Part-12 ( wants )
Unicode
"မင်းရူးသွားပြီလား!!!"
ထျန်းရိကို လီဟော်ဒေါသတကြီးအော်ဟစ်လိုက်ပြီး အေးစက်နေသည့် ယုဖုန်းကို သူ့အိပ်ဆောင်သို့ပွေ့ချီသွားသည်။
ထျန်းရိအချိန်အတော်ကြာအောင်ကြောင်အနေခဲ့ပြီး သူအသိစိတ်ကပ်တာနဲ့ လီဟော့်အခန်းထဲဝင်ဖို့ကြိုးစားသည်။
တုန်လှုပ်နေသည့်ဘင်းဝမ်တို့ကလည်း မင်းသားငယ်ကိုထပ်ထိခိုက်မည်စိုး၍ ထျန်းရိကို အထဲဝင်ခွင့်မပြုဘဲတားဆီးထားသည်။
"ယုအာ......
ဆရာ့အသံကိုကြားရလား.......ဟင်......"
သွေးကြောတွေထဲအထိတိုက်စားနေသော ရေခဲဓာတ်ကို ခြေဖျက်ရန် ယုဖုန်းကိုရင်ခွင်ထဲပွေ့လျက် မီးစွမ်းအားသုံးကာ လီဟော်တတ်နိုင်သမျှကြိုးစားသည်။
တောင့်တင်းနေသည့်လက်ချောင်းငယ်တွေကို ဆုပ်ထွေးရင်း အေးစက်နေသည့်ပါးပြင်နုနှင့် ပါးချင်းထိကပ်ထားကာ လီဟော့်ကမ္ဘာတုန်လှုပ်နေသည်။
အဆောင်အပြင်မှထျန်းရိကလည်း ဒူးထောက်လျက် ဝင်ခွင့်တောင်းဆဲ။
"ဝင်ခိုင်းလိုက်!!"
လီဟော်ရဲ့အမိန့်သံနောက် ဘင်းဝမ်တို့အဖွဲ့နှင့် တခြားအစောင့်များက တားဆီးထားရာမှဖယ်ပေးကြသည်။
ထျန်းရိ အဆောင်ထဲဝင်တာနဲ့ လီဟော့်ရင်ခွင်ထဲမှ ယုအာဆီတိုးကပ်သွားတော့ လီဟော်ကစူးရဲစွာကြည့်လာသည်။
"အနားကပ်မလာနဲ့!
မင်းခန္ဓာကိုယ်က ရေခဲဓာတ်ကြောင့် သူပိုခံစားရလိမ့်မယ်......
မင်းကြောင့် သူဘယ်လောက်နာကျင်နေရလဲဆိုတာကို မင်းမျက်လုံးနဲ့မြင်နိုင်အောင်ကြည့်!!!"
တစ်ချက်တစ်ချက် တုန်သွားတတ်သည့် ယုဖုန်းကို လီဟော်မလွတ်တမ်းပွေ့ဖက်ပေးထားရပြီး ခပ်လှမ်းလှမ်းမှ ထျန်းရိကတော့ ထိုမြင်ကွင်းကို နောင်တများစွာနဲ့ ကြည့်နေခဲ့ရသည်။
မင်းသမီး ၈ ရဲ့ကြင်ယာတော်အဖြစ်ရွေးခြယ်ခံထားရကြောင်းသူ့ဖခင်ဆီက ကြားပြီးကတည်းက သူရှောင်လွှဲဖို့ နည်းလမ်းပေါင်းစုံကိုစဥ်းစားနေစဥ်မှာပဲ လင်းရှကို ယုအာရဲ့အနာဂတ်ကြင်ယာတော်အဖြစ်တင်မြောက်မည့် တော်ဝင်အမိန့်စာရောက်လာတော့ သူ့ဘဝမှာပထမဆုံးအကြိမ် အကြောက်တရားအစစ်အမှန်ကိုခံစားလိုက်ရသည်။
ဖခင်ဖြစ်သူရဲ့ပြောစကားအရ ယုအာကိုယ်တိုင်က လင်းရှကိုသူ့ကြင်ယာတော်အဖြစ်တောင်းဆိုခဲ့သည်တဲ့.....
မိခင်ဖြစ်သူရဲ့ ပျော်ရွှင်နေပုံနဲ့ သူ့ညီမလင်းရှရဲ့ ဝေဆာနေသည့် အပြုံးတွေကိုပင်သူမမြင်ချင်တော့ဘဲ ယုအာကိုရှာခဲ့သည်။
သူ့အာရုံခံမှုစွမ်းရည်နဲ့ စစ်သူကြီးအိမ်တော်ထဲမှာ ယုအာရှိမှန်းသိတော့ မရှိပါဘူးအတင်းငြင်းနေသည့် အိမ်တော်ထိန်းနှင့်အစောင့်တွေကိုလည်းသောင်းကျန်းပစ်ခဲ့သည်။
ယုအာကိုအကြောင်းစုံမေးပြီး ရှင်းပြစေချင်ခဲ့ပေမယ့် လီဟော့်အနားမှ ယုအာကိုမြင်လိုက်တော့ ဒေါသအလျောက်သူကြမ်းတမ်းစွာပြုမူမိသည်။
ယုအာ နာကျင်ထိခိုက်စေဖို့တော့ သူတကယ်ကိုမရည်ရွယ်ခဲ့ပါဘူး......
ကိုယ့်ကြောင့် ထိခိုက်ခံစားနေရသည့်ယုအာကိုဘာမှမကူညီနိုင်ဘဲ တခြားသူရင်ခွင်ထဲမှာရှိနေတာကို ကြည့်နေရသည်က ငရဲကျနေသလိုပင်။
လီဟော့်ရဲ့အမိန့်နဲ့ ဘင်းဝမ်နန်းတော်ကိုပြန်ကာ မင်းသားငယ် စစ်သူကြီးအိမ်တော်မှာပဲယနေ့ည နေမည်ဖြစ်ကြောင်း သွားအကြောင်းကြားပြီး အဖြစ်အပျက်တစ်ခုလုံးကိုဖုံးကွယ်ထားရသည်။
သခင်လေးမုကို အရှင်မင်းကြီး အမျက်တော်ရှသွားမှာမျိုးလည်း သူတို့မင်းသားလေးက လိုလားမည်မဟုတ်မှန်းလည်း ဘင်းဝမ်တို့ကောင်းကောင်းသိသည်။
ရှောင်းဟိုင်လေးကတော့ အခန်းထောင့်မှာ ငြိမ်သက်စွာဘဲ သတိမရသေးသည့် ယုဖုန်းကိုကြည့်နေကာ အစာလည်းကျွေးလို့မရခဲ့.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
ယုဖုန်းအသိစိတ်ကပ်လာချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးပျောက်ဆုံးနေသလိုခံစားရကာ မျက်ခွံတွေကိုပင် မနဲဖွင့်ရသည်။
နံဘေးမှ စကားပြောသံ အချို့ကိုကြားနေရပြီး သူ့မြင်ကွင်းတွေကတော့ မကြည်လင်သေး....
သူ့ကိုထွေးပွေ့ထားသည့် တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ကတဖြည်းဖြည်းကြည်လင်ပြတ်သားလာသည့်နောက် ယုဖုန်းရှိသမျှအားနှင့် နှုတ်ခမ်းတွေကိုတွန့်ချိုးလိုက်သည်။
"သတိရလာရင် ရေပူထဲမှာခဏလောက်စိမ်ရဦးမယ်.......
မင်းသွေးကြောတွေကောင်းကောင်းအလုပ်မလုပ်သေးဘူး..."
ယုဖုန်းမျက်တောင်ခတ်ပြီးပဲ နာခံမှုကို ဆရာဖြစ်သူအားအသိပေးသည်။
"အု......!!!"
