Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-17 ( now I'm happy)

Unicode

"ကိုယ့်ကိုပဲကြည့်ပါ ယုအာ"

လီဟော်က ထိုစကားကိုဆိုလိုက်ပြီး ပုလ္လင်ထက်ကို ယုဖုန်းအားခေါ်သွားကာ သူနှင့်အတူ ထိုင်စေသည်။

အမြင့်ကနေမို့ ရိရိကိုသူသေချာမြင်ရသည်။

အကြည့်ချင်းစုံသွားချိန်မှာ သူပြုံးလိုက်ပေမယ့် ရိရိကတော့ အံကြိတ်လျက်သူ့ကိုတောင်းပန်သည့်မျက်ဝန်းတွေနှင့်သာကြည့်နေခဲ့သည်။

"ယုအာ......"

ခါးပေါ်ရောက်လာသည့် သန်မာသည့် လီဟော့်လက်က သူ့ကို တင်းကြပ်စွာပွေ့ဖက်လာသည်။

"အ......"

ခါးကိုညှစ်ချိုးနေသလားထင်ရအောင် လီဟော်ကအားသုံးပြီး ယုဖုန်းကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်။

"လွှတ်!"
"ကိုယ့်ကိုပဲကြည့်ပါလို့ ပြောမထားဘူးလား"

ဒေါသထွက်နေသည့်မျက်ဝန်းတွေက ယုဖုန်းလည်ပင်းပေါ်တွင်ရပ်တန့်သွားသည်။

"အား......ခင်ဗျား!"

လီဟော်၏ မြန်ဆန်သောလှုပ်ရှားမှုနောက် ယုဖုန်း လည်တိုင်ထက်တွင် ကိုက်ခဲခံလိုက်ရပြီး ယုဖုန်း ရုန်းကန်တော့သည်။

လူအများရှေ့မှာ ပွေ့ဖက်ခံရပြီး လည်ပင်းသွေးစို့အောင်အကိုက်ခံလိုက်ရခြင်းက ယုဖုန်းကို အရှက်ရကာမျက်ရည်ကျစေသည်။

ထိုမြင်ကွင်းကိုကြည့်နေကြသူများထဲမှ ထျန်းရိကတော့ ကျောက်ချထားသလို ထိုင်နေရပြီး လှုပ်ရှားလို့မရ။

သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသည့် လီဟော်နှင့်မျက်လုံးအရောင်တူသော ထိုမိန်းမကသူ့ကိုထိန်းချုပ်ထားသည်။

ယုအာနဲ့သူကွဲသွားတော့ ထျန်းရိ ဒေါသတကြီး သောင်းကျန်းခဲ့သည်။

သစ္စာဖောက်ဖြစ်သည့် ဖခင်ကတော့ ငိုကြွေးနေသည့် လင်းရှနှင့် သူတို့ရဲ့မိခင်ကိုပါ လျစ်လျှူရှုလျက် အိမ်တော်ထဲကနေထွက်ခွင့်မပေးခဲ့။

အစောင့်တွေကိုတိုက်ခိုက်ပြီး ယုအာဆီသူသွားစဥ် လမ်းမှာ ထိုမိန်းမပေါ်လာခဲ့သည်။

"ဒူးထောက်"

ထျန်းရိ ဒူးတွေချက်ချင်းညွှတ်ကျသွားခဲ့ပြီး အိမ်တော်သို့ပြန်လည်ခေါ်ဆောင်ခံခဲ့ရသည်။

လီဟွာ ဆိုသည့်ထိုမိန်းမက အမိန့်ပေးခြင်းအစွမ်းရှိသည့် တစ်ဦးတည်းသောသူဖြစ်ပြီး သူဘာမှမတတ်နိုင်ခဲ့။

"အမတ်ကြီးမု!"
"ကျွန်တော်မျိုးရှိကြောင်းပါ"

လီဟော့်ခေါ်သံနောက် ရိုကျိုးစွာ နာခံနေသည့် ဖခင်ဖြစ်သူကို ထျန်းရိ မမြင်ချင်စွာ မျက်လုံးတွေမှိတ်ထားချင်ပေမယ့် လှောင်ပြုံးတစ်ခုနှင့် ထိုမိန်းမက သူ့ကိုမျက်တောင်မခတ်ကြည့်နေစေသည်။

"ကိုယ့်တော့်ယုအာလေးရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ပြန်လိုချင်တယ် "
"ဟုတ်ကဲ့"

အားကိုးတကြီးထျန်းရိလက်ကို လာဆွဲသည့် လင်းရှက မျက်ရည်တွေဝိုင်းနေရှာပြီ။

လင်းရှကိုကြည့်ပြီး လက်ဖြန့်ပြသည့် ဖခင်ကြောင့် သူမ ခေါင်းရမ်းသည်။

"မုလင်းရှ!!!"

အမတ်ကြီးမုရဲ့ အသံက ကျယ်လောင်တာမို့ အခမ်းအနားမှာ ရှိသမျှ အရာရှိမိသားစုအားလုံးက အာရုံစိုက်နေကြသည်။

"အဖေ......"
"အခုပေးစမ်း!"

မုလင်းရှ မျက်ရည်တွေကျလျက် သူမကိုယ်နှင့်မကွာထားသည့် ကျောက်စိမ်းတံဆိပ်ပြားလေးကိုထုတ်ပေးလိုက်သည်။

လက်ထောက်ဖူကနေတစ်ဆင့် လီဟော့်လက်ထဲ တံဆိပ်ပြားရောက်သွားတော့ ယုဖုန်းကိုဖက်ထားသည့် ပုလ္လင်ထက်မှလူက ကျေနပ်စွာပြုံးသည်။

အခမ်းအနားမှာရှိသည့် သူအားလုံးလည်း ကျောက်စိမ်းပြားပြန်တောင်းသည့်အဓိပ္ပါယ်က စေ့စပ်​ကြောင်းလမ်းမှုကို ဖျက်သိမ်းခြင်းမှန်းသိကြသည်။

ယုဖုန်းကတော့ တစ်ဖက်ကိုမျက်နှာလွှဲလျက် လီဟော်ရဲ့လက်တွေကြားမှာ ငြိမ်သက်နေခဲ့ရသည်။

"တော်ဝင်မင်းသားလုံယုဖုန်းက ငါကိုယ်တော်ရဲ့ ကြင်ယာတော်လောင်းလျာပဲ!!"

လီဟော့်စိတ်ကို ရိပ်စားမိသလိုရှိကြပေမယ့် ယခုလို တရားဝင် ထုတ်ပြန်လိမ့်မယ်မထင်ထားခဲ့သောကြောင့် အံ့အားသင့်ကြရသူတွေများသည်။

"သတင်းပို့ပါတယ်!!"

အခမ်းအနားထဲပြေးဝင်လာသည့် အစောင့်တပ်သားကြောင့် အားလုံး ငြိမ်သက်သွားသည်။

"တောင်ဘက်နန်းဆောင် မီးလောင်နေပါတယ်!"

အချိန်ကျပြီ......
ယုဖုန်း ထိတ်လန့်ဟန် ဆောင်လိုက်ပေမယ့် လီဟော်တို့ကတော့ တကယ်ကိုထိတ်လန့်သွားသည်။

"ကျင်းအာ ဖန်းအာ......."

ပြေလျော့နေသည့် လီဟော့်လက်တွေထဲကနေ ထွက်ပြီး တောင်ဘက်နန်းဆောင်သို့ ယုဖုန်းပြေးတော့သည်။

အားလုံးမှင်သက်နေသည့်အခြေအနေကိုအခွင့်ကောင်းယူကာ သူတို့အမြန်လှုပ်ရှားရမည်။

တောင်ဘက်နန်းဆောင်တစ်ခုလုံး မီးတောက်တွေဖုံးလွှမ်းနေပြီး ပြင်းထန်လွန်းသည့် အပူဒဏ်ကြောင့် ခပ်လှမ်းလှမ်းကနေသာ ငြိမ်းသက်ဖို့ကြိုးစားနေကြသည်။

ကလေးနှစ်ယောက်ရဲ့ငိုသံတွေက နန်းဆောင်ထဲမှာ ပျံ့လွင့်နေပြီး ဘယ်သူမှ မဝင်ရဲကြ။

ယုဖုန်းနန်းဆောင်အနောက်ကိုအမြန်သွားပြီး ကွမ်းမင် ရိုက်ချိုးထားသည့် ပြတင်းပေါက်မှ ကလေးနှစ်ယောက်ကိုခေါ်လိုက်သည်။

"ဦးရီးတော်"

ပူလို့မဟုတ်ဘဲ မီးတွေကိုမြင်ပြီးလန့်ကာငိုနေသည့် ကလေးနှစ်ယောက်ကို တိုးတိုးနေရန် အချက်ပြကာ ပြတင်းပေါက်မှ အပြင်သို့ခေါ်ထုတ်လိုက်သည်။

"ဒီကမမနဲ့ လိုက်သွားနော်......"

ကုန်လှည်းပေါ်မှ စည်ပိုင်းကြီးထဲကလေးနှစ်ယောက်ကိုဝင်ထိုင်စေသည်။

"ဦးရီးတော်ကရော....."
"ဦးရီးတော် မကြာခင်လိုက်လာခဲ့မယ်....."

