
579 မွ 581 (Unicode)
ယွမ်လော့ဖုန်း
သရဲဘုရင်
579+580+581
အပိုင်း(၅၇၉)
ဒီ ဒီကေလးက မင်းကလေးလား(၂)
ချန်းယွီချင်းရဲ့မျက်နှာက ချက်ချင်း ခပ်တန်းတန်း ဖြစ်သွားတယ်။ သူ့ကို မိန်းကလေးတစ်ယောက်က ပတမဆုံးအကြိမ် မကောင်းပြောတာပဲ။ ဒါပေမဲ့ သူ့ကိုတော့ ဒေါသ မထွက်စေပါဘူး။
သူမရဲ့ ကုသပေးမှုကို လိုအပ်သေးလို့လေ။
ဒါဆို မင်း ဘယ်လို် ယောကျ်ားမျိုးကို ကြိုက်နှစ်သက်လဲ
ချန်းယွီချင်းလည်း ယွမ်လော့ဖုန်းကို အရဲကိုးပြီး မေးလိုက်တယ်။
ထိုစဉ် သူမရဲ့စိတ်ထဲ အေးစက်စက် အမျိုးသားလေးရဲ့ ရုပ်လွှာပေါ်လာခဲ့ပြီး သူမလည်း ချိုသာစွာ ပြုံးလိုက်တယ်။
ကြ်န္မက အေးစက်စက် အမျိုးသားလေးကို ကြိုက်တယ် ကြွက်သား အဖုအထစ်များနဲ့ နာခံတတ်တဲ့ ယောကျ်ားလေးမျိုးလေ
သူ့အသံ လွင့်ပြယ်မသွားခင်မှာ ကလေးဆန်သော အသံကို နောက်ဘက်မှ ကြားလိုက်ရတယ်။
မေမေ.. ဖေဖေယွမ်ရှောင် အကြောင်းပြောနေတာလား
ရှောင်မိုလည်း ယွမ်လော့ဖုန်းရဲ့ ဝတ္စုံ လက်အနားစကို ဆုပ်ကိုင်လိုက်ပြီး ချစ်စဖွယ်ကောင်းအောင် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်တယ်။ ထို့နောက် ချင်းယွီချင်းကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ ယွမ်ရှောင် သူမအနားမရှိရင် သူမကို ကာကွယ်ထားပေးဖို့ လိုအပ်တယ်။ သခင်နဲ့ ယွမ်ရှောင် တူစုံတြဲ ကျင့်စဉ် ကျင့်ကြံဖို့ ဒီလူကို မောင်းထုတ်ဖို့ လိုအပ်တယ်။
ချန်းယွီချင်းလည်း ရှောင်မိုကို အံ့သြစွာ ကြည့်လိုက်ပြီး
ဒီဒီကေလးက မင်းကလေးလား
ယွမ်လော့ဖုန်နဲ့ ရှောင်မို ဆက်နွှယ်မှုရှိနေလို့ အံ့သြတာထက် ချက်ချင်းလက်ငင်း သူတို့အနားရောက်လာလို့ အံ့သြနေခဲ့တာ။
ဟုတ်တယ်
ချန်းယွီချင်းမေးတာကို မငြင်းနေတော့ဘဲ နှုတ်ခမ်းလေးကို တွန့်ကာ ရှောင်မိုရဲ့ ဦးခေါင်းကို ပုတ်လိုက်တယ်။
ရှင့်ကို ကုသပေးစေချင်ရင်တော့ ကြ်န္မ လိုအပ်တာကို ပြန်ပေးရမယ် ၊ ဆွဲဆောင်မှု ရှိတာကို မပေးနိုင်ရင်တော့ ရှင့်ကို မကုသပေးနိုင်ဘူး
ခဏေတာ့ ချန်းယွီချင်းလည်း စဉ်းစားလိုက်ပြီး
ချန်းမိသားစုကလွဲရင် မင်းလိုအပ်တာ အကုန်လုံးကို ငါပေးနိုင်တယ်
ယွမ်လော့ဖုန်းလည်း ချန်းယွီချင်းရဲ့ မျက်လုံးကို တည့်တည့်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။
ရှင်က ထျန်းရာနဲ့ သိတော့ ကြ်န္မ ဟွမ်ချွမ်မြို့ကို လာရတဲ့ အကြောင်းအရင်းကို သိမှာပေါ့
သူမလည်း မျက်ခုံးပင့်လိုက်တယ်။
ကြ်န္မ ကိစ္စ ပြီးသွားရင် ဒီနေရာက ထြက္သြားမွာပါ ဒါပေမဲ့ ငါထွက်သွားလည်း ငှက်ဆိုးကြီး ဂိုဏ်းကို ထောက်ပံ့ပေးဖို့ မျှော်လင့်တယ် ဟွမ်ချွမ်မြို့မှာ နံပါတ်၁ ဖြစ်ပါစေ
သူမ ထိုစကားကို ပြောနေစဉ် အထက်စီးဆန်သော သူမမျက်နှာမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
ဟွမ်ချွမ်မြို့မှာ နံပါတ်၁။
ဒီလို အထက်စီးဆန်တဲ့ စကားမျိုးကို ပြောရဲတာ ဟွမ်ချွမ်မြို့မှာ သူမ တစ်ယောက်တည်း ရှိတယ်။
ဒါပေမဲ့လည်း
ချန်းယွီချင်းတစ်ယောက် ခိုးခိုးခစ်ခစ် ရယ်လိုက်တယ်။
ကောင်းပါပြီ ငါ ကတိပေးပါတယ်
ချန်းမိသားစုက ဟွမ်ချွမ်မြို့မှာ နံပါတ် ၁ ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် သူ ဂရုမစိုက်ဘူး။ မိသားစု တစ္စုလုံး မပြိုလဲသရွေ့ ကိစ္စမရှိဘူး။
အေပးအယူ ဖြစ်တယ်
ယွမ်လော့ဖုန်းလည်း ကျေနပ်စွာ ပြုံးလိုက်တယ်။ ငှက်ဆိုးကြီးဂိုဏ်းကိုလွှဲယူ ကတည်းက ဟွမ်ချွမ်မြို့မှာ ထိပ်တန်းစာရင်းဝင်ဖို့ သူမ မျှော်မှန်းခဲ့တယ်။ နောင်ဆို ဒီနေရာက သူမအတွက် ခိုင်မာတဲ့ အထောက်ပံ့ကောင်း ဖြစ်လာနိုင်တယ်။
ဒါဆို ဘယ်အချိန် စျပီးကုသမလဲ
ချန်းယွီချင်းလည်း ပြုံးလိုက်ပြီး ချိုသာစွာ မေးလိုက်တယ်။
ရှင့် ရောဂါက နည်းနည်းတော့ ပြင်းထန်တယ်.. ဒါကြောင့် ပြင်ဆင်စရာရှိတာ ပြင်ဖို့ လိုမယ်
ယွမ်လော့ဖုန်းလည်း ခဏရပ်တန့်လိုက်ပြီး
ရှင့်ကို ဆေးညွှန်းပေးမယ် ၊ ဒီမွာ ပါတဲ့ ဆေးတိုင်းကို ရှာထားဖို့ လိုအပ်မယ် ၊ နှစ်ရက်ကြာရင်တော့ ကုသမယ် ၊ ဒီပြင် ကြ်န္မက ကောင်းကင်ဘုံ သိုင်းစံအိမ်တော်ကို စိန်ခေါ်ရဦးမယ် ၊ ဒီကိစ္စကို ဝင်မရှုပ်ပါနဲ့
ချန်းမိသားစုရဲ့ အကူအညီနဲ့ဆိုရင် ဟွမ်ချွမ်မြို့ရဲ့ နံပါတ်၁နေရာကို သိပ်မကြာခင်မှာ အလြယ္တကူ ရယူနိုင်မှာပါ။ဒီမတိုင်ခင်တော့ ပေအန်တောင်ကို သူမရဲ့ အရည်အချင်းနဲ့ သူမ သွားမယ်။
