Part-20 ( after a night )
Unicode
ကိုယ်ရံတော်အဖွဲ့လိုက်ကြီးဟာ ရှောင်ထွက်ပေးသလိုလိုနဲ့ ကျောက်တုံးကြီးနောက်မှာ ပုန်းကာ မုထျန်းရိနှင့် ယုဖုန်းကို ဝိုင်းကြည့်နေကြသည်။
"ဟိုလေ.....
အရှင့်သားနဲ့ သခင်လေးမုထျန်းရိက...... ?"
မင်းသားငယ်ရဲ့ နဖူးကို သခင်လေးမုထျန်းရိကနမ်းလိုက်သည်မို့ ကွမ်းမင်ခေါင်းထဲ မေးခွန်းများစွာပေါ်လာပြီး မချုပ်တည်းနိုင်စွာ ဘင်းဝမ်တို့ကို မေးကြည့်မိတော့သည်။
"နာမည်တပ်လို့မရတဲ့ ဆက်ဆံရေးမျိုးလေ..."
"......"
ကွမ်းမင်၏ အူကြောင်ကြောင်ပုံစံကြောင့် ပိုင်မင်နှင့် ကျိုချင်းမှာ ထရယ်တော့သည်။
"တိုးတိုးဟ!"
မင်းသားလေးတို့ကြားသွားမည်စိုး၍ ဘင်းဝမ်အသံတိုးကာ သကောင့်သားနှစ်ယောက်ကို ငေါက်လိုက်ရာ ပါးစပ်ကိုလက်နှင့်အုပ်ပြီး အရယ်မရပ်ကြ။
"အရမ်းမစပ်စုနဲ့....
ကြာရင် နားလည်လာလိမ့်မယ်......"
ဘင်းဝမ်က တည်တည်ကြည်ကြည်ပြောလာတာမို့ ကွမ်းမင်လည်း နားမလည်ပေမယ့် ခေါင်းသာညိတ်သည်။
လက်ရှိနန်းလုထားသည့် လီဟော်ကလည်း အရှင့်သားကိုအတင်းနမ်းတာမျိုး ကွမ်းမင်မြင်ဖူးပေမယ့် ယခုသခင်လေးမုထျန်းရိနှင့်ကြမတူသလိုပင်။
အရှင့်သားက သခင်လေးကို ငြင်းဆန်ခြင်း မရှိဘဲ လီဟော်ကိုတုံ့ပြန်သလိုမျိုး ရုန်းကန် ဒေါသတကြီးအပြုအမူများလည်းမတွေ့ရပေ။
"ဒါလူကြီးကိစ္စတွေ.....
မင်းငယ်ပါသေးတယ်ကွာ....."
ကျိုချင်း၏စကားကို ဘင်းဝမ်တို့ကထောက်ခံဟန်မေးငေါ့ပြသည်။
"အရှင့်သားက ကျွန်တော့်ထက်တောင်ငယ်သေးတယ်လေ...."
ဘင်းဝမ်တို့အကုန် နင်သွားသည်။
သူတို့ကအရွယ်ရောက်တဲ့ လူကြီးတွေဖြစ်နေကြပြီဆိုပေမယ့် အရှင့်သားလောက်တောင် လူကြီးကိစ္စတွေမှာ အဖြစ်မရှိကြသေးပေ။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ထိုအချိန် နန်းတော်ထဲတွင်တော့ တော်ဝင်သမားတော်တွေအကုန် ရှင်ဘုရင်ကို ကုသရင်းအလုပ်ရှုပ်နေကြသည်။
အဆိပ်ဖြေဆေးတိုက်ထားပြီးပေမယ့် လီဟော်ကသတိပြန်မကပ်သေးပဲ မေ့မြောနေဆဲ။
ကံကောင်းထောက်မစွာ ဓားကနှလုံးကိုမထိခိုက်သွားတာကြောင့်သာ သူတို့အမြန်ကုသနိုင်တာဖြစ်သည်။
"အဖေ...."
လီဟွာ အပြေးအလွှားရောက်လာသည့် သူမတို့၏ ဖခင်ဖြစ်သူ လီစွန်း ကိုအရိုအသေပေးလိုက်သည်။
"ယုဖုန်းကိုဖမ်းမိလား...."
"ရှာနေကြတုန်းပါ"
"အသုံးကိုမကျဘူး!!"
အခုထိ သတိပြန်မလည်လာသေးသည့် သားဖြစ်သူကိုကြည့်ကာ ဒေါသဖြစ်ရသည်။
"အစကတည်းက သတ်ပစ်ခိုင်းတာကို
မလုပ်တော့ ဖြစ်ပြီလေ!"
"အခု ဘယ်လိုလုပ်ရမလဲ အဖေ..."
"မြှားထုတ်ရမှာပေါ့......
ကျူပင်ခုတ် ကျူငုပ်ပါမကျန်သင့်ဘူး....."
"သမီးကိုရှင်းခွင့်ပေးပါ အဖေ....."
"အမြန်လုပ်......
မင်း အစ်ကိုတော်နိုးမလာခင်"
"ဟုတ်ကဲ့ "
သူမဖခင်၏ ခွင့်ပြုချက်ရပြီမို့ လီဟွာ တော်ဝင်အကျဥ်းထောင်ရှိရာသို့ ထွက်ခဲ့တော့သည်။
"အားးးးးးးး!!!"
ညသန်းခေါင်ယံချိန် တော်ဝင်အကျဥ်းထောင်ထဲမှာ ငရဲခန်းလို အော်ဟစ်သံများပေါ်ထွက်လာခဲ့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
"ယုအာ......ယုအာ......."
ယုဖုန်း ခါးပေါ်မှ ပွေ့ဖက်လိုက်သည့် အထိအတွေ့ကြောင့် ထိတ်လန့်စွာ နိုးထလာသည်။
တုန်ယင်စွာ သူ့ကိုကြည့်လာသည့် ယုအာကြောင့် ထျန်းရိ လက်တွေကို ပြန်ရုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
ယုဖုန်း နိုးနိုးချင်း ခါးပေါ်မှလက်ကိုမြင်ပြီး သူနန်းတော်ထဲလီဟော့်အနားမှာပဲ ရှိနေတုန်းဟု ထင်ကာ ကြောက်လန့်သွားခဲ့ရခြင်းဖြစ်သည်။
"ဘာမှမဖြစ်ဘူး....."
ယုဖုန်းဇောချွေးတွေကိုသုတ်ပြီး ထျန်းရိကို ပြုံးပြလိုက်ပေမယ့် လက်တွေကတော့ တုန်နေဆဲ။
ဂူထဲမှာ လူများတာကြောင့် သူတို့ညက ရေတံခွန်ဘေးကျောက်ဖျာပေါ်မှာသာ မီးပုံဖိုပြီး ထိုနားတွင်သာအိပ်ခဲ့ကြခြင်းပင်။
"အရှင့်သား!!"
ဘယ်ကပြန်လာမှန်းမသိသည့် ဘင်းဝမ်က သူ့စွမ်းအား လျင်မြန်ခြင်းနှင့် ယုဖုန်းအနားကို အမောတကောရောက်လာသည်။
"မကောင်းတော့ဘူး!"
"ဘာဖြစ်လို့လဲ..... "
ဂူထဲမှ ဟဲပင်းတို့ကိုယ်ရံတော်တွေပါ ထွက်လာပြီး သူတို့အနားရောက်လာကြသည်။
"ကျွန်တော်မျိုး မြို့ထဲကိုအခြေအနေသွားထောက်လှမ်းတာ.....
နန်းတော်တံတိုင်းပေါ်မှာ.....
ခေါင်းတွေချိတ်ထားတာတွေ့ခဲ့ပါတယ်"
"ခေါင်းတွေ?"
ဟဲပင်းကမသည်းမခံနိုင်စွာ ဝင်မေးတော့သည်။
"ဘယ်သူ့ခေါင်းတွေလဲ!"
"အဲ့တာက...."
"ပြောလေ!!"
ဘင်းဝမ် အံကိုကြိတ်ကာ လက်သီးကိုတင်းတင်းဆုပ်ထားပြီး အားတင်းကာပြောသည်။
"မိဖုရားကြီးတို့နဲ့ မင်းသမီးတွေရဲ့ခေါင်းတွေ....."
ဟဲပင်း မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျသွားခဲ့ကာ ကွမ်းမင်တို့အားလုံးမှာလည်း စိတ်နှင့်လူမကပ်တော့။
"ပြန်ပြော....."
"အရှင့်သား"
"ပြန်ပြော!!"
ယုဖုန်း သူနားကြားမှားသည်ဟုပဲ မှတ်ယူကာ ဘင်းဝမ်ကိုပြန်ပြောခိုင်းမိသည်။
"မိဖုရားကြီးတွေနဲ့ အိမ်ရှေ့စံမိဖုရားအပါအဝင် မင်းသမီးတွေအားလုံး အသတ်ခံလိုက်ရပါပြီ အရှင့်သား"
"ပြန်ပြော!!!"
"မင်းသားလေး...."
"ပြန်ပြော!! ပြန်ပြော!! ပြန်ပြောလို့!!!"
ယုဖုန်းအရူးတစ်ယောက်လို ထပ်ကာထပ်ကာပြန်ပြောခိုင်းရင်း နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်ငိုရင်း ထုရိုက်တော့သည်။
"ယုအာ.....မလုပ်ရဘူးလေ!"
မုထျန်းရိ ယုဖုန်းလက်တွေကို ချုပ်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိသည်။
"ကျွန်တော် ထွက်ပြေးလို့.....
ကျွန်တော် ထွက်ပြေးလို့ အစ်မတော်တို့အသတ်ခံရတာ.....ကျွန်တော့်ကြောင့်!!ကျွန်တော်ကြောင့်!!"
"မဟုတ်ဘူး.......
ယုအာ အမှားမဟုတ်ဘူး.......
ကိုယ်ကိုကိုယ်အပြစ်မတင်ရဘူးလေ.....ယုအာ"
ယုဖုန်းဖြေမဆည်နိုင်စွာ ငိုကြွေးနေမိသည်။
သူထွက်ပြေးပြီး ညတစ်ညသာဖြတ်သန်းရသေးပေမယ့် သူ့မိခင်တွေနှင့် သူ့အစ်မတော်တွေကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
သွေးကြောနီတွေထင်းနေသည့် မျက်ဝန်းအိမ်တွေနှင့် သူတို့အားလုံး ထိုနေရာမှာ ထိုင်နေခဲ့တာဘယ်လောက်ကြာသွားပြီမှန်းမသိ။
"ကျွန်တော်မျိုး ကြေညာစာထုတ်ပြန်ထားတာလည်းတွေ့ခဲ့ပါသေးတယ်....
မနက်ဖြန် မနက်မှာ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံမင်းသားကို နန်းတော်တံခါးအရှေ့မှာ ကွပ်မျက်ပါမယ်တဲ့"
ဒါထောင်ချောက်ပဲ.....
သူတို့အားလုံး တူညီစွာတွေးမိကြသည်။
"ခမည်းတော်နဲ့ အစ်ကိုတော်ကို မနက်ဖြန်မနက်သွားခေါ်ကြတာပေါ့....."
ယုဖုန်းပြောပြီး ထထွက်လာခဲ့ကာ ဂူထဲမှာထားထားသည့် သူယူလာသော ပေလွှာဘူးကိုထုတ်လာခဲ့သည်။
"အကုန်လုံးကို ပြစရာရှိတယ်......"
ဘူးထဲမှ စာလွှာနှင့် ပန်းချီကားကို ထုတ်ကာ ယုဖုန်းဖြန့်လိုက်သည်။
"ဒါက....."
"ခမည်းတော် ပြောတာတော့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ဟောကိန်းတဲ့.....
ဖြစ်နိုင်မယ်ထင်လား......."
ဘင်းဝမ်တို့ စာလွှာကို အကုန်ဝိုင်းဖတ်ကြပြီး ပန်းချီကားကိုတစ်လှည့် ယုဖုန်းကို တစ်လှည့်ကြည့်နေကြသည်။
ပန်းချီထဲက တည်ထောင်သူဆိုသူမှာ သူတို့မင်းသားငယ်နှင့် တူလွန်းပေမယ့် မင်းသားငယ်မဟုတ်မှန်းတော့ သူတို့သိသည်။
"နေမင်း လမင်း
ပထဝီ ရေရှင်
သေခြင်း ရှင်ခြင်း
သူနိုးထလာချိန်......"
ထျန်းရိ ပန်းချီပုံတူဘေးမှ စာကို ရွတ်ဖတ်ကြည့်ကာ အတွေးများသွားသည်။
"ဒါက ပဟေဠိလား....."
"မဟုတ်လောက်ဘူး......"
"သူနိုးထလာချိန် ဆိုတာက....
ယုအာ အစွမ်းတွေနိုးထမယ့်အချိန်ကို ပြောတာဖြစ်နိုင်တယ်...."
"ဟုတ်တယ်.....
အဲ့တာဖြစ်နိုင်တယ်....."
မုထျန်းရိစကားကို အားလုံးထောက်ခံကြသည်။
"ကျွန်တော်က အနှိုင်းမဲ့နတ်ဘုရား ဖြစ်နိုင်လား....."
"ဖြစ်နိုင်တယ်....."
ယုဖုန်းအမေး ကို ကိုယ်ရံတော်ကြီးဟဲပင်းက ချက်ချင်းပြန်ဖြေသည်။
"အရှင့်သား မွေးဖွားချိန်မှာ ဘာနက္ခတ်မှ မပေါ်ခဲ့ဘဲ လမင်းပဲရှိနေခဲ့တာကို ကျွန်တော်မျိုးမှတ်မိပါသေးတယ်.....
ဒီဟောကိန်းအရဆို အရှင့်သားရဲ့ နက္ခတ်က ကြယ်တွေမဟုတ်ဘဲ လမင်းဖြစ်နိုင်တယ်"
"ဒါပေမယ့် ကျွန်တော့်မှာ ဘာအစွမ်းမှမရှိဘူး"
"အစွမ်းတွေက သခင်လေးမုထျန်းရိ ပြောသလိုမျိုး မနိုးထသေးတာလည်း ဖြစ်နိုင်ပါတယ်"
ယုဖုန်း ဖြစ်နိုင်ခြေပေါင်းများစွာကို စဥ်းစားခဲ့ပေမယ့် အဖြေမထွက်ခဲ့။
သူနဂါးတစ်ကောင်ကို မြင်ရကြောင်း ပြောပြီးတော့လည်း အားလုံးကို အရမ်းမမျှော်လင့်စေချင်။
ခမည်းတော်တို့က သူ့အပေါ်မှာ အများကြီးမျှော်လင့်ထားကြပေမယ့် သူကတော့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
မနက်အတွက် သူတို့ကြိုတင်ပြင်ဆင်မှုများလုပ်ကြပြီး အစီအစဥ်ဆွဲထားကြသည်။
ရုံရှင်းအား ကလေးနှစ်ယောက်နှင့်အတူ သူ့ဦးရီးတော်ရှိရာ ဟွမ်နိုင်ငံသို့ သွားနှင့်စေရန် ယုဖုန်း အမိန့်ပေးပြီး အကာအကွယ်အစွမ်းရှိသည့် ပိုင်မင်ကိုပါ လိုက်ပါစောင့်ရှောက်ခိုင်းထားသည်။
ကျန်းမာရေးမကောင်းသည့် ကိုယ်ရံတော်ဟဲပင်းကိုပါ ပိုင်မင်တို့နှင့် အရင်လိုက်သွားခိုင်းပေမယ့် ဟဲပင်းကခေါင်းမာစွာ ယုဖုန်းတို့နှင့်သာနေခဲ့ဖို့တောင်းဆိုခဲ့သည်။
ပြင်ဆင်မှုများလုပ်ပြီးနောက် အားလုံးစောစောအိပ်ရာဝင်သွားကြပေမယ့် ယုဖုန်း အိပ်မပျော်နိုင်ရာ အဝတ်တွေချွတ်ပြီး ရေတံခွန်ထဲသို့ ဆင်းခဲ့တော့သည်။
လရောင်မှိန်ဖျဖျနှင့် ကြည်လင်နေသည့် ရေအောက်သို့ ငုပ်လျှိုးကာ သူ့ရှေ့မှ တောက်ပသည့် မျက်ဝန်းတစ်စုံထံ ယုဖုန်းလက်လှမ်းလိုက်ပေမယ့် ထိုပုံရိပ်ကိုထိတွေ့လို့မရခဲ့။
နဂါးကသူ့အစောင့်အရှောက်အဖြစ်ရှိနေပေမယ့် သူထိတွေ့လိုမရ။
"ယုအာ"
သူ့ခန္ဓာကိုယ်အား ရေအောက်မှ ဆွဲယူလိုက်သည့် လက်တစ်စုံက ထျန်ရိ။
"ဘာလုပ်နေတာလဲ......
ယူအာအရမ်းဝမ်းနည်းနေတာသိပေမယ့်....
ဒီလိုမလုပ်ရဘူးလေ....."
သူ့ကို တင်းတင်းပွေ့ဖက်လာသည့် ရိရိက ရေထဲကို အမြန်ပြေးဆင်းလာတာမို့ အဝတ်တွေမှာ စိုရွဲနေသည်။
"ဒီလိုမျိုးမလုပ်ရဘူးနော်...."
အက်ကွဲနေသည့် အသံတိုးတိုးနှင့်ရိရိက သူသေကြောင်းကြံစည်နေသည်ဟု ထင်သွားပုံပင်။
"မလုပ်ပါဘူး......
ယုအာ....ဒီတိုင်း ရေငုပ်တာပါ......"
