Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 843-847

အပိုင်း(၈၄၃)

အကြီးအကဲ အခန်း….

 
အကြီးအကဲ အားလုံးက စားပွဲခုံရှည်မှာ ထိုင်နေပြီး စားပွဲခုံ၏ အရှေ့ဘက် ထိပ်ဆုံးမှာ ထိုင်နေသည့်လူက ဝါအရင့်ဆုံး အကြီးအကဲ ရဲ့ရှန်းပါ။ အနာဂတ် မိသားစု ခေါင်းဆောင် ဖြစ်တဲ့ ရဲ့ကျင်းရွှမ် ကိုယ်တိုင်တောင် တစ်ခါတစ်ရံ သူ့ဆုံးဖြတ်ကို နာခံရပါတယ်။ 
အားလုံးရဲ့မျက်လုံးများက တံခါးဖွင့်လာမည်ကိုပဲ စောင့်ဆိုင်းနေတယ်။ အပြင်ဘက် အခန်းအနားမှာ အမျိုးသားတစ်ယောက်ကို မြင်လိုက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားရပါတယ်။
“ဝင်လာခဲ့”
အကြီးအကဲရှန်းလည်း ဩရှရှ အသံနဲ့ ပြန်ဖြေလိုက်ပါတယ်။
ရဲ့ကျင်းချန်းက အားလုံးရဲ့ အမြင်အာရုံထဲ ဝင်ရောက်လာခဲ့တယ်။ သူ့ခြေလှမ်းများက တည်ငြိမ်နေပါတယ်… ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျင် မရှိပါဘူး။ ဒီအချက်တစ်ခုတည်းကိုပင် ရဲ့ကျင်းရွှမ်က မယှဉ်နိုင်ပါဘူး။
“မင်း ပြန်ရောက်လာပြီလား”
အခန်းထဲ ဝင်ရောက်လာတဲ့ ရဲ့ကျင်းချန်းကို ကြည့်ကာ မတူမတန်ဟန် ပြောလိုက်ပါတယ်။
ဒီတစ်ခေါက်တော့ ဂါရဝ မပြုတော့ဘူးပဲ။
“အပြင်မှာ သားတစ်ယောက် ရှိနေတယ်လို့ ငါ ကြားထားတယ်” 
ရဲ့ရှန်းလည်း အချိန်ဖြုန်းမနေတော့ဘဲ သူ မေးချင်တဲ့ အချက်ကို တည့်တိုး မေးလိုက်ပါတယ်။
ရဲ့ကျင်းချန်းလည်း ပြုံးလိုက်ပါတယ်။
“အမှန်ပဲ၊ သူက ကျုပ်သားပါ ကျုပ် အမှားကြောင့် သူ့မှာ အပြင်လောကထဲ နေထိုင်ခဲ့ရတယ်၊ အခု ကျုပ်နဲ့အတူတူ ရဲ့အိမ်တော်ကို ပြန်လာပြီ၊  ခင်ဗျားတို့တွေ မယုံကြည်ရင် သွေးစစ်ကြည့်နိုင်တယ်… ကျုပ် မငြင်းဘူး”
“ဒီလိုဆိုတော့လည်း သွေးရင်းသားရင်း စစ်ဆေးကြည့်ဖို့ ရက်ရွေးချယ်မယ်… နောက်သုံးရက်ကြာရင် အဆင်ပြေမယ်၊ဒီနေ့ ကိစ္စက လေးနက်တော့  ကျင့်ကြံနေတဲ့ သခင်နဲ့ တိုင်ပင်ဖို့ လိုအပ်သေးတယ်”
ရဲ့ရှန်းလည်း အဖက်မလုပ်ဟန် ပြောလိုက်ပါတယ်။
သူက ရဲ့ကျင်းရွှမ်ထက် ရဲ့ကျင်းချန်းကို ပိုပြီးတော့ မျှော်လင့်ချက် ထားပါတယ်။  ကံဆိုးချင်တော့ ရဲ့ကျင်းချန်းမှာ ဆက်ခံသူ မရှိတော့ ရဲ့မိသားစု၏ အမွေကို ဆက်ခံလို့ မရဘူး။
သားတစ်ယောက် ရုတ်တရက် ပေါ်လာပေးမယ့် သုံးစား မရတဲ့ လူနုံ့လူအ ဖြစ်နေပြန်တယ်။ သုံးစားမရလို့ ကျွင်းဖန်လျန် နဲ့ ကလေးကို ရှောင်ကလန်က မောင်းထုတ်ခဲ့တာလို့ ကြားသိထားတယ်။
နှမြောစရာ ကောင်းတယ်…
ရဲ့ရှန်းလည်း နှမျောတသ ဖြစ်မိပါတယ်။ သူ့သားမှာ မှင်တက်လောက်တဲ့ မွေးရာပါ စွမ်းအား ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးရာထူးကို ရဲ့ကျင်းချန်းအား ပြန်လည် ပေးအပ်မှာပါ။
“အကြီးအကဲများ…. ကျွန်တော့်အစ်ကိုက ပြန်ရောက်လာတော့ ကုန်သွယ်ရေး လုပ်ငန်းကို ကြီးကြပ်သူ ရှိမှာ မဟုတ်ဘူး၊ အဲဒီနေရာကို ကျွန်တော်တို့တွေ တခြား တစ်ယောက်ကို ပို့လိုက်သင့်တယ်”
ရဲ့ရှန်းလည်း မျက်မှောင်ကြုတ် လိုက်ပါတယ်။
“ရဲ့မြို့တော်က မင်းရဲ့ အစ်ကို ပိုင်ဆိုင်တာ … မင်းရဲ့ အပြုအမူက မလျော်ကန်ဘူး”
“အကြီးအကဲ”
ရဲ့ကျင်းရွှမ်လည်း ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပါတယ်။
“အစ်ကိုကြီးလို တော်ဝင်တဲ့ လူတစ်ယောက်က ဝေးလံခေါင်ပါးတဲ့ ရဲ့မြို့တော်မှာ နေထိုင်ဖို့ မသင့်လျော်ပါဘူး၊ အစ်ကိုကြီးနေရာမှာ အစားထိုး အုပ်ချုပ်ဖို့ လူလွှတ်လိုက်ပါ့မယ်”
ရဲ့ကျင်းချန်းလည်း သူ့ကို စက်ဆုပ်ရွံ့ရှားဖွယ် ကြည့်လိုက်ပါတယ်။ ဖုန်းအာ ပြောသလိုပါပဲလား။ သူ့ညီက ကုန်သွယ်ရေး လုပ်ငန်းကို ပိုင်ဆိုင်ရဖို့ လက်လျှော့မှာ မဟုတ်ဘူး။ သူ့မသွားခင်တည်းက ကုန်သွယ်ရေး လုပ်ငန်းထဲမှ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ရွေ့ပြောင်းပြီး လူယုံတော်လက်ထဲ အပ်ထားလိုက်ပြီ၊ သူ့အတွက် ချန်ထားခဲ့တာ အခန်းလွတ်ကြီး တစ်ခုပဲ။
“အကြီးဆုံး သခင်လေးကို ရဲ့မြို့တော် ပြောင်းရွေ့ဖို့ အကြံဉာဏ် ပေးခဲ့တာ ဒုသခင်လေး ကိုယ်တိုင်ဆိုတာ မမေ့လျော့သင့်ဘူး၊ ရဲ့မြို့တော်ကို ဝေးလံခေါင်ပါးတဲ့ နေရာလို့ အရင်တုန်းက တွေးမိခဲ့ ရဲ့လား”
စိမ်းပြာရောင် ဝတ်ရုံနဲ့ အကြီးအကဲက သည်းမခံနိုင်စွာ ခွန်းတုံ့ပြန်လာခဲ့တယ်။
“သခင်လေးက ရဲ့မြို့တော်ကို ကြီးပွားချမ်းသာအောင် လုပ်ဆောင်ပေးပြီးမှ မင်းက လုယူချင်နေတာလား”
ရဲ့ကျင်းရွှမ်ရဲ့မျက်နှာထားက မရွှင်လန်းပါဘူး။ ဝင်စွက်ဖက်လာတဲ့ စိမ်းပြာရောင် ဝတ်ရုံနဲ့ အကြီးအကဲကို ဖျတ်ခနဲ ကြည့်လိုက်ပါတယ်။
“အရင်တုန်းက သူ့အမှားကို ပြန်လည် သုံးသပ်လို့ ရအောင် ရဲ့မြို့တော်ကို ပို့ပေးခဲ့တာ… အစ်ကိုကြီးက ခေါင်းမာလွန်းတော့ မရီးကို မကွာရှင်းခဲ့ဘူး… အခုတော့ သူ့အတွက် စိတ်မကောင်း ဖြစ်မိလို့ ရဲ့အိမ်တော်ကို ပြန်ခေါ်ခဲ့တာပါ”
ဒီစကားကို ကြားတော့ ရဲ့ကျင်းရွှမ်ဘက်မှ ရပ်တည်ကြတဲ့ အကြီးအကဲ အားလုံးကလည်း ဒီစကားကိုပဲ ပြောတယ်။
“ဒုသခင်လေး မှန်ကန်တယ်၊  ဘယ်လိုပဲဖြစ်ဖြစ် အကြီးဆုံး သခင်လေးက ချင့်ချိန် စဉ်းစားသင့်တယ် ပြောရရင် သခင်လေးက အမှားကျူးလွန်မိတဲ့ လူကြီးလူကောင်းပါ၊ ချစ်မေတ္တာက သူ့အသိဉာဏ်ကို မှောင်မိုက်သွားစေပြီး ညီအစ်ကိုရင်း နဲ့ ရန်စကား ဖြစ်စေခဲ့တယ်”
 
***
အပိုင်း(၈၄၄)

 
“မျိုးမစစ်ကောင်က အကြီးဆုံး သခင်လေးရဲ့ သား ဟုတ်လား မဟုတ်ဘူးလား ဆိုတာ  ဘယ်သူမှာ မသိနိုင်ဘူး၊  သွေးဆောင် ဖြားယောင်းတဲ့ မြေခွေးမကက အကြီးဆုံးသခင်လေးကို လှည့်ဖြားတာ ဖြစ်နိုင်တယ်၊ သနားစရာကောင်းတဲ့ ဒုသခင်လေးက သူမကို မရီးလို့ ခေါ်နေတုန်း၊ ငါ့ အမြင်မှာတော့ သူမက မိသားစုထဲ ဝင်ရောက်ဖို့ မထိုက်တန်ပါဘူး”
“အကြီးဆုံးသခင်လေး… မင်းကိုယ်မင်း ပြန်လည်သုံးသပ်သင့်တယ်… မင်းမှာ ဒီလို စိတ်ထားကောင်းတဲ့ ညီတော် ရှိတာ ကံကောင်းတယ် မှတ်လိုက်၊ ဒုသခင်လေးက မင်းအတွက် အကောင်းဆုံး ဖြစ်မှာကို ထည့်သွင်း စဉ်းစား ပေးပြီး သခင်လေး ရာထူးကို ပြန်ပေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားရှာပါတယ်၊ မင်းကတော့ ရက်စက်ပြီး နှလုံးသားမဲ့လွန်းတယ်”
အားလုံးသော အကြီးအကဲများကလည်း ဖော်လန်ဖားနေတော့ ရဲ့ကျင်းချန်းလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်ပါတယ်။
“ပထမ အချက်အနေနဲ့…ကျုပ်က ရဲ့သခင်လေး… ယဉ်ယဉ်ကျေးကျေး ပြောဆိုပါ… ကျွင်းအာက ကျူပ်ဇနီး …. သူမကို ရိုင်စိုင်းဖို့ ခွင့်မပြုနိုင်ဘူး”
ရဲ့ကျင်းချန်းရဲ့မျက်ဝန်းများက အေးစက်လွန်းပြီး အရင်လို နွေးထွေးဖော်ရွေမှု မရှိတော့ပါဘူး။
“ဒုတိယ အနေနဲ့ ရှောင်အာက ငါ့သား ဟုတ်လား မဟုတ်ဘူးလားဆိုတာ ၃ရက်အတွင်း  သက်သေပြပေးမယ်…. သူ့ကို ဒီလိုမျိုး စော်ကားမော်ကား ပြောဆိုနေတာ မကြောက်လန့်ဘူးလား”
သူ့ထေ့ငေါ့သော စကားလုံးများက အကြီးအကဲ အားလုံးကို  ထိတ်ထိတ်ပျာပျာ ဖြစ်သွား စေပါတယ်။ အစတည်းက ရဲ့ကျင်းရွှမ်ကို သခင်လေး ဖြစ်ဖို့ ကံကြမ္မာပါလာတယ်လို့ ယူဆမိတော့  ရဲ့ကျင်းရွှမ်နဲ့အတူတူ သခင်လေးကို ထိခိုက်စေမယ့် ကိစ္စ မှန်သမျှ ဒီနှစ်ပိုင်းမှာ အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ အခုတော့ ရဲ့ကျင်းချန်းမှာ ဘယ်ကမှန်း မသိတဲ့ သားတစ်ယောက် ရောက်လာတော့  သူတို့ ကြောက်မိတာ အမှန်တကယ်ပါ။ သူတို့ ပါးစပ်က ပရမ်းပတာ ပြောမိလို့ လန့်နေမိတာပါ။
“မင်းက ကုန်သွယ်ရေး လုပ်ငန်းကို လိုချင်တယ်လား”
သူလည်း ရဲ့ကျင်းရွှမ်ဘက်လှည့်ကာ အေးတိအေးစက် ပြောလိုက်ပါတယ်။
“ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ်၊ ဒါပေမဲ့ နှစ်တစ်ထောင် ဆေးမြစ် ၃ခုနဲ့ ကုန်သွယ်ရေး လုပ်ငန်းကို လဲလှယ်ပေးမယ်၊ ပြီးတော့ ဒါတွေကို ရဲ့အိမ်တော်ထဲမှ ယူခွင့် မရှိဘူး”
ရဲ့ကျင်းရွှမ်လည်း တအံ့တဩ မော့ကြည့်လိုက်ပါတယ်။ ဒီကောင်က နှစ်တစ်ထောင် ဆေးမြစ် ၃ခုကို အပိုင်ယူချင်တယ်လား။  သူက ဆေးမြစ် ၃ခုကိုတောင် ရှာရဦးမယ်။ နှစ်၅၀၀ ဆေးပင်တောင် ဆေးကြီးလွန်းလို့ ဈေးကွက်ထဲ ရှားပါးလွန်းတယ်။ ဘယ်လိုများ သူ ရှာဖွေ ရမလဲ။
“အစ်ကိုကြီး… ကျွန်တော်ကတော့ အစ်ကို့အတွက် စဉ်းစားပေးလိုက်ရတာ…. အစ်ကိုကတော့ ကျွန်တော်ကို ဒီလိုမျိုး တောင်းဆိုဝံ့တယ်”
ရဲ့ကျင်းရွှမ်လည်း မကျေမနပ် ပြောလိုက်ပါတယ်။
“မင်း မပေးနိုင်ရင်တော့  ရဲ့ကုန်သွယ်ရေးလုပ်ငန်းကို  မလွှဲအပ်နိုင်ဘူး”
ရဲ့ကျင်းချန်းလည်း ပခုံးတွန့်ကာ  ဂရုမစိုက်ဟန် ပြောလိုက်ပါတယ်။
ရဲ့ကျင်းရွှမ်၏မျက်နှာက မည်းမှောင်သွားလေတယ်။ ရှန်းအကြီးအကဲကလည်း အစ်ကိုကြီးကို ရဲ့အိမ်တော်မှ မောင်းထုတ်ခဲ့မိလို့ အပြစ်ရှိသလို  ခံစားနေရတာပါ။ သူ့ဘက်က  ဗရုတ်ကျလို့ မရဘူး။  သူက ရဲ့ကျင်းချန်း ဆန္ဒကို မဖြည့်ဆည်း ပေးရင်တော့  ကုန်သွယ်ရေး လုပ်ငန်းကို အပိုင်ရမှာ မဟုတ်ဘူး။
စိတ်ဝိညာဉ် စုစည်းဆေးရည် အကြောင်းကို တွေးရင်း အံကြိတ်လိုက်ပါတယ်။
“ကောင်းပြီလေ… ငါ မင်းကို ပေးမယ်”
ရဲ့မိသားစု၏ တန်ခိုး အစွမ်းကို မြှင့်တင်ပြီးရင်တော့ ဘယ်သူမှ သူ့ကို ဆန့်ကျင်ရဲမှာ မဟုတ်တော့ဘူး။
ခင်ဗျားကို အခုတော့ ပျော်ရွှင်ခွင့် ပြုထားလိုက်မယ်… နောင်ဆို ခင်ဗျားကို နှိပ်စက်နိုင်တဲ့ အခွင့်အရေး အများကြီး ရှိလာမှာပါ။
“တခြား ကိစ္စရှိသေးလား၊ မရှိရင်တော့ ကျူပ် အရင်ပြန်ဦးမယ်… ကျုပ်ဇနီးက ကျုပ်ကို မျှော်နေမှာပဲ”
ရဲ့ကျင်းချန်းက တခြားသော အကြီးအကဲများကို မဖော်မရွေ မေးမြန်း လိုက်သော်လည်း စိမ်းပြာရောင် ဝတ်ရုံနဲ့ အကြီးအကဲကိုတော့ ပြုံးပြလိုက်ပါတယ်။
“ပြန်လို့ ရပြီ… ကလေးက မင်းရဲ့သား ဟုတ်မဟုတ် ငါတို့တွေ သေချာစစ်ဆေးဦးမယ်၊ တခြားသူ လှောင်ပြောင်စရာ မဖြစ်ဖို့ သွေးစက်ချ မစစ်ဆေးခင်အထိ  တခြားသူကို ပြောခွင့် မရှိဘူး”
ရဲ့မိသားစုလို ကလန်က သွေးမျိုးဆက်ကို အလေးထားတယ်။ သွေးစက်ချ စစ်ဆေးမှု ကျရှုံးခဲ့ရင် တခြားသူတွေအတွက် ရယ်စရာ ဖြစ်သွားနိုင်တယ်။ သူတို့တွေ မျက်နှာပျက်လို့ မဖြစ်ဘူး။
ရဲ့ကျင်းချန်းလည်း အထင်မြင်သေးစွာ ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်မသွားခင် စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။
 အကြီးအကဲ အခန်းမှာ ထွက်လာပြီးနောက် သူရဲ့ သွေးအေးသော မျက်နှာထားက အရည်ပျော်သွားတော့တယ်။ ကျွင်းဖန်လျန်ရဲ့ မျက်နှာလေး သူ့စိတ်ထဲ ပေါ်လာတော့  ပြုံးနေမိတယ်။ သူလည်း ခြံဝင်းထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့တယ်။
သူ့ဘဝမှာ ကျွင်းဖန်လျန် တစ်ယောက်တည်း သူ့နွေးထွေးမှုပါ။ သူမထက် ဘယ်ကိစ္စကမှ အရေးမပါဘူး။
 
***
အပိုင်း(၈၄၅)

 
ရဲ့ကျင်းချန်းလည်း သိပ်မဝေးတဲ့ တစ်နေရာမှ သူ့ကို ရပ်စောင့်နေတဲ့ လူတစ်စုကို မြင်လိုက်ရတော့ ခပ်သွက်သွက် လမ်းလျှောက်လိုက်တယ်။
“ကျွင်းအာ… ကိုယ့်ကို စောင့်နေရတာ ကြာပြီလား … ငါတို့အခန်းကို သန့်ရှင်းရေး လုပ်ခိုင်းထားတယ်၊ ဖုန်းအာတို့ကို ကာကွယ်ပေးနိုင်အောင် ကိုယ်တို့ အခန်း ဘေးနားမှာ ထားမယ်”
“အဆင်ပြေတာပေါ့”
ကျွင်းဖန်လျန်လည်း ပြုံးကာ ယွမ်လော့ဖုန်းနဲ့ တခြားသူများကို စွေးခနဲ ကြည့်လိုက်ပါတယ်။
“ပင်ပန်းနေရင် အခန်းကို ပြန်ပြီး အနားယူနော်၊ မပင်ပန်းရင်တော့ မို့အာနဲ့ ချီချီတို့က တော်ဝင်မြို့တော်ကို အလည်အပတ် ခေါ်သွားပေးလိုက်”
ဒီစကားကို ကြားတော့ ရဲ့ရှီမို့လည်း ပျော်ရွှင်မြူးထူးစွာ ပြုံးလိုက်ပါတယ်
“မွေးစားအဖေ နဲ့ အမေ…. ညီလေး နဲ့ ညီမလေးကို ကျွန်တော့် တာဝန်ထားလိုက်တော့”
ကျွင်းဖန်လျန်က ရဲ့ရှီမို့အတွက် စိတ်ပူပေးစရာမလိုအောင် သားလေးက လိမ္မာတယ်။ သူနဲ့ အတူတူ လျှောက်လည်ရင် ပြဿနာ မရှိနိုင်ဘူး။
“အစ်ကို၊ ကျွန်မ ပင်ပန်းနေပြီ၊ အနားယူဦးမယ်”
ကျွင်းဖန်လျန်လည်း နဖူးကို ပွတ်လိုက်တယ်။ ကိုယ်ဝန်ရှိတည်းက သူမမှာ နုံးချည့်ပြီး လေးတွဲ လာတယ်။
ရဲ့ကျင်းချန်းလည်း သူမရဲ့ခါးလေးကို ဖက်ကာ တခြားသူများကို ပြုံးပြလိုက်တယ်။ ထို့နောက် အနောက်ဘက် အဆောင်ဘက် ထွက်ခွာ သွားတော့တယ်။
ရဲ့ရှီမို့လည်း သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းကာ ရယ်မော လိုက်ပါတယ်။
“သွားမယ်… အစ်ကိုကြီးက ညီမလေးကို‌ တော်ဝင်မြို့တော်နဲ့ ရင်းနှီးအောင်  လျှောက်လည်ပေးမယ်”
ယွမ်လော့ဖုန်းက ခေါင်းညိတ်ကာ မငြင်းဆန်ခဲ့ပါဘူး။
“ဟုတ်ကဲ့”
ယွမ်ရှောင်က ယွမ်လော့ဖုန်း သဘောတူရင် ငြင်းပယ်မှာ မဟုတ်ဘူး။
ဝေးကွာသွားတဲ့ ပုံရိပ်ကို ငေးမော ကြည့်ကာ ရဲ့ချီလည်း နှုတ်ခမ်း ကိုက်နေလိုက်တယ်။ သူမရဲ့မျက်ဝန်းများက အထီးကျန်ဆန်မှုကို ဖော်ပြနေလေရဲ့။ သူတို့နောက်ကို လိုက်ခဲ့ချင်သော်လည်း နောက်ဆုံးမှာ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ဘူး။
 
***
တော်ဝင်မြို့တော် စားသောက်ဆိုင်က တော်ဝင်မြို့တော်မှာ နာမည်အကြီးဆုံး စားသောက်ဆိုင် တစ်ဆိုင်ပါ။ အစားအသောက်များလည်း အလွန်အမင်း ကျော်ကြားတော့ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။
 ဒါပေမဲ့ ဒီစားသောက်ဆိုင်မှာ ကြိုတင် စာရင်း မပေးထားရင်တော့ ခုံနေရာ ရဖို့က မလွယ်ကူပါဘူး။ ဒါကြောင့်လည်း ခုံနေရာလွတ် ရနိုင်ဖို့ ရဲ့ရှီမို့က သူဌေး ဖြစ်သူနဲ့ ဆွေးနွေးဖို့ စားသောက်ဆိုင်ထဲ ဝင်ရောက်သွားခဲ့ပါတယ်။
ရဲ့ရှီမို့က စားသောက်ဆိုင်ထဲ ဝင်သွားတော့ ယွမ်လော့ဖုန်းတို့က စားသောက်ဆိုင် အပေါက်ဝမှာ  ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့တယ်။ ဟောင်ဟောင်က ယွမ်လော့ဖုန်းနဲ့ စကားပြောခြင်းမှာ စိတ်အားထက်သန်နေတော့  သူမလည်း စားသောက်ဆိုင်ထဲ ထွက်လာတဲ့လူကို သတိမထားမိခဲ့ဘူး။ မတော်တဆ သူတို့နဲ့ ဝင်တိုက်မိတော့တယ်။
ခန္ဓာကိုယ်နဲ့ ဝင်တိုက်မိခြင်းက အကျိုးဆက် တစ်ခု မဖြစ်သွားသင့်ပါဘူး။ဟောင်ဟောင်ရဲ့ အပြင်းအထန် ဝင်ဆောင့်မိခြင်းကြောင့် တစ်ဖက်လူမှာ ပြိုလဲသွားကာ သတိလစ်တော့တယ်။
ဟောင်ဟောင်လည်း မှင်တက် သွားရပါတယ်။ သူမလည်း ခေါင်းကုတ်က, ပြောလိုက်ပါတယ်။
“ဒီလူက ငါတို့ကို ရိုက်စား နေတာများလား”
ဒီစကားကို ရှောင်မို ပြောလို့ သူမ ကြားဖူးတာပါ။ သူပြောတာတော့ သူ အချိန်ခရီးသွားခဲ့တဲ့ လောကကြီးထဲမှာ တခြားသူကို ရိုက်စားလုပ်တဲ့ လူအများကြီး ရှိတယ်တဲ့။ ဒါကြောင့်လည်း ဒီအခြေအနေမှာ ဒီစကားကို သုံးနှုန်းတာပေါ့။
ချက်ချင်းပဲ အားလုံးရဲ့မျက်လုံးက သူမတို့အားလုံးပေါ် ကျရောက် လာတော့တယ်။
“အတင့်ရဲလိုက်တာ”
အဘိုးကြီးနောက်မှာ ရပ်နေတဲ့ သက်တော်စောင့် နှစ်ဦးက ဓားရှည်ကို ဆွဲထုတ်ကာ ဟောင်ဟောင်ကို ရွယ်တော့တယ်။ သူတို့ထဲမှ တစ်ယောက်က ခံစားချက်မဲ့စွာ ပြောလာတယ်။
“ငါတို့သခင်ကို သတ်ဖို့ ကြွရွယ်နေတာလား… အခုချက်ချင်း ငါတို့နဲ့ လိုက်ခဲ့စမ်း”
ဟောင်ဟောင်လည်း ပြုံးနေလိုက်ပါတယ်။
“တကယ်ပဲ သူတို့က ငါတို့ကို ရိုက်စားနေတာပဲလား… ဒီလူကြီးက အသက်ကြီးနေပါပြီ အရှက်ရှိသင့်ပါတယ်… အိပ်ချင်ယောင်ဆောင်မနေနဲ့  အခုချက်ချင်း ထစမ်းပါ”
ဟောင်ဟောင်လည်း ခါးထောက်ကာ မူးမေ့လဲနေသော အဘိုးအိုကို ကြည့်ကာ ပွစိပွစိ ပြောနေပါတယ်။
“အတင့်ရဲလှချည်းလား” 
သက်တော်စောင့်က ခက်ထန်စွာ ခွန်းတုံ့ပြန်တယ်။
ရိုက်စားတဲ့ အဓိပ္ပာယ်ကို မသိပေမဲ့လည်း ကောင်းတာတော့ မဖြစ်နိုင်ဘူး။
ထိုစဉ် စားသောက်ဆိုင် အတွင်းမှာ သူမတို့အကြောင်း တီတိုး ပြောနေကြပြီး ဟောင်ဟောင်ကို မကျေနပ်တဲ့ အကြည့်ဖြင့် ကြည့်နေခဲ့တယ်။
 
***
အပိုင်း(၈၄၆)

 
“ဒီအဘိုးကြီးကို သတိလစ်အောင် ဝင်တိုက်မိတာ မိန်းကလေးရဲ့ အမှားပဲ၊ မင်းက မတောင်းပန်တဲ့အပြင် အထွန့်တက်နေသေးတယ်… ရိုင်းစိုင်းလိုက်တာနော်”
ဟောင်ဟောင်ရဲ့ မျက်နှာက နီရဲတွတ်လာပြီး ဒေါသစိတ်များ ပျံ့လွင့် လာရပါတယ်။ ယွမ်လော့ဖုန်းက သူမကို ရုတ်တရက် လှမ်းဆွဲလိုက်တယ်။
“ငါက သူ့ကို ချက်ချင်း သတိရအောင် လုပ်ပေးနိုင်တယ်ဆိုရင် ရှင်တို့တွေ ယုံကြည်မလား”
အစောင့်များက သရော်လိုက်တယ်။ ဘာစကားတစ်ခွန်းမှ မပြောပေးမယ့်  သူ့မျက်ဝန်းများက မယုံကြည်မှုကို ပြသနေလေရဲ့။
“ဟောင်ဟောင်…လမ်းဖယ်ဦး”
ဒီစကားကို ပြောပြီးနောက် ယွမ်လော့ဖုန်းလည်း မြေကြီးပေါ်မှာ မူးလဲနေတဲ့ အဘိုးအိုအနား သွားလိုက်ပါတယ်။
“ရပ်စမ်း”
အစောင့်နှစ်ဦး၏ မျက်နှာထား ပြောင်းလဲသွားပြီး ယွမ်လော့ဖုန်းကို တိုက်ခိုက်ဖို့ ကြံရွယ်ချိန်မှာ အေးတိအေးစက်လူက အရင်ဆုံး လက်ဦးမှု ရယူသွားခဲ့ပါတယ်။
သတိမမူလိုက်ခင်မှာ ပြင်းထန်သော စွမ်းအားက သူတို့ရဲ့ခန္ဓာကိုယ်ပေါ် ကျရောက် လာခဲ့တယ်။ သူတို့မှာ ခုခံဖို့ အချိန် မရလိုက်တာကြောင့် ခန္ဓာကိုယ်ဟာ လွင့်ထွက်သွားပြီး  သွေးအန်ရတော့တယ်။ ယွမ်လော့ဖုန်းက အဘိုးအိုအနား ချဉ်းကပ်သွားတာကို ကယ်ရာမဲ့သူ တစ်ယောက်လို ငေးကြည့် နေရပါတယ်။
ကောင်မလေးက အဘိုးအို အနားရောက်တော့  သူမလက်ထဲမှာ ငွေအပ်တချို့ ရုတ်တရက် ပေါ်လာတယ်။ အဘိုးအိုရဲ့ ဦခေါင်းပေါ်မှာ အပ်စိုက် ကုသလိုက်ပါတယ်။ အပ်မှ တစ်ဆင့် စိတ်စွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲ လွှဲပြောင်း ပေးနိုင်တယ်။
သိပ်မကြာခင်မှာဘဲ သတိလစ်နေတဲ့ အဘိုးအိုရဲ့မျက်လုံးများ ဖွင့်လာခဲ့ပါတယ်။ သူ့အကြည့်များက ရှုပ်ထွေးနေပြီး ဘာဖြစ်နေမှန်းတောင် မသိသလိုပါပဲ။
“လူကြီးမင်း”
အဘိုးအို သတိရလာတာ မြင်တော့  အစောင့်များမှာ ပျော်ရွှင် ရပါတယ်။ သူတို့လည်း ဟောင်ဟောင်ကို စိန်းစိန်း ဝါးဝါး ကြည့်လိုက်ပါတယ်။
“ဒီကောင်မလေးက လူကြီးမင်းကို လျှိုဝှက် တိုက်ခိုက်လို့ အပြင်းအထန် ဒဏ်ရာ ရသွားခဲ့တာ… ဒီလက်အောက် ငယ်သားက…”
“မရိုင်းစိုင်းနဲ့”
အဘိုးအိုက အသိပြန်ဝင်လာပြီး စကားဆက်မပြောဖို့ သက်တောင်စောင့်ကို ပါးချလိုက်ပါတယ်။
“ဒီကောင်မလေးကို ချက်ချင်း တောင်းပန်စမ်း”
သက်တော်စောင့်မှာ နားမလည်နိုင် ဖြစ်ရပါတယ်။
အဘိုးအိုလည်း သူတို့ကို ကြည့်မနေတော့ဘဲ ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ပါတယ်။ သူလည်း ယွမ်လော့ဖုန်းကို ရိုသေလေးစားစွာ ဂါရဝ ပြုလိုက်ပါတယ်။
“ကျုပ်ကို ကယ်တင်ပေးခဲ့တာ မိန်းကလေးလား”
ယွမ်လော့ဖုန်းလည်း သူ့ကို စောင်းငဲ့ ကြည့်လိုက်ပါတယ်။
“ရှင်… သတိလစ်သွားတာက ကျွန်မရဲ့ ညီမလေးနဲ့ မသက်ဆိုင်ဘူး ဆိုတာ သက်သေပြချင်လို့ပါ၊ ဟောင်ဟောင် ပြန်မယ်”
အဘိုးအိုမှာ တစ်စုံတစ်ရာကို ဆက်ပြောချင်ပါ သော်လည်း ယွမ်လော့ဖုန်းက သူ့ကို အခွင့်အရေးလေးတောင် မပေးဘဲ ချက်ချင်း သူ့မျက်စိရှေ့မှ ပျောက်ကွယ် သွားတော့တယ်။
စကားမပြောခင်မှာ သူလည်း ခပ်ပြင်းပြင်း သက်ပြင်း ချလိုက်ပါတယ်။
“ဒီကောင်မလေး ဘယ်သူလဲဆိုတာ သွားစုံစမ်း”
“အမိန့်အတိုင်း ဖြစ်စေရပါမယ် လူကြီးမင်း”
အစောင့် နှစ်ဦးက လေးလေးစားစား ဂါရဝပြုကာ ပြန်လည် ဖြေကြားပါတယ်။
 
***
 
တော်ဝင် နန်းတော်…
တော်ဝင်စာကြည့်ဆောင် အတွင်းမှာ အဝါရင့်ရင့် ဝတ်ရုံနဲ့လူက လျှောက်တင်စာများ ဖတ်ရှု အကဲ ဖြတ်နေပြီး  ရက်ပေါင်းများစွာ အလုပ်ရှုပ်ခဲ့လို့ ထင်ပါတယ်… မျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး မကြည်မလန်းပါဘူး။
“အရှင်မင်းမြတ်”
မိန်းမစိုးတစ်ဦးက အလျင်စလို ဝင်ရောက်ကာ သတင်းပို့ပါတယ်။
“လူကြီးမင်းရွှမ်ထန် ရောက်နေပါတယ်”
 စကားပြန်မပြောခင်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။
“ဝင်ခွင့်ပြုလိုက်တော့”
“အမိန့်တော်မြတ် အတိုင်းပါ… အရှင်မင်းမြတ်”
ဒီစကားကို ပြောပြီးနောက် မိန်းမစိုးလည်း အလျင်စလို ခြေလှမ်းများကို နောက်ပြန်ဆုတ် လိုက်ပါတယ်။ ခဏကြာတော့ ဝါလဲ့လဲ့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးက တော်ဝင် စာကြည့်ဆောင်ထဲ ဝင်ရောက်လာခဲ့ပါတယ်။
ယွမ်လော့ဖုန်းသာ အနားမှာ ရှိနေခဲ့ရင်တော့ လူကြီးမင်း ရွှမ်ထန်က သူမတို့တွေ ရိုက်စားလို့ ပြောခဲ့တဲ့ အဘိုးကြီးမှန်း သိမှာပါ။
“ရွှမ်ထန်… ဧကရီကို ကုသပေးနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ပြီလား”
ထိုလူက ဟိတ်ဟန် အပြည့်နဲ့ မေးလိုက်ပါတယ်။
ဧကရီကို လက်ထပ်ခဲ့ပြီးတည်းက ဧကရာဇ်က  နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးခဲ့တယ်။ ကံဆိုးချင်တော့ အရှင်မင်းမြတ်က အာဏာမဲ့တော့ တစ်ချို့အရာတွေကို လွန်ဆန်လို့ မရဘူး၊ မောင်းမဆောင် မထားလို့ မရပြန်ဘူး။
အရှင့်အတွက် ဧကရီက တခြားအမျိုးသမီးများကို သည်းခံခဲ့ရတယ်။ ဧကရီအတွက် အပြစ်ရှိသလို ခံစားရလို့ ထင်ပါတယ်…. ဧကရာဇ်က သူမကို အလိုလိုက် အကြိုက်ဆောင်ပါတယ်။
ဒါပေမဲ့လည်း ပျော်ရွှင်ဖွယ်ရာ ခရီးလမ်းက ခက်ခဲ ကြမ်းတမ်းလွန်းပါတယ်။   ဘာကြောင့်မှန်းတော့ မသိဘူး သခင်မကျွင်းဖန်လျန်လို ဧကရီလည်း ကိုယ်ဝန်မဆောင်နိုင်ဘူး။ တိုင်းပြည်အုပ်ချုပ်သူ အနေနဲ့  ဒီကိစ္စကြောင့် ဖိအားအများအပြားကို သည်းခံနေရတယ်။
 
***
အပိုင်း(၈၄၇)

 
အရှင့်အတွက် ကြေကွဲရဆုံး ကိစ္စက ဧကရီမှာ သေလုမြောပါး ရောဂါ ရှိနေကြောင်း သိလိုက်ရတာပဲ။ ရောဂါက ကျွမ်းနေတော့ အသက်ရှင် နေထိုင်ရဖို့ အချိန် သိပ်မကျန်တော့မှန်း သိလိုက်ရပါတယ်။ ဧကရီကို ကယ်တင်ပေးဖို့ ဧကရာဇ်က အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားဖြစ်ဖြစ်၊ မင်းသမီး ဖြစ်ဖြစ် … ဧကရီကို ကယ်တင်ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို  အိမ်ရှေ့စံရာထူး အပ်နှင်မယ်။
 အရှင်မင်းကြီးက ဧကရီကို ဘယ်လောက်အထိ ချစ်ခင် မြတ်နိုးလည်း မြင်နိုင်ပါတယ်။
“အရှင်မင်းကြီး ဒီအမတ် အိုကြီးလဲ နေမကောင်းတာ သိမှာပါ… မကုသပေးနိုင်ရင် အချိန်မရွေး မူးမေ့လဲ သွားနိုင်တယ်… ကိုယ့်ဘာသာကိုယ်လည်း မကုသနိုင်ခဲ့ပေးမယ်… ဒီတစ်ကြိမ်တော့ သတိ ပြန်လည်လာခဲ့တယ်”
သူ့ရောဂါ အခြေအနေနဲ့ အချိန်အခါကို တွတ်ချက်ထားပြီးသား။ သူ့လောက် ဘယ်သူ့မှ သူ့ရောဂါဟောင်း အကြောင်းကို မသိနိုင်ဘူး။ ဒီနေ့ ရုတ်တရက် နေမကောင်း ဖြစ်မယ်လို့ မထင်ခဲ့မိပါဘူး။
“ပြီးတော့ရော”
ထိုလူက မျက်မှောင်ကြုတ်ကာ‌ မေးလိုက်ပါတယ်။
ရွှမ်ထန်လည်း ပြုံးလိုက်ပါတယ်။
“ဒီအမတ်မင်းက အမျိုးသမီးတစ်ယောက်နဲ့ ကြုံဆုံခဲ့ရတယ်၊ သူမက ကျွန်တော်မျိုးကို ခေါင်းအပ်စိုက် ကုသပေးတော့ ပြန်လည် နိုးလာခဲ့တယ်၊ ဒီမိန်းကလေးက ဆေးပညာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်မှာ သေချာတယ်၊ တော်ဝင်နန်းတော်ထဲက သမားတော်တွေတောင် သူမကို မယှဉ်နိုင်ဘူး၊ နန်းတော်ထဲ သူမကို ဖိတ်ကြားနိုင်ရင်တော့  ကျွန်တော်မျိုးရဲ့ ရောဂါဟောင်းကို အမြစ်ဖျက် ကုသပေးနိုင်တဲ့ အပြင် ဧကရီရဲ့ရောဂါကိုလည်း ကုသပေးနိုင်မှာပါ”
သူစကားကြောင့် စိတ်လှုပ်ရှားကာ ချက်ချင်း မတ်တတ် ထရပ်လိုက်ပါတယ်။
“မိန်းကလေးက ဘယ်မှာနေတာလဲ၊ သူမကို လူလွှတ်ပြီး ဖိတ်ကြား ခိုင်းလိုက်မယ်၊ မဟုတ်သေးဘူး၊ ကိုယ်တော် ကိုယ်တိုင် သွားပင့်မယ်၊ ဧကရီကို ကုသပေးနိုင်ရင် တောင်းဆိုသမျှကို လက်ခံပေးမယ်”
“သူမ ဘယ်သူလဲ ဆိုတာ စုံစမ်းဖို့ ကျွန်တော်မျိုး လူလွှတ် စုံစမ်း ထားခိုင်းပါတယ်၊ သိပ်မကြာခင်တော့ သိရမှာပါ၊ ကြည့်ရတာတော့ ကောင်မလေးက မောက်မာတယ်… ချမ်းသာကြွယ်ဝမှုနဲ့ ရာထူးအဆင့်အတန်းက သူမကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး”
“သူမက အစွမ်းထက်တဲ့ သမားတော်ဆိုတော့… ဒါတွေကို စိတ်ဝင်စားပါ့မလား သူမက ဆေးပင်တွေပဲ စိတ်ဝင်စားမှာပေါ့ ဟုတ်တယ်မလား၊ သူမသာ ဧကရီကို ကုသပေးနိုင်ရင်  တိုင်းပြည်မှာ ရှိသမျှ ဆေးပင်တွေ ပေးရလဲ ကိစ္စ မရှိပါဘူး”
ရွှယ်ထန်လည်း အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားနေတဲ့ အမျိုးသားကို တအံ့တဩ ကြည့်လိုက်ပါတယ်။ 
“ရွှယ်ထန်… ကိုယ်တော်က ဧကရီကို အကြွေး အများကြီး တင်ထားခဲ့တယ်၊ ကိုယ်တော်က  သူမကို မကြာခဏ စိတ်မကောင်းဖြစ်စေတော့ ဆယ်စုနှစ်ကြာခဲ့တာတောင် သူမမှာ ကလေးတစ်ယောက်တောင် မရှိခဲ့ဘူး….ဧကရီကို ကုသပေးနိုင်ခဲ့ရင် ကိုယ်တော်က အရာရာတိုင်းကို စွန့်လွှတ်နိုင်တယ်၊ တိုင်းပြည်ကိုလည်း ပေးအပ်ဝံ့တယ်”
“အရှင်မင်းကြီး”
ရွှယ်ထန်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချား မိပါတယ်။
“ငါ ကိုယ်တော်ကို ဖျောင်းဖျဖို့ မကြိုးစားနဲ့၊ ကိုယ်တော် နောင်တ ရခဲ့တာ ကြာပြီ၊ တော်ဝင် ကိုယ်လုပ်တော် အများကြီး ရှိတာ ဘာများ အသုံးဝင်လို့လဲ၊ နှလုံးသားထဲက အရေးပါဆုံး မိန်းကလေးက ဧကရီမိဖုရား ဖြစ်နေလဲ ဘာအခွင့်အာဏာမှ မရှိခဲ့ဘူး၊ ဧကရီမိဖုရား နာမကျန်းဖြစ်လာတော့မှ ကိုယ်တော်… သူ့ကို အဆုံးအရှုံး မခံနိုင်မှန်း သိလာခဲ့တယ်”
ရွှယ်ထန်လည်း ခေါင်းငုံ့ထား လိုက်ပါတယ်။
“ဒီအမတ်မင်းက အရှင်မင်းကြီးရဲ့ဆန္ဒကို လေးစားမိပါတယ်…. ကောင်မလေးကို တတ်နိုင်သမျှ မြန်မြန် ရှာဖွေ ပါမယ်”
“ဒါဆိုသွားလို့ ရပြီ၊ ကောင်မလေးနဲ့ ပတ်သက်တဲ့ သတင်းရရင်တော့ ကိုယ်တော်ကို သတင်းပို့ပါ… မိဖုရားကို ကုသပေးဖို့ ကိုယ်တော်ကိုယ်တိုင် သွားရောက် ဖိတ်ကြားမယ်”
“အရှင်မင်းကြီး အမိန့်တော်အတိုင်း ဖြစ်စေရပါမယ်”
ရွှယ်ထန်လည်း ဂါရဝပြုကာ ထွက်ခွာလာခဲ့တယ်။
တော်ဝင်စာကြည့်ဆောင်မှ ခြေနှစ်လှမ်းပဲ လှမ်းရသေးတယ်… သူ့အနား လမ်းလျှောက်လာတဲ့ ကျန်းမုံ့ယောင်ကို တွေ့လိုက်ရပါတယ်။
ထျန်းယွင်တိုင်းပြည်မှာ သမားတော်တွေက အဆင့်အတန်း မြင့်မားပါတယ်။ အထူးသဖြင့် ရွှမ်ထန်က သမားတော် ခေါင်းဆောင် ဖြစ်နေတော့ ပိုပြီးတော့ အဆင့်အတန်း မြင့်တာပေါ့။ ဘုရင်က လွဲရင် ဘယ်သူ့ကိုမှ သူ ဂါရဝ မပြုဘူး။ ဒါကြောင့်လည်း ကျန်းမုံ့ယောင်ကို တွေ့တော့ အသိအမှတ် ပြုဟန် ခေါင်းညိတ်လိုက်တာပေါ့။
“လူကြီးမင်း ရွှမ်ထန်”
ကျန်းမုံ့ယောင်လည်း  ပြုံးကာ စကားဆိုလိုက်ပါရဲ့။
“ကျွန်မ နားမလည်တဲ့ ဆေးပညာ အကြောင်း မေးမြန်းချင်လို့ပါ…. လူကြီးမင်းအနေနဲ့ ညွှန်ကြား ပေးနိုင်မလား”
ရွှမ်ထန်လည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။
“အားနာမိပါတယ်… မင်းသမီး၆  ကျွန်တော်မှာ လုပ်စရာ ကိစ္စလေး ရှိနေသေးတော့ မင်းသမီးကို မသင်ကြားပေးနိုင်ဘူး”
ကျန်းမုံ့ယောင်က မျက်နှာ ပျက်ယွင်းသွားသော်လည်း ဟန်လုပ်ပြုံးကာ ဆက်ပြောပါတယ်။
“ရပါတယ်… မုံ့ယောင်က လူကြီးမင်း အားလပ်တဲ့ အချိန်ကို လာရှာမှာပါ”
ဒီစကားကို ပြောပြီးနောက် သူမလည်း တော်ဝင်စာကြည့်တိုက် တံခါးကို တွန်းဖွင့်ကာ အခန်းထဲကို ဝင်သွားလိုက်ပါတယ်။
 
***

Bạn đang đọc truyện trên: Truyen247.Pro