Part-10 ( power)
Unicode
ယုဖုန်း ပုံမှန်အတိုင်း စစ်သူကြီးအိမ်တော်ကိုရောက်တော့ ဆရာဖြစ်သူလီဟော်ကသူ့ကိုအိမ်တော်အဝင်ပေါက်ကနေရပ်စောင့်နေသည်ကိုတွေ့ရသည်။
"ဆရာ.....
ဒီမှာဘာရပ်လုပ်နေတာလဲ....."
"မင်းကိုစောင့်နေတာ......"
ပြောပြောဆိုဆိုဆရာကသူ့မြင်းပေါ်တက်ကာ ယုဖုန်းကိုလက်ကမ်းပေးလေသည်။
"လာလေ....."
လီဟော်ရဲ့လက်ကိုဆွဲကာ ယုဖုန်းလည်း မြင်းပေါ်တက်လိုက်ရသည်။
ပြူးကြောင်ကြောင်ကြည့်နေကြသည့် ဘင်းဝမ်တို့ကို လီဟော်ကအမိန့်ပေးလိုက်သည်။
"မင်းတို့လိုက်လာစရာမလိုဘူး
ဒီမှာပဲနေခဲ့ကြ"
"ဆရာ....ဘယ်သွားမလို့လဲဟင်......"
"တော်ဝင်စစ်တန်းလျား..."
လီဟော်ကမြင်းကိုစတင်ထွက်ခွာစေကာ အနောက်မှ လက်ထောက်ဖြစ်သူကလည်း မြင်းတစ်ကောင်နှင့်လိုက်လာသည်။
ယုဖုန်း သူ့လက်ထဲကဓားကိုသေချာပိုက်ထားရင်း ကိုယ်ကိုမတ်မတ်ထိုင်ထားကာ သက်တောင့်သက်သာမဖြစ်ပေမယ့် အနောက်ကလူရင်ခွင်ထဲပစ်မှီရအောင် ထိုလူကရိရိမှမဟုတ်ဘဲ.....
ရုတ်တရက် လီဟော်ကယုဖုန်းခါးကိုဆွဲဖက်ကာ သူ့တစ်ကိုယ်လုံးကိုအနောက်သို့မှီစေသည်။
ဘာသံမှမထွက်ပေမယ့် ယုဖုန်းမျက်လုံးလေးပြူးသွားတာကိုလီဟော်ကမြင်ပြီး ပြုံးယောင်သန်းသွားသည်။
ခန္ဓာကိုယ်ကသက်တောင့်သက်သာဖြစ်သွားပေမယ့် ယုဖုန်းစိတ်ထဲမှာတော့နေရခက်နေသည်။
ဒီပုံစံကိုသာရိရိမြင်ရင် သေချာပေါက်စိတ်ဆိုးသွားမှာ......
ယုဖုန်းမှီထားရာကနေမသိမသာဖြည်းဖြည်းချင်း ကိုယ်ချင်းပြန်ခွာမည်လုပ်တော့ လီဟော်ကသူ့ခါးကိုပိုတင်းအောင်ဆွဲကိုင်လေသည်။
"ငြိမ်ငြိမ်နေ ယုအာ....."
မြင်းကိုအရှိန်မြန်မြန်ပြေးစေပြီး တော်ဝင်စစ်တန်းလျားကိုရောက်တော့ စစ်တပ်အရာရှိငယ်တွေက စစ်သူကြီးဖြစ်သူကိုလေးလေးစားစားကြိုဆိုကြသည်။
"အရာရှိတွေနဲ့နေခဲ့ဦး...."
လီဟော်ကအရေးကြီးလုပ်စရာရှိဟန်တူသည်မို့ ယုဖုန်းခေါင်းလေးညိတ်ပြလိုက်သည်။
"ဒါက ငါ့တပည့် မင်းသားယုဖုန်း.....
မင်းတို့သူ့ကိုစောင့်ရှောက်ပေးထား....."
"ဟုတ်ကဲ့ပါ စစ်သူကြီး!!"
လီဟော်နဲ့သူ့လက်ထောက်ထွက်သွားကြတော့ ယုဖုန်းအရာရှိတွေကိုပြုံးပြလိုက်သည်။
"စစ်တန်းလျားကိုလိုက်ပြပေးပါလား.....
ယုအာတစ်ခါမှမရောက်ဖူးသေးလို့....."
"အမိန့်တော်အတိုင်းပါ မင်းသားလေး....
ကျွန်တော်မျိုးတို့ လိုက်ပြပေးပါ့မယ်...."
အငယ်တန်းအရာရှိတစ်သိုက်ဝန်းရံလျက် ယုဖုန်း စစ်တန်းလျားကြီးကိုလိုက်ပြီးစပ်စုတော့သည်။
မင်းသားတစ်ပါးဆိုတဲ့အဆင့်အတန်းကြောင့် အရာရှိငယ်တွေကအစပိုင်းမှာရှိန်နေကြပေမယ့် မာန်မာနမရှိတဲ့ယုဖုန်းရဲ့စကားများကြောင့် ရယ်ရယ်မောမောနှင့် သက်တောင့်သက်သာဖြစ်လာကြသည်။
လေ့ကျင့်ရေးကွင်းတွေမှာ လက်နက်နဲ့လေ့ကျင့်နေကြသည့် စစ်သည်တွေကိုကြည့်ရင်း ယုဖုန်း စစ်တပ်ကိုသိပ်မကြောက်တော့ပေ။
စစ်သည်တွေကကြမ်းတမ်းပေမယ့် သူတို့ရဲ့အသက်တွေနဲ့နိုင်ငံကိုကာကွယ်နေကြသူတွေမှန်းယုဖုန်းလက်ခံလာသည်။
ခမည်းတော်သူ့ကိုစစ်တပ်ထဲတာဝန်ပေးတဲ့အခါ သူကျေကျေနပ်နပ်ကြီး လက်ခံတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။
တစ်နေရာရောက်တော့ လက်ရည်ယှဥ်နေကြသည့် အသက်ငယ်ငယ်စစ်သည်တစ်စုကိုယုဖုန်းတွေ့ပြီး စိတ်ဝင်စားမိကာ ရပ်ကြည့်နေလိုက်သည်။
" သူတို့ကြည့်ရတာ ဆယ့်လေးဆယ့်ငါးလောက်ပဲရှိကြဦးမယ်ထင်တယ်...."
"ဟုတ်ပါတယ်.....
သူတို့က အသစ်တွေပါ.....
အခုမှစသင်ကြားတုန်းပဲရှိပါသေးတယ်....."
ယုဖုန်းစကားကိုဘေးမှအရာရှိတွေကဝင်ထောက်ခံသည်။
တစ်ယောက်ချင်းတိုက်ခိုက်နေတာကို စစ်သည်ကြီးတွေကလည်း ဝိုင်းကြည့်ကာ အော်ဟစ်အားပေးနေကြသေးသည်။
"လက်ရည်ဝင်စမ်းကြည့်လေ"
"အမ်မလေး!"
နံဘေးကထွက်လာသည့်အသံနှင့် ဘွားခနဲရောက်ချလာသော လီဟော်ကြောင့် ယုဖုန်းရင်ဘက်ကိုဖိလိုက်ရသည်။
"သွား......
တစ်ပွဲလောက် ဝင်စမ်းလိုက်....."
"ဆရာကလည်း.....
မနောက်ပါနဲ့...... "
ယုဖုန်း ရယ်ကျဲကျဲလုပ်နေပေမယ့် လီဟော်ရဲ့တည်တံ့နေသည့် ရုပ်ကြောင့် မနောက်မှန်းနားလည်သွားသည်။
"ဘာလဲ.....
ကြောက်နေတာလား......
ငါမင်းကိုအခြေခံတိုက်ကွက်တွေသင်ပေးပြီးပြီလေ......."
ယုဖုန်းနှုတ်ခမ်းလေးမဲ့တဲ့တဲ့နှင့် သူ့လက်စွဲတော်ဓားကိုလီဟော့်ထံပေးလိုက်သည်။
"ဆရာ ဓားခဏကိုင်ထားပေး......"
ယုဖုန်းဓားကိုယူပြီး လီဟော်က လူစုဝေးထံအသံကျယ်ကျယ်နှင့်အော်တော့သည်။
"တိုက်နေတာရပ်!!"
စစ်သည်တွေအားလုံး ငြိမ်သွားကာ လီဟော်ကိုအရိုအသေပေးကြသည်။
"အသစ်တွေထဲမှာ ဘယ်သူအတော်ဆုံးလဲ!"
"ကွမ်းမင်ပါ!"
"ကွမ်းမင်ထွက်ခဲ့!!"
လီဟော်ရဲ့အမိန့်အတိုင်း ကွမ်းမင်ဆိုသူထွက်လာတော့ ယုဖုန်းမျက်လုံးပြူးကာ ဆရာဖြစ်သူကို အသနားခံဟန် ခေါင်းလေးရမ်းပြတော့သည်။
ထိုကွမ်းမင်ဆိုသူရဲ့ အရပ်နဲ့ကိုယ်ခန္ဓာအရွယ်အစားက ထျန်းရိနှင့်အတူတူလောက်ရှိပြီး ယုဖုန်းနိုင်နိုင်မည်မထင်။
ပြီးတော့သူ့မှာ အစိမ်းရောင်သန်းတဲ့မျက်ဝန်းတွေရှိတာမို့ သူ့အစွမ်းကအင်အားကြီးခြင်းဖြစ်မည်ထင်သည်။
"ဆရာ....."
"သွားလေ.....
ကွမ်းမင်!
မင်း မင်းသားယုဖုန်းနဲ့ လက်ရည်ယှဥ်ရမယ်!
ရာထူးကိုဂရုစိုက်စရာမလိုဘူး
အလျော့ပေးစရာလည်းမလိုဘူး!"
ယုဖုန်းမျက်နှာကဖြူဖျော့လာကာ ဝတ်ရုံကိုဖိချေဆုပ်ကိုင်ထားရင်း ကွင်းပြင်သို့ဆင်းလိုက်သည်။
ဆရာရေ ၁၂ နှစ်ပဲရှိသေးတဲ့ကျွန်တော့်ကို ဒီလို ၁၆ နှစ် သန်သန်မာမာကြီးနဲ့ယှဥ်ခိုင်းတာ နည်းနည်းမှမတရားပါဘူးနော်!!!
စိတ်ထဲကနေသာအော်ဟစ်နေပြီး ကွမ်းမင်ဆိုသူနှင့်မျက်နှာချင်းဆိုင်လိုက်တော့ ယုဖုန်းခမျာ မော့ကြည့်ရရှာသည်။
"စတော့!!"
ဟိန်းကနဲထွက်လာပြန်တဲ့ ဆရာ့အသံကြီးကိုမုန်းလိုက်တာ.....
အနီးကပ်ကြီးပြေးဝင်လာသည့်လက်သီးကြီးကြောင့် ယုဖုန်းထိုင်ချလိုက်ပြီး ဘေးသို့ရှောင်ထွက်လိုက်သည်။
"ဝုန်း!!"
လက်သီးအားကသိပ်ပြင်းဟန်မတူ ခပ်လှမ်းလှမ်းမှ ဝါးစင်လေးတစ်စစီဖြစ်သွားရုံလောက်ပါပဲ။
ယုဖုန်းတံတွေးမြိုချကာ ကွမ်းမင်ရဲ့လက်သီးကို ပတ်ရှောင်ရတော့သည်။
ကွမ်းမင်ဆိုတဲ့သူက လီဟော့်စကားအတိုင်း ယုဖုန်းကိုလုံးဝညှာတာခြင်းမရှိဘဲတိုက်ခိုက်နေတော့ အကောင်သေးလေးမှာကြွက်လေးလိုပဲ ဟိုပြေးဒီရှောင်လုပ်နေရသည်။
"သခင်......
မင်းသားယုဖုန်းကိုဘာကြောင့် စစ်တန်းလျားခေါ်ခဲ့ရတာလဲ.....
သူ စစ်သည်တွေနဲ့ရင်းနှီးသွားလို့မဖြစ်ဘူးလေ သခင်....."
နံဘေးမှလက်ထောက်ဖူကို လီဟော်သတိပေးသည့်အကြည့်ခပ်စူးစူးနှင့်ကြည့်လိုက်သည်။
"မင်းနှုတ်ကိုဒီလိုလူကြားထဲမှာမဟနဲ့!"
အံကြိတ်ပြီးပြောသည့် လီဟော့်အသံတိုးတိုးနောက် လက်ထောက်ဖူလုံးဝအသံတိတ်သွားသည်။
ကွင်းထဲမှယုဖုန်းကတော့ ရှောင်ရင်းတိမ်းရင်း ကွမ်းမင်ရဲ့ ဒဂေါက်ကွေးနှစ်ဖက်ကို လျင်မြန်စွာ အားကုန်စောင့်ကန်ပစ်လိုက်တော့ ကွမ်းမင်ဒူးထောက်ကျမလိုဖြစ်သွားသည်။
"အားတော့နာတယ်"
ယုဖုန်း ကွမ်းမင် ကြားသာရုံပြောပြီး ငုံ့ကိုင်းနေသည့် ထိုလူ့ကိုယ်ပေါ်ခုန်တက်ကာ ကျောရိုးပေါ် ဒူးနဲ့ဆောင့်ချလိုက်တော့ နာကျင်စွာအော်ပြီး ကွမ်းမင်ကယုဖုန်းကိုသူ့အပေါ်မှဆွဲချသည်။
ကွမ်းမင်ရဲ့လည်ပင်းကိုအနောက်ကနေ မရှိမဲ့ရှိမဲ့လက်မောင်းအားနဲ့ ဖိညှပ်ကာ ပြုတ်မကျအောင်ကုတ်တွယ်ထားတော့ ကွမ်းမင်ကလည်းမှီရာ ယုဖုန်းဆံထုံးကိုဆွဲလိုက်မိသည်။
ဆံထိုးပြုတ်ထွက်သွားပြီး ပြေကျလာသည့် ဆံပင်ရှည်တွေနှင့်ယုဖုန်းက ကွမ်းမင်ရဲ့လည်ပင်းကိုချုပ်လျက် နတ်ဆိုးလေးလိုပြုံးသည်။
မေးရိုးအောက်မှရှာတွေ့သွားသည့်အကြောကိုဖြတ်ရိုက်ထည့်လိုက်တော့ ကွမ်းမင်က အရုပ်ကျိုးပြတ်ခွေကျသွားရာ ယုဖုန်းလည်းအမြန်ခုန်ဆင်းလိုက်သည်။
ဝတ်ရုံမှဖုန်စတို့ကိုခါရင်း ယုဖုန်းဆရာဖြစ်သူကို မျက်ခုံးပင့်ပြလိုက်တော့မှ ငြိမ်နေသည့်စစ်သည်တွေက တဖန်အော်ဟစ်အားပေးကြသည်။
"ကွမ်းမင်!....
ကွမ်းမင်!!"
ပက်လက်ကြီး ခေါ်မရတော့သောကွမ်းမင်ကြောင့် စစ်သည်ငယ်လေးခမျာမျက်နှာပျက်နေပြီမို့ ယုဖုန်းရှင်းပြလိုက်သည်။
"ဘာမှမဖြစ်ဘူး သူအိပ်ပျော်သွားတာ...
