
Ep 800
အပိုင်း(၈၀၀)
စိတ်စုစည်းဆေးရည် အုတ်အော်သောင်းတင် ဖြစ်ခြင်း (၅)
ရဲ့ချီစိတ်ထဲမှာတော့ ရဲ့ချီမို့က ဩဇာအာဏာ ရှိတဲ့ ယောက်ျားကောင်း ဖြစ်ပြီး သူ့ကို မကောင်းကြံဖို့ မလွယ်ကူဘူးလို့ မှတ်ယူထားတယ်။
“ရုံအာ...အိမ်ပြန်ပြီး ငါ့သတင်းကို စောင့်နေ။ အခုချက်ချင်း အစ်ကိုကြီး သွားရှာပြီး အမှန်တရားကို သတင်းပေးလိုက်မယ်”
သူမမှာ ရဲ့ရှီမို့နဲ့အတူတူ အန္တရာယ်ကို ရင်ဆိုင်ဖို့ သတ္တိရှိသော်လည်း သူတို့ရဲ့ စိတ်ဓာတ် အမှန်ကို ဖော်ထုတ်ချင်သေးတယ်။
“ချီချီ… ဒါက အသုံးမဝင်ဘူး”
ရွှယ်ရုံအာလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
“ရဲ့အစ်ကိုက နင့်ကို ယုံကြည်မှာ မဟုတ်ဘူး… နင်ဘာလုပ်လုပ် အသုံးမဝင်ဘူး”
“ဒါဆို ငါ ဘာလုပ်သင့်လဲ၊ ဒီလူတွေက ငါ့အစ်ကိုကြီးကို လှည့်ဖြားနေတာလေ”
ရဲ့ချီလည်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားတယ်။ သူမရဲ့မျက်နှာက စိုးရိမ် ပူပန်မှုကို ဖော်ပြနေလေရဲ့။
ရွှယ်ရုံအာလည်း လေးလေးနက်နက် ပြောလိုက်တယ်။
“ငါ့မှာ နည်းလမ်း ရှိတယ်…”
“ဘာလဲ”
ရဲ့ချီလည်း ရုံအာကို ခေါင်းမော့ ကြည့်လိုက်တယ်။
“ဘာနည်းလမ်းလဲ”
ရွှယ်ရုံအာလည်း နူးနူညံ့ညံ့ ခပ်တိုးတိုး ရယ်လိုက်တယ်။
“ခဏနေရင် ငါ့ဆရာ… ရဲ့အိမ်တော်ကို ရောက်မယ်၊ စိတ်စုစည်းဆေးရည်ကို ရတာနဲ့ နင့်မွေးစားအနေကို ချက်ချင်း ကုသပေးလိမ့်မယ်၊ သူမ သက်သာသွားရင် ရဲ့အစ်ကိုက နင်ပြောသမျှကို ယုံကြည်ပေးလိမ့်မယ်”
ရဲ့ချီလည်း လက်သီးကို ပို၍တိုးလို့သာ ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“နင် ဆိုလိုချင်တာက သူတို့ကို အစ်ကိုကြီး ဘေးနားမှာ ဆက်နေခွင့် ပြုရမယ်ပေါ့ ဟုတ်လား”
“ဒါက ငါ့တတ်နိုင်တဲ့ နည်းလမ်းပဲ”
ရွှယ်ရုံအာရဲ့စကားက ရဲ့ချီခန္ဓာကိုယ်ကို ပျော့ခွေသွားစေတယ်။ အခုအချိန်မှာ ဒါက တစ်ခုတည်းသော နည်းလမ်းမှန်း သူမ နားလည်ပါတယ်။ မဟုတ်ရင် သူမအပေါ် ထားရှိတဲ့ အစ်ကိုကြီးရဲ့ သဘောထားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ သူမရဲ့စကားကို ဘယ်တော့မှ ယုံကြည်ပေးမှာ မဟုတ်ဘူး။
“ရုံအာ… နင့်ဆရာ ဘယ်အချိန် ရောက်မှာလဲ”
“ရဲ့မြို့တော်က ထွက်သွားတာ မကြာသေးဘူး။ အခုချိန်လောက်ဆို လမ်းမှာ ဖြစ်နိုင်တယ်”
ပြုံးနေသော ရွှယ်ရုံအာရဲ့မျက်နှာက နူးညံ့ သိမ်မွေ့နေတယ်။
ကြင်နာ သနားတတ်တဲ့ အမျိုးသမီးရဲ့ စိတ်ထားက ဝံပုလွေလို ကောက်ကျစ်စဉ်းလဲ မယ်လို့ မထင်ခဲ့မိဘူး။
အခုအချိန်မှာတော့ ယွမ်ရှောင်ရဲ့ ခက်ထန် ချောမောတဲ့ မျက်နှာလေးကိုတွေးရင်း ပိုင်ဆိုင်ချင်စိတ်များ တိုးပွားလာရတယ်။
