Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

291+292+293+294+295

အပိုင်း(၂၉၁)

အရှက်မဲ့သော ယွမ်လော့(၂)

 

"ချင်ယန်... ကျုံလင်းအာ... ဒီလူတွေကို ဘယ်လို စီရင်သင့်တယ်လို့ ထင်လဲ" 
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်... သူမရဲ့အန္တရာယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေသော မျက်လုံးများကို အသာယာ မှေးကျဉ်း လိုက်တယ်။
ကျုံလင်းအာက မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်တယ်။ ချစ်ဖို့ကောင်းပြီး တောက်ပတဲ့ မျက်လုံးများက လှောင်ပြောင် ထေ့ငေါ့မှုများဖြင့် ပြည့်နေသတဲ့။
"သခင်.... ကွမ်တုက ဘက်လိုက်တတ်ပြီး ကွမ်လန်က အရူးတစ်ယောက် ဆိုတာ အစစ်အမှန် ဖြစ်နေသော်လည်း ဒီလူတွေရဲ့ ပြစ်မှုများက သေဖို့ မထိုက်တန်သေးပါဘူး"
ယွမ်လော့ဖုန်းလည်း ကျုံလင်းအာကို ဆက်ပြောဖို့ ခွင့်ပြုသည့် သဘောဖြင့် မျက်ခုံးကို မြှင့်တင်လိုက်သတဲ့။
"ဒါဆိုရင်တော့..."
ကျုံလင်းအာလည်း စကားကိုဆက် မပြောခင်မှာ ခေတ္တခဏ ရပ်တန့် လိုက်ပြီး 
"ဒီလက်အောက်ငယ်သားမှာ အကြံတစ်ခု ရှိပါတယ်။ သခင်က ကွမ်တုရဲ့ စွမ်းအားကို ပျက်စီးအောင် ပြုလုပ်ပြီး သူကို အကျဉ်းချ ထားနိုင်ပါတယ်။ သူ အထင်မြင်သေးခဲ့ပြီး နင်းချေခဲ့တဲ့ ယွမ်မိသားစုက ကုန်းမြေစုမှာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တိုးတက်လာတာကို စောင့်ကြည့် နေစေမယ်"
ရှင်က မုမိသားစုဘက်မှာ အမြဲ ရပ်တည်ခဲ့တယ် မလား။ မုဝူစွမ်းက ထျန်းမိသားစုက လူတစ်ယောက် ဆိုတာ သိတော့ မျက်နှာပေးခဲ့တယ် မလား။ ကွမ်လန်ကလည်း မုဝူစွမ်းရဲ့ဆရာကို မျက်နှာသာ ပေးခဲ့တယ်။ ဒါကြောင့်လည်း သူမဆရာက ယွမ်မိသားစုကို အရှက်ခွဲ စော်ကားခဲ့တယ်။ ရှင်ကလည်း မုဝူစွမ်းနဲ့ ကွမ်လန်ရဲ့ မကောင်းတဲ့ အပြုအမူတိုင်းကို လက်ခံပေးခဲ့ပြီး မသိချင်ယောင် ဆောင်ပေးခဲ့တယ် မလား။
ဒါကြောင့်လည်း ကျုံလင်းအာက ယွမ်မိသားစု တဖြည်းဖြည်း အင်အား တောင့်တင်းလာတာကို စောင့်ကြည့်စေပြီး ဘဝ တစ်သက်တာလုံး နောင်တ ရစေချင်နေတာ။
"ဒီအကြံက အရမ်းကို ကောင်းတယ်"
ယွမ်လော့ဖုန်းလည်း သူမရဲ့မေးဖျားလေးကို အသာအယာ ပွတ်သပ်ပြီး ပြောလိုက်သတဲ့။
"ကျုံလင်းအာ...  နင်ပြောချင်တဲ့ တခြား စကား ရှိသေးလား"
ကျုံလင်းအာလည်း ခေတ္တခဏ တိတ်ဆိတ်သွားခဲ့ပြီး
"ဒါက ... ကွမ်တုနဲ့ သူ့သားကို ပေးတဲ့ ပြစ်ဒဏ်ပါ။ တော်ဝင် ကြင်ရာတော်မု အတွက်တော့...  သူမက ပြဿနာ အများကြီးကို ဖြစ်စေခဲ့ အကြောင်းအရင်း တစ်ခုပါ။ သူမရဲ့ ခေါင်းအုံးပေါ်က ပြောတဲ့ စကားများကြောင့် ကွမ်တုက မုမိသားစုဘက်ကို စတင်ပြီး ဘက်လိုက်ခဲ့တာပါ"
သူမကြောင့်သာ ကွမ်တုက.... လွန်ခဲ့သော နှစ်များစွာက ကျင်းလင်း၏ အပြုအမူတိုင်းကို မသိချင်ယောင် ဆောင်ကာ လက်ခံခဲ့တာပေါ့။
ဒီအကြောင်းအရာက ဘိုးဘိုးရဲ့ နှလုံးသားထဲမှာ ထာဝရ ကိန်းအောင်းနေခဲ့တဲ့ အမုန်းအာဃာတ ဖြစ်နေတယ်။ မုမိသားစုကို အမြစ်ဖျက် ချေမှုန်း သုတ်သင်ပစ်ခဲ့ရင်တောင် ဘိုးဘိုးက နာကျင်ဖွယ် မှတ်ဉာဏ်များကို ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူး။
