Part-15 ( hidden god)
Unicode
တင်းတင်းကြပ်ကြပ်ဖက်ထားသည့် ခါးပေါ်ကလက်တစ်စုံဟာ သန်မာလွန်းပြီး သူ့ကျောပြင်နှင့်ထိကပ်နေသည့် ရင်ခွင်ကျယ်ပိုင်ရှင်ကို ယုဖုန်းမုန်းသည်။
တိုးညှင်းသောအသက်ရှူသံနှင့် သူ့ကိုဖက်ထားသည့် လီဟော်ဟာကောင်းစွာအိပ်မောကျနေပေမယ့် ယုဖုန်း ကတော့မျက်ဝန်းတွေကို မှိတ်ရုံသာမှိတ်ထားပြီးအိပ်မပျော်......
ခမည်းတော်တို့နဲ့သူတွေ့မှဖြစ်မယ်.....
အတွေးများစွာနှင့်မိုးလင်းခဲ့သည့်နောက် လီဟော့်လက်တွေကသူ့ကိုပိုတင်းတင်းဖက်လိုက်မှ ယုဖုန်းစိတ်နဲ့လူပြန်ကပ်လာကာ ရုန်းကန်ချင်သည့်စိတ်ကို ချုပ်တည်း၍ ငြိမ်ငြိမ်လေးနေပြီးပဲ အိပ်ချင်ယောင်ဆက်ဆောင်နေလိုက်သည်။
နားထင်ပေါ်ကျလာသည့် အထိနွေးနွေးက ကြာရှည်စွာဖယ်ခွာသွားခြင်းမရှိဘဲ သူ့မျက်ခွံ ပါးပြင်တွေနှင့် နှုတ်ခမ်းထောင့်ပေါ်ရောက်သည်အထိ တရွေ့ရွေ့ ရွေ့လျားနေသည်။
"အထိန်းတော်မင်....."
ခပ်တိုးတိုးခေါ်သံက ဩရှနေပြီး တံခါးပွင့်သံနှင့် အပျိုတော်တို့၏ခြေသံဖွဖွကိုယုဖုန်းကြားရသည်။
"အရှင်မင်းကြီး"
"ရှူး!!
ယုအာနိုးသွားလိမ့်မယ်"
ညင်သာသောလှုပ်ရှားမှုနှင့် လီဟော်ရဲ့အငွေ့အသက်တွေဝေးကွာသွားကာ နန်းဆောင်တံခါးပိတ်သံနောက်တိတ်ဆိတ်သွားမှ ယုဖုန်းမျက်လုံးတွေကိုဖွင့်လိုက်ပြီး အသင့်ပြင်ပေးထားသော မျက်နှာသစ်ရေနှင့် လီဟော်နမ်းသွားသော သူ့မျက်နှာအစိတ်အပိုင်းတွေကို အထပ်ထပ်ဆေးကြောသည်။
ရေစက်တွေတွဲခိုနေသည့် ယုဖုန်းရဲ့ မျက်နှာနုနုဟာ ပွတ်တိုက်ထားမှုနှင့်ဒေါသပေါင်းကာနီရဲနေသည်။
ရွှေဇလုံထဲမှရေကြည်ကြည်တွေပြန်လည်ငြိမ်သက်သွားတော့ ရေမျက်နှာပြင်ထက်တွင် သူ့မျက်နှာကို နမ်းသွားသည့် လီဟော့်ပုံရိပ်ကိုမြင်ယောင်လာကာ ယုဖုန်းထိုရေဇလုံကိုဒေါသတကြီး စားပွဲပေါ်မှတွန်းချပစ်လိုက်သည်။
"ဒုန်း!!! ဂလွမ်း!!!"
"အရှင်မင်းသား!"