ကျောပြင်ကို အသာပုတ်ပေးပြီး ရိရိ စိတ်ငြိမ်သွားသည်အထိ အတော်ကြာအောင်သူ့ကိုဖက်ထားခဲ့သည်။
မီးပုံဘေးမှာ ထိုင်ရင်း ထျန်းရိအဝတ်တွေကို ယုဖုန်း အခြောက်ခံပေးကာ သူ့ကိုတွေတွေလေးကြည့်နေသူကို စိတ်သက်သာစေရန် ပြုံးပြလိုက်သည်။
သူတို့နဲ့မလှမ်းမကမ်းမှာတော့ ဘင်းဝမ်တို့နှင့်အတူ ရှောင်ဟိုင်နှင့် ရှောင်ချိုးလည်း အိပ်ပျော်နေကြသည်။
"ရိရိ..."
"ဟင်"
"မနက်ဖြန်......တကယ်လို့.....
ယုအာတို့ မအောင်မြင်ခဲ့ရင်...အု..."
ထျန်းရိ စကားကိုဆက်ပြောခွင့်မပေးဘဲ ယုဖုန်း၏နှုတ်ခမ်းတွေကို နမ်းလိုက်သည်။
ယုဖုန်းခန္ဓာကိုယ်ကိုပါပွေ့ယူပြီး သူ့ပေါင်ပေါ်ထိုင်စေကာ အနမ်းတွေမပြတ်စေခဲ့။
ယုဖုန်းလည်း ထျန်းရိ ဂုတ်တွေကိုဖက်တွယ်၍ တုန့်ပြန်ခဲ့သည်။
မနက်ဖြန်မှာ သူတို့နှစ်ယောက် အတူရှိနေနိုင်ဖို့မသေချာပေမယ့် အခုတော့သူတို့အတူရှိနေဆဲပင်။
သူတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ် ပြင်းထန်ရှည်ကြာသည့် အနမ်းကို ဖန်တီးခဲ့ကြသည်။
"အိပ်တော့....."
ကွမ်းမင်၏ စိတ်ဝင်တစားချောင်းကြည့်နေသည့် အစိမ်းရောင်မျက်ဝန်းတွေကို နံဘေးမှ အိပ်ချင်ယောင်ဆောင်နေသော ဘင်းဝမ်က လက်နှင့်အုပ်လိုက်သည်။
"ကလေးကလေးလိုနေ"
ကွမ်းမင် မကျေနပ်ပေမယ့် ပြန်မပြောရဲတာမို့
ငြိမ်ငြိမ်လေးပဲ အိပ်ခဲ့ရတော့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန်း ပေလွှာဘူးနှင့် သူ့ဦးရီးတော်ပေးခဲ့သည့် တံဆိပ်ပြားအပြင် ခရီးလမ်းတွင်သုံးရန် ငွေစအချို့နှင့် ရတနာပစ္စည်းအနည်းငယ်ကိုပါ ကိုယ်ရံတော် ပိုင်မင်လက်ထဲထည့်ပေးလိုက်သည်။
"ကျင်းရှီ နဲ့ ဟွားရှီလေးကို အပ်တယ်နော် အစ်မရုံရှင်း...."
မီးခိုးရောင်မျက်ဝန်းတွေနှင့် သူမက ယုဖုန်းကို နာခံစွာ အရိုအသေပေးသည်။
"ဦးရီးတော်လည်း အတူတူလိုက်ခဲ့ပါလားဟင်"
မျက်ရည်တွေဝဲလျက် သူ့လက်ကိုဆွဲနေသည့် ကျင်းရှီနှင့် ဖန်းရှီလေးရှေ့မှာ ယုဖုန်း ဒူးတစ်ဖက်ထောက်ထိုင်ချကာ ပါးပြင်လေးတွေကို နမ်းလိုက်သည်။
"ကျင်းအာတို့က အရင်သွားနှင့်.....
ဦးရီးတော် အနောက်ကလိုက်လာခဲ့မယ်နော်...."
"မြန်မြန်လိုက်လာမှာလား....."
"ဒါပေါ့...."
"ကတိနော်....."
"ကတိ"
ကလေးနှစ်ယောက်ကို ယုဖုန်းလက်သန်းချင်းချိတ်ကာ ကတိပေးလိုက်သည်။
တရွေ့ရွေ့ထွက်ခွာသွားသည့် မြင်းနှစ်ကောင် ကို ယုဖုန်းမျက်စိတစ်ဆုံးကြည့်နေခဲ့သည်။
"ယုအာ.....
သွားကြရအောင်....."
ယုဖုန်း ထျန်းရိလက်ကိုဆွဲကာ မြင်းပေါ်တက်လိုက်သည်။
"ရှောင်းဟိုင် ရှောင်ချိုး
ငါ့ကိုစောင့်နေ!"
ရှောင်းဟိုင်နှင့် ရှောင်ချိုးက သူ့စကားကို နားလည်ဟန် အသံပြုကာ ထိုနေရာမှာပဲကျန်နေခဲ့ကြသည်။
ယုဖုန်းတို့တောစပ်ကိုရောက်သည်နှင့် မြင်းတွေကို ထားခဲ့ကာ သာမန် အရပ်သားဝတ်စုံတွေထပ်ဝတ်၍ လယ်သမားတွေဆီကဝယ်လာသည့် အသီးအနှံလှည်းပေါ်မှာ သူတို့ဓားတွေကိုဖွက်လိုက်သည်။
ထင်ရှားနေသည့် ငွေရောင်ဆံပင်တွေကို ဖုံးရန် ဖျင်အဝတ်တစ်ထည်ကိုခေါင်းမှာပတ်၍ မြက်ဦးထုပ်ကိုပါ ထျန်းရိ ထပ်ဆောင်းလိုက်သည်။
မြို့တံခါးမှာတော့ ပုံမှန်ဝင်ထွက်သွားလာနေကြပြီး အစောင့်ရဲမက်တွေရှိပေမယ့် စစ်ဆေးမှုများမလုပ်ကြပေ။
ထောင်ချောက်မှန်း သိသိကြီးနှင့် သူတို့အားလုံး မြို့ထဲသို့ဝင်ရောက်ခဲ့ကြတော့သည်။
ပုံမှန်အတိုင်း စည်ကားနေသည့် မြို့တော်ဈေးမှ ဖြတ်သန်းကြစဥ် ပျော်ရွှင်ရယ်မောနေကြသည့် ပြည်သူတွေကိုကြည့်ပြီး ယုဖုန်း ဝမ်းနည်းမိသည်။
သူ့ဖခင်က နန်းတက်ချိန်မှစပြီး အမြဲ ပြည်သူတွေအတွက်တွေးပေးကာ မျှတစွာအုပ်ချုပ်ခဲ့ပေမယ့် ပြည်သူတွေကတော့ သူတို့ဘုရင်ကွပ်မျက်ခံရမယ်ကြေညာထားတဲ့ နေ့မှာတောင် ဘယ်လိုလုပ်ပျော်ရွှင်နေနိုင်ရတာလဲ။
သူ့လက်တွေကို တင်းကြပ်စွာဆုပ်ကိုင်လာသည့် ရိရိကြောင့် ယုဖုန်း အံကြိတ်ကာသာ ဆက်လျောက်လာခဲ့သည်။
"ဒုံး ဒုံး!!!"
စည်းချက်ကျကျထွက်ပေါ်နေသည့် ဗုံသံတွေက နန်းတော်နှင့် နီးကပ်လာလေ ပိုကျယ်လောင်လာလေဖြစ်သည်။
နန်းတော်တံတိုင်းပေါ်မှာ လှံတွေထောင်ထားပြီး လှံထိပ်မှာရှိနေသည့် အရာတွေက ယုဖုန်းဒူးတွေကို ညွတ်ကျသွားစေသည်။
ထျန်းရိ အမြန်ယုဖုန်းကို ထိန်းဖက်ကာ သူ့ရင်ခွင်ထဲမျက်နှာအပ်စေလိုက်သည်။
"မကြည့်နဲ့ ယုအာ....
ခေါင်းကိုငုံ့ထား......"
ယုဖုန်း နားထင်ကြောတွေထောင်ထလာသည် အထိ အံကိုကြိတ်ထားခဲ့သည်။
နန်းတော်တံခါးရှေ့မှာတွေ ဗုံတွေတီးခတ်ပြီး လူအများစုဝေးနေသည်မှာ ပွဲတော်တစ်ခုလိုပင်။
အသီးလှည်းကို ရပ်ပြီး သူတို့အဖွဲ့ ထိုလူအုပ်နှင့် ရောနှောနေလိုက်သည်။
"လုံမျိုးနွယ်တွေကို မကွပ်မျက်ခင် ရွှေတွေကြဲဦးမယ်တဲ့.....
ဒီနေ့တော့ပွပြီဟေ့!"
နန်းတော်တံခါးဘေးမှာကပ်ထားသည့် ကြေညာစာအသစ်ကို ဖတ်ပြီး လူတွေပိုများလာနေသည်။
လုံမျိုးနွယ်......
ယုဖုန်းစိတ်ထဲမှ ရေရွတ်လိုက်သည်။
နန်းလုခံရသည့် သူ့ဖခင်ကို သူ့ဖခင်ရဲ့ပြည်သူတွေကခေါ်တာ လုံမျိုးနွယ်တဲ့လား.....
