ကောင်းပြီ!"
ယုဖုန်း ချက်ချင်းဓားကိုလွှတ်ချလိုက်သည်နှင့် ကိုယ်ရံတော်နှစ်ယောက်က သူ့လက်တွေကိုချုပ်ကာ ဒူးထောက်စေပြီး နားထဲမှ အဝတ်လုံးတွေကိုပါဖယ်ရှားပစ်သည်။
"ကျန်တဲ့မင်းလူတွေကိုပါ ရပ်ခိုင်းလိုက်!"
မာန်အပြည့်နှင့်တိုက်ခိုက်နေကြသည့် ဘင်းဝမ်တို့ကလည်း သူ့ကိုလှမ်းကြည့်ရာမှ အခြေအနေကိုမြင်သွားသည်။
"ရပ်တော့"
ယုဖုန်းပြောကာ ခေါင်းညိတ်အချက်ပြလိုက်တော့ ဘင်းဝမ်တို့အားလုံးရပ်တန့်သွားပြီး ဓားတွေချကာ အံကြိတ်လျက် နားအတွင်းမှပိတ်ဆို့ထားသည်ကို ဖယ်လိုက်ကြသည်။
"ဒူးထောက်!!"
ဟိန်းခနဲ ထွက်ပေါ်လာသည့် လီဟွာ၏အမိန့်သံနှင့် မုထျန်းရိအပါအဝင် ဘင်းဝမ်တို့အားလုံး ဒူးထောက်ကျသွားသည်။
"လုံလီဖုန်း.....
မင်းရဲ့သားတော်ငယ်လေးကို ကြည့်လိုက်စမ်းပါဦး"
ဆံပင်မှ ဆွဲကာ ခေါင်းကို အနောက်သို့ လန်အောင်မော့စေပြီး လီစွန်းကပြောလာသည်။
"ငါ့သားတော်တွေက ငါ့ကိုအမြဲ
ဂုဏ်ယူစေတယ်...."
နန်းကျဘုရင် လုံလီဖုန်းဟာ သူ့နံဘေးမှ သံကြိုးများခတ်ခံထားရသည့် သားတော်ကြီး အိမ်ရှေ့စံနှင့် သူအရှေ့မလှမ်းမကမ်းမှာ ချုပ်ခံထားရသော သားတော်ငယ်တို့ကိုကြည့်ကာ ပြုံးသည်။
"နောက်ဆုံးအနေနဲ့ ဝအောင်ကြည့်ထား!"
လီစွန်းဟာ ပြုံးနေသေးသည့် လုံလီဖုန်း၏ ဂုဏ်ယူနေသောဟန်ပန်ကြောင့် ဒေါသပိုထွက်လာကာ ဓားကိုင်ထားသည့်လက်ကို အားပိုထည့်ပြီး သွေးအနည်းငယ်ထွက်လာစေသည်။
"ခင်ဗျား သတ်ချင်ရင် ကျွန်တော့်ကိုသတ်!!"
သူ့ဖခင်၏ လည်ပင်းထက်မှ ဓားကိုကြည့်ရင်း ယုဖုန်း အော်ဟစ်ကာ ချုပ်နှောင်ထားသည်ကို ရုန်းမိသည်။
လီစွန်းက သဘောတကျရယ်ပြီး လုံလီဖုန်း၏ လည်ပင်းထက်မှ ဓားကိုဖယ်ပေးလိုက်သည်။
"ဟုတ်ပြီလေ.....
တောင်းဆိုမှတော့ မင်းကိုအရင်သတ်ပေးမယ်.... ဒီကိုခေါ်ခဲ့!"
ယုဖုန်းကို ချုပ်ထားသည့် ကိုယ်ရံတော်တွေက ကွပ်မျက်စင်ပေါ်သို့ ယုဖုန်းအားဆွဲခေါ်သွားတော့သည်။
"လီစွန်း!!!"
လုံလီဖုန်း အလန့်တကြား ထပြီးရုန်းရာ ချည်ထားသည့် သံကြိုးများ၏အချင်းချင်းထိခတ်သံတွေ ဆူညံသွားသည်။
ယုဖုန်းသူ့ခမည်းတော်အနား ရောက်ချိန်မှာပဲ ရုတ်တရက် ဓားတစ်ချောင်းက လုံလီဖုန်း၏ ရင်ဘက်အားထုတ်ချင်းပေါက် ဝင်ရောက်လာသည်။
လီစွန်း ဓားကိုပြန်ဆွဲထုတ်ပြီး ကျေနပ်စွာ ရယ်မောတော့သည်။
"ခ...ခမည်းတော်....."
ယုဖုန်းကိုချုပ်ထားသည့်ကိုယ်ရံတော်နှစ်ဦးအား လီစွန်းက လွှတ်ပေးလိုက်ဖို့အချက်ပြ ကာ ပြပွဲတစ်ခုလိုမျိုး ကြည့်နေခဲ့သည်။
"ခမည်းတော်!!"
အိမ်ရှေ့စံမင်းသားမှာလည်း သူ့ဖခင်ထံပြေးသွားချင်ပေမယ့် သံကြိုးတွေကြောင့် အော်ဟစ်နေရုံသာတတ်နိုင်သည်။
ယုဖုန်း သူ့ဖခင်၏ ရင်ဘက်ကို လက်ဖဝါးနှစ်ဖက်နှင့် ပိတ်ကာ အဆက်မပြတ်ထွက်နေသည့်သွေးများကို ရပ်တန့်ဖို့မစွမ်းသာနိုင်။
"မငိုနဲ့....."
ယုဖုန်း သူ့ဖခင်၏စကားကိုနာခံစွာ ကျဆင်းလာသည့်မျက်ရည်တွေကို သုတ်လိုက်တော့ လက်ဖဝါးမှသွေးတွေက သူ့ပါးပြင်တွေကိုရဲရဲနီသွားစေသည်။
"လုံယုဖုန်း....
သားတော်က.. နဂါးမျိုးနွယ်ရဲ့သွေးသား....
မြင့်မြတ်တဲ့....လုံမျိုးဆက်ဆိုတာကို.....မမေ့နဲ့"
ယုဖုန်းခေါင်းအထပ်ထပ်ညိတ်ကာ သူ့ဖခင်၏အားလျော့လာသည့် လက်တွေကို တင်းတင်းဆုပ်ကိုင်ထားသည်။
နောက်ဆုံးထွက်သက်အထိ သူ့ဖခင်က သူ့ကိုစိုက်ကြည့်ကာ ငြိမ်သက်သွားခဲ့သည်။
"အမောက်မရှိတဲ့ နဂါးက မြွေအဆင့်ပဲရှိတယ်! ဟားဟား! ဟား! ဟား!"
လီစွန်း၏ ရယ်သံက ပိုကျယ်လောင်လာပြီး လီဟွာကလည်း ကျေကျေနပ်နပ်ပြုံးနေသည်။
ယုဖုန်း သူ့ဖခင်၏ ပွင့်နေသည့် မျက်ဝန်းတွေကို လက်နှင့်သပ်ချကာ ပိတ်လိုက်သည်။
လီဟွာ၏ထိန်းချုပ်ခြင်းခံထားရသည့် သူ့လူတွေရဲ့မျက်ဝန်းထဲမှာ ဝမ်းနည်းပူဆွေးမှုအပြည့်ရှိနေကြပေမယ့် သစ္စာဖောက်အမတ်တွေ၏ မျက်ဝန်းတွေကတော့ ရန်တစ်ခုငြိမ်းသွားလို့ စိတ်သက်သာရသွားဟန်ရှိသည်။
လီစွန်း သူ၏ဓားကို ဝင့်ကာ ယုဖုန်းအနားရောက်လာပြီး လွှဲခုတ်လိုက်ချိန်မှာပဲ ဒူးထက်မှ သည်းမခံနိုင်စရာ နာကျင်မှုနှင့်အတူ ယိုင်ကျသွားပြီး လက်ထဲမှ ဓားလည်း လုယူခံလိုက်ရသည်။
ယုဖုန်း လီစွန်း၏ ဆံထုံးမှကိုင်ကာ ခေါင်းကိုမော့စေပြီး ဓားကိုသက်တောင့်သက်သာ လည်ပင်းထက်တင်ထားလိုက်တော့သည်။
"ရပ်!!"
လျှပ်တစ်ပြက်အတွင်းမှာပဲ အခြေအနေတွေက ပို၍ဖရိုဖရဲဖြစ်လာသည်။
"ဒီအကွက်က ခင်ဗျားသား လီဟော်သင်ပေးထားတာ....."
ယုဖုန်းနှုတ်ခမ်းတွေ ကွေးတက်လာအောင်ပြုံးရင်း လီစွန်းအားပြောလိုက်သည်။
"ရှောင်းဟွာ...."
လီစွန်း၏ နှုတ်က အားကိုးတကြီးခေါ်လိုက်သူမှာ သူ့သမီး လီဟွာပင်ဖြစ်သည်။
"လုံယုဖုန်း ရပ်!
ဓားကိုချ!!"
လီဟွာ၏ အမိန့်သံထွက်လာပေမယ့် ယုဖုန်းကတော့ ထိုအတိုင်းသာရှိနေမြဲ။
"ရပ်!! ဓားကိုချလို့ ပြောနေတယ်!!!"
ထပ်ကာအော်ဟစ်လိုက်ပေမယ့် ဘာဖိအားမှမခံစားရသည်မို့ ယုဖုန်း ရယ်မိတော့သည်။
"လီစွန်း.....မြင်လား.....
