Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

596=598[U]

ယွမ်လော့ဖုန်း
သရဲဘုရင်
596+597+598

အပိုင်း(၅၉၆)
တိုက်ပွဲ (၉)

“အမ်…”
လုံးဝကို နားမလည်နိုင်ဘူး၊ မုရုန်ပေလည်း ကြောင်တိကြောင်တောင် ဖြစ်သွားပြီး အသေးစိတ် သိရအောင် မေးလိုက်တယ်။
“ဘာလို့ ရေတွက်ရမလဲ”

“အကြောင်းအရင်းကတော့ ရှင် ရေတွက်လို့ တစ်ဆယ်ရောက်ရင် တိုက်ပွဲ ပြီးဆုံးသွားလိမ့်မယ်”

အရမ်းကို မာန်တက်လွန်းပါလား။

အထက်စီးဆန်လွန်းတယ်။
ဒီနေရာမှာ ရှိနေတဲ့ လူတိုင်း လူတိုင်း အံ့သြတုန်လှုပ်သွားရတယ်။

သူမကို ထေ့ငေါ့သလို ကြည့်နေတဲ့ အကြည့်များကို လျစ်လျူရှုရင်း ယွမ်လော့ဖုန်းလည်း သူမရဲ့ နှုတ်ခမ်းထောင့်များကို မြှင်တင့်လိုက်တယ်။ သူမရဲ့မျက်နှာက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေတာပေါ့။
“အခု စတိုက်ခိုက်မယ်၊ အချိန်မဖြုန်းနဲ့”

“ဟွန့်”
တန်ယန်ရဲ့ အိုမင်သော မျက်နှာမှာ မဲ့ရွဲ့သွားရတယ်။ မိုးကြိုးကဲ့သို့ လျင်မြန်သော အရှိန်နဲ့ ယွမ်လော့ဖုန်းရှိရာ တဟုန်ထိုး ပြေးသွားလိုက်တယ်။

စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း

ဝုန်း

တန်ယန်မှာ ယွမ်လော့ဖုန်းအနား ရောက်ခါနီးမှာ သူမရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သူ့စိတ်ဝိညာဉ် အပြင်းအထန် ထိခိုက်မှုကိုခံစားလိုက်ရတယ်။ ထို့နောက် သူ့စိတ် ဗလာကျင်း ဖြစ်သွားရလေတယ်။  ထို့အချိန် ဓားရှည်တစ်လက်က သူခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားတယ်။ဗွမ်းခနဲ အသံနဲ့အတူတူ သူ့မှာ ပါးစပ်အပြည့် သွေးအန်ရကာ ဇောက်ထိုးမိုးမျှော် လဲကျသွားတော့တယ်။

သူမမျက်ဝန်းများနဲ့ မုရုန်ပေကို စွေးခနဲ ကြည့်လိုက်ပြီး အေးတိအေးစက် မေးလိုက်တယ်။
“ရှင် နံပါတ် ဘယ်လောက်ရေလိုက်လဲ”

မုရုန်ပေ တုန်လှုပ်နေတုန်းပဲ ထင်ပါတယ် အခုအထိ သတိမဝင်လာသေး။ ယွမ်လော့ဖုန်းပြောလိုက်တဲ့ စကားကိုကြားတော့မှ ဘာဖြစ်နေလဲ နားလည်သွားကာ ရှိုးတိုးရှန်တန် ဖြေလိုက်တယ်။
“စပြီး မရေတွက်ရသေး”

သူ မရေတွက်ခင်မှာ တိုက်ပွဲက ပြီးဆုံးသွားခဲ့တယ်။ သူ့မှာ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ဘူး။ အခုမှပဲ ယွမ်လော့ဖုန်းကို သူ ဘာကြောင့် ရှုံးနိမ့်ခဲ့ရလဲ နားလည်တော့တယ်။

“ဘိုးဘိုး”
ရုတ်ခြည်း စူးစူးဝါးဝါး ငိုကြွေးသံကိုရောက်ရှိလာပြီး အသံက ပျံ့နှံ့သွားခဲ့တယ်။