ယုဖုန်းနာကြည်းမှုတွေကို ထပ်ပြီးမျိုသိပ်ရလွန်းလို့ ရင်ဘက်တွေပင်အောင့်လာသည်။
ရုတ်တရက်ဗုံသံတွေရပ်တန့်သွားသည်။
"ထွက်လာပြီ!"
နန်းတော်တံခါးပွင့်သံနှင့် တော်ဝင်ကိုယ်ရံတော်ဝတ်စုံဝတ်ထားသည့် လူများရှေ့ဆုံးကထွက်လာသည်။
"အရှင်မင်းကြီး...... "
ဟဲပင်း တိုးတိုးလေးရေရွတ်ပြီး သံကြိုးတွေတရွတ်တိုက်ဆွဲကာ ခေါ်ထုတ်လာခံရသော သူတို့ရဲ့ ဘုရင်နှင့် အိမ်ရှေ့စံကိုမြင်လိုက်ရသည်။
နီရဲနေသည့် မျက်ဝန်းတွေနှင့် ဖခမည်းတော်တို့ကို အပြစ်သားစင်ထက်ရောက်တော့ ခေါ်လာသည့်ရဲမက်က ဒဂေါက်ကွေးအားကန်ကာ ဒူးထောက်စေသည်။
ထို့နောက်တွင်တော့ စွန်းအမတ်ကြီးနှင့် မုထျန်းရိ၏အဖေအပါအဝင် သစ္စာဖောက်အမတ်များစွာလည်း ရောက်ရှိလာသည်။
နန်းတော်တံတိုင်းထက် မြှားတပ်သားတွေနေရာယူပြီးနောက် လီဟွာနှင့် သူမဖခင်ထွက်လာခဲ့တော့သည်။
"ဒုံး!! ဒုံး!!"
တစ်ဖန်ဗုံသံတွေပြန်လည်တီးခတ်လာချိန်မှာတော့ လူအုပ်ကြီးဟာလှုပ်လှုပ်ရှားဖြစ်လာသည်။
အသီးများအောက်မှ ဓားတွေကို ထုတ်ယူကာ ဝတ်ရုံတွေကြားမှာ ဖွက်လိုက်ကြသည်။
"ရွှေတွေ!!"
နန်းတော်တံတိုင်းပေါ်မှာ အရာရှိဖူက ရွှေတုံးငယ်တွေကိုစတင်ကြဲချလိုက်ရာ သူတို့အဖွဲ့လည်း အများနည်းတူ လုကောက်ချင်ယောင်ဆောင်၍ လူတိုး၍ရွေ့သလိုမျိုး ကွပ်မျက်စင်နားတိုးသွားကြသည်။
သူတို့အားလုံး အသင့်ယူလာသည့် အဝတ်လုံးလေးတွေကို နားထဲထိုးထည့်ကာ ခေါင်းတွေငုံ့ထားသည်။
ယုဖုန်း သူအချက်ပြတာကိုစောင့်နေကြသည့် ဘင်းဝမ်တို့ကို ခေါင်းညိတ်ပြလိုက်သည်။
ဘင်းဝမ် ချက်ချင်း အလင်းလို အလျင်နှင့် ဓားကိုထုတ်ကာ မလှမ်းမကမ်းမှာ ရဲမက်တွေဆီပြေးဝင်သွားတော့သည်။
"ချွင်!!!"
"အား!!"
ဓားသံအော်သံတွေထွက်ပေါ်လာပြီး လူအုပ်ကြီးဟာ အလန့်တကြားပြိုကွဲလာသည်။
"ပစ်!"
နန်းတော်တံတိုင်းထက်မှလည်း အမိန့်သံတစ်ခုနှင့် မြှားတွေစတင်ပစ်လွှတ်လာသည်။
မုထျန်းရိ၏ မျက်ဝန်းစိမ်းပြာရောင်တွေမှာ အရောင်တောက်လာပြီး သူတို့ထံဦးတည်လာသောမြှားတွေကို လေထဲမှာပဲ အေးခဲကာ အမှုန့်ဖြစ်သွားစေသည်။
ယုဖုန်း သူ့ဖခမည်းတော်ထံရောက်ဖို့ သူ့ထံပြေးဝင်လာသည့် လှံတွေဓားတွေကိုရှောင်တိမ်းရင်း ဖုန်းဟွာကိုဝှေ့ယမ်းကာ သစ္စာဖောက်တွေကို ခုတ်မွှန်းပစ်သည်။
"မုထျန်းရိ ရပ်စမ်း!!"
လီဟွာ မုထျန်းရိကို ကြည့်ကာအမိန့်ပေးလိုက်ပေမယ့် မုထျန်းရိကတော့ မကြားနိုင်ဘဲ ခေါင်းကိုမော့ကာသာ မြှားတွေကို ချေမွနေဆဲ။
"ဘင်းဝမ် ရပ်!!"
သူမအမိန့်ပေးပေမယ့် ဘယ်သူ့ကိုမှ ထိန်းချုပ်မရရာ လီဟွာ သေချာကြည့်လိုက်တော့မှာ နားတွေထဲပိတ်ဆို့ထားသည်ကိုတွေ့လိုက်ရသည်။
"အဖေ....."
လီစွန်း အင်အားအပြည့်ဖြင့် တိုက်ခိုက်နေကြသည့် လူတစ်စုကိုကြည့်ကာ ကွပ်မျက်စင်ပေါ်တက်ခဲ့တော့သည်။
သူစစ်ပွဲတွေမှာသုံးခဲ့သည့် ဓားကို ထုတ်ကာ နန်းကျဘုရင်လုံလီဖုန်း၏ လည်ပင်းထက်တွင်တင်လိုက်သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
AN:နာမည်တွေရောနေကြမယ်ထင်လို့ ရှင်းပြမလို့ပါရှင့်
ယုဖုန်း(ယုအာ)မှာက ကိုယ်ရံတော်ငါးယောက်ရှိပေမယ့် သုံးယောက်ကိုပဲအဓိကဖော်ပြထားတယ်
ဘင်းဝမ်- လျင်မြန်တဲ့အစွမ်း
ပိုင်မင်-အကာအကွယ်အစွမ်း
ကျိုချင်း-အလင်းအစွမ်း
ဟဲပင်းကတော့ ယုဖုန်းခမည်းတော်ရဲ့ အနီးကပ်ကိုယ်ရံတော်ဖြစ်ပြီး လက်ရှိမှာတော့ အဆိပ်မိထားလို့ အစွမ်းတွေပျောက်နေတာပါ
အထိန်းတော်ကြီးရဲ့ မွေးစားကလေးနှစ်ယောက်က ကွမ်းမင်နဲ့ ရုံရှင်း
ကွမ်းမင်-ကြံ့ခိုင်အင်အားကြီးသည့်အစွမ်း
ရုံရှင်း ကိုတော့ ဘာအစွမ်းလည်းကိုယ်မဖော်ပြရသေးပါဘူးရှင့်
အရာရှိဖူက လီဟော်ရဲ့လက်ရုံးပါ
အားလုံး မှတ်မိကြပါစေ❤
◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
ကိုယ္ရံေတာ္အဖြဲ႕လိုက္ႀကီးဟာ ေရွာင္ထြက္ေပးသလိုလိုနဲ႕ ေက်ာက္တုံးႀကီးေနာက္မွာ ပုန္းကာ မုထ်န္းရိႏွင့္ ယုဖုန္းကို ဝိုင္းၾကည့္ေနၾကသည္။
"ဟိုေလ.....
အရွင့္သားနဲ႕ သခင္ေလးမုထ်န္းရိက...... ?"
မင္းသားငယ္ရဲ႕ နဖူးကို သခင္ေလးမုထ်န္းရိကနမ္းလိုက္သည္မို႔ ကြမ္းမင္ေခါင္းထဲ ေမးခြန္းမ်ားစြာေပၚလာၿပီး မခ်ဳပ္တည္းနိုင္စြာ ဘင္းဝမ္တို႔ကို ေမးၾကည့္မိေတာ့သည္။
"နာမည္တပ္လို႔မရတဲ့ ဆက္ဆံေရးမ်ိဳးေလ..."
"......"
ကြမ္းမင္၏ အူေၾကာင္ေၾကာင္ပုံစံေၾကာင့္ ပိုင္မင္ႏွင့္ က်ိဳခ်င္းမွာ ထရယ္ေတာ့သည္။
"တိုးတိုးဟ!"
မင္းသားေလးတို႔ၾကားသြားမည္စိုး၍ ဘင္းဝမ္အသံတိုးကာ သေကာင့္သားႏွစ္ေယာက္ကို ေငါက္လိုက္ရာ ပါးစပ္ကိုလက္ႏွင့္အုပ္ၿပီး အရယ္မရပ္ၾက။
"အရမ္းမစပ္စုနဲ႕....
ၾကာရင္ နားလည္လာလိမ့္မယ္......"
ဘင္းဝမ္က တည္တည္ၾကည္ၾကည္ေျပာလာတာမို႔ ကြမ္းမင္လည္း နားမလည္ေပမယ့္ ေခါင္းသာညိတ္သည္။
လက္ရွိနန္းလုထားသည့္ လီေဟာ္ကလည္း အရွင့္သားကိုအတင္းနမ္းတာမ်ိဳး ကြမ္းမင္ျမင္ဖူးေပမယ့္ ယခုသခင္ေလးမုထ်န္းရိႏွင့္ၾကမတူသလိုပင္။
အရွင့္သားက သခင္ေလးကို ျငင္းဆန္ျခင္း မရွိဘဲ လီေဟာ္ကိုတုံ႕ျပန္သလိုမ်ိဳး ႐ုန္းကန္ ေဒါသတႀကီးအျပဳအမူမ်ားလည္းမေတြ႕ရေပ။
"ဒါလူႀကီးကိစၥေတြ.....
မင္းငယ္ပါေသးတယ္ကြာ....."
က်ိဳခ်င္း၏စကားကို ဘင္းဝမ္တို႔ကေထာက္ခံဟန္ေမးေငါ့ျပသည္။
"အရွင့္သားက ကြၽန္ေတာ့္ထက္ေတာင္ငယ္ေသးတယ္ေလ...."
ဘင္းဝမ္တို႔အကုန္ နင္သြားသည္။
သူတို႔ကအ႐ြယ္ေရာက္တဲ့ လူႀကီးေတြျဖစ္ေနၾကၿပီဆိုေပမယ့္ အရွင့္သားေလာက္ေတာင္ လူႀကီးကိစၥေတြမွာ အျဖစ္မရွိၾကေသးေပ။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ထိုအခ်ိန္ နန္းေတာ္ထဲတြင္ေတာ့ ေတာ္ဝင္သမားေတာ္ေတြအကုန္ ရွင္ဘုရင္ကို ကုသရင္းအလုပ္ရႈပ္ေနၾကသည္။
အဆိပ္ေျဖေဆးတိုက္ထားၿပီးေပမယ့္ လီေဟာ္ကသတိျပန္မကပ္ေသးပဲ ေမ့ေျမာေနဆဲ။
ကံေကာင္းေထာက္မစြာ ဓားကႏွလုံးကိုမထိခိုက္သြားတာေၾကာင့္သာ သူတို႔အျမန္ကုသနိုင္တာျဖစ္သည္။
"အေဖ...."
လီဟြာ အေျပးအလႊားေရာက္လာသည့္ သူမတို႔၏ ဖခင္ျဖစ္သူ လီစြန္း ကိုအရိုအေသေပးလိုက္သည္။
"ယုဖုန္းကိုဖမ္းမိလား...."
"ရွာေနၾကတုန္းပါ"
"အသုံးကိုမက်ဘဴး!!"
အခုထိ သတိျပန္မလည္လာေသးသည့္ သားျဖစ္သူကိုၾကည့္ကာ ေဒါသျဖစ္ရသည္။
"အစကတည္းက သတ္ပစ္ခိုင္းတာကို
မလုပ္ေတာ့ ျဖစ္ၿပီေလ!"
"အခု ဘယ္လိုလုပ္ရမလဲ အေဖ..."
"ျမႇားထုတ္ရမွာေပါ့......
က်ဴပင္ခုတ္ က်ဴငုပ္ပါမက်န္သင့္ဘူး....."
"သမီးကိုရွင္းခြင့္ေပးပါ အေဖ....."
"အျမန္လုပ္......
မင္း အစ္ကိုေတာ္နိုးမလာခင္"
"ဟုတ္ကဲ့ "
သူမဖခင္၏ ခြင့္ျပဳခ်က္ရၿပီမို႔ လီဟြာ ေတာ္ဝင္အက်ဥ္းေထာင္ရွိရာသို႔ ထြက္ခဲ့ေတာ့သည္။
"အားးးးးးးး!!!"
ညသန္းေခါင္ယံခ်ိန္ ေတာ္ဝင္အက်ဥ္းေထာင္ထဲမွာ ငရဲခန္းလို ေအာ္ဟစ္သံမ်ားေပၚထြက္လာခဲ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
"ယုအာ......ယုအာ......."
ယုဖုန္း ခါးေပၚမွ ေပြ႕ဖက္လိုက္သည့္ အထိအေတြ႕ေၾကာင့္ ထိတ္လန့္စြာ နိုးထလာသည္။
တုန္ယင္စြာ သူ႕ကိုၾကည့္လာသည့္ ယုအာေၾကာင့္ ထ်န္းရိ လက္ေတြကို ျပန္႐ုတ္လိုက္သည္။
"ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား"
ယုဖုန္း နိုးနိုးခ်င္း ခါးေပၚမွလက္ကိုျမင္ၿပီး သူနန္းေတာ္ထဲလီေဟာ့္အနားမွာပဲ ရွိေနတုန္းဟု ထင္ကာ ေၾကာက္လန့္သြားခဲ့ရျခင္းျဖစ္သည္။
"ဘာမွမျဖစ္ဘူး....."
ယုဖုန္းေဇာေခြၽးေတြကိုသုတ္ၿပီး ထ်န္းရိကို ၿပဳံးျပလိုက္ေပမယ့္ လက္ေတြကေတာ့ တုန္ေနဆဲ။
ဂူထဲမွာ လူမ်ားတာေၾကာင့္ သူတို႔ညက ေရတံခြန္ေဘးေက်ာက္ဖ်ာေပၚမွာသာ မီးပုံဖိုၿပီး ထိုနားတြင္သာအိပ္ခဲ့ၾကျခင္းပင္။
"အရွင့္သား!!"
ဘယ္ကျပန္လာမွန္းမသိသည့္ ဘင္းဝမ္က သူ႕စြမ္းအား လ်င္ျမန္ျခင္းႏွင့္ ယုဖုန္းအနားကို အေမာတေကာေရာက္လာသည္။
"မေကာင္းေတာ့ဘူး!"
"ဘာျဖစ္လို႔လဲ..... "
ဂူထဲမွ ဟဲပင္းတို႔ကိုယ္ရံေတာ္ေတြပါ ထြက္လာၿပီး သူတို႔အနားေရာက္လာၾကသည္။
"ကြၽန္ေတာ္မ်ိဳး ၿမိဳ႕ထဲကိုအေျခအေနသြားေထာက္လွမ္းတာ.....
နန္းေတာ္တံတိုင္းေပၚမွာ.....
ေခါင္းေတြခ်ိတ္ထားတာေတြ႕ခဲ့ပါတယ္"
"ေခါင္းေတြ?"
ဟဲပင္းကမသည္းမခံနိုင္စြာ ဝင္ေမးေတာ့သည္။
"ဘယ္သူ႕ေခါင္းေတြလဲ!"
"အဲ့တာက...."
"ေျပာေလ!!"
ဘင္းဝမ္ အံကိုႀကိတ္ကာ လက္သီးကိုတင္းတင္းဆုပ္ထားၿပီး အားတင္းကာေျပာသည္။
"မိဖုရားႀကီးတို႔နဲ႕ မင္းသမီးေတြရဲ႕ေခါင္းေတြ....."
ဟဲပင္း မတ္မတ္မရပ္နိုင္ေတာ့ဘဲ လဲက်သြားခဲ့ကာ ကြမ္းမင္တို႔အားလုံးမွာလည္း စိတ္ႏွင့္လူမကပ္ေတာ့။
"ျပန္ေျပာ....."
"အရွင့္သား"
"ျပန္ေျပာ!!"
ယုဖုန္း သူနားၾကားမွားသည္ဟုပဲ မွတ္ယူကာ ဘင္းဝမ္ကိုျပန္ေျပာခိုင္းမိသည္။
"မိဖုရားႀကီးေတြနဲ႕ အိမ္ေရွ႕စံမိဖုရားအပါအဝင္ မင္းသမီးေတြအားလုံး အသတ္ခံလိုက္ရပါၿပီ အရွင့္သား"
"ျပန္ေျပာ!!!"
"မင္းသားေလး...."
"ျပန္ေျပာ!! ျပန္ေျပာ!! ျပန္ေျပာလို႔!!!"
ယုဖုန္းအ႐ူးတစ္ေယာက္လို ထပ္ကာထပ္ကာျပန္ေျပာခိုင္းရင္း ေနာက္ဆုံးမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ငိုရင္း ထုရိုက္ေတာ့သည္။
"ယုအာ.....မလုပ္ရဘူးေလ!"
မုထ်န္းရိ ယုဖုန္းလက္ေတြကို ခ်ဳပ္ၿပီး တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားမိသည္။
"ကြၽန္ေတာ္ ထြက္ေျပးလို႔.....
ကြၽန္ေတာ္ ထြက္ေျပးလို႔ အစ္မေတာ္တို႔အသတ္ခံရတာ.....ကြၽန္ေတာ့္ေၾကာင့္!!ကြၽန္ေတာ္ေၾကာင့္!!"
"မဟုတ္ဘူး.......