ခင်ဗျားသမီးက ကျွန်တော့်ကိုအမိန့်ပေးလို့မရဘူး....."
လီဟွာမှလွဲ၍ အားလုံးအံ့အားသင့်နေကြသည်။
"အရှင့်သားမှာ အစွမ်းရှိတယ်......"
ဘင်းဝမ်တို့ ကတော့ အံ့ဩတကြီးဝမ်းသာသွားကြသည်။
"မဖြစ်နိုင်တာ......
မဖြစ်နိုင်ဘူး!"
လီစွန်း သူ၏ မီးစွမ်းအားနှင့် ယုဖုန်းအားလောင်ကျွမ်းစေဖို့ ကြိုးစားလိုက်ပေမယ့် သူ့စွမ်းအားကိုလုံးဝထုတ်မရပေ။
"ငါ့လူတွေကို လွှတ်လိုက်!"
လီဟွာ အမြန်ပဲ ထိန်းချုပ်ထားသည့် ကိုယ်ရံတော်တွေကို လွှတ်ပေးလိုက်သည်။
"ကွမ်းမင်.....
ငါ့ဓားကိုယူခဲ့ပေး...."
"ဟုတ်ကဲ့..... "
ယုဖုန်းလွှတ်ချထားခဲ့သည့် ဖုန်းဟွာဓားနှင့် ဓားအိမ်ကို ကွမ်းမင် ယူကာယုဖုန်းအနားရောက်လာသည်။
"အစ်ကိုတော် အိမ်ရှေ့စံကို သံကြိုးတွေဖြုတ်ပေးလိုက်"
အိမ်ရှေ့စံမင်းသား၏ ခြေတွေလက်တွေကို ချုပ်ထားသည့် သံကြိုးတွေကို ကွမ်းမင် အားသုံးကာ ချိုးဖျက်ပစ်လိုက်သည်။
ထိုအချိန်မှာပဲ ယုဖုန်းအမြန် လီစွန်း၏ဓားကိုလွှင့်ပစ်ကာ မိမိဓားဖုန်းဟွာအား လီစွန်းလည်ပင်းထက်အစားထိုးလိုက်သည်။
"တော်ဝင်မြင်းစောင်းက မြင်းတွေသွားထုတ်လာခဲ့....."
လီဟွာ နာခံစွာပဲ မြင်းတွေအားထုတ်ယူလာခိုင်းလိုက်ပြီး သူမဖခင်ကိုသာ ပူပန်စွာကြည့်နေသည်။
"အစ်ကိုတော့်ကိုခေါ်ပြီး သွားနှင့်ကြ....."
ယုဖုန်း၏စကားကို သူတို့လက်မခံကြပေ။
"အရှင့်သားပါမှ ကျွန်တော်မျိုးတို့သွားမယ်"
"ဒါအမိန့်ပဲ!!
သွားကြ!!!"
ယုဖုန်း ကွမ်းမင်တွဲထူပေးထားရသည့် သူ့အစ်ကိုတော်ကိုကြည့်ပြီး သူအဆင်ပြေကြောင်းပြောလိုက်သည်။
"ခမည်းတော်ရဲ့ ရုပ်အလောင်းကိုပါ ခေါ်သွား"
"ဟုတ်ကဲ့....."
သူတို့အားလုံးမြင်းတွေပေါ်မတက်ခင်မှာ ယုဖုန်းအားဒူးထောက်အရိုအသေပေးလိုက်ကြသည်။
"မြို့ပြင်ကိုရောက်ရင် အချက်ပြပါ"
"ဟုတ်ကဲ့"
မြင်းခွာသံတွေဝေးကွာသွားသည့်နောက် အေးစက်စက် နန်းတော်တံခါးရှေ့မှာ ရက်စက်သည့်လူတစ်စုနှင့်အတူ ယုဖုန်းအနားတွင်တော့ ရိရိတစ်ယောက်သာကျန်ရှိနေသည်။
လီစွန်းက သူ့လက်ထဲမှာမို့ အကုန်လုံးမလှုပ်ရှားရဲဘဲ သူ့ကိုသာကြည့်နေကြသည်။
ပါးပြင်ကိုပွတ်တိုက်သွားသည့် အေးစက်စက်အထိအတွေ့လေးနှင့်အတူ အဖြူရောင်နှင်းပွင့်လေးတွေကျဆင်းလာသည်ကို ယုဖုန်းသတိပြုမိလိုက်သည်။
"ရိရိ.....နှင်းတွေကျလာပြီ......"
"အင်း......"
မြေပြင်ရော ခေါင်မိုးတွေထက်တွင်သာမက သူတို့ဦးခေါင်းနှင့် ပုခုံးထက်တွင်ပါ ဖြူဖွေးလာတော့သည်။
ထျန်းရိ ယုဖုန်းရှိရာ သွားဖို့ခြေလှမ်းပြင်လိုက်ပေမယ့် ယုဖုန်းကတားလိုက်သည်။
"မလာနဲ့......
ရိရိ.....မြင်းအနားကိုသွား......"
ယုဖုန်း ထုံကျင်လာသည့် လက်တွေကြောင့် မာန်တင်းကာ လီစွန်းကိုပါ မတ်တပ်ထစေပြီး ထျန်းရိရှိရာ မြင်းအနားသို့ လျှောက်သွားတော့သည်။
လီစွန်းက ယုဖုန်းထက်အရပ်တော်တော်ပိုရှည်နေတာမို့ သူ့အတွက်လုံလောက်သည့် ဒိုင်းအကာအကွယ်တစ်ခုလို ဖြစ်နေသည်။
"ဒူးပြန်ထောက်....."
လီစွန်းနာခံစွာပဲ နှင်းများနှင့် မြေပြင်ထက်ဒူးထောက်လိုက်သည်။
"ရွှီး!!!!!"
အဝေးမှ ကောင်းကင်ထက်ပစ်လွှတ်လိုက်သည့် အချက်ပြမီးကိုမြင်လိုက်စဥ် ရိရိအား အစ်ကိုတော်တို့ဟုတ်မဟုတ် အာရုံခံခိုင်းကြည့်တော့ ရိရိကဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။
"လုံယုဖုန်း!
နင့်လူတွေအပြင်ရောက်သွားပြီ!
အခု ငါ့အဖေကိုလွှတ်တော့!!"
ထိုစဥ် လီစွန်းကပါ တုန်ယင်စွာစကားပြောလာသည်။
"ငါ့ကို လွှတ်ပေးရင်......
မင်ကို ထွက်သွားခွင့်ပေးမယ် ကတိပေးတယ်......"
ယုဖုန်း လီသားအဖနှစ်ယောက်၏စကားတွေကြောင့် ရယ်သည်။
"ခင်ဗျားတို့ရဲ့ ကတိကို ယုံမယ်ထင်လား......"
"........"
နန်းတော်တံတိုင်းပေါ်မှ ကျီးကန်းများထိုးနေသည့် ဦးခေါင်းတွေကို မော့ကြည့်လိုက်ကာ ယုဖုန်း ချုပ်တည်းထားရသည့် ဒေါသတွေကိုလွှတ်ပေးလိုက်သည်။
"ခင်ဗျားတို့တွေအားလုံးကို မှတ်သားထားတယ်!!"
ယုဖုန်း သူနှင့်အကြည့်ချင်းမစုံရဲသလိုမျက်နှာလွှဲထားသည့် အမတ်တစ်ယောက်ချင်းစီကိုကြည့်သည်။
"ငါကျိန်တယ်!!!
ခင်ဗျားတို့လည်း တစ်နေ့ အရာအားလုံးကိုဆုံးရှုံးရပါစေ!! ငါခံစားရတဲ့ နာကျင်မှုအတိုင်း ထပ်တူခံစားရပါစေ!!"
"........"
"ငါ လုံယုဖုန်း အသက်ရှင်နေသေးရင်.....
ခင်ဗျားတို့အားလုံး အသေဆိုးနဲ့သေစေရမယ်!!!"
အသက် ဆယ့်လေးနှစ်ကောင်လေး၏ ဖြူဖျော့ဖျော့ ခန္ဓာကိုယ်က နှင်းတွေကြားထဲမှာရပ်နေပြီး တည်ငြိမ်နေကာ မျက်ဝန်းအကြည့်တွေကတော့ ရာသီဥတုနှင့်အပြိုင်အေးစက်နေသည်။
"လီစွန်း......
ခင်ဗျားရဲ့ ချစ်လှစွာသောသမီးတော်လေးကို နောက်ဆုံးအနေနဲ့ ဝအောင်ကြည့်ထား!"
လီဟွာ အလန့်တကြား ယုဖုန်းထံပြေးသွားချင်ပေမယ့် အရာရှိဖူကသူမကိုတားသည်။
"လုံယုဖုန်း မလုပ်ပါနဲ့......"
သူမကငိုကာ ယုဖုန်းအားတောင်းပန်နေသည်။
"မင်းအဖေကို အရမ်းချစ်တာပဲလား...."
လီဟွာက ခေါင်းကို တဆတ်ဆတ်ညိတ်ပြသည်။
"ခင်ဗျားကရော.....လီစွန်း.....
ခင်ဗျား သမီးကို အရမ်းချစ်လား....."
"အင်း....."