တန်ယွဲ့လည်း တန်ယန်ရဲ့သွေးစွန်းနေတဲ့ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ယွမ်လော့ဖုန်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း… နင်… ငါ့အဘိုးကို သတ်လိုက်တယ် နင် တန်ရာတန်ကြေး ပြန်ပေးဆပ်စေရမယ်”

ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီး
“သူ မသေသေးပါဘူး၊ သူ့ဒန်ထျန်းကို ဖျက်ဆီးလိုက်ရုံပဲ၊သူမသေခင် ကောင်းကင်ဘုံသိုင်းစံအိမ်တော် ဘယ်လို ပျက်သုန်းမလဲ ကြည့်သွားစေချင်တယ်”

“ယွမ်လော့ဖုန်း”
တန်ယွဲ့လည်း လက်သီးကို ကျစ်နေအောင်ဆုပ်ထားရင်း တုန်တုန်ရီရီ ဖြစ်နေတယ်။
“စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက်အတွက် ဒန်ထျန်းက ဘာအဓိပါ္ပယ်လဲဆိုတာ သိလား နင်က ငါ့ဝမ်းကွဲအစ်ကိုတော်ရဲ့ လက်မောင်းကို ဖြတ်ခဲ့ပြီး အခုတော့ ငါ့အဘိုးရဲ့ ဒန်ထျန်းကို ဖျက်ဆီးလိုက်ပြန်ပြီ၊ မင်းလို ရက်စက်တတ်တဲ့ မိန်းကလေးက ချန်းမိသားစုရဲ့ သခင်မဖြစ်ဖို့ မထိုက်တန်ဘူး”

လူအုပ်ကြီးလည်း အုတ်အုတ်သောင်သောင် ဖြစ်သွားခဲ့တယ်။အားလုံးက ယွမ်လော့ဖုန်းကို တုန်လှုပ်ခြောက်ခြားသော အကြည့်များဖြင့် စောင့်ကြည့်နေကြတယ်။ သူတို့အားလုံးရဲ့မျက်ဝန်းများက အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေတာပေါ့။ ဒီကောင်မလေး ဘယ်လိုပဲ အစွမ်းထက်ပါစေ သူမက ချန်းမိသားစုရဲ့ သခင်မဖြစ်လာဖို့တော့ မထိုက်တန်ဘူး။ သူမနဲ့ မထိုက်တန်တဲ့နေရာမျိုးကို မျှော်မှန်းရဲတယ်။

ထို့နောက် လူအုပ်ထဲမှ အိုမင်သော အသံတစ်သံ ထွက်ပေါ်လာပြီး
“ယွဲ့အာ…. မင်းဘိုးဘိုးရဲ့ခန္ဓာကိုယ်ကို စစ်ဆေးပေးမယ်”

အားလုံးရဲ့မျက်ဝန်းများ ချန်းထျန်းကို လှည့်ကြည့်ကြတယ်။ သူလည်း တန်ယန်အနားသို့ သွားကာ တန်ယန်ရဲ့သွေးကြောပေါ် ဖွဖွလေး လက်တင်လိုက်တယ်။တန်ယန်ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးပြီးနောက် ချန်းထျန်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။
“သူ့ဒန်ထျန်းက ဖျက်ဆီးခံလိုက်ရပြီ၊ မင်းဘိုးဘိုးက ဒီတစ်သက် စိတ်စွမ်းအား မကျင့်ကြံနိုင်တော့ဘူး”

ဝုန်း…

ပြာလဲ့သော ကောင်းကင်ယံအောက်မှာ မိုးကြိုးပစ်လိုက်သလိုပါပဲ။ တန်ယွဲ့မှာ သူ့စကားကြောင့် မှင်သေသေ ဖြစ်သွားရပြီး တန်ယန်ကို ယုံကြည်ရခက်စွာ ကြည့်လိုက်တယ်။