ယုအာ အမွားမဟုတ္ဘူး.......
ကိုယ္ကိုကိုယ္အျပစ္မတင္ရဘူးေလ.....ယုအာ"
ယုဖုန္းေျဖမဆည္နိုင္စြာ ငိုေႂကြးေနမိသည္။
သူထြက္ေျပးၿပီး ညတစ္ညသာျဖတ္သန္းရေသးေပမယ့္ သူ႕မိခင္ေတြႏွင့္ သူ႕အစ္မေတာ္ေတြကို ဆုံးရႈံးလိုက္ရၿပီျဖစ္သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ေသြးေၾကာနီေတြထင္းေနသည့္ မ်က္ဝန္းအိမ္ေတြႏွင့္ သူတို႔အားလုံး ထိုေနရာမွာ ထိုင္ေနခဲ့တာဘယ္ေလာက္ၾကာသြားၿပီမွန္းမသိ။
"ကြၽန္ေတာ္မ်ိဳး ေၾကညာစာထုတ္ျပန္ထားတာလည္းေတြ႕ခဲ့ပါေသးတယ္....
မနက္ျဖန္ မနက္မွာ အရွင္မင္းႀကီးနဲ႕ အိမ္ေရွ႕စံမင္းသားကို နန္းေတာ္တံခါးအေရွ႕မွာ ကြပ္မ်က္ပါမယ္တဲ့"
ဒါေထာင္ေခ်ာက္ပဲ.....
သူတို႔အားလုံး တူညီစြာေတြးမိၾကသည္။
"ခမည္းေတာ္နဲ႕ အစ္ကိုေတာ္ကို မနက္ျဖန္မနက္သြားေခၚၾကတာေပါ့....."
ယုဖုန္းေျပာၿပီး ထထြက္လာခဲ့ကာ ဂူထဲမွာထားထားသည့္ သူယူလာေသာ ေပလႊာဘူးကိုထုတ္လာခဲ့သည္။
"အကုန္လုံးကို ျပစရာရွိတယ္......"
ဘူးထဲမွ စာလႊာႏွင့္ ပန္းခ်ီကားကို ထုတ္ကာ ယုဖုန္းျဖန့္လိုက္သည္။
"ဒါက....."
"ခမည္းေတာ္ ေျပာတာေတာ့ ဘိုးေဘးေတြခ်န္ထားခဲ့တဲ့ ေဟာကိန္းတဲ့.....
ျဖစ္နိုင္မယ္ထင္လား......."
ဘင္းဝမ္တို႔ စာလႊာကို အကုန္ဝိုင္းဖတ္ၾကၿပီး ပန္းခ်ီကားကိုတစ္လွည့္ ယုဖုန္းကို တစ္လွည့္ၾကည့္ေနၾကသည္။
ပန္းခ်ီထဲက တည္ေထာင္သူဆိုသူမွာ သူတို႔မင္းသားငယ္ႏွင့္ တူလြန္းေပမယ့္ မင္းသားငယ္မဟုတ္မွန္းေတာ့ သူတို႔သိသည္။
"ေနမင္း လမင္း
ပထဝီ ေရရွင္
ေသျခင္း ရွင္ျခင္း
သူနိုးထလာခ်ိန္......"
ထ်န္းရိ ပန္းခ်ီပုံတူေဘးမွ စာကို ႐ြတ္ဖတ္ၾကည့္ကာ အေတြးမ်ားသြားသည္။
"ဒါက ပေဟဠိလား....."
"မဟုတ္ေလာက္ဘူး......"
"သူနိုးထလာခ်ိန္ ဆိုတာက....
ယုအာ အစြမ္းေတြနိုးထမယ့္အခ်ိန္ကို ေျပာတာျဖစ္နိုင္တယ္...."
"ဟုတ္တယ္.....
အဲ့တာျဖစ္နိုင္တယ္....."
မုထ်န္းရိစကားကို အားလုံးေထာက္ခံၾကသည္။
"ကြၽန္ေတာ္က အႏွိုင္းမဲ့နတ္ဘုရား ျဖစ္နိုင္လား....."
"ျဖစ္နိုင္တယ္....."
ယုဖုန္းအေမး ကို ကိုယ္ရံေတာ္ႀကီးဟဲပင္းက ခ်က္ခ်င္းျပန္ေျဖသည္။
"အရွင့္သား ေမြးဖြားခ်ိန္မွာ ဘာနကၡတ္မွ မေပၚခဲ့ဘဲ လမင္းပဲရွိေနခဲ့တာကို ကြၽန္ေတာ္မ်ိဳးမွတ္မိပါေသးတယ္.....
ဒီေဟာကိန္းအရဆို အရွင့္သားရဲ႕ နကၡတ္က ၾကယ္ေတြမဟုတ္ဘဲ လမင္းျဖစ္နိုင္တယ္"
"ဒါေပမယ့္ ကြၽန္ေတာ့္မွာ ဘာအစြမ္းမွမရွိဘူး"
"အစြမ္းေတြက သခင္ေလးမုထ်န္းရိ ေျပာသလိုမ်ိဳး မနိုးထေသးတာလည္း ျဖစ္နိုင္ပါတယ္"
ယုဖုန္း ျဖစ္နိုင္ေျခေပါင္းမ်ားစြာကို စဥ္းစားခဲ့ေပမယ့္ အေျဖမထြက္ခဲ့။
သူနဂါးတစ္ေကာင္ကို ျမင္ရေၾကာင္း ေျပာၿပီးေတာ့လည္း အားလုံးကို အရမ္းမေမွ်ာ္လင့္ေစခ်င္။
ခမည္းေတာ္တို႔က သူ႕အေပၚမွာ အမ်ားႀကီးေမွ်ာ္လင့္ထားၾကေပမယ့္ သူကေတာ့.....
◾◽◾◽◾◽◾◽◾◽◾◽◾◽
မနက္အတြက္ သူတို႔ႀကိဳတင္ျပင္ဆင္မႈမ်ားလုပ္ၾကၿပီး အစီအစဥ္ဆြဲထားၾကသည္။
႐ုံရွင္းအား ကေလးႏွစ္ေယာက္ႏွင့္အတူ သူ႕ဦးရီးေတာ္ရွိရာ ဟြမ္နိုင္ငံသို႔ သြားႏွင့္ေစရန္ ယုဖုန္း အမိန့္ေပးၿပီး အကာအကြယ္အစြမ္းရွိသည့္ က်ိဳခ်င္းကိုပါ လိုက္ပါေစာင့္ေရွာက္ခိုင္းထားသည္။
က်န္းမာေရးမေကာင္းသည့္ ကိုယ္ရံေတာ္ဟဲပင္းကိုပါ ႐ုံခ်င္းတို႔ႏွင့္ အရင္လိုက္သြားခိုင္းေပမယ့္ ဟဲပင္းကေခါင္းမာစြာ ယုဖုန္းတို႔ႏွင့္သာေနခဲ့ဖို႔ေတာင္းဆိုခဲ့သည္။
ျပင္ဆင္မႈမ်ားလုပ္ၿပီးေနာက္ အားလုံးေစာေစာအိပ္ရာဝင္သြားၾကေပမယ့္ ယုဖုန္း အိပ္မေပ်ာ္နိုင္ရာ အဝတ္ေတြခြၽတ္ၿပီး ေရတံခြန္ထဲသို႔ ဆင္းခဲ့ေတာ့သည္။
လေရာင္မွိန္ဖ်ဖ်ႏွင့္ ၾကည္လင္ေနသည့္ ေရေအာက္သို႔ ငုပ္လွ်ိုးကာ သူ႕ေရွ႕မွ ေတာက္ပသည့္ မ်က္ဝန္းတစ္စုံထံ ယုဖုန္းလက္လွမ္းလိုက္ေပမယ့္ ထိုပုံရိပ္ကိုထိေတြ႕လို႔မရခဲ့။
နဂါးကသူ႕အေစာင့္အေရွာက္အျဖစ္ရွိေနေပမယ့္ သူထိေတြ႕လိုမရ။
"ယုအာ"
သူ႕ခႏၶာကိုယ္အား ေရေအာက္မွ ဆြဲယူလိုက္သည့္ လက္တစ္စုံက ထ်န္ရိ။
"ဘာလုပ္ေနတာလဲ......
ယူအာအရမ္းဝမ္းနည္းေနတာသိေပမယ့္....
ဒီလိုမလုပ္ရဘူးေလ....."
သူ႕ကို တင္းတင္းေပြ႕ဖက္လာသည့္ ရိရိက ေရထဲကို အျမန္ေျပးဆင္းလာတာမို႔ အဝတ္ေတြမွာ စို႐ြဲေနသည္။
"ဒီလိုမ်ိဳးမလုပ္ရဘူးေနာ္...."
အက္ကြဲေနသည့္ အသံတိုးတိုးႏွင့္ရိရိက သူေသေၾကာင္းႀကံစည္ေနသည္ဟု ထင္သြားပုံပင္။
"မလုပ္ပါဘူး......