လီစွန်း တစ်စက်ကလေးမှတောင် မလှုပ်ရဲတာမို့ ပါးစပ်ပိတ်ပြီးသာ အသံပြုသည်။
"ခင်ဗျားတို့သားအဖ တွေးမိရဲ့လား......
ခမည်းတော်ကလည်း ငါ့ကိုသိပ်ချစ်တာ......"
ယုဖုန်း နတ်ဆိုးဝင်ပူးသလို သွားတွေပေါ်အောင်ပြုံးလိုက်ရင်း လီစွန်း၏ လည်ပင်းထက်မှ ဓားကို နစ်ဝင်စေလိုက်တော့သည်။
"မလုပ်နဲ့!!!!!"
ယုဖုန်း မျက်နှာနှင့် အဝတ်တွေကိုသာမက မြေပြင်ထက်မှ နှင်းတွေလည်း ဖြာထွက်လာသည့် သွေးတွေစင်ကုန်သည်။
လီဟွာ၏ ငိုကြွေးသံနှင့် ယုဖုန်း၏ရယ်သံကြားမှာ လီစွန်း၏ အသက်မဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်လဲကျသွားသည်။
"အမောက်မပါတော့ရင်တောင် နဂါးကနဂါးပဲ!!!"
ပစ်ခွင်းလာသည့် မြှားအစင်းပေါင်းများစွာကို မုထျန်းရိ ဖျက်ဆီးကာ ယုဖုန်းထံလက်လှမ်းလိုက်သည်။
ယုဖုန်းလည်း မုထျန်းရိလက်ကိုဆွဲကာ မြင်းပေါ်တက်ပြီး အမြန်ဆုံးအရှိန်နှင့် ထွက်ခွာခဲ့ကြတော့သည်။
"လုံယုဖုန်းနောက်လိုက်!!!
သူ့အသက်ကိုလိုချင်တယ်!!"
လီဟွာ အမိန့်ပေးပြီး သူမကိုယ်တိုင်လည်း မြင်းပေါ်တက်ကာ လုံယုဖုန်းတို့ထွက်သွားရာသို့ ဦးတည်လိုက်ခဲ့တော့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
မြို့တံခါးက သေချာပေါက်ပိတ်ထားမည်မို့ ယုဖုန်းတို့ မြို့၏အနောက်ဘက် တောအုပ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
အနောက်က အဆက်မပြတ်လိုက်လာသည့် မြင်းခွာသံတွေကို ကြားရုံနှင့် အင်အားမနည်းမှန်း သိလိုက်သည်။
"ယုအာ......
ကိုယ်မြင်းနဲ့ သူတို့တွေကို မျှားခေါ်သွားမယ်....
ယုအာပုန်းနေခဲ့....
ပြီးမှ ကိုယ်လာရှာမယ်"
ထျန်းရိ ယုဖုန်း၏ အဖြေကိုပင်မစောင့်ဘဲ လမ်းခွဆုံတစ်ခုမှာ မြင်းကိုရပ်ကာ ယုဖုန်းအား အောက်ချပြီးသည်နှင့် လူအသွားအလာပိုများဟန်ရှိသည့် လမ်းကိုရွေးကာ မြင်းအားမောင်းနှင်သွားတော့သည်။
ယုဖုန်း အနီးအနားမှ သစ်ပင်ကြီး၏ ပါးပျဥ်းကြားထဲ ခန္ဓာကိုယ်အားကပ်ထားလိုက်ပြီး မြင်းခွာသံတွေအားလုံးသူ့အနားမှ ဖြတ်ကာ ဝေးကွာသွားသည်အထိစောင့်နေလိုက်သည်။
ယုဖုန်း မိမိရှေ့မှ ခြုံတွေပိတ်နေသည့် လမ်းဟောင်းထဲကို လျှောက်လှမ်းလာခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း မျက်ခြေမပြတ် နားစွင့်ထားသည်။
နှင်းတွေကြောင့် ကျန်နေသည့် သူ့ခြေရာတွေကို သစ်ကိုင်းတစ်ခုအားချိုးကာ လှည်းလိုက်ပြီး ဖျောက်ခဲ့သည်။
စီးဆင်းနေသည့် ရေသံတဝေါဝေါကို ကြားလာရပြီးနောက်တွင်တော့ သူလမ်းအဆုံး ချောက်ကမ်းပါးကိုရောက်ခဲ့တော့သည်။
ယုဖုန်း မြင့်မားလွန်းသည့် ကမ်းပါးအစွန်းမှရပ်ကာ အောက်တွင်ရှိသော မြစ်ကိုငုံ့ကြည့်လိုက်သည်။
မြစ်ရေက စိမ်းပြာရောင်ရှိပြီး ကြည်လင်နေပေမယ့် ထိုခြောက်ကမ်းပါးအောက်တည့်တည့်တွင်တော့ မြစ်ရေဟာ အနက်ရောင်ဖြစ်နေသည်။
"သေမင်း ကမ်းပါး......"
ယုဖုန်း သေမင်းကမ်းပါးအကြောင်းကို ကြားဖူးပေမယ့် ရိရိကလိုက် မပြခဲ့ဖူးတာကြောင့်
အခုမှ ရောက်ဖူးခြင်းဖြစ်သည်။
"ဟီ!!!!!"
ကျယ်လောင်သည့် သတ္တဝါတစ်ကောင်၏ အော်သံနှင့် ကမ်းပါးအောက်မှ အနက်ရောင်ရေပြင်ဟာ လှုပ်ခတ်သွားသည်။
ယုဖုန်း ခြေလှမ်းတွေကို အနောက်ဆုတ်လိုက်ပြီး ခပ်လှမ်းလှမ်းမှ သစ်ပင်အောက်သို့သွားထိုင်နေလိုက်သည်။
သေမင်း ကမ်းပါး၏အောက်မှာ နက်ရှိုင်းလွန်းသည့် တွင်းနက်ကြီး ရှိပြီး ထိုတွင်းနက်ကြီးမှာ ရေနတ်ဆိုး၏ အသိုက်အမြုံဖြစ်သည်။
ထိုရေနတ်ဆိုးဆိုသည်မှာ ခြေနှစ်ဖက်လက်နှစ်ဖက်ပါသည့် ငါးကြီးတစ်ကောင်ဖြစ်ပြီး ၄င်း၏အကြေးခွံတွေမှာ ဓားလှံလက်နက်မပေါက်နိုင်အောင် မာသည်ဟု ယုဖုန်းကြားဖူးသည်။
ထိုသတ္တဝါကြီးက ရာစုနှစ်များစွာကတည်းက ရှိနေတာဖြစ်ပြီး တစ်ခါတစ်ရံ မြစ်ကြောင်းတစ်လျှောက်ရှိ ရွာများမှ လူအချို့ကို စားသည်ဟုလည်း ကြားဖူးခဲ့သည်။
ယုဖုန်း အပေါ်မှ ဖျင်ကြမ်း အင်္ကျီအားချွတ်ကာ နှင်းတွေထဲနှစ်လိုက်ပြီး စိုစွတ်စေလိုက်သည်။
အေးစက်စက် အင်္ကျီအစိုနှင့် မျက်နှာမှ ခြောက်သွေ့နေသောသွေးတွေကိုသုတ်ပြီး လက်နှင့် ဓားကိုပါ သုတ်လိုက်သည်။
ရိရိလာသည်အထိ အအေးဒဏ်အား တွန်းလှန်ရန် ထင်းခြောက်တွေကို စုကာ မီးဖိုပြီး သူမီးလှုံနေခဲ့သည်။
အပြင်ပိုင်းခန္ဓာကိုယ်ကနွေးလာပေမယ့် ယုဖုန်း၏အတွင်းစိတ်ကတော့ ထုံကျင်အေးခဲနေကာ သူငိုချင်ရင်တောင် မျက်ရည်မထွက်။
ယနေ့ကြုံတွေ့ခဲ့ရသည်များက အတွေးထဲဝင်ရောက်လာပြန်သည်။
သူ့အစ်မတော်မယ်တော်တွေရဲ့ ဦးခေါင်းတွေ သူ့ရှေ့မှာပဲ အသတ်ခံလိုက်ရတဲ့ သူ့ခမည်းတော်......
သူသတ်ဖြတ်ခဲ့သည့် ကိုယ်ရံတော်တွေ ရဲမက်တွေနှင့် လီစွန်း၏လည်ချောင်းသွေးရနံ့က သူ့ဓား ဖုန်းဟွာမှာ စွဲကျန်နေပြီး ထိုရနံ့ကို ယုဖုန်း ကြောက်ဖို့ကောင်းစွာ နှစ်ခြိုက်နေမိသည်။
ညနေစောင်းချိန် နေမဝင်သေးပေမယ့် လကတော့ထွက်ပေါ်လာပြီဖြစ်သည်။
"ချောက်...."
သစ်ကိုင်းခြောက်ကို နင်းမိသံနှင့် လူရိပ်တစ်ခုပေါ်လာသည်။
"ရိရိ....."
ယုဖုန်းစိတ်သက်သာရာရစွာ ဖုန်းဟွာအားချထားခဲ့ပြီး မုထျန်းရိထံပြေးသွားမိသည်။
"ဝှစ်......"
