Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep68

အပိုင်း(၆၈)

စည်းကမ်းချက်(၂)

 

ယွမ်လော့ဖုန်း ကွမ်လန်ကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။ သူမကို သိက္ခာချချင်နေတဲ့လူကို အပြုံးလေးနဲ့ တုံ့ပြန်လိုက်တယ်။
“ငါ ... အဘိုးအိုကို ကယ်နိုင်ခဲ့ရင် ငါချမှတ်တဲ့ တောင်းဆိုချက် စည်းကမ်းကို ဖြည့်ဆည်းပေးရမယ်”
“ဟွန့်”
ကွမ်လန် လှောင်ပြောင် သရော်လိုက်တယ်။
“နင် ... အဘိုးအိုကို တကယ် ကုသနိုင်ရင်တော့ စည်းကမ်းချက် ၁၀၀ဆိုရင်တောင် လက်ခံနိုင်တယ်။ စည်းကမ်းချက်၂ခုကို စိတ်ထဲတောင် မထားဘူး။ ငါသဘောတူ လက်ခံတယ်။ ဒါပေမဲ့ မင်း အဘိုးအိုကိုတော့ ရောဂါပျောက်အောင် ကုသပေးရမယ်။
“နင် ကတိမတည်ရင် ဘယ်လိုလုပ်မလဲ”
ယွမ်လော့ဖုန်းလည်း သူမလက်ကို ရင်ဘတ်ပေါ် တင်လိုက်ပြီးတော့ မျက်ခုံးတွန့်လိုက်တယ်။
“ဒီမှာ လူတွေ အများကြီး သက်သေ လုပ်ပေးနိုင်တာပဲလေ။ ငါက ဘာလို့ ကတိမတည်ရမလဲ”
ကွမ်လန်က အထင်မြင်သေးစွာ ပြန်လည်ချေပတယ်။
ယွမ်လော့ဖုန်းက ကောင်းတာမရှိတဲ့ အပျင်းမတစ်ယောက်ပဲ။ ကိုယ်ရည်သွေးတာထက် ပိုပြီးတော့ ဘာလုပ်နိုင်မှာမို့လဲ။ ဒီလိုမျိုး ကိုယ်ရည်သွေးခဲ့တာ တစ်ခါ နှစ်ခါမှ မဟုတ်တာ။ ဒါကြောင့် အမှိုက်မက ယုံကြည်ဖို့ မထိုက်တန်ဘူး။
“ဒီလူတွေ အားလုံးက ရှင့်လူတွေလေ။ ငါသူတို့ကို မယုံကြည်ဘူး”
ယွမ်လော့ဖုန်းလည်း လက်ညှိုးထိုး ပြီး မကျေမနပ် ငြင်းဆိုတယ်။
“မျက်နှာမလိုက်တဲ့ တခြားတစ်ယောက်ကို ရှာဖို့ လိုအပ်တယ်”
သူမ ထိုစကားကို ပြောလိုက်တဲ့ အချိန်တစ်ခဏလေး အတွင်းမှာ သူမ နောက်ကျောဘက်မှ နူးညံ့့ပျော့ပျောင်းတဲ့ အသံလေး ထွက်ပေါ်လာတယ်။ ဆောင်းလေညင်းလေးက သူတို့ကို သန့်စင်ပေးသွားသလို လူတွေ အားလုံး ခံစားရစေပြီး စိတ်သက်သာရာ ရစေတယ်။
သူပြောနေတဲ့ အသံလေးကို နားထောင်ရတာက အဆုံးစမဲ့တဲ့ သာယာမှု  တစ်မျိုးဖြစ်တယ်။
“ငါက သက်သေအဖြစ် နေပေးပါမယ်။ မိန်းကလေးယွမ် ကျေနပ်ရဲ့လား”
ယွမ်လော့ဖုန်း နောက်ဘက်ကို လှည့်လိုက်ပြီးတော့ သူမအမြင်အာရုံတွေမှာ ပိုးသား အင်္ကျီကို ဝတ်ဆင်ထားတဲ့ အမျိုးသားကို တွေ့လိုက်ရတယ်။ သူမ မျက်ခုံးပင့်လိုက်တယ်။ သူမ စိတ်ထဲမှာ စနောက်ချင်စိတ်တွေ ပေါ်လာတယ်။
“တိုက်ဆိုင်တာပဲလား။ ဒါမှမဟုတ်ရင် နံပါတ်၄မင်းသားရဲ့ ဝိညာဉ်က ကျွန်မအနားမှာ တရစ်ရစ် တဝဲလည်လည် ဖြစ်နေတာလား။ ကျွန်မ မုဝူစွမ်းနဲ့ တွေ့တဲ့အချိန်တိုင်း ကျွန်မ ရှင့်ကိုလည်း တွေ့ရတယ်။ နံပါတ်၄မင်းသားက မုဝူစွမ်းကို ချစ်ခင်နေတာလား”
ကွမ်လန်ပုံစံက စိတ်ဆိုး ဒေါသထွက်လာပြီး ကွမ်ရှောင်ချိန်ကို ရန်မူသကဲ့သို့ ကြည့်နေတယ်။ အချစ်ပြိုင်ဘက်ကဲ့သို့ ပြုမူဆက်ဆံနေတယ်။
“အဟွတ် အဟွတ်”
ကွမ်ရှောင်ချိန်လည်း ချောင်းခြောက်ကို နှစ်ခါတိတိ ဆိုးလိုက်တယ်။ ယောက်ျားပီသပြီး ချောမောတဲ့ သူ့မျက်နှာမှာ ကသိကအောက် ဖြစ်မှုကို တွေ့လိုက်ရတယ်။
“မိန်းကလေးယွမ်… ကျွန်တော့်ကို စနောက်နေတာလား။ ငါးမျက်လုံးကို ပုလဲလုံးထင်နေတဲ့ တချို့လူတွေနဲ့ ကျွန်တော့်ကို တူတယ်လို့ ထင်နေတာလား။ (တန်ဖိုးမဲ့တာကို တန်ဖိုးရှိတယ်လို့ ထင်နေတာ) မုဝူစွမ်းထက် ဒီက မင်းသားလေးက မိန်းကလေးယွမ်ကို ပိုပြီး နှစ်သက်တယ်”
ယွမ်လော့ဖုန်း မျက်တောင် ခတ်လိုက်တယ်။
“စိတ်မကောင်းစရာ ကောင်းတာက ကျွန်မက ရှင့်ကို စိတ်မဝင်စားဘူး။ ရှင် မုဝူစွမ်းကို စိတ်ဝင်စားတာ ပိုကောင်းမယ် ထင်တယ်”
“မိန်းကလေးယွမ် မင်းနဲ့ကိုက စိတ်ဓာတ်ချင်း တူတယ်လို့ မထင်ဘူးလား”
ကွမ်ရှောင်ချိန် ပြုံးလိုက်တယ်။ သူ့ရဲ့ယပ်တောင်ကို ဖွင့်လိုက်တယ်။ သူ့အပြုံးက ကြင်နာတတ်ပြီး သဘောဖြူတဲ့ သဘောကို ဖော်ဆောင်နေသလိုပဲ။ ဒါပေမဲ့ သူ့မျက်ဝန်းထဲက ကောက်ကျစ် စဉ်းလဲမှုကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။
“ဒီမင်းသားလေးက မင်းလေးကို နောက်ဆုံးမှာ အရမ်း စိတ်ဝင်စားသွားပြီ။ ဒါကြောင့် အရင်ဆုံး ဒီမင်းသားလေးကို တခြားလူတွေဘက် တွန်းမပို့ပါနဲ့”
မုဝူစွမ်းကို အမျိုးသားရဲ့ မနှစ်သက်ခြင်းကို စကားလုံးတွေက သက်သေခံနေတယ်။ ထိုစကားလုံးတွေက မုဝူစွမ်းကို တစ်ခဏချင်း စိတ်ဆိုးဒေါသ ဖြစ်စေတယ်။ သူမရဲ့ မာနကြီးပြီး လှပတဲ့ မျက်ဝန်းတွေက ကွမ်ရှောင်ချိန်ကို စိုက်ကြည့်လိုက်တယ်။