ယုအာ....ဒီတိုင္း ေရငုပ္တာပါ......"
ေက်ာျပင္ကို အသာပုတ္ေပးၿပီး ရိရိ စိတ္ၿငိမ္သြားသည္အထိ အေတာ္ၾကာေအာင္သူ႕ကိုဖက္ထားခဲ့သည္။
မီးပုံေဘးမွာ ထိုင္ရင္း ထ်န္းရိအဝတ္ေတြကို ယုဖုန္း အေျခာက္ခံေပးကာ သူ႕ကိုေတြေတြေလးၾကည့္ေနသူကို စိတ္သက္သာေစရန္ ၿပဳံးျပလိုက္သည္။
သူတို႔နဲ႕မလွမ္းမကမ္းမွာေတာ့ ဘင္းဝမ္တို႔ႏွင့္အတူ ေရွာင္ဟိုင္ႏွင့္ ေရွာင္ခ်ိဳးလည္း အိပ္ေပ်ာ္ေနၾကသည္။
"ရိရိ..."
"ဟင္"
"မနက္ျဖန္......တကယ္လို႔.....
ယုအာတို႔ မေအာင္ျမင္ခဲ့ရင္...အု..."
ထ်န္းရိ စကားကိုဆက္ေျပာခြင့္မေပးဘဲ ယုဖုန္း၏ႏႈတ္ခမ္းေတြကို နမ္းလိုက္သည္။
ယုဖုန္းခႏၶာကိုယ္ကိုပါေပြ႕ယူၿပီး သူ႕ေပါင္ေပၚထိုင္ေစကာ အနမ္းေတြမျပတ္ေစခဲ့။
ယုဖုန္းလည္း ထ်န္းရိ ဂုတ္ေတြကိုဖက္တြယ္၍ တုန့္ျပန္ခဲ့သည္။
မနက္ျဖန္မွာ သူတို႔ႏွစ္ေယာက္ အတူရွိေနနိုင္ဖို႔မေသခ်ာေပမယ့္ အခုေတာ့သူတို႔အတူရွိေနဆဲပင္။
သူတို႔ႏွစ္ေယာက္အတြက္ ပထမဆုံးအႀကိမ္ ျပင္းထန္ရွည္ၾကာသည့္ အနမ္းကို ဖန္တီးခဲ့ၾကသည္။
"အိပ္ေတာ့....."
ကြမ္းမင္၏ စိတ္ဝင္တစားေခ်ာင္းၾကည့္ေနသည့္ အစိမ္းေရာင္မ်က္ဝန္းေတြကို နံေဘးမွ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ ဘင္းဝမ္က လက္ႏွင့္အုပ္လိုက္သည္။
"ကေလးကေလးလိုေန"
ကြမ္းမင္ မေက်နပ္ေပမယ့္ ျပန္မေျပာရဲတာမို႔
ၿငိမ္ၿငိမ္ေလးပဲ အိပ္ခဲ့ရေတာ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန္း ေပလႊာဘူးႏွင့္ သူ႕ဦးရီးေတာ္ေပးခဲ့သည့္ တံဆိပ္ျပားအျပင္ ခရီးလမ္းတြင္သုံးရန္ ေငြစအခ်ိဳ႕ကိုပါ ကိုယ္ရံေတာ္ က်ိဳခ်င္းလက္ထဲထည့္ေပးလိုက္သည္။
"က်င္းရွီ နဲ႕ ဟြားရွီေလးကို အပ္တယ္ေနာ္ အစ္မ႐ုံရွင္း...."
မီးခိုးေရာင္မ်က္ဝန္းေတြႏွင့္ သူမက ယုဖုန္းကို နာခံစြာ အရိုအေသေပးသည္။
"ဦးရီးေတာ္လည္း အတူတူလိုက္ခဲ့ပါလားဟင္"
မ်က္ရည္ေတြဝဲလ်က္ သူ႕လက္ကိုဆြဲေနသည့္ က်င္းရွီႏွင့္ ဖန္းရွီေလးေရွ႕မွာ ယုဖုန္း ဒူးတစ္ဖက္ေထာက္ထိုင္ခ်ကာ ပါးျပင္ေလးေတြကို နမ္းလိုက္သည္။
"က်င္းအာတို႔က အရင္သြားႏွင့္.....
ဦးရီးေတာ္ အေနာက္ကလိုက္လာခဲ့မယ္ေနာ္...."
"ျမန္ျမန္လိုက္လာမွာလား....."
"ဒါေပါ့...."
"ကတိေနာ္....."
"ကတိ"
ကေလးႏွစ္ေယာက္ကို ယုဖုန္းလက္သန္းခ်င္းခ်ိတ္ကာ ကတိေပးလိုက္သည္။
တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားသည့္ ျမင္းႏွစ္ေကာင္ ကို ယုဖုန္းမ်က္စိတစ္ဆုံးၾကည့္ေနခဲ့သည္။
"ယုအာ.....
သြားၾကရေအာင္....."
ယုဖုန္း ထ်န္းရိလက္ကိုဆြဲကာ ျမင္းေပၚတက္လိုက္သည္။
"ေရွာင္းဟိုင္ ေရွာင္ခ်ိဳး
ငါ့ကိုေစာင့္ေန!"
ေရွာင္းဟိုင္ႏွင့္ ေရွာင္ခ်ိဳးက သူ႕စကားကို နားလည္ဟန္ အသံျပဳကာ ထိုေနရာမွာပဲက်န္ေနခဲ့ၾကသည္။
ယုဖုန္းတို႔ေတာစပ္ကိုေရာက္သည္ႏွင့္ ျမင္းေတြကို ထားခဲ့ကာ သာမန္ အရပ္သားဝတ္စုံေတြထပ္ဝတ္၍ လယ္သမားေတြဆီကဝယ္လာသည့္ အသီးအႏွံလွည္းေပၚမွာ သူတို႔ဓားေတြကိုဖြက္လိုက္သည္။
ထင္ရွားေနသည့္ ေငြေရာင္ဆံပင္ေတြကို ဖုံးရန္ ဖ်င္အဝတ္တစ္ထည္ကိုေခါင္းမွာပတ္၍ ျမက္ဦးထုပ္ကိုပါ ထ်န္းရိ ထပ္ေဆာင္းလိုက္သည္။
ၿမိဳ႕တံခါးမွာေတာ့ ပုံမွန္ဝင္ထြက္သြားလာေနၾကၿပီး အေစာင့္ရဲမက္ေတြရွိေပမယ့္ စစ္ေဆးမႈမ်ားမလုပ္ၾကေပ။
ေထာင္ေခ်ာက္မွန္း သိသိႀကီးႏွင့္ သူတို႔အားလုံး ၿမိဳ႕ထဲသို႔ဝင္ေရာက္ခဲ့ၾကေတာ့သည္။
ပုံမွန္အတိုင္း စည္ကားေနသည့္ ၿမိဳ႕ေတာ္ေဈးမွ ျဖတ္သန္းၾကစဥ္ ေပ်ာ္႐ႊင္ရယ္ေမာေနၾကသည့္ ျပည္သူေတြကိုၾကည့္ၿပီး ယုဖုန္း ဝမ္းနည္းမိသည္။
သူ႕ဖခင္က နန္းတက္ခ်ိန္မွစၿပီး အၿမဲ ျပည္သူေတြအတြက္ေတြးေပးကာ မွ်တစြာအုပ္ခ်ဳပ္ခဲ့ေပမယ့္ ျပည္သူေတြကေတာ့ သူတို႔ဘုရင္ကြပ္မ်က္ခံရမယ္ေၾကညာထားတဲ့ ေန႕မွာေတာင္ ဘယ္လိုလုပ္ေပ်ာ္႐ႊင္ေနနိုင္ရတာလဲ။
သူ႕လက္ေတြကို တင္းၾကပ္စြာဆုပ္ကိုင္လာသည့္ ရိရိေၾကာင့္ ယုဖုန္း အံႀကိတ္ကာသာ ဆက္ေလ်ာက္လာခဲ့သည္။
"ဒုံး ဒုံး!!!"
စည္းခ်က္က်က်ထြက္ေပၚေနသည့္ ဗုံသံေတြက နန္းေတာ္ႏွင့္ နီးကပ္လာေလ ပိုက်ယ္ေလာင္လာေလျဖစ္သည္။
နန္းေတာ္တံတိုင္းေပၚမွာ လွံေတြေထာင္ထားၿပီး လွံထိပ္မွာရွိေနသည့္ အရာေတြက ယုဖုန္းဒူးေတြကို ၫြတ္က်သြားေစသည္။
ထ်န္းရိ အျမန္ယုဖုန္းကို ထိန္းဖက္ကာ သူ႕ရင္ခြင္ထဲမ်က္ႏွာအပ္ေစလိုက္သည္။
"မၾကည့္နဲ႕ ယုအာ....
ေခါင္းကိုငုံ႕ထား......"