လေတိုးဝှေ့သံနောက် မုထျန်းရိ၏ ရေခဲလွှာတွေတက်နေသည့် ဓားက ယုဖုန်းခန္ဓာကိုယ်အား ဖောက်ထွက်သွားခဲ့သည်။
ဆိုးရွားလွန်းလှသည့်နာကျင်မှုကြောင့် ယုဖုန်းအသံပင်မထွက်နိုင်ပဲ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။
လဲကျမသွားစေရန် မာန်ကိုတင်းကာ ရိရိကိုလှမ်းကြည့်လိုက်စဥ် လီဟွာနှင့် အခြားလူများစွာက တောထဲမှထွက်လာသည်။
ယုဖုန်း နားလည်လိုက်သည်။
ရိရိကို လီဟွာက ထိန်းချုပ်ထားသည်။
ထပ်မံသူ့ထံဦးတည်လာသည့် ဓားကို ယုဖုန်းရှောင်မနေတော့ပေ။
ခန္ဓာကိုယ်အနှံ့ ကျရောက်လာသည့် ဓားချက်တွေနှင့် သိပ်မနက်သည့် မွှန်းရာများမှ ထွက်လာသည့် သွေးတွေက မြေပေါ်တစက်စက်ကျဆင်းကုန်သည်။
အဖြူရောင်နှင်းပွင့်တွေထက်က အနီရောင်သွေးစက်တွေ.....
ယုဖုန်းစိတ်ထဲတွေးမိသွားသည်က....
""လှတယ်""
"လီဟွာ ရပ်လိုက်"
ရင်းနှီးနေသည့် အသံနှင့် မြင်းပေါ်မှဆင်းဆင်းချင်း လီဟွာ့မျက်နှာကို ရိုက်ချလိုက်သည့် လီဟော်။
ဓားချက်တွေရပ်တန့်သွားပေမယ့် မုထျန်းရိကတော့ လီဟွာ၏ထိန်းချုပ်မှုမှမလွတ်သေး..
မျက်ရည်တွေကျလာသည့် တောင်းပန်မှုအပြည့်နှင့် စိမ်းပြာရောင်မျက်ဝန်းတွေ......
ယုဖုန်း နာကျင်မှုကြောင့်အသိစိတ်လွတ်ချင်နေပေမယ့် နှုတ်ခမ်းလေးတွန့်ရုံပြုံးပြမိသည်။
ရတယ်....မနာပါဘူး.....
ယုအာအဆင်ပြေတယ်.....
"ယုအာ......
လာ....ကိုယ့်ဆီပြန်လာခဲ့....."
သူ့ထံလက်ကမ်းပြီး လီဟော်ရှေ့တိုးလာနေရာ ယုဖုန်းခြေလှမ်းတွေလည်း လေးပင်စွာ အနောက်သို့ တရွေ့ရွေ့ဆုတ်သွားသည်။
"အစ်ကိုတော်!
သူက ငါတို့အဖေကို သတ်ခဲ့တဲ့သူနော်!!"
လီဟွာ၏ ဒေါသတကြီး အော်သံ
"ငါသိတယ်!....
ငါဂရုမစိုက်ဘူး!!"
လီဟော် မျက်စိရှေ့မှ ကလေးငယ်ကိုကြည့်ကာ ရင်နာမိသည်။
"ကိုယ်နောက်ကျသွားတယ်......
အခု ကိုယ်နဲ့လိုက်ခဲ့တော့နော်....
အိမ်ပြန်ကြမယ်....."
ယုဖုန်း ခေါင်းခါရင်း ခြေလှမ်းတွေကိုမရပ်တန့်ခဲ့။
ရုတ်တရက် သူ့ခြေထောက်ဟာ လေဟာနယ်ကိုသာ နင်းမိသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာလည်း လေတိုးဝှေ့မှုကို ခံစားလိုက်ရတော့သည်။
"ယုအာ!!"
ကမ်းပါးအစွန်းမှာ လီဟော်၏ပုံရိပ်က ရပ်ကာကျန်နေခဲ့သည်။
"ဝုန်း!"
ရေပြင်ကို အရှိန်ပြင်းပြင်းနှင့် ထိတွေ့လိုက်ရသောကြောင့် ကျောပြင်ထက်မှ စပ်ဖြင်းဖြင်းနာကျင်မှုနှင့် မြုပ်ဝင်သွားသည့်နောက် အေးစက်သည့် ရေ၏အထိအတွေ့...
သူ့သွေးတွေကြောင့် ရေပြင်ဟာ အနီရောင်အနည်းငယ်ပြေးသွားသည်။
"ဟီ!!!!!"
ဟိန်းထွက်လာသည့် အော်သံကြီးက ယုဖုန်းနှင့် မလှမ်းမကမ်းမှဖြစ်ပြီး ကြီးမားသည့် သတ္တဝါတစ်ကောင်က ပါးစပ်ဟကာ သူ့ထံပြေးဝင်လာသည်။
ထိုအချိန်မှာပဲ သူအမြဲတမ်းပုံရိပ်ယောင်အဖြစ်နှင့်သာ မြင်တွေ့ခဲ့ရသည့် နဂါးတစ်ကောင်က သူ့အနားရောက်ရှိလာကာ သူ့ခန္ဓာကိုယ်အား ရစ်ပတ်ထွေးပွေ့လိုက်တော့သည်။
နာကျင်မှုတွေ ပျောက်ပြယ်သွားပြီး နွေးထွေးသည်။
ထို့နောက်တွင်တော့ ရေနတ်ဆိုးက သူ့အစာအားမြိုချလိုက်တော့သည်။
ရေနတ်ဆိုး၏ အော်သံနှင့် လှိုင်းများစွာထသွားသည့် မြစ်ရေပြင်ကို ကြည့်နေသည့် ကမ်းပါးထက်မှ လူအားလုံး သိလိုက်ကြသည်မှာ 'လုံယုဖုန်း သေဆုံးသွားပြီ' ဟူ၍ဖြစ်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
မြို့ပြင်တောနက်ထဲရှိ အကာအကွယ်စည်းပေါက်ပျက်သွားသည့် ရေတံခွန်အနားတွင်တော့ ကျားငယ်လေးတစ်ကောင်နှင့် ငှက်တစ်ကောင်ဟာ ထွက်ပေါ်လာသည့် လကို ခေါင်းမော့ကြည့်နေသည်။
ကျားကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်အစင်းကြောင်းတွေမှာ လရောင်ဖြာကျလာသည်နှင့် တောက်ပသည့်အနီရောင်အဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်ငှက်၏ အမဲရောင်အမွှေးအတောင်များမှ ရွှေရောင်ပြောင်းသွားသည်။
"ဝေါင်း!!"
"ဂီး!!!"
ကျယ်လောင်သည့် ဟိန်းဟောက်သံနောက် ၄င်းတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း အရွယ်အစားကြီးလာသည်။
ရှောင်းဟိုင်နှင့် ရှောင်ချိူး တစ်ကောင်နှင့် တစ်ကောင် ကြည့်ပြီးနောက် လေထုထဲမှ တစ်စုံတစ်ခုကို အနံ့ခံလိုက်သည်။
သူတို့ သခင် နိုးထလာပြီ
◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
ယုဖုန္း သူ႕ခမည္းေတာ္လည္ပင္းေပၚဓားတင္ထားသည့္ လီစြန္းေၾကာင့္ အရွိန္ပိုတင္ကာ ကြပ္မ်က္စင္အနားေရာက္သြားသည္။
"ရပ္!!"
ယုဖုန္းအသံမၾကားရေပမယ့္ လီစြန္း၏ႏႈတ္ခမ္းလႈပ္ပုံကိုၾကည့္ကာ နားလည္လိုက္သည္။
"ဓားခ်!"
ယုဖုန္းအံကိုႀကိတ္ကာ အနားကပ္လာေနသည့္ လီစြန္း၏ အထူးကိုယ္ရံေတာ္ေတြကို တိုက္မည့္ဟန္ျပင္ေတာ့ သူ႕ခမည္းေတာ္လည္ပင္းထက္မွဓားက အသားထဲ အနည္းငယ္ပိုတိုးဝင္သြားသည္။
"ေကာင္းၿပီ!"
ယုဖုန္း ခ်က္ခ်င္းဓားကိုလႊတ္ခ်လိဳက္သည္ႏွင့္ ကိုယ္ရံေတာ္ႏွစ္ေယာက္က သူ႕လက္ေတြကိုခ်ဳပ္ကာ ဒူးေထာက္ေစၿပီး နားထဲမွ အဝတ္လုံးေတြကိုပါဖယ္ရွားပစ္သည္။
"က်န္တဲ့မင္းလူေတြကိုပါ ရပ္ခိုင္းလိုက္!"
မာန္အျပည့္ႏွင့္တိုက္ခိုက္ေနၾကသည့္ ဘင္းဝမ္တို႔ကလည္း သူ႕ကိုလွမ္းၾကည့္ရာမွ အေျခအေနကိုျမင္သြားသည္။
"ရပ္ေတာ့"
ယုဖုန္းေျပာကာ ေခါင္းညိတ္အခ်က္ျပလိုက္ေတာ့ ဘင္းဝမ္တို႔အားလုံးရပ္တန့္သြားၿပီး ဓားေတြခ်ကာ အံႀကိတ္လ်က္ နားအတြင္းမွပိတ္ဆို႔ထားသည္ကို ဖယ္လိုက္ၾကသည္။
"ဒူးေထာက္!!"
ဟိန္းခနဲ ထြက္ေပၚလာသည့္ လီဟြာ၏အမိန့္သံႏွင့္ မုထ်န္းရိအပါအဝင္ ဘင္းဝမ္တို႔အားလုံး ဒူးေထာက္က်သြားသည္။
"လုံလီဖုန္း.....
