Part-11 ( little Blackie)
Unicode
"အစ်မတော် ၈ ရဲ့ကြင်ယာတော်.....
ရိရိက အစ်မတော် ၈ ရဲ့ကြင်ယာတော်......
မဖြစ်စေရဘူး.......
ငါရအောင်ကိုတားမှာ.... "
ယုဖုန်း အောက်ခြေအထိထိုးကျသွားသော ယုံကြည်မှုတို့ကိုဖြေသိမ့်ရန် တိတ်ဆိတ်သည့် တောထဲမှရေတံခွန်ထံရောက်လာခဲ့သည်။
ဓားကိုနံဘေးမှာချပြီး ကျောက်ဖျာထက်မှာ ပက်လက်လှန်လှဲကာ ဝါးပင်တွေကြားမှလေတိုးဝှေ့သံကိုနားဆင်ရင်း တော်ဝင်တေးရဲ့သံစဥ်ကို တိုးတိုးလေးညည်းနေသည်။
"ဝေါင်း!"
သိပ်မကျယ်သည့် ဟိန်းဟောက်သံက ကျားသံမို့ လက်ကဓားကိုအမြန်ကိုင်ဆွဲကာ ပတ်ဝန်းကျင်သို့အကဲခတ်ရသည်။
"ကြောက်တယ်! အီးဟီး!"
ထပ်ထွက်လာသည့်အသံက ကလေးငယ်တစ်ယောက်ရဲ့ ငိုသံမို့ ကျားကကလေးကို အန္တရယ်ပြုနေသည်ထင်၍ အသံလာရာဖက်သို့ ယုဖုန်းပြေးသွားတော့သည်။
လမ်းတလျှောက်ပိုကျယ်လာသည့်အသံကြောင့် နီးလာပြီထင်လိုက်ပေမယ့် ရုတ်တရက်အသံကလုံးဝတိတ်ကျသွားသည်။
ယုဖုန်းဟိုကြည့်သည်ကြည့်နှင့် ရပ်နေခဲ့ပြီး ဘာမှမထူးခြားသည်မို့ ရေတံခွန်ပြန်မည်အပြု နဖူးထက်သို့ ပူနွေးသည့်အထိအတွေ့လေးကိုခံစားလိုက်ရသည်။
ယုဖုန်းနဖူးကိုလက်နှင့် သပ်ချကာကြည့်လိုက်တော့ သူထင်သလိုရေမဟုတ်ဘဲ နီရဲပြီးညှိစို့စို့အနံ့ရှိသည့် လတ်လတ်ဆတ်ဆတ်သွေးတစ်စက်.....
အလန့်တကြားအပေါ်သို့မော့ကြည့်လိုက်တော့ တွဲလောင်းကျနေသည့် ပိုက်ကွန်ထောင်ချောက်ထဲမှာ အကောင်တစ်ကောင်ရှိနေသည်။
နောက်တစ်ပေါက်ကျလာပြန်သည့်သွေးစက်ကတော့ ဒီတစ်ခါသူ့ဖိနပ်ပေါ်သာရောက်သည်။
"ဝေါင်း!!"
ဟိန်းထွက်နေသည့်ကျားသံက ထိုပေါက်ကွန်ထဲမှ အကောင်သေးသေးလေးဆီမှထွက်လာခြင်းဖြစ်သည်။
"လွှတ်ပေးပါ! ကြောက်တယ်....."
ထပ်ထွက်လာပြန်သည့် ကလေးတစ်ယောက်ရဲ့နာကျင်စွာငိုသံကလည်း ထိုပိုက်ကွန်ဆီမှပင်။
ယုဖုန်းရှည်ရှည်ဝေးဝေးစဥ်းစားမနေတော့ဘဲ အပင်ပေါ်တက်ကာ ပိုက်ကွန်ကြိုးကိုဖြတ်ချပြစ်လိုက်သည်။
အပင်ကမြင့်သည်မို့ နည်းနည်းတော့အကျနာမည်ထင်။
ယုဖုန်း ပိုက်ကွန်ထဲမှ အနက်ရောင်အကောင်လေးအနားတိုးကပ်သွားကာ ပိုက်ကွန်ကိုဓားနှင့် ဖြဲလိုက်တော့ သွေးတွေနှင့်တအီအီအော်နေသော အကောင်လေးကိုတွေ့ရသည်။
အနက်ရောင်ပေါ်မှာ အဖြူရောင်အစင်းတွေနှင့် ထိုအကောင်လေးက ကျားပေါက်စတစ်ကောင်ဖြစ်မည်။
နံကြားထဲသို့စိုက်ဝင်နေသော ဓားမြှောင်ကိုယုဖုန်းဆွဲထုတ်ပေးမည်အလုပ် ထိုကျားပေါက်လေးကမာန်ဖီသည်။
"မကြောက်ပါနဲ့.....
ငါမင်းကို နာအောင်မလုပ်ပါဘူး....."
ခေါင်းလေးကိုအသာပွတ်ပေးတော့ အစကကြောက်နေပေမယ့် တဖြည်းဖြည်းငြိမ်သွားရာ ဓားမြှောင်ကိုယုဖုန်းတစ်ချက်ထဲဆွဲထုတ်ပစ်လိုက်သည်။
သွေးတွေပိုစီးကျလာပြီး နာကျင်စွာအော်သည့် ကျားပေါက်လေးကို ယုဖုန်း ဝတ်ရုံအပေါ်လွှာကိုချွတ်ပြီး ဒဏ်ရာတစ်ခုလုံးလုံအောင်စီးနှောင်ပေးကာ အသာပွေ့ချီလိုက်သည်။
"ခဏလေးသည်းခံနော်.....
ငါမင်းကို သမားတော်တွေဆီခေါ်သွားပြီးကုပေးမယ်......"
လူစည်ကားတဲ့လမ်းတွေကိုဖြတ်ပြီး ကျားငယ်တစ်ကောင်နှင့် ဖုန်းဟွာဓားကိုပွေ့လျက် နန်းတော်သို့ ယုဖုန်းသုတ်ခြေတင်ပြေးသည်။
၁၂ နှစ်လူငယ်တစ်ယောက် သွေးသံရဲရဲနှင့် တိရစ္ဆာန် တစ်ကောင်ကိုပွေ့ပြေးသွားသည့်မြင်ကွင်းကြောင့် လူတော်တော်များများလည်း ထိတ်လန့်သွားကြရသည်။
"မင်းသား"
"သမားတော်ကြီး မြန်မြန်.....
သူ့ကိုကုပေးပါ....
မြန်မြန်!!"
"မင်းသား.....
အကောင်လေးကို ကျွန်တော်မျိုးလက်ထဲပေးပါ......"
သမားတော်ကြီးလက်ထဲပါသွားသည့် ထိုအကောင်လေးက စိုလဲ့လဲ့မျက်ဝန်းပယင်းရောင်တွေနှင့် ယုဖုန်းကိုကြည့်သွားခဲ့သည်။
အချိန်အတော်ကြာမှ သွေးစိုနေသည့်သူ့ဝတ်ရုံအစား သန့်ရှင်းနေသည့် အဖြူရောင်ပိုးစနှင့် ပိုက်ထွေးထားသည့် ထိုအကောင်လေးကိုသမားတော်ကြီးက သူ့လက်ထဲပြန်ပေးသည်။
"သူ့ဒဏ်ရာတွေကိုကျွန်တော်မျိုးတို့သေချာဆေးစည်းပေးထားပါတယ်......
နေ့တိုင်း သေချာဆေးစည်းပြီး ပိတ်စတွေကိုလဲပေးရပါမယ်....
အချိန်နှစ်လကျော်လောက်ဆို သူလုံးဝပြန်ကောင်းပါလိမ့်မယ်......"
" ကျေးဇူးတင်ပါတယ်....."
ထွေးပွေ့ထားသော သူ့လက်ထဲမှာအိပ်ပျော်နေရှာသည့် ကျားပေါက်လေးကိုကြည့်ပြီးမှ ယုဖုန်းသက်ပြင်းချနိုင်တော့သည်။
"ကျွန်တော်မျိုးတစ်ခုလောက်ပြောဖို့ ခွင့်ပြုပါမင်းသား"
"ပြောပါ....."
