
358+359+360+361+362
အပိုင်း(၃၅၈)
ရှောင်ယွီချင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း(၆)
“ဘာကြောင့် ကျွန်မကို မယုံကြည်တာလဲ”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီး မေးလိုက်တယ်။
“ရှင် လုံယွမ်တိုင်းပြည် ရောက်တဲ့အချိန်က ကျွန်မက ဘယ်လို လူစားလဲ ဆိုတာ ကြားသိမှာပါ သူ့ကို ဘာကြောင့် ဒီလို ပြောဆိုရလဲဆိုတဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ် သူ့ကို မျက်စိ စပါးမွေးစူးလို့လေ…တခြား အကြောင်းအရင်းတော့ မရှိပါဘူး”
ယွမ်လော့ဖုန်းက အကြောင်းအရင်းကို မပြောဖို့ ဆုံးဖြတ်ထားတော့ အဘိုးအိုငယ်လေးလည်း သူမကို ဆက်မမေးတော့ဘူး။ ဒါပေမဲ့ သက်ပြင်းရှိုက် လိုက်တယ်။
“ကျုပ်တော့ မင်းကို တကယ်ပဲ နှစ်သက်ပါတယ်။ မင်းကို ကျုပ်တပည့်လေး ဖြစ်စေချင်တယ် ဒါပေမဲ့ မင်းက လက်မခံဘူး… ကောင်းပါပြီ… ကျုပ် မင်းကို တွန်းအား မပေးပါဘူး မင်း အကူအညီ လိုအပ်တဲ့ အချိန်တိုင်း ကျုပ်ကို လာရှာလှည့် ကျုပ် ကူညီနိုင်သမျှ ကူညီပေးမယ်”
အဘိုးအိုငယ်လေးရဲ့ စကားကိုကြားတော့ ယွမ်လော့ဖုန်းလည်း နွေးထွေးသလို ခံစားရတယ်။ သို့သော်လည်း ရှောင်မိသားစုကို သူမနဲ့ ယွမ်ရှောင်က ကိုယ်တိုင် အဆုံးသတ်ပေးမယ်။ တခြားလူတစ်ယောက် ဝင်နှောင့်ယှက်ဖို့ ခွင့်မပြုနိုင်ဘူး။ သူမကို အတင်းအကျပ် ကူညီပေးမယ် ဆိုရင်တောင်ပေါ့….။
“ကျေးဇူးတင်ပါတယ်”
ဒီရိုးရှင်းတဲ့ စကားနှစ်လုံးက ယွမ်လော့ဖုန်းရဲ့ ရိုးရှင်းတဲ့ ကျေးဇူးတင် စကားလေးကို ဖော်ပြပါရဲ့။ ဘာပဲဖြစ်ဖြစ်ပါ… သူမက အဘိုးအိုငယ်လေးရဲ့ ကြင်နာမှုကို လက်ခံပေးရမယ်။
“အင်းပါ”
အဘိုးအိုငယ်လေးလည်း ပြုံးလိုက်ပြီး သူ့လက်ကို ပွတ်သပ်နေတယ်။
“မင်း ကျေးဇူးတင်တယ် ဆိုရင်တော့ ကျုပ်ကို စိတ်ဝိညာဉ် လက်ဖက်ရည် အနည်းငယ် လက်ဆောင်ပေးလေ… ဒီလက်ဖက်ရည် အရသာကို ကျုပ် တကယ်ပဲ လွမ်းဆွတ်နေတယ်”
“ကောင်းပြီလေ”
ဒီတစ်ကြိမ်တော့ ယွမ်လော့ဖုန်းလည်း မငြင်းဆန်တော့ဘူး။ သူမ ခဏတော့ တွေးလိုက်ပြီး ဖြည့်စွက် ပြောလိုက်တယ်။
“အခု ပေးမယ် စိတ်ဝိညာဉ်လက်ဖက် ရွက်က အရင်က ပေးတာထက် ပိုကောင်းတယ်”
ဘာ…..။ အရင်တစ်ခေါက်ကထက် ပိုကောင်းတယ်တဲ့လား။ အဘိုးအိုငယ်လေးမှာ မျက်လုံးပြူးကျယ်သွားပြီး သူ့ပါးစပ်မှလည်း သွားရည်ကျလုနီးပါးပဲ။ သူလည်း ယွမ်လော့ဖုန်းကို နားမလည်နိုင်စွာ ငေးကြည့်လိုက်တယ်။
“ဒါဆို… အခု စိတ်ဝိညာဉ် လက်ဖက်ရွက်ကို ပေးနိုင်မလား”
သူ့တောင်းဆိုချက်ကို ကြားရတော့ ယွမ်လော့ဖုန်းလည်း သူမရဲ့ နယ်မြေလက်စွပ်မှ စိတ်ဝိညာဉ် လက်ဖက်ရွက် အိတ်လေးကို ထုတ်လိုက်ပြီး အဘိုးအိုငယ်လေးကို လှမ်းပေးလိုက်တယ်။
“ဒါက ကျွန်မကို ဝိညာဉ်ဘုံကို ခေါ်လာပေးလို့ ဆုလာဘ် ပေးတာ”
အဘိုးအိုငယ်လေး ကောင်မလေး လက်ထဲမှ လက်ဖက်ရည် အိတ်လေးကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူ့အသက်ရှူသံများ မြန်ဆန်လာတာပေါ့။ သူလည်း စိတ်ဝိညာဉ် လက်ဖက်ရွက်ကို ဆတ်ခနဲယူလိုက်ပြီး သူ့နယ်မြေ လက်စွပ်ထဲ အလျင်အမြန် ထည့်လိုက်တယ်။ ယွမ်လော့ဖုန်း ပြန်ယူသွားမှာ ကြောက်နေတဲ့ ပုံစံပေါ့။