ခဏနေနိုးလာလိမ့်မယ်.....
သူ့ကျောကိုဆေးလိမ်းပေးလိုက်ပါဦးနော်....."
ယုဖုန်း မြေပြင်ပေါ်မှ သူ့ဆံထိုးအနီလေးကိုကောက်ပြီး ဖုန်ခါရင်းဆရာဖြစ်သူနားသို့ပြန်သွားသည်။
လီဟော်က သူ့ဓားကိုပြန်ပေးပြီး စကားဆိုသည်။
"အားကြီးတဲ့သူကိုဉာဏ်ရည်နဲ့အနိုင်ယူတာမဆိုးပေမယ့် တကယ့်ရန်သူနဲ့တိုက်ခိုက်ရင်တော့ မင်းအသက်ဆုံးမှာပဲ...."
"ယုအာသိပါတယ်....."
"ရန်သူနဲ့မျက်နှာချင်းဆိုင်ရင် သူစတိုက်ခိုက်တာကိုစောင့်ပြီးရှောင်တိမ်းနေလို့မရဘူး...
ကိုယ်ကမသတ်ရင် သူကကိုယ့်ကိုသတ်မှာပဲ...
နားလည်လား!"
"ဟုတ်"
ယုဖုန်းဆံပင်တွေဆီလှမ်းလာသော လီဟော့်လက်ကို ယုဖုန်းရှောင်လိုက်သည်။
"ငါမင်းကိုဆံပင်ပြန်ထုံးပေးမလို့....."
"ကျေးဇူးတင်ပါတယ်ဆရာ.....
ဒါပေမယ့် မလိုပါဘူး......"
လီဟော့်မေးရိုးတွေတင်းသွားတာကိုမြင်ပေမယ့် ဆံပင်တွေကိုထိဖို့တော့ သူခွင့်ပြုနိုင်မည်မဟုတ်။
ဆံပင်ဟာမြင့်မြတ်တာမို့ မိခင် ဖခင်နှင့် ဇနီးကလွဲရင် တခြားသူစိမ်းကိုထိတွေ့ခွင့်မပြုရဟု သူ့ကိုစာပေသင်ပေးဖူးသည့် ဆရာကြီးရှန်းက ပြောခဲ့ဖူးသည်။
သူ့ကိုငယ်စဥ်ကတည်းကခစားခဲ့သည့် အထိန်းတော်ကြီးကိုလည်း သူ့မယ်တော်တွေနှင့်တန်းတူ သူ၏မိခင်တွေထဲမှတစ်ဦးဟု ယုဖုန်းသက်မှတ်ပြီး ရိရိ၏မိခင် မုသခင်မကြီးကိုလည်းထိုကဲ့သို့ပင်။
သို့သော် သူ၏ဆရာလီဟော်ကတော့ သူ့အတွက် သူစိမ်းတွေထဲမှ ရင်းနှီးသည့်သူစိမ်းတစ်ဦးသာဖြစ်သည်။
ယုဖုန်းကိုယ်တိုင်ဆံထုံးမထုံးတတ်တာမို့ အလွယ်ပိုးကြိုးနှင့်ဆံပင်တွေကို စုချည်ထားလိုက်သည်။
အပြန်လမ်းတလျှောက်လုံးလည်းမြင်းပေါ်မှာ ဘာစကားတစ်ခွန်းမှသူတို့မပြောခဲ့ကြပေမယ့် စစ်သူကြီးအိမ်တော်ပြန်ရောက်တာနဲ့ ယုဖုန်းကို လီဟော်က မြှားပစ်စသင်ပေးသည်။
လေးကြိုးကမာလွန်းလို့ယုဖုန်းလက်တွေပေါက်ပြဲလာပေမယ့် မြှားကပစ်မှတ်စီမရောက်ဘဲ လမ်းတစ်ဝက်မြေပြင်ကိုသာစိုက်ဝင်သွားဆဲ။
အကြာကြီးရပ်ပြီးဆက်တိုက်ပစ်နေရတာမို့ ယုဖုန်းခြေထောက်တွေပင်သိပ်မခိုင်ချင်တော့။
ထောက်ကနဲပြတ်သွားသည့် လေးကြိုးနောက်ပါးပြင်ကလဲ စပ်ဖြင်းသွားသည်။
နာသွားသည့်ပါးပြင်ကိုထိကြည့်လိုက်တော့ သွေးစတချို့ကပါလာသည်။
"ဒီနေ့ဒီလောက်ပဲ.....ပြန်တော့!!"
ပြောပြီးတာနဲ့လီဟော်ကအနားမှထွက်ခွာသွားရာ ယုဖုန်းလည်းလေးလံနေသည့်ခြေထောက်တွေနှင့်ပင် မုအိမ်တော်သို့ရောက်အောင်သွားခဲ့သည်။
လက်နှစ်ဆစ်ခန့်ပြတ်ရှရာလေးက သွေးတွေထွက်နေသည်ကို အပြင်မှာစောင့်နေသည့် ဘင်းဝမ်တို့မြင်သွားတော့ လီဟော့်ကိုသွားရိုက်မယ်တကဲကဲ။
မုအိမ်တော်ကိုလှမ်းဝင်လိုက်တာနဲ့ စာဖတ်ရင်းသူကိုမျှော်နေသည့်ရိရိက စိုးရိမ်မှုတွေနှင့်အနားပြေးလာသည်။
" သွေးတွေနဲ့ဘာဖြစ်လာတာလဲ......
ဘယ်သူ....ဘယ်သူလုပ်တာလဲ......"
စိုးရိမ်မှုနှင့်ဒေါသတွေရောထွေးနေသော ရိရိကိုနှစ်သိမ့်ရန် ရိရိလက်ကိုယုဖုန်းလက်ကလေးနှစ်ဖက်နှင့်ဆုပ်ကိုင်လိုက်သည်။
"မြှားပစ်လေ့ကျင့်ရင်း လေးကြိုးပြတ်သွားလို့ပါ.......
နည်းနည်းလေးပဲထိတာ.....
ယုအာ မနာပါဘူး......"
ဒီတိုင်းစုချည်ထားသည့် ယုဖုန်းဆံပင်တွေကိုထျန်းရိကပွတ်သပ်ပြီး ယုဖုန်းကိုဖက်ထားသည်။
"ဆေးလိမ်းရအောင်နော်.....
ယုအာ....."
"ဟုတ်"
ကိုင်ထားသည့် ယုအာလက်ဖဝါးလေးမှာလည်းပေါက်ပြဲပြီးသွေးဆို့နေကာ တချို့နေရာလေးတွေကသွေးခြေဥနေတာမို့ ထျန်းရိ ရင်နာမိသည်။
တိုက်ခိုက်ရေးသင်ယူရာမှာအနည်းနဲ့အများထိခိုက်ဒဏ်ရာရမှာသိပေမယ့် နုနယ်တဲ့ကလေးငယ်ကိုဒဏ်ရာအပြည့်ဖြစ်စေတာကတော့ လွန်လွန်းသည်။
လိမ်းပေးသည့်ဆေးတွေကစပ်ပေမယ့် ကလေးငယ်ကသူစိတ်မကောင်းဖြစ်မည်စိုးကာ အံလေးကြိတ်ပြီး ဟန်မပျက်ပြုံးပြနေရှာသည်။
မျက်နှာကဒဏ်ရာကိုတော့ ထျန်းရိမိခင်ကိုယ်တိုင်ရေနွေးနွေးလေးနဲ့သွေးတွေကိုသန့်စင်ပေးပြီး အမာရွတ်မကျန်သည့် တန်ဖိုးကြီးဆေးကိုသေချာလိမ်းပေးသည်။
ထျန်းရိလည်း ယုအာဆံပင်ရှည်တွေကို ဆံထိုးအနီလေးနှင့် သပ်သပ်ရပ်ရပ်ပြန်ထုံးဖွဲ့ပေးသည်။
နန်းတော်မှာဆိုရင် သူ့အနားကို အရင်လိုအစ်မတော်မယ်တော်တွေမလာကြတော့ဘဲ အထိန်းတော်နှင့်ကိုယ်ရံတော်တွေသာရှိသည်မို့ မုအိမ်တော်မှာပဲ သူညစာစားခဲ့သည်။
လက်နှစ်ဖက်ကဆေးတွေလိမ်းထားရသောကြောင့် ထျန်းရိကပဲ သေချာခွံ့ကျွေးပြီး နန်းတော်အဝင်ဂိတ်အထိ သူ့ကိုကျောပိုးပြီးလိုက်ပို့သည်။
တစ်နေကုန်ပင်ပန်းခဲ့သမျှကို ထျန်းရိနဲ့တွေ့ချိန်တိုင်း ယုဖုန်းမေ့လျော့သွားတတ်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾
နောက်တစ်နေ့မနက်နိုးထလာချန်မှာ သူ့လက်ဖဝါးတွေနှင့်ပါးပြင်ဟာ အကောင်းပကတိပြန်ဖြစ်နေခဲ့သည်ကိုတွေ့ရတော့ အထိန်းတော်ကြီးကိုအားရဝမ်းသာမေးကြည့်ရာ သူထင်သည့်အတိုင်းပင်။
ခမည်းတော် အစ်ကိုတော် မယ်တော်တွေနှင့် အစ်မတော်တွေက သူအိပ်ပျော်သွားချိန်မှာ ရောက်လာခဲ့ကြပြီး အတော်ကြာမှ ပြန်သွားခဲ့ကြသည်တဲ့။
ယုဖုန်းထိုနေ့ကတစ်နေကုန်စိတ်ပျော်နေပြီး လီဟော်ရဲ့သင်ကြားမှုတွေကပင်ပန်းခက်ခဲပေမယ့် အကောင်းဆုံးကြိုးစားပြီးတောင့်ခံခဲ့ရာ သူ့အသက် ဆယ့်သုံးနှစ်ပြည့်ချိန်မှာတော့ အတိုက်အခိုက်အရည်အချင်းဟာ အလယ်အလတ်အဆင့်ကိုရောက်ခဲ့သည်။
စစ်သူကြီးအိမ်တော်မှာ ယုဖုန်းဓားရေးကျင့်နေစဥ်မှာပဲ ညီလာခံသွားသည့် လီဟော်ပြန်ရောက်လာသည်။
လက်ဖက်ရည်သောက်ရင်းသူ့ကိုခဏနားခိုင်းသည့် လီဟော်ကစကားစလာသည်။
"မင်းကြီးက မင်းသမီး ၈ ရဲ့ကြင်ယာတော်ကိုရွေးခြယ်လိုက်ပြီ....."
"အစ်မတော် ၈ ရဲ့ကြင်ယာတော်?
ဘယ်အရာရှိလဲ....."
လီဟော်ရဲ့စကားကိုသေချာအာရုံစိုက်နားထောင်ရင်း လက်ဖက်ရည်ကိုသာယုဖုန်းအရသာခံသောက်နေလိုက်သည်။
" မုထျန်းရိ ကိုရွေးလိုက်တယ်
မနက်ဖြန်အမိန့်ချမှာ....."
ထိတ်လန့်မှုနဲ့ လက်တွေတုန်သွားပြီး လက်ချောင်းတွေကြားမှ လက်ဖက်ရည်ခွက်ငယ်ဟာ ကျောက်ခင်းထားသည့် မြေပြင်ထက်မှာ အသံမြည်ပြီးကွဲကြေသွားခဲ့သည်။
"ကျွန်တော်သဘောမတူဘူး....."
"မင်းသဘောမတူလို့လည်း ပြောင်းလဲသွားမှာမဟုတ်ဘူး ယုဖုန်း.....
ပြောင်းလဲချင်ရင် ဆန့်ကျင်ဖို့ အာဏာလိုတယ်......
မင်းမှာ ဆန့်ကျင်နိုင်တဲ့ အာဏာရှိလား....."
ယုဖုန်းလက်သီးနှစ်ဖက်ကိုတင်းနေအောင်ဆုပ်ထားသည်။
"အာဏာ?"
သူမလိုချင်ခဲ့သည့် အာဏာကသိပ်ကိုအရေးပါမှန်းယုဖုန်းနားလည်လိုက်သည်။
"ကျွန်တော့်မှာအာဏာမရှိပေမယ့် ဒီမင်္ဂလာကိစ္စလုံးဝမဖြစ်စေရဘူး....."
"မင်းမှာဘာအကြံရှိလို့လဲ....."
"ဆရာ မကြာခင်သိမှာပါ.....
မနက်ဖြန် ညီလာခံမှာ ကျွန်တော့်ကိုကူညီပေးဖို့ တောင်းဆိုပါတယ်......
ကျွန်တော့်ကိုဒီနေ့နားရက်ပေးပါ...."
အရိုအသေပေးပြီး ဖုန်းဟွာဓားကိုဆွဲကိုင်လျက် ယုဖုန်း ကျောခိုင်းသွားစဥ် လီဟော့်ထံမှမေးခွန်းတစ်ခုထွက်ပေါ်လာသည်။
" မုထျန်းရိကမင်းအတွက်ဘာမို့လို့လဲ......"
ယုဖုန်းခြေလှမ်းတွေရပ်တန့်ကာ သူ့မှာရှိနေပြီးသားဖြစ်သည့် ထိုမေးခွန်းအတွက်အဖြေကို ပြတ်သားစွာပေးခဲ့သည်။
"သူက ကျွန်တော့်အတွက် သီးသန့်ဖြစ်တည်နေတဲ့သူ......
ဒါကြောင့်မို့ သူ့ကိုဘယ်သူမှပိုင်ဆိုင်ခွင့်မရှိဘူး...."
ဟုတ်တယ် ရိရိက သူ့အတွက်တော့ သူတရားမဝင်သက်မှတ်ထားတဲ့ တရားဝင်ပိုင်ဆိုင်မှုပဲ။
◽◾◽◾◽◾◽◾◽◾◽◾◽◾
Zawgyi
ယုဖုန္း ပုံမွန္အတိုင္း စစ္သူႀကီးအိမ္ေတာ္ကိုေရာက္ေတာ့ ဆရာျဖစ္သူလီေဟာ္ကသူ႕ကိုအိမ္ေတာ္အဝင္ေပါက္ကေနရပ္ေစာင့္ေနသည္ကိုေတြ႕ရသည္။
"ဆရာ.....
ဒီမွာဘာရပ္လုပ္ေနတာလဲ....."
"မင္းကိုေစာင့္ေနတာ......"
ေျပာေျပာဆိုဆိုဆရာကသူ႕ျမင္းေပၚတက္ကာ ယုဖုန္းကိုလက္ကမ္းေပးေလသည္။
"လာေလ....."
လီေဟာ္ရဲ႕လက္ကိုဆြဲကာ ယုဖုန္းလည္း ျမင္းေပၚတက္လိုက္ရသည္။
ျပဴးေၾကာင္ေၾကာင္ၾကည့္ေနၾကသည့္ ဘင္းဝမ္တို႔ကို လီေဟာ္ကအမိန့္ေပးလိုက္သည္။
"မင္းတို႔လိုက္လာစရာမလိုဘူး
ဒီမွာပဲေနခဲ့ၾက"
"ဆရာ....ဘယ္သြားမလို႔လဲဟင္......"
"ေတာ္ဝင္စစ္တန္းလ်ား..."
လီေဟာ္ကျမင္းကိုစတင္ထြက္ခြာေစကာ အေနာက္မွ လက္ေထာက္ျဖစ္သူကလည္း ျမင္းတစ္ေကာင္ႏွင့္လိုက္လာသည္။
ယုဖုန္း သူ႕လက္ထဲကဓားကိုေသခ်ာပိုက္ထားရင္း ကိုယ္ကိုမတ္မတ္ထိုင္ထားကာ သက္ေတာင့္သက္သာမျဖစ္ေပမယ့္ အေနာက္ကလူရင္ခြင္ထဲပစ္မွီရေအာင္ ထိုလူကရိရိမွမဟုတ္ဘဲ.....
႐ုတ္တရက္ လီေဟာ္ကယုဖုန္းခါးကိုဆြဲဖက္ကာ သူ႕တစ္ကိုယ္လုံးကိုအေနာက္သို႔မွီေစသည္။
ဘာသံမွမထြက္ေပမယ့္ ယုဖုန္းမ်က္လုံးေလးျပဴးသြားတာကိုလီေဟာ္ကျမင္ၿပီး ၿပဳံးေယာင္သန္းသြားသည္။
ခႏၶာကိုယ္ကသက္ေတာင့္သက္သာျဖစ္သြားေပမယ့္ ယုဖုန္းစိတ္ထဲမွာေတာ့ေနရခက္ေနသည္။
ဒီပုံစံကိုသာရိရိျမင္ရင္ ေသခ်ာေပါက္စိတ္ဆိုးသြားမွာ......
ယုဖုန္းမွီထားရာကေနမသိမသာျဖည္းျဖည္းခ်င္း ကိုယ္ခ်င္းျပန္ခြာမည္လုပ္ေတာ့ လီေဟာ္ကသူ႕ခါးကိုပိုတင္းေအာင္ဆြဲကိုင္ေလသည္။
"ၿငိမ္ၿငိမ္ေန ယုအာ....."
ျမင္းကိုအရွိန္ျမန္ျမန္ေျပးေစၿပီး ေတာ္ဝင္စစ္တန္းလ်ားကိုေရာက္ေတာ့ စစ္တပ္အရာရွိငယ္ေတြက စစ္သူႀကီးျဖစ္သူကိုေလးေလးစားစားႀကိဳဆိုၾကသည္။
"အရာရွိေတြနဲ႕ေနခဲ့ဦး...."
လီေဟာ္ကအေရးႀကီးလုပ္စရာရွိဟန္တူသည္မို႔ ယုဖုန္းေခါင္းေလးညိတ္ျပလိုက္သည္။
"ဒါက ငါ့တပည့္ မင္းသားယုဖုန္း.....
မင္းတို႔သူ႕ကိုေစာင့္ေရွာက္ေပးထား....."
"ဟုတ္ကဲ့ပါ စစ္သူႀကီး!!"
လီေဟာ္နဲ႕သူ႕လက္ေထာက္ထြက္သြားၾကေတာ့ ယုဖုန္းအရာရွိေတြကိုၿပဳံးျပလိုက္သည္။
"စစ္တန္းလ်ားကိုလိုက္ျပေပးပါလား.....
ယုအာတစ္ခါမွမေရာက္ဖူးေသးလို႔....."
"အမိန့္ေတာ္အတိုင္းပါ မင္းသားေလး....
ကြၽန္ေတာ္မ်ိဳးတို႔ လိုက္ျပေပးပါ့မယ္...."
အငယ္တန္းအရာရွိတစ္သိုက္ဝန္းရံလ်က္ ယုဖုန္း စစ္တန္းလ်ားႀကီးကိုလိုက္ၿပီးစပ္စုေတာ့သည္။
မင္းသားတစ္ပါးဆိုတဲ့အဆင့္အတန္းေၾကာင့္ အရာရွိငယ္ေတြကအစပိုင္းမွာရွိန္ေနၾကေပမယ့္ မာန္မာနမရွိတဲ့ယုဖုန္းရဲ႕စကားမ်ားေၾကာင့္ ရယ္ရယ္ေမာေမာႏွင့္ သက္ေတာင့္သက္သာျဖစ္လာၾကသည္။
ေလ့က်င့္ေရးကြင္းေတြမွာ လက္နက္နဲ႕ေလ့က်င့္ေနၾကသည့္ စစ္သည္ေတြကိုၾကည့္ရင္း ယုဖုန္း စစ္တပ္ကိုသိပ္မေၾကာက္ေတာ့ေပ။
စစ္သည္ေတြကၾကမ္းတမ္းေပမယ့္ သူတို႔ရဲ႕အသက္ေတြနဲ႕နိုင္ငံကိုကာကြယ္ေနၾကသူေတြမွန္းယုဖုန္းလက္ခံလာသည္။
ခမည္းေတာ္သူ႕ကိုစစ္တပ္ထဲတာဝန္ေပးတဲ့အခါ သူေက်ေက်နပ္နပ္ႀကီး လက္ခံေတာ့မည္ဟု စိတ္ဆုံးျဖတ္လိုက္သည္။
တစ္ေနရာေရာက္ေတာ့ လက္ရည္ယွဥ္ေနၾကသည့္ အသက္ငယ္ငယ္စစ္သည္တစ္စုကိုယုဖုန္းေတြ႕ၿပီး စိတ္ဝင္စားမိကာ ရပ္ၾကည့္ေနလိုက္သည္။
" သူတို႔ၾကည့္ရတာ ဆယ့္ေလးဆယ့္ငါးေလာက္ပဲရွိၾကဦးမယ္ထင္တယ္...."
"ဟုတ္ပါတယ္.....
သူတို႔က အသစ္ေတြပါ.....
အခုမွစသင္ၾကားတုန္းပဲရွိပါေသးတယ္....."
ယုဖုန္းစကားကိုေဘးမွအရာရွိေတြကဝင္ေထာက္ခံသည္။
တစ္ေယာက္ခ်င္းတိုက္ခိုက္ေနတာကို စစ္သည္ႀကီးေတြကလည္း ဝိုင္းၾကည့္ကာ ေအာ္ဟစ္အားေပးေနၾကေသးသည္။
"လက္ရည္ဝင္စမ္းၾကည့္ေလ"
"အမ္မေလး!"
နံေဘးကထြက္လာသည့္အသံႏွင့္ ဘြားခနဲေရာက္ခ်လာေသာ လီေဟာ္ေၾကာင့္ ယုဖုန္းရင္ဘက္ကိုဖိလိုက္ရသည္။
"သြား......
တစ္ပြဲေလာက္ ဝင္စမ္းလိုက္....."
"ဆရာကလည္း.....
မေနာက္ပါနဲ႕...... "
ယုဖုန္း ရယ္က်ဲက်ဲလုပ္ေနေပမယ့္ လီေဟာ္ရဲ႕တည္တံ့ေနသည့္ ႐ုပ္ေၾကာင့္ မေနာက္မွန္းနားလည္သြားသည္။
"ဘာလဲ.....
ေၾကာက္ေနတာလား......
ငါမင္းကိုအေျခခံတိုက္ကြက္ေတြသင္ေပးၿပီးၿပီေလ......."
ယုဖုန္းႏႈတ္ခမ္းေလးမဲ့တဲ့တဲ့ႏွင့္ သူ႕လက္စြဲေတာ္ဓားကိုလီေဟာ့္ထံေပးလိုက္သည္။
"ဆရာ ဓားခဏကိုင္ထားေပး......"
ယုဖုန္းဓားကိုယူၿပီး လီေဟာ္က လူစုေဝးထံအသံက်ယ္က်ယ္ႏွင့္ေအာ္ေတာ့သည္။
"တိုက္ေနတာရပ္!!"
စစ္သည္ေတြအားလုံး ၿငိမ္သြားကာ လီေဟာ္ကိုအရိုအေသေပးၾကသည္။
"အသစ္ေတြထဲမွာ ဘယ္သူအေတာ္ဆုံးလဲ!"
"ကြမ္းမင္ပါ!"
"ကြမ္းမင္ထြက္ခဲ့!!"
လီေဟာ္ရဲ႕အမိန့္အတိုင္း ကြမ္းမင္ဆိုသူထြက္လာေတာ့ ယုဖုန္းမ်က္လုံးျပဴးကာ ဆရာျဖစ္သူကို အသနားခံဟန္ ေခါင္းေလးရမ္းျပေတာ့သည္။
ထိုကြမ္းမင္ဆိုသူရဲ႕ အရပ္နဲ႕ကိုယ္ခႏၶာအ႐ြယ္အစားက ထ်န္းရိႏွင့္အတူတူေလာက္ရွိၿပီး ယုဖုန္းနိုင္နိုင္မည္မထင္။
ၿပီးေတာ့သူ႕မွာ အစိမ္းေရာင္သန္းတဲ့မ်က္ဝန္းေတြရွိတာမို႔ သူ႕အစြမ္းကအင္အားႀကီးျခင္းျဖစ္မည္ထင္သည္။
"ဆရာ....."
"သြားေလ.....
ကြမ္းမင္!
မင္း မင္းသားယုဖုန္းနဲ႕ လက္ရည္ယွဥ္ရမယ္!
ရာထူးကိုဂ႐ုစိုက္စရာမလိုဘူး
အေလ်ာ့ေပးစရာလည္းမလိုဘူး!"
ယုဖုန္းမ်က္ႏွာကျဖဴေဖ်ာ့လာကာ ဝတ္႐ုံကိုဖိေခ်ဆဳပ္ကိုင္ထားရင္း ကြင္းျပင္သို႔ဆင္းလိုက္သည္။
ဆရာေရ ၁၂ ႏွစ္ပဲရွိေသးတဲ့ကြၽန္ေတာ့္ကို ဒီလို ၁၆ ႏွစ္ သန္သန္မာမာႀကီးနဲ႕ယွဥ္ခိုင္းတာ နည္းနည္းမွမတရားပါဘူးေနာ္!!!
စိတ္ထဲကေနသာေအာ္ဟစ္ေနၿပီး ကြမ္းမင္ဆိုသူႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ ယုဖုန္းခမ်ာ ေမာ့ၾကည့္ရရွာသည္။
"စေတာ့!!"
ဟိန္းကနဲထြက္လာျပန္တဲ့ ဆရာ့အသံႀကီးကိုမုန္းလိုက္တာ.....
အနီးကပ္ႀကီးေျပးဝင္လာသည့္လက္သီးႀကီးေၾကာင့္ ယုဖုန္းထိုင္ခ်လိဳက္ၿပီး ေဘးသို႔ေရွာင္ထြက္လိုက္သည္။
"ဝုန္း!!"
လက္သီးအားကသိပ္ျပင္းဟန္မတူ ခပ္လွမ္းလွမ္းမွ ဝါးစင္ေလးတစ္စစီျဖစ္သြား႐ုံေလာက္ပါပဲ။
ယုဖုန္းတံေတြးၿမိဳခ်ကာ ကြမ္းမင္ရဲ႕လက္သီးကို ပတ္ေရွာင္ရေတာ့သည္။
ကြမ္းမင္ဆိုတဲ့သူက လီေဟာ့္စကားအတိုင္း ယုဖုန္းကိုလုံးဝညွာတာျခင္းမရွိဘဲတိုက္ခိုက္ေနေတာ့ အေကာင္ေသးေလးမွာႂကြက္ေလးလိုပဲ ဟိုေျပးဒီေရွာင္လုပ္ေနရသည္။
"သခင္......
မင္းသားယုဖုန္းကိုဘာေၾကာင့္ စစ္တန္းလ်ားေခၚခဲ့ရတာလဲ.....
သူ စစ္သည္ေတြနဲ႕ရင္းႏွီးသြားလို႔မျဖစ္ဘူးေလ သခင္....."
နံေဘးမွလက္ေထာက္ဖူကို လီေဟာ္သတိေပးသည့္အၾကည့္ခပ္စူးစူးႏွင့္ၾကည့္လိုက္သည္။
"မင္းႏႈတ္ကိုဒီလိုလူၾကားထဲမွာမဟနဲ႕!"
အံႀကိတ္ၿပီးေျပာသည့္ လီေဟာ့္အသံတိုးတိုးေနာက္ လက္ေထာက္ဖူလုံးဝအသံတိတ္သြားသည္။
ကြင္းထဲမွယုဖုန္းကေတာ့ ေရွာင္ရင္းတိမ္းရင္း ကြမ္းမင္ရဲ႕ ဒေဂါက္ေကြးႏွစ္ဖက္ကို လ်င္ျမန္စြာ အားကုန္ေစာင့္ကန္ပစ္လိုက္ေတာ့ ကြမ္းမင္ဒူးေထာက္က်မလိုျဖစ္သြားသည္။
"အားေတာ့နာတယ္"
ယုဖုန္း ကြမ္းမင္ ၾကားသာ႐ုံေျပာၿပီး ငုံ႕ကိုင္းေနသည့္ ထိုလူ႕ကိုယ္ေပၚခုန္တက္ကာ ေက်ာရိုးေပၚ ဒူးနဲ႕ေဆာင့္ခ်လိဳက္ေတာ့ နာက်င္စြာေအာ္ၿပီး ကြမ္းမင္ကယုဖုန္းကိုသူ႕အေပၚမွဆြဲခ်သည္။
ကြမ္းမင္ရဲ႕လည္ပင္းကိုအေနာက္ကေန မရွိမဲ့ရွိမဲ့လက္ေမာင္းအားနဲ႕ ဖိညွပ္ကာ ျပဳတ္မက်ေအာင္ကုတ္တြယ္ထားေတာ့ ကြမ္းမင္ကလည္းမွီရာ ယုဖုန္းဆံထုံးကိုဆြဲလိုက္မိသည္။
ဆံထိုးျပဳတ္ထြက္သြားၿပီး ေျပက်လာသည့္ ဆံပင္ရွည္ေတြႏွင့္ယုဖုန္းက ကြမ္းမင္ရဲ႕လည္ပင္းကိုခ်ဳပ္လ်က္ နတ္ဆိုးေလးလိုၿပဳံးသည္။
ေမးရိုးေအာက္မွရွာေတြ႕သြားသည့္အေၾကာကိုျဖတ္ရိုက္ထည့္လိုက္ေတာ့ ကြမ္းမင္က အ႐ုပ္က်ိဳးျပတ္ေခြက်သြားရာ ယုဖုန္းလည္းအျမန္ခုန္ဆင္းလိုက္သည္။
ဝတ္႐ုံမွဖုန္စတို႔ကိုခါရင္း ယုဖုန္းဆရာျဖစ္သူကို မ်က္ခုံးပင့္ျပလိုက္ေတာ့မွ ၿငိမ္ေနသည့္စစ္သည္ေတြက တဖန္ေအာ္ဟစ္အားေပးၾကသည္။
"ကြမ္းမင္!....
ကြမ္းမင္!!"
ပက္လက္ႀကီး ေခၚမရေတာ့ေသာကြမ္းမင္ေၾကာင့္ စစ္သည္ငယ္ေလးခမ်ာမ်က္ႏွာပ်က္ေနၿပီမို႔ ယုဖုန္းရွင္းျပလိုက္သည္။
"ဘာမွမျဖစ္ဘူး သူအိပ္ေပ်ာ္သြားတာ...
ခဏေနနိုးလာလိမ့္မယ္.....
သူ႕ေက်ာကိုေဆးလိမ္းေပးလိုက္ပါဦးေနာ္....."
ယုဖုန္း ေျမျပင္ေပၚမွ သူ႕ဆံထိုးအနီေလးကိုေကာက္ၿပီး ဖုန္ခါရင္းဆရာျဖစ္သူနားသို႔ျပန္သြားသည္။
လီေဟာ္က သူ႕ဓားကိုျပန္ေပးၿပီး စကားဆိုသည္။
"အားႀကီးတဲ့သူကိုဉာဏ္ရည္နဲ႕အနိုင္ယူတာမဆိုးေပမယ့္ တကယ့္ရန္သူနဲ႕တိုက္ခိုက္ရင္ေတာ့ မင္းအသက္ဆုံးမွာပဲ...."
"ယုအာသိပါတယ္....."
"ရန္သူနဲ႕မ်က္ႏွာခ်င္းဆိုင္ရင္ သူစတိုက္ခိုက္တာကိုေစာင့္ၿပီးေရွာင္တိမ္းေနလို႔မရဘူး...
ကိုယ္ကမသတ္ရင္ သူကကိုယ့္ကိုသတ္မွာပဲ...
နားလည္လား!"
"ဟုတ္"
ယုဖုန္းဆံပင္ေတြဆီလွမ္းလာေသာ လီေဟာ့္လက္ကို ယုဖုန္းေရွာင္လိုက္သည္။
"ငါမင္းကိုဆံပင္ျပန္ထုံးေပးမလို႔....."
"ေက်းဇူးတင္ပါတယ္ဆရာ.....
ဒါေပမယ့္ မလိုပါဘူး......"
လီေဟာ့္ေမးရိုးေတြတင္းသြားတာကိုျမင္ေပမယ့္ ဆံပင္ေတြကိုထိဖို႔ေတာ့ သူခြင့္ျပဳနိုင္မည္မဟုတ္။
ဆံပင္ဟာျမင့္ျမတ္တာမို႔ မိခင္ ဖခင္ႏွင့္ ဇနီးကလြဲရင္ တျခားသူစိမ္းကိုထိေတြ႕ခြင့္မျပဳရဟု သူ႕ကိုစာေပသင္ေပးဖူးသည့္ ဆရာႀကီးရွန္းက ေျပာခဲ့ဖူးသည္။
သူ႕ကိုငယ္စဥ္ကတည္းကခစားခဲ့သည့္ အထိန္းေတာ္ႀကီးကိုလည္း သူ႕မယ္ေတာ္ေတြႏွင့္တန္းတူ သူ၏မိခင္ေတြထဲမွတစ္ဦးဟု ယုဖုန္းသက္မွတ္ၿပီး ရိရိ၏မိခင္ မုသခင္မႀကီးကိုလည္းထိုကဲ့သို႔ပင္။
သို႔ေသာ္ သူ၏ဆရာလီေဟာ္ကေတာ့ သူ႕အတြက္ သူစိမ္းေတြထဲမွ ရင္းႏွီးသည့္သူစိမ္းတစ္ဦးသာျဖစ္သည္။
ယုဖုန္းကိုယ္တိုင္ဆံထုံးမထုံးတတ္တာမို႔ အလြယ္ပိုးႀကိဳးႏွင့္ဆံပင္ေတြကို စုခ်ည္ထားလိုက္သည္။
အျပန္လမ္းတေလွ်ာက္လုံးလည္းျမင္းေပၚမွာ ဘာစကားတစ္ခြန္းမွသူတို႔မေျပာခဲ့ၾကေပမယ့္ စစ္သူႀကီးအိမ္ေတာ္ျပန္ေရာက္တာနဲ႕ ယုဖုန္းကို လီေဟာ္က ျမႇားပစ္စသင္ေပးသည္။
ေလးႀကိဳးကမာလြန္းလို႔ယုဖုန္းလက္ေတြေပါက္ၿပဲလာေပမယ့္ ျမႇားကပစ္မွတ္စီမေရာက္ဘဲ လမ္းတစ္ဝက္ေျမျပင္ကိုသာစိုက္ဝင္သြားဆဲ။
အၾကာႀကီးရပ္ၿပီးဆက္တိုက္ပစ္ေနရတာမို႔ ယုဖုန္းေျခေထာက္ေတြပင္သိပ္မခိုင္ခ်င္ေတာ့။
ေထာက္ကနဲျပတ္သြားသည့္ ေလးႀကိဳးေနာက္ပါးျပင္ကလဲ စပ္ျဖင္းသြားသည္။
နာသြားသည့္ပါးျပင္ကိုထိၾကည့္လိုက္ေတာ့ ေသြးစတခ်ိဳ႕ကပါလာသည္။
"ဒီေန႕ဒီေလာက္ပဲ.....ျပန္ေတာ့!!"
ေျပာၿပီးတာနဲ႕လီေဟာ္ကအနားမွထြက္ခြာသြားရာ ယုဖုန္းလည္းေလးလံေနသည့္ေျခေထာက္ေတြႏွင့္ပင္ မုအိမ္ေတာ္သို႔ေရာက္ေအာင္သြားခဲ့သည္။
လက္ႏွစ္ဆစ္ခန့္ျပတ္ရွရာေလးက ေသြးေတြထြက္ေနသည္ကို အျပင္မွာေစာင့္ေနသည့္ ဘင္းဝမ္တို႔ျမင္သြားေတာ့ လီေဟာ့္ကိုသြားရိုက္မယ္တကဲကဲ။
မုအိမ္ေတာ္ကိုလွမ္းဝင္လိုက္တာနဲ႕ စာဖတ္ရင္းသူကိုေမွ်ာ္ေနသည့္ရိရိက စိုးရိမ္မႈေတြႏွင့္အနားေျပးလာသည္။
" ေသြးေတြနဲ႕ဘာျဖစ္လာတာလဲ......
ဘယ္သူ....ဘယ္သူလုပ္တာလဲ......"
စိုးရိမ္မႈႏွင့္ေဒါသေတြေရာေထြးေနေသာ ရိရိကိုႏွစ္သိမ့္ရန္ ရိရိလက္ကိုယုဖုန္းလက္ကေလးႏွစ္ဖက္ႏွင့္ဆုပ္ကိုင္လိုက္သည္။
"ျမႇားပစ္ေလ့က်င့္ရင္း ေလးႀကိဳးျပတ္သြားလို႔ပါ.......
နည္းနည္းေလးပဲထိတာ.....
ယုအာ မနာပါဘူး......"
ဒီတိုင္းစုခ်ည္ထားသည့္ ယုဖုန္းဆံပင္ေတြကိုထ်န္းရိကပြတ္သပ္ၿပီး ယုဖုန္းကိုဖက္ထားသည္။
"ေဆးလိမ္းရေအာင္ေနာ္.....
ယုအာ....."
"ဟုတ္"
ကိုင္ထားသည့္ ယုအာလက္ဖဝါးေလးမွာလည္းေပါက္ၿပဲၿပီးေသြးဆို႔ေနကာ တခ်ိဳ႕ေနရာေလးေတြကေသြးေျခဥေနတာမို႔ ထ်န္းရိ ရင္နာမိသည္။
တိုက္ခိုက္ေရးသင္ယူရာမွာအနည္းနဲ႕အမ်ားထိခိုက္ဒဏ္ရာရမွာသိေပမယ့္ ႏုနယ္တဲ့ကေလးငယ္ကိုဒဏ္ရာအျပည့္ျဖစ္ေစတာကေတာ့ လြန္လြန္းသည္။
လိမ္းေပးသည့္ေဆးေတြကစပ္ေပမယ့္ ကေလးငယ္ကသူစိတ္မေကာင္းျဖစ္မည္စိုးကာ အံေလးႀကိတ္ၿပီး ဟန္မပ်က္ၿပဳံးျပေနရွာသည္။
မ်က္ႏွာကဒဏ္ရာကိုေတာ့ ထ်န္းရိမိခင္ကိုယ္တိုင္ေရႏြေးႏြေးေလးနဲ႕ေသြးေတြကိုသန့္စင္ေပးၿပီး အမာ႐ြတ္မက်န္သည့္ တန္ဖိုးႀကီးေဆးကိုေသခ်ာလိမ္းေပးသည္။
ထ်န္းရိလည္း ယုအာဆံပင္ရွည္ေတြကို ဆံထိုးအနီေလးႏွင့္ သပ္သပ္ရပ္ရပ္ျပန္ထုံးဖြဲ႕ေပးသည္။
နန္းေတာ္မွာဆိုရင္ သူ႕အနားကို အရင္လိုအစ္မေတာ္မယ္ေတာ္ေတြမလာၾကေတာ့ဘဲ အထိန္းေတာ္ႏွင့္ကိုယ္ရံေတာ္ေတြသာရွိသည္မို႔ မုအိမ္ေတာ္မွာပဲ သူညစာစားခဲ့သည္။
လက္ႏွစ္ဖက္ကေဆးေတြလိမ္းထားရေသာေၾကာင့္ ထ်န္းရိကပဲ ေသခ်ာခြံ႕ေကြၽးၿပီး နန္းေတာ္အဝင္ဂိတ္အထိ သူ႕ကိုေက်ာပိုးၿပီးလိုက္ပို႔သည္။
တစ္ေနကုန္ပင္ပန္းခဲ့သမွ်ကို ထ်န္းရိနဲ႕ေတြ႕ခ်ိန္တိုင္း ယုဖုန္းေမ့ေလ်ာ့သြားတတ္သည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ေနာက္တစ္ေန႕မနက္နိုးထလာခ်န္မွာ သူ႕လက္ဖဝါးေတြႏွင့္ပါးျပင္ဟာ အေကာင္းပကတိျပန္ျဖစ္ေနခဲ့သည္ကိုေတြ႕ရေတာ့ အထိန္းေတာ္ႀကီးကိုအားရဝမ္းသာေမးၾကည့္ရာ သူထင္သည့္အတိုင္းပင္။
ခမည္းေတာ္ အစ္ကိုေတာ္ မယ္ေတာ္ေတြႏွင့္ အစ္မေတာ္ေတြက သူအိပ္ေပ်ာ္သြားခ်ိန္မွာ ေရာက္လာခဲ့ၾကၿပီး အေတာ္ၾကာမွ ျပန္သြားခဲ့ၾကသည္တဲ့။
ယုဖုန္းထိုေန႕ကတစ္ေနကုန္စိတ္ေပ်ာ္ေနၿပီး လီေဟာ္ရဲ႕သင္ၾကားမႈေတြကပင္ပန္းခက္ခဲေပမယ့္ အေကာင္းဆုံးႀကိဳးစားၿပီးေတာင့္ခံခဲ့ရာ သူ႕အသက္ ဆယ့္သုံးႏွစ္ျပည့္ခ်ိန္မွာေတာ့ အတိုက္အခိုက္အရည္အခ်င္းဟာ အလယ္အလတ္အဆင့္ကိုေရာက္ခဲ့သည္။
စစ္သူႀကီးအိမ္ေတာ္မွာ ယုဖုန္းဓားေရးက်င့္ေနစဥ္မွာပဲ ညီလာခံသြားသည့္ လီေဟာ္ျပန္ေရာက္လာသည္။
လက္ဖက္ရည္ေသာက္ရင္းသူ႕ကိုခဏနားခိုင္းသည့္ လီေဟာ္ကစကားစလာသည္။
"မင္းႀကီးက မင္းသမီး ၈ ရဲ႕ၾကင္ယာေတာ္ကိုေ႐ြးျခယ္လိုက္ၿပီ....."
"အစ္မေတာ္ ၈ ရဲ႕ၾကင္ယာေတာ္?
ဘယ္အရာရွိလဲ....."
လီေဟာ္ရဲ႕စကားကိုေသခ်ာအာ႐ုံစိုက္နားေထာင္ရင္း လက္ဖက္ရည္ကိုသာယုဖုန္းအရသာခံေသာက္ေနလိုက္သည္။
" မုထ်န္းရိ ကိုေ႐ြးလိုက္တယ္
မနက္ျဖန္အမိန့္ခ်မွာ....."
ထိတ္လန့္မႈနဲ႕ လက္ေတြတုန္သြားၿပီး လက္ေခ်ာင္းေတြၾကားမွ လက္ဖက္ရည္ခြက္ငယ္ဟာ ေက်ာက္ခင္းထားသည့္ ေျမျပင္ထက္မွာ အသံျမည္ၿပီးကြဲေၾကသြားခဲ့သည္။
"ကြၽန္ေတာ္သေဘာမတူဘူး....."
"မင္းသေဘာမတူလို႔လည္း ေျပာင္းလဲသြားမွာမဟုတ္ဘူး ယုဖုန္း.....
ေျပာင္းလဲခ်င္ရင္ ဆန့္က်င္ဖို႔ အာဏာလိုတယ္......
မင္းမွာ ဆန့္က်င္နိုင္တဲ့ အာဏာရွိလား....."
ယုဖုန္းလက္သီးႏွစ္ဖက္ကိုတင္းေနေအာင္ဆုပ္ထားသည္။
"အာဏာ?"
သူမလိုခ်င္ခဲ့သည့္ အာဏာကသိပ္ကိုအေရးပါမွန္းယုဖုန္းနားလည္လိုက္သည္။
"ကြၽန္ေတာ့္မွာအာဏာမရွိေပမယ့္ ဒီမဂၤလာကိစၥလုံးဝမျဖစ္ေစရဘူး....."
"မင္းမွာဘာအႀကံရွိလို႔လဲ....."
"ဆရာ မၾကာခင္သိမွာပါ.....
မနက္ျဖန္ ညီလာခံမွာ ကြၽန္ေတာ့္ကိုကူညီေပးဖို႔ ေတာင္းဆိုပါတယ္......
ကြၽန္ေတာ့္ကိုဒီေန႕နားရက္ေပးပါ...."
အရိုအေသေပးၿပီး ဖုန္းဟြာဓားကိုဆြဲကိုင္လ်က္ ယုဖုန္း ေက်ာခိုင္းသြားစဥ္ လီေဟာ့္ထံမွေမးခြန္းတစ္ခုထြက္ေပၚလာသည္။
" မုထ်န္းရိကမင္းအတြက္ဘာမို႔လို႔လဲ......"
ယုဖုန္းေျခလွမ္းေတြရပ္တန့္ကာ သူ႕မွာရွိေနၿပီးသားျဖစ္သည့္ ထိုေမးခြန္းအတြက္အေျဖကို ျပတ္သားစြာေပးခဲ့သည္။
"သူက ကြၽန္ေတာ့္အတြက္ သီးသန့္ျဖစ္တည္ေနတဲ့သူ......
ဒါေၾကာင့္မို႔ သူ႕ကိုဘယ္သူမွပိုင္ဆိုင္ခြင့္မရွိဘူး...."
ဟုတ္တယ္ ရိရိက သူ႕အတြက္ေတာ့ သူတရားမဝင္သက္မွတ္ထားတဲ့ တရားဝင္ပိုင္ဆိုင္မႈပဲ။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
Bạn đang đọc truyện trên: Truyen247.Pro