" ဒီကျားကို ဖြစ်နိုင်ရင် မင်းသားအနားမှာမထားစေချင်ပါဘူး......
ကျားတွေရဲ့ပုံမှန်အရောင်နဲ့သူကလုံးဝကိုမတူပါဘူး.....
နှင်းကျားဆိုရင်တောင် အဖြူပေါ်မှာ အနက်စင်းတွေနဲ့ဖြစ်ရမှာပါ.....
ဒီကျားကတော့ လုံးဝဆန့်ကျင်ဖက်မို့ အန္တရာယ်ကြီးလွန်းပါတယ်....."
"သာမာန်နဲ့ကွဲပြားလို့ စွန့်ပစ်ရမယ်ဆိုရင်.....
ကိုယ်တော်ကလည်း အစွန့်ပစ်ခံရသင့်တယ်ပေါ့......
ဟုတ်လား သမားတော်ကြီး....."
"မဟုတ်...မဟုတ်ရပါဘူး မင်းသား......
ကျွန်တော်မျိုး ဆိုလိုချင်တာ အဲ့အဓိပ္ပါယ်မဟုတ်ပါဘူး....."
"ထားလိုက်တော့.....
ကိုယ်တော့်နန်းဆောင်ကို နေ့တိုင်းလာပြီး ရှောင်းဟိုင်ကို ဆေးစည်းပေးပါ"
" ရှောင်းဟိုင်?"
"အင်း....
ဒီကလေးကို ကိုယ်တော် ဒီနေ့ကစပြီး ရှောင်းဟိုင် လို့ခေါ်မယ်"
"အမိန့်ကိုနာခံပါ့မယ့် အရှင့်သား....."
သူအပြေးပြန်လာသည့် သတင်းကြောင့် ဘင်းဝမ်တို့အဖွဲ့က သမားတော်ဆောင်အပြင်ဘက်မှာ သူ့ကိုစောင့်နေကြရာ သူ့လက်ထဲမှ ရှောင်းဟိုင်ကိုမြင်တော့ စပ်စုကြတော့သည်။
"မဆူကြနဲ့!
သူပင်ပန်းနေတာ.....
အိပ်ပါစေ....."
အသံတွေတိတ်သွားပေမယ့် တစ်ယောက်နဲ့တစ်ယောက်တွန်းထိုးပြီး ရှောင်းဟိုင်ကိုလိုက်ကြည့်နေကြဆဲ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
ပူလောင်နေသည့်အတွေးတွေနဲ့ ယုဖုန်းတစ်ညလုံးအိပ်မပျော်ခဲ့တာမို့ မနက်စောစောထပြီး တော်ဝင်မင်းသားဝတ်ရုံအနီရောင်ကိုဆင်မြန်းကာ ညီလာခံသွားဖို့ပြင်ဆင်သည်။
"မင်းသားလေးက ဒီနေ့ထူးထူးဆန်းဆန်းပါလား......
ညီလာခံတက်မယ်တဲ့....."
အထိန်းတော်တွေတစ်ယောက်နှင့်တစ်ယောက်စကားဆိုနေသည့်အသံတိုးတိုးလေးကို ယုဖုန်းနားကပြတ်သားစွာကြားနေရသည်။
မနေ့က သမားတော်ဆောင်မှာကတည်းက အိပ်ပျော်နေသည့် ရှောင်းဟိုင်လေးကလဲ အခုထိမနိုးလာသေး။
ပျင်းစရာကောင်းလို့ အမြဲရှောင်ပြေးပြီး မတက်ရောက်ခဲ့သည့် ညီလာခံသို့ ရွှေရောင်မီးငှက်ကိုအသက်ဝင်စွာ ရွှေချည်ထိုးထားသည့် အနီရောင်ဝတ်ရုံနှင့် မင်းသားယုဖုန်းလှမ်းဝင်လာတော့ အမတ်တွေကလည်း ကြွတ်ကြွတ်ညံကုန်သည်။
ရာဇပုလ္လင် ဘယ်ဘက်မှ ရွှေရောင်ခုံက သူမွေးဖွားကတည်းက ညီလာခံမှာသူ့အတွက်ထားထားပြီး ယနေ့မှ ယုဖုန်းပထမဆုံးအကြိမ်ထိုင်ဖူးခြင်းဖြစ်သည်။
သူ့စိတ်ကိုဆန်းစစ်နေသည့် ဆရာဖြစ်သူလီဟော်နှင့် မျက်လုံးချင်းဆုံတော့ ယုဖုန်းတည်ငြိမ်စွာပြုံးပြလိုက်ပေမယ့် သူစိတ်အစုံဟာတုန်လှုပ်နေခဲ့သည်။
ဆရာသာ သူ့ဘက်ကရပ်တည်မပေးခဲ့ရင် သူသေချာပေါက်ရိရိက အစ်မတော် ၈ အပိုင်ဖြစ်သွားမှာကိုတားဆီးနိုင်မည်မထင်။
ညီလာခံကိုလက်နက်ယူခွင့်မရှိသည်မို့ သူ့ညာလက်ကဖုန်းဟွာမရှိဘဲ လစ်ဟာနေရာ လက်နှစ်ဖက်ကိုသာအချင်းချင်းဆုပ်ကိုင်ထားမိတော့သည်။
"အရှင်မင်းကြီး ကြွရောက်လာပါပြီ!!!"
"အိမ်ရှေ့စံ ကြွရောက်လာပါပြီ!!!"
"မင်းသမီး ၈ ကြွရောက်လာပါပြီ!!!"
ရှေ့နောက်ဆင့်ဝင်လာကြသည့် ခမည်းတော်တို့ကိုယုဖုန်းအရိုအသေပေးပြီး မိမိ ရာထူးနေရာမှာသာပြန်ထိုင်နေလိုက်သည်။
"ကိုယ်တော်တို့ ယုအာက ဒီနေ့ထူးထူးဆန်းဆန်းပါလား....."
ခမည်းတော်ရဲ့စနောက်မှုကို ယုဖုန်းခေါင်းတစ်ချက်ငုံ့ပြီးသာ တုံ့ပြန်လိုက်သည်။
"ဆော့ရင်း လမ်းမှားလာတာလား....."
အစ်မတော် ၈ ရဲ့စနောက်မှုကတော့ ယုဖုန်းရဲ့အေးစက်သည့်အကြည့်နောက်မှာတင်ရပ်တန့်သွားခဲ့သည်။
တင်ပြဆွေးနွေးနေကြသည့် တိုင်းပြည်အရေးကိစ္စတွေကို ယုဖုန်းစိတ်မဝင်စား၍ တိတ်တဆိတ်သာနေပြီး အချိန်အခါကိုစောင့်ဆိုင်းနေခဲ့သည်။
"ကဲ......
ကိုယ်တော်တို့ မင်္ဂလာကိစ္စကိုစကြတော့မလား......"
ခမည်းတော်ရဲ့စကားကိုအဆက်မခံဘဲ ယုဖုန်းရှေ့ထွက်လိုက်သည်။
"ခမည်းတော်ကို သားတော်တောင်းဆိုစရာရှိပါတယ်!"
"ဟမ်.....
ယုအာက ဒီနေ့တကယ်ကိုထူးထူးဆန်းဆန်းတွေပြုမူနေတာပဲ.....
ပြောပါဦး.....
ကိုယ်တော်တို့ယုအာက ဘာများတောင်းဆိုချင်တာလဲ......"
"သားတော် စေ့စမ်းကြောင်းလမ်းမှုလုပ်ချင်တဲ့ မိန်းကလေးရှိနေပါပြီ!"
"ဟေ!.....
ဘယ်သခင်မလေးကများ ကိုယ်တော်တို့ယုအာကို ယောက်ျားတစ်ယောက်လိုရင့်ကျက်သွားစေရတာလဲ..."
"ခမည်းတော် ခွင့်ပြုပေးပါ....
သားတော် သူမကို အမှန်တကယ်အလိုရှိပါတယ်....."
သူတို့နိုင်ငံဥပဒေအရ အသက်ဆယ့်ခြောက်နှစ်ဆို တရားဝင်လက်ထပ်ထိမ်းမြားနိုင်ပေမယ့် ဆယ်သုံးနှစ် ယုဖုန်းကတော့ စေ့စပ်ကြောင်းလမ်းမှုသာ လုပ်နိုင်သေးသည်။
" ခမည်းတော်က သေချာပေါက်ခွင့်ပြုတာပေါ့.....
ဘယ်အိမ်တော်သခင်မလေးလဲ....."
" မုအိမ်တော်က သခင်မလေး မုလင်းရှ"
တိတ်ဆိတ်သွားသည့် ညီလာခံမှာ အမတ်ကြီးမုရဲ့ မျက်နှာဟာပျက်ယွင်းနေသလို အစ်မတော် ၈ ကလည်းခေါင်းကိုငုံ့ထားသည်။
လင်းရှသာသူ့ကြင်ယာတော်ဖြစ်လာရင် ရိရိကဘယ်တော့မှ ခမည်းတော်ရဲ့ သမက်ဖြစ်လာမည်မဟုတ်တော့။
တော်ဝင်အမိန့်တော်ကလွဲပြီး တခြားအိမ်တော်တွေရဲ့ ကမ်းလှမ်းမှုကို ရိရိကငြင်းပယ်ခွင့်ရှိသည်မို့ လင်းရှကိုသူသေချာပေါက်အသုံးပြုရတော့မည်။
"ယုအာ.....
ဘာလို့ မုအိမ်တော်သခင်မလေးလဲ"
"လင်းရှက သားတော်နဲ့ငယ်ငယ်ကတည်းက ရင်းနှီးခဲ့သူပါ ခမည်းတော်.....
သူမက သားတော်ကိုနားလည်ပြီး
သားတော်ကိုစိတ်လှုပ်ရှားစေပါတယ်....
သားတော်နဲ့အသက်အရွယ်သိပ်မကွာတဲ့ သူမကို စေ့စပ်ကြောင်းလမ်းမှုတွေရှိလာမှာစိုးရိမ်မိပါတယ်.....
သူမကိုသားတော်ရဲ့ကြင်ယာတော်လောင်းလျာအဖြစ် တရားဝင်သက်မှတ်ထားစေချင်ပါတယ်......."
တိတ်ဆိတ်သွားပြန်သည့်ညီလာခံက ယုဖုန်းကျရှုံးတော့မည်ဟုအရိပ်အယောင်ပြနေသည်ထင်။
"သခင်မလေးမုက မင်းသားယုဖုန်းရဲ့ကြင်ယာတော်ဖြစ်ဖို့အသင့်တော်ဆုံးလို့ ကျွန်တော်မျိုးလည်းထင်ပါတယ် အရှင်....."
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည့် အသံပိုင်ရှင်က သူ့ရဲ့ဆရာ လီဟော်။
"မင်းသားယုဖုန်းရဲ့ဆရာဖြစ်လာတဲ့နောက် မင်းသားယုဖုန်းနဲ့ သခင်မလေးမုရဲ့ သံယောဇဥ်ကို ကျွန်တော်မျိုးလည်းမြင်တွေ့ခဲ့ရပါတယ်.....
သူတို့နှစ်ဦးကသိပ်ကိုလိုက်ဖက်ညီပါတယ်"
လီဟော့်ရဲ့ထောက်ခံမှုနောက် အမတ်တွေတော်တော်များများကလည်း ယုဖုန်းကိုထောက်ခံလာကြသည်။
ဒီတစ်ခါတော့ ဆရာဖြစ်သူကို ယုဖုန်းတကယ်ကျေးဇူးတင်မိသည်။
"အဟမ်း!
ကိုယ်တော်လည်း လက်ခံတယ်....
ကိုယ်တော်တို့ယုအာကို ဒီလိုဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့သူက ရှားလွန်းတယ်လေ......"
မင်းကြီးရဲ့စကားအဆုံး ငြင်းဆန်ချင်သူတွေလည်းတိတ်သွားကြသည်။
"မင်းသားယုဖုန်းနဲ့ သခင်မလေးမုရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ကန့်ကွက်ချင်တဲ့သူရှိလား....."
ဘာသံမှထွက်မလာတော့သည့်အခါ အရှင်မင်းကြီးက ကျေနပ်သည့်အပြုံးနှင့် မုလင်းရှကို မင်းသားယုဖုန်းရဲ့ကြင်ယာတော်လောင်းလျာအဖြစ်သက်မှတ်ကြောင်း အမိန့်လွှာနှင့် ကြေညာမှုများပြုလုပ်စေသည်။
ကတိကဝတ်ပြုခြင်းအခမ်းအနားကိုလည်း မကြာမီကျင်းပဖို့ ရက်ရွေးတော့သည်။
ယုဖုန်း အစ်မတော် ၈ ကိုလှမ်းကြည့်လိုက်တော့ သူမမျက်နှာထက်မှာစိတ်ပျက်ခြင်း အရိပ်အယောင် တစ်စက်မရှိဘဲ သူ့ကိုတောင်နွေးထွေးစွာပြုံးပြနေသည်မို့ ယုဖုန်းအပြစ်ရှိသလိုခံစားရကာ ရှက်မိသည်။
ညီလာခံပြီးဆုံးကြောင်း ကြေညာသည်နှင့် ယုဖုန်းဝတ်ရုံစကိုမကာ ကိုယ့်နန်းဆောင်ကိုယ်အမြန်ပြန်ပြေးတော့သည်။
တော်ဝင်သမားတော်ကလည်း ရှောင်းဟိုင်ကိုဆေးလာစည်းပေးပြီးသွားပြီမို့ ထိုအကောင်လေးကို အစားကျွေးရတော့မည်။
ယုဖုန်းကလွဲပြီး တခြားသူတွေကိုအနားအကပ်မခံဘဲ မာန်ဖီကာချောက်လှန့်နေသည့် ရှောင်းဟိုင်က အသားဟင်းတွေကျွေးတာမစားလို့ အသားစိမ်းတွေယူပြီးကျွေးကြည့်ရာ ဒေါသတကြီး အကုန်ပုတ်ထုတ်သည်။
" ရှောင်းဟိုင်.....
ဘာလို့မစားတာလဲ....."
ယုဖုန်း မက်မွန်သီးတစ်လုံးကိုကိုက်ဝါးရင်းမေးတော့ သူ့လက်ထဲကတခြားမက်မွန်သီးကို ရှောင်းဟိုင်ကဆွဲချကာ အားရပါးရစားလေသည်။
"အိုး.....
ရှောင်းဟိုင်က အသီးပဲကြိုက်တာလား....."
ရှောင်းဟိုင်အတွက်အသီးတွေချကျွေးပြီးဒဏ်ရာကိုစစ်ဆေးကြည့်တော့ တော်တော်တောင်သက်သာနေလို့ ယုဖုန်းအံ့ဩရသေးသည်။
" ရှောင်းဟိုင်.....
ငါနဲ့ လိုက်မလား.....
နန်းတော်အပြင်ထွက်ပြီး သွားပုန်းရအောင်....."
သူ့လက်တွေထဲခေါင်းပြန်တိုးဝှေ့သည့် ရှောင်းဟိုင်ကသူနဲ့လိုက်ဖို့သဘောတူဟန်ရှိသည်။
သူ့မယ်တော်နှင့်အစ်မတော်တွေက လင်းရှနဲ့ပတ်သက်ပြီး သူ့ဆီရောက်လာကြတော့မည်မို့ ယုဖုန်းဝတ်ရုံကိုအမြန်လဲ ရှောင်းဟိုင်ကိုပွေ့ ဖုန်းဟွာဓားကိုတော့ ဘင်းဝမ်အားသယ်စေကာ သူ့ဆရာရဲ့ စစ်သူကြီးအိမ်တော်ဆီသွားတော့သည်။
"ဒီနေ့ ကျွန်တော်မလာဘူးလို့ မေးသမျှလူတိုင်းကိုပြောပေးနော်...."
အိမ်တော်ထိန်းကို သေချာမှာပြီးမှ သူ့ဆရာရှိသည့် ဥယျာဥ်ကိုသွားသည်။
"လာပုန်းတာလား....."
တည့်ကြီးမေးလာသည့်ဆရာ့ကိုယုဖုန်းသွားလေးသာဖြီးပြနိုင်သည်။
" ရှောင်းဟိုင် ဆရာ့ကိုနှုတ်ဆက်လိုက်"
လီဟော်က ယုဖုန်းလက်ထဲမှ ရှောင်းဟိုင် ကိုသေချာကြည့်နေသလို ရှောင်းဟိုင်ကတော့ လီဟော့်ကိုမြင်တာနဲ့ မာန်ဖီကာ ယုဖုန်းရင်ခွင်ထဲပိုတိုးဝင်သည်။
"ဘာဖြစ်လို့လဲ....."
တုန်ယင်နေရှာသည့် ရှောင်းဟိုင်ကိုယ်သေးသေးကို ညင်သာစွာထွေးပွေ့ထားရင်း ယုဖုန်းစိုးရိမ်ရသည်။
" ဒီကျားကို တောနက်ထဲမှာ ဓားမြှောင်စိုက်လျက်သားတွေ့ခဲ့တာလား......"
"ဆရာ ဘယ်လိုသိတာလဲ....."
"မနေ့က ငါ့ညီမကမြို့ပြင်မှာ ကျားတစ်ကောင်ကို လိုက်ခဲ့တယ်လို့ပြောတယ်....
ဓားထိသွားပေမယ့် ထွက်ပြေးသွားတာမမိလိုက်ဘူးတဲ့"
"ဆရာ့မှာညီမရှိတယ်လား...
ကျွန်တော်တစ်ခါမှလည်းမတွေ့ဖူးဘူး....."
"သူက သူ့ကုန်သည်ခင်ပွန်းနဲ့ ခရီးထွက်နေရတာ...
မနေ့ကမှ လုံနိုင်ငံကိုပြန်ရောက်လာတာ.....
သူရောက်ရောက်ချင်း ငါ့ကို ဒီကျားအကြောင်းပြောတယ်.....
မင်းသူ့ကိုသေချာဖွက်ထားသင့်တယ်နော်...
သူကထူးခြားပြီး တန်ဖိုးကြီးမယ့်ပုံပဲ....."
ယုဖုန်းအလျင်အမြန်ပဲ ခေါင်းညိတ်ကာ ရှောင်းဟိုင်ကိုအကြောက်ပြေစေရန် ပွတ်သပ်ပေးပေမယ့် ထပ်ပြီးလီဟော်ကိုကြည့်ကာမာန်ဖီပြန်သည်။
"သူငါ့မျက်လုံးတွေကိုကြောက်တာဖြစ်မယ်...
ငါ့ညီမက ငါနဲ့မျက်လုံးအရောင်တွေတူတယ်"
ယုဖုန်း ရှောင်းဟိုင်ကို အသာအယာပွေ့ဖက်ပေးထားရသည်။
ရုတ်တရက် စစ်သူကြီးအိမ်တော်အဝင်ပေါက်မှ ဆူညံသံများထွက်ပေါ်လာကာ ဘင်းဝမ်တို့လည်းအမြန်အနားရောက်လာပြီး ယုဖုန်းမြင်ကွင်းထဲသို့ တစ်စုံတစ်ယောက်ရောက်ရှိလာသည်။
"ရိရိ....."
စိမ်းပြာရောင်မျက်ဝန်းတွေက စူးရဲတောက်ပနေပြီး ယုဖုန်းကိုဒေါသတကြီးစိုက်ကြည့်ကာ တစ်လှမ်းချင်းလှမ်းလာနေသည်။
ယုဖုန်း လက်ထဲမှရှောင်းဟိုင်ကို အောက်ချလိုက်ပြီး အလန့်တကြားထရပ်သည်။
သူ့ရှေ့မှာ ဘင်းဝမ်တို့က အသင့်အနေအထားနဲ့ရှိနေပြီး နံဘေးမှာတော့ ဆရာရှိသည်။
"လုံယုဖုန်း!!"
အန္တရာယ်အငွေ့အသက်အပြည့်နှင့် ထျန်းရိက ယုဖုန်းနာမည်အပြည့်အစုံကို ခေါ်ခြင်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
"ဝမ်ဝမ်.......
ဖယ်......ယုအာ ရိရိနဲ့စကားပြောမယ်....."
သူ့ကိုယ်ရံတော်တွေကိုမထိခိုက်စေချင်တာမို့ ယုဖုန်း အားတင်းကာ ရှေ့ထွက်သည်။
"မင်းငါနဲ့လိုက်ခဲ့!"
ယုဖုန်းလက်ကို ထျန်းရိက လာဆွဲတော့ ခပ်လှမ်းလှမ်းမှာ အကဲခတ်နေသည့် ရှောင်းဟိုင်က အန္တရာယ်အငွေ့အသက်ကြောင့် ထျန်းရိဆီ ပြေးဝင်လာသည်။
" ရှောင်းဟိုင်!!"
အဖြစ်အပျက်တွေက လျင်မြန်စွာပဲ ရှောင်းဟိုင်ဆီဦးတည်သော ထျန်းရိရဲ့ ရေခဲပြစ်ချက်ကို ယုဖုန်းကာဆီးလိုက်ရသည်။
အေးစိမ့်မှုကိုအရိုးထဲကနေတောင်ခံစားရပြီး ယုဖုန်းတစ်ကိုယ်လုံးတောင့်တင်းကာလဲကျသွားခဲ့သည်။
သူ့အသိစိတ်မပျောက်ဆုံးခင်မှာ ရှောင်းဟိုင်ရဲ့ဟိန်းဟောက်သံကိုကြားလိုက်ရပြီး လီဟော်ရဲ့ နွေးထွေးသောထွေးပွေ့မှုကိုခံစားရကာ တုန်ယင်နေသောလက်အစုံနှင့် သူ့ကိုကြည့်နေသောရိရိကိုလည်းသူဟန်ဆောင်ပြီးတောင်ပြုံးမပြနိုင်ခဲ့တော့.....
◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
"အစ္မေတာ္ ၈ ရဲ႕ၾကင္ယာေတာ္.....
ရိရိက အစ္မေတာ္ ၈ ရဲ႕ၾကင္ယာေတာ္......
မျဖစ္ေစရဘူး.......
ငါရေအာင္ကိုတားမွာ.... "
ယုဖုန္း ေအာက္ေျခအထိထိုးက်သြားေသာ ယုံၾကည္မႈတို႔ကိုေျဖသိမ့္ရန္ တိတ္ဆိတ္သည့္ ေတာထဲမွေရတံခြန္ထံေရာက္လာခဲ့သည္။
ဓားကိုနံေဘးမွာခ်ၿပီး ေက်ာက္ဖ်ာထက္မွာ ပက္လက္လွန္လွဲကာ ဝါးပင္ေတြၾကားမွေလတိုးေဝွ႕သံကိုနားဆင္ရင္း ေတာ္ဝင္ေတးရဲ႕သံစဥ္ကို တိုးတိုးေလးညည္းေနသည္။
"ေဝါင္း!"
သိပ္မက်ယ္သည့္ ဟိန္းေဟာက္သံက က်ားသံမို႔ လက္ကဓားကိုအျမန္ကိုင္ဆြဲကာ ပတ္ဝန္းက်င္သို႔အကဲခတ္ရသည္။
"ေၾကာက္တယ္! အီးဟီး!"
ထပ္ထြက္လာသည့္အသံက ကေလးငယ္တစ္ေယာက္ရဲ႕ ငိုသံမို႔ က်ားကကေလးကို အႏၱရယ္ျပဳေနသည္ထင္၍ အသံလာရာဖက္သို႔ ယုဖုန္းေျပးသြားေတာ့သည္။
လမ္းတေလွ်ာက္ပိုက်ယ္လာသည့္အသံေၾကာင့္ နီးလာၿပီထင္လိုက္ေပမယ့္ ႐ုတ္တရက္အသံကလုံးဝတိတ္က်သြားသည္။
ယုဖုန္းဟိုၾကည့္သည္ၾကည့္ႏွင့္ ရပ္ေနခဲ့ၿပီး ဘာမွမထူးျခားသည္မို႔ ေရတံခြန္ျပန္မည္အျပဳ နဖူးထက္သို႔ ပူႏြေးသည့္အထိအေတြ႕ေလးကိုခံစားလိုက္ရသည္။
ယုဖုန္းနဖူးကိုလက္ႏွင့္ သပ္ခ်ကာၾကည့္လိုက္ေတာ့ သူထင္သလိုေရမဟုတ္ဘဲ နီရဲၿပီးညွိစို႔စို႔အနံ႕ရွိသည့္ လတ္လတ္ဆတ္ဆတ္ေသြးတစ္စက္.....
အလန့္တၾကားအေပၚသို႔ေမာ့ၾကည့္လိုက္ေတာ့ တြဲေလာင္းက်ေနသည့္ ပိုက္ကြန္ေထာင္ေခ်ာက္ထဲမွာ အေကာင္တစ္ေကာင္ရွိေနသည္။
ေနာက္တစ္ေပါက္က်လာျပန္သည့္ေသြးစက္ကေတာ့ ဒီတစ္ခါသူ႕ဖိနပ္ေပၚသာေရာက္သည္။
"ေဝါင္း!!"
ဟိန္းထြက္ေနသည့္က်ားသံက ထိုေပါက္ကြန္ထဲမွ အေကာင္ေသးေသးေလးဆီမွထြက္လာျခင္းျဖစ္သည္။
"လႊတ္ေပးပါ! ေၾကာက္တယ္....."
ထပ္ထြက္လာျပန္သည့္ ကေလးတစ္ေယာက္ရဲ႕နာက်င္စြာငိုသံကလည္း ထိုပိုက္ကြန္ဆီမွပင္။
ယုဖုန္းရွည္ရွည္ေဝးေဝးစဥ္းစားမေနေတာ့ဘဲ အပင္ေပၚတက္ကာ ပိုက္ကြန္ႀကိဳးကိုျဖတ္ခ်ျပစ္လိုက္သည္။
အပင္ကျမင့္သည္မို႔ နည္းနည္းေတာ့အက်နာမည္ထင္။
ယုဖုန္း ပိုက္ကြန္ထဲမွ အနက္ေရာင္အေကာင္ေလးအနားတိုးကပ္သြားကာ ပိုက္ကြန္ကိုဓားႏွင့္ ၿဖဲလိုက္ေတာ့ ေသြးေတြႏွင့္တအီအီေအာ္ေနေသာ အေကာင္ေလးကိုေတြ႕ရသည္။
အနက္ေရာင္ေပၚမွာ အျဖဴေရာင္အစင္းေတြႏွင့္ ထိုအေကာင္ေလးက က်ားေပါက္စတစ္ေကာင္ျဖစ္မည္။
နံၾကားထဲသို႔စိုက္ဝင္ေနေသာ ဓားျမႇောင္ကိုယုဖုန္းဆြဲထုတ္ေပးမည္အလုပ္ ထိုက်ားေပါက္ေလးကမာန္ဖီသည္။
"မေၾကာက္ပါနဲ႕.....
ငါမင္းကို နာေအာင္မလုပ္ပါဘူး....."
ေခါင္းေလးကိုအသာပြတ္ေပးေတာ့ အစကေၾကာက္ေနေပမယ့္ တျဖည္းျဖည္းၿငိမ္သြားရာ ဓားျမႇောင္ကိုယုဖုန္းတစ္ခ်က္ထဲဆြဲထုတ္ပစ္လိုက္သည္။
ေသြးေတြပိုစီးက်လာၿပီး နာက်င္စြာေအာ္သည့္ က်ားေပါက္ေလးကို ယုဖုန္း ဝတ္႐ုံအေပၚလႊာကိုခြၽတ္ၿပီး ဒဏ္ရာတစ္ခုလုံးလုံေအာင္စီးႏွောင္ေပးကာ အသာေပြ႕ခ်ီလိုက္သည္။
"ခဏေလးသည္းခံေနာ္.....
ငါမင္းကို သမားေတာ္ေတြဆီေခၚသြားၿပီးကုေပးမယ္......"
လူစည္ကားတဲ့လမ္းေတြကိုျဖတ္ၿပီး က်ားငယ္တစ္ေကာင္ႏွင့္ ဖုန္းဟြာဓားကိုေပြ႕လ်က္ နန္းေတာ္သို႔ ယုဖုန္းသုတ္ေျခတင္ေျပးသည္။
၁၂ ႏွစ္လူငယ္တစ္ေယာက္ ေသြးသံရဲရဲႏွင့္ တိရစ္ဆာန္ တစ္ေကာင္ကိုေပြ႕ေျပးသြားသည့္ျမင္ကြင္းေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားလည္း ထိတ္လန့္သြားၾကရသည္။
"မင္းသား"
"သမားေတာ္ႀကီး ျမန္ျမန္.....
သူ႕ကိုကုေပးပါ....
ျမန္ျမန္!!"
"မင္းသား.....
အေကာင္ေလးကို ကြၽန္ေတာ္မ်ိဳးလက္ထဲေပးပါ......"
သမားေတာ္ႀကီးလက္ထဲပါသြားသည့္ ထိုအေကာင္ေလးက စိုလဲ့လဲ့မ်က္ဝန္းပယင္းေရာင္ေတြႏွင့္ ယုဖုန္းကိုၾကည့္သြားခဲ့သည္။
အခ်ိန္အေတာ္ၾကာမွ ေသြးစိုေနသည့္သူ႕ဝတ္႐ုံအစား သန့္ရွင္းေနသည့္ အျဖဴေရာင္ပိုးစႏွင့္ ပိုက္ေထြးထားသည့္ ထိုအေကာင္ေလးကိုသမားေတာ္ႀကီးက သူ႕လက္ထဲျပန္ေပးသည္။
"သူ႕ဒဏ္ရာေတြကိုကြၽန္ေတာ္မ်ိဳးတို႔ေသခ်ာေဆးစည္းေပးထားပါတယ္......
ေန႕တိုင္း ေသခ်ာေဆးစည္းၿပီး ပိတ္စေတြကိုလဲေပးရပါမယ္....
အခ်ိန္ႏွစ္လေက်ာ္ေလာက္ဆို သူလုံးဝျပန္ေကာင္းပါလိမ့္မယ္......"
" ေက်းဇူးတင္ပါတယ္....."
ေထြးေပြ႕ထားေသာ သူ႕လက္ထဲမွာအိပ္ေပ်ာ္ေနရွာသည့္ က်ားေပါက္ေလးကိုၾကည့္ၿပီးမွ ယုဖုန္းသက္ျပင္းခ်နိဳင္ေတာ့သည္။
"ကြၽန္ေတာ္မ်ိဳးတစ္ခုေလာက္ေျပာဖို႔ ခြင့္ျပဳပါမင္းသား"
"ေျပာပါ....."
" ဒီက်ားကို ျဖစ္နိုင္ရင္ မင္းသားအနားမွာမထားေစခ်င္ပါဘူး......
က်ားေတြရဲ႕ပုံမွန္အေရာင္နဲ႕သူကလုံးဝကိုမတူပါဘူး.....
ႏွင္းက်ားဆိုရင္ေတာင္ အျဖဴေပၚမွာ အနက္စင္းေတြနဲ႕ျဖစ္ရမွာပါ.....
ဒီက်ားကေတာ့ လုံးဝဆန့္က်င္ဖက္မို႔ အႏၱရာယ္ႀကီးလြန္းပါတယ္....."
"သာမာန္နဲ႕ကြဲျပားလို႔ စြန့္ပစ္ရမယ္ဆိုရင္.....
ကိုယ္ေတာ္ကလည္း အစြန့္ပစ္ခံရသင့္တယ္ေပါ့......
ဟုတ္လား သမားေတာ္ႀကီး....."
"မဟုတ္...မဟုတ္ရပါဘူး မင္းသား......
ကြၽန္ေတာ္မ်ိဳး ဆိုလိုခ်င္တာ အဲ့အဓိပ္ပါယ်မဟုတ်ပါဘူး....."
"ထားလိုက္ေတာ့.....
ကိုယ္ေတာ့္နန္းေဆာင္ကို ေန႕တိုင္းလာၿပီး ေရွာင္းဟိုင္ကို ေဆးစည္းေပးပါ"
" ေရွာင္းဟိုင္?"
"အင္း....
ဒီကေလးကို ကိုယ္ေတာ္ ဒီေန႕ကစၿပီး ေရွာင္းဟိုင္ လို႔ေခၚမယ္"
"အမိန့္ကိုနာခံပါ့မယ့္ အရွင့္သား....."
သူအေျပးျပန္လာသည့္ သတင္းေၾကာင့္ ဘင္းဝမ္တို႔အဖြဲ႕က သမားေတာ္ေဆာင္အျပင္ဘက္မွာ သူ႕ကိုေစာင့္ေနၾကရာ သူ႕လက္ထဲမွ ေရွာင္းဟိုင္ကိုျမင္ေတာ့ စပ္စုၾကေတာ့သည္။
"မဆူၾကနဲ႕!
သူပင္ပန္းေနတာ.....
အိပ္ပါေစ....."
အသံေတြတိတ္သြားေပမယ့္ တစ္ေယာက္နဲ႕တစ္ေယာက္တြန္းထိုးၿပီး ေရွာင္းဟိုင္ကိုလိုက္ၾကည့္ေနၾကဆဲ။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ပူေလာင္ေနသည့္အေတြးေတြနဲ႕ ယုဖုန္းတစ္ညလုံးအိပ္မေပ်ာ္ခဲ့တာမို႔ မနက္ေစာေစာထၿပီး ေတာ္ဝင္မင္းသားဝတ္႐ုံအနီေရာင္ကိုဆင္ျမန္းကာ ညီလာခံသြားဖို႔ျပင္ဆင္သည္။
"မင္းသားေလးက ဒီေန႕ထူးထူးဆန္းဆန္းပါလား......
ညီလာခံတက္မယ္တဲ့....."
အထိန္းေတာ္ေတြတစ္ေယာက္ႏွင့္တစ္ေယာက္စကားဆိုေနသည့္အသံတိုးတိုးေလးကို ယုဖုန္းနားကျပတ္သားစြာၾကားေနရသည္။
မေန႕က သမားေတာ္ေဆာင္မွာကတည္းက အိပ္ေပ်ာ္ေနသည့္ ေရွာင္းဟိုင္ေလးကလဲ အခုထိမနိုးလာေသး။
ပ်င္းစရာေကာင္းလို႔ အၿမဲေရွာင္ေျပးၿပီး မတက္ေရာက္ခဲ့သည့္ ညီလာခံသို႔ ေ႐ႊေရာင္မီးငွက္ကိုအသက္ဝင္စြာ ေ႐ႊခ်ည္ထိုးထားသည့္ အနီေရာင္ဝတ္႐ုံႏွင့္ မင္းသားယုဖုန္းလွမ္းဝင္လာေတာ့ အမတ္ေတြကလည္း ႂကြတ္ႂကြတ္ညံကုန္သည္။
ရာဇပုလႅင္ ဘယ္ဘက္မွ ေ႐ႊေရာင္ခုံက သူေမြးဖြားကတည္းက ညီလာခံမွာသူ႕အတြက္ထားထားၿပီး ယေန႕မွ ယုဖုန္းပထမဆုံးအႀကိမ္ထိုင္ဖူးျခင္းျဖစ္သည္။
သူ႕စိတ္ကိုဆန္းစစ္ေနသည့္ ဆရာျဖစ္သူလီေဟာ္ႏွင့္ မ်က္လုံးခ်င္းဆုံေတာ့ ယုဖုန္းတည္ၿငိမ္စြာၿပဳံးျပလိုက္ေပမယ့္ သူစိတ္အစုံဟာတုန္လႈပ္ေနခဲ့သည္။
ဆရာသာ သူ႕ဘက္ကရပ္တည္မေပးခဲ့ရင္ သူေသခ်ာေပါက္ရိရိက အစ္မေတာ္ ၈ အပိုင္ျဖစ္သြားမွာကိုတားဆီးနိုင္မည္မထင္။
ညီလာခံကိုလက္နက္ယူခြင့္မရွိသည္မို႔ သူ႕ညာလက္ကဖုန္းဟြာမရွိဘဲ လစ္ဟာေနရာ လက္ႏွစ္ဖက္ကိုသာအခ်င္းခ်င္းဆုပ္ကိုင္ထားမိေတာ့သည္။
"အရွင္မင္းႀကီး ႂကြေရာက္လာပါၿပီ!!!"
"အိမ္ေရွ႕စံ ႂကြေရာက္လာပါၿပီ!!!"
"မင္းသမီး ၈ ႂကြေရာက္လာပါၿပီ!!!"
ေရွ႕ေနာက္ဆင့္ဝင္လာၾကသည့္ ခမည္းေတာ္တို႔ကိုယုဖုန္းအရိုအေသေပးၿပီး မိမိ ရာထူးေနရာမွာသာျပန္ထိုင္ေနလိုက္သည္။
"ကိုယ္ေတာ္တို႔ ယုအာက ဒီေန႕ထူးထူးဆန္းဆန္းပါလား....."
ခမည္းေတာ္ရဲ႕စေနာက္မႈကို ယုဖုန္းေခါင္းတစ္ခ်က္ငုံ႕ၿပီးသာ တုံ႕ျပန္လိုက္သည္။
"ေဆာ့ရင္း လမ္းမွားလာတာလား....."
အစ္မေတာ္ ၈ ရဲ႕စေနာက္မႈကေတာ့ ယုဖုန္းရဲ႕ေအးစက္သည့္အၾကည့္ေနာက္မွာတင္ရပ္တန့္သြားခဲ့သည္။
တင္ျပေဆြးႏြေးေနၾကသည့္ တိုင္းျပည္အေရးကိစၥေတြကို ယုဖုန္းစိတ္မဝင္စား၍ တိတ္တဆိတ္သာေနၿပီး အခ်ိန္အခါကိုေစာင့္ဆိုင္းေနခဲ့သည္။
"ကဲ......
ကိုယ္ေတာ္တို႔ မဂၤလာကိစၥကိုစၾကေတာ့မလား......"
ခမည္းေတာ္ရဲ႕စကားကိုအဆက္မခံဘဲ ယုဖုန္းေရွ႕ထြက္လိုက္သည္။
"ခမည္းေတာ္ကို သားေတာ္ေတာင္းဆိုစရာရွိပါတယ္!"
"ဟမ္.....
ယုအာက ဒီေန႕တကယ္ကိုထူးထူးဆန္းဆန္းေတြျပဳမူေနတာပဲ.....
ေျပာပါဦး.....
ကိုယ္ေတာ္တို႔ယုအာက ဘာမ်ားေတာင္းဆိုခ်င္တာလဲ......"
"သားေတာ္ ေစ့စမ္းေၾကာင္းလမ္းမႈလုပ္ခ်င္တဲ့ မိန္းကေလးရွိေနပါၿပီ!"
"ေဟ!.....
ဘယ္သခင္မေလးကမ်ား ကိုယ္ေတာ္တို႔ယုအာကို ေယာက္်ားတစ္ေယာက္လိုရင့္က်က္သြားေစရတာလဲ..."
"ခမည္းေတာ္ ခြင့္ျပဳေပးပါ....
သားေတာ္ သူမကို အမွန္တကယ္အလိုရွိပါတယ္....."
သူတို႔နိုင္ငံဥပေဒအရ အသက္ဆယ့္ေျခာက္ႏွစ္ဆို တရားဝင္လက္ထပ္ထိမ္းျမားနိုင္ေပမယ့္ ဆယ္သုံးႏွစ္ ယုဖုန္းကေတာ့ ေစ့စပ္ေၾကာင္းလမ္းမႈသာ လုပ္နိုင္ေသးသည္။
" ခမည္းေတာ္က ေသခ်ာေပါက္ခြင့္ျပဳတာေပါ့.....
ဘယ္အိမ္ေတာ္သခင္မေလးလဲ....."
" မုအိမ္ေတာ္က သခင္မေလး မုလင္းရွ"
တိတ္ဆိတ္သြားသည့္ ညီလာခံမွာ အမတ္ႀကီးမုရဲ႕ မ်က္ႏွာဟာပ်က္ယြင္းေနသလို အစ္မေတာ္ ၈ ကလည္းေခါင္းကိုငုံ႕ထားသည္။
လင္းရွသာသူ႕ၾကင္ယာေတာ္ျဖစ္လာရင္ ရိရိကဘယ္ေတာ့မွ ခမည္းေတာ္ရဲ႕ သမက္ျဖစ္လာမည္မဟုတ္ေတာ့။
ေတာ္ဝင္အမိန့္ေတာ္ကလြဲၿပီး တျခားအိမ္ေတာ္ေတြရဲ႕ ကမ္းလွမ္းမႈကို ရိရိကျငင္းပယ္ခြင့္ရွိသည္မို႔ လင္းရွကိုသူေသခ်ာေပါက္အသုံးျပဳရေတာ့မည္။
"ယုအာ.....
ဘာလို႔ မုအိမ္ေတာ္သခင္မေလးလဲ"
"လင္းရွက သားေတာ္နဲ႕ငယ္ငယ္ကတည္းက ရင္းႏွီးခဲ့သူပါ ခမည္းေတာ္.....
သူမက သားေတာ္ကိုနားလည္ၿပီး
သားေတာ္ကိုစိတ္လႈပ္ရွားေစပါတယ္....
သားေတာ္နဲ႕အသက္အ႐ြယ္သိပ္မကြာတဲ့ သူမကို ေစ့စပ္ေၾကာင္းလမ္းမႈေတြရွိလာမွာစိုးရိမ္မိပါတယ္.....
သူမကိုသားေတာ္ရဲ႕ၾကင္ယာေတာ္ေလာင္းလ်ာအျဖစ္ တရားဝင္သက္မွတ္ထားေစခ်င္ပါတယ္......."
တိတ္ဆိတ္သြားျပန္သည့္ညီလာခံက ယုဖုန္းက်ရႈံးေတာ့မည္ဟုအရိပ္အေယာင္ျပေနသည္ထင္။
"သခင္မေလးမုက မင္းသားယုဖုန္းရဲ႕ၾကင္ယာေတာ္ျဖစ္ဖို႔အသင့္ေတာ္ဆုံးလို႔ ကြၽန္ေတာ္မ်ိဳးလည္းထင္ပါတယ္ အရွင္....."
တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္သည့္ အသံပိုင္ရွင္က သူ႕ရဲ႕ဆရာ လီေဟာ္။
"မင္းသားယုဖုန္းရဲ႕ဆရာျဖစ္လာတဲ့ေနာက္ မင္းသားယုဖုန္းနဲ႕ သခင္မေလးမုရဲ႕ သံေယာဇဥ္ကို ကြၽန္ေတာ္မ်ိဳးလည္းျမင္ေတြ႕ခဲ့ရပါတယ္.....
သူတို႔ႏွစ္ဦးကသိပ္ကိုလိုက္ဖက္ညီပါတယ္"
လီေဟာ့္ရဲ႕ေထာက္ခံမႈေနာက္ အမတ္ေတြေတာ္ေတာ္မ်ားမ်ားကလည္း ယုဖုန္းကိုေထာက္ခံလာၾကသည္။
ဒီတစ္ခါေတာ့ ဆရာျဖစ္သူကို ယုဖုန္းတကယ္ေက်းဇူးတင္မိသည္။
"အဟမ္း!
ကိုယ္ေတာ္လည္း လက္ခံတယ္....
ကိုယ္ေတာ္တို႔ယုအာကို ဒီလိုျဖစ္ေအာင္ ေျပာင္းလဲေပးနိုင္တဲ့သူက ရွားလြန္းတယ္ေလ......"
မင္းႀကီးရဲ႕စကားအဆုံး ျငင္းဆန္ခ်င္သူေတြလည္းတိတ္သြားၾကသည္။
"မင္းသားယုဖုန္းနဲ႕ သခင္မေလးမုရဲ႕ ေစ့စပ္ေၾကာင္းလမ္းမႈကို ကန့္ကြက္ခ်င္တဲ့သူရွိလား....."
ဘာသံမွထြက္မလာေတာ့သည့္အခါ အရွင္မင္းႀကီးက ေက်နပ္သည့္အၿပဳံးႏွင့္ မုလင္းရွကို မင္းသားယုဖုန္းရဲ႕ၾကင္ယာေတာ္ေလာင္းလ်ာအျဖစ္သက္မွတ္ေၾကာင္း အမိန့္လႊာႏွင့္ ေၾကညာမႈမ်ားျပဳလုပ္ေစသည္။
ကတိကဝတ္ျပဳျခင္းအခမ္းအနားကိုလည္း မၾကာမီက်င္းပဖို႔ ရက္ေ႐ြးေတာ့သည္။
ယုဖုန္း အစ္မေတာ္ ၈ ကိုလွမ္းၾကည့္လိုက္ေတာ့ သူမမ်က္ႏွာထက္မွာစိတ္ပ်က္ျခင္း အရိပ္အေယာင္ တစ္စက္မရွိဘဲ သူ႕ကိုေတာင္ႏြေးေထြးစြာၿပဳံးျပေနသည္မို႔ ယုဖုန္းအျပစ္ရွိသလိုခံစားရကာ ရွက္မိသည္။
ညီလာခံၿပီးဆုံးေၾကာင္း ေၾကညာသည္ႏွင့္ ယုဖုန္းဝတ္႐ုံစကိုမကာ ကိုယ့္နန္းေဆာင္ကိုယ္အျမန္ျပန္ေျပးေတာ့သည္။
ေတာ္ဝင္သမားေတာ္ကလည္း ေရွာင္းဟိုင္ကိုေဆးလာစည္းေပးၿပီးသြားၿပီမို႔ ထိုအေကာင္ေလးကို အစားေကြၽးရေတာ့မည္။
ယုဖုန္းကလြဲၿပီး တျခားသူေတြကိုအနားအကပ္မခံဘဲ မာန္ဖီကာေခ်ာက္လွန့္ေနသည့္ ေရွာင္းဟိုင္က အသားဟင္းေတြေကြၽးတာမစားလို႔ အသားစိမ္းေတြယူၿပီးေကြၽးၾကည့္ရာ ေဒါသတႀကီး အကုန္ပုတ္ထုတ္သည္။
" ေရွာင္းဟိုင္.....
ဘာလို႔မစားတာလဲ....."
ယုဖုန္း မက္မြန္သီးတစ္လုံးကိုကိုက္ဝါးရင္းေမးေတာ့ သူ႕လက္ထဲကတျခားမက္မြန္သီးကို ေရွာင္းဟိုင္ကဆြဲခ်ကာ အားရပါးရစားေလသည္။
"အိုး.....
ေရွာင္းဟိုင္က အသီးပဲႀကိဳက္တာလား....."
ေရွာင္းဟိုင္အတြက္အသီးေတြခ်ေကြၽးၿပီးဒဏ္ရာကိုစစ္ေဆးၾကည့္ေတာ့ ေတာ္ေတာ္ေတာင္သက္သာေနလို႔ ယုဖုန္းအံ့ဩရေသးသည္။
" ေရွာင္းဟိုင္.....
ငါနဲ႕ လိုက္မလား.....
နန္းေတာ္အျပင္ထြက္ၿပီး သြားပုန္းရေအာင္....."
သူ႕လက္ေတြထဲေခါင္းျပန္တိုးေဝွ႕သည့္ ေရွာင္းဟိုင္ကသူနဲ႕လိုက္ဖို႔သေဘာတူဟန္ရွိသည္။
သူ႕မယ္ေတာ္ႏွင့္အစ္မေတာ္ေတြက လင္းရွနဲ႕ပတ္သက္ၿပီး သူ႕ဆီေရာက္လာၾကေတာ့မည္မို႔ ယုဖုန္းဝတ္႐ုံကိုအျမန္လဲ ေရွာင္းဟိုင္ကိုေပြ႕ ဖုန္းဟြာဓားကိုေတာ့ ဘင္းဝမ္အားသယ္ေစကာ သူ႕ဆရာရဲ႕ စစ္သူႀကီးအိမ္ေတာ္ဆီသြားေတာ့သည္။
"ဒီေန႕ ကြၽန္ေတာ္မလာဘူးလို႔ ေမးသမွ်လူတိုင္းကိုေျပာေပးေနာ္...."
အိမ္ေတာ္ထိန္းကို ေသခ်ာမွာၿပီးမွ သူ႕ဆရာရွိသည့္ ဥယ်ာဥ္ကိုသြားသည္။
"လာပုန္းတာလား....."
တည့္ႀကီးေမးလာသည့္ဆရာ့ကိုယုဖုန္းသြားေလးသာၿဖီးျပနိုင္သည္။
" ေရွာင္းဟိုင္ ဆရာ့ကိုႏႈတ္ဆက္လိုက္"
လီေဟာ္က ယုဖုန္းလက္ထဲမွ ေရွာင္းဟိုင္ ကိုေသခ်ာၾကည့္ေနသလို ေရွာင္းဟိုင္ကေတာ့ လီေဟာ့္ကိုျမင္တာနဲ႕ မာန္ဖီကာ ယုဖုန္းရင္ခြင္ထဲပိုတိုးဝင္သည္။
"ဘာျဖစ္လို႔လဲ....."
တုန္ယင္ေနရွာသည့္ ေရွာင္းဟိုင္ကိုယ္ေသးေသးကို ညင္သာစြာေထြးေပြ႕ထားရင္း ယုဖုန္းစိုးရိမ္ရသည္။
" ဒီက်ားကို ေတာနက္ထဲမွာ ဓားျမႇောင္စိုက္လ်က္သားေတြ႕ခဲ့တာလား......"
"ဆရာ ဘယ္လိုသိတာလဲ....."
"မေန႕က ငါ့ညီမကၿမိဳ႕ျပင္မွာ က်ားတစ္ေကာင္ကို လိုက္ခဲ့တယ္လို႔ေျပာတယ္....
ဓားထိသြားေပမယ့္ ထြက္ေျပးသြားတာမမိလိုက္ဘူးတဲ့"
"ဆရာ့မွာညီမရွိတယ္လား...
ကြၽန္ေတာ္တစ္ခါမွလည္းမေတြ႕ဖူးဘူး....."
"သူက သူ႕ကုန္သည္ခင္ပြန္းနဲ႕ ခရီးထြက္ေနရတာ...
မေန႕ကမွ လုံနိုင္ငံကိုျပန္ေရာက္လာတာ.....
သူေရာက္ေရာက္ခ်င္း ငါ့ကို ဒီက်ားအေၾကာင္းေျပာတယ္.....
မင္းသူ႕ကိုေသခ်ာဖြက္ထားသင့္တယ္ေနာ္...
သူကထူးျခားၿပီး တန္ဖိုးႀကီးမယ့္ပုံပဲ....."
ယုဖုန္းအလ်င္အျမန္ပဲ ေခါင္းညိတ္ကာ ေရွာင္းဟိုင္ကိုအေၾကာက္ေျပေစရန္ ပြတ္သပ္ေပးေပမယ့္ ထပ္ၿပီးလီေဟာ္ကိုၾကည့္ကာမာန္ဖီျပန္သည္။
"သူငါ့မ်က္လုံးေတြကိုေၾကာက္တာျဖစ္မယ္...
ငါ့ညီမက ငါနဲ႕မ်က္လုံးအေရာင္ေတြတူတယ္"
ယုဖုန္း ေရွာင္းဟိုင္ကို အသာအယာေပြ႕ဖက္ေပးထားရသည္။
႐ုတ္တရက္ စစ္သူႀကီးအိမ္ေတာ္အဝင္ေပါက္မွ ဆူညံသံမ်ားထြက္ေပၚလာကာ ဘင္းဝမ္တို႔လည္းအျမန္အနားေရာက္လာၿပီး ယုဖုန္းျမင္ကြင္းထဲသို႔ တစ္စုံတစ္ေယာက္ေရာက္ရွိလာသည္။
"ရိရိ....."
စိမ္းျပာေရာင္မ်က္ဝန္းေတြက စူးရဲေတာက္ပေနၿပီး ယုဖုန္းကိုေဒါသတႀကီးစိုက္ၾကည့္ကာ တစ္လွမ္းခ်င္းလွမ္းလာေနသည္။
ယုဖုန္း လက္ထဲမွေရွာင္းဟိုင္ကို ေအာက္ခ်လိဳက္ၿပီး အလန့္တၾကားထရပ္သည္။
သူ႕ေရွ႕မွာ ဘင္းဝမ္တို႔က အသင့္အေနအထားနဲ႕ရွိေနၿပီး နံေဘးမွာေတာ့ ဆရာရွိသည္။
"လုံယုဖုန္း!!"
အႏၱရာယ္အေငြ႕အသက္အျပည့္ႏွင့္ ထ်န္းရိက ယုဖုန္းနာမည္အျပည့္အစုံကို ေခၚျခင္းမွာ ဒါပထမဆုံးအႀကိမ္ျဖစ္သည္။
"ဝမ္ဝမ္.......
ဖယ္......ယုအာ ရိရိနဲ႕စကားေျပာမယ္....."
သူ႕ကိုယ္ရံေတာ္ေတြကိုမထိခိုက္ေစခ်င္တာမို႔ ယုဖုန္း အားတင္းကာ ေရွ႕ထြက္သည္။
"မင္းငါနဲ႕လိုက္ခဲ့!"
ယုဖုန္းလက္ကို ထ်န္းရိက လာဆြဲေတာ့ ခပ္လွမ္းလွမ္းမွာ အကဲခတ္ေနသည့္ ေရွာင္းဟိုင္က အႏၱရာယ္အေငြ႕အသက္ေၾကာင့္ ထ်န္းရိဆီ ေျပးဝင္လာသည္။
" ေရွာင္းဟိုင္!!"
အျဖစ္အပ်က္ေတြက လ်င္ျမန္စြာပဲ ေရွာင္းဟိုင္ဆီဦးတည္ေသာ ထ်န္းရိရဲ႕ ေရခဲျပစ္ခ်က္ကို ယုဖုန္းကာဆီးလိုက္ရသည္။
ေအးစိမ့္မႈကိုအရိုးထဲကေနေတာင္ခံစားရၿပီး ယုဖုန္းတစ္ကိုယ္လုံးေတာင့္တင္းကာလဲက်သြားခဲ့သည္။
သူ႕အသိစိတ္မေပ်ာက္ဆုံးခင္မွာ ေရွာင္းဟိုင္ရဲ႕ဟိန္းေဟာက္သံကိုၾကားလိုက္ရၿပီး လီေဟာ္ရဲ႕ ႏြေးေထြးေသာေထြးေပြ႕မႈကိုခံစားရကာ တုန္ယင္ေနေသာလက္အစုံႏွင့္ သူ႕ကိုၾကည့္ေနေသာရိရိကိုလည္းသူဟန္ေဆာင္ၿပီးေတာင္ၿပဳံးမျပနိုင္ခဲ့ေတာ့.....
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
Bạn đang đọc truyện trên: Truyen247.Pro