ဘိုးဘိုးက ဘယ်တော့မှ စိတ်စွမ်းအား မကျင့်ကြံနိုင်တော့ဘူးလား။

ကောင်းကင်ဘုံသိုင်းစံအိမ်တော်ရဲ့ ကာကွယ်သူက သုံးစားမရသူ ဖြစ်သွားပြီ။

ဒီလို ထိုးနှက်ချက်မျိုးကိုသူမ သည်းမခံနိုင်ဘူး။

“လက်မခံနိုင်ဘူး၊ မဖြစ်ရဘူး”
တန်ယွဲ့လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီး မြေကြီးပေါ်ဒူးထောက်ကာ စူးစူးဝါးဝါး အော်ဟစ်တော့တယ်။ ယွမ်လော့ဖုန်းကို နီရဲသော မျက်ဝန်းများဖြင့် ကြည့်နေတယ်။

“ယွမ်လော့ဖုန်း… နင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
သူမလည်း ခက်ထန်စွာ ပြောလိုက်တယ်။ သူ့အသံက အမုန်းအာဃာတများဖြင့် ပြည့်နှက်နေခဲ့တယ်။

Chapter596
End

အပိုင်း(၅၉၇)
ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ဖျက်ဆီးခြင်း (၁)

“နင့်မှာ ငါ့အသက်ကိုယူနိုင်တဲ့ အရည်အချင်းရှိရင် လာယူလေ၊ဒါပေမဲ့ သနားစရာကောင်းလိုက်တာ၊ နင့်မှာ ဘာအရည်အချင်းမှ မရှိဘူး”
ယွမ်လော့ဖုန်းလည်း သူမရဲ့နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး တန်ယွဲ့ကို မာယာများစွာ ကြည့်လိုက်တယ်။

“ဒါနဲ့ ကိုယ့်ဘာသာ အထင်ကြီးနေတာလေ လျော့စမ်းပါ၊ တခြားသူက နင့်ကို အသုံးချပြီး နင့်ကို အမှိုက်လို ပစ်သွားမှာ”

“ဟား…”
တန်ယွဲ့လည်း ဟားတိုက်ရယ်မောလိုက်တယ်။
“နင် ဘာကို ဆိုလိုတာလဲ၊ တခြားသူက ငါတို့ကို အခွင့်ကောင်းယူသွားမယ် ဟုတ်လား၊ ငါ့အစ်ကို ဝမ်းကွဲကို ပြောချင်တာလား၊ နင့်အပြစ်အားလုံး သူ့အပေါ်ပုံချချင်တာလား”

မနေ့က သူမအပေါ် ပြုမူခဲ့တဲ့ အပြုအမူကြောင့် ထျန်းယွီကို တန်ယွဲ့ မုန်းနေသော်လည်း တန်ထျန်းယွီက သူမရဲ့အစ်ကိုဝမ်းကွဲပါ ။သူမရှေ့မှာ သူမအစ်ကိုဝမ်းကွဲကို မကောင်းကြောင်း ပြောခွင့်မပေးဘူး။

“ယွမ်လော့ဖုန်း”
ချန်းထျန်းလည်း ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်ကာ သွေးအေးစွာ ပြောလိုက်တယ်။
“ယွဲ့အာ မှန်တယ်၊ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်အပေါ် ပြုလုပ်ခဲ့တဲ့ အပြုအမူအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်၊ ကောင်းကင်ဘုံ သိုင်းစံအိမ်တော်က မင်းနဲ့ မယှဉ်နိုင်တောင် ငါ သူတို့အတွက် လုပ်ဆောင်ပေးနိုင်တယ်”

ယွမ်လော့ဖုန်းလည်း သူမရဲ့မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး
“ကျွန်မကြားဖူးတာတော့ ဟွမ်ချွမ်မြို့မှာ အင်အားကြီး အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ရင်း တတိယ အဖွဲ့က ဝင်စွက်ဖက်ခွင့် မရှိဘူး ငါ့ကို ဒီစကားမျိုးပြောဖို့ ရှင်ံမှာ ဘာအဆင့်ရှိလို့လဲ”

