
509-512
Zawgyi
အပုိင္း(၅၀၉)
အရွက္မဲ့ေသာ ထ်န္းမိသားစု (၁)
ထ်န္းရာလည္း မ်က္ေမွာင္ၾကဳတ္လုိက္တယ္။ ဒီလူေတြက သူ႕ကုိ ေမ်ွာလုိ တြယ္ကပ္ေနတယ္။
“ဦးေလထ်န္းရာ… ဘာလုိ႔ ကြ်န္ေတာ္တုိ႔အေပၚ ဒီလုိ ျပဳမူရတာလဲ… ထ်န္းမိသားစုက ဦးေလးရဲ႕ မိသားစုေလ… အႀကီးအကဲစုန္းက လုိက္ရွာဖုိ႔ ေျပာထားတယ္ ဒါေပမဲ့ ဦးေလးကေတာ့ ဒီႏွစ္ေတြမွာ ကြ်န္ေတာ္တုိ႕ကုိ ပုန္းေအာင္းေနခဲ့တယ္ ဦးေလးကုိ ရွာေတြ႕ဖို႔ ကြ်န္ေတာ္မွာ အခ်ိန္အမ်ားႀကီးကုန္ဆုံးခဲ့တယ္”
ထ်န္းရႊမ္းက ခ်ိဳသာစြာ ျပံဳးလုိက္ျပီး ေရွ႕နားတုိးကပ္လုိက္တယ္။
“ ဦးေလး … ထ်န္းမိသားစုအေပၚထားရွိတဲ့ အမုန္းအာဃာတေတြကုိ ေလ်ွာခ်လုိက္ပါေတာ့ေနာ္… ႏွစ္ေတြ အမ်ားႀကီးလည္း ၾကာေညာင္းေနျပီ… ေမ့ဖုိ႔ အခ်ိန္တန္ျပီ”
“ေမ့လုိက္ရမယ္”
ထ်န္းရာ ေထ့ေငါ့လုိက္တယ္။
“ထ်န္းမိသားစု အေကာက္ၾကံလုိ႔ ငါ့ခ်စ္ရတဲ့ မိန္းကေလးက ငါ့ကုိထားခဲ့တာ… ဒီကိစၥကုိ ေမ့သင့္ျပီလုိ႔ ငါ့ကုိ လာေျပာေနတယ္လား”
“ဦးေလး ထ်န္းရာ… ထ်န္းမိသားစုက ဦးေလး ေကာင္းစားဖုိ႔အတြက္ လုပ္ရတာပါ ကေလးဘဝတည္းက ဦးေလးက ဘုရားေပးတဲ့ ဆုလဒ္ လာဘ္ေကာင္ေလးပဲ… ဒါေၾကာင့္ သာမန္ မိန္းကေလးကုိ လက္ထပ္လုိ႔ ျဖစ္ပါ့မလား… ထ်န္းမိသားစုက ဦးေလအတြက္ အသင့္ေလ်ာ္ဆုံး မိန္းကေလးကုိ ရွာေပးခဲ့တယ္ေလ… ဒါေပမဲ့ ဦးေလး ဒီေလာက္အထိ မဆင္မျခင္ ျငင္းမယ္လုိ႔ ဘယ္သူမွ မထင္ခဲ့ဘူး”
သူေျပာခ်င္တာ… ဒီကိစၥက ထ်န္းမိသားစုရဲ႕ အျပစ္ မဟုတ္ဘူး။ ထ်န္းရာက သူ႕ကုိယ္သူပဲ အျပစ္တင္ထုိက္သတဲ့လား။ ထ်န္းရာက ထ်န္းမိသားစု ေရြးခ်ယ္ေပးတဲ့ မိန္းကေလးကုိ ျငင္းဆန္ျပီး မိန္းမယုတ္ကုိ လက္ထပ္ဖုိ႔ စိတ္အားထက္သန္ေနတယ္လုိ႔ ေျပာခ်င္တာလား ။ မွန္ပါတယ္… ထ်န္းမိသားစုရဲ႕ မ်က္လုံးထဲမွာေတာ့ ထ်န္းရာ ခ်စ္တဲ့ မိန္းကေလးက ေျမေခြးမ… မိန္းမယုတ္ပဲ ။ သူမနဲ႔ မထုိက္တန္တဲ့ ေယာက်္ားတစ္ေယာက္ကုိ အငမ္းမရ ျဖစ္ေနမည့္အစား ပုိလြယ္ကူတဲ့ လမ္းေၾကာင္းကုိ ေရြးခ်ယ္သင့္တယ္လုိ႔ ယူဆထားခဲ့တယ္။
“ဟား”
ထ်န္းရာလည္း ႏႈတ္ခမ္းေထာင့္မ်ားကုိ ျမွင့္တင္လုိက္ျပီး မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သက္လတ္ပုိင္း အမ်ိဳးသားကုိ ၾကည့္လုိက္တယ္။
“ထ်န္းမိသားစု စကားကုိ ငါက ဘာေၾကာင့္ နားေထာင္ရမလဲ… ငါ့ကုိ အမိန္႔ေပးဖုိ႔ သူတုိ႔မွာ ဘာအရည္အခ်င္း ရွိလုိ႔လဲ… သူက ထ်န္းမိသားစုမွာ ေမြးဖြားလာခဲ့လုိ႔လား …ထ်န္းမိသားစု ထြက္လာခဲ့လည္း သူ႕ကုိ မရပ္မနား ေႏွာင့္ယွက္ေနဆဲပဲ”
သူ႔အၾကည့္က စူးရွသြားျပီး ယြမ္ေလာ့ဖုန္း ေရွ႕မွာလို အရွက္မရွိ မ်က္ႏွာေျပာင္တုိက္ေသာ ပုံစံ မဟုတ္ေတာ့ေပ။
“ဦးေလးထ်န္းရာ…ေဒါသစိတ္ေၾကာင့္ ထ်န္းမိသားစုဝင္မ်ားကုိ ဒဏ္ရာ ရေစခဲ့တယ္ ခုအခ်ိန္ထိ ေဒါသထြက္ေနတုန္းလား… ဦးေလး ခ်စ္တဲ့ မိန္းကေလးက ဦးေလးကုိ အလုံးစုံ မယုံၾကည္လုိ႔ ဒီလို အဆုံးသတ္ရတာေလ”
ထ်န္းရာလည္းမ်က္ဝန္းကုိ ေမွးက်ဥ္းလုိက္တယ္။
“ဒါဆုိ အားလုံးက ဖူရွန္ အမွားလား”
“ဒါေပါ့ သူမ အမွားေပါ့”
ထ်န္းယြမ္ရဲ႕ အျမင္မွာေတာ့ ဒီအမ်ိဳးသမီးက ထ်န္းရာကုိ ေသြးေဆာင္ ျဖားေယာင္လုိ႔ အျပစ္တင္မိတယ္။ သူမေၾကာင့္ ထ်န္းရာက ထ်န္းမိသားစုကုိ ပစ္သြားခဲ့တာ။
ထ်န္းရာမွာ ေဒါသအရမ္းထြက္တာေၾကာင့္ ဟားတုိက္ရယ္ေမာလုိက္တယ္။
“မင္း ဇနီးက တျခားေယာက်္ားတစ္ေယာက္နဲ႔ အိပ္ရာေပၚမွာ ကို္ယ္တုံးလုံး ျဖစ္ေနရင္ မင္း သူမကုိ အထင္လြဲမလား … မင္းမယုံဘူးဆိုရင္ ဒါ မင္းဇနီးကုိ အျပည့္အဝ မယုံၾကည္လုိ႔ပဲ”
ဒါေပါ့… သူ႕ကုိ ထ်န္းမိသားစုက ေဆးမခပ္ခဲ့ရင္ သူ ဒီလို ျဖစ္မွာ မဟုတ္ဘူး။ အဲဒီအခ်ိ္န္ကစျပီးေတာ့ သူ ေနာက္ထပ္ အေကာက္မၾကံရေအာင္ ေဆးပညာကုိ ႀကိဳးစားပမ္းစား သင္ယူခဲ့တယ္။
“ဦးေလး ထ်န္းရာ”
ထ်န္းယြမ္ရဲ႕ မ်က္ႏွာက မည္းေမွာင္သြားခဲ့တယ္။
“အမ်ိဳးသားနဲ႔ အမ်ိဳးသမီးက ျခားနားတယ္… အမ်ိဳးသမီးတစ္ေယာက္က တျခားေယာက်္ားတစ္ေယာက္နဲ႔ အိပ္ရာေပၚမွာ အတူတူ လဲေလ်ာင္းေနရင္ သူမက ျဖဴစင္သည္ ျဖစ္ေစ မျဖဴစင္သည္ ျဖစ္ေစ… သူမက ေသဖုိ႔ ထုိက္တန္တယ္… ဒါေပမဲ့ ေယာက်္ားေကာင္း တစ္ေယာက္မွာ ကုိယ္လုပ္ေတာ္ အမ်ားႀကီး ရွိရမယ္ ဒါေၾကာင့္ ဦးေလးကုိ ထားခဲ့တဲ့ အမ်ိဳးသမီးက ထ်န္းမိသားစုေၾကာင့္ ထားခဲ့တာ မဟုတ္ဘူး… သူမရဲ႕ မနာလုိ ဝန္တုိစိတ္ေၾကာင့္ ျဖစ္ရတာ ဒီလို မနာလုိ ဝန္တုိစိတ္ ရွိတဲ့ အမ်ိဳးသမီးက ကြ်န္ေတာ္တုိ႔ ထ်န္းမိသားစုနဲ႔ စရိုက္ ကုိက္ညီပါ့မလား … ဦးေလး စဥ္းစားၾကည့္ပါ”
“မင္း သတၱိေကာင္းေနတယ္ေပါ့”
ထ်န္းရာလည္း လက္ကုိ ေဝွ႕ယမ္းလိုက္ျပီး သက္လတ္ပုိင္းအမ်ိဳးသားရဲ႕ ႏွလုံးသားကုိ အားနဲ႔ ရုိက္ခ်လုိက္တယ္။ သူ႔ခႏၶာကုိယ္က အခန္းထဲမွ လႊင့္ထြက္သြားျပီး သူ႔ပါးစပ္မွ ေသြးမ်ား အန္လာရတယ္။ သူ ေျမႀကီးေပၚက ကုန္းရုန္းထဖုိ႔ ႀကိဳးစားေနစဥ္ အခန္းထဲမွာ ထုိ္င္ေနတဲ့ အဘုိးအုိက သူ႕ေရွ႕ ရုတ္တရက္ ေရာက္လာခဲ့တယ္။ ေျမႀကီးေပၚမွာ အလူးအလဲ ျဖစ္ေနတဲ့ သူ႕ကုိ ေဆာင့္ဆြဲတယ္။ အဘုိးအုိက ထ်န္းယြမ္ကုိ ခက္ထန္ေသာ အၾကည့္နဲ႔ စူးစူးရဲရဲၾကည့္လုိက္တယ္။ သူ႔မ်က္ႏွာက ရက္စက္ၾကမ္းၾကဳတ္မႈကုိ ေဖာ္ျပေနေလရဲ႕။
“ငါ့ကုိ ဒီလို ေလသံနဲ႔ ေျပာခြင့္ျပဳမယ္လုိ႔ ထင္ေနသလား”
သက္လတ္ပုိင္း အမ်ိဳးသားလည္း သူ႔ႏႈတ္ခမ္းနားက ေသြးစမ်ားကုိ သုတ္လုိက္တယ္။
“ဦးေလး ထ်န္းရာ… ကြ်န္ေတာ္ အေဖက ဦးေလးနဲ႔ ညီအစ္ကုိ အရင္းပါ ကုိယ့္တူအရင္းကုိယ္ ရုိက္ႏွက္ေတာ့မွာလား”
Chapter-509
End
အပုိင္း(၅၁၀)
အရွက္မဲ့ေသာ ထ်န္းမိသားစု (၂)
ဒါေၾကာင့္ ထ်န္းရႊမ္က ဒီလိုစကားမ်ိဳး ေျပာရဲတာေပါ့။ ဒီေလာကႀကီးထဲမွာ သူ႔ဖခင္ တစ္ေယာက္တည္းသာ ထ်န္းရာရဲ႕ တစ္ဦးတည္းေသာ မိသားစုဝင္ ျဖစ္တယ္။ ဒါေၾကာင့္ သူ႕ကုိ ထ်န္းရာ သတ္မွာ မဟုတ္ဘူး။
“မင္းက လူယုတ္မာေကာင္ရဲ႕ သားလား”
အဘုိးအုိငယ္ေလးက ထ်န္းယြမ္ကုိ အက်ႍေကာ္လံမွ ေဆာင့္ဆြဲလုိက္တယ္။
“မင္းနာမည္ကုိ ရင္းႏွီးသလို ရွိပါတယ္လုိ႔ ထင္ေနခဲ့တာ အံ့ၾသစရာ မရွိဘူး မင္းက သူ႕သားေတာ္ေမာင္ ျဖစ္ေနတာပဲ ကေလး ဘဝတည္းက ငါ သူ႕အေပၚ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့တယ္… ငါ့ကုိ အေကာက္ၾကံဖုိ႔ ဒီလူေတြနဲ႔ လွ်ိဳ႕ဝွက္ ပူးေပါင္း ၾကံစည္ခဲ့တယ္… ငါ့အေပၚ ရက္စက္ရဲတယ္”
ဗုိင္း
ထ်န္းရာလည္း ထ်န္းရႊမ္းကုိ ေနာက္တစ္ႀကိမ္ လႊင့္ပစ္လုိက္တယ္။ သူ႔ေရခဲတမ်ွ ေအးစက္ေသာ မ်က္ဝန္းမ်ားျဖင့္
“လူယုတ္မာေကာင္ကုိ ျပန္သြားေျပာလုိက္… ငါ ..ဖူရွန္ကုိ ရွာေတြ႕တာနဲ႔ စာရင္းလာရွင္းမယ္လုိ႔… ငါက မင္းကုိ ညွာတာေနတယ္လုိ႔ ထင္ေနသလား… မင္းနဲ႔ စာရင္းရွင္းဖုိ႔ ငါ့မွာ အခ်ိန္မရွိလုိ႔ ငါ့အေပၚ ယုတ္မာခဲ့တဲ့ ထ်န္းမိသားစုကုိ ငါက ခြင့္လႊတ္မယ္လုိ႔ ထင္ေနသလား တုံးအလြန္းတယ္… ငါ့နာမည္ကုိ သုံးျပီး မင္းတုိ႔ကုိ မေကာင္းမႈ က်ဴးလြန္ဖုိ႔ မစဥ္းစားနဲ႔”
ထ်န္းရႊယ္မွာ မွင္တက္သြားရျပီး သူ႔မ်က္ႏွာက စိတ္ရႈပ္ေထြးမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
“ဦးေလးထ်န္းရာ မိန္းမတစ္ေယာက္ရဲ႕ ျမဴဆြယ္မႈေၾကာင့္ မ်က္ကန္း မျဖစ္ပါေစနဲ႔… မနာလုိစိတ္မ်ားတဲ့ အမ်ိဳးသမီးက ခင္ဗ်ားကုိ ထားရစ္ခဲ့တဲ့အျပင္ ခင္ဗ်ားကုိ သတ္ဖုိ႔ လုပ္ၾကံသူ လႊတ္လုိက္ခဲ့တာ ေမ့ေနသလား”
ဒီစကားကုိၾကားေတာ့ အဘုိးအုိငယ္ေလးက သူ႕ကုိ ခပ္ေရးေရးမ်ွ ျပံဳးကာဖ်တ္ခနဲ ၾကည့္လာခဲ့တယ္။ ဘယ္ကိစၥမဆုိ သူ မသိတာ မရွိဘူး
“ငါကုိ လုပ္ၾကံတဲ့သူက ဖူရွန္လို႔ ထင္ေနတာ ေသခ်ာလုိ႔လား”
ထ်န္းရႊမ္းရဲ႕ ႏွလုံးသားက ရုတ္တရက္ ကတုန္ကရီ ျဖစ္သြားျပီး ေၾကာက္စိတ္ မႊန္လာရတယ္။
သူ႕ကုိ လုပ္ၾကံဖုိ႔ လူသတ္သမား လႊတ္လုိက္သည္က ထ်န္းမိသားစုလုိ႔ ဦးေလး ထ်န္းရာ သိေနတာလား။
မဟုတ္ဘူး…။ မျဖစ္ႏုိင္ပါဘူး… သူ သိတယ္ဆုိရင္ ထ်န္းမိသားစုကုိ လက္စားေခ်တာ ၾကာျပီမလား။ သူ သိခ်င္ေယာင္ေဆာင္ေနတာ ျဖစ္ရမယ္။
“ဦးေလး ထ်န္းရာ… ခင္ဗ်ားကုိ သတ္ခ်င္တဲ့သူက အဲဒီအမ်ိဳးသမီးဆုိတာ ေသခ်ာပါတယ္… ကြ်န္ေတာ္ရဲ႕ ဖခင္က သူ႕မေကာင္းတဲ့ အၾကံအစည္ကုိ မိသြားခဲ့တာ… ကြ်န္ေတာ္တို႔လုပ္သမ်ွက ဦးေလး ေကာင္းဖုိ႔အတြက္ပါ”
“မင္း ထြက္သြားႏုိင္ျပီ”
ထ်န္းရာလည္း စိတ္မရွည္စြာ ေျပာလုိက္တယ္။
“ဒါမွမဟုတ္ မင္း ကန္ထုတ္ခံခ်င္လား ငါ့စိတ္ကုိ မထိန္းခ်ဳပ္ႏုိင္ရင္ မင္းကုိ သတ္မိလိမ့္မယ္… မေတာ္တဆ မင္းကုိ သတ္မိရင္ မင္းရဲ႕ လူယုတ္မာ အေဖက ငါ့ကုိ ဆက္တုိက္ ေႏွာင့္ယွက္ႏုိင္မယ္”
သူ႕စိတ္ကုိ ထိန္းခ်ဳပ္ရင္း ထ်န္းရႊယ္လည္း အံ့ႀကိတ္ကာ ထြက္ခြာဖုိ႔ လက္ဟန္ အမူအရာ ျပလုိက္တယ္။
“သြားမယ္”
သူ ထြက္မသြားခင္မွာ ခက္ထန္ေသာ အၾကည့္နဲ႔ အဘုိးအုိငယ္ေလးကုိ ၾကည့္လုိကါျပီး ေနာက္တစ္ႀကိမ္ လွည့္မၾကည့္ေတာ့ဘဲ အေဝးကုိ ထြက္ခြာသြားလုိက္တယ္။
ဒီလူမ်ားရဲ႕ ဆုတ္ခြာသြားတဲ့ ပုံရိပ္ကုိၾကည့္ရင္း လင္းေလာပုိင္က သေရစာမုန္႔မ်ားကုိ ထုတ္လုိက္ျပီး သူမ ပါးစပ္နားေထ့ကာ လ်ွာျဖင့္လ်က္လိုက္တယ္။
“အဘုိးႀကီး… သူတုိ႕ကုိ ဘာလို႔ လြတ္ေပးတာလဲ”
သူမ အထင္ မမွားဘူးဆုိရင္ အဘုိးအုိရဲ႕ မ်က္ဝန္းမ်ားက လူသတ္ခ်င္စိတ္ျပင္းျပေနတယ္။ သူတုိ႔ကုိ သူ ဘာေၾကာင့္ မသတ္တာလဲ။
“ဟား…”
အဘုိးအုိလည္း သေရာ္လုိက္တယ္။
“ထ်န္းမိသားစုကလူေတြ အသက္ၾကာၾကာ မရွည္ေတာ့ပါဘူး ဒီေန႔ ငါ့မွာ လုပ္စရာ တျခား ကိစၥ ရွိေနတယ္ … ငါ့အလုပ္ကိစၥ ျပီးတာနဲ႔ ဒီလူေတြကုိ တန္ရာတန္ေၾကး ျပန္ေပးဆပ္ေစဖုိ႔ လက္စားေခ်မယ္”
အၾကာႀကီး စကားေျပာမေနဘဲ လင္းေလာပုိင္က စားပြဲေပၚမွ သေရစား မုန္႔မ်ားကုိ ျမိန္ေရယွက္ေရ ယူစားေသာက္ေနခဲ့တယ္။ အဘုိးအုိငယ္ေလးလည္း သူ႔အခန္းထဲ ဝင္ဖုိ႔ ျပင္ေနစဥ္မွာ ေအာက္ထပ္မွ တတြတ္တြတ္ေျပာသံကုိ ၾကားလုိက္ရကာ ေျခလွမ္းကုိ ရပ္တန္႔လုိက္တယ္။
“မင္းတို႔ေတြ လုံယြမ္တုိင္းျပည္ရဲ႕ စစ္သူႀကီး ေျမးမေလး ယြမ္ေလာ့ဖုန္းနဲ႔ ပတ္သက္တဲ့ သတင္းၾကားျပီးျပီလား… သူမက ထ်န္းမိသားစုကုိ စိန္ေခၚသတဲ့… သူမ မၾကာခင္ ထ်န္းမိသားစုအိမ္ေတာ္ ေရာက္လာေတာ့မယ္”
“ငါလည္း ၾကားတယ္ … ထ်န္းမိသားစုက သူမရဲ႕ လက္ေအာက္ငယ္သားကုိ ဖမ္းေခၚသြားလို႔တဲ့… ေဒါသအရမ္းထြက္တာေၾကာင့္ ထ်န္းမိသားစုကုိ စိန္ေခၚလုိက္တာ”
“ဒါနဲ႔… ယြမ္မိသားစုက ဘာလဲ… ငါ အရင္က မၾကားဖူးပါဘူး”
ထ်န္းမိသားစုကုိ စိန္ေခၚတယ္လား။
ေဒါသ ေနာက္တစ္ဖန္ ထြက္လာကာ အဘုိးအုိလည္း အခန္းထဲ ေျပးဝင္သြားလိုက္တယ္။ လင္းေလာပုိင္ရဲ႕လက္ကုိ ကုိင္ကာ တည္းခုိေဆာင္မွာ ေျပးထြက္သြားလုိက္တယ္။
Chapter-510
End
အပုိင္း(၅၁၁)
ယြမ္ေလာ့ဖုန္း၏ ရည္ရြယ္ခ်က္
“အဘုိးႀကီး… ရွင္ ဘယ္သြားမလုိ႔လဲ”
လမ္းတစ္ေလ်ွာက္လုံး အဘုိးအုိက သူမလက္က မလြတ္တမ္း ဆြဲကုိင္လာေသာေၾကာင့္ သူမမွာ ဆံပင္မ်ား ရႈပ္ပြကာ ႏူးညံ့သိမ္ေမြ႕ေသာ သူမမ်က္ႏွာေသးေသးေလးကုိ ပြတ္တုိက္ေနခဲ့တယ္။
“ထ်န္းအိမ္ေတာ္ကုိ သြားမယ္”
အဘုိးအုိငယ္ေလးက အံ့ႀကိတ္ရင္း ဒီစကားကုိ ေရရြတ္လုိက္တယ္။
အစားအေသာက္ကုိ ျမိန္ေရယွက္ေရ စားေသာက္ေနေသာ လင္းေလာပုိင္က ေအာက္ထပ္မွာ ေဆြးေႏြးသမ်ွ စကားတုိင္းကုိ မၾကားပါဘူး။ အဘုိးအုိရဲ႕ စကားကုိ ၾကားေတာ့ သူမမွာ နားမလည္ႏုိင္ ျဖစ္ရတယ္။
“ရွင့္မွာ လုပ္စရာ ရွိတယ္လုိ႔ ေျပာခဲ့တယ္ေလ အခုမွ ထ်န္းမိသားစုကုိ ဘာသြားလုပ္မွာလဲ…”
