Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

261+262+263+264+265

အပိုင်း(၂၆၁)

သူမကို ကိုယ်လုပ်တော်ရာထူး ပေးစေ(၃)

 
မုဝူစွမ်းက သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင့်တက်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်တယ်။
"လွန်ခဲ့သော နှစ်ဝက်တည်းက ယွမ်လော့ဖုန်း အတွက် ခင်ပွန်းလောင်း ရှာပေးဖို့အတွက် ကြင်ရာတော် မိဖုရားနဲ့ ကျွန်တော်မျိုးမ တိုင်ပင်ထားခဲ့တယ်။ ဒါပေမဲ့ အကောင်ထည် မဖော်ရသေးဘူး။ ယွမ်လော့ဖုန်းရဲ့ လက်ထပ်မင်္ဂလာက ကျွန်တော်မျိုးမ လက်ထဲမှာ ရှိနေဦးမယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။ လူယုတ်မာ တစ်ယောက်ကို လက်ထပ်လိုက်ရင် သူမ အနာဂတ် ပြောင်းလဲသွားပြီပေါ့။ ကွမ်လန်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့ရင် သူမအနာဂတ်က ကျွန်မ လက်ထဲမှာပေါ့။ ဟား... ဟား"
လွန်ခဲ့သော နှစ်ဝက်ခန့်က ယွမ်လော့ဖုန်းကို ကွမ်လန်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခွင့် မပေးနိုင်ခဲ့ပါဘူး။ သို့သော်လည်း ဝါးစံအိမ်တော်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ကွမ်လန်အတွက် သူမမှာ အချစ် မရှိတော့ပေ။ အမုန်းများက အစားထိုး နေရာ ယူခဲ့ရပြီလေ။ သူ့မှာ ကိုယ်လုပ်တော် တစ်ယောက် ရှိနေလည်း သူမ စိတ်ထဲ ထားမည် မဟုတ်တော့ပေ။
သို့သော်ငြားလည်း ကွမ်လန်နဲ့ ယွမ်လော့ဖုန်းကို ယှဉ်လိုက်ရင် သူမ ယွမ်လော့ဖုန်းကို ပိုမုန်းတယ်။ သူမကို အပျိုစင်ဘဝ ဆုံးရှုံးခဲ့အောင် ပြုလုပ်တာက ကွမ်လန် ဖြစ်နေသော်လည်း အဲဒီကိစ္စအတွက် သူမက ယွမ်လော့ဖုန်းကို အပြစ်တင်နေဆဲပါ။
 