“မှန်ပါတယ်၊ အဖွဲ့နှစ်ဖွဲ့ကြား တတိယလူက ဝင်မစွက်ဖက်သင့်ပါဘူး၊ဒါပေမဲ့ တန်ယွဲ့က ငါ့တပည့်၊ ဒါကြောင့် ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ရဲ့ ကိစ္စကို ဒီအတိုင်း လျစ်လျူမရှုနိုင်ဘူး”

သူ့မျက်ဝန်းများက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့တယ်။
“ကောင်းဘုံသိုင်းစံအိမ်တော်ကြောင့် မဟုတ်လည်း ငါ မင်းကို သတ်ဦးမှာ၊ ချယ်ရီတောမှာ မင်း… ငါတို့သခင်ကို မြူဆွယ်ပြီး မကောင်းတဲ့အမှုကို လုပ်ဆောင်ခဲ့တာ ငါ သိတယ်၊ မင်းလို ဂုဏ်သိက္ခာမဲ့တဲ့ မိန်းကလေးရဲ့ညစ်ပတ်တဲ့ လုပ်ရပ်ကို ဒီအတိုင်း စောင့်ကြည့်နေဖို့ မဖြစ်နိုင်ဘူး”

“ရှင်က ချန်းမိသားစုက မလား”
ယွမ်လော့ဖုန်းရဲ့အသံက သုန်မှုန်သွားပြီး သူမရဲ့မျက်နှာက မည်းမှောင်သွားလေတယ်။
“ရှင့်လုပ်ရပ်တွေကို ချန်းယွီချင်း သိလား”

“ပါးစပ် ပိတ်ထားစမ်း ငါ့သခင်နာမည် ခေါ်ခွင့် ပေးထားလို့လား၊ သခင့်အိပ်ရာပေါ် တက်နိုင်ရုံနဲ့ ချန်းမိသားစုကို အထင်သေးနိုင်မယ်လို့ ယူဆနေလား၊ ငါ အသက်ရှင်နေတဲ့ ကာလပတ်လုံး ချန်းမိသားစုထဲ မင်း မဝင်နိုင်စေရဘူး”

သူ့စကားကြောင့် လူတိုင်း တုန်လှုပ်သွားရတယ်။ သူတို့မျက်ဝန်းများမှ အထင်သေးမှုနေရာမှာ ဒေါသများ အစားထိုးသွားခဲ့တယ်။ သခင်ချန်းကို မြူဆွယ်တာ ကိစ္စ မရှိပါဘူး။ သူတို့အားလုံးရဲ့စိတ်ထဲမှာ သခင်ချန်းက နတ်တစ်ပါးလို ပြီးပြည့်စုံတယ်၊ မြူဆွယ်လို့ မရနိုင်ဘူးလို့ ခံယူထားတယ်။ ဒါပေမဲ့ အခုတော့ သခင်ချန်းရဲ့ အိပ်ရာပေါ် ခုန်တက်ရဲ့ အမျိုးသမီးအကြောင်း ကြားရတော့ သူတို့အားလုံး ဒေါကန်လာရတယ်။

“အရှက်မဲ့တဲ့ မိန်းမယုတ်၊ သခင်ချန်းလို ပြီးပြည့်စုံတဲ့လူတစ်ယောက်ကို ညစ်ညမ်းစေရလား”

“မှန်တယ်၊သူမလက်နဲ့ သခင်ချန်းကို ထိတယ်ကြားတော့ ပျို့အန်ချင်လာတယ်၊ သူ့ကို ဒီမိန်းမ မြူဆွယ်နိုင်ပါ့မလား”

“သခင်ချန်းက ငါ့အပိုင်၊ သခင်ချန်းကို ထိတဲ့ ဘယ်မိန်းကလေးမဆို သေရမယ်”

လူအုပ်ကြီးရဲ့လှောင်ပြောင်သရော်မှုကိုနားထောင်ရတော့မုရုန်ပေလည်းဒေါသ ထွက်လာရတယ်။သူလည်း ယွမ်လော့ဖုန်းကို ကာကွယ်ပြောဆို ပေးချင်သော်လည်း သူ ပြောလည်း ဘယ်သူမှ မယုံကြည်တာ သူ သိနေခဲ့တယ်။ ဒါကြောင့် သူ ပြောချင်သမျှကို ပြန်မျိုသိမ်လိုက်ပြီး စူူးရှသော မျက်ဝန်းများကို လူအုပ်ကြီးကို စူးစူးရဲရဲ ကြည့်လိုက်တယ်။