“ထ်န္းမိသားစုရဲ႕ လူယုတ္မာေကာင္က ငါတုိ႔ဆရာကုိ ရန္မူေနတယ္… ငါတုိ႔ေတြ ယြမ္မိန္းကေလးကုိ ကူညီရမယ္”
ေစာေစာစီးစီး ထ်န္းမိသားစုကုိ သူ မသြားခ်င္ပါေသာ္လည္း ထ်န္းမိသားစုက အတင့္ရဲျပီး ယြမ္မိန္းကေလးကုိ ရန္မူရဲတယ္။
အခုေတာ့ အဲ့အိမ္ေတာ္ကုိ သူသြားရေတာ့မယ္။
“ဒါေပမဲ့…”
လင္းေလာပုိင္ရဲ႕ တျခားလက္ တစ္ဖက္က တည္ခုိးခန္းကုိ လက္ညိဳးထုိးေနခဲ့ျပီး ငုိလုနီးပါးပါ။
“ဒါဆုိလည္း မုန္႔ေတြ သြားယူပါရေစဦး”
ထ်န္းရာက လင္းေလာပုိင္ရဲ႕ စကားကုိ လ်စ္လ်ဴရႈကာ သူမကုိ ေလထီလုိ ဆြဲေခၚသြားတယ္။ သူ အရမ္း ျမန္ဆန္လြန္းတာေၾကာင့္ လင္းေလာပုိင္မွာ မူးလဲခ်င္ခ်င္ပါ။
……………….
ထ်န္းေတာင္မွာ ထ်န္းမိသားစု ေနထုိင္တယ္။
ထ်န္းေတာင္ကုိ အလႊာေပါင္းမ်ားစြာ ပုိင္းျခားထားတယ္။လူအမ်ားႀကီးနဲ႔ ျပည့္ႏွက္ေနေသာ ျမိဳ႕တစ္ျမိဳ႕ ျဖစ္တယ္။ ေအာက္ဆုံး အလႊာမွာ သာမန္လူမ်ား ေနထုိင္ျပီး ပုိျမင့္ေသာ အလႊာမွာ ပုိ အစြမ္းထက္ ပိုျပီး အာဏာရွိေသာ မိသားစုမ်ား ေနထုိ္င္ၾကတယ္။
ထ်န္းမိသားစုက ထ်န္း ေတာင္ထိပ္မွာ ေနထုိင္ခဲ့တယ္။
ေတာင္ေျခမွာ လမ္းေလ်ွာက္ရင္း ခ်င္ယန္က ယြမ္ေလာ့ဖုန္းကုိ နားမလည္ႏုိင္ေသာ အၾကည့္နဲ႔ ၾကည့္လိုက္ျပီး စူးစမ္းခ်င္စိတ္ ျဖစ္လာရတယ္။
“ထ်န္းမိသားစုရွိရာ မေရာက္ခင္တည္းက စိန္ေခၚစာ ဘာလို႕ ပုိ႔တာလဲ အားလုံး သိေစခ်င္လုိ႔လား”
“လူတစ္ေယာက္ကုိ ဒီကိစၥ သတင္းေပးခ်င္လုိ႔”
ယြမ္ေလာ့ဖုန္း ေျပာလုိက္တယ္။ သူမမ်က္ဝန္းမ်ားက မည္းေမွာင္ေနတာေပါ့။
ထ်န္းရာ တစ္ေယာက္ လင္းေလာပုိင္နဲ႔ ထြက္သြားတည္းက သူတို႔ေတြ ဘယ္ေရာက္ေနလဲ သူမ မသိဘူး။ ထ်န္းရာကုိ အသိေပးႏုိင္ဖုိ႔ ဒီနည္းလမ္းတစ္ခုတည္း ရွိတယ္။ ဒါေၾကာင့္လည္း သူမက စိန္ေခၚစာ ပုိ႔ရတာေပါ့။
“သခင္မေလးက ဘယ္သူကုိ သတင္းေပးခ်င္တာလဲ”
ခ်င္ယန္မွာ ပုိျပီး သိခ်င္စိတ္ျပင္းျပကာ ယြမ္ေလာ့ဖုန္းကုိ စူးစူးစုိက္စုိက္ ၾကည့္လုိက္တယ္။
ေကာင္မေလးရဲ႕ စူးစမ္းေသာ မ်က္ဝန္းမ်ားျဖင့္ ရင္ဆုိင္ရေတာ့ ယြမ္ေလာ့ဖုန္းလည္း ဆန္းဆန္းျပားျပား ျပံဳးလို္က္တယ္။
“ေနာက္ေတာ့ နင္ သိမွာပါ”
……………
ထ်န္းေတာင္ ထိပ္ဖ်ားမွာ ျမင့္မားေသာ အေဆာက္အဦမ်ား မားမားမတ္မတ္ ရပ္တည္ေနခဲ့တယ္။ ထုိ အေဆာက္အဦမ်ားက ခမ္းနား ထည္ဝါျပီး ျမိဳ႕တစ္ျမိဳ႕ အရြယ္အစားေလာက္ကုိ ရွိေနတယ္။ ဒီမွာ တပည့္ ဘယ္ႏွေယာက္ေလာက္ ေနလဲဆုိတာ ခန္႔မွန္းရခက္တယ္။
ထိုအခုိက္အတန္႔ အေဆာက္အဦရဲ႕ စာၾကည့္ေဆာင္အတြင္းမွာ အဘုိးအုိ တစ္ေယာက္က စာေရးသားျခင္းကုိ ရပ္တန္႔ျပီး ယခုမွ ဝင္လာသည့္ သက္လတ္ပိုင္းအမ်ိဳးသားကုိ မ်က္ေမွာင္ၾကဳတ္လ်က္ ၾကည့္လုိက္တယ္။
“ရႊမ္အာ… ဘယ္လုိ ျဖစ္လာတာလဲ … အရူးအဘုိးႀကီး ထ်န္းရာက ထ်န္းအိမ္ေတာ္ကုိ ျပန္လာဖုိ႔ သေဘာတူျပီလား”
“အေဖ…”
သက္လတ္ပုိင္း အမ်ိဳးသားလည္း မေက်မနပ္ ျပံဳးရင္း ေျပာတယ္။
“သူက ဖူရွန္ဆုိတဲ့ မိန္းကေလးကုိ ရွာခ်င္တယ္တဲ့… ထ်န္းအိမ္ေတာ္ကုိ ျပန္မလာခ်င္ဘူးတဲ့ ၾကည့္ရတာ ထ်န္းရာက သားတုိ႔ မိသားစုအေပၚ သံေယာဇဥ္ မရွိဘူးထင္ပါတယ္… သူ႕ကုိ စြန္႔လႊတ္ရေအာင္”
“မျဖစ္ႏုိင္ဘူး”
အဘုိးအုိက အားသုံးျပီး သူ႕လက္ထဲက စုတ္တံကုိ ႏွစ္ပုိင္း ပုိင္းေအာင္ က်ိဳးလုိက္တယ္။
ခက္ထန္ေသာ အၾကည့္နဲ႔ ေသြးေအးစြာ စကားဆုိတယ္။
“ထ်န္းရာက ထ်န္းမိသားစုဝင္… သူ႕ကုိ ထ်န္းမိသားစုဆီ ျပန္ေခၚသင့္တယ္”
“အေဖ ထ်န္းရာက သူ႔မိန္းကေလးကုိ ေတာ္ေတာ္ေလး ခ်စ္ေတာ့ ဒီမိန္းကေလး ဟန္ေဆာင္ဖို႔ လူတစ္ေယာက္ရွာျပီး သူ႕ကုိ လွည့္စားမွ ရမယ္”
“မျဖစ္ဘူး”
အဘုိးအုိက ေခါင္းကုိ တြင္တြင္ခါလုိက္တယ္။
“ထ်န္းရာက လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္က လူတစ္ေယာက္ မဟုတ္ေတာ့ဘူး သူက အရမ္းကုိ ေက်ာ္ၾကားတဲ့ သမားေတာ္ တစ္ေယာက္… ရုပ္ဖ်က္ျခင္းက သူ႕ကုိ လွည့္စားႏုိင္မယ္ မထင္”
ထ်န္းရႊမ္ တိတ္ဆိတ္သြားခဲ့ျပီးမွ သူ ျပန္ေျပာလုိက္တယ္။
“ကြ်န္ေတာ္တုိ႔ မိသားစုမွာ ထူးခြ်န္တဲ့လူ အမ်ားႀကီး ရွိပါတယ္ သူတို႔ကုိ ေလ့က်င့္ေပးလုိ႔ ရတာပဲ ထ်န္းရာကုိ ျပန္ေခၚဖုိ႔ စိတ္အားထက္သန္ေနရလဲ”
အဘုိးအုိလည္း ကူရာမဲ့စြာ သက္ျပင္းခ်လုိက္တယ္။
“ထ်န္းရာက စိတ္စြမ္းအားဆင့္ ျမင့္မားတဲ့အျပင္ ထူးခြ်န္တဲ့ သမားေတာ္ … သမားေတာ္ အဖြဲ႔အစည္းသူ႕ကုိ မလြန္ဆန္ႏုိင္ဘူး … ဒီလို လူမ်ိဳးကမွ ထ်န္းမိသားစုဝင္ ျဖစ္သင့္တယ္… ငါတုိ႔ သူ႕ကုိ ထ်န္းမိသားစုရဲ႕ ေခါင္းေဆာင္ တင္ေျမွာက္လုိ႔ ရတယ္… ကံဆုိးခ်င္ေတာ့ သူ႕စိတ္ အေတာ္ကုိ နာက်င္ခဲ့တာေၾကာင့္ ငါတုိ႔ကုိ လ်စ္လ်ဴရႈခဲ့တယ္”
Chapter-511
End
အပုိင္း(၅၁၂)
က်ံဴးလင္းအာ
“ဒါနဲ႔…”
ထ်န္းရႊယ္တစ္ေယာက္ တစ္စုံတစ္ရာကုိ ေတြးမိသြားတယ္ ထင္ပါရဲ႕…သူ ေျပာခ်င္တာကုိ သူ႔ဖခင္ကုိ ေျပာလုိက္တယ္။
“ အျပင္စည္း တပည့္ ထ်န္းေဟာင္ခ်င္းက ဒီကုိ ေကာင္မေလး တစ္ေယာက္ ေခၚလာတယ္ ၾကားတယ္… အရင္က သူမက ထ်န္းမိသားစုမွာ ေနထုိင္ခဲ့တာ… ပါရမီ စမ္းသပ္ၾကည့္ေတာ့ သုံးစားမရတာေၾကာင့္ ထ်န္းမိသားစုကည ေမာင္းထုတ္ခဲ့တယ္… သူမက အလယ္အလတ္အဆင့္ က်င့္ၾကံသူ တစ္ေယာက္ ျဖစ္ဖုိ႔ကုိ မလြယ္ကူခဲ့ဘူး… ဒါေပမဲ့ ႏွစ္အနည္းငယ္ေလးအတြင္းမွာ သူမက အျမင့္စားအဆင့္ စိတ္စြမ္းအား က်င့္ၾကံသူ တစ္ေယာက္ ျဖစ္ေနျပီ”
“အုိစ္…”
အဘုိးအုိက မ်က္ခုံးကုိ အသာေလး ပင့္တင္လုိက္ျပီး
“အဲဒီေကာင္မေလးကုိ ဒီေခၚလာဖုိ႔ ထ်န္းေဟာင္ခ်င္းကုိ ေျပာလုိက္စမ္း”
ထ်န္းရႊမ္းလည္း ေတြးေတြးဆဆနဲ႔ ေျပာလုိက္တယ္။
“အမိန္႔အတုိင္း လုိက္နာပါ့မယ္ အေဖ”
သူ႕စိတ္ထဲမွာ တစ္ခုခုကုိ ဆက္ေျပာခ်င္ေနတယ္။
“တျခားကိစၥ ရွိေသးလား”
အဘုိးအိုက သူ႕ကုိ ဖ်တ္ခနဲ ၾကည့္ကာ ေမးလာခဲ့တယ္။