***
 
"ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ... အရှင်မင်းမြတ်... အမိန့်စာ ထုတ်ပြန်တယ်... စစ်သူကြီး အိမ်တော်ရဲ့ အမွေခံ အမျိုးသမီးလေး ယွမ်လော့ဖုန်းက ချောမောလှပပြီး ထူးချွန်တဲ့ အရည်အချင်းများကို ပိုင်ဆိုင်တယ်။ ဒါကြောင့် သူမကို အိမ်ရှေ့စံမင်းသား ကွမ်လန်အတွက် ကိုယ်လုပ်တော်အဖြစ် ဆက်သစေဖို့ အရှင်မင်းမြတ် မိန့်ကြားတယ်။ အမိန့်တော်ကို နာခံစေ"
စစ်သူကြီးအိမ်တော်ရဲ့ အရှေ့ဘက်ခန်းမ အတွင်းမှာ မိန်းမစိုး တစ်ယောက်က တော်ဝင် အမိန့်စာကို ခေါက်ပြီး ကိုင်ကာ သူ့ရှေ့မှာ ပြုံးပြီး ရပ်နေတဲ့ မြေးအဘိုး နှစ်ယောက်ကို ကြည့်နေတယ်။
"ယွမ်သခင်မလေး အမိန့်စာကို လက်ခံနိုင်ပြီလား။ တော်ဝင် ချစ်ခင်မှုကို အခု လေးစားမှုကို ဖော်ပြသင့်ပြီ"
အဘိုးအိုရဲ့မျက်နှာက ဒေါသစိတ်ကြောင့် ခရမ်းရောင် ဖြစ်နေပြီး မုတ်ဆိတ်များက ဒေါသစိတ်ကြောင့် တုန်ခါနေတယ်။ သူ့အင်္ကျီလက်ကို ခေါက်ပြီးတော့ မိန်းမစိုးကို ရိုက်ဖို့ ပြင်နေတယ်။ ထိုအချိန်မှာ နောက်ဘက်မှ သေးသွယ်တဲ့ လက်ကလေး ပေါ်လာပြီး မိန်းမစိုး လက်ထဲမှ တော်ဝင် အမိန့်စာကို ဆွဲယူလိုက်တယ်။ မိန်းမစိုးက ကျေနပ်စွာ ပြုံးလိုက်တယ်။
"ယွမ်သခင်မလေးက အရမ်းကို စဉ်းစား တွေးခေါ်တတ်တယ်။ နောက်ဆုံးတော့ တော်ဝင် အမိန့်စာကို မလိုက်နာရဲတဲ့လူ မရှိတော့...."
ဟာ...
မိန်းမစိုးက သူမကို ပိုပြီးတော့ ချီးကျူးနေဆဲမှာ ရုတ်တရက် စာရွက် ဆွဲဖြဲသံကို ကြားလိုက်ရတယ်။ သူ့မျက်ဆန်က ကျုံ့သွားကာ သူ့နှလုံးသားက အကြမ်းပတမ်း တုန်ခါသွားရတယ်။
"ရှင် ဘာပြောလိုက်တယ်"
ယွမ်လော့ဖုန်းလည်း နှစ်ခြမ်း ကြေမွသွားသော တော်ဝင် အမှတ်စာကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ သူမ လက်ကို ခါလိုက်ပြီး ပြောလိုက်တယ်။
"အားနာလိုက်တာ။ ရှင်ပြောတာကို ကျွန်မ မကြားလိုက်ဘူး။ နောက်တစ်ကြိမ် ထပ်ပြောနိုင်မလား"
"မင်း..."
မိန်းမစိုးရဲ့မျက်နှာက ဒေါသစိတ်ကြောင့် အပြာရောင် ဖြစ်သွားရတယ်။ ဒီလိုမျိုး ရဲတင်းလွန်းတဲ့လူကို ပထမဆုံးအကြိမ် ပက်ပင်း တိုးရတာပဲလေ။ တော်ဝင် အမိန့်စာကို ငြင်းဆန်ရဲတဲ့အပြင် နှစ်ခြမ်းဖြစ်အောင် ဆုတ်ဖြဲရဲတယ်ပေါ့။
"ရှင့်မှာ ပြောစရာ စကား မရှိတော့ဘူး ဆိုတော့ ရှင် ထွက်သွားနိုင်ပြီ။ အစောင့်တွေ သူ့ကို မောင်းထုတ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ သခင်မလေး"
ယွမ်လော့ဖုန်းရဲ့ အမိန့်ပေးသံကို ကြားတော့ အနောက်ဘက်မှ အစောင့်နှစ်ယောက် ထွက်လာခဲ့ပြီး သူ့ကို လက်မောင်းမှ ဆွဲကိုင်ကာ  တံခါး အပြင်ဘက်သို့ ပစ်ထုတ်လိုက်တယ်။
ဘန်း
မိန်းမစိုးမှာ စစ်သူကြီး အိမ်တော် အပေါက်ဝသို့ မရောက်မီမှာ ကိုးရိုးကားရား လဲကျသွားတယ်။ သူ့ခြေထောက်ကို ကြိုးစား အားယူထရင်း လမ်းသွား လမ်းလာများ၏ သိချင်စိတ် ပြင်းပြသော မျက်လုံးများ ဝေးရာသို့ အလျင်အမြန် ပြေးထွက် သွားတယ်။
