Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

733 to 751 Unicode

Book30
733+734

အပိုင်း(၇၃၃)
ကြမ္မာငင်သော လင်းလောရှင်း (၇)

လူစုထဲမှ တစ်စုံတစ်ယောက်က အားလုံးတွေးနေတဲ့ မေးခွန်းကို မေးလိုက်တယ်။

ရှောင်မိုလည်း မျက်တောင်ခတ်ကာ ရွက်ဖျင်တဲ သယ်ဆောင်ဖို့ သုံးတဲ့ ဧရာမ အိတ်ကြီးကို လက်ညိုးထိုးပြလိုက်တယ်။
“သားက အရမ်းပျင်းလွန်းတော့ လမ်းမလျှောက်ချင်ဘူး … ဒါကြောင့် လမ်းခရီးတစ်လျှောက်လုံး အိတ်ထဲမှာ နေခဲ့တာ”

အမှန်တော့ သူက ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေထဲ ရောက်နေတာပါ။ ဒီလူတွေ ယွမ်လော့ဖုန်းကို စော်ကားမော်ကား ပြောဆိုနေတာကို ကြားပါတယ်။သူ့မှာ ဒေါသဖြစ်လွန်းလို့ စိတ်မထိန်းနိုင်တော့လို့ ထွက်လာခဲ့ရတာ။

“တခြားမေးခွန်းတစ်ခု မေးချင်သေးတယ်.. ဦးတို့ ကြားတာတော့ သားရဲ့ဖေဖေနဲ့မေမေက လက်ထပ် ထိမ်မြားခြင်း အထမမြောက် ရသေးလို့ ဖေဖေက ပြောထားတယ်… ဒါဆို သားသားကို ဘယ်လိုရလာတာလဲ”

ရှောင်မိုလည်း ခေါင်းမော့လိုက်တယ်။
“လက်ထပ်ထိမ်မြားခြင်း အထမြောက်တယ်ဆိုတာ ဘာများလဲ…စားလို့ရလား”

“…”

ထိုလူမှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဒါနဲ့ သူလည်း ဆက်မေးလိုက်တယ်။
“ဆိုလိုချင်တာက အခန်းတစ်ခုထဲမှာ နှစ်ယောက်အတူတူ အိပ်တာပေါ့… ခန္ဓာကိုယ်ချင်း ထိတွေ့မှုလဲ ရှိခဲ့လား ။  နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် လုံးထွေး ယှက်တင်နေလား”

“ဦးဦးက နပန်းသတ်တာကို ပြောချင်တာလား”
ရှောင်မိုရဲ့မျက်နှာက ပြောတိုင်း ယုံတတ်တဲ့ ကလေးငယ်လေးလို ဖြူစင်စွာ ပြုံးပျော်နေခဲ့တယ်။
“ဖေဖေနဲ့ မေမေက ညဆို နပန်းသတ်တယ်…ဒါပေမဲ့ မနေ့ညတုန်းက အိပ်ရာပေါ်မှာ ဖေဖေနဲ့မေမေ နပန်းသတ်ရင်း မေမေရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက သွေးကျလာတယ်… ဒါပေမဲ့ ခဏလေးတော့ မဟုတ်ဘူး”

နပန်းသတ်တယ်လား

ကလေးရဲ့စိတ်ထဲမှာတော့ သူ့မိဘ နှစ်ပါး အိပ်ရာထဲ လူးလိမ့်နေတာကို နပန်းသတ်ခြင်းနဲ့ အတူတူပဲလို့ ထင်ခဲ့တယ်။ ခန္ဓာကိုယ်အောက်ပိုင်း ဘယ်နေရာက သွေးထွက်ခြင်းလဲ။

သူ့အမေရဲ့ လစဉ် ရာသီသွေး လာခြင်းကို ပြောချင်တာ မဖြစ်နိုင်ဘူးလား။

ယွမ်လော့ဖုန်းလည်း ရှောင်မိုကို ကြည့်လိုက်သော်လည်း ဘာစကားတစ်ခွန်းမှ မပြောဘဲ သူမရှေ့မှာ ရပ်နေတဲ့ လူတိုင်းကို အေးတိအေးစက် ကြည့်လိုက်တယ်။

ထိုစဉ် အားလုံးရဲ့ အကြည့်က လူငယ်လေးပေါ် ကျရောက်လာခဲ့ရော…အားလုံးရဲ့မျက်နှာအမူအရာက အံ့ဩတုန်လှုပ်ခြင်းမှ အထင်မြင်သေးခြင်းသို့ ပြောင်းလဲသွားတယ်။

လင်းလောရှင်းပေါ် သက်ရောက်နေတဲ့ ယွမ်ရှောင်ရဲ့ ဖိအားများလည်း ပျောက်ကွယ်သွားတော့ သူမလည်း အလျင်စလို လူငယ်လေး အနားသွားကာ ပါးရိုက်လိုက်တယ်။

“ရှင် ဘာကြောင့် ဒီလို လုပ်ရတာလဲ”
လင်းလောရှင်းမှာ သူမရဲ့ခန္ဓာကိုယ် တုန်ခါတဲ့အထိ ဒေါသထွက်ရပါတယ်။
“ရှင်က သူမကို မတော်တရော် လုပ်ချင်တဲ့အပြင် သူမကို အပြစ်ဖို့ဖို့ ကြိုးပမ်းတယ်… ရှင့်ရဲ့အပြုအမူက မြို့စားမင်း အိမ်တော်ရဲ့မျက်နှာကို မထောက်ထားတာပဲ”

လူငယ်လေးမှာ နှုတ်ဖွင့်ဟပြီး တစ်စုံတစ်ရာကို ပြောလိုက်ချင်တယ်။ ဒါတွေ အားလုံး ခင်ဗျားရဲ့ အကြံလို့ အော်ပြောလိုက်ချင်တယ်။

တကယ်တမ်း လက်တွေ့မှာတော့ လင်းလောရှင်းရဲ့ အမုန်းပြည့်နှက်နေတဲ့ မျက်နှာနဲ့ ရင်ဆိုင်ရတော့ သူ့မှာ ဘာပြောရမှန်းတောင်  မသိတော့ဘူး။ စကားတစ်ခွန်းမျှ  မပြောရဲတော့ဘူး။

“ဒါတွေ အားလုံးက သူတို့ကို တင်းတင်းကျပ်ကျပ် စည်းကမ်း မသတ်မှတ်မိခဲ့တဲ့ ကျွန်မရဲ့ အမှားပါ… ကျွန်မ သိပါတယ် သိပါတယ် ကျွန်မကြောင့် မိန်းကလေး နာကျင်ခံစားရတယ် ကျွန်မရဲ့သေဆုံးခြင်းနဲ့ပဲ မိန်းကလေးကို တောင်းပန်နိုင်ပါတယ်”
လင်းလောရှင်းလည်း မျက်ဝန်းများကို ပိတ်ကာ လက်ကိုမြှောက်ရင်း သူမဦးခေါင်းကို သူမ ရိုက်တော့မယ် ပုံစံ ဟန်ပြင်လိုက်တယ်။

သူမ မသေနိုင်မှန်း သူမ သိနေတယ်လေ။ ဒီလူတွေက သူမကို သေခွင့်ပြုမှာ မဟုတ်ဘူး။ ဒီလူတွေထဲမှာတော့ ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းတို့တော့ မပါဝင်ဘူး။

သူမရဲ့ဦးခေါင်းကို ထိဖို့ ဟန်ပြင်နေတဲ့ချိန် တစ်စုံတစ်ယောက်က သူမရဲ့လက်ကို အလျင်အမြန်ဖမ်းကာ သူမကို ဒေါသထွက်နေသော အသံနဲ့ စကားပြောလာခဲ့တယ်။
“လောရှင်း… ဘာလုပ်ဖို့ တွေးနေတာလဲ… သမီးရဲ့အမှား မဟုတ်ဘူး”

“မဟုတ်ဘူး…သမီးရဲ့ အမှားပါ”
လင်းလောရှင်းလည်း မျက်လုံးဖွင့်လိုက်တော့ သူမရဲ့ အမြင်အာရုံက လင်းယွမ်အပေါ် ကျရောက်သွားတယ်။
“သမီးရဲ့အမှားပါ… အစက သမီးလေ…ပညာရှင်တစ်ယောက်ဆီ ဖူးစာ ကျောက်တုံးလေး ဝယ်ခဲ့တယ် တိုက်ဆိုင်စွာနဲ့ အဲဒီကျောက်တုံးက လူငယ်လေးရဲ့ဦးခေါင်းပေါ် ပြုတ်ကျသွားတယ်”

လင်းလောရှင်းလည်း ယွမ်ရှောင်ကို စွေးခနဲ ကြည့်ကာ သူမရဲ့နှုတ်ခမ်းကို အတင်းဖိကိုက်လိုက်တယ်။

“အဲပညာရှင် ပြောတာတော့ ဖူးစာကျောက်တုံးနဲ့ ထိတဲ့လူက သမီးရဲ့ဖူးစာရှင်တဲ့၊ ဒါပေမဲ့သူ့မှာ ဇနီးသည် ရှိနေတယ်။ အဲ့လိုနဲ့ အာကျွင်းက သူ့ဇနီးကို ဖြားယောင်ချင်ခဲ့တယ်… သူတို့နှစ်ဦးကို ခွဲခွာချင်တဲ့ မျှော်လင့်ချက်နဲ့ပါ”
လင်းလောရှင်းရဲ့မျက်ဝန်းမှာ မျက်ရည်များ ပြည့်လျှံနေခဲ့တယ်။
“ဖေဖေ…ဒါက သမီးရဲ့အမှားပါ…သမီးကြောင့် အာကျွင်းက အမှားကျူးလွန်မိတာပါ တောင်းပန်တဲ့အနေနဲ့ သမီးရဲ့အသက်ကို စွန့်ပါရစေ”

“မလုပ်ရဘူး လောရှင်း။ သမီးလေး မမှားဘူး..ဖူးစာကျောက်တုံးက သူ့ကို ရွေးချယ်ပြီးပြီ သူက သမီးရဲ့ ဖူးစာရှင်ပဲ.. သမီးနဲ့နောက်ကျမှ တွေ့လို့…သမီးက သူနဲ့ လွဲချော်ခဲ့ရတာပါ”
လင်းယွမ်လည်း လင်းလောရှင်းရဲ့လက်မောင်းကို တင်းကျပ်အောင် ဆုပ်ကိုင်ရင်း ခံစားချက် အပြည့်နဲ့ ပြောနေတယ်။
“စိတ်ချလိုက်… သမီး ပိုင်ဆိုင်သင့်တာ ပိုင်ဆိုင်ရမယ်..ဘယ်သူမှ မခိုးယူစေရဘူး”

Chapter-733
End

အပိုင်း(၇၃၄)
ကြမ္မာငင်သော လင်းလောရှင်း (၈)

လင်းလောရှင်းလည်း မျက်လွှာချထားကာ သူမရဲ့ယုတ်မာတဲ့ စိတ်ထားကို ဖုံးကွယ်ကာ စိတ်အားနည်းသော ပုံစံ ဟန်ဆောင်နေတယ်။ သူမရဲ့အဖေ ပြောတာမှန်တယ်။ သူမပိုင်ဆိုင်တာကို အမြဲတမ်း သူမပဲ ပိုင်ဆိုင်ရမယ်၊ တခြားသူ ခိုးယူလို့ မရဘူး။

“လောရှင်း”
လင်းယွမ်ရဲ့မျက်နှာအမူအရာက ပိုနူးညံ့သိမ်မွေ့လာတယ်။
“ဒီကိစ္စက သမီးလေးနဲ့ မသက်ဆိုင်ဘူး။ သမီး တာဝန်ယူဖို့ မလိုအပ်ဘူး… ဖေဖေက သမီးကို ကာကွယ်ပေးမယ်… သမီးဘက်က အမြဲရပ်တည်ပေးမယ်”

လင်းလောရှင်းလည်း ခေါင်းမော့လိုက်သော်လည်း သူမရဲ့မျက်ဝန်းမှာ လိပ်ပြာမလုံတဲ့ ခံစားချက်များ ရှိနေတုန်းပါ။
“ဖေဖေ…အစတည်းက သမီးရဲ့အမှားပါ…တောင်းပန်တဲ့ အနေနဲ့ သမီးရဲ့အသက်ကို မစွန့်ရရင် သမီးရဲ့စိတ် ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး”

ယွမ်ရှောင်ရဲ့ ကြမ်းတမ်းသော အပြုအမူကြောင့် တခြားသူတွေမှာ စကားဝင်မပြောရဲဘူး။ ဒါပေမဲ့ ယွမ်လော့ဖုန်းကို ဒေါသ မျက်ဝန်းများဖြင့်သာ ကြည့်နေခဲ့တယ်။

သခင်မလေး လောရှင်းလို ကြင်နာတတ်တဲ့ စိတ်နှလုံးသား ရှိတဲ့ မိန်းကလေးကို သူတို့တွေက ရှက်ဖို့ကောင်းတဲ့ အခြေအနေရောက်အောင် တွန်းပို့ရက်တယ်။ သူတို့ကိုယ်သူတို့ မရှက်မိဘူးလား။ ဒီကိစ္စကလည်း မြို့စားမင်းအိမ်တော်က ယောကျ်ားတစ်ယောက်ရဲ့ ထင်ရာစိုင်းတဲ့ အပြုအမူ သခင်မလေး လင်းလောရှင်းနဲ့ လုံးဝ မသက်ဆိုင်ဘူး… ဒါကြောင့် သူမက ဖြူစင်တယ်။

ယွမ်လော့ဖုန်းလည်း ပြုံးကာ လင်းလောရှင်းကို ကြည့်လိုက်တယ်။
“တောင်းပန်တဲ့ အနေနဲ့ အသက်စွန့်ချင်ရင်လဲ နင် ချက်ချင်း သေနိုင်တယ်။ ယွမ်ရှောင်…. လင်းယွမ်ကို ထိန်းထားလိုက်… ဒီမိန်းမ တကယ် သတ်သေရဲလား ကျွန်မ ကြည့်ချင်တယ်”

ယွမ်လော့ဖုန်းရဲ့ အမိန့်ကို ကြားတော့ ယွမ်ရှောင်လည်း လင်းယွမ်အနား ချက်ချင်း ရောက်သွားကာ သူ့လက်နဲ့ ပခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်။

လင်းယွမ်ရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားရတယ်။ သူ့ထိန်းချုပ်မှုက လွတ်မြောက်ချင်သော်လည်း သူ့ပခုံးပေါ် ကတ်တီ ထောင်ပေါင်များစွာ တင်ထားသလို ခံစားရတယ်။ အနည်းငယ်လေးတောင် လှုပ်ရှားလို့ မရဘူး။ နောက်ဆုံးတော့ ကြောက်စိတ် မွှန်လာပြီး သူ့မျက်နှာအသားအရောင်က သွေးဆုတ်လာရတယ်။

“နင့်မှာ ဆက်ပြီးတော့ သတ်သေချင်တဲ့ ရည်ရွယ်ချက် ရှိသေးလား”
ယွမ်လော့ဖုန်းရဲ့အပြုံးက ရက်စက်မှု အပေါင်း သရဖူဆောင်းထားတယ်။
“အခု ငါ နင့်ကို ချက်ချင်း အခွင့်အရေး ပေးထားတယ်”

လင်းလောရှင်းရဲ့ခန္ဓာကိုယ်က တုန်ယင် အဖျားတက်သလို တဆတ်ဆတ်  တုန်နေတယ်။ ယွမ်လော့ဖုန်းဘက်ကို လှည့်ကာ နှုတ်ခမ်းကို ဖိကိုက်ထားတယ်။

“ငါ…”

“ဘယ်တုန်းကမှ နင့်ကို သတ်သေဖို့ တွန်းအား မပေးခဲ့ဘူး… တောင်းပန်တဲ့အနေနဲ့ အသက်စွန့်ချင်တာ နင်…။ နင့်ဘက်က ဒီလို ပြောလာတော့လည်း အမှန်တရားကို လက်သင့်ခံနေတော့ ဆက်လုပ်လိုက်တော့။ တခြားသူရဲ့ သနားညှာတာမှုကို ရယူပြီး လှည့်ဖျားချင်လို့ ဒီလို စကားမျိုး ပြောတယ်လို့တော့ ငါ့ကို မပြောနဲ့”

“နင် မဟုတ်မမှန် မပြောနဲ့”
လင်းလောရှင်းမှာ အရှက်ခွဲခံလို့ ဒေါသထွက်ကာ လက်သီးကို ကျစ်အောင် ဆုပ်ထားတယ်။

“ငါက အမှန်အတိုင်းပြောခဲ့ရုံပါ”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“နင့်ဘက်က ကတိ မတည်ရင်တော့ လိမ်ညာပြောတယ်လို့ မှတ်ယူရမှာပဲ… မြို့စားမင်း အိမ်တော်က သက်တော်စောင့် ကျူးလွန်တဲ့ ပြစ်မှုက နင် ညွှန်းကြားလို့ ဖြစ်နိုင်တယ်”

လင်းလောရှင်းရဲ့မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတယ်။ဒီကနေ့ သူမဘက်က ကတိမတည်ရင် အများရဲ့ယုံကြည်မှုကို သေချာပေါက် ဆုံးရှုံးရမယ်။ ဒီအကြောင်းကိုတွေးမိတော့ သူမရဲ့လက်ကို သူမရဲ့ဦးခေါင်းရှိရာသို့ ဖြည်းဖြည်းချင်း  ဦးတည်လိုက်တယ်။

“သခင်မလေး လောရှင်း… ဒီမိန်းမရဲ့ ဆွပေးတဲ့ စကားကို နားမယောင်ပါနဲ့… ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးက ရူးမိုက်တဲ့ အပြုအမူမျိုး လုပ်မှာ မဟုတ်ဘူး။

အားလုံးက အတော်လေး စိတ်လှုပ်ရှားနေသော်လည်း ဘယ်သူမှ ထွက်ပြီး လင်းလောရှင်းကို မတားဆီးရဲဘူး။ ယွမ်ရှောင်ကို မယှဉ်ရဲလို့ အပြင် ဘယ်သူမှ ကိုယ်သေတွင်း ကိုယ် မတူးချင်ဘူး။ ဒီပြင် မြို့စားမင်းကလည်း ထိန်းချုပ်ခြင်းကို ပြန်လည် တိုက်ခိုက်ခြင်း မရှိဘူး။ သခင်မလေး လင်းလောရှင်း သေဆုံးမှာကို ဘာမှမလုပ်ဘဲ ဒီအတိုင်း လက်ပိုက် ကြည့်တော့ မလို့လား။

လူတိုင်းရဲ့စိုးရိမ်နေတဲ့ အကြည့်အောက်မှာ လင်းလောရှင်းရဲ့ လက်က ဦးခေါင်းပေါ် ရောက်နှင့်နေပါပြီ။ နည်းနည်းလောက် အားစိုက်လိုက်ရုံနဲ့ သူမရဲ့ဦးခေါင်း ကွဲထွက်သွားနိုင်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး သူမဘက်က လှုပ်ရှားမှု မရှိခဲ့ဘူး။ သူမရဲ့ အင်မတန် ဖြူဖျော့နေတဲ့ မျက်နှာက လေထဲမှာ စုတ်ဖြဲလို့ ရတဲ့ စာရွက်ဖြူလိုပါပဲ။

“ဘာလဲ…နင် မလုပ်ရဲဘူး မလား”
ယွမ်လော့ဖုန်းလည်း လင်းလောရှင်းအနား ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်တယ်။
“ဒီလိုဆိုတော့ ငါ့အကူညီ လိုအပ်သေးလား… နင်ဘက်က ဆုံးဖြတ်ပြီးပြီဆိုတော့ ငါက ဆန္ဒဖြည့်ဆည်းပေး ရမှာပေါ့ ဟုတ်တယ်မလား”

ယွမ်လော့ဖုန်းနဲ့ နီးကပ်လာလေလေ လင်းလောရှင်းရဲ့မျက်ဝန်းမှာ ချောက်ချားမှုများ ပြည့်လျှံလာရတယ်။ ဗိုင်းခနဲ အသံနဲ့အတူတူ သူမလည်း ယွမ်လော့ဖုန်းအနား တဟုန်ထိုး ပြေးသွားလိုက်တယ်။

Chapter-734
End

Book(30)

735+736
အပိုင်း(၇၃၅)
ကြမ္မာငင်သော လင်းလောရှင်း (၉)

ယွမ်လော့ဖုန်းလည်း တစ်ဖက်သို့ ယိမ်းယိုင်ကာ လင်းလောရှင်းရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။ သူမရဲ့နှုတ်ခမ်းထောင့်ကို မသိမသာလေး တွန့်ကွေးကာ သူမရဲ့အပြုံးကို မြှင့်တင်လိုက်တယ်။
“တောင်းပန်ဖို့ အသက်စွန့်ချင်တယ်လို့ နင်ပြောခဲ့တယ်မလား… ဘာဖြစ်လို့လဲ… နင့်ဘက်က ဆက်မလုပ်နိုင်တော့ဘူးလား”

ရွက်ဖျင်တဲ အတွင်းမှာ ရှိတဲ့ လူအားလုံးရဲ့အကြည့်က လင်းလောရှင်းအပေါ် ကျရောက်လာတယ်။ သူတို့ရဲ့မျက်ဝန်းများက သို့လောသို့လော တွေးတောနေကာ နားမလည်နိုင်ပါ။ ဘာကြောင့်များ လင်းလောရှင်းဘက်က အရင်းဦးဆုံး တိုက်ခိုက်ရလဲ။

သံသယ အကြည့်များနဲ့ ရင်ဆိုင်ရတော့ လင်းလောရှင်းလည်း နွမ်းလျစွာ သက်ပြင်းချလိုက်တယ်။
“တောင်းပန်ပါတယ်… ကျွန်မကို တခြားသူ အထင်မြင်သေးမှာ စိုးရိမ်လို့  တောင်းပန်ဖို့ အသက်စွန့်မယ်လို့ ကြံရွယ်ခဲ့တယ်… ဒါပေမဲ့ ကျွန်မရဲ့စိတ်ကို လျော့တွက်ခဲ့တယ်… သေလုဆဲဆဲ အချိန်ရောက်တော့ ကြောက်လန့်လာတယ်”