“ကောင်မလေး… နောင်ဆို မင်းကို လမ်းပြဖို့ လူလိုအပ်ရင် ကျုပ်ကို အသိပေးလိုက်”
စိတ်ဝိညာဉ် လက်ဖက်ရည်လေး ဘေးကင်းစေဖို့ သူ့မှာ ယွမ်လော့ဖုန်းကို ခစားဖို့ ဆန္ဒရှိနေတာပေါ့။
တစ်ခုခုကို တွေးမိသွားတာကြောင့် အဘိုးအိုငယ်လေးလည်း ယွမ်လော့ဖုန်းကို မော့ကြည့်လိုက်တယ်။
“ဒါနဲ့ မင်းမှာ ဝိညာဉ်ဘုံထဲ လှည့်ပတ်သွားဖို့ လမ်းညွှန် မြေပုံ ရှိလား”
ယွမ်လော့ဖုန်းလည်း သူမခေါင်းကို ခါယမ်းလိုက်တယ်။ ချင်ယွမ်က သူမကို ဝိညာဉ်ဘုံသွားဖို့ လမ်းညွှန်မြေပုံသာ ပေးခဲ့တယ်။ ဝိညာဉ်ဘုံ မြေပုံကိုတော့ မရလိုက်ဘူး။
“ဒါဆိုလည်း မင်း ကျုပ်နဲ့ အတူတူ လိုက်ခဲ့လေ လူနာတစ်ယောက်ကို သွားတွေ့ရမယ် အဲနေရာကို ရောက်ရင်တော့ သူတို့ကို မင်းအတွက် လမ်းညွှန်မြေပုံ ပြင်ဆင် ပေးခိုင်းမယ် မင်းက ရှောင်မြို့တော်ကို သွားချင်တယ် ဆိုရင်တော့ မင်းနဲ့ ငါက လမ်းအတူတူပဲ”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို မြှင့်တင်လိုက်တယ်။ သူမ မျက်ဝန်းနက်များမှာ ပြုံးရိပ်သန်း နေတယ်။ သူမမှာလည်း တခြား ရွေးချယ်စရာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူမက ဝိညာဉ်ဘုံအကြောင်း ကောင်းကောင်း မသိဘူးလေ။ တခြားသူ လမ်းပြမှု မရှိရင်တော့ ရှောင်မိသားစုကို ရှာဖို့ သူမ အတွက်တော့ ခဲယဉ်းသွားပြီ။
***
ဝိညာဉ်နတ်ဘုရား တောင်က ဝိညာဉ်ဘုံရဲ့ တားမြစ်ထားသော နေရာများထဲမှ တစ်ခုပေါ့…။ ဒီတောင်ကို ဝိညာဉ်နတ်ဘုရားများက ဖန်ဆင်းထားတာလို့ ပြောကြတယ် ဒါကြောင့်လည်း ဝိညာဉ် နတ်ဘုရားတောင်လို့ ခေါ်တွင်တာပေါ့။ သို့သော်လည်း ဒါက ဒဏ္ဍာရီ ပုံပြင်တစ်ခုပါ…။ မှန်လား… မှားလား ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။
ထိုအခိုက်အတန့် အဘိုးအိုငယ်လေးက တောင်ခြေမှာရှိတဲ့ အိမ်လေး တစ်အိမ်ရှေ့မှာ ရပ်တန့်လိုက်တယ်။ သူက တည်ကြည် လေးနက်သော အကြည့်ဖြင့် အသက်ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး သူ့လက်နဲ့ တံခါးကို ခေါက်လိုက်တယ်။ တံခါးက ကျွိခနဲ မြည်သံနဲ့အတူတူ ဖွင့်လာခဲ့တယ်။
ခြံဝင်းအတွင်းမှ လူတစ်ယောက် ခေါင်းပြူ ထွက်လာပြီး ဘေးဘယ်ညာ ဆန်းစစ် ကြည့်ရှုနေတယ်။ အဘိုးအိုငယ်လေးကို တွေ့သွားတော့ သူ့မျက်နှာက ပျော်ရွှင်သွားပုံရတယ်။
“နောက်ဆုံးတော့ ရောက်လာပြီပေါ့… နတ်ဆေးသမားတော်…”
***
အပိုင်း(၃၅၉)
နာမကျန်းခြင်းကို ကုသခြင်း(၁)
အဘိုးအိုရဲ့မျက်နှာက ထိတ်လန့်သောပုံစံကို ဖော်ပြနေခဲ့ပြီး မျက်နှာက အရင်နဲ့ အတူစွာ တည်ကြည်နေတယ်။
“အခြေအနေ ဘယ်လိုလဲ”
“နတ်ဆေးသမားတော်… ကျွန်တော်တို့ သခင်ကြီးက သမားတော်ကို စောင့်နေပါတယ် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
ထိုလူက တံခါးမကြီးကို ဖွင့်လိုက်တဲ့အချိန်မှာ နတ်ဆေးသမားတော် ဘေးနားက ကောင်မလေးကို မျက်လုံး မှေးကျဉ်းကျဉ်းဖြင့် ဖျတ်ခနဲ ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်တယ်။
“ဒါနဲ့… ဒီကောင်မလေးက….”
“ကျုပ် တပည့်”
အဘိုးအိုငယ်လေးက အဖက်မလုပ်ဟန် လေသံနဲ့ ဖြေလိုက်တယ်။
ဒီကောင်မလေးက နတ်ဆေးသမားတော်ရဲ့ တပည့်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ မဟုတ်ရင်တော့ စိတ်မအေးချမ်း နိုင်တော့ဘူးလေ။ ဒီကိစ္စက အတော်လေး အရေးပါတယ်။ ဒါကြောင့် သူ တခြားလူကို သိဖို့ အခွင့်အရေး မပေးနိုင်ဘူး။ သူမက နတ်ဆေးသမားတော်ရဲ့ တပည့်ဆိုရင်တော့ ဒီကိစ္စက ခြားနားသွားပြီလေ။
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို ကြည့်လိုက်ပြီး အကြည့်ကို အလျင်အမြန် ရုပ်သိမ်းလိုက်တယ်။ သူမလည်း အဘိုးအို အနောက်မှ လမ်းလျှောက်ကာ ခန်းမထဲသို့ ဝင်လာလိုက်တယ်။
ဒီအိမ်က အတော်လေးတော့ အိုဟောင်းနေပြီပဲ။ မြေကြီးပေါ်မှာ ပေါင်းပင်များ ဖုံးလွှမ်းနေတာ…. လူမနေတာ ကြာနေတဲ့ ပုံစံပေါက်တယ်။ ဒီအိမ်က ဘယ်လိုပဲ အိုမင်းဟောင်းနွမ်း နေပါစေ… ထိုအမျိုးသားရဲ့ မြင့်မြတ်တဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်ထားလို့ မရနိုင်ပေ။ ဒီလူရဲ့ စွမ်းအားက အတော်လေး မြင့်တာတော့ သိတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာထိလည်း ဆိုတာတော့ ခန့်မှန်းလို့ မရနိုင်။ သူ့ပုံစံက အားလုံးအထက်မှာ နေနိုင်တဲ့ ဘုရင်တစ်ပါးနဲ့ ဆင်တူတယ်။
“နတ်ဆေးသမားတော်”
တံခါးပေါက်ဝမှ အဘိုးအိုလေးရဲ့ မျက်နှာကို မြင်ရတော့ သူ့ချောမော ခန့်ညားပြီး လွှမ်းမိုးချုပ်ကိုင်တဲ့ သဘောရှိတဲ့ မျက်နှာက အပြုံးလေး ပေါ်လွင်လာတယ်။ သို့သော်လည်း သူ့အပြုံးမှာ ဝမ်းနည်း ကြေကွဲမှုများ ပါဝင်နေပြီး ကူရာမဲ့မှုများဖြင့် ပြည့်နှက်နေလေရဲ့…။
“ကျွန်တော်… သမားတော်ကြီး စောင့်နေတာ အချိန်အတော်ကြီး ကြာခဲ့ပြီ… ကျွန်တော့်နောက် လိုက်ခဲ့နိုင်မလား… ကျွန်တော့်သမီးရဲ့ အခြေအနေလေး စမ်းသပ်ပေးနိုင်မလား”
အဘိုးအိုငယ်လေးက တည်ငြိမ်စွာ သူ့ခေါင်းကို ညိတ်လိုက်တယ်။
“ဒါပေါ့ စမ်းသပ်ကြည့်ဖို့ ကျုပ်ကို ခေါ်သွားပေး…”
“နတ်ဆေးသမားတော်… ဒီဘက်ကို ကြွပါ…”
သက်လတ်ပိုင်း အမျိုးသားက လိုက်ကာ နောက်သို့ ဖိတ်ခေါ်ပြီး လျှောက်လှမ်း သွားတယ်။ လိုက်ကာက အနောက်ဘက် ခန်းမကို ခြားနားထားတာပေါ့။ လိုက်ကာကို ဖယ်လိုက်တယ်။
အနောက်ဘက် အခန်းထဲ သစ်သားခုတင်ပေါ်သော လဲလျောင်းနေတဲ့ ဖြူဖျော့သော အသားအရေနဲ့ မိန်းကလေး တစ်ယောက်ကို တွေ့နိုင်တယ်။ ဒီမိန်းကလေးက အသက် ၃ဝဝန်းကျင်သာ ရှိပြီး သူမ အသားအရေက ဖြူဖျော့ပြီး ကြည်လင်နေတယ်။ ကြည့်လိုက်ရင်တော့ အတော်လေး ချစ်စရာတော့ ကောင်းပါတယ်။ သူမ မျက်တောင့်ရှည်လေးများက တုန်တုန်ရီရီ ဖွင့်ချည် ပိတ်ချည် ဖြစ်နေသည်မှာ ယပ်တောင်နဲ့ တူနေတယ်။ သူမပုံစံ လေတိုက်လျှင် လွင့်သွားတော့မည့် ပုံစံဖြစ်ကာ အသားအရေကာ ထိုးဖောက် မြင်ရလောက်တဲ့အထိ ဖြူဖျော့နေတယ်။
“ရှောင်ပိုင် အခြေအနေက ပိုပိုပြီးတော့ ဆိုးရွားလာတယ် … သူမ အသက်ရှည်ရှည် မနေနိုင်မှာ စိုးရိမ်မိတယ်… ဒါကြောင့်လည်း သမားတော်ကြီးကို အဝေးတစ်နေရာက ပင့်လိုက်ရတာပါ ခရီးလမ်းက ဝေးမှန်းလည်း နားလည်ပါတယ်… ရှောင်ပိုင် ဇာစ်မြစ်က ထူးခြားတယ် ဆိုတာ သမားတော်ကြီးလည်း သိပါတယ်… ကျွန်တော်… သူမကို သေခွင့် မပေးနိုင်ဘူး”
ထိုလူရဲ့အကြည့်က အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ မိန်းကလေးအပေါ်သာ မြဲမြံနေတာပေါ့… အကြည့်လေး အနည်းငယ် လွှဲလိုက်ရမှာကိုပင် ဝန်လေးနေမိတယ်။ သူ့မျက်ဝန်းများက ချစ်ခင်မှု စိုးရိမ်မှု၊ အူလှိုက်သည်းလှိုက် မျှော်လင့်ချက်များဖြင့် ပြည့်နှက် နေတာပေါ့။
“သခင်… ဒီကောင်မလေးရဲ့သွေးက အတော်လေး ထူးခြားတယ်”
ထိုအချိန်မှာ ယွမ်လော့ဖုန်းက မိန်းကလေးကို ငေးဘက်မှ စောင်းငဲ့ကြည့်နေတာ… ဒါကြောင့် ရှောင်မို့ရဲ့ အံ့သြမှင်တက်ဖွယ် အသံကို သူမရဲ့ စိတ်ဝိညာဉ်မှ တစ်ဆင့် ကြားနိုင်တယ်။
“ထူးခြားတယ်…”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို အသာအယာ ပင့်တင်ပြီး မေးလိုက်တာပေါ့။
“ဘယ်လိုမျိုးလဲ”
ရှောင်မိုလည်း သူ့အနီရောင် နှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်း ဖိကိုက်ရင်း
“ကျွန်တော်က ဒီကုန်းမြေစုကို စွန့်ခွာသွားခဲ့တာ အတော်ကြာခဲ့ပြီ… ဒါကြောင့် ကိစ္စတိုင်းက သိပ်မရှင်းလင်းတော့ဘူး ကျွန်တော် အသိစိတ်ထဲက ဗဟုသုတက အရင်လောက် မကျယ်ပြန့်တော့ဘူး… (အများကြီး မသိတော့ဘူး)…. ကျွန်တော် ပြောနိုင်တာတော့ သခင် အခုအချိန်မှာ သူ့ကို ကယ်တင်လိုက်မယ် ဆိုရင် နောက်တစ်ချိန်မှာ သူမက သခင့်အတွက် အသုံးဝင် လာနိုင်တယ်”
ယွမ်လော့ဖုန်းလည်း တိတ်ဆိတ် နေခဲ့တာပေါ့။ သူမ ရှောင်မိုကို ယုံကြည်တယ်…။ သူက ဒီလိုပြောတယ် ဆိုတော့ ဒီမိန်းကလေးက တကယ် ထူးခြားတာ သေချာတယ်။
သို့သော်လည်း သူမ အလျင်မလိုဘူး… သူမအကြည့်ကို အဘိုးအိုငယ်လေး အပေါ်သာ သက်ရောက် စေတယ်။
အဘိုးအိုငယ်လေးက မျက်မှောင်ကြုတ် လိုက်တယ်။ အိုမင်းရင့်ရော်နေတဲ့ သူ့မျက်နှာထားက တည်ငြိမ်နေတာပေါ့။
“ရှောင်လောပိုင် အခြေအနေက မကောင်းဘူး… အရင်ဆုံး သူမရဲ့ အခြေအနေကို စမ်းသပ် ခွဲခြားဖို့ လိုအပ်တယ် ဒါပေမဲ့… သူမကို ကုသနိုင်တယ်လို့တော့ အာမ မခံနိုင်ဘူး”
ဒါကိုကြားတော့ အမျိုးသားလေးရဲ့ နှလုံးသားက ရုတ်တရက် တင်းကျပ်လာပြီး နဖူးမှ ချွေးစေးများ ပြန်လာရတယ်။ နတ်ဆေးသမားတော်က ဆေးကုသမှုမှာ ဘယ်သောအခါမှ မကျရှုံးဖူးဘူး။ အခုတော့ ရှောင်ပိုင်ကို မကုသနိုင်ဘူးလို့ ပြောနေပြီ…။
***
အပိုင်း(၃၆ဝ)
နာမကျန်းမှုကို ကုသခြင်း(၂)
“နတ်ဆေးသမားတော်က ကျွန်တော့်သမီးလေးကို ကယ်တင်ပေးချင်တဲ့ ဆန္ဒလေး ရှိတာကိုပဲ ကျွန်တော် ကျေးဇူးတင်နေပါပြီ”
ထိုလူက အသိပြန်ဝင် လာတယ်။ သူ့နှုတ်ခမ်းကတော့ နာကြည်းသော အပြုံးလေးကိုသာ ချိတ်ဆွဲ ထားတာပေါ့။
“သူမကို ကယ်တင်ဖို့ နည်းလမ်း မရှိတော့ဘူး ဆိုရင်တော့ သူမ ကံတရားလို့သာ မှတ်ယူရတော့မှာပေါ့”
အဘိုးအိုငယ်လေးက ဘာစကား တစ်ခွန်းမှ ဆက်မပြောတော့ဘဲ… အိပ်ရာနားကို ဖြည်းညင်းစွာ လျှောက်လှမ်း သွားတယ်။ မိန်းမပျိုလေးရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ရန် သူမလက်ကို အသာအယာ ထိကိုင်လိုက်တယ်။ အစတည်းက တင်းကျပ်စွာ တွန့်ကွေးထားတဲ့ မျက်ခုံးများကို ပို၍တိုးလို့သာ ကြုတ်လိုက်တယ်။
“သူမ အခြေအနေက မကောင်းဘူးဆိုတာ သိခဲ့တာ ကြာပါပြီ… ဒါပေမဲ့ ဒီလောက်အထိ အခြေအနေ ဆိုးရွား နေမယ်လို့တော့ မထင်ထားဘူး အခုအချိန်မှာ သူ့အတွင်းအင်္ဂါတွေ ပျက်စီးနေပြီ…. တခြားလူ တစ်ယောက်ကို သူမကို လှူဒါန်းဖို့ ဆန္ဒရှိမယ် ဆိုရင်တောင် သူမကို ကယ်တင်ဖို့ မဖြစ်နိုင်တော့ဘူး”
သက်လတ်ပိုင်း အမျိုးသားရဲ့ နှလုံးသားက တုန်ရီသွားတယ်။ သူ့မျက်ဝန်းများက စိတ်နှလုံး ကြေကွဲမှုများကို ပြသနေတယ်။ အချိန်အကြာကြီး တွေးတောပြီးမှ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်လိုက်ပုံ ရတယ်။ သူ့လက်သီးကို ကျစ်နေအောင် ဆုပ်ပြီးတော့ ပြောရှာတယ်။
“နတ်ဆေးသမားတော်… ကျွန်တော် အတွင်းအင်္ဂါတွေကို ပေးလို့ ရနိုင်လား”
“မရဘူး”
အဘိုးအိုငယ်လေးက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“မင်းတို့ နှစ်ယောက်ကြား စွမ်းအားက ခြားနားတယ်…. အရမ်းကို ကွာခြားလွန်းတယ် ဒါကြောင့် မင်း အတွင်းအင်္ဂါကို သူမ သုံးလို့ မရဘူး… မဟုတ်ရင်တော့ သူမကို သေခြင်းတရားကို တွန်းပို့သလို ဖြစ်သွားမယ်”
ထိုလူ့ခန္ဓာကိုယ်က ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားခဲ့တယ်။
"ရှောင်ပိုင်က ကြင်နာတတ်တဲ့ စိတ်ထားလေး ရှိပါတယ်... တခြား ကလေးတစ်ယောက်ရဲ့ အင်္ဂါကိုသာ အစားထိုးလို့ ရခဲ့ရင် သူမသေပါ့မလား..."
သက်လတ်ပိုင်း အမျိုးသားက နာကြည်းစွာ အော်ရယ် လိုက်တာပေါ့။ သူ့မျက်နှာထားကတော့ စိတ်နှလုံး ကြေကွဲမှုကို အထင်းသာ မြင်နေရတယ်။
"ကိုယ့်ဘာသာ အပြစ်မတင်ပါနဲ့... ဒါက ခင်ဗျား အမှား မဟုတ်ပါဘူး"
အဘိုးအိုလည်း ထိုလူရဲ့ပခုံးကို ပုတ်ပြီး သက်ပြင်းချလိုက်တယ်။
"မဟုတ်ဘူး"
ထိုလူက ခေါင်းကို ငုံ့ရင်း နာနာကျင်ကျင် ပြောရှာတယ်။
"ကျွန်တော် ဘယ်လို ခံစားနေရလဲဆိုတာ သမားတော်ကြီး မသိပါဘူး... အဲဒီနှစ်က ကျွန်တော့်ဇနီးကိုလည်း မကာကွယ်နိုင်ခဲ့ဘူး... အခုလည်း ကျွန်တော့်သမီး အရင်းလေးကို မကယ်တင်နိုင်ဘူး... သတ္တိနည်းတဲ့ ကျွန်တော့်လို လူမျိုးက ဘာကြောင့် အသက်ရှင် နေသေးရတာလဲ"
ထိုလူက သူ့ကိုယ်သူ ဆက်ပြီးတော့ ပြစ်တင် ပြောဆိုချင်နေတယ်... ဒါပေမဲ့ သူဆက်ပြောတာကို စောင့်မနေတော့ဘဲ... မိန်းမပျိုလေးက ကြားဖြတ် ပြောလိုက်တယ်။
"ဒီလောက် သေချင်နေတယ် ဆိုလည်း ဆွဲကြိုးချ သေလိုက်တော့... ဒီမှာ ညည်းညည်းညူညူ လုပ်မနေနဲ့"
ယွမ်လော့ဖုန်းရဲ့ စကားကိုကြားတော့ သူတို့ဆီ ဦးတည်လာတဲ့ အမည်းရောင် ဝတ်စုံနဲ့လူရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး သူ့အကြည့်က ဒေါသများ ပြည့်နှက်နေတယ်။
"ငါတို့သခင်ကြီးက ဝမ်းနည်း ကြေကွဲနေတာ နင် မမြင်ဘူးလား... နင်က ငါ့သခင်ကြီးကို သရော်နေသေးတယ်လား ဘာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အငြိုးအတေး ထားနေတာလဲ"
ဒီမိန်းကလေးက နတ်ဆေး သမားတော်ကြီးရဲ့ တပည့် ဖြစ်နေလို့သာပေါ့... မဟုတ်ရင်တော့ သူ... ဒီမိန်းမကို ကန်ထုတ်လိုက်တာ ကြာပြီ... သခင်ကြီး စိတ်မကောင်း ဖြစ်နေတဲ့အချိန်မှာ ဒီလိုစကားမျိုး ပြောရဲတယ်။ ရည်ရွယ်ချက်ရှိရှိ မကောင်းကြံတာပဲ။
"ထိုက်လိ"
သူလည်း လက်ကိုဝှေ့ယမ်းပြီး ထိုက်လိကို တားလိုက်တယ်။ သူလည်း ထိုမိန်းကလေးဘက်ကို နာနာကြည်းကြည်း ပြုံးပြီး ကြည့်လိုက်တယ်။
"မင်း ပြောတာ မှန်ပါတယ်... ကျုပ်လို လူမျိုးက ကိုယ်ဘာသာ ကြိုးဆွဲချပြီး သေသင့်ပါတယ်... ဇနီးနဲ့ သမီးကို မကာကွယ်နိုင်တော့ ကျုပ်က ဘာအသုံးဝင်ဦးမလဲ"
"အမှန်ပဲပေါ့"
ယွမ်လော့ဖုန်းလည်း သူမခေါင်းကို သဘောတူညီစွာ ညိတ်လိုက်တယ်။
"ဒီနေရာမှာ သတ်သေလိုက်တော့ ရှင့်ဇနီး... သမီးတို့ကို ထိခိုက်စေခဲ့တဲ့လူနဲ့ ဝေးကွာ သွားတာပေါ့"
အစကတော့ အဘိုးအိုလည်း သူမပြောနေတဲ့ စော်ကားမော်ကား စကားများကို နားမလည်ဘူး။ သို့သော်လည်း အခုတော့ အရာအားလုံး ရှင်းလင်းသွားခဲ့ပြီ။ ဒါကြောင့် မိန်းကလေးရဲ့ အပြုအမူကို မတားဆီးတော့ဘဲ လင်းလောပိုင်ရဲ့ သွေးခုန်နှုန်းကိုသာ တိတ်တဆိတ် စမ်းသပ် နေလိုက်တယ်။
ထိုလူ ရုတ်တရက် အမူအရာ ပြောင်းလဲသွားတာ မြင်ရတော့ ယွမ်လော့ဖုန်းလည်း စကားကို ဆက်ပြောလိုက်တယ်။
"စောနက ရှင်ပြောလိုက်တဲ့ စကားတစ်ခွန်းက မှန်တယ်... ရှင်က သတ္တိနည်းတဲ့လူ... ရှင်က ကိုယ့်ဇနီးနဲ့ သမီးကို မကာကွယ် ပေးနိုင်တဲ့အပြင်... အဲဒီလူတွေကို လက်စားချေရဲတဲ့ စိတ်မရှိဘူး... ရှင့်လို သတ္တိနည်းတဲ့လူက ဆက်အသက်ရှင်သန်ဖို့ အခွင့်အရေး မရှိဘူး... သေသွားတာ အကောင်းဆုံးပဲ”
ထိုလူရဲ့မျက်နှာ အမူအရာက ပိုပြီးတော့ နာကျင်ကြေကွဲဟန် ပေါက်လာတယ်။ မြေကြီးပေါ် ဒူးထောက်ရင်း ခေါင်းကို ငုံ့ထားလိုက်တယ်။
***
အပိုင်း(၃၆၁)
နာမကျန်းမှုကို ကုသခြင်း(၃)
“မင်း နားမလည်ပါဘူး”
သူခံစားနေရတဲ့ မျက်နှာထားမှာ ကူရာမဲ့သော အရိပ်အယောင်များ မြင်နေရတယ်။
“ငါ့ဇနီးနဲ့ သမီးကို ထိခိုက်စေခဲ့တဲ့လူရဲ့ စွမ်းအားက ဘယ်လောက်အထိ မြင့်လည်းဆိုတာ မင်း မသိပါဘူး ငါ သူတို့ကို မဆန့်ကျင် ရဲလောက်တဲ့အထိ မြင့်လွန်းတယ်… ဒီလူတွေ စွမ်းအား အောက်မှာ ဝိညာဉ်ဘုံကို ပြာကျသွားအောင် ပြောင်းလဲနိုင်တယ် ဒါကြောင့် ငါက ဘယ်လို ဆန့်ကျင်ရဲပါ့မလဲ ငါ့သမီးလေး အထီးမကျန်အောင် တမလွန်ဘဝမှာ အဖော်ပြုပေးလိုက်တာ အကောင်းဆုံးပါပဲ”
ယွမ်လော့ဖုန်းလည်း ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်တယ်။
“ကျွန်မလည်း အမှိုက် တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်… ကျွန်မ မိဘတွေကိုလည်း လူယုတ်မာတွေက သတ်ခဲ့တယ်… ထိုအချိန်က ကျွန်မက စွမ်းအာက ပုရွက်ဆိတ်တွေနဲ့သာ နှိုင်းယှဉ်လို့ရတာ ကျွန်မ ရန်မစရဲလောက်တဲ့ အထိ ကျွန်မ ရန်သူတွေက စွမ်းအား မြင့်မားပြီး အာဏာ ကြီးမားခဲ့တယ်”
တကယ်တမ်းတော့ ပြောင်းလဲသွားတဲ့ ယွမ်လော့ဖုန်းက တော်ဝင် မိသားစုကို လှုပ်ခါ နိုင်လောက်တဲ့ တည်ရှိမှုမျိုး မဟုတ်ခဲ့ဘူး။ သူမ ကံကောင်းလွန်းလို့ တန်ဖိုးရှိတဲ့ ဆေးနတ်ဘုရား နယ်မြေလေးကို ရရှိခဲ့ပြီး သူမ ကျင့်ကြံခြင်းကို လျင်လျင်မြန်မြန် တိုးတက် သွားစေခဲ့တာ….။ နှစ်ဝက်အတွင်းမှာ… လက်စားချေပြီး လူယုတ်မာတွေကို သုတ်သင်နိုင်ခဲ့တယ်။
သူလည်း လက်ထောက်ပြီး ခေါင်းကိုမော့ကာ မိန်းကလေးကို ကြည့်လိုက်တယ်။ သူ့နှုတ်ကို ဖွင့်ဟပြီး တစ်ခုခုကို ပြောချင်တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ စကားလုံးတိုင်းကို မျိုချလိုက်တယ်။ ခါးသီးသော အပြုံးကို ချောမောတဲ့ သူ့မျက်နှာမှာ ချိတ်ဆွဲ ထားလိုက်တယ်။
“ဒီလူတွေရဲ့ စွမ်းအားက အစတည်းက ငါ့ထက် သာတယ်”
ယွမ်လော့ဖုန်းလည်း အသက်ပြင်းပြင်း ရှူလိုက်တယ်။ မာနဝင့်ကြွားနေတဲ့ မျက်နှာမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေတာပေါ့။
“ကျွန်မက တခြားလူတွေထက် ပိုပြီးတော့ ကြိုးစား အားထုတ်မယ်ဆိုရင် တခြားလူတွေထက် သာလွန်မယ်လို့ ယုံကြည်ခဲ့တယ်။ ရလဒ်အနေနဲ့ ဒီလူတွေကို မျိုးတုံးအောင် သတ်ခဲ့ပြီး မိဘတွေအတွက် လက်စားချေ နိုင်ခဲ့တာပေါ့… ဒါကြောင့် ရှင် မှတ်ထားရမှာက ရှင် မသာလွန်နိုင်တဲ့လူ မရှိဘူးဆိုတာ သိထားရမယ် ရှင်စွမ်းအား အကုန်သုံးရမယ် ဆိုရင်တောင် ရှင် လက်စားချေရမယ်”
ထိုလူခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေတယ်။ သူ့အကြည့်က အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ မိန်းကလေးအပေါ် ပြောင်းလဲလိုက်တယ်။ ထိုစဉ် သူ့အကြည့်များက နူးညံ့ သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေတယ်။
“ရှောင်ပိုင် အဖေ တောင်းပန်ပါတယ် အခုတော့ အဖေ … သမီးနောက် မလိုက်နိုင်သေးဘူး… သမီးနဲ့ သမီးအမေကို ထိခိုက်စေခဲ့တဲ့လူ အားလုံးကို သတ်ပြီးမှ သမီးနောက်ကို လိုက်ခဲ့တော့မယ်”
သူ့လက်ထိပ်က မိန်းမပျိုလေးရဲ့နွယ်ကို ပွတ်သပ်နေတယ်။ သူ့အကြည့်မှာ နူးညံ့ သိမ်မွေ့မှုများဖြင့် ပြည့်နှက် နေခဲ့တယ်။
အဘိုးအိုလည်း သက်ပြင်းရှိုက်ရင်း သူ့ကိုယ်သူ အပြစ်တင်သော လေသံဖြင့် စကားဆိုလိုက်တယ်။
“အစကတော့ ကျုပ်ဆေးပညာက ထူးချွန်ပြီး လုံလောက်မှု ရှိတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ဒီနေ့လိုမျိုး ခက်ခဲတဲ့ ပြဿနာနဲ့ ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ စိတ်ချပါ… သမားတော် အဖွဲ့အစည်းကို ပြောထားလိုက်မယ် အားလုံးကို စုစည်းပြီးတော့ ကုသလို့ ရမယ့် နည်းလမ်း ဆွေးနွေးမယ်… ဒီကောင်မလေး လုံးဝ မသေစေရဘူး”
လင်းလောပိုင်ဆိုတဲ့ ဒီကောင်မလေးရဲ့ ဇာစ်မြစ်က အတော်လေး ထူးခြားတယ် ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူမကို ကုသပေးရမယ်။
မျှော်လင့်ချက် ရောင်ခြည်က အမျိုးသားကြီးရဲ့ မျက်လုံးမှာ ပေါ်ပေါက်လာတယ် ထိုအချိန်မှာ လင်းလောပိုင် ထိခိုက်ဒဏ်ရာရတဲ့ သတင်းပျံ့နှံ့မှာကိုလည်း သူ ဂရုမစိုက်တော့ဘူး။ သူတို့ သူမရဲ့ ရောဂါကို ကုသပေးနိုင်သရွေ့တော့ ဘယ်အရာကိုမဆို လျစ်လျူရှုထားနိုင်တယ်။
“ကျွန်မ စမ်းသပ်ကြည့်ပေးမယ်”
ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ထိုအသံက သူ့ကို အရင်က သင်ခန်းစာ ပေးနေတဲ့ ကောင်မလေးရဲ့ အသံ ဖြစ်နေတယ်။
“ကောင်မလေး… မင်းက ဆေးပညာမှာ ကျွမ်းကျင်တာလား”
အဘိုးအိုက အံ့သြတကြီး မျက်တောင် ခတ်လိုက်တယ်။
“ဆေးပညာသင်ဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်လေ”
ယွမ်လော့ဖုန်းလည်း သူမပခုံးကို တွန့်ကွေးလိုက်တယ်။
“ရှင့်ဆီက ဆေးပညာသင်ယူဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့တာပါ”
အဘိုးအိုရဲ့ မျက်နှာအမူအရာက မည်းမှောင် သွားခဲ့တယ်။ သူလည်း ယွမ်လော့ဖုန်းကို မကျေချမ်း ကြည့်လိုက်တယ်။ အမှန်တရားကို မသိတဲ့ တခြားလူများရဲ့ မျက်လုံးထဲမှာတော့ ယွမ်လော့ဖုန်းက သူ့ကို ဆိုးဆိုးရွားရွား မကောင်းကြံ ထားတယ်လို့ ထင်နေမှာပေါ့။
“ဘေးကို ဖယ်ဦး”
ယွမ်လော့ဖုန်းလည်း ထိုလူဘေးနားက ဖြတ်လျှောက်လိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
မိန်းမပျိုလေးရဲ့ အရင်ပြောလိုက်တဲ့ စကားက သူ့စိတ်ကို လှုံ့ဆော်လိုက်ပုံရတယ်။ ယွမ်လော့ဖုန်းကို နေရာပေးရန် ထိုလူက မတ်တတ်ရပ်လိုက်ပြီး ဘေးဘက်ကို နာခံစွာ ဖယ်လိုက်တယ်။
“ဒဏ်ရာ ရတာပဲဆိုရင်တော့ ဒီလောက်အထိ ပြင်းထန်မှာ မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို ခက်ထန်စွာ တွန့်ကွေးလိုက်တယ်။
“ကျွန်မ ခန့်မှန်းချက်က မမှားဘူး ဆိုရင်တော့ ရှင် သူ့ကို တစ်ခုခု တိုက်ထားတာ ဖြစ်ရမယ်”
***
အပိုင်း(၃၆၂)
နာမကျန်းခြင်းကို ကုသခြင်း(၄)
ထိုအခိုက်အတန့် သူ့လည်း အံ့သြမှင်တက်စွာ ငေးကြည့်နေခဲ့ပြီး သူ့ခေါင်းကို အသာအယာ ညိတ်လိုက်တယ်။
“သူမကို မွန်မြတ်တဲ့ ရေစင် တိုက်ထားတယ်”
“မွန်မြတ်တဲ့ရေစင်တဲ့လား…”
ယွမ်လော့ဖုန်းကို သူ့ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ကျွန်မ စစ်ဆေးကြည့်ဖို့ ယူလာပေးနိုင်မလား”
သူလည်း ခဏတော့ တွေးတော လိုက်တယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ နို့ရည်ကဲ့သို့ အဖြူရောင် မွန်မြတ်တဲ့ ရေစင် ပုလင်းလေးကို ထုတ်ပေးလိုက်တယ်။
ထိုက်လိလည်း သခင်ကြီးကို တားဆီးချင်တယ်။ ဒါပေမဲ့လည်း သူ့စကားများက လည်ချောင်းမှာသာ တစ်ဆို့ ကျန်ရစ်ခဲ့တယ်။ သူ့ကို သခင်ကြီးက ဝင်မပါစေဘူး။ သူမက မွန်မြတ်တဲ့ ရေစင်ကို လိမ်လည်ယူဖို့ ရောက်လာတဲ့ လူတစ်ယောက်အဖြစ် ဒေါသတကြီး ကြည့်နေရုံသာ တတ်နိုင်တော့တယ်။
ယွမ်လော့ဖုန်းလည်း မွန်မြတ်တဲ့ရေစင်ကို ယူလိုက်ပြီး သူမ မျက်ဝန်းများဖြင့် ခေါင်းငုံ့ကာ ကြည့်လိုက်တယ်။ ထိုစဉ်မှာ သူမရဲ့စိတ်ဝိညာဉ် ကူးပြောင်းခြင်းကို သုံးပြီးတော့ မေးလိုက်တာပေါ့။
“ရှောင်မို … ဒါက ဘာလဲဆိုတာ စစ်ဆေးပေးနိုင်မလား မွန်မြတ်တဲ့ ရေစင်ဆိုတာ ဘာလဲ…”
ခဏကြာတော့ ရှောင်မိုရဲ့ နူးညံ့တဲ့အသံလေးကို သူမစိတ်ထဲမှ ကြားလာနိုင်တယ်။
“သခင်… ဒါက စိတ်ဝိညာဉ် အနှစ်သာရပါ… ကောင်းမွန်တဲ့ ရတနာတစ်ပါးပါ… ဒီပုလင်းက ဘေးမဖြစ်စေပါဘူး… ဒီအနှစ်သာရကို သခင်… ပြုပြင်လိုက်မယ် ဆိုရင်တော့ သခင့်စွမ်းအားကို ကမ္ဘာမြေကြီး မနိမ့်အဆင့်မှ အလယ်အလတ် အဆင့်အထိ တိုးမြှင့်ပေးနိုင်မှာပါ”
ယွမ်လော့ဖုန်းရဲ့ မျက်လုံးများက တဖျတ်ဖျတ် လက်သွားခဲ့ပြီး ထူးဆန်းသော အလင်းတန်းစုများက သူမရဲ့ မျက်ဝန်းနက်မှာ တွဲခိုနေတာပေါ့။ ဒါနဲ့ သူမလည်း ဆက်မေးလိုက်တယ်။
“ဒီကောင်မလေး ဒီလောက်အထိ ဒဏ်ရာရဖို့က ဒီစိတ်ဝိညာဉ် အနှစ်သာရနဲ့ ဆက်နွှယ်မှု ရှိလို့လား”
ရှောင်မိုလည်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“သူမက စိတ်ဝိညာဉ် အနှစ်သာရကို စားထားတဲ့အပြင် တခြား တစ်ခုကိုလည်း စားထားသေးတယ် အခုတော့ ဒီကိစ္စကို မပြောနိုင်သေးဘူး”
ယွမ်လော့ဖုန်းလည်း နှုတ်နည်းသော အမူအရာ ပုံစံသို့ ပြောင်းလဲသွားပြီး သူမခေါင်းကို မော့ပြီး သူ့ကို မကြည့်စဉ်မှာ အချိန် အတော်အကြာကြီး တွေးတောလိုက်တယ်။
“ဒီမွန်မြတ်တဲ့ ရေစင်အပြင် ရှင် သူ့ကို ဘာတိုက်ထားသေးလဲ”
သူလည်း မျက်မှောင်ကြုတ်ရင်း တွေးတောလိုက်တယ်။ ဒါပေမဲ့ ခဏအကြာ တွေးတော လိုက်သော်လည်း လင်းလောပိုင်ကို ဘာတိုက်ထားသေးလဲဆိုတာ တွေးလို့မရတော့။
“တခြား ဘာမှ မတိုက်ထားဘူးလို့တော့ ထင်တာပဲ”
ဒီလူရဲ့လက်ရှိ အခြေအနေကို မြင်ရတော့ သူက လင်းလောပိုင် အကြောင်းကို တကယ် မသိတာ နားလည် သွားခဲ့တယ်။
မိန်းမပျိုလေးက သူမနှုတ်ကို ဖွင့်ဟပြီး ပြောလာခဲ့တယ်။
“ကျွန်မမှာ သူ့ကို ကုသပေးနိုင်တဲ့ နည်းလမ်းရှိတယ်”
သူ့မျက်လုံးများက ပြူးကျယ်သွားပြီး သူမကို တအံ့တသြ ကြည့်လိုက်တယ်။ အဘိုးအိုလေး ကိုယ်တိုင်လည်း သူ့ဦးခေါင်းကို လှည့်လိုက်ပြီး ယွမ်လော့ဖုန်းကို အံ့သြထိတ်လန့်စွာ ကြည့်လိုက်တယ်။
“မင်းမှာ ငါ့သမီးလေးကို ကုသပေးနိုင်တဲ့ နည်းလမ်း တကယ် ရှိတာလား”
သူ့ပုံစံ အရမ်းအရေးပါတဲ့ ရောဂါတစ်ခုကို ကုသပေးနိုင်တဲ့ သမားတော် တစ်ယောက်ကို ရှာတွေ့တဲ့ လူတစ်ယောက်နဲ့ တူနေတယ်။ သူတို့သာ သူ့အဖိုးတန် သမီးလေးကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ဘယ်မျှော်လင့်ချက်ကိုမှ လွဲချော်စေမှာ မဟုတ်ဘူး။
“တကယ်ပေါ့”
ယွမ်လော့ဖုန်းလည်း သူမမေးရိုးကို အသာအယာ ထိကိုင်လိုက်တယ်။
“ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ် သူမ သက်သာ သွားရင်တော့ သူမကို ကျွန်မ တပည့်အဖြစ် အနားမှာ ခေါ်ထားချင်တယ်”
ဒီကောင်မလေးက ထူးခြားတယ်လို့ ရှောင်မို ပြောကတည်းက ဒီကောင်မလေးကို သူမဘေးနား ထားရုံသာ တတ်နိုင်တော့တယ်။
ဒီစကားကို ကြားတော့ သူ့မျက်ခုံးက နောက်တစ်ကြိမ် တွန့်ကွေးသွားတယ်။ သူ တစ်စုံတစ်ခုကို လေးနက်စွာ ဂရုတစိုက် တွေးတော နေပုံရတယ်။ မကြာခင်မှာပဲ သူ့စိတ်ကို ပိုင်းဖြတ်လိုက်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင် ထားလိုက်တယ်။
“မင်း ရှောင်ပိုင်ကို ကုသပေးနိုင်မယ် ဆိုရင်တော့ သူမကို မင်းနဲ့အတူတူ ခေါ်သွားနိုင်တယ်”
သူမှာ သမီးလေး တစ်ယောက်တည်းသာ ရှိတယ်။ ဒါကြောင့်လည်း သေခွင့် မပေးနိုင်ဘူး။ သမီး အသက် ရှင်နိုင်မယ်ဆိုရင် သမီးလေးကို ဘေးနား မခေါ်ထားရလည်း ကိစ္စ မရှိပါဘူးလေ။ သူမမှာ ဘာထိခိုက်မှုမှ ဖြစ်မလာ နိုင်တော့ဘူးပေါ့။
“သခင်ကြီး”
ထိုက်လိလည်း စိုးရိမ်တကြီး ခေါ်လိုက်တယ်။
“သခင်မလေး…”
“ထိုက်လိ မင်းမှာ တခြား ဘာမှပြောနေစရာ မလိုအပ်ဘူး… ငါ ဆုံးဖြတ်ချက် ချမှတ်ထားပြီးပြီ”
သူလည်း လက်ကို ဝှေ့ယမ်းလိုက်တယ်။
“ရှောင်ပိုင်က ဘယ်လို လူစားမျိုး ဖြစ်နေပါစေ… သူမက ငါ့သမီး… အဖေ တစ်ယောက် အနေနဲ့ သမီးသေတာကို ကြည့်မနေနိုင်ဘူး ဒါကြောင့် သမီးလေး အသက်ရှင်နိုင်မယ် ဆိုရင်တော့ ဝေးကွာ နေရလည်း ကိစ္စ မရှိဘူး သူမှာ မကျေနပ်ချက် ဆိုတာ မရှိဘူး”
“ရှင့်စကားလုံးက ပြင်းထန်လိုက်တာ”
ယွမ်လော့ဖုန်းလည်း အိပ်ရာဘောင်ကို မှီလိုက်တယ်။
“သူမကို ကျွန်မနဲ့ ခေါ်သွားတာပါ အဖေနဲ့ သမီးကို ထာဝရ မတွေ့ရဘူးလို့ မပြောပါဘူး ရှင် သူမကို တွေ့ချင်ရင်တော့ အချိန်မရွေး လာရှာလို့ ရပါတယ်”
သူ့မျက်ဝန်းများက တောက်ပ ကြည်လင်သွားတယ်။
“ဒါဆို ငါ ရှောင်ပိုင်ကို တွေ့လို့ ရနိုင်သေးတယ်ပေါ့”
ယွမ်လော့ဖုန်းလည်း အသာအယာ ခေါင်းညိတ်လိုက်တယ်။
“သူမကို တွေ့ချင်ရင် အချိန်မရွေး လာရှာလို့ ရပါတယ်… ဒါ့ပြင် ဒီမွန်မြတ်တဲ့ရေစင်ကို ကုသမှုအတွက် ပေးရမယ်”
***
Bạn đang đọc truyện trên: Truyen247.Pro