
Ep23
အပိုင်း(၂၃)
“သခင်မလေးယွမ် ပေးရမယ့်ငွေကြေးကို ငါ့စာရင်းထဲ ထည့်လိုက်ပါ”
ဝူချီ ယွမ်လော့ဖုန်းကို စိတ်အနှောင့်ယှက် ဖြစ်အောင် ပြောဆိုနေတဲ့အချိန် နွေးထွေးသော ကျောက်စိမ်း မင်းသားအသံက နောက်ဘက်မှ ပေးထွက်လာတယ်။
ပုံမှန်ဆိုရင် ဝူချီက သူမဘေးနားမှာ ယောက်ျားလေး တစ်ယောက် ဖြတ်သွားတာနဲ့ ကျေနပ် ပျော်ရွှင်နေလေ့ရှိတယ်။ သို့သော်လည်း ရုတ်တရက် သူမ မျက်နှာက တည်ကြည်သွားပြီး ရုပ်လည်း အရမ်းဆိုးသွားတယ်။ ပြောရမယ် ဆိုရင်တော့ သူမမျက်နှာက မသန့်ရှင်း ညစ်ပေတဲ့ အညစ်ကြေးကို စားခိုင်းလို့ မဲ့ရွဲ့နေသလိုပေါ့။ ဝူချီတစ်ယောက် ကြောက်လွန်းလို့ စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ဘူး။
ထိုအမျိုးသားသည် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောပြီး နန်းဆန်တယ်။ တခြားသူတွေ ယှဉ်ပြိုင်လို့ မရလောက်အောင် ချောမောတယ်။ ဝူချီလိုလူမျိုးနဲ့ နှိုင်းယှဉ်လို့ကို မရနိုင်တာ။ နွေးထွေးကြင်နာတဲ့ အပြုံးလေးကို သူ့မျက်နှာပေါ်မှာ ဆင်မြန်းထားပြီး မျက်ဝန်းတစ်စုံက နူးညံ့သော ညှို့ငင်နိုင်စွမ်း ရှိနေတယ်။
ယှဉ်ပြိုင်လို့ မရနိုင်တဲ့ ရုပ်ရည် ချောမောမှုနဲ့ ကျောက်စိမ်းလို နွေးထွေးသောသူ တန်ဖိုးရှိသောသူ …
သူမစိတ်ထဲမှာ သံသယဝင်စရာ စကားလုံးတချို့ကို တွေးလိုက်မိတယ်။ ယွမ်လော့ဖုန်း ထိုလူကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။
ထိုလူ မျက်နှာမှာ အပြုံးတွေရှိနေတယ်။ ဒါပေမဲ့ သူ့အပြုံးက ရင်ထဲက အပြုံးမဟုတ်ဘူး။ စစ်မှန်သော အပြုံး မဟုတ်ဘူးဆိုတာ သူ့မျက်ဝန်းတွေက သက်သေပြနေတယ်။ သူ့မျက်ဝန်းမှာ အပြုံးတွေ မရှိဘူး။ ထိုလူရဲ့ နူးညံ့တဲ့ မျက်ဝန်းတွေက မြေခွေးလို ကောက်ကျစ် စဉ်းလဲမှုတွေကို ဖော်ပြနေတယ်။ သူ့မျက်ဝန်း အကြည့်တွေမှာ ဘေးအန္တရာယ်ရှိနေသလို ခံစားရတယ်။
“မင်းသား၄”
မုဝူစွမ်း သူမမျက်နှာကို အပြုံးလေးနဲ့ ထိန်းသိမ်းရင်း စကားဆိုလိုက်တယ်။ တစ်ချိန်တည်းမှာ ယွမ်လော့ဖုန်းကို ပြဿနာမရှာတော့ရန် ဝူချီကို အချက်ပြလိုက်တယ်။
“ရုန်သမားတော်ကြီးဆီ လာလည်တာလား”
ကွမ်ရှောင်ချိန် ပြုံးလိုက်ပြီးတော့ သူ့ရဲ့ခေါက်ထားတာတဲ့ ယပ်တောင်ကို ဖြန့်လိုက်တယ်။ အစပိုင်းက နွေးထွေး ကြင်နာချင်ယောင် ဆောင်နေတဲ့ သူ့မျက်ဝန်းတွေက အေးစက်လာတယ်။
“ရုန်သမားတော်ကြီးဆီ လာလည်တာ မဟုတ်ပါဘူး။ ဆေးမြစ်တွေ လာဝယ်တာ။ နင်တို့တွေ ယွမ်လော့ဖုန်းကို ပြဿနာရှာနေတာကို တွေ့ရမယ်လို့ မထင်ထားဘူး။ ဆိုင်ရှင်လင်း … ယွမ်လော့ဖုန်း ပေးရမယ့် ပိုက်ဆံကို ကျွန်တော့်ငွေ စာရင်းထဲထည့်လိုက်ပါ”
“စစ်သူကြီးအိမ်တော်က ဆင်းရဲလည်း ငွေ ၅သန်းကိုတော့ ပေးနိုင်ပါတယ်” ယွမ်လော့ဖုန်း … ကွမ်ရှောင်ချိန်ကို မျက်စောင်းထိုးပြီးတော့ ကြည့်လိုက်တယ်။ အပြာရောင် ဝတ်စုံနဲ့ အမျိုးသားဘက် လှည့်လိုက်ပြီးတော့ …”