***
ရဲ့ချီ အကြာကြီး မစောင့်လိုက်ရပါဘူး။ ရဲ့ချီမို့နဲ့ တခြားသူများ ပြန်ရောက်လာချိန်နှင့် တစ်ပြိုင်နက်တည်း ရွှယ်ရုံအာရဲ့ ဆရာလည်း ရဲ့အိမ်တော် အပြင်ဘက်မှာ ရောက်ရှိနေပါတယ်။
အစေခံ သတင်းပို့တာကို ကြားပြီးနောက် သူမရဲ့မျက်နှာက ရွှင်မြူးလာတော့တယ်။ ဒါကြောင့် သူမလည်း အလျင်စလို ပြောလိုက်တယ်။
“ရုံအာ…နင့်ဆရာ ရောက်နေပြီ… နင်နဲ့အတူတူ သူ့ကို သွားကြိုဆိုပေးမယ်၊ ဒါနဲ့ နင့်ဆရာက ငါ့မွေးစားအမေကို သေချာပေါက် ကုသ ပေးမှာပါနော်”
ရွှယ်ရုံအာလည်း မတုန်မလှုပ် ပြန်ဖြေလိုက်တယ်။
“အရင်က ဒီလို လက္ခဏာတူတဲ့ လူနာကို ငါ့ဆရာက ကုသပေးခဲ့တာ အောင်မြင်ခဲ့တယ်၊ ဒါကြောင့် သူ့မှာ ၁၀၀ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်လို့ ပြောလို့လည်း မရပြန်ဘူး၊အနည်းဆုံးတော့ သူ့မှာ ၈၀ရာခိုင်နှုန်းတော့ ယုံကြည်ချက် ရှိမှာပါ”
“ရုံအာ”
ကျေးဇူးတင်သော အကြည့်များနဲ့ ရုံအာရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။
“တကယ်လို့ သူ့သာ အောင်မြင်ခဲ့ရင် နင်က ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ပဲ၊ နင့်ကြင်နာမှုကို ငါ ဘယ်တော့မှ မမေ့ပါဘူး…”
ခဏလေး ခေါင်းငုံ့ထားတာကြောင့် ရဲ့ချီက သူမရဲ့ ကောက်ကျစ်တဲ့ မျက်နှာကို မမြင်ခဲ့ပါဘူး။ သူ့ဆရာက ဒီလိုလူနာကို အမှန်တကယ် ကုသပေးခဲပါတယ်။ ဒါပေမဲ့ အောင်မြင်ခဲ့ခြင်းတော့ မဟုတ်ပါဘူး၊ ကျရှုံးခဲ့ခြင်းပါ။ အမှန်တရားကို ရဲ့ချီ သိလို့တော့ မဖြစ်ဘူး။မဟုတ်ရင် စိတ်စုစည်း ဆေးရည်ကို လှည့်ဖြားယူလို့ ရပါ့မလား။
ကုသပြီးရင်တော့ အောင်မြင်လား မအောင်မြင်လား သိမှာပေါ့ကွယ်။
စိတ်စုစည်းဆေးရည်ကိုတော့ လူနာနဲ့ ဆွေးနွေးတိုင်ပင်ခလို့ မှတ်ယူလိုက်ပေါ့။ ကုသမှု အခကြေးလို့ မမှတ်ယူနဲ့ပေါ့ကွယ်။ သူမတို့မှာ ဆင်ခြေပေးဖို့ အချိန် လုံလောက်မှာပါ။
ရဲ့ကျင်းချန်းနဲ့ ကျွင်းဖန်လျန်က ကာကွယ်ပေးတတ်တဲ့ စရိုက် ရှိသော်လည်း သူတို့က သဘောထားကြီးပြီး ခွင့်လွှတ်တတ်တယ်။သူမကို မကုသပေးနိုင်လို့ သူတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး။
“ချီချီ သွားမယ်”
ရွှယ်ရုံအာလည်း ခေါင်းမော့ကာ ရဲ့ချီကို ပြုံးပြလိုက်တယ်။
“နင့်အတွက် လူယုတ်မာတွေကို အောင်မြင်ခွင့် မပြုနိုင်ဘူး၊ ရဲ့သခင်မလို မိန်းမကောင်းက ကလေး မရှိစရာလား”
ရဲ့ချီမှာ တခြား အတွေးမရှိပါဘူး။သူမက ခေါင်းညိတ်ကာ ရွှယ်ရုံအာနဲ့အတူတူ အပြင်ကို ထွက်လာခဲ့တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro