Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-14 ( throne)

Unicode

"ဓားကိုချလိုက်......
ငါမင်းခမည်းတော်ကိုမသတ်ရသေးဘူး....."
"ခင်ဗျားဘယ်လိုတောင်အတင့်ရဲတာလဲ....
ခင်ဗျားကသစ္စာဖောက်ပဲ!!!"
" ငါမွေးကတည်းက လုံတော်ဝင်မိသားစုကိုသစ္စာမခံခဲ့ဖူးဘူး!
ငါ့ရည်မှန်းချက်က အားလုံးခေါင်းငုံ့ရိုသေရတဲ့ ဘုရင်ဖြစ်ဖို့ပဲ......
မင်းရဲ့ခမည်းတော်က ဘုရင်ဖြစ်ဖို့အစွမ်းအစမရှိဘူး
မင်းတို့တော်ဝင်မျိုးနွယ်တစ်ခုလုံးကသွေးနှောနေပြီ!!"

လီဟော့်ရဲ့မော်ချီတဲ့မျက်နှာထားနဲ့ စကားလုံးတွေကနားခါးလွန်းပေမယ့် အမှန်တရားတွေဖြစ်နေသည်။

" ပုန်ကန်ဖို့ကြံစည်နေခဲ့တာ မင်းမမွေးခင်ကတည်းကပဲ......
ပုန်ကန်မှုဖြစ်မြောက်ခဲ့တာလည်းမင်းကြောင့်!!"

နားမလည်သည့်ယုဖုန်းကြောင့်လီဟော်က နားခါးစရာတွေကိုသာဆက်ပြောသည်။

"အမတ်ကြီးမုကိုငါ့ဘက်ပါအောင် ကြိုးစားမရခဲ့ပေမယ့် မင်းနဲ့မုလင်းရှရဲ့စေ့စပ်ကြောင်းလမ်းမှုကို လက်မခံချင်တဲ့ အမတ်ကြီးမုက.....
ငါနဲ့ပူးပေါင်းဖို့သဘောတူခဲ့လို့ အမတ်တွေငါ့ဘက်ပါလာကြတာသိလား!"
"မဟုတ်တာတွေမပြောနဲ့"

ယုဖုန်းဓားကို လီဟော့်ဆီခုတ်လွှဲလိုက်ရာ လီဟော်ကအသာလေးရှောင်ထွက်သွားပြီး ရယ်နေသည်။

"မင်းသာ မင်းအစ်မတော်နဲ့ မုထျန်းရိ မင်္ဂလာကိစ္စကိုမဖျက်ခဲ့ရင် မင်းမိသားစုပျက်စီးမှာမဟုတ်ဘူး!"
"ခင်ဗျားပါးစပ်ကိုပိတ်ထား!!!"

ယုဖုန်း လက်ကောက်ဝတ်ကိုလီဟော်ကရိုက်လိုက်ပြီး ဓားကိုလုယူလိုက်ချိန်မှာတော့ ယုဖုန်း သွေးရူးသွေးတမ်းနှင့် လီဟော့်ကိုစတင်တိုက်ခိုက်သည်။

ငယ်ရွယ်သေးပြီး အတိုက်အခိုက်သင်ယူမှုမပြီးဆုံးသေးသည့်ယုဖုန်းက တစ်ခဏလေးအတွင်းမှာပဲ လီဟော့်လက်တွေရဲ့ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်တော့....

" ငါသင်ပေးထားတဲ့ပညာနဲ့ငါ့ကိုပြန်တိုက်ခိုက်ချင်တယ်ပေါ့......"

မထီသည့်အပြုံးနှင့် လီဟော့်မျက်နှာကယုဖုန်းအနားကပ်လာသည်ကိုယုဖုန်းဒေါသတကြီးသာကြည့်နေနိုင်ပြီး ဘာမှမလုပ်နိုင်။

"ယုအာ....."

ရုတ်တရက်နူးညံ့ညှင်သာသွားသည့် အသံနောက် လီဟော့်ရဲ့ လက်တစ်ဖက်က ယုဖုန်းပါးပြင်ကိုလာပွတ်ရာ ယုဖုန်း မျက်နှာကိုဘယ်ညာခါယမ်းပြီး ရုန်းသည်။

"မထိနဲ့!!!!"

မကျေနပ်မှုတွေနှင့်ယုဖုန်းအော်ဟစ်တော့ လီဟော့်လက်က ယုဖုန်းမျက်နှာကိုခပ်တင်းတင်းချုပ်ပစ်သည်။

"ဘာလဲ......
မင်းရဲ့ထျန်းရိမဟုတ်လို့လား......"

လီဟော့်ရဲ့ အမေးကို ယုဖုန်းနားမလည်ခင်မှာပဲ တစ်ဖက်လူရဲ့ခေါင်းကငုံ့ကျလာသည်။

တွေဝေနေသည့် ယုဖုန်းမှာအသိဝင်လာတော့ အသံမထွက်နိုင်တော့ဘဲ တင်းကြပ်သည့်လက်တွေကြား လီဟော့်ရဲ့လက်ရှိအပြုအမူကြောင့် ထိတ်လန့်မှုကပိုတိုးလာရသည်။

ပူထူနေသည့်စိတ်အစုံနှင့် တမ်းတမိသည်က ရိရိနှင့် သူ့ခမည်းတော်.....

အသက်မရှူနိုင်ဘဲပျော့ဖက်လာသည့် ယုဖုန်းကို လီဟော်လွှတ်ပေးလိုက်တာနဲ့ လဲကျသွားတော့သည်။

"ယုအာ....."

ထူပေးရန် လီဟော်ကိုယ်ကိုကိုင်းကာ လက်လှမ်းလိုက်တော့ ကလေးငယ်က အနောက်ကိုတရွေ့ရွေ့ဆုတ်ရင်း နှုတ်ခမ်းတွေကိုလက်ဖမိုးနှင့်ဖိသုတ်ကာ သူ့ကိုရွံရှာစွာကြည့်သည်။

"ယုအာ.... ကိုယ်က....."
"မလာနဲ့......"

မုန်းတီးခြင်းတွေနှင့် မျက်ဝန်းနက်ကလေးတွေက အရည်ကြည်တွေဖွဲ့သီလာသည်။

"ခင်ဗျားက ကျွန်တော့်ကိုသုံးပြီး ကျွန်တော့်မိသားစုကိုပျက်စီးစေရုံတင်မကဘူး အရှက်ရစေချင်နေခဲ့တာပဲ......"
"မဟုတ်ဘူး......
ကိုယ်မင်းကိုတကယ်.....သဘောကျတယ်.....
ကိုယ်တကယ်ကို ပိုင်ဆိုင်ချင်တာ......"
"ကျွန်တော့်မိသားစုတွေဘယ်မှာလဲ......
ကျွန်တော့်ကိုသူတို့ဆီခေါ်သွားပေးပါ.....
ကျေးဇူးပြုပြီး......
ခင်ဗျားပဲ ကျွန်တော့်ကိုသဘောကျတယ်ဆို...."
" သူတို့တွေအကုန်ဘေးကင်းကင်းနဲ့ရှိနေတယ်.......
မင်းသာလိမ်လိမ်မာမာနဲ့ ငါ့အနားမှာနေမယ်ဆိုရင် သူတို့နဲ့တွေ့ခွင့်ပေးမယ်......"

ကလေးငယ်က မျက်ရည်တွေနှင့်ရယ်သည်။

"ကျွန်တော့်လို အသက် ၁၄ နှစ်ပဲရှိသေးတဲ့ တော်ဝင်မင်းသားကို ခင်ဗျားရဲ့ ပျော်တော်ဆက်အဖြစ်ထားမယ်ပေါ့.....ဟား...ဟား!!!
ခင်ဗျားကအရမ်းတော်တာပဲ....."
"ကိုယ့်ကိုမလှောင်နဲ့......
ကိုယ်မင်းကို ပျော်တော်ဆက်အဖြစ်မသက်မှတ်ထားဘူး......
ကိုယ့်အနားမှာပဲရှိနေပေး.....
မင်းအသက်ပြည့်တဲ့အခါ ကိုယ်မင်းကိုလက်ထပ်မှာ........"
"ကျွန်တော်သာငြင်းမယ်ဆိုရင်ရော....."
"သတ်ပစ်မှာ......
မင်းခမည်းတော် မင်းမယ်တော်နဲ့ အစ်မတော်တွေ.......
မင်းအစ်ကိုတော်အိမ်ရှေ့စံအပါအဝင် မင်းရဲ့ချစ်လှစွာသောမုထျန်းရိကိုပါငါသတ်မှာ....
မင်းရဲ့ တူတော်နဲ့တူမတော်လေးကိုလည်း ငါကချန်မှာမဟုတ်ဘူးနော်"

တိတ်ဆိတ်သွားသည့် ယုဖုန်းကို လီဟော်ကပွေ့ချီလိုက်ပြီး ကုတင်ပေါ်မှာနေရာချပေးကာ စောင်တစ်ထည်ကိုလွှမ်းခြုံပေးလိုက်သည်။

စောင်အောက်မှကလေးငယ်ရဲ့ ခြေတွေလက်တွေကတဆတ်ဆတ်တုန်ယင်နေကာ လီဟော့်ကိုပင်စေ့စေ့မကြည့်တော့.....

"နားလိုက်ဦး......"

ဆံစနုနုလေးတွေကြားကို နမ်းရှိုက်ကာ ထိုနန်းဆောင်မှ လီဟော်ထွက်လာခဲ့သည်။

" သေချာစောင့်ကြည့်ထား....
ရွေးခြယ်ထားတဲ့အစေခံတွေနဲ့ ငါကိုယ်တော်ကလွဲပြီး ယုအာရဲ့နန်းဆောင်ကိုဘယ်သူ့ကိုမှမဝင်စေနဲ့!"
"ဟုတ်ကဲ့ပါ အရှင်"

အစောင့်စစ်သည်တွေကိုအမိန့်ပေးပြီးနောက် လက်ထောက်ဖူကို လီဟော်ကြည့်လိုက်သည်။

"ယုအာရဲ့ တူတော်နဲ့တူမတော်ကို ယုအာ ညစာစားပြီးရင်ခေါ်လာပေးလိုက်"
"အမိန့်တော်အတိုင်းပါ"

တော်ဝင်မြေအောက်အကျဥ်းထောင်ဆီ လီဟော်ရောက်လာပြီး သူ့ကိုမုန်းတီးစွာကြည့်နေသည့် တော်ဝင်မိသားစုရှေ့သို့သွားသည်။

"အရှင်မင်းကြီး.....
ဘာအစွမ်းမှမရှိတော့တာတောင် မာန်မလျော့သေးဘူးလား......"
"မင်းလို သူပုန်ကို ငါတို့ကဘယ်တော့မှဦးမညွှတ်ဘူး!"

အိမ်ရှေ့စံရဲ့အပြောကိုလည်း လီဟော်ကပြုံးသာပြုံးသည်။

အကျဥ်းထောင်ထဲမှတော်ဝင်မိသားစုမှာ ဘာအစွမ်းမှမရှိတော့ဘဲ အစွယ်ကြိုးနေသောမြွေတွေလိုပင်။

ဟွမ်နိုင်ငံကို ယုဖုန်းနဲ့လိုက်သွားရစဥ်က လမ်းကနေပြီး သူ့အဖွဲ့တွေကိုစာပို့ခိုနှင့်အမိန့်ပေးကာ တော်ဝင်မိသားစုကို သူတို့ရှာ​ဖွေတွေ့ထားသည့် ​အဆိပ်ကိုစခတ်ပြီး ပင်ကိုယ်အစွမ်းတွေပျောက်လာအောင် လုပ်စေခဲ့သည်။

အဆိပ်ပြန့်ပြီး အမတ်တွေအားလုံးနှင့် အစီအစဥ်စရတော့မည့်အချိန်မှာ တော်ဝင်အမိန့်စာအတုနှင့် လုံနိုင်ငံကိုပြန်ခဲ့ကာ သူထီးနန်းကိုသိမ်းယူခဲ့သည်။

ရှင်းလင်းသင့်သူတွေကိုရှင်းပြီးနောက် အနီရောင်တံဆိပ်တော်ထုပြီး ယုအာကိုပြန်လာစေခဲ့ကာ တော်ဝင်ကိုယ်ရံတော်တွေကိုရှင်းပြီး မုထျန်းရိနှင့်လည်းရအောင်ခွဲနိုင်ခဲ့သည်။

သူလိုချင်တဲ့ ထီးနန်းနှင့် ယုအာကလည်းသူ့လက်ထဲရောက်ပြီမို့ သူကောင်းကောင်းထိန်းသိမ်းဖို့သာလိုသည်။

တော်ဝင်မိသားစုအား ယုအာကိုထိန်းချုပ်ရန်သာအသုံးပြုပြီးနောက်မှ သူရှင်းလင်းပြစ်မည်။

ကလေးငယ်သူ့ကိုမုန်းလည်းအဆင်ပြေတယ်......
ဘယ်လိုပဲဖြစ်ဖြစ်သူကသာ ယုအာရဲ့ပိုင်ဆိုင်သူဖြစ်လာမှာပဲလေ......

◽◾◽◾◽◾◽◾◽◾◽◾◽◾

အစေခံတွေပြင်ပေးသည့် ရေနွေးကန်ထဲမှာယုဖုန်း မျက်ဝန်းတွေနီရဲလျက် မလှုပ်မယှက်ထိုင်နေခဲ့ပြီး အတော်ကြာမှ အဝတ်ဝတ်ကာ ညစာမစားဘဲ ထိုင်နေပြန်သည်။

လီဟော့်ကိုသူ့ဆရာအဖြစ်မှတ်ယူကာ သူလေးစားခဲ့ပေမယ့် လီဟော့်ဘက်ကတော့ သူ့လိုမတွေးမှန်း ယုဖုန်းနည်းနည်းတောင်မရိပ်မိခဲ့။

သူယုံကြည်ခဲ့သည့် ရိရိရဲ့ဖခင် မုအမတ်ကြီးကိုယ်တိုင်က သစ္စာဖောက်လိမ့်မည်မှန်းလည်း ယုဖုန်းမတွေးခဲ့.....

သူ့အဆောင်တော်ထဲမှာ ဖုန်းဟွာအပါအဝင်ဘာလက်နက်မှမရှိဘဲ တူရိယာတွေသာကျန်နေပြီး ခမည်းတော်တို့ကိုတွေ့ချင်တာမို့ သူထွက်ပြေးလို့လည်းမဖြစ်။

"မင်းသား....."

ကိုယ့်အတွေးနှင့်ကိုယ် မြောနေရာမှ ခေါ်သံကြောင့် ယုဖုန်းခေါင်းလှည့်ကြည့်လာသည်။

"အရှင်မင်းကြီးကအမိန့်ပေးထားပါတယ်....
မင်းသား အစားအသောက်ကို ကောင်းကောင်းမွန်မွန်စားရင် မင်းသားကျင်းရှီ နဲ့ မင်းသမီးလေး ဖန်းရှီ ကိုမင်းသားဆီခေါ်လာပေးပါ့မယ်"

မျှော်လင့်ချက်ရောင်ခြည်လေးကိုမြင်လိုက်ရသလိုမျိုးယုဖုန်း ညစာကိုထစားသည်။

ငိုချင်နေသည့်စိတ်ကိုထိန်းချုပ်ထားတာမို့ စားသမျှကလည်းနင်နေခဲ့သည်။

သူ့တူလေးနဲ့တူမလေးကိုတွေ့ချင်စိတ်ကြောင့် ယုဖုန်းမျက်စိရှေ့မှာရှိသမျှဟင်းတွေကို ဝင်အောင်စားရင်း တစ်ဖက်က ဘင်းဝမ်တို့ကိုလည်းစိတ်ပူသည်။

ပုန်ကန်မှုနှင့် လီဟော်ထီနန်းလုမှန်းဒီအချိန်လောက်ဆိုဘင်းဝမ်တို့လည်းသိလောက်ရောပေါ့။

သူ့ကိုယ်ရံတော်တွေကသေချာပေါက် ပုန်းခိုရင်း သူ့ကိုရအောင်ဆက်သွယ်ကြမည်မို့ မိသွားလျှင် လီဟော်ကသတ်ပစ်မည်ထင်။

"ဦးရီးတော်!"

ညစာစားပြီးချိန်မှာပဲ သူ့အဆောင်တော်တံခါးပွင့်လာပြီး ငါးနှစ်အရွယ်သူ့တူတော်ရဲ့လက်ကိုဆွဲထားသည့် လေးနှစ်သမီးသူ့တူမလေးတို့ရောက်လာသည်။

"ကျင်းအာ ဖန်းအာ...."

ကလေးလေးနှစ်ယောက်က တန်းပြီးသူရင်ခွင်ထဲပြေးဝင်လာကာငိုသည်။

"ဦးရီးတော်......
ကျင်းအာ ကြောက်တယ်.....
သူစိမ်းဦးလေးကြီးတွေက ကျင်းအာခမည်းတော်ရော အဖိုးတော်ကိုပါ ဆွဲခေါ်သွားကြတာ......
မယ်တော်နဲ့လည်းမတွေ့ရဘူး.....
အဲ့ဦးလေးကြီးတွေက ကျင်းအာတို့အထိန်းတော်တွေကိုလည်း သတ်ပစ်တယ်...."

အားကိုးရာတွေ့သွားသည့်ကျင်းရှီလေးကမြင်ခဲ့သမျှကို ငိုရှိုက်ရင်းယုဖုန်းအားပြောပြသည်။

ဖန်းရှီလေးကတော့ ယုဖုန်းရင်ခွင်ထဲမှာသာ ဘာမှမပြောဘဲ အသံဝင်မတတ်ငိုနေခဲ့သည်။

"ဖန်းအာ......
ဦးရီးတော်ရဲ့နတ်သမီးလေး......
တိတ်တော့နော်......
မကြောက်နဲ့တော့.....
ဦးရီးတော်ရှိနေပြီလေ......"
"ဖန်းအာရဲ့ ဖေဖေကိုသူတို့ဓားတွေနဲ့ဝိုင်းထိုးကြတယ် ဦးရီးတော်....."

အသံမထွက်သည့်ဖန်းရှီကြောင့် ဝင်ပြောလိုက်သည့် ကျင်းရှီလေးရဲ့စကားက ယုဖုန်းကိုထိန်းထားသည့်ကြားမှ မျက်ရည်တွေဝဲကာ ဆို့တက်လာစေသည်။

ဒါဆိုအစ်မတော် ၁ ရဲ့ခင်ပွန်း ကျိုးမြို့စား မရှိတော့ဘူး​ပေါ့။

"ဖန်းအာ......
သမီးရဲ့မယ်တော်ရော....."
"မယ်တော်က.....
မယ်တော်က.....သမီးကိုချီပြီးထွက်ပြေးတာ.....အင့်....
မကောင်းတဲ့လူတွေကမယ်တော့်ကို.....မြှားနဲ့ပစ်လို့..... မယ်တော်လဲကျသွားတာ......
မယ်တော်သွေးတွေထွက်နေလို့......ဖန်းအာနှိုးနေတာကို......ထမလာဘူး...."

ရှိုက်နေရင်း မနည်းအားယူပြောပြီးနောက် ဖန်းရှီလေးက ယုဖုန်းလည်ပင်းတွေကိုဖက်ကာ ထပ်ငိုသည်။

အစ်မတော် ၁ ကိုလည်းလီဟော်သတ်ပစ်လိုက်ပြီ။

ကလေးငယ်နှစ်ယောက်ကို ယုဖုန်းဆက်မမေးနိုင်တော့ဘဲ နှုတ်ခမ်းတွေကိုသာ တင်းနေအောင်ကိုက်ကာ စိတ်မလွတ်အောင် ချုပ်တည်းထားရသည်။

ကလေးငယ်နှစ်ယောက်ကိုလည်း လီဟော်က အဆောင်တစ်ခုမှာ ခွဲထားသည်ဆိုတော့ ကျန်တဲ့ခမည်းတော်တို့က မြေအောက်အကျဥ်းထောင်ထဲမှာဖြစ်မည်ထင်သည်။

ကလေးနှစ်ယောက်လုံးကို တစ်ဖက်ဆီပွေ့ဖက်ထားကာ နှစ်သိမ့်စကားတွေပြောနေပေမယ့် ယုဖုန်းကိုယ်တိုင်ကတော့ပြိုလဲနေခဲ့သည်။

သူတွေးမရသည်က ခမည်းတော်တို့အစွမ်းတွေ ဘယ်ရောက်ကုန်လို့ ဒီလောက်တောင်ဖြစ်ပျက်သွားရတာလဲ။

ငိုရတာမောပြီး အိပ်ပျော်သွားသည့်ကလေးငယ်နှစ်ယောက်ကို ယုဖုန်းနမ်းကာ စောင်​ခြုံပေးလိုက်ပြီး အခန်းထောင့်တစ်နေရာမှာ ထိုင်နေမိသည်။

ဘုရင်ပြောင်းသွားသည့်သတင်း တခြားနိုင်ငံတွေဆီရောက်သွားလျှင်တောင် လီဟော့်ရဲ့ စစ်သူကြီးဂုဏ်သတင်းတွေကြောင့် ကန့်ကွက်ရဲမည်မဟုတ်ပေ။

မကျေနပ်လို့စစ်ဖြစ်ပွားခဲ့လျှင် စစ်ဘက်ရေးရာမှာ နတ်ဘုရားတစ်ပါးလိုအစွမ်းရှိသည့် လီဟော့်ကိုနိုင်နိုင်လိမ့်မည်မဟုတ်။

"ချလောက်"

ရုတ်တရက်တံခါးပွင့်လာသံနောက် သူမမြင်ချင်သည့်သူက တော်ဝင်ညအိပ်ဝတ်ရုံဖြူနှင့် သူ့မျက်စိရှေ့ကိုရောက်လာသည်။

"ယုအာ....."

ယုဖုန်း မျက်ရည်တွေကိုအမြန်သုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

သူ့အိပ်ရာထက်မှာ အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကို အထိန်းတော်တွေက ပွေ့ချီသွားတော့ ယုဖုန်းတားဆီးမည်အပြု လီဟော်ကသူ့လက်တွေကိုဖမ်းဆွဲသည်။

"ဒီနေ့အတွက်​ လုံလောက်ပြီလေ....
နောက်နေ့တွေလည်း သူတို့နှစ်ယောက်ကို မင်းဆီပို့ပေးမှာ...."
"ကလေးတွေကိုကျွန်တော်နဲ့ထားပေးပါ......"
"မဖြစ်နိုင်ဘူး......
ကိုယ်မင်းနဲ့ရှိနေချိန် တခြားသူတွေကို အနားမရှိစေချင်ဘူး....."

အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကိုခေါ်ဆောင်သွားသည့်နောက် ယုဖုန်းအဆောင်တော်ရဲ့ တံခါးတွေပြန်ပိတ်သွားကာ လီဟော်နဲ့သူသာကျန်နေခဲ့သည်။

"ခင်ဗျားမှာစာနာစိတ်မရှိဘူးလား.....
ကလေးတွေရှေ့မှာ ခင်ဗျားတို့လူတွေသတ်ခဲ့တာ......
သူတို့ဘယ်လောက်တောင်ကြောက်နေမလဲ ခင်ဗျားကိုယ်ချင်းစာကြည့်ပါဦးလား!!!"
"ကိုယ်ဂရုမစိုက်ဘူး......"

သွေးအေးလွန်းသည့် လီဟော့် မျက်ဝန်းတွေက ယုဖုန်းထံမှ တစ်ခဏတောင်ဖယ်ခွာသွားခြင်းမရှိ.....

"တော်ဝင်မိသားစုက ခင်ဗျားအပေါ်ဘာအပြစ်တွေများကျူးလွန်ခဲ့မိလို့လဲ.....
အပြစ်တွေရှိနေခဲ့ရင်......
အားလုံးကိုယ်စားကျွန်တော်ခံယူမယ်.......
ဒါကြောင့်..... ကျေးဇူးပြုပြီး......
ခမည်းတော်တို့ကိုလွှတ်ပေးပါ......"
"မဖြစ်နိုင်တာကိုမတောင်းဆိုနဲ့ ယုအာ...."
" ဒါဆိုလည်း ကျွန်တော့်ကိုပါသတ်ပစ်လိုက်!
ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မိသားစုကို ခင်ဗျားကသတ်မှာပဲမလား!!
ခင်ဗျားလို လူအနားမှာ အရုပ်လို​နေရမယ့်အစား ကျွန်တော့်ကိုသာအရင်သတ်ပစ်လိုက်တော့!!!"

ယုဖုန်း အော်ဟစ်ရင်း ကိုယ့်ပါးကိုယ် အားကုန်ရိုက်ပစ်သည်။

"ယုအာ!!"

ယုဖုန်းလက်နှစ်ဖက်ကို လီဟော်ချုပ်ပြီး တားဆီးကာ ပွေ့ချီလိုက်တော့ ယုဖုန်းက သူ့ကိုထုရိုက်ပြီးရုန်းသည်။

" ငါ့စိတ်ကိုလာမဆွနဲ့ ယုဖုန်း!!!
မင်းကိုယ်မင်းထိခိုက်အောင်ထပ်လုပ်ရင် ငါမင်းလူတွေကိုသတ်ပစ်မှာ!!!"

အိပ်ရာထက်ပစ်တင်ပြီး နီရဲတက်လာသော ယုဖုန်းပါးပြင်ကို နှမြောတသစွာလီဟော်ကကိုင်တွယ်ကြည့်ပြီး သက်ပြင်းချကာမျက်နှာလွှဲသည်။

" ငါကလူကောင်းမဟုတ်မှန်းငါ့ကိုယ်ငါသိတယ်......
ငါကလောဘကြီးတယ်.....
ငါလိုချင်တာကိုရအောင်ယူတတ်တယ်.....
ဒါပေမယ့် မင်းကိုတော့ ငါမထိရက်ဘူးယုဖုန်း.......
ငါမင်းကိုချစ်လွန်းလို့ တန်ဖိုးထားတယ်.....
ဒီလိုခံစားချက်တွေဖြစ်လာအောင်မင်းကိုယ်တိုင်ပဲလုပ်ခဲ့တာ......
လွန်ခဲ့တဲ့ ကိုးနှစ်က မင်းသာငါ့အနားမှာလဲကျမလိုမဖြစ်ခဲ့ရင်......
မင်းသာငါ့မျက်လုံးတွေကို စိုက်မကြည့်ခဲ့ရင်......
မင်းသာငါ့ကိုပြုံးမပြခဲ့ရင်......
မင်းသာငါမေ့မရအောင် အဆောင်လက်စွပ်ကိုမပေးခဲ့ရင်......
ငါမင်းကိုစွဲလမ်းခဲ့မှာမဟုတ်ဘူး.....
ငါ့မှာသာမင်းကိုအရူးတစ်ယောက်လိုချစ်မိသွားချိန်ရောက်တော့ မင်းကငါ့ကိုအရေးမလုပ်တော့ဘူး......
မုထျန်းရိဆိုတဲ့ကောင် တစ်ယောက်ထဲကိုပဲမင်းကမြင်တော့တာ!
မင်းကြောင့် ငါ့စိတ်တွေရှုပ်ထွေးခဲ့ရတာ!
မင်းစခဲ့တာကို မင်းပဲတာဝန်ယူရမှာယုဖုန်း!!"

စကားလုံးများစွာနဲ့ ဖွင့်ဟဝန်ခံခြင်းကိုအဆုံးသတ်ပြီးနောက် လီဟော့်မျက်နှာက ယုဖုန်း ပုခုံးနှင့် လည်တိုင်ကြားမှီကျလာသည်။

"ကိိုယ်တကယ်ပြောနေတာ ယုအာ......
မင်းသာထွက်ပြေးကြည့်.......
မင်းတန်ဖိုးထားတဲ့သူတွေကို မင်းရဲ့ပြည်သူတွေရှေ့မှာ ရက်ရက်စက်စက်သတ်ပြမယ်"

လေသံဟာညှင်သာသွားပေမယ့် စကားလုံးတွေကတော့ ယုဖုန်းကိုအထပ်ထပ်သတိပေးလျက် လက်သီးတွေကိုတင်းနေအောင်ဆုပ်ထားခဲ့ရသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

"ဓားကိုချလိုက်......




"မဟုတ်တာတွေမပြောနဲ့"







"ယုအာ....."


"မထိနဲ့!!!!"


"ဘာလဲ......





"ယုအာ....."


"ယုအာ.... ကိုယ်က....."
"မလာနဲ့......"


"မဟုတ်ဘူး......
ကျေးဇူးပြုပြီး......


"ကိုယ့်ကိုမလှောင်နဲ့......
"သတ်ပစ်မှာ......



"နားလိုက်ဦး......"


" သေချာစောင့်ကြည့်ထား....
"ဟုတ်ကဲ့ပါ အရှင်"


"အမိန့်တော်အတိုင်းပါ"


"အရှင်မင်းကြီး.....









◾◽◾◽◾◽◾◽◾◽◾◽◾◽





"မင်းသား....."








"ဦးရီးတော်!"


"ကျင်းအာ ဖန်းအာ...."


"ဦးရီးတော်......
ကျင်းအာ ကြောက်တယ်.....



"ဖန်းအာ......
တိတ်တော့နော်......
မကြောက်နဲ့တော့.....
ဦးရီးတော်ရှိနေပြီလေ......"



"ဖန်းအာ......
သမီးရဲ့မယ်တော်ရော....."
"မယ်တော်က.....










"ချလောက်"


"ယုအာ....."



"မဖြစ်နိုင်ဘူး......


"ကိုယ်ဂရုမစိုက်ဘူး......"


အပြစ်တွေရှိနေခဲ့ရင်......


"ယုအာ!!"




ငါကလောဘကြီးတယ်.....


"ကိုယ်တကယ်ပြောနေတာ ယုအာ......
မင်းသာထွက်ပြေးကြည့်.......


◽◾◽◾◽◾◽◾◽◾◽◾◽◾

Bạn đang đọc truyện trên: Truyen247.Pro