Part-19 ( escape )
Unicode
နေဝင်သည်နှင့် နန်းတော်အတွင်းမှ မီးအိမ်များကို အပျိုတော်တွေက စတင် ထွန်းညှိနေ ကြသည်။
အထိန်းတော်မင် ယူလာပေးသည့် အကြမ်းရည်အိုးထဲမှ တစ်ခွက်ငှဲ့ပြီး ယုဖုန်းတစ်ငုံလောက်သောက်လိုက်ကာ မေးလိုက်သည်။
"လီဟော် ဘယ်အချိန်လာမှာလဲ....."
"အရှင်မင်းကြီး ခဏနေလောက်ဆို လာတော့မှာပါ အရှင့်သား"
"ကိုယ်တော့် ဆံပင်တွေကို ထုံးပေးပါလား..."
"ဟုတ်ကဲ့ "
ယုဖုန်း ရေခြောက်ခါစ ဆံပင်တွေကို သေချာထုံးဖွဲ့ခိုင်းလိုက်ကာ အနီရောင်ကျောက်စိမ်းဆံထိုးကို တပ်ဆင်လိုက်သည်။
"နန်းဆောင်တံခါးတွေအကုန်ဖွင့်ထားပေး.....
လေကောင်းလေသန့်ရှူချင်တယ်....."
"ဟုတ်ကဲ့...."
နန်းဆောင်တံခါးတွေဖွင့်ပေးပြီးနောက် အထိန်းတော်အပျိုတော်တွေကို ခပ်လှမ်းလှမ်းမှသာ ခစားဖို့ ယုဖုန်းအမိန့်ပေးလိုက်သည်။
အင်္ကျီလက်အတွင်းမှ ဆေးအိတ်ငယ်လေးကိုထုတ်ကာ အကြမ်းရည်အိုးထဲသို့ ယုဖုန်းလောင်းထည့်လိုက်သည်။
အလွယ်တကူအလျင်အမြန် ပျော်ဝင်သွားသည့် ဆေးတွေက ရှောင်ချိုး ကနေတစ်ဆင့် ကွမ်းမင်ပို့ပေးခဲ့သည့် အိပ်ဆေးပြင်းများဖြစ်သည်။
"လောကကြီးက တကယ်ကို မှောင်မိုက်နေပြီပဲ....."
လကွယ်ညမို့ မီးအိမ်အလင်းရောင်မှလွဲ၍ ကောင်းကင်ကြီးကမှောင်မဲနေသည်။
မလှမ်းမကမ်းစင်နိမ့်ပေါ်တွင်တော့ လီဟော်ပြန်ထားထားပေးသည့် ယုဖုန်း၏ဓား ဖုန်းဟွာကနက်မှောင်စွာ တည်ရှိနေသည်။
ယုဖုန်း သူ့အစ်မတော်လက်ဆောင်ပေးထားသည့် ကျောက်စိမ်းပုလွေလေးကိုယူကာ စိတ်တည်ငြိမ်အောင်ထားရင်း မှုတ်နေခဲ့သည်။
ခမ်းလှမ်းလှမ်းမှ ရွှေရောင်ဝတ်ရုံဝတ်ထားသည့် လူရိပ်ကိုတွေ့တာနဲ့ ယုဖုန်း ပုလွေကိုပြန်ချထားသည်။
"ဆက်မှုတ်လေ ယုအာ....."
ယုဖုန်းမကြားသလိုပဲ ပုလွေကို နေရာတကျပြန်ထားလိုက်သည်။
သူ့ခန္ဓာကိုယ်ကို အနောက်ကနေ သိမ်းကြုံးဖက်လာစဥ် ယုဖုန်း အလိုမကျစွာ ရုန်းပေမယ့် ထိုလူ့လက်တွေကြားကရုန်းထွက်ဖို့ သူမအောင်မြင်နိုင်ပြန်။
ယနေ့မှ ယုဖုန်းဆံပင်တွေကို ချမထားဘဲ ထုံးထားတာကြောင့် ရှင်းရှင်းလင်းလင်းရှိနေသည့် ဂုတ်သားဖွေးဖွေးလေးကို လီဟော်ငုံ့နမ်းလိုက်သည်။
"ကိုယ်ရံတော်တွေရှိနေတယ်..."
ယုဖုန်း၏အသံတိုးတိုးကြောင့် လီဟော်ပြုံးသည်။
ကိုယ်ရံတော်တွေက နန်းဆောင်အပြင်မှာ ရပ်နေကြပေမယ့် နန်းဆောင်တံခါးတွေဖွင့်ထားတာမို့ အကုန်မြင်နေရမည်ဖြစ်သည်။
"မင်းတို့သွားနားလို့ရပြီ!"
"ဟုတ်ကဲ့!!"
ကိုယ်ရံတော် အထိန်းတော်တွေအားလုံး သက်ဆိုင်ရာ အိပ်ဆောင်တွေဆီထွက်ခွာသွားကြတော့သည်။
သူ့ကိုအနောက်ကနေ တဖွဖွနမ်းနေသည့် လီဟော့်လက်တွေကြားမှ ယုဖုန်းခန္ဓာကိုယ်ကိုလှည့်ကာ ထိုလူနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော့်ပုံကို ပန်းချီဆွဲပေးပါလား"
ထူးထူးဆန်းဆန်း သူ့ကိုယုအာက ပန်းချီဆွဲဖို့တောင်းဆိုလာတာမို့ လီဟော်အံ့ဩသွားသည်။
"အခုလား..."
"အင်း.....
နေ့ခင်းဆို ခင်ဗျားကမအားဘူးလေ.....
အခုဆွဲပေး...."