သလွန်ပေါ်ခုန်မတက်နိုင်လို့ အကူအညီမဲ့စွာအော်နေသည့် ရှောင်းဟိုင်ကို ဘင်းဝမ်က ကောက်မပြီး ယုဖုန်းအနားချပေးလိုက်တော့ငမဲလုံးလေးက ယုဖုန်းရင်ဘက်ပေါ်တက်လာကာ မျက်နှာကိုလျှာနှင့် လျက်ပြီး ကျယ်လောင်စွာ ဟိန်းသေးသည်။
ယုဖုန်း တစ်စုံတစ်ယောက်ကို အခန်းတွင်းလိုက်ရှာကြည့်မိတော့ အခန်းပေါက်နားကနေ ကြည့်နေသည့် စိမ်းပြာရောင်မျက်ဝန်းတွေရဲ့ ဝမ်းနည်းမှုတွေကိုမြင်လိုက်ရသည်။
"ရိရိ......."
ယုဖုန်းသူ့အနားကိုလာဖို့လက်ကမ်းလိုက်တော့ ရိရိခြေထောက်တွေကနောက်ကိုပိုဆုတ်သွားသည်။
"ရိရိ....."
ငိုသံစွက်လာသည့် ယုဖုန်းရဲ့အသံနောက်မျက်ဝန်းနှစ်စုံလုံးဟာ မျက်ရည်ကြည်တွေဖွဲ့သီလာခဲ့သည်။
"ရိရိ....."
တတိယအကြိမ်ခေါ်သံပြီးတော့ ထျန်းရိ ယုဖုန်းဆီလျှောက်လှမ်းလာကာ လီဟော့်ရင်ခွင်ထဲမှ သူ့ကလေးငယ်ကို ပွေ့ချီယူပြီး တင်းကျပ်နေအောင်ဖက်ထားတော့သည်။
"တောင်းပန်ပါတယ်........
ကိုယ်တောင်းပန်ပါတယ်......."
တောင်းပန်စကားကိုဆက်တိုက်ဆိုရင်း ငိုကြွေးနေသည့် ထျန်ရိ အသံမှာ တုန်ယင်ကွဲအက်နေသည်။
ထျန်းရိဘဝမှာပထမဆုံးအကြိမ် အကြောက်တရားကြောင့်ငိုကြွေးဖူးခဲ့ပြီ။
"ယုအာ ခွင့်လွှတ်တယ်......."
ထျန်းရိ ရင်ဘက်ကိုခေါင်းဝှေ့လို့ ပြောသည့် ကလေးငယ်ရဲ့ မျက်ဝန်းနက်လေးတွေဟာ အားနည်းနေပေမယ့် ကြည်လင်တောက်ပဆဲ......
ယုအာက လင်းရှကိုကြင်ယာတော်တင်မြှောက်လိုက်လည်း သူတို့နှစ်ဦးအမြဲအတူရှိခွင့်ရနေဦးမည်ဆိုလျှင် သူလက်ခံဖို့ဆုံးဖြတ်မိတော့သည်။
တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားသည့် လူငယ်လေးနှစ်ဦးကိုချန်ရစ်ကာ လီဟော်ထိုအခန်းထဲမှထွက်လာခဲ့သည်။
"သခင်.....
အဆင်ပြေရဲ့လား....."
နာရီပေါင်းများစွာ ယုအာကိုပွေ့ချီထားခဲ့သည့် သူ့လက်တွေက အနည်းငယ်ထုံကျင်နေပေမယ့် လီဟော်ခေါင်းသာညိတ်ပြလိုက်သည်။
"လက်ထောက်ဖူ....."
"ကျွန်တော်မျိုးရှိပါတယ် သခင်......"
" ငါဘယ်လိုလုပ်ရပါ့မလဲ......"
လက်ဖက်ရည်ခွက်ကိုပြန်ချထားရင်း လေတိုက်တိုင်းကြွေကျသွားသော ပန်းနုရော ချယ်ရီပွင့်ဖက်တို့ကိုကြည့်ကာ တစ်ချိန်က လဲကျတော့မည့် ချယ်ရီရောင်ပုံရိပ်နှင့် ကလေးငယ်လေးကိုပြန်မြင်ယောင်မိသည်။
သူ့ကိုမကြောက်ရွံ့ဘဲ မျက်ဝန်းချင်းဆုံအောင်ကြည့်ခဲ့သည့် မျက်ဝန်းနက်စိုစိုလေးတွေပိုင်ရှင်ကလေးငယ်က သေးငယ်သောပန်းပွင့်ရောင်စုံတို့ကိုပန်ဆင်လျက် ပန်းရနံ့သင်းကာ နူးညံ့သည်။
အထိအတွေ့သေးသေးလေးကအစ သူ့ကိုတုန်လှုပ်စေနိုင်ခဲ့သည့် ကလေးကမိန်းကလေးတော့မဟုတ်ခဲ့.....
"သခင် တွေဝေနေပြီလား....."
" ငါမတွေဝေပါဘူး......လောဘတက်မိရုံပါ.....
ငါတို့ရဲ့ရည်မှန်းချက်ကတော့ ယိမ်းယိုင်မှာမဟုတ်ဘူး......."
လီဟော် မိမိလည်ပင်းတွင်ဆွဲထားသည့် အနီရောင်ကျောက်စိမ်းလက်စွပ်လေးကို ပွတ်သပ်ကာပြုံးသည်။
ငါ့ရဲ့ အန္တရာယ်ကင်းစေတဲ့အဆောင်လေး....
" ငါတို့ပန်းတိုင်ကိုရောက်ပြီးရင်......
ငါအလိုရှိတာကို ပိုင်ဆိုင်ရမှာပဲလေ......"
"မှန်ပါတယ် သခင်......"
ရည်ရွယ်ချက်တွေမှားယွင်းနေပေမယ့် လုပ်ဆောင်ချက်တွေကမှန်ကန်ခဲ့တယ်.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
" ကျောက်စိမ်းတံဆိပ်ပြား လဲလှယ်ပါ!!!"
ယုဖုန်းသူ့နာမည်ကိုထွင်းထုထားသော အနီရောင်ကျောက်စိမ်းတံဆိပ်ပြားကို လင်းရှလက်ထဲပေးကာ လင်းရှနာမည်ပါသော ကျောက်စိမ်းဖြူကိုလက်ခံယူလိုက်သည်။
ကတိပြုခြင်း ကျောက်စိမ်းပြားလဲလှယ်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်အရိုအသေပေးကာ အခမ်းအနားပြီးဆုံးသွားခဲ့သည်။
ခမည်းတော် မယ်တော်တွေ မုအိမ်တော်ကနေပြန်ထွက်သွားသည်နှင့် ယုဖုန်း တော်ဝင်မင်းသားဝတ်ရုံကြီးကိုချွတ်လဲကာ လင်းရှကို ပတ်ရှောင်ပြီး ရိရိအနားမှာနေသည်။
ယုဖုန်း သဘောကျသည့် ချယ်ရီပင်တွေကို မုအိမ်တော်ထဲပတ်စိုက်လိုက် စစ်သူကြီးအိမ်တော် နေရာလွတ်တွေမှာ သွားစိုက်လိုက်နှင့် အလုပ်မရှိအလုပ်ရှာကာ လင်းရှကိုရှောင်ပေမယ့် ဇွဲကောင်းလွန်းသည့် သူမလက်ထဲ ယုဖုန်းပြေးပေါက်ပိတ်ပြီး မြို့တော်ဈေးထဲသူမနှင့်အတူလိုက်သွားပေးရသည်။
သူ့လက်မောင်းကိုချိတ်ဆွဲလို့ ပျော်နေရှာသည့် မိန်းကလေးကို အားနာစိတ်ဝင်မိတာမို့ ယုဖုန်း သူမအပေါ်ကောင်းမွန်စွာ ပြုမူပေးသည်။
"ယုအာ.......
ဒီဆံထိုးလေးဘယ်လိုနေလဲ......
ငါနဲ့လိုက်လား...... "
အနီရောင်ဆံထိုးကိုပန်ဆင်လျက်မေးလာသည့်သူမက စေ့စပ်ပြီးနောက် ယုဖုန်းကနေ ယုအာ ဟုသာခေါ်တော့သည်။
"ယုအာ.......
ငါနဲ့လိုက်လားလို့......"
"အင်း......."
"အဒေါ် ဒါလေးယူမယ်နော်......."
ဆိုင်ရှင်အဒေါ်ကြီးကလည်း ဈေးကြီးသည့်ပစ္စည်းရောင်းထွက်သွားလို့ တပြုံးပြုံးနှင့် သေချာထုတ်ပိုးပေးသည်။
" ငါနင်နဲ့ဆင်တူဖြစ်ချင်လို့ အဲ့ဆံထိုးအနီလေးဝယ်လိုက်တာ......"
"အင်း......."
ယုဖုန်းဟိုကြည့်သည်ကြည့်လုပ်ရင်း လမ်းတစ်ဖက်ဆိုင်ထောင့်တစ်နေရာမှ လက်စွပ်နှစ်ကွင်းကိုတွေ့ကာ သဘောကျမိသွားသည်။
အထည်စတွေကြည့်နေသည့် လင်းရှကို ဘင်းဝမ်တို့နှင့်ထားခဲ့ကာ ယုဖုန်းထိုလက်စွပ်နှစ်ကွင်းရှိရာဆိုင်သို့ရောက်သွားခဲ့သည်။
"ဆိုင်ရှင် ဒီလက်စွပ်နှစ်ကွင်းကို ကျွန်တော်ယူမယ်....."
စိမ်းပြာရောင်လက်စွပ်နှစ်ကွင်းကအရွယ်အစားသိပ်မကွာဘဲ တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းအရောင်တွေနှင့်ထပ်တူကျနေသည်။
"ဒီကသခင်လေးက သေချာရွေးတတ်တာပဲ...
ဒီလက်စွပ်နှစ်ကွင်းက အနောက်နိုင်ငံကလာတာ.....
တာကွိုက်စ်ကျောက်နဲ့လုပ်ထားပြီး ဝတ်ဆင်သူကို နေနတ်ဘုရားရဲ့ မိခင်က စောင့်ရှောက်ပေးတယ်တဲ့......
သခင်လေးနဲ့ သခင်လေးရဲ့ဖူးစာဖက်ကိုလည်း စောင့်ရှောက်ပေးပါလိမ့်မယ်....."
ထုပ်ပိုးပေးရင်းပြောသည့် ဆိုင်ရှင်ရဲ့စကားတွေက လုပ်ကြံပြောတာဆိုရင်တောင် ယုဖုန်းကိုစိတ်ကျေနပ်စေခဲ့သည်။
"အဲ့ဒါမင်းသား ယုဖုန်းလား....."
"ဟုတ်ပါတယ် သခင်မ"
ပယင်းရောင်နှင့် အပြာရောင် မျက်ဝန်းတစ်စုံနှင့်မိန်းကလေးက ပြုံးနေသည့် ယုဖုန်းကိုစိုက်ကြည့်ကာ မျက်မှောင်ကျုံ့သည်။
"သူက ဘာအစွမ်းမှမရှိတာသေချာလား....."
" သေချာပါတယ်သခင်မလေး...."
"ငါသူ့ကို အမိန့်ပေးလို့မရဘူး......
တစ်ခုခုက ပိတ်ဆို့ထားတယ်......"
ယုဖုန်း လက်စွပ်ဝယ်ပြီး လင်းရှနှင့်အတူပြန်မည်လုပ်တော့ သူ့တို့ရှေ့ကို မိန်းကလေးတစ်ယောက်နှင့် လူတစ်စုကပိတ်ဆို့လာသည်။
ဓားကိုဆွဲထုတ်လိုက်သည့် ဘင်းဝမ်တို့ ကိုယ်ရံတော်တွေက ကာကွယ်ရန် တိုက်ခိုက်ဖို့ အဆင်သင့်.......
ယုဖုန်း သူ့ရှေ့မှမိန်းကလေးရဲ့ မျက်ဝန်းအရောင်တွေကိုမြင်တာနဲ့ ဘယ်သူမှန်းသိလိုက်သည်။
ဒူးထောက်စမ်း!!
လီဟွာ သူမရှေ့မှ လူငယ်လေးကိုစိုက်ကြည့်ကာ အမိန့်ပေးလိုက်ပေမယ့် တုံ့ပြန်မှုမရှိဘဲ ပကတိတည်ငြိမ်စွာ သူမကိုပြန်စိုက်ကြည့်နေသည်။
ဒူးထောက်စမ်း!
လူငယ်လေးနံဘေးမှ မိန်းကလေးကိုကြည့်ကာစိတ်ထဲမှအမိန့်ပေးလိုက်တော့ သူမက ချက်ချင်းဒူးထောက်ကျသွားသည်။
"ဘာဖြစ်တာလဲ......
ယုအာ.....လုပ်ပါဦး ငါထလို့မရဘူး"
ထိတ်လန့်နေသည့် မိန်းကလေးကို မင်းသားယုဖုန်းဆိုသည့် ထိုလူငယ်လေးက ပုခုံးတွေမှကိုင်ကာ ထစေလိုက်တော့ သူမဒူးထောက်ရာမှ ထလို့ရသွားရာ လီဟွာ ပိုလန့်လာသည်။
ဒူးထောက်စမ်း!!!
သူမရှေ့မှ နှစ်ဦးစလုံးက တည်ငြိမ်စွာရပ်နေကြဆဲ.....
ဒူးထောက်ကြစမ်း!!!!!
လူငယ်လေးရဲ့လက်မောင်းကို ချိတ်ထားသည့် မိန်းကလေးကလည်းဘာသက်ရောက်မှုမှမရှိတော့လေတော့ လီဟွာ ဒေါသထွက်ကာ မျက်နှာတစ်ပြင်လုံးရဲတက်လာသည်။
သူကငါ့အစွမ်းကိုလွန်ဆန်နိုင်တယ်.....
"ဒီကသခင်လေးတို့ကိုတောင်းပန်ပါတယ်.....
ကျွန်တော်တို့သခင်မလေးက သခင်လေးတို့သွားမယ့်လမ်းကိုတမင်ပိတ်ပင်တာမဟုတ်ပါဘူး......"
နောက်လိုက်တစ်ယောက်က တောင်းပန်စကားဆိုပြီးနောက် လမ်းဖယ်ပေးကြပေမယ့် ထိုမိန်းကလေးကတော့ ရပ်နေဆဲမို့ ယုဖုန်းတို့ကလည်းမသွား။
"သခင်မလေး...."
အစေခံမိန်းကလေးက ဆွဲဖို့လုပ်တော့ ထိုမိန်းကလေးက အထိမခံဘဲ ယုဖုန်းကို မကျေမနပ်တစ်ချက်ကြည့်ကာ ဖယ်ပေးသည်။
"ယုအာ.......
အဲ့တစ်ယောက်ကိုသိလို့လား....."
အပြန်လမ်းမှာ လင်းရှကသူ့ကိုမေးလာတော့ ယုဖုန်းခေါင်းညိတ်ကာ ရိုးသားစွာပြန်ဖြေခဲ့သည်။
"အဲ့တာ ငါ့ဆရာရဲ့ညီမ.....
လီဟွာ......
သူမက ဝူကုန်သည်အဖွဲ့သခင်လေးရဲ့ ဇနီး...."
"သူမက နင့်ကိုကြည့်တာ ရန်သူတွေလိုပဲ.....
နင်ကတော်ဝင်မင်းသားမှန်းသိလို့ကတော့.... ဟ..ဟ"
သူမဘာသာတွေးပြီး သဘောတကျရယ်နေသည့် လင်းရှခေါင်းကို ယုဖုန်းအသာပုတ်ပြီး လိုက်ရယ်သည်။
" သူသိတယ်....."
"ဟမ်....."
" ငါက ယုဖုန်းမှန်းသူသိတယ်......"
"ဘုရားရေ.....
ဘယ်လိုတောင်အကြောက်အလန့်မရှိတဲ့ မိန်းကလေးလည်း......."
ရှောင်းဟိုင်ကို ဓားမြှောင်နဲ့ပေါက်ပြီး ထိခိုက်အောင်လုပ်ခဲ့သည့် ထိုမိန်းကလေးက အကြောက်အလန့်မရှိရုံမဟုတ်ဘဲ စာနာသနားစိတ်လည်းရှိဟန်မတူပေ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
"ရိရိ....လာယုအာနဲ့ခဏလိုက်ခဲ့......"
လူရှင်းသည့် ရေကန်အနားသို့ ထျန်းရိကို ယုဖုန်းခေါ်လာခဲ့ပြီး ဝတ်ရုံအတွင်းမှ ကျွန်းဘူးလေးကို ထုတ်ပေးလိုက်သည်။
"ဘာလဲ...."
"ဖွင့်ကြည့်လေ......"
ထျန်းရိ မျက်ခုံးတစ်ချက်ပင့်ကာ ဖွင့်ကြည့်လိုက်တော့ ပိုးကြိုးအနက်ရောင်နှင့်တွဲထားသည့် စိမ်းပြာရောင်လက်စွပ်တစ်ကွင်းကိုတွေ့ရသည်။
"ရိရိအတွက်....."
"....."
"ခေါင်းနည်းနည်းငုံ့ပေးလေ....
ယုအာဝတ်ပေးမယ်....."
ထျန်းရိခါးကိုင်းပေးလိုက်တော့ ယုဖုန်းကပိုးကြိုးလေးကို သေချာဝတ်ပေးသည်။
"တန့် ဒန်!!"
ယုဖုန်းသူ့ဝတ်ရုံထဲမှ လက်စွပ်တပ်ထားသည့်ပိုးကြိုးလေးကို ထျန်းရိမြင်အောင်ပြလိုက်သည်။
"ရိရိ နဲ့ ယုအာ......
ဆင်တူဝတ်ကြမယ်......"
ဘာစကားမှမဆိုဘဲ သူ့ကိုငေးနေသည့်ထျန်းရိကို ယုဖုန်းပြုံးပြသည်။
"ဒီလက်စွပ်က ရိရိနဲ့ ယုအာရဲ့ကတိသက်သေပစ္စည်းပဲ....."
"ယုအာ.....
လက်စွပ်ဆင်တူက ဘာအဓိပ္ပါယ်ကိုရည်ညွှန်းမှန်းရောသိရဲ့လား..."
ထျန်းရိရဲ့ အမေးကြောင့် ယုဖုန်းနှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။
"ယုအာသိတယ်....."
"ယုအာ.....ကိုယ်က..."
"ယုအာ ကလေးမဟုတ်တော့ဘူး!"
ထျန်းရိစကားကို ယုဖုန်းကြားဖြတ်ပြောကာ ထျန်းရိ မျက်ဝန်းတွေကိုသေချာစိုက်ကြည့်လာသည်။
"ရိရိက ယုအာအပိုင်...
ယုအာကလည်း ရိရိအပိုင်ပဲ....."
"....."
"ယုအာရဲ့တံဆိပ်ပြားက လင်းရှကိုပေးလိုက်ရပြီမို့ ကတိပြုစရာက ဒီလက်စွပ်တွေပဲရှိတော့တယ်.....
ရိရိကယုအာနဲ့ကတိမပြုချင်ဘူးလားဟင်..."
"ယုအာတကယ်ပဲ ကိုယ်နဲ့ကတိပြုချင်တာလား..."
ယုဖုန်းခေါင်းညိတ်လိုက်သည်။
"..တကယ်.."
"ဒါဆို ဘာလို့ လင်းရှကို ကြင်ယာတော်လောင်းအဖြစ်ရွေးခဲ့တာလဲ...."
"ရိရိကို ဘယ်သူ့ကိုမှမပေးချင်လို့.....
ရိရိကို ယုအာအစ်မတော်နဲ့မှမဟုတ်ဘူး ဘယ်သူနဲ့မှလက်မထပ်စေချင်ဘူး.....
လင်းရှကို အသုံးချလိုက်ရလို့ ယုအာတောင်းပန်ပါတယ်.....
တခြားနည်းလမ်းမရှိတော့လို့ပါ....."
ပြောရင်းနှင့် ယုဖုန်းငိုမိတော့သည်။
ယုအာမျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ခေါင်းမော့စေပြီး နဖူးပြင်လေးထက်ကိုနမ်းလိုက်သည်။
"ကိုယ့်ကို အမှန်အတိုင်းဝန်ခံပေးလို့ ကျေးဇူးတင်တယ်နော် ယုအာ....
ကိုယ်ကတိပေးတယ် ကိုယ်ကမင်းအပိုင်ပဲ...."
"ကတိနော်..."
"အင်း.....ကတိ"
ကျေနပ်စွာပြုံးသည့်ကလေးငယ်ရဲ့ ခပ်ရဲရဲပါးပြင်လေးတွေကို မြတ်နိုးစွာ ထျန်းရိနမ်းခဲ့သည်။
တရားဝင်ပိုင်ဆိုင်သူဖြစ်ချင်ပေမယ့် ကလေးငယ်ရဲ့ နှလုံးသားတစ်ခုလုံးက သူတစ်ယောက်တည်းရဲ့အပိုင်ဆိုတာနဲ့တင် သူကျေနပ်စွာ သည်းခံနိုင်ပါ့မလား။
◾◽◾◽◾◽◾◽◾◽◾◽◾◽
(AN: တာကွိုက်စ်တွေက Egypt ကထွက်တဲ့ကျောက်တွေပါ သူတို့အယူအဆအရ နေနတ်ဘုရားရဲ့မိခင်က တာကွိုက်စ်တွေကိုပိုင်ဆိုင်ပါတယ်တဲ့....
စိမ်းပြာ ရောင်ကနေ မိုးပြာရောင်အထိ အပြာရောင်ကိုစုံနေအောင်ရှိကြပါတယ်
သူတို့ကအလင်းပိတ်ကျောက်တွေဖြစ်ပြီး မာကျောတဲ့ကျောက်အမျိုးအစားပါပဲတဲ့
ကိုယ်ရှာတွေ့ထားတဲ့ပုံတွေထဲမှာတော့ အရမ်းလှတယ်)
************************************
Zawgyi
"မင္း႐ူးသြားၿပီလား!!!"
ထ်န္းရိကို လီေဟာ္ေဒါသတႀကီးေအာ္ဟစ္လိုက္ၿပီး ေအးစက္ေနသည့္ ယုဖုန္းကို သူ႕အိပ္ေဆာင္သို႔ေပြ႕ခ်ီသြားသည္။
ထ်န္းရိအခ်ိန္အေတာ္ၾကာေအာင္ေၾကာင္အေနခဲ့ၿပီး သူအသိစိတ္ကပ္တာနဲ႕ လီေဟာ့္အခန္းထဲဝင္ဖို႔ႀကိဳးစားသည္။
တုန္လႈပ္ေနသည့္ဘင္းဝမ္တို႔ကလည္း မင္းသားငယ္ကိုထပ္ထိခိုက္မည္စိုး၍ ထ်န္းရိကို အထဲဝင္ခြင့္မျပဳဘဲတားဆီးထားသည္။
"ယုအာ......
ဆရာ့အသံကိုၾကားရလား.......ဟင္......"
ေသြးေၾကာေတြထဲအထိတိုက္စားေနေသာ ေရခဲဓာတ္ကို ေျခဖ်က္ရန္ ယုဖုန္းကိုရင္ခြင္ထဲေပြ႕လ်က္ မီးစြမ္းအားသုံးကာ လီေဟာ္တတ္နိုင္သမွ်ႀကိဳးစားသည္။
ေတာင့္တင္းေနသည့္လက္ေခ်ာင္းငယ္ေတြကို ဆုပ္ေထြးရင္း ေအးစက္ေနသည့္ပါးျပင္ႏုႏွင့္ ပါးခ်င္းထိကပ္ထားကာ လီေဟာ့္ကမၻာတုန္လႈပ္ေနသည္။
အေဆာင္အျပင္မွထ်န္းရိကလည္း ဒူးေထာက္လ်က္ ဝင္ခြင့္ေတာင္းဆဲ။
"ဝင္ခိုင္းလိုက္!!"
လီေဟာ္ရဲ႕အမိန့္သံေနာက္ ဘင္းဝမ္တို႔အဖြဲ႕ႏွင့္ တျခားအေစာင့္မ်ားက တားဆီးထားရာမွဖယ္ေပးၾကသည္။
ထ်န္းရိ အေဆာင္ထဲဝင္တာနဲ႕ လီေဟာ့္ရင္ခြင္ထဲမွ ယုအာဆီတိုးကပ္သြားေတာ့ လီေဟာ္ကစူးရဲစြာၾကည့္လာသည္။
"အနားကပ္မလာနဲ႕!
မင္းခႏၶာကိုယ္က ေရခဲဓာတ္ေၾကာင့္ သူပိုခံစားရလိမ့္မယ္......
မင္းေၾကာင့္ သူဘယ္ေလာက္နာက်င္ေနရလဲဆိုတာကို မင္းမ်က္လုံးနဲ႕ျမင္နိုင္ေအာင္ၾကည့္!!!"
တစ္ခ်က္တစ္ခ်က္ တုန္သြားတတ္သည့္ ယုဖုန္းကို လီေဟာ္မလြတ္တမ္းေပြ႕ဖက္ေပးထားရၿပီး ခပ္လွမ္းလွမ္းမွ ထ်န္းရိကေတာ့ ထိုျမင္ကြင္းကို ေနာင္တမ်ားစြာနဲ႕ ၾကည့္ေနခဲ့ရသည္။
မင္းသမီး ၈ ရဲ႕ၾကင္ယာေတာ္အျဖစ္ေ႐ြးျခယ္ခံထားရေၾကာင္းသူ႕ဖခင္ဆီက ၾကားၿပီးကတည္းက သူေရွာင္လႊဲဖို႔ နည္းလမ္းေပါင္းစုံကိုစဥ္းစားေနစဥ္မွာပဲ လင္းရွကို ယုအာရဲ႕အနာဂတ္ၾကင္ယာေတာ္အျဖစ္တင္ေျမာက္မည့္ ေတာ္ဝင္အမိန့္စာေရာက္လာေတာ့ သူ႕ဘဝမွာပထမဆုံးအႀကိမ္ အေၾကာက္တရားအစစ္အမွန္ကိုခံစားလိုက္ရသည္။
ဖခင္ျဖစ္သူရဲ႕ေျပာစကားအရ ယုအာကိုယ္တိုင္က လင္းရွကိုသူ႕ၾကင္ယာေတာ္အျဖစ္ေတာင္းဆိုခဲ့သည္တဲ့.....
မိခင္ျဖစ္သူရဲ႕ ေပ်ာ္႐ႊင္ေနပုံနဲ႕ သူ႕ညီမလင္းရွရဲ႕ ေဝဆာေနသည့္ အၿပဳံးေတြကိုပင္သူမျမင္ခ်င္ေတာ့ဘဲ ယုအာကိုရွာခဲ့သည္။
သူ႕အာ႐ုံခံမႈစြမ္းရည္နဲ႕ စစ္သူႀကီးအိမ္ေတာ္ထဲမွာ ယုအာရွိမွန္းသိေတာ့ မရွိပါဘူးအတင္းျငင္းေနသည့္ အိမ္ေတာ္ထိန္းႏွင့္အေစာင့္ေတြကိုလည္းေသာင္းက်န္းပစ္ခဲ့သည္။
ယုအာကိုအေၾကာင္းစုံေမးၿပီး ရွင္းျပေစခ်င္ခဲ့ေပမယ့္ လီေဟာ့္အနားမွ ယုအာကိုျမင္လိုက္ေတာ့ ေဒါသအေလ်ာက္သူၾကမ္းတမ္းစြာျပဳမူမိသည္။
ယုအာ နာက်င္ထိခိုက္ေစဖို႔ေတာ့ သူတကယ္ကိုမရည္႐ြယ္ခဲ့ပါဘူး......
ကိုယ့္ေၾကာင့္ ထိခိုက္ခံစားေနရသည့္ယုအာကိုဘာမွမကူညီနိုင္ဘဲ တျခားသူရင္ခြင္ထဲမွာရွိေနတာကို ၾကည့္ေနရသည္က ငရဲက်ေနသလိုပင္။
လီေဟာ့္ရဲ႕အမိန့္နဲ႕ ဘင္းဝမ္နန္းေတာ္ကိုျပန္ကာ မင္းသားငယ္ စစ္သူႀကီးအိမ္ေတာ္မွာပဲယေန႕ည ေနမည္ျဖစ္ေၾကာင္း သြားအေၾကာင္းၾကားၿပီး အျဖစ္အပ်က္တစ္ခုလုံးကိုဖုံးကြယ္ထားရသည္။
သခင္ေလးမုကို အရွင္မင္းႀကီး အမ်က္ေတာ္ရွသြားမွာမ်ိဳးလည္း သူတို႔မင္းသားေလးက လိုလားမည္မဟုတ္မွန္းလည္း ဘင္းဝမ္တို႔ေကာင္းေကာင္းသိသည္။
ေရွာင္းဟိုင္ေလးကေတာ့ အခန္းေထာင့္မွာ ၿငိမ္သက္စြာဘဲ သတိမရေသးသည့္ ယုဖုန္းကိုၾကည့္ေနကာ အစာလည္းေကြၽးလို႔မရခဲ့.....
◾◽◾◽◾◽◾◽◾◽◾◽◾◽
ယုဖုန္းအသိစိတ္ကပ္လာခ်ိန္မွာ သူ႕ခႏၶာကိုယ္တစ္ခုလုံးေပ်ာက္ဆုံးေနသလိုခံစားရကာ မ်က္ခြံေတြကိုပင္ မနဲဖြင့္ရသည္။
နံေဘးမွ စကားေျပာသံ အခ်ိဳ႕ကိုၾကားေနရၿပီး သူ႕ျမင္ကြင္းေတြကေတာ့ မၾကည္လင္ေသး....
သူ႕ကိုေထြးေပြ႕ထားသည့္ တစ္စုံတစ္ေယာက္ရဲ႕ပုံရိပ္ကတျဖည္းျဖည္းၾကည္လင္ျပတ္သားလာသည့္ေနာက္ ယုဖုန္းရွိသမွ်အားႏွင့္ ႏႈတ္ခမ္းေတြကိုတြန့္ခ်ိဳးလိုက္သည္။
"သတိရလာရင္ ေရပူထဲမွာခဏေလာက္စိမ္ရဦးမယ္.......
မင္းေသြးေၾကာေတြေကာင္းေကာင္းအလုပ္မလုပ္ေသးဘူး..."
ယုဖုန္းမ်က္ေတာင္ခတ္ၿပီးပဲ နာခံမႈကို ဆရာျဖစ္သူအားအသိေပးသည္။
"အု......!!!"
သလြန္ေပၚခုန္မတက္နိုင္လို႔ အကူအညီမဲ့စြာေအာ္ေနသည့္ ေရွာင္းဟိုင္ကို ဘင္းဝမ္က ေကာက္မၿပီး ယုဖုန္းအနားခ်ေပးလိုက္ေတာ့ငမဲလုံးေလးက ယုဖုန္းရင္ဘက္ေပၚတက္လာကာ မ်က္ႏွာကိုလွ်ာႏွင့္ လ်က္ၿပီး က်ယ္ေလာင္စြာ ဟိန္းေသးသည္။
ယုဖုန္း တစ္စုံတစ္ေယာက္ကို အခန္းတြင္းလိုက္ရွာၾကည့္မိေတာ့ အခန္းေပါက္နားကေန ၾကည့္ေနသည့္ စိမ္းျပာေရာင္မ်က္ဝန္းေတြရဲ႕ ဝမ္းနည္းမႈေတြကိုျမင္လိုက္ရသည္။
"ရိရိ......."
ယုဖုန္းသူ႕အနားကိုလာဖို႔လက္ကမ္းလိုက္ေတာ့ ရိရိေျခေထာက္ေတြကေနာက္ကိုပိုဆုတ္သြားသည္။
"ရိရိ....."
ငိုသံစြက္လာသည့္ ယုဖုန္းရဲ႕အသံေနာက္မ်က္ဝန္းႏွစ္စုံလုံးဟာ မ်က္ရည္ၾကည္ေတြဖြဲ႕သီလာခဲ့သည္။
"ရိရိ....."
တတိယအႀကိမ္ေခၚသံၿပီးေတာ့ ထ်န္းရိ ယုဖုန္းဆီေလွ်ာက္လွမ္းလာကာ လီေဟာ့္ရင္ခြင္ထဲမွ သူ႕ကေလးငယ္ကို ေပြ႕ခ်ီယူၿပီး တင္းက်ပ္ေနေအာင္ဖက္ထားေတာ့သည္။
"ေတာင္းပန္ပါတယ္........
ကိုယ္ေတာင္းပန္ပါတယ္......."
ေတာင္းပန္စကားကိုဆက္တိုက္ဆိုရင္း ငိုေႂကြးေနသည့္ ထ်န္ရိ အသံမွာ တုန္ယင္ကြဲအက္ေနသည္။
ထ်န္းရိဘဝမွာပထမဆုံးအႀကိမ္ အေၾကာက္တရားေၾကာင့္ငိုေႂကြးဖူးခဲ့ၿပီ။
"ယုအာ ခြင့္လႊတ္တယ္......."
ထ်န္းရိ ရင္ဘက္ကိုေခါင္းေဝွ႕လို႔ ေျပာသည့္ ကေလးငယ္ရဲ႕ မ်က္ဝန္းနက္ေလးေတြဟာ အားနည္းေနေပမယ့္ ၾကည္လင္ေတာက္ပဆဲ......
ယုအာက လင္းရွကိုၾကင္ယာေတာ္တင္ျမႇောက္လိုက္လည္း သူတို႔ႏွစ္ဦးအၿမဲအတူရွိခြင့္ရေနဦးမည္ဆိုလွ်င္ သူလက္ခံဖို႔ဆုံးျဖတ္မိေတာ့သည္။
တစ္ေယာက္ကိုတစ္ေယာက္ဖက္တြယ္ထားသည့္ လူငယ္ေလးႏွစ္ဦးကိုခ်န္ရစ္ကာ လီေဟာ္ထိုအခန္းထဲမွထြက္လာခဲ့သည္။
"သခင္.....
အဆင္ေျပရဲ႕လား....."
နာရီေပါင္းမ်ားစြာ ယုအာကိုေပြ႕ခ်ီထားခဲ့သည့္ သူ႕လက္ေတြက အနည္းငယ္ထုံက်င္ေနေပမယ့္ လီေဟာ္ေခါင္းသာညိတ္ျပလိုက္သည္။
"လက္ေထာက္ဖူ....."
"ကြၽန္ေတာ္မ်ိဳးရွိပါတယ္ သခင္......"
" ငါဘယ္လိုလုပ္ရပါ့မလဲ......"
လက္ဖက္ရည္ခြက္ကိုျပန္ခ်ထားရင္း ေလတိုက္တိုင္းေႂကြက်သြားေသာ ပန္းႏုေရာ ခ်ယ္ရီပြင့္ဖက္တို႔ကိုၾကည့္ကာ တစ္ခ်ိန္က လဲက်ေတာ့မည့္ ခ်ယ္ရီေရာင္ပုံရိပ္ႏွင့္ ကေလးငယ္ေလးကိုျပန္ျမင္ေယာင္မိသည္။
သူ႕ကိုမေၾကာက္႐ြံ႕ဘဲ မ်က္ဝန္းခ်င္းဆုံေအာင္ၾကည့္ခဲ့သည့္ မ်က္ဝန္းနက္စိုစိုေလးေတြပိုင္ရွင္ကေလးငယ္က ေသးငယ္ေသာပန္းပြင့္ေရာင္စုံတို႔ကိုပန္ဆင္လ်က္ ပန္းရနံ႕သင္းကာ ႏူးညံ့သည္။
အထိအေတြ႕ေသးေသးေလးကအစ သူ႕ကိုတုန္လႈပ္ေစနိုင္ခဲ့သည့္ ကေလးကမိန္းကေလးေတာ့မဟုတ္ခဲ့.....
"သခင္ ေတြေဝေနၿပီလား....."
" ငါမေတြေဝပါဘူး......ေလာဘတက္မိ႐ုံပါ.....
ငါတို႔ရဲ႕ရည္မွန္းခ်က္ကေတာ့ ယိမ္းယိုင္မွာမဟုတ္ဘူး......."
လီေဟာ္ မိမိလည္ပင္းတြင္ဆြဲထားသည့္ အနီေရာင္ေက်ာက္စိမ္းလက္စြပ္ေလးကို ပြတ္သပ္ကာၿပဳံးသည္။
ငါ့ရဲ႕ အႏၱရာယ္ကင္းေစတဲ့အေဆာင္ေလး....
" ငါတို႔ပန္းတိုင္ကိုေရာက္ၿပီးရင္......
ငါအလိုရွိတာကို ပိုင္ဆိုင္ရမွာပဲေလ......"
"မွန္ပါတယ္ သခင္......"
ရည္႐ြယ္ခ်က္ေတြမွားယြင္းေနေပမယ့္ လုပ္ေဆာင္ခ်က္ေတြကမွန္ကန္ခဲ့တယ္.....
◽◾◽◾◽◾◽◾◽◾◽◾◽◾
" ေက်ာက္စိမ္းတံဆိပ္ျပား လဲလွယ္ပါ!!!"
ယုဖုန္းသူ႕နာမည္ကိုထြင္းထုထားေသာ အနီေရာင္ေက်ာက္စိမ္းတံဆိပ္ျပားကို လင္းရွလက္ထဲေပးကာ လင္းရွနာမည္ပါေသာ ေက်ာက္စိမ္းျဖဴကိုလက္ခံယူလိုက္သည္။
ကတိျပဳျခင္း ေက်ာက္စိမ္းျပားလဲလွယ္ၿပီးေနာက္ တစ္ေယာက္ကိုတစ္ေယာက္အရိုအေသေပးကာ အခမ္းအနားၿပီးဆုံးသြားခဲ့သည္။
ခမည္းေတာ္ မယ္ေတာ္ေတြ မုအိမ္ေတာ္ကေနျပန္ထြက္သြားသည္ႏွင့္ ယုဖုန္း ေတာ္ဝင္မင္းသားဝတ္႐ုံႀကီးကိုခြၽတ္လဲကာ လင္းရွကို ပတ္ေရွာင္ၿပီး ရိရိအနားမွာေနသည္။
ယုဖုန္း သေဘာက်သည့္ ခ်ယ္ရီပင္ေတြကို မုအိမ္ေတာ္ထဲပတ္စိုက္လိုက္ စစ္သူႀကီးအိမ္ေတာ္ ေနရာလြတ္ေတြမွာ သြားစိုက္လိုက္ႏွင့္ အလုပ္မရွိအလုပ္ရွာကာ လင္းရွကိုေရွာင္ေပမယ့္ ဇြဲေကာင္းလြန္းသည့္ သူမလက္ထဲ ယုဖုန္းေျပးေပါက္ပိတ္ၿပီး ၿမိဳ႕ေတာ္ေဈးထဲသူမႏွင့္အတူလိုက္သြားေပးရသည္။
သူ႕လက္ေမာင္းကိုခ်ိတ္ဆြဲလို႔ ေပ်ာ္ေနရွာသည့္ မိန္းကေလးကို အားနာစိတ္ဝင္မိတာမို႔ ယုဖုန္း သူမအေပၚေကာင္းမြန္စြာ ျပဳမူေပးသည္။
"ယုအာ.......
ဒီဆံထိုးေလးဘယ္လိုေနလဲ......
ငါနဲ႕လိုက္လား...... "
အနီေရာင္ဆံထိုးကိုပန္ဆင္လ်က္ေမးလာသည့္သူမက ေစ့စပ္ၿပီးေနာက္ ယုဖုန္းကေန ယုအာ ဟုသာေခၚေတာ့သည္။
"ယုအာ.......
ငါနဲ႕လိုက္လားလို႔......"
"အင္း......."
"အေဒၚ ဒါေလးယူမယ္ေနာ္......."
ဆိုင္ရွင္အေဒၚႀကီးကလည္း ေဈးႀကီးသည့္ပစၥည္းေရာင္းထြက္သြားလို႔ တၿပဳံးၿပဳံးႏွင့္ ေသခ်ာထုတ္ပိုးေပးသည္။
" ငါနင္နဲ႕ဆင္တူျဖစ္ခ်င္လို႔ အဲ့ဆံထိုးအနီေလးဝယ္လိုက္တာ......"
"အင္း......."
ယုဖုန္းဟိုၾကည့္သည္ၾကည့္လုပ္ရင္း လမ္းတစ္ဖက္ဆိုင္ေထာင့္တစ္ေနရာမွ လက္စြပ္ႏွစ္ကြင္းကိုေတြ႕ကာ သေဘာက်မိသြားသည္။
အထည္စေတြၾကည့္ေနသည့္ လင္းရွကို ဘင္းဝမ္တို႔ႏွင့္ထားခဲ့ကာ ယုဖုန္းထိုလက္စြပ္ႏွစ္ကြင္းရွိရာဆိုင္သို႔ေရာက္သြားခဲ့သည္။
"ဆိုင္ရွင္ ဒီလက္စြပ္ႏွစ္ကြင္းကို ကြၽန္ေတာ္ယူမယ္....."
စိမ္းျပာေရာင္လက္စြပ္ႏွစ္ကြင္းကအ႐ြယ္အစားသိပ္မကြာဘဲ တစ္စုံတစ္ေယာက္ရဲ႕ မ်က္ဝန္းအေရာင္ေတြႏွင့္ထပ္တူက်ေနသည္။
"ဒီကသခင္ေလးက ေသခ်ာေ႐ြးတတ္တာပဲ...
ဒီလက္စြပ္ႏွစ္ကြင္းက အေနာက္နိုင္ငံကလာတာ.....
တာကြိုက္စ္ေက်ာက္နဲ႕လုပ္ထားၿပီး ဝတ္ဆင္သူကို ေနနတ္ဘုရားရဲ႕ မိခင္က ေစာင့္ေရွာက္ေပးတယ္တဲ့......
သခင္ေလးနဲ႕ သခင္ေလးရဲ႕ဖူးစာဖက္ကိုလည္း ေစာင့္ေရွာက္ေပးပါလိမ့္မယ္....."
ထုပ္ပိုးေပးရင္းေျပာသည့္ ဆိုင္ရွင္ရဲ႕စကားေတြက လုပ္ႀကံေျပာတာဆိုရင္ေတာင္ ယုဖုန္းကိုစိတ္ေက်နပ္ေစခဲ့သည္။
"အဲ့ဒါမင္းသား ယုဖုန္းလား....."
"ဟုတ္ပါတယ္ သခင္မ"
ပယင္းေရာင္ႏွင့္ အျပာေရာင္ မ်က္ဝန္းတစ္စုံႏွင့္မိန္းကေလးက ၿပဳံးေနသည့္ ယုဖုန္းကိုစိုက္ၾကည့္ကာ မ်က္ေမွာင္က်ဳံ႕သည္။
"သူက ဘာအစြမ္းမွမရွိတာေသခ်ာလား....."
" ေသခ်ာပါတယ္သခင္မေလး...."
"ငါသူ႕ကိုအမိန့္ေပးမရဘူး......
တစ္ခုခုက ပိတ္ဆို႔ထားတယ္......"
ယုဖုန္း လက္စြပ္ဝယ္ၿပီး လင္းရွႏွင့္အတူျပန္မည္လုပ္ေတာ့ သူ႕တို႔ေရွ႕ကို မိန္းကေလးတစ္ေယာက္ႏွင့္ လူတစ္စုကပိတ္ဆို႔လာသည္။
ဓားကိုဆြဲထုတ္လိုက္သည့္ ဘင္းဝမ္တို႔ ကိုယ္ရံေတာ္ေတြက ကာကြယ္ရန္ တိုက္ခိုက္ဖို႔ အဆင္သင့္.......
ယုဖုန္း သူ႕ေရွ႕မွမိန္းကေလးရဲ႕ မ်က္ဝန္းအေရာင္ေတြကိုျမင္တာနဲ႕ ဘယ္သူမွန္းသိလိုက္သည္။
ဒူးေထာက္စမ္း!!
လီဟြာ သူမေရွ႕မွ လူငယ္ေလးကိုစိုက္ၾကည့္ကာ အမိန့္ေပးလိုက္ေပမယ့္ တုံ႕ျပန္မႈမရွိဘဲ ပကတိတည္ၿငိမ္စြာ သူမကိုျပန္စိုက္ၾကည့္ေနသည္။
ဒူးေထာက္စမ္း!
လူငယ္ေလးနံေဘးမွ မိန္းကေလးကိုၾကည့္ကာစိတ္ထဲမွအမိန့္ေပးလိုက္ေတာ့ သူမက ခ်က္ခ်င္းဒူးေထာက္က်သြားသည္။
"ဘာျဖစ္တာလဲ......
ယုအာ.....လုပ္ပါဦး ငါထလို႔မရဘူး"
ထိတ္လန့္ေနသည့္ မိန္းကေလးကို မင္းသားယုဖုန္းဆိုသည့္ ထိုလူငယ္ေလးက ပုခုံးေတြမွကိုင္ကာ ထေစလိုက္ေတာ့ သူမဒူးေထာက္ရာမွ ထလို႔ရသြားရာ လီဟြာ ပိုလန့္လာသည္။
ဒူးေထာက္စမ္း!!!
သူမေရွ႕မွ ႏွစ္ဦးစလုံးက တည္ၿငိမ္စြာရပ္ေနၾကဆဲ.....
ဒူးေထာက္ၾကစမ္း!!!!!
လူငယ္ေလးရဲ႕လက္ေမာင္းကို ခ်ိတ္ထားသည့္ မိန္းကေလးကလည္းဘာသက္ေရာက္မႈမွမရွိေတာ့ေလေတာ့ လီဟြာ ေဒါသထြက္ကာ မ်က္ႏွာတစ္ျပင္လုံးရဲတက္လာသည္။
သူကငါ့အစြမ္းကိုလြန္ဆန္နိုင္တယ္.....
"ဒီကသခင္ေလးတို႔ကိုေတာင္းပန္ပါတယ္.....
ကြၽန္ေတာ္တို႔သခင္မေလးက သခင္ေလးတို႔သြားမယ့္လမ္းကိုတမင္ပိတ္ပင္တာမဟုတ္ပါဘူး......"
ေနာက္လိုက္တစ္ေယာက္က ေတာင္းပန္စကားဆိုၿပီးေနာက္ လမ္းဖယ္ေပးၾကေပမယ့္ ထိုမိန္းကေလးကေတာ့ ရပ္ေနဆဲမို႔ ယုဖုန္းတို႔ကလည္းမသြား။
"သခင္မေလး...."
အေစခံမိန္းကေလးက ဆြဲဖို႔လုပ္ေတာ့ ထိုမိန္းကေလးက အထိမခံဘဲ ယုဖုန္းကို မေက်မနပ္တစ္ခ်က္ၾကည့္ကာ ဖယ္ေပးသည္။
"ယုအာ.......
အဲ့တစ္ေယာက္ကိုသိလို႔လား....."
အျပန္လမ္းမွာ လင္းရွကသူ႕ကိုေမးလာေတာ့ ယုဖုန္းေခါင္းညိတ္ကာ ရိုးသားစြာျပန္ေျဖခဲ့သည္။
"အဲ့တာ ငါ့ဆရာရဲ႕ညီမ.....
လီဟြာ......
သူမက ဝူကုန္သည္အဖြဲ႕သခင္ေလးရဲ႕ ဇနီး...."
"သူမက နင့္ကိုၾကည့္တာ ရန္သူေတြလိုပဲ.....
နင္ကေတာ္ဝင္မင္းသားမွန္းသိလို႔ကေတာ့.... ဟ..ဟ"
သူမဘာသာေတြးၿပီး သေဘာတက်ရယ္ေနသည့္ လင္းရွေခါင္းကို ယုဖုန္းအသာပုတ္ၿပီး လိုက္ရယ္သည္။
" သူသိတယ္....."
"ဟမ္....."
" ငါက ယုဖုန္းမွန္းသူသိတယ္......"
"ဘုရားေရ.....
ဘယ္လိုေတာင္အေၾကာက္အလန့္မရွိတဲ့ မိန္းကေလးလည္း......."
ေရွာင္းဟိုင္ကို ဓားျမႇောင္နဲ႕ေပါက္ၿပီး ထိခိုက္ေအာင္လုပ္ခဲ့သည့္ ထိုမိန္းကေလးက အေၾကာက္အလန့္မရွိ႐ုံမဟုတ္ဘဲ စာနာသနားစိတ္လည္းရွိဟန္မတူေပ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
"ရိရိ....လာယုအာနဲ႕ခဏလိုက္ခဲ့......"
လူရွင္းသည့္ ေရကန္အနားသို႔ ထ်န္းရိကို ယုဖုန္းေခၚလာခဲ့ၿပီး ဝတ္႐ုံအတြင္းမွ ကြၽန္းဘူးေလးကို ထုတ္ေပးလိုက္သည္။
"ဘာလဲ...."
"ဖြင့္ၾကည့္ေလ......"
ထ်န္းရိ မ်က္ခုံးတစ္ခ်က္ပင့္ကာ ဖြင့္ၾကည့္လိုက္ေတာ့ ပိုးႀကိဳးအနက္ေရာင္ႏွင့္တြဲထားသည့္ စိမ္းျပာေရာင္လက္စြပ္တစ္ကြင္းကိုေတြ႕ရသည္။
"ရိရိအတြက္....."
"....."
"ေခါင္းနည္းနည္းငုံ႕ေပးေလ....
ယုအာဝတ္ေပးမယ္....."
ထ်န္းရိခါးကိုင္းေပးလိုက္ေတာ့ ယုဖုန္းကပိုးႀကိဳးေလးကို ေသခ်ာဝတ္ေပးသည္။
"တန့္ ဒန္!!"
ယုဖုန္းသူ႕ဝတ္႐ုံထဲမွ လက္စြပ္တပ္ထားသည့္ပိုးႀကိဳးေလးကို ထ်န္းရိျမင္ေအာင္ျပလိုက္သည္။
"ရိရိ နဲ႕ ယုအာ......
ဆင္တူဝတ္ၾကမယ္......"
ဘာစကားမွမဆိုဘဲ သူ႕ကိုေငးေနသည့္ထ်န္းရိကို ယုဖုန္းၿပဳံးျပသည္။
"ဒီလက္စြပ္က ရိရိနဲ႕ ယုအာရဲ႕ကတိသက္ေသပစၥည္းပဲ....."
"ယုအာ.....
လက္စြပ္ဆင္တူက ဘာအဓိပ္ပါယ်ကိုရည်ညွှန်းမှန်းရောသိရဲ့လား..."
ထ်န္းရိရဲ႕ အေမးေၾကာင့္ ယုဖုန္းႏႈတ္ခမ္းကိုဖိကိုက္လိုက္မိသည္။
"ယုအာသိတယ္....."
"ယုအာ.....ကိုယ္က..."
"ယုအာ ကေလးမဟုတ္ေတာ့ဘူး!"
ထ်န္းရိစကားကို ယုဖုန္းၾကားျဖတ္ေျပာကာ ထ်န္းရိ မ်က္ဝန္းေတြကိုေသခ်ာစိုက္ၾကည့္လာသည္။
"ရိရိက ယုအာအပိုင္...
ယုအာကလည္း ရိရိအပိုင္ပဲ....."
"....."
"ယုအာရဲ႕တံဆိပ္ျပားက လင္းရွကိုေပးလိုက္ရၿပီမို႔ ကတိျပဳစရာက ဒီလက္စြပ္ေတြပဲရွိေတာ့တယ္.....
ရိရိကယုအာနဲ႕ကတိမျပဳခ်င္ဘူးလားဟင္..."
"ယုအာတကယ္ပဲ ကိုယ္နဲ႕ကတိျပဳခ်င္တာလား..."
ယုဖုန္းေခါင္းညိတ္လိုက္သည္။
"..တကယ္.."
"ဒါဆို ဘာလို႔ လင္းရွကို ၾကင္ယာေတာ္ေလာင္းအျဖစ္ေ႐ြးခဲ့တာလဲ...."
"ရိရိကို ဘယ္သူ႕ကိုမွမေပးခ်င္လို႔.....
ရိရိကို ယုအာအစ္မေတာ္နဲ႕မွမဟုတ္ဘူး ဘယ္သူနဲ႕မွလက္မထပ္ေစခ်င္ဘူး.....
လင္းရွကို အသုံးခ်လိဳက္ရလို႔ ယုအာေတာင္းပန္ပါတယ္.....
တျခားနည္းလမ္းမရွိေတာ့လို႔ပါ....."
ေျပာရင္းႏွင့္ ယုဖုန္းငိုမိေတာ့သည္။
ယုအာမ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႕ ကိုင္ကာ ေခါင္းေမာ့ေစၿပီး နဖူးျပင္ေလးထက္ကိုနမ္းလိုက္သည္။
"ကိုယ့္ကို အမွန္အတိုင္းဝန္ခံေပးလို႔ ေက်းဇူးတင္တယ္ေနာ္ ယုအာ....
ကိုယ္ကတိေပးတယ္ ကိုယ္ကမင္းအပိုင္ပဲ...."
"ကတိေနာ္..."
"အင္း.....ကတိ"
ေက်နပ္စြာၿပဳံးသည့္ကေလးငယ္ရဲ႕ ခပ္ရဲရဲပါးျပင္ေလးေတြကို ျမတ္နိုးစြာ ထ်န္းရိနမ္းခဲ့သည္။
တရားဝင္ပိုင္ဆိုင္သူျဖစ္ခ်င္ေပမယ့္ ကေလးငယ္ရဲ႕ ႏွလုံးသားတစ္ခုလုံးက သူတစ္ေယာက္တည္းရဲ႕အပိုင္ဆိုတာနဲ႕တင္ သူေက်နပ္စြာ သည္းခံနိုင္ပါ့မလား။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
(AN: တာကြိုက္စ္ေတြက Egypt ကထြက္တဲ့ေက်ာက္ေတြပါ သူတို႔အယူအဆအရ ေနနတ္ဘုရားရဲ႕မိခင္က တာကြိုက္စ္ေတြကိုပိုင္ဆိုင္ပါတယ္တဲ့....
စိမ္းျပာ ေရာင္ကေန မိုးျပာေရာင္အထိ အျပာေရာင္ကိုစုံေနေအာင္ရွိၾကပါတယ္
သူတို႔ကအလင္းပိတ္ေက်ာက္ေတြျဖစ္ၿပီး မာေက်ာတဲ့ေက်ာက္အမ်ိဳးအစားပါပဲတဲ့
ကိုယ္ရွာေတြ႕ထားတဲ့ပုံေတြထဲမွာေတာ့ အရမ္းလွတယ္)
************************************
Bạn đang đọc truyện trên: Truyen247.Pro