Part-18 ( poison )
Unicode
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့် ယုအာကို လီဟော် ထိုင်ကြည့်နေခဲ့မိသည်မှာ ညသန်းခေါင်ယံကိုပင် ကျော်လွန်လာပြီဖြစ်သည်။
"ဟော်ဟော်!
ယုအာ အခုပျော်သွားပြီ!!"
ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေခဲ့သည့် ယုဖုန်း ၏ သွေးဆာနေသောမျက်ဝန်းတွေနှင့် အေးစက်စက်အသံက မြင်ခဲ့ကြားခဲ့ရသူအားလုံးကို အမြဲအမှတ်ရနေစေမည်မှာသေချာသည်။
မြှားပစ်ကွင်းထဲက ကောင်လေးနှင့် ယခုသူ့အနားမှာအိပ်ပျော်နေသည့်ကလေးငယ်ဟာ တစ်ယောက်တည်းရော ဟုတ်ရဲ့လား.....
လီဟော် အိပ်မပျော်နိုင်ဘဲ မနက်ခင်းအာရုံတက်သည်နှင့် ယုဖုန်း၏အဆောင်မှ ထွက်လာခဲ့တော့သည်။
ညီလာခံတက်ဖို့လည်းစောနေသေးရာ တော်ဝင်ဥယျာဥ်ဆီသို့ရောက်ရှိသွားခဲ့သည်။
"အစ်ကိုတော်..."
"လီဟွာ..."
တော်ဝင်ပွဲကြည့်စင်ပေါ်မှ လီဟွာအမြန်ဆင်းလာပြီး သူမအစ်ကိုဖြစ်သူကိုအရိုအသေပေးလိုက်သည်။
"ဒီလောက်အစောကြီး.....
နန်းတော်ထဲကို ဘာကိစ္စရှိလို့လဲ....."
"အရာရှိ စွန်း ကိစ္စပါ....."
"အရာရှိ စွန်း ကိုမနေ့က ဆေးကုသပေးပြီး အိမ်ပြန်ပို့လိုက်ပြီလေ....
ဘာထပ်ဖြစ်လို့လဲ...."
"အရာရှိ စွန်း စိတ်ဖောက်သွားပြီ အစ်ကိုတော်
အမတ်ကြီးစွန်းက သူ့သားရူးသွားလို့ သေချာပေါက် ယုဖုန်းကိုရော အစ်ကိုတော့်ကိုပါအငြိုးအတေးထားလိမ့်မယ်"
"အငြိုးအတေးထားတော့ရော သူဘာလုပ်ရဲမှာလဲ...ယုအာက သူ့သားကိုခြောက်ရုံခြောက်လိုက်တာလေ သေအောင်လုပ်လိုက်တာမဟုတ်ဘူး..."
လီဟွာ သူမအစ်ကိုဖြစ်သူ၏ လုံယုဖုန်းအပေါ်ကာကွယ်ပေးနေမှုတွေကို အတိုင်းသားမြင်နေရသည်။
"ဘာလို့ စွန်းအရာရှိကိုမှ လုံယုဖုန်းက ရူးသွားအောင်လုပ်တာလဲသိလား..."
လီဟော်ခေါင်းရမ်းသည်။
"မနေ့က မင်းသားယုဖုန်းနန်းဆောင်ကို ညီမတော် ရောက်ခဲ့သေးတယ်.....
မုထျန်းရိကို ထိန်းဖို့"
"မုထျန်းရိ?
သူမနေ့က ယုအာဆီလာသေးတာလား!
အတင့်ရဲလို့!!"
"သူအထဲဝင်ခွင့်မရလိုက်ပါဘူး
အရာရှိစွန်းကတားနေတုန်းမှာ ညီမတော်အမြန်ပြန်ခေါ်သွားလိုက်တယ်"
"အဲ့တော့ မုထျန်းရိကို စွန်းကျားချန်ကတားလို့ ယုအာကဒီလိုလုပ်တယ်လို့ပြောချင်တာလား"
လီဟော် စိတ်မရှည်စွာ မေးလိုက်သည်။
"တားတာက ဓားပါတယ်အစ်ကိုတော်
သူတို့တိုက်ခိုက်နေချိန် ညီမတော်က ထိန်းချုပ်လိုက်လို့ မုထျန်းရိ လက်မောင်းဓားထိသွားတယ်....."
စွန်းကျားချန်၏ညာဘက်လက်မောင်းကို ဖောက်ထွက်သွားသည့် မြှားတစ်ချောင်းကို လီဟော်သတိရသွားသည်။
"......."
"အစ်ကိုတော်.....
လုံယုဖုန်းကို လျော့မတွက်ပါနဲ့....
သူကသာမန်လူဖြစ်နေရင်တောင်.....
အစ်ကိုတော်ထင်သလို နူးနူးညံ့ညံ့လေးမဟုတ်ဘူး.....အငြိုးအတေးကြီးတယ်.....
သူအစ်ကိုတော့်ကို ဘယ်တော့မှ ပြန်ချစ်လာမှာမဟုတ်ဘူး....."
"ငါသိတယ်......
သူငါ့ကိုပြန်ချစ်ဖို့မလိုဘူး ငါ့အနားမှာပဲရှိနေရင်ရပြီ"
လီဟွာ သက်ပြင်းသာချပြီး သူမယူလာခဲ့သည့် အနက်ရောင်ပုလင်းငယ်လေးကို လီဟော့်ထံကမ်းပေးလိုက်သည်။
"ဒါ ဘာလဲ"
"အဆိပ်!"
လီဟော် မျက်မှောင်ကြုတ်ကာ ပုလင်းလေးကိုယူလိုက်သည်။
"ဘာအတွက်လဲ"
"လုံယုဖုန်းအတွက်"
"ရူးနေလား....."
လီဟော် ဒေါသဖြင့် ပုလင်းကိုလွင့်ပစ်မယ်လုပ်တော့ လီဟွာကတားသည်။
"ပြောတာကိုပြီးအောင် နားထောင်ပါဦးလား..
ဒါက အဆိပ်ဆိုပေမယ့် ယောက်ျားလေးတစ်ယောက်ရဲ့ အတွင်းပိုင်းတည်ဆောက်ပုံကိုပြောင်းလဲပေးနိုင်တယ်....."
"မဟုတ်မှ....."
"ဟုတ်တယ်.....
သူ အစ်ကိုတော့် အတွက် ကိုယ်ဝန်ဆောင်ပေးနိုင်လိမ့်မယ်....."
ယုအာသာ သူ့သွေးသားကို မွေးခဲ့ရင် သူ့အနားကနေ ထွက်သွားနိုင်မှာမဟုတ်တော့ဘူး
"ဒါကတကယ့်ကို ရှားပါးတဲ့အဆိပ်နော်...."
"ဆိုးကျိုးတွေကရော..."
"ဆိုးကျိုးက သူအဆိပ်ဒဏ်ကို လတိုင်းခံစားရလိမ့်မယ်.....
အဲ့အတွက် ညီမတော် ဆေးထပ်ဖော်ပေးထားတယ်....တစ်လ တစ်ခါ တိုက်ရုံပဲ"
လီဟွာ ဆေးအိတ်ငယ်လေးတစ်အိတ်ကိုပါ ထုတ်ပေးလိုက်သည်။
"သူဒီ အဆိပ်ကိုသောက်ပြီးရင် အစ်ကိုတော့်အနားက ထွက်မသွားနိုင်တော့ဘူး....."
◾◽◾◽◾◽◾◽◾◽◾◽◾◽
အလှည့်ကျနားရက်ရသည့် ကွမ်းမင်တို့မောင်နှမက နန်းတော်ကမထွက်မှီ ယုဖုန်းကို လာတွေ့သည်။
နားရက်ကို အကြောင်းပြကာ သူတို့ မြို့ပြင်ထွက်ပြီး ဘင်းဝမ်တို့နှင့်သွားပူးပေါင်းမှာဖြစ်သည်။
"ငါ့ဆီအကြောင်းကြားစာ ပို့ဖို့အတွက် မင်းတို့ ရှောင်ချိုးကို သုံးလို့ရတယ်.....
သူ့ကို ငါလေ့ကျင့်ပေးထားဖူးတယ်"
"ဟုတ်ကဲ့"
"အရှင့်သား ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
"မင်းတို့လည်း သတိနဲ့သွားပါ"
အရိုအသေပေးကာ ကွမ်းမင်တို့ထွက်သွားသည်နှင့် ယုဖုန်းဟန်မပျက် စာဖတ်စားပွဲမှာထိုင်နေခဲ့သည်။
လီဟော် ညီလာခံပြီးသည်နှင့် သေချာပြင်ဆင်ခိုင်းထားသော ယုအာကြိုက်တတ်သည့် အချိုပွဲများကိုယူကာ ကြင်ယာတော်နန်းဆောင်သို့ ခြေဦးတည်တော့သည်။
နန်းဆောင်တံခါးဖွင့်လိုက်သည်နှင့် စာလွှာတစ်ခုကို အေးဆေးစွာဖတ်နေသည့် ယုအာက သူ့ကိုမျက်လုံးလေးသာလှန်ကြည့်ကာ ဂရုစိုက်ခြင်းမရှိဘဲ စာသာပြန်ဖတ်နေသည်။
"ယုအာ..."
သူအနားကိုလျှောက်သွားပြီး ပွေ့ဖက်လိုက်သည်နှင့် ယုအာကစာလိပ်ကို လွှင့်ပစ်ကာ ရုန်းသည်။
"ခဏလေးဖက်ပါရစေ....."
သူတောင်းဆိုပေမယ့်လည်း ယုအာကတော့ ဆက်ရုန်းကန်ကာ ဖက်ထားသည့် သူ့လက်တွေကို လက်သည်းလေးတွေနှင့်ကုတ်သည်။
"ကြောင်လေးလား....."
သွေးတွေစိမ့်ထွက်လာသည့် အစင်းရာတွေကိုကြည့်ရင်း သူရယ်ကာ ယုအာကိုလွှတ်ပေးလိုက်သည်။
"အချိုပွဲစားရအောင်လေ....."
"မစားချင်ဘူး....."
ယုအာက အရင်ထက် ပိုပြီးခေါင်းမာလာသည်။
"ကိုယ့်စကားနားထောင်ရမယ်လေ.....
ယုအာ ခမည်းတော်ကို မတွေ့ချင်ဘူးလား..."
ယုဖုန်း လေပူတွေကိုမှုတ်ထုတ်ကာ စိတ်ကိုလျော့ပြီး လီဟော်ကျွေးသည့် မုန့်တွေကိုစားလိုက်သည်။
စားဖိုဆောင်က လူပြောင်းသွားသည်ထင်။
အချိုပွဲများက ယခင်သူစားနေကျ အရသာနှင့် မတူညီပေ။
"ကျွန်တော် အပြင်ကို လမ်းလျှောက်ထွက်ချင်တယ်"
"ရတယ်လေ လာကိုယ်နဲ့သွားမယ်"
"ခင်ဗျားနဲ့သွားချင်တာမဟုတ်ဘူး....
ကျွန်တော့် ဘာသာ လွတ်လွတ်လပ်လပ် နေချင်တာ....."
"မရဘူး....."
"ခင်ဗျား ကျွန်တော့်ကို တစ်သက်လုံး ဒီလိုချုပ်နှောင်ထားလို့မရဘူးလေ!
ကျွန်တော်မွန်းကြပ်တယ်!!!"
ယုဖုန်းအော်ဟစ်ပြောမိပြီးမှ အံကိုကြိတ်ကာ စိတ်ကိုပြန်ထိန်းလိုက်သည်။
"တော်ဝင်ဥယျာဥ်ထိပဲ သွားမှာပါ....
ခင်ဗျားကြိုက်သလောက် ကိုယ်ရံတော်တွေအစောင့်တွေချထားလို့ရတယ်.....
အနားကိုသာ အရမ်းမကပ်စေနဲ့
ကျွန်တော်လွတ်လွတ်လပ်လပ်နေချင်တယ်..."
လီဟော် တစ်ဝက်ကျော်ကျော်ကုန်သွားပြီ ဖြစ်သည့် စားပွဲပေါ်မှ အချိုပွဲများကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"
ယုဖုန်း အနည်းငယ်စိတ်သက်သာသွားချိန်မှာပဲ ဝမ်းဗိုက်အတွင်းမှ နာကျင်လာသည်။
"အ!"
ဓားနဲ့အဆက်မပြတ်အထိုးခံရသလိုမျိုး စူးခနဲဖြစ်သွားသည့် နာကျင်မှုကဆက်တိုက်ခံစားလာရပြီး နာကျင်မှုက ပိုပိုတိုးလာသည်။
ယုဖုန်း သူအဆိပ်မိသွားမှန်း သိလိုက်သည်။
လီဟော် ဆေးအိတ်အတွင်းမှ ဆေးတစ်လုံးကိုထုတ်ကာ ဝမ်းဗိုက်ကိုဖိရင်း ပျော့ခွေလဲတော့မည့် ယုဖုန်းပါးစပ်ထဲထည့်လိုက်သည်။
အကြမ်းရည်တစ်ခွက်ကိုနှုတ်ခမ်းနားတွင်တေ့ပြီး လောင်းထည့်ကာ ပြန်ထွေးမထုတ်စေရန် ပါးစပ်ကိုအတင်းပိတ်ထားသည်။
"ယုအာ မျိုချလိုက်......