"ချင်ယန်...  နင် ထပ်ပြီးတော့ ဖြည့်စွက်ပေးချင်တာ ရှိသေးလား" 
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီး သူမဘေးနားမှာ ရပ်နေတဲ့  အစေခံလေးကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်တယ်။
ချင်ယန်လည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
"သခင်မလေး... ဒီက အစေခံမလေး ထင်တာတော့...  ကျုံလင်းအာရဲ့ နည်းလမ်းက အရမ်းကို ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဒီအစေခံက တစ်ခုတော့ ဖြည့်စွက် ပေးချင်ပါတယ်။  ကွမ်တုနဲ့ သူ့သားကို နို့လက်ဖက်ရည်လေးရဲ့ ကစားဖော် ဖြစ်ပေးစေချင်တာ။ နို့လက်ဖက်ရည်လေးက ကစားဖော် မရှိတော့ အရမ်းကို အထီးကျန် နေရှာတာ..."
နို့လက်ဖက်ရည်လေးတဲ့လား။
ချင်ယန်ပြောတဲ့ စကားကို ကြားရတော့ ကွမ်တုမျက်နှာက ဖြူဖျော့သည့်ဘက်သို့ ပြောင်းလဲ သွားတော့တယ်။  သူလည်း ထိန်းမနိုင် သိမ်းမရအောင် ပြေးလွှားနေတဲ့ ကြွက်လေးကို ကြောက်လန့် ထိတ်လန့်စွာ ကြည့်လိုက် တော့တယ်။ သူ့မျက်ဝန်းများက စိုးရွံ့ထိတ်လန့်မှုကို ဖော်ပြနေသတဲ့။
"ယွမ်ရှောင်... ရှင်လည်း ဘယ်လို ထင်သလဲ"
ယွမ်လော့ဖုန်းလည်း သူမအကြည့်ကို ယွမ်ရှောင်ဘက်သို့ လှည့်လိုက်ပြီး မေးလိုက်သတဲ့။
ယွမ်ရှောင်က အမြဲတမ်း အေးတိအေးစက် နိုင်ဆဲပါ...။ ဒါပေမဲ့... သူပြောလိုက်တဲ့စကားက လူတစ်ယောက်၏ နှလုံးသားကို မယုံနိုင်စရာ ကောင်းလောက်အောင် နွေးထွေးစေတယ်။
"မင်း ပျော်ရွှင်နေသရွေ့ ကိုယ့်မှာ ဘာမှ ပြောစရာ မရှိပါဘူး။ မင်း ပျော်ရွှင်ရင် ကိုယ် ပျော်ရွှင်တယ်"
သူမ ပျော်မယ်ဆိုရင် သူမ ဘာလုပ်လုပ် သူက ထောက်ပံ့ပေးမှာပါ။ သူမက လောကကြီးထဲက လူတိုင်းကို အစုလိုက် အပြုံလိုက် သတ်ချင်တယ် ဆိုရင်တောင် သူက သူမကို ဘယ်တော့မှ ထားရစ်ခဲ့မှာ မဟုတ်သလို...။ သူမကို အမြဲ ထာဝရ အဖော်ပြု ပေးနေမှာပါ။
"ယွမ်လော့ဖုန်း"
ဒီလူတွေက သူ့ကံတရားကို သာမန်ကာလျှံကာ ဆုံးဖြတ်နေတာကို မြင်ရတော့ ကွမ်တု မျက်နှာက မည်းမှောင်လာပြီး မကျေမချမ်း ပြောတော့တယ်။
"မမေ့ပါနဲ့။ ငါတို့ တော်ဝင်မျိုးနွယ် နောက်မှာ ဝိညာဉ်မျိုးနွယ်စု ရှိနေတယ် ဆိုတော့ပေါ့။ မင်းမှာ ဝိညာဉ်မျိုးနွယ်စုကို ဆန့်ကျင် နိုင်လောက်တဲ့အထိ အင်အား ရှိတယ်လို့ ထင်နေတာလား"
"ကျွန်မက ... ဝိညာဉ်မျိုးနွယ်စုရဲ့ တည်ရှိမှု အကြောင်းကို သိနေခဲ့ပြီးသား..."
ယွမ်လော့လည်း ကွမ်တုကို ကြည့်လိုက်ပြီး ထေ့ငေါ့စွာ ပြောလိုက်တော့တယ်။
"ငါတို့တွေက ဝိညာဉ်မျိုးနွယ်စု အကြောင်းကို သိနေတာတောင်  တော်ဝင်မိသားစုကို ပြဿနာ လာရှာတယ် ဆိုကတည်းက ဒီစကားလေး တစ်ခွန်းတည်းနဲ့ ငါတို့ကို ဆုတ်ခွာသွားအောင် ခြိမ်းခြောက် နိုင်မယ်လို့ ထင်နေတာလား"
ကွမ်တုရဲ့ မျက်နှာသွင်ပြင်က နောက်တစ်ကြိမ် ပြောင်းလဲ သွားတော့တာ။ ဝိညာဉ်မျိုးနွယ်စုက သူ့အကာအကွယ် တစ်ခု ဖြစ်နေတာ။ ဒါပေမဲ့ ဒီအကာအကွယ်က အသုံးမဝင်တော့ဘူး ဆိုရင်... ယွမ်မိသားစုရဲ့ စစ်သည်တစ်ရာကို  ရင်ဆိုင်နိုင်ဖို့ တကယ်ပဲ နည်းလမ်း မရှိတော့ပေ။
***

