Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

စာစဉ် (၃၃) Ep 801+801+803

အပိုင်း(၈၀၁)

ကျွင်းဖန်လျန် ပြန်လာပြီ (၁)

တံခါးအပြင်ဘက်မှာ အဘိုးအိုတစ်ယောက်က လက်နောက်ပစ်ကာ မတ်တတ် ရပ်နေခဲ့တယ်။ သူ့ကြည့်ရတာ စောင့်ဆိုင်းရခြင်းကို စိတ်မရှည်တော့ဘူး ထင်ပါတယ်။ စိတ်မကျေနပ်တဲ့ အသွင်နဲ့ မျက်နှာ ညိုမည်းနေတယ်။
ခဏကြာတော့ ရဲ့ချီနဲ့ ရွှယ်ရုံအာတို့ ရောက်လာတယ်။ တံခါးအပြင်ဘက်က လူအိုကြီးကို မြင်တော့ ရဲ့ချီလည်း သူမနှလုံးသားထဲမှ ခံစားချက်များကို ထိန်းချုပ်ကာ သူ့အနား ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ သူမရဲ့ရှေ့မှာ ရပ်နေတဲ့လူက အစွမ်းထက်တဲ့ ထာဝရရှင်သန်သူလို့  အကြွင်းမဲ့ ယုံကြည်ထားသော်လည်း သူမ မေးချင်တာကိုတော့ မေးလိုက်ပါသေးတယ်။
“ရှင်က ကျွန်မရဲ့ မွေးစား အမေကို တကယ်ပဲ ကုသပေးနိုင်တာလား”
အဘိုးအိုရဲ့ မျက်ခုံးများက တွန့်ချိုးသွားပြီး အေးတိအေးစက်ပြောလိုက်တယ်။
“မင်းက ငါ့အရည်အချင်းကို မယုံကြည်ဘူး ထင်တယ်။ မင်း မယုံကြည်ရင် ငါ အခုချက်ချင်း ထွက်သွားလိုက်မယ်၊  ဒီအိမ်တော်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ရုံအာက ငါ့ကို တောင်းဆိုလို့ ဒီကိုလာခဲ့ရတာ… ငါ့သဘောဆိုရင် စိတ်စုစည်းဆေးရည် တစ်ပုလင်း မပြောနဲ့ တစ်ထောင်ကျော် ပေးလည်း မလာနိုင်ဘူး”
ကျွမ်းကျင်တဲ့ သမားတော်များက ပုံမှန်အားဖြင့် မာနကြီးပါတယ်။ ဒီလူအိုကြီးသာ သူမကို ယဉ်ကျေးနေရင် ဒီကိစ္စက အကျိုးအကြောင်း ခိုင်လုံမှု ရှိရဲ့လားဆိုတာ ချင့်ချိန် စဉ်းစားရမယ်။ ဒါပေမဲ့ သူ့မှာ ဂုဏ်မောက်တတ်တဲ့ စရိုက်ရှိတော့ သူ့အပေါ် ယုံကြည်မှုတိုးသွားပြီ။
“အကြီးအကဲ နားလည်မှု မလွဲပါနဲ့၊ ကျွန်မက ဒီအတိုင်း မေးရုံမေးလိုက်တာပါ သံသယ မဝင်ပါဘူး… အရင်က အကြီးအကဲရဲ့ နာမည်ကို မကြားဖူးခဲ့လို့ပါ”
ရဲ့ချီလည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်တယ်။
“ချီချီ”
ရွှယ်ရုံအာလည်း ရဲ့ချီရဲ့ အဝတ်စကို ဆွဲဆောင့်လိုက်တယ်။
“ငါ့ဆရာက သူ့အရည်အချင်းကို သံသယဝင်တာကို စက်ဆုပ် ရွံရှာတယ်… နင်ဘာမှ မပြောတာ အကောင်းဆုံးပဲ”
မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ရဲ့ချီစကားက အဘိုးအိုရဲ့မျက်နှာကို မည်းမှောင်သွားစေတယ်။ 
သူလည်း မကျေမနပ် ထေ့ငေါ့လိုက်တယ်။
“နင့်လို လူမျိုးက ငါ့နာမည်ကို သိစရာလား၊ အရင်ကဆို ဒီအဘိုးကြီးမှာ အာဏာရှိချင်တဲ့ ဆန္ဒလည်း မရှိသလို တောထဲမှာပဲ တစ်ကိုယ်တည်း နေထိုင်ခဲ့တယ်၊ ရုံအာရဲ့ ပါရမီအထုံကြောင့် သူ့ကို တပည့်အဖြစ် လက်ခံပေးခဲ့တာ”
အဘိုးအိုရဲ့မျက်နှာ အမူအရာက လေးနက် တည်ကြည်နေပြီး သူ့လေသံက သူ့ကိုယ်သူ မှန်ကန်နေသယောင်ပါ။ သူ့ခန္ဓာကိုယ်မှ ဖြုံလောက်သော အရှိန်အဝါ ဖြစ်ပေါ်နေတယ်။ ဒါက ရဲ့ချီ နှလုံးသားကို အေးချမ်းစေတယ်။
“အကြီးအကဲ စိတ်မပူပါနဲ့၊ မွေးစားအမေကို ကုသပေးနိုင်ရင် တောင်းဆိုတာကို ပေးဖို့ အာမခံပါတယ်”
ရဲ့ချီလည်း ခပ်နွမ်းနွမ်း ပြုံးလိုက်တယ်။ မွေးစား အမေ… ကိုယ်ဝန်မဆောင်နိုင်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း မွေးစားမိဘတွေမှာ ရဲ့အိမ်တော်မှ မောင်းထုတ်ခံခဲ့ရတယ်။မွေးစားအမေမှာ ကလေးရှိရင်တော့ ရဲ့မိသားစုက သူတို့ရဲ့မျိုးရိုးခွဲအဖြစ် ပြန်လက်ခံနိုင်တယ်။
 အဘိုးအိုလည်း ရဲ့ချီကို ကြည့်လိုက်တယ်။
“ငါ့ကို စိတ်စုစည်းဆေးရည် တစ်ပုလင်းပေး… နင့်မွေးစားအမေရဲ့ ရောဂါကို ချက်ချင်း စမ်းသပ်ပေးမယ်”
ရဲ့ချီမှာ ပျော်ရွှင်မြူးထူးရတယ်။
“ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို အစ်ကိုကြီး စီမံနေတော့ စိတ်စုစည်းဆေးရည် အားလုံးက အစ်ကိုကြီး လက်ထဲမှာပါ၊ အရင်ဆုံး ကျွန်မရဲ့နောက်ကို လိုက်ခဲ့ပါ… အခု အစ်ကိုကြီးနဲ့ ပေးတွေ့ပါမယ်”
 ဒီတစ်ကြိမ်တော့ မွေးစား အမေကို ကူညီပေးနိုင်ရင် အစ်ကိုကြီးက သူမကို သေချာပေါက် လေးစား အထင်ကြီးတော့မှာပါ။
 ရဲ့ချီလည်း ရုံအာနဲ့အတူတူ အိမ်တော်ထဲ ဝင်လာပြီး သူမတို့နောက်မှာ လူအိုကြီး လိုက်ပါလာတယ်။ ထို့နောက် သူမတို့လည်း အိမ်မကြီးရှိတဲ့ ခြံဝင်းထဲ ဝင်လာခဲ့တယ်။ ထိုစဉ် အနီရောင် ပုံရိပ်က ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူတို့လမ်းကို ပိတ်ဆို့လိုက်တယ်။
“ရွှယ်ရုံအာ… ငါ သတိပေးချက်ကို မေ့သွားလား… ဒီနေရာကို ဘယ်သူ လာခွင့်ပြုလို့လဲ”
ဟောင်ဟောင်လည်း ခါးထောက်ကာ သူတို့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
ချစ်ဖို့ကောင်းတဲ့ သူမရဲ့မျက်နှာက ဒေါသများ ပြည့်နှက်နေပြီး နီရင့်ရင့် ဝတ်စုံဟာ လေမှာ လွင့်နေတယ်။ ထို နီမြမြ ဝတ်စုံက မြင်ရသူ အပေါင်းကို မျက်စိကျိန်းစေပါတယ်။
ရွှယ်ရုံအာရဲ့မျက်နှာက အရောင်အဆင်း ကင်းမဲ့နေပြီး အလျင်စလို ချီချီနောက် ပုန်းကွယ်ကာ ကောင်မစုတ်လေးကို မမှိတ်မသုန် ကြည့်နေခဲ့တယ်။
“ကောင်မစုတ်လေး… ဒါက ငါ့အိမ်၊ ငါ့အိမ်မှာ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုဝံ့တယ်၊ နင့်မိဘတွေ နင့်ကို မဆုံးမထားဘူးလား”
 
***
အပိုင်း(၈၀၂)

ကျွင်းဖန်လျန် ပြန်လာပြီ (၂)

ရဲ့ချီလည်း ဟောင်ဟောင်ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမပြေလိုက်တဲ့ စကားကြောင့် အဝေးတစ်နေရာမှာ ရှိနေတဲ့ ဟောင်ဟောင်က ချက်ချင်း သူမရဲ့မျက်စိရှေ့ ရောက်လာပြီး ကျယ်လောင်သောရိုက်ချက်က သူမရဲ့ပါးပေါ် ကျဆင်းလာတယ်။
“ငါ့မိဘတွေ ဆိုဆုံးမခြင်းက နင်နဲ့ မသက်ဆိုင်ဘူး... ဒါပေမဲ့ ငါကတော့ နင့်ကို ရဲ့ကျင်းချန်းကိုယ်စား ဆုံးမပေးလို့ ရတယ်”
ဟောင်ဟောင်လည်း မေးငေါ့ကာ သရော်လိုက်တယ်။
ရဲ့ချီလည်း မှင်တက်သွားရတယ်။ ဟောင်ဟောင်က သူမကို ရဲ့အိမ်တော်မှာ ထိပါးရဲမယ်လို့ မထင်ခဲ့ဘူး။ အရေးကြီးဆုံးအချက်ကတော့ သူမရဲ့လှုပ်ရှားမှုကိုတောင် မမြင်လိုက်နိုင်ဘူး။
“နင်… တစ်စုံတစ်ယောက်ကို ဘယ်လိုများ တိုက်ခိုက်လိုက်လဲ”
ရွှယ်ရုံအာရဲ့အသံက တိုးလျလွန်းပြီး  နောက်မှာ အဟန့်အတား မလုပ်ရဲပါဘူး။ သူမရဲ့မျက်ဝန်းများက သနားစရာကောင်းပြီး တခြားသူရဲ့ ညှာတာ ထောက်ထားမှုကို ခယနေတဲ့ အလင်းရောင်များ ဖြာဆင်းနေတယ်။
“ဖုန်းသခင်မလေးက ကျွန်မကို နားလည်မှုလွဲနေမှန်း သိပါတယ်… သူ့ချစ်သူကို လုယူမယ်လို့ ထင်နေတာ မလား၊  ဒါပေမဲ့ ကျွန်မမှာ အဲဒီရည်ရွယ်ချက် မရှိရိုးပါ၊ ဘာကြောင့်များ ကျွန်မကို ဆက်လက် ပြဿနာ ရှာနေလဲ”
နောက်ဆုံးတော့ ရွှယ်ရုံအာရဲ့အသံက ပူဆွေးမှု နာကြည်းမှုများဖြင့် ပြည့်နှက်လေတော့တယ်။ အကြောင်းမသိရင်တော့ သူမလေးအတွက် မတရားဘူးလို့ ထင်မှာပါ။ သေချာတာတော့ အဘိုးအိုလည်း သူတို့ထဲမှ တစ်ယောက်ဆိုလည်း မမှားပါဘူး။
သူလည်း နှုတ်ခမ်းမဲ့ရွဲ့ကာ သရော်လိုက်တယ်။
“နင်တို့ရဲ့ ထူးချွန်လှပါတယ်ဆိုတဲ့ အမျိုးသားက သူ့မိန်းကလေးကို သဝန်‌ကြောင်စေတာပါ၊သူမရဲ့ချစ်သူက သာမန်ထက်လွန်ကဲကာ ချစ်ဖို့ကောင်းနေတယ် တွေးပြီး လူတိုင်း ကြိုက်မယ် ထင်နေလား၊ ငါ့တပည့်ရဲ့ အဆင့်အတန်းကို ငါ ယုံကြည်တယ်”
ဟောင်ဟောင်လည်း အရူးအဘိုးအိုကို ကြည့်လိုက်တယ်။
“ငါ့အစ်မရဲ့ချစ်သူက အရမ်းကို ထူးချွန်တယ်၊ နင့်တပည့်က သူ့ကို သွေးဆောင်နိုင်မှာ မဟုတ်ဘူး။နင့်တပည့်လို မိန်းမမျိုးက ငါ့အစ်မရဲ့ ခြေမှုန်ကိုတောင် မမီဘူး။ ငါ့အစ်မရဲ့ယောက်ျားက ကန်းနေမယ်ဆိုရင်တောင် သူမကို ကြိုက်မှာ မဟုတ်ဘူး”
ရွှယ်ရုံအာရဲ့မျက်ဝန်းများ မည်းမှောင်သွားလေတယ်။ ယွမ်လော့ဖုန်းက သူမထက် သာလွန်တယ်လို့ မထင်ပါဘူး။ ယွမ်ရှောင်က အဲမိန်းမကို အရင်ဆုံးတွေ့ခဲ့လို့ နှောင့်ယှက်လို့ မရတာပါ။ သူမကို အရင်ဆုံး တွေ့ခဲ့ရရင် သူ့တစ်သက်တာ ချစ်ခင်မှုကို သူမ ပိုင်ဆိုင်ရမှာပါ။
“ဟား…”
အဘိုးအိုလည်း ဟားတိုက် ရယ်မောလိုက်တယ်။
“ငါ အသက်ရှင်သန်လာတာ ကြာပါပြီ။ နင့်လို စိတ်ကြီးဝင်သူကို မတွေ့ဖူးဘူး၊ ငါ့တပည့်က ချောလှ အရည်အချင်းရှိတဲ့ အပြင် အကျင့်စာရိတ္တလည်း ကောင်းမွန်တယ်၊ သူမက အဲမိန်းမကို မယှဉ်နိုင်ဘူးလို့ ပြောရဲတယ်…ဟာသပဲ၊ရုံအာက နင့်ခယ်အိုကို အထင်သေးလို့ပေါ့ …မဟုတ်ရင် သူက ရုံအာကို ပိုင်ဆိုင်နေလောက်ပြီ”
အဘိုးအိုလည်း သူ့ဘေးနားက ရုံအာကို ကျေနပ် အားရစွာ ကြည့်လိုက်တယ်။
“ငါ့တပည့် နှစ်သက်တဲ့လူက ထူးချွန်သူ ဖြစ်ရမယ်၊ သူမ မကြိုက်ဘူးဆိုတည်းက နင့်ခယ်အိုက အရည်အချင်း မရှိလို့ ဖြစ်ရမယ်…ဒီပြင်…”
 သူ့အသံက ရုတ်ခြည်း ရပ်တန့်သွားကာ လေးနက် လာတယ်။
“ကောင်မစုတ်လေးက ရိုင်းစိုင်းလွန်းတယ်… ငါ့တပည့်ကို ချက်ချင်း တောင်းပန်စမ်း၊ မဟုတ်ရင်တော့ ရဲ့သခင်မကို မကုသပေးနိုင်ဘူး”
ရဲ့ချီမှာ လန့်ဖျပ်သွားရတယ်။
“အကြီးအကဲ… စိတ်မဆိုးပါနဲ့… အခုချက်ချင်း တောင်းပန်ဖို့ ပြောပါမယ်… ကျွန်မရဲ့ မွေးစားအမေကို ကယ်တင်ပေးရမယ်”
ဒီစကားကို ပြောပြီး ဟောင်ဟောင်ဘက် လှည့်လိုက်တယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာက ချက်ချင်း အေးတိအေးစက် ဖြစ်ကာ ခွန်းတုံ့ပြန်လိုက်တယ်။
“ရုံအာကို ချက်ချင်း တောင်းပန်စမ်း”
ဟောင်ဟောင်လည်း နှုတ်ခမ်းစူလိုက်တယ်။
“ရဲ့ကျင်းချန်းတောင် ငါ့ကို ဒီလေသံနဲ့ မပြောရဲဘူး၊ နင်က သတ္တိကောင်းနေပါလား”
ဟောင်ဟောင်က ရဲ့ကျင်းချန်းကို မလေးမစား ပြောဆိုတာကို တခြားသူ ကြားရင်တော့ သူမဘယ်သူလဲလို့ သံသယ ဝင်မိမှာပါ။ ဒါပေမဲ့ လက်ရှိမှာ ရဲ့ချီဟာ ဒေါသထွက်နေပြီး ဦးနှောက် အလုပ် မလုပ်တော့ပါဘူး။
 
***
 
အပိုင်း(၈၀၃)
ကျွင်းဖန်လျန် ပြန်လာပြီ (၃)
 
“ရဲ့အိမ်တော် ဧည့်သည် ဖြစ်နေတော့ ငါ့စကားကို နာခံရမယ်၊ ရုံအာကို မတောင်းပန်ရင်တော့ နင့်ကို အိမ်တော်က ကန်ထုတ်ပြီး လမ်းမပေါ်မှာ အိပ်ခိုင်းမယ်…ဘာမှတ်နေလဲ”
ဟောင်ဟောင်က သူမရဲ့ခြိမ်းခြောက်မှုကို ကြောက်လန့်မယ်လို့ ထင်မှတ်ခဲ့သော်လည်း မထီမဲ့မြင် မျက်နှာထားကြောင့် ရဲ့ချီမှာ စိတ်ပျက်မိပါရဲ့။ သူမရဲ့ ဒေါသစိတ်ကို ပေါက်ကွဲထွက်ချင်သော်လည်း အနောက်ဘက်ခြံဝင်းမှ ထွက်လာတဲ့ လူတစ်စုကို လှမ်းမြင်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက ချက်ချင်း အရောင်တောက်သွားတော့တယ်။
“နောက်ဆုံးတော့ အစ်ကိုကြီး ရောက်လာပြီပေါ့”
သူမရဲ့မျက်ဝန်းများက ရဲ့ရှီမို့ တစ်ဦးတည်းကိုသာ မြင်ပြီး ရဲ့ရှီမို့ဘေးနားက ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့ကို မျက်စိလျှမ်းသွားခဲ့ပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ”
ရဲ့ရှီမို့လည်း မျက်မှောင်ကြုတ်ကာ အေးတိအေးစက် မေးလိုက်တယ်။
ရဲ့ချီလည်း ဟောင်ဟောင်ကို ကျေနပ်အားရစွာ မျက်စောင်းထိုး ကြည့်လိုက်တယ်။ 