မျိုချလိုက်နော်......."
ယုဖုန်းလီဟော်ပြောသလို မျိုချလိုက်ပေမယ့် ပို၍သာနာကျင်လာသည်။
"ဝေါ့!!!"
ယုဖုန်းဝတ်ထားသည့် အပြာနုရောင်ဝတ်စုံမှာ သွေးချင်းချင်းနီသွားခဲ့တော့သည်။
"ယုအာ! ယုအာ!!
လီဟွာကို သွားခေါ်!!!"
"ဟုတ်ကဲ့ "
သွေးအန်ပြီး မျက်ဝန်းတွေမှိတ်ကျသွားကာ တုန့်ပြန်မှုမရှိတော့သည့် ယုဖုန်းကိုလီဟော်ပွေ့ချီကာ အိပ်ရာသလွန်ထက်တင်လိုက်သည်။
အသက်ကို မျှင်းမျှင်းလေးရှူကာ အသားအရေတွေ အေးစက်လာပြီး ယုဖုန်းမျက်နှာမှာ သွေးမရှိတော့သလို တဖြည်းဖြည်းဖြူဆုတ်လာသည်။
"အစ်ကိုတော်"
"ဒါ ဘယ်လိုဖြစ်ရတာလဲ!"
"ဆေးမတိုက်ထားဘူးလား"
"တိုက်ပြီးပြီ! ဆေးတိုက်ပြီးပြီကို ဘာလို့ ယုအာကသွေးတွေအန်ရတာလဲ!"
လီဟွာ မျက်နှာပျက်ယွင်းလာသည်။
"ငါ့ကို ဘာတွေချန်ဝှက်ထားတာလဲ လီဟွာ...
ပြောလေ!!!"
"အဲ့တာက...အဆိပ်ကအရမ်းပြင်းတော့...
ခံနိုင်ရည်မရှိတဲ့ သာမန်လူဆို ဆိုးကျိုးကပိုများတယ်.....
ဆေးသောက်ထားရင်တောင် နာကျင်ရမှာ...
လတိုင်းဆေးကိုမတိုက်နိုင်ရင် နာကျင်ရုံတင်မကဘူး သွေးတွေကုန်ပြီး သေဆုံးလိမ့်မယ်...
အခု ဆေးတိုက်ထားပြီးပြီမို့ သူခဏဆိုသက်သာလာမှာပါ "
"ဘယ်အချိန်ထိအဆိပ်က သက်ရောက်နေမှာလဲ"
"သန္ဓေတည်တဲ့အထိ...
သူကလေးကိုကိုယ်ဝန်ဆောင်တဲ့အချိန်မှ
အဆိပ်ပြယ်မှာ...."
"ဒီ့ထက်နာကျင်မှုလျော့စေမယ့် ဆေးမရှိတော့ဘူးလား"
လီဟွာ သူမအစ်ကိုဖြစ်သူကိုခေါင်းရမ်းပြသည်။
ဖြစ်ပြီးသွားပြီမို့ လီဟော်မတတ်သာတော့ပေ။
"သွားတော့...."
လီဟွာအရိုအသေပေးကာ ပြန်ထွက်လာခဲ့ပြီးနောက် ကျေနပ်စွာပြုံးသည်။
လုံယုဖုန်းက သူမစွမ်းရည်ကို လွန်ဆန်နိုင်တော့ရော ဘာဖြစ်လဲ။
အခုသူက ဆေးမရှိရင် သေလူပဲ။
အချိန်တန်လို့ အစ်ကိုတော့်အတွက် ဆက်ခံမယ့်သွေးသားမွေးပြီးရင် သူကအသုံးဝင်တော့မှာမဟုတ်ဘူး။
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန်း သတိပြန်ဝင်လာချိန်မှာ နောက်တစ်နေ့မနက်ခင်းကိုပင်ရောက်ရှိနေပြီဖြစ်သည်။
သွေးတွေပေနေသည့်ဝတ်စုံအစား သန့်ရှင်းနေသည့် အဖြူရောင်ဝတ်စုံက သူ့ကိုယ်ပေါ်တွင်ရှိနေသည်။
"အရှင့်သား နိုးလာပြီ"
လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် အထိန်းတော်နှင့်အပျိုတော်တွေက သူ့ကို ကိုယ်လက်သန့်စင်ရန် ပြင်ဆင်ပေးကြသည်။
"မနေ့က ဘာတွေဖြစ်သွားတာလဲ"
ယုဖုန်း သူ့ဆံပင်တွေကို ဖီးပေးနေသည့် အထိန်းတော်ကိုမေးလိုက်ပေမယ့် သူမကနှုတ်ဆိတ်သာနေသည်။
ရှင်ဘုရင်က သူမတို့ကို မနေ့က ကိစ္စနှင့်ပတ်သက်ပြီး မမြင်မကြားခဲ့ရသလိုနေရန်အမိန့်ချထားခဲ့သည်။
မနေ့က သူအဆိပ်မိမှန်းယုဖုန်းသိပေမယ့် ဘယ်သူကအဆိပ်ခတ်ပြီး လီဟော်ဘယ်လိုကိုင်တွယ်လိုက်လဲသိချင်မိသည်။
နောက်ပြီး ဘာအဆိပ်မို့ ဒီလောက်မြန်မြန် ပြန်ကောင်းလာရတာလဲဆိုတာကိုပါ သူတွေးနေမိသည်။
ယုဖုန်းအတွေးစကိုဖြတ်ပြီး ကွမ်းမင်နှင့်တိုင်ပင်ထားသည်ကို အကောင်အထည်ဖော်ရမည်။
"မနက်စာကို တော်ဝင်ဥယျာဥ်ထဲမှာ စားချင်တယ်"
"ဟုတ်ကဲ့"
ယုဖုန်း မရောက်တာကြာပြီဖြစ်သည့် တော်ဝင်ဥယျာဥ်ကို လှည့်လည်ကြည့်ရှူကာ ခပ်လှမ်းလှမ်းမှ အထိန်းတော် ကိုယ်ရံတော်တွေကို အကဲခတ်နေသည်။
"ဂီး!!!"
ရင်းနှီးနေသည့် ငှက်သံက ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားစဥ် သူထိုင်နေသည့် နံဘေးမြက်ခင်းပြင်ပေါ်သို့ စာလိပ်လေးတစ်ခု ပြုတ်ကျလာခဲ့သည်။
ယုဖုန်းအမြန်ပဲ ဖိနပ်ထဲထိုးထည့်ကာ ဟန်မပျက်ဆက်ထိုင်နေလိုက်သည်။
ခပ်လှမ်းလှမ်း သစ်ပင်ထက်မှာ သွားနားသည့် ရှောင်ချိုးကိုလည်း ဘယ်သူမှ သတိမထားမိကြပေ။
နန်းဆောင်ထဲပြန်ရောက်သည်နှင့် စာကိုထုတ်ဖတ်လိုက်သည်။
""အရှင့်သား လကွယ်နေ့ညမှာ ကျွန်တော်မျိုးတို့ နန်းတော်ထဲဝင်ခဲ့ပါမယ်
တော်ဝင်အကျဥ်းထောင်ကိုဖောက်ဖို့ လူအင်အားမလောက်သေးပေမယ့် အရှင့်သားကို အရင်လာခေါ်ထုတ်ပါ့မယ်""
စာကိုဖတ်ပြီးသည်နှင့် အမွှေးအိုးထဲထည့်ကာ လက်စဖျောက်လိုက်တော့သည်။
"တော်ဝင် အကျဥ်းထောင်ကိုသွားမယ်"
ယုဖုန်းချက်ချင်း တော်ဝင်အကျဥ်းထောင်ရှိရာ ထွက်လာခဲ့ပြီး အထဲဝင်သောအခါ ဘယ်အထိန်းတော် ကိုယ်ရံတော်မှ သူ့နောက်ကလိုက်မလာတော့ဘဲ အပေါက်မှာသာ ရပ်ကျန်နေခဲ့ကြသောကြောင့် လှည့်ကြည့်ကာမေးမိသည်။
"မလိုက်ကြတော့ဘူးလား"
"အရှင်မင်းကြီးက တော်ဝင်အကျဥ်းထောင်ရောက်ရင် အရှင့်သားကို တစ်ယောက်တည်းဝင်ခိုင်းဖို့ ကျွန်တော်မျိုးမတို့ကို မိန့်ထားလို့ပါ"
ယုဖုန်း ထူးဆန်းသလိုခံစားရပေမယ့် ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ တစ်ယောက်တည်းသာဝင်ခဲ့တော့သည်။
"ခမည်းတော်"
"ယုအာ....."
အရင်တစ်ခါတွေ့တုန်းကထက် သူ့ခမည်းတော်တို့က သိသိသာသာပိန်ကျသွားသည်။
ယုဖုန်းအနောက်ကို ခမည်းတော်တို့က လှမ်းကြည့်ကာ တစ်ယောက်ယောက်ကိုရှာဖွေနေကြသည်။
"သူမပါဘူး...ယုအာတစ်ယောက်တည်းလာတာ ခမည်းတော်တို့ လွတ်လွတ်လပ်လပ်စကားပြောလို့ရတယ်..."
"ယုအာ အံဝှက်ထဲကဟာတွေ့လား......"
တိုးညှင်းစွာ နှစ်ယောက်ကြားသာရုံအသံနှင့် ခမည်းတော်ကမေးလာသည်။
"တွေ့တယ်.....
အဲ့တာတွေသုံးပြီး ကျင်းအာနဲ့ဖန်းအာကို နန်းတော်အပြင်ပို့ပြီးပြီ"
ယုဖုန်း အသံကိုကြားသာရုံတိုးပြီး မီးလောင်မှုအတုအကြောင်းကိုပြောပြလိုက်သည်။
"ကောင်းတယ်....."
"နောက်သုံးရက်နေရင် ရောက်မယ့် လကွယ်နေ့ကျရင် သားတော်လည်း နန်းပြင်ထွက်မယ်......
သားတော် အစီအစဥ်ဆွဲပြီးတာနဲ့ ခမည်းတော်တို့ကို လာကယ်ထုတ်မယ်နော်"
"ယုအာအန္တရာယ်ကင်းရင်ရပြီ....
အစ်ကိုတော်တို့ကိုစိတ်မပူနဲ့.....
ကျင်အာနဲ့ ဖန်းအာလေးကိုသာ သေချာစောင့်ရှောက်ပေး..."
သူ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်ထားသည့် အစ်ကိုတော့်လက်ကို ယုဖုန်း ဖျစ်ညှစ်လိုက်သည်။
"ဟုတ်ကဲ့...."
◾◽◾◽◾◽◾◽◾◽◾◽◾◽
တစ်နေ့တာကုန်ဆုံးသွားသည့်နောက် လီဟော် မပြီးစီးသေးသည့် အရေးကိစ္စတွေကို လက်ထောက်ဖူနှင့်ထားခဲ့ကာ တစ်နေ့လုံးမတွေ့ရသေးသည့် ယုအာထံအပြေးလာခဲ့ပေမယ့် ယုအာကတော့ အိပ်ပျော်နေပြီဖြစ်သည်။
"ဒီနေ့ ယုအာပျော်နေရဲ့လား....."
ယုအာအတွက်တာဝန်ပေးထားသည့် အထိန်းတော်မင်ကို လီဟော်မေးလိုက်သည်။
"ဟုတ်ကဲ့......
ဒီနေ့ အရှင့်သားက ခါတိုင်းထက်ကို တက်တက်ကြွကြွ ရှိနေပါတယ်"
"ကောင်းတယ်"
လီဟော် ယုဖုန်း၏ ပါးပြင်လေးကို ငုံ့နမ်းလိုက်သည်။
ယုအာ သူ့အနားမှာပဲ ဒီလိုလေး ပျော်ပျော်ရွှင်ရွှင်ရှိနေရင်ရပြီ။
အဆိပ်အကြောင်းကို သိစရာမလိုသလို သူပြောပြဖို့လည်းစိတ်ကူးမရှိပေ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနသည့္ ယုအာကို လီေဟာ္ ထိုင္ၾကည့္ေနခဲ့မိသည္မွာ ညသန္းေခါင္ယံကိုပင္ ေက်ာ္လြန္လာၿပီျဖစ္သည္။
"ေဟာ္ေဟာ္!
ယုအာ အခုေပ်ာ္သြားၿပီ!!"
က်ယ္ေလာင္စြာ ေအာ္ဟစ္ရယ္ေမာေနခဲ့သည့္ ယုဖုန္း ၏ ေသြးဆာေနေသာမ်က္ဝန္းေတြႏွင့္ ေအးစက္စက္အသံက ျမင္ခဲ့ၾကားခဲ့ရသူအားလုံးကို အၿမဲအမွတ္ရေနေစမည္မွာေသခ်ာသည္။
ျမႇားပစ္ကြင္းထဲက ေကာင္ေလးႏွင့္ ယခုသူ႕အနားမွာအိပ္ေပ်ာ္ေနသည့္ကေလးငယ္ဟာ တစ္ေယာက္တည္းေရာ ဟုတ္ရဲ႕လား.....
လီေဟာ္ အိပ္မေပ်ာ္နိုင္ဘဲ မနက္ခင္းအာ႐ုံတက္သည္ႏွင့္ ယုဖုန္း၏အေဆာင္မွ ထြက္လာခဲ့ေတာ့သည္။
ညီလာခံတက္ဖို႔လည္းေစာေနေသးရာ ေတာ္ဝင္ဥယ်ာဥ္ဆီသို႔ေရာက္ရွိသြားခဲ့သည္။
"အစ္ကိုေတာ္..."
"လီဟြာ..."
ေတာ္ဝင္ပြဲၾကည့္စင္ေပၚမွ လီဟြာအျမန္ဆင္းလာၿပီး သူမအစ္ကိုျဖစ္သူကိုအရိုအေသေပးလိုက္သည္။
"ဒီေလာက္အေစာႀကီး.....
နန္းေတာ္ထဲကို ဘာကိစၥရွိလို႔လဲ....."
"အရာရွိ စြန္း ကိစၥပါ....."
"အရာရွိ စြန္း ကိုမေန႕က ေဆးကုသေပးၿပီး အိမ္ျပန္ပို႔လိုက္ၿပီေလ....
ဘာထပ္ျဖစ္လို႔လဲ...."
"အရာရွိ စြန္း စိတ္ေဖာက္သြားၿပီ အစ္ကိုေတာ္
အမတ္ႀကီးစြန္းက သူ႕သား႐ူးသြားလို႔ ေသခ်ာေပါက္ ယုဖုန္းကိုေရာ အစ္ကိုေတာ့္ကိုပါအၿငိဳးအေတးထားလိမ့္မယ္"
"အၿငိဳးအေတးထားေတာ့ေရာ သူဘာလုပ္ရဲမွာလဲ...ယုအာက သူ႕သားကိုေျခာက္႐ုံေျခာက္လိုက္တာေလ ေသေအာင္လုပ္လိုက္တာမဟုတ္ဘူး..."
လီဟြာ သူမအစ္ကိုျဖစ္သူ၏ လုံယုဖုန္းအေပၚကာကြယ္ေပးေနမႈေတြကို အတိုင္းသားျမင္ေနရသည္။
"ဘာလို႔ စြန္းအရာရွိကိုမွ လုံယုဖုန္းက ႐ူးသြားေအာင္လုပ္တာလဲသိလား..."
လီေဟာ္ေခါင္းရမ္းသည္။
"မေန႕က မင္းသားယုဖုန္းနန္းေဆာင္ကို ညီမေတာ္ ေရာက္ခဲ့ေသးတယ္.....
မုထ်န္းရိကို ထိန္းဖို႔"
"မုထ်န္းရိ?
သူမေန႕က ယုအာဆီလာေသးတာလား!
အတင့္ရဲလို႔!!"
"သူအထဲဝင္ခြင့္မရလိုက္ပါဘူး
အရာရွိစြန္းကတားေနတုန္းမွာ ညီမေတာ္အျမန္ျပန္ေခၚသြားလိုက္တယ္"
"အဲ့ေတာ့ မုထ်န္းရိကို စြန္းက်ားခ်န္ကတားလို႔ ယုအာကဒီလိုလုပ္တယ္လို႔ေျပာခ်င္တာလား"
လီေဟာ္ စိတ္မရွည္စြာ ေမးလိုက္သည္။
"တားတာက ဓားပါတယ္အစ္ကိုေတာ္
သူတို႔တိုက္ခိုက္ေနခ်ိန္ ညီမေတာ္က ထိန္းခ်ဳပ္လိုက္လို႔ မုထ်န္းရိ လက္ေမာင္းဓားထိသြားတယ္....."
စြန္းက်ားခ်န္၏ညာဘက္လက္ေမာင္းကို ေဖာက္ထြက္သြားသည့္ ျမႇားတစ္ေခ်ာင္းကို လီေဟာ္သတိရသြားသည္။
"......."
"အစ္ကိုေတာ္.....
လုံယုဖုန္းကို ေလ်ာ့မတြက္ပါနဲ႕....
သူကသာမန္လူျဖစ္ေနရင္ေတာင္.....
အစ္ကိုေတာ္ထင္သလို ႏူးႏူးညံ့ညံ့ေလးမဟုတ္ဘူး.....အၿငိဳးအေတးႀကီးတယ္.....
သူအစ္ကိုေတာ့္ကို ဘယ္ေတာ့မွ ျပန္ခ်စ္လာမွာမဟုတ္ဘူး....."
"ငါသိတယ္......
သူငါ့ကိုျပန္ခ်စ္ဖို႔မလိုဘူး ငါ့အနားမွာပဲရွိေနရင္ရၿပီ"
လီဟြာ သက္ျပင္းသာခ်ၿပီး သူမယူလာခဲ့သည့္ အနက္ေရာင္ပုလင္းငယ္ေလးကို လီေဟာ့္ထံကမ္းေပးလိုက္သည္။
"ဒါ ဘာလဲ"
"အဆိပ္!"
လီေဟာ္ မ်က္ေမွာင္ၾကဳတ္ကာ ပုလင္းေလးကိုယူလိုက္သည္။
"ဘာအတြက္လဲ"
"လုံယုဖုန္းအတြက္"
"႐ူးေနလား....."
လီေဟာ္ ေဒါသျဖင့္ ပုလင္းကိုလြင့္ပစ္မယ္လုပ္ေတာ့ လီဟြာကတားသည္။
"ေျပာတာကိုၿပီးေအာင္ နားေထာင္ပါဦးလား..
ဒါက အဆိပ္ဆိုေပမယ့္ ေယာက္်ားေလးတစ္ေယာက္ရဲ႕ အတြင္းပိုင္းတည္ေဆာက္ပုံကိုေျပာင္းလဲေပးနိုင္တယ္....."
"မဟုတ္မွ....."
"ဟုတ္တယ္.....
သူ အစ္ကိုေတာ့္ အတြက္ ကိုယ္ဝန္ေဆာင္ေပးနိုင္လိမ့္မယ္....."
ယုအာသာ သူ႕ေသြးသားကို ေမြးခဲ့ရင္ သူ႕အနားကေန ထြက္သြားနိုင္မွာမဟုတ္ေတာ့ဘူး
"ဒါကတကယ့္ကို ရွားပါးတဲ့အဆိပ္ေနာ္...."
"ဆိုးက်ိဳးေတြကေရာ..."
"ဆိုးက်ိဳးက သူအဆိပ္ဒဏ္ကို လတိုင္းခံစားရလိမ့္မယ္.....
အဲ့အတြက္ ညီမေတာ္ ေဆးထပ္ေဖာ္ေပးထားတယ္....တစ္လ တစ္ခါ တိုက္႐ုံပဲ"
လီဟြာ ေဆးအိတ္ငယ္ေလးတစ္အိတ္ကိုပါ ထုတ္ေပးလိုက္သည္။
"သူဒီ အဆိပ္ကိုေသာက္ၿပီးရင္ အစ္ကိုေတာ့္အနားက ထြက္မသြားနိုင္ေတာ့ဘူး....."
အလွည့္က်နားရက္ရသည့္ ကြမ္းမင္တို႔ေမာင္ႏွမက နန္းေတာ္ကမထြက္မွီ ယုဖုန္းကို လာေတြ႕သည္။
နားရက္ကို အေၾကာင္းျပကာ သူတို႔ ၿမိဳ႕ျပင္ထြက္ၿပီး ဘင္းဝမ္တို႔ႏွင့္သြားပူးေပါင္းမွာျဖစ္သည္။
"ငါ့ဆီအေၾကာင္းၾကားစာ ပို႔ဖို႔အတြက္ မင္းတို႔ ေရွာင္ခ်ိဳးကို သုံးလို႔ရတယ္.....
သူ႕ကို ငါေလ့က်င့္ေပးထားဖူးတယ္"
"ဟုတ္ကဲ့"
"အရွင့္သား ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါ"
"မင္းတို႔လည္း သတိနဲ႕သြားပါ"
အရိုအေသေပးကာ ကြမ္းမင္တို႔ထြက္သြားသည္ႏွင့္ ယုဖုန္းဟန္မပ်က္ စာဖတ္စားပြဲမွာထိုင္ေနခဲ့သည္။
လီေဟာ္ ညီလာခံၿပီးသည္ႏွင့္ ေသခ်ာျပင္ဆင္ခိုင္းထားေသာ ယုအာႀကိဳက္တတ္သည့္ အခ်ိဳပြဲမ်ားကိုယူကာ ၾကင္ယာေတာ္နန္းေဆာင္သို႔ ေျခဦးတည္ေတာ့သည္။
နန္းေဆာင္တံခါးဖြင့္လိုက္သည္ႏွင့္ စာလႊာတစ္ခုကို ေအးေဆးစြာဖတ္ေနသည့္ ယုအာက သူ႕ကိုမ်က္လုံးေလးသာလွန္ၾကည့္ကာ ဂ႐ုစိုက္ျခင္းမရွိဘဲ စာသာျပန္ဖတ္ေနသည္။
"ယုအာ..."
သူအနားကိုေလွ်ာက္သြားၿပီး ေပြ႕ဖက္လိုက္သည္ႏွင့္ ယုအာကစာလိပ္ကို လႊင့္ပစ္ကာ ႐ုန္းသည္။
"ခဏေလးဖက္ပါရေစ....."
သူေတာင္းဆိုေပမယ့္လည္း ယုအာကေတာ့ ဆက္႐ုန္းကန္ကာ ဖက္ထားသည့္ သူ႕လက္ေတြကို လက္သည္းေလးေတြႏွင့္ကုတ္သည္။
"ေၾကာင္ေလးလား....."
ေသြးေတြစိမ့္ထြက္လာသည့္ အစင္းရာေတြကိုၾကည့္ရင္း သူရယ္ကာ ယုအာကိုလႊတ္ေပးလိုက္သည္။
"အခ်ိဳပြဲစားရေအာင္ေလ....."
"မစားခ်င္ဘူး....."
ယုအာက အရင္ထက္ ပိုၿပီးေခါင္းမာလာသည္။
"ကိုယ့္စကားနားေထာင္ရမယ္ေလ.....
ယုအာ ခမည္းေတာ္ကို မေတြ႕ခ်င္ဘူးလား..."
ယုဖုန္း ေလပူေတြကိုမႈတ္ထုတ္ကာ စိတ္ကိုေလ်ာ့ၿပီး လီေဟာ္ေကြၽးသည့္ မုန့္ေတြကိုစားလိုက္သည္။
စားဖိုေဆာင္က လူေျပာင္းသြားသည္ထင္။
အခ်ိဳပြဲမ်ားက ယခင္သူစားေနက် အရသာႏွင့္ မတူညီေပ။
"ကြၽန္ေတာ္ အျပင္ကို လမ္းေလွ်ာက္ထြက္ခ်င္တယ္"
"ရတယ္ေလ လာကိုယ္နဲ႕သြားမယ္"
"ခင္ဗ်ားနဲ႕သြားခ်င္တာမဟုတ္ဘူး....
ကြၽန္ေတာ့္ ဘာသာ လြတ္လြတ္လပ္လပ္ ေနခ်င္တာ....."
"မရဘူး....."
"ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္သက္လုံး ဒီလိုခ်ဳပ္ႏွောင္ထားလို႔မရဘူးေလ!
ကြၽန္ေတာ္မြန္းၾကပ္တယ္!!!"
ယုဖုန္းေအာ္ဟစ္ေျပာမိၿပီးမွ အံကိုႀကိတ္ကာ စိတ္ကိုျပန္ထိန္းလိုက္သည္။
"ေတာ္ဝင္ဥယ်ာဥ္ထိပဲ သြားမွာပါ....
ခင္ဗ်ားႀကိဳက္သေလာက္ ကိုယ္ရံေတာ္ေတြအေစာင့္ေတြခ်ထားလို႔ရတယ္.....
အနားကိုသာ အရမ္းမကပ္ေစနဲ႕
ကြၽန္ေတာ္လြတ္လြတ္လပ္လပ္ေနခ်င္တယ္..."
လီေဟာ္ တစ္ဝက္ေက်ာ္ေက်ာ္ကုန္သြားၿပီ ျဖစ္သည့္ စားပြဲေပၚမွ အခ်ိဳပြဲမ်ားကိုၾကည့္ကာ ေခါင္းညိတ္လိုက္သည္။
"ေကာင္းၿပီ"
ယုဖုန္း အနည္းငယ္စိတ္သက္သာသြားခ်ိန္မွာပဲ ဝမ္းဗိုက္အတြင္းမွ နာက်င္လာသည္။
"အ!"
ဓားနဲ႕အဆက္မျပတ္အထိုးခံရသလိုမ်ိဳး စူးခနဲျဖစ္သြားသည့္ နာက်င္မႈကဆက္တိုက္ခံစားလာရၿပီး နာက်င္မႈက ပိုပိုတိုးလာသည္။
ယုဖုန္း သူအဆိပ္မိသြားမွန္း သိလိုက္သည္။
လီေဟာ္ ေဆးအိတ္အတြင္းမွ ေဆးတစ္လုံးကိုထုတ္ကာ ဝမ္းဗိုက္ကိုဖိရင္း ေပ်ာ့ေခြလဲေတာ့မည့္ ယုဖုန္းပါးစပ္ထဲထည့္လိုက္သည္။
အၾကမ္းရည္တစ္ခြက္ကိုႏႈတ္ခမ္းနားတြင္ေတ့ၿပီး ေလာင္းထည့္ကာ ျပန္ေထြးမထုတ္ေစရန္ ပါးစပ္ကိုအတင္းပိတ္ထားသည္။
"ယုအာ မ်ိဳခ်လိဳက္......
မ်ိဳခ်လိဳက္ေနာ္......."
ယုဖုန္းလီေဟာ္ေျပာသလို မ်ိဳခ်လိဳက္ေပမယ့္ ပို၍သာနာက်င္လာသည္။
"ေဝါ့!!!"
ယုဖုန္းဝတ္ထားသည့္ အျပာႏုေရာင္ဝတ္စုံမွာ ေသြးခ်င္းခ်င္းနီသြားခဲ့ေတာ့သည္။
"ယုအာ! ယုအာ!!
လီဟြာကို သြားေခၚ!!!"
"ဟုတ္ကဲ့ "
ေသြးအန္ၿပီး မ်က္ဝန္းေတြမွိတ္က်သြားကာ တုန့္ျပန္မႈမရွိေတာ့သည့္ ယုဖုန္းကိုလီေဟာ္ေပြ႕ခ်ီကာ အိပ္ရာသလြန္ထက္တင္လိုက္သည္။
အသက္ကို မွ်င္းမွ်င္းေလးရႉကာ အသားအေရေတြ ေအးစက္လာၿပီး ယုဖုန္းမ်က္ႏွာမွာ ေသြးမရွိေတာ့သလို တျဖည္းျဖည္းျဖဴဆုတ္လာသည္။
"အစ္ကိုေတာ္"
"ဒါ ဘယ္လိုျဖစ္ရတာလဲ!"
"ေဆးမတိုက္ထားဘူးလား"
"တိုက္ၿပီးၿပီ! ေဆးတိုက္ၿပီးၿပီကို ဘာလို႔ ယုအာကေသြးေတြအန္ရတာလဲ!"
လီဟြာ မ်က္ႏွာပ်က္ယြင္းလာသည္။
"ငါ့ကို ဘာေတြခ်န္ဝွက္ထားတာလဲ လီဟြာ...
ေျပာေလ!!!"
"အဲ့တာက...အဆိပ္ကအရမ္းျပင္းေတာ့...
ခံနိုင္ရည္မရွိတဲ့ သာမန္လူဆို ဆိုးက်ိဳးကပိုမ်ားတယ္.....
ေဆးေသာက္ထားရင္ေတာင္ နာက်င္ရမွာ...
လတိုင္းေဆးကိုမတိုက္နိုင္ရင္ နာက်င္႐ုံတင္မကဘူး ေသြးေတြကုန္ၿပီး ေသဆုံးလိမ့္မယ္...
အခု ေဆးတိုက္ထားၿပီးၿပီမို႔ သူခဏဆိုသက္သာလာမွာပါ "
"ဘယ္အခ်ိန္ထိအဆိပ္က သက္ေရာက္ေနမွာလဲ"
"သႏၶေတည္တဲ့အထိ...
သူကေလးကိုကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွ
အဆိပ္ျပယ္မွာ...."
"ဒီ့ထက္နာက်င္မႈေလ်ာ့ေစမယ့္ ေဆးမရွိေတာ့ဘူးလား"
လီဟြာ သူမအစ္ကိုျဖစ္သူကိုေခါင္းရမ္းျပသည္။
ျဖစ္ၿပီးသြားၿပီမို႔ လီေဟာ္မတတ္သာေတာ့ေပ။
"သြားေတာ့...."
လီဟြာအရိုအေသေပးကာ ျပန္ထြက္လာခဲ့ၿပီးေနာက္ ေက်နပ္စြာၿပဳံးသည္။
လုံယုဖုန္းက သူမစြမ္းရည္ကို လြန္ဆန္နိုင္ေတာ့ေရာ ဘာျဖစ္လဲ။
အခုသူက ေဆးမရွိရင္ ေသလူပဲ။
အခ်ိန္တန္လို႔ အစ္ကိုေတာ့္အတြက္ ဆက္ခံမယ့္ေသြးသားေမြးၿပီးရင္ သူကအသုံးဝင္ေတာ့မွာမဟုတ္ဘူး။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယုဖုန္း သတိျပန္ဝင္လာခ်ိန္မွာ ေနာက္တစ္ေန႕မနက္ခင္းကိုပင္ေရာက္ရွိေနၿပီျဖစ္သည္။
ေသြးေတြေပေနသည့္ဝတ္စုံအစား သန့္ရွင္းေနသည့္ အျဖဴေရာင္ဝတ္စုံက သူ႕ကိုယ္ေပၚတြင္ရွိေနသည္။
"အရွင့္သား နိုးလာၿပီ"
လႈပ္လႈပ္ရွားရွားျဖစ္သြားသည့္ အထိန္းေတာ္ႏွင့္အပ်ိဳေတာ္ေတြက သူ႕ကို ကိုယ္လက္သန့္စင္ရန္ ျပင္ဆင္ေပးၾကသည္။
"မေန႕က ဘာေတြျဖစ္သြားတာလဲ"
ယုဖုန္း သူ႕ဆံပင္ေတြကို ဖီးေပးေနသည့္ အထိန္းေတာ္ကိုေမးလိုက္ေပမယ့္ သူမကႏႈတ္ဆိတ္သာေနသည္။
ရွင္ဘုရင္က သူမတို႔ကို မေန႕က ကိစၥႏွင့္ပတ္သက္ၿပီး မျမင္မၾကားခဲ့ရသလိုေနရန္အမိန့္ခ်ထားခဲ့သည္။
မေန႕က သူအဆိပ္မိမွန္းယုဖုန္းသိေပမယ့္ ဘယ္သူကအဆိပ္ခတ္ၿပီး လီေဟာ္ဘယ္လိုကိုင္တြယ္လိုက္လဲသိခ်င္မိသည္။
ေနာက္ၿပီး ဘာအဆိပ္မို႔ ဒီေလာက္ျမန္ျမန္ ျပန္ေကာင္းလာရတာလဲဆိုတာကိုပါ သူေတြးေနမိသည္။
ယုဖုန္းအေတြးစကိုျဖတ္ၿပီး ကြမ္းမင္ႏွင့္တိုင္ပင္ထားသည္ကို အေကာင္အထည္ေဖာ္ရမည္။
"မနက္စာကို ေတာ္ဝင္ဥယ်ာဥ္ထဲမွာ စားခ်င္တယ္"
"ဟုတ္ကဲ့"
ယုဖုန္း မေရာက္တာၾကာၿပီျဖစ္သည့္ ေတာ္ဝင္ဥယ်ာဥ္ကို လွည့္လည္ၾကည့္ရႉကာ ခပ္လွမ္းလွမ္းမွ အထိန္းေတာ္ ကိုယ္ရံေတာ္ေတြကို အကဲခတ္ေနသည္။
"ဂီး!!!"
ရင္းႏွီးေနသည့္ ငွက္သံက ေခါင္းေပၚမွ ျဖတ္ပ်ံသန္းသြားစဥ္ သူထိုင္ေနသည့္ နံေဘးျမက္ခင္းျပင္ေပၚသို႔ စာလိပ္ေလးတစ္ခု ျပဳတ္က်လာခဲ့သည္။
ယုဖုန္းအျမန္ပဲ ဖိနပ္ထဲထိုးထည့္ကာ ဟန္မပ်က္ဆက္ထိုင္ေနလိုက္သည္။
ခပ္လွမ္းလွမ္း သစ္ပင္ထက္မွာ သြားနားသည့္ ေရွာင္ခ်ိဳးကိုလည္း ဘယ္သူမွ သတိမထားမိၾကေပ။
နန္းေဆာင္ထဲျပန္ေရာက္သည္ႏွင့္ စာကိုထုတ္ဖတ္လိုက္သည္။
""အရွင့္သား လကြယ္ေန႕ညမွာ ကြၽန္ေတာ္မ်ိဳးတို႔ နန္းေတာ္ထဲဝင္ခဲ့ပါမယ္
ေတာ္ဝင္အက်ဥ္းေထာင္ကိုေဖာက္ဖို႔ လူအင္အားမေလာက္ေသးေပမယ့္ အရွင့္သားကို အရင္လာေခၚထုတ္ပါ့မယ္""
စာကိုဖတ္ၿပီးသည္ႏွင့္ အေမႊးအိုးထဲထည့္ကာ လက္စေဖ်ာက္လိုက္ေတာ့သည္။
"ေတာ္ဝင္ အက်ဥ္းေထာင္ကိုသြားမယ္"
ယုဖုန္းခ်က္ခ်င္း ေတာ္ဝင္အက်ဥ္းေထာင္ရွိရာ ထြက္လာခဲ့ၿပီး အထဲဝင္ေသာအခါ ဘယ္အထိန္းေတာ္ ကိုယ္ရံေတာ္မွ သူ႕ေနာက္ကလိုက္မလာေတာ့ဘဲ အေပါက္မွာသာ ရပ္က်န္ေနခဲ့ၾကေသာေၾကာင့္ လွည့္ၾကည့္ကာေမးမိသည္။
"မလိုက္ၾကေတာ့ဘူးလား"
"အရွင္မင္းႀကီးက ေတာ္ဝင္အက်ဥ္းေထာင္ေရာက္ရင္ အရွင့္သားကို တစ္ေယာက္တည္းဝင္ခိုင္းဖို႔ ကြၽန္ေတာ္မ်ိဳးမတို႔ကို မိန့္ထားလို႔ပါ"
ယုဖုန္း ထူးဆန္းသလိုခံစားရေပမယ့္ ရွည္ရွည္ေဝးေဝးေတြးမေနေတာ့ဘဲ တစ္ေယာက္တည္းသာဝင္ခဲ့ေတာ့သည္။
"ခမည္းေတာ္"
"ယုအာ....."
အရင္တစ္ခါေတြ႕တုန္းကထက္ သူ႕ခမည္းေတာ္တို႔က သိသိသာသာပိန္က်သြားသည္။
ယုဖုန္းအေနာက္ကို ခမည္းေတာ္တို႔က လွမ္းၾကည့္ကာ တစ္ေယာက္ေယာက္ကိုရွာေဖြေနၾကသည္။
"သူမပါဘူး...ယုအာတစ္ေယာက္တည္းလာတာ ခမည္းေတာ္တို႔ လြတ္လြတ္လပ္လပ္စကားေျပာလို႔ရတယ္..."
"ယုအာ အံဝွက္ထဲကဟာေတြ႕လား......"
တိုးညွင္းစြာ ႏွစ္ေယာက္ၾကားသာ႐ုံအသံႏွင့္ ခမည္းေတာ္ကေမးလာသည္။
"ေတြ႕တယ္.....
အဲ့တာေတြသုံးၿပီး က်င္းအာနဲ႕ဖန္းအာကို နန္းေတာ္အျပင္ပို႔ၿပီးၿပီ"
ယုဖုန္း အသံကိုၾကားသာ႐ုံတိုးၿပီး မီးေလာင္မႈအတုအေၾကာင္းကိုေျပာျပလိုက္သည္။
"ေကာင္းတယ္....."
"ေနာက္သုံးရက္ေနရင္ ေရာက္မယ့္ လကြယ္ေန႕က်ရင္ သားေတာ္လည္း နန္းျပင္ထြက္မယ္......
သားေတာ္ အစီအစဥ္ဆြဲၿပီးတာနဲ႕ ခမည္းေတာ္တို႔ကို လာကယ္ထုတ္မယ္ေနာ္"
"ယုအာအႏၱရာယ္ကင္းရင္ရၿပီ....
အစ္ကိုေတာ္တို႔ကိုစိတ္မပူနဲ႕.....
က်င္အာနဲ႕ ဖန္းအာေလးကိုသာ ေသခ်ာေစာင့္ေရွာက္ေပး..."
သူ႕လက္ကိုအားကိုးတႀကီးဆုပ္ကိုင္ထားသည့္ အစ္ကိုေတာ့္လက္ကို ယုဖုန္း ဖ်စ္ညွစ္လိုက္သည္။
"ဟုတ္ကဲ့...."
◽◾◽◾◽◾◽◾◽◾◽◾◽◾
တစ္ေန႕တာကုန္ဆုံးသြားသည့္ေနာက္ လီေဟာ္ မၿပီးစီးေသးသည့္ အေရးကိစၥေတြကို လက္ေထာက္ဖူႏွင့္ထားခဲ့ကာ တစ္ေန႕လုံးမေတြ႕ရေသးသည့္ ယုအာထံအေျပးလာခဲ့ေပမယ့္ ယုအာကေတာ့ အိပ္ေပ်ာ္ေနၿပီျဖစ္သည္။
"ဒီေန႕ ယုအာေပ်ာ္ေနရဲ႕လား....."
ယုအာအတြက္တာဝန္ေပးထားသည့္ အထိန္းေတာ္မင္ကို လီေဟာ္ေမးလိုက္သည္။
"ဟုတ္ကဲ့......
ဒီေန႕ အရွင့္သားက ခါတိုင္းထက္ကို တက္တက္ႂကြႂကြ ရွိေနပါတယ္"
"ေကာင္းတယ္"
လီေဟာ္ ယုဖုန္း၏ ပါးျပင္ေလးကို ငုံ႕နမ္းလိုက္သည္။
ယုအာ သူ႕အနားမွာပဲ ဒီလိုေလး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနရင္ရၿပီ။
အဆိပ္အေၾကာင္းကို သိစရာမလိုသလို သူေျပာျပဖို႔လည္းစိတ္ကူးမရွိေပ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro