Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 27

အပိုင်း(၂၇)

သရဲဘုရင်ရဲ့ ချစ်ဇနီးဆိုးလေး

နန်းတော် အဓိက ခန်းမဆောင်အတွင်းမှာ အမှုထမ်းနှစ်ယောက်က သူတို့ဦးခေါင်းကို မြေပြင်ပေါ်မှာ ဝပ်တွားထားပြီး အပြစ်ကင်းစင်မှုကို တောင်းဆိုနေတယ်။

မုချင်းချောင်မျက်နှာမှာ အညစ်ကြေးကို စားရလို့ မျက်နှာပျက်နေသလိုဖြစ်နေတယ်။ သူရဲ့ ရုပ်ဆိုး ရက်စက်တဲ့မျက်လုံးတွေက မလှုပ်မရှပ်နဲ့ စစ်သူကြီးယွမ်လော့ကို ကြည့်နေတယ်။အရှက်မဲ့တဲ့ ယွမ်လော့ ငါနင်ကို မတိုက်ခိုက်နိုင်လို့ပေါ့ ငါသာ သိုင်းပညာတော်ရင် မင်းကို အဝေးကို ကန်ထုတ်လိုက်ပြီးနော်။

“ယွမ်လော့ နင်အရှက်မဲ့တယ်ဆိုတဲ့ စကားလုံးကို နားလည်ရဲ့လား။ နင်တို့ တစ်မိသားစုလုံးက အရှက်မရှိတာလား။ နင့်မြေးက ဘာမှကိုမဖြစ်တာ အဆင်ပြေတယ်။ ငါ့မြေးကတော့ နင်တို့ ရိုက်လိုက်တာ သတိလစ်နေတယ်။ အရှင်မင်းကြီးလည်း ကောင်းကောင်းသိပါတယ်။ ဘယ်သူက အမှန်လည်း အမှားလဲဆိုတာကိုပေါ့။”

ယွမ်လော့ လှောင်ပြောင်စွာ ရယ်မောလိုက်တယ်။သူရဲ့ ခက်ထန်တဲ့ လွှမ်းမိုးတဲ့ မျက်လုံးတွေ ထက်မြက်တဲ့ ဓားသွားတတွေလိုပဲ။

“ငါ့မြေးလေးက အခုတော့ ဘေးကင်းနေတာပေါ့။ ငါတို့မိသားစု အစောင့်တွေက ကာကွယ်ပေးနိုင်တာကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်တော့ ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးသားကို ဆုံးရှုံးရတော့မလိုပေါ့။ ငါ့မြေးမလေးက ဘေးအန္တရယ်ကင်းနေပေမယ့်လည်း သူမ စိတ်ထိခိုက်ရတယ်။ နာကျင်ရတယ်။ ဒီနေ့ မင်းတို့တွေ ငါကို ဖြေရှင်းချက် မပေးနိုင်ရင် ငါ့စစ်တပ်တွေကို နင်တို့ အိမ်တော်ကို မြေကြီးပေါ် ခြေဆင်းရတဲ့ အထိ ဖျက်စီးမယ်။ ”

မုချင်းချောင်တစ်ယောက် ဒေါသထွက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်လာတယ်။ ခဏလောက် သူဒေါသကို လျော့ချနိုင်အောင် အသက်ပြင်းပြင်းရှုလိုက်ပြီ။ အရှက်မဲ့ အဘိုးကြီးကို တစ်ချက်မှ ကြည့်မနေတော့ပဲ ဘုရင်ကွမ်တုကို ကြည့်လိုက်တယ်။

“အရှင်မင်းကြီး ဘယ်သူက အမှန်အမှားလဲဆိုတာ ရှင်းလင်းအောင် ဆုံးဖြတ်ပေးပါ။”

သူ့သမီးအရင်းက ဘုရင်မင်းမြတ်ရဲ့ ချစ်လှစွာသော ကြင်ယာတော်။ သူ့မြေးမ မုဝူစွမ်းနဲ့ အိမ်ရှေ့စံမင်းသား ကွမ်လန်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တယ်။ ယွမ်လော့ဖုန်းသာ ဝင်မနှောက်ယှက်ရင် မုဝူစွမ်းက အိမ်ရှေ့စံမင်းသား ကြင်ယာတော် ဖြစ်နေတာ ကြာပြီးပေါ့။

သို့သော်လည်း မုဝူစွမ်းက အိမ်ရှေ့စံမင်းသားကြင်ယာတော်ဖြစ်မှာပါ။ နှောင်နှေးတာနဲ့ စောတာပဲ ကွာတာရှိမယ်။ ယွမ်လော့ဖုန်းလို အမှိုက်မက တိုင်းပြည်မိခင်ဆိုတဲ့ စကားလေးလုံးနဲ့ ဘယ်လိုလုပ် သင့်တော်မလဲ။

“ဒါ….”

ကွမ်တုလည်း တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုး ရန်ဖြစ်နေတဲ့ အမှုထမ်းနှစ်ယောက်ကို စိတ်ပျက်စွာ မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

“ဒီကိစ္စမှာ အတ်ချုပ်မုအိမ်တော်က မှားတယ်။ ယွမ်မိသားစုက ကိုယ့်ဘာသာ ကာကွယ်ရတာ။ မုရှန်းက ယွမ်မိသားစုအိမ်တော်ကို သွားရောက် တောင်းပန်ရမယ်။ ”

ဒီအချိန်မှာ ကွမ်တုတစ်ယောက် အမတ်ချုပ်မုအိမ်တော်ကိုနှစ်သက်လို့ ဘက်လိုက်လို့မရတော့ဘူး။ လုံယွမ်တိုင်းပြည်ဘေးကင်းဖို့အတွက် စစ်သူကြီးယွမ်လော့က အိမ်တော်က ၁၀နှစ်ကြာအောင်ထွက်ခွာသွားရတယ်။ သူ မုအိမ်တော်ကို နှစ်သက်လို့ ဆက်ပြီးတော့ ဘက်လိုက်နေရင် ပြည်သူတွေက သူကိုမကောင်းမြင်တော့မယ်။ သူအပေါ် ပိုအေးစက်ပြီး အထင်မြင်သေးလာလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပါလေ ယွမ်လော့ဖုန်းမိဘတွေကလည်း စစ်ပွဲမှာ သေဆုံးခဲ့ရတယ်။ ယွမ်အိမ်တော်မျိုးဆကိ ယွမ်ချင်ရာလည်း မုအိမ်တော်ကြောင့် သေဆုံးခဲ့ရတယ်။နောက်ဆုံးတော့ သူ မုအိမ်တော်ကို ဘက်လိုက်တဲ့ ရလဒ်တွေပဲလေ။ ဒီယွမ်လော့ဖုန်းက ယွမ်အိမ်တော်ရဲ့ တစ်ဦးတည်းသော ကျန်ရှိတဲ့ မျိုးဆက်။ သူမသာ တစ်ခုခုဖြစ်သွားရင်တော့ ဒီအဘိုးကြီး ဒီနေရာမှာတင် ရူးပြီး အကုန်လိုက်သတ်နေတော့မှာ ငါကိုယ်တော် ကြောက်မိတယ်။

“အရှင်မင်းကြီး”

“တော်သင့်ပြီး။” မုချင်းချောင် ပါးစပ်က မကျေမနပ်နဲ့ တစ်ခုခုပြောတော့မှာကို သိနေတာကြောင့် ကွမ်တု တားလိုက်တယ်။ သူ စစ်သူကြီး ယွမ်လော့ကို ဂုဏ်သိက္ခာရှိစွာ ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။

“ဒီကိစ္စကို ဒီနေရာမှာ အဆုံးသတ်မယ်။ မုရှန်းက ယွမ်လော့ဖုန်းကို အကြမ်းဖက်ခဲ့တယ်။ ဒါကြောင့် မုရှန်း တန်ပြန်တိုက်ခိုက်ခံရတယ်။ အလျော်ပေးလိုက်ရတယ်လို့ သဘောထားလိုက်တော့။ အားလုံးညီတူမျှတူပဲ။ယွမ်လော့ဖုန်းလည်း ဘာဘေးအန္တရယ်မှ မဖြစ်ခဲ့ဘူး။ နောင်ဆိုရင် ဒီပြသနာကို ဘယ်သူမှ ထပ်မပြောနဲ့တော့။ ”

မုရှန်းက ယွမ်လော့ဖုန်းကို အတင်းအဓမ္မကြံစည်ခြင်းတယ်ဆိုတာ ရှင်းနေခဲ့တာပဲလေ။ဒါပေမယ့် ကွမ်တု ပါးစပ်က အကြမ်းဖက်တာဆိုတဲ့ စကားကို သုံးနှုန်းတယ်။

ဒီစကားလုံးနှစ်လုံးက ခြားနားတယ်။ လုံးဝမတူညီနိုင်ဘူး။ စစ်သူကြီးယွမ်လော့ အတော်ကို စိတ်ပျက်မိတယ်။သူ မကျေနပ်တာ မဖြစ်သလို စကားဆိုလိုက်ရတယ်။

“အရှင်မင်းကြီးက ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်မျိုး နာခံပါမယ်။ ကျွန်တော်မျိုး အသက်လည်း ကြီးနေပါပြီ။ ဒါကြောင့် နောင်အနာဂတ်မှာ စစ်သည်တွေကို ဦးဆောင်ပြီး တိုက်ပွဲ မတိုက်နိုင်တော့ပါဘူး။ ဒီအမိန့်ပေးတံဆိပ်တော်ကို အရှင်မင်းကြီးကို ပြန်လည်ပေးအပ်ပါတယ်။ ”

ယွမ်လော့လည်း သူပြောချင်တာကိုပြောပြီးတော့ အင်္ကျိလက်ထဲမှ အမိန့်တံဆိပ်တော်ကို ကွမ်တုဘေးနားက ကုန်းကုန်းကို ပေးလိုက်တယ်။

ကုန်းကုန်းက တံဆိပ်ပြားကို ယူလိုက်ပြီးတော့ ကွမ်တုဘေးနားကိုသွားတာ ရိုသေစွာ ဆက်သလိုက်တယ်။

ကွမ်တုတစ်ယောက်လည်း ထောင်ပေါင်းများစွာသော စစ်သည်တွေကို ဘယ်လိုကိုင်တွယ် အုပ်ချုပ်ရမလဲဆိုတာ စိုးရိမ်နေခဲ့တာ။ ဒီအာဏာကို သူဘယ်လိုသုံးသင့်လဲဆိုတာ စိုးရိမ်နေခဲ့တယ်။ ဒီ အဘိုးကြီးက အရင်စပြောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့နှလုံးသားက ချက်ချင်းပဲ ပီတိတွေ ဖြာပြီးပေါက်ထွက်တော့သကဲ့သို့ ခံစားရတယ်။

Chapter-27

End

Bạn đang đọc truyện trên: Truyen247.Pro