နင့်နောက်မှာ ကျောထောက်နောက်ခံ အစ်ကိုကြီး ရှိတယ်ဆိုပြီး အတင့်ရဲနေတာမလား။ အစ်ကိုကြီးရဲ့ နှလုံးသားထဲမှာ အရေးပါဆုံးက မွေးစား အမေဆိုတာ နင် မသိခဲ့ဘူးမလား။  သူက မွေးစားအမေအတွက် ဘာမဆို စွန့်လွှတ်နိုင်တယ်။
ဒီအကြောင်းကို တွေးရင်း ရဲ့ချီလည်း ရဲ့ရှီမို့ကို ကြည့်ကာ စကားပြောလိုက်ပါတယ်။
“အစ်ကိုကြီး၊ သူက ရုံအာရဲ့ဆရာပါ၊ မွေးစားအမေရဲ့ ကိုယ်ဝန်မဆောင်နိုင်ခြင်းကို ကုသပေးနိုင်တယ်လို့ အတိအကျ ပြောထားပါတယ်”
“နင် ဘာပြောလိုက်တယ်” 
ရဲ့ရှီမို့မှာ ပျော်ရွှင်မြူးထူးသွားပြီး စိတ်လှုပ်ရှားစွာ ရဲ့ချီ ပခုံးကို ဆုပ်ကိုင်လိုက်ပါတယ်။
“နင် အမှန် ပြောနေတာလားဟာ၊ မွေးစားအမေရဲ့ အခြေအနေကို သူက တကယ်ပဲ ကုသပေးနိုင်လို့လား”
ရဲ့ချီလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
“အမှန်ပါပဲ၊ သူ့မှာ အရည်အချင်း ရှိပါတယ်၊  ဒါပေမဲ့ ကောင်မလေးက ရုံအာကို ရိုင်းစိုင်းနေတော့ သူ့ဘက်က မကျေမနပ် ဖြစ်နေလေရဲ့၊ သူ့ကို ဆွဲထားဖို့ ရုံအာကို ကောင်မလေးဘက်က တောင်းပန်ပေးမှ ရမယ်”
သူမလည်း ဟောင်ဟောင်ကို နှစ်လို အားရစွာ ကြည့်လိုက်ပါတယ်။ ဒီကောင်မစုတ်လေးကို အစ်ကိုကြီး အတင်းအကျပ် စေခိုင်းမှာကို စိတ်ကူးယဉ်ရင်း ပီတိ ဖြာမိပါရဲ့။
ချောမောခံ့ညားသော မျက်နှာပေါ်က စိတ်အားထက်သန်မှုမှာ တဖြည်းဖြည်းချင်း လွင့်ပါးသွားပြီး သူ့လက်များလည်း အောက်သို့ တဖြည်းဖြည်းချင်း လျှောကျသွားတော့တယ်။
“ရဲ့ချီ… ငါ တခြားဘာမဆို လိုက်လျောပေးနိုင်ပါတယ်၊ ဒီတစ်ခုကိုတော့ ခွင့်ပြုပေးဖို့ ခက်ခဲနေတယ်”
သူမရဲ့အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်လွန်းလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရတယ်။ သူမလည်း တုန်တုန်ယင်ယင် အသံနဲ့ မေးလိုက်တယ်။
“အစ်ကိုကြီး… အခုအချိန်အထိ ဒီကောင်မလေးကို ကာကွယ်ပေးချင်တုန်းလား၊ မွေးစားအမေအတွက် ထည့်မစဉ်းစားတော့ဘူးလား”
သူမ အစဉ်အမြဲ လေးစားခဲ့ရတဲ့ အစ်ကိုကြီးက ဒီလိုလူစားမျိုး ဖြစ်မယ်လို့ ယုံကြည်ဖို့ ခဲယဉ်းနေပါတယ်။ ဒီကောင်မလေးအတွက် မွေးစားအမေကို ဘေးဖယ်လိုက်ပြီလား။
“ဘာမှ မပြောနဲ့တော့၊ ငါ့ဘက်က သဘောမတူနိုင်ဘူး”
ရဲ့ရှီမို့မျက်ဝန်းများက ပိုမို အေးစက်လာတော့တယ်။ သူ့မျက်နှာကလည်း ခံစားချက် ကင်းမဲ့နေလေရဲ့။
အကြီးအကဲလည်း မျက်မှောင် ကြုတ်လိုက်တယ်။သူ့အမြင်မှာတော့ ကောင်မလေးကို တောင်းပန်ခိုင်းခြင်းက အလွန်ရိုးရှင်းတဲ့ ကိစ္စ တစ်ခုပါ၊ ရဲ့ရှီမို့အတွက် ခက်ခက်ခဲခဲ ဖြစ်နေမယ်လို့ မထင်ခဲ့မိပါဘူး။
“ဆရာ”
ရွှယ်ရုံအာလည်း လူအိုကြီးရဲ့ အဝတ်စကို အလျင်စလို လှမ်းဆွဲကာ တိုးတိုးတိတ်တိတ် ပြောလိုက်ပါတယ်။
“ငါတို့တွေ ဒီကို လာခဲ့ရတဲ့ အကြောင်းအရင်းကို မမေ့ပါနဲ့”
ဒီစကားတစ်ခွန်းကို ပြောဖို့ တမင်တကာ သူမရဲ့အသံကို နှိမ့်ထားခဲ့ခြင်းပါ။ ဒါပေမဲ့ ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းတို့က အာရုံခံစားမှု ကောင်းမွန်တော့  ဘယ်လိုပဲ တိုးတိုး ပြောပြော ကြားနိုင်ပါတယ်။
ယွမ်လော့ဖုန်းရဲ့မျက်ခုံးများက မသိမသာ မြင့်တက်သွားပြီး သူမလည်း ပျင်းရိလေးတွဲစွာ သစ်ပင် ပင်စည်ကို မှီရင်း ရွှယ်ရုံအာကို ပြုံးကာ ကြည့်လိုက်တယ်။ 
ယွမ်လော့ဖုန်းကို ပြဿနာရှာဖို့ ရွှယ်ရုံအာ ရောက်လာခြင်း မဟုတ်ရင်တော့ ယွမ်ရှောင် ဂရုမစိုက်ပါဘူး။ဘာပဲဖြစ်ဖြစ် သူနဲ့ မသက်ဆိုင်ဘူးလေ၊ သူ့အချိန်တွေကို အရေးမပါတဲ့ လူတွေအတွက် မဖြုန်းတီးချင်ဘူး။
“ဒီက အဘိုးကြီးက စိတ်သဘောထား ကောင်းမွန်ပါတယ်၊ ကလေး တစ်ယောက်နဲ့ မတွက်ကတ်တတ်ပါဘူး”
သူ့အကြည့်က ရဲ့ရှီမို့ပေါ် မကျရောက်ခင် ဟောင်ဟောင်ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပါတယ်။
“အမှန်အတိုင်း ပြောရရင် ငါ့တပည့် တောင်းဆိုလို့ ဒီကို လာခဲ့ရတာ မဟုတ်ရင် ငါ ဘယ်သူ့ကိုမှ မကုသပေးဘူး၊ ဒါပေမဲ့လည်း ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ကား ငါ့ဆေးကုသစရိတ်က နိမ့်ပါးလို့ မဖြစ်ဘူး၊ အရင်ဆုံးငါ့ကို စိတ်ဝိညာဉ်စုစည်း ဆေးရည်ပေး… ဒါဆို သခင်မရဲ့ကို သွေးကြောစမ်းပေးမယ်”
 
Bạn đang đọc truyện trên: Truyen247.Pro