“နံပါတ်၄မင်းသား... မုဝူစွမ်းရဲ့နှလုံးသားကို အိမ်ရှေ့စံမင်းသားက ပိုင်ဆိုင်ပါတယ်။ ရှင်… ကျွန်မကို လက်ထပ်ချင်လည်း မုဝူစွမ်းက ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး”
ကွမ်ရှောင်ချိန်က မုဝူစွမ်းရဲ့ စကားကို မကြားသော်လည်း ယွမ်လော့ဖုန်းကို နွေးထွေး ကြင်နာစွာ ပြုံးပြနေတယ်။
“မိန်းကလေးယွမ်... ဒီက မင်းသားလေးက သက်သေအဖြစ် နေပေးချင်တာကို ကျေနပ်မှု ရှိပါရဲ့လား”
“နံပါတ်၄ မင်းသားလေးက အိမ်ရှေ့စံမင်းသားကို မကာကွယ်ပေးသရွေ့ ကျွန်မ မကျေနပ်စရာ မရှိပါဘူး”
ယွမ်လော့ဖုန်းပုံစံက မာနကြီးလွန်းတယ်။ သူမရဲ့ ညကောင်းကင်ယံကဲ့သို့ မည်းနက်နေတဲ့ မျက်ဝန်းတစ်စုံမှာ ယုံကြည်မှုတွေ ရှိနေတယ်။
“ကျွန်မက အဘိုးအိုကို ကုသပေးနိုင်ရင် အိမ်ရှေ့စံမင်းသားက ကျွန်မထုတ်ထားတဲ့ စည်းကမ်းချက်၂ခုကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။ ပထမတစ်ခုက အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ရှင် ကျွန်မကို နှောင့်ယှက်ဖို့ ခွင့်မပြုနိုင်ဘူး။ အထူးသဖြင့် အရေးကြီးဆုံးက အရင်က စေ့စပ်ထားခဲ့တာကို ပြောခွင့်မပြုနိုင်ဘူး”
ကွမ်လန် တစ်ခဏချင်း ဘာပြောရမှန်း မသိလောက်အောင် အံ့ဩသွားပြီးတော့ ယွမ်လော့ဖုန်းကို လှောင်ပြောင် သရော်လိုက်တယ်။
“စိတ်မပူပါနဲ့ ဒီက အိမ်ရှေ့စံမင်းသားက မင်းကို သေချာပေါက် မနှောင့်ယှက်ဘူး”
အခုလက်ရှိမှာ ယွမ်လော့ဖုန်း ပြောတဲ့စကားတွေက တစ်နေ့မှာ မှန်ကန်လာမယ်လို့ ကွမ်လန် သိခဲ့မှာ မဟုတ်ပါဘူး။ ယွမ်လော့ဖုန်းရဲ့ မွေးရာပါ ပါရမီနဲ့ အရည်အချင်းကို ဖော်ထုတ်လိုက်တဲ့ တစ်နေ့မှာ ကွမ်လန်က ယွမ်လော့ဖုန်းကို အမှန်တကယ် အနှောင့်အယှက် ပေးနေတော့မှာပါ။ အရှက်မဲ့စွာ စေ့စပ်ထားတာကို ပြန်လည် အသက်သွင်း ချင်နေမှာပါ။
“ဒုတိယ ကိစ္စက”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီးတော့ သူမရဲ့ အမည်းရောင် မျက်ဝန်းနက်တွေက ကွမ်လန်အနားက မုဝူစွမ်းကို ကြည့်လိုက်တယ်။
“ရှင် မုဝူစွမ်းကို ပါးရိုက်စေချင်တယ်။ ကျွန်မ ရပ်လို့ မပြောသရွေ့ ရှင်မရပ်ရဘူး”
 

***

Bạn đang đọc truyện trên: Truyen247.Pro