မင္းရဲ႕သားေတာ္ငယ္ေလးကို ၾကည့္လိုက္စမ္းပါဦး"
ဆံပင္မွ ဆြဲကာ ေခါင္းကို အေနာက္သို႔ လန္ေအာင္ေမာ့ေစၿပီး လီစြန္းကေျပာလာသည္။
"ငါ့သားေတာ္ေတြက ငါ့ကိုအၿမဲ
ဂုဏ္ယူေစတယ္...."
နန္းက်ဘဳရင္ လုံလီဖုန္းဟာ သူ႕နံေဘးမွ သံႀကိဳးမ်ားခတ္ခံထားရသည့္ သားေတာ္ႀကီး အိမ္ေရွ႕စံႏွင့္ သူအေရွ႕မလွမ္းမကမ္းမွာ ခ်ဳပ္ခံထားရေသာ သားေတာ္ငယ္တို႔ကိုၾကည့္ကာ ၿပဳံးသည္။
"ေနာက္ဆုံးအေနနဲ႕ ဝေအာင္ၾကည့္ထား!"
လီစြန္းဟာ ၿပဳံးေနေသးသည့္ လုံလီဖုန္း၏ ဂုဏ္ယူေနေသာဟန္ပန္ေၾကာင့္ ေဒါသပိုထြက္လာကာ ဓားကိုင္ထားသည့္လက္ကို အားပိုထည့္ၿပီး ေသြးအနည္းငယ္ထြက္လာေစသည္။
"ခင္ဗ်ား သတ္ခ်င္ရင္ ကြၽန္ေတာ့္ကိုသတ္!!"
သူ႕ဖခင္၏ လည္ပင္းထက္မွ ဓားကိုၾကည့္ရင္း ယုဖုန္း ေအာ္ဟစ္ကာ ခ်ဳပ္ႏွောင္ထားသည္ကို ႐ုန္းမိသည္။
လီစြန္းက သေဘာတက်ရယ္ၿပီး လုံလီဖုန္း၏ လည္ပင္းထက္မွ ဓားကိုဖယ္ေပးလိုက္သည္။
"ဟုတ္ၿပီေလ.....
ေတာင္းဆိုမွေတာ့ မင္းကိုအရင္သတ္ေပးမယ္.... ဒီကိုေခၚခဲ့!"
ယုဖုန္းကို ခ်ဳပ္ထားသည့္ ကိုယ္ရံေတာ္ေတြက ကြပ္မ်က္စင္ေပၚသို႔ ယုဖုန္းအားဆြဲေခၚသြားေတာ့သည္။
"လီစြန္း!!!"
လုံလီဖုန္း အလန့္တၾကား ထၿပီး႐ုန္းရာ ခ်ည္ထားသည့္ သံႀကိဳးမ်ား၏အခ်င္းခ်င္းထိခတ္သံေတြ ဆူညံသြားသည္။
ယုဖုန္းသူ႕ခမည္းေတာ္အနား ေရာက္ခ်ိန္မွာပဲ ႐ုတ္တရက္ ဓားတစ္ေခ်ာင္းက လုံလီဖုန္း၏ ရင္ဘက္အားထုတ္ခ်င္းေပါက္ ဝင္ေရာက္လာသည္။
လီစြန္း ဓားကိုျပန္ဆြဲထုတ္ၿပီး ေက်နပ္စြာ ရယ္ေမာေတာ့သည္။
"ခ...ခမည္းေတာ္....."
ယုဖုန္းကိုခ်ဳပ္ထားသည့္ကိုယ္ရံေတာ္ႏွစ္ဦးအား လီစြန္းက လႊတ္ေပးလိုက္ဖို႔အခ်က္ျပ ကာ ျပပြဲတစ္ခုလိုမ်ိဳး ၾကည့္ေနခဲ့သည္။
"ခမည္းေတာ္!!"
အိမ္ေရွ႕စံမင္းသားမွာလည္း သူ႕ဖခင္ထံေျပးသြားခ်င္ေပမယ့္ သံႀကိဳးေတြေၾကာင့္ ေအာ္ဟစ္ေန႐ုံသာတတ္နိုင္သည္။
ယုဖုန္း သူ႕ဖခင္၏ ရင္ဘက္ကို လက္ဖဝါးႏွစ္ဖက္ႏွင့္ ပိတ္ကာ အဆက္မျပတ္ထြက္ေနသည့္ေသြးမ်ားကို ရပ္တန့္ဖို႔မစြမ္းသာနိုင္။
"မငိုနဲ႕....."
ယုဖုန္း သူ႕ဖခင္၏စကားကိုနာခံစြာ က်ဆင္းလာသည့္မ်က္ရည္ေတြကို သုတ္လိုက္ေတာ့ လက္ဖဝါးမွေသြးေတြက သူ႕ပါးျပင္ေတြကိုရဲရဲနီသြားေစသည္။
"လုံယုဖုန္း....
သားေတာ္က.. နဂါးမ်ိဳးႏြယ္ရဲ႕ေသြးသား....
ျမင့္ျမတ္တဲ့....လုံမ်ိဳးဆက္ဆိုတာကို.....မေမ့နဲ႕"
ယုဖုန္းေခါင္းအထပ္ထပ္ညိတ္ကာ သူ႕ဖခင္၏အားေလ်ာ့လာသည့္ လက္ေတြကို တင္းတင္းဆုပ္ကိုင္ထားသည္။
ေနာက္ဆုံးထြက္သက္အထိ သူ႕ဖခင္က သူ႕ကိုစိုက္ၾကည့္ကာ ၿငိမ္သက္သြားခဲ့သည္။
"အေမာက္မရွိတဲ့ နဂါးက ေႁမြအဆင့္ပဲရွိတယ္! ဟားဟား! ဟား! ဟား!"
လီစြန္း၏ ရယ္သံက ပိုက်ယ္ေလာင္လာၿပီး လီဟြာကလည္း ေက်ေက်နပ္နပ္ၿပဳံးေနသည္။
ယုဖုန္း သူ႕ဖခင္၏ ပြင့္ေနသည့္ မ်က္ဝန္းေတြကို လက္ႏွင့္သပ္ခ်ကာ ပိတ္လိုက္သည္။
လီဟြာ၏ထိန္းခ်ဳပ္ျခင္းခံထားရသည့္ သူ႕လူေတြရဲ႕မ်က္ဝန္းထဲမွာ ဝမ္းနည္းပူေဆြးမႈအျပည့္ရွိေနၾကေပမယ့္ သစၥာေဖာက္အမတ္ေတြ၏ မ်က္ဝန္းေတြကေတာ့ ရန္တစ္ခုၿငိမ္းသြားလို႔ စိတ္သက္သာရသြားဟန္ရွိသည္။
လီစြန္း သူ၏ဓားကို ဝင့္ကာ ယုဖုန္းအနားေရာက္လာၿပီး လႊဲခုတ္လိုက္ခ်ိန္မွာပဲ ဒူးထက္မွ သည္းမခံနိုင္စရာ နာက်င္မႈႏွင့္အတူ ယိုင္က်သြားၿပီး လက္ထဲမွ ဓားလည္း လုယူခံလိုက္ရသည္။
ယုဖုန္း လီစြန္း၏ ဆံထုံးမွကိုင္ကာ ေခါင္းကိုေမာ့ေစၿပီး ဓားကိုသက္ေတာင့္သက္သာ လည္ပင္းထက္တင္ထားလိုက္ေတာ့သည္။
"ရပ္!!"
လွ်ပ္တစ္ျပက္အတြင္းမွာပဲ အေျခအေနေတြက ပို၍ဖရိုဖရဲျဖစ္လာသည္။
"ဒီအကြက္က ခင္ဗ်ားသား လီေဟာ္သင္ေပးထားတာ....."
ယုဖုန္းႏႈတ္ခမ္းေတြ ေကြးတက္လာေအာင္ၿပဳံးရင္း လီစြန္းအားေျပာလိုက္သည္။
"ေရွာင္းဟြာ...."
လီစြန္း၏ ႏႈတ္က အားကိုးတႀကီးေခၚလိုက္သူမွာ သူ႕သမီး လီဟြာပင္ျဖစ္သည္။
"လုံယုဖုန္း ရပ္!
ဓားကိုခ်!!"
လီဟြာ၏ အမိန့္သံထြက္လာေပမယ့္ ယုဖုန္းကေတာ့ ထိုအတိုင္းသာရွိေနၿမဲ။
"ရပ္!! ဓားကိုခ်လိဳ႕ ေျပာေနတယ္!!!"
ထပ္ကာေအာ္ဟစ္လိုက္ေပမယ့္ ဘာဖိအားမွမခံစားရသည္မို႔ ယုဖုန္း ရယ္မိေတာ့သည္။
"လီစြန္း.....ျမင္လား.....
ခင္ဗ်ားသမီးက ကြၽန္ေတာ့္ကိုအမိန့္ေပးလို႔မရဘူး....."
လီဟြာမွလြဲ၍ အားလုံးအံ့အားသင့္ေနၾကသည္။
"အရွင့္သားမွာ အစြမ္းရွိတယ္......"
ဘင္းဝမ္တို႔ ကေတာ့ အံ့ဩတႀကီးဝမ္းသာသြားၾကသည္။
"မျဖစ္နိုင္တာ......
