Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 32

သရဲဘုရင်ရဲ့ချစ်ဆိုးလေး

အပိုင်း(၃၂)

အားပေးပါဦး

ဒါပေမယ့် အခု စဉ်းစားကြည့်တော့လည်း သန်း၅၀က သိပ်တော့မများပါဘူး။ ငါသူကို လာတွေ့လို့ ကုသပေးတယ်လို့ပြောတယ်။ တခြားလူက သန်း၁၀၀ပေးလည်း ကုသပေးမှာ မဟုတ်ဘူးတဲ့လား။ ငါ့အတွက် သူစွမ်းအားတွေလည်း သုံးမယ်ဆိုတာကား စဉ်းစားစရာပဲ။ သူက ငါကို အလေးထားတာပဲ။

ဆေးနတ်ဘုရားလျိုဝှက်နယ်မြေအတွင်းမှာတော့ ရှောင်မိုတစ်ယောက် သူ့သခင်ရဲ့ အရှက်မဲ့စကားလုံးတွေကို ကြားတော့ အံသြလွန်းလို့ မျက်လုံးပြူးမိသွားတယ်။

ငါက ပိုက်ဆံတွေအများကြီး လိမ်ယူချင်တာ။ဒီလောက်ပမာဏက မများဘူး။ သူဆီက သန်း၅၀လောက်ယူလိုက်ရတာက ငါအတွက်က မလုံလောက်သေးဘူး။ ဒါပေမယ့် တခြားလူတစ်ယောက်ကို သူက သူမနှစ်သက်မှုကို ပိုင်ဆိုင်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားစေချင်တယ်။

“နတ်ဆေးဆရာမလေး” မုရှန်းမျက်ခုံးကို စိတ်ကသိကအောက်ဖြင့် မျက်ခုံးတွန့်လိုက်ပြီးတော့

“ကျွန်တော် ငွေ၅သန်းကိုတော့ နောက်တော့ ပို့ပေးလိုက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ငွေ ၄၅သန်းကို စုဆောင်းနိုင်ဖို့ အချိန်များများ ပေးနိုင်မလား။”

ယွမ်လော့ဖုန်း မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။

“နင် ပိုက်ဆံအလုံအလောက် စုဆောင်းပြီးသွားတဲ့အချိန်မှ ငါတို့တွေ ကုသမှုစတင်မယ်လေ။ ငါနင်ကို ကုသပေးတာကို တခြားလူတွေကို မပြောရဘူးနော်။ ငါက အရှုပ်ထွေးတွေကို မကြိုက်ဘူး။ တကယ်လို့ တခြားလူတွေက မတော်တဆ သိသွားခဲ့ရင် နင်မှာ သေလောက်အောင်ရောဂါ ခံစားနေရရင်တောင် ငါကိုလာမရှာနဲ့တော့။ ငါက ပုံမှန်လူတွေကို မကုသပေးဘူး။”

မုရှန်းစိတ်လှုပ်ရှားသွားတယ်။ သူရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မှုတွေ ပေါက်ကွဲထွက်လာတယ်။  သူက ပုံမှန် သာမန်လူတွေကို မကုသဘူးလို့ ပြောတယ်။ တခြားစကားနဲ့ ေးပြာမယ်ဆိုရင် သူက သူမအတွက် သာမန်လူတစ်ယောက်ထက် ပိုတယ်ပေါ့။ ဒီလိုနတ်ဆေးဆရာမလေး တစ်ယောက်နဲ့တွေ့ရတာ သူ့ဘဝမှာ အနည်းဆုံးတော့ အခုချိန်ကစပြီး လုံခြုံမှုတွေရှိလာနိုင်တယ်လို့ ခံစားရတယ်။

“နတ်ဆေးမလေး ကျွန်တော်နားလည်ပါတယ်။ ဒီနှစ်တွေမှာ လူတွေက နတ်ဆေးဆရာမလေးကို အမှိုက်လို့ ခေါ်နေခဲ့တယ်။ ကျွန်တော်လည်း အမှိုက်မလို့ ခေါ်ခဲ့မိတယ်။ ဒါပေမယ့် အမှိုက်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ နတ်ဆေးဆရာမလေးက ဖုံးကွယ်ထားတဲ့ ပါရမီရှင်တစ်ယောက်လို့ အမြဲတွေးနေမိတာပါ။”

မုရှန်းမျက်နှာတစ်ခုလုံးက မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရပြောနေတယ်ဆိုတာ သိသာနေတယ်။

“နတ်ဆေးဆရာမလေးက ပြသနာဖြစ်မှာ မကြိုက်တာကြောင့် တခြားလူတွေ ကုသပေးချင်စိတ်မရှိဘူး။ဒါကြောင့် ဆေးပညာ ကျွမ်းကျင်မှုကို ဖုံးကွယ်ထားတာမလား။ စိတ်အေးအေးထားပါ။ ကျွန်တော်က နတ်ဆေးဆရာမလေး ပါရမီအရည်ချင်းကို ဘယ်သူကိုမှ ပြောပြမှာ မဟုတ်ပါဘူး။”

ယွမ်လော့ဖုန်း သူကို သတိမပေးလည်း သူ သတိမဲ့စွာ လျှောက်ပြောမှာ မဟုတ်ပါဘူး။ မဟုတ်ရင် သူက မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အမှန်တရားက ပေါက်ကြားကုန်မှာပေါ့။

“ကောင်းပြီလေ။ နင်ပြန်နိုင်ပြီ။ပိုင်ဆံ၅သန်းကိုတော့ ၁ရက်အတွင်း စရန်ငေါအဖြစ်ပို့လိုက်။ တစ်ရက်ကျော်သွားရင်တော့ နင်ထပ်လာစရာ မလိုအပ်တော့ဘူး။ ”

သူပြောသင့်တာကိုပြောပြီးနောက် မုရှန်းရှေ့က ထွက်ခွာသွားတယ်။ မုရှန်းမှာတော့ အချိန်မီ ပိုက်ဆံမပေးနိုင်မှာကို ကြောက်နေမိတယ်။ ယွမ်လော့ဖုန်း သူကို သတ်မှတ်ထားတဲ့အချိန်ကျော်သွားရင် ကုသမပေးတော့မှာလည်း ကြောက်တယ်။

“သမားတော်တစ်ယောက်အတွက် ပိုက်ဆံရဖို့အတွက်က လွယ်ကူလိုက်တာ။ ”

ယွမ်လော့ဖုန်းလည်း သူမမေးစေ့လေးကို ကြင်နာစွာ ထိကိုင်လိုက်ပြီး လှပတဲ့ သူမမျက်နှာပေါ်က အပြုံးလေးက ပိုပြီးတော့ ဆွဲဆောင်မှုရှိလာတယ်။

“ငွေရှာရတာ တကယ်ကို လွယ်ကူတာပဲ။ ဝယ်ရမယ့်ပစ္စည်းတွေက ငွေတစ်သောင်းတောင် မကုန်ဘူး။ ငွေသန်း၅၀ကို သခင်လိမ်လည်ယူဖို့ စီစဉ်လိုက်တယ်။ သူဆီက ငွေသန်း၅၀ကို ညာယူတာကို မုရှန်းက သခင်ကို အရမ်းကျေးဇူးတင်နေတယ်။ သူ ရူးများနေလား။ ”

ရှောင်မိုက အရမ်းအံသြစေတယ်။ သူ့သခင်က တကယ်ကို လူလိမ်အကြီးစားဖြစ်မယ်လို့ မထင်ထားမိဘူး။

“မုရှန်းက မုမိသားစုထဲက တစ်ယောက်ပဲလေ။ ငါက သူကိုမှ ငွေလိမ်လည် မယူရင် ဘယ်သူကို သွားလိမ်ရမလဲ။ ”

ယွမ်လော့ဖုန်း စိတ်ပျက်စွာ ပြုံးလိုက်ပြီးတော့ မျက်လွှာလေးချလိုက်ပြီးတော့

“ဆေးမြစ်နဲ့ ရေချိုးတာကို နောက်ရက်တွေမှာ မြန်မြန်ပြီးအောင် လုပ်ရမယ်။ ဒါမှလည်း စိတ်စွမ်းအားလေ့ကျင့်နိုင်မှာလေ။ အချိန်တန်ရင် ယွမ်မိသားစုကို ထိခိုက်အောင် လုပ်ခဲ့တဲ့လူတွေအားလုံးကို စုံစမ်းပြီးတော့ သွေးကြွေး သင်ခန်းစာပေးရမယ်။”

သွေးကြွေးကို သွေးနဲ့ပဲ ပြန်လည်ပေးဆပ်သင့်တယ်။ ယွမ်လော့ဖုန်းမိဘတွေက အမတ်ချုပ်မုလက်ထဲမှာ သေခဲ့တာ မဟုတ်ပေးမယ့်လည်း သူတို့သေဆုံးရတာက မုအိမ်တော်နဲ့ ဆက်စပ်နေတယ်။ ခွေးဘုရင်က မုအိမ်တော်ကို ကာကွယ်ဖို့ ရွေးချယ်လိုက်တယ်ဆိုတော့လည်း မင်းဆက်နာမည်ကို သူမ ပြောင်းလဲရမယ့်နေ့ ရောက်လာရလိမ့်မယ်။

“သခင်… ကျွန်တော်ယုံကြည်ပါတယ်။ သခင်စောင့်နေတဲ့ နေ့ရက်တွေက မကြာတော့ပါဘူး ။ ရောက်လာတော့မှာပါ။ ”

ရှောင်မိုအသံက ကောင်မလေးကို နက်နဲစွာ ယုံကြည်မှုကို ဖော်ပြနေတယ်။ ထိုအသံက မိန်းမငယ်လေးရဲ့ စိတ်ထဲမှာ ပဲတင်ထပ်ခဲ့ပြီး သူမနှလုံးသားထဲမှာ ယုံကြည်မှုတွေကို ပိုဖြစ်ပေးစေတယ်။

Chapter-32

End

Bạn đang đọc truyện trên: Truyen247.Pro