သူမလည်း မျက်လွှာကို ဖွင့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
“သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်  မကြောက်လန့်သူ မရှိဘူးလို့ ကျွန်မ ယုံကြည်တယ်…စောစောက အလိုအလိုက်ပြုမူတဲ့ အပြုအမူပါ… ဒါက အားလုံးကို ကျွန်မက လိမ်ညာတယ်လို့ မဆိုလိုပါဘူး”

လူတိုင်းလိုလိုက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ကြတယ်။ သခင်မလေး လောရှင်းပြောတာ မမှားဘူး သေခြင်းနဲ့ ပက်ပင်းတိုးရင် လူတိုင်းက အလိုအလျောက် တုံ့ပြန်တတ်ကြတယ် ။ ဒါကြောင့် သူမရဲ့စကားကို ပြန်လည်ရုပ်သိမ်းရင်တောင်  ခွင့်လွှတ်နိုင်လို့ ရပါတယ်။

ယွမ်လော့ဖုန်းလည်း လင်းလောရှင်းကို ကြည့်ကာ တစ်ဖက်မှာ ရပ်နေတဲ့ လူငယ်လေးအနား ဖြည်းဖြည်းချင်း လမ်းလျှောက် သွားလိုက်တယ်။

“ကျွန်မ ရှင့်ကို အခွင့်အရေး တစ်ခုပေးမယ်… ရှင့်ကို ဘယ်သူ အမိန့်ပေးတာလဲ”

လူငယ်လေးရဲ့မျက်နှာက သွေးဆုတ်သွားရပြီး အံကြိတ်ကာ စကားပြောတယ်။
“ငါ့အကြံအစည်ပါ”

ယွမ်လော့ဖုန်လည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ရှင့်ဘက်က ဝန်မခံရင်တော့ ကျွန်မ ဘာလုပ်မိမလဲ အာမ မခံဘူး”

လူငယ်လေးရဲ့မျက်ဝန်းများက ထိတ်လန့်မှုကို ဖော်ပြနေသော်လည်း ပြောပုံဆိုပုံက အရင်လို ခေါင်းမာတုန်းပါ။

“မင်းကို မကောင်းကြံခဲ့တာ ငါ့ရဲ့စိတ်ကူးပါ…ဘာအမှန်တရားကို မင်းက ပြောစေချင်တာလဲ။ ငါ့ဘက်က အမှန်ကို ပြောနေတာပဲ”

ယွမ်လော့ဖုန်း ထေ့ငေါ့လိုက်တယ်။
“သိပ်မကြာခင်ကမှ ထူးခြားတဲ့ ဆေးမြစ်ကို လက်ဆောင်ရ ထားတယ်”

“ဘာများလဲ”
လူငယ်လေးလည်း နားမလည်နိုင်စွာ တွေတွေ ကြီး ဖြစ်သွားတယ်။ နားမလည်နိုင်ပုံပေါက်နေတဲ့ လူငယ်လေးရဲ့အဖြစ်ကို သတိထားမိတာကြောင့် ယွမ်လော့ဖုန်းလည်း ဆက်ရှင်းပြလိုက်တယ်။
“ဒီဆေးမြစ်က အတော်လေး အသုံးဝင်တယ်… ရှင့်ဘက်က အမှန်တရားကို ပြောရင် ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ရှင် လိမ်ရင်တော့ ရှင့်ကို မီးလို တောက်လောင်စေပြီး အဆုံးအစမဲ့တဲ့ နာကျင်မှုကို ခံစားစေမယ်”

လူငယ်လေးရဲ့ခန္ဓာကိုယ်က တုန်ယင်နေပြီး လွတ်မြောက်ချင်လာတယ်။ သို့သော်လည်း ရွက်ဖျင်တဲမှ ထွက်ပြေးဖို့ အခွင့်အရေး မရခင်မှာဘဲ သူ့ကို ယွမ်လော့ဖုန်းက ထိန်းချုပ်လိုက်တယ်။

ယွမ်လော့ဖုန်းက သူ့ပါးစပ်ကို အတင်းအကျပ် ဖွင့်ကာ သူ့ကို အတင်း ဆေးတိုက်တယ်။ခါးသက်သော အရည်များက သူ့နှုတ်ခမ်းထောင့်မှ စီးဆင်းလာခဲ့တယ်။ ခါးသက်လွန်းလို့ သူ့မှာ အလျင်စလို အန်ထုတ်မိတယ်။ ကံဆိုးရှာတော့ သူ့ခန္ဓာကိုယ်ထဲ ဆေးရည်များ ဝင်သွားခဲ့ပြီ ဆေးမြစ်ကို အန်ထုတ်မယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး။

“ မင်း ငါ့ကို ဘာတိုက်လိုက်တာလဲ”
ကြောက်စိတ် မွှန်နေသော မျက်နှာဖြင့် သူ့လည်ပင်းကို အတင်းအကျပ် ဆုပ်ကိုင်ကာ မေးလာခဲ့တယ်။

“ရှင့်ကို အမှန်ပြောစေမယ့် ဆေးရည်ပေါ့”

ယွမ်လော့ဖုန်းလည်း သူ့ကို ကြည့်ကာ မေးလိုက်တယ်။
“ရှင့်နာမည်ပြော”

လူငယ်လေးလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“လင်းကျွင်း”

“အသက်ပြော”

“၁၇”

မေးခွန်း နှစ်ခု ဖြေချိန်မှာ သူက ဘေးကင်းကင်းပါပဲ။ ယွမ်လော့ဖုန်းလည်း ပြောနေတဲ့ အသံအနေထားကို ပြောင်းလဲကာ ဆက်လက် မေးလိုက်တယ်။
“ကျွန်မကို မကောင်းကြံဖို့ ဘယ်သူ ခိုင်းစေတာလဲ”

“ငါ…. အား…”

သူ ပြောလို့ မပြီးခင် လင်းကျွင်းရဲ့ စိတ်ဝိညာဉ်မှာ လောင်ကျွမ်းသလို ခံစားရပြီး နာကျင်ရလွန်းလို့ သံကုန်ဟစ်တော့တယ်။

လင်းလောရှင်းရဲ့မျက်နှာထား ပြောင်းလဲသွားခဲ့ပြီ စိတ်လေးလံလာရတယ်။သူ့ကို တားဆီးနိုင်မယ်လို့ ထင်ခဲ့သော်လည်း နောက်ကျသွားခဲ့တယ်။

“ငါပြောမယ်.. ငါ အမှန်တိုင်း ပြောမယ်… ညဘက် မင်းဆီကို လာခဲ့ဖို့ ပြောတာ သခင်မလေး လောရှင်းပါ မင်းဘေးနားမှာ ရှိနေတဲ့ အမျိုးသား အဝေးထွက်သွားဖို့ နှစ်တစ်ရာဆေးမှုန့်ကို  သုံးခဲ့တယ်…အဲနောက် သူမက မင်းရွက်ဖျင်တဲထဲ သွားဖို့ပြောတယ်”

ပြင်းထန်သော နာကျင်မှုကို အလူးအလဲ ခံစားရတော့ သူ့မှာ နည်းနည်းလေးတောင် အမှန်တရားကို မဖုံးကွယ်ရဲဘူး။ အားလုံးကို ဖော်ထုတ်ခဲ့တယ်။ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ဖြေလို့ပြီးတော့ မီးတောက်ကဲ့သို့ ပြင်းထန်သော နာကျင်မှုက ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။

Chapter-735
End

အပိုင်း(၇၃၆)
ကြမ္မာငင်သော လင်းလောရှင်း (၁၀)

စက္ကန့်ပိုင်းလေးအတွင်းမှာ အားလုံးရဲ့အမြင်အာရုံက လင်းလောရှင်းပေါ် ကျရောက်လာပြီး သူတို့ရဲ့မျက်နှာ အသားအရောင်က အစိမ်းရောင်မှ အဖြူ …အဖြူမှာ အမည်းရောင်သို့ ပြောင်းလဲသွားတော့တယ်။

သူလည်း ခြေလှမ်းကျဲကျဲ လှမ်းကာ နောက်တစ်ခေါက် လူငယ်လေးကို ခပ်ကြမ်းကြမ်း ပါးရိုက်ချလိုက်တယ်။
“နင်… သူရဲဘောကြောင်မယ်လို့ မထင်ခဲ့မိဘူး နင့်ဘာသာ လိမ်ချင်သလောက် လိမ်စမ်းပါ.. အခုတော့ငါ့ကိုပါ ပြဿနာထဲ ဆွဲသွင်းရလား… အခြေအမြစ်မရှိ စွပ်စွဲရလား။

အခြေအမြစ်မရှိ စွပ်စွဲတယ်တဲ့လား။ သခင်မလေး ပြောချင်တာက ဆေးမြစ်က အမှန်တရားကို ပြောဖို့ သုံးတာ မဟုတ်ဘဲ အဆိပ်ပါတယ်လို့ ပြောချင်တာလား။ ဒါဆို လူငယ်လေးက ဆေးအဆိပ်ကို ခံနိုင်ရည်မရှိဘဲ ယွမ်လော့ဖုန်းကို ကူညီပြီး လင်းလောရှင်းကို အပြစ်ပုံချတယ်ပေါ့။

ယွမ်လော့ဖုန်းလည်း လင်းလောရှင်းဘက် လှည့်ကာ ပြုံးလိုက်တယ်။
“ဒါဆို နင်က ငါ့ဆေးရဲ့ အသုံးဝင်မှုကို မယုံကြည်ဘူးပေါ့ ဟုတ်လား ဒါဆို နင်လည်း ဘာကြောင့်များ မစမ်းသပ်ကြည့်တာလဲ”

လင်းလောရှင်းရဲ့မျက်နှာက သွေးဆုတ်နေခဲ့တယ်။
“ဒါက နင့်ရဲ့အဆိပ်ဆေးတွေ… ငါ့ကို ထိခိုက်အောင် လုပ်ဆောင်ဖို့ မတွေးနဲ့”

“စမ်းသပ်ကြည့်ပြီးမှ အဆိပ် ဟုတ် မဟုတ် မသိချင်ဘူးလား”
ယွမ်လော့ဖုန်းလည်း ညို့ချက်ပြင်းစွာ ပြုံးရင်း လင်းလောရှင်း အနားချဉ်းကပ်လာတယ်။

မိန်းမပျိုလေးရဲ့ ကြောက်ဖို့ကောင်းတဲ့ အပြုံးနဲ့ သူမရဲ့ အကြည့် တစ်ထပ်တည်းကျနေတော့ လင်းလောရှင်းလည်း နောက်သို့ ခြေလှမ်းများ ဆုတ်နေခဲ့မိတယ်။သိပ်မကြာခင်မှာဘဲ သူမဘက်က ယွမ်လော့ဖုန်းကို တိုက်ခိုက်လာတယ်။ လှုပ်ရှားမှုတိုင်းက သေစေလောက်တဲ့ တဟုန်ထိုး တိုက်ခိုက်မှုမျိုးပါ သူမကို အသေသတ်ချင်နေမှန်း သိသာထင်ရှားပါတယ်။ သူမရဲ့ရှေ့ကို တဟုန်ထိုး ပြေးသွားချိန် ယွမ်လော့ဖုန်းက သူမကို ဖမ်းချုပ်ပြီး လူငယ်လေးလို ဆေးရည်ကို အတင်းတိုက်တယ်။

“လောရှင်း”

လင်းယွမ်ရဲ့မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ကျယ်လောင်စွာ‌ အော်ဟစ် တော့တယ်။သို့သော်လည်း သူ့ကို ယွမ်ရှောင်က ချုပ်ထားတဲ့အတွက် လှုပ်ရှားလို့ မရပေ။

“အဟွတ် အဟွတ်”
လင်းလောရှင်းလည်း ချောင်းခြောက် နှစ်ခါ ဆိုးလိုက်တယ်။ သူမရဲ့ဖြူဖျော့နေတဲ့ မျက်နှာနဲ့ မိန်းမပျိုလေးရဲ့ အသက်ရှူမှားလောက်တဲ့ မျက်နှာကို မမှိန်မသုန် ကြည့်လိုက်တယ်။
“ငါ နင့်ကို စကားတစ်ခွန်းပဲ ပြောလိုက်မယ်… အမှား အမှန် ၊ အကောင်း အဆိုးကို ခွဲခြားနိုင်တဲ့ လူအများကြီး ရှိတယ်… အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုမျိုး နင် လုပ်ဆောင်လို့ မရဘူး”

သူမ သေရမယ်ဆိုရင်တောင် ဝန်မခံဘူး။

ယွမ်လော့ဖုန်းက ရုတ်ခြည်း သူမကို ကန်လိုက်တော့ လင်းလောရှင်းရဲ့ ခန္ဓာကိုယ်မှာ လွှင့်ထွက်သွားရတယ်။ထို့နောက် သူမက  အဖြူရောင် ဝတ်စုံကို ခါကာ သူမရဲ့ခြေထောက်ကို ပြန်လည် ရုပ်သိမ်းလိုက်တယ်။သူမရဲ့ ဂုဏ်မောက် နေတဲ့ မျက်နှာက မြေကြီးပေါ် လဲကျနေတဲ့ လင်းလောရှင်းကို ကြည့်နေခဲ့တယ်။

“အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုမျိုးနဲ့ ဝန်ခံခိုင်းတယ်ပေါ့ ဟုတ်လား… ငါ့အတွက် ဒီလိုလုပ်ဖို့ လိုအပ်တယ်လို့ ထင်နေလား… ငါက နင့်ကို သတ်ချင်ရင် နင့်ကိုကယ်နိုင်တဲ့လူ ရှိလားလို့ ဒီနားမှာ ရှိနေတဲ့ လူတွေကို မေးကြည့်လိုက်စမ်းပါ”

လင်းလောရှင်းရဲ့ခန္ဓာကိုယ်က ခိုက်ခိုက်တုန်နေရတယ်။ ယွမ်လော့ဖုန်းက အမှန်တရားကို ပြောနေမှန်း သူမ သိတယ်။ ဒီမိန်းကလေးသာ သူမကို သတ်ချင်ရင် ဘယ်သူမှ တားဆီးလို့ မရဘူး။

“နင့်ဘက်က နင့်ရဲ့ပြစ်မှုကို ဝန်မခံလို့ ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးလို့ ထင်နေလား”
ယွမ်လော့ဖုန်းလည်း သရော်လိုက်တယ်။
“စိတ်ဝိညာဉ် တိုက်ခိုက်မှုကို နင် ကြားဖူးလား။ နင်ရဲ့ ပြိုင်ဘက်ထက် စိတ်စွမ်းအား နိမ့်ရင် စိတ်ဝိညာဉ် တိုက်ခိုက်မှုက သူတို့ရဲ့ဝိညာဉ်ကို စုပ်ယူသွားတယ်”

ဘာလဲ။ လင်းလောရှင်း ခေါင်းမော့ကာ တအံ့တဩ ကြည့်လိုက်တယ်။ သူမမှာ စကားပြန်ပြောချင်သော်လည်း သူမရဲ့စိတ်နှလုံးသားထဲ ပြင်းထန်တဲ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီး ချက်ချင်း သူမရဲ့ဦးနှောက်ကို တုံဏိဘာဝေ ဖြစ်စေတယ်။

သိပ်မကြာခင်မှာပဲ ဆိုးယုတ်သော အသံက ပဲ့တင်ထပ်လာခဲ့တယ်။
“ငါ့ကို ဘယ်သူခိုင်းစေတာလဲ”

လင်းလောရှင်းရဲ့အကြည့်များက အသက်ကင်းမဲ့ကာ မေးခွန်းကို ပြန်ဖြေလာခဲ့တယ်။
“ကျွန်မ…”

ဒုန်း…

အံ့ဩတုန်လှုပ်ဖို့ကောင်းတဲ့ အဖြစ်အပျက်ကြောင့် လူတိုင်းမှာ မထင်မှတ်ထားတဲ့ အမှန်တရားကို သိခွင့်ရလိုက်တယ်။ လင်းကျွင်းကို လင်းလောရှင်းက ခိုင်းစေခဲ့ခြင်းလား။ သူမဘက်ကလည်း ဝန်ခံလိုက်ပြီလား။

“နင် သူ့ကို တာဝန်ပြီးမြောက်ဖို့ဘာတွေ ခိုင်းစေလိုက်လဲ”
ယွမ်လော့ဖုန်းက လင်းလောရှင်းကို စိတ်ရှည်ရှည်နဲ့ စနစ်တကျ ဆွယ်ကာ မေးနေတယ်။

လင်းလောရှင်းရဲ့မျက်ဝန်းများက အသက်မဲ့နေပြီး စဉ်းစားဉာဏ် ကင်းမဲ့စွာ ပြန်ဖြေတယ်။
“နင့်ဘေးနားက ယောကျ်ားကို ပိုင်ဆိုင်ချင်လို့… ဒါကြောင့် နင့်ကို မကောင်းကြံဖို့ ရည်ရွယ်ခဲ့တယ်… နင်တို့နှစ်ယောက်ကြား နားလည်မှုလွဲစေချင်တာ… သူ့ဘက်က နင့်ရဲ့ ဖောက်ပြန်မှုကို သည်းခံနိုင်မယ်လို့ မထင်ခဲ့မိဘူး… သူ့စိတ်စွမ်းအားက နင့်ထက် သာလွန်ပါတယ်… ဒါပေမဲ့ ဘာကြောင့် သူ့ဘက်က ဒီလို သည်းခံနေရလဲ။

သူ့မျက်နှာသွင်ပြင်က ခံစားချက် ကင်းမဲ့နေရင်တောင် သူမရဲ့အသံက အနည်းငယ် ပိုပို နူးညံ့လာတယ်။
“သူက အမြင့်မှာ နေထိုင်ပြီး တခြားသူ ခစားမှုကို ခံယူသင့်သူပါ။ နင် သူ့ကို ဘာလုပ်ထားလဲ….သူ့ကို လေးစားတန်ဖိုးထားမှု မရှိတဲ့ အပြင် နင့်အတွက် သူ့ကို အလုပ်လုပ်ဖို့ ညွှန်းကြားသေးတယ်… ဒီမမျှမတ ပြုမူမှုအတွက် သူ့အစား စိတ်မကောင်း ဖြစ်မိတယ်”

Chapter-736
End

Book(30)
737+738

အပိုင်း(၇၃၇)
ကြမ္မာငင်သော လင်းလောရှင်း (၁၁)

လင်းလောရှင်းက မြို့စားမင်း အိမ်တော်ရဲ့ သမီး ဖြစ်နေရင်တောင် ငယ်ငယ်တည်းက သူမသိထားတဲ့ အတွေးအမြင်အရတော့ အမျိုးသမီးများက သူတို့ရဲ့ ဖခင်၊ ခင်ပွန်းနဲ့ သားရဲ့ စကားကို နာခံရမယ် အပြင်အကျင့် စာရိတ္တ လေးပါးနဲ့ ကိုက်ညီစွာ နေထိုင်ရမယ်။ ယွမ်လော့ဖုန်းလို လူတစ်ယောက်က  ယွမ်ရှောင်ရဲ့ ချစ်ခြင်းကို လက်ခံဖို့ မထိုက်တန်ဘူး။

“ငါ့ဆီ ဝံပုလွေတွေ ရောက်လာဖို့ နှစ်တစ်ရာ ဆေးမှုန့်ကို သုံးခဲ့တာ နင့်အကြံမလား”

“ဒါပေါ့ ငါ ခိုင်းစေလိုက်ခဲ့တာ…သူက ငါနဲ့ ထိုက်တန်လား သိဖို့ စမ်းသပ်ကြည့်ရုံပဲ”
လင်းလောရှင်းလည်း သူမရဲ့မျက်နှာပေါ်မှာ အပြုံးကို ဖြန့်ကျက်ထားတယ်။

“သူက ကျွန်မရဲ့ စမ်းသက်ချက်ကို အောင်မြင်ပြီ…ကျွန်မနဲ့လိုက်ဖက်တဲ့ အရည်အချင်း ပိုင်ဆိုင်တယ်”

ဒီစကားကို ပြောပြီးနောက် လင်းလောရှင်းရဲ့ခန္ဓာကိုယ် တစ်ခုလုံး ပြေလျော့သွားကာ မြေကြီးပေါ် လဲကျမတတ် ယိမ်းယိုင်သွားတယ်။

ဒါက ဘာလို ဖြစ်တာလဲ။

သူမရဲ့နာကျင်နေတဲ့ ဦးခေါင်းကို ကုတ်ကာ ဘာဖြစ်ခဲ့လဲ ပြန်တွေးနေတယ်။ သူမရဲ့ ပတ်ဝန်းကျင်မှာ သူမကို သရော်သော အထင်သေးသော အကြည့်များဖြင့်  ဝိုင်းကြည့်နေသလို ခံစားမိတော့ မျက်မှောင်ကြုတ်မိတယ်။

လင်းလောရှင်းလည်း လင်းယွမ်ဘက် လှည့်ကာ စကားပြောဖို့ ဟန်ပြင်လိုက်တယ်။
“အဖေ”

သူမသိချင်နေတဲ့ မေးခွန်းကို ဖြေနိုင်သူက သူမရဲ့အဖေတစ်ယောက်တည်းရှိတယ်။ ဒါပေမဲ့ လင်းယွမ်က တစ်ဖက်ကို ကျောခိုင်းသွားတယ်။

ထိုစဉ် တစ်ယောက်ပြီးတစ်ယောက်ရဲ့ ငြင်းခုံဆွေးနွေးသံများက ပဲ့တင်ထပ်လာတယ်။ ဒါကို ကြားရတော့ လင်းလောရှင်းရဲ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားတော့တယ်။

“လင်းကျွင်းကို သူမကို ခိုင်းစေခဲ့တာလား… လင်းလောရှင်းကို ဒီလို လူစားမျိုး ဖြစ်မယ်လို့ မထင်ခဲ့မိဘူး”

“ငါလည်းအစက သူမကို ယုံကြည်ပြီး ကူညီပေးခဲ့ဖူးတယ်… ဒါပေမဲ့ သူမက ငါတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တာပဲ ။ဝံပုလွေသားရဲ ကိစ္စကို အမှန်တကယ် ကြံရွယ်ရဲတယ်။

ယွမ်လော့ဖုန်းကို ပြစ်တင် ပြောဆိုခဲ့တဲ့ စကားများကို ပြန်တွေးကြည့်တော့ သူတို့‌နောင်တ ရမိပါရဲ့။ လင်းလောရှင်းကို ပိုပိုကာကာ ဒေါသဖြစ်ရတယ်။မြို့စားမင်း အိမ်တော်က တာဝန်ယူဖို့ ထိုက်တန်တယ်လို့ ပြောတုန်းက သူတို့အားလုံးက လင်းလောရှင်းအတွက် စကားပြောပေးခဲ့တယ်။ သူမက ဖြူစင်တယ်လို့ အခိုင်အမာ ကြေညာလိုက်သေးတယ်။ အရေးကြီးဆုံး အချက်ကတော့ လင်းလောရှင်းက အကျိုးအကြောင်း စဉ်းစားတတ်တယ်လို့ ပြောတယ်… တခြားအိမ်တော်က သခင်မလေးတွေက တခြားသူရဲ့အသက်ကို အလေးမထားတတ်ဘူးလို့ ပြောခဲ့မိတာ နောင်တ အရဆုံးပဲ။

ဒါပေမဲ့ အမှန်တရားက သူတို့ရဲ့မျက်နှာကို ခပ်ပြင်းပြင်း ပါးရိုက်ချလိုက်သလိုပဲ။

အမှန်တရားက နာကျင်ဖို့ ကောင်းတဲ့အပြင် ပွင့်ပွင့်လင်းလင်းကို အကုန်လုံး သိလိုက်ရတယ်။

တခြားသခင်မလေးတွေက မာနကြီးပြီး ဂုဏ်မောက်သော်လည်း လင်းလောရှင်းလိုတော့ တခြားသူရဲ့အသက်ကို ထိခိုက်အောင် မလုပ်ဆောင်ဘူး။ဒီပြင် အပြစ်လုပ်ပြီး သူ့ကိုယ်သူ အပြစ်ကင်းစင်သူလို့ ကြေညာပြီး တခြားသူတွေကို အရူးလုပ်နေသတဲ့။

လင်းလောရှင်းလည်း တုန်လှုပ်သွားရတယ်။ သူမ ဘာပြောလိုက်မှန်း မသိတာကြောင့် လက်ရှိ အခြေအနေကို နားမလည်နိုင်ဘူး။ ရုတ်တရက် သူမလည်း ယွမ်လော့ဖုန်းကို မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းများနဲ့ ဒေါသစိတ်နဲ့ တုံ့ပြန်လိုက်တယ်။
“နင် မလား…စောစောက ငါ့ကို နင် ထိန်းချုပ်လိုက်တယ်.. နင်တို့နှစ်ယောက်လုံး သေရမယ်”

“တော်သင့်ပြီ”
လင်းယွမ်ရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မဖော်မရွေ စကားပြောတယ်။
“တခြားသူက မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လဲ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ နှုတ်ကိုတော့ မထိန်းချုပ်နိုင်ဘူး တခြားသူက နင့်ကို ထိန်းချုပ်ပါတယ်လို့ ပြောရဲသေးတယ်”

ဒီစကားကို ကြားတော့ ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။ သူက လင်းလောရှင်းကို စွန့်ပစ်ဖို့ ရည်ရွယ်လိုက်ပြီ။

ကြည့်ရတော့ လင်းယွမ်က ဉာဏ်ကောင်းသားပဲ။ လင်းလောရှင်းက သူ့ကိုယ်သူ ကာကွယ်ဖို့ အတင်းငြင်းနေမှန်းသိတော့ သူနဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် လင်းလောရှင်းက သူ့သမီး အဆင့်ပဲ ရှိတယ်…သူ့ဇနီးက သားလေး မွေးပေးထားတာ မကြာသေးဘူး။ သူ့ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်လို့ပေါ့ မဟုတ်ရင်တော့ သားလေးကို ခေါ်ပြီး အိမ်တော် ပြန်တာကြာပေါ့

လင်းလောရှင်းရဲ့မျက်နှာမှာ စိတ်ပျက်မှုများ ကြီးစိုးသွားကာ အရူးတစ်ယောက်လို ရယ်မောလိုက်တယ်။ သူမရဲ့ရယ်သံက နေရာအနှံ့ ပျံ့နှံ့သွားတယ်။

“ငါ ရှုံးပါတယ်… ဒါပေမဲ့ နင်တို့ အနိုင်ရလို့တော့ မဖြစ်ဘူး နင့်ယောကျ်ားက လက်ထပ်ဖို့ ဖူးစာ ပါလာတော့ ငါ သေသွားမယ်ဆိုရင်တောင် နင်တို့တစ်ဘဝလုံး အတူတူ မရှိနိုင်ဘူး”

ယွမ်ရှောင်လည်း လင်းလောရှင်းကို အေးတိအေးစက်ကြည့်ကာ ယွမ်လော့ဖုန်းဘက် လှည့်လိုက်တယ်။
“ကွဲကြေသွားတဲ့ ကျောက်တုံးက ဖူးစာကျောက်တုံး မဟုတ်ဘူး”

Chapter-737
End

အပိုင်း (၇၃၈)
ကြမ္မာငင်သော လင်းလောရှင်း (၁၂)

“ဒါဆို အဲကျောက်တုံးက ဘာတုန်း”
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို အသာပင့်တင်ကာ မေးလိုက်တယ်။

“ကိုယ့်ရဲ့ တန်ခိုးအစွမ်းပါနေတဲ့ သာမန်ကျောက်တုံးလေးပဲ ဒါကြောင့် အဲဒီကျောက်တုံးက ကိုယ့်ကို ဆွဲငင်နေတယ်”

ယွမ်ရှောင်လည်း ဆက်မပြောခင် ခဏနားလိုက်တယ်။
“ဒီကိစ္စကို ပိုင်စု ကြံစည်ထားခဲ့တာ… မင်း စိုးရိမ်မှာစိုးလို့ ကိုယ် … မင်းကို မပြောခဲ့တာ”

“ပိုင်စု”
ယွမ်လော့ဖုန်းလည်း စိတ်ပျက်သွားတယ်။
“သူက ဒီကို ရောက်နေတာလား”

“မင်းကို နှောင့်ယှက်တည်းက သူ့ရဲ့နောက်ကြောင်းကို ကိုယ် စုံစမ်းခဲ့တယ်။သူ့စွမ်းရည်ကို ကောင်းကောင်းသိလိုက်ရတဲ့ အပြင် သူနဲ့ကိုယ် တိုက်ခိုက်ရင်း ကိုယ့်ရဲ့ဓား ပျောက်ဆုံးသွားခဲ့တယ်”

သူနဲ့ ပိုင်စုက ယွမ်လော့ဖုန်း ရှေ့မှာ နှစ်ကြိမ်ထက် မက တိုက်ခိုက်ခဲ့ဖူးတယ်။

ယွမ်ရှောင်ရဲ့မျက်ခုံးများက အနည်းငယ် တွန့်ကွေးနေတယ်။
“ကိုယ်နဲ့သူ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးတယ်… ဒါပေမဲ့ အကြိမ်တိုင်း သူ လွတ်မြောက်သွားတယ်…မြေပြင် မိုင်တစ်ထောင်ကို  လျင်မြန်စွာ သွားလာနိုင်တဲ့ မြေပြင်လွတ်မြောက်ခြင်း နည်းလမ်းကို တက်မြောက်တဲ့ မိန်းကလေးတစ်ယောက်က သူ့ကို ကူညီပေးနေလို့”

“ဒါဆို အဲမိန်းကလေးရဲ့ ဇာစ်မြစ်ကို သိလား”
ယွမ်လော့ဖုန်းလည်း မေးငေါ့ကာ မေးလိုက်တယ်။

“ကိုယ် မသိဘူး… ဒါပေမဲ့ ပိုင်စုက သူမကိုကျင်းယွီလို့တော့ ခေါ်တယ်”

ကျင်းယွီ…
ဒီနာမည်က လင်းလောရှင်းရဲ့စိတ်ကို လှုံဆော်သလို ဖြစ်ကာ ထိတ်ထိတ်ပျာပျာ အော်ဟစ်တော့တယ်။
“မဖြစ်နိုင်ပါဘူ… လုံးဝကို မဖြစ်နိုင်ဘူး…ဖူးစာကျောက်တုံးကို အဲမိန်းကလေး ပေးလိုက်တာ… ရှင်က သူမကို သိတယ်လား”

ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းက သူမကို ပြန်မဖြေပါဘူး။ သူတို့က တိတ်ဆိတ်နေပြီး လင်းလောရှင်းကို သနားသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့တယ်။

နောက်ဆုံးတော့ လင်းလောရှင်း နားလည်သွားပြီ ထင်ပါတယ်။ ချက်ချင်း သူမရဲ့ အသားအရောင်က အလွန်အမင်း ဖြူဆုတ်သွားတယ်။
“ဒီမိန်းမ… ငါ့ကို လိမ်တယ် ငါ့ကိုများ လှည့်စားရဲတယ်”

ဒီကိစ္စက လွဲရင် လင်းလောရှင်းကို ပိုပြီး စိတ်ပျက် ကြေကွဲအောင် လုပ်ဆောင်နိုင်တဲ့ ကိစ္စ မရှိဘူး။ အစက ဝိညာဉ်မြို့တော်မှာ သူမက ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျင်းယွီဆိုတဲ့ အမျိုးသမီးနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးနောက် သူမ ပြောတဲ့ စကားများကို ယုံကြည်ခဲ့လို့ ဒီလို အခြေအနေ ရောက်ခဲ့ရတယ်။

အားလုံး နင့်ကြောင့် ဖြစ်ရတာ။

အဲမိန်းမရဲ့ စကားကို မယုံကြည်ခဲ့ရင် ယွမ်လော့ဖုန်းကို မကောင်းကြံဖို့ လူလွှတ်မိမှာ မဟုတ်ဘူး။

ယွမ်လော့ဖုန်းလည်း ရွက်ဖျင်တဲထဲ တိုးဝှေ့ နေရာယူနေတဲ့ လူအများကို ဖျတ်ခနဲ ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်တယ်။
“ပွဲကို ဆက်ကြည့်ချင်လို့လား…ဒါမှမဟုတ် အော်ဟစ်နေမှာကို ဆက်ကြည့်ချင်လို့များလား”

သူမပြောလိုက်တဲ့ စကားကြောင့် သူတို့မှာ ကြောက်လန့် ရပြီး ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။သူတို့လည်း အမှားမကင်း တဲ့အတွက် အထွန့်မတက်ရဲ ပါဘူး။

“ဪ  ဟုတ်သား”
ယွမ်လော့ဖုန်းလည်း ကိစ္စ တစ်ခုကို သတိရမိပြီး သူမကို ပြစ်တင် ပြောဆိုခဲ့သည့် လူလတ်ပိုင်း အမျိုးသားကို ကြည့်လိုက်သည်။
“ရှင် နေခဲ့ဦး”

လူလတ်ပိုင်း အမျိုးသား၏ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူ ပြောခဲ့နမိသည့် စကားများကြောင့် ရှိုးတိုးရှန်တန့် ဖြစ်ရပြီး ဟန်လုပ်ပြုံးလိုက်သည်။
“မိန်းကလေး… မင်းမှာ တခြား ကိစ္စ ရှိသေးလို့လား”

“ယောကျ်ားတွေက ကောင်းကင်ဘုံနဲ့ သံမဏိလို့ ရှင် ပြောခဲ့တယ် မလား”

မိန်းမငယ်လေး၏စကားကို ကြားလိုက်ရပြီးနောက် လူလတ်ပိုင်း အမျိုးသားလည်း ငေးကြောင် ကြည့်နေမိသည်။ သူမက ပြဿနာကို  အချိန်အခါ အသင့် ဖြေရှင်းဖို့ တွေးနေသည်လော။ သူ့ဘက်က ဒီမိန်းကလေးကို ကြောက်လန့် တုန်လှုပ် နေပါစေ သူ့အတွေးအမြင်ကို မပြောင်းလဲနိုင်ဘူး။

“အရင်တည်းက ငါ ပြောထားဖူးပြီးသားပါ… ငါ့အတွေးအမြင်ကို မှားတယ်လို့ မထင်မိဘူး”

ယွမ်လော့ဖုန်းလည်း လူလတ်ပိုင်း အမျိုးသားအနား လျှောက်သွားလိုက်သည်။
“ယောကျ်ားတွေက ဇနီးသုံးဦး ကိုယ်လုပ်တော် လေးဦး ယူခွင့် ရှိပြီး အမျိုးသမီးက သေတဲ့အထိ သစ္စာ ရှိရမယ်..ဟုတ်လား”

“အမှန်ပဲ”
လူလတ်ပိုင်း အမျိုးသားက ခေါင်းမော့ ရင်ကော့ကာ ပြန်လည် ဖြေကြားသည်။

“ယောကျ်ားတွေမှာ ပွေရှုပ်ခွင့် ရှိတယ်လား… မိန်းကလေးက တခြားသူနဲ့ စကားတစ်ခွန်းထက် ပိုပြောရင် မှားသတဲ့လား”
ယွမ်လော့ဖုန်းလည်း ဆက်လက် မေးမြန်းလိုက်သည်။

“အမှန်ပဲပေါ့”
လူလတ်ပိုင်း အမျိုးသားက မျက်နှာကြော ခပ်တင်းတင်းပါပဲ သူ့ကိုယ်သူ မှန်သည်လို့ မှတ်ယူနေပုံပါပဲ။
“ဒီလောကကြီးထဲမှာ ယောကျ်ားတွေက ကောင်းကင်ဘုံပဲ”

ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မော လိုက်သည်။
“ရှင် စကားတစ်ခွန်းကို ကြားဖူးလား”

“ဘာများလဲ”

“အကယ်၍ ကောင်းကင်ဘုံက ငါ့ကို ပြစ်ဒဏ် ပေးမယ်ဆိုရင် ငါက နတ်ဘုရား အားလုံးကို ဆန့်ကျင့်မယ်တဲ့”

လူလတ်ပိုင်း အမျိုးသားလည်း နားမလည်နိုင်စွာ ငေးကြောင် ကြည့်လိုက်သည်။ ဒီလို ဂုဏ်မောက်တဲ့ စကားမျိုးကို အမျိုးသမီး တစ်ဦးက ပြောရဲသည်လား။ ဒီပြင် နတ်ဘုရားကို ဆန့်ကျင့် ဝံ့တဲ့ ဆိုသည် စကားမျိုးကို အမှန်တကယ် ပြောထွက်ရဲသည်လား။

Chapter-738
End

အပိုင်း(၇၃၉)
ကြမ္မာငင်သော လင်းလောရှင်း (၁၃)

“ရှင်ကိုယ်တိုင် မလုပ်နိုင်တဲ့ ကိစ္စကို တခြားသူ လုပ်နိုင်မှာပါလို့ မမျှော်မှန်းနဲ့။ ရှင့်ရဲ့ဇနီးကို ထာဝရ သစ္စာ ရှိစေချင်ရင် ရှင့်ရဲ့ခန္ဓာကိုယ် အောက်ပိုင်းကို ချုပ်တည်းထား ရမယ်”
ယွမ်လော့ဖုန်းလည်း ခပ် ငေါ့ငေါ့ ပြောလိုက်သည်။
“တစ်ခြားတစ်ယောက်ကို သစ္စာ ရှိစေချင်ရင် ရှင် ကိုယ်တိုင်လည်း သစ္စာရှိတဲ့ ယောကျ်ားကောင်း ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားရမယ်”

သစ္စာခိုင်မြဲဖို့ ဟုတ်လား။

ထွက်သွားဖို့ ဟန်ပြင်နေသည့် လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ တည်းက အမျိုးသမီးများက သစ္စာ စောင့်ထိန်းရမည်ဆိုသည့် စကားပေါင်း ထောင်ပေါင်းများစွာသာ ကြာဖူးခဲ့သည်။  အမျိုးသားများ သစ္စာ ရှိရမည်ဆိုသည့် စကားကို ပထမဆုံး အကြိမ် ကြားဖူးခဲ့ချင်ပေ။

“ငါ… ဒီလူကို မှတ်မိနေတယ်။ ၃၂ယောက်မြောက် ကိုယ်လုပ်တော်ကို ယူခဲ့တဲ့ နှစ်ပေါ့… အဲကိုယ်လုပ်တော်က မနာလို ဝန်တိုစိတ် ကြီးမားပြီး ကျေနပ် ရောင်တိမ်းမှု မရှိဘူး… ပထမဇနီးသည်ကို ကိုယ်ဝန် ပျက်ကျအောင် မကောင်းကြံတယ်လို့ ကောလဟာလ ကြားဖူးတယ်။ ဒီကိစ္စကို ဇနီးသည် ဖြစ်သူက ပြစ်ဒဏ်ပေးချင် ပေမယ် သူမရဲ့ခင်ပွန်းသည်က သူမကို အကြင်နာခေါင်ပါးစွာ ရိုက်နှက်ခဲ့တယ်။ သူ့အပြုအမူကို စိတ်ပျက်မိလို့ ဇနီးသည်က ငယ်ချစ်ဦးနဲ့ ထွက်ပြေးခဲ့တယ်”

“ဒီ…ဒီကိစ္စက အမှန်လား။ ဒီမိန်းကလေးနဲ့ လင်းကျွင်းတို့ ဖောက်ပြားတယ်လို့ ကြားတော့ ဒေါသအိုး ပေါက်ကွဲတာ မထူးဆန်း ပါဘူး။ အမျိုးသမီးတွေ အကြံပေးထားတဲ့ ကွန်ဖြူးရှပ်ရဲ့ စကားတွေကို ပြောတောင် ပြောလိုက်သေးတယ်”

“အမျိုးသမီးတွေက သစ္စာရှိမယ်။ ဒါပေမဲ့ ကိုယ်လုပ်တော်ကို အကြိုက်ယူ… အလိုလိုက်ပြီး ဇနီးသည်ကို နှိပ်စက်ရင်တော့ စက်ဆုပ်ရွံရှားဖို့ ကောင်းတယ်။ ဒါကြောင့်လည်း သူ့ဇနီးက တခြားသူနဲ့ လိုက်ပြေးတာ အံ့ဩစရာ မရှိဘူး”

“ကံဆိုးရှာတော့ ထွက်ပြေးပြီး သိပ်မကြာဘူး သူ့ဇနီးမှာ အဖမ်းခံ လိုက်ရတယ်။ သူက နှစ်ယောက်စလုံးကို ချုပ်နှောင်ပြီး မသေမချင်း မီးရှို့သတ်ခဲ့တယ်”

ဒီလူတွေ ပြောဆိုနေသည့် စကားများကို ကြားရတော့ သူ့မျက်နှာမှာ ပိုပိုကာ အကျည်းတန် လာရသည်။ ဒါပေမဲ့ သူ့ဘက်က မှားခဲ့သည်လို့ မထင်ခဲ့မိချေ။ အိမ်ထောင်ရေး ဖောက်ပြန်နေသည့် စုံတွဲ နှစ်ဦး အိပ်ရာထဲ ပျော်ပါးနေသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာတော့ သူ့အစာအိမ်ကို မီးမြှိုက်နေ သကဲ့သို့ ခံစားမိသည်။ ယခုပင် သူတို့ကို ဂူသင်္ချိုင်မှ ဆွဲထုတ်ကာ အလောင်းကောင်များကို ကျာပွတ်ဖြင့် ရိုက်နှက်ချင်စိတ် တဖွားဖွား ဖြစ်လာရသည်။

ယွမ်လော့ဖုန်းလည်း မဖော်မရွေ စကားတစ်ခွန်း ပြောလိုက်သည်။

“အခု ရှင်တို့တွေ ဒုက္ခ မရောက်ချင်ရင် ဒီနေရာက ချက်ချင်း ထွက်သွားလိုက်တော့”

သူမ ပြောလိုက်သည့် စကားကြောင့် ထိုလူအားလုံး အလျင်စလို ပြေးထွက်ချေပြီ သူတို့အားလုံး ခဏလေးအတွင်း ပျောက်ကွယ် သွားတော့သည်။

လင်းယွမ်လည်း တိုးလျစွာ ပြောလိုက်သည်။
“ ငါလည်း ထွက်သွားနိုင်ပြီလား”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်သည်။

“ရှင့်သမီးကို မလိုချင်တော့ဘူး မလား”

“ မလိုတော့ဘူး… လုံးဝကို မလိုအပ်တော့ဘူး”
လင်းယွမ်လည်း ရွှင်မြူးစွာ ပြုံးလိုက်သည်။
“ဒါဆို ငါ ထွက်သွားလို့ ရပြီလား”

“ယွမ်ရှောင်… သူ့ကို လွတ်ပေးလိုက်တော့”

ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို အနည်းငယ် မှေးလိုက်သည်။ ယခုအချိန်မှာ လင်းယွမ်က အသုံးဝင်နေသေး သော်လည်း သူ့မှာ အသက်ရှင်ဖို့ အချိန် အများကြီး မကျန်တော့ပါဘူး။

ဘေးကင်း လုံခြုံသွားပြီလို့ ခံစားမိတော့ လင်းယွမ်လည်း‌ နောက်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ သူ့မှာ တယိမ်းတယိုင် ဖြစ်ကာ မြေကြီးပေါ် လဲကျ မတတ်ပေ။

သူ့အဖေ ပျောက်ကွယ်သွားမည်ကို မြင်ရတော့ လင်းလောရှင်းလည်း စိုးရိမ် ဗျာပါဒများစွာ အော်လိုက်သည်။
“ဖေဖေ… သမီးကို ဒီနေရာမှာ မထားခဲ့ပါနဲ့”

လင်းယွမ်လို လူတစ်ယောက်က လင်းလောရှင်းကြောင့်နဲ့ သူ့အသက်ကို စတေးမှာ မဟုတ်ဘူး။ ထို့ကြောင့် သူ့ခြေလှမ်းများက မရပ်တန့်သွားဘဲ မြန်နိုင်သလောက် မြန်မြန် ရွက်ဖျက်တဲမှ ထွက်ခွာ သွားလေသည်။

