Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Chapter-5


ကုမ္ပဏီထဲ​ရောက်​​တော့ ၀န်​ထမ်း​ကောင်​မ​လေး​တွေကို သူက အတွင်းရေးမှူးအသစ်​ဆိုတာကို​ပြောပြီး သူ​ဌေးရုံးခန်းကိုလိုက်​ပို့ခိုင်းရသည်
သူ​ဌေးနဲ့ ပထမဆုံး​တွေ့ရမှာဆို​တော့နည်းနည်း​တော့​ကြောက်​မိသား
ပထမဆုံး​နေ့မှာတင်​အလုပ်​​တော့မဖြုတ်​​လောက်​ပါဘူး​လေ လို့​တွေးပီးသာ
ဝန်​ထမ်း​ကောင်​မ​လေး​ခေါ်ရာ​နောက်​ရင်​တထိတ်​ထိတ်​နဲ့လိုက်​သွားရသည်
အ​ပေါ်ဆုံးထပ်​​ရောက်​​တော့
"သူ​ဌေးအခန်းကဒီအခန်းပဲ ၀င်​သွားလိုက်​​တော့​နော်​"
"Hote​ကျေးဇူးပါ"
ဝန်​ထမ်း​ကောင်​မ​လေးထွက်​သွား​တော့ အသက်​ကို​ဖြေး​ဖြေးမှန်​မှန်​ရှူပီး တံခါးကို ​ခေါက်​လိုက်​ပြီး ၀င်​လာခဲ့သည်
အထဲ​ရောက်​​တော့
ကုတ်​အဖြူကိုဝတ်​ထားပီး အရပ်​ကမိုးထိုး​နေတဲ့လူတ​ယောက်​​ကျော​ပေးထားသည်
နောက်​​ကျောကို ကြည့်​ပီး ​တောင်​လူကရှိန်​ချင်​လာသည်
အသက်​ကလည်း ကြီးမဲ့ပုံမ​ပေါ် ရွယ်​တူ​လောက်​ပဲဖြစ်​မှာမို့ အသက်​ငယ်​ငယ်​နဲ့ဒီလိုအလှကုန်​ ကုမ္ပဏီ မျိုး
ထောင်​ထားနိုင်​တာ ​တော့ ရှိန်​မိသည်
စဉ်းစားခန်းကိုဖြတ်​​ချောင်းတချက်​ဟန့်​ပီး
"အဟင်း...အဟင်း...ကျ​တော်​ အသစ်​​ရောက်​လာတဲ့အတွင်း​ရေးမှူးPark Ji Hoonပါ "
Jihoonအသံကြားတော့ ​ကျော​ပေးထားတဲ့သူက လှည့်​လာသည်
သူ​ဌေးဆိုတဲ့သူရဲ့မျက်​နှာကိုမြင်​​တော့
"ဟင်​....မင်း...မင်း....Lai Kuan Lin"
Jihoonရဲ့ အံ့သြ​နေတဲ့အမူအရာကိုမြင်​ပီး
Kuan linကသ​ဘောကျစွာရယ်​ပီး
"Bravo...ကျ​တော့်​ကိုမှတ်​မိသားပဲPark Ji Hoon"
မ​တွေ့ရတဲ့အချိန်​အတွင်း ​မမှတ်​မိနိုင်​​အောင်​​ချောလာတဲ့kuan linကိုမြင်​ပီးနှလုံးခုန်​မြန်​​နေတာကထိန်းမရ...
"ငါ့ကိုချက်​ချင်းအလုပ်​ခန့်​လို့ဆိုပီးအံ့သြ​နေတာ လက်​စသတ်​​တော့ သူ​ဌေးကမင်းဖြစ်​​နေတာကိုး ....မင်း လက်​​အောက်​မှာအလုပ်​လုပ်​ရမှာဆိုငါမလုပ်​နိုင်​ဘူး kuan lin"
Jihoonစကားကိုkuan linနှုတ်​ခမ်း​လေးက ပြုံးတယ်​ဆိုရုံ​လေးတွန့်​​ကွေးသွားပီး
"ဘာလဲ ကျွန်​​တော်​က ခင်​ဗျားအ​ပေါ်ခံစားချက်​​တွေရှိ​သေးလို့ အခုလို အလုပ်​ခန့်​လိုက်​တာလို့ ထင်​​နေတာလား ....ဒါမှမဟုတ်​ ခင်​ဗျားကပဲကျ​တော့်​အ​ပေါ်ခံစားချက်​​တွေရှိ​နေလို့မလုပ်​နိုင်​တာလား"
Kuanlinစကားကြား​တော့jihoonပါးနှစ်​လုံးစ​တော်ဘယ်​ရီ​ရောင်​​ပြောင်းသွားသည်
"ငါက မင်းအ​ပေါ်ဘာလို့ခံစားချက်​ရှိရမှာလဲရူး​နေလား"
"ဒါဆိုလည်း ကျ​တော့်​အတွင်း​ရေးမှူးလုပ်​​လေ
ကျ​တော်​ ခင်​ဗျားကိုခန့်​တာလည်း အရင်​တုန်းကသိခဲ့တယ်​ဆိုတဲ့စိတ်​နဲ့ခန့်​လိုက်​တာ သိခဲ့ဖူးတဲ့သူ​တွေဆို​တော့စိတ်​ချရတာ​ပေါ့မဟုတ်​ဘူးလား"
"​ကောင်းပီ​လေ ဒါဆိုလည်းငါကမင်းအ​ပေါ်​နည်းနည်း​လေး​တောင်​ခံစားချက်​မရှိဘူးဆိုတာ ပြလို့ရတာ​ပေါ့"
Jihoonစကားကြားပီး kuanlinမျက်​နှာ​ဒေါသရိပ်​တို့လွှမ်းလာသည်
"박비서 (အတွင်း​ရေးမှူး Park)....ဟိုနားကစားပွဲက ခင်​ဗျားထိုင်​ရမဲ့​နေရာပဲ အဲ့​ပေါ်မှာ ခင်​ဗျား​လုပ်​ရမဲ့ဟာ​တွေအကုန်​ရှိတယ်​ ဒီ​နေ့ကပထမဆုံး​နေ့ဆို​တော့ ​ဘာလုပ်​ရမယ်​ဆိုတာ​လေ့လာဦး​ပေါ့
ဒီ​နေ့ကျွန်​​တော်​တို့ ထုတ်​ကုန်​အသစ်​ ထုတ်​ဖို့​​ဆွေး​နွေးစရာရှိလို့ စက်​ရုံဘက်​ ခဏသွားရမယ်​ ခင်​ဗျားက ဒီမှာ လုပ်​ရမဲ့အလုပ်​​တွေကြည့်​ထား​ပေး ​နောက်​ထပ်​အ​ရေးကြီးတာက ကျွန်​​တော်​ပြန်​လာမှရုံးဆင်းရမယ်​ ဟုတ်​ပီလား"
Kuanlinက​ပြောစရာရှိတာကို တရစပ်​​ပြောပြီး အခန်းထဲကထွက်​လာသည်

" Jinyoungသွားရ​အောင်​ ​နောက်​ကျဦးမယ်​"
Jinyoungဆိုတာ kuanlinရဲ့သူငယ်​ချင်းလည်းဟုတ်​ managerလည်းဟုတ်​သည်
Taipeiမှာကတည်းက ခင်​ခဲ့တာမို့အလုပ်​လည်းတူတူလုပ်​ရ​အောင်​ဆိုပီး
ို့managerအဖြစ်​ခန့်​ထားလိုက်​သည်
ဒီ​နေ့မှ ပြုံးဖြီး​နေတဲ့kuan linမျက်​နှာကိုမြင်​ပီး
"ဘာလဲ မင်း​ကောင်​​လေးအလုပ်​စဆင်းတဲ့​နေ့မို့ဒီ​လောက်​အူမြူး​နေတာလား"
"ဒါ​ပေါ့ အခုဆိုတချိန်​လုံးအနားမှာ​ခေါ်ထားလို့ရပီ​လေ ဒီလိုဖြစ်​ဖို့ငါ့မှာဘယ်​​လောက်​ထိကြိုးစားခဲ့ရသလဲ​မေး"
"ယုံပါ​တယ်​ငါ့​ကောင်​ရာ ဒါနဲ့သူက အတွင်း​ရေးမှူး အလုပ်​ကိုလွယ်​လွယ်​နဲ့လက်​ခံခဲ့တာလား"
"မဟုတ်​ဘူး ...ာငါသူ့အ​ပေါ်ခံစားချက်​မရှိ​တော့ဘူးဆိုပြီး​ပြောမှ​ခေါ်ထားလို့ရတာကွ
သူ့အ​ပေါ် ကြိုက်​​သေးတယ်​ဆိုတာသိတာနဲ့ အလုပ်​ကတန်းထွက်​မှာကွ"
နှစ်​​ယောက်​သား​ပြော​နေရင်းမှJinyoungကတခုခုကိုသတိရသွားနဲ့ပုံနဲ့
"Aishi ငါ​မေ့​နေတာမင်းကို​ပြောဖို့​နောက်​တစ်​ပတ်​ဆိုXuenqin ကtaipeiက​နေလာမယ်​​ပြောတယ်​"
Xuenqinဆိုတဲ့အသံကြားတာနဲ့kuanlinမျက်​နှာမဲ့သွားပီး
"သူကဘာလာလုပ်​မှာတုန်း"
"မင်းMaMaက လွှတ်​တယ်​​​ပြောတာပဲ "
"အား....စိတ်​ရှုပ်​လိုက်​တာ​ပျော်​​နေတဲ့အ​ပျော်​​တွေပျက်​သွားပီ"
Kuan linစိတ်​ရှုပ်​သွားပီး ကား​ပေါ် မျက်​လုံးမှိတ်​ပီးသာလိုက်​လာခဲ့​တော့သည်
Xuenqinဆိုတာ အိမ်​က သ​ဘောတူထားတဲ့မိန်းခ​လေး ​စေ့စပ်​ဖို့​နေ့​နေ့ည ညကြိုစား​နေတဲ့ mamaတို့​ကိုအလုပ်​ကိစ္စအ​ကြောင်းပြပီး​နေ့​ရွှေ့ည​ရွှေ့ လုပ်​​နေရတာကို ဒင်းက ဒီထိလာပီး ဒုက္ခ​ပေးမယ်​ဆိုတာ​ကြောင့်
စိတ်​အကြီးအကျယ်​ညစ်​သွားရသည်​......

_______________________________

"ည​နေ ငါးနာရီ​တောင်​ထိုးပီဒီ​ကောင်​ကဘာလုပ်​​နေတာလဲ ခုထိပြန်​မလာ​သေးရ​အောင်​"
နာရီကိုကြည့်​ရင်း kuanlinကို​မေတ္တာသာပို့သ​နေမိသည်
မျှော်​​နေတုန်းရှိ​သေး kuan lin​ရောက်​ချလာသည်
"Sorry ​နောက်​ကျသွားတယ်​ အခုရုံးဆင်းလို့ရပီ ...ရုံးမဆင်းခင်​ကျွန်​​တော့်​ကိုအိမ်​ပြန်​လိုက်​ပို့​ပေး"
"ဟင်​....ငါကဘာလို့ပို့ရမှာလဲ ..driverမရှိဘူးလားမင်းက...အဲ..မှားလို့ သူ​ဌေးက"
"မရှိဘူး အရင်​အတွင်း​ရေးမှူးတုန်းကလဲလိုက်​ပို့​နေကျ"
အရင်​အတွင်း​ရေးမှူးကလည်းလိုက်​ပို့​နေကျဆိုတာ​ကြောင့်​jihoonလည်း​စောဒကမတက်​​တော့ပဲ ငြိမ်​​နေလိုက်​သည်

Kuan linအိမ်​ကို Jihoonကိုယ်​တိုင်​ကား​မောင်းပို့​ပေးပြီး အိမ်​ပြန်​မယ်​လုပ်​​တော့
"မနက်​ကျ ကိုးနာရီ​လောက်​အိမ်​လာ​ခေါ်​နော်
နောက်​မကျ​စေနဲ့"
Kuanlin​ပြောတာကိုImm တစ်​လုံးသာ​ဖြေပြီး
Jihoonလည်းအိမ်​ကိုပြန်​လာသည်

အိမ်​​ရောက်​​တော့ အိမ်​မာ အခန့်​သား ထိုင်​ပီး TVကြည့်​​နေတဲ့WooJin....
အနားသွားပြီး...TVခလုတ်​ပိတ်​​တော့ထဆဲ​တော့သည်
"လဒ​ကောင်​Jihoon ဘာလုပ်​တာလဲငါကြည့်​​နေတာကို "
"မရဘူးမကြည့်​နဲ့ငါ​ပြောစရာရှိတယ်​ ငါ့အခန်းထဲလိုက်​ခဲ့"
TVမကြည့်​ရလို့ဆူပုတ်​​နေတဲ့WooJinကိုအခန်းထဲမရရ​အောင်​သာဆွဲ​ခေါ်လာသည်

__________;;;_________________
"ဘာ....ဘာ...ရယ်​ အဲ့ဒီ​တော့ မင်း​သူဌေးကkuan lin​ပေါ့"
"တိုးတိုး​အော်​ပါ WooJinရယ်​ တစ်​ရပ်​ကွက်​လုံးကြား​အောင်​​အော်​မ​နေပါနဲ့"
"မင်းကလည်း...ငါကမင်းအတွက်​၀မ်းသာလို့ကို"
"၀မ်း မသာနဲ့ သူကငါ့အ​ပေါ်ဘာခံစားချက်​မှရှိ​တော့တာမဟုတ်​ဘူး"
Jihoonက​ပြောရင်းငိုင်​ကျသွားသည်
"မင်းကလည်းလွန်​ခဲ့တာကိုး ဟိုးကတည်းသာလက်​ခံလိုက်​ရင်​ခုလိုဖြစ်​စရာကိုမရှိဘူး"
"WooJinရာ မင်းကလည်းငါ့အ​မေအ​ကြောင်းသိရက်​နဲ့ ငါသာkuanlinနဲ့ဖြစ်​ခဲ့ရင်​ ငါ့အ​မေ ရှက်​လို့ဆိုပီးသတ်​​သေပီးတာကြာ​လောက်​ပီ"
"ကျွတ်​စ်​ ...မင်းအ​မေရဲ့​ရှေးရိုးစွဲတာကြီးကလည်းလွန်​ပါတယ်​ကွာ"
"တခြားဟာသာ ရမယ်​အ​မေက အဲ့ဒါနဲ့ပတ်​သတ်​ရင်​ လုံးဝ ပဲ ..​ယောင်္ကျား​လေးနှစ်​​ယောက်​ကြားကအချစ်​ကိုမယုံဘူးတဲ့...
ဟိုးအရင်​က​တည်းကငါ့ကို​ပြောထားတာ ငါသာ​ယောင်္ကျား​လေးချင်းတွဲတဲ့​နေ သူ ​သေတဲ့​နေ့ပဲဆိုပီးအပြတ်​​ပြောထားတာ"
"မင်းအ​မေက ​ယောင်္ကျား​လေးနှစ်​​ယောက်​ကြားကအချစ်​ကိုမယုံဘူးဆိုမင်းကသက်​​သေပြလိုက်​​ပေါ့"
"​တော်​ပါကွာ အဲ့တာမတိုင်​ခင်​ ငါ့အ​မေ အရင်​သတ်​​သေ သွားဦးမယ်​ ရှိတာမှအ​မေတခု သားတခု......"
"​တော်​ပါ​တော့Jihoonရာအဲ့လိုနဲ့အခုလည်းလက်​​လျှော့ပီးရင်​ အသည်းကွဲလိုက်​ ဟုတ်​ပီလား ...ငါပြန်​​တော့မယ်​ အသည်းလေး"
အသည်း​လေး ဆိုပီးလိုက်​စတတ်​တဲ့WooJinကို အနားမှာရှိတဲ့​ခေါင်းအုံး​တွေနဲ့​ကောက်​ထု​တော့ လုံး​နေ​အောင်​​ပြေးသွားသည်

WooJin​ပြောသလို ​ရှေ့ပဲဆက်​ရမလား ​တွေးလိုက်​ရင်း omaရဲ့မျက်​နှာက မျက်​လုံးထဲဝင်​လာသည်
တွေးလိုက်​တိုင်း​ခေါင်းရှုပ်​လာတာမို့
ရေချိုးခန်းထဲဝင်​ပီး ​တစ်​နာရီ​ကျော်​​ကျော်​​လောက်​ ​ခေါင်းကို​ရေစိမ်​​နေလိုက်​သည်
ရေချိုးခန်းထဲကထွက်​​တော့ ည 8နာရီ ထိုးပီ
Omaကညစာစားဖို့လှမ်း​ခေါ်​ပေမဲ့စားချင်​စိတ်​မရှိတာ​ကြောင့်​ ဆင်း မစားဖြစ်
အိပ်​ချင်​လာတာ​ကြောင့်​​ခေါင်း ​ရေမ​ခြောက်​​သေးခင်​ပင်​အိပ်​​ပျော်​သွားသည်

***************************
"Jihoonထ​တော့ နာရီကြည့်​ဦး ကိုးနာရီထိုး​တော့မယ်​ အလုပ်​သွားရဦးမယ်​​လေ"
အခန်းအပြင်​က​နေ ​အော်​နှိုး​နေတဲ့oma့အသံကြားမှ ထ ထိုင်​ပီးနာရီကိုကြည့်​မိသည်
နာရီကိုကြည့်​​တော့
"ဟာ...သွားပီ...ကိုးနာရီက ထိုး​တော့မယ်​"
မ​နေ့ညက ​ရေစိမ်​တာကြာတာ​ကော ​ရေစိုကြီးနဲ့အိပ်​​ပျော်​သွားတာ​ကြောင့်​ လူက​နေ​မကောင်း​တော့
နေမ​ကောင်းတာက အ​ရေးမကြီး ​တော်​ကြာ အလုပ်​​လေး တရက်​ထဲလုပ်​ရ​သေး ခွင့်​ယူတယ်​ဆိုပီး သူများ​ပြောတာ​တော့ မခံနိုင်

ပြင်​ဆင်​ပီး​တော့ 9နာရီ ​ကျော်​....
Kuanlinအိမ်​bus carစီးပီးသွားမယ်​ဆို 10နာရီ​လောက်​မှသာ​ရောက်​​တော့မည်
ဒါ​ကြောင့်​ gaeulကိုသာဖုန်းဆက်​ပီးအကူအညီလှမ်း​တောင်းရ​တော့သည်
ဖုန်းဆက်​ပီးသိပ်​မကြာ အိမ်​ကနီးတာ​ကြောင့်​ သူမ တန်း​ရောက်​လာသည်
"Gaeulမြန်​မြန်​​မောင်း​ပေး လမ်းက.#*#***"
"Oppaက လည်း ​မောင်း​ပေး​နေတာပဲ ဒီထက်ြ်​မန်​ချင်​ရင်​​လေယာဉ်​ပျံသာစီးသွား​တော့"
လူက​နေမ​ကောင်းတာမို့gaeulကိုပြန်​မ​ပြောနိုင်​ kuan linအိမ်​​ရောက်​ဖို့သာ စိတ်​​စော​နေသည်

Kuanlinအိမ်​​ရှေ့​ရောက်​​တော့ အ​ရှေ့က​နေထွက်​​စောင့်​​နေတဲ့lai kuan lin
Jihoon ဆင်း​တော့ အိမ်​​ရှေ့မှာရပ်​​စောင့်​​နေတဲ့kuanlinကိုမြင်​ပီး gaeulလည်းကား​ပေါ်ကဆင်းလာသည်
"Kuanlinမလား....နင်​က Jihoon သူ​ဌေးလား"
မျက်​နှာ အပျက်​ပျက်​အယွင်းယွင်းနဲ့​မေးလာသူ gaeulမျက်​နှာမှာစိုးရိမ်​ပူပန်​မှု​တွေအတိုင်းသားမြင်​​နေရသည်​...........

Bạn đang đọc truyện trên: Truyen247.Pro