ယုဖုန္း နားထင္ေၾကာေတြေထာင္ထလာသည္ အထိ အံကိုႀကိတ္ထားခဲ့သည္။
နန္းေတာ္တံခါးေရွ႕မွာေတြ ဗုံေတြတီးခတ္ၿပီး လူအမ်ားစုေဝးေနသည္မွာ ပြဲေတာ္တစ္ခုလိုပင္။
အသီးလွည္းကို ရပ္ၿပီး သူတို႔အဖြဲ႕ ထိုလူအုပ္ႏွင့္ ေရာႏွောေနလိုက္သည္။
"လုံမ်ိဳးႏြယ္ေတြကို မကြပ္မ်က္ခင္ ေ႐ႊေတြႀကဲဦးမယ္တဲ့.....
ဒီေန႕ေတာ့ပြၿပီေဟ့!"
နန္းေတာ္တံခါးေဘးမွာကပ္ထားသည့္ ေၾကညာစာအသစ္ကို ဖတ္ၿပီး လူေတြပိုမ်ားလာေနသည္။
လုံမ်ိဳးႏြယ္......
ယုဖုန္းစိတ္ထဲမွ ေရ႐ြတ္လိုက္သည္။
နန္းလုခံရသည့္ သူ႕ဖခင္ကို သူ႕ဖခင္ရဲ႕ျပည္သူေတြကေခၚတာ လုံမ်ိဳးႏြယ္တဲ့လား.....
ယုဖုန္းနာၾကည္းမႈေတြကို ထပ္ၿပီးမ်ိဳသိပ္ရလြန္းလို႔ ရင္ဘက္ေတြပင္ေအာင့္လာသည္။
႐ုတ္တရက္ဗုံသံေတြရပ္တန့္သြားသည္။
"ထြက္လာၿပီ!"
နန္းေတာ္တံခါးပြင့္သံႏွင့္ ေတာ္ဝင္ကိုယ္ရံေတာ္ဝတ္စုံဝတ္ထားသည့္ လူမ်ားေရွ႕ဆုံးကထြက္လာသည္။
"အရွင္မင္းႀကီး...... "
ဟဲပင္း တိုးတိုးေလးေရ႐ြတ္ၿပီး သံႀကိဳးေတြတ႐ြတ္တိုက္ဆြဲကာ ေခၚထုတ္လာခံရေသာ သူတို႔ရဲ႕ ဘုရင္ႏွင့္ အိမ္ေရွ႕စံကိုျမင္လိုက္ရသည္။
နီရဲေနသည့္ မ်က္ဝန္းေတြႏွင့္ ဖခမည္းေတာ္တို႔ကို အျပစ္သားစင္ထက္ေရာက္ေတာ့ ေခၚလာသည့္ရဲမက္က ဒေဂါက္ေကြးအားကန္ကာ ဒူးေထာက္ေစသည္။
ထို႔ေနာက္တြင္ေတာ့ စြန္းအမတ္ႀကီးႏွင့္ မုထ်န္းရိ၏အေဖအပါအဝင္ သစၥာေဖာက္အမတ္မ်ားစြာလည္း ေရာက္ရွိလာသည္။
နန္းေတာ္တံတိုင္းထက္ ျမႇားတပ္သားေတြေနရာယူၿပီးေနာက္ လီဟြာႏွင့္ သူမဖခင္ထြက္လာခဲ့ေတာ့သည္။
"ဒုံး!! ဒုံး!!"
တစ္ဖန္ဗုံသံေတြျပန္လည္တီးခတ္လာခ်ိန္မွာေတာ့ လူအုပ္ႀကီးဟာလႈပ္လႈပ္ရွားျဖစ္လာသည္။
အသီးမ်ားေအာက္မွ ဓားေတြကို ထုတ္ယူကာ ဝတ္႐ုံေတြၾကားမွာ ဖြက္လိုက္ၾကသည္။
"ေ႐ႊေတြ!!"
နန္းေတာ္တံတိုင္းေပၚမွာ အရာရွိဖူက ေ႐ႊတုံးငယ္ေတြကိုစတင္ႀကဲခ်လိဳက္ရာ သူတို႔အဖြဲ႕လည္း အမ်ားနည္းတူ လုေကာက္ခ်င္ေယာင္ေဆာင္၍ လူတိုး၍ေ႐ြ႕သလိုမ်ိဳး ကြပ္မ်က္စင္နားတိုးသြားၾကသည္။
သူတို႔အားလုံး အသင့္ယူလာသည့္ အဝတ္လုံးေလးေတြကို နားထဲထိုးထည့္ကာ ေခါင္းေတြငုံ႕ထားသည္။
ယုဖုန္း သူအခ်က္ျပတာကိုေစာင့္ေနၾကသည့္ ဘင္းဝမ္တို႔ကို ေခါင္းညိတ္ျပလိုက္သည္။
ဘင္းဝမ္ ခ်က္ခ်င္း အလင္းလို အလ်င္ႏွင့္ ဓားကိုထုတ္ကာ မလွမ္းမကမ္းမွာ ရဲမက္ေတြဆီေျပးဝင္သြားေတာ့သည္။
"ခြၽင္!!!"
"အား!!"
ဓားသံေအာ္သံေတြထြက္ေပၚလာၿပီး လူအုပ္ႀကီးဟာ အလန့္တၾကားၿပိဳကြဲလာသည္။
"ပစ္!"
နန္းေတာ္တံတိုင္းထက္မွလည္း အမိန့္သံတစ္ခုႏွင့္ ျမႇားေတြစတင္ပစ္လႊတ္လာသည္။
မုထ်န္းရိ၏ မ်က္ဝန္းစိမ္းျပာေရာင္ေတြမွာ အေရာင္ေတာက္လာၿပီး သူတို႔ထံဦးတည္လာေသာျမႇားေတြကို ေလထဲမွာပဲ ေအးခဲကာ အမႈန့္ျဖစ္သြားေစသည္။
ယုဖုန္း သူ႕ဖခမည္းေတာ္ထံေရာက္ဖို႔ သူ႕ထံေျပးဝင္လာသည့္ လွံေတြဓားေတြကိုေရွာင္တိမ္းရင္း ဖုန္းဟြာကိုေဝွ႕ယမ္းကာ သစၥာေဖာက္ေတြကို ခုတ္မႊန္းပစ္သည္။
"မုထ်န္းရိ ရပ္စမ္း!!"
လီဟြာ မုထ်န္းရိကို ၾကည့္ကာအမိန့္ေပးလိုက္ေပမယ့္ မုထ်န္းရိကေတာ့ မၾကားနိုင္ဘဲ ေခါင္းကိုေမာ့ကာသာ ျမႇားေတြကို ေခ်မြေနဆဲ။
"ဘင္းဝမ္ ရပ္!!"
သူမအမိန့္ေပးေပမယ့္ ဘယ္သူ႕ကိုမွ ထိန္းခ်ဳပ္မရရာ လီဟြာ ေသခ်ာၾကည့္လိုက္ေတာ့မွာ နားေတြထဲပိတ္ဆို႔ထားသည္ကိုေတြ႕လိုက္ရသည္။
"အေဖ....."
လီစြန္း အင္အားအျပည့္ျဖင့္ တိုက္ခိုက္ေနၾကသည့္ လူတစ္စုကိုၾကည့္ကာ ကြပ္မ်က္စင္ေပၚတက္ခဲ့ေတာ့သည္။
သူစစ္ပြဲေတြမွာသုံးခဲ့သည့္ ဓားကို ထုတ္ကာ နန္းက်ဘဳရင္လုံလီဖုန္း၏ လည္ပင္းထက္တြင္တင္လိုက္သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽
AN:နာမည္ေတြေရာေနၾကမယ္ထင္လို႔ ရွင္းျပမလို႔ပါရွင့္
ယုဖုန္း(ယုအာ)မွာက ကိုယ္ရံေတာ္ငါးေယာက္ရွိေပမယ့္ သုံးေယာက္ကိုပဲအဓိကေဖာ္ျပထားတယ္
ဘင္းဝမ္- လ်င္ျမန္တဲ့အစြမ္း
ပိုင္မင္-အကာအကြယ္အစြမ္း
က်ိဳခ်င္း-အလင္းအစြမ္း
ဟဲပင္းကေတာ့ ယုဖုန္းခမည္းေတာ္ရဲ႕ အနီးကပ္ကိုယ္ရံေတာ္ျဖစ္ၿပီး လက္ရွိမွာေတာ့ အဆိပ္မိထားလို႔ အစြမ္းေတြေပ်ာက္ေနတာပါ
အထိန္းေတာ္ႀကီးရဲ႕ ေမြးစားကေလးႏွစ္ေယာက္က ကြမ္းမင္နဲ႕ ႐ုံရွင္း
ကြမ္းမင္-ႀကံ့ခိုင္အင္အားႀကီးသည့္အစြမ္း
႐ုံရွင္း ကိုေတာ့ ဘာအစြမ္းလည္းကိုယ္မေဖာ္ျပရေသးပါဘူးရွင့္
အရာရွိဖူက လီေဟာ္ရဲ႕လက္႐ုံးပါ
အားလုံး မွတ္မိၾကပါေစ❤
◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro