
Ep20
အပိုင်း(၂၀)
"မုရှန်း နင့်အဒေါ်က ဘုရင် အနှစ်သက်ဆုံး ကြင်ရာတော် ဖြစ်နေလည်း ဘာလုပ်ရမှာလဲ။ ငါလုံးဝ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ့အဘိုးလည်း နန်းတော်ရဲ့စစ်သူကြီး တစ်ယောက်ပဲ။ ယောက်ျား ပိုပီသတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါနဲ့ယှဉ်နိုင်တဲ့ အရည်ချင်း အလုံလောက် ရှိတယ်ဆိုတာ သေချာပြီးလား"
ဒေါသကြီးနေတဲ့ မုရှန်းမျက်နှာက သူမဘက် လှည့်ကြည့်လာတယ်။ ယွမ်လော့ဖုန်းလည်း မျက်ခုံးတစ်ချက ်တွန့်လိုက်ပြီး ဆွဲဆောင်မှုရှိ မာနကြီးတဲ့ အပြုံးလေး ပြုံးလိုက်တယ်။
"သို့သော်လည်း နင်က ယှဉ်ပြိုင်ချင်တယ် ဆိုတော့လည်း ငါက နင့်ကို ကူညီပေးရတာပေါ့။ ရှိုးထုတ်လွန်းတဲ့ ကလေးတွေက ဘယ်လို ပြုမူတတ်လဲဆိုတာ သင်ပြပေးရမှာပေါ့။ အရမ်းကို နင်က ယောက်ျား ပီသချင်နေတော့ ပါရမီဖြည့်ပေးတာပေါ့"
ယွမ်လော့ဖုန်းလည်း သူမလက်လေးကိုမြှောက်ပြီး လက်ဝါးသုံးချက် တီးလိုက်တယ်။ လူတွေ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာ ယွမ်အိမ်တော်ရဲ့ အစောင့်အရှောက်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မရေတွက် နိုင်လောက်အောင် များပြားတဲ့လူတွေ ချက်ချင်း ထွက်ပေါ်လာတယ်။
"သူ့ကို ရိုက်စမ်း"
ပြောပြီးတာနဲ့ ယွမ်လော့ဖုန်း မျက်ခုံးတွန့်ပြီး ဘေးမှာ ရပ်နေလိုက်တယ်။ သူမ စိတ်ပျော်ရွှင်စွာ ရယ်လိုက်ပြီး ငတုံးမုရှန်းကို ကြည့်နေလိုက်တယ်။
"ယွမ်လော့ဖုန်း နင် အရှက်မဲ့တယ်"
မုရှန်း အမျက်ဒေါသတွေ ပိုထွက်လာတယ်။ ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်နေတယ်။
"နင့်မှာ ဘာအရည်ချင်းတွေ ရှိနေလို့လဲ။ ယွမ်အိမ်က အစောင့်ရှောက်တွေကို ရှေ့ကို ခေါ်ထုတ်လာတယယ်ပေါ့။ နင့်မှာ အရည်ချင်းရှိရင် နင်နဲ့ငါ တစ်ယောက်ချင်းစီ တိုက်ခိုက်မယ်"
ယွမ်လော့ဖုန်းလည်း မုရှန်းကို အရူးကို ကြည့်နေရသလို စောင့်ကြည့်နေလိုက်တယ်။
"ငါတို့တွေ ဘယ်သူက ရှိုးထုတ်တဲ့ ယောက်ျားပီသတဲ့ ကိစ္စကို ယှဉ်ပြိုင်နေတာလေ။ တရားမျှတမှု မရှိဘူးလို့ အော်မနေနဲ့။ ငါ... ယွမ်လော့ဖုန်းက အမြဲတမ်း အရှက်မဲ့နေတဲ့ လူတစ်ယောက်။ ငါအကြိုက်ဆုံး အရာက တခြားလူတစ်ယောက်ကို နှိပ်စက် အနိုင်ကျင့်ရတာပဲ"
မုရှန်း မျက်လုံးတွေက အံ့အားသင့်လွန်းလို့ ပြူးကျယ်သွားရတယ်။ သူအရင်က သူ့ကိုယ်သူ အရှက်မဲ့သူပါလို့ ပြောတဲ့သူကို ကြားလည်းမကြားဖူး မြင်လည်းမမြင်ဖူးဘူး။ ဒီလိုစကားမျိုးကို ပုံမှန်ပြောနေသလို ပြောဆိုနိုင်တယ်။
"မုရှန်း... နင်က တခြားသူတွေကို နှိပ်စက် အနိုင်ကျင့်ရတာ ကြိုက်တယ်မလား။ တကယ် အနိုင်ကျင့် နှိပ်စက်တယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါနင့်ကိုပြပေးရမှာပေါ့"
မုရှန်း တအံ့တသြ ဖြစ်နေစဉ်မှာ ယွမ်လော့ဖုန်းရဲ့ မာနကြီး ဝင့်ဝါနေတဲ့အသံကို ကြားလိုက်တယ်။
သူ အချိန်မီ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ ယွမ်အိမ် အစောင့်ရှောက်တွေက သူ့နား ဝိုင်းလာပြီးတော့ သူ့ကိုသေမတက် စရိုက်နှက်တော့တာပါပဲ။ မုရှန်းနဲ့အတူပါလာတဲ့ မင်းမျိုးနွယ် လူငယ်လေးတွေက အခြေနေကို ရိပ်မိတာကြောင့် အကုန် ထွက်ပြေးကုန်ပြီလေ။
မုရှန်းတစ်ယောက် ရိုက်ချက်တိုင်းမှာ ကျယ်လောင်စွာ အော်ဟစ်နေတာပေါ့။ တစ်လမ်းလုံးလည်း သူ့ရဲ့ စက်ဆုပ်ဖွယ် အော်ဟစ် ငိုကြွေးသံတွေနဲ့ ပြည့်နေတာပဲ။
သူ့ခေါင်းသူ လက်နဲ့ကွယ်ပြီး ကြောက်လန့်နေတဲ့ မုရှန်းကို ယွမ်လော့ဖုန်း မျက်မှောက်ကြုတ်ပြီး ကြည့်လိုက်တယ်။
ကောက်ကျစ်သော အပြုံးလေးက ပိုသိသာလာပြီးတော့ သူမမျက်နှာမှာ ယုံကြည်မှုတွေ မာနကြီးခြင်းတွေ ပြည့်နေတယ်။
အခုချိန်မှာ သူမက ယွမ်မိသားစုဝင် ယွမ်လော့ဖုန်း ဖြစ်နေပြီ။ ဒါကြောင့် ယွမ်မိသားစုရဲ့ အမုန်းတရားအတွက် မုမိသားစုက တစ်ခုချင်း တစ်ခုချင်း ပြန်လည် ပေးဆပ်စေရမယ်။
အခုမှ အစပဲရှိသေးတယ်။ နောက်တစ်ချိန်မှာ သူမလက်ထဲမှာ အာဏာနဲ့ အင်အားရှိအောင် လုပ်မယ်။ သူမ ကိုယ်ပိုင်စွမ်းရည်နဲ့ ဒီခန္ဓာကိုယ် ပိုင်ရှင်မိဘတွေအတွက် ကလဲ့စားချေပေးမယ်။
"နင်တို့တွေ မုရှန်းကို မုအိမ်တော်ရှေ့မှာ သွားပစ်ထားလိုက်"
တော်သင့်ပြီးလို့ ယူဆလိုက်တာကြောင့် အစောင့်တွေကို လက်အမူရာနဲ့ ရပ်ခိုင်းတယ်။
"အမတ်ချုပ်မုကို ပြောလိုက်။ မုရှန်းက အများရှေ့မှာ ယွမ်သခင်မလေးကို ရိုင်းစိုင်းတယ်။ အတင်းအဓမ္မ ကြံစည်ချင်ခဲ့တယ်။ ဒါကြောင့် ယွမ်အိမ်တော် အစောင့်တွေက သူ့ကို ထိခိုက်နာကျင်အောင် ရိုက်နှက်လိုက်တာလို့ ပြောရမယ်။ မုရှန်းအပြုမူတွေက ငါ့စိတ်ကို ထိခိုက်နာကျင်စေတာကြောင့် ယွမ်အိမ်တော်က မုအိမ်တော်ကို လျော်ကြေး တောင်းဆိုတယ်။ တောင်းဆိုချင်တဲ့ ပမာဏငွေကို ငါ့အဘိုးစစ်သူကြီး ယွမ်လော့ ကိုယ်တိုင် လာညှိနှိုင်းမယ်လို့ ပြောလိုက်"
အရှက်မဲ့လိုက်တာနော်။ တကယ်ကို အရှက်မဲ့တာပဲ။ ဝက်တစ်ကောင်လို အရိုက်ခံရတဲ့လူက မုရှန်းဆိုတာ သိသားနေတာပဲ။ နောက်ဆုံး သူမက မတရားခံရတဲ့လူလို သရုပ်ဆောင်သွားတယ်။
စိတ်အကြီးကျယ် ထိခိုက်တယ်။ ယွမ်လော့ဖုန်း စိတ်ထိခိုက်တယ်။
သူမမှာ စိတ်အကြီးကျယ် ထိခိုက်တယ်ဆိုတာ ရှိနေသေးလို့လား။
"ဟုတ်ကဲ့ပါ သခင်မလေး"
စစ်သူကြီးယွမ်လော့ အမိန့်ပေးထားတာကြောင့် ယွမ်လော့ဖုန်းအမိန့်ကို သေသေချာချာ အသေးစိတ် လိုက်နာရမယ်လေ။ သူတို့လည်း သေတော့မလိုဖြစ်နေတဲ့ မုရှန်းကို သယ်ဆောင်ပြီး မုအိမ်တော်ဆီ ဦးတည်လာခဲ့တယ်။
မုအိမ်တော်မှာ သေနေတဲ့ ဝက်တစ်ကောင်ကဲ့သို့ သယ်ဆောင်ခံလာရတဲ့ မုရှန်းကို မုချင်းချောင်တွေ့တော့ အံ့အားသင့်ပြီး ဒေါသ အရမ်းထွက်လာတယ်။ သူလည်း ယောက်ျားပီသချင်လွန်း ရှိုးထုတ်လွန်းတဲ့ ဒီမြေးကို မကြိုက်ပါဘူး။ မုရှန်းက မုအိမ်မိသားစုဝင် ဖြစ်နေစဲပဲ။ မုရှန်းကိုရိုက်တာ သူ့မျက်နှာကို ရိုက်တာနဲ့ အတူတူပဲ။
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်။
"စစ်သူကြီးအိမ်တော်က ဝက်ဝံအသည်းတွေနဲ့ ကျားသစ်သည်းခြေတွေ စားသောက်ပြီးတော့ ငါ့မြေးကို ဒီလိုလုပ်ရဲတယ်ပေါ့။ စစ်သူကြီးယွမ်လော့ ခွေးကဲ့သို့ လေးဖက်ထောက်ပြီး ငါ့အိမ်ကို လာတောင်းပန် ခိုင်းလိုက်။ မဟုတ်ရင် ဒီလောက်နဲ့ ပြီးသွားမယ် မထင်နဲ့"
***
Bạn đang đọc truyện trên: Truyen247.Pro