တော်ဝင် စာကြည့်ဆောင်မှာ အပြင်ဘက်မှ လူတစ်ယောက်ရဲ့ ကြောက်လန့်တကြား အော်ဟစ်နေတာကို ကြားနေရတယ်။ ကွမ်တုလည်း မျက်မှောင်ကြုတ် လိုက်တယ်။ သူလည်း ဝင်လာတဲ့ မိန်းမစိုးကို ကြည့်လိုက်ပြီး ဒေါသထွက်စွာ မေးလိုက်တယ်။
"မင်းကို တော်ဝင် အမိန့်စာ ပို့ခိုင်းလိုက်တာလေ။ ယွမ်လော့ဖုန်းက လက်ခံလိုက်ပြီလား"
"အရှင်... မင်း... ကြီး"
"ဘိုင်း"
မိန်းမစိုးမှာ ဒူးခွေပြီး လဲကျသွားတယ်။
"ယွမ်လော့ဖုန်းက တကယ်ကို ရဲတင်းလွန်းပါတယ်။ သူမက တော်ဝင် အမိန့်စာကို ငြင်းဆန်တဲ့အပြင် ဆုတ်ဖြဲလိုက်ပါတယ်"
ချက်ချင်းပဲ ကွမ်တုရဲ့မျက်နှာက မည်းမှောင် သွားရတယ်။ ယွမ်လော့ဖုန်းက တော်ဝင် အမိန့်စာကို ငြင်းဆန်မယ်ဆိုတာ တွေးမိထားသော်လည်း  ဆုတ်ဖြဲရဲလောက်တဲ့ သတ္တိရှိမယ်လို့ မထင်ထားခဲ့မိဘူး။ သူမက တကယ်ပဲ အရူးအဘိုးကြီး ယွမ်လော့ရဲ့မြေး ဖြစ်ဖို့ ထိုက်တန်ပါတယ်။
"ဒီနေရာက ထွက်သွားစမ်း"
မိန်းမစိုးက မတ်တတ်ထရပ်လိုက်ပြီး အဝတ်စားမှ ဖုန်မှုန့်များကို ခါယမ်းလိုက်တယ်။ ရိုသေစွာ ဦးညွှတ်အရိုသေ ပေးပြီး ထွက်ခွာ သွားလိုက်တယ်။ မိန်းမစိုး ထွက်ခွာ သွားပြီးနောက် ကွမ်တု လှောင်ပြောင် ခနဲ့လိုက်ကာ သူ့ဘေးနားမှာ ရပ်နေတဲ့ ကွမ်လန်ကို ပြောလိုက်တယ်။
"မင်း... ယွမ်လော့ဖုန်းကို မင်းရဲ့ ကိုယ်လုပ်တော် ဖြစ်စေချင်ရင် ထျန်းမိသားစုရဲ့ အာဏာ လိုအပ်တယ်။ ယွမ်လော့ဖုန်းကို မင်း အိမ်တော်မပို့နိုင်လို့ မုဝူစွမ်းက နှိပ်စက်ခွင့် မရရင် သူမဒေါသက ပိုပြင်းထန် လာလိမ့်မယ်"
ကွမ်တုလည်း ဒီထုံထိုင်းလွန်းတဲ့သားကို မကြိုက်ပါဘူး။ သို့သော် ဝိညာဉ်မျိုးနွယ်စုက နောင်ဖြစ်မယ့် ဘုရင်ကို ကွမ်လန် ဖြစ်ရမယ်လို့ အမိန့် ပေးထားတာကြောင့် သာပေါ့။
 
***

အပိုင်း(၂၆၂)

သူမကို ကိုယ်လုပ်တော် ရာထူးပေးစေ(၄)

 

“ဖခမည်းတော်… ကျွန်တော်က ယွမ်လော့ဖုန်းရဲ့ အပျိုစင် ဘဝကို လိုချင်ရုံလေးပါ။ သူမရဲ့ အပျိုစင် ဘဝကို ရယူပြီးရင် သူမကို မုဝူစွမ်းဆီ ပေးရလည်း ကိစ္စ မရှိဘူး”
အလွန်လှပတဲ့ မျက်နှာလေးကို တွေးကြည့်ရင်း ကွမ်လန် တစ်ယောက် စိတ်လှုပ်ရှား လာတယ်။
ယွမ်လော့ဖုန်းက သူ့ကို မချစ်ဘူးဆိုလည်း သူမကို ပိုင်ဆိုင်ရမယ်။ သူ့ကို အရမ်းချစ်ခဲ့တဲ့ ယွမ်လော့ဖုန်းက သူနဲ့ ပတ်သက်ပြီးတော့ ချက်ချင်း ခံစားချက် မရှိတော့ဘူး ဆိုတာ သူ မယုံကြည်နိုင်ဘူး။
ချေငံနေသော ကွမ်လန်ရဲ့မျက်နှာကို ကြည့်ရင်း ကွမ်တုလည်း စိတ်မရှည်စွာ လက်ကို ခါယမ်းပြီး အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“မင်း အခု ထွက်သွားနိုင်ပြီ”
“အမိန့်တော်မြတ် အတိုင်းပါ။ ဖခမည်းတော်”
အတွေးရေယာဉ်များ နစ်မျောနေပြီးနောက် အသိပြန်ဝင်လာခဲ့ပြီး ကွမ်လန်တစ်ယောက် ရိုသေလေးစားစွာ ဦးညွှတ်ဂါရဝပြုပြီး ထွက်ခွာ သွားလိုက်တယ်။
ထွက်ခွာသွားတဲ့ ကွမ်လန်ရဲ့ ပုံရိပ်ကို ကြည့်ရင်း ကွမ်တုရဲ့ မျက်လုံးများက တဖြည်းဖြည်း မည်းမှောင် သွားရတယ်။
 
***
စစ်သူကြီးအိမ်တော်…
မြေအောက် လေ့ကျင့်ရေး စခန်းမှာ ယွမ်လော့ဖုန်း… ဝင်ရောက်လာသည့် အချိန်မှာ အားလုံးက သူမအနားမှာ တစ်စုတစ်ဝေးတည်း စုစည်းကြတယ်။
“ဒုတိယဦးလေး”
စစ်ရေး လေ့ကျင့်ပေးနေတဲ့ အမျိုးသား တစ်ယောက်ကို မြင်တော့ ယွမ်လော့ဖုန်းလည်း ချောမောလှပစွာ ပြုံးလိုက်တယ်။
“ဦးလေးကို ကြည့်ရတာ ဒီရက်ပိုင်းအတွင်း အတော်ကို အဆင်ပြေလာပြီ။ ဒီညပဲ ဦးလေးရဲ့ စွမ်းအား ပြန်လည် ကောင်းမွန်လာဖို့ စီစဉ်တာပေါ့”
ယွမ်ချင်ရာရဲ့ လက်ချောင်းလေးများက တုန်ရီနေတယ်။ သူ့ရဲ့ ကြည်လင်တဲ့ မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် တဖျတ်ဖျတ် လက်နေတယ်။ 
“ဖုန်းအာ… ဦးလေး တကယ်ပဲ သက်သာတော့မယ်လို့ ဆိုလိုတာလား”
အမျိုးသားလေးရဲ့ တောက်ပတဲ့ မျက်ဝန်းများကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း သူ့အနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်း လိုက်တယ်။ ဒီအချိန်လေး အတွင်းမှာ မိန်းကလေးရဲ့ မျက်ဝန်းများက အရင်တိုင်း တည်ကြည် လေးနက်နေဆဲပါ။
“ဒုတိယဦးလေး… ဖုန်းအာက အရင် စွမ်းအားအတိုင်း ပြန်ဖြစ်အောင် ပြုလုပ်ပေး နိုင်သလို ပိုပြီး တိုးတက် သွားအောင်လည်း ကုသပေးနိုင်ပါတယ်။ လွန်ခဲ့သော နှစ်ဝက်ကျော် ကတည်းက စိတ်စွမ်းအင်များကို ဦးလေး ခန္ဓာကိုယ်ထဲမှာ စိမ့်ဝင်စေခဲ့တယ်။ ဒီတစ်ကြိမ် အတားအဆီးကို ဖြတ်ကျော် နိုင်သွားရင် ဦးငယ်လေးရဲ့ စွမ်းအားက  တကယ်ကို အထင်ကြီးလောက်စရာ အဆင့်ကို ရောက်သွား တော့မှာလေ”
သူမရဲ့ စကားက ခန့်ညား ချောမောတဲ့ အမျိုးသားလေးရဲ့ မျက်နှာကို ပြုံးရယ်စေတယ်။
“ဖုန်းအာလေး ဦးငယ်လေး ခြေထောက်တွေ နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့ရင် အံ့သြဖွယ် ဖြစ်ရပ် တစ်ခုပဲလေ။  ပြန်လည် ကောင်းမွန် လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
“ဒုတိယဦးလေး”
ယွမ်လော့ဖုန်းလည်း ယွမ်ချင်ရာရဲ့ ချောမောတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။
“ဖုန်းအာ… လုံယွမ်တိုင်းပြည်က ကိစ္စတွေ ဖြေရှင်းပြီးသွားခဲ့ရင် ဦးလေးကို ဘယ်သူက ထိခိုက်အောင် ပြုလုပ်ခဲ့လဲဆိုတာ သိချင်တယ်။ သူတို့ ပြုလုပ်ခဲ့တာရဲ့ တန်ရာတန်ကြေးကို ပြန်လည် ပေးဆပ်စေရမယ်”
ယွမ်ချင်ရာလည်း တခစ်ခစ် ရယ်လိုက်တယ်။
“ကောင်းတယ်။ အတိတ် အကြောင်းကို ပြောပြမယ်လို့ ကတိပေးတယ်”
ကြိုးကိုင် ခြယ်လှယ်ခံရတဲ့ မိန်းကလေး တစ်ယောက် မဟုတ်တော့ဘဲ အံ့သြဖွယ် ကောင်းလောက်အောင် ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ မိန်းကလေး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီ။ ဒါကြောင့် အတိတ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ သူမကို သိခွင့်ပေးမယ်။ ယွမ်ချင်ရာဘက်မှ တုံ့ပြန်သံကို ကြားရတော့ သူမ မျက်နှာပေါ်က အရိုင်းဆန်သော အပြုံးနဲ့ ယုံကြည်ချက်ကို ပြသလိုက်တယ်။ သူမ မျက်လုံးက ကောက်ကျစ်စဉ်းလဲသော အလင်းတန်းများဖြင့် အရောင်တောက် နေတယ်။
“ဒီတစ်ခေါက်တော့ အရေးကြီးတာ တစ်ခု ကြေညာချင်လို့ လာခဲ့ရတာပဲ။ လောကကြီးထဲမှာ သံမဏိ တပ်နဲ့ မီးတောက်အဖွဲ့  တည်ရှိမှုကို ပြသဖို့ အချိန်တန်ပြီ။ ငါတို့တွေ မုမိသားစုကို မင်္ဂလာလက်ဖွဲ့ ပေးသင့်ပြီ”
စစ်တပ်နှစ်ခုစလုံးမှ လူတိုင်းက ကွမ်လန် ရွေးချယ်ပေးထားတဲ့ အမှိုက်တွေပါ။ နှစ်ဝက်ကြာပြီးတော့ စစ်တပ်နှစ်ခုက စွမ်းအား ကြီးမားလာတယ်။
ကွမ်လန်သာ သိသွားခဲ့ရင်တော့ သွေးသုံးလီတာလောက် အန်ထွက်တော့မှာ…။
မိန်းကလေးရဲ့ ချောမောလှပတဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ယွမ်ချင်ရာလည်း တည်ကြည် လေးနက်သော ပုံစံဖြင့် ပြောလိုက်တယ်။
“ဖုန်းအာလေး တူမလေး ဘာလုပ်ချင်တာပဲ ဖြစ်ဖြစ် ဦးငယ်လေးက ဘေးနားက ရပ်တည်ပေးမယ်”
အမျိုးသားလေးရဲ့ ပွင့်လင်းတဲ့ စကားသံကို ကြားရတော့ ယွမ်လော့ဖုန်းလည်း နွေးထွေးမှုကို ခံစားရတယ်။ ဒီလောကကြီးထဲမှာ ယွမ်ရှောင်ကလွဲရင်  သူမ မိသားစုကသာ သူမအတွက် ရပ်တည်ပေးတာပါ။ သူတို့တွေ ဘေးကင်း ပျော်ရွှင်စေဖို့အတွက် သူမလမ်းမှား တားဆီး ပိတ်ပင်နေမယ့် လူ ဘယ်နှယောက်ကိုပဲ သတ်ရသတ်ရ သူမ ဂရုမစိုက်ပါဘူး။
 
