
Ep81+82+83
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်၅
81+82+83
အပိုင်း(၈၁)
ကျင်းလင်း
ထိုအမျိုးသာက စကားတစ်ခွန်းမှ မဆိုပဲ တိတ်ဆိတ်စွာ လျှပ်တဖျတ်အတွင်း ကျင်းလင်း အနားကို ချဉ်းကပ်လာတယ်။ ထိုလူရဲ့ ကြီးမားတဲ့ လက်တစ်စုံက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အဘိုးအိုကျင်းလင်းရဲ့ လည်းပင်ကို ဆွဲကိုင်လိုက်တယ်။ လည်းပင်က ဆွဲကိုင်ပြီးတော့ ဒေါသတကြီး ဘေးဘက်ကို တွန်းထုတ်လိုက်တယ်။
ဘန်း
အဘိုးအိုကျင်းလင်းရဲ့ခန္ဓာကိုယ်က တံခါးကို ပြေးဆောင့်သွားတယ်။ကျင်းလင်းမှာ အကြောက်လွန်ပြီးချွေးစေးပြန်လာတယ်။ လည်းပင်မှာ ချွေးများရွဲစို လုနီးပါး ကြောက်လန့်နေတယ်။ ကျင်းလင်းခံတွင်းမှာ သွေးစိမ်းများ အန်ထွက်လာတယ်။ ကျင်းလင်းမျက်နှာက ဒေါသထွက်လွန်းလို့ ညိုမည်းပုတ်နေတယ်။
"အမှိုက်မယွမ်လော့ဖုန်း!" ရိုင်းစိုင်းကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီးတော့ ကောက်ကျစ်စဉ်းလဲသောမျက်ဝန်းတစ်စုံနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
ထိုအချိန်မှာ လူတစ်ယောက်ရဲ့ ကျယ်လောင်တဲ့အော်သံက ပတ်ဝန်းကျင်အခြေနေကို ဖြိုခွင်းသွားတယ်။
"ငါတို့ရဲ့ ရုန်အကြီးကဲက ဒီနေ့ ဘယ်ဧသည်ကိုမှ လက်မခံနိုင်ပါဘူးတဲ့...."
လင်းရှောင်လူအားလုံးကိုထွက်ခွာသွားအောင် ပြောသင့်တာကိုပြောနေစဲမှာရုတ်တရက် လူအများကြားမှာ ရပ်နေတဲ့ ယွမ်လော့ဖုန်းကို လှမ်းမြင်လိုက်တယ်။ သူ အံသြမိသွားတယ်။
ကျင်းလင်းလည်း မြေပြင်ပေါ်က အသည်းသန် ဒယိမ်းဒယိုင်ထလိုက်ပြီးတော့ ဒဏ်ရာရနေတဲ့ သူ့ရင်ဘတ်ကို ကြင်နာစွာ ပွတ်သပ်လိုက်တယ်။ သူ့ပုံစံက မြင်မကောင်းရှုမကောင်းလောက်အောင် ရုပ်ဆိုးလွန်းနေတယ်။
"ဆိုင်ပိုင်ရှင်လင်း.... ဆေးစံအိမ်ကို တစ်စုံတစ်ယောက်က ပြသနာလာရှာနေတယ်။ မင်းတို့တွေ ဒီအတိုင်း လစ်လျူရှုနေတော့မှာလား။"
လင်းရှောင်လည်း မျက်ခုံးတွန့်လိုက်ပြီးတော့ လက်ပိုက်ကြည့်နေတဲ့ ယွမ်လော့ဖုန်းကို လှမ်းကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းမျက်နှာကို ကြည့်လိုက်ရင် နားလည်ရခက်ခဲပြီးတော့ အကြံကြီးတဲ့ အပြုံးမျက်ဝန်းနဲ့ သူကို စိုက်ကြည့်နေတယ်။