ထိတ်ထိတ်ပြာပြာပြေးဝင်လာကြသည့် လီဟော် တာဝန်ချထားသော အထိန်းတော် ကိုယ်ရံတော်တွေကို ယုဖုန်းစူးရဲစွာစိုက်ကြည့်ပြီး ရေချိုးဆောင်ထဲဝင်သွားတော့သည်။
စိုက်ကြည့်ခံလိုက်ရသည့် ကိုယ်ရံတော်နှင့်အထိန်းတော်တွေမှာ မမြင်နိုင်သောဖိအားတစ်ခုကိုခံစားရပြီး ကြောက်ရွံ့မှုနှင့် တုန်ယင်စွာ ကျန်ရစ်ခဲ့ကြသည်။
ရေကန်ထဲမှ ပန်းပွင့်ဖက်တွေကိုစိုက်ကြည့်နေရင်း ယုဖုန်း အံကိုကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ရေချိုးသန့်စင်ပြီး ဝတ်ရုံပါးကိုဝတ်ဆင်ကာ ယုဖုန်းအနက်ရောင်ဆံပင်ရှည်တွေကိုကိုယ်တိုင်ဖီးသည်။
"အရှင့်သား.....
ဆံပင်တွေကိုထုံးဖွဲ့ဖို့ကျွန်တော်မျိုးမတို့ကိုတာဝန်ပေးပါ....."
အနားမှာရပ်ကြည့်နေသည့် အထိန်းတော်တွေကို ယုဖုန်းအေးစက်စွာပဲတုန့်ပြန်သည်။
"မလိုဘူး.....
သွားလျောက်တင်လိုက်.....
ငါကိုယ်တော် လီဟော်နဲ့ မနက်စာအတူစားချင်တယ်......"
"ဟုတ်ကဲ့....."
မင်းကြီးရဲ့နာမည်အရင်းကို ခေါ်ရဲသည့် ဆယ့်သုံးနှစ်လူငယ်လေးရဲ့ အမိန့်ကို အထိန်းတော်တွေကအမြန် အမတ်ဖူထံသွားလျောက်ရသည်။
ယုဖုန်းသူ့ဆံပင်ကို သူစိမ်းမကိုင်စေလိုတာကြောင့် ကိုယ်တိုင်ပဲ ဖြစ်သလိုထုံးဖွဲ့ကာ ပြင်ဆင်ထားသည့် မနက်စာစားပွဲတွင်အသင့်ထိုင်စောင့်နေလိုက်သည်။
သွက်လက်သည့်ခြေလှမ်းတွေနှင့် အမြန်ရောက်လာသည့် လီဟော်က ယုဖုန်းရဲ့ကပိုကရိုပုံစံလေးကိုမြင်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။
"ယုအာ....."
သူ့ထံရောက်လာသည့် လီဟော့်လက်နှစ်ဖက်ကိုယုဖုန်းရှောင်ရန်ကြိုးစားပေမယ့် မအောင်မြင်ပဲ ထိုလူ့ရဲ့ပွေ့ဖက်ခြင်းကို မနှစ်မြို့စွာသည်းခံရသည်။
"ဆံပင်တွေကဘယ်လိုဖြစ်တာလဲ......
အထိန်းတော်တွေကဂရုမစိုက်ကြဘူးလား...."
"ကျွန်တော့်ဆံပင်ကိုသူစိမ်းတွေထိမှာမကြိုက်ဘူး....."
မတိုးမကျယ်ယုဖုန်းရဲ့အသံက အသက်မပါသလိုဖြစ်နေပေမယ့် လီဟော်ကတော့ ထပ်ကာပြုံးသည်။
"ဒါဆို ကိုယ်ထုံးပေးမယ်......"
အဖြေကိုမစောင့်ဘဲ လီဟော်က ယုဖုန်းရဲ့ဆံထိုးကိုဖြုတ်ပြီး ဆံပင်တွေကိုဖြန့်ကျစေသည်။
ဆံပင်တွေကိုတစ်ချက်နမ်းပြီး နူးညံ့စွာပဲ လီဟော်ကသူ့ဆံပင်တွေကို ထုံးဖွဲ့ပေးနေချိန်မှာ ယုဖုန်းကတော့ လက်သည်းတွေစိုက်ဝင်မတတ်ပင် လက်သီးကိုတင်းတင်းဆုပ်ထားမိတော့သည်။
"ယုအာ ဒီမုန့်ကြိုက်တယ်မလား...."