“အေဖ… အဲဒီမိန္းကေလးက…”
ထ်န္းရႊမ္ မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
“လုံယြမ္တုိင္းျပည္ရဲ႕ စစ္သူႀကီးအိမ္ေတာ္ ဆက္ခံသူ သခင္မေလးရဲ႕ အေစခံ ျဖစ္ေနတယ္ ကြ်န္ေတာ္တုိ႔… ဒီေကာင္မေလးကုိ ဖမ္းလာေတာ့ အဲဒီသခင္မေလး အရမ္းကုိ ေဒါသထြက္သြားခဲ့ျပီ ကြ်န္ေတာ္တုိ႔ကုိ စိန္ေခၚစာ ပုိ႔ထားတယ္”
“စစ္သူႀကီး အိမ္ေတာ္ရဲ႕ ဆက္ခံသူ သခင္မေလး… ဟုတ္လား… သူမမွာ ဘာအရည္အခ်င္း ရွိလုိ႔လဲ… သူမက ဘယ္က်င့္ၾကံဆင့္ကုိ ေရာက္ေနလုိ႔ ငါတုိ႔ကုိ စိန္ေခၚရဲတာလဲ”
အဘိုးအုိက အထင္ျမင္ေသးစြာ ေျပာလာခဲ့ေလေရာ္။
ထ်န္းရႊယ္လည္း ဘာျပန္ေျပာသင့္လည္း ေတြးေတာကာ စကားကုိ ဆက္လုိက္တယ္။
“သူမရဲ႕ အထုံပါရမီက မဆုိးပါဘူး အသက္၁၅ႏွစ္မွာ ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူ ျဖစ္ေနျပီ”
နင္မိသားစုမွာ ယြမ္ေလာ့ဖုန္း ျပႆနာရွာခဲ့တာကုိ နင္မိသားစုဝင္မ်ားပဲ သိေနခဲ့တယ္။ နင္မိသားစုက သတင္းမေပါက္ၾကားေအာင္ ဖုံးဖိထားတာေၾကာင့္ သူမအတြက္ ျပႆနာ မမ်ားတာေပါ့။ ဒါေၾကာင့္လည္း သူမ ေကာင္းကင္ဘုံအဆင့္ က်င့္ၾကံသူ ျဖစ္ေနျပီကုိ ဒီလူေတြ မသိေလခ်င္။
“ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူ ဆုိေတာ့ ငါတုိ႔အတြက္ေတာ့ ပုရြတ္ဆိတ္ အဆင့္ပဲရွိတယ္… သူမကုိ ေၾကာက္ေနဖုိ႔ မလုိအပ္ဘူး”
အဘုိးအုိက ခပ္ေရးေရးမ်ွ ျပံဳးလိုက္တယ္။
“သူမနဲ႔ ဇယားရွင္းဖိုိ႔ အျပင္ဘက္စည္း အဖြဲ႕ထဲက ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူကုိ ေရြးခ်ယ္ထားလုိက္… ဒီလို အဆင့္နိမ့္တဲ့သူအတြက္ ဆက္ခံသူအဖြဲ႔က တပည့္ကုိ ေရြးခ်ယ္ဖုိ႔ မလုိဘူး”
“ေကာင္းပါျပီ အေဖ”
ထ်န္းရႊမ္းလည္း ဂါရဝျပဳျပီး အခန္းအျပင္ဘက္သုိ႔ ေျခလွမ္းက်ဲက်ဲျဖင့္ ထြက္ခြာသြားတယ္။
သိပ္မၾကာခင္မွာ အခန္းထဲကုိ ထ်န္းမိသားစု တပည့္မ်ားက မိန္းကေလးတစ္ေယာက္ကုိ ေစာင့္ၾကပ္ရင္း ဝင္ေရာက္လာခဲ့တယ္။ သူမနဲ႔ ရုပ္ဆင္တဲ့ သက္လတ္ပုိင္း အမ်ိဳးသားတစ္ေယာက္လည္း သူမနဲ႔အတူတူ အေဖာ္လုိက္လာခဲ့တယ္။
“သခင္”
ျမင့္ျမတ္လွတဲ့အရွင္သခင္ကုိ ကုိယ္တုိင္ ေတြ႔ရမယ္လုိ႔ မေမ်ွာ္ကုိးခဲ့မိေသာေၾကာင့္ သက္လတ္ပုိင္း အမ်ိဳးသားႀကီးမွာ ပီတိျဖာျပီး စိတ္လႈပ္ရွားေနရတယ္။
အဘုိးအုိက ေခါင္းညိတ္လုိက္ျပီး အဖက္မလုပ္ဟန္ ေျပာလုိက္တယ္။
“ဒီေကာင္မေလးက မင္းရဲ႕ သမီးလား”
“မွန္လွပါတယ္…သခင္”
သက္လတ္ပုိင္း အမ်ိဳးသားက သူ႕ေဘးနားက ေကာင္မေလးရဲ႕ ဦးေခါင္းကုိ ပုတ္လုိက္ျပီး ကဗ်ာကယာ ျပန္ေျဖရွာတယ္။
“လင္းအာ … သခင္ကုိ ဒူးေထာက္ ဂါရဝျပဳရမယ္”
သူ႔ေဘးနားက ေကာင္မေလးက မလႈပ္မယွက္ သူ႕ေတာက္ပေသာ မ်က္ဝန္းမ်ားက ေသြးေအး ရက္စက္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့တယ္။
“လင္းအာ… ဒူးေထာက္စမ္း”
သက္လတ္ပုိင္း အမ်ိဳးသားႀကီးက က်ယ္ေလာင္စြာ ဆူပူႀကိမ္းေမာင္းလုိက္တယ္။
ေလွာင္ျပံဳးက က်ံဴးလင္းအာရဲ႕ ႏႈတ္ခမ္းေပၚမွာ ခိုတြဲလားခဲ့တယ္။
“ကြ်န္မရဲ႕ သခင္ကလြဲရင္ ေကာင္းကင္ဘုံနဲ႔ ကမာၻေျမႀကီးကုိေတာင္ ဒူးမေထာက္ဘူး… ကြ်န္မက… ရွင့္ကုိ ဘာေၾကာင့္ ဂါရဝျပဳရမလဲ…. အေၾကာင္းအရင္းေလး ေျပာလုိက္စမ္းပါ…”
က်ံဴးလင္းအာက အနည္းငယ္ေတာ့ ေခါင္းမာျပီး ေျပာရဆုိတာ ခက္သည္ကုိ သူ သိေနခဲ့ေသာ္လည္း အရမ္းႀကီး ေခါင္းေၾကာမာမယ္လုိ႔ေတာ့ မထင္မိခဲ့ပါ။ သူ႕မွာ ေခြ်းေစးမ်ား ပ်ံလာကာ သူ႔ေရွ႕က အဘုိးအုိကုိ ေခါင္းနဲ႔ ၾကမ္းျပင္ထိသည္အထိ ဂါရဝျပဳကာ အႀကိမ္ႀကိမ္အခါခါ ေတာင္းပန္စကား ေျပာရေတာ့တယ္။
“သခင္… ဒီေကာင္မေလးက ကြ်န္ေတာ္တုိ႔ ထ်န္းမိသားစုကုိ အခုမွ ျပန္လာေတာ့ အိမ္ေတာ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းကုိ ေရေရရာရာ မသိေသးလုိ႔ပါ…. ကြ်န္ေတာ္အေပၚမွာ အမ်က္ေတာ္မရွပါနဲ႔”
ဒီေကာင္မ… သူ႕ဘာသူ ေသေၾကာင္းၾကံခ်င္လည္း သူ ဂရုမစိုက္ဘူး။ ျပႆနာက သူ႔အေပၚ မရစ္တြယ္လာဖုိ႔ပဲ အေရးႀကီးတယ္။ ဒီလုိမွန္းသိရင္ မိန္းမယုတ္ကုိ အိမ္ေတာ္ ေခၚမလာပါဘူး။
“ဟြန္႔…”
အဘုိးအုိလည္း ႏွာမႈတ္သံ ျပဳလုိက္ျပီး ခံစားခ်က္ ကင္းမဲ့စြာ စကားဆုိတယ္။
“မင္း သူ႕ကုိ ေကာင္းေကာင္းမြန္မြန္ ပဲ့ျပင္ ဆုံးမသင့္တယ္ ဒီေကာင္မေလးက အရမ္းရုိင္းစုိင္းလြန္းတယ္ ဒီျပင္… ထ်န္းမိသားစုဝင္ေတြက စစ္သူႀကီးအိမ္ေတာ္ရဲ႕ ဆက္ခံသူ သခင္မေလးထက္ ဂုဏ္သေရ ႀကီးျမတ္တယ္…. မင္းက အျပင္ဘက္စည္းက တပည့္ ျဖစ္သည္တုိင္ ငါတုိ႔ကုိ ေမာက္ေမာက္မာမာ ဆက္ဆံရဲတယ္… ကုိယ့္သခင္ကုိ အဆင့္နိမ့္သူနဲ႔ ႏႈိင္းဆရဲတယ္… သတၱိေကာင္းေနပါလား… အသက္ရွင္သန္ရတာ ပင္ပန္းေနျပီ ထင္တယ္… နင့္ အခ်ိဳးကုိ နင္ျပင္ရင္ ေကာင္းမယ္… နင့္အျပဳအမူက နင့္ကုိ ဒုကၡေရာက္သြားေစမယ္”
က်ံဴးလင္းအာလည္း ေထ့ေငါ့လုိ္က္တယ္။
“ကြ်န္မရဲ႕ သခင္က ရွင္တုိ႔အားလုံးထက္ သာလြန္တယ္ သူ႕က ကြ်န္မကုိ လာကယ္မွာ… ျပီးရင္ ရွင္တုိ႔ ထ်န္းမိသားစု အားလုံးကုိ သုတ္သင္ပစ္မွာ…”
“ဟား…ဟား… ဟား…”
အဘုိးအုိလည္း က်ယ္ေလာင္စြာ ဟားတုိက္ ရယ္ေမာလုိက္တယ္။
“ေကာင္မေလး… မင္းက သူမကုိ အထင္အရမ္းႀကီးပါလား… ကမာၻေျမႀကီးအဆင့္ က်င့္ၾကံသူက ငါတုိ႔ ထ်န္းမိသားစုကုိ ျခိမ္းေျခာက္ႏုိင္မယ္လုိ႔ ထင္ေနသလား”
Chapter-512
End
Unicode
Unicode
အပိုင်း(၅၀၉)
အရှက်မဲ့သော ထျန်းမိသားစု (၁)
ထျန်းရာလည်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလူတွေက သူ့ကို မျှောလို တွယ်ကပ်နေတယ်။