လင်းရှောင် နားလည်နေတာတော့ ရုန်အကြီးကဲက ယွမ်လော့ဖုန်းဘက်က သိသိသာသာကိုရပ်တည်နေတာ။ သူတို့တွေတော်ဝင်မျိုးနွယ်နဲ့ ရန်ဘက်ဖြစ်ပြီး ဝယ်သူ ဆုံးရှုံးရမယ်ဆိုရင်လည်း ယွမ်လော့ဖုန်း ဘေးကင်းဖို့ သူတို့ကာကွယ်ဖို့လိုအပ်တယ်။
သို့သော်လည်းမိန်းကလေးယွမ် သဘောထားကိုလည်း ခန့်မှန်းလို့မရဘူး။ သူမရဲ့ ထူးချွန်ထက်မြတ်လွန်းတဲ့ ဆေးပညာကို မသိစေချင်ရင်တော့ သူတို့ ဖုံးကွယ်ပေးထားရမှာပဲ။
ယွမ်လော့ဖုန်းကို ဒေါသဖြစ်အောင်ပြုမူမိမှာလည်း သူကြောက်နေမိတယ်။ကံဆိုးရှာတာတော့ မနေ့ညတည်းက ယွမ်လော့ဖုန်းက သူမဆေးပညာအရည်ချင်းကို ထုတ်ဖော်ပြသခဲ့တာကိုတော့ လင်းရှောင် မသိရှာဘူး။
"ကျွန်တော်တို့ဆေးစံအိမ်တော်ကထိုကိစ္စကို ကိုယ့်ဘာသာဖြေရှင်းပါမယ်။ တခြားလူရဲ့ အကူညီလည်း မလိုအပ်ပါဘူး ။ အကြံဉာဏ်ပေးစရာလည်း မလိုအပ်ပါဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပါမယ်။"
လင်းရှောင် စိတ်ပျက်စွာ မျက်မှောင်ကြုတ်လိုက်တယ်။ သူ အခုချိန်မှာဖြစ်စေချင်တာကကျင်းလင်း မြန်မြန်ထွက်သွားဖို့ပဲ။တခြားအကြောင်းရာတွေကို သူဖြေရှင်းနိုင်တယ်။
"ဟုတ်ပါတယ်လေ ငါက ဆေးစံအိမ်ရဲ့အရည်ချင်းကို ယုံကြည်ပါတယ်။"
ထိုစကားကိုကြားတော့ ကျင်းလင်းကျေနပ်ပီတီဖြစ်နေပြီး မျက်နှာပေါ်မှာနာကျင်မှု ကင်းဝေးနေသကဲ့သို့ပဲ။ ဆေးစံအိမ်တော်က သူအတွက် တရားမျှတမှာကို ပေးနိုင်မယ်ထင်နေတာပေါ့။
"ဒါပေမယ့် ဒီအမှိုက်မယွမ်လော့ဖုန်းက ကိုယ့်ဘာသာ အထင်ကြီးလွန်းပြီး မောက်မာလွန်းတယ်။ ကောက်ကျစ်စဉ်းလဲလွန်းတဲ့ မြေခွေးမ တစ်ယောက်၊ မင်းတို့ဆေးစံအိမ်ကို မြေခွေးမက လှည့်စားနေမယ်နော်။မနေ့က နေမကောင်းဖြစ်တာ ဟန်ဆောင်ဖို့ အဘိုးအိုတစ်ယောက်ကို ငှားခဲ့တယ်။ အဘိုးအိုကို ကယ်ချင်ယောင်ဆောင်တယ်။ သူဆေးပညာထူးချွန်တယ်လို့ လူအများကို သိစေချင်လို့ အကြံဖန်လုပ်တာလေ။ တကယ်တမ်း မြေခွေးမက အရင်တိုင်း အသုံးမဝင်တဲ့ အမှိုက်သာသာ မိန်းမတစ်ယောက်ပါပဲ။"
ယွမ်လော့ဖုန်းလည်း မဲ့ပြုံးပြုံးလိုက်တယ်။ ကျင်းလင်းက သူကိုယ်သူ ဟန်ကိုယ့်ဖို့ နေမကောင်းတဲ့အဘိုးအိုကို လူလိမ်ဆိုပဲ။ သူမက တကယ်ပဲ မကုသပေးနိုင်ဘူးဆိုပြီး အယုံလာသွင်းနေတာပဲ။
"လင်းရှောင်"
လင်းရှောင်နောက်ဘက်မှ အဘိုးအိုတစ်ယောက်အသံကို ကြားလိုက်ရတယ်။
ဆေးစံအိမ်တော်ရဲ့ အတွင်းအခန်း လိုက်ကာကိုဖွင့်လိုက်တယ်။ အထဲမှ အဘိုးအိုနှစ်ယောက် ထွက်လာတယ်။
အဘိုးအိုတစ်ယောက်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ထိုအဘိုးအိုပုံစံက ထာဝရအသက်ရှင်သူနဲ့တူပြီး ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ပုံရတယ်။ နောက်ထပ်အဘိုးအိုတစ်ယောက်က နေမကောင်းပုံရတယ်။ သူ့ဘေးနားမှာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရပ်နေတယ်။
"ရုန်အကြီးကဲ ၊ 'နင်' အကြီးကဲ"
လင်းရှောင် နောက်ဘက်လှည့်ပြီးတော့ အကြီးကဲနှစ်ယောက်ကို ရိုသေစွာ ဂါရဝပြုလိုက်တယ်။
"ဘယ်သူက ဆေးစံအိမ်မှာ လာပြသနာရှာရဲတာလဲ ။ မြန်မြန်မောင်းထုတ်လိုက်စမ်း။ မမြင်ချင်ဘူး။"
ရုန်အကြီးကဲ ဒေါသအရမ်းထွက်နေတယ်။ ဆေးစံအိမ်တော်တစ်ခုလုံးကို လှည့်လည်ကြည့်လိုက်ချိန်မှာ နောက်ဆုံး ကျင်းလင်းကို သတိထားမိသွားတယ်။
ကျင်းလင်းက ရုန်အကြီးကဲက သူကိုရည်ညွှန်းပြောနေတယ်ဆိုတာ မသိရှာဘူး။ ယွမ်လော့ဖုန်းကိုပြောနေတယ်ပဲထင်နေခဲ့တာ။
ကျင်းလင်း မျက်ဝန်းမှာ ဝမ်းသာရိပ်သမ်းနေပြီး ယွမ်လော်ဖုန်းကိုအော်လိုက်တယ်။
"အမှိုက်မယွမ်လော့ဖုန်း ရုန်အကြီးကဲက နင်ကိုပြောနေတာ မကြားဘူးလား။ မြန်မြန်ထွက်သွားစမ်း။ နင်လို မာနထောင်လွှားနေတဲ့ အမှိုက်မ ၊ မြေခွေးမကို ဆေးစံအိမ်က အလိုမရှိဘူး။ ဝေးဝေးကို ထွက်သွားစမ်း။"
Chapter-81
End
အပိုင်း(၈၂)
ဖွတ်ဖွတ်ကျေသော ကျင်းလင်း(၂)
ယွမ်လော့ဖုန်း လက်ပိုက်ပြီး စောင့်ကြည့်နေလိုက်တယ်။သူမ ခန္ဓာကိုယ်က ယွမ်ရှောင်ကို မှီတွဲထားလိုက်တယ်။ ကျင်းလင်းကို မျက်စောင်းထိုးပြီးတော့ ကြည့်လိုက်တယ်။ကျင်းလင်းပုံစံက ဒေါသအရမ်းထွက်နေသလိုပဲ။
"ထွက်သွားသင့်တဲ့လူက ရှင်။ ရှင်ကို ပြောနေတာ။ နားမလည်ဘူးလား။"
"ဟမ်.....ဘာပြောလိုက်တာလဲ ပြန်ပြောပါလား နားကြားမှားသလား။" ကျင်းလင်း နားမလည်နိုင်စွာပြန်မေးနေမိတယ်။ သူ့မျက်ဝန်းမှာ
လှောင်ပြောင်ရိပ်သမ်းနေတယ်။
"ငါက တော်ဝင်မျိုးနွယ်ရဲ့သမားတော်တစ်ယောက်၊ ဟား...နင်က လူတစ်ကာ စက်ဆုပ်ရွွံရှာတဲ့ အမှိုက်မ ၊ မြေခွေးမလေ ၊ ရီစရာကောင်းလိုက်တာ၊ ရုန်အကြီးကဲ ထွက်သွားခိုင်းတဲ့လူက နင်ဆိုတာ အားလုံးက သိနေတာပဲ။ နင် အခုချိန်ထိ အရှက်မရှိ ဒီနေရာမှာ ရပ်နေတုန်းပဲလား။ နင်က နင့်အဘိုးအတိုင်းပဲ အရှက်မဲ့လိုက်တာ။ ထင်ရတာတော့ နင်တို့ တစ်မျိုးလုံးက အရှက်မရှိတာ ထင်ပါရဲ့။ ငါတို့ တော်ဝင်သမားတော်တွေက နင်တို့အိမ်တော်က ယွမ်ချင်ရာကို လက်ဖျားလေးနဲ့တောင် ထိပြီး