***

အပိုင်း(၂၆၃)

စစ်တပ်နှစ်ခု ပေါ်ထွက်လာခြင်း(၁)

 

မင်္ဂလာဆောင်နေ့မှာ
အိမ်ရှေ့စံမင်းသားရဲ့ အိမ်တော်ကို မီးအိမ်များ၊ တံခွန်များဖြင့် အလှဆင်ထားပြီး ပျော်ရွှင်မှုကို ပြသသော အငွေ့သက်များဖြင့် ဖြည့်စွက်ထားတယ်။ ခန်းမဆောင် အတွင်းမှာ ကွမ်တုနဲ့ ကြင်ရာတော် မိဖုရားမုက မြင့်မားသော နေရာမှာ  ဘေးချင်းယှဉ် နိုင်ကာ သူတို့ကို ဂါရဝပြုနေသော ဇနီးမောင်နှံ အသစ်ကို ဂုဏ်ပြုတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ မုဝူစွမ်းရဲ့ ဆရာဖြစ်တဲ့ ကျင်းလင်းက  မုချင်ချောင်နဲ့ အတူတူ ကွမ်တုတို့ အောက်ဘက်မှာ ထိုင်နေလေရဲ့။ မျက်နှာပေါ်မှာ ကျေနပ် ပီတိ အပြုံးက ပေါ်လွင် နေလေတယ်။
ဒီအပြင် ခန်းမထဲမှာ တခြား ဂုဏ်သရေရှိ ထိုင်ခုံနှစ်ခုလည်း ရှိနေပါသေးတယ်။ ချောမောတဲ့ အမျိုးသားလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး ထိုင်နေတာပါ။ သို့သော်လည်း ပျော်ရွှင်ဖွယ် အငွေ့သက်များနှင့် ဆန့်ကျင်ဘက် သူတို့နှစ်ယောက် ပုံစံက ခံစားချက်မဲ့နေပြီး စိတ်ကြီးဝင် နေပုံပါပဲ။
“သခင်ကြီး… မကောင်းတာ တစ်ခုခု ဖြစ်နေပါပြီ”
အခမ်းနားပွဲ ပြီးဆုံးချိန်မှာ အပြင်ဘက်မှ အဆောတလျင် အသံကို ကြားလိုက်ရတယ်။
အမတ်ချုပ်မုအိမ်တော်ရဲ့ အစေခံက ယိုင်တိယိုင်တိုင် လမ်းလျှောက် လာတယ်။ ကြမ်းပြင်ပေါ် လဲကျလုနီးပါး အလျင်လိုနေတယ်။ နဖူးမှ ချွေးများ တစ်စက်စက် ကျနေတယ်။ ချက်ချင်းပဲ ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး  အားလုံးရဲ့ မျက်လုံးများက အစေခံကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြတယ်။
မုချင်ချောင်က အရှက်ရသွားပုံပဲ။
“ဘာဖြစ်တာလဲ”
“သခင်ကြီး…”
အစေခံက ကြမ်းပြင်ပေါ်မှာ ဒူးထောက် လိုက်တယ်။ နဖူးမှ ချွေးများ တစ်စက်စက် ကျနေတယ်။
“သခင်ကြီးရဲ့ အိမ်တော်ကို လူတစ်စုက  ပျက်စီးအောင် ဖျက်ဆီး သွားပါတယ်”
ဘန်း
မုချင်ချောင်လည်း စားပွဲခုံကို လက်ဖဝါးဖြင့် အသံမြည်အောင် ရိုက်ချလိုက်တယ်။ အသက်ရွယ် ကြီးရင့်နေတဲ့ မျက်နှာက ဒေါသစိတ်ကြောင့် အပြာရောင် ပြောင်းနေတယ်။
“ဒါ ဘယ်သူ လုပ်တာလဲ။ ဘယ်သူတွေက ငါ့အိမ်တော်ကို ဖျက်ဆီးရဲတာလဲ”
အထူးသဖြင့် သူ့မြေးမလေးရဲ့ မင်္ဂလာဆောင်မှာမှ ပြဿနာ ရှာရဲတယ်ပေါ့။  မုမိသားစုကို ဆန့်ကျင်ရဲလောက်တဲ့အထိ ဘယ်မှာ နက်နက်ရှိုင်းရှိုင်း အမုန်းအာဃာတ ရှိနေတာလဲ။ သူ့စိတ်ထဲမှာ တစ်စုံတစ်ရာကို တွေးမိသွားတာကြောင့် အံကြိတ်လိုက်တယ်။
“မိမစစ် ဖမစစ် ယွမ်လော့ဆိုတဲ့ အဘိုးကြီး ဖြစ်ရမယ်”
လွန်ခဲ့သော ဆယ်နှစ်ခန့်ကလည်း သူ့အိမ်တော်ကို ဖျက်ဆီးဖို့ ယွမ်လော့က လူလွှတ်လိုက်တယ်လေ။ ဆယ်နှစ်ကြာတော့ နောက်တစ်ကြိမ် ထပ်လုပ်တယ်ပေါ့။ ဖြစ်ချင်ရင်တော့ အရင်က အစီအစဉ် မအောင်မြင်ခဲ့ဘူး။ သူ့အိမ်တော်ကို အမြဲတမ်း ပြန်လည် တည်ဆောက် နိုင်တယ်လေ။ ဒါက ကိစ္စကြီး တစ်ခုတော့ မဟုတ်ပါဘူး။
မုချင်ချောင် တစ်ယောက် တွေးဆနေချိန်မှာ တခြား အလျင်လိုနေသော အသံကို ခန်းမ အပြင်ဘက်မှ ကြားလိုက်ရတယ်။
“သခင်ကြီး… တကယ်ကို သတင်းဆိုး တစ်ခု ဖြစ်နေပါပြီ”
အစိမ်းရောင် ဝတ်စုံနဲ့လူက ခန်းမထဲသို့ ပြေးဝင်လာတယ်။  သူ့မှာ အသက်ရှူ မှားလောက်အောင် မောဟိုက်နေပြီး ချွေးများ စိုရွှဲနေတယ်။
“ဘာဖြစ်ရတာလဲ”
မုချင်ချောင်လည်း စိတ်မရှည်စွာ မေးလိုက်တယ်။
“သခင်ကြီး… တော်ဝင်မြို့တော်မှာ ရှိနေတဲ့ ပစ္စည်း ဥစ္စာ အားလုံးကို မီရှို့ ခံရပါတယ်”
“ဘာပြောလိုက်တယ်”
မုချင်ချောင်မှာ ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး သူ့နောက်ဘက်မှ ကုလားထိုင်ပေါ်သို့ လဲကျသွားတယ်။ လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး သူ့ဒေါသစိတ်ကို ဖိနှိပ်ထားရတယ်။
“ဘယ်သူလုပ်တာလဲ ဆိုတာ မင်း တွေ့လိုက်လား။ ဓားပြအုပ်စု ဖြစ်ရမယ်”
အစိမ်းရောင် ဝတ်စုံနဲ့လူက သူ့နဖူးပေါ်မှာ ချွေးစများ သုတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလာတယ်။
“သခင်ကြီး… ကျွန်တော်တော့ ဒီလူတွေကို ဓားပြလို့ မထင်ဘူး။ သူတို့အားလုံးက လေ့ကျင့်ထားတဲ့ စစ်သည်များနှင့် ဆင်တူတယ်”
“စစ်သည်တွေ…”
မုချင်ချောင်လည်း မျက်မှောင်ကြုတ် လိုက်တယ်။ ယွမ်လော့ရဲ့ စစ်တပ် အာဏာကို အရှင်မင်းကြီးက ပိုင်ဆိုင်သွားပြီလေ။ သူ့ထိန်းချုပ်မှု အောက်မှာ စစ်သည် တစ်ယောက်တလေမျှ မရှိပေ။ သူ့အိမ်တော်ကို ဖျက်ဆီးတာနဲ့ သူ့ပစ္စည်း ဥစ္စာ အားလုံးကို မီးရှို့တာ ယွမ်လော့ မဖြစ်နိုင်တော့ဘူး။
“သူတို့က စစ်သည် ရဲမက်တွေ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ မီးတောက်အဖွဲ့နဲ့ သံမဏိတပ်ဖွဲ့လို့ ပြောနေကြတယ်”
မီးတောက်အဖွဲ့နဲ့ သံမဏိတပ်ဖွဲ့တဲ့လား။ သူ ဘာလို့ ဒီနာမည်မျိုးကို မကြားဖူးရတာလဲ။
မုချင်ချောင်ရဲ့ နှလုံးသားက တဖြည်းဖြည်း နာကျင်လာသလို ခံစားရတယ်။ ဒီကိစ္စက ယွမ်လော့ လုပ်တာပဲ ဖြစ်သင့်တယ်လေ။ ဘာမှ မသိတာ ပိုကောင်းပါတယ်လေ။ သူ ဘယ်သူ့ကို အမှား ကျူးလွန်ခဲ့လဲ ဆိုတာ သဲလွန်စရှာမရ ဖြစ်နေတယ်လေ။
မုချင်ချောင်ရဲ့ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ကြင်ရာတော်မုက ချက်ချင်း ထရပ်လိုက်ပြီး ကွမ်တုရှေ့မှာ ဒူးထောက်ကာ ဆွဲဆောင်မှုရှိစွာ ငိုယိုတော့တယ်။
“အရှင်မင်းကြီး… အဲဒီ မိမစစ် ဖမစစ်ကောင်က ဝူစွမ်းရဲ့ မင်္ဂလာဆောင်မှာ ပြဿနာ ရှာတာပါ။ သူတို့က ဝူစွမ်းနဲ့ အရှင့်သားရဲ့ မင်္ဂလာဆောင်ကို ဖျက်ဆီးချင်နေတာ ဖြစ်ရမယ်။ သူတို့က တကယ်ကို ရက်စက်လွန်းပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးမတို့ မိသားစုအတွက် အမှန်တရားကို ရှာဖွေပေးပါ”
 
***

အပိုင်း(၂၆၄)

စစ်တပ်နှစ်ခု ပေါ်ထွက်လာခြင်း(၂)

 
“ချစ်ဇနီးလေး”
ကွမ်တုက ကြင်ရာတော်ကို မတ်တတ်ရပ်နိုင်စေဖို့ လက်ကမ်း လိုက်တယ်။
“ချစ်ဇနီးလေး စိတ်အေးအေး ထားပါ။ ဒီကိစ္စကို ဘယ်သူ ပြုလုပ်တာလဲ ဆိုတာ မောင်တော်က ရှာဖွေပေးပါမယ်။ မုမိသားစု အတွက် အမှန်တရားကို ရှာဖွေပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် … အရှင်မင်းကြီး”
မျက်ရည်စက်များဖြင့် ပြုံးလိုက်ကာ ကြော့ရှင်းစွာ မတ်တတ် ရပ်လိုက်တယ်။
ထို့နောက် ခန်းမ အပြင်ဘက်မှာ စောင့်နေတဲ့ အစောင့် တစ်ယောက်က အလျင်အမြန် ပြေးလာတယ်။
“အရှင်မင်းကြီး… မီးတောက်စစ်တပ်က လက်ထောက် တပ်မှူးက အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်”
မီးတောက် စစ်တပ်….။ မီးတောက် စစ်တပ်နဲ့ သံမဏိ စစ်တပ်….။
ဒီစကားလုံးကို ကြားရတော့ မုချင်ချောင်လည်း သူ့စိတ်ကို မထိန်းနိုင်တော့ပေ။ ဒေါသစိတ် ပေါက်ကွဲကာ သူ့မျက်လုံးမှာ ဒေါသများဖြင့် ပြည့်နှက် နေရတယ်။
“ဒီလူတွေက ငါတို့ကို လာတွေ့ရဲတယ်လား။ အရှင်မင်းကြီး ဒီမိမစစ် ဖမစစ်ကောင်တွေနဲ့ ထိပ်တိုက် ရှင်းခွင့်ပြုပါ”
ဒီစကားကို ပြောပြီးသည်နဲ့  မုချင်ချောင်မှာ ခြေလှမ်း ကျဲကျဲဖြင့် ခန်းမဆောင်ထဲမှာ ထွက်ခွာ သွားတယ်။ ကွမ်တုမှာ အမိန့်ပေးဖို့ အချိန် မရလိုက်ပေ။
မုဝူစွမ်းလည်း သူမခေါင်းပေါ်က အနီရောင်ပဝါကို အလျင်အမြန် မတင်လိုက်ပြီး မုချင်ချောင်ရဲ့ ထွက်ခွာသွားတဲ့ ပုံရိပ်ကို စိုးရိမ်တကြီး ငေးကြည့်နေတယ်။ အားလုံးရဲ့ အကြည့်များကို လျစ်လျူရှုကာ မုချင်ချောင် နောက်သို့ ပြေးလိုက် သွားတယ်။

***
 


ခြံဝင်းအတွင်းမှာ ချစ်ဖို့ကောင်းတဲ့ ကောင်မလေး တစ်ယောက်က မိုးမခပင်အောက်မှာ ရပ်နေတယ်။ သူမရဲ့ လုံးဝန်းသော မျက်လုံးလေးများက တပ်မက်ဖွယ် ကောင်းလောက်အောင် တောက်ပနေပြီး သူမရဲ့ ပါးမို့မို့ပေါ်က ပါးချိုင့် နှစ်ဖက်က မြင်ရသူက ယစ်မူးစေတယ်။
ကျုံးလင်းအာက မုချင်ချောင်နဲ့ သူ့အခြွေရံများကို တစ်ချက် ကြည့်လိုက်ပြီး ရွှင်ပျမြူးထူးမှုဖြင့် ပြည့်နေသော တောက်ပသော မျက်ဝန်းတစ်စုံဖြင့် စကားဆိုလိုက်တယ်။
“အမတ်ချုပ်မု…. ရှင့်အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ကို ကြိုက်ရဲ့လား”
“မင်း…”
မုချင်ချောင်မှာ ဒေါသကြောင့် နီရဲနေသော မျက်နှာဖြင့် ကျုံးလင်းအာကို လက်ညှိုးထိုးပြီး ပြောနေလေရဲ့။
“မင်း လုပ်ရဲတယ်ပေါ့။ ငါ့အိမ်တော်ကို ဖျက်ဆီးဖို့  ဘယ်လို သတ္တိရှိလာလဲတော့ ငါ မသိဘူး။ အခုတော့ အိမ်ရှေ့စံမင်းသားရဲ့ အိမ်တော်အထိ လာပြီး ငါတို့ကို တွေ့ရဲတယ်ပေါ့”
ပိုပြီးတော့ အရေးကြီးဆုံးက မီးတောက်အဖွဲ့နဲ့ သံမဏိအဖွဲ့ နောက်ကွယ်က လူကိုသာ သိချင်တယ်။
ကျုံးလင်းအာလည်း ဘာကိုမျှ ဂရုမစိုက်ဟန် မျက်တောင်ခတ် လိုက်တယ်။ 
“ဒီနေ့က မုမိသားစုရဲ့ အမွေခံ မိန်းကလေးနဲ့ အိမ်ရှေ့စံ မင်းသားတို့ မင်္ဂလာဆောင်တဲ့ နေ့လို့ ငါ ကြားသိထားတယ်။ ဒါကြောင့်လည်း ရှင့်အတွက် အံ့သြစရာလေး ပြင်ဆင် ထားတာပေါ့”
အံ့သြစရာ ဟုတ်လား။ ဒါက ကြောက်လန့်စရာနဲ့ ပိုတူနေတယ်။ ငါ့အိမ်တော်ကို ဖျက်ဆီး၊ ငါ့ဥစ္စာ ပစ္စည်း အားလုံးကို မီးရှို့ပြီးတော့ ငါ့ကို အံ့သြစရာ လက်ဆောင် ပေးတယ်လို့ ခွေးမက ပြောရဲတယ်ပေါ့။ အရှက်မဲ့ လွန်းတယ်။
“ထင်တဲ့ အတိုင်းပါပဲ”
ကျုံးလင်းအာလည်း ဒေါသစိတ်ကို မျိုသိပ်နေရတဲ့ အမတ်ချုပ်ကို ဖျတ်ခနဲ ကြည့်ပြီး ပြောလိုက်တယ်။
“ဒီကို လာခဲ့ရတာက ငါ့သခင် သံလက်အိတ် ပို့ခိုင်းလိုက်လို့ပါ”
မုချင်ချောင်လည်း သူ့နှလုံးသားထဲမှ ဒေါသစိတ်ကို ဖိနှိပ်ဖို့ ကြိုးစားရင်း အိုမင်းရင့်ရော် နေသာ သူ့မျက်နှာက ဒေါသစိတ်ကြောင့် ခရမ်းရောင် သန်းနေတယ်။ သူ့ရဲ့ စူးရှသော မျက်ဝန်းများက မီးတောက်များဖြင့် လောင်ကျွမ်းနေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို ချက်ချင်းပဲ သေတဲ့အထိ မီးရှို့တော့မည့်ပုံစံပေ။
“သံလက်အိတ် ဘယ်မှာလဲ”
မုဝူစွမ်းလည်း အပြင်ဘက်သို့ ခြေလှမ်း လှမ်းလိုက်ချိန်မှာ သူမရဲ့ လှပသော မျက်ဝန်းများဖြင့် ကျုံးလင်းအာကို အေးတိအေးစက်  ဖျတ်ခနဲ ကြည့်ပြီး ပြောလိုက်တယ်။
“ငါက ဒီသံလက်အိတ်ကို ယူလိုက်မယ်”
ကျုံးလင်းအာက သံလက်အိတ်ကို မုဝူစွမ်းဆီ ပစ်ပေးလိုက်တယ်။ တောက်ပတဲ့ မျက်ဝန်းတစ်စုံက လခြမ်းပုံစံ ကွေးသွားခဲ့တယ်။
“ငါ့တာဝန် ပြီးမြောက်ပြီ။ ငါပြန်ဖို့ အချိန်တန်ပြီ။ ညစာ စားပွဲကို ငါ့ကို ဖိတ်ဖို့ မမေ့နဲ့”
နင့်ကို ညစာ စားပွဲ ဖိတ်ရမယ်တဲ့လား။
စိတ်တိုလိုက်တာ…။
ထွက်ခွာသွားတဲ့ ကျုံးလင်းအာကို ကြည့်ရင်း မုချင်ချောင်လည်း သူ့ဒေါသကို ဆက်ပြီးတော့ မထိန်းချုပ် နိုင်တော့ပေ။ သူ့အိမ်တော်ကို ဖျက်ဆီးသွားတဲ့ လူတစ်ယောက်ကို ညစာ စားပွဲ ဖိတ်မယ်လို့ တွေးနေတယ်ပေါ့။ သူမကို ဒီနေရာမှာ သတ်လိုက်လည်း သူ့သခင်က ပေါ်လာမှာ မဟုတ်ဘူး။
ဒါကြောင့်လည်း သူ့စိတ်ထဲက ဒေါသကို ဖိနှိပ်ရင်း မုဝူစွမ်း လက်ထဲမှ သံလက်အိတ်ကို ယူလိုက်တယ်။ ဖွင့်ကြည့်လိုက်ချိန်မှာ သူ့မျက်နှာက ခက်ထန် မာကျောသွားတယ်။
“မုမိသားစုက နှစ်ရက်အတွင်း ပျောက်ကွယ် သွားလိမ့်မယ်”
 
***

အပိုင်း(၂၆၅)

စစ်တပ်နှစ်ခု ပေါ်ထွက်လာခြင်း(၃)

 
လက်မှတ် မပါဘဲ သံလက်အိတ်မှာ ရိုးရှင်းတဲ့ စာကြောင်းလေး တစ်ကြောင်းသာ ပါရှိတယ်။
မာနဝင့်ကြွားခြင်း ၊ လွှမ်းမိုး ချုပ်ကိုင်ခြင်းနှင့် ယုံကြည်ချက်ရှိခြင်း …။
မုမိသားစုက နှစ်ရက်အတွင်း ပျောက်ကွယ် မည်တဲ့လား။
သံလက်အိတ်ကို အစိတ်စိတ်မြွှာမြွှာ ဖြစ်အောင် ဆုတ်ဖြဲရင်း မုချင်ချောင် တစ်ယောက် ရူးတော့မည့် အတိုင်းပါပဲ။ သူ့မျက်နှာမှာ ဒေါသစိတ်ကြောင့် ခရမ်းရောင် ဖြစ်နေလေရဲ့။
“ကောင်းပြီလေ။ ငါတို့တွေက နင့်ကို စောင့်နေရသေးတာပေါ့။ နင်က ဘယ်သူပဲ ဖြစ်နေပါစေ။ မုမိသားစုကို ရန်စရဲတယ် ဆိုကတည်းက တန်ဖိုး ကြီးကြီးမားမား ပြန်လည် ပေးဆပ်စေရမယ်”
မုချင်ချောင်နဲ့ ခြားနားစွာ သူ့မင်္ဂလာဆောင်ကို နှောင့်ယှက်ခံရတဲ့ ကွမ်လန်မှာတော့ တိတ်ဆိတ် နေလေရဲ့။ သူ့မျက်လုံးများက ထွက်ခွာသွားတဲ့ ကျုံးလင်းအာရဲ့ အရိပ်ကိုသာ ကြည့်နေတယ်။ စူးရှတဲ့ မျက်ဝန်းတစ်စုံက သံသယများ ပြည့်နှက်နေတယ်။ အခု တွေ့လိုက်တဲ့ ကောင်မလေးကို သူ… တစ်နေရာရာမှာ တွေ့ဖူးလိုက်သလိုပဲ။
ကျုံးလင်းအာက ဘယ်သူလဲဆိုတာ စဉ်းစား မရတာကြောင့် ကွမ်လန်လည်း ဆက်ပြီးတော့ မစဉ်းစားတော့ပေ။ ရင်း သူ့ခေါင်းကို ခါယမ်းကာ တိတ်ဆိတ်စွာ သက်ပြင်းရှိုက် လိုက်တယ်။
ကျုံးလင်းအာ ဆိုတာက သူ … ထိုနေ့က ယွမ်မိသားစု အတွက် ရွေးပေးလိုက်တဲ့ လူများထဲက တစ်ယောက်ဆိုတာ မျှော်လင့်ထားမှာ မဟုတ်ပေ။ တစ်ယောက်ချင်းကို သေချာ စစ်ဆေးပြီးတော့ အသုံးမဝင်တာ သေချာမှ ယွမ်လော့ကို ပေးခဲ့တာလေ။ ဒါကြောင့်လည်း သံမဏိတပ်နဲ့ မီးတောက်အဖွဲ့က သူ ရွေးချယ်ပေးလိုက်တဲ့ လူတွေ ဆိုတာ နောက်ဆုံးမှာ သိသွားခဲ့ရင်တော့ နောင်တရလွန်းလို့ သွေးအန်မှာ သေချာတယ်။
 

***
 


ယွမ်စစ်သူကြီး အိမ်တော်၏ အနောက်ဘက် ခြံဝင်းအတွင်းမှာ ယွမ်ရှောင်ရှောင် ပေါင်ပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေတဲ့ ကောင်မလေး တစ်ယောက်ကို မြင်နိုင်တယ်။ ကျုံးလင်းအာလည်း ခဏ တွေးတော လိုက်တယ်။ သို့သော်လည်း ခဏလောက် တွေးတောပြီး နောက်လည်း သူတို့ကို နှောင့်ယှက်ဖို့ စွန့်စားဆဲပါ။ သူတို့အနားသို့ လျှောက်လှမ်း သွားတယ်။
“သခင်… ကျွန်မ… မုချင်ချောင်ဆီ သံလက်အိတ် ပို့ပြီးပါပြီ”
“အဟင်”
ဒီအသံက နှာသံလေးပါ။ ဒီအသံက တိတ်တဆိတ် ပျံ့လွင့်လာတယ်။
“နှစ်ရက်က ရဲ့လင်း ပြန်လာဖို့အတွက် လုံလောက်တယ်”
ယွမ်လော့ဖုန်းလည်း ကိုရေခဲတုံးရဲ့ ပေါင်ပေါ်က ဖြည်းဖြည်းလေး ထလိုက်ပြီး သူမရဲ့ လှပတဲ့ မျက်ဝန်းနက်များက ကျုံးလင်းအာရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ရှင်… ကျွန်မရဲ့ လက်အောက်ငယ်သား အဖြစ် လက်ခံခဲ့တဲ့ အချိန်တည်းက ပြောခဲ့ပါတယ်။ ကျွန်မရဲ့ ငယ်သား ဖြစ်ရင် ရှင့်နာမည်ကို ကုန်းမြေတစ်ခုလုံးက လူတိုင်း သိပြီးတော့ နာမည်ကြားတာနဲ့ ကြောက်လန့် စေရမယ်လို့။ မကြာခင် အောင်မြင်မှု လမ်းကြောင်းမှာ ခြေလှမ်း စလှမ်းတော့မယ်။ ရှင် အောင်မြင်သွားခဲ့ရင် တခြားလူရဲ့ သနားညှာတာမှုကို လိုအပ်နေတဲ့ အမှိုက် မဟုတ်တော့”
မိန်းကလေးရဲ့ စကားလုံးတိုင်းက အားအင်ဖြစ်စေပြီး ကျုံးလင်းအာကို စိတ်လှုပ်ရှား စေတယ်။
“သခင်… ကျွန်မက သခင်ကို စိတ်မပျက် စေရပါဘူး”
ယွမ်လော့ဖုန်းလည်း အားပေး တိုက်တွန်းစွာ ပြုံးလိုက်တယ်။
“မင်း အခု ထွက်သွားနိုင်ပြီ။ ကိုယ့်ဘာသာ အကောင်းဆုံး ပြင်ဆင်ထားတော့ နှစ်ရက်ကြာတာနဲ့ ပြင်းထန်တဲ့ တိုက်ပွဲ စတင်တော့မယ်”
“ဟုတ်ကဲ့ပါ သခင်”
ကျုံးလင်းအာလည်း ရိုသေစွာ ဦးညွှတ် ဂါရဝပြုပြီးတော့ ထွက်ခွာ သွားတယ်။
ဘေးနားမှာ တိတ်ဆိတ်စွာ စောင့်နေတဲ့ ချင်ယန်က ထွက်ခွာသွားတဲ့ ကျုံးလင်းအာရဲ့ ပုံရိပ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း တွေးတော ချိန်ဆကာ မေးလိုက်တယ်။
“သခင်မလေး… မုဝူစွမ်းက နတ်ဆေးသမားတော် နောက်ခံရှိတဲ့ ထျန်းမိသားစုနဲ့ ဆက်စပ်မှု ရှိတယ်လို့ မင်းသား၄ ပြောခဲ့တယ်လေ။ အခုချိန်မှာ မုဝူစွမ်းနဲ့ ရင်ဆိုင်တာ မစောလွန်းဘူးလား”
“စောလွန်းတယ်တဲ့လား”
ချင်ယန် ပြောလို့ မပြီးခင်မှာပဲ မိန်းကလေးရဲ့ အကြံဉာဏ်ကြီးသော အသံက ကြားဝင် နှောင့်ယှက်သွားတယ်။
“အစက မုဝူစွမ်းရဲ့ ဇာစ်မြစ်ကို မသိခဲ့ဘူး။ ဒါကြောင့်လည်း မိုက်မိုက်ကန်းကန်း မပြုလုပ်ခဲ့တာပေါ့”
သူမလည်း မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သိမ်မွေ့သော အလင်းတန်းက သူမမျက်ဝန်းမှာ ဝင်းလက်နေတယ်။
“ဒါပေမဲ့ အခုတော့ ရုပ်လုံး ပေါ်ခဲ့ပြီဆိုတော့ ငါ ဘာကိုမှ စိုးရိမ်နေစရာ မလိုအပ်တော့ဘူး”
“သခင်မလေး… ချင်ယန် … နားမလည် ဖြစ်နေတုန်းပဲ”
ချင်ယန်လည်း ယွမ်လော့ဖုန်းကို သံသယဖြင့် ကြည့်လိုက်ပြီး ထပ်မေးလိုက်တယ်။ 
ယွမ်လော့ဖုန်းလည်း သူမမျက်လုံးများကို အောက်သို့ စိုက်ကြည့်လိုက်ပြီး သူမနှုတ်ခမ်းပေါ်က အပြုံးကို ဖြန့်ကြက်လိုက်တယ်။
“ချင်ယန်…. ထျန်းရာက သူ့မိသားစုကို တကယ် ဂရုစိုက်တယ်ဆိုရင် လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက ထျန်းမိသားစုရှိရာဆီ ဘာကြောင့် ပြန်မလာခဲ့တာလဲ။ ဒါက ထျန်းမိသားစုက သူအတွက် ဘာမှ မဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ပြီးတော့ ထျန်းရာမရှိတော့ ထျန်းမိသားစုက ပြဿနာ မဟုတ်ဘူး”
 

***

Bạn đang đọc truyện trên: Truyen247.Pro