“ဦးလေထျန်းရာ… ဘာလို့ ကျွန်တော်တို့အပေါ် ဒီလို ပြုမူရတာလဲ… ထျန်းမိသားစုက ဦးလေးရဲ့ မိသားစုလေ… အကြီးအကဲစုန်းက လိုက်ရှာဖို့ ပြောထားတယ် ဒါပေမဲ့ ဦးလေးကတော့ ဒီနှစ်တွေမှာ ကျွန်တော်တို့ကို ပုန်းအောင်းနေခဲ့တယ် ဦးလေးကို ရှာတွေ့ဖို့ ကျွန်တော်မှာ အချိန်အများကြီးကုန်ဆုံးခဲ့တယ်”
ထျန်းရွှမ်းက ချိုသာစွာ ပြုံးလိုက်ပြီး ရှေ့နားတိုးကပ်လိုက်တယ်။
“ ဦးလေး … ထျန်းမိသားစုအပေါ်ထားရှိတဲ့ အမုန်းအာဃာတတွေကို လျှောချလိုက်ပါတော့နော်… နှစ်တွေ အများကြီးလည်း ကြာညောင်းနေပြီ… မေ့ဖို့ အချိန်တန်ပြီ”
“မေ့လိုက်ရမယ်”
ထျန်းရာ ထေ့ငေါ့လိုက်တယ်။
“ထျန်းမိသားစု အကောက်ကြံလို့ ငါ့ချစ်ရတဲ့ မိန်းကလေးက ငါ့ကိုထားခဲ့တာ… ဒီကိစ္စကို မေ့သင့်ပြီလို့ ငါ့ကို လာပြောနေတယ်လား”
“ဦးလေး ထျန်းရာ… ထျန်းမိသားစုက ဦးလေး ကောင်းစားဖို့အတွက် လုပ်ရတာပါ ကလေးဘဝတည်းက ဦးလေးက ဘုရားပေးတဲ့ ဆုလဒ် လာဘ်ကောင်လေးပဲ… ဒါကြောင့် သာမန် မိန်းကလေးကို လက်ထပ်လို့ ဖြစ်ပါ့မလား… ထျန်းမိသားစုက ဦးလေအတွက် အသင့်လျော်ဆုံး မိန်းကလေးကို ရှာပေးခဲ့တယ်လေ… ဒါပေမဲ့ ဦးလေး ဒီလောက်အထိ မဆင်မခြင် ငြင်းမယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး”
သူပြောချင်တာ… ဒီကိစ္စက ထျန်းမိသားစုရဲ့ အပြစ် မဟုတ်ဘူး။ ထျန်းရာက သူ့ကိုယ်သူပဲ အပြစ်တင်ထိုက်သတဲ့လား။ ထျန်းရာက ထျန်းမိသားစု ရွေးချယ်ပေးတဲ့ မိန်းကလေးကို ငြင်းဆန်ပြီး မိန်းမယုတ်ကို လက်ထပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောချင်တာလား ။ မှန်ပါတယ်… ထျန်းမိသားစုရဲ့ မျက်လုံးထဲမှာတော့ ထျန်းရာ ချစ်တဲ့ မိန်းကလေးက မြေခွေးမ… မိန်းမယုတ်ပဲ ။ သူမနဲ့ မထိုက်တန်တဲ့ ယောကျ်ားတစ်ယောက်ကို အငမ်းမရ ဖြစ်နေမည့်အစား ပိုလွယ်ကူတဲ့ လမ်းကြောင်းကို ရွေးချယ်သင့်တယ်လို့ ယူဆထားခဲ့တယ်။
“ဟား”
ထျန်းရာလည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် သက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်တယ်။
“ထျန်းမိသားစု စကားကို ငါက ဘာကြောင့် နားထောင်ရမလဲ… ငါ့ကို အမိန့်ပေးဖို့ သူတို့မှာ ဘာအရည်အချင်း ရှိလို့လဲ… သူက ထျန်းမိသားစုမှာ မွေးဖွားလာခဲ့လို့လား …ထျန်းမိသားစု ထွက်လာခဲ့လည်း သူ့ကို မရပ်မနား နှောင့်ယှက်နေဆဲပဲ”
သူ့အကြည့်က စူးရှသွားပြီး ယွမ်လော့ဖုန်း ရှေ့မှာလို အရှက်မရှိ မျက်နှာပြောင်တိုက်သော ပုံစံ မဟုတ်တော့ပေ။
“ဦးလေးထျန်းရာ…ဒေါသစိတ်ကြောင့် ထျန်းမိသားစုဝင်များကို ဒဏ်ရာ ရစေခဲ့တယ် ခုအချိန်ထိ ဒေါသထွက်နေတုန်းလား… ဦးလေး ချစ်တဲ့ မိန်းကလေးက ဦးလေးကို အလုံးစုံ မယုံကြည်လို့ ဒီလို အဆုံးသတ်ရတာလေ”
ထျန်းရာလည်းမျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။
“ဒါဆို အားလုံးက ဖူရှန် အမှားလား”
“ဒါပေါ့ သူမ အမှားပေါ့”
ထျန်းယွမ်ရဲ့ အမြင်မှာတော့ ဒီအမျိုးသမီးက ထျန်းရာကို သွေးဆောင် ဖြားယောင်လို့ အပြစ်တင်မိတယ်။ သူမကြောင့် ထျန်းရာက ထျန်းမိသားစုကို ပစ်သွားခဲ့တာ။
ထျန်းရာမှာ ဒေါသအရမ်းထွက်တာကြောင့် ဟားတိုက်ရယ်မောလိုက်တယ်။
“မင်း ဇနီးက တခြားယောကျ်ားတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ ကိုယ်တုံးလုံး ဖြစ်နေရင် မင်း သူမကို အထင်လွဲမလား … မင်းမယုံဘူးဆိုရင် ဒါ မင်းဇနီးကို အပြည့်အဝ မယုံကြည်လို့ပဲ”
ဒါပေါ့… သူ့ကို ထျန်းမိသားစုက ဆေးမခပ်ခဲ့ရင် သူ ဒီလို ဖြစ်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကစပြီးတော့ သူ နောက်ထပ် အကောက်မကြံရအောင် ဆေးပညာကို ကြိုးစားပမ်းစား သင်ယူခဲ့တယ်။
“ဦးလေး ထျန်းရာ”
ထျန်းယွမ်ရဲ့ မျက်နှာက မည်းမှောင်သွားခဲ့တယ်။
“အမျိုးသားနဲ့ အမျိုးသမီးက ခြားနားတယ်… အမျိုးသမီးတစ်ယောက်က တခြားယောကျ်ားတစ်ယောက်နဲ့ အိပ်ရာပေါ်မှာ အတူတူ လဲလျောင်းနေရင် သူမက ဖြူစင်သည် ဖြစ်စေ မဖြူစင်သည် ဖြစ်စေ… သူမက သေဖို့ ထိုက်တန်တယ်… ဒါပေမဲ့ ယောကျ်ားကောင်း တစ်ယောက်မှာ ကိုယ်လုပ်တော် အများကြီး ရှိရမယ် ဒါကြောင့် ဦးလေးကို ထားခဲ့တဲ့ အမျိုးသမီးက ထျန်းမိသားစုကြောင့် ထားခဲ့တာ မဟုတ်ဘူး… သူမရဲ့ မနာလို ဝန်တိုစိတ်ကြောင့် ဖြစ်ရတာ ဒီလို မနာလို ဝန်တိုစိတ် ရှိတဲ့ အမျိုးသမီးက ကျွန်တော်တို့ ထျန်းမိသားစုနဲ့ စရိုက် ကိုက်ညီပါ့မလား … ဦးလေး စဉ်းစားကြည့်ပါ”
“မင်း သတ္တိကောင်းနေတယ်ပေါ့”
ထျန်းရာလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားရဲ့ နှလုံးသားကို အားနဲ့ ရိုက်ချလိုက်တယ်။ သူ့ခန္ဓာကိုယ်က အခန်းထဲမှ လွှင့်ထွက်သွားပြီး သူ့ပါးစပ်မှ သွေးများ အန်လာရတယ်။ သူ မြေကြီးပေါ်က ကုန်းရုန်းထဖို့ ကြိုးစားနေစဉ် အခန်းထဲမှာ ထိုင်နေတဲ့ အဘိုးအိုက သူ့ရှေ့ ရုတ်တရက် ရောက်လာခဲ့တယ်။ မြေကြီးပေါ်မှာ အလူးအလဲ ဖြစ်နေတဲ့ သူ့ကို ဆောင့်ဆွဲတယ်။ အဘိုးအိုက ထျန်းယွမ်ကို ခက်ထန်သော အကြည့်နဲ့ စူးစူးရဲရဲကြည့်လိုက်တယ်။ သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြနေလေရဲ့။
“ငါ့ကို ဒီလို လေသံနဲ့ ပြောခွင့်ပြုမယ်လို့ ထင်နေသလား”
သက်လတ်ပိုင်း အမျိုးသားလည်း သူ့နှုတ်ခမ်းနားက သွေးစများကို သုတ်လိုက်တယ်။
“ဦးလေး ထျန်းရာ… ကျွန်တော် အဖေက ဦးလေးနဲ့ ညီအစ်ကို အရင်းပါ ကိုယ့်တူအရင်းကိုယ် ရိုက်နှက်တော့မှာလား”
Chapter-509
End
အပိုင်း(၅၁၀)
အရှက်မဲ့သော ထျန်းမိသားစု (၂)
ဒါကြောင့် ထျန်းရွှမ်က ဒီလိုစကားမျိုး ပြောရဲတာပေါ့။ ဒီလောကကြီးထဲမှာ သူ့ဖခင် တစ်ယောက်တည်းသာ ထျန်းရာရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်တယ်။ ဒါကြောင့် သူ့ကို ထျန်းရာ သတ်မှာ မဟုတ်ဘူး။