မကုသပေးနိုင်ဘူးလို့ အဘိုးကြီးယွမ်လော့ကို ပြောခဲ့ပြီးသာကို နင့်အဘိုးက အရှက်မရှိ မြေကြီးပေါ်မှာ ဒူးထောက်တောင်းပန်နေခဲ့တာ။ ငါကို ဝပ်တွားခယနေတာလေ။ ငါကလည်း စိတ်ကူးထဲကို မထည့်ဘူး။ နင်တို့လို အဆင့်နိမ့်တွေကို ကူညီစရာလား။ငါက မြင့်မြတ်တဲ့ တော်ဝင်သမားတော်တစ်ယောက် ၊ ဒူးထောက်ရုံနဲ့ ကူညီမယ်ထင်နေတာလား။ လုံးဝကို လှည့်မကြည့်ချင်တာ။ နင်တို့လို အဆင့်နိမ့်တွေကို ကူညီရင် ငါ့လက် ညစ်ပတ်သွားမှာပေါ့။ နင့်အဘိုး ငါ့ရှေ့မှာသတ်သေပြီး အကူညီတောင်းရင်တောင် ငါက ကူညီခဲ့မှာ မဟုတ်ဘူး။"
အစက ယွမ်လော့ဖုန်း စိတ်တည်ငြိမ်နေတာပါ။ ထိုစကားကို ကြားပြီးနောက်မှာ သူမ အရမ်းဒေါသထွက်လွန်းလို့ နှလုံးခုန် အရမ်းမြန်လာတယ်။
ထိုအချိန်ကာလက အဘိုးရဲ့မာနတွေ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်ပြီး ဒူးထောက်တောင်းပန်ခဲ့တဲ့ သနားစရာမြင်ကွင်းကိုစဉ်းစားလိုက်တိုင်း သူမနှလုံး ကွဲကြေမတတ်နာကျင်ခံစားရတယ်။ ကျင်းလင်းကိုလည်း ဒေါသအရမ်းထွက်လာတယ်။ အမှုန့်ချေလိုက်ချင်တဲ့အထိပဲ။ အဘိုး ဒူးထောက်တောင်းပန်တာတောင် အကူညီမပေးခဲ့ကြဘူး။ ရက်စက်လိုက်ကြတာ။ လူစိတ်မရှိကြဘူး။ နောက်ဆုံးတော့ အဘိုး အရှက်ကွဲရပြီး သိမ်ငယ်မှုကို ခံစားခဲ့ရတယ်။
ချမ်းအေးလွန်းတဲ့ ဆောင်းလေအေးကြားမှာ ဆံပင်ဖြူဖွေးပြီး အိုမင်းနေတဲ့ အဘိုးအိုတစ်ယောက်က သူ့သားလေး အသက်ကိုကယ်တင်ပေးဖို့ ဒူးထောက်တောင်းပန်နေရတဲ့မြင်ကွင်ကို တွေးကြည့်လိုက်တိုင်း ရင်ဘတ်ထဲက နာကျင်ရတယ်။ကူရာကယ်ရာမဲ့နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ လစ်လျူရှုထားတဲ့ လူတစ်စုနဲ့ ပျက်ရယ်ပြုလှောင်ပြောင်နေတဲ့ လူတစ်စု ဘေးနားမှာရပ်ပြီး ဘာအကူညီမှ မပေးကြဘူး။
အလွန်ပူဆွေး ဝမ်းနည်း ဆွေးမြေ့ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ ။
အရှက်ကွဲ သိမ်ငယ်မှုကို ခံစားရတာထက် သူ့သားလေး ရောဂါကိုစိုးရိမ်ရလို့ ပိုပြီးတော့ ပူဆွေးသောက ရောက်ရတယ်။ ကံကောင်းလို့ ဒုတိယဦးလေး မသေတာ ။မဟုတ်ရင် အဘိုးက သားနောက်ထပ်တစ်ယောက် မျက်စီရှေ့မှာ သေဆုံးရတာကို ထပ်တွေ့ရတော့မှာ ကျင်းလင်းစကားသံကိုကြားပြီးနောက် ဆေးစံအိမ်တော်က လူတွေ အားလုံး တိတ်ဆိတ်နေတယ်။
ပတ်ဝန်းကျင်က တိတ်ဆိတ်အေးချမ်းနေပြီး ကြောက်လန့်မှုကို ခံစားရစေတယ်။
"ယွမ်ရှောင်....".
