
528-533
အပိုင္း(၅၂၈)
ယြမ္ေလာ့ဖုန္း ေဒါသထြက္ျခင္း (၁)
ေၾကာက္လန႔္ တုန္လႈပ္မႈက အဘိုးအိုရဲ႕ မ်က္ဝန္းမွာ အတိုင္းသား ေပၚလာခဲ့ၿပီ ေနာက္သို႔ ေျခလွမ္းမ်ား ဒယိမ္းဒယိုင္ ျဖစ္သြားရတယ္။ သူ႕အနားတိုးကပ္လာတဲ့ ယြမ္ေလာ့ဖုန္းကုိ အသက္မဲ့ မ်က္ဝန္းမ်ားျဖင့္ တုံဏိဘာေဝ ၾကည့္ေနခဲ့တယ္။
"က်ဳပ္ကုိ ေၾကာက္လန္႔ေအာင္ ၿခိမ္းေျခာက္ေနတာလား"
ယြမ္ေလာ့ဖုန္း ျပံဳးလုိက္တယ္။
"ကြၽန္မ...ၿဖီးျဖန္းေနတာလား...အတည္လားဆုိတာ ႐ွင္ မၾကာခင္ သိမွာပါ"
သူမ ထုိစကားကုိ ေျပာၿပီးေနာက္ အဘုိးအုိမွာ ျပင္းထန္ေသာ နာက်င္မႈကုိ ခံစားရတယ္။ သူ႔ခႏၶာကုိယ္က သည္းမခံႏုိင္ေလာက္ေအာင္ နာက်င္လြန္းပါတယ္။ ဒီနာက်င္မႈက လြတ္ေျမာက္ႏုိင္ဖုိ႔ ခဲယဥ္းပါတယ္။ သူ့ခႏၶာကုိယ္ေပၚ ေက်ာက္ျပားႀကီး ဖိၿပီး တက္နင္းေနသလုိ ခံစားရတယ္။
တခ်ိန္တည္းမွာပဲ သူ႔ေဘးပတ္ဝန္းက်င္မွာ အစိမ္းေရာင္ မီးေတာက္ မီးလ်ွံမ်ား ေပၚထြက္လာၿပီး သူ႔ခႏၶာကုိယ္ကုိ မီး႐ႈိ ့ျပာခ်ေတာ့တယ္။ သူ႔စိတ္ဝိညာဥ္ကုိ တစ္စစီ စုတ္ျပဲေနသကဲ့သုိ႔ ေလာင္ကြၽမ္းမႈေၾကာင့္ ျပင္းထန္စြာ နာက်င္ရတယ္။
ဝိညာဥ္ မီးေတာက္...!ဒါက တကယ့္ကုိ ဝိညာဥ္ မီးေတာက္ပဲ...!
ဒီေကာင္မေလးရဲ႕ စိတိဝိညာဥ္ တန္ခုိးက ျမင့္မားလြန္းလုိ႔ ဝိညာဥ္မီးေတာက္ကုိ လွည့္ဖ်ား ေစခုိင္းႏုိင္တယ္။
ဒီလုိသာဆုိရင္ သူ႔စိတ္ဝိညာဥ္က ေၾကမြ ဖ်က္ဆီးသြားလိမ့္မယ္...ေနာက္ထပ္ လူျပန္ဝင္စားဖုိ႔ ခဲယဥ္းသြားႏုိင္တယ္။
"ရပ္ပါေတာ....အ႐ႈံးေပးပါၿပီ ရပ္လုိက္ေတာ့"
အဘုိးအုိက မခ်ိတင္ကဲ ေဝဒနာကုိ ခံစားရင္း ေအာ္ေျပာတယ္။
"ငါ ေတာင္းပန္ပါတယ္....က်ံဴးလင္းအာကုိ ျပန္အပ္ပါ့မယ္... ငါကတိေပးပါတယ္...ငါ့ကုိ မႏွိပ္စက္ပါနဲ႔ ရပ္လုိက္ပါေတာ့..."
"ကြၽန္မက ႐ွင့္ကုိ ဘာလုိ႔ ယုံၾကည္ရမလဲ..."
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံး ပင့္လုိက္တယ္။
"႐ွင့္လူေတြက က်ံဴးလင္းအာကုိ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတာ... သူမကုိ ေတြ႔ရမွ ႐ွင့္ကံၾကမၼာကုိ ဆုံးျဖတ္ေပးႏုိင္မယ္...သူမ ထိခုိက္ ဒဏ္ရာ ရရင္ ႐ွင့္စိတ္ဝိညာဥ္ကုိ ထပ္ႏွိပ္စက္မယ္...႐ွင့္ဝိညာဥ္ ေၾကမြပ်က္စီးေစရမယ္"
အဘုိးအုိမွာ စိတ္ဓာတ္က်သြားရတယ္...က်ံဴးလင္းအာရဲ႕အေဖ...သူမကုိ မႏွိပ္စက္ထားဖုိ႔သာ ဆုေတာင္းရေတာ့မယ္။ အဲ့လုိမွ မဟုတ္ရင္ေတာ့ သူ႔စိတ္ဝိညာဥ္ တကယ္ ပ်က္စီးသြားမွာ ေၾကာက္ေနမိတယ္။
"ထ်န္းရႊယ္"
အဘုိးအုိလည္း အံႀကိတ္လုိက္တယ္။
"သူ႔ကုိ ထ်န္းက်ဴအိမ္ေတာ္ ေခၚသြား"
"ဟုတ္ကဲ့ပါ...အေဖ"
ထ်န္းရႊယ္ရဲ႕မ်က္ဝန္းမ်ားက မေက်နပ္ခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။ သူ႔အေဖက ယြမ္ေလာ့ဖုန္းကုိ ႐ႈံးနိမ့္သြားတာ ေသခ်ာေတာ့ သူ ဘာတတ္ႏုိင္ပါဦးမလဲ...။ဒါေၾကာင့္ လုံေဖးကုိ ဝင္ေပါက္နားထိ လမ္းျပ ေခၚေဆာင္သြားရမွာေပါ့။
ထ်န္းရႊယ္ရဲ႕ လမ္းျပမႈေၾကာင့္ ေထာက္ေခ်ာက္မ်ားက ျပႆနာ မ႐ွိေတာ့။ လုံေဖးတစ္ေယာက္ ထ်န္းအိမ္ေတာ္ထဲ အလြယ္တကူ ဝင္ေရာက္သြားႏုိင္တယ္။
က်ဥ္းေျမာင္းၿပီး အစြန္းအဖ်ားက်တဲ့ ျခံဝင္းေလးအတြင္းမွာ ထ်န္းက်ဴက တုတ္တစ္ေခ်ာင္းကုိ ကုိင္ေဆာင္ထားၿပီး ေကာင္မေလးရဲ႕ ႏွင္းတမ်ွ ျဖဴေဖြးေသာ အသားအရည္ကုိ အညႇာအတာ ကင္းမဲ့စြာ ႐ုိက္ႏွက္ေနခဲ့တယ္။
ေကာင္မေလးရဲ႕ အဝတ္အစားမ်ားက တစ္စစီ မြစာၾကဲ...စုတ္ျပဲေနၿပီး တစ္ခ်ိန္က လွပခဲ့ေသာ သူမရဲ႕ ဆံႏြယ္မ်ားက ေက်ာေနာက္ဘက္မွာ ဖ႐ုိဖရဲ ျဖစ္ေနခဲ့တယ္။
သူမရဲ႕ခႏၶာကုိယ္ကုိ ေၾကာက္စရာေကာင္းေလာင္ေသာ အမွတ္အသားမ်ားျဖင့္ ဖုံးလႊမ္းထားတယ္။
သူမရဲ႕ မ်က္ႏွာေသးေသးေလးမွ ပဲေစ့ေလာက္ ႀကီးမားေသာ ေခြၽးစက္မ်ား တစ္စက္ခ်င္း က်ဆင္းေနေလရဲ႕....။ တကယ့္ကုိ သနားစရာေကာင္းတဲ့ ျမင္ကြင္းပါ။
သူမက ျဖဴေဖ်ာ့ေနတဲ့ ႏႈတ္ခမ္းပါးကုိ အတင္းနာေအာင္ ဖိကုိက္ထားၿပီး ထ်န္းက်ဴရဲ႕ ႀကိမ္ဒဏ္ေပးျခင္းကုိ တိတ္ဆိတ္စြာ ခံယူေနခဲ့တယ္။
"ေက်းဇူး မသိတတ္တဲ့ သမီးမုိက္.... နင္႔လုိ သမီးမ်ိဳးကုိ ေမြးခြင့္ မေပးခဲ့သင့္ဘူး....နင္က ငါ့ကုိ ေဒါသထြက္ၿပီး ေသေစခ်င္တာလား..."
သူမေၾကာင့္ သူ အ႐ွက္ကြဲရတာကုိ ေျဖသိမ့္ခ်င္တာေၾကာင့္ သူ႔ေဒါသကုိ သူမအေပၚ ပုံခ်လုိက္တယ္။ သူမကုိ သနားညႇာတာမႈ ကင္းမဲ့စြာ ႐ုိက္ႏွက္ ဆုံးမလုိက္တယ္။
"နင္က မိသားစု ေခါင္းေဆာင္ရဲ႕ စကားကုိ မနာခံဘူးေပါ့...ငါ့မ႐ွိရင္ နင္ဆုိတာ ျဖစ္လာမယ္ ထင္ေနလား...နင္က ငါ့စကားကုိ နာခံမယ္..."
က်ံဴးလင္းအာက အဖက္မတန္ဟန္ သေရာ္လုိက္ၿပီး မ်က္လုံးကုိ ပိတ္ထားလုိက္တယ္။ သူမ ပုံစံက ေသျခင္းတရားကုိ ခံယူဖုိ႔ မတြန္႔မဆုတ္ဘူး။
ထ်န္းမိသားစုရဲ႕ အမိန္႔ကုိ လုံးဝ နားမေထာင္ဘူး။ ယြမ္ေလာ့ဖုန္းတစ္ေယာက္တည္းကုိသာ သူမတစ္ဘဝလုံး သစၥာေတာ္ ခံယူမွာ...။
က်ံဴးလင္းအာရဲ႕ ေခါင္းမာေသာ မ်က္ႏွာထားကုိ ျမင္ရေတာ့ ထ်န္းက်ဴ ေဒါသထြက္လာရတယ္။ သူလည္း အိတ္ထဲမွ ဆားတစ္ဆုပ္စာကုိ ယူလုိက္ၿပီး သူမခႏၶာကုိယ္ကုိ ေဒါနဲ႔ေမာနဲ႔ ပက္လုိက္တယ္။
ထ်န္းယြီက ထ်န္းမိသားစုမွာ အထူးခြၽန္ဆုံး လူငယ္ မ်ိဳးဆက္သစ္...အိမ္ေတာ္ေခါင္းေဆာင္ရဲ႕ တုိက္႐ုိက္ဆက္ခံသူ ေျမးတစ္ေယာက္။ ဒါေၾကာင့္လည္း ထ်န္းယြီကုိ ျမဴဆြယ္ ေစခ်င္တာ။ က်ံဴးလင္းအာက မနာခံဘူး ျဖစ္ေနတယ္။
Chapter-528
End
အပုိင္း(၅၂၉)
ယြမ္ေလာ့ဖုန္း ေဒါသထြက္ျခင္း (၂)
“ကြ်န္မ… ထ်န္းမိသားစု အေၾကာင္းကုိ လုံးဝ စိတ္မဝင္စားဘူးလုိ႔ ေျပာထားျပီးသား… ထ်န္းမ်ိဳးရုိး နာမည္ကုိလည္း မခံယူႏုိင္ဘူး”
က်ံဴးလင္းအာက သူမမ်က္ဝန္းကုိ ရုတ္တရက္ ဖြင့္ခ်လုိက္ျပီး ထ်န္းက်ဴကုိ ခံစားခ်က္ ကင္းမဲ့စြာ ေအာ္ေျပာလုိက္တယ္။
“နင္ ေသခ်င္ေနလား”
ဒီစကားကုိၾကားေတာ့ ထ်န္းက်ဴ ေတာ္ေတာ္ေလး ေဒါသထြက္သြားျပီး ရႊမ္းခနဲ ျမည္ေအာင္ ရုိက္ခ်လုိက္တယ္။ သူမရဲ႕ ေက်ာေနာက္ဘက္မွာ အနီေရာင္ အမွတ္အသားႀကီး ထင္က်န္ရစ္ေစတယ္။
က်ံဴးလင္းအာလည္း ပါးစပ္အျပည့္ ေသြးမ်ားကုိ ေထြးထုတ္လုိက္တယ္။ သူမရဲ႕ အတြင္းကလီစာမ်ားက အလြန္အမင္း နာက်င္ေနရတယ္။ မ်က္ႏွာေၾကာတင္းေသာ အျပံဳးနဲ႔ သူမ ေျပာလုိက္တယ္။
“ရွင္… ကြ်န္မကုိ ဘယ္ေလာက္ ရုိက္ရုိက္…ရွင့္စကားကုိ မနာခံဘူး”
“ဘာေျပာလုိက္တယ္…လူပါးဝလုိက္တာ…က်ံဴးလင္းအာ… နင့္မွာ ေခ်ာေမာတဲ့ ခပ္ေခ်ာေခ်ာ မ်က္ႏွာေလး ရွိေနလုိ႔ သခင္မေလး ထ်န္းယြီကုိ ျမဴဆြယ္ ခုိင္းရတာ…နင့္အဆင့္အတန္းနဲ႔ဆုိရင္ သခင္ေလးရဲ႕ ကုိယ္လုပ္ေတာ္ေတာင္ မျဖစ္ႏုိင္ဘူး”
က်ံဴးလင္းအာရဲ႕ အတြင္းစိတ္သေဘာထားကုိ ပုိေပၚလြင္လာျပီး သူမ ျငင္းလုိက္တယ္။
“ငါ့ သခင္ေနာက္လုိက္ရင္ တစ္ေန႔မွာ… သင့္ေလ်ာ္တဲ့ လူတစ္ေယာက္ရဲ႕ ဇနီးမယား ျဖစ္ႏုိင္တယ္… ထ်န္းမိသားစုထဲ ဝင္ရင္ေတာ့ ကုိယ္လုပ္ေတာ္ တစ္ေယာက္ပဲ ျဖစ္ႏုိင္တယ္ ဇနီးမယား နဲ႔ ကုိယ္လုပ္ေတာ္ ၾကားက ကြာျခားခ်က္ကုိ ေကာင္းေကာင္း သိပါတယ္… ကြ်န္မကုိ လွည့္ဖ်ားဖုိ႔ မစဥ္းစားနဲ႔”
“နင့္လုိ အရူးတစ္ေယာက္ကုိ ဘယ္လုိ စကားမ်ိဳး ေျပာရမွန္းကုိ မသိေတာ့ဘူး… ထုံထုိင္းလြန္းတယ္ ျမင့္ျမတ္တဲ့သားတစ္ေယာက္ရဲ႕ ကုိယ္လုပ္ေတာ္ ျဖစ္ရတာ… အေစခံတစ္ေယာက္ရဲ႕ ဇနီး ျဖစ္ရတာထက္ ပုိေကာင္းတယ္”
“က်ံဴးလင္းအာ ဆုိတဲ့ ကြ်န္မက ခ်မ္းသားတဲ့လူရဲ႕ အေပ်ာ္မယား ျဖစ္ရမွာထက္… ဆင္းရဲသားရဲ႕ ဇနီးမယား အျဖစ္ပဲ ခံယူမယ္… စည္းစိမ္ ခ်မ္းသာ အျပည့္နဲ႔ ဘဝကုိလည္း မလုိခ်င္ဘူး… အစားအေသာက္ လုံလုံေလာက္ေလာက္ မရွိလည္း မစုိးရိမ္ဘူး”
က်ံဴးလင္းအာမွာ မတ္တတ္ရပ္ႏုိင္ဖုိ႔ ေတာ္ေတာ္ေလး ႀကိဳးစားရတယ္။ သူမရဲ႕ ခႏၶာကုိယ္က အနည္းငယ္ တုန္ရီေနျပီ… သူမေနာက္က ေရွးေဟာင္းသစ္ပင္ကုိ မွီေနလုိက္တယ္။ သူမရဲ႕ ေတာက္ပေသာ မ်က္ဝန္းမ်ားက တိက်ျပတ္သားမႈမ်ားျဖင့္ လင္းလက္ေနခဲ့တယ္။
သူမ ဘဝမွာ… သူတစ္ပါးထက္ သာလြန္တဲ့ စည္းစိမ္ ခ်မ္းသားမ်ားနဲ႔ ေနထုိင္ဖုိ႔ထက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးစားျပီး သက္ဆုံးတုိင္ တြဲလက္ မျဖဳတ္မယ္ ခင္ပြန္းေလာင္းကုိသာ အလုိရွိတယ္။
လုံေဖး ေရာက္တဲ့အခ်ိန္မွာ က်ံဴးလင္းအာက ဒီစကားကုိ ေျပာေနတာပါ။ သူမ အသံက အလြန္တုိးလ်ေသာ္လည္း လုံေဖး နားမွာေတာ့ ပ်ားရည္တမ်ွ ခ်ိဳျမလြန္းတယ္။
ခ်မ္းသားတဲ့လူရဲ႕ ကုိယ္လုပ္ေတာ္ ျဖစ္ရမွာထက္ ဆင္းရဲသား ဇနီးမယား အျဖစ္ ခံယူမယ္ဆုိတဲ့လား။ ဒီေလာကႀကီးထဲမွာ ဆင္းရဲသားမ်ားက သူေဌးသူၾကြယ္မ်ားရဲ႕ သားေကာင္ပဲ။ တျခားသူမ်ားမွာ သူမလုိ မြန္ျမတ္တဲ့စိတ္ထားမ်ိဳး ပုိင္ဆုိင္ဖုိ႔ ခဲယဥ္းတယ္။သူမ ေျပာလုိက္တဲ့ စကားေၾကာင့္ လုံေဖးမွာ ေခါင္းမာတဲ့ ေကာင္မေလးကုိ အထင္ႀကီးေလးစားမိတယ္။
သူ တစ္စုံတစ္ရာ ေျပာဖုိ႔ ျပင္ေနစဥ္ ေကာင္မေလးရဲ႕ ခႏၶာကုိယ္က ရုတ္တရက္ ေျမျပင္ေပၚ လဲက်သြားခဲ့တယ္။ ဘာကုိမွ မစဥ္းစားဘဲ ေရွ႕သုိ႔ တုိးမသြားခင္ သူ မွင္တက္ေနခဲ့တယ္။ ေျမျပင္ေပၚ လဲေလ်ာင္းေတာ့မယ့္ သူမရဲ႕ ႏူးညံံ့ေသာ ခႏၶာကုိယ္ေလးကုိ အလ်င္အျမန္ ေပြ႕ခ်ီလုိက္တယ္။
က်ံဴးလင္းအာရဲ႕ မ်က္ေတာင္မ်ားက မသိမသာ တုန္ရီေနခဲ့တယ္။သူမရဲ႕ အသားအေရာင္ကလည္း ျဖဴေဖ်ာ့ေနခဲ့ျပီး သူ မရဲ႕ ခႏၶာကုိယ္ တစ္ကုိယ္လုံးကုိ ျပတ္ရွ ဒဏ္ရာမ်ားျဖင့္ ဖုံးလႊမ္းထားခဲ့တယ္။
သူ႔ရင္ထဲမွာ ေဒါသမီးမ်ား ေတာက္ေလာင္ လာရတယ္။ သူ႕တည္ၾကည္ေသာ မ်က္ဝန္းမ်ားက ထ်န္းက်ဴဘက္ လွည့္ၾကည့္လုိက္တယ္။
“မင္း… ဘယ္သူလဲ”
လုံေဖးကုိ ျမင္ေတာ့ ထ်န္းက်ဴ မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
“ ထ်န္းအိမ္ေတာ္ဆုိတာ သိရဲ႕လား… မင္းက က်ဴးေက်ာ္ ဝင္ေရာက္ရဲတယ္”
လုံေဖးလည္း ေထ့ေငါ့လုိက္တယ္။ ေအးတိ ေအးစက္ စကား မေျပာခင္ က်ံဴးလင္းအာကုိ ေပြ႕ခ်ီလုိက္တယ္။
“ခင္ဗ်ားက သမီး ျဖစ္သူကုိ ဂရုမစုိက္တဲ့ အျပင္ ဒီလုိ မ်ိဳး ညွဥ္းပန္း ႏွိပ္စက္ရဲတယ္… ခင္ဗ်ားလုိလူက သားရဲတိရိစာၦန္နဲ႔ ဘာျခားနားလို႕လဲ”
ထ်န္းအိမ္ေတာ္ကုိ လာတဲ့ လမ္းမွာတည္းက ထ်န္းအိမ္ေတာ္ကုိ လာရတဲ့ ရည္ရြယ္ခ်က္ကုိ ခ်င္ယန္တုိ႔က ေျပာထားျပီးသားပါ။ ဒါေၾကာင့္ က်ံဴးလင္းအာနဲ႔ ထ်န္းမိသားစုရဲ႕ ဆက္ႏႊယ္မႈကုိ သူ ေစ့ေစ့စပ္စပ္ သိေနခဲ့တယ္။ ထ်န္းက်ဴက က်ံဴးလင္းအာကုိ မႏွစ္သက္ဘူးဆုိရင္ေတာင္ သူမေသြးထဲမွာ သူ႕ေသြး စီးဆင္းေနတယ္ေလ ဒါေတာင္ သူမကုိ ဒီလုိ ရက္စက္စြာ ျပဳမူတယ္။
လုံေဖးလည္း ထ်န္းက်ဴးကုိ စိန္းစိန္းဝါးဝါး ၾကည့္ကာ က်ံဴးလင္းအာရဲ႕ ခႏၶာကုိယ္ကုိ တင္းက်ပ္စြာ ဖက္ထားလုိက္တယ္။
“ခင္ဗ်ားမွာ ဒီအမ်ိဳးသမီးကုိ ထိန္းခ်ဳပ္ဖုိ႔ ဒီတစ္သက္ အခြင့္အေရး ရမယ္ မထင္နဲ႔ ဒီျပင္ ခင္ဗ်ားကုိ ထ်န္းမိသားစုကလူေတြ မကယ္တင္ႏုိင္ေတာ့ဘူး… အခုအခ်ိန္မွာ သူတုိ႕ကုိယ္ သူတုိ႕ေတာင္ မကယ္တင္ႏုိင္ဘူး”
ဘာ….
ခဏေတာ့ ထ်န္းက်ဴ အံ့အားသင့္သြားျပီး သူေျပာတဲ့ စကားရဲ႕ အဓိပါၸယ္ကို နားမလည္ဘူး။ တျခားသူရဲ႕ လက္သီးက သူ႕ေပၚ တည့္တည့္ က်ေရာက္လာျပီး ေနာက္သုိ႔ လန္သြားေစတယ္။
Chapter-529
End
အပုိင္း(၅၃၀)
ယြမ္ေလာ့ဖုန္း ေဒါသထြက္ျခင္း (၃)
ထ်န္းက်ဴလည္း ပါးစပ္အျပည့္ ေသြးမ်ားကုိ အန္ထုတ္လုိက္တယ္။ သူ႔မ်က္ႏွာ တျပင္လုံးက ျဖဴေဖ်ာ့ေနတာေပါ့။
ခဏၾကာေတာ့ လုံေဖး တစ္ေယာက္ ေျခလွမ္းက်ဲက်ဲျဖင့္ သူ႔အနား ေလ်ွာက္လာျပီး အက်ၤိေကာ္လံမွ သူ႕ကုိ ေဆာင့္ဆြဲကာ ျခံဝင္းအျပင္ဘက္သုိ႔ အလ်င္အျမန္ ဦးတည္ ထြက္ခြာလုိက္တယ္။
……
ေတာင္ေပါက္ဝ အျပင္ဘက္မွာ ေတာ္ေတာ္ကုိ တိတ္ဆိတ္ေနခဲ့့ျပီး ေလတုိက္သံကုိပဲ ၾကားေနရတယ္။
ယြမ္ေလာ့ဖုန္းလည္း လက္ပုိက္ရင္း သစ္ပင္ကုိ မွီထားလုိက္တယ္။ အဘုိးအုိရဲ႕ မခ်ိမကဲ ခံစားေနရသံကုိ တိတ္တဆိတ္ နားေထာင္ေနလုိက္တယ္။
ထ်န္းမိသားစုမွ အႀကီးအကဲမ်ားလည္း စကားတစ္ခြန္းမ်ွ မေျပာရဲဘူး။ ယြမ္ေလာ့ဖုန္းရဲ႕ အၾကည့္က သူတုိ႔အေပၚ က်ေရာက္လာမွာ ေၾကာက္ေနတယ္။ သူတုိ႔ အိမ္ေတာ္ ေခါင္းေဆာင္လုိ ထပ္တူ အျပစ္ေပးခံရမွာ စုိးမိတယ္။
ဝင္ေပါက္ တံခါးက ေနာက္တစ္ႀကိမ္ ပြင့္လာျပီး က်ံဴးလင္းအာကုိ လက္တစ္ဖက္နဲ႔ သယ္လာကာ က်န္ လက္တစ္ဖက္က ထ်န္းက်ဴကုိ ဆုပ္ကုိင္ထားတယ္။
လုံေဖးကုိ ျမင္ျပီးေနာက္ ယြမ္ေလာ့ဖုန္းရဲ႕ မ်က္ႏွာထားက ပုိ ခက္ထန္လာခဲ့တယ္။ သူမရဲ႕ခႏၶာကုိယ္က ခ်မ္းစိမ့္စိမ့္ အေငြ႕အသက္မ်ားကုိ ထုတ္လႊင့္ေနျပီး မ်က္ဝန္းနက္မ်ားက လူသတ္ခ်င္စိတ္မ်ားကုိ ေဖာ္ျပေနေလရဲ႕။
အားလုံး ျပီးဆုံးသြားျပီ။
က်ံဴးလင္းအာရဲ႕ခႏၶာကုိယ္ ဒဏ္ရာရေနတာ ျမင္ေတာ့ အဘုိးအုိရဲ႕ႏွလုံးသားက နာက်င္ရတယ္။ သူ႔မ်က္ႏွာမွာ ေၾကာက္လန္႔မႈမ်ား ေပၚလြင္လာျပီး ထ်န္းက်ဴကုိ ေဒါကန္စြာ ၾကည့္လုိက္တယ္။
လူယုတ္မာေကာင္က က်ံဴးလင္းအာကုိ ရက္ရက္စက္စက္ ရုိက္ရဲတယ္ေပါ့။
ပုံမွန္ဆိုရင္ေတာ့ ဒါက ကိစၥမရွိဘူး။ ဒါေပမဲ့ အခုအခ်ိန္မွာ ဒီေကာင္မေလးက သူ႕ညာလက္ရုံး…။
ယြမ္ေလာ့ဖုန္းရဲ႕စကားအရေတာ့ က်ံဴးလင္းအာ အနည္းငယ္ ထိခုိက္ရင္ေတာင္ သူ႕စိတ္ဝိညာဥ္ကုိ ပ်က္ျပားေအာင္ လုပ္မယ္တဲ့။
ထ်န္းက်ဴလည္း အဘုိးအုိရဲ႕ မ်က္ဝန္းထဲမွ အမုန္းမီးေတာက္ကုိ ခံစားရတယ္။ သူလည္း ဘာျဖစ္ေနမွန္း မသိတာေၾကာင့္ ေအာ္ဟစ္ ငုိေၾကြးေတာ့တယ္။
“မိသားစု ေခါင္းေဆာင္ အႀကီးအကဲ ကြ်န္ေတာ္ကုိ ကယ္ပါ”
သူ ေျပာလုိ႔ မျပီးခင္မွာ ႏွင္းကဲ့သုိ႔ ျဖဴေဖြးတဲ့ အရိပ္ေလးက ေလကုိ ျဖတ္သန္းျပီး သူ႕ေရွ႕ေရာက္ရွိလာခဲ့တယ္။ မိန္းမပ်ိဳေလးက သူ႕ကုိ လုံးဝ မၾကည့္ဘဲ အက်ၤီလက္ထဲက ေဆးကုိသာ ထုတ္လုိက္ျပီး လုံေဖးကုိ လွမ္းေပးလုိက္တယ္။
“သူမကုိ တုိက္လုိက္”
“အမ္…”
လုံေဖး မွင္တက္သြားခဲ့တယ္။
“ကြ်န္ေတာ္ သူ႕ကုိ ဘယ္လုိေကြ်းရမလဲ”
“ဝါးေၾကြးလုိက္”
မိန္းကေလးရဲ႕ စကားေၾကာင့္ လုံေဖးမွာ ရွက္ေနမိတာ္. ဒါေပမဲ့လည္း သူမေပးတဲ့ ေဆးကုိ လက္ခံလုိက္ပါေသးတယ္ အစိတ္စိတ္ အပုိင္းပုိင္း ျဖစ္ေအာင္ သူဝါးလုိက္တယ္။
ေဆးကုိ လုံေဖး လက္ထဲ လႊဲအပ္ျပီးတည္းက ယြမ္ေလာ့ဖုန္းရဲ႕အၾကည့္က တျဖည္းျဖည္းခ်င္း ထ်န္းက်ဴဘက္ လွည့္လာခဲ့တယ္။ သူမလည္း မ်က္ခုံးပင့္လုိက္ျပီး
“ရွင္က သူမကုိ ရုိက္ႏွက္ခဲ့တာလား”
အစမွ အဆုံးအထိ ထ်န္းက်ဴက သူ ဘာအမွားလုပ္ထားလည္း မသိေသးပါဘူး။ က်ံဴးလင္းအာရဲ႕ဘဝကုိ သူ ေပးထား… သူ ရုိက္ႏွက္လည္း ဘာျဖစ္လဲ…. ဒီလူေတြက ကုိယ့္ကိစၥ မဟုတ္တာကုိ ဝင္ပါခ်င္တယ္။
“ဒီေကာင္မေလးက ငါ့သမီး…ဒဏ္ရာ ဒဏ္ခ်က္က ငါ့ေၾကာင့္ ျဖစ္ရတာ… မင္းက ဘာလုပ္ခ်င္လုိ႔လဲ”
ဗုိင္း
ထ်န္းက်ဴ စကားအဆုံးအထိ ေျပာတာကုိ မေစာင့္ဘဲ သူ႔အက်ၤီေကာ္လံကုိ တင္းေနေအာင္ဆုပ္ ကုိင္ျပီး အညွာအတာ ကင္းမဲ့စြာ သူ႕ကုိ ပစ္ခ်လုိက္တယ္။
ထ်န္းက်ဴရဲ႕ တင္ပါးမွာ ႏွစ္ျခမ္း ကြဲေတာ့မလုိ႔ပဲ… သူ႕မွာ နာက်င္လြန္းလုိ႔ ေအာ္ငုိခ်င္ခ်င္ပါ… ဒါေပမဲ့လည္း ေကာင္မေလးရဲ႕ စူးရွေသာအသံက သူ႕ကုိ ေႏွာင့္ယွက္သြားခဲ့တယ္။
“သူမရဲ႕ခႏၶာကုိယ္မွာ ဒဏ္ခ်က္တစ္ခု စြဲထင္တာနဲ႔ ထ်န္းမိသားစုဝင္ တစ္ေယာက္ကုိ သတ္မယ္လုိ႔ ေျပာခဲ့တယ္ အခုေတာ့ သူမက အျပင္းအထန္ ထိခုိက္ထားေတာ့ ထ်န္းမိသားစု တစ္စုလုံးကုိ ျပာခ်ဖုိ႔ လုံေလာက္သြားျပီ… ပထမဆုံး ရွင္က စမယ္”
ေကာင္မေလးဆီမွ ျပင္းထန္တဲ့ လူသတ္ေငြ႕ကုိ ခံစားရတာေၾကာင့္ ထ်န္းက်ဴမွာ ေၾကာက္လန္႔လာတယ္။သူ႔ေတာက္ေလာင္ေနေသာ ရင္ဘတ္ကုိ တင္းက်ပ္စြာ ဆုပ္ကုိင္ရင္း ေျပာလုိက္တယ္။
“မိသားစု ေခါင္းေဆာင္က မင္းကုိ အလြတ္ေပးမယ္ ထင္ေနလား”
ယြမ္ေလာ့ဖုန္းလည္း သေရာ္လုိ္က္တယ္။
“သူက ဝိညာဥ္ ေၾကမြ ပ်က္စီးေနတဲ့ အရႈံးသမား တစ္ေယာက္ ျဖစ္ေတာ့မယ္”
မီးေတာင္ရိပ္ေအာက္မွာ မဲ့ရြဲ႕ေနေသာ အဘုိးအုိကုိ ၾကည့္ရင္း သူ႔ႏွလုံးသားက တုန္လႈပ္လာတယ္။
အိမ္ေတာ္ ေခါင္းေဆာင္က ဒီမိန္းကေလးကုိ တကယ္ရႈံးသြားတာလား။
မျဖစ္ႏုိင္ပါဘူး။
“သခင္…”
လုံေဖးလည္း ယြမ္ေလာ့ဖုန္းကုိ ဖ်တ္ခနဲၾကည့္လုိက္တယ္။
“သူမကုိ ကယ္တင္ဖုိ႔ လာခဲ့စဥ္က အနီးအနားမွာ ဆားရည္ေတြ ေတြ႕ခဲ့တယ္… က်ံဴးလင္းအာရဲ႕ ခႏၶာကုိယ္မွာလည္း ဆားရည္ေတြ ရွိေနတယ္ ကြ်န္ေတာ္အထင္ ဒီမေကာင္းဆုိးဝါးက က်ံဴးလင္းအာကုိ ရုိက္ႏွက္ျပီး ဆားရည္နဲ႔ ပက္တာ ျဖစ္မယ္… သူမကုိ ညွဥ္းပန္းခ်င္တဲ့ စိတ္ဆႏၵရွိရမယ္”
Chapter-530
End
531+532+533
အပုိင္း(၅၃၁)
ယြမ္ေလာ့ဖုန္း ေဒါသထြက္ျခင္း (၄)
လုံေဖး ေျပာလုိက္တဲ့ စကားေၾကာင့္ ထ်န္းက်ဴမွာ တုန္လႈပ္ေခ်ာက္ခ်ားလာတယ္။ သူ႕ေရွ႕မွာ ရွိတဲ့ ေသြးေအးမ်က္ဝန္းမ်ားနဲ႔ ေကာင္မေလးကုိ ေၾကာက္လန္႔တၾကားၾကည့္ရင္း တုန္ရီလာတယ္။
“ခ်င္ယန္… ရဲ႕လင္း…”
ယြမ္ေလာ့ဖုန္းလည္း မ်က္ခုံးပင့္ျပီး ေသြးေအးစြာ အမိန္႔ေပးလုိက္တယ္။
“သူ႕ကုိ ႏွစ္ဆ ျပန္ခံေစခ်င္တယ္… ဒီကိစၥကုိ နင္တုိ႔လက္ အပ္ထားမယ္”
ေသမယ္တဲ့လား… သူ႕လုိ မေကာင္းဆုိးဝါးအတြက္ ေသတာက ရုိးရွင္းလြန္းတယ္။ အလြယ္တကူ ေသခြင့္ မေပးႏုိင္ဘူး။
“ဟုတ္ကဲ့ပါ သခင္မေလး”
“ဟုတ္ကဲ့ပါ သခင္”
သူမေျပာခ်င္တဲ့ အဓိပါၸယ္ကုိ နားလည္တာေၾကာင့္ ခ်င္ယန္နဲ႔ ရဲ႕လင္း ရုိေသစြာ ဂါရဝျပဴကာ တုံ႕ျပန္လုိက္တယ္။ ေျမႀကီးေပၚလဲက်ေနေသာ ထ်န္းက်ဴအနား ျဖည္းျဖည္းခ်င္း တုိးကပ္လုိက္တယ္။
“ငါ့နား မလာနဲ႔”
သူ႔အနားကုိ ခ်ဥ္းကပ္လာတဲ့ လူႏွစ္ေယာက္ကုိ ၾကည့္လိုက္တယ္။ သူ႔မ်က္ဝန္းမွ ေၾကာက္လန္႔မႈမ်ားက ျပင္းထန္လာခဲ့တယ္။ ခ်င္ယန္က သူ႕ကုိ ခုန္တက္နင္းခ်ိန္ သူ႔မွာအကူအညီေတာင္းဖုိ႔ ေအာ္ငုိလုနီးပါးပဲ…။ သူကုိ ဆက္တုိက္ ကန္ေက်ာက္ေနေသးတယ္…။
အလြန္အမင္း ျဖဴေဖ်ာ့ေနတဲ့ ထ်န္းက်ဴမ်က္ႏွာက ကန္ေက်ာက္ခံရမႈေၾကာင့္ ေသြးမ်ားပန္းထြက္လာရတယ္။ ဒါေပမဲ့ ဒီေလာက္နဲ႔ မျပီးသြားပါဘူး။
ထ်န္းက်ဴရဲ႕ ႏွလုံးသားက ပုိပုိ ေၾကာက္လန္႔လာခ်ိန္…ခ်င္ယန္က ဘယ္ကမွန္းမသိတဲ့ ဓားကုိ ဆြဲထုတ္လုိက္ျပီး မဲ့ျပံဳးျပံဳးကာ သူ႔မ်က္ႏွာကုိ ဓားနဲ႔ လွီးေနတယ္။
“သခင္မေလး… ကြ်န္မတုိ႔ ဘယ္ေနရာက စသင့္လဲ.. သူ႔နားရြက္လား… သူ႕ႏွာေခါင္းလား… ေၾသာ္…ဟုတ္သား… ဆားရည္ လုိအပ္ေသးတယ္…ရဲ႕လင္း… ကြ်န္မအတြက္ ဆားရည္ ျပင္ေပးစမ္းပါ”
ဒီလူက က်ံဴးလင္းအာကုိ ဒီလုိ ႏွိပ္စက္ခဲ့ေတာ့လည္း ေသျခင္းနဲ႔ ရွင္ျခင္းၾကားမွာ တြဲေလာင္းခ်ီေပးရတာေပါ့။အသက္ေမ်ာေမ်ာ ျဖစ္ေအာင္ ႏွိပ္စက္ေပးတာေပါ့
သူ႔ေရွ႕က ထ်န္းရႊယ္ကုိ ခက္ထန္ေသာ မ်က္ႏွာ ေသြးေအးေသာ ပုံစံနဲ႔ မၾကည့္ခင္ ခ်င္ယန္ကုိ ခ်စ္ခင္တဲ့ အၾကည့္နဲ႔ ၾကည့္လုိက္တယ္။
“ခင္ဗ်ား သူ႕လုိ အဆုံးမသတ္ခ်င္ရင္ က်ဳပ္တုိ႔အတြက္ ဆားရည္ ျပင္ေပးစမ္း နာရီဝက္အတြင္း လုိခ်င္တယ္”
ထ်န္းရႊယ္ ခဏေတာ့ မွင္တက္သြားျပီး ဆုံးျဖတ္ခ်က္ခုိ္င္မာစြာ ေတာင္တံခါးေပါက္ကုိ မသြားခင္ ခ်င္ယန္ ေျခေထာက္ေအာက္က ထ်န္းက်ဴကုိ ေစာင္းငဲ့ ၾကည့္လုိက္တယ္။
ထ်န္းက်ဴမွာ ေတာ္ေတာ္ကုိ စိတ္ဓာတ္က်ရပါတယ္။ ဘာမ်ားျဖစ္ခဲ့လုိ႔ သခင္ေလးက ဒီလူေတြရဲ႕ စကားကုိ နာခံရတာလဲ။
“နာရီဝက္ ၾကာဦးမယ္”
ထ်န္းက်ဴကုိ ေပ်ာ္ရႊင္စြာ ၾကည့္ရင္း သူမမ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္တယ္။
“ပထမဆုံး ရွင့္လက္ေမာင္းကုိ လွီးျဖတ္တာ ပုိေကာင္းမယ္… က်ံဴးလင္းအာကုိ ဘယ္လက္နဲ႔ ရုိက္ႏွက္ခဲ့လဲ”
ခ်င္ယန္က ယြမ္ေလာ့ဖုန္း ေနာက္လုိက္ လုပ္ခဲ့တာၾကာျပီဆုိေတာ့ သူမရဲ႕ ရက္စက္မႈကုိ သင္ယူခဲ့ျပီးသားပါ။ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာက အျပံဳးေလးမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။ ဒီလုိမ်ိဳး ျဖဴစင္ သိမ္ေမြတဲ့ မိန္းကေလး ပါးစပ္က ရက္စက္တဲ့ စကားမ်ိဳး ေျပာရဲတယ္။
ထ်န္းက်ဴမ်က္ႏွာက ေၾကာက္လြန္းလုိ႔ အရမ္းကုိ ျဖဴစုတ္သြားခဲ့တယ္။ သူဘာမွ မေျပာရဲေသာ္လည္း သူ႔ခႏၶာကုိယ္က တုန္ရီေနတာေၾကာင့္ ေၾကာက္လန္႔မႈကုိ ေဖာ္ျပေနတယ္။
“ရွင္က မေျပာေတာ့လည္း လက္ႏွစ္ဖက္လုံး ခုတ္ထစ္ရတာေပါ့”
သူမလက္ထဲက ဓားက ထ်န္းက်ဴရဲ႕ လက္ေမာင္းေပၚ ဝဲေနခဲ့တယ္။သူမမ်က္ႏွာေပၚက အျပံဳးက ပုိေကာက္က်စ္ စဥ္းလဲလာတယ္။
“မလုပ္ရဘူး”
ထ်န္းက်ဴမွာ ေၾကာက္လြန္းလို႔ မ်က္လုံး ျပဴးက်ယ္သြားရတယ္။ ခ်င္ယန္ရဲ႕လက္က သူ႕အေပၚ က်ေရာက္လာခ်ိန္မွာ အက်ယ္ႀကီး ေအာ္ဟစ္ေတာ့တယ္။ ဒီဓားက ေသးတယ္လုိ႔ ထင္ရေသာ္လည္း သူ႕လက္ကုိ လွီးျဖတ္ႏုိ္င္ေလာက္တဲ့အထိ ခြ်န္လြန္းတယ္။
ေသြး ပန္းထြက္လာတာေၾကာင့္ ခ်င္ယန္ရဲ႕ အက်ၤီေကာ္လံမွာ ေသြးမ်ား စြန္းထင္ခဲ့တယ္။ ထ်န္းက်ဴမွာ ျပင္းထန္ေသာ နာက်င္မႈေၾကာင့္ ခ်က္ခ်င္း မူးလဲသြားခဲ့တယ္။
ဝိညာဥ္မီးေတာက္ၾကား ပိတ္မိေနတဲ့ အဘုိးအုိက ဆက္ သည္းမခံႏုိင္ေတာ့တာေၾကာင့္ ဗလုံးဗေထြး ေအာ္ဟစ္ေနတယ္။
“ေတာ္သင့္ျပီ”
တုန္ရီေနေသာ သူ႔အသံနဲ႔ ဆက္ေျပာတယ္။
“ဒါက ထ်န္းက်ဴ အမွားဆုိရင္ေတာင္ မင္းအေစခံက မရက္စက္လြန္းဘူးလား…က်ံဴးလင္းအာကုိ ရုိက္ဖုိ႔ တုတ္ေခ်ာင္း တစ္ခုတည္းကုိ သုံးခဲ့တာပါ… မင္းအေစခံမက လက္တစ္ဖက္လုံးကုိ ျဖတ္လုိက္တယ္… ရက္စက္ျပီး သနား ၾကင္နာမဲ့တဲ့လူကုိ အမ်ိဳးသမီးလုိ႔ မေခၚထုိက္ဘူး”
ယြမ္ေလာ့ဖုန္းလည္း ခပ္ေရးေရးမ်ွ ျပံဳးလုိက္တယ္။
“ကြ်န္မသာ လုိက္မရွာခဲ့ရင္ ရွင္တုိ႔ ထ်န္းမိသားစုက သူမကုိ ဘယ္ေလာက္ေတာင္ ညွဥ္းပန္း ႏွိပ္စက္မလဲ… ကြ်န္မကေတာ့ ထ်န္းမိသားစုဝင္ကုိ လုံးဝ မသနားဘူး ရွင္တုိ႔ကုိ အဆတစ္ရာ ျပန္ေပးဆပ္ရမယ္”
Chapter-531
End
အပုိင္း(၅၃၂)
ထ်န္းရာ ေရာက္ရွိလာျခင္း (၁)
အဘုိးအုိမွာ ခ်က္ခ်င္း တိတ္ဆိတ္သြားရတယ္။ ယြမ္ေလာ့ဖုန္း ေျပာတာ မွန္ပါတယ္… သူမ က်ံဴးလင္းအာကုိ လာမကယ္ခဲ့ရင္ ထ်န္းက်ဴရဲ႕ ရက္စက္တဲ့ စရုိက္ေၾကာင့္ က်ံဴးလင္းအာရဲ႕ အနာဂတ္က မေတာက္ေျပာင္ႏုိင္ဘူး။ စိတ္ပ်က္ ေၾကကြဲစြာ သူ သက္ျပင္းခ်လုိက္တယ္။
ထိုအခ်ိန္…ထ်န္းရႊယ္က ဆားေရစည္ကုိ သယ္ေဆာင္ကာ ရဲ႕လင္းတုိ႔အနား လမ္းေလ်ွာက္လာခဲ့တယ္။ မည္းပုတ္ေနေသာ မ်က္ႏွာနဲ႔ စည္ကို ခ်ကာ ထ်န္းမိသားစုရွိရာ သြားလုိက္တယ္။
ခ်င္ယန္လည္း ဆားေရကုိခပ္လိုက္ျပီး အစိတ္စိတ္ ျဖစ္ေနတဲ့ သူ႕ပခုံးေပၚ ေလာင္းခ်လုိက္တယ္။ ျပင္းထန္ေသာ နာက်င္မႈေၾကာင့္ ထ်န္းက်ဴ ႏုိးထလာခဲ့တယ္။ မေကာင္းဆုိးဝါးဆန္ဆန္ ျပံဳးေနတဲ့ ခ်င္ယန္ကုိ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာထားျဖင့္ ေငးၾကည့္လုိက္တယ္။
“ငါ…ငါ ေတာင္းပန္ပါတယ္ ငါ့ကုိလႊတ္ေပးပါ”
သူ႕အသံက ခပ္ၾသၾသ ျဖစ္ေနျပီး သူ႔မ်က္လုံးမ်ားက ေတာင္းပန္ခယေနတယ္။ အခုမွ ေၾကာက္လန္႔တယ္ဆုိတာ နားလည္စျပဳလာခဲ့တယ္။
“ရွင့္ကုိ လႊတ္ေပးရမယ္ ဟုတ္လား”
ခ်င္ယန္လည္း ေလွာင္ရယ္ရင္း ေမးလုိက္တယ္။
“အရင္က က်ံဴးလင္းအာကုိ သနားေပးဖုိ႔ စဥ္းစားခဲ့ရဲ႕လား”
ထ်န္းက်ဴတစ္ေယာက္ ဒီတစ္ေခါက္ေတာ့ အမွားလုပ္မိမွန္း သိလာခဲ့တယ္။
“ရွင္က က်ံဴးလင္းအာကုိ သနားေပးဖုိ႔ မစဥ္းစားေတာ့လည္း ကြ်န္မက ရွင့္ကုိ လႊတ္ေပးဖုိ႔ မစဥ္းစားဘူး”
ခ်င္ယန္လည္း သူ႕ကုိ အထင္ျမင္ေသးစြာ ၾကည့္ရင္း ေမးေငါ့လုိက္တယ္။
ထ်န္းက်ဴလည္း ကူရာမဲ့စြာ မ်က္လုံးကုိ ပိတ္ထားလုိက္တယ္။ ဒီတစ္ေခါက္ေတာ့ သူ အမွားႀကီး မွားခဲ့ပါျပီ။ ခ်က္ခ်င္း မူးလဲသြားဖုိ႔သာ ေမ်ွာ္လင့္ေတာ့တယ္ ဒီမေကာင္းဆုိးဝါးနဲ႔ ရင္ဆုိင္ရမွာထက္ေတာ့ သာပါတယ္။
“ထ်န္းမိသားစုကုိ ဂရုစို္က္ေနစရာ မလုိဘူး”
ယြမ္ေလာ့ဖုန္းရဲ႕မတူမတန္ဟန္စကားက ထ်န္းမိသားစုရဲ႕ ကံၾကမၼာကုိ အဆုံးအျဖတ္ေပးေနတယ္။
“ယြမ္ေလာ့ဖုန္း”
ထ်န္းရႊယ္ရဲ႕မ်က္ႏွာထားက ရုတ္ျခည္း စိတ္ဆုိးမာန္ဆုိးဟန္ ေျပာင္းလဲသြားျပီး ေအာ္ဟစ္ေတာ့တယ္။
“မင္းရဲ႕ အထုံပါရမီက မဆုိးဘူးဆိုတာ ငါ ဝန္ခံပါတယ္ မင္းက အစြမ္းလည္း ျမင့္တယ္ ဒါေပမဲ့ ငါတုိ႔ ထ်န္းမိသားစု ေနာက္မွာ ထ်န္းရာ ရွိတယ္ ၊ သူက ေကာင္းကင္ဘုံအဆင့္ ေရာက္ေနတာ ၾကာျပီေလ ၊ မင္းက ငါတုိ႔ ထ်န္းမိသားစုရဲ႕ တပည့္တခ်ိဳ႕ကုိလည္း သတ္ခဲ့တယ္ ၊ အခုေတာ့ ထ်န္းမိသားစုကုိ ဒုကၡေပးခ်င္ေနျပန္ျပီလား ၊ မင္းရဲ႕အျပဳအမူေတြကုိ ထ်န္းရာက ဒီအတုိင္း ၾကည့္ေနမယ္လုိ႔ ထင္လား ”
ဘာပဲျဖစ္ျဖစ္ ထ်န္းရာက ထ်န္းမ်ိဳးႏြယ္ဝင္… သူ႔အေဖက ထ်န္းရာရဲ႕ အစ္ကုိေတာ္ ၊ ထ်န္းရာက ေသြးေအး ရက္စက္လည္း ထ်န္းမိသားစု ဒုကၡေရာက္မွာကုိေတာ့ ထုိင္ၾကည့္ေနမယ္ မထင္ ။ ဒါေၾကာင့္လည္း ထ်န္းရႊယ္တစ္ေယာက္ ယုံၾကည္ခ်က္ ရွိေနတာေပါ့။
ယြမ္ေလာ့ဖုန္းရဲ႕ မာယာမ်ားေသာ မ်က္ဝန္းမ်ားက ထ်န္းရႊယ္ရွိရာ က်ေရာက္လာခဲ့တယ္။
“လြန္ခဲ့ေသာ ဆယ္စုႏွစ္ေက်ာ္ေက်ာ္တည္းက ငယ္ငယ္ရြယ္ရြယ္နဲ႔ ထ်န္းရာက ေအာင္ျမင္လာတာ ၊ ထ်န္းမိသားစုကလည္း သူ႕အေပၚ ေမွ်ာ္လင့္ခ်က္ အမ်ားႀကီးထားခဲ့တယ္ ဒါေပမဲ့ ထ်န္းရာက ထ်န္းမိသားစု သေဘာမတူတဲ့ မိန္းကေလး တစ္ေယာက္နဲ႔ ခ်စ္ႀကိဳးသြယ္ခဲ့တယ္ ၊ ရွင္တုိ႔က သူ႕ကုိ အင္ေမာ္တယ္ တစ္ေယာက္ကုိ ျပစ္မွားတယ္လုိ႔ အျပစ္ပုံခ်ခဲ့တယ္အျပင္… ခ်စ္တဲ့သူ ႏွစ္ေယာက္ကုိ ေကြကြင္းေစခဲ့တယ္ ကြ်န္မ အထင္ ထ်န္းရာက ထ်န္းမိသားစုကုိ အရုိးစြဲေအာင္ မုန္းေနေတာ့မွာ… ဒါေၾကာင့္ သူက ရွင္တုိ႔ကုိ ကူညီပါ့မလား”
ထ်န္းရႊယ္ရဲ႕မ်က္ႏွာအမူအရာက ရုတ္ျခည္း ေျပာင္းလဲသြားခဲ့ျပီး သူ႕လက္သီးကုိ က်စ္ေနေအာင္ ဆုပ္ထားလုိက္တယ္။ ေဒါသလႈိင္းမ်ားက သူ႕ပုတ္သုိးေနတဲ့ မ်က္ႏွာမွာ ပတ္ခ်ာလည္ ဝုိင္းေနခဲ့တယ္။
“မင္းက ဘယ္သူလဲ… ဘာလို႔ ဒီေလာက္ သိေနတာလဲ”
မီးမ်ား ပတ္ခ်ာလည္ ဝန္းရံထားေသာ အဘုိးႀကီးက ယြမ္ေလာ့ဖုန္းကုိမဲ့ရြဲ႕ေနေသာ မ်က္ႏွာထားနဲ႔ ၾကည့္လာခဲ့တယ္။ သူမကုိ စိန္းစိန္းဝါးဝါး ၾကည့္လိုက္ျပီဒ
“မင္း ဒီအေၾကာင္းကုိ သိေနတာ မျဖစ္ႏုိင္ဘူး… မင္းညာေနတာ ျဖစ္မယ္”
ထ်န္္းမိသားစုက ျမင့္ျမတ္တဲ့ ပုဂၢဳိလ္မ်ားသာ ဒီကိစၥကုိ သိေနခဲ့တာ ။ တခ်ိဳ႕အာဏာရွိတဲ့ မိသားစုမ်ားသာ ထ်န္းရာနဲ႔ ထ်န္းမိသားစု ေသြးကြဲရတဲ့ အေၾကာင္းအရင္းကုိ သိတာပါ။ ထ်န္းမိသားစုရဲ႕သားမ်ားေတာင္ ဒီကိစၥကုိ မသိၾကဘူး။ သူတုိ႔အားလုံးက ထ်န္းရာရဲ႕ ေက်ာ္ၾကားမႈကုိ အသုံးခ်ျပီး အျပင္ေလာကမွာ တျခားသူမ်ားကုိ မင္းမူေနခဲ့ၾကတာ…။
အခုေတာ့ လုံယြမ္တုိင္းျပည္က ေသးႏုပ္လွတဲ့ စစ္သူႀကီးေျမးက ထ်န္းမိသားစု အတြင္းေရးကုိ အတြင္းက်က် သိေနသတဲ့လား။ အဘုိးႀကီးက ေတြးမရေသာ္လည္း သူမဘယ္သူလဲဆုိတာေတာ့ သံသယ ဝင္မိပါရဲ႕။
“ဟား…ေကာင္မေလး… မင္း တစ္ခုေတာ့ လြဲေနျပီ”
ရုတ္တရက္ အုိမင္ေသာအသံက ဘယ္ကမွန္းမသိ ေပၚထြက္လာခဲ့တယ္။အသံေနာက္လုိက္ကာ ရွာေဖြၾကည့္ေတာ့ အျဖဴေရာင္ဝတ္စုံနဲ႔ အဘုိးအုိတစ္ေယာက္ ေလထဲ ပ်ံဝဲလာတာကုိ လူတုိင္းေတြ႕လုိက္ရတယ္။
Chapter-532
End
အပုိင္း(၅၃၃)
ထ်န္းရာ ေရာက္ရွိလာျခင္း (၂)
အားလုံးက ေလထဲမွ ေပၚထြက္လာတဲ့ ေသးေသးေကြးေကြး အဘုိးအိုေလးကုိ တအံ့တၾသ ၾကည့္ေနခဲ့တယ္။ မျပန္လာတာ ၾကာျပီ ျဖစ္တဲ့ ထ်န္းရဂာက ရုတ္တရက္ ျပန္လာျပီတဲ့လား။ ဒါေၾကာင့္ သူတုိ႔ ေတာ္ေတာ္ေလးကုိ ေပ်ာ္ရႊင္ရတယ္။
ထ်န္းရာ ေရာက္လာျပီ။ ငါတုိ႔အားလုံးကုိ ကယ္တင္ေတာ့မယ္။
အဘုိးအုိေလးလက္က ခ်စ္စရာေကာင္းတဲ့ ေကာင္မေလး လက္ကုိ ကုိင္ထားတယ္။ ေကာင္မေလးမွာလည္း မူးေနာက္ေနပုံရတယ္။ ေကာင္မေလး ပါးစပ္မွ အျမွပ္မ်ား ထြက္ေနရျပီး သူ႔မ်က္လုံးေလး ကလည္ကလည္ ျဖစ္ေနခဲ့တယ္။
ရုတ္တရက္ တစ္စုံတစ္ရာကုိ ခံစားမိတာေၾကာင့္ သူမ မ်က္ဝန္းကုိ ျဖည္းျဖည္းခ်င္း ဖြင့္လုိက္ျပီး ယြမ္ေလာ့ဖုန္းအနား အေျပးေလး သြားလုိက္တယ္။
“ဆရာ… ထ်န္းရာက အလြန္ဆုိးရြားတယ္ ၊ သူ ပ်ံသန္းတာ အရမ္းလည္း ျမန္တယ္ ၊ အခုေတာ့ တပည့္ မူးေနာက္ေနတုန္းပဲ ေျခေထာက္ေတြလည္း ေရလုိ ေပ်ာ့ေခြေနျပီ ”
လင္းေလာပုိင္က မ်က္ႏွာေလး စူပုတ္ပုတ္နဲ႔ ေျပာရွာတယ္။
သူမေျပာလုိက္တဲ့စကားက ဒီမွာရွိတဲ့ လူအားလုံးကုိ မွင္တက္ေစတယ္။ ထ်န္းရာ ေခၚလာတဲ့ ေကာင္မေလးက ယြမ္ေလာ့ဖုန္းရဲ႕ တပည့္လား။ ဒါဆုိ ထ်န္းရာ နဲ႔ ယြမ္ေလာ့ဖုန္းက ဘယ္လုိ ပတ္သက္လဲ ။
သူတို႔ ႏွလုံးသားမွာ အဆင္မေျပသလုိ ခံစားရျပီး ႏွလုံးသား တင္းက်ပ္လာရတယ္။
“ရွင္ ေရာက္လာျပီလား”
ယြမ္ေလာ့ဖုန္းလည္း ခပ္ေရးေရးမ်ွ ျပံဳးျပီး ထ်န္းရာကုိ ေစာင္းငဲ့ ၾကည့္လုိက္တယ္။
“ကြ်န္မမွာ ေျပာစရာ တစ္ပုိင္းက်န္တယ္လုိ႔ ေျပာတယ္… အဲဒါ ဘာလဲ…”
အဘိုးအုိက ထ်န္းမိသားစုရဲ႕ေခါင္းေဆာင္ကုိမေက်မနပ္ ၾကည့္လုိက္ျပီး ေထ့ေငါ့လိုက္တယ္။
“ဒါေတြ အားလုံးကုိ ငါ့ရဲ႕ အစ္ကုိေတာ္ႀကီး လုပ္ခဲ့တာေလ… ဒါေၾကာင့္လည္း ငါက ထ်န္းမိသားစုကုိ ေဒါသထြက္ရတာေပါ့ … ငါ့အစြမ္းအစကုိ တျခားသူ အသုံးခ်သြားမွာလည္း ေၾကာက္တယ္ ။ ဒါေၾကာင့္ ငါ့ကုိသတ္ဖုိ႔ လူသတ္သမားေတြကုိ ပုိ႔ေပးတယ္ေလ … ငါ့ကုိ သတ္ဖုိ႔ ခဲယဥ္းတာက ကံဆုိးသြားတယ္ ဒါေၾကာင့္လည္း ငါ့က သူတုိ႔လက္မွာ မေသဘဲ ဒီေန႔ပြဲေလးကုိ တက္ေရာက္ရတာေပါ့”
