
Ep66
အပိုင်း(၆၆)
လူအများရှေ့မှာ ချစ်ခင်မှုကို ဖော်ပြတာက မြန်မြန် သေစေတယ်(၄)
‘နင်’မိသားစု
အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်တယ်။ သူ့မျက်ဝန်းတွေ အံ့ဩမှုတွေကို ဖော်ပြနေတယ်။
လုံယွမ်အတွင်းမှာ ကြီးမြတ်တဲ့ မျိုးနွယ်စုလေးခု အပြင် ‘နင်’မိသားစုဆိုတာ မရှိဘူး။ ဒီ ‘နင်’မိသားစုက ဘယ်က ရောက်လာတာလဲ။ သူတို့ အဝတ်အစားကို ကြည့်ရတာတော့ သေးငယ်တဲ့ မျိုးနွယ်စုကလည်း မဟုတ်ဘူး။ မိန်းမပျိုလေးက လူတိုင်းရဲ့ တစ်ယောက်တစ်မျိုး တွေးနေတဲ့ ပုံစံကိုကြည့်ရင်းနဲ့ ပုလဲကဲ့သို့ ဖြူဖွေးတဲ့ သူမသွားတွေကို အံကြိတ်လိုက်ပြီးတော့
“ကျွန်မအဘိုးကို ကုသပေးနိုင်တဲ့လူရှိရင် ဆုလာဘ်အနေနဲ့ နှစ်တစ်ထောင် ဂျင်ဆင်းကို ပေးပါမယ်”
နှစ်တစ်ထောင် ဂျင်ဆင်း။ ဒီဆေးက အရမ်း တန်ဖိုးရှိတာလေ အရှင်မင်းကြီးမှာ တစ်ခုတည်း ရှိတယ်။ ဒီဂျင်ဆင်းကိုရဖို့ နှစ်တစ်ထောင်လောက် စောင့်ရတာ။
မထင်ထားမိဘူး။ တကယ်ပဲ ဒီမိန်းမပျိုလေးက နှစ်တစ်ထောင်ဂျင်ဆင်းကို ဆုလာဘ်အနေနဲ့ ပေးတော့မလို့လား။ ဒီမကြာခင်မှ ချမ်းသာလာသူတွေက ဘယ်ကပါလဲ။
သူတို့စီးတဲ့ ဇိမ်ခံသင်္ဘောကလည်း အရမ်းကို ကြီးမားလွန်းတယ်။ နောက်ပြီးတော့ ခန်းမကြီး... ဇိမ်ခံသီးသန့် အခန်းက ၁၀ခန်းထက်မက ရှိတယ်။ ဒီမိန်းမပျိုလေးက ကွမ်လန်တို့ အဖွဲ့က မဟုတ်တာ သေချာတယ်။
ကွမ်လန် တခစ်ခစ် ရယ်မောလိုက်တယ်။
“မိန်းကလေး... ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မင်းအဘိုးကို ကယ်နိုင်တဲ့ တစ်ယောက်တည်းသော သူက မုဝူစွမ်းပဲ။ မင်း... မုဝူစွမ်းရဲ့ ဂုဏ်သတင်းကို မသိဘူးလား။ သူမက ငါတို့ လုံယွမ်ရဲ့ နှိုင်းယှဉ်လို့ မရနိုင်တဲ့ မျိုးဆက်သစ် ပညာရှင်တစ်ယောက်၊ သူမဆေးပညာက ပိုပြီးတော့ ထူးချွန်တယ်။ ဒီတိုင်းပြည်က လူငယ်မျိုးဆက်သစ်တွေမှာ မုဝူစွမ်းကို ယှဉ်နိုင်တဲ့လူ မရှိဘူး။ ဒီတစ်ချိန်တော့ မင်း ကံကောင်းသွားတယ်။ အသက်ကယ်မယ့်သူနဲ့ တွေ့ကြုံရတာပဲ”
မိန်းလေးရဲ့ မျက်လုံးတွေက အရောင် တောက်လာတယ်။ မုဝူစွမ်းကို လှည့်ကြည့်လိုက်တယ်။ သူမအသက်ကို ကယ်တင်မယ့် နောက်ဆုံးသောသူကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောတယ်။
“ကျေးဇူးပြုပြီးတော့ ကျွန်မ အဘိုးကို ကယ်တင်ပေးပါ။ ကျွန်မအဘိုး သေလို့ မဖြစ်ဘူး။ အဘိုးအသက်ကို ကယ်တင်နိုင်တာနဲ့ ကျွန်မတို့ မိသားစုက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပါမယ်”
အဘိုးရောဂါကို ကုသပေးဖို့အတွက် ကျော်ကြားတဲ့ သမားတော်ကို လိုက်ရှာဖို့ အိမ်တော်က ထွက်ခွာလာခဲ့တယ်။ ထိုနေရာကို မရောက်ခင်မှာပဲ အဘိုးက ရုတ်တရက် ရောဂါ ထဖောက်လာတယ်။
တကယ်တမ်း... ဆေးစံအိမ်တော်က သမားတော်တွေ ပြောတာတော့ အဘိုးရောဂါက ကုသလို့ မရနိုင်ဘူးတဲ့။ အဘိုး အသက်ကို နည်းနည်း ပိုပြီးတော့ အသက်ရှည်လာအောင် ဆွဲဆန့်ထားလို့ပဲ ရတယ်တဲ့။ ဒီခရီးစဉ်မှာ သူတို့ မြေးအဘိုး မျှော်လင့်ချက်တွေ မဲ့ခဲ့ရတယ်။ သူတို့ရဲ့ ကံတရားကို စမ်းသပ်ပြီး ကျော်ကြားတဲ့ သမားတော်ကို လိုက်ရှာချင်လာတယ်။
သူတို့မြေးအဘိုး ကံဆိုးမယ်လို့ မထင်ထားဘူး။ လူငယ်လေး ပြောနေတဲ့ စကားသံကို ကြားပြီးနောက် သူတို့ မျှော်လင့်ချက်လေး ရှိလာသလို ခံစားလာရတယ်။ မုဝူစွမ်းက အထင်ကြီးလောက်တဲ့ ဆေးပညာစွမ်းရည်ကို ပိုင်ဆိုင်တယ်ဆိုတော့ ဆေးစံအိမ်တော်က သမားတော်တွေထက် သာလွန်ပြီးတော့ သူမအဘိုးကို ကုသပေးနိုင်မလား...
“ဒါက.....” မုဝူစွမ်း တွန့်ဆုတ်သလို ဟန်ဆောင်လိုက်ပြီးတော့ စကားဆိုတယ်။
“ရှင့်အဘိုးကို ကုသပေးနိုင်တယ်လို့တော့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားပါမယ်”
“မိန်းကလေး မုဝူစွမ်း မင်းက ကျင်းလင်းရဲ့ တပည့်တစ်ယောက်လည်း ဖြစ်တယ်။ ထူးချွန်တဲ့ ဆေးပညာ စွမ်းရည်တွေကိုလည်း ပိုင်ဆိုင်တယ်။ မင်းက မကုသနိုင်ရင် ဘယ်သူက ကုသနိုင်တော့မလဲ”
ကွမ်လန်က မုဝူစွမ်းကို မြှောက်ပင့်ပြောဆို နေတယ်။
သူ မြှောက်ပင့်ပြောဆို နေတာက မုဝူစွမ်းကို ပျော်ရွှင်အောင် ဆိုတာ သိသားနေတာပဲ။ ပျော်ရွှင်တဲ့ ပုံစံကို မပြဘဲ တော်ဝင်တဲ့ မိန်းမပျိုကဲ့သို့ သရုပ်ဆောင်နေတယ်။
ချစ်ဖို့ကောင်းတဲ့ မိန်းကလေးက မုဝူစွမ်းကို ကြည့်လိုက်တယ်။ ဒီလူပြောတာ မုဝူစွမ်းက ကျော်ကြားတဲ့ သမားတော်ရဲ့တပည့်ဆိုတော့ အဘိုးပြောတဲ့ သမားတော်လား။ ပြောကြတာတော့ ထိုလူက နားလည်ရခက်ပြီး အများနဲ့မတူတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်တယ်တဲ့။ ထိုသမားတော်ကို ရှာရတာထက် ကောင်းကင်ဘုံကို တက်တာက ပိုလွယ်မယ်လို့ ပြောကြတယ်။ အဘိုးကို ကုသပေးနိုင်တာ ထိုသမားတော် တစ်ယောက်တည်းပဲ။
မိန်းကလေးရဲ့ နှလုံးသားထဲမှာ ယုံကြည်မှုတွေ ပြည့်နေတယ်။ မုဝူစွမ်းရဲ့ ဆရာက အငယ်စား တော်ဝင်သမားတော် ဆိုတာ သိလို့ကတော့ ကွမ်လန်ကို ဒေါသထွက်လွန်းလို့ သေလောက်အောင် ရိုက်မှာပဲ။
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သင်္ဘောတံခါးကို မှီလိုက်ပြီးတော့ အဘိုးအိုကို ကုသဖို့ပြင်နေတဲ့ မုဝူစွမ်းကို ကောက်ကျစ်စဉ်းလဲစွာ ကြည့်နေလိုက်တယ်။ (ပွဲကြီးပွဲကောင်းကို စောင့်ကြည့် နေသလိုပေါ့။)
“မင်းက ဘာလို့ ပြုံးနေတာလဲ” ကွမ်လန်လည်း ယွမ်လော့ဖုန်း မျက်နှာက အပြုံးကို ရိပ်မိသွားတယ်။
“ငါတို့တွေ အားလုံးထဲမှာ မုဝူစွမ်းရဲ့ ဆေးပညာက အကောင်းဆုံးပဲ။ နင်ပြုံးနေတာ ဘာသဘောလဲ။ နင်က ရောဂါကို ကုသပေးနိုင်တယ်လို့ ထင်နေတာလား။ နင်က ကောင်းကင်နဲ့ မြေပြင်က လူသိများနေတဲ့ အသုံးမဝင်တဲ့ အမှန်တယ် အမှိုက်မ”
***
Bạn đang đọc truyện trên: Truyen247.Pro