ယွမ်လော့ဖုန်းအသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ထိုးဖောက် ထွက်လာတယ်။
"ကျွန်မ ရှင်ကိုပြောဖူးပါတယ်။ ကိုယ့်ရန်ကြွေးကို ကိုယ်ဘာသာဖြေရှင်းတာ ပိုကောင်းပါတယ်လို့။ ကိုယ့်ဘာသာလက်စားချေတာက ပိုပြီးတော့ ပျော်ရွှင်စေတယ်။".
ဘယ်သူမှ သတိမထားမိသော်လည်း ယွမ်လော့ဖုန်း သိနေခဲ့တယ်။ ယွမ်ရှောင် လူသတ်ချင်စိတ်တွေ ဖြစ်နေတယ်ဆိုတာ သူမ သတိထားမိတယ်။သူမကိုယ်စား လက်စားချေချင်နေတယ်ဆိုတာပေါ့။ သူမစကားကြောင့်သာ မဟုတ်ရင် ကျင်းလင်း ခေါင်းပြတ်သွားတာကြာလောက်ပြီးပေါ့။ သူ့ဦးခေါင်းနဲ့ ခန္ဓာကိုယ် တစ်ခဏချင်း ကွဲကွာသွားတာ ကြာပေါ့။
ဒီလိုအဆုံးသတ်က သူမ လိုအပ်တာ မဟုတ်ဘူး။
ဒီလို မဖြစ်စေရဘူး။
သူမ ဖြစ်စေချင်တဲ့ အဆုံးသတ်ရလဒ် မဟုတ်ဘူး။
ကျင်းလင်းက သူ့ဆေးပညာအရည်ချင်းနဲ့ ပတ်သက်ပြီးတော့ ဂုဏ်မောက်နေတာဆိုတော့ သူ့ဆေးပညာကို သုံးစား မရအောင်လုပ်မှ ၊ သူထက် သာလွန်နေရင် သူကို သေတာထက်ပိုဆိုးတဲ့ ဘဝကို ရောက်စေတာ။
"ကျင်းလင်း...ရှင် လူတစ်ယောက်သေတာကို ရပ်ကြည့်နေခဲ့တာက မမှားပါဘူး။ ဒါပေမယ့် အမှားကျူးလွန်နေတဲ့ မုမိသားစုကို ကူညီနေတာကိုတော့ ခွင့်မလွှတ်နိုင်ဘူး။ လူတစ်ယောက်ကို မကယ်တင်ပဲ သေဆုံးသွားအောင် မကုသပေးနိုင်တာ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် မုမိသားစုနဲ့ ပူးပေါင်းတာကိုတော့ ခွင့်မလွှတ်နိုင်ဘူး။”
ယွမ်လော့ဖုန်းလည် မာယာများတဲ့ မျက်ဝန်းတစ်စုံနဲ့ ကျင်းလင်းကို ကြညိ့လိုက်ပြီး အနားကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်။
ကျင်းလင်း ပျက်ရယ်ပြုစွာ ခေါင်းကိုမော့လိုက်ပြီးတော့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ မိန်းကလေးရဲ့ အမည်းရောင်မျက်ဝန်းကို ကြည့်လိုက်ချိန်မှာ သူ့စိတ်ထဲ မိုးခြိမ်းသံကို ကြားလိုက်ရသလိုပဲ တုန်လှုပ်သွားတယ်။ စိတ်စွမ်းအားတွေ သူဆီရောက်ရှိလာပြီးတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာတယ်။ လှုပ်လို့ မရတော့သလို ခံစားရတယ်။
"ဖြောင်း"
ပြင်းထန်တဲ့ ရိုက်ချက်က ကျင်းလင်းပါးပေါ် ကျရောက်လာတယ်။ မာယာများပြီး မောက်မာတဲ့အသံက သူ့နားထဲရောက်လာတယ်။
"ဒီရိုက်ချက်က နင်က မုမိသားစုဘက် ရပ်တည်ပြီးတော့ ငါ့မိဘတွေ ဒုက္ခရောက်စေခဲ့တယ်အတွက် ရိုက်တာ။ ငါ့မိဘတွေ သေဆုံးခဲ့ရတဲ့အတွက်...😢😢 "
"ဖြောင်း"
နောက်တစ်ချက် ထပ်ရိုက်လိုက်တယ်။
ကျင်းလင်းစိတ် ဇဝေဇဝါးဖြစ်နေမိတယ် ။ ပြန်လည် တုံပြန်လို့မရဘူးဖြစ်နေတယ်။ ရုန်းလို့လည်း မရ။ လှုပ်လို့လည်းမရ ဖြစ်နေတယ်။
"ဒီတစ်ခေါက် ပါးရိုက်တာက အဘိုးကိုယ်စား ရိုက်ပေးတာ။ လူတစ်ယောက် သေဆုံးရတာကို သက်သေအဖြစ်နေပေးနိုင်တယ်။အသက်ကယ်တင်ပြီး ကူညီပေးနိုင်တာကို ဘာမှ မလုပ်ပေးခဲ့ဘူး။ ဒါပေမယ့် နင်မှာ ငါ့အဘိုးကို အရှက်ခွဲဖို့ အခွင့်ရေးမရှိဘူး။ ကိုယ့်အဆင့်တန်းကိုယ် သိလိုက်။ သားတစ်ယောက်သေဆုံးမှာ စိုးရိမ်နေတဲ့ အဘိုးအိုတစ်ယောက်ကို ဒီလို မဆက်ဆံသင့်ဘူး။"
"ဖြောင်း"
ပြင်းထန်တဲ့ရိုက်ချက်က သူ့ပါးပေါ်နောက်တစ်ကြိမ် ရောက်ရှိလာတယ်။ ကျင်းလင်းလည်း သူ့မျက်လုံးမှာ ကြယ်တွေမြင်လာပြီး မူးဝေလာပြီး ဖြစ်တယ်။
"နင်က ပြစ်မှုတွေ ကျူးလွန်ထားပြီး ရှောင်လွဲလို့မရဘူး။ ဒါကြောင့် နင်ကို နောက်ထပ် ပါးရိုက်ချက်လေးတွေ ပိုပြီးတော့ ဆုချလိုက်မယ်။ လက်ဆောင် ဆုလာဘ်အနေနဲ့ ယူလိုက်ပါ။"
မဟုတ်သေးပါဘူး။
လူတိုင်းမျက်လုံးထဲမှာ မြင်နေရတာတော့ ကျင်းလင်းက ရှက်လို့ မရှောင်တိမ်းတာပေါ့။ သို့သော်လည်း တကယ်တမ်း ကျင်းလင်းကို စိတ်စွမ်းအားနဲ့ ချုပ်ထားတာတော့ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး...။
Chapter-82
End
အပိုင်း(၈၃)
ရုန်အကြီးကဲ ဒေါသထွက်ခြင်း(၁)
ကျင်းလင်း ခက်ခက်ခဲခဲနဲ့ အသိပြန်ဝင်လာတယ်။ ပွဲကြည့် ပရိသတ် လူအများကြားမှာ ယွမ်လော့ဖုန်းက သူကို အကြိမ်ပေါင်းများစွာ ပါးရိုက်ခဲ့တယ်ဆိုတာ နားလည်သွားတယ်။ သူလည်း ဒေါသတွေ အရမ်းထွက်လာတယ်။
"ယွမ်လော့ဖုန်း... ဆေးစံအိမ်တော်နားမှာ နင်ငါကို ရိုင်းပျရဲတယ်ပေါ့။ နင်အခုချက်ချင်း ငါကို ခယပြီးတော့ နင်အမှားကို ဝန်ခံစမ်း။ မဟုတ်ရင်တော့ ဒီနေ့ နင်အပြုမူကို ခွင့်မပြုနိုင်ဘူး။"
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင် ကမ်းပေးလိုက်တဲ့ လက်ကိုင်ပဝါကိုယူပြီးတော့ လက်သုတ်လိုက်တယ်။သူမ ကျင်းလင်းကိုရိုက်လိုက်တဲ့ လက်ကို ဂရုတစိုက် သုတ်လိုက်တယ်။ သူမလက်ပေါ်မှာ ကျင်းလင်းမျက်နှာက မကောင်းတဲ့ပိုးမွှားတွေ ကပ်ပါလာမှာကို ရွံမိတယ်။
"ယွမ်လော့...."
ကျင်းလင်းလည်း ဒေါသတကြီး လက်သီး ကျစ်ကျစ်ဆုပ်ထားလိုက်တယ်။ သို့သော်လည်း သူ ယွမ်လော့ဖုန်းကို အော်ဟစ်မကြိမ်မောင်းခင်မှာ ဘေးဘက်မှ ရုန်အကြီးကဲရဲ့ စိတ်မရှည်တဲ့ အသံကို ကြားလိုက်ရတယ်။
"မင်း ဒီနေရာမှာ ဘာဆက်လုပ်နေသေးတာလဲ။ မင်းက ငါ့ဆေးစံအိမ်တော်မှာ ပြသနာရှာရဲတယ်ပေါ့။ ဘာလို့ ချက်ချင်း ထွက်မသွားသေးတာလဲ။"
ကျင်းလင်း ပြောဖို့ ကြံရွယ်နေတဲ့ စကားကို မြိုသိပ်လိုက်တယ်။ မောက်မာထောင်လွှားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်မှုရှိပြီး လှပတဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ သူ ကျေနပ်ပီတီဖြစ်စွာ လှောင်ပြောင် သရော်လိုက်တယ်။
"အခုတော့ ငါ ရုန်အကြီးကဲ မျက်နှာကို ထောက်ထားပြီးတော့ နင်ကို လွှတ်ပေးလိုက်မယ်။ ရုန်အကြီးကဲ ပြောနေတာကို မကြားဘူးလို့တော့ ငါကို လာမပြောနဲ့။ ဝေးဝေးကို ထွက်သွားလိုက်စမ်း။"
ထိုစကားကိုပြောလိုက်တာတောင် ယွမ်လော့ဖုန်းက အနည်းငယ်မျှ မလှုပ်ဘူး။ပြုံးလျက် ကျင်းလင်းကို ကြည့်နေတယ်။
ကျင်းလင်း ပိုပြီးတော့စက်ဆုပ်ရွံရှာ အထင်သေးလာတယ်။ ဒီလောက် မျက်နှာပြောင် အရေထူတဲ့လူကို အရင်က မတွေ့ဖူးခဲ့ဘူး။ တော်တော် ဒေါသထွက်တယ်။ ရုန်အကြီးကဲက ဒီလောက်ရှင်းရှင်းပြောနေတာကို အရှက်မရှိ ဒီနေရာမှာ နေတယ်။ ထွက်မသွားဘူး။ ယွမ်လော့ မြေးဖြစ်ကြောင်း သက်သေပြနေတာလား။ တခြားလူကို မယှဉ်နိုင်လောက်အောင် အရှက်မဲ့ကြောင်း သက်သေထူနေတာလား။
ကျင်းလင်း အမှိုက်မကို ဒီထက်ပိုပြီးတော့နှိမ်ချပြောချင်သေးတယ်။
ထိုအချိန်မှာ ရုန်အကြီးကဲက ထပ်ပြီးစကားဆိုလာတယ်။
"ကျင်းလင်း...ငါ မင်းကိုထွက်သွားဖို့ ပြောနေတာလေ။ ငါပြောတာကို မင်းမကြားဘူးလို့တော့ လာမပြောနဲ့။"
ကျင်းလင်းပြောဖို့ ကြံရွယ်နေစဲမှာပဲ ရုန်အကြီးကဲရဲ့စိတ်မရှည်တဲ့အသံကြောင့် သူပြောချင်တဲ့ စကားတွေကို မြိုသိပ်လိုက်တယ်။ သူအံသြလွန်းပြီး တံတွေးတီးကာ ချောင်းဆိုးသွားတယ်။ ချောင်းဆိုးလွန်းလို့ သူ့မျက်နှာနီရဲလာတယ်။ သူ ဝေးဝါးနေတဲ့မျက်ဝန်းနဲ့ ရုန်အကြီးကဲကို ကြည့်လိုက်တယ်။
"ရုန်အကြီးကဲ ပြောချင်တဲ့လူက ကျွန်တော်လား။"
ကျင်းလင်း သူကိုယ်သူ လက်ညိုးထိုးလိုက်ပြီးတော့ မယုံကြည်နိုင်စွာ ကြည့်နေတယ်။
ရုန်အကြီးကဲ စိတ်မရှည်စွာ ထပ်ပြောလိုက်တယ်။
"မင်းဘေးနားမှာ ဘယ်သူထပ်ရှိသေးလို့လဲ။ ငါ့တစ်ဘဝလုံးမှာ မင်းလောက် မျက်နှာပြောင် အရေထူတဲ့လူကို မတွေ့ဖူးဘူး။ ငါ မင်းကို နှစ်ခါတိတိပြောပြီးပြီ မင်းက အခုချိန်ထိ ဆေးစံအိမ်တော်မှာပဲ ရှိနေသေးတယ်။"
ထိုစကားလုံးတွေက ကျင်းလင်း... ယွမ်လော့ဖုန်းကို သရော်ခဲ့တဲ့ စကားတွေပါ။ ဒါပေမယ့် အခုတော့ ရုန်အကြီးကဲက သူကို ပြန်ပြောနေပြီပေါ့။
ကျင်းလင်း ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီးတော့ မျက်နှာ ဖြူဖျော့လာတယ်။ စကားလည်း ထစ်လာတယ်။
"ရုန်အကြီးကဲ...ဆေးစံအိမ်တော်ကို ပြသနာလာရှာနေတဲ့လူက ယွမ်လော့ဖုန်းဆိုတာ ရှင်းနေတာပဲလေ။"
"ဟား...."
'နင်'အကြီးကဲ တခစ်ခစ်ရယ်မောလိုက်တယ်။။ ကျင်းလင်းကို လှမ်းကြည့်လိုက်တယ်။
"ငါတို့ အဘိုးကြီးနှစ်ယောက် မြင်နေရတာတော့ မင်းက မိန်းကလေးတစ်ယောက်ကို လူရှေ့မှာ နှောက်ယှက်တိုက်ခိုက်ပြီးတော့ အနိုင်ကျင့်နေတာလေ။ အခုတော့ မင်း အရိုက်ခံရပြီးမလား။ မိန်းကလေးကို ပြန်ရိုက်ချင်နေပြီမလား။ ဆေးစံအိမ်တော်က မင်းအတွက် ရပ်တည်ပေးဖို့ မျှော်လင့်နေသေးတာလား။ ရုန်အကြီးကဲက မင်းကို ထွက်သွားဖို့ပြောနေတာကို မင်းခုချက်ချင်း ထွက်သွားဖို့ သင့်နေပြီ။ ရုန်အကြီးကဲက မင်းကို အလွတ်ပေးရင်တောင် ငါက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။"
ကျင်းလင်းမျက်နှာက အဖြူရောင်မှ အစိမ်းရောင် ၊ အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းလဲသွားတယ်။ ကျင်းလင်းလည်း အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီးတော့ ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
"ရုန်အကြီးကဲ နားလည်မှုလွဲနေပြီး ထင်တယ်။ ကျွန်တော်မျိုးက ဘီးလူးမနဲ့တူတဲ့ မိန်းကလေးကို ပုရွတ်ဆိတ်ကို အနိုင်ကျင့်သလို မလုပ်ပါဘူး။ အရိုက်ခံရတဲ့လူက ကျွန်တော်ပါ။ ပြသနာရှာတဲ့လူက ကျွန်တော်မျိုး မဟုတ်ရပါဘူး။ ဒါပေမယ် ဒီမိန်းကလေးက ပြသနာရှာနေတာပါ။"
အခုချိန်မှာကျင်းလင် းကအခြေနေကို သေချာမသိသေးပါဘူး။သူထင်နေတာက ယွမ်လော့ဖုန်းကအသက်ငယ်လွန်းတာကြောင့် အနိုင်ကျင့်နှိပ်စက်သူက သူလို့ထင်နေတာပါ။
"ရုန်အကြီးကဲ...ထိုမိန်းကလေးက အရမ်းဉာဏ်များလွန်းတယ်။ မနေည့က လိမ်ညာလှည့်ဖျားဖို့ အဘိုးအိုတစ်ယောက်ကိုရှာပြီး ဉာဏ်ဆင်ထားတယ်။ကံကောင်းတာက ကျွန်တော်တပည့်မလေးကဆေးပညာတော်လွန်းတော့ အဘိုးအိုကလိမ်နေတယ်ဆိုတာသိတာပေါ့။ ဒါကြောင့်လည်းသတိလစ်နေတဲ့အဘိုးအိုကို သတိရလာအောင် မလုပ်နိုင်တာပေါ့။
Chapter-83
End
Bạn đang đọc truyện trên: Truyen247.Pro