ထ်န္းရာရဲ႕စကားကုိ ၾကားျပီးေနာက္ ဝိညာဥ္ မီးေတာက္မ်ား ဝန္းရံခံထားရတဲ့ အဘုိးအုိက ရုတ္တရက္ ေျပာင္းလဲသြားခဲ့တယ္။
“ထ်န္းရာ… မင္း မဟုတ္တာ မေျပာနဲ႔…ငါတုိ႔က ေသြးခ်င္းနီးတဲ့ မိသားစုဝင္ေတြပါ… ထ်န္းမိသားစုကလည္း မင္းမ်ိဳးႏြယ္စုပဲ။ မင္းကုိ ငါက ဘာအေၾကာင္းေၾကာင့္ လုပ္ၾကံရမလဲ ၊ မင္းကုိ သတ္ခ်င္တဲ့လူက မိန္းကေလး ဖူရွန္”
လုံေဖးမွာ အဘုိးအုိရဲ႕ စကားကုိ ၾကားလုိက္ရေတာ့ ေဒါသထြက္လာရတယ္။
“လူယုတ္မာ…မဟုတ္မမွန္ စကားမေျပာနဲ႔”
သူ႕စိတ္ကုိ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္လုိက့္ပီး ေသြးေအးစြာ ေျပာလုိက္တယ္။
“လူတုိင္းက ထ်န္းမိသားစုရဲ႕ အျပဳအမူဆုိးကုိ သိေနတာ ၾကာပါျပီ ၊ ဒါေပမဲ့ အခုအခ်ိန္ထိ မင္းရဲ႕အျပစ္ကုိ အျပစ္မဲ့တဲ့မိန္းကေလး အေပၚ ပုံခ်ျပီး ျပစ္တင္ရဲတယ္… အရွက္မဲ့လုိက္တာ”
လူယုတ္မာအဘုိးႀကီးက အရွက္သိကၡာ မဲ့လြန္းပါတယ္။ သူ႔ဆရာက ထ်န္းရာကုိ လုပ္ၾကံသတဲ့လား။ ဘယ္လုိလုပ္ ျဖစ္ႏုိင္ပါ့မလဲ။ သူ႕ဆရာက ထ်န္းမိသားစုက ထြက္လာျပီးတည္းက သီးသန္႔ေနရာေလးမွာပဲ ေနထုိင္ေတာ့တယ္…။ အဲ့ေနရာက ေျခတစ္လွမ္းမွ မလွမ္းေတာ့တာ ဆယ္စုႏွစ္ေက်ာ္ျပီ။
ဆရာက ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ေနတာေၾကာင့္ အျပစ္အားလုံးကုိ ဆရာ့အေပၚ ပုံခ်ဖုိ႔ စဥ္းစားေနတာ. ဒီအရွက္မဲ့တဲ့လူေတြက ေသဖုိ႔ ထုိက္တန္တယ္။
ထ်န္းရာကေတာ့ လုံေဖး တစ္ေယာက္တည္း စိတ္ထဲမွာ ေျပာေနေသာ စကားမ်ားကုိ မၾကားႏုိင္ပါဘူး။ ဒါေၾကာင့္ သူ႕ကုိ ေနာက္တစ္ႀကိမ္ ထပ္ၾကည့္မေနဘဲ အဘုိးႀကီးကုိသာ အထင္ျမင္ေသးစြာ ၾကည့္လုိက္တယ္။
“ငါ့ကုိ လုပ္ၾကံတဲ့လူကုိ မသိရေလာက္တဲ့အထိ ငါ့ကုိ ငတုံးလုိ႔ ထင္ေနလား ထ်န္းရီ မင္းကုိယ္မင္း အထင္ႀကီးလြန္းေနျပီ”
ထ်န္းရီမွာ ဝိညာဥ္ မီးေတာက္ေၾကာင့္ ရင္ထဲ ပူေလာင္ျပင္းျပစြာ နာက်င္ေနရတယ္။ ထ်န္းရာရဲ႕ စကားကုိ ၾကားျပီးေနာက္ သူ႔တုန္ရီမႈက ပုိျပင္းထန္လာခဲ့တယ္။
“လုပ္ၾကံသူထဲမွာ မင္းကုိယ္တုိင္ ပါဝင္ခဲ့တာကုိ ငါ မွတိမိေနပါေသးတယ္”
ထ်န္းရာလည္း ထ်န္းမိသားစု အႀကီးအကဲမ်ားဘက္ လွည့္လုိက္ျပီး
“မင္းတုိ႔အားလုံးက ငါမသိဘူး လို႔ထင္ေနတာလား။ ငါ့ ဂုဏ္သတင္းနဲ႔ ဝင္ကစြပ္ လုပ္ရဲေသးတယ္ ငါ့အခ်ိန္အားလုံးကုိ ဖူရွန္ရွာဖုိ႔ ရင္းထားလုိ႔သာေပါ့…မဟုတ္ရင္ ထ်န္းမိသားစုဆုိတာ မရွိႏုိင္ေတာ့ဘူး”
Chapter-533
End
Unicode
အပိုင်း(၅၂၈)
ယွမ်လော့ဖုန်း ဒေါသထွက်ခြင်း (၁)
ကြောက်လန့် တုန်လှုပ်မှုက အဘိုးအိုရဲ့ မျက်ဝန်းမှာ အတိုင်းသား ပေါ်လာခဲ့ပြီ နောက်သို့ ခြေလှမ်းများ ဒယိမ်းဒယိုင် ဖြစ်သွားရတယ်။ သူ့အနားတိုးကပ်လာတဲ့ ယွမ်လော့ဖုန်းကို အသက်မဲ့ မျက်ဝန်းများဖြင့် တုံဏိဘာဝေ ကြည့်နေခဲ့တယ်။
"ကျုပ်ကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာလား"
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
"ကျွန်မ...ဖြီးဖြန်းနေတာလား...အတည်လားဆိုတာ ရှင် မကြာခင် သိမှာပါ"
သူမ ထိုစကားကို ပြောပြီးနောက် အဘိုးအိုမှာ ပြင်းထန်သော နာကျင်မှုကို ခံစားရတယ်။ သူ့ခန္ဓာကိုယ်က သည်းမခံနိုင်လောက်အောင် နာကျင်လွန်းပါတယ်။ ဒီနာကျင်မှုက လွတ်မြောက်နိုင်ဖို့ ခဲယဉ်းပါတယ်။ သူ့ခန္ဓာကိုယ်ပေါ် ကျောက်ပြားကြီး ဖိပြီး တက်နင်းနေသလို ခံစားရတယ်။
တချိန်တည်းမှာပဲ သူ့ဘေးပတ်ဝန်းကျင်မှာ အစိမ်းရောင် မီးတောက် မီးလျှံများ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို မီးရှို့ပြာချတော့တယ်။ သူ့စိတ်ဝိညာဉ်ကို တစ်စစီ စုတ်ပြဲနေသကဲ့သို့ လောင်ကျွမ်းမှုကြောင့် ပြင်းထန်စွာ နာကျင်ရတယ်။
ဝိညာဉ် မီးတောက်...!ဒါက တကယ့်ကို ဝိညာဉ် မီးတောက်ပဲ...!
ဒီကောင်မလေးရဲ့ စိတိဝိညာဉ် တန်ခိုးက မြင့်မားလွန်းလို့ ဝိညာဉ်မီးတောက်ကို လှည့်ဖျား စေခိုင်းနိုင်တယ်။
ဒီလိုသာဆိုရင် သူ့စိတ်ဝိညာဉ်က ကြေမွ ဖျက်ဆီးသွားလိမ့်မယ်...နောက်ထပ် လူပြန်ဝင်စားဖို့ ခဲယဉ်းသွားနိုင်တယ်။
"ရပ်ပါတော....အရှုံးပေးပါပြီ ရပ်လိုက်တော့"
အဘိုးအိုက မချိတင်ကဲ ဝေဒနာကို ခံစားရင်း အော်ပြောတယ်။
"ငါ တောင်းပန်ပါတယ်....ကျူံးလင်းအာကို ပြန်အပ်ပါ့မယ်... ငါကတိပေးပါတယ်...ငါ့ကို မနှိပ်စက်ပါနဲ့ ရပ်လိုက်ပါတော့..."
"ကျွန်မက ရှင့်ကို ဘာလို့ ယုံကြည်ရမလဲ..."
ယွမ်လော့ဖုန်းလည်း မျက်ခုံး ပင့်လိုက်တယ်။
"ရှင့်လူတွေက ကျူံးလင်းအာကို ဖမ်းဆီး ချုပ်နှောင်ထားတာ... သူမကို တွေ့ရမှ ရှင့်ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မယ်...သူမ ထိခိုက် ဒဏ်ရာ ရရင် ရှင့်စိတ်ဝိညာဉ်ကို ထပ်နှိပ်စက်မယ်...ရှင့်ဝိညာဉ် ကြေမွပျက်စီးစေရမယ်"
အဘိုးအိုမှာ စိတ်ဓာတ်ကျသွားရတယ်...ကျူံးလင်းအာရဲ့အဖေ...သူမကို မနှိပ်စက်ထားဖို့သာ ဆုတောင်းရတော့မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ သူ့စိတ်ဝိညာဉ် တကယ် ပျက်စီးသွားမှာ ကြောက်နေမိတယ်။
"ထျန်းရွှယ်"
အဘိုးအိုလည်း အံကြိတ်လိုက်တယ်။
"သူ့ကို ထျန်းကျူအိမ်တော် ခေါ်သွား"
"ဟုတ်ကဲ့ပါ...အဖေ"
ထျန်းရွှယ်ရဲ့မျက်ဝန်းများက မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့တယ်။ သူ့အဖေက ယွမ်လော့ဖုန်းကို ရှုံးနိမ့်သွားတာ သေချာတော့ သူ ဘာတတ်နိုင်ပါဦးမလဲ...။ဒါကြောင့် လုံဖေးကို ဝင်ပေါက်နားထိ လမ်းပြ ခေါ်ဆောင်သွားရမှာပေါ့။
ထျန်းရွှယ်ရဲ့ လမ်းပြမှုကြောင့် ထောက်ချောက်များက ပြဿနာ မရှိတော့။ လုံဖေးတစ်ယောက် ထျန်းအိမ်တော်ထဲ အလွယ်တကူ ဝင်ရောက်သွားနိုင်တယ်။
ကျဉ်းမြောင်းပြီး အစွန်းအဖျားကျတဲ့ ခြံဝင်းလေးအတွင်းမှာ ထျန်းကျူက တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကောင်မလေးရဲ့ နှင်းတမျှ ဖြူဖွေးသော အသားအရည်ကို အညှာအတာ ကင်းမဲ့စွာ ရိုက်နှက်နေခဲ့တယ်။
ကောင်မလေးရဲ့ အဝတ်အစားများက တစ်စစီ မွစာကြဲ...စုတ်ပြဲနေပြီး တစ်ချိန်က လှပခဲ့သော သူမရဲ့ ဆံနွယ်များက ကျောနောက်ဘက်မှာ ဖရိုဖရဲ ဖြစ်နေခဲ့တယ်။
သူမရဲ့ခန္ဓာကိုယ်ကို ကြောက်စရာကောင်းလောင်သော အမှတ်အသားများဖြင့် ဖုံးလွှမ်းထားတယ်။
သူမရဲ့ မျက်နှာသေးသေးလေးမှ ပဲစေ့လောက် ကြီးမားသော ချွေးစက်များ တစ်စက်ချင်း ကျဆင်းနေလေရဲ့....။ တကယ့်ကို သနားစရာကောင်းတဲ့ မြင်ကွင်းပါ။
သူမက ဖြူဖျော့နေတဲ့ နှုတ်ခမ်းပါးကို အတင်းနာအောင် ဖိကိုက်ထားပြီး ထျန်းကျူရဲ့ ကြိမ်ဒဏ်ပေးခြင်းကို တိတ်ဆိတ်စွာ ခံယူနေခဲ့တယ်။
"ကျေးဇူး မသိတတ်တဲ့ သမီးမိုက်.... နင့်လို သမီးမျိုးကို မွေးခွင့် မပေးခဲ့သင့်ဘူး....နင်က ငါ့ကို ဒေါသထွက်ပြီး သေစေချင်တာလား..."
သူမကြောင့် သူ အရှက်ကွဲရတာကို ဖြေသိမ့်ချင်တာကြောင့် သူ့ဒေါသကို သူမအပေါ် ပုံချလိုက်တယ်။ သူမကို သနားညှာတာမှု ကင်းမဲ့စွာ ရိုက်နှက် ဆုံးမလိုက်တယ်။
"နင်က မိသားစု ခေါင်းဆောင်ရဲ့ စကားကို မနာခံဘူးပေါ့...ငါ့မရှိရင် နင်ဆိုတာ ဖြစ်လာမယ် ထင်နေလား...နင်က ငါ့စကားကို နာခံမယ်..."
ကျူံးလင်းအာက အဖက်မတန်ဟန် သရော်လိုက်ပြီး မျက်လုံးကို ပိတ်ထားလိုက်တယ်။ သူမ ပုံစံက သေခြင်းတရားကို ခံယူဖို့ မတွန့်မဆုတ်ဘူး။
ထျန်းမိသားစုရဲ့ အမိန့်ကို လုံးဝ နားမထောင်ဘူး။ ယွမ်လော့ဖုန်းတစ်ယောက်တည်းကိုသာ သူမတစ်ဘဝလုံး သစ္စာတော် ခံယူမှာ...။
ကျူံးလင်းအာရဲ့ ခေါင်းမာသော မျက်နှာထားကို မြင်ရတော့ ထျန်းကျူ ဒေါသထွက်လာရတယ်။ သူလည်း အိတ်ထဲမှ ဆားတစ်ဆုပ်စာကို ယူလိုက်ပြီး သူမခန္ဓာကိုယ်ကို ဒေါနဲ့မောနဲ့ ပက်လိုက်တယ်။
ထျန်းယွီက ထျန်းမိသားစုမှာ အထူးချွန်ဆုံး လူငယ် မျိုးဆက်သစ်...အိမ်တော်ခေါင်းဆောင်ရဲ့ တိုက်ရိုက်ဆက်ခံသူ မြေးတစ်ယောက်။ ဒါကြောင့်လည်း ထျန်းယွီကို မြူဆွယ် စေချင်တာ။ ကျူံးလင်းအာက မနာခံဘူး ဖြစ်နေတယ်။
Chapter-528
End
အပိုင်း(၅၂၉)
ယွမ်လော့ဖုန်း ဒေါသထွက်ခြင်း (၂)
“ကျွန်မ… ထျန်းမိသားစု အကြောင်းကို လုံးဝ စိတ်မဝင်စားဘူးလို့ ပြောထားပြီးသား… ထျန်းမျိုးရိုး နာမည်ကိုလည်း မခံယူနိုင်ဘူး”
ကျူံးလင်းအာက သူမမျက်ဝန်းကို ရုတ်တရက် ဖွင့်ချလိုက်ပြီး ထျန်းကျူကို ခံစားချက် ကင်းမဲ့စွာ အော်ပြောလိုက်တယ်။
“နင် သေချင်နေလား”
ဒီစကားကိုကြားတော့ ထျန်းကျူ တော်တော်လေး ဒေါသထွက်သွားပြီး ရွှမ်းခနဲ မြည်အောင် ရိုက်ချလိုက်တယ်။ သူမရဲ့ ကျောနောက်ဘက်မှာ အနီရောင် အမှတ်အသားကြီး ထင်ကျန်ရစ်စေတယ်။
ကျူံးလင်းအာလည်း ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်တယ်။ သူမရဲ့ အတွင်းကလီစာများက အလွန်အမင်း နာကျင်နေရတယ်။ မျက်နှာကြောတင်းသော အပြုံးနဲ့ သူမ ပြောလိုက်တယ်။
“ရှင်… ကျွန်မကို ဘယ်လောက် ရိုက်ရိုက်…ရှင့်စကားကို မနာခံဘူး”
“ဘာပြောလိုက်တယ်…လူပါးဝလိုက်တာ…ကျူံးလင်းအာ… နင့်မှာ ချောမောတဲ့ ခပ်ချောချော မျက်နှာလေး ရှိနေလို့ သခင်မလေး ထျန်းယွီကို မြူဆွယ် ခိုင်းရတာ…နင့်အဆင့်အတန်းနဲ့ဆိုရင် သခင်လေးရဲ့ ကိုယ်လုပ်တော်တောင် မဖြစ်နိုင်ဘူး”
ကျူံးလင်းအာရဲ့ အတွင်းစိတ်သဘောထားကို ပိုပေါ်လွင်လာပြီး သူမ ငြင်းလိုက်တယ်။
“ငါ့ သခင်နောက်လိုက်ရင် တစ်နေ့မှာ… သင့်လျော်တဲ့ လူတစ်ယောက်ရဲ့ ဇနီးမယား ဖြစ်နိုင်တယ်… ထျန်းမိသားစုထဲ ဝင်ရင်တော့ ကိုယ်လုပ်တော် တစ်ယောက်ပဲ ဖြစ်နိုင်တယ် ဇနီးမယား နဲ့ ကိုယ်လုပ်တော် ကြားက ကွာခြားချက်ကို ကောင်းကောင်း သိပါတယ်… ကျွန်မကို လှည့်ဖျားဖို့ မစဉ်းစားနဲ့”
“နင့်လို အရူးတစ်ယောက်ကို ဘယ်လို စကားမျိုး ပြောရမှန်းကို မသိတော့ဘူး… ထုံထိုင်းလွန်းတယ် မြင့်မြတ်တဲ့သားတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်ရတာ… အစေခံတစ်ယောက်ရဲ့ ဇနီး ဖြစ်ရတာထက် ပိုကောင်းတယ်”
“ကျူံးလင်းအာ ဆိုတဲ့ ကျွန်မက ချမ်းသားတဲ့လူရဲ့ အပျော်မယား ဖြစ်ရမှာထက်… ဆင်းရဲသားရဲ့ ဇနီးမယား အဖြစ်ပဲ ခံယူမယ်… စည်းစိမ် ချမ်းသာ အပြည့်နဲ့ ဘဝကိုလည်း မလိုချင်ဘူး… အစားအသောက် လုံလုံလောက်လောက် မရှိလည်း မစိုးရိမ်ဘူး”
ကျူံးလင်းအာမှာ မတ်တတ်ရပ်နိုင်ဖို့ တော်တော်လေး ကြိုးစားရတယ်။ သူမရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေပြီ… သူမနောက်က ရှေးဟောင်းသစ်ပင်ကို မှီနေလိုက်တယ်။ သူမရဲ့ တောက်ပသော မျက်ဝန်းများက တိကျပြတ်သားမှုများဖြင့် လင်းလက်နေခဲ့တယ်။
သူမ ဘဝမှာ… သူတစ်ပါးထက် သာလွန်တဲ့ စည်းစိမ် ချမ်းသားများနဲ့ နေထိုင်ဖို့ထက် တစ်ယောက်နဲ့ တစ်ယောက် လေးစားပြီး သက်ဆုံးတိုင် တွဲလက် မဖြုတ်မယ် ခင်ပွန်းလောင်းကိုသာ အလိုရှိတယ်။
လုံဖေး ရောက်တဲ့အချိန်မှာ ကျူံးလင်းအာက ဒီစကားကို ပြောနေတာပါ။ သူမ အသံက အလွန်တိုးလျသော်လည်း လုံဖေး နားမှာတော့ ပျားရည်တမျှ ချိုမြလွန်းတယ်။
ချမ်းသားတဲ့လူရဲ့ ကိုယ်လုပ်တော် ဖြစ်ရမှာထက် ဆင်းရဲသား ဇနီးမယား အဖြစ် ခံယူမယ်ဆိုတဲ့လား။ ဒီလောကကြီးထဲမှာ ဆင်းရဲသားများက သူဌေးသူကြွယ်များရဲ့ သားကောင်ပဲ။ တခြားသူများမှာ သူမလို မွန်မြတ်တဲ့စိတ်ထားမျိုး ပိုင်ဆိုင်ဖို့ ခဲယဉ်းတယ်။သူမ ပြောလိုက်တဲ့ စကားကြောင့် လုံဖေးမှာ ခေါင်းမာတဲ့ ကောင်မလေးကို အထင်ကြီးလေးစားမိတယ်။
သူ တစ်စုံတစ်ရာ ပြောဖို့ ပြင်နေစဉ် ကောင်မလေးရဲ့ ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ် လဲကျသွားခဲ့တယ်။ ဘာကိုမှ မစဉ်းစားဘဲ ရှေ့သို့ တိုးမသွားခင် သူ မှင်တက်နေခဲ့တယ်။ မြေပြင်ပေါ် လဲလျောင်းတော့မယ့် သူမရဲ့ နူးညံံ့သော ခန္ဓာကိုယ်လေးကို အလျင်အမြန် ပွေ့ချီလိုက်တယ်။
ကျူံးလင်းအာရဲ့ မျက်တောင်များက မသိမသာ တုန်ရီနေခဲ့တယ်။သူမရဲ့ အသားအရောင်ကလည်း ဖြူဖျော့နေခဲ့ပြီး သူ မရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ပြတ်ရှ ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားခဲ့တယ်။
သူ့ရင်ထဲမှာ ဒေါသမီးများ တောက်လောင် လာရတယ်။ သူ့တည်ကြည်သော မျက်ဝန်းများက ထျန်းကျူဘက် လှည့်ကြည့်လိုက်တယ်။
“မင်း… ဘယ်သူလဲ”
လုံဖေးကို မြင်တော့ ထျန်းကျူ မျက်မှောင်ကြုတ်လိုက်တယ်။
“ ထျန်းအိမ်တော်ဆိုတာ သိရဲ့လား… မင်းက ကျူးကျော် ဝင်ရောက်ရဲတယ်”
လုံဖေးလည်း ထေ့ငေါ့လိုက်တယ်။ အေးတိ အေးစက် စကား မပြောခင် ကျူံးလင်းအာကို ပွေ့ချီလိုက်တယ်။
“ခင်ဗျားက သမီး ဖြစ်သူကို ဂရုမစိုက်တဲ့ အပြင် ဒီလို မျိုး ညှဉ်းပန်း နှိပ်စက်ရဲတယ်… ခင်ဗျားလိုလူက သားရဲတိရိစ္ဆာန်နဲ့ ဘာခြားနားလို့လဲ”
ထျန်းအိမ်တော်ကို လာတဲ့ လမ်းမှာတည်းက ထျန်းအိမ်တော်ကို လာရတဲ့ ရည်ရွယ်ချက်ကို ချင်ယန်တို့က ပြောထားပြီးသားပါ။ ဒါကြောင့် ကျူံးလင်းအာနဲ့ ထျန်းမိသားစုရဲ့ ဆက်နွှယ်မှုကို သူ စေ့စေ့စပ်စပ် သိနေခဲ့တယ်။ ထျန်းကျူက ကျူံးလင်းအာကို မနှစ်သက်ဘူးဆိုရင်တောင် သူမသွေးထဲမှာ သူ့သွေး စီးဆင်းနေတယ်လေ ဒါတောင် သူမကို ဒီလို ရက်စက်စွာ ပြုမူတယ်။
လုံဖေးလည်း ထျန်းကျူးကို စိန်းစိန်းဝါးဝါး ကြည့်ကာ ကျူံးလင်းအာရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။
“ခင်ဗျားမှာ ဒီအမျိုးသမီးကို ထိန်းချုပ်ဖို့ ဒီတစ်သက် အခွင့်အရေး ရမယ် မထင်နဲ့ ဒီပြင် ခင်ဗျားကို ထျန်းမိသားစုကလူတွေ မကယ်တင်နိုင်တော့ဘူး… အခုအချိန်မှာ သူတို့ကိုယ် သူတို့တောင် မကယ်တင်နိုင်ဘူး”
ဘာ….
ခဏတော့ ထျန်းကျူ အံ့အားသင့်သွားပြီး သူပြောတဲ့ စကားရဲ့ အဓိပါ္ပယ်ကို နားမလည်ဘူး။ တခြားသူရဲ့ လက်သီးက သူ့ပေါ် တည့်တည့် ကျရောက်လာပြီး နောက်သို့ လန်သွားစေတယ်။
Chapter-529
End
အပိုင်း(၅၃၀)
ယွမ်လော့ဖုန်း ဒေါသထွက်ခြင်း (၃)
ထျန်းကျူလည်း ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်တယ်။ သူ့မျက်နှာ တပြင်လုံးက ဖြူဖျော့နေတာပေါ့။
ခဏကြာတော့ လုံဖေး တစ်ယောက် ခြေလှမ်းကျဲကျဲဖြင့် သူ့အနား လျှောက်လာပြီး အင်္ကျိကော်လံမှ သူ့ကို ဆောင့်ဆွဲကာ ခြံဝင်းအပြင်ဘက်သို့ အလျင်အမြန် ဦးတည် ထွက်ခွာလိုက်တယ်။
……
တောင်ပေါက်ဝ အပြင်ဘက်မှာ တော်တော်ကို တိတ်ဆိတ်နေခဲ့ပြီး လေတိုက်သံကိုပဲ ကြားနေရတယ်။
ယွမ်လော့ဖုန်းလည်း လက်ပိုက်ရင်း သစ်ပင်ကို မှီထားလိုက်တယ်။ အဘိုးအိုရဲ့ မချိမကဲ ခံစားနေရသံကို တိတ်တဆိတ် နားထောင်နေလိုက်တယ်။
ထျန်းမိသားစုမှ အကြီးအကဲများလည်း စကားတစ်ခွန်းမျှ မပြောရဲဘူး။ ယွမ်လော့ဖုန်းရဲ့ အကြည့်က သူတို့အပေါ် ကျရောက်လာမှာ ကြောက်နေတယ်။ သူတို့ အိမ်တော် ခေါင်းဆောင်လို ထပ်တူ အပြစ်ပေးခံရမှာ စိုးမိတယ်။
ဝင်ပေါက် တံခါးက နောက်တစ်ကြိမ် ပွင့်လာပြီး ကျူံးလင်းအာကို လက်တစ်ဖက်နဲ့ သယ်လာကာ ကျန် လက်တစ်ဖက်က ထျန်းကျူကို ဆုပ်ကိုင်ထားတယ်။
လုံဖေးကို မြင်ပြီးနောက် ယွမ်လော့ဖုန်းရဲ့ မျက်နှာထားက ပို ခက်ထန်လာခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့် အငွေ့အသက်များကို ထုတ်လွှင့်နေပြီး မျက်ဝန်းနက်များက လူသတ်ချင်စိတ်များကို ဖော်ပြနေလေရဲ့။
အားလုံး ပြီးဆုံးသွားပြီ။
ကျူံးလင်းအာရဲ့ခန္ဓာကိုယ် ဒဏ်ရာရနေတာ မြင်တော့ အဘိုးအိုရဲ့နှလုံးသားက နာကျင်ရတယ်။ သူ့မျက်နှာမှာ ကြောက်လန့်မှုများ ပေါ်လွင်လာပြီး ထျန်းကျူကို ဒေါကန်စွာ ကြည့်လိုက်တယ်။
လူယုတ်မာကောင်က ကျူံးလင်းအာကို ရက်ရက်စက်စက် ရိုက်ရဲတယ်ပေါ့။
ပုံမှန်ဆိုရင်တော့ ဒါက ကိစ္စမရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဒီကောင်မလေးက သူ့ညာလက်ရုံး…။
ယွမ်လော့ဖုန်းရဲ့စကားအရတော့ ကျူံးလင်းအာ အနည်းငယ် ထိခိုက်ရင်တောင် သူ့စိတ်ဝိညာဉ်ကို ပျက်ပြားအောင် လုပ်မယ်တဲ့။
ထျန်းကျူလည်း အဘိုးအိုရဲ့ မျက်ဝန်းထဲမှ အမုန်းမီးတောက်ကို ခံစားရတယ်။ သူလည်း ဘာဖြစ်နေမှန်း မသိတာကြောင့် အော်ဟစ် ငိုကြွေးတော့တယ်။
“မိသားစု ခေါင်းဆောင် အကြီးအကဲ ကျွန်တော်ကို ကယ်ပါ”
သူ ပြောလို့ မပြီးခင်မှာ နှင်းကဲ့သို့ ဖြူဖွေးတဲ့ အရိပ်လေးက လေကို ဖြတ်သန်းပြီး သူ့ရှေ့ရောက်ရှိလာခဲ့တယ်။ မိန်းမပျိုလေးက သူ့ကို လုံးဝ မကြည့်ဘဲ အင်္ကျီလက်ထဲက ဆေးကိုသာ ထုတ်လိုက်ပြီး လုံဖေးကို လှမ်းပေးလိုက်တယ်။
“သူမကို တိုက်လိုက်”
“အမ်…”
လုံဖေး မှင်တက်သွားခဲ့တယ်။
“ကျွန်တော် သူ့ကို ဘယ်လိုကျွေးရမလဲ”
“ဝါးကြွေးလိုက်”
မိန်းကလေးရဲ့ စကားကြောင့် လုံဖေးမှာ ရှက်နေမိတာ်. ဒါပေမဲ့လည်း သူမပေးတဲ့ ဆေးကို လက်ခံလိုက်ပါသေးတယ် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် သူဝါးလိုက်တယ်။
ဆေးကို လုံဖေး လက်ထဲ လွှဲအပ်ပြီးတည်းက ယွမ်လော့ဖုန်းရဲ့အကြည့်က တဖြည်းဖြည်းချင်း ထျန်းကျူဘက် လှည့်လာခဲ့တယ်။ သူမလည်း မျက်ခုံးပင့်လိုက်ပြီး
“ရှင်က သူမကို ရိုက်နှက်ခဲ့တာလား”
အစမှ အဆုံးအထိ ထျန်းကျူက သူ ဘာအမှားလုပ်ထားလည်း မသိသေးပါဘူး။ ကျူံးလင်းအာရဲ့ဘဝကို သူ ပေးထား… သူ ရိုက်နှက်လည်း ဘာဖြစ်လဲ…. ဒီလူတွေက ကိုယ့်ကိစ္စ မဟုတ်တာကို ဝင်ပါချင်တယ်။
“ဒီကောင်မလေးက ငါ့သမီး…ဒဏ်ရာ ဒဏ်ချက်က ငါ့ကြောင့် ဖြစ်ရတာ… မင်းက ဘာလုပ်ချင်လို့လဲ”
ဗိုင်း
ထျန်းကျူ စကားအဆုံးအထိ ပြောတာကို မစောင့်ဘဲ သူ့အင်္ကျီကော်လံကို တင်းနေအောင်ဆုပ် ကိုင်ပြီး အညှာအတာ ကင်းမဲ့စွာ သူ့ကို ပစ်ချလိုက်တယ်။
ထျန်းကျူရဲ့ တင်ပါးမှာ နှစ်ခြမ်း ကွဲတော့မလို့ပဲ… သူ့မှာ နာကျင်လွန်းလို့ အော်ငိုချင်ချင်ပါ… ဒါပေမဲ့လည်း ကောင်မလေးရဲ့ စူးရှသောအသံက သူ့ကို နှောင့်ယှက်သွားခဲ့တယ်။
“သူမရဲ့ခန္ဓာကိုယ်မှာ ဒဏ်ချက်တစ်ခု စွဲထင်တာနဲ့ ထျန်းမိသားစုဝင် တစ်ယောက်ကို သတ်မယ်လို့ ပြောခဲ့တယ် အခုတော့ သူမက အပြင်းအထန် ထိခိုက်ထားတော့ ထျန်းမိသားစု တစ်စုလုံးကို ပြာချဖို့ လုံလောက်သွားပြီ… ပထမဆုံး ရှင်က စမယ်”
ကောင်မလေးဆီမှ ပြင်းထန်တဲ့ လူသတ်ငွေ့ကို ခံစားရတာကြောင့် ထျန်းကျူမှာ ကြောက်လန့်လာတယ်။သူ့တောက်လောင်နေသော ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြောလိုက်တယ်။
“မိသားစု ခေါင်းဆောင်က မင်းကို အလွတ်ပေးမယ် ထင်နေလား”
ယွမ်လော့ဖုန်းလည်း သရော်လိုက်တယ်။
“သူက ဝိညာဉ် ကြေမွ ပျက်စီးနေတဲ့ အရှုံးသမား တစ်ယောက် ဖြစ်တော့မယ်”
မီးတောင်ရိပ်အောက်မှာ မဲ့ရွဲ့နေသော အဘိုးအိုကို ကြည့်ရင်း သူ့နှလုံးသားက တုန်လှုပ်လာတယ်။
အိမ်တော် ခေါင်းဆောင်က ဒီမိန်းကလေးကို တကယ်ရှုံးသွားတာလား။
မဖြစ်နိုင်ပါဘူး။
“သခင်…”
လုံဖေးလည်း ယွမ်လော့ဖုန်းကို ဖျတ်ခနဲကြည့်လိုက်တယ်။
“သူမကို ကယ်တင်ဖို့ လာခဲ့စဉ်က အနီးအနားမှာ ဆားရည်တွေ တွေ့ခဲ့တယ်… ကျူံးလင်းအာရဲ့ ခန္ဓာကိုယ်မှာလည်း ဆားရည်တွေ ရှိနေတယ် ကျွန်တော်အထင် ဒီမကောင်းဆိုးဝါးက ကျူံးလင်းအာကို ရိုက်နှက်ပြီး ဆားရည်နဲ့ ပက်တာ ဖြစ်မယ်… သူမကို ညှဉ်းပန်းချင်တဲ့ စိတ်ဆန္ဒရှိရမယ်”
Chapter-530
End
531+532+533
အပိုင်း(၅၃၁)
ယွမ်လော့ဖုန်း ဒေါသထွက်ခြင်း (၄)
လုံဖေး ပြောလိုက်တဲ့ စကားကြောင့် ထျန်းကျူမှာ တုန်လှုပ်ချောက်ချားလာတယ်။ သူ့ရှေ့မှာ ရှိတဲ့ သွေးအေးမျက်ဝန်းများနဲ့ ကောင်မလေးကို ကြောက်လန့်တကြားကြည့်ရင်း တုန်ရီလာတယ်။
“ချင်ယန်… ရဲ့လင်း…”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ပြီး သွေးအေးစွာ အမိန့်ပေးလိုက်တယ်။
“သူ့ကို နှစ်ဆ ပြန်ခံစေချင်တယ်… ဒီကိစ္စကို နင်တို့လက် အပ်ထားမယ်”
သေမယ်တဲ့လား… သူ့လို မကောင်းဆိုးဝါးအတွက် သေတာက ရိုးရှင်းလွန်းတယ်။ အလွယ်တကူ သေခွင့် မပေးနိုင်ဘူး။
“ဟုတ်ကဲ့ပါ သခင်မလေး”
“ဟုတ်ကဲ့ပါ သခင်”
သူမပြောချင်တဲ့ အဓိပါ္ပယ်ကို နားလည်တာကြောင့် ချင်ယန်နဲ့ ရဲ့လင်း ရိုသေစွာ ဂါရဝပြူကာ တုံ့ပြန်လိုက်တယ်။ မြေကြီးပေါ်လဲကျနေသော ထျန်းကျူအနား ဖြည်းဖြည်းချင်း တိုးကပ်လိုက်တယ်။
“ငါ့နား မလာနဲ့”
သူ့အနားကို ချဉ်းကပ်လာတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူ့မျက်ဝန်းမှ ကြောက်လန့်မှုများက ပြင်းထန်လာခဲ့တယ်။ ချင်ယန်က သူ့ကို ခုန်တက်နင်းချိန် သူ့မှာအကူအညီတောင်းဖို့ အော်ငိုလုနီးပါးပဲ…။ သူကို ဆက်တိုက် ကန်ကျောက်နေသေးတယ်…။
အလွန်အမင်း ဖြူဖျော့နေတဲ့ ထျန်းကျူမျက်နှာက ကန်ကျောက်ခံရမှုကြောင့် သွေးများပန်းထွက်လာရတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ မပြီးသွားပါဘူး။
ထျန်းကျူရဲ့ နှလုံးသားက ပိုပို ကြောက်လန့်လာချိန်…ချင်ယန်က ဘယ်ကမှန်းမသိတဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး မဲ့ပြုံးပြုံးကာ သူ့မျက်နှာကို ဓားနဲ့ လှီးနေတယ်။
“သခင်မလေး… ကျွန်မတို့ ဘယ်နေရာက စသင့်လဲ.. သူ့နားရွက်လား… သူ့နှာခေါင်းလား… သြော်…ဟုတ်သား… ဆားရည် လိုအပ်သေးတယ်…ရဲ့လင်း… ကျွန်မအတွက် ဆားရည် ပြင်ပေးစမ်းပါ”
ဒီလူက ကျူံးလင်းအာကို ဒီလို နှိပ်စက်ခဲ့တော့လည်း သေခြင်းနဲ့ ရှင်ခြင်းကြားမှာ တွဲလောင်းချီပေးရတာပေါ့။အသက်မျောမျော ဖြစ်အောင် နှိပ်စက်ပေးတာပေါ့
သူ့ရှေ့က ထျန်းရွှယ်ကို ခက်ထန်သော မျက်နှာ သွေးအေးသော ပုံစံနဲ့ မကြည့်ခင် ချင်ယန်ကို ချစ်ခင်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
“ခင်ဗျား သူ့လို အဆုံးမသတ်ချင်ရင် ကျုပ်တို့အတွက် ဆားရည် ပြင်ပေးစမ်း နာရီဝက်အတွင်း လိုချင်တယ်”
ထျန်းရွှယ် ခဏတော့ မှင်တက်သွားပြီး ဆုံးဖြတ်ချက်ခိုင်မာစွာ တောင်တံခါးပေါက်ကို မသွားခင် ချင်ယန် ခြေထောက်အောက်က ထျန်းကျူကို စောင်းငဲ့ ကြည့်လိုက်တယ်။
ထျန်းကျူမှာ တော်တော်ကို စိတ်ဓာတ်ကျရပါတယ်။ ဘာများဖြစ်ခဲ့လို့ သခင်လေးက ဒီလူတွေရဲ့ စကားကို နာခံရတာလဲ။
“နာရီဝက် ကြာဦးမယ်”
ထျန်းကျူကို ပျော်ရွှင်စွာ ကြည့်ရင်း သူမမျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။
“ပထမဆုံး ရှင့်လက်မောင်းကို လှီးဖြတ်တာ ပိုကောင်းမယ်… ကျူံးလင်းအာကို ဘယ်လက်နဲ့ ရိုက်နှက်ခဲ့လဲ”
ချင်ယန်က ယွမ်လော့ဖုန်း နောက်လိုက် လုပ်ခဲ့တာကြာပြီဆိုတော့ သူမရဲ့ ရက်စက်မှုကို သင်ယူခဲ့ပြီးသားပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာက အပြုံးလေးများဖြင့် ပြည့်နှက်နေခဲ့တယ်။ ဒီလိုမျိုး ဖြူစင် သိမ်မွေတဲ့ မိန်းကလေး ပါးစပ်က ရက်စက်တဲ့ စကားမျိုး ပြောရဲတယ်။
ထျန်းကျူမျက်နှာက ကြောက်လွန်းလို့ အရမ်းကို ဖြူစုတ်သွားခဲ့တယ်။ သူဘာမှ မပြောရဲသော်လည်း သူ့ခန္ဓာကိုယ်က တုန်ရီနေတာကြောင့် ကြောက်လန့်မှုကို ဖော်ပြနေတယ်။
“ရှင်က မပြောတော့လည်း လက်နှစ်ဖက်လုံး ခုတ်ထစ်ရတာပေါ့”
သူမလက်ထဲက ဓားက ထျန်းကျူရဲ့ လက်မောင်းပေါ် ဝဲနေခဲ့တယ်။သူမမျက်နှာပေါ်က အပြုံးက ပိုကောက်ကျစ် စဉ်းလဲလာတယ်။
“မလုပ်ရဘူး”
ထျန်းကျူမှာ ကြောက်လွန်းလို့ မျက်လုံး ပြူးကျယ်သွားရတယ်။ ချင်ယန်ရဲ့လက်က သူ့အပေါ် ကျရောက်လာချိန်မှာ အကျယ်ကြီး အော်ဟစ်တော့တယ်။ ဒီဓားက သေးတယ်လို့ ထင်ရသော်လည်း သူ့လက်ကို လှီးဖြတ်နိုင်လောက်တဲ့အထိ ချွန်လွန်းတယ်။
သွေး ပန်းထွက်လာတာကြောင့် ချင်ယန်ရဲ့ အင်္ကျီကော်လံမှာ သွေးများ စွန်းထင်ခဲ့တယ်။ ထျန်းကျူမှာ ပြင်းထန်သော နာကျင်မှုကြောင့် ချက်ချင်း မူးလဲသွားခဲ့တယ်။
ဝိညာဉ်မီးတောက်ကြား ပိတ်မိနေတဲ့ အဘိုးအိုက ဆက် သည်းမခံနိုင်တော့တာကြောင့် ဗလုံးဗထွေး အော်ဟစ်နေတယ်။
“တော်သင့်ပြီ”
တုန်ရီနေသော သူ့အသံနဲ့ ဆက်ပြောတယ်။
“ဒါက ထျန်းကျူ အမှားဆိုရင်တောင် မင်းအစေခံက မရက်စက်လွန်းဘူးလား…ကျူံးလင်းအာကို ရိုက်ဖို့ တုတ်ချောင်း တစ်ခုတည်းကို သုံးခဲ့တာပါ… မင်းအစေခံမက လက်တစ်ဖက်လုံးကို ဖြတ်လိုက်တယ်… ရက်စက်ပြီး သနား ကြင်နာမဲ့တဲ့လူကို အမျိုးသမီးလို့ မခေါ်ထိုက်ဘူး”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“ကျွန်မသာ လိုက်မရှာခဲ့ရင် ရှင်တို့ ထျန်းမိသားစုက သူမကို ဘယ်လောက်တောင် ညှဉ်းပန်း နှိပ်စက်မလဲ… ကျွန်မကတော့ ထျန်းမိသားစုဝင်ကို လုံးဝ မသနားဘူး ရှင်တို့ကို အဆတစ်ရာ ပြန်ပေးဆပ်ရမယ်”
Chapter-531
End
အပိုင်း(၅၃၂)
ထျန်းရာ ရောက်ရှိလာခြင်း (၁)
အဘိုးအိုမှာ ချက်ချင်း တိတ်ဆိတ်သွားရတယ်။ ယွမ်လော့ဖုန်း ပြောတာ မှန်ပါတယ်… သူမ ကျူံးလင်းအာကို လာမကယ်ခဲ့ရင် ထျန်းကျူရဲ့ ရက်စက်တဲ့ စရိုက်ကြောင့် ကျူံးလင်းအာရဲ့ အနာဂတ်က မတောက်ပြောင်နိုင်ဘူး။ စိတ်ပျက် ကြေကွဲစွာ သူ သက်ပြင်းချလိုက်တယ်။
ထိုအချိန်…ထျန်းရွှယ်က ဆားရေစည်ကို သယ်ဆောင်ကာ ရဲ့လင်းတို့အနား လမ်းလျှောက်လာခဲ့တယ်။ မည်းပုတ်နေသော မျက်နှာနဲ့ စည်ကို ချကာ ထျန်းမိသားစုရှိရာ သွားလိုက်တယ်။
ချင်ယန်လည်း ဆားရေကိုခပ်လိုက်ပြီး အစိတ်စိတ် ဖြစ်နေတဲ့ သူ့ပခုံးပေါ် လောင်းချလိုက်တယ်။ ပြင်းထန်သော နာကျင်မှုကြောင့် ထျန်းကျူ နိုးထလာခဲ့တယ်။ မကောင်းဆိုးဝါးဆန်ဆန် ပြုံးနေတဲ့ ချင်ယန်ကို ဖြူဖျော့နေသော မျက်နှာထားဖြင့် ငေးကြည့်လိုက်တယ်။
“ငါ…ငါ တောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေးပါ”
သူ့အသံက ခပ်သြသြ ဖြစ်နေပြီး သူ့မျက်လုံးများက တောင်းပန်ခယနေတယ်။ အခုမှ ကြောက်လန့်တယ်ဆိုတာ နားလည်စပြုလာခဲ့တယ်။
“ရှင့်ကို လွှတ်ပေးရမယ် ဟုတ်လား”
ချင်ယန်လည်း လှောင်ရယ်ရင်း မေးလိုက်တယ်။
“အရင်က ကျူံးလင်းအာကို သနားပေးဖို့ စဉ်းစားခဲ့ရဲ့လား”
ထျန်းကျူတစ်ယောက် ဒီတစ်ခေါက်တော့ အမှားလုပ်မိမှန်း သိလာခဲ့တယ်။
“ရှင်က ကျူံးလင်းအာကို သနားပေးဖို့ မစဉ်းစားတော့လည်း ကျွန်မက ရှင့်ကို လွှတ်ပေးဖို့ မစဉ်းစားဘူး”
ချင်ယန်လည်း သူ့ကို အထင်မြင်သေးစွာ ကြည့်ရင်း မေးငေါ့လိုက်တယ်။
ထျန်းကျူလည်း ကူရာမဲ့စွာ မျက်လုံးကို ပိတ်ထားလိုက်တယ်။ ဒီတစ်ခေါက်တော့ သူ အမှားကြီး မှားခဲ့ပါပြီ။ ချက်ချင်း မူးလဲသွားဖို့သာ မျှော်လင့်တော့တယ် ဒီမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ရမှာထက်တော့ သာပါတယ်။
“ထျန်းမိသားစုကို ဂရုစိုက်နေစရာ မလိုဘူး”
ယွမ်လော့ဖုန်းရဲ့မတူမတန်ဟန်စကားက ထျန်းမိသားစုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေတယ်။
“ယွမ်လော့ဖုန်း”
ထျန်းရွှယ်ရဲ့မျက်နှာထားက ရုတ်ခြည်း စိတ်ဆိုးမာန်ဆိုးဟန် ပြောင်းလဲသွားပြီး အော်ဟစ်တော့တယ်။
“မင်းရဲ့ အထုံပါရမီက မဆိုးဘူးဆိုတာ ငါ ဝန်ခံပါတယ် မင်းက အစွမ်းလည်း မြင့်တယ် ဒါပေမဲ့ ငါတို့ ထျန်းမိသားစု နောက်မှာ ထျန်းရာ ရှိတယ် ၊ သူက ကောင်းကင်ဘုံအဆင့် ရောက်နေတာ ကြာပြီလေ ၊ မင်းက ငါတို့ ထျန်းမိသားစုရဲ့ တပည့်တချို့ကိုလည်း သတ်ခဲ့တယ် ၊ အခုတော့ ထျန်းမိသားစုကို ဒုက္ခပေးချင်နေပြန်ပြီလား ၊ မင်းရဲ့အပြုအမူတွေကို ထျန်းရာက ဒီအတိုင်း ကြည့်နေမယ်လို့ ထင်လား ”
ဘာပဲဖြစ်ဖြစ် ထျန်းရာက ထျန်းမျိုးနွယ်ဝင်… သူ့အဖေက ထျန်းရာရဲ့ အစ်ကိုတော် ၊ ထျန်းရာက သွေးအေး ရက်စက်လည်း ထျန်းမိသားစု ဒုက္ခရောက်မှာကိုတော့ ထိုင်ကြည့်နေမယ် မထင် ။ ဒါကြောင့်လည်း ထျန်းရွှယ်တစ်ယောက် ယုံကြည်ချက် ရှိနေတာပေါ့။
ယွမ်လော့ဖုန်းရဲ့ မာယာများသော မျက်ဝန်းများက ထျန်းရွှယ်ရှိရာ ကျရောက်လာခဲ့တယ်။
“လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကျော်တည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ထျန်းရာက အောင်မြင်လာတာ ၊ ထျန်းမိသားစုကလည်း သူ့အပေါ် မျှော်လင့်ချက် အများကြီးထားခဲ့တယ် ဒါပေမဲ့ ထျန်းရာက ထျန်းမိသားစု သဘောမတူတဲ့ မိန်းကလေး တစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့တယ် ၊ ရှင်တို့က သူ့ကို အင်မော်တယ် တစ်ယောက်ကို ပြစ်မှားတယ်လို့ အပြစ်ပုံချခဲ့တယ်အပြင်… ချစ်တဲ့သူ နှစ်ယောက်ကို ကွေကွင်းစေခဲ့တယ် ကျွန်မ အထင် ထျန်းရာက ထျန်းမိသားစုကို အရိုးစွဲအောင် မုန်းနေတော့မှာ… ဒါကြောင့် သူက ရှင်တို့ကို ကူညီပါ့မလား”
ထျန်းရွှယ်ရဲ့မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး သူ့လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ ဒေါသလှိုင်းများက သူ့ပုတ်သိုးနေတဲ့ မျက်နှာမှာ ပတ်ချာလည် ဝိုင်းနေခဲ့တယ်။
“မင်းက ဘယ်သူလဲ… ဘာလို့ ဒီလောက် သိနေတာလဲ”
မီးများ ပတ်ချာလည် ဝန်းရံထားသော အဘိုးကြီးက ယွမ်လော့ဖုန်းကိုမဲ့ရွဲ့နေသော မျက်နှာထားနဲ့ ကြည့်လာခဲ့တယ်။ သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီဒ
“မင်း ဒီအကြောင်းကို သိနေတာ မဖြစ်နိုင်ဘူး… မင်းညာနေတာ ဖြစ်မယ်”
ထျန်းမိသားစုက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များသာ ဒီကိစ္စကို သိနေခဲ့တာ ။ တချို့အာဏာရှိတဲ့ မိသားစုများသာ ထျန်းရာနဲ့ ထျန်းမိသားစု သွေးကွဲရတဲ့ အကြောင်းအရင်းကို သိတာပါ။ ထျန်းမိသားစုရဲ့သားများတောင် ဒီကိစ္စကို မသိကြဘူး။ သူတို့အားလုံးက ထျန်းရာရဲ့ ကျော်ကြားမှုကို အသုံးချပြီး အပြင်လောကမှာ တခြားသူများကို မင်းမူနေခဲ့ကြတာ…။
အခုတော့ လုံယွမ်တိုင်းပြည်က သေးနုပ်လှတဲ့ စစ်သူကြီးမြေးက ထျန်းမိသားစု အတွင်းရေးကို အတွင်းကျကျ သိနေသတဲ့လား။ အဘိုးကြီးက တွေးမရသော်လည်း သူမဘယ်သူလဲဆိုတာတော့ သံသယ ဝင်မိပါရဲ့။
“ဟား…ကောင်မလေး… မင်း တစ်ခုတော့ လွဲနေပြီ”
ရုတ်တရက် အိုမင်သောအသံက ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့တယ်။အသံနောက်လိုက်ကာ ရှာဖွေကြည့်တော့ အဖြူရောင်ဝတ်စုံနဲ့ အဘိုးအိုတစ်ယောက် လေထဲ ပျံဝဲလာတာကို လူတိုင်းတွေ့လိုက်ရတယ်။
Chapter-532
End
အပိုင်း(၅၃၃)
ထျန်းရာ ရောက်ရှိလာခြင်း (၂)
အားလုံးက လေထဲမှ ပေါ်ထွက်လာတဲ့ သေးသေးကွေးကွေး အဘိုးအိုလေးကို တအံ့တသြ ကြည့်နေခဲ့တယ်။ မပြန်လာတာ ကြာပြီ ဖြစ်တဲ့ ထျန်းရဂာက ရုတ်တရက် ပြန်လာပြီတဲ့လား။ ဒါကြောင့် သူတို့ တော်တော်လေးကို ပျော်ရွှင်ရတယ်။
ထျန်းရာ ရောက်လာပြီ။ ငါတို့အားလုံးကို ကယ်တင်တော့မယ်။
အဘိုးအိုလေးလက်က ချစ်စရာကောင်းတဲ့ ကောင်မလေး လက်ကို ကိုင်ထားတယ်။ ကောင်မလေးမှာလည်း မူးနောက်နေပုံရတယ်။ ကောင်မလေး ပါးစပ်မှ အမြှပ်များ ထွက်နေရပြီး သူ့မျက်လုံးလေး ကလည်ကလည် ဖြစ်နေခဲ့တယ်။
ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိတာကြောင့် သူမ မျက်ဝန်းကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ယွမ်လော့ဖုန်းအနား အပြေးလေး သွားလိုက်တယ်။
“ဆရာ… ထျန်းရာက အလွန်ဆိုးရွားတယ် ၊ သူ ပျံသန်းတာ အရမ်းလည်း မြန်တယ် ၊ အခုတော့ တပည့် မူးနောက်နေတုန်းပဲ ခြေထောက်တွေလည်း ရေလို ပျော့ခွေနေပြီ ”
လင်းလောပိုင်က မျက်နှာလေး စူပုတ်ပုတ်နဲ့ ပြောရှာတယ်။
သူမပြောလိုက်တဲ့စကားက ဒီမှာရှိတဲ့ လူအားလုံးကို မှင်တက်စေတယ်။ ထျန်းရာ ခေါ်လာတဲ့ ကောင်မလေးက ယွမ်လော့ဖုန်းရဲ့ တပည့်လား။ ဒါဆို ထျန်းရာ နဲ့ ယွမ်လော့ဖုန်းက ဘယ်လို ပတ်သက်လဲ ။
သူတို့ နှလုံးသားမှာ အဆင်မပြေသလို ခံစားရပြီး နှလုံးသား တင်းကျပ်လာရတယ်။
“ရှင် ရောက်လာပြီလား”
ယွမ်လော့ဖုန်းလည်း ခပ်ရေးရေးမျှ ပြုံးပြီး ထျန်းရာကို စောင်းငဲ့ ကြည့်လိုက်တယ်။
“ကျွန်မမှာ ပြောစရာ တစ်ပိုင်းကျန်တယ်လို့ ပြောတယ်… အဲဒါ ဘာလဲ…”
အဘိုးအိုက ထျန်းမိသားစုရဲ့ခေါင်းဆောင်ကိုမကျေမနပ် ကြည့်လိုက်ပြီး ထေ့ငေါ့လိုက်တယ်။
“ဒါတွေ အားလုံးကို ငါ့ရဲ့ အစ်ကိုတော်ကြီး လုပ်ခဲ့တာလေ… ဒါကြောင့်လည်း ငါက ထျန်းမိသားစုကို ဒေါသထွက်ရတာပေါ့ … ငါ့အစွမ်းအစကို တခြားသူ အသုံးချသွားမှာလည်း ကြောက်တယ် ။ ဒါကြောင့် ငါ့ကိုသတ်ဖို့ လူသတ်သမားတွေကို ပို့ပေးတယ်လေ … ငါ့ကို သတ်ဖို့ ခဲယဉ်းတာက ကံဆိုးသွားတယ် ဒါကြောင့်လည်း ငါ့က သူတို့လက်မှာ မသေဘဲ ဒီနေ့ပွဲလေးကို တက်ရောက်ရတာပေါ့”
ထျန်းရာရဲ့စကားကို ကြားပြီးနောက် ဝိညာဉ် မီးတောက်များ ဝန်းရံခံထားရတဲ့ အဘိုးအိုက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။
“ထျန်းရာ… မင်း မဟုတ်တာ မပြောနဲ့…ငါတို့က သွေးချင်းနီးတဲ့ မိသားစုဝင်တွေပါ… ထျန်းမိသားစုကလည်း မင်းမျိုးနွယ်စုပဲ။ မင်းကို ငါက ဘာအကြောင်းကြောင့် လုပ်ကြံရမလဲ ၊ မင်းကို သတ်ချင်တဲ့လူက မိန်းကလေး ဖူရှန်”
လုံဖေးမှာ အဘိုးအိုရဲ့ စကားကို ကြားလိုက်ရတော့ ဒေါသထွက်လာရတယ်။
“လူယုတ်မာ…မဟုတ်မမှန် စကားမပြောနဲ့”
သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက့်ပီး သွေးအေးစွာ ပြောလိုက်တယ်။
“လူတိုင်းက ထျန်းမိသားစုရဲ့ အပြုအမူဆိုးကို သိနေတာ ကြာပါပြီ ၊ ဒါပေမဲ့ အခုအချိန်ထိ မင်းရဲ့အပြစ်ကို အပြစ်မဲ့တဲ့မိန်းကလေး အပေါ် ပုံချပြီး ပြစ်တင်ရဲတယ်… အရှက်မဲ့လိုက်တာ”
လူယုတ်မာအဘိုးကြီးက အရှက်သိက္ခာ မဲ့လွန်းပါတယ်။ သူ့ဆရာက ထျန်းရာကို လုပ်ကြံသတဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူ့ဆရာက ထျန်းမိသားစုက ထွက်လာပြီးတည်းက သီးသန့်နေရာလေးမှာပဲ နေထိုင်တော့တယ်…။ အဲ့နေရာက ခြေတစ်လှမ်းမှ မလှမ်းတော့တာ ဆယ်စုနှစ်ကျော်ပြီ။
ဆရာက နှစ်ပေါင်းများစွာ ပျောက်နေတာကြောင့် အပြစ်အားလုံးကို ဆရာ့အပေါ် ပုံချဖို့ စဉ်းစားနေတာ. ဒီအရှက်မဲ့တဲ့လူတွေက သေဖို့ ထိုက်တန်တယ်။
ထျန်းရာကတော့ လုံဖေး တစ်ယောက်တည်း စိတ်ထဲမှာ ပြောနေသော စကားများကို မကြားနိုင်ပါဘူး။ ဒါကြောင့် သူ့ကို နောက်တစ်ကြိမ် ထပ်ကြည့်မနေဘဲ အဘိုးကြီးကိုသာ အထင်မြင်သေးစွာ ကြည့်လိုက်တယ်။
“ငါ့ကို လုပ်ကြံတဲ့လူကို မသိရလောက်တဲ့အထိ ငါ့ကို ငတုံးလို့ ထင်နေလား ထျန်းရီ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ”
ထျန်းရီမှာ ဝိညာဉ် မီးတောက်ကြောင့် ရင်ထဲ ပူလောင်ပြင်းပြစွာ နာကျင်နေရတယ်။ ထျန်းရာရဲ့ စကားကို ကြားပြီးနောက် သူ့တုန်ရီမှုက ပိုပြင်းထန်လာခဲ့တယ်။
“လုပ်ကြံသူထဲမှာ မင်းကိုယ်တိုင် ပါဝင်ခဲ့တာကို ငါ မှတိမိနေပါသေးတယ်”
ထျန်းရာလည်း ထျန်းမိသားစု အကြီးအကဲများဘက် လှည့်လိုက်ပြီး
“မင်းတို့အားလုံးက ငါမသိဘူး လို့ထင်နေတာလား။ ငါ့ ဂုဏ်သတင်းနဲ့ ဝင်ကစွပ် လုပ်ရဲသေးတယ် ငါ့အချိန်အားလုံးကို ဖူရှန်ရှာဖို့ ရင်းထားလို့သာပေါ့…မဟုတ်ရင် ထျန်းမိသားစုဆိုတာ မရှိနိုင်တော့ဘူး”
Chapter-533
End
Bạn đang đọc truyện trên: Truyen247.Pro