“တစ်ယောက်ယောက်က ငါတို့သခင်ကို နောက်ထပ် စော်ကားမော်ကားပြောဆိုရဲရင် ငါတို့ငှက်ဆိုးကြီးဂိုဏ်းက ဘယ်သူဖြစ်ဖြစ် သတ်မယ်”

မုရုန်ပေရဲ့ခြိမ်းခြောက်သော စကားများကို ကြားပြီးနောက် လက်သီးလက်မောင်းတန်း ဆွေးနွေးသံများက တဖြည်းဖြည်းချင်း လွင့်ပါး ပျောက်ကွယ်သွားတော့တယ်။

ဒီနေရာကို လာပြီးတိုက်ပွဲကြည့်သူများက ထိပ်တန်း၁၀ဖွဲ့က မဟုတ်ဘူးလေ။ ဒီကွက်လပ်မှာ သာမန်လူများနဲ့ ရပ်နေမယ့်အစား ထိပ်တန်းအာဏာရှင် ၁၀ဖွဲ့မှ လူများက တစ်နေရာရာမှာ ပုန်းကွယ်ပြီး တိုက်ပွဲကို စောင့်ကြည့်နေမှာပါ။

Chapter-597
End

စာစဉ် (၂၄) ပြီးဆုံးပါပြီ။

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၅)

အပိုင်း(၅၉၈) ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို ဖျက်စီးခြင်း (၂)

အားလုံးနှုတ်ဆိတ်သွားတာ သေချာတော့မှ မုရုန်ပေလည်း ယွမ်လော့ဖုန်းကို စောင်းငဲ့ကြည့်လိုက်တယ်။ သူ့မျက်ဝန်းများက တုန်လှုပ်ချောက်ချားနေတာပေါ့။

“ငါက ချန်းယွီချင်းကို ဖြားယောင်းတယ် ဟုတ်လား”
သူမလည်း ဟားတိုက် ရယ်မောလိုက်တယ်။
“ငါက ဒီလိုမိန်းမစား ဆိုရင်တောင် တန်ယွဲ့လို အစ်ကိုဝမ်းကွဲနဲ့ မအိပ်ဘူး”

မျက်နှာက ချက်ချင်း ဖြူစုတ်သွားပြီး တန်ယွဲ့လည်း ယွမ်လော့ဖုန်းကို ကြောက်စိတ်မွှန်စွာ ကြည့်လိုက်တယ်။

ဒီကောင်မ… ဘယ်လို သိနေလဲ။

“မိန်မပျက်”
ချန်းထျန်းလည်း သရော်လိုက်တယ်။
“ယွမ်လော့ဖုန်း… ငါတို့ တန်ယွဲ့က မင်းနဲ့ အဆင့်အတန်း မတူဘူး၊ ယွဲ့အာက ရှေးရိုးဆန်တယ်၊ သူမက လက်မထပ်ရသေးဘဲ ဒီလိုကိစ္စမျိုး မလုပ်ဘူး။ မင်းသာ လက်မထပ်ရသေးခင် ကလေးတစ်ယောက် မွေးထားခဲ့တာ… အားလုံးကို မင်းလို အရှက်မဲ့တယ်လို့ မထင်နဲ့”

ချန်းထျန်းကို ငေးကြည့်ရင်း ယွမ်လော့ဖုန်းလည်း တန်ယန်အနားသို့ သွားလိုက်တယ်။ တန်ယန်ကတော့ မြေကြီးပေါ်မှာ လဲလျောင်းနေဆဲပါ။ သူမလည်း ဓားရိုးကို ကိုင်ပြီး ဓားကို ဆောင့်ဆွဲထုတ်လိုက်တယ်။ တန်ယန်မှာ နာကျင်လွန်းလို့ ညည်းညူ အော်ဟစ်မိတယ်။ သူ့မျက်နှာတစ်ပြင်လုံးက အဖြူရောင်သန်းနေခဲ့တာပေါ့။