လင်းလောရှင်း၏မျက်နှာ အသားအရောင်က အလွန်အမင်း ဖြူဖျော့နေကာ ယွမ်လော့ဖုန်းကို စိတ်ပျက် ကြေကွဲစွာ ကြည့်နေခဲ့သည်။
“ နင် ငါ့ကို ဘာလုပ်ချင်လို့လဲ”

“ငါ့ရဲ့ အိမ်မွေ’ တိရိစ္ဆာန်လေးတွေက အဖော် လိုအပ်နေတယ်”
ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
“ အချိန်အခါ အသင့် နင်က ရောက်လာတာပဲ”

ရုတ်တရက် မရေတွက်နိုင်အောင် များပြားသည့် ရွှေရှာ ကြွက်များ ရွက်ဖျင်တဲအတွင်း ချက်ချင်း ရောက်ချလာပြီး လင်းလောရှင်းကို ကိုက်စားမတတ် အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ယခုတော့ လင်းလောရှင်းမှာ ရွှေရှာကြွက်များ ဘယ်နေရာက ရောက်လာမှန်း မစဉ်းစားနိုင်တော့ပေ။ရွက်ဖျင်တဲမှ ဘယ်လိုထွက်ပြေးရင် ကောင်းမလဲသား ကြံရွယ် နေခဲ့သည်။ သူမမှာ ပြေးဖို့ ခြေတစ်လှမ်း လှမ်းရုံမျှသာ ရှိပါသေးသည် သူမရဲ့နောက်ကျောမှ များပြားလှတဲ့ ရွှေရှာကြွက်များ တဟုန်ထိုး ပြေးလာကာ သူမရဲ့ အသားစိုင်းများကို ကိုက်ခဲသွားလေသည်။

“သူမကို ကိုက်…ကိုက်ကြ..”
ရှောင်မိုက အိပ်ရာပေါ်မှာ ထိုင်ကာ သူရဲ့သေးငယ်တဲ့ လက်သီးဆုပ်လေးကို ဝှေ့ယမ်းကာ စကားဆိုလာသည်။
“နို့လက်ဖက်ရည်လေး… မန်မန်… သူမရဲ့ပေါင်ကို ကိုက်ပစ်လိုက်တော့…ကြွက်ဘုရင်မနဲ့ တခြား ဝန်ကြီးချုပ်တွေက သူမရဲ့ ရင်ဘတ်ကို ကိုက်ပစ်… တခြား ဝန်ကြီးတွေက သူမရဲ့တခြား အစိတ်အပိုင်းကို ကိုက်ပစ်”

Chapter-739
End

အပိုင်း(၇၄၀)
ကြမ္မာငင်သော လင်းလောရှင်း (၁၄)

အသက်ရှင်ရက်နဲ့ အစိမ်းလိုက် စားရတာ ဘယ်လို ခံစားရလဲ။ သင်သာ ဒီလို အခြေအနေမျိုးနဲ့ ပက်ပင်းတိုးရမယ်ဆိုရင် ရှင်သန်ဖို့ထက် သေဖို့ ဆန္ဒရှိမှာပါ။

သူမရဲ့ တစ်ကိုယ်လုံးကို တစ်စစီ ကိုက်ဖြဲနေခြင်းကို  ကြည့်ရင်း သူမရဲ့ အမှန်တကယ် နာကျင်လို့ အော်ဟစ်နေသည့် အသံက ဝမ်းနည်း ပူဆွေးစေသည်။ သူမက သရဲ တစ်ကောင်လို ဆွဲဆွဲငင်ငင် ငိုကြွေးနေသလို ဝံပုလွေ တစ်ကောင်လို အော်ဟစ်နေလေသည်။ ရွှေရှာကြွက်တွေ ခမျာ သူမကို မသေမချင်း ကိုက်စားသော်လည်း သူတို့မှာ စိတ်ပျက်မိတယ်။

ဆေးမြစ်တွေကို စားသောက်လေ့ရှိတဲ့ ရွှေရှာ ကြွက်လေးများ အတွက်တော့ လူသား စားသုံးရခြင်းက မစင် စားသောက်ရ သလိုပါပဲ။ အနံ့မကောင်းသလို မသတီစရာ ကောင်းလှသည်။
နောက်တစ်နေ့ မနက်ခင်းမှာ လင်းလောရှင်းကို အရိုးပါမကျန် သည်အထိ အငမ်းမရ စားသောက်သွားပြီး ကြမ်းပြင်မှာ လတ်ဆတ်သော သွေးအိုင်သာ ကျန်ရစ်ခဲ့သည်။

“ပြန်တော့”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်နဲ့ အပြင်သွားဖို့ ရှိတာကြောင့် ရှောင်မိုနဲ့ ရွှေရှာ ကြွက်များကို ဆေးနတ်ဘုရား လျှို့ဝှက် နယ်မြေထဲ ပြန်ဖို့ လှုံ့ဆော်လိုက်သည်။

ရွက်ဖျင်တဲ ရှေ့မှာ လူများ စုဝေးနေပြီး သူတို့အားလုံးက ယွမ်လော့ဖုန်းကို ကြောက်ရွံ့ တုန်လှုပ်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။ မည်သူမှ သူမကို ရန်မလုပ်ရဲဘူး။

“သခင်”
ယွမ်လော့ဖုန်း လျှောက်လာသည်ကို မြင်တော့ လုံဖေးလည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒီကနေ့ ရာသီအခြေအနေ ထူးခြားနေတယ် မထင်ဘူးလား ။ ဒါနဲ့ မြို့စားမင်းရဲ့ သမီးက ဘာလို့များ ရုတ်တရက် ပျောက်သွားလဲ”
သူတို့တွေ ရွက်ဖျင်တဲ နှစ်ခုပဲ ယူလာခဲ့လို့ လုံဖေးက စူးကျန်းနဲ့အတူတူ အိပ်ခဲ့တယ်။ စူးကျန်းရဲ့ အလွန်အမင်း ကျယ်လောင်တဲ့ ဟောက်သံကြောင့် လုံဖေးမှာ မနေ့ညက ကိစ္စကို နည်းနည်းလေးတောင် မသိလိုက်ရဘူး။ လင်းလောရှင်းရဲ့ အော်ဟစ်သံများက စူးကျန်းရဲ့ ဟောက်သံကို မယှဉ်နိုင်ပါဘူး။

ဒါပေမဲ့ ထူးဆန်းတာက စူးကျန်းရဲ့ ဟောက်သံကြောင့် စိတ်အနှောင့်အယှက် မဖြစ်ဘဲ မိုးသောက်ယံ အထိ အိပ်စက်နိုင်သည့် လုံဖေး၏ ထူးဆန်းမှုကို လူတိုင်းက တအံ့တဩ ဖြစ်ရသည်။

“ရှင်တို့နှစ်ယောက် မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့တယ် မလား”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်သည်။
“ဒါကြောင့် မနေ့ညက ဘာဖြစ်ခဲ့လဲ မသိတာ”

“ဘာဖြစ်ခဲ့လို့လဲ”
လုံဖေးမှာ အရမ်းကို သိချင်စိတ် ပြင်းပြခဲ့သည်။

ယွမ်လော့ဖုန်းလည်း မနေ့ညက ဖြစ်ပျက်သမျှ အလုံးစုံကို ပြန်ပြောပြလိုက်သည်။ ထိုစကားများကို ကြားပြီးသည့်နောက် လုံဖေးရဲ့မျက်နှာထားမှာ အစိမ်းရောင် သန်းတော့သည်။

“အပျက်မ လင်းလောရှင်းက သေဖို့ ထိုက်တန်တယ်”

တခြားသူကို ရန်လုပ်ရင် ကိစ္စ မရှိသော်လည်း ယွမ်လော့ဖုန်းကို ပြဿနာရှာတော့ အသက်နဲ့ခန္ဓာကိုယ် အိုးစားကွဲပြီပေါ့။ ကိုယ့်ဘာသာ သေကြောင်းကြံစည်ခြင်းနဲ့ ဘာများ ခြားနားဦးမလဲ။

“လုံဖေး… ရှင် ကျွန်မကို ပြန်လမ်းမဲ့ သစ်တောအကြောင်း အလုံးစုံ မပြောပြ ရသေး။ ဘာကြောင့် သားရဲဘုရင်တွေ ချိတ်ပိတ်ခံရလဲ”

လုံဖေးလည်း မဲ့ပြုံး ပြုံးလိုက်သည်။
“မပြောရတာ ကျွန်တော်လည်း အခြေအနေကို မသိခဲ့လို့။ အခုအချိန်မှာ ကျွန်တော် သိတာက သူတို့ကို ပြန်လမ်းမဲ့ သစ်တော နက်ထဲမှာ ချုပ်နှောင်ထားတဲ့အပြင် အိပ်စက်ခြင်း အခြေအနေကို ရောက်ရှိနေတယ်။ သူတို့ရှိတဲ့ နေရာကို ရောက်မှ အခြေအနေကို အတိအကျ သိနိုင်မယ် … ကံဆိုးတော့ ကျွန်တော်နဲ့ ဦးလေးက သူတို့ဘယ်မှာမှန်း မသိဘူး”
ဦးလေးသာ တခြား သားရဲဘုရင်တွေနဲ့ အတူတူ ရှိနေခဲ့ရင် သူလည်း  သေချာပေါက် ချုပ်နှောင်ခံရမယ်။

“ခရီးဆက်ထွက်မယ်…ဘာပဲဖြစ်ဖြစ် ဖူရှန်းနဲ့ တွေ့ရမယ်”

ဒါက ထျန်းရာရဲ့ဆန္ဒ… သူမဘက်က ဖြည့်ဆည်း ပေးနိုင်ရမည်။

ပြန်လမ်းမဲ့ သစ်တော… အနက်ရှိုင်းဆုံး အပိုင်း…

ကြည်လင်တဲ့ အစိမ်းရောင် ရေကန်ရဲ့ဘေးမှာ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးက ရွှံမြေမှာ လဲလျောင်းနေခဲ့သည်။ သူမက မျက်လွှာချထားပြီး ပါးနှစ်ဖက်က နှင်းဆီရောင် သန်းနေခဲ့သည်။ တည်ငြိမ် အေးချမ်းလွန်းတဲ့ မျက်နှာပေါက်လေး ရှိပြီး အခုမှ အိပ်မောကျနေပုံပါပဲ။

သူမရဲ့ဘေးနားမှာ အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသားက အမှောင်ကို ဖုံးကွယ်ကာ ဆောင့်ကြောင့်ထိုင်နေသည်။သူ့လက်ကို သူမရဲ့ချက်ပေါ် တင်ကာ ဗလုံးဗထွေး စကားပြောနေခဲ့သည်။
“ကြာလေ ကြာလေ သားရဲဘုရင် အားလုံးကို ထိန်းချုပ်နိုင်ပြီ သူမရဲ့ အသိစိတ်ကို ဖျက်ပြီး ငါ ခိုင်းစေသမျှကို လုပ်ဆောင်တဲ့ စက်ပစ္စည်း တစ်ခု ဖြစ်လာစေရမယ်”

ပြန်လမ်းမဲ့ သစ်တောထဲ သူ သိမ်းပိုက်ထားတာ နည်းနည်းနောနောမှ မဟုတ်တာ။ သားရဲဘုရင်တွေကို နှိပ်နင်းပြီးနောက် သူ့စွမ်းအားကျင့်စဉ်က သိသိသာသာ တိုးတက်သွားသည်။

“ဘာလို့လဲ”

ရုတ်တရက် အမျိုးသမီးရဲ့ အသိစိတ်က သူ့ကို တိုက်ခိုက်နေသလို ခံစားမိတော့ သူ အံ့ဩတုန်လှုပ်မိပါရဲ့။

Chapter-740
End

Book(30)
741+742

အပိုင်း(၇၄၁)
ကြမ္မာငင်သော လင်းလောရှင်း (၁၅)

“ဒီမိန်းကလေး… ဒီလို အခြေအနေ ဖြစ်နေလဲ ငါ့ကို ခုခံချင်သေးတယ်… ဒီသားရဲဘုရင်တွေက ထိန်းချုပ်ရ ခက်ခဲလွန်းပါတယ်…ခုခံလေလေ သူမကို ထိန်းချုပ်ချင်စိတ် များလေလေပဲ”

စကားပြောလို့ ပြီးတော့ သူမရဲ့နှုတ်သားလေး လှုပ်ရှားသွားတယ်လို့ သူ ခံစားမိတယ်။ အိပ်မောကျနေရာမှ နိုးထတော့မယ်လို့ ထင်မှတ်မိတာကြောင့် သူ အတော့်ကို အံ့ဩတုန်လှုပ်မိတယ်။ သူမရဲ့အသိစိတ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားစဉ် သူမရဲ့နှုတ်မှ တစ်စုံတစ်ရာ တီတိုး ပြောနေမှန်း သတိထားမိတယ်။ နိုးထမယ် အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ရဘူး။

အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသားလည်း မျက်မှောင်ကြုတ်ကာ သူမအနား တိုးလိုက်သည်။
“ဘာလဲ… ထျန်းရာက ဘာအဓိပ္ပါယ်လဲ… ကမ္ဘာမြေကြီးရဲ့ အဆုံးသတ်ကို ပြောချင်တာလား”

အစိမ်းရောင် ဝတ်စုံနဲ့ မိန်းမပျိုရဲ့ အသိစိတ်က ဝိုးတိုးဝါးတား ဖြစ်နေတုန်းပါ။ဒါပေမဲ့ သူမရဲ့နှုတ်ခမ်းသားများက အဆက်မပြတ် လှုပ်ရှားနေတယ်။

ထျန်းရာ…

ပြန်လမ်းမဲ့သစ်တောနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ လုံယွမ်တိုင်းပြည်မှာ ထျန်းရာက လက်ဖက်ရည်ကြမ်း သောက်ရင်း ယွမ်အိမ်တော်မှ စစ်သူကြီးယွမ်နဲ့ စကားလက်ဆုံကြ နေပါသည်။

“မင်းတို့ ယွမ်အိမ်တော်ရဲ့ လက်ဖက်ရည်ကြမ်းက အပြင်က တခြား လက်ဖက်ရည် ကြမ်းထက် သာလွန်တယ်။ တခြားနေရာမှာ ဒီလိုထူးခြားတဲ့ လက်ဖက်ရည်ကြမ်း သောက်ဖို့ မလွယ်ကူဘူး”
ထျန်းရာလည်း လျှာသပ်ရင်း စိတ်ကျေနပ်တဲ့ အမူအရာကို ပြသနေသည်။
“လူဆိုးမလေး ဘယ်တော့ ပြန်လာ မလဲတော့ မသိဘူး။ အခုဆိုရင် အိမ်က ထွက်သွားတာ ၂လကြာနေပြီ”

ယွမ်လော့လည်း သက်ပြင်းချလိုက်သည်။
“ဒီလိုပါပဲ… ဖုန်းအာက နေရာတိုင်းကို လှည့်ပတ် သွားလာနေတာ ။ ဒီလို နေထိုင်မှုပုံစံက ဘယ်တော့များမှ ပျောက်မှာလဲ”

“ဪ… ဒါနဲ့ နင်ရှင်းနဲ့ ယွမ်ချင်ရာတို့ လက်ထပ်တော့မယ်ဆို”
ထျန်းရာလည်း ယွမ်စစ်သူကြီးကို မစိုးရိမ်စေချင်လို့ အကြောင်းအရာကို လွှဲပြောလိုက်သည်။

“ဒါကိုလည်း… ဖုန်းအာ ပြန်လာမှ ကျင်းပဖို့  တွေးနေတယ်”
ယွမ်စစ်သူကြီးလည်း စိတ်ပျက်လက်ပျက် အားယူ ပြုံးလိုက်ကာ ထျန်းရာကို မော့ကြည့်လိုက်သည်။ ထျန်းရာရဲ့ မျက်နှာ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်ရတော့ သူလည်း မသိမသာ မျက်မှောင် ကြုတ်လိုက်သည်။
“ဘာများ ဖြစ်လို့လဲ… နေမကောင်းဘူးလား”

ယခု အချိန်မှာ ထျန်းရာ၏ မျက်နှာအမူအရာက အင်မတန် ဖြူဆွတ်နေပြီး သူ့လက်က ရင်ဘတ်ကို အတင်းဖိထားသည်။။ ဘာဖြစ်နေလဲ သူကိုယ်တိုင် မသိရှာပါဘူး။ ရုတ်တရက် သူ့နှလုံးသားက ပြင်းထန်စွာ နာကျင်ရသည်။ အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်က သူ့နာမည်ကို တမ်းတ နေသလိုပါပဲ။

“ဖူရှန်း… ဖူးရှန်း ဖြစ်မယ်… သူ့နာမည်ကို ခေါ်နေတာ ဖူရှန်း ဖြစ်ကို ဖြစ်ရမယ်”
ထျန်းရာလည်း ယွမ်စစ်သူကြီး အိမ်တော်၏ ထူးဆန်းသည့် အကြည့်များကို သတိမထားမိပါဘူး။ ခြံဝင်းထဲမှ အလျင်စလို ပြေးထွက်ကာ ယွမ်အိမ်တော်မှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

….

“ထျန်းရာ… ဒါက ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှားပါးတဲ့ သစ်သီး။ အထဲမှ ကျွန်မရဲ့ သွေးစက် ချထားတယ်။ ဒါကို စားလိုက်…နောင်ဆို ကျွန်မ … ရှင့်ဘေးနားမှာ မရှိလဲ ရှင့်နာမည်ကို တမ်းတလိုက်တာနဲ့ ကျွန်မရဲ့လွမ်းဆွတ်မှုကို ရှင် ခံစားနိုင်မယ်”

“ဘာလို့လဲ… ဘာလို့ ကျွန်မကို သစ္စာဖောက်ရလဲ… ရှင့်အတွက်နဲ့ ကျွန်မက မျိုးနွယ်စုကို သစ္စာဖောက်ခဲ့ ရတယ်။ ကျွန်မ ပြန်ရလိုက်တာက ရှင့်ရဲ့ သစ္စာမဲ့မှုလား… ထျန်းရာ… ကျွန်မ  တစ်သက်တာလုံး ရှင့်ကို မမြင်ချင်တော့ဘူး… ဒီတစ်သက် ကျွန်မကို ရှာနိုင်ဖို့ မတွေးနဲ့”

….

အတိတ်က ကိစ္စတိုင်း သူ့အတွေးထဲ ပြန်လည် ရှင်သန်လာခဲ့သည်။ သူမရဲ့ သုန်မှုန်နေတဲ့ မျက်နှာ၊  သူမရဲ့ အပြုံး မျက်နှာလေးက သူ့စိတ်ထဲ တစ်ဖန် နိုးထ လာပြန်သည်။ ဒီနှစ်တွေမှာ သူမဘက်က သူ့နာမည်ကို ခေါ်လာဖို့ ဆုတောင်းခဲ့မိပါ၏။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် သူ့နာမည်ကို ခေါ်သည့်ကို မကြားခဲ့ရပါဘူး။

ဒါပေမဲ့ အခုတော့ သူမရဲ့ ခေါ်သံလေးကို ကြားလိုက်ရပြီ၊။သူ့နှလုံးသား ကွဲကြေ တော့မလို ခံစားရတာ ဘာကြောင့်များလဲ။ ဖူရှန်း ဒုက္ခရောက်နေလို့ ဖြစ်ရမယ်။

“ဖူရှန်း… ကိုယ့်ကို စောင့်နေနော်…ကိုယ်လည်း မင်းကို နှစ်ပေါင်းများစွာ လွမ်းဆွတ် တမ်းတခဲ့ရပါတယ်… ကမ္ဘာအဆုံးအထိ ကိုယ် သွားရမယ်ဆိုလဲ ကိုယ် မင်းကို ကမ္ဘာ အဆုံးအထိ လိုက်ရှာမယ်”

ထျန်းရာလည်း အချိန်အကြာကြီး အော်ဟစ်လိုက်သည့်အတွက်ကြောင့် သူ့အသံက  ကုန်းမြေစု တစ်စုလုံးကို တုန်လှုပ်စေပါသည်။လုံယွမ် တိုင်းသူပြည်သူသားများကိုယ်တိုင် သူ့ရဲ့ကျိန်ဆိုသံကို ကြားနေရသည်။

ပြန်လမ်းမဲ့ သစ်တော၏ ကြည်လင် အေးမြသော ရေကန် တစ်ခု ဘေးတွင်

အစိမ်းရောင် ဝတ်စုံနဲ့ မိန်းမပျိုက မြေကြီးပေါ်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ သူမ တစ်စုံတစ်ရာကို ခံစားမိလို့ ထင်ပါရဲ့ သူမရဲ့မျက်ဝန်းမှ မျက်ရည် တစ်စက် ကျဆင်းလာတယ်။

ထျန်းရာ… ကျွန်မ တောင်းပန်ပါတယ်။

နှုတ်ဆက်ပါတယ်…

ထျန်းရာရဲ့ နာမည်ကို တရုတ်ဘာသာမှာ ကမ္ဘာမြေကြီး၏ အဆုံးသတ်လို့ သတ်မှတ်ထားသည်။

Chapter-741
End

အပိုင်း(၇၄၂)
ကြောင်သူတော်၏ စိတ်ဓာတ်အမှန် (၁)

အန္တရာယ် အငွေ့အသက်များ ထူပြောလာသည်လို့ ခံစားမိသောကြောင့် စူးကျန်းလည်း ခေါင်းမော့ကာ သိပ်မဝေးကွာသည့် ကောင်းကင်ယံကို ကြည့်လိုက်သည်။။ သူ့မျက်ဝန်းများက တည်ငြိမ်နေပြီး နှလုံးသားထဲမှာ တစ်စုံတစ်ရာ အဆင်မပြေမှုကို ခံစားနေရသလိုပါပဲ။

“ဦးလေး”
လုံဖေးလည်း သူ့ကို ကြည့်ကာ မေးလိုက်သည်။
“ဘာထူးဆန်းလို့လဲ”

သူ့ဘက်က ဘာမှ ပြန်မဖြေသော်လည်း သူ့ဘေးနားမှာ ရပ်နေသည့် ယွမ်လော့ဖုန်း ကိုယ်တိုင် သူ့မျက်နှာ ပျက်ယွင်းနေမှန်း ခံစားမိပါ၏။

“ဆက်သွားမယ်”

ယွမ်လော့ဖုန်းလည်း စူးကျန်းကို ကြည့်လိုက်သော်လည်း ဘာစကားတစ်ခွန်းမျှ ဝင်ရောက် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ရှေ့ကိုသာ ဆက်မျှော်ကြည့်လိုက်သည်။ အခု သူတို့ရှေ့မှာ ရွေးချယ်စရာ လမ်းသွယ် နှစ်ခု ပါဝင်သည့် လမ်းခွဲ တစ်ခု ရှိနေသည်။ လမ်းနှစ်ခု စလုံးက ဆူးပန်းများ ဆူးငြောင့် ခလုတ်များနှင့် ပြည့်နှက်နေပြီး မတူညီသော နေရာကို ဦးတည်နေသည်။

“ဒီလမ်း”

လင်းယွမ်လည်း အချိန် အကြာကြီး တိတ်ဆိတ်နေပြီးမှ ဘယ်ဘက်လမ်းကို လက်ညိုးထိုးပြသည်။
“ဒီလမ်းက လမ်းမှန် ဖြစ်ရမယ်”

လုံဖေးလည်း‌ ထေ့ငေါ့သော စကား မပြောခင် လင်းယွမ်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။
“ညာဘက် လမ်းက ပြန်လမ်းမဲ့ သစ်တော်ကို ဦးတည်တဲ့ လမ်းကြောင်း ဖြစ်မယ်လို့ ခံစားမိတယ်”

လုံဖေးက သူ့စကားကို ချက်ချင်း ပြန်တုံ့ပြန်မည်လို့ မထင်ခဲ့မိပါဘူ။ဒါကြောင့် သူ့မျက်နှာ ချက်ချင်း ပျက်ယွင်း သွားရသည်။ လုံဖေး၏ ဘေးနားမှာ ယွမ်လော့ဖုန်း နှင့် ယွမ်ရှောင်တို့ ရှိနေသည့်အတွက်  သူ၏ မကျေနပ်စိတ်ကို မျိုသိပ် လိုက်ရသည်။

“သွားမယ်”
ယွမ်လော့ဖုန်းလည်း ဘာစကား တစ်ခွန်းမျှ မပြောဘဲ ညာဘက် လမ်းကိုသာ လျှောက်လှမ်းသွားသည်။

ထိုစဉ် လုံဖေးက ခြေလှမ်းကျဲကျဲဖြင့် သူမအနားကို အလျင်စလို ပြေးလာကာ တီတိုး ပြောသည်။
“သခင်… လမ်းတစ်လျှောက် ဘာကိုမြင်မြင် အာရုံမစိုက်နဲ့”

ပြန်လမ်းမဲ့ သစ်တော အကြောင်းကို လုံဖေးနဲ့ စူးကျန်းထက် ဘယ်သူမှ ပိုသိမှာ မဟုတ်ဘူး။ယခု သူ့စကားကို ကြားတော့ သူ့ရည်ရွယ်ချက်ကို ယွမ်လော့ဖုန်း ချက်ချင်း နားလည် လိုက်သည်။ သူ့လက်အောက်ငယ်သားက ဆန္ဒရှိတော့လည်း သူမက အကောင်းဆုံး ထောက်ပံ့ ပေးရမှာပေါ့။

အားလုံးက လင်းယွမ်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း မေးလိုက်သည်။
“မြို့သခင် ငါတို့တွေ ဘယ်လမ်းကို ရွေးချယ် ရမလဲ”

လင်းယွမ်လည်း သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း စကားပြောလိုက်သည်။
“သူတို့နောက်ကို လိုက်မယ်”
ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ညာဘက်လမ်းသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားလိုက်သည်။

လမ်းတစ်လျှောက်လုံး အန္တရာယ် ကင်းပြီး သူတို့ကို ပြဿနာရှာမည့် သားရဲ တစ်ကောင် တစ်လေမျှ ရှာမရဘူး။ ဒါပေမဲ့ သူတို့၏ ခြေလှမ်းများ မရပ်တန့်မီမှာ အသက်ရှူမှား လောက်သည့် မြင်ကွင်းကို တွေ့ကြုံလိုက်ရသည်။ လမ်းနှင့် သိပ်မဝေးကွာသည့် တစ်နေရာမှာ ဆေးစိုက်ခင်းကို တွေ့လိုက်ရပြီး ထိုမြင်ကွင်းက အပြင်လောကသားများ၏ အမြင်အာရုံကို ဆွဲဆောင်လွန်းနိုင်ပါသည်။ သူတို့က မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်တော်များကို လှမ်းခေါ်နေသလိုပါပဲ။

“ဒါ…ဒါက သွေးဂျင်းဆင်းမလား… သူ့ဘေးနားမှာ သလင်းကျောက်ရှိနိုင်တယ်..အမလေးလေး ပြန်လမ်းမဲ့ သစ်တောထဲမှာ ရတနာပစ္စည်းတွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးပါလား”

“အနီရောင် ဘယ်ရီသီးပင်ကို စားသုံးရင် စိတ်စွမ်းအား ကျင့်စဉ် တိုးတယ်လို့ ကြားဖူးတယ်.. ဒီနေရာမှာ အဲဒီအပင် ပေါက်ရောက် လောက်မယ်”

“ဝိုး… ငါတို့တော့ ချမ်းသာတော့မယ် ထင်ပါတယ်”

အနီရောင် ဘယ်ရီသီးအပင်က ယွမ်လော့ဖုန်းရဲ့ ဆေးစိုက်ခင်းမှာတော့ အညံ့စား အပင်ပဲ။သူ ထောက်ပံ့ပေးနိုင်တဲ့ စိတ်စွမ်းအားကလည်း အကန့်အသတ်နဲ့ဆိုတော့ အကျိုး မထူးလှဘူး။ အဲလိုဆိုရင်တောင် သူ့ကို လိုချင်တဲ့ လူအများကြီး ရှိနေပါသေးတယ်။ သစ်ပင်က ထောက်ပံ့ပေးနိုင်တဲ့ စွမ်းအားက မပြောပလောက်တဲ့ ပမွှားလေး ဖြစ်မယ်ဆိုရင်တောင် သူတို့အတွက်တော့ အသုံးဝင်နေတယ်။ သေးငယ်တဲ့ ပုရွက်ဆိတ်လေးကတော့ ဒါကို မြိန်ရေရှက်ရေ စားသုံးမှာပေါ့။

လေထဲမှာ ယိမ်းယိုင်နေတဲ့ အနီရောင် ဘယ်ရီသီးပင်ကို မြင်တော့ စိတ်လှုပ်ရှားနေတာပေါ့။

“ဒီတစ်ခေါက်တော့ မြို့စားမင်းရဲ့ ကျေးဇူးတော်ကြောင့် ဒီဆေးမြစ်တွေကို ရှာနိုင်တာ…ငါတို့ကိုယ်တိုင်ဆို ဒီနေရာကို ရောက်ဖို့ မလွယ်ကူဘူး…မြို့စားမင်းက ဝေစု မလိုဘူး ဆိုတော့ကား ငါတို့ပဲ ဝေစုခွဲရမှာပေါ့ လူတိုင်း ဆေးမြစ် တစ်ခု ရမယ်။ ငါက သမားတော် တစ်ယောက် မဟုတ်လည်း ဒီဆေးမြစ်တွေကို ကိန်ဂဏန်း ကြီးကြီးမားမား ရောင်းလို့ ရမှန်းတော့ သိတယ်”

Chapter-742
End

Book(30)
743+744

အပိုင်း (၇၄၃)
ကြောင်သူတော်၏ စိတ်ဓာတ်အမှန် (၂)

သူတို့က သမားတော် မဟုတ်လဲ ဘာဖြစ်လဲ။ သမားတော် မဟုတ်ရင် ဆေးမြစ်တွေ ယူခွင့် မပြုပါဘူးဆိုတဲ့ အမိန့် ချမှတ်ထားလို့လား။

သူတို့တွေ ဒီဆေးမြစ်တွေကို ရတာနဲ့ ကျော်ကြားတဲ့ သမားတော်များထံမှာ ကြိုက်နှစ်သက်တဲ့ဈေးနှုန်းနဲ့ ရောင်းချလို့ရတယ်။ မဟုတ်ရင်လည်း တခြားသူတွေကို ရောင်းလို့ ရသေးတယ်။

သူတို့ မြို့စားမင်းလို အတ္တ မာန်မာန လောဘ ကင်းတဲ့လူကို ဘယ်နေရာမှာ သွားရှာဖွေမလဲ။

လင်းယွမ်ရဲ့နှလုံးသားထဲမှာ  ဒီပစ္စည်းတွေကို ငမ်းငမ်းတက် လိုချင်နေတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ရက်ရောတယ်… တစ်ကိုယ်ကောင်းဆန်မှု ကင်းမဲ့တယ် ဟုတ်လား… အားလုံးက အပေါ်ယံ အရေခွံတွေ…။

အားလုံးသိထားသလိုပဲ ပြန်လမ်းမဲ့ သစ်တောထဲမှာ များစွာသော တန်ဖိုးရှိ ရတနာတွေ အများကြီး ရှိတယ်။ တစ်ကြိမ်တည်းနဲ့ အားလုံးကို တွေ့ရမယ်လို့ မထင်ခဲ့မိဘူး။ ရတနာ အားလုံးကို ရှာတွေ့နိုင်ခြင်းက ကံကောင်းလို့… လက်ဗလာနဲ့ ပြန်ရမယ်ဆိုရင်တော့ ကံအဆိုးဆုံး လူသား ဖြစ်ပြီပေါ့။

လင်းယွမ်လည်း သူကိုယ်တိုင် ဒီလောက် ကံကောင်းမယ်လို့ မထင်ခဲ့မိဘူး။ မြို့တံခါးမှာ ပြောခဲ့သမျှ စကားလုံးတိုင်းက အလိမ်အညာ စကားမျှသာ။ သူ့ဘက်က ဘာဆိုဘာမှ မတွေးတောဘဲ ပါးစပ်ထဲ ရှိရာ ပြောလိုက်ခြင်းပါ။ လင်းယွမ်ရဲ့မျက်နှာက အနည်းငယ် ပျက်ယွင်းနေပါပြီ။ အရင်တုန်းကလို ဆိုရင်တော့ ဒီလူတွေ အားလုံးကို အလွယ်တကူလေး သတ်ပစ်လိုက်လို့ ရတယ်။ သူ့အတွက် ပြဿနာ မရှိဘူး။ သူတို့အားလုံးကို သတ်ပြီး ပစ္စည်းအားလုံးကို အပိုင်သိမ်းလို့ ရတယ်။

အခုတော့ ဘယ်ကမှန်း မသိတဲ့ ယွမ်လော့ဖုန်းက ရောက်နေတယ်။ သူမရဲ့ စရိုက်အရတော့ သူ့ကို ဒီလို အပြုအမူမျိုး လုပ်ဆောင်ခွင့် ပြုမှာ မဟုတ်ဘူး။

“မြို့စားမင်း”

မြို့စားမင်း အိမ်တော်မှ လူများလည်း အတော့်ကို စိတ်ရှုပ်နေပါပြီ…ဒီဆေးမြစ် အားလုံးက တန်ဖိုးရှိနေတယ်။ လေလံအိမ်ကို ပို့မယ်ဆိုရင် ငွေပမာဏ များများစားစား ရနိုင်သလို သမားတော်များကိုလည်း ရောင်းချလို့ ရမယ်။ သူတို့တွေ ဒါတွေအားလုံးကို စွန့်လွှတ်ရမယ်ဆိုရင်တော့ နှမျော စရာကောင်း တော့မယ်။ ဒီလူတွေ ဆေးမြစ်အနား သွားတာကို မြင်တော့ လင်းယွမ်လည်း တားဆီးလိုက်တယ်။
“နေဦး”

ရုတ်တရက် သူတို့အားလုံးရဲ့ ခြေလှမ်းများ ရပ်တန့်သွားပြီး လင်းယွမ်ကို စိတ်ရှုပ်တဲ့ အကြည့်နဲ့ ကြည့်လာခဲ့တယ်။

“အားလုံးပဲ”
လင်းယွမ်လည်း လူတတ်ကြီး ပုံစံနဲ့ စကားမပြောခင် မျက်တောင် မကြာခဏ ခတ်လိုက်တယ်။
“ပြန်လမ်းမဲ့ သစ်တောမှ ရလာမယ် ရတနာပစ္စည်းအားလုံးကို ပေးမယ်လို့ မင်းတို့ကို ကတိပေးခဲ့ဖူးတယ်… ဒါပေမဲ့ အခုက ဆေးမြစ်တွေ ရတနာပစ္စည်းလို့ မှတ်ယူလို့ မရဘူး။ မင်းတို့ လူတွေထဲမှာလည်း သမားတော် တစ်ယောက်မှ မပါဝင်ဘူး။ မင်းတို့ ပိုင်ဆိုင်သွားရင်လည်း အလဟဿ ဖြစ်နေမယ်… ဒါကြောင့် ဆေးမြစ်တွေ အားလုံးကို မြို့စားမင်း အိမ်တော်က သိမ်းပိုက်တာ ပိုကောင်းမွန်မယ်။ အကယ်၍ မင်းတို့တွေ နာမကျန်းဖြစ်ရင်တော့ မင်းတို့ကို ကုသပေးဖို့ မြို့စားမင်း အိမ်တော်က သမားတော်လွှတ်ပေးပါမယ်”

ဆူညံ့သံများ ပွက်လောရိုက်ကာ နောက်ဆုံးတော့ အားလုံးက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပြီ ထင်ပါတယ်။

ရိပ်စား မိတာကြောင့် လင်းယွမ်လည်း ဆက်ပြောလိုက်တယ်။
“ကျုပ်ပြောခဲ့တဲ့ ရတနာပစ္စည်းတွေ မြေအောက် လွှာမှာ သေချာပေါက် ရှိမှာပါ… အဲအချိန်ရောက်ရင် မင်းတို့အားလုံးကို အကုန်လုံးပေးမှာပါ မင်းတို့ကိုယ်တိုင် ခွဲဝေ ယူပါ”

စကားက ချောပြီး သမာသမတ် ကျနေတာပဲ။ သူ့စကားကြောင့် အားလုံးက ယုံကြည် လက်ခံလာတယ်။တကယ်တမ်းလည်း ဆေးမြစ်တွေက ငွေအများကြီး ရပါဘူး။ မြို့စားမင်းကို ပေးလိုက်ခြင်းက အကောင်းဆုံးပါပဲလေ။

ရတနာပစ္စည်းတွေကို မြို့စားမင်းဘက်က ပြိုင်မလုရင် လုံလောက်ပါပြီ။ အားလုံးရဲ့မျက်နှာထား ပြေလျော့သွားခြင်းကို မြင်ရမှ လင်းယွမ်လည်း စိတ်အေးရတော့တယ်။ သူ့ဘက်က စကား ဆက်ပြောဖို့ ပြင်နေစဉ်မှာ ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရတယ်။

“ရှင့်ကိုယ်ကျိုးအတွက် ဆေးမြစ်အားလုံးကို ယူချင်တယ်လို့ တည့်တိုး ပြောလိုက်စမ်းပါ။ ကွေ့ဝိုက် မနေနဲ့”
မိန်းမပျိုလေးက လက်ပိုက်ရင်း လင်းယွမ်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တယ်။
“ပြီးတော့ နင်တို့တွေ ပြောနေတဲ့ ရတနာတွေက အမှန်တကယ် ရှိတာ မဟုတ်ဘူး… သူက ဆေးမြစ် အားလုံးကို ယူသွားရင် ကျန်တဲ့လူတွေက ရတနာပစ္စည်း မရှာနိုင်ရင်ဘာတွေများ ခွဲဝေ မလဲ”

မှန်တာပေါ့။

သူက ဆေးမြစ် အားလုံးကို ပိုင်ဆိုင်သွားပြီး သူတို့က ရတနာ ရှာမတွေ့ရင် ဆေးမြစ်တွေကို ပြန်တောင်းလို့ ရပါဦးမလား။

ဒီအချက်ကို တွေးမိတော့ အားလုံးက လင်းယွမ်ကို သံသယ မျက်ဝန်းများဖြင့်ကြည့်လိုက်တယ်။ မနေ့က ဆိုရင်တော့ လင်ယွမ်ကို ဘာဆိုဘာမှ မတွေးဘဲ ယုံကြည်ပေးမှာပါ။ လင်းလောရှင်းရဲ့ ကိစ္စ ပြီးကတည်းက လင်းယွမ်အပေါ် ထားရှိတဲ့ သဘောထား အနည်းငယ် ပြောင်းလဲသွား ခဲ့ပြီလေ။
Chapter-743
End

အပိုင်း(၇၄၄)
ကြောင်သူတော်၏ စိတ်ဓာတ်အမှန် (၃)

လင်းယွမ်မှာ သွေးအန်လုနီးပါးပဲ။ ဒီမိန်းမက သူ့ကို မဆန့်ကျင်ရရင် သေမှလား။

“နင်…”

အစက ရင့်ရင့်သီးသီး အော်ဟစ်ချင်သော်လည်း ယွမ်ရှောင်ရဲ့ သတိပေးတဲ့ အကြည့်ကို သတိထားမိတာကြောင့် သူ ပြောချင်တဲ့ စကားများကို မျိုသိမ်လိုက်တယ်။

သူလည်း သက်ပြင်းချကာ  တခြားနည်းလမ်းနဲ့ စည်းရုံးဖျောင်းဖျဖို့ ကြိုးစားတယ်။
“ မင်းတို့တွေ ငါ့ကို မကျေနပ်မှန်း သိပါတယ်… ဒါပေမဲ့ ငါက အမြဲတမ်း ရိုးသား ဖြောင့်မတ်ခဲ့သူပါ… ပြန်လမ်းမဲ့ သစ်တောထဲက ရတနာတွေကို ပေးမယ်လို့ ပြောခဲ့တည်းက ငါ တစ်ပြားတစ်ချပ်မှ မယူဘူး… ငါ့ဘက်က အာမခံတယ်”

ယွမ်လော့ဖုန်းလည်း လှောင်ပြုံး ပြုံးလိုက်တယ်။
“ဒါဆို ဘာကြောင့်များ ဆေးမြစ်တွေကို လုယူဖို့ ကြံရွယ်နေလဲ”

“ဆေးမြစ်တွေက ရတနာလို့ ယူဆလို့ မဖြစ်ဘူး”
လင်းယွမ်လည်း ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါး ကြည့်ကာ ဒေါသသံနဲ့ ပြောလိုက်တယ်။

“ကျွန်မရဲ့ အမြင်မှာတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတိုင်းကို ရတနာလို့ မှတ်ယူလို့ ရတယ်”
ယွမ်လော့ဖုန်းလည်း လက်ကို ချထားလိုက်ပြီး အားလုံးကို ဖြန့်ကျက် ကြည့်ရှုလိုက်တယ်။
“အားလုံးကို အကြံပေးချင်တာက ဆေးမြစ်တွေကို အရင်ဆုံး သိမ်းထားလိုက်… ရတနာပစ္စည်းတွေကို တွေ့တော့မှ သူ့ကို ဆေးမြစ်တွေ ပေးလိုက်… ဒါဆို အဆင်ပြေသွားမယ်”

အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်တယ်။ ဒါက အကြံကောင်းပဲ။

“မြို့စားမင်းက မြေအောက်မှာ ရတနာပစ္စည်းတွေ ရှိတယ်လို့ အခိုင်အမာ ပြောနေတော့လဲ သေချာပေါက် ရှိမှာပါ။ ဒါဆို စိတ်ချရအောင် ဆေးမြစ်တွေကို အရင်သိမ်းထားလိုက်မယ်…ဆက် ပြောချင်တာ မရှိတော့ဘူးမလား… လက်သင့်ခံမယ် မလား”

လင်းယွမ်ရဲ့မျက်နှာ အမူအရာက ပိုပို ပျက်ယွင်းလာရပြီး လက်သီးကို ကျစ်နေအောင်ဆုပ် ထားတယ်။ ဆေးမြစ် တစ်ခု အတွက်နဲ့ ပညာရှင် အားလုံးက လင်းယွမ်ကို မျက်နှာသာ မပေးဘူးပေါ့။ ဒီတစ်ကြိမ် သူတို့တွေ ရတနာ ရှာမတွေ့လည်း သူတို့အတွက်တော့ အကျိုး မယုတ်ဘူးဆိုတဲ့ သဘောလား။

“နေဦး”

လင်းယွမ်လည်း ဒေါသတကြီး အော်ဟစ်ကာ ဆေးမြစ်ယူဖို့ ကြိုးပမ်းတဲ့ ပညာရှင်ကို အလောတကြီး တိုက်ခိုက်လိုက်တယ်။ သူ့ကျင့်ကြံစွမ်းအားကြောင့် ပညာရှင်မှာ လွှင့်စဉ်သွားတော့တယ်။

လူတစ်စုမှာ ချက်ချင်း တိတ်ဆိတ်သွားတော့တယ်။

အားလုံးက လင်းယွမ်ကို ယုံကြည်ဖို့ ခဲယဉ်းနေတဲ့ မျက်ဝန်းများဖြင့် ကြည့်လာခဲ့တယ်။

“ဆက်ပြီး ဟန်မဆောင်တော့ဘူးလား”
ယွမ်လော့ဖုန်းလည်း မျက်ခုံးကို တွန့်ချိုးကာ မဲ့ပြုံး ပြုံးလိုက်တယ်။

လင်းယွမ်လည်း မှင်တက်နေတဲ့ လူတစ်စုကို မကြည့်မီ ယွမ်လော့ဖုန်းကို သွေးအေးစွာ ကြည့်လိုက်ပြီး ဟားတိုက် ရယ်မောလိုက်တယ်။
“ဒီနေ့ ဆေးမြစ်တွေကို ဘယ်သူ ထိရဲလဲ ကြည့်ရတာပေါ့”

သူ့ရဲ့ စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်လိုက်တော့ တခြားသူများမှာ နည်းနည်းလေးတောင် မလှုပ်ရှားရဲဘူး။

“လင်းယွမ်…မင်း ငါတို့ကို လိမ်တယ်”

ထိုအုပ်စုထဲမှ လှပတဲ့ မိန်းကလေးက ပထမဦးဆုံး တုံ့ပြန်လာပြီး သူမရဲ့မျက်နှာ တပြင်လုံးက ဒေါသစိတ်ကို ဖော်ပြနေလေရဲ့။

“အစကတော့ ပြန်လမ်းမဲ့ သစ်တောက ရလာတဲ့ ရတနာတွေ ငါတို့ကို ပေးမယ်ဆို အခုတော့ အားလုံးကို အပိုင်သိမ်းချင်နေပြီပေါ့ ဟုတ်လား။ အရင်က နင့်စကားကို ယုံကြည်မိတာ အမှားကြီး မှားတာပဲ”

“ခင်ဗျားကို မှန်ကန် ဖြောင့်မတ်တဲ့ လူကြီးလူကောင်းလို့ သတ်မှတ်ခဲ့ဖူးတယ်… ကြောင်သူတော် ဖြစ်မယ်လို့ မထင်ခဲ့မိဘူး  မျှော်လင့်ခဲ့တာက ကြင်နာတတ်တဲ့ သမီးက ကြင်နာတတ်တဲ့ ဖခင်ကြောင့်လို့ထင်ခဲ့ဖူးပါတယ်… တကယ်တော့ ခင်ဗျားတို့ သားအဖ နှစ်ယောက်စလုံးက ရက်စက် ယုတ်မာတဲ့ လူ”

“ဟားဟား… ငါတို့တွေ အရင်တည်းက သိခဲ့သင့်တယ်။ သမီးအရင်းကို စွန့်ပစ်နိုင်သူက လူကောင်း ဖြစ်ပါ့မလား”

အားလုံးရဲ့ စိတ်အခြေအနေက ဗရမ်းဗတာ ဖြစ်နေပြီး လင်းယွမ်ကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ကြည့်လာတယ်။ သူတို့ရဲ့မျက်နှာအမူအရာက တစ်စုံတစ်ယောက်ကို တစ်စစီ ဆွဲဆုတ်ချင်နေတဲ့ ဟန်ပန်ပါ။

“ဟွန့်”
လင်းယွမ်လည်း သရော်လိုက်တယ်။
“ငါ့ဘက်က လိမ်ညာတော့လဲ ဘာဖြစ်လဲ ။ နင်တို့အားလုံးက ငါ့စကားကို ယုံကြည်လွန်းတာ တုံးအလို့လေ… ဒီနေရာကို ရတနာရှာဖို့ လာခဲ့တယ်လို့များ ထင်နေလား။ ရယ်စရာ ကောင်းလိုက်တာ… အရမ်းကို ဟားသ မြောက်တယ်”

သူ့မျက်နှာအမူအရာက ရက်စက် ယုတ်မာနေပြီး အားလုံးကို သွေးအေးတဲ့ အကြည့်နဲ့ ကြည့်လာခဲ့တယ်။

ထို့နောက် ယွမ်လော့ဖုန်းကို စောင်းငဲ့ကြည့်လာပြီး ဆန့်ကျင်သော မျက်ဝန်းများတော့ မဟုတ်တော့ပါ။

“တခြားသူတွေက ဆေးမြစ်တွေကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး ငါတို့ပဲ တစ်ယောက် တစ်ဝက် ခွဲဝေရင် မကောင်းဘူးလား…ဆက် ခရီးဆက်မယ်… ငါတို့တွေက တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဖို့ လိုအပ်တယ်”

Chapter-744
End

Book(30)
745+746+747

အပိုင်း(၇၄၅)
ကြောင်သူတော်၏ စိတ်ဓာတ်အမှန် (၄)

ဖြစ်နိုင်မယ်ဆိုရင် သူတစ်ယောက်တည်း ဆေးမြစ်တွေကို အပိုင်ယူချင်တာပါ။ ဒါပေမဲ့ သူမ ဘေးနားက ခံစားချက် ကင်းမဲ့တဲ့ အမျိုးသားကို အနိုင် မတိုက်နိုင်မှန်း သူ သိနေခဲ့တော့ သူတို့တွေနဲ့ အငြင်းအခုံဖြစ်ခဲ့တာကို လျစ်လျူရှုပြီး သူတို့နဲ့ ပူးပေါင်းရမယ်။

လင်းယွမ်ရဲ့စကားက ယွမ်လော့ဖုန်းကို ရယ်မောစေတယ်။ သူမရဲ့မျက်ဝန်းများက ပြုံးရိပ်သန်းနေပြီး နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးနေခဲ့တယ်။

“ရှင်က ကျွန်မတို့နဲ့ ပူးပေါင်းချင်တယ်လား။ ထိုက်တန်ရဲ့လား တွေးမိရဲ့လား”

လင်းယွမ်ရဲ့မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားခဲ့တယ်။
“မင်းတို့တွေက စိတ်စွမ်းအား ကျင့်စဉ် မြင့်မှန်း ငါသိပါတယ်။ ဒါပေမဲ့ ပြန်လမ်းမဲ့ သစ်တောထဲမှာ အန္တရာယ် များပြားလွန်းတယ်။ မင်းတို့ရဲ့ စွမ်းအားနဲ့ ပြန်လမ်းမဲ့ သစ်တောကို ဖြတ်ကျော်နိုင်မယ်လို့ ထင်နေလား။ ငါနဲ့အတူတူ အလုပ်လုပ်မှ မင်းတို့ အသက်ရှင်နိုင်မှာနော်။

“စိတ်မပူပါနဲ့ ကျွန်မတို့ကို သေကြေပျက်စီးဖို့ ရှင့်ဘက်က အကြိမ် တစ်ရာမက ဆုတောင်းလဲ ကျွန်မက ဘယ်တော့မှ မသေဘူး”

တင်းစီးသော အကြည့်နဲ့ ဂုဏ်မောက်နေသော အသံက လင်းယွမ်ကို ဂရုမစိုက်ဟန်ပါ။ လင်းယွမ်မှာ ဆက်ပြီးတော့ အထွန့်တက်ချင်သော်လည်း မိန်းမပျိုလေးက ကြားဖြတ်ပြောသွားတယ်။

“ဒီဆေးမြစ်တွေက သာမန်တွေ… ကျွန်မ စိတ်မဝင်စားဘူး… ရှင်လိုချင်ရင် အကုန်လုံး ယူလိုက်တော့… ပူးပေါင်းဖို့တော့ မတွေးနဲ့”

အနီရောင်ဘယ်ရီသီးပင်ကို ရုန်အကြီးအကဲ လက်ဆောင်ပေးထားပြီးသား။ သူမမှာ တစ်ပင်ရှိပြီးသား။ အဲဒီအပင်ကို ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေမှာ စိုက်ပျိုးပြီးစိတ်ဝိညာဉ် သစ်သီး အပင်လို့ နာမည်ပြောင်းခေါ်ထားပြီးပြီ။

သွေးဂျင်းဆင်း

သူမရဲ့ နောက်ဆုံး အသက်ရှူသံကို ထိန်းသိမ်းဖို့ သွေးဂျင်းဆင်းကို လိုအပ်ပါ့မလား။ တွေးကြည့်လေ… သူမက သမားတော် တစ်ယောက်ပါ… ဒါမျိုး လိုအပ်ပါ့မလား။
တခြားဆေးမြစ်တွေကို စကားထဲ ထည့်ပြောနေစရာတောင် မလိုအပ်ဘူး။

သိပ်မကြာခင်ရမှ ခန်းဝင်လက်ဖွဲ့အဖြစ် နှစ်တစ်ထောင် ဆေးမြစ်တွေကို ယွမ်ရှောင်က လက်ဆောင် ပေးထားပြီးသားပါ။ဒီပြင် ကြွက်မျိုးနွယ်စုက ပေးထားတဲ့ တန်ဖိုးကြီး ဆေးမြစ် အများကြီး ရှိသေးတယ်။

ဒါကြောင့် အခုတွေ့နေရတဲ့ ဆေးမြစ်တွေကို သူမ လုံးဝကို စိတ်မဝင်စားဘူး။

အရေးကြီးဆုံးအချက်ကတော့ ညာဘက်လမ်းကို မရွေးချယ်ခင်က လုံဖေး ပြောလိုက်တဲ့ စကားပဲ။ဘာကိုမြင်မြင် စိတ်ထဲ မထားနဲ့လို့ ပြောထားပြီးသား။အကယ်၍ ရတနာပစ္စည်းတွေကို မြင်တွေ့ ရမယ်ဆိုရင်တောင် သူမ မယူဘူး။

လင်းယွမ်ရဲ့မျက်နှာအမူအရာက တည်ငြိမ်နေပြီး ဆေးပင်တွေ အနား မသွားခင်မှာ ထေ့ငေါ့လိုက်တယ်။
“ဒီမိန်းမက ပစ္စည်းကို တန်ဖိုးထားရမှန်း မသိဘူး။ သူမ မလိုချင်တော့လဲ အားလုံးကို ငါတစ်ယောက်တည်း အပိုင်သိမ်းရတာပေါ့”

အားလုံးရဲ့ ဒေါသဖြစ်နေတဲ့ အကြည့်များကို လျစ်လျူရှုရင်း လင်းယွမ်းလည်း ဆေးပင်အနား ကပ်လိုက်ကာ စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။

ဆေးပင်တွေ ထိခိုက် ပျက်စီးမှာ စိုးရိမ်တာကြောင့် သူ့အပြုအမူက အလွန့်ကို နှေးကွေးလွန်းတယ်။ မြေကြီးထဲမှ သတိရှိစွာ တူးထုတ်နေပြီး သူ့ရဲ့နယ်မြေ လက်စွပ်ထဲ ထည့်လိုက်တယ်။

“ကောင်းတယ်…နောက်ထပ် တစ်ပင်…”
လင်းယွမ်က တခြားအပင်ကို အာရုံစိုက်သွားတယ်။

ထိုစဉ် သူ့နောက်မှာ ရပ်နေတဲ့ လူတစ်စုက တစ်စုံတစ်ရာ မူမမှန်တာကို သတိထားမိလို့ မျက်လုံးပြူး မျက်ဆန် ပြူး ဖြစ်ကာ အလျင်စလို အော်လိုက်တယ်။
“မြို့စားမင်း သတိထား”

ဘာများလဲ။

လင်းယွမ်လည်း လှည့်မကြည့်ခင် ခဏတော့ မှင်တက်နေမိပါရဲ့။ရုတ်တရက် သူ့နောက်မှာ ပါးစပ်ကြီးနဲ့ ဧရာမ သစ်ပင်ကြီး ရောက်လာပြီး သူ့သွားများကို လှစ်ဟာပြနေပြီး လင်းယွမ်ကို ကိုက်ဖို့ ဟန်ပြင်နေခဲ့တယ်။

အမြင်စူးရှလွန်းတဲ့ လင်းယွမ်က သွက်လက်သော လက်များဖြင့် အနီးအနားရှိ လူတစ်ယောက်ကို လှမ်းဆွဲကာ လူသားစား သစ်ပင်ကြီးထံ ပစ်ပေးလိုက်တယ်။ ထိုလူမှာ အကူအညီတောင်းဖို့ မအော်နိုင်ခင် သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို လူသားစား ပန်းပွင့်က ဝါးမျိုသွားခဲ့ပါပြီ။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ လင်းယွမ်က အဝေးတစ်နေရာကို ပြေးထွက်သွားလိုက်တယ်။

သူလည်း သူ့နဖူးပေါ်မှာ မရှိတဲ့ ချွေးများကို ဟန်လုပ်သုတ်နေသော်လည်း ကြောက်စိတ် မွှန်နေတုန်းပါ။

နည်းနည်းလေး နောက်ကျသွားမယ်ဆိုရင် သေမယ့်လူက သူဖြစ်တော့မှာ။

ကံကောင်းချင်တော့ သူ့လက်များက အလွန် လျင်မြန်ပြီး တစ်စုံတစ်ယောက်ကို အသေခံ အဖြစ် ထိုးကျွေးနိုင်လို့ပေါ့။

လူသားစား ပန်းပွင့်မျိုးစိတ်များ ဒီနေရာမှာ ရှိမယ်လို့ မထင်ခဲ့မိဘူး။

“အား…”

ရုတ်တရက်  ဗျာပါဒများနေသော အသံကို လူအုပ်ထဲမှ ကြားလိုက်ရပြီ။ လင်းယွမ်အနား ပြေးလာတဲ့ လူက လင်းယွမ်ကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ကြည့်လာခဲ့တယ်။

“လင်းယွမ်… ငါ့အစ်ကိုရဲ့ အသက်ကို ပြန်ပေးစမ်း”

လင်းယွမ် စတေးလိုက်တဲ့လူက ဖြစ်ချင်တော့ မြို့စားမင်း အိမ်တော်က လူ မဟုတ်ဘူး၊ သူ့နောက် လိုက်လာတဲ့ ပညာရှင်ထဲက တစ်ယောက်ဖြစ်နေတယ်။ဒါကြောင့် အားလုံးက ဒေါသထွက်နေတဲ့ အကြည့်များဖြင့် ကြည့်နေခဲ့တယ်။
Chapter-745
End

အပိုင်း(၇၄၆)
ကြောင်သူတော်၏ စိတ်ဓာတ်အမှန် (၅)

“အော်သံ”
လင်းယွမ်ရဲ့မျက်နှာ အမူအရာက တည်ငြိမ်နေသော်လည်း သူ့လက်သီးက ထိုလူရဲ့ ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျရောက်ခဲ့ ပြီးပါပြီ။ ထိုလူမှာ  သွေးအန်ကာ ချက်ချင်း နောက်သို့တယိမ်းတယိုင် ဖြစ်သွားရတယ်။

“လင်းယွမ်…ခင်ဗျားကြီး တရားလွန်တယ်…ခင်ဗျားကို ဂုဏ်သိက္ခာ ရှိသူလို့ ထင်ခဲ့မိတာ အမှားကြီး မှားခဲ့ခြင်းပဲ…တကယ်တော့  ခင်ဗျား ဘေးကင်းဖို့ တခြားသူကို အန္တရာယ် တွင်းထဲ ဆွဲခေါ်ရဲတဲ့ ရက်စက်ယုတ်မာသူပဲ... ခင်ဗျားရဲ့ အပြစ်ကို သွေးနဲ့ ပြန်လည် ပေးဆပ်ရမယ်”

အားလုံးရဲ့ ပြစ်တင် ဝေဖန်မှုနဲ့ ထိပ်တိုက် ရင်ဆိုင်ရသော်လည်း လင်းယွမ်က လက်နောက်ပစ်ကာ ခံစားချက် အပြည့်နဲ့ အကြောင်းပြချက် ပေးတော့တယ်။
“ငါ့ကိုယ်စား သူ့ကို သေစေလဲ ဘာဖြစ်လဲ… ခရီးဆက်ထွက်ရင် သူ့အရည်အချင်းနဲ့ ခင်ဗျားတို့အတွက် အကူအညီ ဖြစ်မယ်များ ထင်နေလား…ကျုပ် အသက်ရှင်ခြင်းက ခင်ဗျားတို့အတွက် ပိုအကျိုးဖြစ်ထွန်းမယ်… နားလည်လိုက်စမ်းပါ… တုံးအ မနေနဲ့”

“ခင်ဗျားက မဟုတ်မမှန် ပြောနေတာပဲ”
ကွယ်လွန်သွားသူရဲ့ ညီအစ်ကို ဖြစ်သူက ဒေါသစိတ်နဲ့ အော်ဟစ်ကာ လင်းယွမ်ကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ဖို့ ကြံရွယ်လိုက်တယ်။

သူ့ဘက်က မတိုက်ခိုက်နိုင်ခင်မှာဘဲ လင်းယွမ်ရဲ့တိုက်ခိုက်မှုကြောင့် မီတာပေါင်းများစွာ လွှင့်ထွက်သွားပြီး သူ့ခံတွင်းမှ လတ်ဆတ်သော သွေးများ အန်ထုတ်တော့တယ်။ လူတိုင်းလိုလို ဘာစကားတစ်ခွန်းမှ ဝင်ရောက် မပြောဆိုရဲဘဲ လင်းယွမ်ကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့်သာ ကြည့်နေခဲ့တယ်။

လင်းယွမ်လည်း ထေ့ငေါ့လိုက်တယ်။
“ငါ့လုပ်ရပ်က အားလုံး အကျိုးရှိဖို့အတွက်ပါ…တစ်ယောက်တစ်လေတော့ ငါ့ရဲ့ကောင်းမွန်တဲ့စိတ်ထားကို ဂုဏ်ပြုသင့်ပါတယ်။ငါ သေသွားရင် မင်းတို့ရဲ့အဖွဲ့ဝင် တစ်ဝက်လောက် လျော့သွားနိုင်သလို တစ်ချိန်တည်းမှာ အကုန်လုံးလည်း သေဆုံးသွားနိုင်တယ်”

လူသားစား ပန်းပွင့်က သူ့ဝါးမျိုလိုက်တဲ့လူကို ပါးစပ်ထဲမှာပဲ ချေဖျက်လိုက်ပြီး လင်းယွမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကြံရွယ်တယ်။

ဒီတစ်ကြိမ်တော့ မျက်မြင်တွေ့ထားတဲ့ လူတိုင်းက ကြောက်လွန်းလို့ နောက်ဆုတ်ကြတယ်။လူသားစား ပန်းပွင့် အဟာရဖြစ်ဖို့ သူတို့ကို ပစ်ကျွေးမယ်မှန်း သိသွားပြီ။

ယွမ်လော့ဖုန်းလည်း ဒီမြင်ကွင်းကို ဘေးကင်းတဲ့ တစ်နေရာမှ စောင့်ကြည့်နေလိုက်တယ်။
“လုံဖေး… ရှင် သူတို့ကို အကောက်ကြံဖို့ ဒီနေရာကို မျှားခေါ်ခဲ့တာ မလား”

လုံဖေးလည်း ခေါင်းညိတ်လိုက်တယ်။
“ ပြန်လမ်းမဲ့ သစ်တောထဲက တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုချင်းစီမှာ စောင့်ရှောက်တဲ့ ဝိညာဉ် သားရဲ ရှိတယ်..ဒီနေရာမှာလည်း လူသားစား ပန်းပွင့်က သူ့နေရာကို စောင့်ရှောက်နေရုံပါပဲ… တကယ်တမ်းတော့ ပြန်လမ်းမဲ့ သစ်တောက ထင်ထား သလောက် အန္တရာယ် မရှိပါဘူး… သာမန် အခြေအနေမှာဆိုရင်တော့ ပြန်လမ်းမဲ့ သစ်တောထဲက ဘယ်ပစ္စည်းကိုမှ မထိမိရင် သန်မာတဲ့ ဝိညာဉ်သားရဲတွေကို သူတို့ကို အရင်ဦးဆုံး မတိုက်ခိုက်ဘူး”

ဒီလူတွေကသာ ရတနာတွေကို ရှာတွေ့ပြီး သူတို့ရဲ့ လောဘစိတ်ကို မထိန်းချုပ်နိုင်လို့ ဒီနေရာကို စောင့်ရှောက်တဲ့ သားရဲက သူတို့ကို တန်ပြန် တိုက်ခိုက်ရခြင်းပါ။

လုံဖေးလည်း ဆက်မပြောခင် ခဏတော့ တွေးတောလိုက်တယ်။
“သူတို့သာ ဆေးပင်ကို မယူခဲ့ရင် လူသားစား ပန်းပွင့်က တိုက်ခိုက်မှာ မဟုတ်ဘူး”

ထိုလူ ကံကောင်းသွားခြင်းက လင်းယွမ် ကန်ထုတ်လိုက်လို့ ဆေးပင် ခူးချိန် မရလိုက်တော့ ကံဆိုးမိုးမှောင်ကျရောက်ခြင်းမှ လွတ်မြောက်နိုင်ခဲ့တယ်။

လောဘစိတ်က လူသားတွေကို လွတ်မြောက်ခွင့် မပေးတဲ့ ကျိန်စာ တစ်ခု အလားပဲ။

ဒါကြောင့် တိုက်ပွဲက ပိုမို ပြင်းထန်လာခဲ့တယ်။

မြို့စားမင်း အိမ်တော်မှ အကျော်အမော်များမှာ လင်းယွမ်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့်  လူသားစား ပန်းပွင့်ရဲ့ အဟာရ ဖြစ်ကာ လျော့နည်းသွားရပြီး လင်းယွမ်တစ်ကိုယ်တည်း အသက်ရှင်သန်ဖို့ တိုက်ခိုက်နေရပြီ။

ဒါကြောင့်လည်း လင်းယွမ်ရဲ့ တစ်ကိုယ်လုံး ထိခိုက် ဒဏ်ရာ ရကာ လက်တစ်ဖက်လည်း လူသားပန်းပွင့်ရဲ့ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရတယ်။

ဒီလိုသာ ဆက်ဖြစ်နေရင် ဒီနေရာမှာ အသက်ဆုံးရှုံးရတော့မယ်။ လင်းယွမ်လည်း နှုတ်ခမ်းကို ကိုက်ကာ သူ့ဂုဏ်သိက္ခာကို ရေစုန်မျောရင် ယွမ်ရှောင်ကို အကူအညီတောင်းတော့တယ်။
“ငါ့ကို ကူညီပေးကြပါ… တောင်းပန်ပါတယ်”

ယွမ်ရှောင်က သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ပါဘူး။ အော်ဟစ် ငိုယိုကာ အကူအညီတောင်းနေခြင်းကို မကြားသလိုပါပဲ။

လင်းယွမ်ရဲ့မျက်နှာ အမူအရာက ပိုမိုကာ အကျည်းတန်လာရပြီ
“ငါသေသွားရင် မင်းတို့တွေ အန္တရာယ်များလွန်းတဲ့ ပြန်လမ်းမဲ့ သစ်တောထဲမှာ ရှင်သန်နိုင်မယ်များ ထင်နေလား”