မျဖစ္နိုင္ဘူး!"
လီစြန္း သူ၏ မီးစြမ္းအားႏွင့္ ယုဖုန္းအားေလာင္ကြၽမ္းေစဖို႔ ႀကိဳးစားလိုက္ေပမယ့္ သူ႕စြမ္းအားကိုလုံးဝထုတ္မရေပ။
"ငါ့လူေတြကို လႊတ္လိုက္!"
လီဟြာ အျမန္ပဲ ထိန္းခ်ဳပ္ထားသည့္ ကိုယ္ရံေတာ္ေတြကို လႊတ္ေပးလိုက္သည္။
"ကြမ္းမင္.....
ငါ့ဓားကိုယူခဲ့ေပး...."
"ဟုတ္ကဲ့..... "
ယုဖုန္းလႊတ္ခ်ထားခဲ့သည့္ ဖုန္းဟြာဓားႏွင့္ ဓားအိမ္ကို ကြမ္းမင ယူကာယုဖုန္းအနားေရာက္လာသည္။
"အစ္ကိုေတာ္ အိမ္ေရွ႕စံကို သံႀကိဳးေတြျဖဳတ္ေပးလိုက္"
အိမ္ေရွ႕စံမင္းသား၏ ေျခေတြလက္ေတြကို ခ်ဳပ္ထားသည့္ သံႀကိဳးေတြကို ကြမ္းမင္ အားသုံးကာ ခ်ိဳးဖ်က္ပစ္လိုက္သည္။
ထိုအခ်ိန္မွာပဲ ယုဖုန္းအျမန္ လီစြန္း၏ဓားကိုလႊင့္ပစ္ကာ မိမိဓားဖုန္းဟြာအား လီစြန္းလည္ပင္းထက္အစားထိုးလိုက္သည္။
"ေတာ္ဝင္ျမင္းေစာင္းက ျမင္းေတြသြားထုတ္လာခဲ့....."
လီဟြာ နာခံစြာပဲ ျမင္းေတြအားထုတ္ယူလာခိုင္းလိုက္ၿပီး သူမဖခင္ကိုသာ ပူပန္စြာၾကည့္ေနသည္။
"အစ္ကိုေတာ့္ကိုေခၚၿပီး သြားႏွင့္ၾက....."
ယုဖုန္း၏စကားကို သူတို႔လက္မခံၾကေပ။
"အရွင့္သားပါမွ ကြၽန္ေတာ္မ်ိဳးတို႔သြားမယ္"
"ဒါအမိန့္ပဲ!!
သြားၾက!!!"
ယုဖုန္း ကြမ္းမင္တြဲထူေပးထားရသည့္ သူ႕အစ္ကိုေတာ္ကိုၾကည့္ၿပီး သူအဆင္ေျပေၾကာင္းေျပာလိုက္သည္။
"ခမည္းေတာ္ရဲ႕ ႐ုပ္အေလာင္းကိုပါ ေခၚသြား"
"ဟုတ္ကဲ့....."
သူတို႔အားလုံးျမင္းေတြေပၚမတက္ခင္မွာ ယုဖုန္းအားဒူးေထာက္အရိုအေသေပးလိုက္ၾကသည္။
"ၿမိဳ႕ျပင္ကိုေရာက္ရင္ အခ်က္ျပပါ"
"ဟုတ္ကဲ့"
ျမင္းခြာသံေတြေဝးကြာသြားသည့္ေနာက္ ေအးစက္စက္ နန္းေတာ္တံခါးေရွ႕မွာ ရက္စက္သည့္လူတစ္စုႏွင့္အတူ ယုဖုန္းအနားတြင္ေတာ့ ရိရိတစ္ေယာက္သာက်န္ရွိေနသည္။
လီစြန္းက သူ႕လက္ထဲမွာမို႔ အကုန္လုံးမလႈပ္ရွားရဲဘဲ သူ႕ကိုသာၾကည့္ေနၾကသည္။
ပါးျပင္ကိုပြတ္တိုက္သြားသည့္ ေအးစက္စက္အထိအေတြ႕ေလးႏွင့္အတူ အျဖဴေရာင္ႏွင္းပြင့္ေလးေတြက်ဆင္းလာသည္ကို ယုဖုန္းသတိျပဳမိလိုက္သည္။
"ရိရိ.....ႏွင္းေတြက်လာၿပီ......"
"အင္း......"
ေျမျပင္ေရာ ေခါင္မိုးေတြထက္တြင္သာမက သူတို႔ဦးေခါင္းႏွင့္ ပုခုံးထက္တြင္ပါ ျဖဴေဖြးလာေတာ့သည္။
ထ်န္းရိ ယုဖုန္းရွိရာ သြားဖို႔ေျခလွမ္းျပင္လိုက္ေပမယ့္ ယုဖုန္းကတားလိုက္သည္။
"မလာနဲ႕......
ရိရိ.....ျမင္းအနားကိုသြား......"
ယုဖုန္း ထုံက်င္လာသည့္ လက္ေတြေၾကာင့္ မာန္တင္းကာ လီစြန္းကိုပါ မတ္တပ္ထေစၿပီး ထ်န္းရိရွိရာ ျမင္းအနားသို႔ ေလွ်ာက္သြားေတာ့သည္။
လီစြန္းက ယုဖုန္းထက္အရပ္ေတာ္ေတာ္ပိုရွည္ေနတာမို႔ သူ႕အတြက္လုံေလာက္သည့္ ဒိုင္းအကာအကြယ္တစ္ခုလို ျဖစ္ေနသည္။
"ဒူးျပန္ေထာက္....."
လီစြန္းနာခံစြာပဲ ႏွင္းမ်ားႏွင့္ ေျမျပင္ထက္ဒူးေထာက္လိုက္သည္။
"႐ႊီး!!!!!"
အေဝးမွ ေကာင္းကင္ထက္ပစ္လႊတ္လိုက္သည့္ အခ်က္ျပမီးကိုျမင္လိုက္စဥ္ ရိရိအား အစ္ကိုေတာ္တို႔ဟုတ္မဟုတ္ အာ႐ုံခံခိုင္းၾကည့္ေတာ့ ရိရိကဟုတ္မွန္ေၾကာင္း ေခါင္းညိတ္ျပသည္။
"လုံယုဖုန္း!
နင့္လူေတြအျပင္ေရာက္သြားၿပီ!
အခု ငါ့အေဖကိုလႊတ္ေတာ့!!"
ထိုစဥ္ လီစြန္းကပါ တုန္ယင္စြာစကားေျပာလာသည္။
"ငါ့ကို လႊတ္ေပးရင္......
မင္ကို ထြက္သြားခြင့္ေပးမယ္ ကတိေပးတယ္......"
ယုဖုန္း လီသားအဖႏွစ္ေယာက္၏စကားေတြေၾကာင့္ ရယ္သည္။
"ခင္ဗ်ားတို႔ရဲ႕ ကတိကို ယုံမယ္ထင္လား......"
"........"
နန္းေတာ္တံတိုင္းေပၚမွ က်ီးကန္းမ်ားထိုးေနသည့္ ဦးေခါင္းေတြကို ေမာ့ၾကည့္လိုက္ကာ ယုဖုန္း ခ်ဳပ္တည္းထားရသည့္ ေဒါသေတြကိုလႊတ္ေပးလိုက္သည္။
"ခင္ဗ်ားတို႔ေတြအားလုံးကို မွတ္သားထားတယ္!!"
ယုဖုန္း သူႏွင့္အၾကည့္ခ်င္းမစုံရဲသလိုမ်က္ႏွာလႊဲထားသည့္ အမတ္တစ္ေယာက္ခ်င္းစီကိုၾကည့္သည္။
"ငါက်ိန္တယ္!!!
ခင္ဗ်ားတို႔လည္း တစ္ေန႕ အရာအားလုံးကိုဆုံးရႈံးရပါေစ!! ငါခံစားရတဲ့ နာက်င္မႈအတိုင္း ထပ္တူခံစားရပါေစ!!"
"........"
"ငါ လုံယုဖုန္း အသက္ရွင္ေနေသးရင္.....
ခင္ဗ်ားတို႔အားလုံး အေသဆိုးနဲ႕ေသေစရမယ္!!!"
အသက္ ဆယ့္ေလးႏွစ္ေကာင္ေလး၏ ျဖဴေဖ်ာ့ေဖ်ာ့ ခႏၶာကိုယ္က ႏွင္းေတြၾကားထဲမွာရပ္ေနၿပီး တည္ၿငိမ္ေနကာ မ်က္ဝန္းအၾကည့္ေတြကေတာ့ ရာသီဥတုႏွင့္အၿပိဳင္ေအးစက္ေနသည္။
"လီစြန္း......
ခင္ဗ်ားရဲ႕ ခ်စ္လွစြာေသာသမီးေတာ္ေလးကို ေနာက္ဆုံးအေနနဲ႕ ဝေအာင္ၾကည့္ထား!"
လီဟြာ အလန့္တၾကား ယုဖုန္းထံေျပးသြားခ်င္ေပမယ့္ အရာရွိဖူကသူမကိုတားသည္။
"လုံယုဖုန္း မလုပ္ပါနဲ႕......"
သူမကငိုကာ ယုဖုန္းအားေတာင္းပန္ေနသည္။
"မင္းအေဖကို အရမ္းခ်စ္တာပဲလား...."