“ဒီဆေးမြစ်တွေကို အရင်ဆုံး ယူသွားမယ်။ နောက်ပြီး စစ်သူကြီးအိမ်တော်ကို ငွေလာတောင်းပါ။ နင်တို့ ဆေးမြစ်ဈေးနှုန်းက အရမ်း ဈေးကြီးလွန်းတယ်။ ဒါကြောင့် မြက်ဆေးပင်တွေ ငါ့ကိုလက်ဆောင် ပြန်ပေးပါလား”
မိန်းမပျိုလေး မျက်ဝန်းတွေက မြက်ဆေးပင်တွေထားတဲ့ နေရာကိုကြည့်နေပြီး မျက်ဝန်းတွေက တဖျတ်ဖျတ် လက်နေတယ်။
အပြာရောင်ဝတ်စုံနဲ့လူက ခဏတာ အံ့အားသင့်သွားပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးတယ်။
“သခင်မလေး … ဒီဆေးမြက်ပင်တွေက သာမန်ဆေးမြစ် အမျိုးစားဝင်ထဲက တစ်ခုပါ။ လက်တွေ့မှာ အသုံးမဝင်ပါဘူး။ သခင်မလေးကြိုက်ရင် ဆေးမြက်ပင်တွေကို ယူသွားလိုက်ပါ”
“ကျေးဇူးအများကြီး တင်ပါတယ်”
ယွမ်လော့ဖုန်းလည်း ယဉ်ကျေးချင်ယောင် မဆောင်နေတော့ပဲ ဆေးမြက်ပင်ကို အကုန်လုံးကို ထုတ်ပိုးလိုက်တယ်။ နောက်ကို တစ်ချက်မျှ ပြန်လှည့်မကြည့်ပဲ တံခါးအပြင်ဘက်ကို ထွက်ခွာ သွားတယ်။
ကွမ်ရှောင်ချိန်လည်း ကောင်မလေးပုံရိပ် ပျောက်ကွယ် သွားတဲ့အချိန်ထိ ကြည့်နေလိုက်တယ်။ သူ ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
“ယွမ်မိသားစုဝင် ယွမ်လော့ဖုန်းက ကောလာဟလတွေအတိုင်း မဟုတ်ပါလား။ သတ္တိလည်း ရှိတာပဲ။ ငါလုံးဝ မထင်ထား။ ငါ့အစ်ကိုတော့ ရတနာတစ်ပါး ဆုံးရှုံးရတော့မှာပဲ”
မုဝူစွမ်းက ကွမ်ရှောင်ချိန် ဘေးနားမှာ ရပ်နေခဲ့တာပါ။ ဒီစကားလုံးတွေကို ကြားရတော့ သူမ စိတ်တိုမိတယ်။ သည်းမခံနိုင်လောက်အောင် စိတ်ပျက်မိတယ်။ အဆင်မပြေသလို ခံစားရတယ်။ သူမတစ်ယောက်တည်းပဲ အိမ်ရှေ့စံမင်းသားရဲ့ မိန်းကလေးဖြစ်ဖို့ ထိုက်တန်တယ်။ အမှိုက်မယွမ်လော့ဖုန်းက အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့တောင် အရည်ချင်း မပြည့်မီဘူး။
“သွားမယ်”
သူမက ပညာတတ်တစ်ယောက် ဖြစ်တာကြောင့် သူမဒေါသကို အပြင်ကို ထုတ်မပြောဘူး။ ကွမ်ရှောင်ချိန်ကို တစ်ချက်မျှ ကြည့်ပြီး သူမနောက်လိုက်တွေနဲ့ ဆေးဆိုင်အိမ်တော်မှ ထွက်ခွာသွားတယ်။ တောက်ပတဲ့ နေ့လယ်ခင်း အလင်းရောင်အောက်မှာ ပျောက်ကွယ်သွားတယ်။
“မင်းသား၄ ဆေးဆိုင်မှာ ဘာဆေးမြစ်ကို ဝယ်ယူချင်လို့ လာရောက်ခဲ့တာပါလဲ” မိန်းကလေးတွေ အားလုံး ထွက်သွားတာလည်း တွေ့တော့ အပြာရောင်ဝတ်စုံနဲ့ အမျိုးသားက ယဉ်ကျေးစွာ မေးတယ်။
ကွမ်ရှောင်ချိန် မျက်ဝန်းတွေက ကောက်ကျစ်စဉ်းလဲတဲ့ မြေးခွေးလို တဖျတ်ဖျတ် လက်နေတယ်။
“ယွမ်လော့ဖုန်း ဘာဆေးမြစ်တွေ ဝယ်သွားတာလဲ။ ငါကိုလည်း သူဝယ်တဲ့ ဆေးမြစ်တွေကို ပေးပါ”
“ခဏလေး စောင့်နေပေးပါ။ ဆေးမြစ်တွေ ပြင်ဆင်လိုက်ပါမယ်”
အပြာရောင်ဝတ်စုံနဲ့ အမျိုးသားလည်း စိတ်အရမ်း ပျော်ရွှင်နေတယ်။ တစ်နေ့တည်းမှာပဲ ဈေးနှုန်းမြင့်တဲ့ ဆေးမြစ်တွေကို တစ်နေ့တည်းနဲ့ အများကြီး ရောင်းလိုက်ရတယ်။ ဈေးကြီးတဲ့ ဆေးမြစ်တွေကို အများကြီးရောင်းနိုင်တဲ့ နေ့ဆိုတာ ရှားပါးတယ်။ အခုချိန်မှာ သူ့အပြုံးက ဟန်ဆောင်နေတာ မဟုတ်ဘူး။ ရင်ထဲက အပြုံးတွေသာ ပွင့်လန်းနေတာပါ။
***
Bạn đang đọc truyện trên: Truyen247.Pro