“မင်းက လူယုတ်မာကောင်ရဲ့ သားလား”
အဘိုးအိုငယ်လေးက ထျန်းယွမ်ကို အကျႍကော်လံမှ ဆောင့်ဆွဲလိုက်တယ်။
“မင်းနာမည်ကို ရင်းနှီးသလို ရှိပါတယ်လို့ ထင်နေခဲ့တာ အံ့သြစရာ မရှိဘူး မင်းက သူ့သားတော်မောင် ဖြစ်နေတာပဲ ကလေး ဘဝတည်းက ငါ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်… ငါ့ကို အကောက်ကြံဖို့ ဒီလူတွေနဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်ခဲ့တယ်… ငါ့အပေါ် ရက်စက်ရဲတယ်”
ဗိုင်း
ထျန်းရာလည်း ထျန်းရွှမ်းကို နောက်တစ်ကြိမ် လွှင့်ပစ်လိုက်တယ်။ သူ့ရေခဲတမျှ အေးစက်သော မျက်ဝန်းများဖြင့်
“လူယုတ်မာကောင်ကို ပြန်သွားပြောလိုက်… ငါ ..ဖူရှန်ကို ရှာတွေ့တာနဲ့ စာရင်းလာရှင်းမယ်လို့… ငါက မင်းကို ညှာတာနေတယ်လို့ ထင်နေသလား… မင်းနဲ့ စာရင်းရှင်းဖို့ ငါ့မှာ အချိန်မရှိလို့ ငါ့အပေါ် ယုတ်မာခဲ့တဲ့ ထျန်းမိသားစုကို ငါက ခွင့်လွှတ်မယ်လို့ ထင်နေသလား တုံးအလွန်းတယ်… ငါ့နာမည်ကို သုံးပြီး မင်းတို့ကို မကောင်းမှု ကျူးလွန်ဖို့ မစဉ်းစားနဲ့”
ထျန်းရွှယ်မှာ မှင်တက်သွားရပြီး သူ့မျက်နှာက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
“ဦးလေးထျန်းရာ မိန်းမတစ်ယောက်ရဲ့ မြူဆွယ်မှုကြောင့် မျက်ကန်း မဖြစ်ပါစေနဲ့… မနာလိုစိတ်များတဲ့ အမျိုးသမီးက ခင်ဗျားကို ထားရစ်ခဲ့တဲ့အပြင် ခင်ဗျားကို သတ်ဖို့ လုပ်ကြံသူ လွှတ်လိုက်ခဲ့တာ မေ့နေသလား”
ဒီစကားကိုကြားတော့ အဘိုးအိုငယ်လေးက သူ့ကို ခပ်ရေးရေးမျှ ပြုံးကာဖျတ်ခနဲ ကြည့်လာခဲ့တယ်။ ဘယ်ကိစ္စမဆို သူ မသိတာ မရှိဘူး
“ငါကို လုပ်ကြံတဲ့သူက ဖူရှန်လို့ ထင်နေတာ သေချာလို့လား”
ထျန်းရွှမ်းရဲ့ နှလုံးသားက ရုတ်တရက် ကတုန်ကရီ ဖြစ်သွားပြီး ကြောက်စိတ် မွှန်လာရတယ်။
သူ့ကို လုပ်ကြံဖို့ လူသတ်သမား လွှတ်လိုက်သည်က ထျန်းမိသားစုလို့ ဦးလေး ထျန်းရာ သိနေတာလား။
မဟုတ်ဘူး…။ မဖြစ်နိုင်ပါဘူး… သူ သိတယ်ဆိုရင် ထျန်းမိသားစုကို လက်စားချေတာ ကြာပြီမလား။ သူ သိချင်ယောင်ဆောင်နေတာ ဖြစ်ရမယ်။
“ဦးလေး ထျန်းရာ… ခင်ဗျားကို သတ်ချင်တဲ့သူက အဲဒီအမျိုးသမီးဆိုတာ သေချာပါတယ်… ကျွန်တော်ရဲ့ ဖခင်က သူ့မကောင်းတဲ့ အကြံအစည်ကို မိသွားခဲ့တာ… ကျွန်တော်တို့လုပ်သမျှက ဦးလေး ကောင်းဖို့အတွက်ပါ”
“မင်း ထွက်သွားနိုင်ပြီ”
ထျန်းရာလည်း စိတ်မရှည်စွာ ပြောလိုက်တယ်။
“ဒါမှမဟုတ် မင်း ကန်ထုတ်ခံချင်လား ငါ့စိတ်ကို မထိန်းချုပ်နိုင်ရင် မင်းကို သတ်မိလိမ့်မယ်… မတော်တဆ မင်းကို သတ်မိရင် မင်းရဲ့ လူယုတ်မာ အဖေက ငါ့ကို ဆက်တိုက် နှောင့်ယှက်နိုင်မယ်”
သူ့စိတ်ကို ထိန်းချုပ်ရင်း ထျန်းရွှယ်လည်း အံ့ကြိတ်ကာ ထွက်ခွာဖို့ လက်ဟန် အမူအရာ ပြလိုက်တယ်။
“သွားမယ်”
သူ ထွက်မသွားခင်မှာ ခက်ထန်သော အကြည့်နဲ့ အဘိုးအိုငယ်လေးကို ကြည့်လိုကါပြီး နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ အဝေးကို ထွက်ခွာသွားလိုက်တယ်။
ဒီလူများရဲ့ ဆုတ်ခွာသွားတဲ့ ပုံရိပ်ကိုကြည့်ရင်း လင်းလောပိုင်က သရေစာမုန့်များကို ထုတ်လိုက်ပြီး သူမ ပါးစပ်နားထေ့ကာ လျှာဖြင့်လျက်လိုက်တယ်။
“အဘိုးကြီး… သူတို့ကို ဘာလို့ လွတ်ပေးတာလဲ”
သူမ အထင် မမှားဘူးဆိုရင် အဘိုးအိုရဲ့ မျက်ဝန်းများက လူသတ်ချင်စိတ်ပြင်းပြနေတယ်။ သူတို့ကို သူ ဘာကြောင့် မသတ်တာလဲ။
“ဟား…”
အဘိုးအိုလည်း သရော်လိုက်တယ်။
“ထျန်းမိသားစုကလူတွေ အသက်ကြာကြာ မရှည်တော့ပါဘူး ဒီနေ့ ငါ့မှာ လုပ်စရာ တခြား ကိစ္စ ရှိနေတယ် … ငါ့အလုပ်ကိစ္စ ပြီးတာနဲ့ ဒီလူတွေကို တန်ရာတန်ကြေး ပြန်ပေးဆပ်စေဖို့ လက်စားချေမယ်”
အကြာကြီး စကားပြောမနေဘဲ လင်းလောပိုင်က စားပွဲပေါ်မှ သရေစား မုန့်များကို မြိန်ရေယှက်ရေ ယူစားသောက်နေခဲ့တယ်။ အဘိုးအိုငယ်လေးလည်း သူ့အခန်းထဲ ဝင်ဖို့ ပြင်နေစဉ်မှာ အောက်ထပ်မှ တတွတ်တွတ်ပြောသံကို ကြားလိုက်ရကာ ခြေလှမ်းကို ရပ်တန့်လိုက်တယ်။
“မင်းတို့တွေ လုံယွမ်တိုင်းပြည်ရဲ့ စစ်သူကြီး မြေးမလေး ယွမ်လော့ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းကြားပြီးပြီလား… သူမက ထျန်းမိသားစုကို စိန်ခေါ်သတဲ့… သူမ မကြာခင် ထျန်းမိသားစုအိမ်တော် ရောက်လာတော့မယ်”
“ငါလည်း ကြားတယ် … ထျန်းမိသားစုက သူမရဲ့ လက်အောက်ငယ်သားကို ဖမ်းခေါ်သွားလို့တဲ့… ဒေါသအရမ်းထွက်တာကြောင့် ထျန်းမိသားစုကို စိန်ခေါ်လိုက်တာ”
“ဒါနဲ့… ယွမ်မိသားစုက ဘာလဲ… ငါ အရင်က မကြားဖူးပါဘူး”
ထျန်းမိသားစုကို စိန်ခေါ်တယ်လား။
ဒေါသ နောက်တစ်ဖန် ထွက်လာကာ အဘိုးအိုလည်း အခန်းထဲ ပြေးဝင်သွားလိုက်တယ်။ လင်းလောပိုင်ရဲ့လက်ကို ကိုင်ကာ တည်းခိုဆောင်မှာ ပြေးထွက်သွားလိုက်တယ်။
Chapter-510
End
အပိုင်း(၅၁၁)
ယွမ်လော့ဖုန်း၏ ရည်ရွယ်ချက်
“အဘိုးကြီး… ရှင် ဘယ်သွားမလို့လဲ”
လမ်းတစ်လျှောက်လုံး အဘိုးအိုက သူမလက်က မလွတ်တမ်း ဆွဲကိုင်လာသောကြောင့် သူမမှာ ဆံပင်များ ရှုပ်ပွကာ နူးညံ့သိမ်မွေ့သော သူမမျက်နှာသေးသေးလေးကို ပွတ်တိုက်နေခဲ့တယ်။
“ထျန်းအိမ်တော်ကို သွားမယ်”
အဘိုးအိုငယ်လေးက အံ့ကြိတ်ရင်း ဒီစကားကို ရေရွတ်လိုက်တယ်။
အစားအသောက်ကို မြိန်ရေယှက်ရေ စားသောက်နေသော လင်းလောပိုင်က အောက်ထပ်မှာ ဆွေးနွေးသမျှ စကားတိုင်းကို မကြားပါဘူး။ အဘိုးအိုရဲ့ စကားကို ကြားတော့ သူမမှာ နားမလည်နိုင် ဖြစ်ရတယ်။
“ရှင့်မှာ လုပ်စရာ ရှိတယ်လို့ ပြောခဲ့တယ်လေ အခုမှ ထျန်းမိသားစုကို ဘာသွားလုပ်မှာလဲ…”
“ထျန်းမိသားစုရဲ့ လူယုတ်မာကောင်က ငါတို့ဆရာကို ရန်မူနေတယ်… ငါတို့တွေ ယွမ်မိန်းကလေးကို ကူညီရမယ်”
စောစောစီးစီး ထျန်းမိသားစုကို သူ မသွားချင်ပါသော်လည်း ထျန်းမိသားစုက အတင့်ရဲပြီး ယွမ်မိန်းကလေးကို ရန်မူရဲတယ်။
အခုတော့ အဲ့အိမ်တော်ကို သူသွားရတော့မယ်။
“ဒါပေမဲ့…”
လင်းလောပိုင်ရဲ့ တခြားလက် တစ်ဖက်က တည်ခိုးခန်းကို လက်ညိုးထိုးနေခဲ့ပြီး ငိုလုနီးပါးပါ။
“ဒါဆိုလည်း မုန့်တွေ သွားယူပါရစေဦး”
ထျန်းရာက လင်းလောပိုင်ရဲ့ စကားကို လျစ်လျူရှုကာ သူမကို လေထီလို ဆွဲခေါ်သွားတယ်။ သူ အရမ်း မြန်ဆန်လွန်းတာကြောင့် လင်းလောပိုင်မှာ မူးလဲချင်ချင်ပါ။
……………….
ထျန်းတောင်မှာ ထျန်းမိသားစု နေထိုင်တယ်။
ထျန်းတောင်ကို အလွှာပေါင်းများစွာ ပိုင်းခြားထားတယ်။လူအများကြီးနဲ့ ပြည့်နှက်နေသော မြို့တစ်မြို့ ဖြစ်တယ်။ အောက်ဆုံး အလွှာမှာ သာမန်လူများ နေထိုင်ပြီး ပိုမြင့်သော အလွှာမှာ ပို အစွမ်းထက် ပိုပြီး အာဏာရှိသော မိသားစုများ နေထိုင်ကြတယ်။
ထျန်းမိသားစုက ထျန်း တောင်ထိပ်မှာ နေထိုင်ခဲ့တယ်။
တောင်ခြေမှာ လမ်းလျှောက်ရင်း ချင်ယန်က ယွမ်လော့ဖုန်းကို နားမလည်နိုင်သော အကြည့်နဲ့ ကြည့်လိုက်ပြီး စူးစမ်းချင်စိတ် ဖြစ်လာရတယ်။
“ထျန်းမိသားစုရှိရာ မရောက်ခင်တည်းက စိန်ခေါ်စာ ဘာလို့ ပို့တာလဲ အားလုံး သိစေချင်လို့လား”
“လူတစ်ယောက်ကို ဒီကိစ္စ သတင်းပေးချင်လို့”
ယွမ်လော့ဖုန်း ပြောလိုက်တယ်။ သူမမျက်ဝန်းများက မည်းမှောင်နေတာပေါ့။
ထျန်းရာ တစ်ယောက် လင်းလောပိုင်နဲ့ ထွက်သွားတည်းက သူတို့တွေ ဘယ်ရောက်နေလဲ သူမ မသိဘူး။ ထျန်းရာကို အသိပေးနိုင်ဖို့ ဒီနည်းလမ်းတစ်ခုတည်း ရှိတယ်။ ဒါကြောင့်လည်း သူမက စိန်ခေါ်စာ ပို့ရတာပေါ့။
“သခင်မလေးက ဘယ်သူကို သတင်းပေးချင်တာလဲ”
ချင်ယန်မှာ ပိုပြီး သိချင်စိတ်ပြင်းပြကာ ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
ကောင်မလေးရဲ့ စူးစမ်းသော မျက်ဝန်းများဖြင့် ရင်ဆိုင်ရတော့ ယွမ်လော့ဖုန်းလည်း ဆန်းဆန်းပြားပြား ပြုံးလိုက်တယ်။
“နောက်တော့ နင် သိမှာပါ”
……………
ထျန်းတောင် ထိပ်ဖျားမှာ မြင့်မားသော အဆောက်အဦများ မားမားမတ်မတ် ရပ်တည်နေခဲ့တယ်။ ထို အဆောက်အဦများက ခမ်းနား ထည်ဝါပြီး မြို့တစ်မြို့ အရွယ်အစားလောက်ကို ရှိနေတယ်။ ဒီမှာ တပည့် ဘယ်နှယောက်လောက် နေလဲဆိုတာ ခန့်မှန်းရခက်တယ်။
ထိုအခိုက်အတန့် အဆောက်အဦရဲ့ စာကြည့်ဆောင်အတွင်းမှာ အဘိုးအို တစ်ယောက်က စာရေးသားခြင်းကို ရပ်တန့်ပြီး ယခုမှ ဝင်လာသည့် သက်လတ်ပိုင်းအမျိုးသားကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်တယ်။
“ရွှမ်အာ… ဘယ်လို ဖြစ်လာတာလဲ … အရူးအဘိုးကြီး ထျန်းရာက ထျန်းအိမ်တော်ကို ပြန်လာဖို့ သဘောတူပြီလား”
“အဖေ…”
သက်လတ်ပိုင်း အမျိုးသားလည်း မကျေမနပ် ပြုံးရင်း ပြောတယ်။
“သူက ဖူရှန်ဆိုတဲ့ မိန်းကလေးကို ရှာချင်တယ်တဲ့… ထျန်းအိမ်တော်ကို ပြန်မလာချင်ဘူးတဲ့ ကြည့်ရတာ ထျန်းရာက သားတို့ မိသားစုအပေါ် သံယောဇဉ် မရှိဘူးထင်ပါတယ်… သူ့ကို စွန့်လွှတ်ရအောင်”
“မဖြစ်နိုင်ဘူး”
အဘိုးအိုက အားသုံးပြီး သူ့လက်ထဲက စုတ်တံကို နှစ်ပိုင်း ပိုင်းအောင် ကျိုးလိုက်တယ်။
ခက်ထန်သော အကြည့်နဲ့ သွေးအေးစွာ စကားဆိုတယ်။
“ထျန်းရာက ထျန်းမိသားစုဝင်… သူ့ကို ထျန်းမိသားစုဆီ ပြန်ခေါ်သင့်တယ်”
“အဖေ ထျန်းရာက သူ့မိန်းကလေးကို တော်တော်လေး ချစ်တော့ ဒီမိန်းကလေး ဟန်ဆောင်ဖို့ လူတစ်ယောက်ရှာပြီး သူ့ကို လှည့်စားမှ ရမယ်”
“မဖြစ်ဘူး”
အဘိုးအိုက ခေါင်းကို တွင်တွင်ခါလိုက်တယ်။
“ထျန်းရာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က လူတစ်ယောက် မဟုတ်တော့ဘူး သူက အရမ်းကို ကျော်ကြားတဲ့ သမားတော် တစ်ယောက်… ရုပ်ဖျက်ခြင်းက သူ့ကို လှည့်စားနိုင်မယ် မထင်”
ထျန်းရွှမ် တိတ်ဆိတ်သွားခဲ့ပြီးမှ သူ ပြန်ပြောလိုက်တယ်။
“ကျွန်တော်တို့ မိသားစုမှာ ထူးချွန်တဲ့လူ အများကြီး ရှိပါတယ် သူတို့ကို လေ့ကျင့်ပေးလို့ ရတာပဲ ထျန်းရာကို ပြန်ခေါ်ဖို့ စိတ်အားထက်သန်နေရလဲ”
အဘိုးအိုလည်း ကူရာမဲ့စွာ သက်ပြင်းချလိုက်တယ်။
“ထျန်းရာက စိတ်စွမ်းအားဆင့် မြင့်မားတဲ့အပြင် ထူးချွန်တဲ့ သမားတော် … သမားတော် အဖွဲ့အစည်းသူ့ကို မလွန်ဆန်နိုင်ဘူး … ဒီလို လူမျိုးကမှ ထျန်းမိသားစုဝင် ဖြစ်သင့်တယ်… ငါတို့ သူ့ကို ထျန်းမိသားစုရဲ့ ခေါင်းဆောင် တင်မြှောက်လို့ ရတယ်… ကံဆိုးချင်တော့ သူ့စိတ် အတော်ကို နာကျင်ခဲ့တာကြောင့် ငါတို့ကို လျစ်လျူရှုခဲ့တယ်”
Chapter-511
End
အပိုင်း(၅၁၂)
ကျူံးလင်းအာ
“ဒါနဲ့…”
ထျန်းရွှယ်တစ်ယောက် တစ်စုံတစ်ရာကို တွေးမိသွားတယ် ထင်ပါရဲ့…သူ ပြောချင်တာကို သူ့ဖခင်ကို ပြောလိုက်တယ်။
“ အပြင်စည်း တပည့် ထျန်းဟောင်ချင်းက ဒီကို ကောင်မလေး တစ်ယောက် ခေါ်လာတယ် ကြားတယ်… အရင်က သူမက ထျန်းမိသားစုမှာ နေထိုင်ခဲ့တာ… ပါရမီ စမ်းသပ်ကြည့်တော့ သုံးစားမရတာကြောင့် ထျန်းမိသားစုကည မောင်းထုတ်ခဲ့တယ်… သူမက အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့ကို မလွယ်ကူခဲ့ဘူး… ဒါပေမဲ့ နှစ်အနည်းငယ်လေးအတွင်းမှာ သူမက အမြင့်စားအဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ”
“အိုစ်…”
အဘိုးအိုက မျက်ခုံးကို အသာလေး ပင့်တင်လိုက်ပြီး
“အဲဒီကောင်မလေးကို ဒီခေါ်လာဖို့ ထျန်းဟောင်ချင်းကို ပြောလိုက်စမ်း”
ထျန်းရွှမ်းလည်း တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
“အမိန့်အတိုင်း လိုက်နာပါ့မယ် အဖေ”
သူ့စိတ်ထဲမှာ တစ်ခုခုကို ဆက်ပြောချင်နေတယ်။
“တခြားကိစ္စ ရှိသေးလား”
အဘိုးအိုက သူ့ကို ဖျတ်ခနဲ ကြည့်ကာ မေးလာခဲ့တယ်။
“အဖေ… အဲဒီမိန်းကလေးက…”
ထျန်းရွှမ် မျက်မှောင်ကြုတ်လိုက်တယ်။
“လုံယွမ်တိုင်းပြည်ရဲ့ စစ်သူကြီးအိမ်တော် ဆက်ခံသူ သခင်မလေးရဲ့ အစေခံ ဖြစ်နေတယ် ကျွန်တော်တို့… ဒီကောင်မလေးကို ဖမ်းလာတော့ အဲဒီသခင်မလေး အရမ်းကို ဒေါသထွက်သွားခဲ့ပြီ ကျွန်တော်တို့ကို စိန်ခေါ်စာ ပို့ထားတယ်”
“စစ်သူကြီး အိမ်တော်ရဲ့ ဆက်ခံသူ သခင်မလေး… ဟုတ်လား… သူမမှာ ဘာအရည်အချင်း ရှိလို့လဲ… သူမက ဘယ်ကျင့်ကြံဆင့်ကို ရောက်နေလို့ ငါတို့ကို စိန်ခေါ်ရဲတာလဲ”
အဘိုးအိုက အထင်မြင်သေးစွာ ပြောလာခဲ့လေရော်။
ထျန်းရွှယ်လည်း ဘာပြန်ပြောသင့်လည်း တွေးတောကာ စကားကို ဆက်လိုက်တယ်။
“သူမရဲ့ အထုံပါရမီက မဆိုးပါဘူး အသက်၁၅နှစ်မှာ ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ”
နင်မိသားစုမှာ ယွမ်လော့ဖုန်း ပြဿနာရှာခဲ့တာကို နင်မိသားစုဝင်များပဲ သိနေခဲ့တယ်။ နင်မိသားစုက သတင်းမပေါက်ကြားအောင် ဖုံးဖိထားတာကြောင့် သူမအတွက် ပြဿနာ မများတာပေါ့။ ဒါကြောင့်လည်း သူမ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်နေပြီကို ဒီလူတွေ မသိလေချင်။
“ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူ ဆိုတော့ ငါတို့အတွက်တော့ ပုရွတ်ဆိတ် အဆင့်ပဲရှိတယ်… သူမကို ကြောက်နေဖို့ မလိုအပ်ဘူး”
အဘိုးအိုက ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“သူမနဲ့ ဇယားရှင်းဖို့ အပြင်ဘက်စည်း အဖွဲ့ထဲက ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူကို ရွေးချယ်ထားလိုက်… ဒီလို အဆင့်နိမ့်တဲ့သူအတွက် ဆက်ခံသူအဖွဲ့က တပည့်ကို ရွေးချယ်ဖို့ မလိုဘူး”
“ကောင်းပါပြီ အဖေ”
ထျန်းရွှမ်းလည်း ဂါရဝပြုပြီး အခန်းအပြင်ဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတယ်။
သိပ်မကြာခင်မှာ အခန်းထဲကို ထျန်းမိသားစု တပည့်များက မိန်းကလေးတစ်ယောက်ကို စောင့်ကြပ်ရင်း ဝင်ရောက်လာခဲ့တယ်။ သူမနဲ့ ရုပ်ဆင်တဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်လည်း သူမနဲ့အတူတူ အဖော်လိုက်လာခဲ့တယ်။
“သခင်”
မြင့်မြတ်လှတဲ့အရှင်သခင်ကို ကိုယ်တိုင် တွေ့ရမယ်လို့ မမျှော်ကိုးခဲ့မိသောကြောင့် သက်လတ်ပိုင်း အမျိုးသားကြီးမှာ ပီတိဖြာပြီး စိတ်လှုပ်ရှားနေရတယ်။
အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး အဖက်မလုပ်ဟန် ပြောလိုက်တယ်။
“ဒီကောင်မလေးက မင်းရဲ့ သမီးလား”
“မှန်လှပါတယ်…သခင်”
သက်လတ်ပိုင်း အမျိုးသားက သူ့ဘေးနားက ကောင်မလေးရဲ့ ဦးခေါင်းကို ပုတ်လိုက်ပြီး ကဗျာကယာ ပြန်ဖြေရှာတယ်။
“လင်းအာ … သခင်ကို ဒူးထောက် ဂါရဝပြုရမယ်”
သူ့ဘေးနားက ကောင်မလေးက မလှုပ်မယှက် သူ့တောက်ပသော မျက်ဝန်းများက သွေးအေး ရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့တယ်။
“လင်းအာ… ဒူးထောက်စမ်း”
သက်လတ်ပိုင်း အမျိုးသားကြီးက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်တယ်။
လှောင်ပြုံးက ကျူံးလင်းအာရဲ့ နှုတ်ခမ်းပေါ်မှာ ခိုတွဲလားခဲ့တယ်။
“ကျွန်မရဲ့ သခင်ကလွဲရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကိုတောင် ဒူးမထောက်ဘူး… ကျွန်မက… ရှင့်ကို ဘာကြောင့် ဂါရဝပြုရမလဲ…. အကြောင်းအရင်းလေး ပြောလိုက်စမ်းပါ…”
ကျူံးလင်းအာက အနည်းငယ်တော့ ခေါင်းမာပြီး ပြောရဆိုတာ ခက်သည်ကို သူ သိနေခဲ့သော်လည်း အရမ်းကြီး ခေါင်းကြောမာမယ်လို့တော့ မထင်မိခဲ့ပါ။ သူ့မှာ ချွေးစေးများ ပျံလာကာ သူ့ရှေ့က အဘိုးအိုကို ခေါင်းနဲ့ ကြမ်းပြင်ထိသည်အထိ ဂါရဝပြုကာ အကြိမ်ကြိမ်အခါခါ တောင်းပန်စကား ပြောရတော့တယ်။
“သခင်… ဒီကောင်မလေးက ကျွန်တော်တို့ ထျန်းမိသားစုကို အခုမှ ပြန်လာတော့ အိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းကို ရေရေရာရာ မသိသေးလို့ပါ…. ကျွန်တော်အပေါ်မှာ အမျက်တော်မရှပါနဲ့”
ဒီကောင်မ… သူ့ဘာသူ သေကြောင်းကြံချင်လည်း သူ ဂရုမစိုက်ဘူး။ ပြဿနာက သူ့အပေါ် မရစ်တွယ်လာဖို့ပဲ အရေးကြီးတယ်။ ဒီလိုမှန်းသိရင် မိန်းမယုတ်ကို အိမ်တော် ခေါ်မလာပါဘူး။
“ဟွန့်…”
အဘိုးအိုလည်း နှာမှုတ်သံ ပြုလိုက်ပြီး ခံစားချက် ကင်းမဲ့စွာ စကားဆိုတယ်။
“မင်း သူ့ကို ကောင်းကောင်းမွန်မွန် ပဲ့ပြင် ဆုံးမသင့်တယ် ဒီကောင်မလေးက အရမ်းရိုင်းစိုင်းလွန်းတယ် ဒီပြင်… ထျန်းမိသားစုဝင်တွေက စစ်သူကြီးအိမ်တော်ရဲ့ ဆက်ခံသူ သခင်မလေးထက် ဂုဏ်သရေ ကြီးမြတ်တယ်…. မင်းက အပြင်ဘက်စည်းက တပည့် ဖြစ်သည်တိုင် ငါတို့ကို မောက်မောက်မာမာ ဆက်ဆံရဲတယ်… ကိုယ့်သခင်ကို အဆင့်နိမ့်သူနဲ့ နှိုင်းဆရဲတယ်… သတ္တိကောင်းနေပါလား… အသက်ရှင်သန်ရတာ ပင်ပန်းနေပြီ ထင်တယ်… နင့် အချိုးကို နင်ပြင်ရင် ကောင်းမယ်… နင့်အပြုအမူက နင့်ကို ဒုက္ခရောက်သွားစေမယ်”
ကျူံးလင်းအာလည်း ထေ့ငေါ့လိုက်တယ်။
“ကျွန်မရဲ့ သခင်က ရှင်တို့အားလုံးထက် သာလွန်တယ် သူ့က ကျွန်မကို လာကယ်မှာ… ပြီးရင် ရှင်တို့ ထျန်းမိသားစု အားလုံးကို သုတ်သင်ပစ်မှာ…”
“ဟား…ဟား… ဟား…”
အဘိုးအိုလည်း ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်တယ်။
“ကောင်မလေး… မင်းက သူမကို အထင်အရမ်းကြီးပါလား… ကမ္ဘာမြေကြီးအဆင့် ကျင့်ကြံသူက ငါတို့ ထျန်းမိသားစုကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေသလား”
Chapter-512
End
Bạn đang đọc truyện trên: Truyen247.Pro