လီဟြာက ေခါင္းကို တဆတ္ဆတ္ညိတ္ျပသည္။
"ခင္ဗ်ားကေရာ.....လီစြန္း.....
ခင္ဗ်ား သမီးကို အရမ္းခ်စ္လား....."
"အင္း....."
လီစြန္း တစ္စက္ကေလးမွေတာင္ မလႈပ္ရဲတာမို႔ ပါးစပ္ပိတ္ၿပီးသား အသံျပဳသည္။
"ခင္ဗ်ားတို႔သားအဖ ေတြးမိရဲ႕လား......
ခမည္းေတာ္ကလည္း ငါ့ကိုသိပ္ခ်စ္တာ......"
ယုဖုန္း နတ္ဆိုးဝင္ပူးသလို သြားေတြေပၚေအာင္ၿပဳံးလိုက္ရင္း လီစြန္း၏ လည္ပင္းထက္မွ ဓားကို နစ္ဝင္ေစလိုက္ေတာ့သည္။
"မလုပ္နဲ႕!!!!!"
ယုဖုန္း မ်က္ႏွာႏွင့္ အဝတ္ေတြကိုသာမက ေျမျပင္ထက္မွ ႏွင္းေတြလည္း ျဖာထြက္လာသည့္ ေသြးေတြစင္ကုန္သည္။
လီဟြာ၏ ငိုေႂကြးသံႏွင့္ ယုဖုန္း၏ရယ္သံၾကားမွာ လီစြန္း၏ အသက္မဲ့ ခႏၶာကိုယ္က ေျမျပင္ေပၚလဲက်သြားသည္။
"အေမာက္မပါေတာ့ရင္ေတာင္ နဂါးကနဂါးပဲ!!!"
ပစ္ခြင္းလာသည့္ ျမႇားအစင္းေပါင္းမ်ားစြာကို မုထ်န္းရိ ဖ်က္ဆီးကာ ယုဖုန္းထံလက္လွမ္းလိုက္သည္။
ယုဖုန္းလည္း မုထ်န္းရိလက္ကိုဆြဲကာ ျမင္းေပၚတက္ၿပီး အျမန္ဆုံးအရွိန္ႏွင့္ ထြက္ခြာခဲ့ၾကေတာ့သည္။
"လုံယုဖုန္းေနာက္လိုက္!!!
သူ႕အသက္ကိုလိုခ်င္တယ္!!"
လီဟြာ အမိန့္ေပးၿပီး သူမကိုယ္တိုင္လည္း ျမင္းေပၚတက္ကာ လုံယုဖုန္းတို႔ထြက္သြားရာသို႔ ဦးတည္လိုက္ခဲ့ေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ၿမိဳ႕တံခါးက ေသခ်ာေပါက္ပိတ္ထားမည္မို႔ ယုဖုန္းတို႔ ၿမိဳ႕၏အေနာက္ဘက္ ေတာအုပ္ထဲသို႔ ဝင္ေရာက္ခဲ့ၾကသည္။
အေနာက္က အဆက္မျပတ္လိုက္လာသည့္ ျမင္းခြာသံေတြကို ၾကား႐ုံႏွင့္ အင္အားမနည္းမွန္း သိလိုက္သည္။
"ယုအာ......
ကိုယ္ျမင္းနဲ႕ သူတို႔ေတြကို မွ်ားေခၚသြားမယ္....
ယုအာပုန္းေနခဲ့....
ၿပီးမွ ကိုယ္လာရွာမယ္"
ထ်န္းရိ ယုဖုန္း၏ အေျဖကိုပင္မေစာင့္ဘဲ လမ္းခြဆုံတစ္ခုမွာ ျမင္းကိုရပ္ကာ ယုဖုန္းအား ေအာက္ခ်ၿပီးသည္ႏွင့္ လူအသြားအလာပိုမ်ားဟန္ရွိသည့္ လမ္းကိုေ႐ြးကာ ျမင္းအားေမာင္းႏွင္သြားေတာ့သည္။
ယုဖုန္း အနီးအနားမွ သစ္ပင္ႀကီး၏ ပါးပ်ဥ္းၾကားထဲ ခႏၶာကိုယ္အားကပ္ထားလိုက္ၿပီး ျမင္းခြာသံေတြအားလုံးသူ႕အနားမွ ျဖတ္ကာ ေဝးကြာသြားသည္အထိေစာင့္ေနလိုက္သည္။
ယုဖုန္း မိမိေရွ႕မွ ၿခဳံေတြပိတ္ေနသည့္ လမ္းေဟာင္းထဲကို ေလွ်ာက္လွမ္းလာခဲ့ၿပီး ပတ္ဝန္းက်င္ကိုလည္း မ်က္ေျခမျပတ္ နားစြင့္ထားသည္။
ႏွင္းေတြေၾကာင့္ က်န္ေနသည့္ သူ႕ေျခရာေတြကို သစ္ကိုင္းတစ္ခုအားခ်ိဳးကာ လွည္းလိုက္ၿပီး ေဖ်ာက္ခဲ့သည္။
စီးဆင္းေနသည့္ ေရသံတေဝါေဝါကို ၾကားလာရၿပီးေနာက္တြင္ေတာ့ သူလမ္းအဆုံး ေခ်ာက္ကမ္းပါးကိုေရာက္ခဲ့ေတာ့သည္။
ယုဖုန္း ျမင့္မားလြန္းသည့္ ကမ္းပါးအစြန္းမွရပ္ကာ ေအာက္တြင္ရွိေသာ ျမစ္ကိုငုံ႕ၾကည့္လိုက္သည္။
ျမစ္ေရက စိမ္းျပာေရာင္ရွိၿပီး ၾကည္လင္ေနေပမယ့္ ထိုေျခာက္ကမ္းပါးေအာက္တည့္တည့္တြင္ေတာ့ ျမစ္ေရဟာ အနက္ေရာင္ျဖစ္ေနသည္။
"ေသမင္း ကမ္းပါး......"
ယုဖုန္း ေသမင္းကမ္းပါးအေၾကာင္းကို ၾကားဖူးေပမယ့္ ရိရိကလိုက္ မျပခဲ့ဖူးတာေၾကာင့္
အခုမွ ေရာက္ဖူးျခင္းျဖစ္သည္။
"ဟီ!!!!!"
က်ယ္ေလာင္သည့္ သတၱဝါတစ္ေကာင္၏ ေအာ္သံႏွင့္ ကမ္းပါးေအာက္မွ အနက္ေရာင္ေရျပင္ဟာ လႈပ္ခတ္သြားသည္။
ယုဖုန္း ေျခလွမ္းေတြကို အေနာက္ဆုတ္လိုက္ၿပီး ခပ္လွမ္းလွမ္းမွ သစ္ပင္ေအာက္သို႔သြားထိုင္ေနလိုက္သည္။
ေသမင္း ကမ္းပါး၏ေအာက္မွာ နက္ရွိုင္းလြန္းသည့္ တြင္းနက္ႀကီး ရွိၿပီး ထိုတြင္းနက္ႀကီးမွာ ေရနတ္ဆိုး၏ အသိုက္အၿမဳံျဖစ္သည္။
ထိုေရနတ္ဆိုးဆိုသည္မွာ ေျခႏွစ္ဖက္လက္ႏွစ္ဖက္ပါသည့္ ငါးႀကီးတစ္ေကာင္ျဖစ္ၿပီး ၄င္း၏အေၾကးခြံေတြမွာ ဓားလွံလက္နက္မေပါက္နိုင္ေအာင္ မာသည္ဟု ယုဖုန္းၾကားဖူးသည္။
ထိုသတၱဝါႀကီးက ရာစုႏွစ္မ်ားစြာကတည္းက ရွိေနတာျဖစ္ၿပီး တစ္ခါတစ္ရံ ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ႐ြာမ်ားမွ လူအခ်ိဳ႕ကို စားသည္ဟုလည္း ၾကားဖူးခဲ့သည္။
ယုဖုန္း အေပၚမွ ဖ်င္ၾကမ္း အကၤ်ီအားခြၽတ္ကာ ႏွင္းေတြထဲႏွစ္လိုက္ၿပီး စိုစြတ္ေစလိုက္သည္။
ေအးစက္စက္ အကၤ်ီအစိုႏွင့္ မ်က္ႏွာမွ ေျခာက္ေသြ႕ေနေသာေသြးေတြကိုသုတ္ၿပီး လက္ႏွင့္ ဓားကိုပါ သုတ္လိုက္သည္။
ရိရိလာသည္အထိ အေအးဒဏ္အား တြန္းလွန္ရန္ ထင္းေျခာက္ေတြကို စုကာ မီးဖိုၿပီး သူမီးလႈံေနခဲ့သည္။
အျပင္ပိုင္းခႏၶာကိုယ္ကႏြေးလာေပမယ့္ ယုဖုန္း၏အတြင္းစိတ္ကေတာ့ ထုံက်င္ေအးခဲေနကာ သူငိုခ်င္ရင္ေတာင္ မ်က္ရည္မထြက္။
ယေန႕ႀကဳံေတြ႕ခဲ့ရသည္မ်ားက အေတြးထဲဝင္ေရာက္လာျပန္သည္။
သူ႕အစ္မေတာ္မယ္ေတာ္ေတြရဲ႕ ဦးေခါင္းေတြ သူ႕ေရွ႕မွာပဲ အသတ္ခံလိုက္ရတဲ့ သူ႕ခမည္းေတာ္......