အပိုင်း(၂၉၂)

အရှက်မဲ့သော ယွမ်လော့(၃)

 
ကွမ်တုလည်း သူ့တန်ပြန် တိုက်ခိုက်မှုကို တွေးဆနေချိန်မှာ လင်းထျန်း တစ်ယောက် သူ့စွမ်းအား အကုန်လုံးကို နောက်ဆုံးတော့ ထုတ်သုံးလိုက်ပြီး တားဆီးလို့ မရတော့ပေ။  ဒေါသထွက်နေသော မျက်နှာနှင့် သူနဲ့ ၁၀မီတာ အကွာမှာ ရှိနေတဲ့ ကြွက်လေးကို စူးစူးစိုက်ကြည့်ပြီး ပင့်သက်ရှိုက် လိုက်တယ်။
"ငါ... မင်းကို မိအာင် ဖမ်းတာကို စောင့်နေလိုက်... မိလို့ကတော့ အသားပေါင်း ဖြစ်သွားစေရမယ်"
ဒီကြွက်စုတ်က သာမန် ရွှေရှာကြွက်လေးထက် ဘာမှ မသာနိုင်ပါဘူး။ စိတ်ဝိညာဉ်သားရဲ ဖြစ်တဲ့ ရွှေရှာကြွက်လေးရဲ့ စွမ်းအားက... တစ်သက်လုံး စောပိုင်း အနိမ့်အဆင့် စိတ်စွမ်းအား ကျင့်ကြံသူပဲ ဖြစ်နိုင်သေးတယ်။ ဘာကြောင့် ဒီကြွက်ပြေးတာ အရမ်း မြန်နေရတာလဲ"
လင်းထျန်း တရင်းတနှီး သိတဲ့ ရွှေရှာကြွက်လေးတွေက  တခြားသူပိုင်တဲ့ သာမန် ရွှေရှာ ကြွက်လေးပါ။ ယွမ်လော့ဖုန်း ပိုင်တဲ့ ရွှေရှာ ကြွက်လေးက တခြား ကြွက်များထက် သာလွန်နေတယ်လေ။ ဒါကြောင့် သူ ဖမ်းမိဖို့ဆိုတာ မလွယ်ကူဘူးလေ။
"ဟား ဟား နင့်မှာ အခွင့်အရေး မရှိမှာ စိုးရိမ်မိတယ်"
ယွမ်လော့လည်း လင်းထျန်းကို လှောင်ပြောင်သော မျက်ဝန်းများဖြင့် ကြည့်နေစဉ်မှာ စိတ်ဝိညာဉ် သစ်သီးကို ဝါးစားလိုက်တယ်။ သူ့မျက်နှာသွင်ပြင် တစ်ခုလုံးက ပူပင်ကြောင့်ကြ ကင်းမဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးက အလွန်ကို လန်းဆန်းနေတယ်။ လင်းထျန်းနောက်ကို လိုက်နေတဲ့လူက သူမဟုတ်တဲ့ အတိုင်းပင်။ 
"ယွမ်လော့"
လင်းထျန်းလည်း သူ့ဦးခေါင်းကို ဒေါသတကြီး လှည့်လိုက်တယ်။
"မင်းလည်း ငါနဲ့အတူတူ အချိန်အကြာကြီး ပြေးနေခဲ့ပြီး ငါ့ကို အကြိမ်ပေါင်းများစွာ ထိုးနှက်နေတာလေ... မင်းက ဘာကြောင့် လန်းဆန်း နေရတာလဲ"
ဒီအဘိုးကြီးရဲ့ စွမ်းအားက သူ့ထက် နိမ့်ကြတယ်လေ...။ သူ့မှာ စွမ်းအားတောင် မကျန်တော့ဘူး... ဒါဆို ဘာကြောင့် ဒီအဘိုးကြီးက စိုးရိမ်ကြောင့်ကြ ကင်းပြီး လန်းဆန်း နေရတာလဲ။ မောပန်းတယ် ဆိုတာလည်း မရှိဘူး။
တကယ်တော့ ယွမ်လော့လက်ထဲမှာ စိတ်ဝိညာဉ်သစ်သီး ရှိနေတာကြောင့်ပါ။
ပထမဆုံး စိတ်ဝိညာဉ် သစ်သီး စားသုံးတုန်းက အမြင့်စား စိတ်စွမ်းကျင့်ကြံသူ အဆင့်မှာ အဆင့်တစ်ဆင့်ကို ချက်ချင်း ဖြတ်ကျော် နိုင်ခဲ့တယ်။ ဒုတိယအကြိမ် စားသုံးတဲ့အချိန်မှာ တခြား အကျိုး သက်ရောက်မှုတော့ မရှိပါဘူး။ ထိရောက်မှု မရှိခြင်းက လူတစ်ယောက်ရဲ့ စွမ်းအား တိုးမြှင့်ခြင်းကို ရည်ညွှန်းတာပါ။
စိတ်ဝိညာဉ် သစ်သီးကို ပုံမှန် သစ်သီးလို အမြဲ စားသောက်နေတဲ့ အဘိုးအိုလို လူစားမျိုး ဆိုရင်တော့ စွမ်းအား တိုးမြှင့်ဖို့အတွက် စိတ်ဝိညာဉ် သစ်သီးကို အသုံးပြုလို့ မရနိုင်တော့ပေ။ သူတို့ရဲ့ စွမ်းအား နဂိုအတိုင်း ပြန်လည် ကောင်းမွန်လာဖို့နှင့်  ကိုယ်ခန္ဓာ အင်အား တိုးမြှင့်ဖို့ အတွက်သာ အသုံးပြုနိုင်တော့တယ်။ ဒါကြောင့်လည်း အဘိုးအိုက အချိန်အကြာကြီး ပြေးလွှားပြီး စိတ်စွမ်းအား အများကြီး အသုံးပြုတာတောင် သူ့မှာ မောဟိုက်ခြင်း မရှိတာပေါ့။
ဒီအဘိုးအိုက စိတ်ဝိညာဉ် သစ်သီးကို တတိတိ ကိုက်ဝါးရင်း လင်းထျန်း နောက်ကို လိုက်ပြီး ရိုက်နှက်နေတာကို မြင်ရတော့ သံမဏိတပ်နှင့် ပြင်းထန်သော မီးတောက်အဖွဲ့ရဲ့ နှလုံးသားမှာ ကျေနပ်ပီတိ ဖြစ်ရတယ်။
ဒီလို ကောင်းမွန်တဲ့ ပစ္စည်းကို သူက အလကား မဖြစ်စေခဲ့ဘူးပဲ။
သို့သော်လည်း တခြားလူတွေကတော့ ယွမ်လော့လက်ထဲက စိတ်ဝိညာဉ် သစ်သီးကို မသိနိုင်ပါဘူး။ ဒါကြောင့်လည်း သူတို့စိတ်ထဲမှာ သာမန် သစ်သီးလို့သာ ထင်မှတ် နေတာပါ။ အကျိုးဆက် အနေနဲ့ သူတို့က ဒီသစ်သီးကို အများကြီး အာရုံမစိုက်တော့ဘဲ... အဘိုးအိုရဲ့ ဖြုံလောက်တဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကိုသာ တအံ့တသြ ဖြစ်နေတာပေါ့။
"ငါ ဘာကြောင့် ကိုယ်ခန္ဓာ အင်အားက ဒီလောက် ကြံ့ခိုင်နေရတယ်လည်း ဆိုတာ မင်း သိချင်လား။ ပြီးတော့... ဘာကြောင့် ငါ့စိတ်စွမ်းအားက အဆုံးအစမဲ့ ဖြစ်နေရတာလဲ သိလား"
အဘိုးအိုက သူ့လက်ထဲမှ စိတ်ဝိညာဉ် သစ်သီး အစေ့များကို အဝေးသို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်တယ်.... လင်းထျန်းကို သရော်သော အကြည့်ဖြင့် ကြည့်လိုက်တယ်။
"ကြွက်အော်သံ"
ဒီမြင်ကွင်း မျက်မြင်တွေ့လိုက်ရတဲ့ ကြွက်လေးက သူ့ခြေလှမ်းများကို အလျင်အမြန် ရပ်တန့်လိုက်ပြီး အဘိုးအို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်တဲ့ အစေ့များရှိရာသို့ လှည့်ပြေးလာတယ်။ သူ့လက်ထဲမှာ အစေ့များကို ကောက်ကာ ကိုက်ဝါးရင်း ပြေးလွှား နေတော့တယ်။
"ဘာကြောင့်လဲ..."
လင်းထျန်းလည်း ကြွက်လေးကို ဆက်ပြီး အာရုံ မစိုက်နေတော့ဘဲ နားမလည်နိုင်သော လေသံဖြင့် မေးလိုက်တယ်။
သူ... နားမလည် နိုင်သေးဘူး။ ယွမ်လော့ရဲ့ စွမ်းအားက သူထက် အဆင့် တစ်ဆင့်လုံး နိမ့်ကျပါတယ်။ ဒါဆို ... ဘာကြောင့် သူက ဒီလောက် အကြာကြီး ပြေးလွှားနေတာ... မောဟိုက်ခြင်း မရှိရတာလဲ။
ယွမ်လော့ရဲ့ အရှက်မဲ့တဲ့ မျက်နှာ အမူအရာက ချက်ချင်း ပျောက်ကွယ် သွားပြီး တည်ငြိမ်မှုက အစားထိုး သွားခဲ့တယ်။
ဒီလိုမျိုး ယွမ်လော့၏ တည်ငြိမ်သော ပုံစံနှင့် ရင်ဆိုင်ရတော့ လင်းထျန်းလည်း သူ့နှလုံးသားထဲမှ ဒေါသစိတ်ကို ပြန်လည် သိမ်းဆည်း ထားလိုက်ပြီး ဒီလူရဲ့ အဖြေကို စောင့်နေလိုက်တယ်။
"ဒါက ဘာကြောင့်လဲ ဆိုတော့..."
ယွမ်လော့လည်း သူ့ရဲ့ မုတ်ဆိတ်မွေး ဖြူဖြူများကို ပွတ်သပ်ပြီး စာနာမှု ကင်းမဲ့သော မျက်နှာဖြင့် ပြန်ဖြေလိုက်တယ်။
"မင်းက အပျော်စံအိမ်တွေ မကြာခဏ သွားတာကြောင့် မင်း ခန္ဓာကိုယ်က အားအင် ကုန်ခန်းနေတာပေါ့။ အလွယ်တကူ အားနည်းနေတာပေါ့။ ငါလို သိက္ခာရှိတဲ့ လူတစ်ယောက်ကို မင်းက ဘယ်လို ယှဉ်နိုင်မလဲ။ အဘိုးအိုကြီး ... မင်းက အရမ်းကို အသက်ကြီးနေပြီ။ ကိုယ့်ခန္ဓာကိုယ်လည်း ကောင်းကောင်း ဂရုစိုက်သင့်တယ်။ အမျိုးသမီးတွေကြောင့် မင်း ... အားအင် ကုန်ခန်းအောင် မပြုလုပ်သင့်ဘူး။
ယွမ်လော့ သူမေးတာကို အလေးအနက် ထားပြီး ဖြေမယ်လို့ လင်းထျန်း အစက ထင်ခဲ့မိတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက ဒီလိုစကားမျိုး ပြောမယ်လို့ မထင်ထားခဲ့မိဘူး။ နောက်တစ်ကြိမ် ပါးစပ် အပြည့် သွေးအန်လုနီးပါး သူမှာ ဒေါသထွက် လာရတယ်။
 

***

အပိုင်း(၂၉၃)

အရှက်မဲ့သော ယွမ်လော့(၄)

 
သူက အပျော်စံအိမ်တော်ကို သွားလည်တယ် ဆိုတာ ဘာစကားလဲ။
သူ့ခန္ဓာကိုယ်ကို ဒီအမျိုးသမီးတွေက အင်အား ကုန်ခန်းစေတယ် ဆိုတာ ဘာလဲ။
သူ့မှာ နေ့တိုင်း စိတ်စွမ်းအားကျင့်ကြံဖို့ သူ့ကိုယ်သူ  သီးခြား ပိတ်လှောင်ထားခဲ့တာ။ ဘယ်အချိန်မှာ သူက အပျော်စံအိမ် သွားလည်ရမလဲ။ ဒီအဘိုးကြီး ယွမ်လော့က ဘယ်တော့မှ စကားအကောင်း ပြောမှာ မဟုတ်ဘူး။
သူ ပြန်ဖြေမယ့် အဖြေကို စောင့်နေမယ်တဲ့လား။ အိပ်မက်သာ ဆက်မက် နေလိုက်တော့။ 
"ယွမ်လော့ ... ဒီအဘိုးကြီးက ဒီနေရာမှာ သေရမယ် ဆိုရင်တောင် ငါက မင်းကို ငါနဲ့အတူတူ သေမင်းခံတွင်းဝကို ဆွဲခေါ်သွားမယ်"
လင်းထျန်းရဲ့ မျက်လုံးများက လုံးဝ နီရဲနေပြီး တစ္ဆေ ဝင်ပူးသကဲ့သို့ ယွမ်လော့ကို တစ်ဟုန်ထိုး တိုက်ခိုက်တော့တယ်။
သူသေရမယ် ဆိုရင်တောင် ဒီအရှက်မဲ့တဲ့ အဘိုးကြီးကို သူက အလွတ်ပေးမှာ မဟုတ်ဘူး။
ဝေါယာဉ်ပေါ်မှ ယွမ်ရှောင်က အဘိုးအိုကို တစ်ဟုန်ထိုး တိုက်ခိုက်လာသော လင်းထျန်းကို ကြည့်လိုက်ပြီး အေးတိအေးစက် အလင်းတန်းများက သူ့မျက်ဝန်းနက်မှာ ဖြတ်ပြေးသွားတယ်။ သူ့လက်ကို မတင်လိုက်ပြီး အင်္ကျီလက်အတွင်းမှ စိတ်စွမ်းအားလှိုင်းနဲ့ လင်းထျန်းရဲ့ ဒူးကို ဘန်းခနဲ မြည်အောင် ထိလိုက်တယ်။
ထိုအချိန်မှာ လင်းထျန်းက အဘိုးအို ရှေ့နားကို ရောက်လုနီးပါးပါ။ သူ့ကို အစောင့်များက ဖမ်းချုပ်လိုက်ပြီး  စိတ်စွမ်းအား လှိုင်းနဲ့လည်း အထိခံလိုက်ရတာ။ ဒါကြောင့် ဒီစွမ်းအား နောက်ကွယ်က အလေးချိန်ကို ခံနိုင်ရည်မရှိစွာ အရှက်မဲ့ အဘိုးကြီး ရှေ့မှာ ဒူးထောက်လျက်သား ဖြစ်သွားတယ်။
အမှန်ပါပဲ...။
သူ့မှာ အမှန်တကယ် ဒူးထောက်လျက်သား ဖြစ်သွားခဲ့ပြီး သူ့ဒူးများ မရပ်မနား တဆတ်ဆတ် တုန်ရီနေတယ်။ သူမှာ မတ်တတ် မရပ်နိုင်တော့ပေ။
"တောက်"
အဘိုးအိုရဲ့ လက်နှစ်ဖက်လုံးကို တင်ပါးပေါ်မှာ တင်ထားပြီး သူ့ရှေ့မှာ  ဒူးထောက်နေတဲ့ လင်းထျန်းကို ပြုံးလျက်သား ကြည့်နေခဲ့တယ်။
"လင်းထျန်း... မင်း အမှားကျူးလွန်ခဲ့တာကို သိရင်တောင် ငါ့ကို ဒူးထောက် တောင်းပန်ဖို့ မလိုအပ်ပါဘူးနော်။ ဒါပြင့် ငါကလည်း မင်းကို ခွင့်မလွှတ်နိုင်သေးဘူး"
"မင်း…"
လင်းထျန်း မျက်နှာတစ်ပြင်လုံးက ရှက်ရွံ့မှု၊ ဒေါသများဖြင့် ပြည့်နှက်နေလေရဲ့။ မကျေမနပ် မျက်လုံးများဖြင့် သူ့နောက်ဘက်သို့ ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ဘယ်သူ လုပ်တာလဲ။ ဘယ်သူက ငါ့ကို ချောင်းမြောင်း တိုက်ခိုက်တာလဲ။ ထွက်လာခဲ့စမ်းပါ"
ဘန်း
လင်းထျန်းက ချောင်းမြောင်း တိုက်ခိုက်သူ ဘယ်သူလဲဆိုတာ ရှာဖွေနေစဉ်မှာ ကျောက်တုံးတစ်တုံးနဲ့ သူ့ခေါင်းကို အပေါက်ခံလိုက်ရတယ်။ ကြွက်လေးက ခြေတံတိုတိုလေးများဖြင့် သူ့အနား ပြေးလာပြီး လှောင်ပြောင် ထေ့ငေါ့သော အသံပြုသည်။
လင်းထျန်းမှာ လုံးဝ ခြေထောက် ကျိုးသွားတယ်။ သူ့မှာ မြေကြီးပေါ်က ထချင်တယ်။ ဒါပေမဲ့ သူ့ဒူး မမတ်ခင်မှာ ဝေါယာဉ်ပေါ်မှ လာတဲ့ အင်အားကြီးမားသော ဖိအားက သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို မြေကြီးပေါ် ရောက်အောင် ဖိထားတယ်။
"ဟား... လင်းထျန်း... မင်းက အရင်က ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယေက် မလား။ ဒါပေမဲ့လည်း အခုတော့ မင်းက ငါ့ရှေ့မှာ ဒူးထောက်ရမယ့် တစ်နေ့ ရောက်လာခဲ့ပြီပဲ"
ယွမ်လော့က ဟားတိုက် ရယ်မောပြီး သူ့ခန္ဓာကိုယ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်တယ်။
ချက်ချင်းဆိုသလို သူက ခုန်ပျံလွှားကာ လင်းထျန်းပေါ် သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးနှင့် ထိုင်နေတယ်။ သူ့ထိုးနှက်ချက်များက လင်းထျန်း အတွက်တော့ လေဆင်နှာမောင်း အတိုင်းပါပဲ။
အဘိုးအိုက သူကို အညှာအတာ ကင်းမဲ့စွာ ထိုးနှက်နေပြီး သူ ... ဒီနှစ်တွေမှာ ခံစားခဲ့ရတဲ့ သူ့မကျေနပ်ချက်ကို ဖြေလျော့နေတယ်။
ဝေါယာဉ်ပေါ်မှာ အေးတိအေးစက် အမျိုးသားလေးက အေးဆေး တည်ငြိမ်စွာ စပျစ်သီးကို ယူကာ ယွမ်လော့ဖုန်းကို ခွံ့ကျွေးနေတယ်။
လင်းထျန်းကို အဘိုးအိုက သူ့ပါးစပ်မှ သွေးအန်သည့်အထိ ရိုက်နှက်နေတယ်။ အဘိုးအို မျက်နှာမှာ သနားညှာတာမှု လုံးဝမရှိ။  သူ့အမေက သူ့ကို မမှတ်မိ နိုင်လောက်တဲ့အထိ သူ့ကို ရိုက်နှက်နေတာ။
အဘိုးအိုရဲ့ နောက်ဆုံး ရိုက်ချက် ကျရောက်လာတော့ လင်းထျန်းမှာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ လဲကျသွားတယ်။
အဘိုးအိုလည်း အတော်လေး ပျင်းရိလာတာကြောင့် လင်းထျန်း ခန္ဓာကိုယ်ပေါ်မှ ဆင်းလိုက်တယ်။
"အရမ်း ပျင်းစရာ ကောင်းလိုက်တာ...။ ဒီအဘိုးကြီးက အနည်းဆုံးတော့ အမြင့်စား တိုးတက်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာတောင် အထိခိုက်မခံဘူး။ နည်းနည်းပါးပါးပဲ ထိုးနှက်ရသေးတယ်.... မူးလဲသွားပြီ"
နည်းနည်းပဲ ထိုးနှက် ရသေးတယ်တဲ့လား။
ဒီစကားကိုကြားတော့ လူတိုင်းက ရီချင်စိတ်ကို မထိန်းထားနိုင်တော့။ ဒီအဘိုးအိုက လဲကျသွားတဲ့ အဘိုးအိုကို အကြိမ် တစ်ရာကျော် ထိုးခဲ့တာလေ။ ဒါပေမဲ့ နောက်ဆုံးတော့ နည်းနည်းလေးပဲ ရိုက်ရသေးတယ်လို့ ပြောတယ်ပေါ့။
"ကောင်မလေး... ဒီကိစ္စကို မြေး ရှင်းလိုက်တော့။ ဒီဘိုးဘိုးက လူတစ်ယောက်လောက် ရှာပြီး စကားပြောပြီး လက်ဖက်ရည်ကြမ်း သောက်လိုက်ဦးမယ်"
အဘိုးအိုက သူ့လက်ကို နောက်ဘက်သို့ ပစ်ကာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းကိုမော့ကာ  ကျေနပ်မှု ပြည့်နေသော မျက်နှာဖြင့်
"ဒီလူတွေ အတွက်နဲ့ ဒီအဘိုးကြီးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးဖို့ တကယ်ကို မထိုက်တန်ဘူး"
ယွမ်လော့ဖုန်းလည်း ကြည်လင်ရွှင်သာနေတဲ့ အဘိုးအိုကို ကြည့်ပြီး ပြုံးလိုက်တယ်။
"ဒေါသ ဖြေလျော့တာ လုံလောက်ပြီလား"
 

***

အပိုင်း(၂၉၄)

ရှင် ... ရှင်းပြချက်ကို ကြားချင်တယ်(၁)

 
"ဒေါသကို ဖြေလျော့ခြင်းတဲ့လား။ ဘာ ဒေါသကို ဖြေလျော့ရမလဲ"
အဘိုးအိုလည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ဒီအဘိုးကြီးက အခုချိန်မှာ သူနဲ့ ရိုးရိုးရှင်းရှင်းလေး ယှဉ်ပြိုင် တိုက်ခိုက်တာပါ။ ဘယ်လိုလုပ် ဒေါသ ဖြေလျော့ခြင်း ဖြစ်မလဲ။ ဒီအဘိုးကြီးက အရှက်မဲ့တဲ့ စက်ဆုပ် အထင်သေးဖွယ် ကောင်းတဲ့ အဘိုးကြီးလား။
ပြောပြီးတာနဲ့ အဘိုးအိုက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း စိတ်အား ထက်သန်စွာ ပြောတယ်။
"ငါတို့က တရားမျှတစွာ ယှဉ်ပြိုင်ကြတာလေ... မြေးလေး ... နားလည်ရဲ့လား။ သူက ကျွမ်းကျင်မှု မရှိတာကြောင့် ဘိုးဘိုးကို ရှုံးနိမ့်ရတာပေါ့"
လင်းထျန်းသာ အဘိုးအိုရဲ့ အရှက်မဲ့တဲ့ စကားကို ကြားရင်တော့ သေချာပေါက် သေလောက်တဲ့အထိ ဒေါသထွက်နေမှာပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ လင်းထျန်းက မူးမေ့လဲ နေခဲ့ပြီလေ။ ဒါကြောင့် ဒီဘေးဒုက္ခက လွတ်မြောက်ခဲ့ပြီလေ...။
ယွမ်လော့ဖုန်းလည်း အဘိုးအို ဘယ်လို ပြန်ဖြေမလဲဆိုတာ သိနေတာကြောင့် အံ့သြခြင်း မရှိခဲ့ပေ။ သူမမျက်ခုံးကို မြှင့်တင်ပြီး အဘိုးအိုကို ဖျတ်ခနဲ ကြည့်ကာ ခပ်ရေးရေး ပြုံးလိုက်တယ်။
"ဒါဆိုလည်း ပြန်ပြီးတော့ မြေးကို စောင့်နေတော့။ ဒီမှာ ကိစ္စတွေ ဖြေရှင်းပြီးတော့မှ မြေးလေး အိမ်ပြန်လာတော့မယ်"
"ဟား... ဟား ... ဒါဆိုလည်း ဘိုးဘိုးက အိမ်ပြန်ပြီး မြေးလေးကို စောင့်နေတော့မယ်"
ယွမ်လော့လည်း ကျေနပ်ပီတိ ဖြစ်နေသော မျက်နှာ အမူအရာနှင့် နှစ်ကြိမ်တိတိ ကျယ်လောင်စွာ အော်ရယ် လိုက်တော့တယ်။ ခေါင်းမော့ ရင်ကော့ကာ တော်ဝင်နန်းတော် တရားရုံး အပြင်ဘက်သို့ ထွက်ခွာ သွားတော့တယ်။ ယွမ်လော့ဖုန်း အမြင်အာရုံမှာ အလျင်အမြန် ပျောက်ကွယ် သွားခဲ့တယ်။
အဘိုးအို ထွက်ခွာ သွားပြီးနောက် ယွမ်လော့ဖုန်းလည်း သူမအကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်တယ်။ မျက်ဝန်းနက်တစ်စုံဖြင့် ကွမ်တုနှင့် သူ့သားကို ကောက်ကျစ် စဉ်းလဲသော အပြုံးလေးဖြင့် ကြည့်လိုက်တယ်။
"အခုတော့ ရှင်တို့ အလှည့် ကျရောက်ပြီ။ ကျုံလင်းအာ ပေးတဲ့ အကြံက မဆိုးဘူးလို့ ငါထင်တယ်။ နင်တို့က ငါတို့ ယွမ်မိသားစုကို အရင်က အထင်အမြင် သေးခဲ့တယ်။ ဒါကြောင့် ငါတို့ ယွမ်မိသားစုက ကုန်းမြေစုမှာ ဘယ်လို ထိပ်တန်း ရောက်လာမလဲ ဆိုတာ နင်တို့ကို စောင့်ကြည့်စေမယ်"
ဒီစကားကို ပြောလိုက်ချိန်မှာ ကွမ်တုရဲ့ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့တာ။
"ယွမ်လော့ဖုန်း ... နင်က ဝိညာဉ်မျိုးနွယ်စုက လက်စားချေမှာကို တကယ်ပဲ မကြောက်လန့်တာလား"
သူ့အသံက တကယ်ကို တုန်ရီနေပြီး အရင်လို ယုံကြည်ချက် မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်မျိုးနွယ်စုက ကျွမ်းကျင်သူများ အားလုံး ထွက်ပြေးသွားတယ် ဆိုရင်တောင် သူတို့အတွက် အချိန်အနည်းငယ်ပဲ ရှိတာပါ။ ဒီရက်အတွင်းမှာ ကြွက်လေးက သူတို့အားလုံးကို သေချာပေါက် သတ်ပစ်ပြီးလောက်ပါပြီ။
"ဝိညာဉ်မျိုးနွယ်စုကို ကြောက်လား၊ မကြောက်ဘူးလား ဆိုတာတော့ ရှင် မကြာခင် သိရမှာပါ"
မိန်းမပျိုလေးရဲ့ ပြိုင်ဘက်ကင်း လှပသော မျက်နှာမှာ လူယုတ်မာ အပြုံးကို ဆင်မြန်းထားတယ်။
"သံမဏိတပ်နှင့် ပြင်းထန်သော မီးတောက်အဖွဲ့ အားလုံး သတိ အနေထားနဲ့နေပါ။ တန်းစီပါ"
သူမ ပြောလိုက်စဉ်မှာ သူမအသံက အတော်ကို ကျယ်လောင်ပြီး ရှင်းလင်းတယ်။ တော်ဝင်နန်းတော် အတွင်းမှာ အသံလှိုင်းက ထပ်ခါထပ်ခါ ပဲ့တင်ထပ် လာခဲ့တယ်။
ချက်ချင်းပဲ ... သံမဏိတပ်နှင့် မီးတောက်တပ်မှ လူတိုင်းက ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထားလိုက်ပြီး အမိန့်ပေးနာကို စောင့်နေတဲ့ စစ်သည်များနှင့် ဆင်တူတယ်။
"ဒီလူတွေကို စစ်သူကြီး အိမ်တော်ကို စောင့်ကြပ် ခေါ်ဆောင်သွားတယ်။ ခုခံတဲ့ ဘယ်သူမဆို သနားညှာတာမှု မထားဘဲ သတ်လိုက်တော့"
သနားညှာတာမှု မထားဘဲ သတ်လိုက်ဆိုတဲ့ စကားကြောင့် ကွမ်တုနှင့် တခြားလူများ အားလုံးက သူတို့ခန္ဓာကိုယ် တုန်ရီလာတယ်လို့ ခံစားလာရတယ်။ သူတို့ကို စွမ်းအား အရှိန်အဝါများဖြင့် ဝိုင်းရံထားသောကြောင့် သူတို့မှာ အသက်ပြင်းပြင်း မရှူရဲပေ။
သို့သော်လည်း သံမဏိတပ်နှင့် မီးတောက်တပ်က သူတို့ကို ဖမ်းဆီးတာကို မြင်ရတော့  ကွမ်လန်က ရုန်းကန်ရင်း အော်ဟစ်တော့တယ်။
"ယွမ်လော့ဖုန်း...  မင်း တကယ်ကို လှုပ်ရှားခဲ့တာပဲ။ ငါ ကန်းနေခဲ့တယ် ဆိုတာ ငါသိပါပြီ။ ငါမှားယွင်းပြီး မုဝူစွမ်းကို ရွေးချယ်ခဲ့မိပါတယ်။ မင်းက ငါ့ရွေးချယ်မှုကြောင့် ငါ့ကို လက်စားချေနေတယ် ဆိုတာ သိပါတယ်။ ငါ့ကို လွှတ်ပေးပါ...။ ငါ ... မင်းပြောသမျှကို နာခံဖို့ ဆန္ဒရှိပါတယ်"
ကြောက်လန့်နေသော ကွမ်လန်၏ မျက်လုံးများကို ကြည့်ရင်း  ယွမ်လော့ဖုန်း စိတ်ထဲမှာ လှောင်ပြုံး ပြုံးမိတယ်။ ဒီမူလ ခန္ဓာကိုယ်ပိုင်ရှင်က ကွမ်လန်လို လူစားမျိုးကို ကြိုက်ခဲ့ရတာလဲ။ ဒီလို ယောက်ျားမျိုးအတွက် ကိုယ့်အသက်ကို ဘာကြောင့် စွန့်လွှတ်ခဲ့လည်း ဆိုတာ နားမလည်နိုင်တော့ဘူး။
သေရမှာကို ကြောက်လန့်နေတဲ့လူ၊ သတ္တိမရှိ တန်ဖိုး မရှိတဲ့လူကို ယောက်ျားလို့ မခေါ်ဆိုထိုက်ဘူး။
"သူတို့ကို ဖမ်းချုပ်ထားလိုက်..."
မိန်းကလေး၏ အသံမှာ ခံစားချက် အနည်းငယ်မျှ မရှိတော့ပေ။ ကွမ်လန်ရဲ့ နှလုံးသားကို အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိ သွားစေတယ်။ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသော သူ့ခန္ဓာကိုယ်ကို သံမဏိတပ်နှင့် မီးတောက်တပ်က ဆွဲခေါ်သွားတာကို ခုခံခြင်း မရှိတော့ပေ။
"ယွမ်ရှောင်... ကျွန်မတို့ အိမ်ပြန်ရောက်တာနဲ့... ရှင် ဖြေရှင်းချက် ပေးတာကို စောင့်နေပေးမယ်"
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်တယ်။ မျက်ဝန်းနက်များဖြင့် ယွမ်ရှောင်ကို ကြည့်လိုက်တယ်။
"ဒီ သရဲဘုရင်ဆိုတဲ့ ဇာစ်မြစ်က ဘယ်က ဘယ်လို ဖြစ်လာတယ် ဆိုတာ ကျွန်မ သိချင်တယ်"
 

***

အပိုင်း(၂၉၅)

ရှင်... ရှင်းပြချက်ကို ကြားချင်တယ်(၂)

 

ထိုနေ့က လသာသော ညတစ်ည ဖြစ်တယ်။
မိန်းမပျိုလေး၏ အိပ်ခန်းကို သာယာသော ရနံ့များ လွှမ်းခြုံထားပြီး ပြတင်းပေါက်နားမှ နှင်းကဲ့သို့ ဖြူဖွေးသော ပိတ်ပါးလေးက လေထဲမှာ တလွင့်လွင့် ဖြစ်နေတာပေါ့။ နူးညံ့တဲ့ လက်ဖဝါးလေးက ပြိုင်ဘက်ကင်း လှပတဲ့ မိန်းမပျိုလေးရဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည့် အတိုင်းပင်။
သူမဘေးနားမှာ ရပ်နေတဲ့ အမျိုးသားလေး အေးတိအေးစက် မျက်ဝန်းများဖြင့် သူမကို မတွေမဝေ စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
"ကိုယ်... ယွမ်မိသားစုရှိရာကို လာခဲ့တာက လျှို့ဝှက်ကြံစည်ဖို့ မဟုတ်ရပါဘူး"
သူ... ဒီကို လာရတဲ့ အကြောင်းအရင်းက သူမကြောင့်ပါ။
စကားပြောနေစဉ်မှာ အမျိုးသားလေးရဲ့ မျက်နှာက ခါတိုင်းအတိုင်း ခံစားချက်မဲ့ နေဆဲပါ။ သို့သော်လည်း သူ့မျက်ဝန်းများ ဖြတ်ပြေးနေတဲ့ စိုးရိမ်ကြောင့်ကြမှုများက သူ့နှလုံးသားထဲက ခံစားချက်များကို သစ္စာဖောက် နေခဲ့တယ်။
သူ့မှာ အရမ်းကို ထိတ်လန့် နေရတယ်။
ယွမ်လော့ဖုန်း... သူ့ကို နားလည်မှု လွဲသွားမှာ ထိတ်လန့်မိတယ်။ သူမ... သူ့ကို နားလည်မှု လွဲသွားခဲ့ရင်... သူ.... ယုံကြည်မှုကို ဘယ်လိုပြန်လည် တည်ဆောက်ရမလဲ ဆိုတာ မသိဘူး။
"ဒါဆို ဘာကြောင့်လဲ..."
မိန်းမပျိုလေး၏အသံက သူ့ကို ဂရုမစိုက်တော့တဲ့ လေသံမျိုး ဖြစ်နေတယ်။ သူ့အသံမှ တစ်ဆင့် ခံစားချက်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ ဒါကြောင့် သူမ ဘာကို တွေးတောနေလဲ ဆိုတာ မသိနိုင်ဘူး။
ယွမ်ရှောင်လည်း မိန်းမပျိုလေး ရှေ့နားသို့ စတင်ပြီး ခြေလှမ်း ကျဲကျဲဖြင့် လှမ်းကာ အားအကုန်သုံးပြီး သူမကို သူ့ရင်ခွင်မှာ တင်းကျပ်စွာ ပွေ့ဖက် ထားလိုက်တယ်။ သူလည်း မျက်လုံးကို အနည်းငယ် ဖွင့်ဟပြီး ရင်ခွင်ထဲက မိန်းမပျိုလေးကို တိတ်တိတ်လေး ခိုးကြည့်လိုက်တော့....။
မိန်းကလေးက လုံးဝ လှုပ်ရှားခြင်း မရှိဘူး။ သူမက ယွမ်ရှောင်ကို ပွေ့ဖက်ခွင့် ပေးထားတယ်။ ဒါပေမဲ့လည်း ယွမ်လော့ဖုန်းက ဒီလိုပုံစံ ဖြစ်နေတော့ သူမ ပို၍ တိုးလို့သာ စိုးရိမ်ကြောင့်ကြ လာရတယ်။
"ကိုယ့်ကို ယုံကြည်ပါ။ မင်း ထိခိုက်မယ့် ဘယ်အရာကိုမဆို ကိုယ် မလုပ်ပါဘူး။ သရဲဘုရင် ဆိုတာက ကိုယ့်ကို တခြားလူတွေ ခေါ်တဲ့ နာမည်ပါ။ ယွမ်အိမ်တော်မှာ ဆိုရင် ကိုယ်က သရဲဘုရင် မဟုတ်ပါဘူး။ ယွမ်ရှောင်ဆိုတဲ့ နာမည် တစ်ခုတည်း ရှိတယ်"
ယွမ်အိမ်တော်မှာဆိုရင် သရဲဘုရင်ဆိုတာ မရှိဘူး။ ယွမ်ရှောင်ဆိုတာပဲ ရှိသတဲ့လား။
နွေးထွေးသော ခံစားချက်ကို ယွမ်လော့ဖုန်းရဲ့ နှလုံးသားမှာ ခံစားရတယ်။ သူမ၏ လက်ဖြင့် သူမကို ပွေ့ဖက်ထားတဲ့ အမျိုးသားလေးကို ညင်သာစွာ တွန်းထုတ်လိုက်တယ်။ သူမလည်း သူမရှေ့နားမှာ ရပ်နေတဲ့ ခံစားချက်မဲ့သော အမျိုးသားလေးကို ကြည့်လိုက်တယ်။
"ကျွန်မတို့တွေ ပထမဆုံးတွေ့တဲ့ အချိန်က ရှင့်မှာ ဒဏ်ရာ အပြင်းအထန်ရပြီး နံရံပေါ်က လဲကျလာတာလေ။ ရှင့်လို စွမ်းအားကြီးမားတဲ့ လူတစ်ယောက်က ထိုနေ့က ဘာကြောင့် အပြင်းအထန် ဒဏ်ရာ ရလဲဆိုတာ သိချင်တယ်"
ယွမ်ရှောင်လည်း ပြန်မပြောခင်မှာ ခေတ္တခဏ တိတ်ဆိတ် သွားခဲ့တယ်။
"ကိုယ် လေ့လာနေတဲ့ ကျင့်စဉ်က အနည်းငယ်တော့ ပုံမှန် မဟုတ်ဘူး။ လေ့ကျင့်နေစဉ်မှာ စိတ်ဖောက်ပြန်တဲ့ အခြေအနေ ရောက်သွားခဲ့ပြီး ကိုယ့်ဘာသာ ထိခိုက် ဒဏ်ရာ ရအောင် ပြုလုပ်မိတာပါ။ ကိုယ် အသိပြန်ဝင်လာတော့ ကိုယ့်မှာ အပြင်းအထန် ဒဏ်ရာ ရနေခဲ့ပြီလေ။ ဒါ့ပြင် ကိုယ်လေ့ကျင့်နေတဲ့ ကျင့်စဉ်ကို ခိုးယူချင်နေတဲ့ လူတွေလည်း ရှိတယ်။  ဒါကြောင့် ဒီလူတွေ ကိုယ်ရှိတဲ့ နေရာကို တွေ့သွားမှာကို ကာကွယ်ဖို့အတွက်... ကိုယ့်မှာ ကျင့်စဉ် ကျင့်ကြံပြီးတိုင်း အမြဲ နေရာ ပြောင်းရွှေ့ရတယ်။ ဒီနေ့က ကိုယ့်ဘာသာ အရမ်းကို ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်ခဲ့မိပြီး  ထွက်ပြေးတဲ့အချိန်မှာ မူးလဲသွားခဲ့တာ"
"ဘာကျင့်စဉ်လဲ"
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။
"ရှင်က ဘာကျင့်စဉ်ကို လေ့ကျင့်နေတာလဲ"
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ရိုးသားစွာ ပြန်ဖြေတယ်။
"ကိုယ် ကျင့်ကြံတဲ့ နည်းလမ်းကို ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် နည်းလမ်းလို့ ခေါ်တယ်"
"ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် နည်းလမ်းတဲ့လား"
ယွမ်လော့ဖုန်း... ခဏတာ တွေးတောလိုက်စဉ်မှာ သူမ စိတ်ဝိညာဉ်ထဲမှ ရှောင်မိုရဲ့ တအံ့တသြ အော်သံက ထွက်ပေါ်လာတယ်။
"သခင်... ကျွန်တော်... ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို သိပါတယ်။ ယွမ်ရှောင်... အရမ်းကို ကံကောင်းမယ်လို့ မထင်ထားခဲ့ဘူး။ ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို ရရှိထားမယ်လို့ မထင်ထားဘူး။ ဒီကျင့်စဉ်က ခိုင်မာတဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ လူအတွက် သင့်လျော်တဲ့ ကျင့်စဉ်တစ်ခုလည်း ဖြစ်တယ်။ ဒီကျင့်စဉ်က အဆင့်တိုင်းကို တိုးတက်စေပြီး သူ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးတယ်။ သူ... တကယ်ပဲ... စိတ်ရူးပေါက်တဲ့ အခြေအနေကို ဝင်ရောက် သွားနိုင်တယ်။ သူ ... ဘယ်သူ့ကိုမှလည်း မမှတ်မိနိုင်တော့သလို။ သူ့ကိုယ်သူလည်း ထိခိုက်ဒဏ်ရာ ရအောင်တောင် ပြုလုပ်နိုင်သေးတယ်။
ရှောင်မိုပြောတဲ့ စကားကို နားထောင်ရင်း ယွမ်လော့ဖုန်းရဲ့ နှလုံးသားမှာ ပူပင်ကြောင့်ကြ လာရတယ်။
"ဒီပြဿနာကို ဖြေရှင်းလို့ ရနိုင်လား"
ယွမ်လော့ဖုန်းလည်း ဒီမေးခွန်းကို ဘယ်လို မေးလိုက်မိလည်း ဆိုတာ လုံးဝ သတိမထားမိခဲ့ဘူး။ နတ်ဘုရား လျှို့ဝှက် နယ်မြေအတွင်းမှ ကောင်လေးရဲ့ မျက်လုံးများက ပြူးကျယ် လာတော့တယ်။
"ရှိတာပေါ့... ဒါပေါ့... ရှိတာပေါ့။ ယွမ်ရှောင်က နောက်တစ်ကြိမ် အတားအဆီးကို ဖြတ်ကျော်တဲ့ အချိန်မှာ သခင်က သူနဲ့အတူတူ တူစုံတွဲ ကျင့်စဉ်ကို ကျင့်ကြံရမယ်။ သူက သခင်နဲ့ တူစုံစွဲ ကျင့်စဉ် ကျင့်ကြံနေသရွေ့ သူ့ စိတ်ရူးဖောက်သော အခြေအနေက လွတ်မြောက်နိုင် လိမ့်မယ်"
ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို အသာအယာ ပွတ်သပ်လိုက်ပြီး ရှောင်မိုကို ပြန်လည် တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ပေ။ သူမလည်း ယွမ်ရှောင်ဘက်သို့ နောက်တစ်ကြိမ် လှည့်ကြည့် လိုက်တယ်။
"ဒါဆို... ယွမ်အိမ်တော်ကို ရှင် ဘာကြောင့် လာရတာလဲ။ ကျွန်မက ရှင့်ကို ကယ်တင်ခဲ့ပြီး မျက်နှာဖုံးအောက်က ရှင့်မျက်နှာကို မြင်သွားတာကြောင့် ရှင်က ကျွန်မကို တာဝန်ယူ စေချင်တာလား"
 

***


Bạn đang đọc truyện trên: Truyen247.Pro