"ကောင်းပြီ"
ယုဖုန်း ခပ်မြန်မြန်ပဲ ပန်းချီဆွဲဖို့ ပစ္စည်းတွေကို ပြင်ဆင်ပေးကာ အကြမ်းရည်တစ်ခွက်ငှဲ့ပြီး လီဟော်ကိုတိုက်လိုက်သည်။
လီဟော်ကတော့ တက်တက်ကြွကြွရှိနေသည့် ယုအာကြောင့် ခပ်ပြုံးပြုံးပဲ အကြမ်းရည်ကို သောက်လိုက်သည်။
"ကျွန်တော် ဘယ်နားမှာ ထိုင်ရမလဲ"
"အဲ့ပြတင်းပေါက်ဘေးမှာထိုင်"
ယုဖုန်း ပြတင်းပေါက်နံဘေးတွင်မထိုင်ခင် အကြမ်းရည်တစ်ခွက်ကို ငှဲ့ကာ လီဟော့်အနားချပေးထားခဲ့သေးသည်။
ပုံတူကိုစတင်ရေးဆွဲသည်နှင့် လီဟော်၏အာရုံက ယုဖုန်းအပေါ်တွင်အပြည့်အဝရှိနေသည်။
သူသဘောကျသည့် ချယ်ရီရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ယုအာကို လီဟော် သေချာစိုက်ကြည့်နေမိရာ ယုအာကလည်း သူ့ကိုပြန်စိုက်ကြည့်လာသည်။
မျက်တောင်မခတ်စိုက်ကြည့်နေကြသည့် မျက်ဝန်းနှစ်စုံမှာ တစ်ဦးက ပြုံးနေပေမယ့် တစ်ဦးကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ကာတည်တန့်နေသည်။
ယုအာ၏ မျက်ဝန်းနက်လေးတွေကိုကြည့်နေမိရင်းမှ လီဟော်တဖြည်းဖြည်း တုန်လှုပ်ကာ စိတ်နှင့်လူမကပ်တော့သလို ခံစားလာရပြီး အကြည့်ကိုလွှဲလိုက်ရသည်။
"အဟမ်း..."
ကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်းမသိရာ အရှက်ပြေချောင်းဟန့်ပြီး နံဘေးမှအကြမ်းရည်ကိုယူသောက်မိသည်။
ယုဖုန်း အပြင်မှလေတိုးသံတွေကိုနားစွင့်နေရင်း စိတ်ထဲမှ အချိန်ကိုရေတွက်နေခဲ့သည်။
လီဟော်တဖြည်းဖြည်း မျက်ဝန်းတွေစေ့ပိတ်လာပြီး ခေါင်းငိုက်စိုက်ကျလာချိန်မှာ ယုဖုန်းထိုင်နေရာမှထလိုက်သည်။
လီဟော်တကယ်အိပ်ပျော်သွားတာ ဟုတ်မဟုတ်စစ်ဆေးပြီးနောက် ယုဖုန်း သူဝတ်ထားသည့် ချယ်ရီရောင်ဝတ်စုံကိုချွတ်လိုက်သည်။
သူအသင့်ပြင်ထားသည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီးနောက် ဖုန်းဟွာကို ယူလိုက်ကာ အဆိပ်ရည်သုတ်လိမ်းထားသည့် ဓားမြှောင်ကို ခါးစည်းကြိုးကြား ထိုးထည့်လိုက်သည်။
စားပွဲအနားရှိအံဝှက်ထဲမှ ပေလွှာဘူးကိုလည်း ကျောတွင်လွယ်ကာ သူနန်းဆောင်မှ ထွက်လာခဲ့တော့သည်။
"ရွှီး!!"
ယုဖုန်း အမှောင်ရိပ်ထဲမှ လက်ခေါက်မှုတ်ကာ အချက်ပြလိုက်သည်။
မလှမ်းမကမ်း သစ်ပင်တွေထက်မှ လူရိပ်တွေဆင်းလာသည်။
"အရှင့်သား...."
"ဝမ်ဝမ်"
သူ့ကိုအရိုအသေပေးလာသည့် သူ၏ကိုယ်ရံတော်ငါးဦးနှင့်ကွမ်းမင်.....
ကွမ်းမင်က တော်ဝင်ကိုယ်ရံတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘင်းဝမ်တို့ငါးဦးကတော့ သာမန်ရဲမက်ဝတ်စုံတွေနှင့်ဖြစ်သည်။
"အရှင့်သား ဒါလေးဝတ်လိုက်ပါ"
ကွမ်းမင်ပေးလာသည့် ရဲမက်ဝတ်စုံကို ယုဖုန်းအပေါ်မှ ထပ်ဝတ်ဆင်ကာ ရဲမက်ဦးထုပ်ကိုဆောင်းလိုက်သည်။
ရဲမက်ဝတ်စုံက ယုဖုန်းနှင့်ကြီးပြီး ပွနေပေမယ့် အလင်းရောင်ကောင်းကောင်းမရှိတာမို့ သိပ်မသိသာလောက်ပေ။
သူလွယ်လာသည့် ပေလွှာဘူးကိုတော့ ကွမ်းမင်က ယူကာလွယ်လိုက်သည်။
"သွားကြရအောင်"
ကွမ်းမင်ဦးဆောင်သည့်နောက်မှ ယုဖုန်းတို့ နှစ်ယောက်စီ ဘေးချင်းကပ်လျက် တန်းစီလိုက်လာခဲ့ကြသည်။
လမ်းမှာ တခြားရဲမက်တွေနှင့် တွေ့ပေမယ့် သူတို့ကို ကင်းလှည့်နေသည့် အဖွဲ့ဟုထင်ကာ အာရုံစိုက်မခံရပေ။
နန်းတော်တံခါးအနားရောက်လာချိန်မှ ယုဖုန်းစိတ်အနည်းငယ် သက်သာရာရသွားသည်။
ကွမ်းမင် သူ၏တံဆိပ်ပြားကို နန်းတော်တံခါးစောင့် ရဲမက်ထံပြပြီး တံခါးဖွင့်ပေးခိုင်းသည်။
"သူတို့ရော အပြင်ထွက်မှာလား"
"ဒါပေါ့.....
ဒီနေ့ ဆောင်ကြာမြိုင်မှာ သွားသောက်ကြမလို့လေ..... "
တံခါးစောင့်ရဲမက်က သူတို့အား အားကျဟန်ကြည့်လာပြီး ကွမ်းမင်၏တံဆိပ်ကိုပြန်ပေးကာ တံခါးဖွင့်ရန်အချက်ပြလိုက်သည်။
"ကျွီ...!!!"
နန်းတော်တံခါး ပွင့်လာတာကိုကြည့်ရင်းယုဖုန်း သက်ပြင်းတိုးတိုးလေးချနိုင်သွားသည်။
"ရပ်လိုက်!!!"
ပြေးလာနေသည့် ခြေသံပေါင်းများစွာနှင့် ယုဖုန်း ရင်းနှီးနေသည့် လီဟော်၏အမိန့်သံ....
"ဝမ်ဝမ်"
ယုဖုန်းကြောက်လန့်တကြား ဘင်းဝမ်၏ လက်ကိုဆွဲလိုက်သည်။
တံခါးစောင့်များက ပွင့်နေသည့်တံခါးရှေ့ပိတ်ရပ်ကာ ဓားတွေထုတ်လိုက်ကြသည်။
တဖက်ကကိုယ်ရံတော်များစွာနှင့်အတူ လီဟော့်လက်ထဲမှာလည်း ဓားတစ်လက်ရှိနေသည်။
"ယုဖုန်း!!! ပြန်လာခဲ့!"