ခွံကျွေးဖို့လက်ပြင်သည့် လီဟော့်ကို ယုဖုန်းတစ်ချက်ကြည့်ကာ မငြင်းဆန်ပဲ ပါးစပ်သာဟပေးလိုက်သည်။
"ထပ်စားဦး"
ထပ်ခွံ့ရန်လုပ်ပေမယ့် ယုဖုန်းက ပါးစပ်ပိတ်လျက်ပင် ခေါင်းရမ်းသည်။
"ဘာဖြစ်လို့လဲ.....
အရသာမတွေ့ဘူးလား......"
"ကျွန်တော် ခမည်းတော်တို့နဲ့တွေ့ချင်တယ်"
လီဟော့်ရဲ့အပြုံးတွေချက်ချင်းရပ်တန့်သွားပြီး လေထုဟာ စကားမဆိုဘဲ စိုက်ကြည့်နေကြသူနှစ်ဦးကြောင့် အေးစက်လာသည်။
"ခွင့်မပြုဘူး......"
"ခင်ဗျားဆီကခွင့်ပြုချက်ရဖို့ ကျွန်တော်ဘာလုပ်ပေးရမလဲ....."
ကလေးငယ်ရဲ့ တည်ငြိမ်တဲ့အပေးအယူကမ်းလှမ်းမှုကြောင့် လီဟော်တစ်ချက်တွေသွားသည်။
"ယုအာအရင်ကမ်းလှမ်းတာနော်....."
စိတ်ပြောင်းမလားဆိုပြီး လီဟော် ထေ့လိုက်ပေမယ့် သူ့ရဲ့မျက်ဝန်းနက်ပိုင်ရှင်လေးက မူလအတိုင်းမတုန်လှုပ်။
"မနက်ဖြန်ည......
အောင်ပွဲခံဖို့ရှိတယ်......
နန်းသိမ်းမှုအောင်မြင်တဲ့အတွက် အမတ်တွေအရာရှိတွေရဲ့မိသားစုဝင်တွေရော တက်ရောက်ကြရမှာ......
အဲ့ပွဲ့ကို ယုအာကိုယ်နဲ့အတူ လိုက်ခဲ့ရမယ်....."
တော်ဝင်မိသားစုကိုသစ္စာဖောက်ခဲ့သူတွေ အောင်ပွဲခံကြမှာကို ယုဖုန်းထိုင်ကြည့်မနေနိုင်တာကြောင့် ငြင်းဖို့တွေးလိုက်ပေမယ့် သူချစ်ရတဲ့ ထျန်းရိကို သတိရသွားသည်။
ရိရိလည်းပွဲကိုတက်ရမှာပဲ.....
"ကောင်းပြီ...."
မထင်မှတ်ထားတဲ့အဖြေမို့ လီဟော်အံ့ဩသွားရပေမယ့် ကျေနပ်စွာပြုံးသည်။
"အပ်ချုပ်ဆောင်အကြီးအကဲတွေကိုခေါ်လိုက်.....
ယုအာအတွက် ဝတ်စုံကို မနက်ဖြန်
ညအမှီချုပ်ပြီးဖို့လိုတယ်"
"ဟုတ်ကဲ့ပါ မင်းကြီး"
လက်ထောက်ဖူက အထိန်းတော်တစ်ယောက်ကိုအချက်ပြကာ အမြန်သွားအကြောင်းကြားစေသည်။
ချက်ချင်းရောက်လာကြသည့် အပ်ချုပ်ဆောင်အကြီးအကဲတွေက ယုဖုန်းကိုသေချာတိုင်းတာပြီးတာနဲ့ ပြန်ထွက်သွားရသည်။
မနက်စာစားပြီးအတော်ကြာသည်အထိ လီဟော်ယုဖုန်းအနားမှာရှိနေပေမယ့် ကလေးငယ်ကတော့ ဘယ်သူမှရှိမနေသလို စာလွှာတစ်ခုကိုသာ တည်ငြိမ်စွာဖတ်နေသည်။
အသံတိတ်သူ့ကိုဥပေက္ခာပြုထားပြီး အမြန်ထွက်သွားစေချင်နေသည့် ကလေးငယ်ရဲ့ ကိုယ်လေးကို လီဟော်ပွေ့ချီလိုက်သည်။
"ခင်ဗျား!"
စာလွှာကိုအလန့်တကြားလွှတ်ချလိုက်ပြီး ကလေးငယ်က ဇွတ်အတင်းရုန်းကန်သည်။
"ကိုယ့်ကိုနမ်း"
ယုဖုန်း သူ့ကိုပိုင်စိုးပိုင်နင်းပြုမူနေသည့် လီဟော်ကြောင့် ရုန်းနေမိပေမယ့် ထိုလူပြောလာသည့် အမိန့်ဆန်သည့်စကားကြောင့် မျက်မှောင်ကျုံ့ကာ ခပ်စူးစူးကြည့်လိုက်သည်။
"ကျွန်တော်ဘာပြန်ရမှာလဲ......"
လီဟော်ကအလိုမကျဖြစ်သွားပေမယ့် ခပ်ဟဟသာရယ်သည်။
"ယုအာရဲ့ တူတော်နဲ့တူမကို တစ်နေကုန်ယုအာအနားနေခွင့်ပေးမယ်"
မနေ့က ကျင်းရှီနဲ့ဖန်းရှီလေးကို ညနေပိုင်းမှသာတွေ့ရခွင့်တာမို့ ယုဖုန်းမငြင်းဆန်တော့ဘဲ နီးနီးကပ်ကပ်ရှိနေသည့် ထိုလူ့မျက်နှာအနားတိုးကာ နှုတ်ခမ်းတွေကိုထိရုံသာ ထိကပ်ထားလိုက်သည်။
လီဟော်ကတော့ ယုဖုန်းခေါင်းလေးကိုထိန်းကိုင်ကာ ထိကပ်နေသည့် နူးနူးညံ့ညံ့နှုတ်ခမ်းလေးတွေကို ပြင်းပြစွာစတင်နမ်းတော့သည်။
ရင်ခွင်ထဲမြုပ်နေသည့် ကိုယ်လုံးလေးကိုလည်းအားမရစွာ တစ်ချက်ညှစ်ပြီး အတော်ကြာမှ ကျောက်ရုပ်လေးလိုငြိမ်နေပေးသည့် ကောင်လေးကိုလွှတ်လိုက်သည်။
"ကိုယ်သွားတော့မယ်နော်.....
လိမ်လိမ်မာမာနေ ယုအာ......"
လီဟော်သူ့အဆောင်ထဲကထွက်ခွာသွားတာနဲ့ ယုဖုန်းသူဝတ်ထားသည့် အဝတ်တွေကိုချွတ်ပစ်သည်။
"ငါကိုယ်တော် ရေချိုးဆောင်ဝင်မယ်"
"အရှင့်သားစောစောကပဲ ကိုယ်လက်သန့်စင်ထားတာလေ......"
ယုဖုန်းသူ့ကိုမေးခွန်းပြန်ထုတ်လိုက်သည့်အပျိုတော်ကို အနားရှိအလှပန်းအိုးနှင့်လှမ်းပစ်ထည့်လိုက်သည်။
"ခွမ်း!!!"
ယုဖုန်းကိုခစားနေကြသူများအားလုံးတုန်တက်သွားကြကာ ပန်းအိုးထိမှန်သွားသည့်အပျိုတော်ကတော့ သွေးတွေနှင့်လဲကျသွားသည်။
ထိုအခါမှကျန်အပျိုတော်တွေက ယုဖုန်းအတွက်ရေကန်ကိုအမြန်ပြင်ဆင်ပေးကြသည်။
"အကုန်ထွက်သွားကြ!"
"ဟုတ်ကဲ့"
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ ဒေါသအလျောက်အခြားသူတွေကို ထပ်ထိခိုက်စေမိမည်ဆိုး၍အားလုံးကိုနှင်ထုတ်လိုက်သည်။
ယုဖုန်းအဝတ်တွေအကုန်ချွတ်ကာ ကြမ်းပြင်ပေါ်ပုံချပြီး မီးရှို့ပစ်သည်။
ကိုယ့်ကိုယ်ကိုမသတီစွာဆေးကြောရင်း ရေအောက်ထဲငုပ်လျှိုးကာ မျက်ရည်တွေနှင့်ရေတွေကိုရောထွေးစေသည်။
ဆံပင်အစိုတွေနှင့် ယုဖုန်းအသိမကပ်စွာထိုင်နေမိတုန်းမှာပဲ "ဦးရီးတော်" ဆိုသည့်ခေါ်သံလေးနှင့် ကလေးငယ်လေးနှစ်ဦးက သူ့ဆီပြေးဝင်လာကြသည်။
"ရောက်လာပြီလား"
"ဦးရီးတော် နေမကောင်းဘူးလားဟင်....."
အနည်းငယ်အက်ကွဲနေသည့်သူ့အသံနှင့် မျက်ဝန်းနီမို့မို့တွေကြောင့် ကျင်းရှီလေးကသူ့နဖူးကိုစမ်းရင်းမေးသည်။
"ကောင်းပါတယ်.....
မနက်စာစားပြီးကြပြီလား"
"ဟုတ်....
စားပြီးပြီ"
မလှမ်းမကမ်းမှရပ်ကြည့်နေသည့် အထိန်းတော်ကို ယုဖုန်းခေါ်လိုက်ကာ သူ့ဆံပင်တွေကိုရေခြောက်အောင်လုပ်ပေးစေသည်။
သူ့ဆံပင်တွေကိုသူစိမ်းထိတာကို လီဟော်ထိတာထက်စာရင်တော့ ယုဖုန်းလက်ခံနိုင်သည်။
"ခုနက အပျိုတော်ကို သမားတော်နဲ့ပြပေးပြီးပြီလား"
ယုဖုန်းမေးတာကို ထိုအထိန်းတော်ကပြန်မဖြေဘဲ တွန့်ဆုတ်နေပြီးမှ အားတင်းကာပြောလာသည်။
"သူမကို အပြစ်ပေးဖို့ အကျဉ်းထောင်ထဲခေါ်သွားကြပါပြီ အရှင့်သား...."
"ဘာ.....
ဘာလို့အပြစ်ပေးမှာလဲ!"
"အရှင့်သားကို စိတ်ငြိုငြင်စေတဲ့ဘယ်အမှုထမ်းကိုမဆို အပြစ်ပေးဖို့ မင်းကြီးကအမိန့်ပေးထားပါတယ်....."
"သူမကိုအပြစ်ပေးဖို့မလိုဘူး....
ပြန်ခေါ်ပြီး ဆေးကုသပေးလိုက်"
"ဒါပေမယ့်.....
အရှင်မင်းကြီးရဲ့ အမိန့်က...."
"ငါအမိန့်ပေးနေတာ!!!"
ယုဖုန်းရဲ့ကျယ်လောင်သွားသည့် အသံမာမာကြောင့် အထိန်းတော်တွေမှာ ခေါင်းငုံ့နာခံလျက် ထိုအဆောင်ထဲမှအမြန်ထွက်သွားကြသည်။
ယုဖုန်း စိတ်ကိုမနည်းပြန်ထိန်းကာ ကလေးနှစ်ယောက်မလန့်သွားအောင် အပြုံးကိုဆင်မြန်းလိုက်သည်။
"ဦးရီးတော် နေမကောင်းတုန်းကလည်းကြောက်စရာကောင်းတယ်"
ကျင်းရှီလေးပြောတာကိုယုဖုန်းနားမလည်။
"ဟိုးအရင်တုန်းက ဦးရီးတော်နေမကောင်းဖြစ်သေးတယ်လေ......
ကျင်းအာတောင်သိပ်မမှတ်မိတော့ဘူး.....
ဖန်းရှီ.....ညီမလေးရောသိလား...."
အစ်ကိုဖြစ်သူရဲ့အမေးကို ဖန်းရှီလေးကကြောင်တောင်တောင်နှင့် ခေါင်းလေးရမ်းပြသည်။
"မသိဘူးလား.....
အဲ့တုန်းက ဦးရီးတော်က ဒီအိပ်ရာပေါ်မှာပဲ ပူတယ်ပူတယ်လို့အော်နေတာလေ.....
ပြီးတော့ လေထဲမှာ တန်းလန်းကြီးတောင်ဖြစ်သွားသေးတယ်....."
ယုဖုန်းသူမီးရှို့သလိုခံစားခဲ့ရသည့်နေ့ကိုပြန်အမှတ်ရသွားတော့သည်။
ထိုနေ့ကအဖြစ်အပျက်နဲ့ပတ်သက်ပြီး ယုဖုန်းအသိမကပ်တာမို့ ဘာကိုမှသေချာမမှတ်မိ.....
"ဦးရီးတော်က ရုတ်တရက်ကြီးထထိုင်ပြီး ဟိုနားကိုလက်ညိုးကြီးထိုးပြတာလေ.....
အဲ့နားကစာလိပ်ကြီးကိုဖတ်ပြီး ခမည်းတော်တို့အဖိုးတော်တို့တောင်လန့်သွားကြသေးတယ်"
"စာလိပ်?
ဘာအကြောင်းရေးထားတာလဲ"
"အဲ့တာတော့ ကျင်းအာလည်းမသိဘူး...
အာ....ပြီးတော့ ဦးရီးတော်ပုံကိုလည်းဆွဲထားသေးတယ်......"
ကျင်းရှီလေးမှာယုဖုန်းနဲ့တူညီသည့် မှတ်ဉာဏ်အရည်အသွေးမျိုးရှိပြီး လိမ်မပြောတတ်တာမို့ ကျင်းရှီလေးစကားကမှန်ကန်မှန်းယုဖုန်းယုံကြည်သည်။
သူ့မိသားစုထဲမှာသူမသိသေးသည့်လျှို့ဝှက်ချက်တစ်ခုရှိနေသည်။
"ကျင်းအာ...
စာလိပ်က ဒီစားပွဲနားကရတာလား...."
ယုဖုန်းသူစာဖတ်နေကျနေရာကိုလက်ညိုးထိုးပြတော့ ကျင်းရှီလေးကခေါင်းညိတ်သည်။
စားပွဲတဝိုက်မှ ကြမ်းပြင်နှင့်နံရံကို ယုဖုန်းအသာလိုက်ခေါက်ကြည့်သည်။
"ဒုတ်...ဒုတ်......"
အထဲမှာနေရာလွတ်တစ်ခုရှိနေသလိုအသံထွက်လာသည့် နံရံအောက်ခြေနားကိုယုဖုန်းလက်နှင့်သေချာပွတ်ကြည့်ရာ သိပ်မသိသာသည့် အဖုလေးတစ်ခုကိုစမ်းမိပြီး ဖိနှိပ်လိုက်သည်။
" ချောက်....."
အရွယ်တစ်တောင်လောက်သာရှိသည့် အံဝှက်လေးကပေါ်ထွက်လာပြီး ကျင်းရှီလေးပြောသလိုအထဲမှာစာလွှာရှိနေသည်။
ပန်းချီကားချပ်လိပ်တစ်ခုအပြင် ပုလင်းငယ်လေးတွေထည့်ထားသည့် အိတ်တစ်လုံးကိုပါတွေ့ရသည်။
"အဲ့တာဘာတွေလဲဟင်....."
စပ်စပ်စုစုအသံထွက်သွားသည့် ဖန်းရှီလေးကိုယုဖုန်းအမူအရာနှင့် တိုးတိုးနေရန်အချက်ပြလိုက်သည်။
စာလိပ်ကိုဖတ်ကြည့်တော့ တည်ထောင်သူဘိုးဘေးတစ်ဦးအကြောင်းရေးထားပြီး ယုဖုန်းနားမလည်။
ပန်းချီကားလိပ်ကိုဖြန့်လိုက်တော့ ယုဖုန်းဆွံ့အသွားရသည်။
တည်ထောင်သူဘိုးဘေးဆိုပြီး ဘာလို့သူ့ပုံကြီးကိုဆွဲထားတာပါလိမ့်.....
ယုဖုန်းသေချာကြည့်ကြည့်မှ ပန်းချီထဲကလူက သူနဲ့တူလွန်းပေမယ့် သူ့ထက်အသက်ကြီးသည်။
နေမင်း လမင်း
ပထဝီ ရေရှင်
သေခြင်း ရှင်ခြင်း
သူနိုးထလာချိန်......
ဒါကရောဘာလဲ ဂါထာလား.....
ယုဖုန်းထိုစာလေးကြောင်းကို အသံတိုးတိုးထွက်ရွတ်ကြည့်ပေမယ့် ဘာမှမထူးခြားတာမို့ ဂါထာမဟုတ်ကြောင်းအတည်ပြုလိုက်သည်။
အိတ်ထဲမှာတော့ပုလင်းငယ်လေးနှစ်လုံးပါပြီး တစ်ပုလင်းထဲမှာ မီးတောက်ငယ်လေးတစ်ခုရှိပြီး နောက်တစ်ပုလင်းကတော့ အရည်ကြည်ကြည်လေးတွေထည့်ထားသည်။
ယုဖုန်းပုလင်းလေးနှစ်ခုနှင့် ပန်းချီကိုအံဝှက်ထဲပြန်ထည့်ထားလိုက်ပြီး စာလိပ်ကိုတော့ သေချာပြန်ဖတ်ကြည့်သည်။
အနှိုင်းမဲ့နတ်ဘုရားဟာ တိုင်းပြည်အန္တရာယ်ကျချိန်မှာပြန်မွေးဖွားလာမည်ဆိုသည်ကိုမြင်ပြီးတော့မှ သူ့ကိုကိုယ်ခံပညာသင်ယူဖို့ဖိအားပေးခဲ့သည့် ခမည်းတော်တို့၏လုပ်ရပ်နှင့်ချိတ်ဆက်မိသွားတော့သည်။
ရေတံခွန်နဲ့မြစ်တွေထဲမှာ သူမြင်တွေ့ရသည့်နဂါးက သူ့ရဲ့အစောင့်အရှောက်လား.....
သာမာန်မဟုတ်တဲ့ရှောင်းဟိုင်လို ကျားမျိုးကိုပိုင်ဆိုင်ခွင့်ရပြီး စိတ်ချင်းချိတ်ဆက်နိုင်တာက သူ့အစွမ်းတွေစပေါက်ဖွားလာတာလား....
ဒါဆိုရှောင်ချိုးကရော သာမာန်ငှက်တစ်ကောင်မဟုတ်လောက်ဘူး.....
မေးခွန်းများစွာကိုယုဖုန်းလေးလေးနက်နက်တွေးနေသည်ကို ကျင်းရှီနှင့်ဖန်းရှီလေးက ဘေးကနေ ငြိမ်ငြိမ်ထိုင်ကြည့်နေကြသည်။
"အရှင့်သား!....
အချိုပွဲလာပို့ပါတယ်"
နန်းဆောင်အပြင်က အထိန်းတော်ရဲ့အသံကိုကြားလိုက်တာနဲ့ ယုဖုန်း စာလိပ်ကို အခြားစာလိပ်တွေကြားအမြန်ထိုးထည့်လိုက်သည်။
အပျိုတော်မိန်းကလေးတစ်ဦးက မုန့်အချိုဗန်းကိုကိုင်၍ဝင်လာပြီး ကိုယ်ရံတော်တစ်ဦးကပါ သူမကိုစောင့်ကြည့်ရန်ပါလာသည်။
"သုံးဆောင်ပါအရှင့်သား"
ပြန်ထွက်သွားရန် နှစ်ဦးသားသူ့ကိုဂါရဝပြုလိုက်ချိန်မှာ ထိုအပျိုတော်နှင့်ကိုယ်ရံတော်ရဲ့ ခါးစည်းအောက်မှ အမွှေးအိတ်နှစ်ခုကိုယုဖုန်းမြင်လိုက်ကာ ရင်းနှီးသောအငွေ့အသက်ကြောင့် ယုဖုန်းခါးလေးမတ်သွားသည်။
ထိုအမွှေးအိတ်မျိုးကို ခမည်းတော်ရဲ့အထိန်းတော်ကြီး တန်ဂျင်းဆီမှာသာသူတွေ့ခဲ့ဖူးပြီး ကိုယ်ရံတော်ဖြစ်သူကလည်း သူစစ်တန်းလျားမှာ လက်ရည်စမ်းခဲ့သည့် မျက်လုံးအစိမ်းရောင်တွေနှင့် ကွမ်းမင်ဖြစ်နေသည်။
"ခဏ!!!"
"အရှင့်သားဘာများအလိုရှိလို့ပါလဲ"
"ငါကိုယ်တော့် စားပွဲပေါ်ကစာလိပ်တွေအရမ်းရှုပ်နေလို့ ရှင်းပေး!"
"ဟုတ်ကဲ့"
အပြင်ကအထိန်းတော်မင်တို့ကြားအောင်ယုဖုန်းအသံကျယ်ကျယ်နှင့်ပြောလိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
"အထိန်းတော်မင်....."
"အရှင်မင်းကြီး"
"ရှူး!!
"ဒုန်း!!! ဂလွမ်း!!!"
"အရှင်မင်းသား!"
"အရှင့်သား.....
"မလိုဘူး.....
သွားလျောက်တင်လိုက်.....
"ဟုတ်ကဲ့....."
"ယုအာ....."
"ထပ်စားဦး"
"ဘာဖြစ်လို့လဲ.....
အရသာမတွေ့ဘူးလား......"
"ခွင့်မပြုဘူး......"
"မနက်ဖြန်ည......
"ကောင်းပြီ...."
"ဟုတ်ကဲ့ပါ မင်းကြီး"
"ခင်ဗျား!"
"ကိုယ့်ကိုနမ်း"
လိမ်လိမ်မာမာနေ ယုအာ......"
"ခွမ်း!!!"
"အကုန်ထွက်သွားကြ!"
"ဟုတ်ကဲ့"
"ရောက်လာပြီလား"
"ကောင်းပါတယ်.....
"ဟုတ်....
စားပြီးပြီ"
"ဘာ.....
ဘာလို့အပြစ်ပေးမှာလဲ!"
"ဒါပေမယ့်.....
"ငါအမိန့်ပေးနေတာ!!!"
"မသိဘူးလား.....
"စာလိပ်?
"ကျင်းအာ...
"ဒုတ်...ဒုတ်......"
" ချောက်....."
"အဲ့တာဘာတွေလဲဟင်....."
နေမင်း လမင်း
ပထဝီ ရေရှင်
သေခြင်း ရှင်ခြင်း
သူနိုးထလာချိန်......
ဒါကရောဘာလဲ ဂါထာလား.....
"အရှင့်သား!....
အချိုပွဲလာပို့ပါတယ်"
"ခဏ!!!"
"ဟုတ်ကဲ့"
◽◾◽◾◽◾◽◾◽◾◽◾◽◾
Bạn đang đọc truyện trên: Truyen247.Pro