ယုဖုန်းကလေးနှစ်ယောက်ရဲ့ပါးပြင်လေးတွေကိုပွတ်သပ်ကာ စည်ပိုင်းအဖုံးကိုပြန်အုပ်လိုက်သည်။

"ယုအာ!!"

နန်းဆောင်အရှေ့မှ လီဟော့်အသံကိုကြားလိုက်ရသည့်နောက် ယုဖုန်း ထိုနေရာမှ အမြန်ထွက်ခဲ့တော့သည်။

"ကျင်းအာ!! ဖန်းအာ!!"

ယုဖုန်းသည်းထန်စွာငိုကြွေးလျက် အကူအညီမဲ့စွာ ပြေးလွှားနေဟန် ဆောင်လိုက်သည်။

မီးတောက်တွေကို လီဟော်ထိန်းချုပ်ကြည့်ပေမယ့် မရပေ။

ငရဲမီးလား.......
မဟုတ်လောက်ပါဘူး......

လီဟော် ရေအစွမ်းနှင့် ငြိမ်းသက်ဖို့ကြိုးစားကြည့်ပေမယ့်လည်းမရ။

"ယုအာ...."

သူ့ပုခုံးတွေကို ကိုင်လျက် မျက်နှာချင်းဆိုင်စေသည့် လီဟော့်လက်တွေကို ယုဖုန်း ကိုင်လိုက်သည်။

"ကျင်းအာနဲ့ ဖန်းအာကို ကယ်ပေးပါ......
ကလေးတွေအရမ်းပူနေတော့မှာ.....
ငိုသံတွေ​လည်းမကြားရတော့ဘူး......
အရမ်းပူနေလောက်ပြီ"

စိတ်လွတ်နေသူလို စကားတွေပြောရင်း ငိုနေသည့် ယုဖုန်းကို လီဟော်က ဖက်လိုက်သည်။

"ကယ်ပေးပါ......
ကျွန်တော်တောင်းပန်ပါတယ်......"

ယုဖုန်း မျက်လုံးတွေမှိတ်ပြီး သတိလစ်သွားသလိုဟန်ဆောင်ပြီး လီဟော့်ရင်ခွင်ထဲမှာ ပျော့ခွေကာ ငြိမ်ကျသွားသည်။

"ယုအာ!......ယုအာ!"

ထျန်းရိ ယုဖုန်းကို ပြေးကာ ထွေးပွေ့ချင်ပေမယ့် သူမလုပ်နိုင်ပြန်။

အစွမ်းရှိသည့် ကိုယ်ရံတော် အရာရှိတွေလည်း မီးကိုမငြိမ်းသက်နိုင်ကြပဲ မီးတောက်တွေကတော့ နန်းဆောင်တစ်ခုလုံးကို အစအနရှာမရအောင် ပြာမှုန့်တွေဖြစ်သည်အထိလောင်ကျွမ်းပြီးမှ သူ့အလိုလိုပျောက်ကွယ်သွားသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

လီဟော် သတိရမလာသေးသည့် ကလေးငယ်အနားမှာသာ ထိုင်နေခဲ့ပြီး သတိရလာလျှင် ဘယ်လိုများနှစ်သိမ့်ပေးရမလဲ တွေးတောနေခဲ့သည်။

"အရှင်မင်းကြီး....မီးငြိမ်းသွားပါပြီ......
ဒါပေမယ့် ငရဲမီးမို့ ဘာအစအနမှမကျန်ပါဘူး......"

လက်ထောက်ဖူရဲ့လျှောက်တင်ချက်နောက် လီဟော် နားထင်တွေကိုဖိလိုက်မိသည်။

"ထူးဆန်းနေတာက မီးကတခြားနေရာတွေကို လုံးဝမကူးပါဘူး......."
"တစ်ယောက်ယောက်ရှို့တာဖြစ်မယ်......"
"ကျွန်တော်မျိုး ဆက်ပြီး စုံစမ်းပါ့မယ်"

လက်ထောက်ဖူ ထွက်သွားပြီး မကြာခင်မှာပဲ ယုအာမျက်ခွံလေးတွေလှုပ်လာသည်။

"ယုအာ......."

ယုဖုန်းအခုမှ သတိရလာသလိုမျိုး အမူအရာကိုထိန်းထားသည်။

"ကျင်းအာနဲ့ ဖန်းအာရော......"

မျှော်လင့်တကြီးမေးလာသည့် ကလေးငယ်ရဲ့ မျက်ဝန်းတွေမှ တစ်ဖန် မျက်ရည်တွေစီးကျလာပြန်သည်။

"ကိုယ်တို့မကယ်လိုက်နိုင်ဘူး"
"ခင်ဗျားမှာ နတ်ဘုရားအစွမ်းရှိတယ်လေ.....
ဘာလို့ မကယ်နိုင်ရတာလဲ"

သူ့ရင်ဘက်တွေကို ထုရိုက်ကာ ငိုနေသည့် ကလေးငယ်ကို တောင်းပန်ပါတယ်မှ လွဲ၍ သူဘာမှမပြောနိုင်။

"ထွက်သွား.......
ကျွန်တော်တစ်ယောက်တည်းနေချင်တယ်"

အတော်ကြာအောင်ငိုပြီးပြီမို့ ယုဖုန်းမောလာပြီဖြစ်ရာ လီဟော့်ကိုနှင်ရတော့သည်။

"ကိုယ် ယုအာအနားမှာနေပေးမယ်လေ....."
"မလိုဘူး ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

ထပ်ပြီး ငိုပြမှ လီဟော်က သူ့နန်းဆောင်မှ ထွက်သွားပေးသည်။

ယုဖုန်း ယခုမှ သက်ပြင်းချနိုင်ပြီး နှာခေါင်းထဲမှ ပိတ်နေသည့် နှပ်ချီးတွေကို ထညှစ်ကာ စောင်ပုံထဲ ပြန်ဝင်၍ အိပ်ပျော်သွားတော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

"နည်းနည်းလောက်တော့စားလေ ယုအာ...."

မနက်စာကိုတစ်စက်မှမထိသည့် ကလေးငယ်ကြောင့် လီဟော် စိတ်မကောင်းခြင်းတွေသာပိုတိုးရသည်။

"ယုအာ.......
ဒီနေ့ ကိုယ်နဲ့ မြှားပစ်ကြမယ်လေ......"

ယုဖုန်းဗိုက်ဆာနေသည်ကိုအံကြိတ်သည်းခံရင်း ခေါင်းယမ်းကာ တစ်ဖက်ကိုလှည့်ထိုင်နေလိုက်တော့သည်။

လီဟော့်ရဲ့သက်ပြင်းချသံကိုကြားရပြီးနောက် သူ့ကိုယ်ဟာ တစ်စုံတစ်ယောက်ပွေ့ချီမှုကြောင့် လန့်သွားရသည်။

ယုဖုန်းကို လီဟော်က သူ့ပေါင်ပေါ်တင်ပြီး တူတစ်စုံနှင့် ဖက်ထုပ်ကိုညှပ်ယူကာ ပါးစပ်နားတေ့ပေးသည်။

ယုဖုန်း ခေါင်းမရမ်းခင်မှာပဲ ပါးစောင်ကိုညှစ်ကာ နှုတ်ခမ်းတွေဟစေပြီး နူးညံ့တဲ့ဖက်ထုပ်အရသာကိုခံစားလိုက်ရသည်။

ငါးခုလောက်အတင်းရအောင်ခွံ့ကျွေးပြီးမှ လီဟော်က သူ့ကို ပေါင်ပေါ်မှ ဆင်းခွင့်ပေးသည်။

"ညီလာခံပြီးရင် ကိုယ်လာခေါ်မယ်နော်"

ပါးပြင်ကိုပွတ်သပ်ပြီး လီဟော်ထွက်သွားတော့ ကွမ်းမင်မှလွဲ၍အားလုံးကိုထွက်သွားခိုင်းလိုက်သည်။

တံခါးတွေကိုသေချာလိုက်စစ်ကြည့်ပြီး စာနှစ်စောင်ကို ကွမ်းမင်ကထုတ်ပေးသည်။

ရုံရှင်းက သူမနန်းတော်ထဲကိုပြန်ရောက်နေကြောင်းနှင့် ကလေးနှစ်ယောက် အန္တရာယ်ကင်းစွာ ကိုယ်ရံတော်ဘင်းဝမ်တို့ထံပို့ပေးခဲ့ကြောင်းရေးထားသည်။

လက်ရှိမှာ သူမက သံသယကင်းစေရန် စားဖိုဆောင်တွင်ခေတ္တတာဝန်ထမ်းနေရကြောင်းပါတင်ပြသည်။

နောက်ထပ်စာတစ်စောင်မှာ ဘင်းဝမ်ထံမှဖြစ်သည်။

ရေတံခွန်နောက်က လှိုင်ဂူမှာဘင်းဝမ်တို့ပုန်းခိုနေကြပြီး သူနှင့်ခမည်းတော်တို့ကိုကယ်တင်ရန် အသက်ရှင်နေသေးသော ပုန်းခိုနေသည့် ချီယုတပ်ဖွဲ့မှ တော်ဝင်ကိုယ်ရံတော်တွေကိုစုဆောင်းနေကြောင်းရေးထားသည်။

ယုဖုန်း အခုမှစိတ်အေးသွားပြီး သက်ပြင်းချနိုင်ကာ စာနှစ်စောင်ကိုမီးရှို့ဖျောက်ဖျက်လိုက်သည်။

ကွမ်းမင်ကို နှုတ်ခမ်းလှုပ်ရုံသာ တိုးတိုးလေး ကျေးဇူးတင်စကားဆိုတော့ ကွမ်းမင်ကပြုံးကာသာ ခေါင်းညိတ်ပြသည်။

"ဂွီ!!"

ယုဖုန်း ဆာလောင်နေသည့်ဗိုက်ကလေးကိုကိုင်ပြီး သည်းခံရမယ်ဟုစိတ်ကတွေးနေတုန်းမှာပဲ ကွမ်းမင်က ဖွက်ယူလာသည့် မုန့်ချိုတွေကိုပေးလာသည်။

ယုဖုန်းမျက်နှာလေး ချက်ချင်းပြန်လန်းလာပြီး ထပ်ကာ ကျေးဇူးတင်သည့် အကြည့်လေးများနှင့်သာကြည့်၍ ရယ်ပြမိသည်။

"ရပ်စမ်း!"

အပြင်မှ ကြားလိုက်ရသည့်အသံကြောင့် ယုဖုန်းရောကွမ်းမင်ပါ သတိအနေအထားဖြစ်သွားသည်။

"ငါ မင်းသားယုဖုန်းကို လာတွေ့တာ"

"ရိရိအသံ"

ယုဖုန်းတိုးတိုးလေးရေရွတ်ကာ တံခါးနားပြေးသွားမိသည်။

"ဒါကြင်ယာတော်နန်းဆောင် မင်းဝင်ခွင့်မရှိဘူး!"

ယုဖုန်း တံခါးနားမရောက်ခင်မှာဘဲ ကွမ်းမင်က သူ့ကိုတားဆီးလိုက်ကာ အပြင်မထွက်ဖို့ ခေါင်းရမ်းပြသည်။

"ငါ ယုအာနဲ့တွေ့မယ်"
"ချွမ်း!!"

ဓားချင်းထိခတ်သံကြားလိုက်ရပြီး ယုဖုန်းတုန်တက်သွားသည်။

"မုထျန်းရိ မင်းကတော့ အကြောက်အလန့်မရှိဘူးပဲ.....
ကြင်ယာတော်နန်းဆောင်ကို ဓားကိုင်ပြီး ဘုရင့်အမိန့်မပါဘဲ ဝင်ဖို့ကြိုးစားရဲတယ်!"
"စွန်းကျားချန်!!"
"ငါကအခု အရှင်မင်းကြီးကိုယ်တိုင်ခန့်အပ်ထားတဲ့ အရာရှိစွန်း ...
မင်းထက်ရာထူးမြင့်တယ် မုထျန်းရိ!!"

ထပ်မံထွက်ပေါ်လာသည့် ဓားချင်းထိခတ်သံတွေ....

"ရပ်စမ်း!! မုထျန်းရိ!"
"အ!"

မိန်းမတစ်ယောက်ရဲ့အမိန့်ပေးသံနောက် ထျန်းရိ၏ နာကျင်စွာထွက်ပေါ်လာသည့် ညည်းသံ....

ကွမ်းမင်က တံခါးကို အပေါက်အသေးလေးဖောက်ကာ ယုဖုန်းကို ကြည့်ခွင့်ပေးလိုက်ပေမယ့် အပြင်ကို မထွက်စေရန်တော့ ချုပ်ထားသေးသည်။

ထျန်းရိ ဘယ်ဘက်လက်မောင်းမှာ ဓားထိရာနှင့်သွေးတွေထွက်နေပြီး မလှုပ်မယှက်မတ်တပ်ရပ်နေကာ ဓားကိုင်ထားသည့် အရာရှိကို ဒေါသတကြီးကြည့်နေသည်။

"မုထျန်းရိ လာခဲ့"

လီဟွာ၏ အမိန့်အတိုင်း ထျန်းရိ လွန်ဆန်လို့မရဘဲ သူမနောက်ကလိုက်သွားခဲ့ရသည်။

"စွန်းအရာရှိ....
မုထျန်းရိ ကဒဏ်ရာရသွားလို့ ထပ်ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ"
"မင်းတို့မမြင်ဘူးလား အဲ့ကောင်ကို
သခင်မလီဟွာက ထိန်းချုပ်ထားတာ
ပြီးတော့ အရှင်မင်းကြီးက သူတို့မုအိမ်တော်ထက် ငါ့တို့စွန်းအိမ်တော်ကို မျက်နှာသာပေးလို့ ငါ့ကိုအရာရှိခန့်ထားတာလေ...
အရင်လို သူ့မှာ အာဏာမရှိတော့ဘူး
ခွေးသာသာပဲ"

ကျေနပ်စွာပြောပြီး ဓားကသွေးတွေကိုသုတ်နေသည့် ထိုစွန်းအရာရှိဆိုသူကို ယုဖုန်းအံကြိတ်ကာ ကြည့်နေခဲ့သည်။

မုအိမ်တော်လာပြီး ယုဖုန်းကို ဘာအစွမ်းမှမရှိသည့် မျိုးမစစ်မင်းသားဟုပြောခဲ့ဖူးသည့် စွန်းသခင်လေး ဆိုသူမှန်း ယုဖုန်းမှတ်မိသွားသည်။(part-9 မှာပါ)

"စွန်းကျားချန်"

ယုဖုန်း၏အံကြိတ်ထားသည့် သွားကြားမှ ထွက်လာသည့် ထိုနာမည်သုံးလုံးမှာ ကွမ်းမင်ကြားသာရုံမျှသာ တိုးလျနေခဲ့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဝှစ်!"
"ဒုတ်!"

ပစ်မှတ် ခြင်္သေ့ပုံ၏နဖူးတည့်တည့်တွင် မြှားအမြောက်အများစိုက်ဝင်အောင်ပစ်နေသည့် ယုဖုန်းကို လီဟော်မျက်တောင်မခတ်တမ်းထိုင်ကြည့်နေခဲ့သည်။

"ယုအာ....
ခဏနားဦး..."

ယုဖုန်း လေးကို ချလိုက်ပြီး လီဟော့်အနားသွားထိုင်ကာ အအေးခံပေးထားသည့် အကြမ်းရည်ကိုသောက်လိုက်သည်။

မြှားတွေအများအပြားစိုက်ဝင်နေသည့် ပစ်မှတ်ခြင်္သေ့ပုံကြီးကို ရဲမက်တွေကသယ်ထုတ်သွားပြီး အသစ်တစ်ခုကိုအစားထိုးလိုက်ကြသည်။

"အခုနည်းနည်းစိတ်ပျော်လာလား"

ယုဖုန်းလက်ကို ကိုင်ကာ လီဟော်မေးလာသည်။

ယုဖုန်းမလှမ်းမကမ်းမှာ ရပ်နေသည့် စွန်းကျားချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"သိပ်မပျော်သေးဘူး...
ကျွန်တော် အရာရှိတစ်ယောက်လောက်သတ်ချင်တယ်... ရလား..."

အေးစက်စွာ​ပြောလာပေမယ့် နှုတ်ခမ်းတွေကတော့လှပစွာပြုံးပြနေတာမို့ လီဟော် ရင်မခုန်ဟုပြောလျှင်လိမ်ရာကျမည်။

"ယုအာပိုပျော်လာမှာလား"
"သေချာတာပေါ့..."
"ကောင်းပြီ ယုအာသဘော"

ယုဖုန်းစိတ်ထားနူးညံ့သည်ကိုသိသောကြောင့် တကယ်မလုပ်ဟုထင်မိပြီး ယုဖုန်းပျော်ရင်ပြီးရော လီဟော်ကျေနပ်စွာခွင့်ပြုလိုက်သံနောက် အနီးအနားမှ အရာရှိတွေမှာ တုန်လှုပ်နေကြပြီ ဖြစ်သည်။

"စွန်းကျားချန်!"

ယုဖုန်း မတ်တပ်ရပ်ကာ စွန်းကျားချန်ကို စိုက်ကြည့်ကာခေါ်လိုက်သည်။

စွန်းကျားချန်၏ ခြေတွေလက်တွေမှာ တဆတ်ဆတ်တုန်ရီ နေပြီး ယုဖုန်းကိုမော့ကြည့်လာသည်။

"ပစ်မှတ်ရှေ့မှာသွားရပ်!"
"အရှင့်..... အရှင့်သား...."

တုန်ခိုက်ကာ ဒူးထောက်ကျသွားသည့် စွန်းကျားချန်မှာ ကြောက်လန့်နေမှုကို မဖုံးကွယ်နိုင်။

လီဟော်အနောက်မှ အရာရှိတွေကို အချက်ပြလိုက်ကာ စွန်းကျားချန်ကို ပစ်မှတ် ခြင်္သေ့ပုံရှေ့ဆွဲခေါ်သွားစေသည်။

"မတ်မတ်ရပ်နေ!!"

ယုဖုန်းအမိန့်ပေးပြီး လေးကြိုးမှ မြှားတစ်ချောင်းကိုပစ်လွှတ်လိုက်သည်။

"ဒုတ်!"

စွန်းကျားချန်၏ လည်ပင်းနားမှမြှားကဖြတ်သန်းသွားကာ အနောက်ပစ်မှတ်တွင် အရှိန်ပြင်းပြင်းစိုက်ဝင်သွားသည်။

မြှားပစ်ကွင်းမှာရှိနေကြသည့် အရာရှိရဲမက်တွေနှင့် အပျိုတော်တွေအားလုံးမှာ ပစ်မှတ်အရှေ့မှ အရာရှိစွန်းကိုကြည့်ပြီး တုန်လှုပ်နေကြပြီး စွန်းကျားချန်ကိုယ်တိုင်ကတော့ တုတ်တုတ်ပင်မလှုပ်ရဲတော့ပဲ သေးပင်ထွက်ကျလာသည်။

ယုဖုန်း မြှားတံတွေကို တစ်ချောင်းပြီးတစ်ချောင်းပစ်လွှတ်နေပြီး မြှားဘူးထဲတွင် ရှစ်ချောင်းသာကျန်သည်အထိ စွန်းကျားချန်ကို တစ်ချက်မထိဘဲ အနောက်မှပစ်မှတ်ကိုသာထိအောင်ပစ်နေသည်။

လီဟော်ကတော့ သူတစ်ခါမှမမြင်ဖူးသည့် ယုဖုန်း၏ သွေးအေးသည့် ပုံရိပ်ကို စိတ်ဝင်တစားကြည့်နေခဲ့သည်။

ယုဖုန်းကိုယ်ဟန်အနေအထားကို ပြန်ပြင်လိုက်ပြီး အံကြိတ်ကာ လက်ကျန် မြှားရှစ်ချောင်းကို လေးကြိုးမှ စတင်ပစ်လွှတ်တော့သည်။

"အ!"
"ဒုတ်!!"
"အ!!"
"ဒုတ်!!"

​စွန်းကျားချန်၏ လက်နှင့် ခြေထောက်တွေကို ရှပ်ထိကာ မြှားတံတွေမှာ သွေးစတွေပါလာသည်။

"အား!"

ပါးကိုရှပ်ထိသွားသည်က တစ်ချောင်း နားရွက်ကိုရှပ်ထိသွားသည်ကတစ်ချောင်း လည်ပင်းကိုရှပ်ထိသွားသည်က တစ်ချောင်း....

​ခေါင်းမှအရာရှိခေါင်းဆောင်းမှာလည်း ပြုတ်ကျသွားသည်။

သွေးတွေထွက်လာပြီး စွန်းကျားချန်က မလှုပ်ရဲပဲ ငိုကြွေးတော့သည်။

အပျိုတော်ငယ်တွေနှင့် အထိန်းတော်တွေမှာ မကြည့်ရဲတော့ဘဲ ခေါင်းတွေကို ငုံ့ထားကြတော့သည်။

"ခေါင်းတွေကိုမော့!"

ယုဖုန်း​သွေးကြောတွေထောင်ထကာ နီရဲနေသည့် မျက်လုံးတွေနှင့် စွန်းကျားချန်ကိုစိုက်ကြည့်ကာ နောက်ဆုံးကျန်သည့် မြှားကို လေးကြိုးပေါ်တင်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"မျက်လုံးတွေဖွင့်ပြီး သေချာကြည့်ကြ!!!"

လီဟော်နှင့် အရာရှိဖူမှလွဲ၍ ကွင်းထဲရှိလူတွေအကုန်လုံး ကြောက်လန့်ကာ ယုဖုန်းအမိန့်အတိုင်း သွေးတွေနှင့် စွန်းကျားချန်ကို မျက်တောင်ပင်မခတ်ရဲပဲ ကြည့်ကြရသည်။

"အား!!!"

လေးကြိုးမှပြေးထွက်သွားသည့် မြှားမှာ စွန်းကျားချန်၏ ညာဘက်လက်မောင်းကိုဖောက်ထွက်သွားပြီး သွေးတွေဖြာထွက်လာသည်။

သေစေနိုင်သည့်နေရာမဟုတ်တာမို့ အကုန်လုံး သက်ပြင်းချလိုက်သည်။

ယုဖုန်းလက်ထဲမှ လေးကို လွှင့်ပစ်လိုက်ပြီး အနီးနားမှ အရာရှိကိုင်ထားသည့် ဓားရှည်ကို ဓားအိမ်ထဲမှာလျှင်​မြန်စွာဆွဲထုတ်ပြီး ကွင်းထဲပြေးဝင်ကာ စွန်းကျားချန်ထံအားကုန် ပစ်ပေါက်လိုက်တော့သည်။

"အား!!!"

အပျိုတော်တွေမှာ ထိတ်လန့်တကြားအော်မိကာ မျက်လုံးတွေကိုလက်နှင့် အုပ်လိုက်ကြပြီး လီဟော်ကိုယ်တိုင်ပင် မတ်တပ်ထရပ်လိုက်မိသည်။

စွန်းကျားချန်မှာ ပစ်မှတ်ရှေ့တွင် ငုတ်တုပ်ထိုင်လျှက် အသံပင်မထွက်နိုင်ဘဲ ငိုကြွေးနေပြီး ဓားရှည်ကတော့ ခြင်္သေ့ပုံ၏ နဖူးတည့်တည့်တွင်စိုက်ဝင်ကာ ခါယမ်းနေသည်။

သူသာ ထိုင်မချလိုက်လျှင် ထိုဓားမှာ ယခုအချိန် သူ့နဖူးတွင်သေချာပေါက်စိုက်ဝင်နေမှာမို့ စွန်းကျားချန်အော်ဟစ်ငိုတော့သည်။

ယုဖုန်း စွန်းကျားချန်အနားကိုရောက်လာပြီး ဆံပင်မှဆွဲကာ သကောင့်သားကိုခေါင်းမော့စေပြီး မျက်ဝန်းတွေကို သေချာစိုက်ကြည့်လိုက်သည်။

"အခု သိပြီလား.....
မင်းကမှ တကယ့် ခွေးသာသာလိုကောင်"

နှစ်ယောက်ကြားသာရုံပြောလိုက်သောအခါ ယုဖုန်းကို သကောင့်သားက လက်အုပ်ချီကာတောင်းပန်တော့သည်။

"ကျွန်တော်မျိုး မှားသွားပါတယ်!
ခွင့်လွှတ်ပေးပါ! မှားသွားပါတယ်!!"

မြေပြင်ကို ဦးတိုက်နေသည့် စွန်းကျားချန်ကို ယုဖုန်း ကျောခိုင်းကာ အခုထိ ဘာသံမှ မထွက်သေးသည့် လီဟော့်ထံလှမ်းကြည့်ပြီး ​ယုဖုန်းပြုံးပြသည်။

"ဟော်ဟော်!
ယုအာ အခု ပျော်သွားပြီ!!!"

ယုဖုန်းလက်ခုပ်တီးကာ အူလှိုက်သည်းလှိုက်ရယ်မောတော့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽

(AN: အကြာကြီးမျှော်နေတဲ့ ကလေးတွေအတွက်ကိုယ်ပြန်လာပါပြီ
Messenger ကနေ လာလာတောင်းဆိုတဲ့ ငယ်လေးတစ်ယောက်ကို အားလည်းနာသလို ကျေးဇူးလည်းတင်ပါတယ်)

⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫

Zawgyi

"ကိုယ့္ကိုပဲၾကည့္ပါ ယုအာ"

လီေဟာ္က ထိုစကားကိုဆိုလိုက္ၿပီး ပုလႅင္ထက္ကို ယုဖုန္းအားေခၚသြားကာ သူႏွင့္အတူ ထိုင္ေစသည္။

အျမင့္ကေနမို႔ ရိရိကိုသူေသခ်ာျမင္ရသည္။

အၾကည့္ခ်င္းစုံသြားခ်ိန္မွာ သူၿပဳံးလိုက္ေပမယ့္ ရိရိကေတာ့ အံႀကိတ္လ်က္သူ႕ကိုေတာင္းပန္သည့္မ်က္ဝန္းေတြႏွင့္သာၾကည့္ေနခဲ့သည္။

"ယုအာ......"

ခါးေပၚေရာက္လာသည့္ သန္မာသည့္ လီေဟာ့္လက္က သူ႕ကို တင္းၾကပ္စြာေပြ႕ဖက္လာသည္။

"အ......"

ခါးကိုညွစ္ခ်ိဳးေနသလားထင္ရေအာင္ လီေဟာ္ကအားသုံးၿပီး ယုဖုန္းကိုသူ႕ေပါင္ေပၚဆြဲတင္လိုက္သည္။

"လႊတ္!"
"ကိုယ့္ကိုပဲၾကည့္ပါလို႔ ေျပာမထားဘူးလား"

ေဒါသထြက္ေနသည့္မ်က္ဝန္းေတြက ယုဖုန္းလည္ပင္းေပၚတြင္ရပ္တန့္သြားသည္။

"အား......ခင္ဗ်ား!"

လီေဟာ္၏ ျမန္ဆန္ေသာလႈပ္ရွားမႈေနာက္ ယုဖုန္း လည္တိုင္ထက္တြင္ ကိုက္ခဲခံလိုက္ရၿပီး ယုဖုန္း ႐ုန္းကန္ေတာ့သည္။

လူအမ်ားေရွ႕မွာ ေပြ႕ဖက္ခံရၿပီး လည္ပင္းေသြးစို႔ေအာင္အကိုက္ခံလိုက္ရျခင္းက ယုဖုန္းကို အရွက္ရကာမ်က္ရည္က်ေစသည္။

ထိုျမင္ကြင္းကိုၾကည့္ေနၾကသူမ်ားထဲမွ ထ်န္းရိကေတာ့ ေက်ာက္ခ်ထားသလို ထိုင္ေနရၿပီး လႈပ္ရွားလို႔မရ။

သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ရွိေနသည့္ လီေဟာ္ႏွင့္မ်က္လုံးအေရာင္တူေသာ ထိုမိန္းမကသူ႕ကိုထိန္းခ်ဳပ္ထားသည္။

ယုအာနဲ႕သူကြဲသြားေတာ့ ထ်န္းရိ ေဒါသတႀကီး ေသာင္းက်န္းခဲ့သည္။

သစၥာေဖာက္ျဖစ္သည့္ ဖခင္ကေတာ့ ငိုေႂကြးေနသည့္ လင္းရွႏွင့္ သူတို႔ရဲ႕မိခင္ကိုပါ လ်စ္လ်ႉရႈလ်က္ အိမ္ေတာ္ထဲကေနထြက္ခြင့္မေပးခဲ့။

အေစာင့္ေတြကိုတိုက္ခိုက္ၿပီး ယုအာဆီသူသြားစဥ္ လမ္းမွာ ထိုမိန္းမေပၚလာခဲ့သည္။

"ဒူးေထာက္"

ထ်န္းရိ ဒူးေတြခ်က္ခ်င္းၫႊတ္က်သြားခဲ့ၿပီး အိမ္ေတာ္သို႔ျပန္လည္ေခၚေဆာင္ခံခဲ့ရသည္။

လီဟြာ ဆိုသည့္ထိုမိန္းမက အမိန့္ေပးျခင္းအစြမ္းရွိသည့္ တစ္ဦးတည္းေသာသူျဖစ္ၿပီး သူဘာမွမတတ္နိုင္ခဲ့။

"အမတ္ႀကီးမု!"
"ကြၽန္ေတာ္မ်ိဳးရွိေၾကာင္းပါ"

လီေဟာ့္ေခၚသံေနာက္ ရိုက်ိဳးစြာ နာခံေနသည့္ ဖခင္ျဖစ္သူကို ထ်န္းရိ မျမင္ခ်င္စြာ မ်က္လုံးေတြမွိတ္ထားခ်င္ေပမယ့္ ေလွာင္ၿပဳံးတစ္ခုႏွင့္ ထိုမိန္းမက သူ႕ကိုမ်က္ေတာင္မခတ္ၾကည့္ေနေစသည္။

"ကိုယ့္ေတာ့္ယုအာေလးရဲ႕ ေက်ာက္စိမ္းတံဆိပ္ျပားကို ျပန္လိုခ်င္တယ္ "
"ဟုတ္ကဲ့"

အားကိုးတႀကီးထ်န္းရိလက္ကို လာဆြဲသည့္ လင္းရွက မ်က္ရည္ေတြဝိုင္းေနရွာၿပီ။

လင္းရွကိုၾကည့္ၿပီး လက္ျဖန့္ျပသည့္ ဖခင္ေၾကာင့္ သူမ ေခါင္းရမ္းသည္။

"မုလင္းရွ!!!"

အမတ္ႀကီးမုရဲ႕ အသံက က်ယ္ေလာင္တာမို႔ အခမ္းအနားမွာ ရွိသမွ် အရာရွိမိသားစုအားလုံးက အာ႐ုံစိုက္ေနၾကသည္။

"အေဖ......"
"အခုေပးစမ္း!"

မုလင္းရွ မ်က္ရည္ေတြက်လ်က္ သူမကိုယ္ႏွင့္မကြာထားသည့္ ေက်ာက္စိမ္းတံဆိပ္ျပားေလးကိုထုတ္ေပးလိုက္သည္။

လက္ေထာက္ဖူကေနတစ္ဆင့္ လီေဟာ့္လက္ထဲ တံဆိပ္ျပားေရာက္သြားေတာ့ ယုဖုန္းကိုဖက္ထားသည့္ ပုလႅင္ထက္မွလူက ေက်နပ္စြာၿပဳံးသည္။

အခမ္းအနားမွာရွိသည့္ သူအားလုံးလည္း ကျောက်စိမ်းပြားပြန်တောင်းသည့်အဓိပ္ပါယ်က ေစ့စပ္ေၾကာင္းလမ္းမႈကို ဖ်က္သိမ္းျခင္းမွန္းသိၾကသည္။

ယုဖုန္းကေတာ့ တစ္ဖက္ကိုမ်က္ႏွာလႊဲလ်က္ လီေဟာ္ရဲ႕လက္ေတြၾကားမွာ ၿငိမ္သက္ေနခဲ့ရသည္။

"ေတာ္ဝင္မင္းသားလုံယုဖုန္းက ငါကိုယ္ေတာ္ရဲ႕ ၾကင္ယာေတာ္ေလာင္းလ်ာပဲ!!"

လီေဟာ့္စိတ္ကို ရိပ္စားမိသလိုရွိၾကေပမယ့္ ယခုလို တရားဝင္ ထုတ္ျပန္လိမ့္မယ္မထင္ထားခဲ့ေသာေၾကာင့္ အံ့အားသင့္ၾကရသူေတြမ်ားသည္။

"သတင္းပို႔ပါတယ္!!"

အခမ္းအနားထဲေျပးဝင္လာသည့္ အေစာင့္တပ္သားေၾကာင့္ အားလုံး ၿငိမ္သက္သြားသည္။

"ေတာင္ဘက္နန္းေဆာင္ မီးေလာင္ေနပါတယ္!"

အခ်ိန္က်ၿပီ......
ယုဖုန္း ထိတ္လန့္ဟန္ ေဆာင္လိုက္ေပမယ့္ လီေဟာ္တို႔ကေတာ့ တကယ္ကိုထိတ္လန့္သြားသည္။

"က်င္းအာ ဖန္းအာ......."

ေျပေလ်ာ့ေနသည့္ လီေဟာ့္လက္ေတြထဲကေန ထြက္ၿပီး ေတာင္ဘက္နန္းေဆာင္သို႔ ယုဖုန္းေျပးေတာ့သည္။

အားလုံးမွင္သက္ေနသည့္အေျခအေနကိုအခြင့္ေကာင္းယူကာ သူတို႔အျမန္လႈပ္ရွားရမည္။

ေတာင္ဘက္နန္းေဆာင္တစ္ခုလုံး မီးေတာက္ေတြဖုံးလႊမ္းေနၿပီး ျပင္းထန္လြန္းသည့္ အပူဒဏ္ေၾကာင့္ ခပ္လွမ္းလွမ္းကေနသာ ၿငိမ္းသက္ဖို႔ႀကိဳးစားေနၾကသည္။

ကေလးႏွစ္ေယာက္ရဲ႕ငိုသံေတြက နန္းေဆာင္ထဲမွာ ပ်ံ့လြင့္ေနၿပီး ဘယ္သူမွ မဝင္ရဲၾက။

ယုဖုန္းနန္းေဆာင္အေနာက္ကိုအျမန္သြားၿပီး ကြမ္းမင္ ရိုက္ခ်ိဳးထားသည့္ ျပတင္းေပါက္မွ ကေလးႏွစ္ေယာက္ကိုေခၚလိုက္သည္။

"ဦးရီးေတာ္"

ပူလို႔မဟုတ္ဘဲ မီးေတြကိုျမင္ၿပီးလန့္ကာငိုေနသည့္ ကေလးႏွစ္ေယာက္ကို တိုးတိုးေနရန္ အခ်က္ျပကာ ျပတင္းေပါက္မွ အျပင္သို႔ေခၚထုတ္လိုက္သည္။

"ဒီကမမနဲ႕ လိုက္သြားေနာ္......"

ကုန္လွည္းေပၚမွ စည္ပိုင္းႀကီးထဲကေလးႏွစ္ေယာက္ကိုဝင္ထိုင္ေစသည္။

"ဦးရီးေတာ္ကေရာ....."
"ဦးရီးေတာ္ မၾကာခင္လိုက္လာခဲ့မယ္....."

ယုဖုန္းကေလးႏွစ္ေယာက္ရဲ႕ပါးျပင္ေလးေတြကိုပြတ္သပ္ကာ စည္ပိုင္းအဖုံးကိုျပန္အုပ္လိုက္သည္။

"ယုအာ!!"

နန္းေဆာင္အေရွ႕မွ လီေဟာ့္အသံကိုၾကားလိုက္ရသည့္ေနာက္ ယုဖုန္း ထိုေနရာမွ အျမန္ထြက္ခဲ့ေတာ့သည္။

"က်င္းအာ!! ဖန္းအာ!!"

ယုဖုန္းသည္းထန္စြာငိုေႂကြးလ်က္ အကူအညီမဲ့စြာ ေျပးလႊားေနဟန္ ေဆာင္လိုက္သည္။

မီးေတာက္ေတြကို လီေဟာ္ထိန္းခ်ဳပ္ၾကည့္ေပမယ့္ မရေပ။

ငရဲမီးလား.......
မဟုတ္ေလာက္ပါဘူး......

လီေဟာ္ ေရအစြမ္းႏွင့္ ၿငိမ္းသက္ဖို႔ႀကိဳးစားၾကည့္ေပမယ့္လည္းမရ။

"ယုအာ...."

သူ႕ပုခုံးေတြကို ကိုင္လ်က္ မ်က္ႏွာခ်င္းဆိုင္ေစသည့္ လီေဟာ့္လက္ေတြကို ယုဖုန္း ကိုင္လိုက္သည္။

"က်င္းအာနဲ႕ ဖန္းအာကို ကယ္ေပးပါ......
ကေလးေတြအရမ္းပူေနေတာ့မွာ.....
ငိုသံေတြလည္းမၾကားရေတာ့ဘူး......
အရမ္းပူေနေလာက္ၿပီ"

စိတ္လြတ္ေနသူလို စကားေတြေျပာရင္း ငိုေနသည့္ ယုဖုန္းကို လီေဟာ္က ဖက္လိုက္သည္။

"ကယ္ေပးပါ......
ကြၽန္ေတာ္ေတာင္းပန္ပါတယ္......"

ယုဖုန္း မ်က္လုံးေတြမွိတ္ၿပီး သတိလစ္သြားသလိုဟန္ေဆာင္ၿပီး လီေဟာ့္ရင္ခြင္ထဲမွာ ေပ်ာ့ေခြကာ ၿငိမ္က်သြားသည္။

"ယုအာ!......ယုအာ!"

ထ်န္းရိ ယုဖုန္းကို ေျပးကာ ေထြးေပြ႕ခ်င္ေပမယ့္ သူမလုပ္နိုင္ျပန္။

အစြမ္းရွိသည့္ ကိုယ္ရံေတာ္ အရာရွိေတြလည္း မီးကိုမၿငိမ္းသက္နိုင္ၾကပဲ မီးေတာက္ေတြကေတာ့ နန္းေဆာင္တစ္ခုလုံးကို အစအနရွာမရေအာင္ ျပာမႈန့္ေတြျဖစ္သည္အထိေလာင္ကြၽမ္းၿပီးမွ သူ႕အလိုလိုေပ်ာက္ကြယ္သြားသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾

လီေဟာ္ သတိရမလာေသးသည့္ ကေလးငယ္အနားမွာသာ ထိုင္ေနခဲ့ၿပီး သတိရလာလွ်င္ ဘယ္လိုမ်ားႏွစ္သိမ့္ေပးရမလဲ ေတြးေတာေနခဲ့သည္။

"အရွင္မင္းႀကီး....မီးၿငိမ္းသြားပါၿပီ......
ဒါေပမယ့္ ငရဲမီးမို႔ ဘာအစအနမွမက်န္ပါဘူး......"

လက္ေထာက္ဖူရဲ႕ေလွ်ာက္တင္ခ်က္ေနာက္ လီေဟာ္ နားထင္ေတြကိုဖိလိုက္မိသည္။

"ထူးဆန္းေနတာက မီးကတျခားေနရာေတြကို လုံးဝမကူးပါဘူး......."
"တစ္ေယာက္ေယာက္ရွို႔တာျဖစ္မယ္......"
"ကြၽန္ေတာ္မ်ိဳး ဆက္ၿပီး စုံစမ္းပါ့မယ္"

လက္ေထာက္ဖူ ထြက္သြားၿပီး မၾကာခင္မွာပဲ ယုအာမ်က္ခြံေလးေတြလႈပ္လာသည္။

"ယုအာ......."

ယုဖုန္းအခုမွ သတိရလာသလိုမ်ိဳး အမူအရာကိုထိန္းထားသည္။

"က်င္းအာနဲ႕ ဖန္းအာေရာ......"

ေမွ်ာ္လင့္တႀကီးေမးလာသည့္ ကေလးငယ္ရဲ႕ မ်က္ဝန္းေတြမွ တစ္ဖန္ မ်က္ရည္ေတြစီးက်လာျပန္သည္။

"ကိုယ္တို႔မကယ္လိုက္နိုင္ဘူး"
"ခင္ဗ်ားမွာ နတ္ဘုရားအစြမ္းရွိတယ္ေလ.....
ဘာလို႔ မကယ္နိုင္ရတာလဲ"

သူ႕ရင္ဘက္ေတြကို ထုရိုက္ကာ ငိုေနသည့္ ကေလးငယ္ကို ေတာင္းပန္ပါတယ္မွ လြဲ၍ သူဘာမွမေျပာနိုင္။

"ထြက္သြား.......
ကြၽန္ေတာ္တစ္ေယာက္တည္းေနခ်င္တယ္"

အေတာ္ၾကာေအာင္ငိုၿပီးၿပီမို႔ ယုဖုန္းေမာလာၿပီျဖစ္ရာ လီေဟာ့္ကိုႏွင္ရေတာ့သည္။

"ကိုယ္ ယုအာအနားမွာေနေပးမယ္ေလ....."
"မလိုဘူး ေက်းဇူးျပဳၿပီး ထြက္သြားေပးပါ"

ထပ္ၿပီး ငိုျပမွ လီေဟာ္က သူ႕နန္းေဆာင္မွ ထြက္သြားေပးသည္။

ယုဖုန္း ယခုမွ သက္ျပင္းခ်နိဳင္ၿပီး ႏွာေခါင္းထဲမွ ပိတ္ေနသည့္ ႏွပ္ခ်ီးေတြကို ထညွစ္ကာ ေစာင္ပုံထဲ ျပန္ဝင္၍ အိပ္ေပ်ာ္သြားေတာ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾

"နည္းနည္းေလာက္ေတာ့စားေလ ယုအာ...."

မနက္စာကိုတစ္စက္မွမထိသည့္ ကေလးငယ္ေၾကာင့္ လီေဟာ္ စိတ္မေကာင္းျခင္းေတြသာပိုတိုးရသည္။

"ယုအာ.......
ဒီေန႕ ကိုယ္နဲ႕ ျမႇားပစ္ၾကမယ္ေလ......"

ယုဖုန္းဗိုက္ဆာေနသည္ကိုအံႀကိတ္သည္းခံရင္း ေခါင္းယမ္းကာ တစ္ဖက္ကိုလွည့္ထိုင္ေနလိုက္ေတာ့သည္။

လီေဟာ့္ရဲ႕သက္ျပင္းခ်သံကိုၾကားရၿပီးေနာက္ သူ႕ကိုယ္ဟာ တစ္စုံတစ္ေယာက္ေပြ႕ခ်ီမႈေၾကာင့္ လန့္သြားရသည္။

ယုဖုန္းကို လီေဟာ္က သူ႕ေပါင္ေပၚတင္ၿပီး တူတစ္စုံႏွင့္ ဖက္ထုပ္ကိုညွပ္ယူကာ ပါးစပ္နားေတ့ေပးသည္။

ယုဖုန္း ေခါင္းမရမ္းခင္မွာပဲ ပါးေစာင္ကိုညွစ္ကာ ႏႈတ္ခမ္းေတြဟေစၿပီး ႏူးညံ့တဲ့ဖက္ထုပ္အရသာကိုခံစားလိုက္ရသည္။

ငါးခုေလာက္အတင္းရေအာင္ခြံ႕ေကြၽးၿပီးမွ လီေဟာ္က သူ႕ကို ေပါင္ေပၚမွ ဆင္းခြင့္ေပးသည္။

"ညီလာခံၿပီးရင္ ကိုယ္လာေခၚမယ္ေနာ္"

ပါးျပင္ကိုပြတ္သပ္ၿပီး လီေဟာ္ထြက္သြားေတာ့ ကြမ္းမင္မွလြဲ၍အားလုံးကိုထြက္သြားခိုင္းလိုက္သည္။

တံခါးေတြကိုေသခ်ာလိုက္စစ္ၾကည့္ၿပီး စာႏွစ္ေစာင္ကို ကြမ္းမင္ကထုတ္ေပးသည္။

႐ုံရွင္းက သူမနန္းေတာ္ထဲကိုျပန္ေရာက္ေနေၾကာင္းႏွင့္ ကေလးႏွစ္ေယာက္ အႏၱရာယ္ကင္းစြာ ကိုယ္ရံေတာ္ဘင္းဝမ္တို႔ထံပို႔ေပးခဲ့ေၾကာင္းေရးထားသည္။

လက္ရွိမွာ သူမက သံသယကင္းေစရန္ စားဖိုေဆာင္တြင္ေခတၱတာဝန္ထမ္းေနရေၾကာင္းပါတင္ျပသည္။

ေနာက္ထပ္စာတစ္ေစာင္မွာ ဘင္းဝမ္ထံမွျဖစ္သည္။

ေရတံခြန္ေနာက္က လွိုင္ဂူမွာဘင္းဝမ္တို႔ပုန္းခိုေနၾကၿပီး သူႏွင့္ခမည္းေတာ္တို႔ကိုကယ္တင္ရန္ အသက္ရွင္ေနေသးေသာ ပုန္းခိုေနသည့္ ခ်ီယုတပ္ဖြဲ႕မွ ေတာ္ဝင္ကိုယ္ရံေတာ္ေတြကိုစုေဆာင္းေနေၾကာင္းေရးထားသည္။

ယုဖုန္း အခုမွစိတ္ေအးသြားၿပီး သက္ျပင္းခ်နိဳင္ကာ စာႏွစ္ေစာင္ကိုမီးရွို႔ေဖ်ာက္ဖ်က္လိုက္သည္။

ကြမ္းမင္ကို ႏႈတ္ခမ္းလႈပ္႐ုံသာ တိုးတိုးေလး ေက်းဇူးတင္စကားဆိုေတာ့ ကြမ္းမင္ကၿပဳံးကာသာ ေခါင္းညိတ္ျပသည္။

"ဂြီ!!"

ယုဖုန္း ဆာေလာင္ေနသည့္ဗိုက္ကေလးကိုကိုင္ၿပီး သည္းခံရမယ္ဟုစိတ္ကေတြးေနတုန္းမွာပဲ ကြမ္းမင္က ဖြက္ယူလာသည့္ မုန့္ခ်ိဳေတြကိုေပးလာသည္။

ယုဖုန္းမ်က္ႏွာေလး ခ်က္ခ်င္းျပန္လန္းလာၿပီး ထပ္ကာ ေက်းဇူးတင္သည့္ အၾကည့္ေလးမ်ားႏွင့္သာၾကည့္၍ ရယ္ျပမိသည္။

"ရပ္စမ္း!"

အျပင္မွ ၾကားလိုက္ရသည့္အသံေၾကာင့္ ယုဖုန္းေရာကြမ္းမင္ပါ သတိအေနအထားျဖစ္သြားသည္။

"ငါ မင္းသားယုဖုန္းကို လာေတြ႕တာ"

"ရိရိအသံ"

ယုဖုန္းတိုးတိုးေလးေရ႐ြတ္ကာ တံခါးနားေျပးသြားမိသည္။

"ဒါၾကင္ယာေတာ္နန္းေဆာင္ မင္းဝင္ခြင့္မရွိဘူး!"

ယုဖုန္း တံခါးနားမေရာက္ခင္မွာဘဲ ကြမ္းမင္က သူ႕ကိုတားဆီးလိုက္ကာ အျပင္မထြက္ဖို႔ ေခါင္းရမ္းျပသည္။

"ငါ ယုအာနဲ႕ေတြ႕မယ္"
"ခြၽမ္း!!"

ဓားခ်င္းထိခတ္သံၾကားလိုက္ရၿပီး ယုဖုန္းတုန္တက္သြားသည္။

"မုထ်န္းရိ မင္းကေတာ့ အေၾကာက္အလန့္မရွိဘူးပဲ.....
ၾကင္ယာေတာ္နန္းေဆာင္ကို ဓားကိုင္ၿပီး ဘုရင့္အမိန့္မပါဘဲ ဝင္ဖို႔ႀကိဳးစားရဲတယ္!"
"စြန္းက်ားခ်န္!!"
"ငါကအခု အရွင္မင္းႀကီးကိုယ္တိုင္ခန့္အပ္ထားတဲ့ အရာရွိစြန္း ...
မင္းထက္ရာထူးျမင့္တယ္ မုထ်န္းရိ!!"

ထပ္မံထြက္ေပၚလာသည့္ ဓားခ်င္းထိခတ္သံေတြ....

"ရပ္စမ္း!! မုထ်န္းရိ!"
"အ!"

မိန္းမတစ္ေယာက္ရဲ႕အမိန့္ေပးသံေနာက္ ထ်န္းရိ၏ နာက်င္စြာထြက္ေပၚလာသည့္ ညည္းသံ....

ကြမ္းမင္က တံခါးကို အေပါက္အေသးေလးေဖာက္ကာ ယုဖုန္းကို ၾကည့္ခြင့္ေပးလိုက္ေပမယ့္ အျပင္ကို မထြက္ေစရန္ေတာ့ ခ်ဳပ္ထားေသးသည္။

ထ်န္းရိ ဘယ္ဘက္လက္ေမာင္းမွာ ဓားထိရာႏွင့္ေသြးေတြထြက္ေနၿပီး မလႈပ္မယွက္မတ္တပ္ရပ္ေနကာ ဓားကိုင္ထားသည့္ အရာရွိကို ေဒါသတႀကီးၾကည့္ေနသည္။

"မုထ်န္းရိ လာခဲ့"

လီဟြာ၏ အမိန့္အတိုင္း ထ်န္းရိ လြန္ဆန္လို႔မရဘဲ သူမေနာက္ကလိုက္သြားခဲ့ရသည္။

"စြန္းအရာရွိ....
မုထ်န္းရိ ကဒဏ္ရာရသြားလို႔ ထပ္ျပႆနာရွာရင္ ဘယ္လိုလုပ္မလဲ"
"မင္းတို႔မျမင္ဘူးလား အဲ့ေကာင္ကို
သခင္မလီဟြာက ထိန္းခ်ဳပ္ထားတာ
ၿပီးေတာ့ အရွင္မင္းႀကီးက သူတို႔မုအိမ္ေတာ္ထက္ ငါ့တို႔စြန္းအိမ္ေတာ္ကို မ်က္ႏွာသာေပးလို႔ ငါ့ကိုအရာရွိခန့္ထားတာေလ...
အရင္လို သူ႕မွာ အာဏာမရွိေတာ့ဘူး
ေခြးသာသာပဲ"

ေက်နပ္စြာေျပာၿပီး ဓားကေသြးေတြကိုသုတ္ေနသည့္ ထိုစြန္းအရာရွိဆိုသူကို ယုဖုန္းအံႀကိတ္ကာ ၾကည့္ေနခဲ့သည္။

မုအိမ္ေတာ္လာၿပီး ယုဖုန္းကို ဘာအစြမ္းမွမရွိသည့္ မ်ိဳးမစစ္မင္းသားဟုေျပာခဲ့ဖူးသည့္ စြန္းသခင္ေလး ဆိုသူမွန္း ယုဖုန္းမွတ္မိသြားသည္။(part-9 မွာပါ)

"စြန္းက်ားခ်န္"

ယုဖုန္း၏အံႀကိတ္ထားသည့္ သြားၾကားမွ ထြက္လာသည့္ ထိုနာမည္သုံးလုံးမွာ ကြမ္းမင္ၾကားသာ႐ုံမွ်သာ တိုးလ်ေနခဲ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾

"ဝွစ္!"
"ဒုတ္!"

ပစ္မွတ္ ျခေသၤ့ပုံ၏နဖူးတည့္တည့္တြင္ ျမႇားအေျမာက္အမ်ားစိုက္ဝင္ေအာင္ပစ္ေနသည့္ ယုဖုန္းကို လီေဟာ္မ်က္ေတာင္မခတ္တမ္းထိုင္ၾကည့္ေနခဲ့သည္။

"ယုအာ....
ခဏနားဦး..."

ယုဖုန္း ေလးကို ခ်လိဳက္ၿပီး လီေဟာ့္အနားသြားထိုင္ကာ အေအးခံေပးထားသည့္ အၾကမ္းရည္ကိုေသာက္လိုက္သည္။

ျမႇားေတြအမ်ားအျပားစိုက္ဝင္ေနသည့္ ပစ္မွတ္ျခေသၤ့ပုံႀကီးကို ရဲမက္ေတြကသယ္ထုတ္သြားၿပီး အသစ္တစ္ခုကိုအစားထိုးလိုက္ၾကသည္။

"အခုနည္းနည္းစိတ္ေပ်ာ္လာလား"

ယုဖုန္းလက္ကို ကိုင္ကာ လီေဟာ္ေမးလာသည္။

ယုဖုန္းမလွမ္းမကမ္းမွာ ရပ္ေနသည့္ စြန္းက်ားခ်န္ကို ၾကည့္ကာ ၿပဳံးလိုက္သည္။

"သိပ္မေပ်ာ္ေသးဘူး...
ကြၽန္ေတာ္ အရာရွိတစ္ေယာက္ေလာက္သတ္ခ်င္တယ္... ရလား..."

ေအးစက္စြာေျပာလာေပမယ့္ ႏႈတ္ခမ္းေတြကေတာ့လွပစြာၿပဳံးျပေနတာမို႔ လီေဟာ္ ရင္မခုန္ဟုေျပာလွ်င္လိမ္ရာက်မည္။

"ယုအာပိုေပ်ာ္လာမွာလား"
"ေသခ်ာတာေပါ့..."
"ေကာင္းၿပီ ယုအာသေဘာ"

ယုဖုန္းစိတ္ထားႏူးညံ့သည္ကိုသိေသာေၾကာင့္ တကယ္မလုပ္ဟုထင္မိၿပီး ယုဖုန္းေပ်ာ္ရင္ၿပီးေရာ လီေဟာ္ေက်နပ္စြာခြင့္ျပဳလိုက္သံေနာက္ အနီးအနားမွ အရာရွိေတြမွာ တုန္လႈပ္ေနၾကၿပီ ျဖစ္သည္။

"စြန္းက်ားခ်န္!"

ယုဖုန္း မတ္တပ္ရပ္ကာ စြန္းက်ားခ်န္ကို စိုက္ၾကည့္ကာေခၚလိုက္သည္။

စြန္းက်ားခ်န္၏ ေျခေတြလက္ေတြမွာ တဆတ္ဆတ္တုန္ရီ ေနၿပီး ယုဖုန္းကိုေမာ့ၾကည့္လာသည္။

"ပစ္မွတ္ေရွ႕မွာသြားရပ္!"
"အရွင့္..... အရွင့္သား...."

တုန္ခိုက္ကာ ဒူးေထာက္က်သြားသည့္ စြန္းက်ားခ်န္မွာ ေၾကာက္လန့္ေနမႈကို မဖုံးကြယ္နိုင္။

လီေဟာ္အေနာက္မွ အရာရွိေတြကို အခ်က္ျပလိုက္ကာ စြန္းက်ားခ်န္ကို ပစ္မွတ္ ျခေသၤ့ပုံေရွ႕ဆြဲေခၚသြားေစသည္။

"မတ္မတ္ရပ္ေန!!"

ယုဖုန္းအမိန့္ေပးၿပီး ေလးႀကိဳးမွ ျမႇားတစ္ေခ်ာင္းကိုပစ္လႊတ္လိုက္သည္။

"ဒုတ္!"

စြန္းက်ားခ်န္၏ လည္ပင္းနားမွျမႇားကျဖတ္သန္းသြားကာ အေနာက္ပစ္မွတ္တြင္ အရွိန္ျပင္းျပင္းစိုက္ဝင္သြားသည္။

ျမႇားပစ္ကြင္းမွာရွိေနၾကသည့္ အရာရွိရဲမက္ေတြႏွင့္ အပ်ိဳေတာ္ေတြအားလုံးမွာ ပစ္မွတ္အေရွ႕မွ အရာရွိစြန္းကိုၾကည့္ၿပီး တုန္လႈပ္ေနၾကၿပီး စြန္းက်ားခ်န္ကိုယ္တိုင္ကေတာ့ တုတ္တုတ္ပင္မလႈပ္ရဲေတာ့ပဲ ေသးပင္ထြက္က်လာသည္။

ယုဖုန္း ျမႇားတံေတြကို တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းပစ္လႊတ္ေနၿပီး ျမႇားဘူးထဲတြင္ ရွစ္ေခ်ာင္းသာက်န္သည္အထိ စြန္းက်ားခ်န္ကို တစ္ခ်က္မထိဘဲ အေနာက္မွပစ္မွတ္ကိုသာထိေအာင္ပစ္ေနသည္။

လီေဟာ္ကေတာ့ သူတစ္ခါမွမျမင္ဖူးသည့္ ယုဖုန္း၏ ေသြးေအးသည့္ ပုံရိပ္ကို စိတ္ဝင္တစားၾကည့္ေနခဲ့သည္။

ယုဖုန္းကိုယ္ဟန္အေနအထားကို ျပန္ျပင္လိုက္ၿပီး အံႀကိတ္ကာ လက္က်န္ ျမႇားရွစ္ေခ်ာင္းကို ေလးႀကိဳးမွ စတင္ပစ္လႊတ္ေတာ့သည္။

"အ!"
"ဒုတ္!!"
"အ!!"
"ဒုတ္!!"

စြန္းက်ားခ်န္၏ လက္ႏွင့္ ေျခေထာက္ေတြကို ရွပ္ထိကာ ျမႇားတံေတြမွာ ေသြးစေတြပါလာသည္။

"အား!"

ပါးကိုရွပ္ထိသြားသည္က တစ္ေခ်ာင္း နား႐ြက္ကိုရွပ္ထိသြားသည္ကတစ္ေခ်ာင္း လည္ပင္းကိုရွပ္ထိသြားသည္က တစ္ေခ်ာင္း....

ေခါင္းမွအရာရွိေခါင္းေဆာင္းမွာလည္း ျပဳတ္က်သြားသည္။

ေသြးေတြထြက္လာၿပီး စြန္းက်ားခ်န္က မလႈပ္ရဲပဲ ငိုေႂကြးေတာ့သည္။

အပ်ိဳေတာ္ငယ္ေတြႏွင့္ အထိန္းေတာ္ေတြမွာ မၾကည့္ရဲေတာ့ဘဲ ေခါင္းေတြကို ငုံ႕ထားၾကေတာ့သည္။

"ေခါင္းေတြကိုေမာ့!"

ယုဖုန္းေသြးေၾကာေတြေထာင္ထကာ နီရဲေနသည့္ မ်က္လုံးေတြႏွင့္ စြန္းက်ားခ်န္ကိုစိုက္ၾကည့္ကာ ေနာက္ဆုံးက်န္သည့္ ျမႇားကို ေလးႀကိဳးေပၚတင္လိုက္ၿပီး အမိန့္ေပးလိုက္သည္။

"မ်က္လုံးေတြဖြင့္ၿပီး ေသခ်ာၾကည့္ၾက!!!"

လီေဟာ္ႏွင့္ အရာရွိဖူမွလြဲ၍ ကြင္းထဲရွိလူေတြအကုန္လုံး ေၾကာက္လန့္ကာ ယုဖုန္းအမိန့္အတိုင္း ေသြးေတြႏွင့္ စြန္းက်ားခ်န္ကို မ်က္ေတာင္ပင္မခတ္ရဲပဲ ၾကည့္ၾကရသည္။

"အား!!!"

ေလးႀကိဳးမွေျပးထြက္သြားသည့္ ျမႇားမွာ စြန္းက်ားခ်န္၏ ညာဘက္လက္ေမာင္းကိုေဖာက္ထြက္သြားၿပီး ေသြးေတြျဖာထြက္လာသည္။

ေသေစနိုင္သည့္ေနရာမဟုတ္တာမို႔ အကုန္လုံး သက္ျပင္းခ်လိဳက္သည္။

ယုဖုန္းလက္ထဲမွ ေလးကို လႊင့္ပစ္လိုက္ၿပီး အနီးနားမွ အရာရွိကိုင္ထားသည့္ ဓားရွည္ကို ဓားအိမ္ထဲမွာလွ်င္ျမန္စြာဆြဲထုတ္ၿပီး ကြင္းထဲေျပးဝင္ကာ စြန္းက်ားခ်န္ထံအားကုန္ ပစ္ေပါက္လိုက္ေတာ့သည္။

"အား!!!"

အပ်ိဳေတာ္ေတြမွာ ထိတ္လန့္တၾကားေအာ္မိကာ မ်က္လုံးေတြကိုလက္ႏွင့္ အုပ္လိုက္ၾကၿပီး လီေဟာ္ကိုယ္တိုင္ပင္ မတ္တပ္ထရပ္လိုက္မိသည္။

စြန္းက်ားခ်န္မွာ ပစ္မွတ္ေရွ႕တြင္ ငုတ္တုပ္ထိုင္လွ်က္ အသံပင္မထြက္နိုင္ဘဲ ငိုေႂကြးေနၿပီး ဓားရွည္ကေတာ့ ျခေသၤ့ပုံ၏ နဖူးတည့္တည့္တြင္စိုက္ဝင္ကာ ခါယမ္းေနသည္။

သူသာ ထိုင္မခ်လိဳက္လွ်င္ ထိုဓားမွာ ယခုအခ်ိန္ သူ႕နဖူးတြင္ေသခ်ာေပါက္စိုက္ဝင္ေနမွာမို႔ စြန္းက်ားခ်န္ေအာ္ဟစ္ငိုေတာ့သည္။

ယုဖုန္း စြန္းက်ားခ်န္အနားကိုေရာက္လာၿပီး ဆံပင္မွဆြဲကာ သေကာင့္သားကိုေခါင္းေမာ့ေစၿပီး မ်က္ဝန္းေတြကို ေသခ်ာစိုက္ၾကည့္လိုက္သည္။

"အခု သိၿပီလား.....
မင္းကမွ တကယ့္ ေခြးသာသာလိုေကာင္"

ႏွစ္ေယာက္ၾကားသာ႐ုံေျပာလိုက္ေသာအခါ ယုဖုန္းကို သေကာင့္သားက လက္အုပ္ခ်ီကာေတာင္းပန္ေတာ့သည္။

"ကြၽန္ေတာ္မ်ိဳး မွားသြားပါတယ္!
ခြင့္လႊတ္ေပးပါ! မွားသြားပါတယ္!!"

ေျမျပင္ကို ဦးတိုက္ေနသည့္ စြန္းက်ားခ်န္ကို ယုဖုန္း ေက်ာခိုင္းကာ အခုထိ ဘာသံမွ မထြက္ေသးသည့္ လီေဟာ့္ထံလွမ္းၾကည့္ၿပီး ယုဖုန္းၿပဳံးျပသည္။

"ေဟာ္ေဟာ္!
ယုအာ အခု ေပ်ာ္သြားၿပီ!!!"

ယုဖုန္းလက္ခုပ္တီးကာ အူလွိုက္သည္းလွိုက္ရယ္ေမာေတာ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾

(AN: အၾကာႀကီးေမွ်ာ္ေနတဲ့ ကေလးေတြအတြက္ကိုယ္ျပန္လာပါၿပီ
Messenger ကေန လာလာေတာင္းဆိုတဲ့ ငယ္ေလးတစ္ေယာက္ကို အားလည္းနာသလို ေက်းဇူးလည္းတင္ပါတယ္)

⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪







Bạn đang đọc truyện trên: Truyen247.Pro