မီးတုတ်များမှရောင်ပြန်ဟပ်နေသည့် အလင်းရောင်နှင့် လီဟော်၏ ပယင်းရောင်မျက်ဝန်းတစ်ဖက်မှာ မီးလိုတောက်ပနေသည်။
လီဟော်ခေတ္တမှေးခနဲဖြစ်သွားပြီး နိုးလာချိန်မှာ သူ့အနားမှာယုအာမရှိတော့.....
ကိုယ်ရံတော်တွေနှင့် အမြန်လိုက်ရှာခဲ့သည့်နောက် ကံကောင်းထောက်မစွာ နန်းတော်တံခါးနားမှာ သူ့ပိုင်ဆိုင်မှုလေးကို တွေ့ရသည်။
ရဲမက်ဝတ်စုံဝတ်ထားသည့် ကိုယ်သေးသေးလေးက သူ့ကိုကြည့်ပြီး တုန်ယင်လာရှာသည်။
"ယုအာ....လိမ္မာတယ်...
လာ....ကိုယ်နားကိုလာခဲ့....."
လီဟော်တဖြည်းဖြည်း လက်တစ်ဖက်ကမ်းလျှက် သူတို့အနားကပ်လာရာ ယုဖုန်းတို့လည်း နန်းတော်တံခါးဘက် တဖြည်းဖြည်းတိုးသွားကြသည်။
နန်းတော်တံခါးစောင့်ရဲမက်တွေနှင့် တစ်ဖက်က လီဟော်ကြားမှာ သူတို့အဖွဲ့ပိတ်မိသွားသည်။
ယုဖုန်းသူ့လက်ထဲမှ ဖုန်းဟွာဓားကို ကွမ်းမင်ထံပေးလိုက်သည်။
"ယုအာ....."
ယုဖုန်း အံကိုကြိတ်လျက် သူ့ကို ကာကွယ်ပေးနေသည့် ဘင်းဝမ်တို့နောက်မှ ထွက်ကာ လီဟော့်ထံ လျှောက်သွားတော့သည်။
"အရှင့်သား....."
ကွမ်းမင်တို့က လှမ်းဆွဲပေမယ့် ယုဖုန်း လီဟော့်ထံသို့ ချဥ်းကပ်သွားသည်။
ကမ်းပေးထားသည့် လံဟော့်လက်ကို ဆွဲကိုင်လိုက်စဥ် သူ့ကို လီဟော်က နင့်နင့်နဲနဲပွေ့ဖက်လာသည်။
ရုတ်တရက်ဆန်စွာပဲ လက်ခနဲဖြစ်သွားသည့် အလင်းရောင်ပြန်ငယ်လေးနှင့် ချွန်ထက်သည့် ဓားမြှောင်တစ်ချောင်းဟာ လီဟော်၏ရင်ဘက်တွင်စိုက်ဝင်လျက်သားဖြစ်သွားသည်။
ယုဖုန်းသွေးတွေပေသွားသည့် သူ့လက်ကို လီဟော်၏ဝတ်ရုံမှာသုတ်ကာ သူ့ကိုအသိမကပ်စွာကြည့်နေသည့် ထိုလူကို တွန်းဖယ်ပစ်လိုက်တော့သည်။
လီဟော်လဲကျသွားသည်နှင့် ဓားချင်းထိခတ်သံတွေဆူညံစွာထွက်ပေါ်လာတော့သည်။
"အရှင့်သား!"
ကွမ်းမင်ပစ်ပေးသည့် ဖုန်းဟွာကိုဖမ်းလိုက်ပြီး ဓားအိမ်အတွင်းမှဆွဲထုတ်ကာ ပြေးလာနေသည့် ရဲမက်တစ်ယောက်ကို ခုတ်ပိုင်းလိုက်သည်။
နန်းတော်တံခါးမှာ သွေးတွေရဲလာသည့်နောက် သူတို့အဖွဲ့ နန်းတော်အပြင်သို့ ထွက်ခွာလာနိုင်ခဲ့သည်။
ပြင်ဆင်ထားသည့် မြင်းတွေဆီပြေးတက်ပြီး မြို့တော်မှ သူတို့အမြန်ထွက်ရတော့သည်။
မြို့တံခါးစောင့်တွေကလည်း အရှိန်ပြင်းစွာမြင်းတွေစီးလာသည့် သူ့တို့အဖွဲ့ကို မြှားတွေနှင့်ပစ်ပေမယ့် ကိုယ်ရံတော်ပိုင်မင်၏ အကာအကွယ်ဒိုင်းအစွမ်းကြောင့် သူတို့ကိုဖုံးအုပ်ထားသည့် အဖြူရောင်အလွှာကိုသာထိမှန်ခဲ့သည်။
မြို့ပြင်တောစပ်ကိုရောက်သည်နှင့် ကိုယ်ရံတော်ကျိုချင်းကအလင်းအစွမ်းနှင့်ဦးဆောင်ကာ အရှေ့မှသွားပြီး သူတို့အရှိန်မလျော့ကြပေ။
ဤတောမှာ ညဘက်တွင်အဆိပ်ရှိ သတ္တဝါများ ပေါများကျက်စားသဖြင့် တော်ရုံလူဝင်ရဲမည်မဟုတ်ပေ။
အနောက်မှလိုက်လာသည့် မြင်းခွာသံတွေက တဖြည်းဖြည်းဝေးကွာစွာကျန်နေခဲ့ပြီးနောက် သူတို့လျှို့ဝှက်နေရာကို ရောက်ရှိခဲ့ကြတော့သည်။
ရေတံခွန်မှရေကျသံဟာ ပြင်းထန်မနေဘဲ ညိမ့်ညိမ့်ညောင်းညောင်းသာရှိနေပြီး ရေတံခွန်နောက်ဂူထဲမှာ မီးအလင်းရောင်ရှိနေသည်။
"အရှင်မင်းကြီးရဲ့ ကိုယ်ရံတော် ဟဲပင်းက ဒီနေရာကို စည်းချပေးထားလို့ အရင်သိတဲ့သူဆိုရင်တောင် ဒီနေရာကို ရှာလို့တွေ့မှာမဟုတ်လို့ စိတ်ချထားလို့ရပါတယ်အရှင့်သား....."
ယုဖုန်း စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။
"မင်းသားငယ်နဲ့ မင်းသမီးငယ်လေးက အရှင့်သားကိုစောင့်နေကြတာ....."
"ခဏ"
လှမ်းခေါ်တော့မည့်ဟန်ပြင်နေသည့် ဘင်းဝမ် ကိုယုဖုန်းတားလိုက်သည်။
ယုဖုန်းသွေးနံ့တွေနှင့် ရဲမက်ဝတ်စုံကိုချွတ်ပစ်ကာ သွေးများပေနေသော သူ့ဓားဖုန်းဟွာကို ဆေးကြောလိုက်သည်။
"သွားမယ်...."
ယုဖုန်း ရေကျနေသည့် ရေတံခွန်အောက်မှ လူတစ်ယောက်လျောက်သာရုံလမ်းလေးကိုဖြတ်၍ ဂူပေါက်ဝသို့ရောက်လာခဲ့သည်။
"ကျင်းအာ ဖန်းအာ"
"ဦးရီးတော်!"
ဝမ်းသာအားရပြေးလာသည့် ကလေးနှစ်ယောက်ကို ယုဖုန်းပွေ့ဖက်ကာ နဖူးပြင်လေးတွေထက်နမ်းလိုက်သည်။
"အရှင့်သားကို အရိုအသေပေးပါတယ်"
သူနှင့် သိပ်မစိမ်းသည့် အစ်ကိုတော်အမတော်များ၏ကိုယ်ရံတော် ခြောက်ဦးနှင့်အတူ ခမည်းတော်၏ကိုယ်ရံတော်ဟဲပင်းကိုပါ တွေ့ရသည်။
"ထပါ"
"ကိုယ်ရံတော်ကြီး ဆေးရပြီ"
ရုံရှင်းက ကြိုပြီးခါစဆေးတစ်ခွက်ကို ယူလာပြီး ဟဲပင်းကိုတိုက်လိုက်သည်။
"ကိုယ်ရံတော်ကြီးက ဘာဖြစ်လို့လဲ"
ယုဖုန်း အရင်နှင့်မတူစွာ နွမ်းနယ်နေသည့် ကိုယ်ရံတော်ဟဲပင်းကိုမေးလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးတို့နဲ့အတူ အဆိပ်မိခဲ့ပြီး အစွမ်းတွေဆုံးရှုံးထားတဲ့အပြင် ဒီခန္ဓာကိုယ်က မကြာခဏဖျားနာနေလို့ပါ အရှင်မင်းသား"
"နေမကောင်းရင် နားနေတော့လေ"
"ဟုတ်ကဲ့...."
တန်းစီခင်းထားသည့် မြက်ခြောက်များအပေါ်တွင် စောင်ကြမ်းတစ်ထည်ကိုခြုံကာ ကိုယ်ရံတော်ကြီးက အိပ်ပျော်သွားရှာသည်။
ကိုယ်ရံတော်ဟဲပင်းက သူ့ဖခမည်းတော်ထက် သုံးနှစ်မျှပင်အသက်ပိုကြီးကာ အစွမ်းများဆုံးရှုံးပြီးနောက် ခံနိုင်ရည်ရှိဟန်မတူပေ။
ယုဖုန်း မိမိအားတွယ်ကပ်နေသည့် ကလေးနှစ်ဦးကို ၄င်းတို့အတွက်ပြင်ပေးထားသည့် ပိုးသားအခင်းလေးထက်မှာ ချော့သိပ်လိုက်သည်။
"အရှင့်သား.....
သခင်လေး မုထျန်းရိ ရောက်နေပါတယ်"
ဘင်းဝမ်က အကြောင်းလာကြားပြီး အပြင်ပြန်ထွက်သွားသည်။
ယုဖုန်း အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကို ရုံရှင်းနှင့် ထားခဲ့ကာ အပြင်သို့အမြန်ထွက်လာခဲ့တော့သည်။
"ယုအာ....."
ယုဖုန်း ရိရိဆီကိုပြေးသွားမိသည်။
တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည့် မုထျန်းရိကို ယုဖုန်းပြန်ဖက်လိုက်သည်။
ဘင်းဝမ်တို့အဖွဲ့က ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေရာမှ ဝေးရာကိုရှောင်ထွက်သွားပေးကြသည်။
ထျန်းရိ ရင်ခွင်ထဲမှ ကလေးငယ်၏ မျက်နှာလေးကို လက်နှစ်ဖက်နှင့် ကိုင်ကာမော့စေလိုက်ပြီး လွမ်းလွမ်းဆွတ်ဆွတ်ကြည့်နေခဲ့သည်။
"ယုအာ ထွက်ပြေးသွားတယ်လို့ သတင်းကြားကြားချင်း ကိုယ်လည်းထွက်ပြေးလာတာ....."
ယုဖုန်းခေါင်းညိတ်ကာ အားကိုးရာရင်ခွင်ကိုတွေ့သွားပြီမို့ မျက်ရည်များ စတင်ကျဆင်းလာတော့သည်။
"ကိုယ်တောင်းပန်ပါတယ်.....
ကိုယ်အသုံးမကျဘူး.....ယုအာကိုကာကွယ်မပေးနိုင်ခဲ့ဘူး....."
"ယုအာ အရမ်းကြောက်နေခဲ့တာ...."
ရှိုက်ကြီးတငင်ငိုကြွေးနေသည့် ကလေးငယ်ကို မလွတ်တမ်းပွေ့ဖက်ထားရင်း ထျန်းရိ တောင်းပန်စကားကိုသာ တတွတ်တွတ်ပြောနေခဲ့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
ေနဝင္သည္ႏွင့္ နန္းေတာ္အတြင္းမွ မီးအိမ္မ်ားကို အပ်ိဳေတာ္ေတြက စတင္ ထြန္းညွိေန ၾကသည္။
အထိန္းေတာ္မင္ ယူလာေပးသည့္ အၾကမ္းရည္အိုးထဲမွ တစ္ခြက္ငွဲ႕ၿပီး ယုဖုန္းတစ္ငုံေလာက္ေသာက္လိုက္ကာ ေမးလိုက္သည္။
"လီေဟာ္ ဘယ္အခ်ိန္လာမွာလဲ....."
"အရွင္မင္းႀကီး ခဏေနေလာက္ဆို လာေတာ့မွာပါ အရွင့္သား"
"ကိုယ္ေတာ့္ ဆံပင္ေတြကို ထုံးေပးပါလား..."
"ဟုတ္ကဲ့ "
ယုဖုန္း ေရေျခာက္ခါစ ဆံပင္ေတြကို ေသခ်ာထုံးဖြဲ႕ခိုင္းလိုက္ကာ အနီေရာင္ေက်ာက္စိမ္းဆံထိုးကို တပ္ဆင္လိုက္သည္။
"နန္းေဆာင္တံခါးေတြအကုန္ဖြင့္ထားေပး.....
ေလေကာင္းေလသန့္ရႉခ်င္တယ္....."
"ဟုတ္ကဲ့...."
နန္းေဆာင္တံခါးေတြဖြင့္ေပးၿပီးေနာက္ အထိန္းေတာ္အပ်ိဳေတာ္ေတြကို ခပ္လွမ္းလွမ္းမွသာ ခစားဖို႔ ယုဖုန္းအမိန့္ေပးလိုက္သည္။
အကၤ်ီလက္အတြင္းမွ ေဆးအိတ္ငယ္ေလးကိုထုတ္ကာ အၾကမ္းရည္အိုးထဲသို႔ ယုဖုန္းေလာင္းထည့္လိုက္သည္။
အလြယ္တကူအလ်င္အျမန္ ေပ်ာ္ဝင္သြားသည့္ ေဆးေတြက ေရွာင္ခ်ိဳး ကေနတစ္ဆင့္ ကြမ္းမင္ပို႔ေပးခဲ့သည့္ အိပ္ေဆးျပင္းမ်ားျဖစ္သည္။
"ေလာကႀကီးက တကယ္ကို ေမွာင္မိုက္ေနၿပီပဲ....."
လကြယ္ညမို႔ မီးအိမ္အလင္းေရာင္မွလြဲ၍ ေကာင္းကင္ႀကီးကေမွာင္မဲေနသည္။
မလွမ္းမကမ္းစင္နိမ့္ေပၚတြင္ေတာ့ လီေဟာ္ျပန္ထားထားေပးသည့္ ယုဖုန္း၏ဓား ဖုန္းဟြာကနက္ေမွာင္စြာ တည္ရွိေနသည္။
ယုဖုန္း သူ႕အစ္မေတာ္လက္ေဆာင္ေပးထားသည့္ ေက်ာက္စိမ္းပုေလြေလးကိုယူကာ စိတ္တည္ၿငိမ္ေအာင္ထားရင္း မႈတ္ေနခဲ့သည္။
ခမ္းလွမ္းလွမ္းမွ ေ႐ႊေရာင္ဝတ္႐ုံဝတ္ထားသည့္ လူရိပ္ကိုေတြ႕တာနဲ႕ ယုဖုန္း ပုေလြကိုျပန္ခ်ထားသည္။
"ဆက္မႈတ္ေလ ယုအာ....."
ယုဖုန္းမၾကားသလိုပဲ ပုေလြကို ေနရာတက်ျပန္ထားလိုက္သည္။
သူ႕ခႏၶာကိုယ္ကို အေနာက္ကေန သိမ္းႀကဳံးဖက္လာစဥ္ ယုဖုန္း အလိုမက်စြာ ႐ုန္းေပမယ့္ ထိုလူ႕လက္ေတြၾကားက႐ုန္းထြက္ဖို႔ သူမေအာင္ျမင္နိုင္ျပန္။
ယေန႕မွ ယုဖုန္းဆံပင္ေတြကို ခ်မထားဘဲ ထုံးထားတာေၾကာင့္ ရွင္းရွင္းလင္းလင္းရွိေနသည့္ ဂုတ္သားေဖြးေဖြးေလးကို လီေဟာ္ငုံ႕နမ္းလိုက္သည္။
"ကိုယ္ရံေတာ္ေတြရွိေနတယ္..."
ယုဖုန္း၏အသံတိုးတိုးေၾကာင့္ လီေဟာ္ၿပဳံးသည္။
ကိုယ္ရံေတာ္ေတြက နန္းေဆာင္အျပင္မွာ ရပ္ေနၾကေပမယ့္ နန္းေဆာင္တံခါးေတြဖြင့္ထားတာမို႔ အကုန္ျမင္ေနရမည္ျဖစ္သည္။
"မင္းတို႔သြားနားလို႔ရၿပီ!"
"ဟုတ္ကဲ့!!"
ကိုယ္ရံေတာ္ အထိန္းေတာ္ေတြအားလုံး သက္ဆိုင္ရာ အိပ္ေဆာင္ေတြဆီထြက္ခြာသြားၾကေတာ့သည္။
သူ႕ကိုအေနာက္ကေန တဖြဖြနမ္းေနသည့္ လီေဟာ့္လက္ေတြၾကားမွ ယုဖုန္းခႏၶာကိုယ္ကိုလွည့္ကာ ထိုလူႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"ကြၽန္ေတာ့္ပုံကို ပန္းခ်ီဆြဲေပးပါလား"
ထူးထူးဆန္းဆန္း သူ႕ကိုယုအာက ပန္းခ်ီဆြဲဖို႔ေတာင္းဆိုလာတာမို႔ လီေဟာ္အံ့ဩသြားသည္။
"အခုလား..."
"အင္း.....
ေန႕ခင္းဆို ခင္ဗ်ားကမအားဘူးေလ.....
အခုဆြဲေပး...."
"ေကာင္းၿပီ"
ယုဖုန္း ခပ္ျမန္ျမန္ပဲ ပန္းခ်ီဆြဲဖို႔ ပစၥည္းေတြကို ျပင္ဆင္ေပးကာ အၾကမ္းရည္တစ္ခြက္ငွဲ႕ၿပီး လီေဟာ္ကိုတိုက္လိုက္သည္။
လီေဟာ္ကေတာ့ တက္တက္ႂကြႂကြရွိေနသည့္ ယုအာေၾကာင့္ ခပ္ၿပဳံးၿပဳံးပဲ အၾကမ္းရည္ကို ေသာက္လိုက္သည္။
"ကြၽန္ေတာ္ ဘယ္နားမွာ ထိုင္ရမလဲ"
"အဲ့ျပတင္းေပါက္ေဘးမွာထိုင္"
ယုဖုန္း ျပတင္းေပါက္နံေဘးတြင္မထိုင္ခင္ အၾကမ္းရည္တစ္ခြက္ကို ငွဲ႕ကာ လီေဟာ့္အနားခ်ေပးထားခဲ့ေသးသည္။
ပုံတူကိုစတင္ေရးဆြဲသည္ႏွင့္ လီေဟာ္၏အာ႐ုံက ယုဖုန္းအေပၚတြင္အျပည့္အဝရွိေနသည္။
သူသေဘာက်သည့္ ခ်ယ္ရီေရာင္ဝတ္စုံအား ဝတ္ဆင္ထားေသာ ယုအာကို လီေဟာ္ ေသခ်ာစိုက္ၾကည့္ေနမိရာ ယုအာကလည္း သူ႕ကိုျပန္စိုက္ၾကည့္လာသည္။
မ်က္ေတာင္မခတ္စိုက္ၾကည့္ေနၾကသည့္ မ်က္ဝန္းႏွစ္စုံမွာ တစ္ဦးက ၿပဳံးေနေပမယ့္ တစ္ဦးကေတာ့ ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာတည္တန့္ေနသည္။
ယုအာ၏ မ်က္ဝန္းနက္ေလးေတြကိုၾကည့္ေနမိရင္းမွ လီေဟာ္တျဖည္းျဖည္း တုန္လႈပ္ကာ စိတ္ႏွင့္လူမကပ္ေတာ့သလို ခံစားလာရၿပီး အၾကည့္ကိုလႊဲလိုက္ရသည္။
"အဟမ္း..."
ကိုယ့္ကိုကိုယ္ဘာျဖစ္သြားမွန္းမသိရာ အရွက္ေျပေခ်ာင္းဟန့္ၿပီး နံေဘးမွအၾကမ္းရည္ကိုယူေသာက္မိသည္။
ယုဖုန္း အျပင္မွေလတိုးသံေတြကိုနားစြင့္ေနရင္း စိတ္ထဲမွ အခ်ိန္ကိုေရတြက္ေနခဲ့သည္။
လီေဟာ္တျဖည္းျဖည္း မ်က္ဝန္းေတြေစ့ပိတ္လာၿပီး ေခါင္းငိုက္စိုက္က်လာခ်ိန္မွာ ယုဖုန္းထိုင္ေနရာမွထလိုက္သည္။
လီေဟာ္တကယ္အိပ္ေပ်ာ္သြားတာ ဟုတ္မဟုတ္စစ္ေဆးၿပီးေနာက္ ယုဖုန္း သူဝတ္ထားသည့္ ခ်ယ္ရီေရာင္ဝတ္စုံကိုခြၽတ္လိုက္သည္။
သူအသင့္ျပင္ထားသည့္ အနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ၿပီးေနာက္ ဖုန္းဟြာကို ယူလိုက္ကာ အဆိပ္ရည္သုတ္လိမ္းထားသည့္ ဓားျမႇောင္ကို ခါးစည္းႀကိဳးၾကား ထိုးထည့္လိုက္သည္။
စားပြဲအနားရွိအံဝွက္ထဲမွ ေပလႊာဘူးကိုလည္း ေက်ာတြင္လြယ္ကာ သူနန္းေဆာင္မွ ထြက္လာခဲ့ေတာ့သည္။
"႐ႊီး!!"
ယုဖုန္း အေမွာင္ရိပ္ထဲမွ လက္ေခါက္မႈတ္ကာ အခ်က္ျပလိုက္သည္။
မလွမ္းမကမ္း သစ္ပင္ေတြထက္မွ လူရိပ္ေတြဆင္းလာသည္။
"အရွင့္သား...."
"ဝမ္ဝမ္"
သူ႕ကိုအရိုအေသေပးလာသည့္ သူ၏ကိုယ္ရံေတာ္ငါးဦးႏွင့္ကြမ္းမင္.....
ကြမ္းမင္က ေတာ္ဝင္ကိုယ္ရံေတာ္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ဘင္းဝမ္တို႔ငါးဦးကေတာ့ သာမန္ရဲမက္ဝတ္စုံေတြႏွင့္ျဖစ္သည္။
"အရွင့္သား ဒါေလးဝတ္လိုက္ပါ"
ကြမ္းမင္ေပးလာသည့္ ရဲမက္ဝတ္စုံကို ယုဖုန္းအေပၚမွ ထပ္ဝတ္ဆင္ကာ ရဲမက္ဦးထုပ္ကိုေဆာင္းလိုက္သည္။
ရဲမက္ဝတ္စုံက ယုဖုန္းႏွင့္ႀကီးၿပီး ပြေနေပမယ့္ အလင္းေရာင္ေကာင္းေကာင္းမရွိတာမို႔ သိပ္မသိသာေလာက္ေပ။
သူလြယ္လာသည့္ ေပလႊာဘူးကိုေတာ့ ကြမ္းမင္က ယူကာလြယ္လိုက္သည္။
"သြားၾကရေအာင္"
ကြမ္းမင္ဦးေဆာင္သည့္ေနာက္မွ ယုဖုန္းတို႔ ႏွစ္ေယာက္စီ ေဘးခ်င္းကပ္လ်က္ တန္းစီလိုက္လာခဲ့ၾကသည္။
လမ္းမွာ တျခားရဲမက္ေတြႏွင့္ ေတြ႕ေပမယ့္ သူတို႔ကို ကင္းလွည့္ေနသည့္ အဖြဲ႕ဟုထင္ကာ အာ႐ုံစိုက္မခံရေပ။
နန္းေတာ္တံခါးအနားေရာက္လာခ်ိန္မွ ယုဖုန္းစိတ္အနည္းငယ္ သက္သာရာရသြားသည္။
ကြမ္းမင္ သူ၏တံဆိပ္ျပားကို နန္းေတာ္တံခါးေစာင့္ ရဲမက္ထံျပၿပီး တံခါးဖြင့္ေပးခိုင္းသည္။
"သူတို႔ေရာ အျပင္ထြက္မွာလား"
"ဒါေပါ့.....
ဒီေန႕ ေဆာင္ၾကာၿမိဳင္မွာ သြားေသာက္ၾကမလို႔ေလ..... "
တံခါးေစာင့္ရဲမက္က သူတို႔အား အားက်ဟန္ၾကည့္လာၿပီး ကြမ္းမင္၏တံဆိပ္ကိုျပန္ေပးကာ တံခါးဖြင့္ရန္အခ်က္ျပလိုက္သည္။
"ကြၽီ...!!!"
နန္းေတာ္တံခါး ပြင့္လာတာကိုၾကည့္ရင္းယုဖုန္း သက္ျပင္းတိုးတိုးေလးခ်နိဳင္သြားသည္။
"ရပ္လိုက္!!!"
ေျပးလာေနသည့္ ေျခသံေပါင္းမ်ားစြာႏွင့္ ယုဖုန္း ရင္းႏွီးေနသည့္ လီေဟာ္၏အမိန့္သံ....
"ဝမ္ဝမ္"
ယုဖုန္းေၾကာက္လန့္တၾကား ဘင္းဝမ္၏ လက္ကိုဆြဲလိုက္သည္။
တံခါးေစာင့္မ်ားက ပြင့္ေနသည့္တံခါးေရွ႕ပိတ္ရပ္ကာ ဓားေတြထုတ္လိုက္ၾကသည္။
တဖက္ကကိုယ္ရံေတာ္မ်ားစြာႏွင့္အတူ လီေဟာ့္လက္ထဲမွာလည္း ဓားတစ္လက္ရွိေနသည္။
"ယုဖုန္း!!! ျပန္လာခဲ့!"
မီးတုတ္မ်ားမွေရာင္ျပန္ဟပ္ေနသည့္ အလင္းေရာင္ႏွင့္ လီေဟာ္၏ ပယင္းေရာင္မ်က္ဝန္းတစ္ဖက္မွာ မီးလိုေတာက္ပေနသည္။
လီေဟာ္ေခတၱေမွးခနဲျဖစ္သြားၿပီး နိုးလာခ်ိန္မွာ သူ႕အနားမွာယုအာမရွိေတာ့.....
ကိုယ္ရံေတာ္ေတြႏွင့္ အျမန္လိုက္ရွာခဲ့သည့္ေနာက္ ကံေကာင္းေထာက္မစြာ နန္းေတာ္တံခါးနားမွာ သူ႕ပိုင္ဆိုင္မႈေလးကို ေတြ႕ရသည္။
ရဲမက္ဝတ္စုံဝတ္ထားသည့္ ကိုယ္ေသးေသးေလးက သူ႕ကိုၾကည့္ၿပီး တုန္ယင္လာရွာသည္။
"ယုအာ....လိမၼာတယ္...
လာ....ကိုယ္နားကိုလာခဲ့....."
လီေဟာ္တျဖည္းျဖည္း လက္တစ္ဖက္ကမ္းလွ်က္ သူတို႔အနားကပ္လာရာ ယုဖုန္းတို႔လည္း နန္းေတာ္တံခါးဘက္ တျဖည္းျဖည္းတိုးသြားၾကသည္။
နန္းေတာ္တံခါးေစာင့္ရဲမက္ေတြႏွင့္ တစ္ဖက္က လီေဟာ္ၾကားမွာ သူတို႔အဖြဲ႕ပိတ္မိသြားသည္။
ယုဖုန္းသူ႕လက္ထဲမွ ဖုန္းဟြာဓားကို ကြမ္းမင္ထံေပးလိုက္သည္။
"ယုအာ....."
ယုဖုန္း အံကိုႀကိတ္လ်က္ သူ႕ကို ကာကြယ္ေပးေနသည့္ ဘင္းဝမ္တို႔ေနာက္မွ ထြက္ကာ လီေဟာ့္ထံ ေလွ်ာက္သြားေတာ့သည္။
"အရွင့္သား....."
ကြမ္းမင္တို႔က လွမ္းဆြဲေပမယ့္ ယုဖုန္း လီေဟာ့္ထံသို႔ ခ်ဥ္းကပ္သြားသည္။
ကမ္းေပးထားသည့္ လံေဟာ့္လက္ကို ဆြဲကိုင္လိုက္စဥ္ သူ႕ကို လီေဟာ္က နင့္နင့္နဲနဲေပြ႕ဖက္လာသည္။
႐ုတ္တရက္ဆန္စြာပဲ လက္ခနဲျဖစ္သြားသည့္ အလင္းေရာင္ျပန္ငယ္ေလးႏွင့္ ခြၽန္ထက္သည့္ ဓားျမႇောင္တစ္ေခ်ာင္းဟာ လီေဟာ္၏ရင္ဘက္တြင္စိုက္ဝင္လ်က္သားျဖစ္သြားသည္။
ယုဖုန္းေသြးေတြေပသြားသည့္ သူ႕လက္ကို လီေဟာ္၏ဝတ္႐ုံမွာသုတ္ကာ သူ႕ကိုအသိမကပ္စြာၾကည့္ေနသည့္ ထိုလူကို တြန္းဖယ္ပစ္လိုက္ေတာ့သည္။
လီေဟာ္လဲက်သြားသည္ႏွင့္ ဓားခ်င္းထိခတ္သံေတြဆူညံစြာထြက္ေပၚလာေတာ့သည္။
"အရွင့္သား!"
ကြမ္းမင္ပစ္ေပးသည့္ ဖုန္းဟြာကိုဖမ္းလိုက္ၿပီး ဓားအိမ္အတြင္းမွဆြဲထုတ္ကာ ေျပးလာေနသည့္ ရဲမက္တစ္ေယာက္ကို ခုတ္ပိုင္းလိုက္သည္။
နန္းေတာ္တံခါးမွာ ေသြးေတြရဲလာသည့္ေနာက္ သူတို႔အဖြဲ႕ နန္းေတာ္အျပင္သို႔ ထြက္ခြာလာနိုင္ခဲ့သည္။
ျပင္ဆင္ထားသည့္ ျမင္းေတြဆီေျပးတက္ၿပီး ၿမိဳ႕ေတာ္မွ သူတို႔အျမန္ထြက္ရေတာ့သည္။
ၿမိဳ႕တံခါးေစာင့္ေတြကလည္း အရွိန္ျပင္းစြာျမင္းေတြစီးလာသည့္ သူ႕တို႔အဖြဲ႕ကို ျမႇားေတြႏွင့္ပစ္ေပမယ့္ ကိုယ္ရံေတာ္ပိုင္မင္၏ အကာအကြယ္ဒိုင္းအစြမ္းေၾကာင့္ သူတို႔ကိုဖုံးအုပ္ထားသည့္ အျဖဴေရာင္အလႊာကိုသာထိမွန္ခဲ့သည္။
ၿမိဳ႕ျပင္ေတာစပ္ကိုေရာက္သည္ႏွင့္ ကိုယ္ရံေတာ္ က်ိဳခ်န္းကအလင္းအစြမ္းႏွင့္ဦးေဆာင္ကာ အေရွ႕မွသြားၿပီး သူတို႔အရွိန္မေလ်ာ့ၾကေပ။
ဤေတာမွာ ညဘက္တြင္အဆိပ္ရွိ သတၱဝါမ်ား ေပါမ်ားက်က္စားသျဖင့္ ေတာ္႐ုံလူဝင္ရဲမည္မဟုတ္ေပ။
အေနာက္မွလိုက္လာသည့္ ျမင္းခြာသံေတြက တျဖည္းျဖည္းေဝးကြာစြာက်န္ေနခဲ့ၿပီးေနာက္ သူတို႔လွ်ို႔ဝွက္ေနရာကို ေရာက္ရွိခဲ့ၾကေတာ့သည္။
ေရတံခြန္မွေရက်သံဟာ ျပင္းထန္မေနဘဲ ညိမ့္ညိမ့္ေညာင္းေညာင္းသာရွိေနၿပီး ေရတံခြန္ေနာက္ဂူထဲမွာ မီးအလင္းေရာင္ရွိေနသည္။
"အရွင္မင္းႀကီးရဲ႕ ကိုယ္ရံေတာ္ ဟဲပင္းက ဒီေနရာကို စည္းခ်ေပးထားလို႔ အရင္သိတဲ့သူဆိုရင္ေတာင္ ဒီေနရာကို ရွာလို႔ေတြ႕မွာမဟုတ္လို႔ စိတ္ခ်ထားလို႔ရပါတယ္အရွင့္သား....."
ယုဖုန္း စိတ္သက္သာရာရစြာ ေခါင္းညိတ္လိုက္သည္။
"မင္းသားငယ္နဲ႕ မင္းသမီးငယ္ေလးက အရွင့္သားကိုေစာင့္ေနၾကတာ....."
"ခဏ"
လွမ္းေခၚေတာ့မည့္ဟန္ျပင္ေနသည့္ ဘင္းဝမ္ ကိုယုဖုန္းတားလိုက္သည္။
ယုဖုန္းေသြးနံ႕ေတြႏွင့္ ရဲမက္ဝတ္စုံကိုခြၽတ္ပစ္ကာ ေသြးမ်ားေပေနေသာ သူ႕ဓားဖုန္းဟြာကို ေဆးေၾကာလိုက္သည္။
"သြားမယ္...."
ယုဖုန္း ေရက်ေနသည့္ ေရတံခြန္ေအာက္မွ လူတစ္ေယာက္ေလ်ာက္သာ႐ုံလမ္းေလးကိုျဖတ္၍ ဂူေပါက္ဝသို႔ေရာက္လာခဲ့သည္။
"က်င္းအာ ဖန္းအာ"
"ဦးရီးေတာ္!"
ဝမ္းသာအားရေျပးလာသည့္ ကေလးႏွစ္ေယာက္ကို ယုဖုန္းေပြ႕ဖက္ကာ နဖူးျပင္ေလးေတြထက္နမ္းလိုက္သည္။
"အရွင့္သားကို အရိုအေသေပးပါတယ္"
သူႏွင့္ သိပ္မစိမ္းသည့္ အစ္ကိုေတာ္အမေတာ္မ်ား၏ကိုယ္ရံေတာ္ ေျခာက္ဦးႏွင့္အတူ ခမည္းေတာ္၏ကိုယ္ရံေတာ္ဟဲပင္းကိုပါ ေတြ႕ရသည္။
"ထပါ"
"ကိုယ္ရံေတာ္ႀကီး ေဆးရၿပီ"
႐ုံရွင္းက ႀကိဳၿပီးခါစေဆးတစ္ခြက္ကို ယူလာၿပီး ဟဲပင္းကိုတိုက္လိုက္သည္။
"ကိုယ္ရံေတာ္ႀကီးက ဘာျဖစ္လို႔လဲ"
ယုဖုန္း အရင္ႏွင့္မတူစြာ ႏြမ္းနယ္ေနသည့္ ကိုယ္ရံေတာ္ဟဲပင္းကိုေမးလိုက္သည္။
"ကြၽန္ေတာ္မ်ိဳး အရွင္မင္းႀကီးတို႔နဲ႕အတူ အဆိပ္မိခဲ့ၿပီး အစြမ္းေတြဆုံးရႈံးထားတဲ့အျပင္ ဒီခႏၶာကိုယ္က မၾကာခဏဖ်ားနာေနလို႔ပါ အရွင္မင္းသား"
"ေနမေကာင္းရင္ နားေနေတာ့ေလ"
"ဟုတ္ကဲ့...."
တန္းစီခင္းထားသည့္ ျမက္ေျခာက္မ်ားအေပၚတြင္ ေစာင္ၾကမ္းတစ္ထည္ကိုၿခဳံကာ ကိုယ္ရံေတာ္ႀကီးက အိပ္ေပ်ာ္သြားရွာသည္။
ကိုယ္ရံေတာ္ဟဲပင္းက သူ႕ဖခမည္းေတာ္ထက္ သုံးႏွစ္မွ်ပင္အသက္ပိုႀကီးကာ အစြမ္းမ်ားဆုံးရႈံးၿပီးေနာက္ ခံနိုင္ရည္ရွိဟန္မတူေပ။
ယုဖုန္း မိမိအားတြယ္ကပ္ေနသည့္ ကေလးႏွစ္ဦးကို ၄င္းတို႔အတြက္ျပင္ေပးထားသည့္ ပိုးသားအခင္းေလးထက္မွာ ေခ်ာ့သိပ္လိုက္သည္။
"အရွင့္သား.....
သခင္ေလး မုထ်န္းရိ ေရာက္ေနပါတယ္"
ဘင္းဝမ္က အေၾကာင္းလာၾကားၿပီး အျပင္ျပန္ထြက္သြားသည္။
ယုဖုန္း အိပ္ေပ်ာ္ေနသည့္ ကေလးႏွစ္ေယာက္ကို ႐ုံရွင္းႏွင့္ ထားခဲ့ကာ အျပင္သို႔အျမန္ထြက္လာခဲ့သည္။
"ယုအာ....."
ယုဖုန္း ရိရိဆီကိုေျပးသြားမိသည္။
တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာသည့္ မုထ်န္းရိကို ယုဖုန္းျပန္ဖက္လိုက္သည္။
ဘင္းဝမ္တို႔အဖြဲ႕က ခပ္လွမ္းလွမ္းမွ ရပ္ၾကည့္ေနရာမွ ေဝးရာကိုေရွာင္ထြက္သြားၾကသည္။
ထ်န္းရိ ရင္ခြင္ထဲမွ ကေလးငယ္၏ မ်က္ႏွာေလးကို လက္ႏွစ္ဖက္ႏွင့္ ကိုင္ကာေမာ့ေစလိုက္ၿပီး လြမ္းလြမ္းဆြတ္ဆြတ္ၾကည့္ေနခဲ့သည္။
"ယုအာ ထြက္ေျပးသြားတယ္လို႔ သတင္းၾကားၾကားခ်င္း ကိုယ္လည္းထြက္ေျပးလာတာ....."
ယုဖုန္းေခါင္းညိတ္ကာ အားကိုးရာရင္ခြင္ကိုေတြ႕သြားၿပီမို႔ မ်က္ရည္မ်ား စတင္က်ဆင္းလာေတာ့သည္။
"ကိုယ္ေတာင္းပန္ပါတယ္.....
ကိုယ္အသုံးမက်ဘဴး.....ယုအာကိုကာကြယ္မေပးနိုင္ခဲ့ဘူး....."
"ယုအာ အရမ္းေၾကာက္ေနခဲ့တာ...."
ရွိုက္ႀကီးတငင္ငိုေႂကြးေနသည့္ ကေလးငယ္ကို မလြတ္တမ္းေပြ႕ဖက္ခါးရင္း ထ်န္းရိ ေတာင္းပန္စကားကိုသာ တတြတ္တြတ္ေျပာေနခဲ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro