Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Chapter -3

ကျောင်းကပြန်​​တော့ Ji Hoonလည်း
ရေမိုးချိုးပြီး omaနဲ့အတူတူထမင်းစားဖြစ်​သည်
"Ji Hoonသား ​ကျောင်းပိတ်​တဲ့ရက်​​တွေကျ
GaEulတို့အ​မေက သူ့အိမ်​လာခဲ့ပါဦးတဲ့သားကိုသတိရလို့တဲ့"
Oma​ပြောစကားကို ​ခေါင်းတချက်​သာငြိမ့်​ပြီး ထ မင်းသာဆက်​စား​နေမိသည်
"သား ....​ကျောင်းမာGaEul​လေးကိုဂရုစိုက်​ဦး​နော်​ "
"အင်း..."
"သား မ​မေ့နဲ့ဦး​နော်​ အချိန်​တန်​ရင်​သားလက်​ထပ်​ရမာ GaEulဆိုတာ"
"Omaသားအိမ်​စာ​တွေလုပ်​စရာရှိ​သေးလို့သွား​တော့မယ်​"
Omaစကားကိုမကြားချင်​​ယောင်​​ဆောင်​ပြီးထမင်းဝိုင်းကအမြန်​ထလာခဲ့သည်
GaEulတို့အ​မေနဲ့Omaတို့က ငယ်​ငယ်​ကထဲက ရင်းနှီးတဲ့သူ​တွေApaပစ်​သွား​တော့
သားအမိနှစ်​​ယောက်​ဒုက္ခ​ရောက်​​နေတဲ့အချိန်
ကူညီ​ပေးခဲ့ကြတဲ့သူ​တွေ
ပီး​တော့ငယ်​ငယ်​ကတည်းက GaEulနဲ့ သ​ဘောတူထားခဲ့တာ....
GaEulကိုလည်းအရင်​ကသ​ဘောကျခဲ့ပါတယ်​တစ်​စုံတစ်​​ယောက်​ ကိုယ့်​ ဘ၀ ထဲ ၀င်​မလာ​သေးခင်​အချိန်​တုန်း​ပေါ့
အခု​တော့ ကိုယ့်​ရင်​ထဲမှာ ဘယ်​သူရှိလဲဆိုတာလည်းမဆန်းစစ်​ချင်​ဘူး
ကိုယ့်​ရင်​ထဲ ဘသူရှိလဲဆိုတာသိရင်​​ရောသူနဲ့ကိုယ်​နဲ့က ဖြစ်​နိုင်​မှာမို့လား
ဘယ်​​လောက်​ပဲစဉ်းစားစဉ်းစား​နောက်​ဆုံး​တော့
ဖြစ်​ချင်​တာထက်​ ဖြစ်​သင့်​တာ​တွေကိုပဲလုပ်​ရမယ်​မလား.........

________________________________

နောက်​ရက်​​ကျောင်း​ရောက်​​ရောက်​ချင်းကြားရတာက
"LaiKuanLinအချုပ်​ထဲကထွက်​လာပီ ကြားတယ်​"
"JiHoon​တော့ဘလိုဖြစ်​မလဲမသိ ဟိုက စိတ်​ကကြီးကကြီးနဲ့ GaEulနဲ့ဖြစ်​​နေတာသာကြားရင်​ ပြသာနာ​တွေကဖြစ်​​တော့မာ"
အခန်းထဲ JiHoon၀င်​လာတာကို​တောင်​မသိပဲ ပွစိပွစိ​ပြော​နေတဲ့သူ​တွေ​ကြောင့်
လွယ်​အိတ်​ကို ခုံ​ပေါ်ပစ်​တင်​ပီးထွက်​လာခဲ့သည်
OmaကGaEulအတွက်​မုန့်​ထည့်​​ပေးလိုက်​တာမို့ မုန့်​ဘူးကိုယူပီး GaEulအတန်းဘက်​ထွက်​လာခဲ့သည်
သူမတို့အတန်းဘက်​ထိ​တောင်​မသွားလိုက်​ရလမ်းမှာတင်​သူမနဲ့​တွေ့​တော့
"GaEulနင့်​အတွက်​ မုန့်​ဘူးထည့်​​ပေးလိုက်​လို့ ယူလာ​ပေးတာ"
"Omo ​omonieကအ​တော်​ဆုံးပဲ ​ကျေးဇူးပဲလို့"
"Imm ​ပြောလိုက်​မယ်​ ငါသွားပီ"
ပြောပြီး သွားဖို့ပြင်​​တော့ သူမက သူ့လက်​ကိုဆွဲပီး
"Hoonieငါ့ကိုအတန်းထိလိုက်​ပို့​ပေးပါလား​နော်​ ...​နော်​"
သူမ စကားပင်​​ပြောလို့မဆုံး​သေး ရုတ်​တရက်​kuan lin​ရောက်​လာပီး သူမကိုင်​ထား​သောလက်​ကိုလာပုတ်​ချသည်
"ဘာ ...ဘာလုပ်​တာလဲ kuan lin"
"Hyung စကား​ပြောရ​အောင်​ အ​ရေးကြီးတယ်​​ပြောစရာရှိတယ်​"
Kuan Linက​ပြော​တော့ GaEulက
"မရပါဘူး မ​ခေါ်သွားရပါဘူးငါ့ရည်းစားကို ​မထည့်​နိုင်​ဘူး"
သူမက ခနဲ့တဲ့တဲ့​ပြော​တော့
"နင့်​ပါးစ်​ပိတ်​ထား GaEulငါနင်​နဲ့ပြသာနာမဖြစ်​ချင်​ဘူး ငါ့ဘာသာ JiHoonကို​ပြောစရာရှိလို့ နင်​ဘာသာနင်​ဒိုးလိုက်​​တော့"
နှစ်​​ယောက်​ကြားက အ​ခြေအ​နေကတင်းမာလာတာမို့ပြသာနာမဖြစ်​ချင်​တာ​ကြောင့်
"​တော်​ကြပါ​တော့ lai kuan linမင်း​နောက်​ငါလိုက်​ခဲ့မယ်​ ​ GaEulအတန်းကိုကိုယ့်​ဘာသာသွားလိုက်​​တော့​နော်​ ကိုယ်​ သူနဲ့ခဏလိုက်​သွားဦးမယ်​"
ဒါကိုGuanLinက ​အောင်​နိုင်​သူအပြုံးမျိုးနဲ့ပြုံးပြီး
"ကြားတယ်​​နော်​ ငါ့​နောက်​လိုက်​မာတဲ့ နင်​goလို့ရပီ"
GaEulလည်း ​ခြေနှစ်​ဖက်​ကို​ဆောင့်​ပြီး ​ရှေ့က​နေ ထွက်​သွား​တော့
"Hyung လူရှင်းတဲ့​နေရာခဏလိုက်​ခဲ့​ပေး အတည်​​ပြောစရာရှိလို့"
"လူရှင်းတဲ့​နေရာ​ခေါ်ပီး ဘာလုပ်​မလို့လဲ မလိုက်​ဘူး ဒီမှာပဲ​ပြော"
"Hyungအတည်​​ပြောတာ တကယ်​အ​ရေးကြီးလို့ ​နောက်​ဆုံးအ​နေနဲ့​တောင်းဆိုတာပါ"
Kuan Linပုံစံက စ​နောက်​​နေတာမျိုးမဟုတ်​တာ​ကြောင့်
"​ကောင်းပီ​လေ ငါလိုက်​ခဲ့မယ်​ ခဏပဲ​နော်​"
"Immm"
သူကimmတလုံးပဲ​ဖြေပြီး​ရှေ့က​နေ​ခြေလှမ်းကျဲကြီးများဖြင့်​ထွက်​သွားသည်​ ဒင်းကအရပ်​ရှည်​သလို​ခြေတံ​တွေကအရှည်​ကြီးမို့ ​နောက်​ကလိုက်​ရတဲ့သူမှာမသက်​သာ ​နောက်​က​နေ မျက်​​စောင်းတထိုးထိုးနဲ့သာ ပါသွား​တော့သည်

လူရှင်းတဲ့​နေရာ​ရောက်​​တော့
"Hyungကျွန်​​တော်​ Taipeiပြန်​​တော့မယ်​"
"ဘာရယ်​ lai kuan linလာ​နောက်​မ​နေနဲ့"
"ကျွန်​​တော်​ပုံစံက စ​နောက်​​နေတဲ့ပုံ​ပေါ်လို့လား hyung"
"ဘာလို့ပြန်​ချင်​တာလဲ kuan lin"
"ဒီမှာ​နေရတာမ​ပျော်​ဘူး အရင်​ကhyung​ကြောင့်​မို့ ​တောင့်​ခံ​နေခဲ့ရတာအခု hyungကလည်းကျွန်​​တော့်​ဘက်​မှာမရှိဘူး papaကလည်းကျ​တော့်​ကိုမျက်​မုန်းကျိုး​နေပီ
ဒီမှာ​နေလို့လည်း အမှား​တွေပဲဆက်​လုပ်​ဖြစ်​မှာပဲ အဲ့တာ​ကြောင့်​ ကျွန်​​တော်​ပြန်​​တော့မယ်​"
"ဒါဆိုလည်းပြန်​​လေ ဘာလို့ငါ့ကိုလာ​ပြော​နေ​သေးလဲ"
JiHoonရဲ့​အေးစက်​စက်​စကားသံ​တွေအဆုံး
ခန္ဓာကိုယ်​လုံးလုံး​လေးကို ရင်​ခွင်ထဲ​​သိုင်းဖက်​ထားလိုက်​သည်
JiHoonကရုန်း​တော့
"Hyungခဏ​လေး ​နေ​ပေးလို့မရဘူးလား ခဏ​လေး ဒီအတိုင်း​လေးပဲ​နေပီးကျွန်​​တော့်​ကိုပြန်​ဖက်​ထား​ပေးပါ ​နောက်​ဆုံးလက်​​ဆောင်​လို့သတ်​မှတ်​ပီးပြန်​ဖက်​ထား​ပေးပါ"
ပြောရင်း kuan linမျက်​ရည်​​တွေက JiHoon ဂုတ်​​ပေါ်ကျဆင်းလာသည်
ကိုယ်​ကိုတိုင်​​တောင်​မသိလိုက်​ပဲ လက်​နှစ်​ဖက်​က KuanLinခါးကိုအလိုလိုဖက်​လျက်​သား.......
ခဏ ကြာ​တော့ သိုင်းဖက်​ထားတဲ့ KuanLinလက်​​တွေကိုဖယ်​ရင်း
"KuanLin ဟို​ရောက်​ရင်​ ငါ့ကို​မေ့သွားပါ
ကိုယ့်​ဒုက္ခကိုယ်​မရှာချင်​စမ်းနဲ့
ငါလည်းမင်းကိုပြန်​ချစ်​မှာမဟုတ်​လို့ ငါကို​မေ့​ပေးပါ"

"Imm hyung ....hygကိုကျ​တော်​​မေ့သွားမှာပါ ဟို​ရောက်​ရင်​ "
နှုတ်​ခမ်းကအသက်​မပါတဲ့အပြုံးတုတစ်​ချက်​ကိုပြုံးရင်း JiHoon​ကို​ကျောခိုင်းပီးထွက်​သွားသည်
တကယ်​ဆိုမသွားပါနဲ့လို့​အော်​ပီးတားချင်​​ပေမဲ့ မရ ​ရှေ့ဆက်​ဖို့ကြိုးစား​နေတဲ့​ခြေလှမ်း​တွေက​နေရာကတဖ၀ါးမှမခွာ ဒီလိုနဲ့ပဲ သူ့ပုံရိပ်​ကကိုယ်​မြင်​ကွင်း​ရှေ့က​နေ ၀ိုးတ၀ါး​ပျောက်​ကွယ်​သွားသည်
"​နောက်​ဆုံး​တော့ ငါတို့တကယ်​​ဝေးရပီ​ပေါ့"
မျက်​ရည်​တို့ကိုသုတ်​ရင်း ​ခြေလှမ်း​တွေက အတန်းဆီသို့သာ.......

________________________________

"ရက်​စက်​တဲ့သူက​တော့ကိုယ့်​အ​ပေါ်ထပ်​ပီးရက်​စက်​တာပဲ ခင်​ဗျားသိပ်​ရက်​စက်​တယ်​ Park Ji Hoon မသွားပါနဲ့လို​တချက်​​လောက်​တားခဲ့ရင်​​တောင်​ကျ​တော်​မသွားပဲ​နေဦးမှာ
အင်း​လေ အရင်​ကတည်းကကျ​တော့ကိုမှမချစ်​ခဲ့တာ....ဟို​ရောက်​ရင်​​မေ့မယ်​ဆိုတဲ့စကားက လိမ်​တာ ဒီ​လောက်​ချစ်​ခဲ့တာ ဘယ်​လို​မေ့မှာတဲ့လဲ ...မှတ်​မိ​သေးတယ်​ hyungနဲ့ကျ​တော်​စ​တွေ့ခဲ့တဲ့​နေ့ကိုမျက်​လုံးထဲမြင်​​ယောင်​လာသည်
အဲ့​နေ့က
ကျွန်​​တော်​​ကျောင်းစစတက်​တဲ့​နေ့
မိုး​တွေလည်းသည်းကြီးမဲကြီးရွာ​နေတဲ့အချိန်​အပြန်​ အိမ်​က ကားက လာကြိုရင်းလမ်းမှာ accidentတခု ဖြစ်​​နေလို့ ကျ​တော့်​ကိုလာမကြိုနိုင်​လို့ တ​ယောက်​တည်း မိုးထဲ လမ်း​လျှောက်​ပြန်​မဲ့အချိန်​ အနားက​နေလာပီး
"Hey...​ကျောင်းသားသစ်​ မိုး​တေရွာ​နေတာ ထီးမပါဘူး လား"
ဘေးနားက ပုပု​သေး​သေးနဲ့ ထီး​လေးကိုင်​ပီးလာ​မေးတဲ့ သူကိုတချက်​လှည့်​ကြည့်​ပြီး
"ခင်​ဗျားအပူမပါဘူး ကိုယ့်​လမ်းကိုယ်​သွား"
"မင်းကလည်းငါက​စေတနာနဲ့ လာအတူတူသွားမယ်​ "
သူ​ပြောရင်းထီးမရမကလိုက်​​ဆောင်း​ပေး​နေသည်
အရပ်​ကပုတာမို့ သူ့ထီးက ကိုယ်​​ခေါင်းကိုမ​ရောက်​ မျက်​နှာနားတင်​၀ဲ​နေသည်
စိတ်​မရှည်​တာ​ကြောင့်​ သူ​ဆောင်းထားတဲ့ထီးကိုလွှင့်​ပစ်​မယ်​လို့စိတ်​ကူးပီး
ထီးကို​ဆောင့်​ဆွဲလိုက်​သည်
ထီး​ဆောင့်​ဆွဲလိုက်​တဲ့အချိန်​နဲ့က သူက​​ခြေ​ထောက်​​ခွေသွားတဲ့အချိန်​ကွက်​တိဖြစ်​သွားတာမို့ အရှိန်​မထိန်းနိုင်​ပဲ JiHoon​ပေါ် ​မှောက်​လျက်​သားလဲကျသွားသည်
လဲကျတဲ့အချိန်​ JiHoon​ခေါင်း​အောက်​ကိုလက်​ ခံလိုက်​တာမို့ ​​ခေါင်းကွဲမည့်​အ​ရေးက ခံသာ သွားသည်
ထီးကလည်း လွတ်​ကျသွားတာမို့ JiHoonတကိုယ်​လုံးမိုး​ရေ​တွေစိုရွှဲသွားသည်
Kuan Lin ကJi Hoonအ​ပေါ်​မှောက်​လျက်​အ​နေအထား မို့ မျက်​နှာ နှစ်​ခုက နီးကပ်​​နေသည်
အနီးကပ်​ကြည့်​မှ ​ကော့ဆင်း​နေတဲ့မျက်​​တောင်​​လေး​တွေ ပန်း​ရောင်​သန်း​နေတဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေ ပန်းဆီ​ရောင်​ နှုတ်​ခမ်း​လေး​တွေ တကယ့်​ကိုအနုစိတ်​ခြယ်​သထားတဲ့ပန်းချီကားတချပ်​လို လှပလွန်းတာမို့ အ​တော်​ကြာသည်​အထိစိုက်​ကြည့်​​နေမိသည်​ ​ယောက်​ကျား​လေးအချင်းချင်းလှလွန်းလို့ဆိုပီး​ငေးကြည့်​ဖူးတာ kuanlinအတွက်​​တော့ပထမဆုံးအကြိမ်​သာ
နောက်​မှသတိဝင်​လာပီး ကိုယ်​​ပေါ်ကမြန်​မြန်​ဖယ်​​ပေးလိုက်​​တော့
"မ​ကောင်းတဲ့​ကောင်​ မ​ဆောင်းချင်​လည်း အစကတည်းက ​ပြောပါလား ခု​တော့ ငါ့တကိုယ်​လုံးလည်းစိုကုန်​ပီ ငါ့တင်​ပါးစုံရိုးလည်းကျိုးပီ​နေမှာ သူ့အရပ်​မှအားမနာလူကိုတက်​ဖိတာ" ​ပြောရင်း ​ဒေါသအရှိန်​တက်​လာတာမို့kuan linက ​အောက်​ကကျ​နေတဲ့ထီးကို​ကောက်​ပီးတဖုန်းဖုန်းရိုက်​​တော့သည်
ရိုက်​လို့ဝမှ ​ရှေ့က​နေ လုံးတုံးလုံးတုံးနဲ့​ထွက်​​ပြေးသွားတာ အရိပ်​​တောင်​မမြင်​ရလိုက်​​ပေ...

အဲ့​နေ့က အဖြစ်​အပျက်​တို့ကိုပြန်​​တွေးရင်းနာကျင်​​နေတဲ့ကြား ကတချက်​ပြုံးဖြစ်​သည်
"Hyungကိုမ​ပြောပြလိုက်​ရတာ​တွေရှိ​သေးတယ်​ ..ကျွန်​​တော့်​အသက်​ ၁၇နှစ်​အတွင်းကျွန်​​တော့်​ကိုအဲ့လိုရိုက်​ဖူးတာလည်း hygပဲရှိတယ်​ hygရဲ့ .....မ​ပြောဖြစ်​ခဲ့တဲ့စကား​တွေက တအားများ​တော့အခုလိုထွက်​သွားရမှာသိပ်​နှ​မြောတယ်​hyungရဲ့....."

"Lai Kuan Lin မပီး​သေးဘူးလား ​taipeiပြန်​ဖို့
အဆင်​သင့်​ဖြစ်​ပီလာ​တော့ ..."
အ​တွေး​တွေ​တောင်​မဆုံး​သေးခင်​ PaPaက taipeiပြန်​ဖို့လှမ်း​ခေါ်​နေသည်
"လာ ပီ သွားမယ်​".........

လေဆိပ်​​ရောက်​​တော့ စိတ်​ထင်​လို့ရယ်​ပဲလား မသိ hyung အရိပ်​​လေးကို မြင်​မိသ​ယောင်​​ယောင်
"ရူးလိုက်​တာ kuan linရယ်​ ဟိုက ဘာလို့လာ​တွေ့မာလဲ ရူးလိုက်​တာ"
ကို ယ့်​ ​ခေါင်းကိုသာအကြိမ်​ကြိမ်​​ခေါက်​ရင်း
ရေရွတ်​​နေမိသည်
"အမြဲတမ်း သတိ ရ​နေမှာ...."
ပါးစပ်​က​နေ တိုးတိုး​လေး​ရေ ရွတ်​ရင်း 
လေ ယာဉ်​​ပေါ်ကို တလှမ်းချင်း ...လှမ်းလာခဲ့ သည်​....

************************

ဟီး...ဟီး.... မအားတဲ့ကြားက updateလုပ်​​ပေးထားတာပါ
ရေးထားတာ​တွေကလည်း authorကိုရိုက်​သတ်​ချင်​စရာ​တွေဆိုတာလည်းသိပါတယ်​😂 ....​နောက်​အပိုင်း​တွေမှ Roကြမယ်​​လေ ​နော့✌


Bạn đang đọc truyện trên: Truyen247.Pro