Chapter-746
End

အပိုင်း(၇၄၇)
အားနာလိုက်တာနော်… လက်ချော်သွားလို့ပါ

ယွမ်ရှောင်လည်း တိတ်တဆိတ် သူ့အင်္ကျီအတွင်းကို လက်နှိုက်လိုက်တယ်။

ဒါကို မြင်တော့ ယွမ်ရှောင်ကို အကျိုးသင့်အကြောင်းသင့် နားလည်ပြီး သူ့ကို ကူညီတော့မယ်လို့ တွေးမိတာကြောင့် လက်လှမ်းပေးရင်း လင်းယွမ်ရဲ့မျက်ဝန်းများ အရောင်တောက်သွားရတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ လင်းယွမ်ရဲ့မျက်နှာကြော ခပ်တင်းတင်း ဖြစ်သွားရပါတယ်။ ဒီလူက အရောင်အသွေးလှပတဲ့ သစ်သီးကို ယွမ်လော့ဖုန်းကို ပေးဖို့ သူ့အင်္ကျီကို လက်ကိုင်ပဝါ အဖြစ် သုံးတာပဲ။

“ကိုယ် သေချာ သန့်ရှင်းပြီးပြီ အခု စားလို့ရပြီ”

လင်းယွမ်မှာ သွေးအန်ချင်လာတယ်။

ဒီလို အခြေအနေမျိုးမှာ သူ့ရှေ့ လာကြည်နူးနေသေးတယ်။ ပြန်လမ်းမဲ့သစ်တောကို စိတ်စွမ်းအား မြင့်မားရုံနဲ့ အလွယ်တကူ သွားလာနိုင်မယ်များ ထင်နေလား။ ဘေးအန္တရာယ်က နင်တို့တွေ မတွေးဝံ့လောက်အောင် များပြားတယ်။

ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးစဉ်းကာ ယွမ်ရှောင်ပေးတဲ့ သစ်သီးကို လှမ်းယူလိုက်တယ်။ သူမရဲ့နှုတ်ခမ်းနားထေ့ကာ တစ်ကိုက် ကိုက်စားလိုက်တယ်။

လင်းယွမ်ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို ကြည့်ရတာ သူမ ပျော်တယ်။

လင်းယွမ်လည်း ယွမ်လော့ဖုန်းတို့အဖွဲ့ကို အလျင်စလို အကြည့်လွှဲလိုက်ကာ လူသားစား ပန်းပွင့်ကို တိုက်ခိုက်ဖို့သာ အာရုံစိုက်လိုက်တယ်။နောက်ဆုံးတော့ လူသားစား ပန်းပွင့်ရဲ့ အားနည်းချက်ကို သိလိုက်ပြီး သူ့ဓားနဲ့ ပင်စည်ကို ခုတ်ဖြတ်ဖို့ အားကုန်သုံးလိုက်တယ်။

လူသားစား ပန်းပွင့်မှာ သူ့တိုက်ခိုက်မှုကို ခုခံချင်သော်လည်း နောက်ကျသွားခဲ့ပါပြီ။ ပင်စည်က ဟက်တက် ကွဲသွားပါပြီ။

“အဟွတ် အဟွတ်”

လင်းယွမ်လည်း ခြေနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး သွေးအန်တော့တယ်။ သူ့မျက်နှာကို သုတ်လိုက်ချိန် သွေးနဲ့ ချွေးက ကွဲပြားခြင်း မရှိတော့ပါဘူး။

“နောက်ဆုံးတော့ အဆုံးသတ်နိုင်ခဲ့ပြီ”

ဒီတိုက်ပွဲမှာ သူ့ဘက်က ကြီးကြီးမားမား ဆုံးရှုံး နစ်နာ ရတယ်။ သူ့လက်မောင်း တစ်ဖက်ကို ဆုံးရှုံးလိုက်ရခြင်းပဲ။ စိတ်စွမ်းအား ကျင့်သူအတွက်တော့ လက်မောင်းတစ်ဖက်ကို ဆုံးရှုံးရခြင်းက သူ့စွမ်းအား တစ်ဝက်ကို ဆုံးရှုံးရခြင်းပဲ။

ကံကောင်းချင်တော့ သူ့မှာ ဆေးပင်တွေ ကျန်သေးတယ်။

သူ့နောက်ကျောဘက်ခြမ်းက ဆေးပင်ကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာက ပြုံးပျော်ရွှင်နေတော့တယ်။ အဆောတလျင် လမ်းလျှောက်သွားကာ သူကိုယ်တိုင် ဆေးပင်အားလုံးကို သိမ်းဆည်းချင်တယ်။၊

ရုတ်တရက် အစိမ်းရောင် မီးတောက်များက ဆေးပင် အမြစ်မှ  ပေါ်လာပြီး ချက်ချင်း ပြာမှုန့်ဘဝ ရောက်သွားတော့တယ်။

လင်းယွမ်မှာ ကြောင်တောင်တောင် ဖြစ်သွားရပြီး ပြာမှုန့်ဘဝ ရောက်သွားတဲ့ ဆေးပင်တွေကို ငေးကြည့်ရင်း သူ့လက်က လေထဲမှာ ရပ်တန့်သွားရတယ်။ ချက်ချင်း လက်ငင်း ဒေါသူပုန်ထတော့တယ်။

“ဘယ်သူလဲ… ငါ့ရဲ့ဆေးပင်တွေကို ဘယ်သူ မီးရှို့တာလဲ”

လင်းယွမ်မှာ အလွန်အမင်း ဒေါသ ဖြစ်ရပါတယ်။

ဒီဆေးပင်တွေကို ရဖို့ သူ့လက်အောက်ငယ်သား အားလုံးနဲ့ သူ့လက်မောင်း တစ်ဖက်ကို ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးတော့ ခဏလေးအတွင်းမှာ ပျောက်ကွယ် သွားရပြီလား။

“အားနာလိုက်တာနော် လက်ချော်သွားလို့ပါ။

လင်းယွမ်လည်း အသက်ရှူမှားလောက်တဲ့ အသံကို သူ့နောက်ဘက်မှ ကြားလိုက်ပြီး သူ့ဒေါသစိတ်ကို ပိုတိုးစေတယ်။

ဘာပြောလိုက်တယ်… လက်ချော်သွားတယ် ဟုတ်လား။

လက်ချော်သွားလို့ ဆေးပင်အားလုံးကို မီးရှို့လိုက်တယ်ဆိုတော့ လက်မချော်ရင် ပြန်လမ်းမဲ့သစ်တော တစ်ခုလုံးကို မီးရှို့မယ် ထင်ပါတယ်။

“နင်…တမင်လုပ်တာ မလား”
လင်းယွမ်လည်း ယွမ်လော့ဖုန်းကို မကျေမနပ် အံ့ကြိတ်ကာ မေးလိုက်တယ်။

ယွမ်လော့ဖုန်းလည်း သူ့ကို စွေးခနဲ ကြည့်လိုက်တယ်။
“အစကတော့ လူသားစား ပန်းပွင့်ကို မီးရှို့မလို့ပဲ လက်ချော်ပြီး နေရာလွဲသွားတယ်”

သူမဘက်က တမင်ရည်ရွယ်ပြီး လုပ်ခဲ့လည်း ဘာဖြစ်လဲ။ ဆေးပင် အားလုံးကို မီးရှို့ပြီး လင်းယွမ်အတွက် တစ်ခုမှ ချန်မထားနိုင်ဘူး။

“မီးရှို့လို့လည်း ကုန်ပြီ”
ယွမ်ရှောင်လည်း လင်းယွမ်ကို ခက်ထန် ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လိုက်တယ်။
“ဆေးမြစ်လေး တစ်ချို့တစ်လေကို ဘာများ အာရုံထားနေလဲ”

ဆေးမြစ် တစ်ချို့ ဟုတ်လား။

သူ့ရဲ့ ဂုဏ်မောက်နေတဲ့ စကားကို ကြားတော့ အားလုံးက မယုံကြည်နိုင်စွာ ငေးကြည့်လာခဲ့တယ်။

ဒါတွေကို အပြင်ယူသွားပြီး လေလံတင်မယ်ဆိုရင် ဈေးများများစားစား ရနိုင်တယ်။ ဒီလူက အရေးမပါသလို သဘောထားရဲတယ်လား။

သူတို့တွေ ဇနီးမောင်နှံ ဖြစ်နေတာ အံ့ဩစရာ မရှိဘူး။ စရိုက်က တူညီလွန်းပါတယ်။

တစ်ကိုယ်ကောင်းဆန်…ဂုဏ်မောက်… ရင့်သီးလွန်း…

ဒီလူတွေပဲ ဒီစကား ပြောရဲတယ်။ တခြားသူတွေက ဒီလိုစကားမျိုး ပြောရဲတဲ့ သတ္တိ မရှိဘူး။

Chapter-747
End

Book(31)
748+749

အပိုင်း(၇၄၈)

အစီအရင်

လင်းယွမ်ရဲ့မျက်နှာ အသားရောင်က ဖြူဆုတ်သွားပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးက တုန်ယင်နေခဲ့တယ်။ သူတို့လောက် အရှက်သိက္ခာမဲ့တဲ့ လူစားမျိုး သူ့တစ်သက် တွေ့ကို မတွေ့ဖူးခဲ့ဘူး။

ကံဆိုးချင်တော့ သူ့မှာ ယွမ်ရှောင်ကို ပြဿနာရှာရဲတဲ့ သတ္တိ မရှိဘူး။

“ဟွန့်”

လင်းယွမ်လည်း သူ့အင်္ကျီလက်ကို ခပ်ကြမ်းကြမ်း ခါထုတ်ကာ ရှေ့ကို ဆက်သွားလိုက်တယ်။ဒီနေရာမှာတောင် ဆေးပင်တွေ အများကြီး ရှိနေတော့ ပြန်လမ်းမဲ့ သစ်တောထဲမှာ တခြား တန်ဖိုးရှိတဲ့ ပစ္စည်း မရှိဘူးလို့ ပြောလို့ မရဘူး။

ဆေးပင်တွေကို ရယူဖို့ အစောင့်သားရဲနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသော်လည်း ဆေးပင် အားလုံးကို ယွမ်လော့ဖုန်းက ပြာမှုန့်ဘဝရောက်အောင် လုပ်ခဲ့တယ်။

တမင်တကာ လုပ်ဆောင်မှန်း သိသာသော်လည်း သူမဘက်က လက်ချော်တယ်လို့  ပြောခဲ့တယ်။ လက်ချော်သွားတယ် ဟုတ်လား။

ဒီမိန်းမယုတ်က လက်ချော်တာ အကြိမ်ပေါင်း မနည်းတော့ဘူး။

ယွမ်လော့ဖုန်းက လင်းယွမ်ကို ဆက်တိုက် အနှောင့်အယှက် ပေးနေလို့ သူ့မှာ အစောင့်အရှောက် သားရဲကို အနိုင်တိုက်နိုင်ခဲ့လည်း ဆေးပင်တွေကို ပိုင်ဆိုင်ခွင့် မရခဲ့ဘူး။ လင်းယွမ်မှာ ဆေးပင် အားလုံးကို လက်လွတ် အဆုံးအရှုံး ခံခဲ့ရတယ်။

အကျိုးသင့် အကြောင်းသင့် တွေးကြည့်မယ်ဆိုရင် သူတို့ တောနက်ထဲကို ရောက်လေလေ ဝိညာဉ် သားရဲကောင်များရဲ့ ခွန်အားက ပိုပို မြင့်မားလာတယ်။ဒါပေမဲ့ ဒီလမ်းကို ရွေးချယ်လိုက်ပြီးတည်းက အစောင့်အရှောက် သားရဲ စောင့်ရှောက်တဲ့ ပစ္စည်းများကို ခိုးယူဖို့ အစမပျိုးရင်တော့ ဘယ်သားရဲမှ သူတို့ကို အရင်ဦးဆုံး မတိုက်ခိုက်ပါဘူး။

ဒါကြောင့် ယွမ်လော့ဖုန်းတို့အဖွဲ့အတွက်တော့ ခရီးစဉ်က အဆင်ပြေ ချောမွေ့နေပါတယ်။

“သခင်…”

ရုတ်ခြည်း လုံဖေးရဲ့ ခြေလှမ်းများ ရပ်တန့်သွားခဲ့တယ်။ သူ့မျက်နှာ ပျက်ယွင်းနေပြီး လက်သီးနှစ်ဖက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားခဲ့တယ်။

“ဒီနေရာက ပြန်လမ်းမဲ့သစ်တောရဲ့  တောနက်ထဲကို ရောက်ပြီ”

“ဘာလို့လဲ”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်တယ်။

“ကျွန်မတို့ သွားချင်တဲ့ နေရာကို ရောက်ပြီလို့ ပြောချင်တာလား”

လုံဖေးလည်း ခေါင်းညိတ်ကာ စူးကျန်းကို ကြည့်လိုက်တယ်။

မိုးပြာရောင် ကောင်းကင်ယံအောက် ဝေးလံ ခေါင်ပါးတဲ့ ချိုင့်ဝှမ်းမှာ တိတ်ဆိတ်မှု ကြီးစိုးနေခဲ့ပြီး လေညင် တိုက်သံ ကြားရလောက်တဲ့ အထိ တိတ်ဆိတ် ငြိမ်သက်နေခဲ့တယ်။

ထိုစဉ် စူးကျန်းမှာ သူ့ရင်ဘတ်ကို အတင်းဖိကာ သွေးဆုတ်တဲ့ မျက်နှာ အမူအရာ ရှိနေတယ်။ သူ့ရဲ့ နာကျင်မှုကို ဖော်ပြနေလေရဲ့။

“ဟိန်းဟောင်သံ”

ရုတ်ခြည်း စူးကျန်းလည်း ခေါင်းကိုမော့ကာ ကျယ်လောင်စွာ အော်လိုက်တယ်။ သူ့ဟိန်းဟောင်သံက ကောင်းကင်ဘုံနဲ့ မြေကြီးကို ပါ တုန်လှုပ်စေပါတယ်…သူ့ခံစားချက်ကို ထုတ်ဖော်နေသလိုပါပဲ။ ဟိန်းဟောင်သံ ပြုပြီးနောက် သူ့ခန္ဓာကိုယ်ကို ကော့လန်ထားသော်လည်း သူ့လက်က ရင်ဘတ်ကို တင်းကျပ်နေအောင် ဆုပ်ထားဆဲပါ။

“ဦးလေး”

ထိုစဉ် အားလုံးရဲ့ အကြည့်စူးစူးများက စူးကျန်းအပေါ် ကျရောက်လာတယ်။ လုံဖေးလည်း ချက်ချင်း သူ့ဦးလေးကို ဖေးမ လိုက်တယ်။

“ဦးလေး နေကောင်းရဲ့လား”

စူးကျန်းလည်း ခေါင်းခါကာ ပေါ့ပေါ့ပါးပါး သူ့မျက်ဝန်းများကို ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ သူ့မျက်နှာအမူအရာက နာကျင်ကြေကွဲမှုကို ဖော်ပြနေလေရဲ့။

“လုံဖေး…ဘေးဖယ်နေ”

ယွမ်လော့ဖုန်းရဲ့ မျက်နှာထားက ခပ်တည်တည် ဟန်ပန်နဲ့ စူးကျန်းရဲ့နောက်ကို ခြေလှမ်းကျဲကျဲနဲ့ လှမ်းလိုက်ပါရဲ့။ လုံဖေး ဘေးဖယ်လိုက်တဲ့ ခဏလေးအတွင်းမှာ သူမရဲ့လက်ဖဝါးက စူးကျန်းရဲ့ခန္ဓာကိုယ်ပေါ် ပြင်းပြင်းထန်ထန် ကျရောက်နေပြီးသားပါ။

“ဟိန်းဟောင်သံ”

နောက်ထပ် အသံလှိုင်းက ပဲ့တင် ထပ်လာ ပြန်တယ်၊ ဒီတစ်ခေါက်တော့ သူ့ရဲ့ အော်သံမှာ စွမ်းအားများ ရောနှော ပါဝင်နေလေရဲ့။ သစ်တော တစ်ခုလုံးကို တုန်လှုပ်သွား စေပါတယ်။

ယွမ်လော့ဖုန်းလည်း စူးကျန်းနဲ့ ဝေးရာကို ကြည့်လိုက်တော့ အကာအကွယ် ပြုထားတဲ့ အလွှာ တစ်ခုကို သတိထားမိတယ်။

“ဒီနေရာက ထူးဆန်းနေတယ်…. ကျွန်မရဲ့ ထင်မြင်ချက် မမှားဘူးဆိုရင်တော့ ရှင့်ဦးလေး နာကျင်နေရခြင်းက ဒီမန္တန်ကြောင့် ဖြစ်ရမယ်”

လုံဖေးလည်း မဲ့ပြုံး ပြုံးကာ ခေါင်းညိတ် ရှာတယ်။

“ကျွန်တော်တို့တွေ ဒီနေရာကို လာခဲ့ဖူးတယ်၊ အဲအချိန်တုန်းကလည်း ဦးလေး ဒီလိုမျိုး ဖြစ်ဖူးတယ်။ဒါကြောင့်လည်း ရွေးချယ်စရာ မရှိတော့ နောက်ဆုတ်ခဲ့ရတယ်…သခင်မှာ ကျွန်တော်တို့ကို ကူညီပေးနိုင်တဲ့ နည်းလမ်း ရှိမလား”

ယွမ်လော့ဖုန်းလည်း သူမရဲ့မေဖျားကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ကာ တည်ငြိမ်သူကြီး ဖြစ်သွားပြန်တယ်။ ဒီအတားအဆီးကို ဖြတ်ကျော်ဖို့ သူမမှာ ယုံကြည်ချက် အများကြီးတော့ မထားရှိဘူး။

လင်းယွမ်လည်း အတွေးထဲ နစ်မျောနေတဲ့ ယွမ်လော့ဖုန်းကို ကြည့်ကာ ထေ့ငေါ့လိုက်တယ်။ ထို့နောက် အတားအဆီး အနားကို လမ်းလျှောက်သွားလိုက်တယ်။

“ဒါက အစီအရင်လေး တစ်ခုပါ… ဒါကို ဖောက်ဖျက်ချင်လို့ ဒီနေရာကို လာခဲ့ရတာ ငါမဖျက်နိုင်ဘူးလို့ မထင်ဘူး”

ယွမ်လော့ဖုန်းကို ကြည့်တဲ့ သူ့မျက်ဝန်းမှာ အထင်မြင်သေးတဲ့ အကြည့်များ ပြည့်နှက်နေခဲ့တယ်။

Chapter-748

End

အပိုင်း(၇၄၉)

ပါရမီရှင် ကျွယ်ချင်း (၁)

အတားအဆီးနဲ့ နီးကပ်လာ လေလေ လင်းယွမ်မှာ အသက် ခပ်ပြင်းပြင်း ရှူနေရတယ်။ သူ့မျက်ဝန်းများက လေးနက် တည်ကြည်မှုကို ဖော်ပြနေလေရဲ့။ ထို အချိန်ခဏလေးအတွင်း သူ့စိတ်ထဲမှာ မိန်းမပျိုလေးရဲ့ နုနယ်လှပတဲ့ မျက်နှာ ချောချောလေး ပေါ်လာတော့ သူ့စိတ်ကို ပီတိ ဖြာစေပါရဲ့။

ဒီအတားအဆီးကို ဖြတ်ကျော်နိုင်တာနဲ့ သူ့အိပ်မက် ချစ်သူကို တွေ့ဆုံခွင့် ရတော့မယ်။

ဝုန်း

လင်းယွမ်ရဲ့လက်သီးက အတားအဆီးကို ပြင်းထန်စွာ ထိုးနှက်လိုက်တယ်။ခဏလေးအတွင်း  သူ့အားက အတားအဆီးမှ တစ်ဖန် ပြန်ရောက်လာကာ သူ့ခန္ဓာကိုယ်ကို လွှင့်ထွက်သွားစေပါရဲ့။

ဒီမြင်ကွင်းကို မျက်မြင် တွေ့လိုက်ရတော့ လူစုလူဝေးထဲမှ တစ်စုံတစ်ယောက်က ထေ့ငေါ့တော့တယ်။

“လင်းယွမ်… ခင်ဗျားကြီးက အတားအဆီးတစ်ခုပဲလို့ ပြောခဲ့တယ် မလား။ အတားအဆီးကို မဖြတ်ကျော်နိုင်ဘဲ လေလုံးထွားနေ သေးတယ်”

လင်းယွမ်ရဲ့မျက်နှာအမူအရာက အတော့်ကို ပျက်ယွင်းနေပါပြီ။ သူလည်း မြေကြီးပေါ်မှ ကုန်းရုန်းထကာ အစီအရင် အနား အလျင်စလို ပြေးသွားလိုက်တယ်။

လက်သီးက ပြင်းထန်စွာ ကျရောက်လာပြီး ဧရာမ တောင် တစ်တောင်လိုပါပဲ။

ဒါပေမဲ့ သူ့လက်သီးအောက်မှ အစီအရင်က အနည်းငယ်မှ ရွေ့လျားသွားခြင်း မရှိပါဘူး။ သူ့ခန္ဓာကိုယ်ကိုသာ တစ်ဖန် ပြန်လည် တိုက်ခိုက်လာပြန်တယ်။

“မဖြစ်နိုင်ဘူး”

လင်းယွမ်လည်း အံ့ဩ တုန်လှုပ်မှုကို ဖော်ပြနေလေရဲ့။

“ငါ့အတွင်းအား အကုန်သုံးခဲ့တယ်… တွေးကြည့်ရင် အစီအရင်ကို ဖောက်ထွက်နိုင်လောက်ပြီး ဒါဆို ဘာကြောင့်များ တုံ့ပြန်မှု မရှိတာလဲ”

ဒီအကြောင်းကို တွေးရင်း သူ့မျက်နှာက ပိုပို ဖြူဆုတ်လာရတယ်။

“ဒီလို ဆိုရင် လင်းယွမ်က လုံးဝ အသုံးမဝင်တော့ဘူး”

လုံဖေးလည်း ခေါင်းခါလိုက်တယ်။

“အသုံးမဝင်မှန်း သိရင် သူ့ကို စောစောတည်းက လက်စသိမ်းလိုက်တာ ကောင်းသား”

လင်းယွမ်ရဲ့မျက်ဝန်းများက အေးစက်သွားပြီး အေးတိအေးစက် အသံနဲ့ ပြောတော့တယ်။

“ဒီလူတွေ အားလုံးထဲမှာ ငါ့တစ်ယောက်ထဲ ဒီအစီအရင် အကြောင်း ကောင်းကောင်း နားလည်တယ်… ငါ့တစ်ယောက်တည်း သူ့ရဲ့ အားအနည်းဆုံး အပိုင်းကို သိတယ်… ငါကိုယ်တိုင် အစီအရင်ကို မဖျက်နိုင်ရင် နင်တို့ထဲက တခြားလူတွေ ဖျက်နိုင်ဖို့ မလွယ်ကူဘူး”

လုံဖေးလည်း တော်တော်လေး ဒေါသ ဖြစ်မိတာကြောင့် လင်းယွမ်ကို ဝါးစားတော့ မတတ် ကြည့်လိုက်တယ်။ ဒီတစ်ခေါက်တော့ စူးကျန်းက ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြီး အစီအရင် အနား တဟုန်ထိုး ပြေးသွားတယ်။ သူ့မျက်ဝန်းများက နီရဲတောက်ကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေခဲ့တယ်။

“ဦးလေး”

စူးကျန်းရဲ့ ရူးမိုက်တဲ့ မျက်နှာ အမူအရာ ကြောင့် လုံဖေးမှာ တုန်လှုပ်သွားပြီး ဟန့်တားဖို့ ကြံရွယ်တယ်။ ဒါပေမဲ့လည်း စူးကျန်း အနား မရောက်ခင်မှာ သူ့မှာ ဟန့်တားခြင်း ခံလိုက်ရတယ်။

“အော်သံ”

စူးကျန်းလည်းလှည့်ကြည့်ကာ လုံဖေးကို အော်လိုက်တယ်။

“ဒီအစီအရင်ထဲကို ဝင်မှ ဖြစ်မယ်။ ငါ့မိသားစုဝင် အားလုံး ငါ့ကို စောင့်မျှော်နေတယ်.. ဒါကြောင့် ငါတစ်ယောက်တည်း အပြင်မှာ ပုန်းမနေချင်ဘူး”

ကံဆိုးချင်တော့ စူးကျန်းမှာ ခွန်အား ရှိလည်း သူက အစီအရင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အစီအရင်ကို တိုက်ခိုက်လိုက်ချိန်တိုင်း တန်ပြန် တိုက်ခိုက်မှုကြောင့် သူ့မှာ အပြင်းအထန် ဒဏ်ရာ ရပြီး သွေးအန်ရတယ်။

ဒီလို ဖြစ်နေတောင် သူ့ကို မတားဆီးနိုင်ဘူး… သူ့ဘက်က မရပ်တန့်လိုက်ဘူး။

လုံဖေးရဲ့မျက်လုံးများက နီရဲတောက်နေခဲ့တယ်။

သူ့ဦးလေးက မဖွယ်မရာကို မကြာခဏ ပြုမူတတ်သော်လည်း ဒုက္ခရောက်မယ် ဆိုရင်တောင် သူ့ရဲ့ အမျိုးသမီးများကို ကျီစားတတ်တဲ့ အပြုအမူကို တားဆီးလို့ မရခဲ့ပါဘူး။

ဒါပေမဲ့ တခြားသော သားရဲဘုရင်များ အပေါ် ထားရှိတဲ့ သူ့ဦးလေးရဲ့ ခံစားချက်က တကယ်ကို ရိုးစင်းပါရဲ့။

သူ့ညီအစ်ကို မောင်နှမများ  ဒုက္ခရောက်တော့ သူတစ်ယောက်တည်း အပြင်မှာ ကိုယ်လွတ် ရုန်းချင်တဲ့ စိတ်ဆန္ဒ မရှိဘူးပဲ။ သူတို့ကို မကယ်တင်နိုင်လဲ သူတို့နဲ့အတူ ရှင်သန်ပြီး သေခြင်းတရားကို ရင်ဆိုင်မယ်တဲ့လား။

ဒီလူက သူ့ရဲ့ ဦးလေး ဟုတ်ရဲ့လား။

တဏှာ ရာဂစိတ် သောင်းကျန်းလွန်းပြီး အရှက်မဲ့တဲ့ ယောကျ်ားက သူရဲကောင်းတစ်ယောက် ဖြစ်လာနိုင်ပြီး တခြားသူရဲ့ လေးစားမှုကို ခံယူထိုက်သတဲ့လား။

“ဦးလေး ကျွန်တော်လည်း လိုက်မယ်…ငါ့အသွေးအသား တစ်စစီ ဖြစ်မယ်ဆိုရင်တောင် နောက်ဆုတ်ချင်တဲ့ ဆန္ဒ မရှိဘူး”

လုံဖေးရဲ့ အကြည့်များက ပိုပို ပြင်းထန်လာတယ်။ သူလည်း ခြေလှမ်းကျဲကျဲ လှမ်းလိုက်ပြီး အစီအရင် အနားကို ပိုတိုးလိုက်တယ်။

သူ့သခင်မှာတောင် နည်းလမ်း မရှိရင် သူ့ဆရာကို ကယ်တင်နိုင်ဖို့ မဖြစ်နိုင်ဘူး ထင်ပါတယ်လေ။

ဒါကြောင့် သူလည်း အားလုံးနဲ့အတူတူ သေပွဲဝင်လိုက်တာ ကောင်းပါတယ်။

စူးကျန်းနဲ့ လုံဖေးရဲ့ မဆင်မခြင် အပြုအမူကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း မျက်လွှာချကာ မေးလိုက်တယ်။

“ရှောင်မို… နင့်မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိလား”

Chapter-749

End

Book(31)
750+751

အပိုင်း(၇၅၀)
ပါရမီရှင်ကျွယ်ချင်း (၂)

"တကယ်တော့ ကျွန်တော်လည်း ဒီအစီအရင်ကို နားမလည်ဘူး သခင်"

ရှောင်မိုရဲ့အသံက တိုးလျနေပြီး စိတ်ပျက်မှုကို ဖော်ပြ နေလေရဲ့။ သူလည်း ယွမ်လော့ဖုန်းကို အရမ်း ကူညီချင်ပါတယ်...ဒါပေမဲ့ သူ မမှတ်မိတဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ဒီအစီအရင်ကို သူ နားမလည်ဘူး။

ယွမ်ရှောင် ဘက်မလှည့်ခင်မှာ ယွမ်လော့ဖုန်းလည်း အချိန်အကြာကြီး နှုတ်ဆိတ်နေမိပါရဲ့။
"ယွမ်ရှောင်…. လင်းယွမ်ကို ဖမ်းချုပ်ထားလိုက်"

မိန်းမပျိုလေးရဲ့ အသံက လေညင်ကဲ့သို့ ပေါ့ပေါ့ပါးပါး လင်းယွမ်ရဲ့နားစည်သို့ ဝင်ရောက်လာခဲ့တယ်။ အစက လင်းယွမ်ရဲ့မျက်နှာမှာ အထင်မြင်သေးတဲ့ မဲ့ပြုံး ရှိနေသော်လည်း ယွမ်လော့ဖုန်းရဲ့ စကားကို ကြားလိုက်ရတော့ သူ့အနား တိုးကပ်လာတဲ့ ခံစားချက် ကင်းမဲ့သော အမျိုးသားကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်တယ်။

"နင်...နင်တို့တွေ ဘာလုပ်ချင်လို့လဲ"
လင်းယွမ်လည်း တံထွေး မျိုချကာ နောက်ဆုတ်လိုက်တယ်။

ရုတ်တရက် အားပြင်းသော လက်ဖဝါးက သူ့ကျောကုန်းပေါ် ကျရောက်လာပြီး သူ့ခြေလှမ်းများ ရပ်တန့်သွားတော့တယ်။ အကျိုးဆက် အနေနဲ့ သွေးအန်ကာ မြေကြီးပေါ် လဲကျသွားလေရဲ့။

ယွမ်ရှောင်ရဲ့ ခြေထောက်က သူ့ပခုံးပေါ် ရောက်နှင့်နေပြီး သူ့ဘက်က အားအင် အနည်းငယ် သုံးလိုက်ရုံနဲ့ သူ့ပခုံး ကျိုးသွားနိုင်ပါတယ်။ ယွမ်ရှောင်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတော့ လင်းယွမ်တစ်ယောက် မဆန့်ကျင်ရဲတော့ပါ။ ဖြူဆုတ်နေတဲ့ မျက်နှာမှာ ကြောက်ရွံ တုန်လှုပ်မှုများ ကြီးစိုးနေပါရဲ့။

"နင်တို့တွေ ဘာလုပ်ဖို့ တွေးကြံနေလဲ...ငါ့ကို သတ်ပစ်ချင်လဲ အကြောင်းအရင်းတော့ ရှိရမယ်လေ...မဟုတ်ဘူးလား"

ယွမ်လော့ဖုန်းလည်း သူမရဲ့ မေးဖျားလေးကို ပွတ်သပ်ရင်း လင်းယွမ်အနား သွားလိုက်တယ်။
သူမလည်း အချီကြီး ပြုံးလိုက်ပါရဲ့။
"ဒီအစီအရင် အကြောင်း ရှင် ဘယ်လောက်အထိ နားလည်လဲ"

"ငါ...ငါ မသိဘူး"
လင်းယွမ်ရဲ့ မျက်နှာအသားရောင်က ပိုမိုကာ ဖြူဆုတ်လာတော့တယ်။
"အစီအရင်တိုင်းရဲ့ ဟာကွက်ကိုပဲ သိတယ်။ ဟာကွက်ကို တိုက်ခိုက်နိုင်ရင် အစီအရင် ပျက်ပြီ။ ဒါပေမဲ့ ဒီအစီအရင်က တခြားနဲ့ မတူဘူး...ဟာကွက်ကို တိုက်ခိုက်လဲ အပြောင်းအလဲ မရှိဘူး"

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ ဆက်မေးလိုက်တယ်။
"ရှင့်ဘက်က ဘာတွေများ ချန်လှပ်ထားလဲ...ဥပမာ အစီအရင်ရဲ့ အခြေခံ အချက်တွေ…"

ယွမ်လော့ဖုန်း ပြောတဲ့ အခြေခံ အချက်တွေကို သူ နားမလည်ဘူး။ ဒါပေမဲ့ သူ သိနေတာတော့ ယွမ်လော့ဖုန်းက အစီအရင်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိဘူးဆိုတဲ့ အချက်ကိုပဲ သူမ သိတယ်။

ဟာကိုက်ကို လေ့လာချင်ရင်တောင် နောက်ကျခဲ့ပြီ။ခဏလေးအတွင်း လေ့လာနိုင်ဖို့ ဖြစ်နိုင်ပါ့မလား တွေးကြည့်စမ်းပါ။

သူ့အတွေးကို အပြင်မှာတော့ ထုတ်မပြောရဲပါဘူး။ သူ့အတွေးနဲ့ ဆန့်ကျင်ဘက် နာခံရိုးကျိုးစွာ ယွမ်လော့ဖုန်းကို အစီအရင် အကြောင်း ရှင်းပြရပါတယ်။

သူပြောတာကို နားထောင်ရင်း ယွမ်လော့ဖုန်းလည်း တိတ်ဆိတ်သွားတယ်။

အစီအရင် ဖွဲ့စည်းခြင်း နောက်ကွယ်မှ အကြောင်းအရာက တစ်စုံတစ်ရာနဲ့ ဆင်တူနေကြောင်း သူမ သတိထားမိတယ်။

ရုပ်သေးရုပ် ဖန်တီးခြင်း….

ရုတ်တရက် ယွမ်လော့ဖုန်းလည်း တုံ့ပြန်လာခဲ့တယ်။

အစီအရင်က ရုပ်သေးရုပ် ဖန်တီးခြင်းနဲ့ တူနေတာ မလား။ ရုပ်သေးရုပ်ကို ကျွယ်ချင်း ဖန်တီးခဲ့တယ်။ဒီအစီအရင်နဲ့ ကျွယ်ချင်းက ဆက်စပ်မှု ရှိရမယ်။

ယွမ်လော့ဖုန်းလည်း ပျော်ရွှင်ကြည်နူးမိကာ သူမရဲ့ ရုပ်သေးရုပ်ဖန်တီးခြင်း စာအုပ်ကို ထုတ်လိုက်ပါတယ်။ ထိုစာအုပ်ကို ကျွယ်ချင်း ပုန်းအောင်းခဲ့တဲ့ နေရာမှ သူမ ရခဲ့တာပါ။

သူမလည်း နေရာ တစ်နေရာ ရှာဖွေပြီး ထိုင်ကာ စာအုပ်ကို လှန်လှော ဖတ်ရှုတယ်။

"သူမက ချက်ချင်းကို လေ့လာတော့ မလို့လား"

လင်းယွမ်နဲ့ တခြားသူများလည်း သစ်ပင်အောက်မှာ စာအုပ်ဖတ်နေတဲ့ မိန်းကလေးကို တအံ့တဩ ကြည့်နေမိတယ်။

ယွမ်လော့ဖုန်း စာလေ့လာနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး ဟန်ကိုယ့်နေတယ်လို့သာ မှတ်ယူမှာပါ။ အစီအရင် အကြောင်း မသိတဲ့လူက ခဏလေးအတွင်း အစီအရင်ကို ဖောက်ဖျက်ဖို့် သိပါ့မလား။

စိတ်ဝင်စားစရာပဲ။

ယွမ်လော့ဖုန်းက သူတို့ရဲ့ အထင်မြင်သေးတဲ့ အကြည့်စူးစူးများကို လျစ်လျူရှုကာ သူမရဲ့ စာအုပ်ကိုပဲ အာရုံစိုက်ထားတယ်။

ဒီစာအုပ် သူမလက်ထဲ ရောက်နေတာ ရက်ပေါင်းများစွာ ကြာနေပါပြီ။ သူမမှာ ဖတ်ဖို့ အချိန်မရှိလို့ မဖတ်ဖြစ်ခဲ့ဘူး။ စာအုပ်ရဲ့ ပထမ စာရွက်ကလွဲရင် သူမ ဘာဆိုဘာမှ မသိဘူး။

"သိပြီ"

ယွမ်လော့ဖုန်းရဲ့မျက်ဝန်းများက အရောင်တောက်နေခဲ့တယ်။
"ရုပ်သေးရုပ်အပြင် အစီအရင်ကို ကျွယ်ချင်း ဖန်တီးခဲ့တာပဲ...ဒီပုံမှန်မဟုတ်တဲ့လူ အသက်ရှင်နေသေးရင် တစ်လောကလုံးက သူ့လက်ထဲမှာပဲ"

Chapter-750
End

အပိုင်း(၇၅၁)
ပါရမီရှင် ကျွယ်ချင်း (၃)

ကံဆိုးစွာနဲ့ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက် စောစောစီးစီး ကြွေလွင့်ခဲ့ရပြီ။

ယွမ်လော့ဖုန်းလည်း နှမျောတသ ဖြစ်မိပါရဲ့။

"ဒီအစီအရင်ကို ကျွယ်ချင်း ဖန်တီးခဲ့ရင် ဒီစာအုပ်ထဲမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိရမယ်"
ယွမ်လော့ဖုန်းရဲ့ မျက်နှာအမူအရာက နောက်တစ်ဖန် တည်ငြိမ်သွားပြီး သူမလက်ထဲမှ စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုလိုက်တယ်။

သစ်ပင် အရိပ်အောက်မှာ မိန်းမပျိုလေးက အချိန်အတော်ကြာအောင် စိတ်ပါဝင်စားစွာ စာဖတ်နေတာကြောင့် ဘေးနားက ပွက်လောရိုက်သံများကို မကြားနိုင်ပါဘူး။

လုံဖေးမှာ ဆက်လက်ပြီး ခံနိုင်ရည် မရှိတော့ဘူး။ သူ့သွေးစက်များ နေရာတိုင်းမှာ စွန်းထင်းနေခဲ့တယ်။သူ့လက်မောင်းတစ်ခုလုံး အဆစ်လွဲနေပြီး ကျိုးလုနီးပါးပါ။

အစီအရင်ကို ဆက်လက်တိုက်ခိုက်ဖို့အတွက် လုံဖေး ကြိုးစားချင်သော်လည်း သူ့နောက်ကျောဘက်ခြမ်းမှ အသံတစ်သံကို ကြားလိုက်ရတယ်။

"လုံဖေး...စူးကျန်း နှစ်ယောက်စလုံး ဘေးဖယ်နေ"

လုံဖေးရဲ့ခန္ဓာကိုယ်က ရပ်တန့်သွားပြီး ယွမ်လော့ဖုန်းကို လှည့်ကြည့်လာတယ်။
"သခင်…"

"လုံဖေး..ရှင် အရမ်းကို ကြိုးစားခဲ့ပါတယ်"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
"ကျန်တာ ကျွန်မ တာဝန်ထားလိုက်"

အရင်ညို့ဓာတ်ပြင်းသော အပြုံးနဲ့ ခြားနားစွာ သူမရဲ့အပြုံးက သက်ဝင် လှပလွန်းတယ်။ သူ့နှလုံးသားကို နွေးထွေးမှု ပေးတဲ့ နေမင်းရဲ့
အလင်းရောင်လိုပါပဲ။

လုံဖေးလည်း သူမရဲ့ အပြုံးကို ငေးမော ကြည့်နေမိပါရဲ့။ထိုစဉ် သူ့ကျောဘက်ခြမ်းမှ ခက်ထန်သော အကြည့်စူးစူးက အဆူးနဲ့ ကျောကို ထိုးစိုက်နေသလိုဖြစ်ကာ ကြောက်လန့်မှုကို ဖြစ်ပေါ်စေတယ်။

ယွမ်လော့ဖုန်းလည်း လမ်းလျှောက်ကာ အတားအဆီးရှေ့ မတ်တတ် ရပ်လိုက်တယ်။ သူမလည်း စူးကျန်းရဲ့ ပခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်တယ်။
"သူတို့ကို ကယ်တင်ပေးမယ်"

စူးကျန်းလည်း ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ခဏလေးအတွင်းမှာ စိတ်အပြောင်းအလဲ မြန်ဆန်တဲ့ သူ့နှလုံးသား တည်ငြိမ်သွားရတယ်။

"ကျေးဇူးတင်ပါတယ်"
သူ့လည်ချောင်း ခြောက်ကပ်နေခြင်းကြောင့် အသံက ခပ်ဩဩ ဖြစ်နေတယ်။

ယွမ်လော့ဖုန်းလည်း စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး သူမတို့ရဲ့ လမ်းကို ပိတ်ဆို့နေတဲ့ အစီအရင်ကို ခေါင်းမော့ ကြည့်လိုက်တယ်။

အရင်ကဆိုရင်တော့ ယွမ်လော့ဖုန်းရဲ့ သူ့ကိုယ်သူ အထင်ကြီးနေတဲ့ စရိုက်ကို သရော်မှာပါ။ အခုတော့ သူက ယွမ်ရှောင်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတော့ စကားတစ်ခွန်းမျှ မထွက်ရဲဘူး။ သူ့အသက်နဲ့ ခန္ဓာ ချက်ချင်း အိုးစား ကွဲသွားနိုင်တယ်လေ။ ဒါကြောင့် ယွမ်လော့ဖုန်းကို အထင်အမြင်သေးတဲ့ အကြည့်နဲ့ ခဏပဲ ကြည့်နေနိုင်တယ်။

ယွမ်ရှောင်၊ လုံဖေးနဲ့ စူးကျန်းက လွဲရင် သူမကို ဘယ်သူမှ မယုံကြည်ဘူး။ သူတို့ရဲ့ အကြောင်းပြချက်က ရိုးရှင်းပါတယ်။ အစီအရင် အကြောင်းကို မသိလို့ အခုမှ လေ့လာသူက ခဏလေးအတွင်း အစီအရင်ကို ဖျက်နိုင်ပါ့မလား။

သူမကိုယ်သူမ လောကကြီးကို အုပ်ချုပ်တဲ့ နတ်ဘုရား မှတ်နေလား။ အရာရာတိုင်းကို တတ်သိနေတယ်လား။

လုံဖေးနဲ့ စူးကျန်းလည်း ယွမ်လော့ဖုန်းကို မျက်တောင် မခတ် ငေးကြည့်နေပြီ သူတို့ရဲ့ မျက်နှာအမူအရာက စိုးရိမ်ကြောင့်ကြမှုကို ဖော်ပြနေလေရဲ့။

ယွမ်လော့ဖုန်းလည်း စကားတစ်ခွန်းမှ မပြောတော့ဘဲ အင်းချပ်ပေါ် လက်ဖဝါးတင်ကာ မျက်လုံး ပိတ်ထားတယ်။

"ဒီမိန်းကလေး ဘာလုပ်နေတာလဲ"

"သေချာတော့ မသိဘူး...တစ်ခုခုတော့ တစ်ခုခုပဲ"

"လက်တစ်ဖက်တည်းနဲ့ ဘာလုပ်လို့ ရမှာလဲ..ပြောရရင် သရုပ်ဆောင်…"

ယွမ်လော့ဖုန်းကို သရုပ်ဆောင်နေတာလို့် ပြောချင်တဲ့လူမှာ ယွမ်ရှောင်ရှိနေမှန်း သိတော့ သူ့စကားကို ချက်ချင်း ရပ်တန့်လိုက်တယ်။

ကြည့်ရတာတော့ အားလုံးရဲ့အမြင်မှာ ယွမ်ရှောင်က မျက်တောင်မခတ် လူသတ်တတ်တဲ့ ရက်စက်သူပေါ့။

ဒီတစ်ခေါက်တော့ ယွမ်လော့ဖုန်းလည်း သူ့မျက်ဝန်းများကို ဖွင့်လိုက်တယ်။ သူ့မျက်ဝန်းများက တောက်ပရွှန်းလဲ့ နေတာပေါ့။

အားလုံးက သူမရဲ့ မျက်ဝန်းကို ကြည့်လာခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြည့်မှာ သံသယများ စွန်းထင်းနေတာပေါ့။

Chapter-751
End

Bạn đang đọc truyện trên: Truyen247.Pro