ချန်းယွီချင်းလည်း အံ့သြမှင်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။
မင်းရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် အဲဒီဂိုဏ်းနဲ့ ယှဉ်ပြိုင်ချင်ရင် ငါ မနှောင့်ယှက်ပါဘူး ၊ ဒါပေမဲ့ ပေအန်တောင်ကို သွားဖို့အတွက်ဆိုရင်တော့ အဲဒီနေရာကို ပို့ပေးနိုင်ပါတယ်
မလိုအပ်ဘူး
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး
ကိုယ်လိုချင်တာကို ကိုယ့်အစွမ်း ကိုယ်အစနဲ့ ကြိုးစားချင်တယ်
Chapter-579
End
အပိုင်း(၅၈၀)
ချန်းယွီချင်းရဲ့ အတိတ် (၁)
မိန်းကလေးရဲ့ယုံကြည်ချက်ပြည့်နှက်နေသော မျက်ဝန်းများကို မြင်ရတော့ သူ့ရင်ခုန်လာသလို ခံစားရတယ်။ ဆယ်စုနှစ်ကျော် ကြာခဲ့တဲ့အထိ သူ ဒီလို မခံစားခဲ့ဖူးဘူး။ သူ့ဘဝမှာမိန်းကလေးအများကြီးနဲ့ ကြုံကြိုက်ဖူးပါတယ်။ အမ်ားစုက ယောကျ်ားလေးများကို အားကိုးချင်ကြတယ်။ ဒီမိန်းကလေး တစ်ယောက်တည်းသာ ကိုယ့်အစွမ်းနဲ့ကိုယ် လိုချင်တာကို အရယူမယ်လို့ ပြောဖူးတယ်။
ငါ သိပါပြီ
ချန်းယွီချင်းလည်း သိမ်မွေ့စွာ ပြုံးလိုက်ပြီး
ငါ့အကူအညီ လိုအပ်ရင် ချန်းမိသားစုမှာ ငါ့ကို လာရွာပါ၊ ဟွမ်ချွမ်မြို့မှာ ငါ့အမိန့် မနာခံရဲသူ မရွိဘူး
ယွမ်လော့ဖုန်းလည်း ချန်းယွီချင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်တယ်။
ကျွန်မတစ်ယောက်တည်း ရှင့်အသက်ကို ကယ်တင်နိုင်တယ် ၊ ကြ်န္မ တကယ် ရှင့်အကူအညီလိုအပ်ရင် အသိပေးပါမယ်၊ ပေအန်တောင်ကိုတော့ ကိုယ့်အရည်အချင်းနဲ့ ကိုယ်သွားမယ်
ချန်းယွီချင်းလည်း ဘာမွ မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်တယ်။ သူ့မျက်နှာပေါ်မှာ နှစ်သက်ပီတိဖြစ်မှုများကို မြင်နေရတယ်။
ဒီနှစ်ရက်အတွင်း မင်းကို ချန်းအိမ်တော်မှာ စောင့်ဆိုင်းနေမယ်
ယွမ်လော့ဖုန်းကို နောက်ဆုံးတစ်ချက်မျှ ကြည့်လိုက်ပြီး ကျောခိုင်းကာ ခန်းမဆောင် အပြင်ဘက်သို့လျှောက်လှမ်းသွားတော့တယ်။သိပ်မကြာခင်မှာပဲ တောက်ပသောနေရောင်အောက်မှာ ပြစ်ဒဏ်သင့်နေသော ထာဝရရှင်သူလေး ပျောက်ကွယ်သွားတော့တယ်။
.
လသာသော ညတစ္ညမွာ
ချန်းမိသားစုရဲ့ အိမ်တော်မှာ လမင်းကြီး ထိန်ထိန်သာနေခဲ့ပြီး သူ့လက်ကို နောက်ပစ်ထားပြီး အခန်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ သူ့အဖြူရောင် ဝတ္စုံက ညခင်း လေညင်နဲ့အတူတူ တလွင့်လွင့် ဖြစ်နေခဲ့တယ်။
ဒီနှစ်ရက်အတွင်း ယွမ်လော့ဖုန်းရဲ့ သတင်းမှန်သမျှကို စုံစမ်းထား နှစ်ရက်ကြာရင် ငါ့ကို လာရောက် လျှောက်တင်ရမယ်
ဟုတ်ကဲ့ပါ သခင်
အမှောင်ထဲမှာ ပုန်းလျှိုးနေသော အစောင့်တစ်ယောက်က ရိုသေစွာ ဂါရဝပြုပြီး ညရဲ့အရိပ်အောက်မှာ ပျောက်ကွယ်သွားတော့တယ်။
ချန်းယွီချင်းက ယွမ်လော့ဖုန်းနဲ့ တွေ့ဆုံပြီး သူမရဲ့ အတိတ်အကြောင်းကို ဘာကြောင့် စိတ်အားထက်သန်စွာ သိချင်နေရလဲ ၊ မိန်းကလေးတစ်ယောက် ကိုယ့်ဘာသာ ရပ်တည်ချင်စိတ် ရှိအောင် ဘာတွေက လှုံဆော်နေတာလဲ သူသိချင်မိတယ်။
ချန်းမိသားစုရဲ့လူများက အလုပ်တော့ ကောင်းကောင်းလုပ်တယ်။ မဆိုးပါဘူး အသုံးတော့ ဝင်ပါရဲ့။ နှစ်ရက်ကြာပြီးနောက် အစောင့်တစ်ယောက်က ချန်းယွီချင်းကို သူ သိသမ်ွ သတင်းအစုံကို တင်ပြတယ်။
အစီရင်ခံတဲ့ သတင်းကို ကြားပြီးနောက် ချန်းယွီချင်းလည်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မျက်နှာပေါ်က နူးညံ့သော အပြုံးလေး ပျောက်ကွယ်သွားခဲ့တယ်။
သူမ အသက်၄နှစ်မှာ မိဘေတြ အသတ်ခံရတယ် ၊ အာဏာရွိတဲ့ ရန်သူတော်ကြောင့် သူ့ဦးလေး မသန်မစွမ်း ဖြစ်သွားခဲ့တယ် ၊ ဆယ်နှစ်ကြာအောင် အမှောင်ထဲမှာ ပုန်းကွယ်နေခဲ့ရတယ် ၊ အဲဒီနှစ်မှာ သူမရဲ့ အဘိုးလည်း စစ်မြေပြင်ကို သွားခဲ့ရတယ် ၊ တစ်ကိုယ်တည်း အဖော်မဲ့စွာ အိမ်တော်မှာ နေထိုင်ကြီးပြင်ခဲ့ပြီး ခက်ခဲမှုအပေါင်းကို ခံစားခဲ့ရတယ်၊ သူမရဲ့ စေ့စပ် ကြောင်းလမ်းမှုကိုတောင် ပယ်ဖျက်ခံခဲ့ရတယ်
သူမရဲ့ အဘိုး အိမ်တော်ကိုပြန်လာပြီးနောက် သူမ ပြောင်းလဲသွားခဲ့တယ် ၊ သူမရဲ့ အရည်အချင်းရှိတဲ့ ဆေးပညာ ပါရမီကို ပြသပြီး တော်ဝင်မိသားစု ခြိမ်းခြောက်မှုကြားက အင်အားကြီးမားတဲ့ အဖွဲ့ကို တည်ထောင်နိုင်ခဲ့တယ်၊ ယွမ်စစ်သူကြီး ပြန်လာမှ သူမရဲ့ တကယ် အရည်အချင်း အစစ်အမှန်ကို စတင် ထုတ်ဖော်ရဲခဲ့တယ်
၄နှစ်အရွယ် ကလေးမလေးတစ်ယောက်က ခက်ခဲကြမ်းတမ်းတဲ့ ၁၀နှစ်ကျော်ကို ဘယ်လို ရင်ဆိုင်ခဲ့ရလဲ တွေးတောင် မေတြးဝံ့ဘူး။ အခုတော့ မစဉ်းစားနိုင်လောက်အောင် ခက်ခဲ နက်နဲတဲ့ ဆေးပညာကို ထုတ်ဖော် နိုင်ခွင့် ရွိခဲ့ျပီ။ သူမရဲကပါရမီကိုသာ မဖုံးကွယ်ထားခဲ့ရင် ဒီကုန်းမြေစုက အကြင်နာမဲ့ပြီး လောဘကြီးတဲ့ လူတစ္စုက သူမကို သတ္သြားတာ ကြာပြီလေ။ တကယ်တမ်းတော့ ယခင် ယွမ်လော့ဖုန်းက သေဆုံးသွားပြီး လက်ရှိ ယွမ်လော့ဖုန်းက တခြားကမ္ဘာမှ လာတဲ့ ဝိညာဉ်ဆိုတာ ဘယ္သူမွ မသိကြဘူး။
သခင် ဒါက သူမနဲ့ ပတ္သက္သမ်ွ သတင်းအကုန်ပါ
ပုန်းကွယ်နေသော အစောင့်က ချန်းယွီချင်းနောက်မှာ ရိုသေလေးစားစွာ မတ်တတ် ရပ်နေခဲ့ပြီး အကြောင်းစုံကို ပြောပြနေခဲ့တယ်။
ချန်းယွီချင်းလည်း ထိုစာကို ဆက်ဖတ်နေပြီး ယွမ်လော့ဖုန်းက မိန်းကလေးတစ်ယောက်ကို အပျော်စံအိမ်တော် အတင်းအကျပ်ပို့တယ်လို့ ဖတ်ရတော့ ဝါးလုံးကြဲ အော်ရယ်တော့တယ် ။ သူမရဲ့ အစေခံကို အစောင့်နဲ့ အတင်းအကျပ် လက်ထပ်ပေးသတဲ့လား။
မိန်းကလေးတစ်ယောက်ကို အပျော်စံအိမ်တော် အတင်းအကျပ်ပို့တာတော့ သူမ လုပ်ခဲ့တာ ဖြစ်မယ်
သူ့ကို ဝါးစံအိမ်တော် ရောင်းချင်တယ်လို့ သူမ ကိုယ်တိုင် ပြောခဲ့တာလေ။ ဒါက ယောကျ်ားတစ်ယောက်ကို ဝါးစံအိမ်တော် အတင်းအကျပ်ပို့တာပဲ။
ဒါပေမဲ့ သူမရဲ့အစေခံကိုတော့ အစောင့်နဲ့ အတင်းအကျပ် လက်ထပ်ပေးမယ်လို့တော့ မထင်ဘူး ဒီကောလဟာလရဲ့ ဇာစ်မြစ်ကို ရွာပါ
Chapter-580
End
အပိုင်း(၅၈၁)
ချန်းယွီချင်းရဲ့ အတိတ် (၂)
အမိန့်တော်အတိုင်း ဖြစ်စေရပါမယ် သခင်
ချန်းယွီချင်းရဲ့ ခပ်တန်းတန်း မျက်နှာကို မြင်ရတော့ ပုန်းကွယ်နေသော အစောင့်က အလျင်စလို ဂါရဝပြုပြီး ရိုသေစွာ ပြန်လည် တုံ့ပြန်လိုက်တယ်။
ကောင်းပြီ ၊ အခုတော့ မင်းထွက်သွားနိုင်ပြီ ၊ဒီနေ့ ငါ့ကို ကုသပေးဖို့ သူမ လာမယ် ၊ သူမကို အိမ်တော်တံခါးမှာ သွားကြိုဆိုနေပါ
ဟုတ်ကဲ့ပါ သခင်
အစောင့်က နောက်တစ်ကြိမ် ဂါရဝပြုပြီး တိတ္ဆိတ္စြာ ထွက်ခွာသွားခဲ့တယ်။
ပုန်းကွယ်နေသော အစောင့်ရဲ့ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ချန်းယွီချင်း ပြုံးလိုက်တယ်။ သူ့မျက်ဝန်းများက ခန့်ညား ထည်ဝါလွန်းပါတယ်။ ခဏကြာတော့ သူ့ေခြေလှမ်းများကို ရွေ့လျားကာ ဗျတ်စောင်းကို ယူလိုက်ပြီး စာကြည့်ဆောင် အပြင်ဘက်သို့ ထွက်ခွာလာတယ်။
.
ဗျတ်စောင်းသံက ချယ်ရီတော တစ်လျှောက်ပျံ့လွင့်လာခဲ့တယ်။
သိပ္မေဝးတဲ့ တစ်နေရာမှာပုန်းနေတဲ့ တန်ယွဲ့က အင်မော်တယ်ကဲ့သို့ ပြီးပြည့်စုံတဲ့ မျက်နှာကို တပ္မက္စြာ ငေးကြည့်နေခဲ့တယ်။ သူ့မျက်ဝန်းများက မြတ်နိုးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။ ပြီးပြည့်စုံတဲ့ မျက်နှာအပြင် ဒီလူ့က တော်ဝင်တဲ့ အဆင့်အတန်းရှိတယ်။ သူမသာ သူ့ကို လက်ထပ်နိုင်ရင် သေတောင် နောင်တ မရဘူး။
ကျိုးပဲ့သံ
တန်ယွဲ့လည်း မတော်တဆ မြေကြီးပေါ်က သစ်ကိုင်းကို တက်နင်းမိတာကြောင့် ဆူညံမှုဖြစ်သွားတယ်။ ဗျတ်စောင်း တီးနေသူကို စိတ်အနှောင့်အယှက်ပေးသလို ဖြစ်သွားတယ်။ အစတည်းက တန်ယွဲ့ရှိတာကို သတိထားမိပါရဲ့ အစေခံများလည်း ဒီနေရာကို ဖြတ်သွားလ့ရှိတာကြောင့် သူ အာရုံမထားမိဘူး။ ဆူညံသံကို ကြားရတော့ သူလည်း မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ရပ်တန့်လိုက်တယ်။
ဘယ္သူလဲ
သူ့အသံက သာယာနာပျော်ဖွယ်ကောင်းပြီးလှိုင်းတွန့်နေသော စမ်းချောင်းကဲ့သို့ ကြည်လင်တယ်။ သူ့အသံကို ကြားလိုက်ရတော့ တန်ယွဲပမှာ နှလုံးခုန်ဖို့တောင် မေ့လျော့သွားရတယ်။
တန်ယွဲ့လည်း သူမရဲ့နှုတ်ခမ်းလေးကို ကိုက်ရင်း တောင်တန်းအတုနောက်ကွယ်မှာ ထွက်လာလိုက်တယ်။ သူမမျက်ဝန်းထဲမှ ပိုင်ဆိုင်ချင်စိတ်များကို ဖုံးကွယ်ရင်း အပြစ်ကင်းစင်သော ချိုသာ အပြုံးလေးကို ပုံဖော်လိုက်တယ်။
ကြ်မ္မက သခင်ချန်းထျန်းရဲ့ တပည့်အသစ်ပါ သခင့်ရဲ့ ဂီတအသံရဲ့ ဆွဲဆောင်မှုကြောင့် မသိလိုက်ဘဲ ဒီနား ရောက်လာမိတာပါ ၊ ကျွန်တော်မျိုးမ သခင်ကို နှောင့်ယှက်မိသလို ဖြစ်ရင် အခုချက်ချင်း ထွက်သွားပေးပါမယ်
အရင်ဆုံး သူမကိုယ် သူမ မိတ်ဆက်လိုက်ပြီး အပြင်လူ မဟုတ်ကြောင်း ရှင်းပြလိုက်တယ်။ ထို့နောက် သူ့ဂီတကို နှစ်သက်ကြောင်း အေလးထား ပြောလိုက်တယ်။ သူ့ကို မဟုတ်ဘူးပေါ့လေ။ နောက်ဆုံးအနေနဲ့ သူမဘက္က နှောင့်ယှက်သလို ဖြစ်ရင် ထွက်သွားပေးပါမည် ဖြစ်ကြောင်း ယဉ်ကျေးစွာ ပြောလိုက်သေးတယ်။
နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးမျိုးကို မလိုချင်တဲ့ ယောကျ်ား ရွိပါ့မလား ။ သူ့အနားခေါ်ပြီး ဗျတ်စောင်းအတူူတူ တီးဖို့တောင် ဖိတ်ခေါ်နိုင်တယ်။
တန်ယွဲ့ စိတ်ကူးယဉ်နေစဉ်မှာ ထိုလူရဲ့ ညင်သာသော အသံက တိုးလျစွာ မြည်ဟည်းလာခဲ့တယ်။
ကောင်းပြီ ဒါဆို အခုချက်ချင်း မင်းထွက်သွားလိုက်တော့
တန်ယွဲ့ရဲ့မျက်နှာမှာ ခပ်တန်းတန်း ဖြစ်သွားရတယ်။ သူဘာဆိုလိုချင်တာလဲ။ သူမကို မောင်းထုတ်လိုက်တာလား။ သူမဘက္က သင့်တင့်လျောက်ပတ်စွာ ပြောဆိုခဲ့တာပါ သူ့ဘက်က သူမကို ဖိတ်ခေါ်သင့်တယ်မလား။ဒီ ဟွမ်ချွမ်မြို့တော်မှာ မိတ္ကပ္မပါဘဲ လွပတဲ့ မိန်းကလေး ရှိလို့လား။ သူမကို မောင်းထုတ်ချင်တဲ့ နှလုံးသား သူ့မှာ ပိုင်ဆိုင်တယ်ပေါ့။
ရုတ်တရက် လွန်ခဲ့သော ၂ရက်ခန့်က ချန်းထျန်းပြောသော စကားများကို သတိရသွားခဲ့တယ်။
..
ယွဲ့အာ. သခင်က ဖြူစင်ပြီး ရိုးသားတဲ့ မိန်းကလေးမျိုးကို နှစ်သက်တယ် ၊ မင်းဘက်က သူ့ကို ဒီလိုအမြင်မျိုး ရသွားအောင် စွမ်းဆောင်နိုင်ရမယ်၊ သူက မိတ်ကပ်နဲ့ မတည့်ဘူး၊ ဒီပြင် သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားရင် ပိုင်ဆိုင်ဖို့ ခဲယဉ်းသလို ကစားရမယ်၊ ဒီနည်းလမ်းနဲ့မှ သူ့နှလုံးသားကို အနိုင်ရနိုင်မယ်
ဆရာက ဒီအကြောင်းကို ဘယ်လို သိနေတာလဲ
ဘာလို့ဆို အမျိုးသမီးတစ်ယောက်က သူ့ကို ဒီနည်းလမ်း သုံးခဲ့လို့လေ
.
တန်ယွဲ့လည်း အသက်ခပ်ပြင်းပြင်းရှုလိုက်ပြီး စကားဆိုလိုက်တယ်။
သခင်ချန်း ထွက်သွားစေချင်ရင် ထွက်သွားပါမယ် ရှင့် ဂီတကို စွဲလမ်းမိသွားလို့ပါ၊ အာဏာရှိတဲ့လူကို ချဉ်းကပ်ချင်တဲ့ မိန်းကလေးမျိုး လုံးဝ မဟုတ်ရပါဘူး၊ ဒီပြင် ဒီနေရာမှာ ဗျတ်စောင်းတီးနေတာ ရှင်မှန်း မသိပါဘူး
Chapter-581 End
အားပေးလို့ရပါပြီ.... အပိုင်း1000အထိ ဖတ်လို့ရပါပြီ
Gp1 (အပိုင်း575မွ 700 )(Free)
Gp2 (အပိုင်း700 မွ 772) (1000ks)
Gp3 (အပိုင်း773 မွ 850) (1000ks)
Gp4 (အပိုင်း851 မွ 962) (2000ks)
Gp-5(963 မွ 1042) (2000ks)
G1-စာစဉ်24-28 =Free Gp1 (575မွ 700 )
Gp2 စာစဉ်29-31 = 1000
Gp3 စာစဉ်32-34 = 1000
Gp4 စာစဉ် 35-39= 2000
Wave pay= 09784327525
Ph bill = 09899327577
Ok $ = 09969332009
စာရေးသူ facebook acc
https://www.facebook.com/cho.t.mar.505
Fb page link
https://www.facebook.com/338368530310612/posts/381746312639500/
Bạn đang đọc truyện trên: Truyen247.Pro