Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

43

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(၄၃)မမလှလှ

သူမ ဒီတစ်ခေါက် ဆေးစံအိမ်ကို သွားတဲ့အချိန်မှာတော့ လူအများသိအောင် သွားတာမဟုတ်ပါဘူး။ ဆေးစံအိမ်ကို မရောက်မီ အဝေးတစ်နေရာမှာ တခြားလူတွေ မရိပ်မိအောင် လမ်းကြားတစ်ခုထဲ ပြေးဝင်လိုက်တယ်။ သူမပြင်ဆင်လာတဲ့ အဖြူရောင် ပိတ်စပါးလေးနဲ့ သူမ မျက်နှာ တစ်ဝက်ကို ဖုံးကွယ်လိုက်တယ်။

သူမနဲ့ အရမ်းရင်းနှီးတဲ့လူတွေကလွဲရင် တခြားပုံမှန်လူတွေက သူမကို မှတ်မိမှာ မဟုတ်ဘူး။

"နို့လက်ဖက်ရည်လေးကို သူမအင်္ကျိလက်ထဲမှာ သိမ်းထားပြီးတော့ ထွက်မလာဖို့ ပြောထားတယ်။"

အားလုံးပြင်ဆင်လို့ ပြီးဆုံးသွားတဲ့အခါ သူမ နိုလက်ဖက်ရည်လေးကို ခေါင်းပုတ်ပေးလိုက်ပြီး အထဲမှာ ပြန်နေခိုင်းလိုက်တယ်။ သူမနှုတ်ခမ်းက စွဲမက်ဖွယ်ကောင်းအောင် ပြုံးလိုက်တယ်။

"အခုချိန်မှာ ငါ့ စွမ်းအား လုံလုံလောက်လောက် မသန်မာသေးဘူး။ စိတ်စုစည်း ဆေးရည်ပိုင်ဆိုင်တဲ့လူက ငါဆိုတာကို တခြားလူတွေကို ပေးသိလို့ မဖြစ်သေးဘူး။ မဟုတ်ရင် ခွေးဘုရင်က ငါ့မိသားစုတွေကို အမှုဖန်တီးပြီးတော့ ဖျက်စီးလိမ့်မယ်။"

ရှောင်မို သူ့သခင်ပြောတဲ့စကားကို နားလည်တာကြောင့် သူဘာမှ ဝင်မပြောတော့ဘူး။ ယွမ်လော့ဖုန်း ထိုစကားတွေကိုပြောပြီးတာနဲ့ ဆူညံ့နေတဲ့ ဆေးစံအိမ်ကို ဦးတည် ထွက်လာခဲ့တယ်။

"ညီမငယ်လေး...ဆေးစံအိမ်ကို ဆေးမြစ်တွေ ဝယ်ဖို့လာခဲ့တာလား။ မျက်နှာ အုပ်ထားတယ်ဆိုတော့ တခြားလူတွေ ညီမမျက်နှာကို မြင်သွားမှာ စိုးရိမ်လို့လား။"

ယွမ်လော့ဖုန်း ဆေးစံအိမ်ကို ခြေလှမ်း စတင်ပြီးတော့ ဝင်လိုက်တာနဲ့ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးနဲ့ ကြိုဆိုတယ်။ အလွန်တရား လှပသော ပုံစံရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမအလှနဲ့ ယွမ်လော့ဖုန်းအလှက လှပဆုံးသော အမျိုးသမီးနှစ်ယောက်ပုံစံဖြစ်တယ်။ ယွမ်လော့ဖုန်းအလှက တိုင်းပြည်မှာ ပြိုင်ဘက်ကင်းတယ် ။တခြားလူတွေ နှိုင်းယှဉ်လို့မရဘူး။တခြားလူတွေ သူမအနားကို မချဉ်းကပ်ရဲလောက်အောင် တော်ဝင်တယ်။ လှပပြီး စွဲမက်ဖွယ်ကောင်းတယ်။ ချစ်ဖို့ကောင်းတယ်။

တခြားဘက်မှာ ထိုမိန်းကလေးက သူမရင်ဘတ်နဲ့ ဝမ်းဗိုက်သားတို့ကို လှစ်ဟာပြထားတယ်။ သူမအပြုံးတွေနဲ့ မျက်မှောင်ကြုတ်ခြင်းတွေမှာ ထောင်ပေါင်းများစွာသော ရမ္မက်လျှမ်းသော ခံစားချက်တွေ ဖြစ်ပေါ်နေတယ်။ သူမရဲ့ တစ်ချက်အကြည့်နဲ့တင် တခြားလူရဲ့ စိတ်ဝိဉာဉ်ကို ခိုးယူနိုင်တယ်။ ယောကျာ်းလေးတွေ မပြောနဲ့ မိန်းကလေးတွေလည်း သူမရဲ့ အပြောကောင်းတဲ့အသံလေးကို ကြားရင် သူတို့ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းပြီး ထုံထိုင်းသွားသလို ခံစားရစေတယ်။ ရွေးလျားလို့ မရနိုင်တော့သလိုပဲ။

(AN- ဖုန်းအာလေး ကိုကိုရေခဲကို ထားခဲ့ပြီးတော့ Yuri ဇာတ်လမ်းဆင်တော့မလား မသိ။)

တကယ်တမ်း ရုပ်ရည်ချင်းယှဉ်ရင်တော့ ယွမ်လော့ဖုန်းက သေချာပေါက်နိုင်မှာပါ။ ဒီမိန်းကလေးရဲ့ မြူစွယ်ဖျားယောင်မှုနဲ့တော့ ယှဉ်ပြိုင်လို့ မရပါဘူး။

"ဆိုင်ရှင်လင်း မရှိဘူးလား။ အပြုံးလေးနဲ့ ယွမ်လော့ဖုန်းတစ်ယောက် မြူစွယ်ဖျားယောင်တတ်တဲ့သော မိန်းကလေးကို ကြည့်လိုက်တယ်။ သေးသွယ် ယိမ်းယိုင်နေတဲ့ ထိုမိန်းလေးခါးနားကို လမ်းလျှောက်သွား လိုက်တယ်။"

ဆိုင်ရှင်လင်းဆိုတာ သူမကို အမြဲကြိုဆိုတဲ့ လင်းရှောင်ပါ။ လင်းရှောင်က ဖောက်သည်တွေ အများကြီးနဲ့ သိတာကြောင့် ယွမ်လော့ဖုန်းမေးတဲ့ မေးခွန်းကို မအံသြနေတော့ဘူး။

"ဟား....." ထိုမိန်းကလေးက ချစ်စရာကောင်း တခစ်ခစ်ရယ်မောနေတယ်။ သူမဆံနွယ်တွေကို ပွတ်သပ်နေရင် ပျံတံတံ နန့်တန့်တန့် ပြောတယ်။

"ငါတို့ ဆေးစံအိမ်တော်ရဲ့ တိုးတက်တဲ့ လုပ်ဆောင်ချက်အရ ဒီတစ်ကြိမ်တော့ အစ်မလည်း ဝယ်သူဖောက်သည်တွေ အများကြီးရသင့်ပါတယ်နော်။ ညီမငယ်လေး လိုအပ်တာကို ဒီက မမကိုပြောလေ။ ဒီက မမကြီးက ညီမလေးငယ် လိုအပ်တာကို သင့်တော်အောင် ဖြည့်ဆည်းပေးနိုင်ပါတယ်နော်။"

"ရှင်တို့ ဆေးစံအိမ်က ဆေးရည်တွေ ပြန်လက်ခံတယ် ကြားတယ် ။ဒီဆေးရည်ကို ဘယ်လောက်တန်ဖိုးပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။"

"ညီမငယ်လေး ဒီဆေးရည်ရဲ့ အကျိုးသက်ရောက်မှုကို ပြောပေးနိုင်မလား။" ထိုမိန်းကလေးက ယွမ်လော့ဖုန်းလက်ထဲက ကြွေပုလင်းလေးကို ယူလိုက်တယ်။ သူမအပြုံးက ပိုပြီး ချစ်ဖို့ကောင်းပြီး အသက်ဝင်လာတယ်။

"စိတ်စွမ်းလေ့ကျင့်သူတွေကို အားထုတ်မှု တစ်ဝက်တည်းနဲ့ အကျိုးနှစ်ဆဖြစ်စေတဲ့ စိတ်စုစည်းဆေးရည်ပါ။ သို့သော်လည်း အမြင့်အဆင့် အောက် စိတ်စွမ်းအားလေ့ကျင့်သူတွေ အတွက်သာ အသုံးဝင်ပါတယ်။ စိတ်စွမ်းအားလေ့ကျင့်သူက အမြင့်အဆင့်ကို ရောက်သွားတာနဲ့ အကျိုးသက်ရောက်မှု မရှိတော့ဘူး။"

ထိုအမျိုးသမီးမျက်နှာက အပြုံးလေးက အေးခဲသွားပြီးတော့ သူမအသက်ရှင်သံက လေးလံလာသလို ခံစားရတယ်။

"ဒါဆို ....တကယ်ပဲ စိတ်စုစည်း ဆေးရည်ပေါ့။ စိတ်စွမ်းအားလေ့ကျင့်တာကို ကူညီပေးနိုင်တယ်လား"

"မှန်ပါတယ်။ တကယ်ပဲ အဆင့်နိမ့် စိတ်စွမ်းအားလေ့ကျင့်သူတွေကို အကျိုးသက်ရောက်စေတယ် ဆေးရည်ပေါ့။ အသုံးပြုရမှာက ဆေးရည်ကို ရေနဲ့ရောရပါမယ်။ စိတ်စွမ်းအားလေ့ကျင့်နေစဉ် ဆေးရည်နဲ့ ရေချိုးေ နရမယ်။ ဆေးရည်က စိတ်စွမ်းအင်တွေ စုစည်းနိုင်ဖို့ ကူညီလိမ့်မယ်။"

ယွမ်လော့ဖုန်း ထိုမိန်းကလေးရဲ့မေးခွန်းကို ခေါင်းညိတ်ပြရင်ဖြေလိုက်တယ်။

မိန်းမငယ်လေးရဲ့ စကားလုံးတွေကို ကြားပြီးနောက် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးမျက်နှာ ပျောက်ကွယ်သွားပြီးတော့ တည်ကြည်တဲ့ပုံစံဖြစ်သွားတယ်။

"ညီမလေးငယ်လေး.... ဒီစိတ်စုစည်းဆေးရည်အတွက် မမက ကိုယ်တိုင် ဆုံးဖြတ်ပေးလို့ မရဘူး။ မမ...ရုန်းအကြီးကဲကို သွားမေးလိုက်မယ်။ ရုန်းအကြီးကဲက တန်ဖိုးကို ဆုံးဖြတ်ပေးလိမ့်မယ်။ အဆင်ပြေတယ်မလား။"

Chapter-43

End

Bạn đang đọc truyện trên: Truyen247.Pro