“မင်း ဘာလုပ်တာလဲ”
ယွမ်လော့ဖုန်းက ဓားကို ကိုင်ဆောင်ပြီး သူမအနား ချဉ်းကပ်လာတာ မြင်တော့ တန်ယွဲ့မှာ ကြောက်ကြောက်လန့်လန့်နဲ့ နောက်သို့ ဆုတ်လိုက်တယ်။
“ဆရာ…တပည့်ကို ကယ်တင်ပေးပါ”

“ယွမ်လော့ဖုန်း… ရပ်စမ်း”

ဒါ…

သူ့မှာ ပြောချင်တဲ့ နောက်ဆုံး စကားတစ်ခွန်းကိုတောင် မပြောလိုက်ရဘူး။ ယွမ်လော့ဖုန်းက ဓားရှည်ကို ကိုင်ဆောင်ပြီး တန်ယွဲ့ရဲ့လက်မောင်းကို တိခနဲ ဖြတ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူမရဲ့ အင်္ကျီလက် ပြဲသွားပြီး ဖြူနုသော လက်မောင်းသားလေး ပေါ်လာခဲ့တယ်။

ချန်းထျန်းမှာ ယွမ်လော့ဖုန်းကို ပြစ်တင်ပြောဆိုချင်သော်လည်း တန်ယွဲ့ရဲ့ နှင်းတမျှ ဖြူဖွေးသော လက်မောင်းကို မြင်တော့ အေးခဲသွားရုံသာ တတ်နိုင်တော့တယ်။ပြူးကျယ် ဝိုင်းစက်နေသော မျက်ဝန်းများက အံ့သြထိတ်လန့်မှုကို ဖော်ပြနေခဲ့တယ်။
“ယွဲ့အာ… မင်းရဲ့ဟင်္သပဒါး အပျိုစင် အမှတ်အသား ဘယ်ရောက်သွားလဲ”

တန်ယွဲ့မျက်နှာက အရမ်းကို ဖြူစုတ်သွားပြီး နဖူးမှ ခွေးျစေးများကျဆင်းလာရတယ်။ သူမရဲ့နှုတ်ခမ်းကို အတင်းဖိကိုက်ရင်း သူမမှာ ရှက်လွန်းလို့ တွင်းတစ်တွင်းတူးပြီးသာ နေလိုက်ချင်ပါတယ်။ အခုတော့ သူမမှာ အများရှေ့အဝတ်ဗလာ ဖြစ်သွားသလို ခံစားရပြီး သူမအတွေးထဲ မနေ့ညက မြင်ကွင်းများ ကွက်ကွက်ကွင်းကွင်း ပေါ်လာရတယ်။

“တရားခံက နင်လား”

ရုတ်တရက် တန်ယွဲ့မှာ အကြံပေါ်သွားပြီး ယွမ်လော့ဖုန်းကို ခုန်ဆွခုန်ဆွ လုပ်ပြီး ရန်တွေ့တော့တယ်။ အရူးတစ်ယောက်လို အသည်းအသန်မေးတော့တယ်။
“ ငါ့ဝမ်းကွဲနဲ့ ငါ့ကြား ဘာဖြစ်ခဲ့လဲဆိုတာ နင်ဘယ်လို သိနေလဲ… ငါတို့ကို ဆေးခပ်တာ နင်လား”

သူမပြောလိုက်တဲ့ စကားက သူမနဲ့ တန်ထျန်းယွီကြားက ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ ဝန်ခံလိုက်သလိုပါပဲ။

တန်ယွဲ့တစ်ယောက် ယွမ်လော့ဖုန်း အနားမရောက်ခင်လေးမှာ သူမကို ယွမ်လော့ဖုန်းက ကန်ထုတ်လိုက်တယ်။ ကို့ရို့ကားရားနဲ့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး သူမရဲ့အစာအိမ်ကို လက်နဲ့ ကွယ်လိုက်တယ်။ သူမရဲ့မျက်နှာမှ ချွေးများစီးကျလာရတယ်။

“ယွမ်လော့ဖုန်း…မြွေဟောက်လိုမိန်းမ… ငါ သေသွားခဲ့ရင်တောင် နင့်ကို သရဲတစ္ဆေတွေ ခြောက်လန့်မယ်”
“သူမရဲ့အသံက ခက်ထန်ပြီး စူးရှနေခဲ့တယ်၊ တစ္ဆေသရဲ ညည်းထွားသံကဲ့သို့ ကြောက်ခမန်းလိလိပါပဲ”

အရင်ကဆိုရင်တော့ ချန်းထျန်းက သူမကို အလျင်အမြန်ဆွဲထူုပြီး ချော့မြူမှာပါ။ ဒါပေမဲ့ အခုတော့ သူ ဘာမှ မလုပ်ပေးနိုင်ဘူး။ သူ့မျက်ဝန်းများက စိတ်ပျက်ကြေကွဲမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
“အခု မင်းရဲ့အပျိုစင်ဘဝကို မင်းရဲ့တစ်ဝမ်းကွဲအစ်ကိုမှာ ဆုံးရှုံးလိုက်ရပြီလား ငါတို့ ချန်းမိသားစုရဲ့ သခင်မ ဖြစ်ချင်တယ်လို့ မင်း ငါ့ကို ဘာကြောင့် ပြောရတာလဲ”

နောက်တစ်ကြိမ် လူအုပ်ကြီးက အုတ်အုတ်သဲသဲ ဖြစ်သွားပြန်တယ်။ ဒါဆို တန်ယွဲ့က ချန်းယွီချင်းကို ပြစ်မှတ်ထားနေတာပေါ့။ ဒါပေမဲံ့ အပျိုစင်ဘဝကို ဆုံးရှုံးထားတဲ့ အမျိုးသမီးတစ်ယောက်က ချန်းမိသားစုရဲ့ သခင်မ ဖြစ်ဖို့ ဘယ်လိုမှ မထိုက်တန်ဘူး။

“ဆရာ…ဒီမိန်းမ ပြောသလို မဟုတ်ရပါဘူး၊ ယွမ်လော့ဖုန်းကြောင့်ပါ၊ ဒီမိန်းမက တပည့်ကို ဆေးခပ်ခဲ့တာပါ၊ ဆရာထင်သလို မဟုတ်ရပါဘူး”

တန်ယွဲ့လည်း ချန်းထျန်းရှေ့ လေးဘက်တွားသွားပြီး သူ့ဝတ်ရုံစကို ဆွဲနေခဲ့တယ်။
“တပည့်က ဖြူစင်ပါတယ်၊ ဆရာ ကျွန်မကို ယုံကြည်ပေးပါ”

ချန်းထျန်းလည်း ခေါင်းခါလိုက်တယ်။
“အကြောင်းအရင်းက ဘာဖြစ်ဖြစ်ပါ… အပျိုစင်ဘဝကို ဆုံးရှုံးတာ ခွင့်လွှတ်နိုင်စရာ မရှိဘူး၊ ငါ မင်းကို မသတ်တာပဲ ဂုဏ်ယူလိုက်၊ ဒါပေမဲ့ မင်းကငါတို့ သခင်နဲ့ လုံးဝ မထိုက်ဘူး”

သူ့တပည့်က ချန်းမိသားစုရဲ့ သခင်မ ဖြစ်လာဖို့ မျှော်မှန်းခဲ့တယ်။ သူ့သခင်အတွက်တော့ အပျက်မ တစ်ယောက်ကို မရွေးချယ်ပေးဘူး။ ဒီသတင်းသာ ပျံ့နှံ့သွားခဲ့ရင် ချန်းမိသားစုက တစ်လောကလုံးမှာ အလှောင်ပြောင်ခံ ဖြစ်တော့မှာပဲ။

Chapter-598
End

Bạn đang đọc truyện trên: Truyen247.Pro