သူသတ္ျဖတ္ခဲ့သည့္ ကိုယ္ရံေတာ္ေတြ ရဲမက္ေတြႏွင့္ လီစြန္း၏လည္ေခ်ာင္းေသြးရနံ႕က သူ႕ဓား ဖုန္းဟြာမွာ စြဲက်န္ေနၿပီး ထိုရနံ႕ကို ယုဖုန္း ေၾကာက္ဖို႔ေကာင္းစြာ ႏွစ္ၿခိဳက္ေနမိသည္။
ညေနေစာင္းခ်ိန္ ေနမဝင္ေသးေပမယ့္ လကေတာ့ထြက္ေပၚလာၿပီျဖစ္သည္။
"ေခ်ာက္...."
သစ္ကိုင္းေျခာက္ကို နင္းမိသံႏွင့္ လူရိပ္တစ္ခုေပၚလာသည္။
"ရိရိ....."
ယုဖုန္းစိတ္သက္သာရာရစြာ ဖုန္းဟြာအားခ်ထားခဲ့ၿပီး မုထ်န္းရိထံေျပးသြားမိသည္။
"ဝွစ္......"
ေလတိုးေဝွ႕သံေနာက္ မုထ်န္းရိ၏ ေရခဲလႊာေတြတက္ေနသည့္ ဓားက ယုဖုန္းခႏၶာကိုယ္အား ေဖာက္ထြက္သြားခဲ့သည္။
ဆိုး႐ြားလြန္းလွသည့္နာက်င္မႈေၾကာင့္ ယုဖုန္းအသံပင္မထြက္နိုင္ပဲ ေသြးတစ္ပြက္အန္ထုတ္လိုက္သည္။
လဲက်မသြားေစရန္ မာန္ကိုတင္းကာ ရိရိကိုလွမ္းၾကည့္လိုက္စဥ္ လီဟြာႏွင့္ အျခားလူမ်ားစြာက ေတာထဲမွထြက္လာသည္။
ယုဖုန္း နားလည္လိုက္သည္။
ရိရိကို လီဟြာက ထိန္းခ်ဳပ္ထားသည္။
ထပ္မံသူ႕ထံဦးတည္လာသည့္ ဓားကို ယုဖုန္းေရွာင္မေနေတာ့ေပ။
ခႏၶာကိုယ္အႏွံ႕ က်ေရာက္လာသည့္ ဓားခ်က္ေတြႏွင့္ သိပ္မနက္သည့္ မႊန္းရာမ်ားမွ ထြက္လာသည့္ ေသြးေတြက ေျမေပၚတစက္စက္က်ဆင္းကုန္သည္။
အျဖဴေရာင္ႏွင္းပြင့္ေတြထက္က အနီေရာင္ေသြးစက္ေတြ.....
ယုဖုန္းစိတ္ထဲေတြးမိသြားသည္က....
""လွတယ္""
"လီဟြာ ရပ္လိုက္"
ရင္းႏွီးေနသည့္ အသံႏွင့္ ျမင္းေပၚမွဆင္းဆင္းခ်င္း လီဟြာ့မ်က္ႏွာကို ရိုက္ခ်လိဳက္သည့္ လီေဟာ္။
ဓားခ်က္ေတြရပ္တန့္သြားေပမယ့္ မုထ်န္းရိကေတာ့ လီဟြာ၏ထိန္းခ်ဳပ္မႈမွမလြတ္ေသး..
မ်က္ရည္ေတြက်လာသည့္ ေတာင္းပန္မႈအျပည့္ႏွင့္ စိမ္းျပာေရာင္မ်က္ဝန္းေတြ......
ယုဖုန္း နာက်င္မႈေၾကာင့္အသိစိတ္လြတ္ခ်င္ေနေပမယ့္ ႏႈတ္ခမ္းေလးတြန့္႐ုံၿပဳံးျပမိသည္။
ရတယ္....မနာပါဘူး.....
ယုအာအဆင္ေျပတယ္.....
"ယုအာ......
လာ....ကိုယ့္ဆီျပန္လာခဲ့....."
သူ႕ထံလက္ကမ္းၿပီး လီေဟာ္ေရွ႕တိုးလာေနရာ ယုဖုန္းေျခလွမ္းေတြလည္း ေလးပင္စြာ အေနာက္သို႔ တေ႐ြ႕ေ႐ြ႕ဆုတ္သြားသည္။
"အစ္ကိုေတာ္!
သူက ငါတို႔အေဖကို သတ္ခဲ့တဲ့သူေနာ္!!"
လီဟြာ၏ ေဒါသတႀကီး ေအာ္သံ
"ငါသိတယ္!....
ငါဂ႐ုမစိုက္ဘူး!!"
လီေဟာ္ မ်က္စိေရွ႕မွ ကေလးငယ္ကိုၾကည့္ကာ ရင္နာမိသည္။
"ကိုယ္ေနာက္က်သြားတယ္......
အခု ကိုယ္နဲ႕လိုက္ခဲ့ေတာ့ေနာ္....
အိမ္ျပန္ၾကမယ္....."
ယုဖုန္း ေခါင္းခါရင္း ေျခလွမ္းေတြကိုမရပ္တန့္ခဲ့။
႐ုတ္တရက္ သူ႕ေျခေထာက္ဟာ ေလဟာနယ္ကိုသာ နင္းမိသြားခဲ့ၿပီး သူ႕ခႏၶာကိုယ္ဟာလည္း ေလတိုးေဝွ႕မႈကို ခံစားလိုက္ရေတာ့သည္။
"ယုအာ!!"
ကမ္းပါးအစြန္းမွာ လီေဟာ္၏ပုံရိပ္က ရပ္ကာက်န္ေနခဲ့သည္။
"ဝုန္း!"
ေရျပင္ကို အရွိန္ျပင္းျပင္းႏွင့္ ထိေတြ႕လိုက္ရေသာေၾကာင့္ ေက်ာျပင္ထက္မွ စပ္ျဖင္းျဖင္းနာက်င္မႈႏွင့္ ျမဳပ္ဝင္သြားသည့္ေနာက္ ေအးစက္သည့္ ေရ၏အထိအေတြ႕...
သူ႕ေသြးေတြေၾကာင့္ ေရျပင္ဟာ အနီေရာင္အနည္းငယ္ေျပးသြားသည္။
"ဟီ!!!!!"
ဟိန္းထြက္လာသည့္ ေအာ္သံႀကီးက ယုဖုန္းႏွင့္ မလွမ္းမကမ္းမွျဖစ္ၿပီး ႀကီးမားသည့္ သတၱဝါတစ္ေကာင္က ပါးစပ္ဟကာ သူ႕ထံေျပးဝင္လာသည္။
ထိုအခ်ိန္မွာပဲ သူအၿမဲတမ္းပုံရိပ္ေယာင္အျဖစ္ႏွင့္သာ ျမင္ေတြ႕ခဲ့ရသည့္ နဂါးတစ္ေကာင္က သူ႕အနားေရာက္ရွိလာကာ သူ႕ခႏၶာကိုယ္အား ရစ္ပတ္ေထြးေပြ႕လိုက္ေတာ့သည္။
နာက်င္မႈေတြ ေပ်ာက္ျပယ္သြားၿပီး ႏြေးေထြးသည္။
ထို႔ေနာက္တြင္ေတာ့ ေရနတ္ဆိုးက သူ႕အစာအားၿမိဳခ်လိဳက္ေတာ့သည္။
ေရနတ္ဆိုး၏ ေအာ္သံႏွင့္ လွိုင္းမ်ားစြာထသြားသည့္ ျမစ္ေရျပင္ကို ၾကည့္ေနသည့္ ကမ္းပါးထက္မွ လူအားလုံး သိလိုက္ၾကသည္မွာ 'လုံယုဖုန္း ေသဆုံးသြားၿပီ' ဟူ၍ျဖစ္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ၿမိဳ႕ျပင္ေတာနက္ထဲရွိ အကာအကြယ္စည္းေပါက္ပ်က္သြားသည့္ ေရတံခြန္အနားတြင္ေတာ့ က်ားငယ္ေလးတစ္ေကာင္ႏွင့္ ငွက္တစ္ေကာင္ဟာ ထြက္ေပၚလာသည့္ လကို ေခါင္းေမာ့ၾကည့္ေနသည္။
က်ားကေလး၏ ခႏၶာကိုယ္ေပၚရွိ အျဖဴေရာင္အစင္းေၾကာင္းေတြမွာ လေရာင္ျဖာက်လာသည္ႏွင့္ ေတာက္ပသည့္အနီေရာင္အျဖစ္ေျပာင္းလဲသြားၿပီး အနက္ေရာင္ငွက္၏ အမဲေရာင္အေမႊးအေတာင္မ်ားမွ ေ႐ႊေရာင္ေျပာင္းသြားသည္။
"ေဝါင္း!!"
"ဂီး!!!"
က်ယ္ေလာင္သည့္ ဟိန္းေဟာက္သံေနာက္ ၄င္းတို႔၏ ခႏၶာကိုယ္မ်ားမွာ တျဖည္းျဖည္း အ႐ြယ္အစားႀကီးလာသည္။
ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဴး တစ္ေကာင္ႏွင့္ တစ္ေကာင္ ၾကည့္ၿပီးေနာက္ ေလထုထဲမွ တစ္စုံတစ္ခုကို အနံ႕ခံလိုက္သည္။
သူတို႔ သခင္ နိုးထလာၿပီ
◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro