Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-13 ( strange)

Unicode

"ယုအာ......
သားတော်ရဲ့ ဦးရီးတော် ဟွမ်နိုင်ငံဧကရာဇ်က သားတော်ကိုလာရောက်လည်ပတ်ဖို့ ဖိတ်ကြားလွှာနဲ့အတူ ဟွမ်ကိုယ်ရံတော်တပ်ဖွဲ့ကိုလွှတ်လိုက်တယ်.....
သားတော် သွားဖို့ ဆန္ဒရှိလား....."

ယုဖုန်းမှာ နောက်တစ်ခါအမေးပင်မစောင့်တော့ဘဲ ခေါင်းလေးညိတ်သည်။

"သားတော် သွားချင်တယ်.....
မယ်တော့်ရဲ့မွေးရပ်မြေကိုရောက်ဖူးချင်ပါတယ်...."

ယုဖုန်းရဲ့မယ်တော်က ဟွမ်နိုင်ငံရဲ့ သန့်စင်တဲ့တော်ဝင်သွေးမင်းသမီးတစ်ပါးဖြစ်ပြီး လက်ရှိဟွမ်နိုင်ငံ ဧကရာဇ်ကတော့ သူ့မယ်တော်ရဲ့ မွေးမိခင်တူသော အစ်ကိုဖြစ်သည်။

ယုဖုန်းမွေးကတည်းက အိမ်နီးချင်းနိုင်ငံတွေအကြောင်းကိုကြားခဲ့လေ့လာခဲ့ပြီး ယခုရရှိသော သွားရောက်ခွင့်ကိုလက်လွှတ်မခံနိုင်။

"ခမည်းတော်......
ယုအာတစ်​ယောက်ထဲတော့လိုက်မသွားချင်ဘူး....."

ရိရိကိုပါခေါ်သွားမည့်အကြံနှင့် ယုဖုန်းစကားလမ်းဖောက်လိုက်သည်ကို ခမည်းတော်ကဘယ်လိုတွေပေါက်သွားသည်မသိ။

"သားတော်ရဲ့ကြင်ယာတော်လောင်းကိုပါခေါ်သွားလေ....."

ယုဖုန်း မျက်နှာကွက်ကနဲမဲသွားသည်။

"ရိရိကိုပါ ခေါ်သွားချင်တယ်....."

မရတော့ဘူး ဒဲ့ပဲပြောတော့မယ်.....

"ကောင်းတာပေါ့ ခေါ်သွား......
လက်မထပ်ရသေးဘဲ အတူသွားကြရင် သားတော်ကြင်ယာတော်လောင်းလေး ဂုဏ်သိက္ခာကိုထိခိုက်မှာကစိုးရိမ်ရသေးတယ်.....
သူမအစ်ကိုပါ ပါတော့ ပိုအဆင်ပြေတာပေါ့....."

ယုဖုန်းခမည်းတော်ကို မချိပြုံးလေးသာပြုံးပြပြီး ထင်ချင်ရာသာထင်ဆိုကာ လွှတ်ထားပေးလိုက်တော့သည်။

စစ်သူကြီးလီဟော်ကိုပါ ယုဖုန်းတို့အားလိုက်ပါစောင့်ရှောက်ရန် ခမည်းတော်ကထည့်ပေးလိုက်သည်။

စီစဥ်စရာတွေစီစဥ်ပြီး ယုဖုန်းနှင့် လင်းရှ ပါသော ရထားလုံးကိုကိုယ်ရံတော်တပ်ဖွဲ့မြင်းတွေဝန်းရံလျက်ခရီးစတင်ခဲ့သည်။

ယုဖုန်း ရထားလုံးဘေးဖက်ပြတင်းပေါက်ငယ်လေးကိုမကြာခဏဖွင့်ကာ ရိရိနဲ့ ဆရာဖြစ်သူကို ရေတိုက်လိုက်မုန့်ကျွေးလိုက် စကားတပြောပြောနှင့်လိုက်ပါလာခဲ့သည်။

"ယုအာ.....
ငါအိပ်ချင်လို့....."
"အိပ်လေ...."

လင်းရှက ယုဖုန်းပေါင်ပေါ်မှ ရှောင်းဟိုင်ကို မျက်စောင်းလှမ်းထိုးကာ သူမဘာသာ ပိုးသားခေါင်းအုံးလေးကိုခေါင်းခုပြီးအိပ်သွားခဲ့တော့ ယုဖုန်းရှောင်းဟိုင်ကိုပွတ်သပ်ပေးရင်းကြိတ်ရယ်သည်။

ယုဖုန်းသူမကိုဂရုမစိုက်ဘဲ မသိချင်ယောင်ဆောင်ထားရာ နှုတ်ခမ်းကြီးထော်နေသည့် လင်းရှက ယုဖုန်းမျက်လုံးထဲ ပိုရုပ်ဆိုးလာသည်။

ယုဖုန်းကိုအော်ဟစ်ပြီးလိုက်ထုရိုက်ချင်ပေမယ့် လင်းရှ သူမအစ်ကိုရဲ့အကြည့်ကြီးကိုကြောက်ပြီး ငြိမ်နေခဲ့ရသည်။

"ရေကူးမယ် ရေကူးမယ်!!"

ခရီးနား စခန်းချရာအနီးမှ ရေကန်ဆီ ယုဖုန်းပြေးသွားကာ ဘင်းဝမ်တို့အဖွဲ့ နှင့်ဟွမ်ကိုယ်ရံတော်တွေပါ အတူ ရေထဲဆင်းကြသည်။

" ဝါး.....နေလို့ကောင်းလိုက်တာ......"

အတွင်းဘောင်းဘီအဖြူနှင့် ရေထဲတွင်ပက်လက်အနေအထားကိုယ်ဖော့ထားသည့် ယုဖုန်း၏ ဖြည်ချထားသည့် ဆံပင်တွေက ရေထဲမှာ မဲနက်စွာမျောလွင့်နေသည်။

မျက်လုံးတွေမှိတ်ပြီးရေစိမ်နေစဥ် သူ့ခန္ဓာကိုယ်ပေါ်လက်တစ်စုံရောက်လာလို့ ယုဖုန်းလန့်သွားရသည်။

"ရိရိ......
လန့်သွားတာပဲ"

ထျန်းရိ သူ့ကိုယ်နှင့် ယုအာကို တစ်စုံတစ်ယောက်ရဲ့အကြည့်တွေအောက်ကနေ ကွယ်လိုက်သည်။

"ရေငုပ်ရအောင်....."
"အင်း....."

ထျန်းရိ ယုဖုန်းလက်ကလေးနှစ်ဖက်ကို ကိုင်ကာ ရေအောက်သို့ငုပ်လျှိုးတော့သည်။

ရေကြည်ကြည်အောက်မှာ ပြုံးပြနေသည့်ကလေးငယ်ကို အနားဆွဲကပ်ပြီး ပါးပြင်ထက်ကို ချစ်မြတ်နိုးစွာ နမ်းရှိုက်သည်။

ရေပွက်ကလေးတွေတက်သွားစေသည့် လူငယ်နှစ်ဦးရဲ့ ချစ်ခြင်းဖွဲ့အပြုံးတွေကို မလှမ်းမကမ်းမှ ရေချိုးနေသည့် ကိုယ်ရံတော် အထိန်းတော်တွေမမြင်ခဲ့ပေမယ့် အပေါ်ဘက်ကျောက်ဆောင်ထက်မှ ကြည့်နေသည့် မျက်ဝန်းတစ်စုံကတော့ အကြည့်လွှဲလိုက်ကာ
ဒေါသအပြည့်နှင့် အံကိုကြိတ်ထားခဲ့သည်။

"လက်ထောက်ဖူ......
အစီအစဥ်ကိုစလိုက်တော့......"

သူ့ရဲ့အေးစက်သည့်အမိန့်နောက် စာပို့ခိုတစ်ကောင်ဟာ လုံနိုင်ငံရှိရာအရပ်သို့ ဦးတည်ပျံသန်းသွားသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကျွန်တော်မျိုး မင်းသားယုဖုန်း....
ဧကရာဇ်ကိုဂါရဝပြုပါတယ်....."
"ရတယ် ရတယ်......
ထထ.....
ဒီဦးရီးတော်ကမင်းကိုတွေ့ချင်နေခဲ့တာ....."

ဦးရီးတော်ဖြစ်သူက ယုဖုန်းကို ခေါင်းမော့စေပြီးသေချာကြည့်သည်။

"မင်းက ဟွမ်လျန်နဲ့အရမ်းတူတယ်.... ."

ယုဖုန်းဦးရီးတော်ကိုပြုံးပြလိုက်သည်။

"ဦးရီးတော်အနားလာပါဦး"

ဟွမ်ဧကရာဇ်အနားကို ယုဖုန်းတိုးကပ်သွားရာ ယုဖုန်း၏မျက်နှာကို ထိကိုင်ပြီး ဟွမ်ဧကရာဇ် မျက်ရည်တွေဝဲလာသည်။

"လျန်သာရှိသေးရင် ကောင်းမယ်....."

ဦးရီးတော်ကိုနှစ်သိမ့်ရန်ယုဖုန်းဘာလုပ်ရမလဲဖြစ်နေစဥ်မှာပဲ သူ့ဦးရီးတော်ကသူ့ကိုတင်းတင်းဖက်လာတော့သည်။

"လျန်မရှိတော့ပေမယ့် မင်းမှာ ဒီဦးရီးတော်ရှိတာကို သတိရနော် ဖုန်းလေး"
"ဟုတ်ကဲ့"

ဦးရီးတော်ဟွမ်ဧကရာဇ်ရဲ့ကြိုဆိုမှုက ယုဖုန်းနှလုံးသားကိုနွေးထွေးစေခဲ့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

ဟွမ်နိုင်ငံသားများက နူးညံ့သိမ်မွေ့ကြပြီး ရုပ်ရည်ချောမောသူတွေဖြစ်ကြရာ ဘင်းဝမ်တို့အတွက်တော့ မျက်စိအစာကျွေးလို့ကောင်းသည်။

ဟွမ်နိုင်ငံမှာ ရှားပါးမျိုးစိတ်ပန်းပေါင်းစုံကသဘာဝအလျောက်ပေါက်ရောက်ပြီး နိုင်ငံသားတွေက အလေးထားထိန်းသိမ်းတာကြောင့် နေရာတိုင်းမှာ ပန်းရနံ့သင်းပြီး သိပ်ကိုလှပသည်။

"အဲ့တာဘာလဲ....."

ဈေးတွေထဲလျောက်ပတ်ကြည့်ကြရင်း ဦးရီးတော်ထည့်ပေးလိုက်သည့် အထိန်းတော်က ယုဖုန်းသိချင်သမျှမေးသမျှကို စိတ်ရှည်စွာ ရှင်းပြသည်။

ယုဖုန်းသဘောကျသည့် ပန်းချည်နှင့် ပြုလုပ်ထားသော ချယ်ရီပွင့်ပန်းကြိုးလေးတွေကိုဝယ်ပြီး သူ့ဓားဖုန်းဟွာရဲ့ လက်ကိုင်မှာ တပ်ဆင်ကာ ရိရိ လီဟော်နှင့် ဘင်းဝမ်တို့ဓားတွေမှာလည်းတပ်ဆင်စေခဲ့သည်။

ဟွမ်နိုင်ငံမှာ မြေအောက်ဈေးလည်းရှိပြီး ထိုနေရာမှာ ကျွန်ကအစ ရှားပါးတိရိစ္ဆာန်ပေါင်းစုံနှင့် ရတနာတွေကိုလည်းဝယ်ယူနိုင်သည်။

လူမြင်တိုင်း အော်ဟစ်ကြသည့် တိရိစ္ဆာန်အသံတွေကြောင့် ယုဖုန်းလက်ထဲမှ ရှောင်းဟိုင်က ခေါင်းထောင်လာကာ ကျယ်လောင်စွာ တစ်ချက်ဟိန်းလိုက်သည်။

"ဝေါင်း!!!"

အသံတွေအကုန်တိတ်ကာ လူတွေကပါ လုပ်နေသမျှရပ်ပြီး ယုဖုန်းတို့ကိုကြည့်လာကြသည်။

" ငါ့ကိုလွှတ်ပေး!!"

တိတ်ဆိတ်မှုကိုခွင်းလိုက်သည့် ကလေးသံခပ်စူးစူးလေးကြောင့် ယုဖုန်းအသံလာရာကိုရှာကြည့်သည်။

"မကောင်းတဲ့လူတွေ! ငါ့ကိုလွှတ်ပေး!!"

ရုပ်ဆိုးဆိုးငှက်မဲလေးတစ်ကောင်က လှောင်အိမ်ထဲကနေခုန်ပေါက်နေပြီး လူလိုအော်နေတာကြောင့် ယုဖုန်း ထိုငှက်အနားကပ်သွားသည်။

"ဂီး!!!!"
"ဒီငှက်စုတ်ကတော့....
ရုပ်ကဆိုး နားကညီးနဲ့!"

လှောင်အိမ်ကိုလူတစ်ယောက်ကပိတ်ရိုက်လိုက်ရာ ငှက်မဲလေးကလည်ပင်းဆန့်အော်နေရာမှ ကုတ်ကုတ်လေးငြိမ်သွားသည်။

"ရိရိ အဲ့ငှက်အော်တာကိုကြားလား...."
"အင်းကြားတယ်လေ.....
တော်တော်လေးအသံဆိုးတယ်...."

သူကလွဲပြီး ကျန်လူအားလုံး ထိုငှက်ရဲ့အသံဆိုးကိုသာကြားကြသည်မို့ ယုဖုန်းသူ့နဖူးသူဖိလိုက်မိသည်။

ငါဘာဖြစ်နေတာလဲ.....

ရှောင်းဟိုင်အကူအညီတောင်းသံကိုကြားခဲ့တယ်ဆိုတာ ငါအထင်မှားတာမဟုတ်ဘူးပဲ...

ဘာလို့ သူတို့အော်သံတွေကိုငါကနားလည်နေရတာလဲ.....

ယုဖုန်းတခြားတိရိစ္ဆာန်အသံတွေကိုနားထောင်ကြည့်ပေမယ့် သာမာန်အော်သံတွေဖြစ်ပြီး သူနားမလည်။

"ဗိုက်ဆာတယ်......"

ထပ်ကြားလိုက်ရသည့် ငှက်ကလေးရဲ့ တုန်ယင်နေသည့် အသံတိုးတိုးနောက် ယုဖုန်းဘာမှစဥ်းစားမနေတော့ဘဲ ထိုငှက်ကလေးကိုဝယ်လိုက်တော့သည်။

တစ်သက်ရောင်းမထွက်တော့ဘူးထင်ပြီး ပစ်ထားသည့် ငှက်ရုပ်ဆိုးကို ဈေးကောင်းကောင်းနှင့် ဝယ်သွားသည့် လူငယ်လေးကိုဆိုင်ရှင်ဖြစ်သူကတော့ သိပ်ကိုချိုသာနေသည်။

ငှက်လှောင်အိမ်ကို ရိရိကသယ်လာပေးပြီး နာမည်ကြီးစားသောက်ဆိုင်မှာ သူတို့ဝင်စားဖြစ်ကြသည်။

" ငါမင်းကိုအပြင်ထွက်ခွင့်ပေးမယ်.....
ဒါပေမယ့် ထွက်မပြေးရဘူးနော်....."

ယုဖုန်းငှက်ကလေးကိုသေချာကြည့်စကားပြောနေသည်ကို ထျန်းရိ နှင့် လီဟော်တို့ကကြည့်နေခဲ့သည်။

လှောင်အိမ်ကိုဖွင့်ပေးလိုက်တာနှင့် ငှက်မဲလေးက ပျံဝဲကာ ယုဖုန်းပုခုံးပေါ် လာနားသည်။

"အမယ် ဘယ်ဆိုးလို့လဲ ရုပ်သာဆိုးတာ လိမ်မာသားပဲ......"
"ဂီး!!!"

ဘင်းဝမ်ရဲ့စကားကြောင့် ငှက်မဲလေးက သူ့အသံကျယ်ကျယ်နှင့် အော်ပုံက ရန်လုပ်နေသလိုပင်။

ရှောင်းဟိုင်ကို ပန်းကန်တစ်ခုနှင့်အသီးတွေချကျွေးထားသည်ကို ငှက်မဲလေးကလည်းဝင်စားကာ နှစ်ကောင်သားက ရန်လိုခြင်းမရှိဘဲ ငြိမ်ငြိမ်သက်သက်ပင်စားနေခဲ့ကြသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန်းအပြင်လျှောက်မသွားဖြစ်သည့်အခါ ဦးရီးတော်နှင့် ကျားကစားသည်။ မျှားပစ်လေ့ကျင့်သည်။ ရှောင်းဟိုင်နှင့် သူမကြာခင်ကမှမွေးထားသော ရှောင်ချိုးတို့နှင့်အတူကစားသည်။

အချိန်အတော်များများကတော့ သူရိရိနှင့်အတူရှိသည်။ မလွှဲသာသည့်အချိန်မျိုးမှာသာ သူလင်းရှအနားနေပေးတတ်သည်။

ယခုလည်း ယုဖုန်းပျင်းနေတာမို့ ဘင်းဝမ်တို့နှင့်အတူ ဖဲကစားရင်း အနိုင်ရတိုင်းကျယ်လောင်စွာအော်ဟစ်ရယ်မောနေသည်။

"မင်းသား......
လုံနိုင်ငံကအမိန့်လွှာရောက်လာပါတယ်....."

အနားလာပြီးအကြောင်းကြား သည့် အထိန်းတော်ရဲ့စကားနောက် ယုဖုန်းတို့ အမိန့်ကိုနာခံရန် ဒူးထောက်လိုက်ကြသည်။

"စစ်သူကြီး လီဟော်
မြို့တော်ကိုအရေးကြီးကိစ္စအတွက်အမြန်ပြန်ရမယ်! အမိန့်တော်!!!"

ယုဖုန်းကြောင်ကြောင်လေးဖြစ်သွားသည်။

" ဒါပဲလား"
" ဒါပါပဲ မင်းသား....."

လီဟော့်ကိုတောင်အမြန်ပြန်လာခိုင်းတယ်ဆိုမှတော့ တော်တော်အရေးကြီးကိစ္စပဲဖြစ်လိမ့်မယ်......

"ကိုယ်တော်တို့ကရော.....
တစ်ခါတည်းပြန်လိုက်ရမှာလား....."
"မင်းသားပြန်လိုက်စရာမလိုသေးပါဘူး.....
ပျော်ပျော်ရွှင်ရွှင်လည်ပတ်ပြီးမှ ပြန်လာခဲ့ပါလို့ မင်းကြီးကမှာကြားလိုက်ပါသေးတယ်...."
"မြို့တော်မှာ ဘာပြဿနာဖြစ်လို့လဲ....."
"ကျွန်တော်မျိုးလည်း မသိပါဘူး မင်းသား...."

ခမည်းတော်အမိန့်နဲ့ရောက်လာသူတွေမို့ ယုဖုန်းဓားထောက်မေးတောင် ဒင်းတို့က မသိဘူးပဲပြောကြလိမ့်မည်ထင်။

ချက်ချင်းကြီး လုံနိုင်ငံသို့ လီဟော်နှင့် သူ့လက်ထောက်အဖွဲ့ကထွက်ခွာရန် ပြင်ဆင်ကြတော့သည်။

"ဆရာ......
လမ်းခရီးမှာဂရုစိုက်ပါ.....
တစ်ခုခုအကြောင်းထူးရင် ဒီကတပည့်ကို
စာပို့လိုက်နော်....."

လီဟော်ကပြုံးကာ ယုဖုန်းခေါင်းကိုအသာလေးပုတ်လိုက်တော့ ယုဖုန်းထပ်ပြီးကြောင်အသွားရပြန်သည်။

သူ့ဆရာကသူ့ခေါင်းပုတ်တာဒါပထမဆုံးအကြိမ်ဖြစ်ပြီး တကယ်ကြီးကိုပျော်ပျော်ရွှင်ရွှင်ပြုံးနေသေးသည်။

လီဟော်တို့အဖွဲ့ဟွမ်နိုင်ငံ မြို့တံခါးကနေထွက်ခွာသွားတာနဲ့ ယုဖုန်းအာရုံက သူ့ချစ်သူဆီသာ အပြည့်အဝပြန်ရောက်သွားတော့သည်။

"ရိရိ.....
ယုအာလမ်းလျှောက်ပြီးလိုက်ပို့ရလို့ညောင်းနေပြီ"

ထျန်းရိကသဘောပေါက်လွယ်စွာပဲ ယုဖုန်းကိူကျောပေးလျက်ထိုင်ချကာ ကျောပေါ်တက်စေသည်။

ရိရိ လည်ပင်းကိုဖက်လို့ ခြေထောက်လေးတွေကလည်း အနောက်ကနေ ရိရိကိုချိတ်ထားကာ ပုခုံးပေါ်ခေါင်းမှီရင်း ယုဖုန်းသီချင်းတောင်ညည်းလိုက်သေးသည်။

ထော်ပေလန်လင်းရှကတော့ ခြေတဆောင့်ဆောင့်နှင့်မို့ ဘင်းဝမ်တို့ကကြိတ်ရယ်နေကြသည်။

နေဝင်ခါနီးအချိန်ကို ရိရိကျောပေါ်ကနေငေးမောရင်း ယုဖုန်းဟာ မင်းသားတစ်ပါးဆိုသည့်အမည်နာမအပါအဝင် အရာအားလုံးမေ့ထားခဲ့မိသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

"ဂီး!!!"
" ရှောင်ချိုး!!!"

အဖြူရောင်ခိုငှက်ကိုတိုက်ခိုက်ဖို့ပျံဝဲရင်းအော်နေသည့် ရှောင်ချိုးကို ယုဖုန်းတားကာ လက်ကိုဆန့်တန်းပြီး ခိုငှက်ကိုနားစေလိုက်သည်။

ခြေထောက်မှာချည်နှောင်ထားသည့် သေးငယ်သောစာလွှာလေးကိုရိရိက ဖြုတ်ပေးသည်။

ဘာစာတစ်လုံးမှရေးထားခြင်းမရှိသည့် စာလိပ်လေးထဲမှာ တော်ဝင်တံဆိပ်တော်ကို အနီရောင်ဖြင့်ခတ်နှိပ်ထားသည်။

"တော်ဝင်မိသားစု"

မိသားစုအရေးလျှို့ဝှက်ကိစ္စကို အနီရောင်ဖြင့် ခတ်နှိပ်လေ့ရှိတာမို့ ယုဖုန်းအမြန်ပဲ ဘင်းဝမ်တို့အားအမိန့်ပေးကာ မြင်းတွေပြင်ခိုင်းပြီး ဝန်စည်စလွယ်တွေကိုတင်စေတော့သည်။

ဦးရီးတော် ဟွမ်ဧကရာဇ်နှင့် ဧကရီကိုနှုတ်ဆက်စကားအမြန်ဆိုပြီး ဂါရဝပြုကာ ယုဖုန်းထွက်ခွာရန် မြင်းတစ်ကောင်ပေါ်တက်သည်။

"ယုဖုန်း"

ယုဖုန်းမြင်းကိုရပ်တန့်စေပြီး ပြေးလာသည့် ဦးရီးတော်ကိုကြည့်လိုက်သည်။

"ရော့.....
အကူအညီလိုတဲ့ဘယ်အချိန်မဆို ဒီတံဆိပ်ပြားကို ဦးရီးတော်​ဆီပို့လိုက်....
ဘယ်လိုကိစ္စပဲဖြစ်လာပါစေ.....
ဒီကမင်းဦးရီးတော်ကိုအကူအညီတောင်းပါ...."
" ကျေးဇူးတင်ပါတယ် ဦးရီးတော်....."

စိတ်ပူနေသည့် ဦးရီးတော်ကိုနားလည်စွာပဲ ယုဖုန်း တံဆိပ်ပြားကိုယူကာ သေချာသိမ်းဆည်းလိုက်သည်။

လင်းရှ ကလည်းထျန်းရိရဲ့မြင်းပေါ်မှာရှိနေပြီး ခရီးပြင်းအမြန်နှင်ရန်အသင့်ဖြစ်နေပြီ။

"ကျား!!!"

ယုဖုန်းမြင်းဇက်ကြိုးကို ကိုင်ကာ အမြန်ပြေးစေတော့သည်။

ဝန်စည်တွေတင်သည့်လှည်းတွေကလည်းအမြန်မောင်းနှင်ကြပြီး ပစ္စည်းတွေပေါ်မှာ ရှောင်းဟိုင်နှင့်ရှောင်ချိုးက ငြိမ်သက်စွာလိုက်ပါလာသည်။

အလင်းရောင်ပျောက်ချိန်ရောက်မှသူတို့တွေခရီးတစ်ထောက်နားပြီး မနက်ခင်းအလင်းရောင်စထွက်တာနဲ့ သူတို့လည်းခရီးဆက်သည်။

လုံနိုင်ငံကိုရောက်ရန် ပုံမှန်နှုန်းအတိုင်းသွားလျှင် တစ်လနီးပါးကြာနိုင်ပေမယ့် အလျင်လိုသည့် ယုဖုန်းတို့ကတော့ အချိန်နှစ်ပတ်အတွင်းပြန်ရောက်ဖို့ခန့်မှန်းရသည်။

သူမရှိသည့် လေးလကျော်လေးအတွင်းမှာ ဘာတွေများဖြစ်ပျက်နေခဲ့သလဲ ယုဖုန်းတွေးပူလာသည်။

"ရွှီး!!!"

ရောက်ရန်နှစ်ရက်လောက်သာ လိုတော့သည့် အကွာအဝေးကိုရောက်တော့ ယုဖုန်းမူမမှန်သည့်လေတိုးသံလာရာ အရှေ့တည့်တည့်ဝါးတောထဲကိုကြည့်ပြီး အမြန်ပက်လက်လှန်ချကာ မြင်းကျောပေါ်မှာကပ်လိုက်သည်။

"ဝှစ်"

လက်နှစ်လုံးလောက်သာကပ်လွတ်သွားသည့် အရှိန်ပြင်းသောမြှားတစ်ချောင်းက ယုဖုန်းမျက်နှာပေါ်မှဖြတ်သန်းကာ အနောက်ဘက်မှ သစ်ပင်တွင် စိုက်ဝင်သွားသည်။

"မင်းသား"

ဓားတွေထုတ်ကာ ဘင်းဝမ်တို့အဖွဲ့က မြှားလာရာအရပ်သို့ ပြေးဝင်သွားကြသည်။

ထျန်းရိ မျက်ဝန်းတွေမှိတ်ချကာလုပ်ကြံသူကိုအာရုံခံလိုက်သည်။

"မသွားနဲ့တော့!!
သတ်သေသွားပြီ"

ထျန်းရိအာရုံခံမှုအတိုင်းပင် လည်ပင်းကိုဖြတ်ကာသတ်သေထားသည့် အလောင်းကိုတွေ့ရပြီး သာမာန်မုဆိုးကဲ့သို့ဝတ်ဆင်ထားကာ ဘာသက်သေမှပင်ရှာဖွေမတွေ့ရှိခဲ့။

"ဒီည မနားတော့ဘူး
မြို့တော်ကိုအမြန်ပြန်ရောက်မှဖြစ်မယ်"

ယုဖုန်းရဲ့အမိန့်အတိုင်း အလင်းရောင်ပျောက်တာတောင် ကိုယ်ရံတော် ကျိုချန်းရဲ့ အလင်းစွမ်းအင်ကိုသုံးပြီးသူတို့မနားကြတော့။

လုပ်ကြံမှုတွေထပ်ကြုံတွေ့မည်စိုး၍ ကိုယ်ရံတော် ပိုင်မင်ကအကာအကွယ်အစွမ်းသုံးကာ သူတို့အားလုံးကို ပါးလွှာသည့်အဖြူရောင်ဒိုင်းကြီးကလမ်းတစ်လျှောက်အုပ်မိုးထားသည်။

တစ်ရက်ထဲမှာ မြှားနှင့် ခြောက်ခါချောင်းပစ်ခံရပေမယ့် အကာအကွယ်ကြောင့်သူတို့ရှောင်တိမ်းစရာပင်မလိုဘဲ လုပ်ကြံသူတိုင်းကိုလည်း အလောင်းအဖြစ်သာတွေ့ရသည်။

မြို့တော်တံခါးကိုလှမ်းမြင်ရသည့်တောစပ်ကိုရောက်တော့ အကာအကွယ်ကိုဖယ်ရှားလိုက်ပြီး အစွမ်းတွေရှိသမျှအကုန်ထုတ်သုံးခဲ့ရသည့် ဘင်းဝမ်တို့ကိုယ်ရံတော်ငါးဦးမှာ တော်တော်ကိုပင်ပန်းနေမှန်းယုဖုန်းသိသည်။

"ဂီး!!"
"ဝေါင်း!!"

ဝန်စည်လှည်းပေါ်ကနေ ရှောင်းဟိုင်ကခုန်ဆင်းကာတောထဲမှရေတံခွန်ဆီပြေးသွားရာ ရှောင်ချိုးကလည်းလိုက်သွားသည်။

"ဝမ်ဝမ်တို့လည်းလိုက်သွားလေ......
ရေချိုးနားပြီးမှလိုက်လာခဲ့ကြ....."
"မင်းသားလေးကို နန်းတော်ထဲရောက်အောင်ပို့ပြီးမှ ကျွန်တော်မျိုးတို့နားပါမယ်"
"လိုက်သွားစမ်းပါ.....
ကိုယ်တော့်ကိုစောင့်ရှောက်ဖို့အရံကိုယ်ရံတော်တွေရှိပါသေးတယ်....
ရိရိလည်းရှိနေတာပဲ....."
"အဲ့တာဆိုလည်း"

ငါးကောင်သားစကားတောင်ဆုံးအောင်မ​ပြောတော့ဘဲ ရှောင်းဟိုင်နှင့်ရှောင်ချိုးနောက်လိုက်သွားတော့သည်။

ယုဖုန်းတို့လည်းရေအနည်းငယ်သောက်ပြီး မြို့တံခါးဆီရောက်လာကြသည်။

အဝေးကလှမ်းကြည့်တော့မသဲကွဲသည့်မြို့တံခါးမှာ နီးကပ်လာတာနဲ့အမျှ ပိတ်ထားမှန်း မြင်လိုက်ရသည်။

"နေ့ခင်းကြီးကို မြို့တံခါးဘာလို့ပိတ်ထားရတာလဲဟ"

တစ်ယောက်တစ်ပေါက်ထွက်လာသည့် အရံကိုယ်ရံတော်အဖွဲ့ရဲ့ အသံတွေနောက် မြို့ရိုးထက်မှ အစောင့်တပ်သားများပေါ်လာသည်။

"ဟေး!!
မြို့တံခါးဖွင့်ပေးဦး!
မင်းသားယုဖုန်းပြန်လာပြီ!"

အရံကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်မှာလက်ကိုဝှေ့ယမ်းပြီးအော်လိုက်သည်။

"ဝှစ်!!"
"သတိထား!"

ယုဖုန်းရဲ့သတိပေးသံပင်မဆုံးလိုက် အရံကိုယ်ရံတော်တပ်ဖွဲ့တစ်ခုလုံးရော ဝန်စည်လှည်းမောင်းသည့်ရဲမက်တွေပါ မြှားတွေစိုက်လျက် မြေပေါ်ပြုတ်ကျကုန်ပြီး မြင်းတွေလည်းသေသည့်အကောင်ကသေ မြှားတန်းလန်းနှင့်အော်ဟစ်ပြေးသည့်မြင်းကပြေးနှင့် မျက်စိတစ်မှိတ်အတွင်း ထိတ်လန့်ဖို့ကောင်းစွာပြောင်းလဲကုန်သည်။

"ယုအာသတိထား!"

ထျန်းရိနှင့် လင်းရှမြင်းပေါ်မှဆင်းကာ ကြောင်အလျက်မြှားတွေလာရာ မြို့ရိုးပေါ်ကိုကြည့်နေသည့် ယုဖုန်းအနားရောက်လာပြီး ဓားကိုအသင့်အနေအထားထုတ်ထားသည်။

"ယုအာ....."

ယုဖုန်းလက်တွေကိုလင်းရှ ကိုင်ဆွဲလိုက်တော့မှ ယုဖုန်းအသိဝင်လာကာ ဖုန်းဟွာကိုဓားအိမ်ထဲမှဆွဲထုတ်လိုက်သည်။

"ကျွီ"

အသံကျယ်တစ်ခုနှင့် ကြီးမားသည့်မြို့တံခါးကြီးနှစ်ချပ်ဟာ ပွင့်လာပြီး ရင်းနှီးသည့် လူတစ်ဦး ဦးဆောင်သည့် စစ်သည်တွေထွက်လာသည်။

"အဖေ"
"အမတ်ကြီး....."

လင်းရှစိတ်အေးသွားကာ ဖခင်ဖြစ်သူထံပြေးသွားပေမယ့် ထျန်းရိကတော့ ယုဖုန်းလက်ကိုကိုင်ထားပြီး ဖခင်ဖြစ်သူကိုကြည့်နေသည်။

"ပြန်လာတာကို ကြိုဆိုပါတယ်မင်းသား"
"ဘာတွေဖြစ်နေတာလဲ အမတ်ကြီး.....
ဒီစစ်သည်တွေက ကိုယ်တော့် အရံကိုယ်ရံတော်တွေကိုဘာကြောင့်မြှားနဲ့ပစ်ရတာလဲ!"

ယုဖုန်း ဒေါသကြောင့် အသံကကျယ်လောင်သွားသည်။

"အရှင်မင်းကြီးရဲ့အမိန့်ကြောင့်ပါ မင်းသား.."
"ခမည်းတော်ရဲ့ အမိန့်?"
" သူတို့နှစ်ယောက်ကိုလူချင်း ခွဲလိုက်တော့"

အမတ်ကြီးမုရဲ့အမိန့်နောက် ယုဖုန်းနှင့်ထျန်းရိအနားကို စစ်သည်တွေကတိုးကပ်လာရာ သူတို့နှစ်ဦးလက်တွေပိုတင်းကျပ်အောင်ဆုပ်ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်နှင့် ဓားကိုယ်စီကိုင်ထားသည်။

"ချွင်!!"

အနားရောက်လာသူတွေကို ထျန်းရိကစတင်တိုက်ခိုက်တော့ ဓားချင်းထိခတ်သံတွေဆူညံလာသည်။

"အဖေ ဘာတွေလုပ်နေတာလဲ......
အစ်ကိုနဲ့ ယုအာ ထိခိုက်သွားလိမ့်မယ့် သူတို့ကိုရပ်ခိုင်းလိုက်ပါ"

လင်းရှထိတ်လန့်စွာပဲ ဖခင်ရဲ့လက်ကိုဆွဲကာအသနားခံသည်။

"သခင်မလေးကိုခေါ်သွားတော့!"
"ဟုတ်ကဲ့!"
"အဖေ!!"

အစေခံတွေလက်ထဲပါသွားသည့် လင်းရှက ဖခင်ဖြစ်သူ၏ခက်ထန်နေသည့် မျက်နှာနှင့်ပြောင်းလဲသွားမှုတွေကိုမယုံကြည်နိုင်။

"ချွင်!!"

ရုတ်တရက်ဓားတွေအကုန် လေထဲမှာရပ်တန့်သွားကာ ဘေး​မြေပြင်တွေမှာ သွားစိုက်ကြသည်။

"ဖူအရာရှိ"

အမတ်ကြီးမုကရောက်လာသည့် လူတစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။

ထိုလူက ယုဖုန်း ဆရာရဲ့ လက်ထောက်ဖူ.....

"မင်းသားယုဖုန်းကိုလာခေါ်တာ....."
"ဟုတ်ကဲ့"

စစ်သည်တွေအကုန် ယုဖုန်းတို့အနားမှ ဆုတ်သွားသည်။

"မင်းသားယုဖုန်း ကျွန်တော်မျိုးနဲ့အတူလိုက်ခဲ့ပေးပါ......
အရှင်မင်းကြီးကမင်းသားကိုစောင့်နေပါတယ်....."
"အင်း ကောင်းပြီ"

ဆရာဖြစ်သူရဲ့လက်ထောက်မို့ ယုဖုန်းအသာတကြည်ပဲ ဖုန်းဟွာကိုပြန်သိမ်းကာ လိုက်သွားမည်လုပ်တော့ ရိရိက သူ့လက်ကိုဆွဲကာတားသည်။

"ဘာမှမဖြစ်လောက်ပါဘူး......
စိတ်မပူပါနဲ့....."

ရိရိလက်တွေကို ဖြုတ်ပြီး ယုဖုန်းတစ်ချက်ပြုံးပြကာ လက်ထောက်ဖူရပ်နေသည့်အနားမှ ရထားလုံးပေါ်တက်လိုက်သည်။

ယုဖုန်းဘယ်သူမှမရှိသည့် ရထားလုံးထဲရောက်မှ ထိန်းချုပ်ထားသည့် စိတ်ကိုလွှတ်လိုက်ရာ သူ့လက်တွေဟာတုန်ယင်လာသည်။

လုပ်ကြံမှုတွေဆက်တိုက်ကြုံတွေ့ခဲ့ရပြီးနောက်မှာ သူ့မျက်စိရှေ့မှာတင်ပဲ ကိုယ်ရံတော်တပ်ဖွဲ့တစ်ခုလုံး အသတ်ခံခဲ့ရသည့် မြင်ကွင်းကစွဲမြဲနေသည်။

မြန်ဆန်စွာရွေ့လျားနေသည့် ရထားလုံးမှာ သေချာပေါက်မြို့တော်ဈေးထဲမှဖြတ်သန်းနေမှန်းယုဖုန်းသိသော်လည်း ထူးဆန်းစွာတိတ်ဆိတ်နေသည်။

နန်းတော်အဆောင်တွေတစ်ခုပြီးတစ်ခုကိုဖြတ်သန်းလာရာမှာလည်း အစောင့်တပ်ဖွဲ့ အထိန်းတော် အစေခံများက ခေါင်းတွေအသေအလဲငုံ့ထားကြသည်။

လက်ထောက်ဖူက ယုဖုန်းရဲ့ကိုယ်ပိုင်အဆောင်တော်ကိုပဲ ပို့ပေးသည်။

"မင်းသား ခဏနားနေပါ....
အရှင်မင်းကြီး ခဏနေရောက်လာပါလိမ့်မယ်...."

မသင်္ကာစရာတွေဆက်တိုက်ကြုံတွေ့နေရပေမယ့် ယုဖုန်းဘာမေးခွန်းမှမထုတ်ဘဲ ဖုန်းဟွာကိုသာလက်ကမချတမ်းဆုပ်ကိုင်ထားကာ သူ့အိပ်ရာသလွန်ပေါ်မှာထိုင်နေလိုက်သည်။

ပင်ပန်းလာသည့် ခန္ဓာကိုယ်ကြောင့် တိုင်ကိုမှီလျက်သားယုဖုန်းအိပ်ပျော်ခါနီးမှာပဲ သူ့အဆောင်တော်တံခါးပွင့်လာပြီး နဂါးဝတ်ရုံနှင့် တစ်စုံတစ်ဦးဝင်လာသည်။

"ခမည်းတော်...."

ယုဖုန်းအိပ်ချင်မူးတူးနှင့် မျက်လုံးတွေကိုပွတ်သပ်ကာ ပြုံးလိုက်ပေမယ့် ထိုလူ၏မျက်နှာကိုထင်ရှားစွာမြင်လိုက်ရသည့်အခါမှာတော့ လက်ကဖုန်းဟွာကိုချက်ချင်းဆွဲထုတ်လိုက်သည်။

"ယုအာ......"
"ခင်ဗျား.......
မဟုတ်.......ဆရာ......
ဘာလို့ ခမည်းတော်ရဲ့ဝတ်ရုံကိုဝတ်ထားတာလဲ......."
"အခုချိန်ထိသဘောမပေါက်သေးဘူးလား...."
"ဘာတွေသဘောပေါက်ရမှာလဲ.....
ကျွန်တော့်ခမည်းတော်ဘယ်မှာလဲ!"
"ယုအာ......"
"ခမည်းတော် ဘယ်မှာလဲလို့မေးနေတယ်လေ!!"

လီဟော့်ထံ ဖုန်းဟွာကိုရွယ်ထားရင်း ယုဖုန်းရဲ့မျက်လုံးတွေက မျက်ရည်တွေနှင့် တဖြည်းဖြည်းနီလာခဲ့တော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

"ယုအာ......
သားေတာ္ရဲ႕ ဦးရီးေတာ္ ဟြမ္နိုင္ငံဧကရာဇ္က သားေတာ္ကိုလာေရာက္လည္ပတ္ဖို႔ ဖိတ္ၾကားလႊာနဲ႕အတူ ဟြမ္ကိုယ္ရံေတာ္တပ္ဖြဲ႕ကိုလႊတ္လိုက္တယ္.....
သားေတာ္ သြားဖို႔ ဆႏၵရွိလား....."

ယုဖုန္းမွာ ေနာက္တစ္ခါအေမးပင္မေစာင့္ေတာ့ဘဲ ေခါင္းေလးညိတ္သည္။

"သားေတာ္ သြားခ်င္တယ္.....
မယ္ေတာ့္ရဲ႕ေမြးရပ္ေျမကိုေရာက္ဖူးခ်င္ပါတယ္...."

ယုဖုန္းရဲ႕မယ္ေတာ္က ဟြမ္နိုင္ငံရဲ႕ သန့္စင္တဲ့ေတာ္ဝင္ေသြးမင္းသမီးတစ္ပါးျဖစ္ၿပီး လက္ရွိဟြမ္နိုင္ငံ ဧကရာဇ္ကေတာ့ သူ႕မယ္ေတာ္ရဲ႕ ေမြးမိခင္တူေသာ အစ္ကိုျဖစ္သည္။

ယုဖုန္းေမြးကတည္းက အိမ္နီးခ်င္းနိုင္ငံေတြအေၾကာင္းကိုၾကားခဲ့ေလ့လာခဲ့ၿပီး ယခုရရွိေသာ သြားေရာက္ခြင့္ကိုလက္လႊတ္မခံနိုင္။

"ခမည္းေတာ္......
ယုအာတစ္ေယာက္ထဲေတာ့လိုက္မသြားခ်င္ဘူး....."

ရိရိကိုပါေခၚသြားမည့္အႀကံႏွင့္ ယုဖုန္းစကားလမ္းေဖာက္လိုက္သည္ကို ခမည္းေတာ္ကဘယ္လိုေတြေပါက္သြားသည္မသိ။

"သားေတာ္ရဲ႕ၾကင္ယာေတာ္ေလာင္းကိုပါေခၚသြားေလ....."

ယုဖုန္း မ်က္ႏွာကြက္ကနဲမဲသြားသည္။

"ရိရိကိုပါ ေခၚသြားခ်င္တယ္....."

မရေတာ့ဘူး ဒဲ့ပဲေျပာေတာ့မယ္.....

"ေကာင္းတာေပါ့ ေခၚသြား......
လက္မထပ္ရေသးဘဲ အတူသြားၾကရင္ သားေတာ္ၾကင္ယာေတာ္ေလာင္းေလး ဂုဏ္သိကၡာကိုထိခိုက္မွာကစိုးရိမ္ရေသးတယ္.....
သူမအစ္ကိုပါ ပါေတာ့ ပိုအဆင္ေျပတာေပါ့....."

ယုဖုန္းခမည္းေတာ္ကို မခ်ိၿပဳံးေလးသာၿပဳံးျပၿပီး ထင္ခ်င္ရာသာထင္ဆိုကာ လႊတ္ထားေပးလိုက္ေတာ့သည္။

စစ္သူႀကီးလီေဟာ္ကိုပါ ယုဖုန္းတို႔အားလိုက္ပါေစာင့္ေရွာက္ရန္ ခမည္းေတာ္ကထည့္ေပးလိုက္သည္။

စီစဥ္စရာေတြစီစဥ္ၿပီး ယုဖုန္းႏွင့္ လင္းရွ ပါေသာ ရထားလုံးကိုကိုယ္ရံေတာ္တပ္ဖြဲ႕ျမင္းေတြဝန္းရံလ်က္ခရီးစတင္ခဲ့သည္။

ယုဖုန္း ရထားလုံးေဘးဖက္ျပတင္းေပါက္ငယ္ေလးကိုမၾကာခဏဖြင့္ကာ ရိရိနဲ႕ ဆရာျဖစ္သူကို ေရတိုက္လိုက္မုန့္ေကြၽးလိုက္ စကားတေျပာေျပာႏွင့္လိုက္ပါလာခဲ့သည္။

"ယုအာ.....
ငါအိပ္ခ်င္လို႔....."
"အိပ္ေလ...."

လင္းရွက ယုဖုန္းေပါင္ေပၚမွ ေရွာင္းဟိုင္ကို မ်က္ေစာင္းလွမ္းထိုးကာ သူမဘာသာ ပိုးသားေခါင္းအုံးေလးကိုေခါင္းခုၿပီးအိပ္သြားခဲ့ေတာ့ ယုဖုန္းေရွာင္းဟိုင္ကိုပြတ္သပ္ေပးရင္းႀကိတ္ရယ္သည္။

ယုဖုန္းသူမကိုဂ႐ုမစိုက္ဘဲ မသိခ်င္ေယာင္ေဆာင္ထားရာ ႏႈတ္ခမ္းႀကီးေထာ္ေနသည့္ လင္းရွက ယုဖုန္းမ်က္လုံးထဲ ပို႐ုပ္ဆိုးလာသည္။

ယုဖုန္းကိုေအာ္ဟစ္ၿပီးလိုက္ထုရိုက္ခ်င္ေပမယ့္ လင္းရွ သူမအစ္ကိုရဲ႕အၾကည့္ႀကီးကိုေၾကာက္ၿပီး ၿငိမ္ေနခဲ့ရသည္။

"ေရကူးမယ္ ေရကူးမယ္!!"

ခရီးနား စခန္းခ်ရာအနီးမွ ေရကန္ဆီ ယုဖုန္းေျပးသြားကာ ဘင္းဝမ္တို႔အဖြဲ႕ ႏွင့္ဟြမ္ကိုယ္ရံေတာ္ေတြပါ အတူ ေရထဲဆင္းၾကသည္။

" ဝါး.....ေနလို႔ေကာင္းလိုက္တာ......"

အတြင္းေဘာင္းဘီအျဖဴႏွင့္ ေရထဲတြင္ပက္လက္အေနအထားကိုယ္ေဖာ့ထားသည့္ ယုဖုန္း၏ ျဖည္ခ်ထားသည့္ ဆံပင္ေတြက ေရထဲမွာ မဲနက္စြာေမ်ာလြင့္ေနသည္။

မ်က္လုံးေတြမွိတ္ၿပီးေရစိမ္ေနစဥ္ သူ႕ခႏၶာကိုယ္ေပၚလက္တစ္စုံေရာက္လာလို႔ ယုဖုန္းလန့္သြားရသည္။

"ရိရိ......
လန့္သြားတာပဲ"

ထ်န္းရိ သူ႕ကိုယ္ႏွင့္ ယုအာကို တစ္စုံတစ္ေယာက္ရဲ႕အၾကည့္ေတြေအာက္ကေန ကြယ္လိုက္သည္။

"ေရငုပ္ရေအာင္....."
"အင္း....."

ထ်န္းရိ ယုဖုန္းလက္ကေလးႏွစ္ဖက္ကို ကိုင္ကာ ေရေအာက္သို႔ငုပ္လွ်ိုးေတာ့သည္။

ေရၾကည္ၾကည္ေအာက္မွာ ၿပဳံးျပေနသည့္ကေလးငယ္ကို အနားဆြဲကပ္ၿပီး ပါးျပင္ထက္ကို ခ်စ္ျမတ္နိုးစြာ နမ္းရွိုက္သည္။

ေရပြက္ကေလးေတြတက္သြားေစသည့္ လူငယ္ႏွစ္ဦးရဲ႕ ခ်စ္ျခင္းဖြဲ႕အၿပဳံးေတြကို မလွမ္းမကမ္းမွ ေရခ်ိဳးေနသည့္ ကိုယ္ရံေတာ္ အထိန္းေတာ္ေတြမျမင္ခဲ့ေပမယ့္ အေပၚဘက္ေက်ာက္ေဆာင္ထက္မွ ၾကည့္ေနသည့္ မ်က္ဝန္းတစ္စုံကေတာ့ အၾကည့္လႊဲလိုက္ကာ
ေဒါသအျပည့္ႏွင့္ အံကိုႀကိတ္ထားခဲ့သည္။

"လက္ေထာက္ဖူ......
အစီအစဥ္ကိုစလိုက္ေတာ့......"

သူ႕ရဲ႕ေအးစက္သည့္အမိန့္ေနာက္ စာပို႔ခိုတစ္ေကာင္ဟာ လုံနိုင္ငံရွိရာအရပ္သို႔ ဦးတည္ပ်ံသန္းသြားသည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကြၽန္ေတာ္မ်ိဳး မင္းသားယုဖုန္း....
ဧကရာဇ္ကိုဂါရဝျပဳပါတယ္....."
"ရတယ္ ရတယ္......
ထထ.....
ဒီဦးရီးေတာ္ကမင္းကိုေတြ႕ခ်င္ေနခဲ့တာ....."

ဦးရီးေတာ္ျဖစ္သူက ယုဖုန္းကို ေခါင္းေမာ့ေစၿပီးေသခ်ာၾကည့္သည္။

"မင္းက ဟြမ္လ်န္နဲ႕အရမ္းတူတယ္.... ."

ယုဖုန္းဦးရီးေတာ္ကိုၿပဳံးျပလိုက္သည္။

"ဦးရီးေတာ္အနားလာပါဦး"

ဟြမ္ဧကရာဇ္အနားကို ယုဖုန္းတိုးကပ္သြားရာ ယုဖုန္း၏မ်က္ႏွာကို ထိကိုင္ၿပီး ဟြမ္ဧကရာဇ္ မ်က္ရည္ေတြဝဲလာသည္။

"လ်န္သာရွိေသးရင္ ေကာင္းမယ္....."

ဦးရီးေတာ္ကိုႏွစ္သိမ့္ရန္ယုဖုန္းဘာလုပ္ရမလဲျဖစ္ေနစဥ္မွာပဲ သူ႕ဦးရီးေတာ္ကသူ႕ကိုတင္းတင္းဖက္လာေတာ့သည္။

"လ်န္မရွိေတာ့ေပမယ့္ မင္းမွာ ဒီဦးရီးေတာ္ရွိတာကို သတိရေနာ္ ဖုန္းေလး"
"ဟုတ္ကဲ့"

ဦးရီးေတာ္ဟြမ္ဧကရာဇ္ရဲ႕ႀကိဳဆိုမႈက ယုဖုန္းႏွလုံးသားကိုႏြေးေထြးေစခဲ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ဟြမ္နိုင္ငံသားမ်ားက ႏူးညံ့သိမ္ေမြ႕ၾကၿပီး ႐ုပ္ရည္ေခ်ာေမာသူေတြျဖစ္ၾကရာ ဘင္းဝမ္တို႔အတြက္ေတာ့ မ်က္စိအစာေကြၽးလို႔ေကာင္းသည္။

ဟြမ္နိုင္ငံမွာ ရွားပါးမ်ိဳးစိတ္ပန္းေပါင္းစုံကသဘာဝအေလ်ာက္ေပါက္ေရာက္ၿပီး နိုင္ငံသားေတြက အေလးထားထိန္းသိမ္းတာေၾကာင့္ ေနရာတိုင္းမွာ ပန္းရနံ႕သင္းၿပီး သိပ္ကိုလွပသည္။

"အဲ့တာဘာလဲ....."

ေဈးေတြထဲေလ်ာက္ပတ္ၾကည့္ၾကရင္း ဦးရီးေတာ္ထည့္ေပးလိုက္သည့္ အထိန္းေတာ္က ယုဖုန္းသိခ်င္သမွ်ေမးသမွ်ကို စိတ္ရွည္စြာ ရွင္းျပသည္။

ယုဖုန္းသေဘာက်သည့္ ပန္းခ်ည္ႏွင့္ ျပဳလုပ္ထားေသာ ခ်ယ္ရီပြင့္ပန္းႀကိဳးေလးေတြကိုဝယ္ၿပီး သူ႕ဓားဖုန္းဟြာရဲ႕ လက္ကိုင္မွာ တပ္ဆင္ကာ ရိရိ လီေဟာ္ႏွင့္ ဘင္းဝမ္တို႔ဓားေတြမွာလည္းတပ္ဆင္ေစခဲ့သည္။

ဟြမ္နိုင္ငံမွာ ေျမေအာက္ေဈးလည္းရွိၿပီး ထိုေနရာမွာ ကြၽန္ကအစ ရွားပါးတိရိစ္ဆာန္ေပါင္းစုံႏွင့္ ရတနာေတြကိုလည္းဝယ္ယူနိုင္သည္။

လူျမင္တိုင္း ေအာ္ဟစ္ၾကသည့္ တိရိစ္ဆာန္အသံေတြေၾကာင့္ ယုဖုန္းလက္ထဲမွ ေရွာင္းဟိုင္က ေခါင္းေထာင္လာကာ က်ယ္ေလာင္စြာ တစ္ခ်က္ဟိန္းလိုက္သည္။

"ေဝါင္း!!!"

အသံေတြအကုန္တိတ္ကာ လူေတြကပါ လုပ္ေနသမွ်ရပ္ၿပီး ယုဖုန္းတို႔ကိုၾကည့္လာၾကသည္။

" ငါ့ကိုလႊတ္ေပး!!"

တိတ္ဆိတ္မႈကိုခြင္းလိုက္သည့္ ကေလးသံခပ္စူးစူးေလးေၾကာင့္ ယုဖုန္းအသံလာရာကိုရွာၾကည့္သည္။

"မေကာင္းတဲ့လူေတြ! ငါ့ကိုလႊတ္ေပး!!"

႐ုပ္ဆိုးဆိုးငွက္မဲေလးတစ္ေကာင္က ေလွာင္အိမ္ထဲကေနခုန္ေပါက္ေနၿပီး လူလိုေအာ္ေနတာေၾကာင့္ ယုဖုန္း ထိုငွက္အနားကပ္သြားသည္။

"ဂီး!!!!"
"ဒီငွက္စုတ္ကေတာ့....
႐ုပ္ကဆိုး နားကညီးနဲ႕!"

ေလွာင္အိမ္ကိုလူတစ္ေယာက္ကပိတ္ရိုက္လိုက္ရာ ငွက္မဲေလးကလည္ပင္းဆန့္ေအာ္ေနရာမွ ကုတ္ကုတ္ေလးၿငိမ္သြားသည္။

"ရိရိ အဲ့ငွက္ေအာ္တာကိုၾကားလား...."
"အင္းၾကားတယ္ေလ.....
ေတာ္ေတာ္ေလးအသံဆိုးတယ္...."

သူကလြဲၿပီး က်န္လူအားလုံး ထိုငွက္ရဲ႕အသံဆိုးကိုသာၾကားၾကသည္မို႔ ယုဖုန္းသူ႕နဖူးသူဖိလိုက္မိသည္။

ငါဘာျဖစ္ေနတာလဲ.....

ေရွာင္းဟိုင္အကူအညီေတာင္းသံကိုၾကားခဲ့တယ္ဆိုတာ ငါအထင္မွားတာမဟုတ္ဘူးပဲ...

ဘာလို႔ သူတို႔ေအာ္သံေတြကိုငါကနားလည္ေနရတာလဲ.....

ယုဖုန္းတျခားတိရိစ္ဆာန္အသံေတြကိုနားေထာင္ၾကည့္ေပမယ့္ သာမာန္ေအာ္သံေတြျဖစ္ၿပီး သူနားမလည္။

"ဗိုက္ဆာတယ္......"

ထပ္ၾကားလိုက္ရသည့္ ငွက္ကေလးရဲ႕ တုန္ယင္ေနသည့္ အသံတိုးတိုးေနာက္ ယုဖုန္းဘာမွစဥ္းစားမေနေတာ့ဘဲ ထိုငွက္ကေလးကိုဝယ္လိုက္ေတာ့သည္။

တစ္သက္ေရာင္းမထြက္ေတာ့ဘူးထင္ၿပီး ပစ္ထားသည့္ ငွက္႐ုပ္ဆိုးကို ေဈးေကာင္းေကာင္းႏွင့္ ဝယ္သြားသည့္ လူငယ္ေလးကိုဆိုင္ရွင္ျဖစ္သူကေတာ့ သိပ္ကိုခ်ိဳသာေနသည္။

ငွက္ေလွာင္အိမ္ကို ရိရိကသယ္လာေပးၿပီး နာမည္ႀကီးစားေသာက္ဆိုင္မွာ သူတို႔ဝင္စားျဖစ္ၾကသည္။

" ငါမင္းကိုအျပင္ထြက္ခြင့္ေပးမယ္.....
ဒါေပမယ့္ ထြက္မေျပးရဘူးေနာ္....."

ယုဖုန္းငွက္ကေလးကိုေသခ်ာၾကည့္စကားေျပာေနသည္ကို ထ်န္းရိ ႏွင့္ လီေဟာ္တို႔ကၾကည့္ေနခဲ့သည္။

ေလွာင္အိမ္ကိုဖြင့္ေပးလိုက္တာႏွင့္ ငွက္မဲေလးက ပ်ံဝဲကာ ယုဖုန္းပုခုံးေပၚ လာနားသည္။

"အမယ္ ဘယ္ဆိုးလို႔လဲ ႐ုပ္သာဆိုးတာ လိမ္မာသားပဲ......"
"ဂီး!!!"

ဘင္းဝမ္ရဲ႕စကားေၾကာင့္ ငွက္မဲေလးက သူ႕အသံက်ယ္က်ယ္ႏွင့္ ေအာ္ပုံက ရန္လုပ္ေနသလိုပင္။

ေရွာင္းဟိုင္ကို ပန္းကန္တစ္ခုႏွင့္အသီးေတြခ်ေကြၽးထားသည္ကို ငွက္မဲေလးကလည္းဝင္စားကာ ႏွစ္ေကာင္သားက ရန္လိုျခင္းမရွိဘဲ ၿငိမ္ၿငိမ္သက္သက္ပင္စားေနခဲ့ၾကသည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

ယုဖုန္းအျပင္ေလွ်ာက္မသြားျဖစ္သည့္အခါ ဦးရီးေတာ္ႏွင့္ က်ားကစားသည္။ မွ်ားပစ္ေလ့က်င့္သည္။ ေရွာင္းဟိုင္ႏွင့္ သူမၾကာခင္ကမွေမြးထားေသာ ေရွာင္ခ်ိဳးတို႔ႏွင့္အတူကစားသည္။

အခ်ိန္အေတာ္မ်ားမ်ားကေတာ့ သူရိရိႏွင့္အတူရွိသည္။ မလႊဲသာသည့္အခ်ိန္မ်ိဳးမွာသာ သူလင္းရွအနားေနေပးတတ္သည္။

ယခုလည္း ယုဖုန္းပ်င္းေနတာမို႔ ဘင္းဝမ္တို႔ႏွင့္အတူ ဖဲကစားရင္း အနိုင္ရတိုင္းက်ယ္ေလာင္စြာေအာ္ဟစ္ရယ္ေမာေနသည္။

"မင္းသား......
လုံနိုင္ငံကအမိန့္လႊာေရာက္လာပါတယ္....."

အနားလာၿပီးအေၾကာင္းၾကား သည့္ အထိန္းေတာ္ရဲ႕စကားေနာက္ ယုဖုန္းတို႔ အမိန့္ကိုနာခံရန္ ဒူးေထာက္လိုက္ၾကသည္။

"စစ္သူႀကီး လီေဟာ္
ၿမိဳ႕ေတာ္ကိုအေရးႀကီးကိစၥအတြက္အျမန္ျပန္ရမယ္! အမိန့္ေတာ္!!!"

ယုဖုန္းေၾကာင္ေၾကာင္ေလးျဖစ္သြားသည္။

" ဒါပဲလား"
" ဒါပါပဲ မင္းသား....."

လီေဟာ့္ကိုေတာင္အျမန္ျပန္လာခိုင္းတယ္ဆိုမွေတာ့ ေတာ္ေတာ္အေရးႀကီးကိစၥပဲျဖစ္လိမ့္မယ္......

"ကိုယ္ေတာ္တို႔ကေရာ.....
တစ္ခါတည္းျပန္လိုက္ရမွာလား....."
"မင္းသားျပန္လိုက္စရာမလိုေသးပါဘူး.....
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လည္ပတ္ၿပီးမွ ျပန္လာခဲ့ပါလို႔ မင္းႀကီးကမွာၾကားလိုက္ပါေသးတယ္...."
"ၿမိဳ႕ေတာ္မွာ ဘာျပႆနာျဖစ္လို႔လဲ....."
"ကြၽန္ေတာ္မ်ိဳးလည္း မသိပါဘူး မင္းသား...."

ခမည္းေတာ္အမိန့္နဲ႕ေရာက္လာသူေတြမို႔ ယုဖုန္းဓားေထာက္ေမးေတာင္ ဒင္းတို႔က မသိဘူးပဲေျပာၾကလိမ့္မည္ထင္။

ခ်က္ခ်င္းႀကီး လုံနိုင္ငံသို႔ လီေဟာ္ႏွင့္ သူ႕လက္ေထာက္အဖြဲ႕ကထြက္ခြာရန္ ျပင္ဆင္ၾကေတာ့သည္။

"ဆရာ......
လမ္းခရီးမွာဂ႐ုစိုက္ပါ.....
တစ္ခုခုအေၾကာင္းထူးရင္ ဒီကတပည့္ကို
စာပို႔လိုက္ေနာ္....."

လီေဟာ္ကၿပဳံးကာ ယုဖုန္းေခါင္းကိုအသာေလးပုတ္လိုက္ေတာ့ ယုဖုန္းထပ္ၿပီးေၾကာင္အသြားရျပန္သည္။

သူ႕ဆရာကသူ႕ေခါင္းပုတ္တာဒါပထမဆုံးအႀကိမ္ျဖစ္ၿပီး တကယ္ႀကီးကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၿပဳံးေနေသးသည္။

လီေဟာ္တို႔အဖြဲ႕ဟြမ္နိုင္ငံ ၿမိဳ႕တံခါးကေနထြက္ခြာသြားတာနဲ႕ ယုဖုန္းအာ႐ုံက သူ႕ခ်စ္သူဆီသာ အျပည့္အဝျပန္ေရာက္သြားေတာ့သည္။

"ရိရိ.....
ယုအာလမ္းေလွ်ာက္ၿပီးလိုက္ပို႔ရလို႔ေညာင္းေနၿပီ"

ထ်န္းရိကသေဘာေပါက္လြယ္စြာပဲ ယုဖုန္းကိူေက်ာေပးလ်က္ထိုင္ခ်ကာ ေက်ာေပၚတက္ေစသည္။

ရိရိ လည္ပင္းကိုဖက္လို႔ ေျခေထာက္ေလးေတြကလည္း အေနာက္ကေန ရိရိကိုခ်ိတ္ထားကာ ပုခုံးေပၚေခါင္းမွီရင္း ယုဖုန္းသီခ်င္းေတာင္ညည္းလိုက္ေသးသည္။

ေထာ္ေပလန္လင္းရွကေတာ့ ေျခတေဆာင့္ေဆာင့္ႏွင့္မို႔ ဘင္းဝမ္တို႔ကႀကိတ္ရယ္ေနၾကသည္။

ေနဝင္ခါနီးအခ်ိန္ကို ရိရိေက်ာေပၚကေနေငးေမာရင္း ယုဖုန္းဟာ မင္းသားတစ္ပါးဆိုသည့္အမည္နာမအပါအဝင္ အရာအားလုံးေမ့ထားခဲ့မိသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾

"ဂီး!!!"
" ေရွာင္ခ်ိဳး!!!"

အျဖဴေရာင္ခိုငွက္ကိုတိုက္ခိုက္ဖို႔ပ်ံဝဲရင္းေအာ္ေနသည့္ ေရွာင္ခ်ိဳးကို ယုဖုန္းတားကာ လက္ကိုဆန့္တန္းၿပီး ခိုငွက္ကိုနားေစလိုက္သည္။

ေျခေထာက္မွာခ်ည္ႏွောင္ထားသည့္ ေသးငယ္ေသာစာလႊာေလးကိုရိရိက ျဖဳတ္ေပးသည္။

ဘာစာတစ္လုံးမွေရးထားျခင္းမရွိသည့္ စာလိပ္ေလးထဲမွာ ေတာ္ဝင္တံဆိပ္ေတာ္ကို အနီေရာင္ျဖင့္ခတ္ႏွိပ္ထားသည္။

"ေတာ္ဝင္မိသားစု"

မိသားစုအေရးလွ်ို႔ဝွက္ကိစၥကို အနီေရာင္ျဖင့္ ခတ္ႏွိပ္ေလ့ရွိတာမို႔ ယုဖုန္းအျမန္ပဲ ဘင္းဝမ္တို႔အားအမိန့္ေပးကာ ျမင္းေတြျပင္ခိုင္းၿပီး ဝန္စည္စလြယ္ေတြကိုတင္ေစေတာ့သည္။

ဦးရီးေတာ္ ဟြမ္ဧကရာဇ္ႏွင့္ ဧကရီကိုႏႈတ္ဆက္စကားအျမန္ဆိုၿပီး ဂါရဝျပဳကာ ယုဖုန္းထြက္ခြာရန္ ျမင္းတစ္ေကာင္ေပၚတက္သည္။

"ယုဖုန္း"

ယုဖုန္းျမင္းကိုရပ္တန့္ေစၿပီး ေျပးလာသည့္ ဦးရီးေတာ္ကိုၾကည့္လိုက္သည္။

"ေရာ့.....
အကူအညီလိုတဲ့ဘယ္အခ်ိန္မဆို ဒီတံဆိပ္ျပားကို ဦးရီးေတာ္ဆီပို႔လိုက္....
ဘယ္လိုကိစၥပဲျဖစ္လာပါေစ.....
ဒီကမင္းဦးရီးေတာ္ကိုအကူအညီေတာင္းပါ...."
" ေက်းဇူးတင္ပါတယ္ ဦးရီးေတာ္....."

စိတ္ပူေနသည့္ ဦးရီးေတာ္ကိုနားလည္စြာပဲ ယုဖုန္း တံဆိပ္ျပားကိုယူကာ ေသခ်ာသိမ္းဆည္းလိုက္သည္။

လင္းရွ ကလည္းထ်န္းရိရဲ႕ျမင္းေပၚမွာရွိေနၿပီး ခရီးျပင္းအျမန္ႏွင္ရန္အသင့္ျဖစ္ေနၿပီ။

"က်ား!!!"

ယုဖုန္းျမင္းဇက္ႀကိဳးကို ကိုင္ကာ အျမန္ေျပးေစေတာ့သည္။

ဝန္စည္ေတြတင္သည့္လွည္းေတြကလည္းအျမန္ေမာင္းႏွင္ၾကၿပီး ပစၥည္းေတြေပၚမွာ ေရွာင္းဟိုင္ႏွင့္ေရွာင္ခ်ိဳးက ၿငိမ္သက္စြာလိုက္ပါလာသည္။

အလင္းေရာင္ေပ်ာက္ခ်ိန္ေရာက္မွသူတို႔ေတြခရီးတစ္ေထာက္နားၿပီး မနက္ခင္းအလင္းေရာင္စထြက္တာနဲ႕ သူတို႔လည္းခရီးဆက္သည္။

လုံနိုင္ငံကိုေရာက္ရန္ ပုံမွန္ႏႈန္းအတိုင္းသြားလွ်င္ တစ္လနီးပါးၾကာနိုင္ေပမယ့္ အလ်င္လိုသည့္ ယုဖုန္းတို႔ကေတာ့ အခ်ိန္ႏွစ္ပတ္အတြင္းျပန္ေရာက္ဖို႔ခန့္မွန္းရသည္။

သူမရွိသည့္ ေလးလေက်ာ္ေလးအတြင္းမွာ ဘာေတြမ်ားျဖစ္ပ်က္ေနခဲ့သလဲ ယုဖုန္းေတြးပူလာသည္။

"႐ႊီး!!!"

ေရာက္ရန္ႏွစ္ရက္ေလာက္သာ လိုေတာ့သည့္ အကြာအေဝးကိုေရာက္ေတာ့ ယုဖုန္းမူမမွန္သည့္ေလတိုးသံလာရာ အေရွ႕တည့္တည့္ဝါးေတာထဲကိုၾကည့္ၿပီး အျမန္ပက္လက္လွန္ခ်ကာ ျမင္းေက်ာေပၚမွာကပ္လိုက္သည္။

"ဝွစ္"

လက္ႏွစ္လုံးေလာက္သာကပ္လြတ္သြားသည့္ အရွိန္ျပင္းေသာျမႇားတစ္ေခ်ာင္းက ယုဖုန္းမ်က္ႏွာေပၚမွျဖတ္သန္းကာ အေနာက္ဘက္မွ သစ္ပင္တြင္ စိုက္ဝင္သြားသည္။

"မင္းသား"

ဓားေတြထုတ္ကာ ဘင္းဝမ္တို႔အဖြဲ႕က ျမႇားလာရာအရပ္သို႔ ေျပးဝင္သြားၾကသည္။

ထ်န္းရိ မ်က္ဝန္းေတြမွိတ္ခ်ကာလုပ္ႀကံသူကိုအာ႐ုံခံလိုက္သည္။

"မသြားနဲ႕ေတာ့!!
သတ္ေသသြားၿပီ"

ထ်န္းရိအာ႐ုံခံမႈအတိုင္းပင္ လည္ပင္းကိုျဖတ္ကာသတ္ေသထားသည့္ အေလာင္းကိုေတြ႕ရၿပီး သာမာန္မုဆိုးကဲ့သို႔ဝတ္ဆင္ထားကာ ဘာသက္ေသမွပင္ရွာေဖြမေတြ႕ရွိခဲ့။

"ဒီည မနားေတာ့ဘူး
ၿမိဳ႕ေတာ္ကိုအျမန္ျပန္ေရာက္မွျဖစ္မယ္"

ယုဖုန္းရဲ႕အမိန့္အတိုင္း အလင္းေရာင္ေပ်ာက္တာေတာင္ က်ိဳခ်န္းရ႕ အလင္းစြမ္းအင္ကိုသုံးၿပီးသူတို႔မနားၾကေတာ့။

လုပ္ႀကံမႈေတြထပ္ႀကဳံေတြ႕မည္စိုး၍ ကိုယ္ရံေတာ္ ပိုင္မင္ကအကာအကြယ္အစြမ္းသုံးကာ သူတို႔အားလုံးကို ပါးလႊာသည့္အျဖဴေရာင္ဒိုင္းႀကီးကလမ္းတစ္ေလွ်ာက္အုပ္မိုးထားသည္။

တစ္ရက္ထဲမွာ ျမႇားႏွင့္ ေျခာက္ခါေခ်ာင္းပစ္ခံရေပမယ့္ အကာအကြယ္ေၾကာင့္သူတို႔ေရွာင္တိမ္းစရာပင္မလိုဘဲ လုပ္ႀကံသူတိုင္းကိုလည္း အေလာင္းအျဖစ္သာေတြ႕ရသည္။

ၿမိဳ႕ေတာ္တံခါးကိုလွမ္းျမင္ရသည့္ေတာစပ္ကိုေရာက္ေတာ့ အကာအကြယ္ကိုဖယ္ရွားလိုက္ၿပီး အစြမ္းေတြရွိသမွ်အကုန္ထုတ္သုံးခဲ့ရသည့္ ဘင္းဝမ္တို႔ကိုယ္ရံေတာ္ငါးဦးမွာ ေတာ္ေတာ္ကိုပင္ပန္းေနမွန္းယုဖုန္းသိသည္။

"ဂီး!!"
"ေဝါင္း!!"

ဝန္စည္လွည္းေပၚကေန ေရွာင္းဟိုင္ကခုန္ဆင္းကာေတာထဲမွေရတံခြန္ဆီေျပးသြားရာ ေရွာင္ခ်ိဳးကလည္းလိုက္သြားသည္။

"ဝမ္ဝမ္တို႔လည္းလိုက္သြားေလ......
ေရခ်ိဳးနားၿပီးမွလိုက္လာခဲ့ၾက....."
"မင္းသားေလးကို နန္းေတာ္ထဲေရာက္ေအာင္ပို႔ၿပီးမွ ကြၽန္ေတာ္မ်ိဳးတို႔နားပါမယ္"
"လိုက္သြားစမ္းပါ.....
ကိုယ္ေတာ့္ကိုေစာင့္ေရွာက္ဖို႔အရံကိုယ္ရံေတာ္ေတြရွိပါေသးတယ္....
ရိရိလည္းရွိေနတာပဲ....."
"အဲ့တာဆိုလည္း"

ငါးေကာင္သားစကားေတာင္ဆုံးေအာင္မေျပာေတာ့ဘဲ ေရွာင္းဟိုင္ႏွင့္ေရွာင္ခ်ိဳးေနာက္လိုက္သြားေတာ့သည္။

ယုဖုန္းတို႔လည္းေရအနည္းငယ္ေသာက္ၿပီး ၿမိဳ႕တံခါးဆီေရာက္လာၾကသည္။

အေဝးကလွမ္းၾကည့္ေတာ့မသဲကြဲသည့္ၿမိဳ႕တံခါးမွာ နီးကပ္လာတာနဲ႕အမွ် ပိတ္ထားမွန္း ျမင္လိုက္ရသည္။

"ေန႕ခင္းႀကီးကို ၿမိဳ႕တံခါးဘာလို႔ပိတ္ထားရတာလဲဟ"

တစ္ေယာက္တစ္ေပါက္ထြက္လာသည့္ အရံကိုယ္ရံေတာ္အဖြဲ႕ရဲ႕ အသံေတြေနာက္ ၿမိဳ႕ရိုးထက္မွ အေစာင့္တပ္သားမ်ားေပၚလာသည္။

"ေဟး!!
ၿမိဳ႕တံခါးဖြင့္ေပးဦး!
မင္းသားယုဖုန္းျပန္လာၿပီ!"

အရံကိုယ္ရံေတာ္တပ္ဖြဲ႕ေခါင္းေဆာင္မွာလက္ကိုေဝွ႕ယမ္းၿပီးေအာ္လိုက္သည္။

"ဝွစ္!!"
"သတိထား!"

ယုဖုန္းရဲ႕သတိေပးသံပင္မဆုံးလိုက္ အရံကိုယ္ရံေတာ္တပ္ဖြဲ႕တစ္ခုလုံးေရာ ဝန္စည္လွည္းေမာင္းသည့္ရဲမက္ေတြပါ ျမႇားေတြစိုက္လ်က္ ေျမေပၚျပဳတ္က်ကဳန္ၿပီး ျမင္းေတြလည္းေသသည့္အေကာင္ကေသ ျမႇားတန္းလန္းႏွင့္ေအာ္ဟစ္ေျပးသည့္ျမင္းကေျပးႏွင့္ မ်က္စိတစ္မွိတ္အတြင္း ထိတ္လန့္ဖို႔ေကာင္းစြာေျပာင္းလဲကုန္သည္။

"ယုအာသတိထား!"

ထ်န္းရိႏွင့္ လင္းရွျမင္းေပၚမွဆင္းကာ ေၾကာင္အလ်က္ျမႇားေတြလာရာ ၿမိဳ႕ရိုးေပၚကိုၾကည့္ေနသည့္ ယုဖုန္းအနားေရာက္လာၿပီး ဓားကိုအသင့္အေနအထားထုတ္ထားသည္။

"ယုအာ....."

ယုဖုန္းလက္ေတြကိုလင္းရွ ကိုင္ဆြဲလိုက္ေတာ့မွ ယုဖုန္းအသိဝင္လာကာ ဖုန္းဟြာကိုဓားအိမ္ထဲမွဆြဲထုတ္လိုက္သည္။

"ကြၽီ"

အသံက်ယ္တစ္ခုႏွင့္ ႀကီးမားသည့္ၿမိဳ႕တံခါးႀကီးႏွစ္ခ်ပ္ဟာ ပြင့္လာၿပီး ရင္းႏွီးသည့္ လူတစ္ဦး ဦးေဆာင္သည့္ စစ္သည္ေတြထြက္လာသည္။

"အေဖ"
"အမတ္ႀကီး....."

လင္းရွစိတ္ေအးသြားကာ ဖခင္ျဖစ္သူထံေျပးသြားေပမယ့္ ထ်န္းရိကေတာ့ ယုဖုန္းလက္ကိုကိုင္ထားၿပီး ဖခင္ျဖစ္သူကိုၾကည့္ေနသည္။

"ျပန္လာတာကို ႀကိဳဆိုပါတယ္မင္းသား"
"ဘာေတြျဖစ္ေနတာလဲ အမတ္ႀကီး.....
ဒီစစ္သည္ေတြက ကိုယ္ေတာ့္ အရံကိုယ္ရံေတာ္ေတြကိုဘာေၾကာင့္ျမႇားနဲ႕ပစ္ရတာလဲ!"

ယုဖုန္း ေဒါသေၾကာင့္ အသံကက်ယ္ေလာင္သြားသည္။

"အရွင္မင္းႀကီးရဲ႕အမိန့္ေၾကာင့္ပါ မင္းသား.."
"ခမည္းေတာ္ရဲ႕ အမိန့္?"
" သူတို႔ႏွစ္ေယာက္ကိုလူခ်င္း ခြဲလိုက္ေတာ့"

အမတ္ႀကီးမုရဲ႕အမိန့္ေနာက္ ယုဖုန္းႏွင့္ထ်န္းရိအနားကို စစ္သည္ေတြကတိုးကပ္လာရာ သူတို႔ႏွစ္ဦးလက္ေတြပိုတင္းက်ပ္ေအာင္ဆုပ္ကိုင္လိုက္ကာ က်န္လက္တစ္ဖက္ႏွင့္ ဓားကိုယ္စီကိုင္ထားသည္။

"ခြၽင္!!"

အနားေရာက္လာသူေတြကို ထ်န္းရိကစတင္တိုက္ခိုက္ေတာ့ ဓားခ်င္းထိခတ္သံေတြဆူညံလာသည္။

"အေဖ ဘာေတြလုပ္ေနတာလဲ......
အစ္ကိုနဲ႕ ယုအာ ထိခိုက္သြားလိမ့္မယ့္ သူတို႔ကိုရပ္ခိုင္းလိုက္ပါ"

လင္းရွထိတ္လန့္စြာပဲ ဖခင္ရဲ႕လက္ကိုဆြဲကာအသနားခံသည္။

"သခင္မေလးကိုေခၚသြားေတာ့!"
"ဟုတ္ကဲ့!"
"အေဖ!!"

အေစခံေတြလက္ထဲပါသြားသည့္ လင္းရွက ဖခင္ျဖစ္သူ၏ခက္ထန္ေနသည့္ မ်က္ႏွာႏွင့္ေျပာင္းလဲသြားမႈေတြကိုမယုံၾကည္နိုင္။

"ခြၽင္!!"

႐ုတ္တရက္ဓားေတြအကုန္ ေလထဲမွာရပ္တန့္သြားကာ ေဘးေျမျပင္ေတြမွာ သြားစိုက္ၾကသည္။

"ဖူအရာရွိ"

အမတ္ႀကီးမုကေရာက္လာသည့္ လူတစ္ေယာက္ကိုႏႈတ္ဆက္လိုက္သည္။

ထိုလူက ယုဖုန္း ဆရာရဲ႕ လက္ေထာက္ဖူ.....

"မင္းသားယုဖုန္းကိုလာေခၚတာ....."
"ဟုတ္ကဲ့"

စစ္သည္ေတြအကုန္ ယုဖုန္းတို႔အနားမွ ဆုတ္သြားသည္။

"မင္းသားယုဖုန္း ကြၽန္ေတာ္မ်ိဳးနဲ႕အတူလိုက္ခဲ့ေပးပါ......
အရွင္မင္းႀကီးကမင္းသားကိုေစာင့္ေနပါတယ္....."
"အင္း ေကာင္းၿပီ"

ဆရာျဖစ္သူရဲ႕လက္ေထာက္မို႔ ယုဖုန္းအသာတၾကည္ပဲ ဖုန္းဟြာကိုျပန္သိမ္းကာ လိုက္သြားမည္လုပ္ေတာ့ ရိရိက သူ႕လက္ကိုဆြဲကာတားသည္။

"ဘာမွမျဖစ္ေလာက္ပါဘူး......
စိတ္မပူပါနဲ႕....."

ရိရိလက္ေတြကို ျဖဳတ္ၿပီး ယုဖုန္းတစ္ခ်က္ၿပဳံးျပကာ လက္ေထာက္ဖူရပ္ေနသည့္အနားမွ ရထားလုံးေပၚတက္လိုက္သည္။

ယုဖုန္းဘယ္သူမွမရွိသည့္ ရထားလုံးထဲေရာက္မွ ထိန္းခ်ဳပ္ထားသည့္ စိတ္ကိုလႊတ္လိုက္ရာ သူ႕လက္ေတြဟာတုန္ယင္လာသည္။

လုပ္ႀကံမႈေတြဆက္တိုက္ႀကဳံေတြ႕ခဲ့ရၿပီးေနာက္မွာ သူ႕မ်က္စိေရွ႕မွာတင္ပဲ ကိုယ္ရံေတာ္တပ္ဖြဲ႕တစ္ခုလုံး အသတ္ခံခဲ့ရသည့္ ျမင္ကြင္းကစြဲၿမဲေနသည္။

ျမန္ဆန္စြာေ႐ြ႕လ်ားေနသည့္ ရထားလုံးမွာ ေသခ်ာေပါက္ၿမိဳ႕ေတာ္ေဈးထဲမွျဖတ္သန္းေနမွန္းယုဖုန္းသိေသာ္လည္း ထူးဆန္းစြာတိတ္ဆိတ္ေနသည္။

နန္းေတာ္အေဆာင္ေတြတစ္ခုၿပီးတစ္ခုကိုျဖတ္သန္းလာရာမွာလည္း အေစာင့္တပ္ဖြဲ႕ အထိန္းေတာ္ အေစခံမ်ားက ေခါင္းေတြအေသအလဲငုံ႕ထားၾကသည္။

လက္ေထာက္ဖူက ယုဖုန္းရဲ႕ကိုယ္ပိုင္အေဆာင္ေတာ္ကိုပဲ ပို႔ေပးသည္။

"မင္းသား ခဏနားေနပါ....
အရွင္မင္းႀကီး ခဏေနေရာက္လာပါလိမ့္မယ္...."

မသကၤာစရာေတြဆက္တိုက္ႀကဳံေတြ႕ေနရေပမယ့္ ယုဖုန္းဘာေမးခြန္းမွမထုတ္ဘဲ ဖုန္းဟြာကိုသာလက္ကမခ်တမ္းဆုပ္ကိုင္ထားကာ သူ႕အိပ္ရာသလြန္ေပၚမွာထိုင္ေနလိုက္သည္။

ပင္ပန္းလာသည့္ ခႏၶာကိုယ္ေၾကာင့္ တိုင္ကိုမွီလ်က္သားယုဖုန္းအိပ္ေပ်ာ္ခါနီးမွာပဲ သူ႕အေဆာင္ေတာ္တံခါးပြင့္လာၿပီး နဂါးဝတ္႐ုံႏွင့္ တစ္စုံတစ္ဦးဝင္လာသည္။

"ခမည္းေတာ္...."

ယုဖုန္းအိပ္ခ်င္မူးတူးႏွင့္ မ်က္လုံးေတြကိုပြတ္သပ္ကာ ၿပဳံးလိုက္ေပမယ့္ ထိုလူ၏မ်က္ႏွာကိုထင္ရွားစြာျမင္လိုက္ရသည့္အခါမွာေတာ့ လက္ကဖုန္းဟြာကိုခ်က္ခ်င္းဆြဲထုတ္လိုက္သည္။

"ယုအာ......"
"ခင္ဗ်ား.......
မဟုတ္.......ဆရာ......
ဘာလို႔ ခမည္းေတာ္ရဲ႕ဝတ္႐ုံကိုဝတ္ထားတာလဲ......."
"အခုခ်ိန္ထိသေဘာမေပါက္ေသးဘူးလား...."
"ဘာေတြသေဘာေပါက္ရမွာလဲ.....
ကြၽန္ေတာ့္ခမည္းေတာ္ဘယ္မွာလဲ!"
"ယုအာ......"
"ခမည္းေတာ္ ဘယ္မွာလဲလို႔ေမးေနတယ္ေလ!!"

လီေဟာ့္ထံ ဖုန္းဟြာကို႐ြယ္ထားရင္း ယုဖုန္းရဲ႕မ်က္လုံးေတြက မ်က္ရည္ေတြႏွင့္ တျဖည္းျဖည္းနီလာခဲ့ေတာ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro